31 Jan 2012

ဗုဒ္ဓဘာသာဝင် မြန်မာတစ်ယောက်အနေနဲ့ ဒါကို သိထားသင့်ပါတယ်



နှစ်ကျိပ်ရှစ်ဆူကုန်သော မြတ်စွာဘုရားရှင်များ ...

ဘုရားရှင်တို့သည် အကုသိုလ်နည်းပါးသော (သို့မဟုတ်) မထင်ရှားသော လူ.သက်တမ်း တစ်သိန်း၏ အထက်နှင့်ကုသိုလ်နည်းပါးသော (သို့မဟုတ်) မထင်ရှားလွန်းသော လူ့သက်တမ်း တစ်ရာတမ်း၏ အောက်တွင် မပွင့်တော်မူကြပေ။ အကုသိုလ်နှင့် ကုသိုလ် ရောထွေးနေသော တစ်သိန်းနှင့် တစ်ရာတမ်း ကြားတွင် ပွင့်တော်မူကြသည်။

၁။ ဤကမ္ဘာမှ မရေတွက်နိုင်သော ကမ္ဘာ၌ …တဏှင်္ကရာမြတ်စွာဘုရားသည် လည်းကောင်း၊ မေဓင်္ကရာ မြတ်စွာဘုရားသည် လည်းကောင်း၊ သရဏင်္ကရာ မြတ်စွာဘုရားသည် လည်းကောင်း၊ ဒီပင်္ကရာမြတ်စွာဘုရားသည် လည်းကောင်း ထိုလေးဆူသော မြတ်စွာဘုရားတို့ သည် တစ်ခုတည်းသော သာရမဏ္ဍကမ္ဘာ၌ ပွင့်တော်မူကုန်၏။

၂။ ဒီပင်္ကရာမြတ်စွာဘုရား၏ နောက်အဖို့၌ ကောဏ္ဍညမည်သော မြတ်စွာဘုရား သည် တစ်ခုသော သာရကမ္ဘာ၌ တစ်ဆူတည်းသာလျှင် ပွင့်တော်မူ၍ များစွာသော သတ္တ၀ါအပေါင်းကို (နိဗ္ဗာန်သို့) ကယ်တင်တော်မူ၏။

၃။ ထိုဒီပင်္ကရာမြတ်စွာဘုရားနှင့် ကောဏ္ဍညမြတ်စွာဘုရားတို့၏ အကြား၌ ကမ္ဘာ တို့ကို ဂဏန်း (သင်္ချာ)အားဖြင့် မရေတွက်နိုင်ကုန်။

၎။ ကောဏ္ဍညမြတ်စွာဘုရား၏ နောက်အဖို့၌ မင်္ဂလမည်သော မြတ်စွာဘုရား သည် ပွင့်တော်မူ၏၊ ထိုမြတ်စွာဘုရားတို့၏ အကြား၌လည်း ကမ္ဘာတို့ကို ဂဏန်း (သင်္ချာ) အားဖြင့် မရေတွက်နိုင်ကုန်။

၅။ မင်္ဂလမြတ်စွာဘုရားသည် လည်းကောင်း၊ သုမနမြတ်စွာဘုရားသည် လည်း ကောင်း၊ ရေ၀တမြတ်စွာဘုရားသည် လည်းကောင်း၊ သောဘိတမြတ်စွာ ဘုရား သည် လည်းကောင်း စက္ခု (ငါးမျိုး) ရှိတော်မူကုန်သော အလင်းရောင်ကို ပြုတော် မူတတ်ကုန်သော ထိုမြတ်စွာဘုရားတို့သည်လည်း တစ်ခုသော သာရမဏ္ဍကမ္ဘာ၌ ပွင့်တော်မူကြကုန်၏။

၆။ သောဘိတမြတ်စွာဘုရား၏ နောက်အဖို့၌ များသော အခြံအရံရှိသော အနောမ ဒဿီ မြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ ထိုမြတ်စွာဘုရားတို့၏ အကြား၌လည်း ကမ္ဘာတို့ကို ဂဏန်း (သင်္ချာ) အားဖြင့် မရေတွက်နိုင်ကုန်။

၇။ အနောမဒဿီမြတ်စွာဘုရားသည် လည်းကောင်း၊ ပဒုမမြတ်စွာဘုရားသည် လည်းကောင်း၊ နာရဒ မြတ်စွာဘုရားသည် လည်းကောင်း သစ္စာလေးပါးကို သိတော်မူကြကုန်သော အမိုက်မှောင်၏ အဆုံးကို ပြုတတ်ကုန်သော ထိုမြတ်စွာ ဘုရားတို့သည်လည်း တစ်ခုသော ၀ရကမ္ဘာ၌ ပွင့်တော်မူကုန်၏။

၈။ နာရဒမြတ်စွာဘုရား၏ နောက်အဖို့၌ ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် တစ်ခုသော သာရကမ္ဘာ၌ ပွင့်တော်မူလျက် များစွာသော သတ္တ၀ါအပေါင်းကို (နိဗ္ဗာန်သို့) ကယ်တင်တော်မူ၏။

၉။ နာရဒမြတ်စွာဘုရားနှင့် ပဒုမုတ္တရမြတ်စွာဘုရားတို့၏ အကြား၌လည်း ကမ္ဘာတို့ ကို ဂဏန်း (သင်္ချာ)အားဖြင့် မရေတွက်နိုင်ကုန်။

၁၀။ ကမ္ဘာတစ်သိန်းထက်၌ လောကသုံးပါးကို သိတော်မူသော ပေးလှူဖွယ်ပစ္စည်း ၀တ္ထုတို့ကို ခံတော်မူထိုက်သော ပဒုမုတ္တရမြတ်စွာဘုရားသည် တစ်ဆူတည်းသာ ပွင့်တော်မူ၏။

၁၁။ ပဒုမုတ္တရမြတ်စွာဘုရား၏ ဤမှာဘက်ဖြစ်သော ကမ္ဘာသုံးသောင်းထက်၌ သုမေဓမြတ်စွာဘုရား သည် လည်းကောင်း၊ သုဇာတမြတ်စွာဘုရားသည် လည်းကောင်း နျစ်ဆူသော မြတ်စွာဘုရားတို့သည် ပွင့်တော်မူကြကုန်၏။

၁၂။ သုဇာတမြတ်စွာဘုရား၏ ဤမှာဘက်ဖြစ်သော ကမ္ဘာ တစ်ထောင့်ရှစ်ရာထက် ၌ (နိဗ္ဗာန်သို့) ပို့ဆောင်တော် မူတတ်ကုန်သော ပိယဒဿီ အတ္ထဒဿီ ဓမ္မဒဿီ အားဖြင့် သုံးဆူသော မြတ်စွာဘုရား တို့သည် ပွင့်တော်မူကြကုန်၏။

၁၃။ သုဇာတမြတ်စွာဘုရား၏ ဤမှာဘက်၌ ကိုယ်တိုင် သစ္စာလေးပါးကို သိတော် မူကုန်သော ခြေနှစ်ချောင်းရှိသူ နတ်လူတို့ထက် မြတ်တော်မူကုန်သော လောက၌ ပြိုင်ဘက်ပုဂ္ဂိုလ် ရှိတော် မမူကုန်သော ထိုပိယဒဿီစသော မြတ်စွာဘုရားတို့သည် တစ်ခုသော ၀ရကမ္ဘာ၌ ပွင့်တော်မူကြကုန်၏။

၁၄။ ဤကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ လောကသုံးပါးကို သိတော်မူသော (ကိလေသာ) ငြောင့်ကို နုတ်ပယ်တော်မူတတ်သော အမြတ်ဆုံးပုဂ္ဂိုလ် ဖြစ်တော်မူ သော သိဒ္ဓတ္ထမြတ်စွာဘုရားသည် တစ်ဆူတည်းသာ ပွင့်တော်မူ၏။

၁၅။ ဤကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ တူသောသူ ရှိတော် မမူကုန်သော ပြိုင်ဘက်ပုဂ္ဂိုလ် ရှိတော် မမူကုန်သော တိဿမြတ်စွာဘုရားသည် လည်းကောင်း၊ ဖုဿမြတ်စွာဘုရားသည် လည်းကောင်း နှစ်ဆူသော မြတ်စွာဘုရားတို့သည် ပွင့်တော်မူကြကုန်၏။

၁၆။ ဤကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ၀ိပဿီမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ သနားခြင်း ကရုဏာ ရှိတော်မူသော ထိုမြတ်စွာဘုရားသည်လည်း သတ္တ၀ါတို့ကို သံယောဇဉ်အနှောင်အဖွဲ့မှ လွတ်စေတော်မူ၏။

၁၇။ ဤကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ တူသောပုဂ္ဂိုလ် ရှိတော်မမူသော ပြိုင်ဘက်ပုဂ္ဂိုလ် ရှိတော် မမူကုန်သော သိခီမြတ်စွာဘုရားသည် လည်းကောင်း၊ ဝေဿဘူမြတ်စွာဘုရားသည် လည်းကောင်း နှစ်ဆူသော မြတ်စွာဘုရားတို့သည် ပွင့်တော်မူကြကုန်၏။

၁၈။ ဤဘဒ္ဒကမ္ဘာ၌ ကကုသန်မြတ်စွာဘုရားသည် လည်းကောင်း၊ ကောဏာဂုံ မြတ်စွာဘုရားသည် လည်းကောင်း၊ ကဿပမြတ်စွာဘုရားသည် လည်းကောင်း သုံးဆူသော မြတ်စွာဘုရားတို့သည် ပွင့်တော်မူကြကုန်၏။

၁၉။ ယခုအခါ ငါသည် ဘုရားဖြစ်တော်မူ၏၊ မေတ္တေယျမြတ်စွာဘုရားသည်လည်း (နောက်၌) ပွင့်တော်မူလတ္တံ့၊ ပညာရှိတော်မူကုန်သော လောကကို အစဉ် သနား စောင့်ရှောက်တော် မူတတ်ကုန်သော ဤငါးဆူသော မြတ်စွာဘုရားတို့သည်လည်း ဤဘဒ္ဒကမ္ဘာ၌ပင် ပွင့် တော်မူကြကုန်၏။

၂၀။ ဤတရားမင်း မြတ်စွာဘုရားတို့၏ လည်းကောင်း၊ အကုဋေမကများစွာသော အခြား တစ်ပါးသော မြတ်စွာဘုရားတို့၏ လည်းကောင်း ထိုဗုဒ္ဓ၀င် အကျင့်လမ်းကို ဟောကြားပြီးလျှင် ထိုမြတ်စွာဘုရားတို့သည် တပည့်သာဝကနှင့်တကွ ပရိနိဗ္ဗာန် ပြုတော်မူကြလေကုန်ပြီ။
နှစ်ကျိပ်ရှစ်ဆူ

ဂေါတမ ဘုရားရှင် ဖြစ်လာမည့် သုမေဓါ ရှင်ရသေ့အား နောင် ဘဒ္ဒကမ္ဘာ တွင် ဂေါတမ အမည်ဖြင့် ဘုရားဖြစ်မည် ဟု ဗျာဓိတ်ပေးသော “ ဒီပင်ကရာ” ဘုရားရှင် ပွင့်တော်မူသော သာရမဏ္ဍကမ္ဘာ တွင် ပွင့်တော်မူကြသော ဘုရားရှင်များ မှ ဂေါတမ ဘုရားရှင်အထိ ဘုရားရှင် ၂၈ - ဆူ ရှိလေသည်။ ဤဘုရားရှင်များကို နှစ်ကျိပ်ရှစ်ဆူဘုရားများ ဟုခေါ်ဝေါ် ပူဇော်ကြပါသည်။

ဂေါတမ ဘုရားလောင်း ဗျာဒိတ်ခံယူသော ကမ္ဘာမှစ၍ ပွင့်တော်မူသော ဘုရားရှင်များ၏ အမည်တော်တို့ဖြစ်သည်။

(၁) တဏှင်္ကရာဘုရား - ဒုက္ကရစရိယာ ၇-ရက်၊ စရီးပင် (တောင်မရိုးပင်) ဗောဓိ၊ သက်တော်တစ်သိန်း နေတော်မူ၏။

(၂) မေဓင်္ကရာဘုရား-ဒုက္ကရစရိယာ ၁၅-ရက်၊ ပေါက်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။

(၃) သရဏင်္ကရာဘုရား-ဒုက္ကရစရိယာ တလ၊ သခွတ်ပင် ဗောဓိ၊ သက်တော် ရှစ်သောင်း။

(၄) ဒီပင်္ကရာဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ညောင်ကြပ်ပင် ဗောဓိ၊ သက်တော် တစ်သိန်း။

(၅) ကောဏ္ဍညဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ ကြောင်လျှာပင် ဗောဓိ၊ သက်တော် တစ်သိန်း။

(၆) မင်္ဂလဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။

(၇) သုမနဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။

(၈) ရေ၀တဘုရား-ဒုက္ကရစရိယာ ၇-လ၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ခြောက်သောင်း။

(၉) သောဘိတဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။

(၁၀) အနောမဒဿီဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ ထောက်ကြံ့ပင် ဗောဓိ၊ သက်တော် တစ်သိန်း။

(၁၁) ပဒုမဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ကြောင်လျာပင် ဗောဓိ၊ သက်တော် တစ်သိန်း။

(၁၂) နာရဒဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ကြောင်လျာပင် ဗောဓိ၊ သက်တော် ကိုးသောင်း။

(၁၃) ပဒုမုတ္တရဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ထင်းရူးပင် ဗောဓိ၊ သက်တော် တသိန်း။

(၁၄) သုမေဓာဘုရား-ဒုက္ကရစရိယာ ၁၅-ရက်၊ ထိန်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။

(၁၅) သုဇာတဘုရား-ဒုက္ကရစရိယာ ကိုးလ ၊ ၀ါးပင် ဗောဓိ၊ သက်တော် ကိုးသောင်း။

(၁၆) ပီယဒဿီဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ ရေခတက်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။

(၁၇)အတ္တဒဿီဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ စကားပင် ဗောဓိ၊ သက်တော် တစ်သိန်း။

(၁၈) ဓမ္မဒဿီဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ လိပ်ဆူးရွှေပင် ဗောဓိ၊ သက်တော် တစ်သိန်း။

(၁၉) သိဒ္ဓတ္ထဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ မဟာလှေကားပင် ဗောဓိ၊ သက်တော် တစ်သိန်း။

(၂၀) တိဿဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ပိတောက်ပင် ဗောဓိ၊ သက်တော် တစ်သိန်း။

(၂၁) ဖုဿဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ သျှိသျှားပင် ဗောဓိ၊ သက်တော် ကိုးသောင်း။

(၂၂)၀ိပဿီဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ သခွတ်ပင် ဗောဓိ၊ သက်တော် ရှစ်သောင်း။

(၂၃) သိခီဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ သရက်ဖြူပင် ဗောဓိ၊ သက်တော် ခုနစ်သောင်း။

(၂၄) ဝေဿဘူဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ အင်ကြင်းပင်ဗောဓိ၊ သက်တော် ခြောက်သောင်း။

(၂၅) ကကုသန်ဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ကုက္ကိုပင် ဗောဓိ၊ သက်တော် လေးသောင်း။

(၂၆) ကောဏဂုံဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ ရေသဖန်းပင် ဗောဓိ၊ သက်တော် သုံးသောင်း။

(၂၇) ကဿပဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ပညောင်ပင် ဗောဓိ၊ သက်တော် နှစ်သောင်း။

(၂၈) ဂေါတမဘုရား-ဒုက္ကရစရိယာ ခြောက်နှစ်ကြာ၊ ညောင်ဗုဒ္ဓဟေပင်ရင်း၌ ပွင့်တော်မူသည်၊ သက်တော် ရှစ်ဆယ် နေတော်မူသည်။
( ဂေါတမမြတ်စွာဘုရားသခင်သည် အကုသိုလ်ပေါများ၊ ဆန်းပြားသော ဒိဠိအယူအဆမျိုးစုံတို့ ပေါများသော ကာလတွင် ပွင့်တော်မူရသော ဘုရားဖြစ်သည်။)

” ဘဒ္ဒ ကမ္ဘာ ” တွင် ပွင့်ရန် ကျန်သေးသော အရိမေတ္တေယျဘုရားရှင်သည် လူ့သက်တမ်း တစ်သိန်းတွင် ဒုက္ကရစရိယာ ( ၆ ) ရက်သာကျင့်ကာ ဗောဒိကံကော်ပင်အောက်တွင် ဘုရားဖြစ်တော်မူမည်။ နှစ်ကျိပ်ရှစ်ဆူ ဘုရားများတွင် မပါဝင်ပါ။

ကျမ်းကိုး - (ဗုဒ္ဓ၀ံသပါဠိတော်နှင့် ဆရာတော် ရှင်ဥာဏိသာရ )၊ ( ဒီဃနိကယ် ၊ ပါထိက၀ဂ် - စက္က၀တ္တိသုတ်တော် )


နှစ်ကျိပ်ရှစ်ဆူ ဘုရားရှစ်ခိုး

တ မေ သ ဒီ ကော မံ သု ရေ ၊ သော အ ပ နာ ပ ၊ သု သု ပိ။
အ ဓံ သိ တိ ဖု ၀ိ သိ ဝေ ၊ က ကော က ဂေါ နမာမဟံ ။

ထူးခြားချက်

နှစ်ကျိပ်ရှစ်ဆူသော ဘုရား ကိုယ်တော်မြတ်များသည် တနင်္ဂနွေသား (၄) ဆူ ၊တနင်္လာသား(၄)ဆူ …(၇)နေ့ မှာ ၄-ဆူစီ အတိအကျ ဖြစ်နေကြသည်။

တနင်္ဂနွေ သား (၄) ဆူ - မေဓင်္ဂရာ ၊ သောဘိတ ၊ ပိယဒဿီ ၊ သိခီ ။

တနင်္လာ သား (၄) ဆူ - သရဏှင်္ဂရာ ၊ အ နောမဒဿီ ၊ အတ္ထဒဿီ ၊ ဝေဿဘူ ။

အင်္ဂါ သား (၄) ဆူ - ဒီပင်္ကရာ ၊ ပဒုမုတ္တရ ၊ ဓမ္မဒဿီ ၊ ကကုသန် ။

ဗုဒ္ဓဟူး သား (၄) ဆူ - ကောဏ္ဍည ၊ နာရဒ ၊ သိဒ္ဓတ္ထ ၊ ကောဏဂုံ ။

ကြာသပတေး သား(၄) ဆူ - မင်္ဂလ ၊ ပဒုမုတ္တရ ၊ တိဿ ၊ ကဿပ ။

သောကြာ သား (၄) ဆူ - သုမန ၊ သုမေဓာ ၊ ဖုဿ ၊ ဂေါတမ ။

စနေ သား (၄) ဆူ - တဏှင်္ကရာ ၊ ရေ၀တ ၊ သုဇာတာ ၊ ၀ိပဿီဘုရား ။

(၁)မာရ် ငါးပါး ကို အောင်မြင်တော်မူပြီးသော (မေဓင်္ဂရာ မြတ်စွာဘုရား ၊ သောဘိတ မြတ်စွာဘုရား ၊ ပိယဒဿီ မြတ်စွာဘုရား ၊ သိခီ မြတ်စွာဘုရား) တို့သည် (တနင်္ဂနွေနေ့)တွင် ဖွားမြင်တော်မူခဲ့ကြကုန်၏ ။ ထို (တနင်္ဂနွေနေ့ဖွား) ရှင်တော်မြတ် ဘုရားတို့ကို တပည့် တော်သည် ရိုသေစွာဖြင့် ဦးညွတ်ရှိခိုးပါ၏ အရှင်ဘုရား ။

(၂)ထိုသို့ ဦးညွတ် ရိုကျိုးရှိခိုးရခြင်းအကြောင်းကြောင့် ရှေးကစီမံ မကောင်းကံသည် အမှန်ကွယ်ပျောက် ကောင်းကျိုးရောက်ပါစေသတည်း ။ထိုလေးဆူကုန်သော(တနင်္ဂနွေနေ့ဖွား) ရှင်တော်မြတ် ဘုရားတို့၏ တန်ခိုးတေဇော် အာနုဘော်တော်ကြောင့် တပည့်.တော်အား အခါခပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းစင်စစ် ဖြစ်ပါစေ သတည်း ။

(ကျန်နေ့များ ထို့အတူ သင့်တော်သလိုပြောင်းပြီးမှတ်ရန်)
ဘုရားရှင်တို့၏ ဥာဏ်တော်များနှင့် အသုံးချတော်မူပုံ

(၁) အကြောင်းဟုတ်၊မဟုတ်ကို သိသော ဌာနာဌာန ကောသလ္လ ဥာဏ်တော် (သတ္တ၀ါ တစ်စုံတစ်ယောက် အာသဝေါတရား ကုန်နိုင်၊မကုန်နိုင်(သို့) ရဟန္တာ ဖြစ်နိုင်၊မဖြစ်နိုင်ကို ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူသည် ။)

(၂)ကောင်းကျိုး ၊ မကောင်းကျိုး ကို သိသော ၀ိပါက ဥာဏ်တော် (ပုဂ္ဂိုလ်တစ်ယောက်တွင် ဈာန်၊မဂ်ဖိုလ်ရမှု၌ အန္တရာယ် (အဟိတ် ၊ ဒွိဟိတ်ပဋိသန္ဓေနေမှု ) ရှိ၊ မရှိကို ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူသည် ။)

(၃)သတ္တ၀ါတို့လားရာ ၊ရောက်ရာကို သိသော သဗ္ဗတ္ထ ဂါမိနီပဋိပဒါ ဥာဏ် (ပုဂ္ဂိုလ်တစ်ယောက်တွင် ဈာန်၊မဂ်ဖိုလ်ရမှု၌ ပဉ္စာနန္တိရိယကံ ရှိ၊ မရှိ ကို ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူသည် ။)

(၄) အထူးထူးသော ဓာတ်သဘောများကို သိသော အနေကဓာတု နာနာဓာတု ဥာဏ်တော် ( အထက်ပါ ဥာဏ်(၃)မျိုးနဲ့ ကြည့်ပြီး အန္တရာယ်ကင်းပါမှ ကျွတ်နိုင် ချွတ်နိုင်သော စရိုက်နှင့် ကိုက်ညီမည့် တရားဟော (၀ါ) ကမ္မဋ္ဌာန်းပေးရန် ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူသည် ။)

(၅) သတ္တ၀ါတို့၏ ဆန္ဒအလိုကို သိသော နာနာဓိမုတ္တိက ဥာဏ် (သတ္တ၀ါတို့၏ နှလုံးသွင်းတတ်မှု သဘောထားကို သိပြီး သင့်လျော်သောတရားဟောရန် ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူသည် ။)

(၆) လူတို့၏ ဣနြေ္ဒအနုအရင့်ကို သိသော ဣနြ္ဒိယပရောပရိယတ္တဥာဏ် (သတ္တ၀ါတို့၏ သဒ္ဓါတရားကောင်း၊မကောင်း ကို ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူသည် ။)

(၇) ဈာန်၊၀ိမောက္ခ ၊ သမာဓိ ၊သမာပတ် စသည်တို့၏ ညစ်ညူးကြောင်းကို သိသော ဈာန၀ိမောက္ခ သမာဓိ သမာပတ္တိဥာဏ် တော် (ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူပြီးမှ ချွတ်သင့် သည်ဆိုလျှင် သေးကွာသော အရပ်သို့ပင် ကြွရောက် တော်မူပါသည် ။)

(၈)ရှေးဖြစ်ဟောင်း ၊ဘ၀ခန္ဓာဖြစ်စဉ်ကို သိသော ပုဗ္ဗေနိဝါသာနုဿတိဥာဏ် ( ရှေးဘ၀ဖြစ်စဉ်နှင့် အထုံ ၊ပါဂမီစသည်တို့ကို ဤဥာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်တော်မူသည် ။)

(၉) သတ္တ၀ါတို့၏ ပဋိသန္ဓေနေခြင်း ၊ စုတေခြင်း တို့ကို သိသော စုတူပပါတ (၀ါ) ဒိဗ္ဗစက္ခု ဥာဏ်တော် ( သတ္တ၀ါတို့၏ လက်တလောစိတ်ဖြစ်စဉ်ကိုလဲ ဤဥာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်တော်မူသည် ။)

(၁၀) အာသဝေါတရား ကုန်ရာဖြစ်သော အာသ၀က္ခယ ဥာဏ်တော် (သတ္တ၀ါတို့ အား အရဟတ္တမဂ် တရားပေါက်အောင် တရားဟောရန်အလို့ငှာ ဤဥာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်တော်မူသည် ။)
ဘုရားရှင်တို့၏ တူသောအချက်များ

ဘုရားရှင်တို့၏ တူသော အချက်များ (၃၀) ရှိပါသည် ။

(၁) အလောင်းတော်သည် နောက်ဆုံးသောဘ၀၌ မိခင်ဝမ်းကြာတိုက်တွင် ပဋိသန္ဓေ နေတော်မူသည်။ (ဒီမှာထူးခြားတာက နတ်ပြည်ကနေ စုတေကြတာပဲ ဖြစ်ပါတယ် ။ အလောင်းတော်တွေဟာ ဗြဟ္မာပြည်ကနေ စုတေပြီး ပဋိသန္ဓေ နေတော်မူတာမျိုးမရှိပါဘူး..တဲ့ ။ ဘာလို့လဲဆိုတော့ ဗြဟ္မာပြည်ကနေ လာရင် ကာမဂုဏ်ကို ရွံမုန်းတဲ့စိတ် အထုံ လူ့ပြည်ကို ပါလာမယ် ။ အိမ်ထောင်ပြုမှာ မဟုတ်ဘူး ။ (တချို. အပျိုကြီး ၊ လူပျိုကြီး တွေလဲ ဗြဟ္မာပြည်က လာလို့ အိမ်ထောင်မပြုတာလို့ ပြောတာပဲ…ဤကားစာကြွင်း)

အလောင်းတော်တွေဟာ ဒီလို စောစောစီးစီး ကတည်းက ကာမဂုဏ်ကို ရွံမုန်းနေရင်လည်း မဇ္စိမပဋိပဋာ လမ်းစဉ်ကို တွေ့ဖို့ခက်မယ် လို့ ဆိုပါသည် ။

(၂) မယ်တော်ဝမ်း၌ ထက်ဝယ်ပလ္ဘင်ဖွဲ့ခွေ၍ အရှေ့သို့ မျက်နှာမူပြီး နေပါသည် ။ (အလောင်းတော်တွေဟာ သာမန်လူ သန္ဓေသားတွေလို အမိဝမ်းမှာ ပြောင်းပြန်မနေပါ။ အတည့်ပဲနေပါသည်။ မယ်တော်ရဲ. ၀မ်းဗိုက်ဟာလည်း ပူထွက်လာခြင်းမရှိပါ ။ မယ်တော်ဟာ ကိုယ့်သားကို ဗိုက်ကနေ ကောင်းကောင်းမြင်နေရပါသည်။ ချင်ခြင်းတပ်ခြင်း ၊ နာကျင်အော့အန်ခြင်း မရှိပါ ။ အလောင်းတော်တွေဟာ မယ်တော်တွေကို ကိုယ်ဝန်ဆောင်ခြင်းဒုက္ခ မပေးကြပါ ။)

(၃) အလောင်းတော်ကို မတ်တတ်ရပ်လျက် ဖွားသည် ။ (ညစ်ပေမှု မရှိပါ ၊ မိခင်လည်း ကျန်းမာစွာ ရှိရပါသည် ၊ နောက် (၇) ရက်မှာတော့ မိခင် ကံတော်ကုန်ရပါသည် ။ သကျသာကီဝင် ဆိုသည်မှာ ပင်ကိုယ်စွမ်းရည်ရှိသူဟု အဓိပ္ပာယ်ရသည့်အတိုင်း မွေးမွေးခြင်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပါသည် ။ စောင့်ကြည့်နေကြသော နတ်၊ဗြဟ္မာတွေတောင် မျက်လုံးပြူးကုန်ကြသည်ဟု ဆိုသည်။(ဤကား။ အရှင် ဥာဏိသာရ၏ အဟော)

(၄) တောအရပ်၌သာ ဖွားတော်မူပါတယ်။

(၅) ဖွားပြီးပြီးခြင်း မြောက်အရပ်သို့ ခြေ (၇)လှမ်းကြွကာ…“ဤလောက၌ ငါသာ အမြတ်ဆုံးတည်း ၊ ငါ၏ နောက်ဆုံး ပဋိသန္ဓေ နေရခြင်းတည်း ၊နောက်ထပ် ပဋိသန္ဓေ နေစရာ မလိုတော့ပြီ ”ဟု ကြုံးဝါးတော်မူပါသည်။ (ထိုကာလတွင် အကိုးကွယ်ခံ ဘ၀သို့ ရောက်မှန်းမသိရောက်နေသော ဗြဟ္မာတွေကို အသိပေးကြုံးဝါးခြင်း ဟုဆို၏။ ဂေါတမ ဘုရားလောင်းသည် (၃) ဘ၀၌ ဖွားစမှာပင် စကားပြော၏ ။ မဟောသဓာ ၊ ဝေဿန္တရာ နှင့် နောင်ဆုံးဘ၀ -(သုခမှတ်စု))

(၆) သူအို၊သူနာ၊သူသေ ၊ရဟန်း နိမိတ် (၄)ပါးမြင်၍ သား(၁)ယောက်ဖွားသော ညမှသာ တောထွက်တော်မူကြသည်။ (ထိုနိမိတ်ပြသော နတ်သားကို ဘုရားလောင်း၏ ဆရာ ၅-ယောက် တွင် ၁-ယောက် အပါအ၀င်ဟု သတ်မှတ်သည်။)

(၇) အရဟတ္တဖိုလ်၏ တံခွန်ဖြစ်သော ရဟန်းအဖြစ်ကို ရယူပြီးမှ ဒုက္ကရစရိယကျင့်သည်။ (အရဟတ္တဖိုလ်၏ တန်ဖိုးသည် ရဟန်းမှ မည်သည့် အမျိုးနှင့်မျှ မတန်ဟုဆိုသည်။ လူဝတ်ကြောင် မှ အရဟတ္တဖိုလ်ရလျှင်လည်း ရဟန်းဝတ်ချင်ဝတ်၊ မ၀တ်ချင်လျှင် ပရိနိဗ္ဗာန်စံဝင်ကြရသည်။)

(၈) ဘုရားဖြစ်မည့်နေ့ နွားနို့ဃနာဆွမ်း ဘုန်းပေးတော်မူကြသည်။ (ထိုဆွမ်းတွင် နတ်သြဇာပါတတ်ပြီး ဘုရားဖြစ်ပြီး (၇) ပတ် ၊ (၄၉) ရက်စာ အာဟာရဖြစ်သည်။ ဘုရားရှင်၏ ၀မ်းထဲတွင် အစာခြေလဲ မမြန် ၊ မြန်မြန်လဲ မဆာလောင်ပဲ သမာပတ်ဝင်စားခြင်း ၊ တရားတော်များကို ဆင်ခြင်သုံးသပ်ခြင်းများ အတွက် ကောင်းစွာ ထောက်ပံ့သည်။)

(၉) မြက်အခင်းတွင် ထိုင်တော်မူလျက် ဘုရားဖြစ်သည်။

(၁၀) အာနပါန ကမ္မဌာန်းကို စီးဖြန်းတော်မူကြသည်။ (ဘုရားရှင်တို့သည် အာနပါန ကမ္မဌာန်းဖြင့်သာ သဗ္ဗညုတဥာဏ်တော်ကို ရရှိကြသောကြောင့် ဂေါတမ ဘုရားရှင်သည်လည်း အာနပါန ကိုလွန်စွာ ချီးမွမ်းတော်မူသည်။ မဟာသတိပဌာနသုတ် ( ဒီ-၂ ၊ ၃၁ )၊ မဟာသတိပဌာနသုတ် ( မ-၁ ၊ ၇၀ )၊ တတိယပါရာဇိက ပါဠိ ( ၀ိ-၁ ၊ ၈၉ )၊ အာနာပါနဿတိ သုတ် ( မ-၃ ၊ ၁၂၂ )၊ မဟာရာဟုလောဝါဒသုတ် ( မ-၂ ၊ ၈၈ )၊ ကာယဂတာသတိသုတ် ( မ-၃ ၊ ၁၃၀ ) တို့၌ ဟောတော်မူခဲ့သည်။)

(၁၁) မာရ်စစ်သည်ကို အောင်တော်မူသည် ။

(၁၂) ဗောဓိပလ္လင်၌သာ ၀ိဇ္ဇာ(၃)ပါးစသော ဆအသာဓာရဏ …အစရှိသော ကျေးဇူးတရားအပေါင်းကို ရတော်မူကြပါသည်။

(၁၃) ဗောဓိပင်ရဲ. ထက်ဝန်းကျင်၌သာ သတ္တ သတ္တာယ(၇) ဌာန ကျင့်တော်မူကြသည်။

(၁၄) တရားဦးဟော စိမ့်သောငှာ ဗြဟ္မာမင်းက လျှောက်ရသည် ။ ၇-သတ္တဟ အပြီး ၅၀-ရက်မြောက်နေ့မှာ အဘယ်သူအား တရားဟောရမည်နည်း ၊ အဘယ်သူသည် ခက်ခဲနက်နဲသော ဤတရားများကို ခေတ်ကာလ၏ အယူဝါဒများမှ ခွဲထွက်၍ လျင်မြန်စွာ နားလည်နိုင်မည်နည်း ဟုဆင်ခြင် ကြည့်တော်မူပါသည်။ ဆင်ခြင်တဲ့ နေရာတွင် ဘုရားရှင်များသည် ပကတိမျက်စိကိုပဲ သုံးတော်မူကြတယ်လို့ ဟောသည်။ ပကတိမျက်စိနှင့် ကြည့်တော့ ပထမမှာ ဒီလောက် ခက်ခဲနေတဲ့ တရားတွေကို နားလည်သဘောပေါက်ပြီး စောစောစီးစီး တရားထူးရမယ့် သူကိုမတွေ့ဘူးလို့ ဆိုသည်။ ကိလေသာထူပြောလွန်းတဲ့ လောကကို တရားမဟော၊ တစ်ကိုယ်တည်း ဖိုလ် ချမ်းသာနဲ့ နေတော့မယ် ဆိုတဲ့ စိတ်အကြံလည်း ဖြစ်လာသည်။ ထိုအခါ ဗြဟ္မာမင်းက တရားဦးဟောရန်လျှောက်ရသည်။ ဂေါတမဘုရားရှင်ကိုတော့ မဟာသဟမ္ပတိ ဗြဟ္မာမင်းက တောင်းပန်သည် လို့ဆိုပါသည်။ ဒီဃနိကယ် မှာ ၀ိပဿီ ဘုရားရှင်လည်း ဒီလို ဖြစ်ခဲ့သည်ဟု အတိအလင်း ရေးထားသည်။)

(၁၅) ဣတိပတနမိဂဒါဝုန်တော ၌သာ ဓမ္မစကြာတရားဦးကို ဟောတော်မူကြသည်။

(၁၆) တပို့တွဲလပြည့်နေ့ ၌သာ ပါတိမောက် ပြတော်မူကြသည်။

(၁၇) ဇေတ၀န်မည်သော ကျောင်းတော်၌သာ သီတင်းသုံးကြသည်။ (ပိဋကတ်တော်တွင် (၁၄) ၀ါမြောက်၊ ( ၂၁ ) ၀ါမှ ( ၄၄ ) ၀ါ အထိ (၂၅) ၀ါ ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးပါသည်။ ဇာတိမြေ ကပိလ၀တ်မှ နိဂြောဓာရုံကျောင်းမှာ(၁၅) ၀ါမြောက် တစ်ဝါသာ သီတင်းသုံးတော်မူပါသည်။)

(၁၈) သာဝတ္ထိမြို့၌သာ ယမိုက်ပြာဋိဟာ ပြတော်မူပါသည်။ ( ယမိုက်+ပြာဋိဟာ = အစုံစုံ + တန်ခိုး ။ ရေအစုံ၊ မီးအစုံ ဟုဆိုအပ်သော အစုံလိုက် အစုံလိုက် ဖြစ်ပေါ်စေသော တန်ခိုးတော် )

(၁၉) တာဝတိသာ၌သာ အဘိဓမ္မာတရားဟောသည်။

(၂၀) သင်္ကဿနဂိုရ်ပြည်၌သာ နတ်ပြည်မှ သက်တော်မူပါသည်။

(၂၁) ဖလသမာပတ်ကို မပြတ်ဝင်စားတော်မူပါသည်။

(၂၂) နံနက်အခါ ၊ ညဉ့်အခါ တို့၌ ကျွတ်ထိုက်သော ဝေနေယျကို ကြည့်ရှုတော်မူပါသည်။ (နေ့ (၃) ခါ ၊ ည (၃)ခါ ..၆ ခါ ကြည့် ပါသည်။)

(၂၃) အကြောင်းရှိမှ ၀ိနည်းတရားတို.ကို ပညတ်တော်မူပါသည်။ ( ဒီဝိနည်းတွေကို စောစောကတည်းက ကြိုထုတ်ထားရင် ဘယ်သူမှ ရဟန်းဝတ်ရဲ/၀တ်ချင်မှာ မဟုတ်ဘူးဟု ဆိုသည်။ ထို့ကြောင့် ဖြစ်စဉ်ပေါ်လာမှ စည်းကမ်းထုတ်ခြင်း ဖြစ်သည်။)

(၂၄) အတ္ထုပ္ပတ္တိ နဲ့ တိုက်ဆိုင်မှုရှိလျှင် အတိတ်မှ ဇာတ်တရားများကို ဟောသည်။

(၂၅) ဆွေတော် ၊ မျိုးတော်တို့၏ အစည်းအဝေး တရားပွဲများတွင် ဗုဒ္ဓ၀င် ကိုသာဟောတော်မူကြသည်။

(၂၆) ဧည့်သည်ရဟန်းတို့နှင့် တရားစကား ပြောတော်မူကြသည်။

(၂၇) ဒါယကာတို့ ဖိတ်၍ ၀ါဆိုတော်မူသော် ၊ ၀ါကျွတ်လျှင် ဒါယကာတို့ အားပန်ကြားပြီးမှ သာ ထွက်ခွာကြွသွားတော်မူကြသည်။

(၂၈) နေ့စဉ် အခါခပ်သိမ်း ဗုဒ္ဓကိစ္စငါးပါး ကို ပြုတော်မူသည်။

(၂၉) ပရိနိဗ္ဗာန်ပြုအံ့သောနေ့၌ သားပြွမ်းဆွမ်းကို ဘုဉ်းပေးတော်မူသည်။ (မြတ်စွာဘုရား နောက်ဆုံးဘုန်းပေးတဲ့ဆွမ်းသည် ၀က်သား (၀က်ပျိုသား) ( မဟာအဋ္ဌကထာ၊ PDS dictionary အရ ) နဲ့ မှို ဆိုပြီး (၂)မျိုး ရှိနေသည်။ ပါဠိလို “သူကရမက္တ၀” လို့ခေါ်တဲ့ အရာ(ဘောဇဉ်) ကို ဘုရားရှင် ဘုန်းပေးခြင်းဖြစ်သည်။ ကမ္ဘာပေါ်မှာ ပါဠိ-အင်္ဂလိပ် အဘိဓာန် ၁ ခုကလွဲရင် အခြားသော ဘာသာပြန်တွေမှာ မှို လို့ပဲ အဓိပ္ပါယ် ဖွင့်ကြသည်။ အားလုံး အဘိဓာန် (၅)ခုက ဘာသာပြန်ထားသည်။ မှို ၊ ဆေးပေါင်းစုံဟင်း ၊နူးညံ့လှစွာသော မကြီးမငယ် ၀က်သား၊ ၊မျှစ် (ဥဒါန်းအဋ္ဌကထာအရ)၊ နွားနို့နဲ့ ချက်ထားတဲ့ ထမင်းစားဖွယ် စသည် (၅)မျိုး ရှိနေပါသည်။ မြန်မာဆရာတော်တွေက ထိုရာသီမှာ မှို မပွင့်သေးလို့ ၀က်သားကိုပဲ ယူသည်။ နိုင်ငံတကာမှာကတော့ မှိုကို ယူကြသည်။ အခါမဟုတ်မှိုကို ဘုန်းပေးပြီးတော့ အဆိပ်သင့်တာလို့ ဆိုကြသည်။ ထို့ကြောင့် “သူကရမက္တ၀”ဟာ ဘာသာပြန်ကွဲလွဲမှုရှိနေသည်။ ဘုရားရှင်တို့၏ တူရာ အချက် (၃၀) အရ သားပြွမ်းဆွမ်း ဘုဉ်းပေးတော်မူရမယ်ဆိုတော့ ၀က်သား ဟု ပြောရမှာပါ။)

(၃၀) သမာပတ်ဝင်စားပြီးမှ ပရိနိဗ္ဗာန်ပြုတော်မူသည်။

ဗုဒ္စ၀င်အကျဉ်း၊

ဂေါတမဘုရားရှင်ကိုယ်တော်မြတ်

( ၁ ) လူ့အမည် - သိဒ္ဓတ္ထ

( ၂ ) ဘုရားဘွဲ့ - ဂေါတမ

( ၃ ) မိဘအမည် - သုဒ္ဓေါဒနမင်းနှင့် မာယာဒေ၀ီ

( ၄ ) ကြင်ယာတော် - ယသောဓရာ ( ဘဒ္ဒကဉ္စနာ )

( ၅ ) ရင်သွေးတော် - ရာဟုလာ

( ၆ ) ယောက်ဖတော် - ဒေ၀ဒတ်

( ၇ ) မိထွေးတော် - ဂေါတမီ

( ၈ ) နေပြည်တော် - ကပိလ၀တ်ပြည် ( သက္ကတိုင်း၊ မဇ္ဈိမဒေသ )

( ၉ ) ဖွားရာဌာန - လုဗ္ဗိနီဥယျာဉ် ( ကပိလ၀တ်နှင့် ဒေ၀ဒဟအကြား )

( ၁၀ ) နန်းစံနှစ် - ၁၃ နှစ် ( သက်တော် ၁၆ နှစ်မှ ၂၉ နှစ် )

( ၁၁ ) နိမိတ်ကြီးများ - သူအို ၊ သူနာ ၊ သူသေ ၊ ရဟန်း

( ၁၂ ) ဗျာဒိတ်ခံယူသောဘ၀ - သုမေတာရသေ့ဘဝ

( ၁၃ ) ဗျာဒိတ်ခံယူသောနေ့ - ကဆုန်လပြည့်နေ့

( ၁၄ ) ဗျာဒိတ်ပေးသောဘုရား - ဒီပင်္ကရာမြတ်စွာဘုရား

( ၁၅ ) ပါရမီဖြည့်ဖက် - သုမိတ္တာအမျိုးသမီး ( ယသောဓရာအလောင်း )

( ၁၆ ) ပါရမီဖြည့်ကာလ - လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း

( ၁၇ ) ပါရမီဖြည့်ရခြင်း၏ရည်ရွယ်ချက် - သတ္တ၀ါများအကျိုးဆောင်ရွက်ရန်

( ၁၈ ) ဒုက္ကရစရိယာကျင့်ရသောနှစ် - ၆ နှစ် ( မဟာသက္ကရာဇ် ၉၇ ခုမှ ၁၀၃ ခုအထိ )

( ၁၉ ) ဒုက္ကရစရိယာ ကျင့်သည့်နေရာ - ဥရုဝေဋ္ဋတော

( ၂၀ ) ဘုရားဖြစ်ချိန်သက်တော် - ၃၅ နှစ်အရွယ်

( ၂၁ ) ဘုရားပွင့်ရာလူသက်တမ်း - နှစ် ၁၀၀ တမ်း

( ၂၂ ) အလုပ်အကျွေး - ပဉ္စ၀ဂ္ဂီငါးဦး ( ဒုက္ကရစရိယာကျင့်ခိုက် )

( ၂၃ ) တရားဦးဟောသည့်နေရာ - ဗာရာဏသီ မိဂဒါဝုန်တော

( ၂၄ ) ပထမဆုံးသာဝက - ပဉ္စ၀ဂ္ဂီငါးဦး

( ၂၅ ) နောက်ဆုံးသာဝက - သုဘဒ္ဒပရိဗိုဇ်

( ၂၆ ) လက်ယာရံအဂ္ဂသာဝက - အရှင်သာရိပုတ္တရာ

( ၂၇ ) လက်ဝဲရံအဂ္ဂသာဝက - အရှင်မောဂ္ဂလာန်

( ၂၈ ) အဆုံးအမသာသနာ - ပရိယတ္တိ ၊ ပဋ္ဋိပတ္တိ ၊ ပဋ္ဋိဝေဓ

( ၂၉ ) ကျင့်စဉ်သိက္ခာ - သီလ ၊ သမာဓိ ၊ ပညာ

( ၃၀ ) ချမှတ်သောလမ်းစဉ် - မဇ္ဈိမပဋ္ဋိပဒါ ( မဂ္ဂင်လမ်းစဉ် )

( ၃၁ )သန္ဓေယူသောနေ့ - မဟာသက္ကရာဇ် ( ၆၇ ) ခု၊ ၀ါဆိုလပြည့် ၊ ကြာသပတေးနေ့

( ၃၂ ) ဖွားမြင်သောနေ့ - မဟာသက္ကရာဇ် ( ၆၈ ) ခု ၊ ကဆုန်လပြည့် ၊ သောကြာနေ့

( ၃၃ ) တောထွက်သောနေ့ - မဟာသက္ကရာဇ် ( ၉၇ ) ခု ၊ ၀ါဆိုလပြည့် ၊ တနင်္လာနေ့

( ၃၄ ) ဘုရားဖြစ်သောနေ့ - မဟာသက္ကရာဇ် ( ၁၀၃ ) ခု ၊ ကဆုန်လပြည့် ၊ ဗုဒ္ဓဟူးနေ့

( ၃၅ ) ဓမ္မစကြာဟောသောနေ့ - မဟာသက္ကရာဇ် ( ၁၀၃ ) ခု ၊ ၀ါဆိုလပြည့်နေ့ ၊ စနေနေ့

( ၃၆ ) ပရိနိဗ္ဗာန်စံသောနေ့ - မဟာသက္ကရာဇ် ( ၁၄၈ ) ၊ ကဆုန်လဆုတ် ( ၁၂ ) ရက်၊ အင်္ဂါနေ့

( ၃၇ ) တေဇောဓာတ်လောင်သောနေ့ - မဟာသက္ကရာဇ် ( ၁၄၈ ) ၊ ကဆုန်လဆုတ် ( ၁၂ ) ရက်

ref:http://pakhan.weebly.com/

28 Jan 2012

ကျွန်တော်တို့ နေ့တိုင်းစားနေကြတဲ့ အချိုမှုန့်ခေါ် အန္တရာယ်မှုန့်အကြောင်း



ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်တွင်းက ဂျာနယ်စာမျက်နှာတွေ၊ အင်တာနက် စာမျက်နှာတွေပေါ်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနဲ့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA) တို့ ပူးပေါင်းပြီး အကြော်လုပ်ငန်းတွေ အကြော်မျိုးစုံ ကြော်တဲ့ နေရာမှာ ရေသန့်ဘူးတွေ ဆီထဲ ထည့်ကြော်မကြော် လိုက်စစ်ပြီး ကြော်တာ စစ်ဆေးတွေ့ရှိရင် စည်ပင်သာယာဥပဒေနဲ့ရော FDA ဥပဒေနဲ့ပါ နှစ်မျိုး အရေးယူသွားမယ် လို့ ဖတ်လိုက်ရလို့ ၀မ်းသာမိပါတယ်။

ရေသန့်ဘူးတွေဟာ ဓာတုနည်းနဲ့ ပြုလုပ်ထားတဲ့ ပေါ်လီမာ ပလတ်စတစ် တွေဖြစ်လို့ ဒါတွေကို အပူချိန်မြင့်မားတဲ့ ဆီပူပူထဲမှာ ထည့်ကြော်မယ်ဆိုရင် ပလတ်စတစ်တွေထဲကBisphenol-A (BPA) အပါအ၀င် အဆိပ်ဒြပ်ပေါင်းများစွာ ထွက်လာပြီး အကြော်တွေထဲ စိမ့်ဝင်သွားပါတယ်။ ဒါတွေကို နေ့စဉ်နဲ့အမျှ စားမယ်ဆိုရင် လူသားတွေရဲ့ အာရုံကြောစနစ် နဲ့ မျိုးပွားစွမ်းရည်ကို ဆိုးရွားစွာ ထိခိုက်နိုင်ပြီး ဆီးအိမ်ကင်ဆာ အပါအ၀င် ကင်ဆာရောဂါ အမျိုးမျိုးကိုလည်း ဖြစ်စေနိုင်ပါတယ်။

ဒီလို အန္တရာယ် ရှိတဲ့ ရေသန့်ဘူးတွေ အကြော်စုံတွေထဲကို ဘာလို့ ထည့်ကြော်ကြရတာလဲ ဆိုတော့ အဲလိုရေသန့်ဘူး ထည့်ကြော်ထားတဲ့ အကြော်ဟာ အထူးကြွပ်မွနေပြီး အဲလို ကြွပ်ရွစားကောင်းမှုကလဲ အရမ်းကို တာရှည်ခံတယ်လို့ အကြော်လုပ်ငန်းအကူ အမျိုးသမီးတစ်ဦးက ပြောပြခဲ့ဖူးပါတယ်။ အဲဒီလို လုပ်ရပ်တွေကို အကြော်ဖိုတွေနဲ့ နှစ်ပြန်ကြော် လုပ်ငန်းအချို့က လုပ်ကိုင်နေတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ကြားသိနေရတာ ကြာပါပြီ။ ဒါကြောင့် ဒီလို ၀ိသမလောဘနဲ့ စီးပွားရှာတဲ့ လုပ်ရပ်ကို လိုက်လံစစ်ဆေးပြီး အပြစ်ပေး တားဆီးနိုင်ဖို့ လိုအပ်လှသလို ပြည်သူ့ကျန်းမာရေးကို ဦးစားပေး စောင့်ရှောက်တဲ့ အစားအသောက်နဲ့ ဆေးဝါးဆိုင်ရာ ဥပဒေတွေ ကျွန်တော်တို့နိုင်ငံမှာ အခိုင်အမာ ရှိလာပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
ရေသန့်ဘူး ကိစ္စအတွက် ၀မ်းသာရပေမယ့် ကျွန်တော် နောက်ထပ် ဘ၀င်မကျဖြစ်နေလို့ တင်ပြချင်တဲ့ အချက်က အချိုမှုန့် ပါပဲ။ ကျွန်တော် သိသလောက် ကတော့ ယနေ့ကမ္ဘာပေါ်မှာ အချိုမှုန့်ကို နိုင်ငံတဲ့အ၀ှမ်း တွင်တွင်ကျယ်ကျယ် စားသုံးနေတဲ့ နိုင်ငံဆိုလို့ ကျွန်တော်တို့နိုင်ငံ တစ်နိုင်ငံတည်း ရှိမလားပဲ။ သေချာတာကတော့ အချိုမှုန့်ထုတ်ပြီး ကျွန်တော်တို့နိုင်ငံကို တင်သွင်းနေတဲ့ နိုင်ငံတွေကတော့ အချိုမှုန့် လုံးဝမစားကြဘူးဆိုတဲ့ အချက်ပါပဲ။ ဒီလို ဘေးအန္တရာယ် ရှိတယ်လို့ နိုင်ငံတော်က ကြေငြာထားပေမယ့် အချိုမှုန့်အရသာကို ပြည်သူတွေ စွဲနေလို့ ဆက်သုံးနေကြတာ မဖြစ်သင့်တော့ပါဘူး။ ဖြတ်သင့်ပါပြီ။



အဆိုးဆုံးကတော့ သူ့အရသာနဲ့သူ ဆိမ့်မွှေးကြွပ်ရွနေတဲ့ မြန်မာ့ရိုးရာ နှစ်ပြန်ကြော်များထဲမှာ အချိုမှုန့်တွေ အတုံးလိုက်အခဲလိုက် ထည့်နေတဲ့ ကိစ္စပါပဲ။ ပြည်သူတွေဘက်က တောင်းဆိုတာလည်း မဟုတ်ဘဲနဲ့၊ အဲဒီလောက်လဲ ထည့်စရာ မလိုဘဲနဲ့ကို ကိုယ့်အကြော်စုံ အရောင်းသွက်ရေး အတွက် ပြည်သူတွေ အချိုမှုန့်အန္တရာယ် များများတွေ့ပစေ ဆိုတဲ့ သဘောမျိုး ဖြစ်နေပါတယ်။ (တချို့ဆို အချိုမှုန့်နဲ့ မဆိုင်တဲ့ လက်ဖက်ရည်၊ ပူတင်း၊ ရွှေကြည် စတဲ့ စားစရာတွေမှာပါ ထည့်နေကြတာ အသိဥာဏ် မဲ့ရာ ရောက်ပါတယ်)

အချိုမှုန့် ဆိုတာ ဘာလဲ။
ရေရှည် မှန်မှန် စားသွားရင် ဒီလောက် အန္တရာယ် များပါတယ် ဆိုတဲ့ အချိုမှုန့်ဆိုတာ Monosodium glutamate (MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။



အချိုမှုန့်ဟာ ဟင်းခတ်ပစ္စည်းတစ်ခု ဟုတ်ပါသလား
ပုံမှန်သုံးသင့်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခု လုံးဝမဟုတ်ပါ။ နည်းနည်းစားစား များများစားစား ရေရှည် စားရင် အန္တရာယ်ကတော့ ရှိတာပါပဲလို့ ပညာရှင်များက ပြောကြားပါတယ်။ Good Manufacturing Practice (GMP) လို့ခေါ်တဲ့ ကမ္ဘာ့အဆင့် ထုတ်လုပ်မှု စနစ်ကောင်း (GMP စနစ်) ရဲ့ အစားအသောက်တွေ ထုတ်လုပ်တဲ့ နေရာမှာ အချိုမှုန့် လုံးဝ မပါပါဘူး။

အချိုမှုန့်ကို ရေရှည်ပုံမှန် စားသုံးသွားရင် ဘာဆိုးကျိုးတွေ ရှိလာနိုင်မလဲ
(၁) ဆီးချို မဖြစ်အောင် ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်း (Insulin) ရဲ့ လုပ်ငန်းဆောင်တာမှာ အနှောင့်အယှက်တစ်ရပ် ဖြစ်စေလို့ ဆီးချိုဖြစ်စေဖို့ ကောင်းကောင်း အထောက်အကူပြုပါတယ်။

(၂) အစာ အလွန်အကျွံ စားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလို အ၀လွန်ခြင်းကို တားဆီးပေးတဲ့ ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အ၀လွန်ခြင်းကို ဖိတ်ခေါ်ပါတယ်။ အ၀လွန်ခြင်းရောက်လာရင် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ် စတဲ့ အဖော်အပေါင်းတွေပါ ပါလာပါလိမ့်မယ်။


(၃) ဦးနှောက်ဆဲလ်တွေကို မြန်မြန် ပျက်စီးယိုယွင်း စေပါတယ်။ မှတ်ဥာဏ်ကို အရွယ်မတိုင်ခင် ပျောက်ဆုံးစေပြီး မေ့တတ်တဲ့ ရောဂါတွေ ဖြစ်စေဖို့ အလားအလာ အရမ်း များစေပါတယ်။ အချိုမှုန့်ကို မွေးကင်းစကတည်းကနေ စပြီး စားတဲ့ ကလေးတွေမှာ ဥာဏ်ရည်ပိုင်း ယုတ်လျော့မှု ရှိတာကို တွေ့ရှိရပါတယ်။


(၄) ဂျာမနီနိုင်ငံမှာ အချိုမှုန့် သုံးစွဲမှုကို လုံးဝဖြတ်တောက်ရှောင်ကြဉ်ဖို့ အမျိုးသားအဆင့် ကြေငြာချက်တွေ ဥပဒေတွေ အလန့်တကြား ထုတ်ခဲ့ရဖူးပါတယ်။ ဂျာမန်ကျန်းမာရေး ပညာရှင်တွေ ဘာတွေ့ရလို့လဲ ဆိုတာ စာဖတ်သူတို့ သိပါသလား။ အချိုမှုန့် စားတဲ့ ကိုယ်ဝန်ဆောင်တွေ မွေးလာတဲ့ ကလေးတွေဟာ အင်ဆူလင်ဟော်မုန်း စွမ်းရည်ကျဆင်း၍ မတိုးတော့ခြင်း (Insulin-resistant) မွေးရာပါ ဖြစ်လာတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီကလေးတွေဟာ ကြီးလာရင် ဆီးချိုဖြစ်ဖို့ သေချာသလောက် ဖြစ်ပါတယ်။ ဒီအချက်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆီးချိုဖြစ်ပွားနှုန်း မြင့်မားနေတဲ့ အချက်တွေထဲက တစ်ခု အပါအ၀င် ဖြစ်ပါတယ်။


(၅) နောက်တစ်ချက်က ကိုယ်ဝန်ဆောင် မိခင်တွေ အချိုမှုန့်စားတဲ့ အကျင့်ကြောင့် မွေးလာတဲ့ ကလေးတွေရဲ့ medulla oblongata, thalamus, or hypothalamus ဆိုတဲ့ ဦးနှောက် အစိတ်အပိုင်းတွေမှာ ရှိတဲ့ အာရုံကြောဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဒီနေရာတွေဟာ အစားအသောက် စားချင်စိတ်ကို အဓိက ထိန်းချုပ်တဲ့ ဦးနှောက်ဧရိယာတွေ ဖြစ်လို့ ဒီလို ကလေးတွေဟာ ကြီးလာရင် အစားအသောက် အလွန်အကျွံစားတဲ့ အကျင့် ရှိကာ အ၀လွန်ပြီး ရောဂါတွေ ထူစေတတ်တာ ကမ္ဘာတစ်ဝန်း လေ့လာတွေ့ရှိ ထားပါတယ်။

(ဒါဟာ အချိုမှုန့်ကပေးတဲ့ အမျိုးသား ကျန်းမာရေး/လူမှုရေး ၀န်ထုပ်ဝန်ပိုး (National Health/Social Burden) ဖြစ်ပါတယ်။ ဒါ့အပြင် အချိုမှုန့် ၀ယ်ယူတင်သွင်းရတဲ့အတွက် နိုင်ငံနဲ့လူမျိုး အကျိုးရှိစေမယ့် တခြားအရာတွေ ၀ယ်ယူဖို့ နိုင်ငံခြားငွေ လျော့စေလို့ တိုင်းပြည်အတွက်လဲ နစ်နာပါတယ်)



(၆) မျိုးပွားစွမ်းရည် ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ Chinese Restaurant Syndrome ခေါ် တရုတ်စားတော်ဆက်ရောဂါစုဖြစ်စေနိုင်ပါတယ်။ ဒီရောဂါစုဟာ အချိုမှုန့် လွန်ကဲစွာ ပါတဲ့ အစားအသောက် စားပြီးပြီးချင်းမှာ မျက်နှာ၊ လည်ပင်း နဲ့ တစ်ကိုယ်လုံးမှာ အနီစက်တွေ ထွက်လာခြင်း၊ ခေါင်းအရမ်းထိုးကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မျက်နှာမှာ တင်းကြပ်နေတယ်လို့ ခံစားရတတ်ခြင်း၊ မေးလှုပ် ပါးစပ်ဖွင့်ရတာ လေးခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း စတာတွေ ခံစားရတတ်တဲ့ အချိုမှုန့်နဲ့ ဓာတ်မတည့်တဲ့ ရောဂါ ဖြစ်ပါတယ်။

(၇) ပန်ကရိယခေါ် မုန့်ချိုအိတ်ရောင်ရောဂါ အပါအ၀င် ကိုယ်တွင်းကလီစာ တစ်ခုခု ရောင်ယမ်းတဲ့ ရောဂါ ရှိနေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေ အထူးရှောင်ကြဉ် သင့်ပါတယ်။

(၈) လူအများစုက ဆားကအငန် အချိုမှုန့်က အပေါ့ ဆိုပြီး တလွဲမှတ်ယူထားကြပါတယ်။ ဒီတော့ ဆားထည့်လွန်လို့ ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့် ပါတယ်။ အမှန်က ဆားက Sodium chloride ၊ အချိုမှုန့်က Monosodium glutamate ဖြစ်လို့ နှစ်ခုလုံး ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခု ပြိုင်စားသုံးရင် သွေးတွင်းဆိုဒီယမ် မြင့်တက်မှု အရမ်းများလာစေကာ သွေးတိုးရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ကာကွယ်လိုသူများနဲ့ ရှိသူများဟာ အချိုမှုန့်ကို အထူးရှောင်ကြဉ်သင့်ပါတယ်။

အချိုမှုန့် စွဲလမ်းနေခြင်းကို ဘယ်လို လျှော့ချ အမြစ်ဖြတ်ကြမလဲ

(၁) လျှော့ချသုံးခြင်းဖြင့် စတင်ပါ။ အချိုမှုန့်ဟာ အသားတွေရဲ့ အရသာကိုသာ မြှင့်တင်ပေးတာ ဖြစ်လို့ အသီးအနှံတွေမှာ လုံးဝမသုံးပါနဲ့။

(၂) ယေဘုယျလမ်းညွှန် (General Guideline) အရ ပြောရရင် အစားအသောက် တစ်ကီလို (၂.၂ပေါင်) ကို အချိုမှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းထက် ပိုမသုံးပါနဲ့။ဒါဆိုရင်တော့ အန္တရာယ် နည်းတယ်လို့ သိရပါတယ်။
(၃) ရယ်ဒီမိတ် အစားအသောက်တွေ အားလုံးနီးပါးမှာ အချိုမှုန့် ပါပြီးသားဆိုတာ သတိထားပါ။ ဘယ်တော့မှ အချိုမှုန့် ထပ်မထည့်ပါနဲ့။

(၄) ရယ်ဒီမိတ် စားစရာတွေ ၀ယ်ရင် လေဘယ်လ် ပေါ်မှာ ပါတဲ့ အချိုမှုန့်ပါဝင်မှု ပမာဏကို ရှာဖွေပါ။ အဆင့်အတန်းရှိတဲ့ အစားအသောက်တံဆိပ်တွေ အားလုံးရဲ့ ပါဝင်ဖက်ပစ္စည်းစာရင်း (Ingredient List) ရဲ့ အောက်ဆုံးမှာ အချိုမှုန့် တကယ်သုံးထားရင် သုံးထားကြောင်း ပမာဏ အတိအကျ ပါပါတယ်။



(၅) ရိုးရာ ဟင်းခတ်အမွှေးအကြိုင်တွေ (ဥပမာ ပုစွန်ခြောက်၊ ငါးပိ စတာတွေ) ကို ပြန်လည်အစားထိုး သုံးသင့်ပါပြီ။ ကျွန်တော်တို့ရဲ့ ရှေးအစဉ်အဆက် ဘိုးဘွားများဟာ ထွားကျိုင်းသန်မာ ရောဂါကင်းခဲ့တာ အချိုမှုန့် မစားခဲ့ကြတာလည်း ပါပါတယ်။



အနုပညာလက်ရာမြောက် ပင်လယ်ကမ်းခြေ ပန်းပုများ



Extreme Sand Sculpting! 



(Melbourne, Australia - love these skyscrapers in the background - perhaps also "sand castles" of some sort...)

There are many fantastic sand art showcases / competitions around the world: held in China, Spain, Brazil, Canada (the ultimate "Tournament of Champions" in Harrison Hot Springs, British Colombia), Florida, Oregon, Texas, Virginia... featuring such undisputed masters like Amazin Walter, Rich Varano (The Sultan of Sand), William Lloyd, Carl Jarra and Suzzane Altamare compete alongside artists from all over the world.

Perhaps the most sophisticated fairy tale sculpture in recent memory

Too bad they are made out of sand, and so will be impossible to preserve, other than in pictures. The traditional fantasy themes - sand castles, dragons, maidens and other fairy tale details - are brought to life so lovingly and with such abundance of detail that it simply transcends the genre:




(images credit: Amazin Walter)

This is how it's done... slowly and with feeling (imagine sculpting every single scale on that dragon) -


William Lloyd works on the baby dragon

"The Princess Power" by Rich Varano:


(images credit: Amazin Walter)

Get eaten up by the dragon:




(image credit: Amazin Walter)

Psychedelic Swirls:


(sculpture by Carl Jara and Suzzane Altamare, image credit: Amazin Walter)

Time Mirror: on the left is "looking into the past", on the right - "looking into the future"-




A life of the mundane, rendered in sand

Bedroom Scene (a little abrasive relationship... ok, I will stop my puns here)



Get yourself a couch to sleep on in the worst case -



A perfect family to inhabit all this sand real estate -




(image credit: sandwizard)

Sand people need to go to the sand outhouses to do their sand business... "Occupied!" -


(image credit: Amazin Walter)

I hope this sand figure is not nude:



Nostalgia for winter... Blasphemy! -



If he tries to show accurate time, he'll be here sculpting all night:




Pushing the borders into surrealism

"The Church, The Steeple and all the People" by John Gowdy and Michael Velling:


(images credit: Amazin Walter)

This is perhaps a commentary on the urban sprawl:


(image credit: Amazin Walter)

The weirdness never ends... -



The images above & below are from the sand art shows in Japan, and in Durham, NC, USA.




Sand sculptures in Lommel, Belgium:


(image credit: Tine Verheyden)

Something gruesome happened here:


(image credit: Amazin Walter)

"The End of the Knight" tells an equally sad story:


(image credit: Amazin Walter)

Horror is a common theme (work of Dan Doubleday and Meredith Corson) -


(image credit: Dan Doubleday and Meredith Corson)


(image credit: Tine Verheyden)





The Squids! The Squids! Give us the squids -


(image credit: wired)



"The Arms Race" -








(images credit: rense.com)

"Goaaaal!" by Gianni Schimarini - via:



Trust Chinese to make creepy sand sculptures for the sake of propaganda (more info) -



But this one is much better:


(sculpture by Edith Van de Watering "Nederland")

Even if you don't possess sculpting skills you can still impress the beach crowd. There is definitely "more than meets the eye" here -


(sent in by Angeline Stewart)

Who's worshiping what? -



Well, of course, the problem with even the mightiest of sand sculptures... there are going to be blown in the wind... smothered by waves... no trace will be left of them...

"The dust you are, to dust you will return!" -


(image credit: Devrim Gür)

21 Jan 2012

6P အစီအစဉ်သည် အမြဲတမ်းနေထိုင် အလုပ်လုပ်ခွင့်မဟုတ်



http://www.freemalaysiatoday.com/2011/12/30/minister-6p-not-a-free-ride/

မလေးရှား လူ့စွမ်းအား အရင်းအမြစ်ဌာနမှ Dr S Subramaniam က တရားမ၀င် အလုပ်သမားများအား မှတ်ပုံတင်ခြင်း သည် နိုင်ငံအတွင်းအကန့်အသတ်မရှိ နေထိုင်စေရန် ခွင့်ပြုခြင်းမဟုတ်ဘဲ၊ အလုပ်ရှင်များ အနေဖြင့် မိမိတို့လုပ်ငန်းတွင် မှတ်ပုံတင်ထားသော အလုပ်သမားများကို ၂ နှစ်အတွင်း ယင်းတို့နေရပ်နိုင်ငံသို့ပြန်ပို့ရန် စီစဉ်ရန်လိုကြောင်း ပြောပါသည်။

မကြာသေးခင်က Amnesty အစီအစဉ်တွင် မှတ်ပုံတင်ခဲ့ကြသော တရားမ၀င် နိုင်ငံခြားသားများ အတွက် မှတ်ပုံတင် ခြင်းသည် ယာယီ သာဖြစ်ကြောင်း၊ မလေးရှားတွင် အချိန်ကြာမြင့်စွာ အလုပ်လုပ်ခွင့် ပြုခြင်းမဟုတ်ကြောင်း၊ ခေတ္တယာယီ နေထိုင်ခွင့် သာဖြစ်ကြောင်း ယင်းကပြောသည်။ မလေးရှားအစိုးရ၏ ရည်ရွယ်ချက်မှာ နိုင်ငံအတွင်း နိုင်ငံခြားသားအလုပ်သမားများကို တတ်နိုင်သမျှလျှော့ချရန်နှင့်၊ ယခုလက်ရှိမှတ်ပုံတင်ထားသော တရားမ၀င် နိုင်ငံခြားသားများကို ၂ နှစ်အတွင်း နိုင်ငံပြန်ပို့ရန်ဖြစ်သည်ဟု ပြောပါသည်။ ဤကိစ္စနှင့် ပတ်သက်၍ လုပ်ငန်းရှင်များ သိရှိပြီး၊ ပြင်ဆင်ထားရန်လိုကြောင်းကိုလည်း ပြောပါသည်။

၂ နှစ်ပြည့်သည် အချိန်တွင်း မှတ်ပုံတင်ထားသော တရားမ၀င်သူအားလုံးကို နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့် ပြုမည်မဟုတ်ကြောင်း ပြောပါသည်။ နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့် မရသောသူများကို ၂ နှစ်ပြည့်လျှင် နိုင်ငံကို ပြန်ပို့မည် ဖြစ်သည်။ ထို့အပြင် လုပ်ငန်းရှင်များသည် မိမိတို့လုပ်ငန်းတွင် မလေးရှားနိုင်ငံသားများကို အစားထိုးခန့်အပ်ရေးအတွက် ပြင်ဆင် ထားကြရမည်။ သို့မှသာ မလေးရှားနိုင်ငံသည် နိုင်ငံခြားသား အလုပ်သမားများအပေါ် မှီခိုနေရမှုများမှ ကင်းလွတ်မည်ဟု ယင်းက ဖြည့်စွက်ပြောပါသည်။

ပြည်ထဲရေးဌာန အထွေထွေ အတွင်းရေးမှူးချုပ် Mahmood Adam က ၆P တွင် နောက်ထပ်အလုပ်အကိုင် အသစ်အမျိုး ၁၀ မျိုးကို ထည့်သွင်းမည်ဖြစ်ကြောင်း ကြေငြာခဲ့သည်။

Subramaniam က ဆက်၍ပြောသည်မှာ ၆P တွင်မှတ်ပုံတင်ထားသူ စုစုပေါင်း ၁.၃ သန်းတွင် ၃၀၀,၀၀၀ မှ ၄၀၀,၀၀၀ ထိသာ နေထိုင်အလုပ်လုပ်ခွင့်ပြုမည်ဖြစ်ကြောင်း ပြောပါသည်။ သို့သော် ဗီဇာ သက်တမ်းကုန်သည့်အချိန်တွင် ယင်းတို့ကို နေရပ်နိုင်ငံသို့ပြန်ပို့မည် ဖြစ်သည်ကို အလုပ်ရှင်နှင့် အလုပ်သမားတို့ သိရှိထား ရမည်ဟု သတိပေးထားပါသည်။ မလေးရှားအစိုးအတွက် နိုင်ငံခြားသားအလုပ်သမား များ ထိန်းချုပ်ရေးသည် လက်ရှိအချိန်တွင် အလွန်ခက်ခဲနေသည် အတွက် ယခုကိစ္စကို အပြင်းထန်ဆုံး စိန်ခေါ်မှုတစ်ခုအနေဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောပါသည်။ သို့သော်လည်း တိုင်းပြည်အတွက် အရေးထားရသော စိုက်ပျိုးရေးနှင့် စက်ရုံများတွင် နိုင်ငံခြားသား အလုပ်သမားများ ထားရှိမှုကို ဆက်လက် ခွင့်ပြုမည်ဖြစ်ကြောင်း ပြောပါသည်။

မလေးရှားအစိုးရအစီအစဉ် အရ 6P မှတ်ပုံတင်ပြီးလျှင် ပါမစ်ပြုလုပ်ခြင်း၊ စသည့် ကိစ္စများအတွက် စီစဉ်ရမည်ဖြစ်ပြီး၊ နောက်ထပ်တရားမ၀င်နိုင်ငံခြားသားများ မှတ်ပုံတင်ခြင်းကို ၂၀၁၂ ဇန်န၀ါရီ ၁၅ ရက်နေ့ထိရပ်ဆိုင်းထားမည်ဖြစ်ပါသည်။ လ၀ကဌာနများတွင် အချိန်ကြန့်ကြာမှုများ၊ အဆင်မပြေမှုများမှာ မှတ်ပုံတင်သူများပြားခြင်း နှင့် မှတ်ပုံတင်သည့်ဌာနနည်းခြင်းကြောင့် ဖြစ်သည်ဟု Subramaniam ကပြောပါသည်။ ဒုတိယ၀န်ကြီး ကလည်းယခု အစီအစဉ်ကို အဆင်ပြေချောမွေ့အောင် အမြန်ဆုံးဆောင်ရွက်ရန် ပြောဆိုထားပါသည်။ ပြည်ထဲရေး ဌာနမှ လည်း နောက်ထပ် ၂၄ နာရီလုံး မှတ်ပုံတင်နိုင်မည့် စင်တာများကို ဖွင့်လှစ်သွားရန်စီစဉ်ထားသည် ဟုသိရပါသည်။

၂၀၁၁ ဇွန်လတွင် အကောင်ထည်ဖော်ခဲ့သော 6P အစီအစဉ်အရ တရားမ၀င်နိုင်ငံခြားသားများ မှတ်ပုံတင်ရန် သို့မဟုတ် အပြစ်ပေးခြင်းမရှိဘဲ ပြည်နှင်ဒဏ်ပေးရန်ဟုပါရှိပါသည်။ 6P = Registration, Legalization, Amnesty, Monitoring, Enforcement and Deportation

သြဂုတ်လ ၃၁ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီး Hishammuddin Hussein ၏ကြေငြာချက်အရ တရားဝင် အလုပ်သမား ၁,၀၁၆,၉၀၈ ယောက် နှင့် တရားမ၀င်အလုပ်သမား ၁,၃၀၃,၁၂၆ တို့သည် ၆P တွင်မှတ်ပုံတင်ပြီးကြောင်း၊ ဒုတိယအဆင့် Legalization ကို အောက်တိုဘာလတွင် စတင်ခဲ့သည်။ ဤအစီအစဉ်နှင့် ပတ်သက်၍ ကန့်ကွက်မှုများစွာ ကြုံတွေ့ခဲ့ရကြောင်းပြောပါသည်။

မလေးရှားအစိုးရသည် နိုင်ငံခြားသား အလုပ်သမားများနှင့် ပတ်သက်၍ ထိန်းချုပ်ရန်ကြိုးစားခဲ့သည်မှာ နှစ်များစွာကြာမြင့်ခဲ့ပါပြီး။

6P ၏မသေချာမရေရာသောလုပ်ငန်းစဉ်များ

http://www.freemalaysiatoday.com/2011/12/23/6p-fiasco-which-ministry-is-in-charge/

ပြည်ထဲရေး ၀န်ကြီးဌာနသည် လူစွမ်းအား အရင်းဝန်ကြီးဌာနမှ လက်ခံပြုမူသည့် အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက် မည်ဟုဆုံးဖြတ်လိုက်ခြင်း။ 6P မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ ယခုလက်ရှိ အခြေအနေတွင် နောက်ထပ်ရှုပ်ထွေးမှုများ ဆက်လက် ဖြစ်ပေါ်လျက်ရှိပါသည်။

ပြည်ထဲရေး ၀န်ကြီးဌာနသည် ယင်းတို့လက်ရှိ ကိုင်တွယ်နေသော 6P မှတ်ပုံတင်ခြင်းကဏ္ဍကို နောက်ထပ်ဝန်ကြီးဌာန တစ်ခုဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၏ အသိအမှတ်ပြု ထောက်ခံစာမပါဘဲ ဆက်လက် လုပ်ကိုင် နေခြင်းကြောင့် ဖြစ်သည်။ ဒုတိယအဆင့် ဖြစ်သည့် Legalization တွင်အသိအမှတ်ပြုမှုရရှိရေးအတွက် ထိုသူသည် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာန (Human Resources Ministery) ၏ အသိအမှတ်ပြုလက်မှတ်ရှိမှရမည် ဟူသည့်ကန့်သတ်ချက်ဖြစ်သည်။

သို့သော် မကြာသေးခင်က ထွက်ပေါ်လာသည့် မှတ်ချက်ဖြစ်သည့် (Sijil JobsMalaysia (JCS) bagi proses pemutihan dikecualikan = The Jobs Malaysia certificate for the amnesty process is no longer required) ဟုပေါ်ထွက်လာသည့်အတွက် အလွန်ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာခဲ့သည်။

ထိုကန့်သတ်ချက်ကြောင့် 6P ပွဲစားများ အလွန်အခက်ခဲတွေ့ခဲ့ကြရပြီး၊ ယခင်က ဆိုလျှင်အလုပ်သမားတစ်ဦးသည် လူ့စွမ်းအားအရင်းအမြစ် ၀န်ကြီးဌာန တစ်ခုတည်းနှင့်သာ ဆက်ဆံဆောင်ရွက်ရပြီး၊ ထိုဌာန၏ အသိအမှတ်ပြုလက်မှတ် ရသည်နှင့် တရားဝင်ပြီးဖြစ်ပါသည်။

ယခုကိစ္စတွင် နောက်ထပ်ဝန်ကြီးဌာန တစ်ခုဝင်လာသည့် ပြည်ထဲရေး၏ စီစဉ်ဆောင်ရွက်ထားမှုများ မည်သို့မည်ပုံ ဆက်၍ ဖြစ်မည်ကို လ၀က အရာရှိများပင် အဖြေမပေးနိုင်ကြပါ။

ပြည်ထဲရေး ၀န်ကြီးဌာနသည် အခြားဌာနတစ်ခု၏ လုပ်ငန်းစဉ်များကို အဘယ်ကြောင့် ကျော်ဖြတ် လုပ်ကိုင်နေပါသနည်း။ အခြားဝန်ကြီးဌာနသို့လွှဲပြောင်းရသနည်း။ ဤကိစ္စသည် ဌာနအကြား ပဋိပက္ခဖြစ်နိုင်စရာ များရှိလာမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တာဝန်ဝတ္တရားကိုဝင်ရောက်ယူသောကြောင့်ဖြစ်ပါသည်။

6P နှင့် ပတ်သက်၍ သေချာရေရာသည် အစီအစဉ်များ စနစ်တကျမရှိခြင်း၊ အစီအစဉ်များ အမျိုးမျိုး ပြောင်းလဲနေခြင်းသည် ငွေကြေးတောင်းခံ၍ အလွဲသုံးစားလုပ်စားမှုများ ပေါ်ထွက်လာစေပါသည်။ လူစွမ်းအားအရင်းအမြစ်ဌာနသည် တိုင်းပြည်အတွင်းရှိ လူ့စွမ်းအားနှင့်သက်ဆိုင်သော်လည်း၊ နိုင်ငံခြားသား အလုပ်သမားအရေးနှင့် ပတ်သက်၍ မည်သို့မှ မသက်ဆိုင်ဟု အေဂျင်စီတစ်ခုမှ ပြောပါသည်။ တိုင်းပြည်အတွင်း နိုင်ငံခြားသား အလုပ်သမားအရေအတွက်သည် ပင်ထိုဌာန၌ မရှိကြောင်းဆက်၍ ပြောပါသည်။

မည်သည့်ဌာနသည် တိုင်းပြည်၏ အလုပ်သမား အင်အားကို ထိန်းချုပ်စီမံမည်နည်း။ ပြည်ထဲရေးဝန်ကြီးဌာနလား၊ လူ့စွမ်းအားအရင်းအမြစ် ၀န်ကြီးဌာနလား။

အလုပ်သမားများစွာတို့မှာ ယင်းတို့လက်ရှိလုပ်ကိုင်နေသော အလုပ်များသည် သတ်မှတ်ထားသော အလုပ်အမျိုးအစားထဲတွင်မပါဝင် ၍ အသိအမှတ်ခံရမည်မဟုတ်ကြောင်းလည်း သတင်းထွက်လျက်ရှိပါသည်။ သတင်းများ၊ အစီအစဉ်များသည် လုံးဝ မသေချာ မရေရာကြောင်း ၆P ကိုယ်စားလှယ်တစ်ဦးမှ ပြောပါသည်။ ပြည်ထဲရေးကလည်း အတည်ပြုဆုံးဖြတ်ချက်ကို မပေးနိုင်ပေ။

အလုပ်သမား ၀န်ကြီးဌာနမှ Sheikh Yahya Sheikh Mohammed ကဤ ကိစ္စနှင့် ပတ်သက်၍ ယင်းတို့ဌာနမှ မည်သည်မှ မသိရှိရသေးကြောင်းပြောပါသည်။

ကျနော်တို့သည် ဤကိစ္စနှင့်ပတ်သက်၍ မည်သို့မှ မသိရှိရသေးပါ။ ယခုလိုဆုံးဖြတ်မှုမျိုးပြုလုပ်ရန် ကျနော်တို့ဌာနနှင့် တင်ကြိုဆွေးနွေးမှုများလုပ်သင့်ကြောင်း လူ့စွမ်းအားအရင်းအမြစ်ဌာနမှ ပြောပါသည်။ အဘယ်ကြောင့် ပြည်ထဲရေးဌာနသည် ကျနော်တို့ပါဝင်ရမည့် လုပ်ငန်းစဉ်ကို မလိုအပ်ဟု ကျော်ဖြတ်သည် ကို သိရှိအောင်လုပ်ရမည် ဖြစ်ကြောင်း ပြောပါသည်။

ယခုအချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအတွင်းရေးမှူးချုပ် Mahmood Adam က “လူ့စွမ်းအားအရင်းအမြစ် ဌာန၏ အသိအမှတ်ပြုမှု မလိုအပ်ဆိုသော ထုတ်ပြန်ချက်မှာ မမှန်ကန်ကြောင်း” Free Malaysia Today သို့ပြောပါသည်။ ရှုပ်ယှက်ခတ်နေပါပီး။

6P သည်ပြည်ထဲရေး ၀န်ကြီးဌာနမှ ချမှတ်သော တိုင်းပြည်အတွင်း တရားဝင်နှင့် တရားမ၀င်နိုင်ငံခြားသား အလုပ်သမား များကို မှတ်ပုံတင်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ထိုအစီအစဉ် ကို စီစဉ်ရခြင်းမှာ လူကုန်ကူးမှု ကာကွယ်ရေး၊ နယ်စပ်ရာဇ၀တ်မှု ထိန်းချုပ်ရေး၊ ဘိန်း၊ဆေးခြောက်နှင့် ငွေမည်းလည်ပတ်မှုများ ထိန်းချုပ်ရန် ဟု ပြည်ထဲရေးက အကြောင်းပြသည်။
 
Ref:  http://kyawkyawthet.blogspot.com

17 Jan 2012

ဒေါ်အောင်ဆန်းစုကြည် နဲ့ အနုပညာလောက ကို စော်ကားလိုက်တဲ့ နတ်ကတော် သားစိုး


ခုတလော ပြောင်းလဲနေတဲ့ မြန်မာ့ နိုင်ငံရေး နဲ့ ပါတ်သက်လို့ ဝေဖန်သံ ကဲ့ရဲ့သံ ထောက်ခံသံ ရှုံ့ချသံတွေ အမျိုးမျိုး အဖုံဖုံ ပုံစံများစွာ နဲ့ ကြားနေခဲ့ရပါတယ်။

ဒါပေမယ့် ဒီမိုကရေစီစနစ်နဲ့အညီ လူသားတိုင်း လွတ်လပ်စွာ ကိုးကွယ် ယုံကြည် ဝေဖန် သုံးသပ် ခံစား ဖွင့်အန် ပိုင်ခွင့်ကို လေးစားတဲ့အနေနဲ့ ကျွန်တော် နဲ့ သဘောတူတူ မတူတူ အတွေးအခေါ်များစွာ ကို တတ်နိုင်သမျှ အကောင်းဖက်က ကြည့်ရှုခံစားပေးခဲ့ပါတယ် ... ။

ကျွန်တော် ဟာ ၈၈ မျိုးဆက်ပေမယ့် တော်လှန်ရေးသမား လဲ မဟုတ်ပါ ...
ကိုသူရ တို့ ကိုမင်းကိုနိုင် တို့လို ကိုယ်ကျိုးစွန့် အနစ်နာခံရဲတဲ့ နိုင်ငံရေးသမားလဲ မဟုတ်ပါ ...
ကိုကျော်သူတို့ မရွှေဇီးကွက်တို့လို လူမှုရေးသမားလဲ မဟုတ်ပါ ...
ရုပ်ရှင် ဂီတ စာပေ နဲ့ စစ်မှန်တဲ့ အနုပညာ မှန်သမျှကို မြတ်နိုးတန်ဖိုးထားတဲ့ အနုပညာ သမားတစ်ယောက်ပါ ...

၂၀၀၀ ခုနှစ်နောက်ပိုင်း အင်တာနက် နဲ့ လူမှုကွန်ယက် ကြောင့် ခေတ်မှီ တိုးတက်လာတဲ့ ဂီတ လောက မှာ HipHop ဟာ လျှင်မြန်စွာ ရေပန်းစားလာခဲ့ပြီး ဆယ်ကျော်သက်လူငယ်အမျးစု ကို အတိုင်းအတာကြီးမားစွာ လွှမ်းမိုးခဲ့ပါတယ်

ဒီကနေပြီး Hip Hop ဂီတ ပညာရှင် လူငယ်များစွာ လဲ ပေါ်ထွန်းလာခဲ့ပါတယ်

မျိုးကျော့မြိုင် ရဲ့ " Rap သီချင်းဆိုရင် လုံးဝမကြိုက် " ကနေ စလိုက်တဲ့ Hip Hop ရဲ့ သက်တမ်းဟာ Acid, Theory, Sinergy စတဲ့အဖွဲ့တွေ ကနေ ခု ရေပန်းစားနေတဲ့ မြောက်များလှစွာသော မရေတွက်နိုင်တော့တဲ့ လူငယ် တေးသံရှင်သစ်တွေ ပေါ်ထွန်းလာတဲ့ထိပါဘဲ ..

ဒီမှာ ကျွန်တော့်ရဲ့ ကိုယ်ပိုင် သုံးသပ်ခံစားမှု တစ်ခုပေါ်လာပါတယ်

ကျွန်တော် မှားချင်လဲ မှားမယ် မှန်ချင်လဲ မှန်မယ် ပေါ့လေ

ကျွန်တော် မြင်တာကတော့ Hip Hop ဆိုတာ Computer Program တစ်ခု နဲ့ ပိုတူပါတယ်
အားလုံးက Acid, Pro Tools, Cu-base ဆိုတဲ့ Software တွေ နဲ့ ဖန်တီးထားတဲ့ Drum Beats တွေ ရဲ့နောက်မှာ Rhymes ဆိုတဲ့ကာရန်တွေ နဲ့အညီ ဖွဲ့စည်းထားတဲ့ ကဗျာ တွေကို Pre-Programmed Music တွေ နဲ့ စည်းချက်ညီအောင် ရွတ်ဆိုခြင်းပါဘဲ

ဒါကလဲ လွယ်ကူသလားဆိုရင်တော့ မခက်ခဲပေမယ့် မလွယ်ကူပါဘူး

Hip Hop သမား သို့မဟုတ် Rapper တစ်ယောက်မှာ တခင်္ဏုပတ္တိ ဥာဏ် ဆိုတဲ့ ဖြတ်ထိုးဥာဏ် အရမ်းထက်မြက်ရပါတယ်

ဒီတော့ Hip Hop ကို ကျွန်တော် ရိုးသားစွာ ဝန်ခံရမယ်ဆိုရင် သေချာ မနှစ်သက်ပေမယ့်

သင့်တင့်တဲ့ လေးစားမှုတစ်ခု တော့ ပေးနိုင်ပါသေးတယ်

ဒါပေမယ့် မြန်မာ့ဂီတလောက မှာ ကျွန်တော် ဘယ်လို မှ မမျှော်လင့်ထားတဲ့ အကွေ့တစ်ခု ရုပ်တစ်ရက်ရောက်လာပါတယ် ...

အဲ့ဒါကတော့ မြန်မာသံစဉ် သီချင်းတွေကို နတ်ကတော် ဒိုး တွေလို Drum Machine တွေ နဲ့ တီးထားပြီး မြန်မာ သံစဉ်တွေကို Hip Hop ပုံစံဝင်အောင် ဇွတ်ဆွဲယူ ဖန်တီးထားတဲ့ ဘာမှန်းအမည်မတတ်နိုင်တဲ့ မျိုးမစစ်ဂီတ တစ်ခုပါဘဲ ...

အဲ့ဒိဖန်တီး မှု ရဲ့ အကျိုးဆက်အနေနဲ့ ..
ကျေးလက်နေ လူတန်းစားတွေ ...
ဂီတ ကို ဖျော်ဖြေရေး အနေ ထက် ပိုပြီးတန်ဖိုးမထားတတ်တဲ့ ...
ထားရကောင်းမှန်းလည်း မသိတဲ့ ...
လူတန်းစားတစ်ရပ်အတွက်
(မြန်မာသံ Hip Hop ) ဆိုတဲ့ အမျိုးမစစ်တဲ့ အပေါစား ရောယှက် ဂီတ ကုန်ပစ္စည်းတစ်ခု ကိုအမှီပြုပြီး သားစိုး ဆိုတဲ့ (တောကြိုက် Rapper) တစ်ယောက် ထင်ပေါ်လာခဲ့ပါတယ်

ဒါ သားစိုး ရဲ့ သမိုင်းပါ ...

သူဟာ ယနေ့စာရေးနေချိန် မတိုင်ခင်အထိ မြန်မာ ဂီတသမား စစ်စစ် များရဲ့ ခေါင်းထဲမှာ ဟာသပျက်လုံးတစ်ခု ထက် ပိုပြီး နေရာမယူနိုင်ခဲ့ပါဘူး

ဒါပေမယ့် ယနေ့ ထွက်လာတဲ့ ပေါ်ပြူလာသတင်းဂျာနယ် ရဲ့ အင်တာဗျူးတစ်ခုမှာဖြင့် ....

"ကြားဖြတ် ရွေးကောက်ပွဲမှာ တိုင်းပြည် ကောင်းစားဖို့ကိုပဲ စဉ်းစားပြီး လုပ်တဲ့ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ကိုပဲ ထောက်ခံသွားမယ့် သားစိုး"

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂီတအနုပညာရှင် တို့တွေ့ဆုံခဲ့ကြတာ အခုဆိုရင် ၃ကြိမ် တွေ့ဆုံမှုမှာ ၁ကြိမ်ထက် တစ်ကြိမ် ဂီတဘက် က အနုပညာရှင်တွေ စုံသလောက် နီးပါးတွေ့ခဲ့ ရပေမယ့် ဟစ်ဟော့ပ် အဆိုတော် သားစိုးကိုတော့ တွေ့ဆုံမှုတွေ အထဲမှာ မတွေ့ခဲ့ရပါဘူး။ တွေ့ဆုံမှုထဲမှာ ဘာကြောင့် မပါဝင်ဖြစ် တာလဲဆိုတဲ့ အမေး ကို တော့ သားစိုးက ”ကျွန်တော်က သာကူး မဟုတ်ပါဘူး။ အရင်တုန်းက အဘ အဘ နဲ့အခုမှ အစ်မ အစ်မ ဖြစ်သွားတဲ့ လူတွေထဲမှာလည်း ကျွန်တော်မပါဘူး။ ကျွန်တော် နဂိုကတည်းက BBC, VOA, RFA စသဖြင့် နိုင်ငံရေး အကျပ်အတည်း ရှိတဲ့ အချိန်ကတည်းက ကမ္ဘာ့ သတင်းစာတွေ နဲ့ကအစ မြန်မာ နိုင်ငံရေး အခြေအနေကို ပွင့်လင်း စွာပြောခဲ့တယ်။ ကျွန်တော်က ဖြစ်သင့်တာ၊ ကောင်းတာကို ပြောတဲ့အတွက် ဘယ်သူမှ အနှောင့် အယှက်မပေးဘူး။ အခုမှ ဒီလိုမျိုးသွားတဲ့ အထဲမှာ အရင်တုန်း ကတော့ အခွင့်အရေး ရတဲ့ဘက်မှာ နေပြီး၊ အခုမှ ပြောင်းလာကြတဲ့ လူတွေလည်းပါတယ်။ ဘယ်သူတွေ ဘာလဲဆိုတာ ပရိသတ် က သိပါတယ်။ ဒါကြောင့် ကျွန်တော့်လိပ်ပြာ ၊ကျွန်တော် လုံတဲ့ အတွက်ကြောင့် ဘာမှလုပ်စရာ မလိုပါဘူး။ ကျွန်တော် ဘာလုပ်သလဲ ဆိုတာ ပရိသတ်က သိပါလိမ့်မယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး လည်း ကျွန်တော့် ရဲ့ရပ်တည်ချက် က ဒေါ်အောင်ဆန်းစုကြည်က ကော ကျွန်တော်တို့ကို ဘာတွေလုပ်ပေးမှာလဲ။  အခုလက်ရှိ အစိုးရ ကကော ဘာတွေ လုပ်ပေးမှာလဲ။ ကျွန်တော်တို့ တိုင်းပြည်ကို ဦးဆောင်မယ့်သူက ဘယ်သူပဲ ဖြစ်ပါစေ။ တိုင်းပြည် တိုးတက်အောင်၊ အခြေအနေ တိုးတက်အောင် ဦးဆောင်ပေးနိုင်တဲ့ သူတွေ ဘက်ကို ကျွန်တော် လိုက်မှာပါပဲ။ ကျွန်တော့်မှာ ပုဂ္ဂိုလ်စွဲ မရှိပါဘူး။ သာရင် ကူးတတ်ကြတဲ့ လူတွေ အတွက်လည်း ကျွန်တော် သီချင်းစပ်ထားပါတယ်။ သာကူး နဲ့နှာဘူး၊ နှာဘူး နဲ့ဂန်ဒူး၊ ဂန်ဒူးနဲ့ အာလူး ဆိုပြီး စပ်ထားတယ်။ ထွက်လာပါလိမ့်မယ်” လို့ပြောပါတယ်။ ဆက်လက်ပြီး သားစိုးက ဧပြီ ၁ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက် ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် ပါတီတွေနဲ့ ပတ်သက်ပြီးလည်း ”အရင် ကျော်ဖြတ်ခဲ့ရတဲ့ သင်ခန်းစာ အဟောင်းတွေကို ယူပြီးတော့ အခု လက်ရှိမှာ ဘယ်လိုလုပ်ကြမလဲ ဆိုတာကို ကြည့်ရမယ်။ ကြည့်ပြီးတော့မှ ကျွန်တော်တို့က ဘယ်ဟာက အကောင်းဆုံး ဖြစ်နိုင်မလဲပေါ့။ ကိုယ့်တိုင်းပြည် အတွက် တကယ်ကောင်းတဲ့ သူကို ကျွန်တော် တို့က တကယ် ထောက်ခံမှာပါ။ လောလောဆယ် မှာတော့ ဘယ်သူ့ဘယ်သူကိုမှ ကျွန်တော် မပြောနိုင်သေးပါဘူး။ ကျွန်တော့် အနေနဲ့ နိုင်ငံရေးအစွဲ လည်းမရှိပါဘူး။ တိုင်းပြည် ကောင်းစားဖို့ အတွက် ဘာကိုမှ မစဉ်းစားဘဲနဲ့ တိုင်းပြည် အကျိုးကိုပဲ စဉ်းစားပြီး လုပ်တဲ့ အဖွဲ့အစည်း ၊လူပုဂ္ဂိုလ်ကိုပဲ ကျွန်တော် ထောက်ခံ သွားမှာပါ” လို့ ပြောပါတယ်။

(လင်းအက္ခရာ)

ဆိုပြီးပါလာပါတယ် ...

သူ့ဘာသာ ဘာပြောပြော ဘယ်လို နေနေ ကျွန်တော် ဘယ်လို မှ အလေးမထားသလို ခံစားနေဖို့တောင် စိတ်ကူးမရှိပါဘူး ဒါပေမယ့် သူငယ်ချင်းတစ်ယောက် က တို့ထိ လာလို့ ဖတ်လိုက်မိတဲ့ ... သူပြောခဲ့တဲ့ ... စကားတစ်ခွန်းက ကျွန်တော့် ရင်ဝ ကို ဆောင့်ကန် ခံလိုက်ရသလို ခံစားလိုက်ရပါတယ် ..

" ဒေါ်အောင်ဆန်းစုကြည်က ကော ကျွန်တော်တို့ကို ဘာတွေလုပ်ပေးမှာလဲ "..  တဲ့
အမေစု ဘာတွေ လုပ်ပေးခဲ့ပြီးပြီလဲ

ခုထိလဲ အမေစု ဘာတွေ လုပ်ပေးနေသလဲ ဆိုတာ သားစိုး အိမ်ရှေ့ ဆိုက်ကားဂိတ် က ဆိုက်ကားသမားတွေ နဲ့ သူတို့ ထိုင်တဲ့ လဖ္ဘက်ရေဆိုင်က စားပွဲထိုးတွေ ကို မေးရင်တောင် သိနိုင်တဲ့ အဖြေပါ

အမေစု ကိုတောင် ဒီလိုမေးခွန်းထုတ်ရအောင် သူဟာ မြန်မာ့အကျိုးကို ဘယ်တုန်းက ဘယ်လောက် သယ်ပိုးခဲ့ပါသလဲ
မြန်မာတွေ အတွက် သူဘယ်လောက် အနစ်နာခံခဲ့ဖူးပါသလဲ

သားစိုးဆိုတာ မနေ့တနေ့ကမှ နတ်ဆိုင်းသံတွေကို Drum Machine နဲ့တွဲပြီး မြန်မာသံစဉ်ကို ရုပ်ပျက်ဆင်းပျက် ဖျက်ဆီး အမြတ်ထုတ် ခဲ့တဲ့ ပေါ်ပင်လိုက် တောကြိုက် အညတြ ကောင်ပါ

ဒီလိုကောင်က ခုမှ နားထင်သွေးရောက်ပြီး အမေစု ကိုရော
အမေစု ကို ထာဝရ လေးစာချစ်ခင်ခဲ့ ပေသော်လည်း လက်ရှိ အစိုးရရန်ကိုကြောက်နေရလို့ မခေါ်ပြောရဲပေမယ့် ကိုသူရ ဦးဆောင်ဖိတ်ခေါ်မှုကြောင့် ပူးပေါင်းပါဝင် ကျိုးစားနေစဖြစ်တဲ့ အနုပညာ သမားတွေ အားလုံးကို ...

သာရင် ကူးတတ်ကြတဲ့ လူတွေ အတွက်လည်း ကျွန်တော် သီချင်းစပ်ထားပါတယ်။
သာကူး နဲ့ နှာဘူး၊ ၊ နှာဘူး နဲ့ ဂန်ဒူး ၊ ဂန်ဒူး နဲ့ အာလူး ဆိုပြီး စပ်ထားတယ်။ ထွက်လာပါလိမ့်မယ် ” 
 လို့ တိုက်ရိုက်စော်ကားလိုက်ပါတယ် ၊

ဒီတော့ ကျွန်တော့်မှာလဲ ကျွန်တော့် အသိုင်းအဝိုင်းထဲမှာ မသန့်တဲ့သွေးကိုဖေါက်ထုတ်ဖို့ တာဝန်တစ်ခုရှိလာပါတယ်

တစ်ကယ်တန်း သားစိုး ဆိုတဲ့ ချာတိတ် ပြောတဲ့ စကားကမှ သူကတော့ တကယ် မသေချာမခြင်း ဘယ်သူနဲ့မှ မပေါင်းစည်းဘူး ဆိုတဲ့ သာကူးအစစ်ရဲ့ အတ္တကို ကွတ်တိထင်ဟပ်နေတာ လုံးဝ သိသာထင်ရှားပါတယ် ..

ဒါကြောင့် ကျွန်တော်ချစ်တဲ့ မိတ်ဆွေ ပရိသတ်ကြီးကို ကနေ့ကစပြီး ဘာမဟုတ်တဲ့ ပါမွှား နတ်ကတော် သားစိုး ရဲ့ နတ်ဆိုင်းသီချင်းတွေ ကို ဒေါ်အောင်ဆန်းစုကြည် ကိုသူရ ကိုမင်းကိုနိုင် ကိုကိုကြီး ကိုဌေးကြွယ် အစရှိတဲ့ သူရဲကောင်းတို့ရဲ့ မျက်နှာကို ထောက်ထားခြင်းအားဖြင့် လုံးဝ ဆန့်ကျင် ဖို့ အားမပေးဖို့ တိုက်တွန်းလိုက်ပါတယ် ...

သားစိုး ဒီစာကိုဖတ်မိမယ်လို့ မျှော်လင့်သလို ဖတ်မိတဲ့အခါမှာ အရာအားလုံးက နောက်ကျသွားလေပြီဆိုတာ သူသဘောပေါက်သွားမယ်လို့ မျှော်လင့်ပါတယ် ..

ကျွန်တော် ဘယ်တော့မှ သည်းမခံမယ့် အထိခိုက် အပုတ်ခတ် မခံမယ့် ကျွန်တော်ချစ်တဲ့သူတွေ စာရင်းမှာပါတဲ့ အမေစု ကိုစော်ကားလာရင် ကျွှန်တော် ဘယ်တော့မှ ဘာအကြောင်းပြချက် နဲ့မှ သည်းခံ နားလည် ပေးမှာ မဟုတ်ဘူးဆိုတာ ပြင်းထန်စွာသတိပေးလိုက်ပါတယ်  ...


ထာရမေတ္တာဖြင့်


မျိုးချစ်မြန်မာ

15 Jan 2012

*လောကနီတိ (၁)*

“နီတိ” ဟူသော ဝေါဟာရသည် သင်္သကရိုက်ပါဠိ ဘာသာစကားဖြစ်၍ လမ်းညွှန် ဟု အဓိပ္ပာယ် ဖွင့်ဆို နိုင်ပေသည်။ လောက လူသားတို့ သိမှတ် လိုက်နာအပ်သည့် လူမှုကျင့်ဝတ်နှင့် လူမှုစည်းကမ်းများ ဆိုင်ရာ ထုတ်ဖော် လမ်းညွှန်ထားချက်များကို ပေါင်းရုံး၍ လောကနီတိ ဟု ခေါ်ဝေါ်သုံးနှုန်းခြင်း ဖြစ်သည်။
လောကနီတိသည် ဘုရားဟော မဟုတ်ဟုဆိုနိုင်သော်လည်း ဘုရားဟောကျမ်းဂန် များစွာမှ လောကီရေးရာများနှင့် ပတ်သက်သည့် အဆိုအမိန့်များ၊ ရှေးသူဟောင်းတို့ ထားရစ်ခဲ့သော စကားပုံများ၊ မှတ်သားလိုက်နာဖွယ် အဆိုအမိန့်များ၊ သင်ခန်းစာရယူဖွယ် ဇာတ်ကြောင်းပုံပြင်များမှ ကောင်းနိုးရာရာများကို စုစည်းဖော်ထုတ်၍ ထည့်သွင်းပြုစုထားသော ကျမ်းဖြစ်ပါသည်။ ဤကျမ်းသည် ဘာသာမရွေး၊ လူမျိုးမရွေး အရွယ်သုံးပါး လိုက်နာအပ်သည်ဖြစ်၍ အထူးပင် နှစ်လိုဖွယ် ကောင်းလှပါပေသည်။
နီတိကျမ်းများစွာရှိသည်ဖြစ်ရာ ထင်ရှားသော နီတိကျမ်းများမှာ ငါးကျမ်းရှိသည်ဟု ဆို၏။ ယင်းတို့သည်ကား ကျွန်းနီတိ၊ လောကနီတိ၊ ရာဇနီတိ၊ ဓမ္မနိတိနှင့် မဟာရဟနီတိ တို့ဖြစ်ပါသည်။ လောကီနီတိသည် လူအများသိသော ကျမ်းတစ်စောင်ဖြစ်ပါသည်။ မြန်မာတို့အတွက် လောကနီတိကျမ်းကို သက္ကရာဇ် ၇၀၄ ခုနှစ်တွင် သီဟသူရ မင်းလက်ထက်၌ အမတ်ပညာရှိကြီး စတုရင်္ဂဗလက ကျမ်းအစောင်အစောင်မှ သင့်နိုးရာရာကို ကောက်နုတ်ပြင်ဆင်၍ ပါဠိဘာသာဖြင့် ရေးသားပြုစုခဲပါသည်။ စတုရင်္ဂဗလ၏ ကျမ်းရင်းကို ဘကြီးတော်မင်းတရားကြီးလက်ထက် သက္ကရာဇ် ၁၁၉၆ တွင် စက္ကိဒ္ဓဘီသီရိသဒ္ဓမ္မ ဓဇ မဟာရာဇဓိရာဇ ဂုရု ဘွဲ့တံဆိပ်တော်ရ အောင်မြေဘုံစံ အုတ်ကျောင်းဆရာတော် ဦးဗုဓ်က မြန်မာပြန်ဆိုခဲ့ပါသည်။
လောကနီတိကျမ်းကို လေ့လာသင်ကြားသူအဖို့ -
သာရော = အနှစ်သာရ မည်၏။
မာတာပီတု = မိဖသဖွယ် မည်၏။
အာစရိယော = ဆရာသမားနှင့် တူ၏ ။
မိတ္တော = မိတ်ဆွေနှင့် တူ၏ ဟူသော ဂုဏ်လေးမျိုး ရှိလေသည်။ အကျိုးတရားများမှာ -
ဥာဏိ = ဥာဏ်ကြီးရှင် ဖြစ်နိုင်ခြင်း
မဟာ = ကြီးကျယ် မြင့်မြတ်သူ ဖြစ်နိုင်ခြင်း
ဗဟုသုတော = အကြားအမြင် များနိုင်ခြင်း ဟူသော အကျိုးကျေးဇူးများလည်း ရရှိနိုင်လေသည်။ ထို့ကြောင့် လူအများ လိုက်နာကျင့်သုံးဖွယ်ရာ၊ မှတ်သားဖွယ်ရာ ဗဟုသုတ ရရှိစေရန်အလို့ငှာ လောကနီတိ စာအုပ်မှ ကူးယူးပြီး ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။

အခန်း (၁)
ပဏ္ဍိတ ကဏ္ဍ
ပညာရှိတို့ကိုဆိုသောအခန်း
(၁)။ ပျင်းသောသူအား အတတ်ပညာ အဘယ်မှာ တတ်အံ့နည်း။ အတတ်ပညာ မရှိသောသူအား ဥစ္စာအဘယ်မှာ ရအံ့နည်း။ ဥစ္စာမရှိသောသူအား အဆွေခင်ပွန်းအဘယ်မှာ ရအံ့နည်း။ အဆွေခင်ပွန်းမရှိသောသူအား ချမ်းသာ အဘယ်မှာ ရအံ့နည်း။ ချမ်းသာမရှိသောသူအား ကောင်းမှုအဘယ်မှာ ရအံ့နည်း။ ကောင်းမှုမရှိသောသူအား နိဗ္ဗာန် အဘယ်မှာ ရနိုင်အံ့နည်း။
(၂)။ အတတ်နှင့်တူသော ဥစ္စာသည်မရှိ။ အတတ်ကိုခိုးသူတို့သည် မယူနိုင်ကုန်။ ဤလောက၌ အတတ်သည်ကား အဆွေခင်ပွန်းဖြစ်၏။ တမလွန်ဘ၀၌ ချမ်းသာကို ဆောင်တတ်၏။
(၃)။ အကြားအမြင်ပညာကို နည်း၏ဟူ၍ မအောက်မေ့ရာ။ မိမိစိတ်ထဲ၌ သွင်းထားရာ၏။ တောင်ပို့၌ ရေပေါက်သည် ကျဖန်များစွာ ကြာရှည်သဖြင့် ပြည့်သကဲ့သို့တည်း။
(၄)။ နှုတ်မှုပညာကို လည်းကောင်း၊ လက်မှုပညာကိုလည်းကောင်း ငယ်သည်ဟူ၍ မအောက်မေ့ရာ။ ကုန်စင်အောင် တတ်မူကား တစ်ခုသော အတတ်သည်လည်း အသက်မွေးဝမ်းကျောင်း ဖြစ်ပါသည်သာလျှင်တည်း။
(၅)။ သုတနှင့်ပြည့်စုံသော ပညာရှိသည် အကြင်အရပ်၌ ရှိ၏ဟူ၍ ကြားငြားအံ့၊ ထိုအရပ်သို့ သုတရှာသော အမျိုးကောင်းသားသည် သည်းစွာအားထုတ်၍ သွားရာသည်သာလျှင်တည်း။
(၆)။ အတတ်ကို ဖြည်းဖြည်းသင်ရာ၏၊ ဥစ္စာကို ဖြည်းဖြည်းရှာရာ၏၊ တောင်ကို တက်သောသူသည် ဖြည်းဖြည်းတက်ရာ၏၊ ကာမဂုဏ်ကို ဖြည်းဖြည်းလိုရာ၏၊ အမျက်ကို ဖြည်းဖြည်းထွက်ရာ၏၊ ဤငါးပါးတို့ကို ဖြည်းဖြည်းအလိုရှိရာ၏။
(၇)။ အကြားအမြင်အတတ်သည် လည်းကောင်း၊ ဓမ္မအတတ်သည် လည်းကောင်း၊ သင်္ချာဂဏန်း အတတ်သည်လည်းကောင်း၊ တံစည်းစူးဆောက် အတတ်သည်လည်းကောင်း၊ နီတိကျမ်းအတတ်သည် လည်းကောင်း၊ ယာယီယတြာစသော ဗျာကရိုဏ်း အတတ်သည် လည်းကောင်း၊ စောင်းစသော ကဗျာအတတ်သည်လည်းကောင်း၊ လက်ပစ်အတတ်သည် လည်းကောင်း၊ ဒူးလေး လင်းလေး အတတ်သည် လည်းကောင်း၊ စကားဟောင်းအတတ်သည် လည်းကောင်း၊ ဆေးအတတ်သည် လည်းကောင်း၊ ရယ်ရွှင်မှု အတတ်သည်လည်းကောင်း၊ ဗေဒင်အတတ်သည်လည်းကောင်း၊ လှည့်ပတ်တတ်သောအတတ်သည လည်းကောင်း၊ ဆန်းကျမ်းအတတ်သည် လည်းကောင်း၊ သံတမန်အတတ်သည် လည်းကောင်း၊ မန္တန်အတတ်သည် လည်းကောင်း၊ သဒ္ဒါကျမ်းအတတ်သည် လည်းကောင်း ဤသည်တို့ကား ဆယ့်ရှစ်ပါးသော အတတ်တို့တည်း။
(၈)။ လောက၌ ပညာရှိသူသည် မမေးမူကား စည်ကြီးသဖွယ်ဖြစ်၏။ သူတည်း မေးမူကား မိုးကြိုးသဖွယ်ဖြစ်၏။ လူမိုက်သည် မေးသော်လည်းကောင်း၊ မမေးသော်လည်းကောင်း အခါခပ်သိမ်းများစွာလည်း ဟောတတ် ပြောတတ်သည်သာလျှင်တည်း။
(၉)။ လောက၌ ပေတို့၌ အကြင်အတတ်သည် လည်းကောင်း၊ သူတပါးတို့၏ လက်တို့၌ အကြင်ဥစ္စာသည် လည်းကောင်း ရှိ၏။ ပြုဖွယ်ကိစ္စသည် ဖြစ်လတ်သော် ထိုပေ၌ရှိသော အတတ်သည် လည်းကောင်း၊ အတတ်မမည်။ ထိုသူတစ်ပါးတို့၏ လက်၌ရှိသော ဥစ္စာသည်လည်း ဥစ္စာမမည်။
(၁၀)။ လောက၌ ရေတိမ်ရေနက်ကိုကား ပုဒ္ဒမာကြာကို မြင်သဖြင့် သိအပ်၏။ အမျိုးယုတ်မြတ်ကိုကား ကိုယ်အမူအရာ၊ နှုတ်အမူအရာအားဖြင့် သိအပ်၏။ မြေကောင်းမကောင်းကိုကား မြက်ညှိုးမညှိုးကို မြင်သဖြင့် သိအပ်၏။
(၁၁)။ လောက၌ နည်းသောသုတရှိသူသည် နည်းသော သုတကို အများအောက်မေ့တတ်၏။ မာန်မာနရှိတတ်၏။ အဘယ်သို့နည်းဟူမူကား သမုဒ္ဒရာရေပြင်ကို မမြင်ဘူးသော ဖားသူငယ်သည် တွင်းဝ၌ ရေကို အများထင်သကဲ့သို့တည်း။
(၁၂)။ လောက၌ ပထမအရွယ်၌ကား အတတ်မရတုံအံ့။ ဒုတိယအရွယ်၌ကား ဥစ္စာမရတုံအံ့။ တတိယအရွယ်၌ကား တရားမရတုံအံ့။ စတုတ္တအရွယ်တိုင်မှာကား အဘယ်မူစအံ့နည်း။
(၁၃)။ ချစ်သားတို့ ... အတတ်ပညာသင်ကုန်လော့။ အဘယ်ကြောင့် ပျင်းရိဘိသနည်း။ ချစ်သားတို့ နေ့တိုင်း နေ့တိုင်း အတတ်ပညာ သင်ကုန်လော့။ အတတ်ပညာ မရှိသောသူသည် သူ၏ ၀န်ထမ်းဖြစ်တတ်၏။ အတတ်ပညာရှိသူကို လောက၌ သူတစ်ပါးတို့ ပူဇော်အပ်၏။
(၁၄)။ အကြင်အမိသည် သားငယ်ကို အတတ်ပညာသင်မပေး။ အတတ်ပညာသင်၍ မပေးသော အမိသည် ရန်သူမည်၏။ အကြင်အဖသည် အတတ်ပညာ သင်၍မပေး။ အတတ်ပညာသင်၍ မပေးသော အဖသည် ရန်သူမည်၏။ ထိုအတတ်ပညာ မရှိသောသူသည် ဟင်္သာတို့အလယ်၌ ဗျိုင်းကဲ့သို့ သဘင်အလယ်တွင် မတင့်တယ်။
(၁၅)။ တောင်ချောက်ကြား၌ ရောက်သောဆူးကို ဘယ်သူထက် စိမ့်ချွန်သနည်း။ မိမိ အလိုလိုသာလျှင် ထက်ပချေ၏။ သမင်တို့၏ မျက်စိ၌ ဘယ်သူမျက်စဉ်းခတ်၍ ကြည်သနည်း။ မိမိအလိုလိုသာလျှင် ကြည်ပချေ၏။ ညွန်၌ကြာကို ဘယ်သူအနံ့ကောင်း ထည့်ပေးချေသနည်း။ အလိုလိုသာလျှင် အနံ့ကောင်းထုံ၏။ အမျိုးကောင်းသား၏ သဘောသည် ဘယ်သူပြု၍ ဖြစ်သနည်း။ မိမိအလိုသာ ဖြစ်ပချေ၏။
(၁၆)။ ထုံးမရှိသော ကွမ်းသည် အရသာမရှိ။ ဥစ္စာမရှိသူ၏ တန်ဆာဆင်ခြင်သည်လည်း အရသာမရှိ။ ဆားမရှိသော စားဖွယ်သည်လည်း အရသာမရှိ။ အတတ်မရှိသောသူ၏ ပျို့ကဗျာ ဖွဲ့ခြင်းသည်လည်း အရသာမရှိ။
(၁၇)။ နာခြင်း မှတ်ခြင်း၌ ကောင်းစွာ အားတုတ်သော သူသည် သုတဖြင့် ပြည့်စုံ၏။ သုတပညာဖြင့် ပွား၏။ သုတပညာဖြင့် အနက်ကိုသိ၏။ သိအပ်သော အနက်သည် ချမ်းသာကို ဆောင်၏။
(၁၈)။ လောက၌ အစာစားခြင်းသည် လည်းကောင်း၊ မေထှန်မှီဝဲခြင်းသည် လည်းကောင်း၊ အိပ်ခြင်းသည် လည်းကောင်း၊ နွား၌လည်းကောင်း၊ ယောက်ျား၌ လည်းကောင်း ရှိ၏။ အတတ်ပညာ ဟူသည်ကား ယောက်ျားအား အထူးပေးတည်း။ အတတ်ပညာမှ ယုတ်ခဲ့မူကား နွားနှင့်တူသည် ဖြစ်၏။
(၁၉)။ လောက၌ အတတ်ပညာနှင့်တူသော အဆွေခင်ပွန်းသည် မရှိ။ အနာနှင့်တူသော ရန်သူသည် မရှိ။ ကိုယ်နှင့်တူသော ချစ်သော သူမည်သည် မရှိ။ ကံနှင့် တူသော အားသည်မရှိ။
(၂၀)။ လောက၌ ဟင်္သာသည် ကျီးတို့၏အလယ်၌ မတင့်တယ်။ ခြင်္သေ့သည် နွားတို့၏ အလယ်၌ မတင့်တယ်။ မြင်းသည် မြည်းတို့၏ အလယ်၌ မတင့်တယ်။ လူမိုက်တို့၏ အလယ်၌ ပညာရှိသည် မတင့်တယ်။
(၂၁)။ သူမိုက်သည် အသက်ထက်ဆုံးလည်း ပညာရှိကို အကယ်၍ ဆည်းကပ်ငြားအံ့၊ ထိုသူမိုက်သည် တရားကိုမသိ။ အဘယ်ကဲ့သို့ နည်းဟူမူ ယောက်မသည် ဟင်း၏ အရသာကို မသိသကဲ့သို့တည်း။
(၂၂)။ ပညာရှိသည် ခဏမျှလည်း ပညာရှိကို အကယ်၍ ဆည်းကပ်ငြားအံ့။ တရားကိုသိ၏။ အဘယ်ကဲ့သို့ နည်းဟူမူကား လျှာသည် ဟင်း၏ အရသာကို သိသကဲ့သို့တည်း။
(၂၃)။ ရဲရင့်သောသူသည် လက်နက်ကို ကင်း၍ စစ်မြေအရပ်သို့ မသွားရာ။ ထို့အတူ ပညာရှိသည် ကျမ်းဂန်ကို ကင်း၍ စကားမဆိုရာ။ အဓွန့်ရှည်သော ခရီးသို့သွားသော ကုန်သည်သည် အဖော်ကင်း၍ မသွားရာ။ အရပ်တစ်ပါးသို့ သွားသောသူသည် အဖော်ကို ကင်း၍ မသွားရာ။
(၂၄)။ လောက၌ ဥစ္စာပျက်ခြင်းသည် လည်းကောင်း၊ နှလုံးပူပန်ခြင်းသည် လည်းကောင်း၊ အိမ်၌ မကောင်းမှုကို ကျင့်ခြင်းတို့ကို လည်းကောင်း၊ လှည့်ပတ်ခြင်းကို လည်းကောင်း၊ မထီမဲ့မြင် ပြုခြင်းကိုလည်းကောင်း၊ ပညာရှိသည် ထင်ရှားမပြရာ။
(၂၅)။ လောက၌ အရေးအခွင့်ရောက်သည်နှင့် လျော်သောစကားကို လည်းကောင်း၊ ကိုယ်အား လျောက်ပတ်သော ချစ်အပ်သောသူကို လည်းကောင်း၊ ကိုယ်နှင့် တန်ရုံသော အမျက်ကို လည်းကောင်း အကြင်သူသည် သိတတ်၏။ ထိုသူသည် ပညာရှိမည်၏။
(၂၆)။ ဥစ္စာမရှိဘဲလျက် အရသာ စားကြူးသောသူ၊ ခွန်အားမရှိဘဲလျက် အသတ်အပုတ် ကြိုက်တတ်သောသူ၊ ပညာမရှိဘဲလျက် စကားလိုလားသောသူ၊ ဤသူတို့ကား သူရူးနှင့် တူကုန်၏။
(၂၇)။ သူမခေါ်ဘဲ သူ့အိမ်သို့ သွားဖန်များသောသူ၊ သူမမေးဘဲ စကားများများပြောတတ်သောသူ၊ မိမိဂုဏ်ကျေးဇူးကို ပလွှားတတ်သောသူ၊ ဤသုံးပါးသည် သူယုတ်၏ လက္ခဏာတည်း။
(၂၈)။ အဆင်းမလှသော သူသည် စကားများတတ်၏။ ပညာနည်းသောသူသည် ထင်ရှား ပြတတ်၏။ ရေမပြည့်သော အိုးသည် ချောက်ချားတတ်၏။ နို့ရည်မထွက်သော နွားမသည် ကျောက်ကန်တတ်၏။
(၂၉)။ ဖားသူငယ်သည် ဆောင့်ကြောင့်ထိုင်တတ်ကာမူ ခြင်္သေ့ဟုထင်၏။ ကျီးတည်းချီးမူကား ချစ်ဆွေ ချစ်ဆွေဟု မြည်တတ်၏။ ပညာမရှိသော သူမိုက်သည်လည်း မိမိကိုယ်ကို ပညာရှိ ထင်ခြင်းကြောင့် ပညာရှိတို့သည် မေးလတ်သော် ငါ့ရှင်ငါ့ရှင်ဟု ချစ်စဖွယ်သော စကားကို ဆိုတတ်၏။
(၃၀)။ ဖားသူငယ်သည်လည်း ဆောင့်ကြောင့်ထိုင်ခြင်းတူမူကား ခြင်္သေ့ တူကောင်းအံ့လော။ ၀က်သည်လည်း အုတ်အုတ်မြည်တတ်ကာမူ ကျားသစ် တူကောင်းအံ့လော။ ကြောင်သည်လည်း အဆင်းသဏ္ဌာန်တူကာမူ ကျားတူကောင်းအံ့လော။ ပညာရှိတို့သည်လည်း အတတ်ချင်း တူကောင်းအံ့လော။
(၃၁)။ မင်းတို့သဘော မည်သည့်ဥစ္စာ၌ ရောင့်ရဲခြင်းမရှိ။ မျက်စိသည်လည်း ချစ်သောသူကို မြင်ခြင်း၌ ရောင့်ရဲခြင်းမရှိ။ သမုဒ္ဒရာသည် ရေ၌ ရောင့်ရဲခြင်း မရှိ။
(၃၂)။ အဆင်းအရွယ်နှင့် ပြည့်စုံခြင်းမူလည်း၊ ပြန့်ပြောကြွယ်ဝသော အမျိုး၌ ဖြစ်လျှင်မူလည်း အတတ်ပညာမှ ယုတ်ခဲ့မူကား မတင့်တယ်ကုန်။ ပေါက်ပန်းတို့သည် အနံ့ကင်းကုန်သကဲ့သို့တည်း။
(၃၃)။ လောက၌ အမျိုးယုတ်သောသူ၏ သားဖြစ်လျက် မင်း၏ အမတ်ဖြစ်တတ်၏။ လူမိုက်၏ သားဖြစ်လျက်လည်း ပညာရှိဖြစ်တတ်၏။ ဥစ္စာမရှိသောသူ၏ သားဖြစ်လျက်လည်း ဥစ္စာများတတ်၏။
(၃၄)။ အကြင်တပည့်သည် အတတ်ပညာလိုသဖြင့် အထူးထူးအပြားပြားများစွာ သင်တတ်၏။ ထိုတပည့်လည်း အတတ်ကို အိပ်မက်ကိုမြင်သော သူအကဲ့သို့ ပြန်ဆိုခြင်းငှာ မစွမ်းနိုင်ရာ။
(၃၅)။ အိုးထိန်းသည်သည် အိုးကို ကွဲစိမ့်သောငှာ မခတ်၊ တင့်တယ်စိမ့်သောငှာ ခတ်၏။ ဆရာသည် တပည့်တို့အား အပယ်ဆင်းရဲသို့ ကျစေခြင်းငှာ မပုတ်ခတ်၊ အတတ်ပညာ အစီးအပွားဟူသော အကြောင်းကြောင့် ပုတ်ခတ်၏။
(၃၆)။ အကြင်သူသည် တောင်ဇလပ်ပန်းကိုလျှင် ပေါက်ဖက်နှင်ထုပ်၏။ ထိုသူ၏ တောင်ဇလပ်ပန်း သည်သာလျှင် ကောင်းသောအနံ့ကို လှိုင်စေသည်ကား မဟုတ်၊ ပေါက်ဖက်တို့သည်လည်း ကောင်းသော အနံ့ကို လှိုင်စေကုန်၏။ ထို့အတူ ပညာရှိနှင့် ပေါင်းဖက်မှီဝဲရသော သူတို့ကို မှတ်အပ်၏။
 
ဆက်လက်ဖော်ပြပါမည်…
မိတ်ဆွေသူငယ်ချင်းများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေရှင်။
မြတ်လေးမွန်

12 Jan 2012

*****မင်္ဂလာသတင်းကောင်း*****





မြန်မာနိုင်ငံနဲ့ နိုင်ငံသူ/သားများ ကမ္ဘာမှာရင်ဘောင်တန်းနိုင်စေဖို့ မြန်မာပြည်သားတို့ ရဲ့ မျှော်လင့်ချက်တွေကို ရဲရဲရင့်ရင့်ဖြည့်ဆည်းပေးနေတဲ့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် နှင့် တာဝန်ရှိပုဂ္ဂိုလ်များအား လေးစားစွာဂုဏ်ပြုလိုက်ပါတယ်...




ပြည်သူတွေရဲ့အသံတွေကို နားထောင်ပြီး ပြည်သူတွေရဲ့ ဆန္ဒများကို လက်တွေ့ကျကျ ဖြည့်ဆည်းပေးခဲ့သော သမ္မတကြီး ဦးသိန်းစိန် ၏ လုပ်ရပ်များအား ဂုဏ်ယူဝမ်းမြောက်ပါတယ်ခင်ဗျာ သမ္မတကြီး ကျန်းမာချမ်းသာပါစေ ပြည်သူ့အကျိုးကို ထမ်းရွက်လို့ ပြည်သူချစ်သော ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ပါစေခင်ဗျား))




‎*****မင်္ဂလာသတင်းကောင်း*****


အကျဉ်းထောင်အသီးသီးရှိ အကျဉ်းသူ အကျဉ်းသား ၆၅၁ ဦးကို ဇန်န၀ါရီ ၁၃ ရက်မှ စတင်၍ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း ယနေ့ညနေ ၆ နာရီတွင် နိုင်ငံပိုင် ရုပ်သံ သတင်းဌာနများမှ ကြေညာလိုက်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက်လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးအတွက် လည်းကောင်း၊ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေးအတွက် လည်းကောင်း၊ လူသားခြင်းစာနာထောက်ထားမှုကို အလေးပေးသောအားဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေသော နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲနိုင်စေရေးအတွက် လည်းကောင်း အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသူ ၆၅၁ ဦးအား ဇန်နဝါရီလ ၁၃ ရက်နေ့မှ စကာ လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်ပါသည်။
လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သူများတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားများ ပါဝင်ကြောင်း
 အကျဉ်းဦးစီးဌာန(နေပြည်တော်) မှ စုံစမ်းသိရှိရသည်။
 

လွန်ခဲ့သော နာရီဝက်က အင်းစိန်ထောင်ရှေ့မြင်ကွင်း....

 

ဘူးသီးတောင်အကျဉ်းထောင်မှလွတ်မြောက်လာသော ကိုဌေးကြွယ်ကို တွေ့ရစဉ်
 
 
 ကိုမင်းကိုနိုင်
 

နေဘုန်းလတ် (ဘလော့ဂ်ဂါ)

သာယာဝတီထောင်မှ ပြန်လည်လွတ်မြောက်လာတဲ့ ၈၈မျိုးဆက်ကျောင်းသူ မနီလာသိန်းနှင့် ဆက်သွယ် မေးမြန်းချက်
 


ဦးခွန်ထွန်းဦး

တောင်ငူထောင်မှ လွှတ်မြောက်လာသော ဦးခွန်ထွန်းဦး





အရှင်ဂမ္ဘီရ မြောင်မြထောင်မှ လွတ်မြောက်လာ
အရှင်ဂမ္ဘီရ မြောင်မြထောင်မှ လွတ်မြောက်လာပြီးပါက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ မဂ္ဂင်ကျောင်းတွင် ရဟန်းခံမည်ဖြစ်ကြောင်း အရှင် ဂမ္ဘီရ၏မိခင် ဒေါ်ရေးက ပြောကြားခဲ့ပါသည်။ အရှင်ဂမ္ဘီရ ၂၀၀၇ နိုဝင်ဘာ (၄) တွင် အဖမ်းခံရပြီး ပုဒ်မ (၁၇)ခုဖြင့် ထောင်ဒဏ် (၆၈)နှစ်ကျခံထားရသူဖြစ်သည်။




ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း)


ယနေ့လွတ်မြောက်လာသည့် ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း) အား ရန်ကုန်မြို့ရှိ ၄င်း၏ နေအိမ်တွင် တွေ့ရစဉ်
နိုင်ငံရေးသို့ ၀င်ရောက်ဖွယ် ရှိ၊ မရှိနှင့် ပတ်သက်၍ "အခုထိတော့မစဥ်းစားရသေးဘူး။ အသက်လည်းကြီးပြီကွယ့်"ဟု ဦးခင်ညွန့်(ဗိုလ်ချုပ်ကြီးဟောင်း) က ပြောကြားခဲ့သည်။ အနာဂတ်အစီအစဉ်များနှင့်ပတ်သက်၍ ၄င်းက "အဘက အိမ်မှာပဲ မိသားစုတွေနဲ့ အေးအေးဆေးဆေး နေချင်သေးတယ်။ မိသားစုတွေနဲ့ မနေရတာ (၇) နှစ်ကျော်ပြီ။ သားတွေနဲ့လည်း အခုမှ တွေ့ရတာ။ သားက အခုမှရောက်တာ။"ဟု ပြောကြားခဲ့ပါသည်။

အကုန်လွတ်ပြီး အားလုးံပျော်ရွှင်တဲ့နေ့။

ကလေးထောင်
(၁) ဦးဂမ္ဘီရ

ကျောက်ဖြူထောင်
(၁) စစ်ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီးဟောင်း စိုးညွန့်
- နိုင်ငံရေး အကျဉ်းသား ၉ ဦး

ဘားအံထောင်
(၁) နေဘုန်းလတ် (ခ) နေမျိုးကျော်
(၂) ညဏ်လင်း
(၃) သန့်စင်အောင်
(၄) ကျော်ကျော်နိုင်
(၅) နန္ဒစစ်အောင်
(၆) ပြည့်ဖြိုးအောင်
(၇) ဦးညီပု (၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်)

တောင်ငူထောင်
(၁) ဦးခွန်ထွန်းဦး
(၂) စိုင်းညွန့်လွင်
- ၁၃ ဦးတွင် ၁၃ ဦးလုံး လွှတ်

တောင်ကြီးထောင်
(၁) ဂျင်မီ
(၂) မြအေး
(၃) ဇော်သက်ထွေး
(၄) ကျော်ကိုကို
(၅) ဇော်မင်းဦး
(၆) ကိုဇော်ဝင်း
(၇) ကိုအောင်ကျော်ကျော်
(၈) သူရစိုး
(၉) မန်းဇော်ထွေး
(၁၀) ကိုမောင်ကံ

လားရှိုးထောင်
(၁) ကိုမင်းဇေယျာ
(၂) ကိုမင်းဟန်
(၃) မဟန်နီဦး

ဘူးသီးတောင်ထောင်
(၁) ဌေးကြွယ်
(၂) စည်သူမောင်
(၃) သန့်စင်မျိုး
(၄) အောင်ဇော်ဦး
(၅) ကျော်ဝင်းဆန်း
(၆) မောင်မောင်လတ်
(၇) ဦးပြည်ကျော်
(၈) ကျော်မင်း
၁၀ ဦးတွင် ၉ ဦးလွှတ်၊ ၁ဦးကျန်မ(အေးမင်းဖြိုး)

မြစ်ကြီးနားထောင်
(၁) သီဟသက်ဇင်
(၂) ကျော်ဝင်း
(၃) ကြည်စိုး
(၄) ဇေယျာအောင်
(၅) မျိုးမင်းသန်း
(၆) ဦးဝီရသူ

မြောင်းမြထောင်
(၁) စန္ဒာမင်း
(၂) ကိုကံမြင့်
(၃) ကပ်လန်ခွ

မိုင်းဆတ်ထောင်
(၁) ကိုကိုကြီး (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်)
(၂) ကရင်လေး စောနေထူး

မြင်းခြံထောင်
(၁) မသက်သက်အောင်

ရွှေဘိုထောင်
(၁) ကိုသက်ဇော်
(၂) မီးမီး (ခ) သင်းသင်းအေး

ဗန်းမော်ထောင်
(၁) ဦးဘမြင့် (အန်အယ်ဒီ အလုံမြို့နယ်)
(၂) ဒေါ်မာမာဦး (၈၈ မျိုးဆက်)
(၃) ကိုကျော်စွာဋ္ဌေး
(၄) ဒေါက်တာဝင့်သူ

သရက်ထောင်
(၁) ကိုမင်းကိုနိုင်
(၂) မင်းခေါင်ထွဋ်
(၃) တင်ထွဋ်ပိုင်
(၄) မင်းသိန်းထွန်း
(၅) သူရအောင်
(၆) ကိုကိုလှိုင်
(၇) ဂျော်လီထွန်း
- ၉ ဦးလွှတ်၊ ၉ ဦးကျန်

သာယာဝတီထောင်
(၁) မနီလာသိန်း
(၂) မကြည်ကြည်ဝါ
(၃) ဘိုဘို
(၄) ဦးရဲမြင့်
(၅) လွင်မိုးမြင့်
(၆) အောင်သန်း(ခေါ်)အောင်မိုး
(၇) ခင်လှိုင်(ခ)ဖိုးဆောင်း
(၈) ကျော်အောင်
(၉) ၀င်းထိုက်(ခ)ဦးရာဇဓမ္မ
(၁၀) ဆရာရဲ
- ၁၀ဦးတွင် ၁၀ဦးလွှတ်

Facebook မှ စုစည်းတင်ပြပါသည်။ 

သမိုင်းတွင်မဲ့ 13 Jan 2012 သောကြာနေ့ လေးအတွက် အမှတ်တရ။