19 Dec 2011

ဆင်ဆာဖြတ်မယ်

18 Dec 2011

အရှင် ဉာဏိဿရ မင်းကျင့်တရား၁၀ပါး နှင့် ဒီမိုကရေစီ (၂)


အရှင် ဉာဏိဿရ မင်းကျင့်တရား၁၀ပါး နှင့် ဒီမိုကရေစီ (၂)
1989 ခုနှစ် အမရပူရမြို.တွင် ဟောကြားတော်မူခဲ့သော တရား...
 
နာချင်ရင် 

16 Dec 2011

သက်သက်လွတ်စားခြင်းသည် မြတ်သလား?


အစွန်းသုံးပါးမှ လွတ်ကင်းစင်ကြယ်သော သားငါးကို ရဟန်းတို့အား ဘုရားရှင်ခွင့်ပြုတော်မူ၏။ အရှင်ဒေ၀ဒတ်က ရဟန်းတော်များ အသက်ထက်ဆုံး သားငါးမစားဖို့တားမြတ်ဖို့ရာ လျှောက်ထားသောအခါ ခွင့်မပြုခဲ့၊ မြင်ခြင်း ကြားခြင်း ယုံမှားခြင်းအစွန်းသုံးပါးလွတ်ကင်းစင်ကြယ်သော သားငါးကို စားသောက်ဖို့  ငါဘုရားခွင့်ပြုထားကြောင်း မိန့်ကြားတော်မူ၏။             ထိုထိုပါဠိအရ ဘုရားရှင်ကိုယ်တော်တို့၏ သားငါးဘုဉ်းပေးတော်မူသည်ကို သိရပါ၏၊ အာမဂန္ဓသုတ်အရဆိုလျှင် "ထမင်း ဟင်း သား ငါးတို့ကို အာမဂန္ဓ = အညှီအဟောက်" ဟုဆိုသော အာမဂန္ဓရသေ့ကို သားငါးက အာမဂန္ဓမဟုတ်ကြောင်း ပါဏာတိပါတစသည် ကာမဂုဏ်မှီဝဲမှုစသည် ရသာရုံ၌ တွယ်တာမှုစသည် ဤတရားများသာ အညှီအဟောက် အာမဂန္ဓ ဖြစ်ကြောင်း မိန့်တော်မူခဲ့၏။
            ဤသုတ္တန်အရ သားငါးစသည်က ရသေ့ရဟန်း တို့အား အန္တရာယ်ပြုသည်မဟုတ်၊ တကယ်အန္တရာယ်ပြုသည်က သူတို့ကြောက်သော သားငါးမဟုတ်၊ ရသာ တဏှာ လောဘ စသည်တို့ကသာ အန္တရာယ်ပြုတတ်၏။ ထိုအန္တရာယ်ပြုတတ်သော လောဘ တဏှာ စသည်မှာ သားငါးတို့ကိုသာ စွဲ၍ဖြစ်သည်မဟုတ်၊ သူတို့က နိရာမဂန္ဓ (အညှီအဟောက်မဟုတ်)ဟု ဆိုလျက်သုံးဆောင်နေသော သစ်သီး သစ်ဥ သစ်ဖုစသည်တို့ကိုလည်း အစွဲပြုဖြစ်သည်သာ၊ ပေါရိသာဒ လူသားစွဲသလို၊ သုဇာတသူကြွယ်၏သားကလေး ရသေ့တွေပေးသော သပြေသီးစားရပြီး ရသေ့တွေပြန်သွား၍ မရသောအခါ သေသွားရသည်အထိ မက်မောစွဲလမ်းမှုဖြစ်ရ၏။ (ဇာတက-ဋ္ဌ-၅-၅၃၁)
            ဤသို့ဆိုလျှင် တဏှာဆိုသည်မှာ သားငါးစသည်တို့ကို အစွဲပြု၍သာ လွန်ကဲစွာဖြစ်သည်မဟုတ်၊ သစ်သီး သစ်ရွက် သစ်ဥစသော သက်သက်လွတ်ပစ္စည်းတို့ကို အစွဲပြု၍လည်း အလွန်အကဲ ဖြစ်ရသည်သာ။
            ထို့ကြောင့် တကယ်ရှောင်ရမှာက သားငါးလော၊ သစ်သီး သစ်ရွက်စသည်လော၊ ရသာတဏှာစသည်လော ဤအချက်ကို လေးနက်စွာ စဉ်းစားသင့်ပါ၏။
            ဗုဒ္ဓ၀ါဒမှာ သားငါးရှောက်ကြဉ်ဖို့မဟုတ်၊ ဆန္ဒရာဂ (လိုချင်တပ်မက်မှု) ကိုရှောင်ဖို့ ဖျက်ဖို့သာဖြစ်၏၊ သားငါးဟင်းကို ရှောင်ဖို့မဟုတ်၊ တိကောဋိပရိသုဒ္ဓ (အစွန်းသုံးပါး လွတ်ကင်းစင်ကြယ်မှု) ဖြစ်လျှင် အန၀ဇ္ဇ (အပြစ်မရှိ) ဖြစ်သည်ဟူသော ဘုရားအလိုတော် အရလည်းကောင်း၊ ရှုမှတ်ပွားများခြင်းဖြင့် ဆန္ဒရာဂဖျက်ဖို့ လိုလားသော ဘုရားအလိုတော်အရလည်း ကောင်း စားသင့်သော အာဟာရသာ ဖြစ်ပေသည်။
            ဤနေရာ၌ ဗုဒ္ဓ၀ါဒကိုအတန်ငယ် ပြဆိုသင့်ပါ၏။ တိုင်းတစ်ပါးသွားမည့် ရဟန်းတော်တို့ကိုနည်းပေးတော်မူသော အရှင်သာရိပုတြာက ပစ္ဆာဘူမက သွားမည့်ရဟန်းတော်တို့အား တိုင်းတစ်ပါးရောက်သောအခါ မင်း၊ ပုဏ္ဏား၊ သူကြွယ်၊ ရဟန်းပညာရှိတို့က "ကိံဝါဒီပနာယသ္မန္တာနံ သတ္ထာ ကိမက္ခာယီ= အရှင်ဘုရားတို့၏ ဆရာဘုရားသည် ဘယ်သို့သောဝါဒ ရှိပါသနည်း" (သံ-၂-၆) ဟု မေးလျှင် "ဆန္ဒရာဂ၀ိနယက္ခာ ခေါ နော အာဝုသော သတ္ထာ = ငါ့အရှင်တို့ စင်စစ်ငါတို့ ဆရာဘုရားသည် ဆန္ဒရာဂ (လိုချင်တပ်မက်မှု) ပယ်ရှားခြင်းကို ဟောတော်မူသည်ဟု ဖြေဖို့ နည်းပေးတော်မူခဲ့၏။
            တစ်ခါ ဆန္ဒရာဂပယ်ရသည်ဆိုလျှင် "ဘယ်မှာဖြစ်သည့် ဆန္ဒရာဂကို ပယ်ရမည်နည်း"ဟုမေးလိမ့်ဦးမည်၊ ထိုအခါ "ရုပ်၌ဖြစ်သော ဆန္ဒရာဂကို ပယ်ဖို့ရာ ဟောတော်မူကြောင်း" ဖြေဖို့ နည်းပေးခဲ့ပြန်သည်။
            ရုပ်၌ဖြစ်သော ဆန္ဒရာဂပယ်ရမည်ဆိုတော့ ကဗဠီကာရအာဟာရရုပ်၌ဖြစ်သော ဆန္ဒရာဂကိုလည်း ပယ်ရမည်သာ၊ 
" ကဗဠီကာရေ ဘိက္ခဝေ အာဟာရေပဋိညာတေ ပဉ္စကာမဂုဏိကော ရာဂေါ ပရိညာတော ဟောတိ = ကဗဠီကာရ အာဟာရကို ပိုင်းခြားသိအပ်တော့သည်။" (သံ-၁-၃၂၃) အရ သား၊ ငါး၊ အာဟာရ ကဗဠီကာရ၌လည်း ပရိညာသုံးပါး ရနိုင်သည်သာ။
            သစ်သီး သစ်ရွက် သစ်ဥစသည် ကဗဠီကာရ အာဟာရသြဇာ၌လည်း ပရိညာသုံးပါး ရနိုင်သည်သာ၊ သို့ဖြစ်လျှင် ရှုမှတ်ခြင်းဖြင့် သားငါး၌ ပရိညာတရား ဖော်နိုင်မှ အစာစားတတ်သူဖြစ်၍ အမြတ်ရသလို သစ်သီးစသော အာဟာရတို့၌ လည်း ထိုသို့ပင် ရှုမှတ်ပွားများ ပရိညာတရားပေါ်အောင် ပြုလုပ်တတ်က စားတတ်သူ အမြတ်ရသူဖြစ်၍ ပရိညာမတင်၊ အဆင်ခြင်မရှိ စားရုံမျှ မထင်၊ ဘယ်အမြင်မျှမတက် သက်သက်စားရရုံမျှ စားရသူတစ်ယောက်ပါပေတည်း။
အမှန်တရား လွန်ထွန်းကား အများချမ်းသာစေ။
အမှားကိုကား လူအများ ပယ်ရှားနိုင်ပါစေ။
ရွှေတောင်ကုန်းဆရာတော်ကြီး မေးလျှောက်၍ သပြေကန်ဆရာတော်ကြီး ဖြေဆိုသည်။

Miss People 2011 Beauty Contest, Yangon, Myanmar

မင်းကျင့်တရား ၁၀ ပါး

၁၉၈၉ ခုနှစ်က အရှင် ဉာဏိဿရ မန္တလေးတက္ကသိုလ်တွင် ဟောခဲ့သော မင်းကျင့်တရား ၁၀ ပါး တရားနာချင်ရင် အောက်က လင့်ကို ကလစ် ပြီးနားဆင်နိုင်ပါတယ်ခင်မျာ......



15 Dec 2011

ဆေးလိပ်သောက်သူများ အဆုတ်သန့်ရှင်းစေသောနည်း(ဆေးချိုးခွာနည်း)

ဆေးလိပ်သောက်ခြင်းမှာ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်သည်ကို
 သိကြသော်လည်း ဆေးလိပ်စွဲနေပြီး ဆေးလိပ်မဖြတ်နိုင်ကြသူများအတွက် အဆုတ်သန့်ရှင်းနည်း
 (ဝါ) အဆုတ်တွင်ကပ်နေသော နီကိုတင်းဆေးချိုး၊ ဆေးချေး(ကြေး)များ ကွာကျစေသည့်နည်းကို
 တင်ပြအပ်ပါသည်။ ထို့အပြင် ဆေးလိပ်စွဲမြဲစွာ သောက်သုံးခဲ့ပြီး ဆေးလိပ်ဖြတ်သူများလည်း အဆုတ်
 သန့်ရှင်းအောင် ပြုလုပ်ရန် သင့်လျှော်သောနည်း ဖြစ်ပါသည်။
                                 နည်းစနစ်မှာ အောက်ပါနည်းဖြင့် ပြုလုပ်ရပါမည်-
 လူတိုင်းနီးပါးသိရှိသော လောက်သေပင်မှ လောက်သေရွက် (၅) ကျပ်သား ခူးယူပြီး ရေမတ်ခွက်
 သုံးခွက်နှင့် ပြုတ်ကျိုပါ။ ရေမတ်ခွက်တစ်ခွက်စာကျန်လျှင် အအေးခံစစ်ယူပြီး ထိုပြုတ်ရည်အား
 တစ်နေ့တည်း ကုန်အောင် သောက်ပေးပါ။ ထိုသို့ (၅) ရက်ဆက်တိုက်သောက်ပေးလျှင် ဆေးချိုး၊
 ဆေးချေး(ကြေး) များကွာကျပြီး အဆုတ်သန့်ရှင်းသွားပါလိမ့်မည်။ ဆယ်ရက်ခန့်အထိ ဆက်တိုက်
 ပြုလုပ် သောက်နိုင်ပါသည်။ ဆေးချိုး(ကြေး) များ ကွာကျသွားလျှင် အသက်ရှူ ၍ ပိုမိုကောင်းမွန်
 လာပြီး သိသာစွာ လန်းဆန်း ပေါ့ပါး လာပါလိမ့်မည်။
                                   အထက်ပါနည်းစနစ်က အဆုတ်တွင် အနာပေါက်သူ၊ တီဘီရောဂါကိုပင်
 တစ်လမှ သုံးလအထိ ဆက်တိုက်မှန်မှန် သောက်ပေးခြင်းဖြင့် အဆုတ်နာရောဂါ သက်သာပျောက်
 ကင်းသူ ရှိခဲ့ပါသည်။ ထို့အပြင် မည်သည့်ဘေးထွက်ဆိုးကျိုးမျှမရှိဘဲ အဆုတ်ကို စင်ကြယ်
 ကောင်းမွန်စေပါသည်။
မှတ်ချက်။      ။ နတ်မောက်မင်းသန့်နိုင် ရေးသားသော သူရဇ္ဇ မဂ္ဂဇင်းမှ ကူးယူဝေငှပါသည်။

ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်လာသူတစ်ယောက် အကြောင်း

စာအုပ်အမည် – ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်လာသူတစ်ယောက် အကြောင်း
ရေးသားသူ – ဆန်းလွင်
အမျိုးအစား – ဘာသာရေး
ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်လာသူတစ်ယောက် အကြောင်း (ဆန်းလွင်)

ဒီမှာဒေါင်းယူနိုင်ပါတယ် ဖတ်သင့်တဲ့စာအုပ်လေးပါ

ခောတ်သစ် အခြေခံ ကွန်ပြူတာ ထိန်းသိမ်း စောင့်ရှောက်နည်း

ပထမအကြိမ်ဝင်းဒိုးအတက်နှေးသည်ကို စိတ်ရှည်ရှည်စောင့်လိုက်ပါ။ ဒုတိယအကြိမ် ထပ်ဖြစ်မလာစေရန် ကွန်ပြူတာကိုလုံးဝ shut down မချပါနှင့်တော့။ ၀င်းဒိုးအတက်မစောင့်ရတော့ပါ။

 စက်သုံးနေစဉ် blue screen တက်လာပါက ပြန်ကန်ချလိုက်ပါ။ တစ်ခါ မက နှစ်ခါမက တက်တက်လာပါကကွန်ပြူတာ screen ကို သဘောင်္ဆေး အမည်းသုတ်လိုက်ပါ။ blue screen တက်လာသည်ကို မမြင်နိုင်တော့ပေ။

 ဒေတာ ထည့်သွင်းမှု ချောမွေ့စေရန် Hard disk အတွင်းပိုင်းအထိ အိုကီ ဆပ်ပြာမှုန့်ဖြင့် မကြာခဏတိုက်ချွတ်ပေးပါ။ လိုအပ်ပါက အစွန်းချွတ်ဆေး နှင့် ဖားဥကျွတ်ဆေးပါ သုံးပေးပါ။

 ကွန်ပြူတာ တက်မလာဘဲ အသံမြည်နေတတ်ခြင်းမှာ မန်မိုရီကတ်လွတ်ခြင်းကြောင့်ဖြစ်သည်။ စိတ်မပူပါနှင့် Super Glue သုံးပြီး နောက်ဘယ်တော့မှ လွတ်လို့မရအောင် ကပ်လိုက်ပါ။ လိုအပ်လျှင် သံနှင့်ရိုက်ပြီး သော့ခတ်ထားလိုက်ပါ။

 CPU heat မတက်စေရန် ကွန်ပြူတာဖင်ကို ရေစိမ်ပြီးသုံးပါ။ လိုအပ်ပါက သုံးသူကိုယ်တိုင်ပါ စိမ်ကောင်းစိမ်ရ လိမ့်မည်။ ရေစိမ်လို့မှ အဆင်မပြေလျှင် ရေခဲတိုက်ထဲ သွားသုံးပါ။

 ကွန်ပြူတာကို ပုံမှန်အပူချိန်ထက် ပိုမမြင့်ပါစေနှင့်။ အပူချိန်ကြီးလာပါက ရေခဲဝတ်အုပ်ပေးပါ။ သို့မှသာ ကွန်ပြူတာတုပ်ကွေးမ၀င်မှာ ဖြစ်သည်။

 အပူချိန်မြင့်နေသော ကွန်ပြူတာကို လေတိုက်ထဲမထားပါနှင့်။ တတ်နိုင်သမျှ လုံလုံခြုံခြုံ နွေးနွေးထွေးထွေးနေပါစေ။ ပလတ်စတစ်အိတ်နှင့်ထုပ်ထားပါ။ တိပ်နှင့်ကပ်ထားပါ။ အခြေအနေပေးပါက ဖီနိုင်း ပရော်ပါ နော်လမင်း မပါသော ဖလူဇာကို တစ်နေ့သုံးကြိမ် တိုက်ပေးပါ။(ရေအေးဖြင့်သာတိုက်ပါ)

 ဗိုင်းရပ်စ် ၀င်မ၀င် စစ်ရန် အန်တီဗိုင်းရပ်စ်ကိုသုံးပါ။ လိုအပ်လျှင် အန်တီဗိုင်းရပ်စ်၏ ယောကျာ်း အန်ကယ်ဗိုင်းရပ်စ် ကိုပါ ခေါ်ပြီးရှာခိုင်းပါ။

 အန်တီနှင့် အန်ကယ် ဗိုင်းရပ်စ်လင်မယားမှ ကွန်ပြူတာတွင် ဗိုင်းရပ်စ် ၊ ပိုးကောင်၊ ကုတ်ကမြင်းများ ၀င်ရောက်နေသည်ကို အချက်ပြလျှင် အထူးဂရုစိုက်ပါ။ ချက်ချင်း ဇာဂနာ ဖြင့် ကလော်ထုတ်လိုက်ပါ။ ပိုသေချာစေရန် ပုရွက်ဆိတ်ဆေး ၊ ကြမ်းပိုးဆေး၊ ခြဆေး များလည်း ထည့်ပေးပါ။

 အပတ်စဉ် ခြင်နိုင်ဆေး မှုတ်ပေးပါ။ ကွန်ပြူတာအနီး ခြင်ယင် ပိုးမွှားများမလာရောက်စေရန် ခြင်ထောင်ချထားပေးလျှင်လည်း အဆင်ပြေပါမည်။

 ကွန်ပြူတာအသုံးများပြီး motherboard လောင်ပါက fatherboard ပြောင်းတပ်ပါ။ ထို့နောက်မှ တစ်ဆင့် sonboard ၊ daughterboard ၊ စသဖြင့် ဆွေမျိုးစုံအောင်တပ်ပါ။ တစ် board မဟုတ် တစ် board နှင့် အဆင်ပြေပါလိမ့်မယ်။ ဘယ်ဘုတ်မှ အဆင်မပြေပါက မော်တော် ဘုတ် တပ်ကြည့်ပါ ။ အဆင်ပြေသွားနိုင်ပါသည်။

 မိမိကွန်ပြူတာကို အခြားတစ်ဦး မကိုင်စေရန် system ပုံး ကိုသွားလေရာ ဖြုတ်ပြီး သယ်သွားပါ။ laptop ကွန်ပြူတာဆိုပါက စိတ်အချရဆုံးနည်းလမ်းမှာ သော့တပ်ပြီး ခတ်ထားပါ။ သတိ မူရင်းသော့ မပျောက်ပါစေနှင့်။

facebook က ကိုလမင်း ရေးထားတာကို ပြန်လည် ကူးယူဖေါ်ပြပါသည်။

ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်) နှင့် ရွှေညဝါဆရာတော်တို့ သာသနာရေးဆောင်ရွက်မှု တားမြစ်ခံရ..။

ဦးသုမင်္ဂလ(ဒယ်အိုးဆရာတော်)နှင့်​ ရွှေညဝါဆရာတော် ဦးပညာသီဟ နှစ်ပါးကို နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ တားမြစ်ချက်များ ထုတ်ပြန်လိုက်သည်။

 ဆရာတော်ဦးသုမင်္ဂလအား ၂၀၁၁ခုနှစ် ဒီဇင်ဘာ ၉ရက်နေ့မှ ၂၀၁၂ ဒီဇင်ဘာ ၈ရက်နေ့အထိ တရားဟောခွင့် ပိတ်လိုက်ပြီဖြစ်ကြောင်း နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့၏ ထုတ်ပြန်စာအရ သိရသည်။

 “အခုထိတော့ ဘုန်းဘုန်းဆီကို ဘာညွှန်ကြားချက်မှ မရောက်သေးဘူး”ဟု ဆရာတော်ဦးသုမင်္ဂလက ဆိုသည်။ နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့က ဦးသုမင်္ဂလကို ထေရဝါဒပိဋကတ်တော်နှင့် မညီသောစာသားများကို ထည့်သွင်းဟောပြောခဲ့ခြင်းကြောင့်​ ယခုကဲ့သို့ တရားဟောကြားခွင့် ပိတ်ပင်လိုက်ကြောင်း သိရသည်။

 ယင်းတားမြစ်ချက်ကို ဆရာတော်က မလိုက်နာပါက သံဃာအဖွဲ့အစည်း ဆိုင်ရာဥပဒေအရ အရေးယူသွားမည်ဟု အထက်ပါ ထုတ်ပြန်စာတွင် ဖော်ပြထားသည်။

 ဆရာတော် ဦးသုမင်္ဂလကဲ့သို့ သာဓုကျောင်းထိုင်ဆရာတော်ဖြစ်သော​ ရွှေညဝါဆရာတော်ဦးပညာသီဟကိုလည်း လက်ရှိသတင်းသုံးနေထိုင်သော သာဓုကျောင်းတိုက်မှ ဖယ်ရှားပေးရန် ဆဋ္ဌမအကြိမ် နိုင်ငံတော်သံဃာ့မဟာ နာယက အဖွဲ့၏အစည်းအဝေးဆုံးဖြတ်ချက်အရ ညွှန်ကြားလိုက်သည်။

 ရွှေညဝါဆရာတော်ကို မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်တွင် တရားဟောခွင့် လာရောက်လျှောက်ထားမှုနှင့် သာဓုကျောင်းတွင် သင်တန်းများပိုချပေးနေခြင်းကြော​င့် ယခုကဲ့သို့ ညွှန်ကြားခြင်းဖြစ်ကြောင်း နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့၏ ထုတ်ပြန်စာအရ သိရသည်။

 ရွှေညဝါဆရာတော်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ရန်ကုန်သို့ရောက်ရှိ လာစဉ် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ သေးသည်။

 အထက်ပါဆရာတော်နှစ်ပါးသည် လူမှုရေးလုပ်ငန်းများနှင့် နိုင်ငံရေးလုပ်ဆောင်ချက်များတွင် ပါဝင်ကူညီဆောင်ရွက်ပေးနေသည့် ပြည်သူလူထု ယုံကြည်ကိုးကွယ်မှုများပြားသော ဆရာတော်နှစ် ပါးဖြစ်ကြောင်းသိရသည်။

 နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့၏ ယခုကဲ့သို့သောလုပ်ဆောင်မှုသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတွင် မလုပ်ဆောင်သင့် တော့ကြောင်း ၈၈မျိုးဆက်ကျောင်းသားဟောင်းတစ်ဦးက သုံးသပ်ပြောဆိုသည်။

 သတင်း...Transparency Myanmar

http://​myatlayngon.blogspot.com/

13 Dec 2011

သံမဏိလက်ပိုင်ရှင်


ဒီအကြော်သည်အမျိုးသားကြီးကတော့ သူ့ ရဲ့ လက်နှစ်ဖက်စလုံးကို ဆီပူအိုးထဲနှစ်ပြီး ယောင်းမတစ်ခုကို အ

သုံးပြုနိုင်တာမို့ ပြိုင်စံမပေါ်တဲ့ နိုင်ငံကျော် ( ကမ္ဘာကျော်လို့ ဆိုယင်ပိုတောင်မှန်ပါဦးမယ်...) ပါပဲ...

အစွမ်းထက်သည့် လက်များပိုင်ရှင် ကန်းထရီချန်း တစ်ယောက် ပွက်ပွက်ဆူနေသည့် ဆီပူအိုးထဲ၎င်း၏လက်

များနှစ်ကာကြော်နေသည့် ကြက်သားတုံးများကို လက်ချောင်းများဖြင့် ကိုင်တွယ်ကာဆယ်ယူနိုင်စွမ်းရှိနေ

တာဖြစ်ပါတယ်...



ကမ္ဘာ့ စံချိန်ရှင် အသက် ၅၀ အရွယ်ရှိ လူထူးလူဆန်းဟာ အံ့ သြဖွယ်ရာကောင်းလှစွာပင် တစ်ချက်ကလေးမှ

ဆီပူအလောင်မခံရပါဘူး...

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ တွင်နေထိုင်သည့် မစ္စတာ ထရီချန်း က " ဆီပူအိုးထဲကျွန်တော့် ရဲ့ လက်တွေထည့် 

လိုက်တဲ့ အခါမှာတော့ ပူလောင်မှုကိုခံစားရပေမယ့် လက်ရဲ့ အရေခွံ၊ အရေပြားကို ဆီပူမလောင်ပါဘူး...

ကျွန်တော်ဟာ (ဘာအကာအကွယ်မှမပါပဲ ဗလာသက်သက်၊ လက်နှစ်ဘက်နှင့် ) ထမင်း၊ ကြက်သားကစ

ပြီး အစားအသောက်မျိုးစုံကြော်နိုင်ပါတယ်..." လို့ ပြောကြားခဲ့ ပါတယ်...
Superhands: Kann Trichan feels no pain and his skin is unaffected by the boiling fat at his fried chicken stall in Chiang Mai, Thailand










ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ မှ ကန်ထရီချန်း
ရဲ့ စွမ်းအားရှင်လက်များကတော့ ဆီပူအိုးထဲလက်ထဲ့ တာတောင် ဆီပူမလောင်ပါဘူး...

Fast finger food: Mr Trichan holds the world record for plucking 20 pieces of chicken from 480c fat in one minute
အပူချိန် ၄၈၀ ဒီဂရီရှိနေသည့် ဆီပူအိုးထဲမှ ကြက်သားတုံး ၂၀ ကို ၁ မိနစ်အတွင်း လက်ဗလာ
ဖြင့် ဆယ်ယူပြနိုင်ခဲ့ လို့ ကမ္ဘာ့ စံချိန်တင်နိုင်ခဲ့ ပါတယ်...
မစ္စတာထရီချန်းဟာ သူ့ ရဲ့ သူမတူတဲ့ စွမ်းရည်ကိုလွန်ခဲ့ သည့် ၇ နှစ်ခန့် က မတော်တစ်ဆ လက်ကိုဆီပူ

တွေဖိတ်စဉ်မိခဲ့ စဉ်မည်သည့် ဒါဏ်ရာမှမရခဲ့ သည်မှစတင်ပြီးသိရှိခဲ့ တာဖြစ်ပါတယ်...

သားသမီးနှစ်ယောက်တို့ ရဲ့ ဖခင်ဖြစ်သူဟာ ထိုစဉ်က ကိုယ်ပိုင်ကြက်ကြော်ဆိုင်မှာရှိနေခဲ့ တာဖြစ်ပြီး ရှဉ့် က

လေးတစ်ကောင်က သစ်ပင်ပေါ်မှာ သရက်သီးစားနေတာကိုကြည့် နေခဲ့ တာဖြစ်ပါတယ်...

Look, no blisters: Mr Trichan's wife and children say they never tire of watching him at work
ကြက်သားတုံးသာကြော်လို့ ကျက်သွားမယ် လက်ကတော့ဘာမှမဖြစ်ဘူး...
ထိုစဉ်မှာပဲ သရက်သီးဟာ သူ့ နံဘေးရှိဆီပူအိုးကြီးထဲကိုပြုတ်ကျလာခဲ့ တာဖြစ်ပါတယ်...

" ဆီပူတွေကအရပ်လေးမျက်နှာအကုန်စဉ်ကုန်ပြီး ကျွန်တော့် ရဲ့ ခေါင်း၊ လက်မောင်း၊ လက်တွေအားလုံးကို

ဆီပူတွေထိကုန်ပါတယ်...အကြီးအကျယ်ဒါဏ်ရာရသင့် ခဲ့ တာပေါ့ ဗျာ....

ကျွန်တော်ဟာကိုယ့် ကိုယ်ကိုမှန်ထဲမှာပြန်ကြည့် ယင်း ဆီပူလောင်အဖုတွေ၊ ဆီပူလောင်တဲ့ အကွက်တွေရှိ

နေမလားဆိုပြီးပေါ့ ....ဘာတစ်ခုမှမရှိခဲ့ ပါဘူး...ဆီပူလောင်ယင်ဖြစ်တတ်တဲ့ အနီကွက်လေးတွေတောင်

မရှိပါဘူး...ဘာဆိုဘာမှမဖြစ်ခဲ့ တာပါပဲ..." လို့ ၎င်းကပြောပြခဲ့ ပါတယ်...


နောက်တစ်နေ့ မှာဈေးရောင်းပြန်ထွက်ခဲ့ လို့ ဆိုင်နီးနားချင်းတွေအားလုံး အံ့ သြကုန်ကြပါတယ်...

" ဒီလောက်ကြီးမြန်မြန်ဈေးပြန်ထွက်နိုင်လိမ့် မယ်သူတို့ ကမထင်ဘူးလေ...လူတွေအားလုံးက ဒီလိုဆီပူတွေ

မိုးရွာသလို ထိခံရတာတောင်ဘာမှမဖြစ်တဲ့ လူဆိုပြီး အထူးအဆန်းလာကြည့် ကြတော့ တာပါပဲ..." လို့ သူ

ကပြောကြားခဲ့ပါတယ်...

အဲဒီကစပြီး မစ္စတာထရီချန်း လည်း ဆီပူအိုးထဲကနေ ကြက်သားတုံးတွေကိုလက်နှင့် စမ်းပြီးနှိုက်ဆယ်ကြည့်

တော့ တာပါပဲ...

" ဒီလိုမျိုးဆီပူအိုးထဲလက်နှိုက်ပြီးဆယ်တာ တစ်ခါမှမတွေ့ ဘူးတော့ လူတွေဆိုတာ သဘောအကျကြီးကျနေ

ကြတော့ တာပါပဲ....ယောင်းမကိုမသုံးပဲ အိုးထဲကနေလက်ချည်းသက်သက်နဲ့ နှိုက်တာကိုကြည့် ချင်တာ

သက်သက်နဲ့ တင် တစ်နိုင်ငံလုံးကလူတွေ ကြက်ကြော်လာဝယ်ကြတာပါပဲ..." လို့ သူကဆိုပါတယ်...



မစ္စတာထရီချန်း ဟာလွန်ခဲ့ တဲ့ ၇ နှစ်ကစပြီး နိုင်ငံတစ်ကာမှာထင်ပေါ်ကျော်ကြားခဲ့ ပြီး သူ့ ရဲ့ စွမ်းရည်ကိုပြ

သဖို့ အတွက် အသက် ၄၅ နှစ်ရှိ ဇနီးဖြစ်သူ တွမ် နှင့် အတူ ကမ္ဘာအနှံ့ လှည့် လည်ခဲ့ ပါတယ်...

သမီးဖြစ်သူ အသက် ၃၄ ရှိ ဆူပါလက်ခ် နှင့် သားဖြစ်သူ အသက် ၂၇ နှစ်ရှိ ဂျက်ဆဒါး တို့ လည်းဖခင်ဖြစ်သူ

အတွက် ဂုဏ်ယူနေကြပါတယ်...

" အံ့ သြစရာကောင်းလွန်းလို့ အဖေ့ ကိုကြည့် ရတာဘယ်တော့ မှမရိုးပါဘူး...ဒီလိုဖခင်မျိုးရလို့ လည်းအ

လွန်ဂုဏ်ယူမိပါတယ်..." လို့ ဂျက်ဆာဒါး ကဆိုခဲ့ ပါတယ်...


ဒီလိုလုပ်နိုင်လိမ့် မယ်လို့ ထင်တောင်မထင်ခဲ့ ပါဘူး...တစ်ကယ့် ကိုအဆန်းတစ်ကြယ်ပါပဲ...ကျွန်တော့် ဆိုင်
ကတော့ လာကြည့် သူ အနယ်နယ်အရပ်ရပ်ကခရီးသည်တွေနှင့် ဖောက်သည်တွေတိုးတိုးလာလို့ ပိုပိုပြီးအ
လုပ်များ၊ရောင်းကောင်းနေတော့ တာပါပဲဗျာ လို့ သူဆိုလိုက်ပါတယ်....


သူ့ ရဲ့ နာမည်ကျော်ဆိုင်ကလေးကတော့ ဘန်ကောက်မြို့ မှ မြောက်ဘက် မိုင် ၄၇၀ အကွာရှိ ချင်းမိုင်မြို့ ရဲ့ 

နည်းပညာကောလိပ်အပြင်ဖက်နားမှာတည်ရှိနေပါတယ်....

" ဒီဒေသကိုရောက်ခဲ့ ယင်တော့ သံမဏိလက်နှင့် ကြက်ကြော်သမားရဲ့ ဆိုင်ကိုလာပြီး သူ့ အစွမ်းကိုကြည့် ရှု

ဖို့ မမေ့ ပါနှင့် ...." လို့ သူကဆိုလိုက်ပါတယ်....


Unscathed: Mr Trichan discovered his skill when a squirrel dropped a mango into a pan next to him, splashing boiling fat all over him
ဒီကမ္ဘာမှာ ကျွန်တော်အကြော်ဆုံး...
ရှဉ့် လက်ထဲကသရက်သီး သူ့ ဘေးကဆီပူအိုးထဲပြုတ်ကျပြီးကတည်းက ဇာတာစန်းလဂ်တက်ခဲ့ 
တော့တာပါပဲ...အဲဒီကတည်းကမနားတမ်းကြော်နေခဲ့ ရတော့ တာပါပဲ...
Tourist attraction: Over the past seven years Mr Trichan has become a celebrity with people flocking to his stall in Chiang Ma
ကမ္ဘာလှည့်ခရီးသည်များဆွဲဆောင်ရာ...
ချင်းမိုင်မြို့ ရဲ့ နာမည်ကျော်...အကြော်ဆရာ မစ္စတာထရီချန်း...

11 Dec 2011

အနာဂတ် ပုံရိပ်များ


Come To Amazing Future

Come To Amazing Future

Come To Amazing Future

Come To Amazing Future

Come To Amazing Future

Come To Amazing Future

Come To Amazing Future

Come To Amazing Future

Come To Amazing Future

Come To Amazing Future

ကမ္ဘာ့ အကြီးဆုံးကျား

10 Dec 2011

ကောလာဟလငါးပါးအကြောင်း


ကောလဟာလဟူသည် အုတ်အုတ်ကျက်ကျက် ဤသို့ဖြစ်တော့မည်တဲ့ဟု မဖြစ်မီကကြိုတင်၍ သတင်းစကား
တစ်ဦး နှစ်ဦးကစ၍ အများအပြားစုပေါင်းကာ စကားတူ အသံတူ ရုတ်ရုတ်ရက်ရက် ပြောဆိုကြခြင်းမျိုးကို ဆိုလို
ပါသည်။
ဤအရာတွင် နောက်နောင်အခါ အမှန်မုချ ဖြစ်ပေါ်လာမည်ကို မဖြစ်ပေါ်မီဝေးလံစွာသော အချိန်ကာလ
ကြိုတင်၍ ရှေးပြေးနိမိတ်အနေဖြင့် လူအများစုရုံကာ အုတ်အုတ်ကျက်ကျက် ပြောဆိုကြခြင်းမျိုးကိုသာ
ကောလဟာလ ဟူ၍ဆိုလိုသည်၊ထိုထိုမြို့ရွာစသည့်တို့၌ ရောက်တတ်ရာရာ အမှန်လည်းမဖြစ်လာနိုင်ပါပဲလျှက်
စကြာမင်း ပေါ်တော့မည်တဲ့ အစရှိသည်ဖြင့်အုတ်အုတ်ကျက်ကျက် ရုတ်ရုတ်ရက်ရက် ပြောဆိုကြခြင်းမျိုးကို
ဆိုလိုသည်မဟုတ်။

လောက၌ ကြိုတင်၍ နိမိတ်ရှေ့ပြေးအနေဖြင့် ထိုအုတ်အုတ်ကျက်ကျက် ဖြစ်ခြင်း ကောလဟာလသည်-
(၁) ကပ္ပကောလာဟလ
(၂) စက္ကဝတ္တိကောလာဟလ
(၃)ဗုဒ္ဓကောလာဟလ
(၄)မင်္ဂလကောလာဟလ
(၅)မောနေယျကောလာဟလ-ဟူ၍ငါးမျိုးရှိ၏။ ထိုငါးမျိုးတို့တွင်

(၁) ကပ္ပကောလာဟလ
ကဗ္ဘာကြီး ပျက်တော့မည်ဟု အုတ်အုတ်ကျက်ကျက် ဖြစ်ခြင်းကို ကပ္ပကောလာဟလဟူ၍ခေါ်ဆို၏။ကဗ္ဘာပျက်လုနီးလာသော
အခါ မပျက်မီနှစ်ပေါင်းတသိန်းက ကြိုတင်၍ လောကဗျူဟာ အမည်ရှိသော ကာမာဝစရနတ်တို့သည် နိမြန်းသောအဝတ်တို့ကို
ဝတ်ဆင်ကြပြီးလျှင် ဆံပင်ကိုဖားယားချကုန်၍ ငိုယိုသောမျက်နှာမှ မျက်ရည်တို့ကို သုတ်ကာသုတ်ကာအလွန်မသက်သာသော
အသွင်အပြင် အခြင်းအရာတို့ဖြင့် လူတို့သွားလာရာ ခရီးလမ်းတို့၌ လှည့်လည်ကြကုန်လျှက်---

အချင်းတို့…. ဤနှစ်မှစ၍နောက် အနှစ်တသိန်းလွန်သော အခါ၌ ဤကဗ္ဘာလောကကြီးသည်ပျက်စီးတော့ပေမည်၊မဟာသမုဒ္ဒရာ
သည် ခန်းခြောက်တော့မည်၊မဟာသမုဒ္ဒရာသည်လည်းခြောက်ခန်းတော့မည်၊ပထယီမြေကြီးသည်၎င်း၊မြင်းမိုရ်တောင်မင်းသည်
၎င်း၊ဤအလုံးစုံတို့သည်(မီးဖျက်မည့်ကဗ္ဘာဖြစ်လျှင်)မီးလောင်၍ပျက်စီးကုန်လိမ့်မည်၊(ရေဖျက်မည့်ကဗ္ဘာဖြစ်လျှင်)ရေလွှမ်းမိုး၍
ပျက်စီးကုန်လိမ့်မည်၊(လေဖျက်မည့်ကဗ္ဘာဖြစ်လျှင်)လေပြင်းလေကြမ်းတိုက်ခတ်၍ ပျက်စီးကုန်လိမ့်မည်၊မြင်းမိုရ် သမုဒ္ဒရာတို့၏
တည်ရာ ဤမဟာပထဝီမြေကြီးမှသည် ဗြဟ္မာ့ပြည်တိုင်အောင် ဤကဗ္ဘာလောကကြီး ပျက်စီးလိမ့်မည်၊
အိုအချင်းတို့…သင်တို့
သည် မေတ္တာတရားကိုပွားများကြကုန်လော့၊ကရုဏာတရားကိုပွားများကြကုန်လော့၊မုဒိတာတရားကိုပွားများကြကုန်လော့၊
ဥပေက္ခာဗြဟ္မစိုရ် တရားကိုပွားများကြကုန်လော့။အမိ အဖတို့ကို ရိုသေစွာ ပြုစုလုပ်ကြွေးကြကုန်လော့၊သက်ကြီးသူအို
ရိုသေထိုက်သူတို့ကို ရိုသေကြကုန်လော့၊ကုသိုလ်ကောင်းမှုတို့၌ အစဉ်နှိုးကြားကြကုန်လော့၊မမေ့မလျော့ကြကုန်လင့်….
ဟူ၍ အနှံ့အပြား လူအပေါင်းတို့ကြားသိလောက်အောင် ကြွေးကြော်ကြကုန်၏၊ဤသို့ကြွေးကြော်သည်ကို အကြောင်းအစပြူ၍
ကဗ္ဘာကြီးပျက်တော့မည်တဲ့…ကဗ္ဘာကြီးပျက်တော့မည်တဲ့ ဟူ၍ လူအများစုရုံးကာ နေရာအနှံ့အပြား၌ အုတ်အုတ်ကျက်ကျက်
ပြောဆိုကြခြင်းကို ကပ္ပကောလာဟလ ဟူ၍ခေါ်ဆိုကြပါသည်။



(၂) စက္ကဝတ္တိကောလဟလ

လူ့ပြည်လောက၌(အရံကျွှန်းငယ်နှစ်ထောင်နှင့်တကွ ကျွှန်းကြီးလေးကျွှန်း လူ့ပြည်တဝှန်းလုံးကို သိမ်းကျူံး
အစိုးရသော စကြဝတေးမင်း ဖြစ်ပေါ်လာတော့မည်တဲ့ ဟုလူအပေါင်းတို့ အုတ်အုတ်ကျက်ကျက်ဖြစ်ခြင်းကို
စက္ကဝတ္တိ ကောလာဟလဟူ၍ ခေါ်ဆို၏။လူ့ပြည်လောက၌ စကြဝတေးမင်း ဖြစ်ပေါ်လာတော့မည်ကို ကြိုတင်
သိရှိကြကုန်သော လောကပါလ ကာမာဝစရနတ်တို့သည် သကြဝတေးမင်း မဖြစ်ပေါ်မီ နှစ်ပေါင်းတရာက
ကြိုတင်၍ လူတို့သွားလာရာခရီးလမ်းမတို့၌ လှည့်လည်ကြကုန်လျှက်…

အချင်းတို့…ဤနေ့မှနောက် နှစ်ပေါင်းတရာ စေ့ရောက်သောအခါ ဤလူ့ပြည်လောက၌ စကြဝတေးမင်း
ဖြစ်ထွန်းပေါ်ပေါက်လာ လိမ့်မည် ဟူ၍ အနှံ့အပြား လူအပေါင်းတို့ ကြားသိလောက်အောင် ကြွေးကြော်ကြ
ကုန်၏။ဤသို့ကြွေးကြော်ကြသည်ကို အကြောင်းအစပြု၍ စကြဝတေးမင်း ပေါ်တော့မည်တဲ့…စကြဝတေးမင်း
ပေါ်တော့မည်တဲ့ ဟူ၍ လူအများစုရုံကာ နေရာအနှံ့အပြား၌ အုတ်အုတ်ကျက်ကျက် ပြောဆိုခြင်းကို စက္ကဝတ္တိ
ကောလာဟလ ဟူ၍ ခေါ်ဆို၏။

(၃) ဗုဒ္ဓကောလာဟလ

လူ့ပြည်လောက၌ဘုရားပွင့်တော့မည်တဲ့ဟု လူအပေါင်းတို့ အုတ်အုတ်ကျက်ကျက်ဖြစ်ခြင်းကိုဗုဒ္ဓကောလာဟလ
ဟူ၍ခေါ်ဆို၏၊ လူ့ပြည်လောက၌ သဗ္ဗညူမြတ်စွာဘုရား ပွင့်ထွန်းတော်မှုလာတော့မည်ကို ကြိုတင်သိရှိကြကုန်
သော သုဒ္ဓါဝါသဗြဟ္မာကြီးတို့သည် ကိုယ်၌ ဗြဟ္မာတို့၏ အဝတ်အစား အဆင်တန်းဆာတို့ကို ဝတ်ဆင်ကြကုန်၍
ဦးခေါင်း၌ ဗြဟ္မာတို့၏ မကိုဋ်သရဖူကို ဆောင်ကြကုန်ပြီးလျှင် ကြည်လင်ရွှင်လန်း ဝမ်းမြောက်သော စိတ်ရှိကြ
လျှက် ဘုရားမပွင့်မီ နှစ်ပေါင်းတစ်ထောင်ကပင် ကြိုတင်၍ လူတို့သွားလာရာ ခရီးလမ်းမတို့၌ လှည့်လည်ကြ
ကုန်လျက်…

အချင်းတို့…ယနေ့မှနောက် နှစ်ပေါင်းတစ်ထောင် စေ့ရောက်သောအခါ ဤလူ့ပြည်လောက၌ သဗ္ဗညူ
မြတ်စွာဘုရား ထင်ရှားပွင့်ပေါ်တော် မှုလိမ့်မည် ဟူ၍ အနှံ့အပြား လူအပေါင်းတို့ ကြားသိလောက်အောင်
ကြွေးကြော်ကြကုန်၏၊ ဤသို့ ကြွေးကြော်ကြသည်ကို အကြောင်းအစုပြု၍ မြတ်စွာဘုရား ပွင့်တော်မှုတော့မည်
တဲ့… မြတ်စွာဘုရား ပွင့်တော်မှုတော့မည်တဲ့ ဟူ၍လူအများစုရုံးကာ နေရာအနှံ့ အပြား၌ အုတ်အုတ်ကျက်ကျက်
ပြောဆိုကြခြင်းကို ဗုဒ္ဓကောလာဟလ ဟူ၍ ခေါ်ဆို၏။

(ဤဗုဒ္ဓကောလာဟလအရာ၌ ဘုရားမပွင့်မီ အနှစ်တစ်ထောင်က ကြိုတင်၍ ဗုဒ္ဓကောလာဟလ ဖြစ်ပေါ်လာ
၏ ဟူသော စကားကို ပွင့်တော်မှုလတံ့သော ဘုရားရှင်တို့၏ အသက်တမ်း ခေတ်အားလျှော်စွာ သာလျှင်
မိန့်ဆိုသောစကားဟူ၍ မှတ်သားရာ၏။ပွင့်တော်မငကြမည့် ဘုရားရှင်ဟူသမျှအတွက် အသက်တမ်းခေတ်ကို
မငဲ့ဘဲ မိန့်ဆိုသော သာမညစကားဟူ၍ မမှတ်သားရာ။ အကြောင်းကိုဆိုသော်…အသက်တမ်းရှည်သောခေတ်၌
ပွင့်တော်မှုကြသည့် ဒီပင်္ကရမင်းသား၊ကောဏ္ဍညမင်းသား၊မင်္ဂလမင်းသား စသည်တို့မှာ ဘုရားဖြစ်ရန် လူ့ပြည်
သို့သက်ဆင်း၍ လူအဖြစ်ဖြင့် မင်း၏စည်းစိမ် ချမ်းသာကို နှစ်ပေါင်းတစ်သောင်းခန့် ကိုးထောင်ခန့်စသည်
ကြာမြင့်အောင် ခံစံပြီးမှ တောထွက်၍ ဒုက္ကရစရိယာ ကျင့်တော်မှုကြကာ ဘုရားဖြစ်တော်မှုကြကုန်၏၊

ဗုဒ္ဓကောလာဟလမှာလည်းအစဦးစွာ နတ်ပြည်၌ ဖြစ်ပေါ်ပြီးမှ ထိုကောလဟလအရ စကြာဝဠာတိုက်သောင်း
ရှိနတ်ဗြဟ္မာ အပေါင်းတို့ အလောင်းတော်နတ်သားထံ ချဉ်းကပ်တောင်းပန်းကြမြဲဖြစ်၏။ထိုသို့တောင်းပန်ကြမြဲ
ဖြစ်၏။ထိုသို့တောင်းပန်၍ အလောင်းတော်နတ်သား၏ဝန်ခံချက်ကိုရမှသာ သုဒ္ဓါဝါသ ဗြဟ္မာကြီးတို့ လူ့ပြည်
လောက၌ ဖြစ်ပေါ်ပြီးသည့်နောက် နှစ်ပေါင်း တစ်ထောင်မက ငါးထောင်မက နှစ်ပေါင်းတစ်သောင်းခန့်
ကိုးထောင်ခန့်ကြာမြင့်ပြီးမှ သက်တော်ရှည် မြတ်စွာဘုရားတို့ ပွင့်တော်မှုကြသဖြင့် ဗုဒ္ဓကောလာဟလ အတွက်
အနှစ်တထောင် ဆိုသောစကားကို ဘုရားရှင်တိုင်းအတွက် မိန့်ဆိုသောစကားဟူ၍ မမှတ်ယူဘဲ ဂေါတမမြတ်စွာ
ဘုရားကဲ့သို့ သက်တမ်းတိုးတော်မှုကြသော ဘုရားရှင်တို့အတွက်သာ မိန့်ဆိုသော စကားဟူ၍ မှတ်သင့်ပေ၏။)

(၄) မင်္ဂလာကောလာဟလ

မင်္ဂလာတရား၏ သဘောသွား အနက်အဓိပ္ပါယ်ကို အတိအကျအမှန်အတိုင်း မဆုံးဖြတ်နိုင်ကြဘဲလျက် သူတစ်မျိုး ငါတစ်မျိုး လူအများစုရုံကာ ဤအရာကို မင်္ဂလာတရားခေါ်၏၊ဤအရာကို မင်္ဂလာတရားခေါ်၏ ဟူ၍
မိမိတို့ထင်မြင်ရာ ကိုမင်္ဂလာတရားဟု အသီးသီး ပြောကြားကြကာ မင်္ဂလာတရားဟူသည် ဤအရာတဲ့ ဟူ၍
အုတ်အုတ်ကျက်ကျက်ဖြစ်ခြင်းကို မင်္ဂလာကောလာဟလ ဟူ၍ခေါ်ဆို၏၊ဤလူ့ပြည်လောက၌ မင်္ဂလာတရား
တော်ကို မြတ်စွာဘုရားဟောကြားတော်မှုလိမ့်မည်ကို ကြိုတင်သိရှိကြကုန်သော သုဒ္ဓါဝါသ ဗြဟ္မာကြီးတို့သည်
မင်္ဂလာတရားကို လိုလားတောင့်တကြသည့် လူတို့၏ စိတ်အကြံကို သိကြကုန်သဖြင့် မင်္ဂလာတရားကို
မြတ်စွာဘုရား မဟောကြားမီ တဆယ့်နှစ်နှစ်ကပင် ကြိုတင်၍ လူတို့သွားရာ ခရီးလမ်းမတို့၌လှည့်လည်ကြကုန်
လျှက်…..
အချင်းတို့…ယနေ့မှနောက် တစ်ဆယ့်နှစ်နှစ် စေံရောက်သောအခါ မင်္ဂလာတရားကို မြတ်စွာဘုရား
ဟောကြားတော်မှုလိမ့်မည် ဟူ၍ အနှံ့အပြား လူအပေါင်းတို့ကြားသိလောက်အောင် ကြွေးကြော်ကြကုန်၏။
ဤသို့ ကြွေးကြော်ကြသည်ကို အကြောင်းအစပြု၍ မင်္ဂလာတရားနှင့်စပ်၍ လူအများ စုရုံကာ နေရာအနှံ့အပြား
၌ အုတ်အုတ်ကျက်ကျက် ပြောဆိုကြခြင်းကို မင်္ဂလကောလာဟလ ဟူ၍ခေါ်ဆိုကြသည်။

(၅) မောနေယျကောလာဟလ


မောနေယျအကျင့် ပဋိပတ်နှင့်စပ်၍ အုတ်အုတ်ကျက်ကျက် ဖြစ်ခြင်းကို မောနေယျကောလာဟလဟူ၍
ခေါ်ဆိုသည်။ လူ့ပြည်လောက၌ သဗ္ဗညူမြတ်စွာဘုရား ပွင့်ထွန်းတော်မှုမည်ကို ကြိုတင်သိရှိကြကုန်သော
သုဒ္ဓါဝါသဗြဟ္မာကြီးသည် ကိုယ်၌ ဗြဟ္မာတို့၏ အဝတ်အစားအဆင်းတန်ဆာတို့ကို ဝတ်ဆင်ကြကုန်၍
ဦးခေါင်း၌ ဗြဟ္မာတို့၏ မကိုဋ်သရဖူကို ဆောင်ကြကုန်ပြီးလျှင် ကြည်လင်ရွင်လန်း ယမ်းမြောက်သော
စိတ်ရှိကြကုန်လျက် ဘုရားမပွင့်မီ နှစ်ပေါင်းတထောင်ကပင် ကြိုတင်၍ လူတို့သွားလာရာ ခရိးလမ်းမတို့၌
လှည့်လည်ကြကုန်လျက်…

အချင်းတို့…ယနေ့မှနောက် နှစ်ပေါင်းတထောင် စေ့ရောက်သောအခါ ရဟန်းတော်တစ်ပါး မြတ်စွာဘုရား
ထံ ချည်းကပ်၍ မောနေယျအကျင့် ပဋိပတ်ကို မေးလျှောက်လိမ့်မည် ဟူ၍ အနှံ့အပြား လူအပေါင်းတို့ကြားသိ
လောက်ောအင် ကြွေးကြော်ကြကုန်၏။ဤသို့ကြွေးကြော်ကြသည်ကို အကြောင်းအစပြု၍ မောနေယျအကျင့်
ပဋိပတ်ဟူသော စကားကို လူအများ စုရုံကာ နေရာအနှံ့အပြား၌ အုတ်အုတ်ကျက်ကျက် ပြောဆိုကခြင်းကို
မောနေယျကောလာဟလ ဟူ၍ခေါ်ဆို၏။ ဤအကြောင်းတို့သည် ကောလာဟလ ငါးမျိုးတို့တည်း။

 

အထူးသတိပြုဖွယ်ရာ (အပါယ်လေးပါးရောက်ကြောင်းအလှူဒါနများ)


အထူးသတိပြုဖွယ်ရာ (အပါယ်လေးပါးရောက်ကြောင်းအလှူဒါနများ)

ဒါနဆိုတာပေးကမ်းလှူဒါန်းခြင်းကိုခေါ်တာပါ။ဒါနအမှုကိုပြုလေ့ရှိတဲ့ပုဂ္ဂိုလ်ကို ဘုရားအစရှိတဲ့သူတော်ကောင်းများချီးမွမ်းကြပါတယ်။ထို့ပြင်ဒါနဆိုတာဖြစ်လေရာဘဝမှာ အသက်ရှည်ခြင်း အဆင်းလှခြင်း ချမ်းသာကြီးခြင်း ခွန်အားကြီးခြင်း ဥာဏ်ပညာကြီးခြင်းအစရှိတဲ့ကောင်းကျိုးချမ်းသာများကိုရစေတဲ့အပြင် ဗုဒ္ဓဘာသာတို့ရဲ့ အလိုချင်ဆုံး အတောင်းတဆုံး နောက်ဆုံးပန်းတိုင်ဖြစ်တဲ့နိဗ္ဗာန်ရောက်ကြောင်းလည်း အထောက်ပန့်ဖြစ်စေပါတယ်။

မြတ်စွာဘုရား၊ပစ္စေကဗုဒ္ဓ၊မြတ်စွာဘုရား၏ အဂ္ဂသာဝက မဟာသာဝက များဖြစ်အောင်ပါရမီဖြည့်ကျင့်ရတဲ့အရာမှာလည်းဒါနဆိုတာ ထိပ်တန်းကပါဝင်တာဖြစ်ပါတယ်။အဂ္ဂသာဝက မဟာသာဝကဖြစ်ဖို့အထောက်ပန့်ပေးနိုင်ပါတယ်။ပစ္စေကဗုဒ္ဓဖြစ်စေအောင်လည်း အထောက်အပန့်ပေးနိုင်ပါတယ်။နောက်ဆုံးသမ္မာသမ္ဗုဒ္ဓဘုရားရှင်ဖြစ်စေအောင်လည်းဒါနဆိုတဲ့အရာက အထောက်အပန့်ပေးနိုင်တယ်။ သို့သော် အပြစ်ကင်းစင်တဲ့ဒါနဖြစ်ဖို့တော့အလွန်အရေးကြီးပါတယ်။ဆိုလိုတာက လှူသင့်လှူထိုက်တဲ့ဒါနပေါ့။ကျောင်းဆောက် ဘုရားတည် ရှင်ပြု ရဟန်းခံ ဝါဆိုသင်္ကန်း ကထိန်သင်္ကန်းစသည်ဖြင့်ပေါ့လေ အပ်စပ်တဲ့အလှူဒါန အပြစ်ကင်းစင်တဲ့ဒါနဖြစ်ဖို့တော့အလွန်ပင်အရေးကြီးပါတယ်။ဘာလို့လဲဆိုတော့ တစ်ချို့တစ်ချို့သောပုဂ္ဂိုလ်များဟာ အပြစ်ကင်းစင်တဲ့အလှူဒါနလို့ထင်မှတ်ပြီး(အပြစ်မကင်းတဲ့ အပါယ်လေးပါးရောက်ကြောင်းအလှူဒါနများကို) လှူဒါန်းကြတဲ့အလှူများ ယခုခေတ်မှာအတော်ပင်များပြားလှပါတယ်။ကောင်းရာသုဂတိရောက်ကြောင်း အလှူဒါနအထင်ဖြင့် လှူဒါန်းတဲ့ဒါနများ၊ အလှူများကိုဆိုလိုခြင်းဖြစ်ပါတယ်။

ပြောလိုတာက အပြစ်မကင်းတဲ့ မလှူကောင်းတဲ့ အပ္ပါယ်လေးပါးရောက်ကြောင်း အလှူဒါနများကိုမလှူမိစေဖို့တိုက်တွန်းပြောဆိုချင်တာပါ။မလှူဒါန်းကောင်းတဲ့ အပ္ပါယ်လေးပါးရောက်ကြောင်းဖြစ်တဲ့အလှူဒါနတွေဟာ ဘာတွေလည်း။ဘယ်နှစ်ပါးတောင်ရှိသလဲစသည်ဖြင့် သိသင့်သိထိုက်တာလေးကိုပြောပြချင်တာပါ။မသိသေးသောသူများကိုသိစေချင်..သိပြီးသားဆိုရင်လည်း ရှောင်ကြဉ်စေချင်တဲ့ဆန္ဒနဲ့ အပါယ်လေးပါးရောက်ကြောင်း အလှူဒါန(၁၀)ပါးအကြောင်းကို ရေးသားခြင်းဖြစ်ပါတယ်။

အလှူဒါန၀တ္ထုခေါ် မပေးလှူကောင်းသော အလှူ ၁၀-ပါး။ ပေးလှူသော် ကုသိုလ်မရ။

အပါယ်ကျတတ်သော အလှူ ၁၀-ပါးမှာ-

၁။ သမဇ္ဇဒါန-ကချေအလှူ ( အငြိမ့်ဇာတ်ပွဲ )။

၂။ မဇ္ဇဒါန-သေရည်သေရက်အလှူ။

၃။ ဣတ္ထိဒါန-မိန်းမအလှူ။

၎။ ဥသဘဒါန-နွားလား၊ မြင်းလား အလှူ။

၅။ စိတ္တကမ္မဒါန-ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူ။

၆။ သတ္ထဒါန-လက်နက် ခဲယမ်းမီးကျောက် အလှူ။

၇။ ၀ိသဒါန-အဆိပ်အလှူ။

၈။ သင်္ခလိကဒါန-လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ။

၉။ ကုက္ကုရ သူကရ ဒါန-ကြက် ၀က် သားကောင်အလှူ။

၁၀။ တုလာကူဋ မာနကူဋ-ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူ။တို့ဖြစ်ပါတယ်။

(၁)။သမဇ္ဇဒါနလို့ခေါ်တဲ့ ကချေအလှူ(အငြိမ့်ဇာတ်ပွဲ)ကတော့ ယခုခေတ် ရှင်ပြု ရဟန်းခံ ပွဲတွေမှာ များစွာမှတွေ့ရပါတယ်။ဆိုင်းဝိုင်းတွေ ဇာတ်ပွဲတွေထည့်သွင်းပြီး ကျင်းပကြပါတယ်။ရင်နှင်းသူအချင်းချင်းလည်း "သူငယ်ချင်း' မင်းရဲ့ ရှင်ပြု ရဟန်းခံ ပွဲမှာ ငါလည်း ကုသိုလ်ဖြစ်စေဖို့ ဇာတ်ပွဲလေး ဆိုင်းလေးတော့ထည့်ဝင်လှူဒါန်းပါရစေဆိုပြီး" အပြစ်ကင်းတဲ့အလှူဟု ထင်မှတ်ပြီး အပြစ်မကင်းသော အပ္ပါယ်လေးပါးရောက်စေတတ်သော မကောင်းသော အလှူကိုပေးလှူတတ်ကြပါတယ်။အဲဒီအလှူဒါနသည် ကုသိုလ်မရသည့်အပြင်အပ္ပါယ်လေးပါးကိုရောက်စေတတ်ပါသောကြောင့် အားလုံးသော ဒကာ ဒကာမ များ ထိုထိုသော အလှူကိုမပေးလှူမိဖို့တိုက်တွန်းအပ်ပါတယ်။

(၂)သေရည် သေရက်(ဘီယာ ထန်းရည် ဆေးခြောက်စသည်)လို့ခေါ်တဲ့ မဇ္ဇဒါနပါ။အဲဒီအလှူကိုလည်းယခုခေတ်မှာ အများကြီးတွေ့ရတတ်ပါတယ်။မိမိရဲ့မွေးနေ့မှာသော်လည်းကောင်း အလုပ်အကိုင်အဆင်ပြေလို့ သော်လည်း သူငယ်ချင်း မိတ်ဆွေ များကို ဖိတ်ပြီး သေရည် သေရက် ဘီယာစသည့်ဖြင့် ပေါ့လေ ပြုလုပ်ကောင်း လှူဒါန်းကောင်း အပြစ်ကင်းသည်ဟုထင်မှတ်ပြီး ဒါနပြု ကျွေးမွေးတဲ့အလှူဒါနကိုပြောလိုတာပါ။တကယ်တော့အဲဒီဒါနဟာလည်း အပြစ်မကင်းတဲ့ဒါန ကုသိုလ်မရတဲ့ ဒါန အကုသိုလ်ဖြစ်တဲ့ဒါ အပ္ပါယ်လေးပါးရောက်စေတတ်တဲ့ဒါနပါ။ဒါကြောင့်ထိုထိုသောဒါနကိုလည်း အားလုံးသော ဒကာ ဒကာမများမပေးလှူမိဖို့တိုက်တွန်းအပ်ပါတယ်။

(၃)။ဣတ္ထိဒါန ဆိုတာ မရိုသေစကား ယခုခေတ်အတိုင်းတာနဲ့ပြောရမယ်ဆိုရင် မိမိ၏ မိတ်ဆွေ သူငယ်ချင်း ညီအစ်ကိုများ ကာမဂုဏ်ပျော်ပါးစေဖို့အတွက် မိမိက အခကြေးငွေအကုန်ကျခံပြီး ငှားရမ်းပေးတဲ့(prostitute)အလှူဒါနကိုပြောလိုခြင်းဖြစ်ပါတယ်။အဲဒီလို အခကြေးငွေအကုန်ကျခံပြီးလုပ်လိုက်တဲ့ အလှူဟာလည်း အပြစ်မကင်း ကုသိုလ်မရ အပ္ပါယ်လေးပါးရောက်စေတတ်တဲ့ဒါနဖြစ်လို့ ထိုထိုသော အလှူဒါနမျိုးကို မပေးလှူမိဖို့ တိုက်တွန်းပါတယ်။

နံပါတ်(၄)။ကတော့ နွားတို့မှာ ဦးဆောင်နွားလား ..မြင်းတို့မှာလည်းဦးဆောင်မြင်းလားတို့ကိုပေးလှူတဲ့အလှူဒါနပါ။ယခုခေတ်မှာအနည်းငယ်ရှားပါးပါတယ်။

၅။ စိတ္တကမ္မဒါန-ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူ။ဆိုတာက မိမိမိတ်ဆွေ အပေါင်းသင်းနဲ့ ဘုန်းတော်ကြီးကျောင်းများသို့ ကာမဂုဏ်စိတ် ကာမရာဂ စိတ်တွေဖြစ်ပေါ်စေတတ်သော အမျိုးသမီးဓာတ်ပုံများ။ပြက္ခဒိန်များ။ပန်းချီရုပ်များကိုပေးလှူတဲ့အလှူဒါနကိုဆိုလိုခြင်းဖြစ်ပါတယ်။ထိုထိုအလှူသည်လည်း အပြစ်မကင်းသော ကုသိုလ်မရသော အပ္ပါယ်လေးပါးရောက်စေတတ်သော အလှူဒါနဖြစ်သည့်အတွက် ထိုအလှူဒါနကိုလည်း မပေးလှူမိဖို့တိုက်တွန်းပါတယ်။

၆။ သတ္ထဒါန-လက်နက် ခဲယမ်းမီးကျောက် အလှူ ဆိုတာက လူတစ်ဦးတစ်ယောက် ဒါမှမဟုတ် အုပ်စုတစ်စု ဒါမှမဟုတ်အဖွဲ့တစ်ဖွဲ့စသည်ဖြင့်ပေါ့လေ သတ်ဖြတ်ဖို့အတွက် သေစေနိုင်သော လက်နက်များကို အခမဲ့ လုပ်ပေးခြင်း ပေးလှူခြင်း အလှူဒါနကိုပြောခြင်းဖြစ်ပါတယ်။

၇။ ၀ိသဒါန-အဆိပ်အလှူ ဆိုတာက တစ်ဦးတစ်ယောက် ကိုသေစေလိုသောစေတနာဖြင့် သေစေနိုင်သော အဆိပ် ဆေးများကိုပေးလှူတဲ့ဒါနကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။

၈။ သင်္ခလိကဒါန-လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ ဆိုတာက တစ်ဦးတစ်ယောက်ကိုချုပ်နှောင်ဖို့ ဒုက္ခဖြစ်စေဖို့ ဆင်းရဲစေဖို့အတွက် လှူဒါန်းတဲ့အလှူဒါနကိုဆိုလိုခြင်းဖြစ်ပါတယ်။

၉။ ကုက္ကုရ သူကရ ဒါန-ကြက် ၀က် သားကောင်အလှူဆိုတာက သူတစ်ပါးအား အသက်ရှင်လျက်ရှိသော ကြက် ဝက် များကို ကိုယ်တိုင်သတ်ပြီးတော့၎င်း သူတစ်ပါးအားသတ်စေပြီး ချက်ပြုတ်စားသောက်ရန်အလို့ငှာ လှူဒါန်းတဲ့အလှူဒါနကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။

၁၀။ တုလာကူဋ မာနကူဋ-ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူဆိုတာက ရောင်းတဲ့(အလေး)တစ်မျိုး။ဝယ်တဲ့(အလေး)ကတစ်မျိုး။(ချိန်ခွင်နဲ့ဈေးရောင်းသူ)ထို့ပြင် ရောင်းတဲ့(ပြည်တောင်း)ကတစ်မျိုး။ဝယ်တဲ့(ပြည်တောင်း)ကတစ်မျိုး(ဆန်ရောင်းသူများ)ဖြစ်စေဖို့အတွက် အလေးချိန်ခွင် ပြည်တောင်းများကိုထုတ်လုပ်ရောင်းချခြင်း။ဒါမှမဟုတ် ပေးလှူခြင်း စတဲ့အလှူဒါနမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်။

ယခုဖော်ပြပြီးတဲ့ မပေးလှူကောင်းသော အပြစ်မကင်းသော အပ္ပါယ်လေးပါးကိုရောက်စေတတ်သော အလှူဒါနများကို အပြစ်ကင်းသော ကုသိုလ်ရသောအလှူဒါနဟုထင်မှတ်ပြီး ပြုလုပ်ခဲ့မိရင်လည်းနောင်တတွေ စိတ်မချမ်းသာမှုတွေမဖြစ်ကြပဲ။နောင်တစ်ကြိမ်မပေးလှူမိအောင် မပြုလုပ်မိအောင် ဆင်ခြင်ကြစေဖို့ အထူးတိုက်တွန်းလိုပါတယ်။

ထိုထိုသို့သော အလှူများကသည်ဆိုခဲ့ပြီးသည့်အတိုင်း ကုသိုလ်မရသည့် အပြင် အပ္ပါယ်လေးပါးကိုရောက်စေတတ်တာကြောင့် အားလုံးသော ဒကာ ဒကာမ များ အထူးရှောင်ကြဉ်ပြီး အပြစ်ကင်းသော ကုသိုလ်ဖြစ်သော ဒါနကောင်းမှု များစွာကိုအားထုတ်ကြပြီး သီလ ဘာဝနာ ဝိပဿနာများကိုပါ အချိန်ရသလောက်စောင့်ထိန်း ပွားများနိုင်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အသက်ထက်ဆုံး သာသနာပြုနိုင်သော ပုဂ္ဂိုလ်များဖြစ်ပါစေဟုဆန္ဒပြု ဆုတောင်းလိုက်ရပါသည် ။

 အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်သို့..


နေပြည်တော် ဥပ္ပါတသန္တိစေတီတော်သို့..

ဆက်လက်ပြီး ခရီးသွားမှတ်တမ်းအနေနဲ့ နေပြည်တော် မြို့တော်သစ်ကြီးကို ရောက်ခဲ့စဉ်က အသစ်တည်ထားတဲ့ မြို့ပြကြီးကို လှည့်လှည်ကြည့်ရှုခဲ့တဲ့ အကြောင်းအရာများကို ဓာတ်ပုံနဲ့ တကွ ဖော်ပြပေးချင်ပါတယ်။  နေပြည်တော် မြို့တော်သစ်ကြီးနဲ့ ပတ်သက်ပြီး ရေးမဲ့အကြောင်းအရာ၊ ဖော်ပြမဲ့ ဓာတ်ပုံများ အားလုံးဟာ အသစ် တည်ဆောက်ထားတာ မကြာသေးတဲ့ မြို့တော်သစ် ဖြစ်တဲ့အတွက်  ပြည်ပကိုရောက်ရှိနေကြလို့ မရောက်ကြသေးတဲ့ မိတ်ဆွေ မောင်နှမများ၊ ပြည်တွင်းကနေပြီး အလှမ်းဝေးနေသေးလို့ မရောက်ရသေးသူများ အားလုံးအတွက် ရည်ရွယ်ပြီး  မြို့သစ်ကြီးရဲ့ အနေအထားကို တွေ့နိုင်၊ သိရှိနိုင်ဖို့ ဒေသန္တရ ဗဟုသုတ သက်သက် အနေနဲ့ ဖော်ပြ ရေးသားခြင်းဖြစ်ပြီး အခြား ရည်ရွယ်ချက် တစ်စုံတစ်ရာ မရှိကြောင်းကိုတော့ ပဏာမအနေနဲ့ စကားဦး ခံထားပါရစေရှင်။
လုံးတော်ပြည့် ဖူးတွေ့ရသော စေတီတော်ကြီး
ဒီပိုစ့်မှာတော့ ရွှေတိဂုံဘုရားနဲ့ ပုံစံတူတည်ထားတဲ့ ဥပ္ပါတသန္တိ စေတီတော်ကြီးရဲ့ ရှုထောင့်ပေါင်းစုံက ရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံများကိုသာ သီးသန့် ဖော်ပြပေးမှာဖြစ်ပြီး နောက်ပိုစ့်တွေမှာ မြို့တော်တစ်ခွင်၊ နေပြည်တော် ရေပန်းဥယျာဉ်နဲ့ နေပြည်တော်ရဲ့ ဆာဖာရီ ဥယျာဉ်သစ်ကြီးများ အကြောင်းတို့ကိုလည်း ထပ်မံဖော်ပြပေးပါဦးမယ်။
စေတီတော်ကြီးသို့ ၀င်ရောက်ရာ လမ်းမပေါ်မှ ဖူးတွေ့ရပုံ
နီးလာတဲ့မြင်ကွင်း
တံခွန်တိုင်၊ ဓာတ်လှေကား၊ မြေထိန်းနံရံများ
 
ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး ဟူ၍ ဘွဲ့မည်ရ....
စေတီတော်ဆီသို့
အောက်တွင် ဆက်လက်ကြည့်ရှုပါရန်

Image Hosted by PicturePush - Photo Sharing
စေတီပေါ်သို့ တက်ရောက်ရန် ဓာတ်လှေကား
20 - Miss Chaw
 ကားပါကင်နဲ့ ဈေးဆိုင်များ
ဓာတ်လှေကားဆီမှ စေတီတော်သို့ လာရာလမ်း
ကျယ်ဝန်းတဲ့ ရင်ပြင်တော်နဲ့ တံခွန်တိုင်
ရင်ပြင်တော်ပေါ်မှ  

 ရင်ပြင်ပေါ်က လှမ်းကြည့်ရင်
ရင်ပြင်ပေါ်က လှမ်းမြင်ရတဲ့ ရှုခင်းနဲ့ ဓမ္မာရုံ
စေတီတော်ကြီးအတွင်း
စေတီတော်ကြီးအတွင်း မြင်ကွင်း
ကျောက်စိမ်းဆင်းတုတော်
အပေါ်ဆုံးက အစိမ်းကွက်တွေမြင်ရတဲ့ တိုင်လုံးကြီးတွေဟာလည်း ကျောက်စိမ်းပြားများ ကပ်လှူထားတာ ဖြစ်ပါတယ်
ကျောက်စိမ်းဆင်းတုတော်အား အနီးကပ် ဖူးတွေ့ရပုံ (မျက်နှာတော်မှာ ကျောက်စိမ်းအရည်ကြောင့် အစိမ်းရောင် ဖြစ်နေပါတယ်)
ကျောက်စိမ်းပြားစီ၊ ရွှေရေးချ တိုင်ကြီး
တိုင်လုံးတော်များ
စေတီအတွင်း မျက်နှာကျက်တော်မှ ပါဠိ၊ မြန်မာ၊ အင်္ဂလိပ်ဘာသာဖြင့် ရေးထိုးထားသော တရားတော်များ
 
ကျယ်ဝန်းတဲ့ စေတီတွင်းမြင်ကွင်း
ဝတ်ရွတ်စဉ်ဖြင့် ရွတ်ဖတ် ပူဇော်နေကြသူများ
စေတီနံရံမှာ မြတ်စွာဘုရား၏ ဇာတ်နိပါတ်တော်များကို စကျင်ကျောက်များဖြင့် ထွင်းထုကာ ရွှေရေးချ ဘောင်များဖြင့် ပူဇော်ထားပါတယ်။
၎င်း ဗုဒ္ဓ၀င် စကျင်ကျေက် ပန်းပုကားချပ်များမှာ စေတီနံရံပတ်ပတ်လည် တလျှောက်လုံး ကပ်လှူပူဇော်ထားတာကို တွေ့ခဲ့ရပါတယ်။
မီးဆလိုက်များထွန်းကာ အလင်းပေးထားတဲ့ ပန်းပုကားချပ်များ
အောက်မှာတော့ ကျွန်မ ဓာတ်ပုံရိုက်ခဲ့မိတဲ့ အချို့သော စကျင်ကျောက်ထွင်း ဗုဒ္ဓ၀င်ကားချပ်များကို ဖော်ပြပေးပါမယ်။
စေတီတော်ကြီးနဲ့ တံခွန်တိုင်ကြီးကို ညချမ်းအချိန် ခပ်လှမ်းလှမ်းမှ ဖူးတွေ့ရပုံ
ကားမောင်းနေချိန် ရိုက်မိလို့ နည်းနည်း ၀ါးသွားတယ်။
စေတီနဲ့ တံခွန်တိုင်
ထိပ်ဖျားတွင် အလောင်းတော် ရွှေဟသာင်္မင်းရုပ်တု၊ အောက်ခြေတွင် စတုလောကပါလ နတ်မင်းကြီး လေးပါး ပါသော တံခွန်တိုင်
နတ်မင်းကြီးလေးပါး ရုပ်တုပါ တံခွန်တိုင်ကြီးနဲ့ အင်္ဂလိပ်လို ရေးထိုးထားတဲ့ ကဗ္ဗည်းစာ
မြန်မာဘာသာဖြင့် ရေးထိုးထားတဲ့ ကဗ္ဗည်းစာ
“ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ရာဇဓာနီ မင်းနေပြည်တော်” ဟု မော်ကွန်းမှတ်တမ်း ရေးထိုးထားသော တံခွန်တိုင်
ကျန်ရှိနေသေးတဲ့ ဆာဖာရီဥယျာဉ်၊ ရေပန်းဥယျာဉ် စတဲ့ မြို့တော်အကြောင်းကို ကျွန်မရဲ့ ခရီးသွား မှတ်တမ်းအဖြစ် နောက်နေ့တွေမှာ ချစ်သော မိတ်ဆွေ သူငယ်ချင်းများအတွက် ဒေသန္တရ ဗဟုသုတ အဖြစ် ဆက်လက် ဖော်ပြပေးပါဦးမယ်ရှင်။ နေပြည်တော် မြို့တော်သစ် အကြောင်းတွေရဲ့ ပိုစ့်နဲ့ပတ်သက်ပြီး  မြို့တော်တစ်ခွင်ကို စိတ်ရှည်လက်ရှည် ပို့ဆောင်ရင်း လိုက်လံ ပြပေးသော သူငယ်ချင်းကို ကျေးဇူး အထူးတင်ကြောင်း ဒီနေရာကနေ ပြောကြားပါရစေနော်။
မှတ်ချက်။           ။ ဒေသန္တရ ဗဟုသုတအတွက် မျှဝေခြင်း ဖြစ်ပါကြောင်း ထပ်လောင်း ပြောကြား ပါရစေရှင်။
အားလုံးဘဲ ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းကြပါစေ...