12 Nov 2011

ကမ္ဘာ့ အကြီးဆုံးတိရိစ္ဆာန်များ....

ကမ္ဘာ့ အလေးချိန်အကြီးဆုံးခွေးကတော့ ဟာကျူလီအမည်ရှိတဲ့ ခွေးကြီးဖြစ်ပါတယ်...
သူ့ ရဲ့ အလေးချိန်ကတော့ ကြောက်ခမန်းလိလိ ပေါင် ၂၈၂ ပေါင်ပါတဲ့ ...
 The world’s heaviest dog was Hercules, an English mastiff. He had a 38 inch neck and weighed an astonishing 282 pounds.



ကမ္ဘာ့ အကြီးဆုံးမြင်းကတော့ ဘယ်လ်ဂျီယံမြင်းကြီးေ၇ဒါပဲဖြစ်ပါတယ်...
အမြင့် ၆ ပေရှိပြီး အလေးချိန်ကတော့ ကြောက်စရာလန့် စရာ ၂၃၉၃ ပေါင်ပါတဲ့ ...
 The largest horse was this Belgian beauty named Radar, who stood 6 feet and weighed an amazing 2,393 pounds.



တရုတ်နိုင်ငံက ဒီဝက်ကြီးကတော့ မသေခင် ကမ္ဘာ့ ထူးဆန်းမှတ်တမ်းထဲကို အကြီးဆုံးစံချိန်တင်သွား
နိုင်ခဲ့ ပါသေးတယ်...အရှည် ၈.၂ ပေ၊ ခါးအရွယ်အစားလုံးပတ်က ၇.၃ ပေ နဲ့ သွားအစွယ်ကပင်
၅.၇ လက်မ ရှိပါတယ်...
The world’s largest pig was from China and she died before she could make it into the Guinness Book of World Records. Her length was 8.2 feet, had a 7.3 waist and her long teeth measured 5.7 inches.



ထိုင်းနိုင်ငံပင်လယ်ကမ်းခြေမှာဖမ်းမိခဲ့ တဲ့  ၇၆၇ ပေါင်ရှိတဲ့ ငါးလိပ်ကျောက်ကြီးဖြစ်ပါတယ်...
ဒီငါးလိပ်ကျောက်ကြီးကို သူ့ အိမ်ရှိရာ အထိသယ်သွားနိုင်ခဲ့ ပေမယ့် သူ့ လှေတော့ မှောက်လု
မတတ်ဖြစ်ခဲ့ ရတယ်လို့ ဆိုပါတယ်...
 A resident of Hampshire, Ian Welch, caught this 767-pound stingray off the coast of Thailand. He managed to pull this huge specimen back home, but his boat was almost flipped over in the process.


ထိုင်နိုင်ငံမြောက်ပိုင်း မဲခေါင်မြစ်အတွင်းမှဖမ်းမိတဲ့ အကြီးဆုံးငါခူကြီးဖြစ်ပါတယ်...
အရှည် ၆.၅ ပေ ရှိပြီး အလေးချိန်ကတော့ ၆၄၄ ပေါင်ရှိပါတယ်...
 The largest catfish was caught in northern Thailand on the Mekong River. The fish stretched 6.5 feet and weighed in at 644 pounds.


မီယာမီမှ အလေးချိန် ၈၉၇ ပေါင်ရှိတဲ့ ခြင်္သေ့ နဲ့ ကျားစပ်ထားတဲ့ အကောင်ကြီးကတော့ ကမ္ဘာ့ အကြီးဆုံး
ကြောင်မျိုးနွယ်ဝင်တိရိစ္ဆာန်ကြီးဖြစ်ပါတယ်...
 The largest cat ever was this mixture of a lion and tigress from Miami that weighed 897 pounds.



ဒီဝေလငါးမန်းကြီးကိုတော့ တရုတ်နိုင်ငံ၊ ကမ်းခြေဒေသမှာဖမ်းမိခဲ့ တာဖြစ်ပြီး ၃၂ ပေရှည်ကာ
အလေးချိန် ၈ တန်ရှိပါတယ်...
 This huge shark was caught off the coast of China and named “The Whale.” It weighed 8 tons and was 32 feet long.


  အကြီးဆုံမြွေကြီးကတော့ အင်ဒိုနီးရှားနိုင်ငံမှဖြစ်ပြီး အရှည် ၄၈.၇ ပေရှိကာ 
အလေးချိန် ၉၈၃ ပေါင် ရှိပါတယ်...
 The largest snake was found in Indonesia, and stretched 48.7-feet and weighed 983 pounds.

အကြီးဆုံးသမင်ကြီးပါ...ဂရိတ်ဗြိတိန်မှာတွေ့ ရှိခဲ့ တာဖြစ်ပြီး ၉ပေမြင့် ကာ ပေါင် ၃၀၀ အလေးချိန်
ရှိပါတယ်...သို့ သော်လည်း ထိုသမင်ကြီးကို အမဲလိုက်သမားများက ၂၀၁၀ ခုနှစ်တွင် သတ်ဖြတ်
ခဲ့ ပါတယ်....
 The mighty Emperor of Exmoor: The largest deer ever spotted in Great Britain was 9 foot 300 pound red stag and was unfortunately killed by poachers in 2010.


အရပ်အမြင့် ဆုံးဂရိတ်ဒိန်းခွေးကြီး ဂျော့ ကတော့ ၃.၅ ပေ မြင့် ပါတယ်...
 The Great Dane George is the tallest reported dog. He stood at 3.5 feet.



နွားကြီးချီလီ ( ငရုတ်သီး ) ကတော့ အလေးချိန် ၁ တန် နဲ့ အမြင့် ၁.၈၃ မီတာဖြင့် 
ကမ္ဘာ့ အလေးဆုံးနဲ့ အမြင့် ဆုံးနွားစံချိန်တင်ထားခဲ့ ပါတယ်...
Big Cow Chili is the heaviest and tallest cow on Earth at a ton and standing at 1.83 cm.



ကမ္ဘာ့ အရှည်ဆုံး ယုန်ကတော့ အမ်မီလို့ ခေါ်ပြီး အရှည် ၂.၆ ပေရှိပါတယ်...
The longest rabbit was this 2.6-foot fluffy bunny called Emy.
 
မူရင်း။ ။ကိုပီတာ

ထူးဆန်းသည့် အဆောက်အအုံများ


1. The Crooked House
ဒီအိမ်က ပိုလန်နိုင်ငံမှာ ရှိတာပါ။ ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီက စတင် တည်ဆောက်ခဲ့ပြီး ၂၀၀၃ ခုနှစ် ဒီဇင်ဘာလမှာ ပြီးစီးခဲ့ပါတယ်။
……………………………………………………..


2. The Basket Building
Longaberger basket company က သူတို့ရဲ့ ရုံးအဆောက်အအုံအဖြစ် တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ United States မှာ တည်ရှိတာပါ။ ဒီအဆောက်အအုံ ပြီးစီးဖို့အတွက် အချိန် (၂) နှစ် ယူခဲ့ရပါတယ်။ အမေရိကန် ဒေါ်လာ (၃၀) မီလီယံ ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။
……………………………………………………..

3. Habitat 67
ကမ္ဘာ့အကြီးဆုံး export ကုမ္ပဏီကြီးတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်တဲ့ Expo 67 က တည်ဆောက်ထားတာပါ။ ကနေဒါနိုင်ငံ Montreal မှာ တည်ရှိပါတယ်။
……………………………………………………..

4. Cubic Houses
ဒီအဆောက်အအုံ ဒီဇိုင်းရဲ့ အခြေခံ idea ကတော့ ၁၉၇၀ ပြည့်နှစ် ကတည်းက ရရှိခဲ့တာ ဖြစ်ပါတယ်။ နယ်သာလန်နိုင်ငံ၊ Rotterdam မှာ ရှိပါတယ်။
……………………………………………………..

5. Manchester Civil Justice Centre
( မန်ချက်စတာ၊ UK မှာ ရှိပါတယ် )
……………………………………………………..

6. Stone Houses
( ပေါ်တူဂီနိုင်ငံမှာ ရှိပါတယ် )
……………………………………………………..

7. Erwin Wurm: House Attack
( Austria နိုင်ငံ၊ Viena မှာ ရှိပါတယ် )
……………………………………………………..

8. Wooden Gagster House
( ရုရှားနိုင်ငံမှာ ရှိပါတယ် )
……………………………………………………..

9. Nord LB building
( ဂျာမနီနိုင်ငံ၊ Hannover မှာ ရှိပါတယ် )
……………………………………………………..

10. Lloyd’s building
( London မှာ ရှိပါတယ် )

ကမ္ဘာကျော်ကြား ဗုဒ္ဓရုပ်ပွားတော်များ


1. Leshan Giant Buddha
ဒီထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကတော့ တရုတ်ပြည် အနောက်ပိုင်းမှာ တည်ရှိပါတယ်။ ၇၁၃ ခုနှစ်မှာ စတင် တည်ဆောက်ခဲ့တာ ဖြစ်ပြီး ၈၀၃ ခုနှစ်တိုင်အောင် ပြီးပြတ်အောင် တည်ဆောက်နိုင်ခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဗုဒ္ဓရုပ်ပွားတော်ရဲ့ အမြင့်ဟာ ၇၁ မီတာ (၂၃၃ ပေ) အမြင့်ရှိပြီး လက်ချောင်းတော်များကတော့ ၁၁ ပေ အရှည်ရှိပါတယ်။


2. Temple of the Emerald Buddha
မြန်မာပြည်ရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ တည်ရှိတဲ့ ကမ္ဘာကျော် ဗုဒ္ဓရုပ်ပွားတော် တစ်ဆူပဲ ဖြစ်ပါတယ်။ ဒီဗုဒ္ဓရုပ်ပွားတော်ကို ဘီစီ ၄၃ မှာ ထုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ အိန္ဒိယမှာ ထုလုပ်ခဲ့တာပါ။ အေဒီ ၄ ရာစုမှာတော့ ရဟန်းတော်များက သီရိလင်္ကာနိုင်ငံကို ပင့်ဆောင်ခဲ့ကြပါတယ်။ ၁၇၇၉ ခုနှစ်ရောက်မှသာ ထိုင်းနိုင်ငံကို ရောက်ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓရုပ်ပွားတော်ရဲ့ ကိုယ်မှာ လွှမ်းခြုံထားတဲ့ ရွှေသင်္ကန်းကိုတော့ ထိုင်းဘုရင်က ရာသီအကူးအပြောင်းတစ်ခုမှာ ကျင်းပခဲ့တဲ့ အခမ်းအနားတစ်ခုမှာ ပူဇော်ခဲ့တာလို့ သိရပါတယ်။

3. Great Buddha of Kamakura
ဂျပန်နိုင်ငံမှာရှိတဲ့ ကျော်ကြားတဲ့ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ဖြစ်ပါတယ်။ ရုပ်ပွားတော်ရဲ့ အမြင့်ဟာ ပေ ၄၀ ရှိပြီး အလေးချိန်ကတော့ ခန့်မှန်းခြေအားဖြင့် ၉၃ တန် ရှိတယ်လို့ သိရပါတယ်။ ဒီဗုဒ္ဓရုပ်ပွားတော်ကို Joko လို့ခေါ်တဲ့ ရဟန်းတစ်ပါးက ၁၂၅၂ ခုနှစ်မှာ သွန်းလုပ် လှူဒါန်းခဲ့ခြင်း ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။

4. Temple of the Reclining Buddha
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရဲ့ အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်တွေထဲက တစ်ဆူဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ ရှေးအကျဆုံး ဘုရားတစ်ဆူလို့လည်း ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ကို ဘန်ကောက်မြို့ မတည်ခင် နှစ်ပေါင်း ၂၀၀ လောက်ကတည်းက ထုလုပ်ခဲ့ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ လျောင်းတော်မူ အလျားအားဖြင့် ၄၆ မီတာ ရှိပြီး အမြင့်ကတော့ ၁၅ မီတာ ရှိပါတယ်။ ဒီလျောင်းတော်မူဗုဒ္ဓရဲ့ ခြေတော်မှာတော့ ၁၀၈ ကွက် ဗုဒ္ဓစက်ကို သွန်းလုပ်ထားတယ်လို့ ဆိုပါတယ်။

5. Ushiku Daibutsu
ဂျပန်နိုင်ငံမှာ တည်ရှိတဲ့ ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော် တစ်ဆူဖြစ်ပြီး ၁၉၉၅ ခုနှစ်မှာ သွန်းလုပ်ပြီးစီးခဲ့ပါတယ်။ ကမ္ဘာ့ အမြင့်ဆုံး ဗုဒ္ဓရုပ်ပွားတော်တွေထဲမှာ တစ်ဆူအပါအဝင် ဖြစ်ပြီး ၃၉၄ ပေ အမြင့်ရှိတယ်လို့ ဆိုပါတယ်။

6. Gal Viharaya
သီရိလင်္ကာနိုင်ငံမှာ တည်ရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူဖြစ်ပြီး ၁၂ ရာစုမှာ သွန်းလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီလျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ဟာ အတိုင်းအတာအားဖြင့် အလျား ၄၆ ပေ ရှည်ပြီး ၂၃ ပေ အမြင့်ရှိတယ်လို့ ဆိုပါတယ်။

7. Ayutthaya Buddha Head
ဒီဗုဒ္ဓရုပ်ပွားတော်ကတော့ ထိုင်းနိုင်ငံ အယုဒ္ဓယမြို့မှာ တည်ရှိတာ ဖြစ်ပါတယ်။ ကမ္ဘာ့ ဆန်းကြယ်တဲ့ ဗုဒ္ဓရုပ်ပွားတော်တွေထဲက တစ်ဆူပဲ ဖြစ်ပါတယ်။

8. Monywa Buddhas
ကျွန်တော်တို့ မြန်မာပြည် အလယ်ပိုင်း မုံရွာမြို့မှာ တည်ရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်များ ဖြစ်ပါတယ်။ လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ကတော့ ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ ဖြစ်ပါတယ်။ အလျားအားဖြင့် ပေ ၃၀၀ ရှိပြီး ဦးခေါင်းတော်ပိုင်းကတော့ အမြင့်အားဖြင့် ပေ ၆၀ မြင့်ပါတယ်။ ၁၉၉၁ ခုနှစ်မှာ စတင် သွန်းလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ရပ်တော်မူ ဘုရားကြီးကိုတော့ တည်ဆောက်ခဲ့တာကတော့ သိပ်ပြီး မကြာသေးပါဘူး။ ရပ်တော်မူ ဘုရားကြီးဟာ အမြင့်အားဖြင့် ၄၃၃ ပေ အမြင့်ရှိပြီး ကမ္ဘာ့ အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်တွေထဲမှာ တစ်ဆူ အပါအဝင် ဖြစ်တယ်လို့ သိရပါတယ်။

9. Tian Tan Buddha Statue
ဟောင်ကောင်နိုင်ငံ Lantau ကျွန်းမှာ တည်ရှိပြီး ၁၉၉၃ ခုနှစ်မှာ တည်ဆောက် ပြီးစီးခဲ့ပါတယ်။ အမြင့်အားဖြင့် ပေ ၁၁၀ ရှိပါတယ်။ ဗုဒ္ဓရုပ်ပွားတော်ရဲ့ ညာလက်တော်ဟာ ရောဂါဘယ ဘေးဒုက္ခတွေကို ဖယ်ရှားပေးခြင်းကို ကိုယ်စားပြုပြီး ဒူးခေါင်းတော်ပေါ် တင်ထားတဲ့ ဘယ်လက်တော်ကတော့ သာယာ ချမ်းမြေ့ခြင်းကို ကိုယ်စားပြုတယ်လို့ သိရပါတယ်။

10. Hussain Sagar Buddha Statue
အိန္ဒိယနိုင်ငံရဲ့ ကျော်ကြားတဲ့ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူပဲ ဖြစ်ပါတယ်။ Hyderabad မြို့က Artificial Lake ရဲ့ အလယ်မှာ တည်ရှိပါတယ်။ ရုပ်ပွားတော်ရဲ့ အမြင့်က ၅၆ ပေရှိပြီး တန်ချိန်အားဖြင့် တန်ပေါင်း ၃၂၀ ရှိပါတယ်လို့ ဆိုပါတယ်။ ရုပ်ပွားတော်ကို တည်ဆောက်ခဲ့စဉ် ၁၉၉၂ ခုနှစ်က ရုပ်ပွားတော်ဟာ ရေကန်ထဲကို ပြိုကျသွားခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ပြီး တည်ဆောက်ရေး အလုပ်သမား ၈ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အိန္ဒိယ အစိုးရက ပြန်လည် ပြီးစီးအောင် တည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။
source : http://www.touropia.com/

Google wallet နဲ့ အရာအားလုံး ပြီးမြောက်စေမယ်



"ကျွန်တော်တို့တွေရဲ့ မကြာတော့မယ့် အနာဂတ်မှာ ဖုန်းတစ်လုံးက လွဲပြီး ဘာမှ ယူစရာမလိုဘဲ အိမ်အပြင်ထွက်လို့ ရတော့မယ်" ။ အဲဒါကတော့ ဂူဂယ်ကုမ္ပဏီက ပြောလိုက်တဲ့ အနာဂတ်အတွက် အမြင်ပါ။

"ကျွန်တော်တို့ ယုံကြည်နေပါတယ်။ တစ်နေ့နေ့မှာ အိမ်ကနေ အလုပ်ကို ဖြစ်ဖြစ် ဈေးကိုဖြစ်ဖြစ် တစ်နေရာရာကို လက်ကိုင်ဖုန်း တစ်လုံးတည်း ကိုင်သွားပြီး ထွက်သွားလို့ရမယ်လို့ ကျွန်တော် အသေအချာကို မျှော်လင့်ထားပါတယ်လို့ ..." ဂူဂယ် အိမ်ဆောင်ထုတ်ကုန် မန်နေဂျာ Marc Freed-Finnegan က ပြောလိုက်ပါတယ်။

အပြင်တစ်ခါသွားရင် လိုအပ်မယ့် အရာအားလုံးဖြစ်တဲ့ စာရွက်စာတမ်း၊ ပလပ်စတစ်နဲ့ လုပ်ထားတဲ့ အရာတွေ ဒါမှမဟုတ် သတ္တုတစ်မျိုးမျိုးနဲ့ လုပ်ထားတဲ့ အရာတွေကို ဒစ်ဂျစ်တယ် နည်းပညာနဲ့ တစ်စုတစ်ဝေးတည်းဖြစ်အောင် smart phone က လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

ဂူဂယ်က ဆိုလိုတာကတော့ မိုဘိုင်းဖုန်းကိုပဲ ခရက်ဒစ်ကဒ်၊ ယာဉ်မောင်း လိုင်စင်၊ ထရန်စစ်ကဒ်၊ စတိုးဆိုင်တွေက ပေးတဲ့ ကူပွန်ကဒ်တွေ၊ အိမ်သော့၊ ဟိုတယ်သော့ မှတ်ပုံတင် စတာတွေအပြင် အခြားသော မဖြစ်နိုင်ဘူးလို့ ထင်ထားတာတွေ တော်တော်များများကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါတွေ တကယ်ဖြစ်နိုင်မလားဆိုတာကတော့ smart phone တွေရဲ့ တိုးတက်လာမှုတွေကို ကြည့်ရင် သိနိုင်ပါတယ်။

၂၀၀၇ မှာ ပထမဦးဆုံးပေါ်ခဲ့တဲ iPhone ကို နည်းပညာရှင်တွေက ပထမဦးဆုံးသော အိပ်ဆောင် ကွန်ပျူတာ Smart Phone စစ်စစ်လို့ သတ်မှတ်ကြပါတယ်။

Smart phone တွေဟာ အခုဆိုရင် GPS များ၊ လက်ကိုင်ဂိမ်းစက်များ၊ အိမ်သုံး ကင်မရာများ၊ ပြက္ခဒိန်၊ မှတ်စုစာအုပ်၊ သတင်းစားများ နဲ့ နားကြပ်ကက်ဆက်တွေ နေရာမှာ အစားထိုး ၀င်လို့လာပါတယ်။ လက်ကိုင်အိတ်ထဲမှာ တပွေ့တပိုက် ထည့်ထားရမယ့် စာတွေ တော်တော်များများဟာ smart phone ထဲကို ရောက်သွားပါပြီ။

ကျွမ်းကျင်သူတွေ အပြောအရ ဖုန်းတွေက ဘယ်လောက်အထိ ပြည့်စုံလာစေမလဲဆိုရင်၊ တကယ်လို့ မနက်ပိုင်းထွက်မယ့် ခင်ဗျား စီးမယ့်လေယာဉ်က အကြောင်းကြောင်းကြောင့် နောက်ကျနေတယ် ဆိုရင်၊ ခင်ဗျားရဲ့ ဖုန်းမှာပါတဲ့ နှိုးစက်နာရီက ခင်ဗျားကို နောက်ကျပြီးမှ နှိုးပေးမှာ ဖြစ်ပါတယ်။ အဲဒါမျိုးတွေကိုတော့ Apples ရဲ့ ဆော့ဝဲတစ်ခုဖြစ်တဲ့ humble personal assistant ကို ကြည့်ခြင်းအားဖြင့် ဖြစ်လာနိုင်တယ်ဆိုတာ မြင်သာနေပါတယ်။

ဖုန်းထုတ်လုပ်နေတဲ့ နည်းပညာရှင်တွေကလည်း ဘယ်လောက်အထိ ကြိုးစားနေသလဲဆိုရင် ဖုန်းတစ်ခုလုံးကို အင်္ကျီတွေထဲမှာ တည်ဆောက်ထားပြီး ဖုန်း စခရင် ကိုတော့ ခင်ဗျားရဲ့ အသားပေါ်မှာ ထားနိုင်အောင် လုပ်ဆောင်ပါတယ်။ ဒါကတော့ နည်းနည်း အလှမ်းဝေးသေးတဲ့ အနာဂတ်တစ်ခုပါ။ သေချာတာကတော့ အလွယ်ကူဆုံး အသုံးပြုနိုင်ဖို့၊ ကိုယ်နဲ့ မကွာထားနိုင်ဖို့နဲ့ သက်တောင့်သက်သာ ရှိစေဖို့တွေကို ဦးတည်နေတာ ဖြစ်ပါတယ်။

မိုဘိုင်းဖုန်းတွေဟာ တကယ့်ကိုပဲ လူသားတွေရဲ့ လူမှုနေထိုင်မှု ဘ၀အချက်အချာ ဖြစ်လာနေတယ်လို့ မန်နေဂျာ Freed-Finnegan ပြောပါတယ်။ ကွန်ပျူတာ အသေးစားလေးကို သယ်ဆောင်သွားတာနဲ့ ခင်ဗျား လုပ်ချင်တဲ့အရာ တော်တော်များများကို အဲဒါလေးနဲ့ပဲ အကုန်လုပ်ယူလို့ရတယ်လို့ ဆိုပါတယ်။

အိတ်ဆောင် စမတ်ဖုန်းတွေကို ကိုရီးယားနဲ့ ဂျပန်က လွန်ခဲ့တဲ့ ငါးနှစ်ကျော်လောက်ကတည်းက စထွင်ခဲ့တာပါ။ အဲဒီအချိန်တုန်းကတော့ အမေရိကမှာတော့ သူပြောငါပြော စကားတွေထဲမှာပဲ ရှိနေသေးတာပါ။

ဒါပေမဲ့ ဂူဂယ် ဆော့ဝဲ တစ်ခုဖြစ်တဲ့ Nexus S smartphones ကို Sprint's network မှာ မကြာခင်က ဖြန့်ချီလိုက်တဲ့အခါမှာတော့ အိပ်မက်တွေ တကယ်ဖြစ်လာခဲ့ပါတယ်။ Nexus S smartphone က နောင်တစ်ချိန်မှာ တကယ့်ကို ဘာတွေ ဆက်ဖြစ်လာမလည်းဆိုတာကို ချပြလိုက်တဲ့ အသေးစား ပြယုဂ်လေး တစ်ခုပါလို့လည်း ဆိုပါသေးတယ်။

အခု Smart Phone က ဘာတွေ ဘယ်လို ဖြစ်လာနိုင်မလဲဆိုတာ နည်းနည်း ဆက်ကြည့်လိုက်ရအောင်။



ကုန်ပစ္စည်းတစ်ခု ၀ယ်တာကို ခရက်ဒစ်ကဒ် မထုတ်ဘဲ ဖုန်းကို ထုတ်လိုက်မယ်။ ပြီးတော့ NFC Reader software (စတိုးဆိုင်တော်တော်များများမှာတော့ PayPass လို့ခေါ်တဲ့ သေးငယ်တဲ့ Radio-wave icon လေးတွေကို ဈေးနှုန်းကဒ်တွေမှာ ထည့်ထားပါတယ်) ကိုဖွင့်လိုက်မယ်။ ငွေချေဖို့ အတွက် ကုန်ပစ္စည်းကုဒ်ကို မှတ်ထားလိုက်မယ်။ လုံခြုံရေးအတွက်တော့ Security PIN ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။

Google Wallet က အခုလောလောဆယ်မှာတော့ Citi MarterCard တစ်ခုနဲ့ပဲ အလုပ် လုပ်ပါသေးတယ်။ နောက်ပြီး Prepaid card ထဲကို ခင်ဗျားဘဏ်ထဲက ဒါမှမဟုတ် ခရက်ဒစ်ကဒ် အကောင့်ထဲက ပိုက်ဆံကို ထည့်ထားလို့ရပါသေးတယ်။

နည်းပညာရှင်တွေ အပြောကတော့၊ သမားရိုးကျ အရောင်းအ၀ယ် ၀န်ဆောင်မှုတွေက ခက်ခဲ ရှုပ်ထွေးလို့၊ တခြား နည်းပညာအသစ် တစ်ခုနဲ့ ငွေပေးချေရေး ၀န်ဆောင်မှုတွေ မြန်ဆန် လွယ်ကူစေဖို့အတွက် အဲဒါကို အစားထိုး စမ်းသပ် အသုံးပြုဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ အခုဆိုရင် Google Wallet ဒါမှမဟုတ် တခြား Digital Wallet တစ်ခုခုဟာ ခင်ဗျားရဲ့ ပိုက်ဆံအိတ်တွေ နေရာမှာ အစားထိုးဝင်ရောက်လာနေပြီ ဖြစ်ပါတယ်။ အဲဒီ Phone-wallet နည်းပညာဟာ အနာဂတ် မိုဘိုင်းများအတွက် အရေးပါလာသလို၊ လူအားလုံး လက်ခံ အသုံးပြုဖို့ လွယ်ကူတဲ့အရာလည်း ဖြစ်လာပါတော့မယ်။

ဂူဂယ်က ပြောတာကတော့ Google Wallet ကို ဆက်ပြီး ဖွံ့ဖြိုးအောင် ဆောင်ရွက်နေပါတယ်တဲ့။ မိုဘိုင်းဖုန်းက loyalty cards တွေ digital coupons တွေကို သိမ်းစည်းထားနိုင်ပြီး တစ်ချက်ကလေး ကလစ်လိုက်တာနဲ့ ကုန်စုံဆိုင်က ပေးတဲ့ discounts တွေကော လျှော့ဈေးတွေကိုပါ ရမှာဖြစ်ပြီး တစ်ဆက်တည်းပဲ ငွေပါ ပေးချေပြီးသား ဖြစ်သွားလိမ့်မယ်လို့ ဆိုပါတယ်။

ရည်ရှည်မှာတော့ မှတ်ပုံတင်ကဒ်တွေ တံခါးသော့ကဒ်တွေကအစ အရာအားလုံးကို ဖုန်းထဲ ထည့်ထားနိုင်ပါလိမ့်မယ်။ အခုဆိုရင် ဖုန်းထဲက NFC chip က တံခါးတွေ ဖွင့်ပြီး၊ မှတ်ပုံတင် (ID) စစ်ဆေးဖို့တွေ လုပ်နိုင်နေပါပြီ။ (လောလောဆယ်တော့ google wallet က သိပ်ပြီးတော့ နာမည် မကြီးသေးပါဘူး၊ အမေရိကန်က smart phones ဖြစ်တဲ့ Google Nexus S နဲ့ တခြား BlackBerry မော်ဒယ် နှစ်ခုမှာတော့ NFC chip က ပါနေပါပြီ။)

ဥပမာ ဟိုတယ် တံခါးသော့ အတွက် ဆိုပါတော့။ ဟိုတယ် စာရေးက ဧည့်သည်ရဲ့ ဖုန်းထဲကို check-in ၀င်တဲ့အချိန်မှာ key permission ကို တံခါးသော့ဖွင့်နိုင်ဖို့အတွက် ထည့်ပေးလိုက်မှာ ဖြစ်ပါတယ်။ အဲလိုဆိုရင် ဖုန်းကို ဟိုတယ် အခန်းတံခါး သော့နားကို ကပ်လိုက်တာနဲ့ တံခါးက ပွင့်သွားမှာ ဖြစ်ပါတယ်။

အဲလိုဖြစ်ဖို့အတွက် digital lock တွေ လုပ်တဲ့ အလုပ်ရုံတွေက လုံခြုံရေးဆိုင်ရာတွေနဲ့ hardware တွေကို standards တစ်ခု သတ်မှတ်ထားဖို့ လိုပါလိမ့်မယ်။ မှတ်ပုံတင်တွေ ကားမောင်းလိုင်စင်တွေ အတွက်ကတော့ သက်ဆိုင်ရာ အစိုးရဌာနက လက်ခံဆောင်ရွက်မှ ဖြစ်လာမှာပါ။

ဒါပေမဲ့ အဲဒီအရာတွေ အားလုံးကတော့ မကြာခင်ချိန်မှာ တကယ်ဖြစ်လာမှာပါလို့ ဂူဂယ် အိတ်ဆောင် ကွန်ပျူတာ ထုတ်လုပ်ရေး မန်နေဂျာ Freed-Finnegan က ပြောထားပါတယ်။

ကိုဘလိတ်

Source: CNN
http://www.maukkha.org/

မလေးရှားနိုင်ငံ မြန်မာသံရုံးမှ နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးနေ

လွတ်လပ်သော မွန်သတင်းအေဂျင်စီ

ကျလွန်းထော - မလေးရှားနိုင်ငံတွင် 6P မှတ်ပုံတင် ထားသည့် မြန်မာအလုပ်သမားများ အတွက် ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးတွင် နိုင်ငံကူးလက် မှတ် ပြုလုပ်ပေးနေပြီဖြစ်ကြောင်း ပတ်စပို့ရရှိပြီး သူများထံမှ သိရသည်။

6P အစီအစဉ်ဖြင့်ထုတ်ပေးနေသော မြန်မာနိုင်ငံကူးလက်မှတ် (ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ )

မလေးရှားအစိုးရ၏ 6P ဟုခေါ်သည့် လွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ်တွင် မှတ်ပုံတင်ထားပြီး စာရွက်ရရှိ ထားသူ မြန်မာနိုင်ငံသား အလုပ်သမားများကို အောက်တိုဘာလ ပထမအပါတ်မှစတင်၍မြန်မာနိုင်ငံ အသိမှတ်ပြု ပတ်စပို့ ထုတ်ပေးနေခြင်းဖြစ်သည်။

“တစ်နေ့ကို အယောက် ၁၀၀ လောက်တန်းစီလုပ်နေကြပါတယ်၊ ကိုယ့်နိုင်ငံကပတ်စပို့ရဖို့ သွားလျှောက် ရတာပါ၊ မလေးရှားအစိုးရဘက်ကျတော့ အလုပ်လုပ်ခွင့်ပါမစ်တွေ ထုတ်မပေးသေးဘူး၊ လုပ်ပေးမယ် လို့လည်း သူတို့ကြေငြာထားပြီးသားပါ၊ အခုလောလောဆယ်တော့ ဒီနိုင်ငံမှာ တရားမဝင် အလုပ်လုပ်နေတဲ့ နိုင်ငံသားခြားသားတိုင်းကို သက်ဆိုင်တဲ့သံရုံးတွေမှာ ပတ်စပို့သွားလုပ်လို့ရနေပြီ” ဟု မလေးရှားရောက် မွန်တိုင်းရင်းသားကူညီစောင့်ရှောက်ရေးအသင်းမှ နိုင်ကျဲထောက ပြောသည်။

နိုင်ငံကူးလက်မှတ်လျှောက်ထားလိုပါက မိမိဇာတိမြေမှ ရဲစခန်းထောက်ခံစာ၊ အိမ်ထောင်စုစာရင်း၊မှတ်ပုံ တင်မိတ္တူနှင့် ပတ်စပို့ဓါတ်ပုံ ၄ ပုံကို မြန်မာသံရုံးသို့ ပေးဆောင်ရပြီး ပတ်စပို့ (၃) နှစ်သက်တမ်း(၄၈၀) ရင်းဂစ်၊ (၅) နှစ်(၉၀၀) ရင်းဂစ်ခန့် ကုန်ကျသည်ဟု မြန်မာသံရုံးမှပတ်စပို့ရရှိပြီးသူ မင်းခိုင်ဝင်းထံမှသိရသ ည်။

“လွတ်ငြိမ်းချမ်းသာခွင့်ပေးထားတဲ့ ကာလအတွင်းမှာ ပတ်စပို့လုပ်ချင်ရင်လုပ်၊ ဒါမှမဟုတ်နေရပ်ကိုပြန်မယ်ဆို ရင်လည်း ပြန်လို့ရတယ်၊ လွတ်ငြိမ်းချမ်းသာခွင့် သက်တမ်းကုန်သွားလို့ ဘာမှလည်း မလုပ်ရသေးဘူးဆိုရင် အကုန်ဖမ်းမယ်လို့တော့ ကြေငြာထားတယ်” ဟု နိုင်ကျဲထောက ဆက်ပြောသည်။

မလေးရှားအစိုးရဘက်မှ အလုပ်လုပ်ကိုင်ခွင့်ပါမစ် မထုတ်ပေးသေးသော်လည်း 6P လွတ်ငြိမ်းချမ်းသာခွင့် မှတ်ပုံတင်ထားသည့် တရားမဝင်အလုပ်သမား ၁. ၃ သန်းကို ကဏ္ဍ(၅)ခုပါ ထုတ်လုပ်ရေး၊ ခြံလုပ်ငန်း၊ စိုတ်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် လုပ်ငန်း ၁၅ မျိုးခန့်ပါဝင်သည့် လုပ်ငန်းများတွင် တရားမဝင်လုပ်သား များအား ၄င်းလုပ်ငန်းကဏ္ဍများ၌ လုပ်ကိုင်စေမည်ဟု မလေးရှား ပြည်ထဲရေးဝန်ကြီး Hishammuddin Hussein ၏ပြောကြားချက်ကို မလေးရှားအခြေစိုက်သူရိယသတင်းဂျာနယ်အင်တာနက်သတင်းစာမျက်နှာ တွင် ရေးသားထားသည်။

တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူများ အတွက် တရားဝင်မှတ်ပုံတင်နိုင်မည့် “6P” အစီအစဉ်ကို ပြည်ထဲရေး ၀န်ကြီးဌာနက ပြီးခဲ့သည့်သြဂုတ်လတစ်လတိတိအတောအတွင်း အကောင်ထည်ဖော်ဆောင်ခဲ့ရာတွင် မှတ်ပုံတင်ခြင်း၊ တရားဝင် အလုပ်လုပ်ခွင့်ပြုခြင်း၊ ခွင့်လွှတ်ခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊ ဥပဒေစည်းကမ်း အတိုင်း လိုက်နာစေခြင်းနှင့် လျှောက်ထားမှု မပြုလုပ်သော တရားမ၀င် အလုပ်သမားများကိုနေရပ်ရင်းပြန်ပို့ ခြင်း လုပ်ငန်းများပါဝင်သည်။

မလေးရှားနိုင်ငံ မွန်ကယ်ဆယ်ရေးအသင်း၏ စာရင်းကောက်နှတ်ချက်အရ မလေးရှားနိုင်ငံအတွင်းမြန်မာ အလုပ်သမား ၂ သိန်းနီးပါးရှိပြီး ၄င်းတွင် ဒုက္ခသည်စာရင်းဝင် ၈၆၀၀၀ ဦး ရှိသည်ဟု မွန်ကယ်ဆယ်ရေး အသင်း မှ အတွင်းရေးမှု နိုင်ဥက္ကာက ပြောသည်။

ကမ္ဘာ့ဈေးအချိုဆုံး Tablet Computer



ကမ္ဘာ့ဈေးအချိုဆုံး Tablet computer ကို ပြနေတဲ့ တက္ကသိုလ်ကျောင်းသူ

အမေရိကန် ဒေါ်လာ ၃၅ ဒေါ်လာသာ တန်ဖိုးရှိတဲ့ Tablet Computer ကို အိန္ဒိယနိုင်ငံက အောက်တိုဘာ ၅ ရက်နေ့မှာ မိတ်ဆက်ပေးလိုက်ပါတယ်။ နာမည်ကတော့ ဟိန္ဒီလို Aakash ဖြစ်ပြီး အာကာ သို့မဟုတ် ကောင်းကင်လို့ အဓိပ္ပါယ်ရပါတယ်။

Apple ရဲ့ iPad က ၄၉၉ ဒေါ်လာ၊ Amazon ရဲ့ Kindle Fire က ၁၉၉ ဒေါ်လာ၊ HP က touch pad က ၉၉ ဒေါ်လာဝန်းကျင်ရှိနေချိန်မှာ အိန္ဒိယက Datawind ရဲ့ Aakash ကတော့ ၃၅ ဒေါ်လာသာ ပေးရပါမယ်တဲ့။

ကျောင်းသားတိုင်း၊ လူတိုင်းလူတိုင်း နည်းပညာနဲ့ ကွန်ပြူတာ အတွေ့အကြုံတွေ ရနိုင်ဖို့ ရည်ရွယ်တယ်၊ ဒါဟာ အိန္ဒိယနည်းပညာသမိုင်းမှာ မှတ်ကျောက်တင်လိုက်တာပဲလို့ အိန္ဒိယ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး ၀န်ကြီး ကာပေးလ် ဆီဘာလ်က ဆိုပါတယ်။

ဒီလို ဈေးအင်မတန်ချိုသာတဲ့ Tablet Computer ကို လုပ်မယ်လို့ စပြီးပြောတုန်းက ကျနော်တို့ကို အရူးတွေလို့ လူတွေကပြောပြီး လှောင်ပြောင်ကြတယ်။ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး ၀န်ကြီးက အတွင်းရေးမှူး စင်ဟာ က ပြောပါတယ်။

၇ လက်မ အရွယ် touch screen, 13 အောင်စ အလေးချိန်၊ 256MB RAM, 2GB internal memory, external memory ကတော့ 32 GB အထိ ထည့်လို့ရမှာဖြစ်ပါတယ်။ USB drive slot ၂ ခုပါပြီး Battry life ကတော့ ၃ နာရီသုံးလို့ရမယ်ဆိုတဲ့ အဲ့ဒီ Tablet ဟာ Google ရဲ့ Andriod 2.2 (Froyo) operation system နဲ့ပါ။

အခြား Tablet Computer တွေမှာလိုပဲ စာရိုက်တာ၊ E-mail, Facebook, Twitter စတဲ့ လူမှုကွန်ယက်တွေနဲ့ Video conferencing အတွက် application တွေ၊ Apple ရဲ့ iPone, iPad တွေမှာပါတဲ့ iBook လို စာအုပ်စင်၊ ဂိမ်းဆော့စရာတွေလည်း ပါဝင်ပါတယ်။

ဒါပေမယ့် အင်တာနက် သုံးချင်တယ်ဆိုရင်တော့ WiFi နဲ့ပဲ သုံးရမှာဖြစ်ပါတယ်။

ဒီ tablet ကို စလုပ်မယ်လို့ဆိုကတည်းက ကျောင်းသူကျောင်းသားတွေနဲ့ ငွေကြေးမတတ်နိုင်သူတွေကို ရည်ရွယ်ထားတာကြောင့် လောလောဆယ်မှာတော့ အထက်တန်းကျောင်းသားတွေကို ၃၅ ဒေါ်လာ (ရူပီး ၁၇၀၀ ၀န်းကျင်) နဲ့ အရင်ဖြန့်ဝေပေးနေပါတယ်။ ကွန်ပြူတာလုံးဝ မကိုင်ဖူးတဲ့၊ ကွန်ပြူတာ နည်းပညာကို မသိနားမလည်သေးတဲ့၊ မြို့ကြီးပြကြီးနဲ့ အလှမ်းဝေးတဲ့ ဒေသတွေက ကျောင်းသူ၊ ကျောင်းသားတွေဆီကို ရောက်တဲ့အထိ ဖြန့်ဝေမယ်လို့ သိရပါတယ်။

အထက်တန်းကျောင်းသားတွေ၊ တက္ကသိုလ်ကျောင်းသားတွေဟာ ကျောင်းသားကဒ်ပြပြီး ၃၅ ဒေါ်လာဈေးနဲ့ ၀ယ်ယူနိုင်နေပါပြီ။

ဒီ Tablet ကို ၀ယ်ချင်တဲ့ တခြားသူတွေကိုတော့ ရူပီး ၃၀၀၀ (ဒေါ်လာ ၆၀ ၀န်းကျင်) နှုန်းနဲ့ နိုဝင်ဘာလကုန်မှာ စ ရောင်းပေးမယ်လို့ သိရပါတယ်။

ဒီ Tablet ကို နိုင်ငံတကာ ဈေးကွက်တင်ဖို့နဲ့ ဈေးနှုန်းကို ရူပီး ၅၀၀ (၁၀ ဒေါ်လာ) အထိ ချဖို့ စီစဉ်နေတယ်လို့ Datawind က ဆိုပါတယ်။

ဒီ Tablet ရလိုက်တဲ့ နယူးဒေလီက ကျောင်းသားတွေကတော့ သူတို့တွေဟာ Facebook နဲ့ Twitter ကို အမြဲသုံးနေကြတာမို့ အခုလို ဈေးချိုချိုနဲ့ ၀ယ်ရတာကြောင့် အင်မတန် ကျေးဇူးတင် ၀မ်းသာကြောင်း၊ ဒီ Tablet ကိုသုံးပြီး twitter ကနေ ကျေးဇူးတင်စကား ပထမဆုံး ပြောမယ်လို့ ဆိုပါတယ်။

အင်တာနက် ချိတ်ဆက်ဖို့ Wifi ကနေပဲ သုံးရမယ့် အခက်အခဲ ရှိနေပေမယ့်၊ Aakash ရဲ့ မူရင်း ရည်ရွယ်ချက်ဖြစ်တဲ့ ကွန်ပြူတာကို ဈေးနှုန်းချိုသာစွာနဲ့ လူတိုင်း ကိုင်တွယ်အသုံးပြုနိုင်ရေး ရည်ရွယ်ချက်ကြောင့် နိုဝင်ဘာလကုန် ဈေးကွက်ထဲ ရောင်းချမယ့်အချိန်ကျရင်တော့ အိန္ဒိယတိုင်းသားတို့ ကြိတ်ကြိတ်တိုး ၀ယ်ကြမှာ ဧကန်ပါပဲ။
http://www.irrawaddyblog.com