26 Jul 2012

ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့ အကြောင်းသိကောင်းစရာ



ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့
အကြောင်းသိကောင်းစရာ
=====================
မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် ခရစ်နှစ်၂၀၁၂ခုနှစ် ယခုနှစ် သြဂုတ်လ ၂-ရက်နေ့တွင် ဝါဆိုလပြည့် ပါတော့မည်။ မြန်မာပြက္ခဒိန်အရ လေးနှစ်တိုင်း ဝါတစ်ခါ ထပ်သဖြင့် ပထမဝါဆို၊ ဒုတိယဝါဆိုဟု ခွဲခြားထားရသည်။ သို့တိုင် ဝါထပ်နှစ်တိုင်း ဒုတိဝါဆိုကိုသာ ဝါဆိုလပြည့်နေ့ဟု သတ်မှတ်ကြသဖြင့် (ပထမ ဒုတိယ ခွဲမနေဘဲ) ဝါဆိုလပြည့်ဟုသာ ရိုးရိုး ပင်သတ်မှတ်ကြသည်။
ဝါဆိုလသည် အရပ်ရှစ်မျက်နှာတိုင်း မိုးသားတို့ဖြင့် အုပ်ဆိုင်းသော အချိန်သမယ ဖြစ်သည်။ အာသဠှီနက္ခတ်နှင့် ယှဉ်သော ဂြိုလ်ခွင်ကာလ ဖြစ်သည်။ ဝဿန္တ မိုးလေးလတို့၏ ဥတုအစ ဖြစ်သည်။ ကောင်းကင်တစ်ခုလုံး မိုးချုန်းသံတို့ဖြင့် တဂျိန်းဂျိန်း မြည်သံပေးသော အခါသမယ ဖြစ်သည်။ ရဟန်းခံ ရှင်ပြုသော ကာလ ဖြစ်သည်။ အဖြူရောင် ပုန်းညက်ပန်းတို့ ပွင့်လန်းရာ ရာသီဦး ဖြစ်သည်။

မြန်မာဆယ့်နှစ်လ ရာသီပွဲတော်တွင် ဝါဆိုလ၏ အဓိပ္ပါယ်မှာ “ရဟန်းသံဃာတော်တို့ မိမိ၏ ကျောင်းအရာမ်အတွင်း၌ ဝါတွင်းသုံးလပတ်လုံး အရပ်တစ်ပါးသို့ မရွှေ့မပြောင်းဘဲ နေထိုင် သီတင်းသုံးခြင်းကို ရည်စူး၍ ဝါဆိုလ ခေါ်သည်” ဟု ဖွင့်ဆိုသည်။ ဝါဆိုလတွင် ရှင်၊ ရဟန်း ပဉ္စင်းခံသည့်လဟုလည်း သတ်မှတ်ကြသည်။ အကြောင်းကား ဝါတွင်းသုံးလအတွင်း ညအိပ် ခရီးသွားလာခွင့် မရှိသဖြင့် ရဟန်းသံဃာတော်များ အစုံအလင်ရှိကြသည်။ ထိုကြောင့် ရှင်၊ ရဟန်း ခံရန်၊ ပြုရန် အသင့်တော်ဆုံးလဟု ဆိုသင့်ပေသည်။

ထို့အပြင် ဗုဒ္ဓရှင်တော်ဘုရား မယ်တော်မဟာမာယာဒေဝီ ဝမ်းကြာတိုက်သို့ ပဋိသန္ဓေ ယူတော်မူသည့်နေ့၊ နိမိတ်ကြီးလေးပါးကို မြင်တော်မူ၍ တောထွက်တော်မူသည့်နေ့၊ ဘုရားအဖြစ်သို့ ရောက်ရှိကာ တရားဦး ဓမ္မစကြာ ဟောကြားတော်မူသောနေ့တို့သည် ဝါဆိုလပြည့်နေ့တွင် ဖြစ်ကြပါသည်။ ဗုဒ္ဓရှင်ဘုရား ပဋိသန္ဓေ တည်တော်မူခြင်း၊ ထွက်တော်မူ နန်းက ခွါခြင်း၊ တရားဦးဓမ္မစကြာ ဟောကြားခြင်းတို့သည် တိုက်ဆိုင်စွာ ဝါဆိုလပြည့်နေ့ချည်း ဖြစ်နေခဲ့သည်။
ထို့ကြောင့် “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်သံချို လဝါဆို” ဟူ၍ စပ်ဆိုထားကြသည်

(၁) ပဋိသန္ဓေတည်သည့်နေ့ -မဟာသက္ကရာဇ်-၆၇၊ ဝါဆိုလပြည့် (ကြာသပတေးနေ့ )

(၂) တောထွက်သည့်နေ့ - မဟာသက္ကရာဇ်-၉၇၊ ဝါဆိုလပြည့် (တနင်္လာနေ့ )

(၃) ဓမ္မစင်္ကြာတရားဦးဟောနေ့ - မဟာသက္ကရာဇ်-၁၀၃၊ ဝါဆိုလပြည့် (စနေနေ့ )

ထိုကြောင့်လည်း ဗုဒ္ဓဘာသာ တိုင်းပြည်မှန်သမျှ ဝါဆိုလပြည့်ကို နေ့ထူးနေ့မြတ် တစ်ရက်အဖြစ် သတ်မှတ်ထားကြခြင်း ဖြစ်နိုင်ပေသည်။

ref: facebook.com

25 Jul 2012

အသည်းရောဂါအတွက် ဆေး



အသည်းရောဂါခံစားနေရသော လူသားများ အတွက် ကျန်းမာလာဘ်တစ်ပါး ဝမ်းမြောက်စေသည့် သခွတ်ပြုတ်ဆေးရည် ..…( အသည်းရောဂါအတွက် ဆေး သိရှိစေရန် ထပ်မံတင်ပေးပါသည် )


ဘီပိုး စီပိုး အသည်းသမားများ သခွတ်ကိုသောက် ရောဂါပျောက်၏….( အသည်းရောဂါဖြစ်နေသော မိသားစုဝင်များအား စိတ်ချမ်းသာမှု့  ဖြစ်စေပြီး လူ့ သက်တမ်းအပြည့်နေနိုင်သောကြောင့် Mg Mandalay မှ လေးနက်စွာ မျှဝေပါသည် ။ )

အခုဖော်ပြသော သခွတ်အစွမ်းကြောင့် စီပိုး အသည်းသမားသည် ပိုးကောင်ရေ သိန်းချီရာမှ ဆယ်ဂဏန်းမျှသာကျန်ရှီတော့ပြီး ရောဂါမှာ သိသိသာသာ ပျောက်ကင်းသွားသလောက်ဖြစ်သွားသောကြောင့် အသည်းအထူးကု ဒေါက်တာ ခင်မောင်ဝင်း ဆရာကြီးကိုယ်တိုင်အံ့အားသင့်လို့  သခွတ်သောက်သော လူနာကို မှတ်တမ်းအပြု့ ခံလိုက်ရသော မြန်မာတို့ ၏ သခွတ်ပင် သာဖြစ်ပါသည် ။
ဆရာကြီးစီမှာ အသည်းအတွက် သောကများစွာ ငွေမြောက်များစွာ ကုန်ကျနေပြီးမှ ရရှိလာသော အစွမ်းထက်ဆေးနည်းလည်း ဖြစ်ပါသည် ထို စီပိုးလူနာ၏ ကိုယ်တွေ့ ဆေးဖြစ်သောကြောင့် လူနာကိုယ်တိုင်းမှ ဌင်းကဲ့သို့  ပိုက်ဆံ ရာပေါင်းများစွာ ကုန်ကျခြင်းလည်း မရှိစေဘဲ တကယ်လည်း သောက် တကယ် စီပိုးပျောက်ခဲ့ရလို့  သူကိုယ်တိုင်လည်း ဆေးကုသိုလ် ပြု့ နေပါသေးသည် ။

လုပ်ဆောင်သောက်သုံးရန်မှာ ….
သခွတ်ပင်၏ အပွင့် အရွက် အခေါက် တို့ကို ယူပါ အပွင့်နှင့်အရွက်ကိုတော့ နေအနည်းရသော နေရာမှာ အခြောက်ခံလိုက်ပါ ( လက်ဖက်ခြောက်လို့ လည်း သောက်သုံးလို့ ရနိုင်စေရန် အတွက် ) အခေါက်ကိုတော့ ရေဆေးပြီး ကြာရှည်သိမ်းထားလို့ ရအောင် နေဖန့် ဖန့် ပြပြီး အခေါက်ကို သုံးစွဲ ရပါမည် ။

ဆေးရည်ကျိုနည်း ….
ပထမဦးစွာ ဆေးကျိုရန်အတွက် မြေအိုးအသစ်တလုံးကို ရယူပါ 
မြေအိုးထဲ့တွင် သခွတ်ပွင့် ၊ အရွက် နှင့် အခေါက်တို့ ကို ရေနဲ့  သုံးခွက်တခွက်ကျော်ကျော်လောက် ပြုတ်ပြီး သောက်သုံးပေးပါ တနေ့ ကို သုံးကြိမ်( သို့  ) နှစ်ကြိမ်လောက် လုပ်ဆောင်သောက်သုံးပေးပါ ။ အခေါက်တစ်မျိုးတည်းကိုလည်း ကြိုချက်သောက်သုံးနိုင်ပါသည် ။ 
အရွက်အခြောက်နှင့် အပွင့်အခြောက်ကိုတော့ အောက်ဖော်ပြပါ အတိုင်း သောက်သုံးလည်း ရပါသည် ။

အရွက်ခြောက်နဲ့  အပွင့် ခြောက်အနည်းငယ်ကိုလည်း လက်ခြောက်ပုံစံပြုလုပ်ပြီးတော့လည်း ဆေးအဖြစ်သောက်သုံးနိုင်ပါသေးသည် ၊ လက်ဖက်ခြောက်ခပ်သည့် ပုံစံလို လက်ဖက်ခြောက်အစား သခွတ်အရွက်ခြောက်နှင့် အပွင့်ခြောက် အနည်းငယ်ထည့်ခပ် ရေနွေးကြမ်း သောက်သုံးသလို့ လည်း လုပ်သောက်ခြင်းဖြင့် အသည်းရောဂါအတွက် ကြိုတင်ကာကွယ်ခြင်း အကျိုးကျေးဇူးရရှိပါသည် ၊ 

သခွတ်ဆေးရည် သည် အသည်းနဲ့ ပတ်သက်သော အသည်းအဆီဖုံးခြင်းနှင့် ဘီပိုး စီပိုး အသည်းရောဂါ ဖြစ်နေသူများ အတွက် အကောင်းဆုံး ဆေးစွမ်းထက်မြတ်ပေးစွမ်းနိုင်သော သခွတ်ပင်၏ ကျေးဇူးများသာ ဖြစ်ပါတော့သည် ။

ရောဂါဟူသမျှ တခဏဖြစ်ကြပါစေ……

Ref: http://facebook.com

ပိဋကတ်(၃)ပုံမြန်မာပြန် စာအုပ်

ကျေးဇူးပြု၍ တဆင့် share ခြင်းဖြင့် သာသနာ ပြုကြပါ
ပိဋကတ်(၃)ပုံမြန်မာပြန် စာအုပ်ဖြစ်ပါတယ် 
download ဆွဲချင်သူများ
ဒီမှာ နှိပ်ပါ http://www.mediafire.com/?s0nt69m6ko8ek7s
(ကျေးဇူးတင်ပါတယ်)
http://www.facebook.com/BuddhismBeams

Credit:  Buddhism Beams(myanmar)'s photo.
 
ကျေးဇူးပြု၍ တဆင့် share ခြင်းဖြင့် သာသနာ ပြုကြပါ
ပိဋကတ်(၃)ပုံမြန်မာပြန် စာအုပ်ဖြစ်ပါတယ်
download ဆွဲချင်သူများ

ဒီမှာ နှိပ်ပါ http://www.mediafire.com/?s0nt69m6...

Ref: http://facebook.com

15 Jul 2012

တညင်းသီး နှင့် သူ၏အဆိပ်



အဆိပ်တွေနဲ့အသီး

အားလုံးသိကြတဲ့အသီးပါပဲ။ ကြိုက်တဲ.လူလည်း တော်တော်များမယ်ထင်ပါတယ်။
အထူးသဖြင်. အမျိုးသမီးတွေဖြစ်မယ်ထင်ပါတယ်။ အဲဒါကတော့တညင်းသီးပါ။
တညင်းသီးကို English လို Djenkol Bean လို.ခေါ်ပြီး၊ သူ.ရဲ. Scientific
name ကတော. Pithecolobium -lobatum လို.ဆိုပါတယ်။ တညင်းသီးမှာ လူကိုအကျိုးပြုတဲ. ဗီတာမင်ဓာတ်ပါဝင်မှု မရှိပါဘူး။ သူ.မှာ ပါဝင်တာကတော.လူကို ဒုက္ခပေး နိုင်တဲ. အဆိပ်ဓာတ်ပါ။ တညင်းသီးမှာ Djenkolic acid ဆိုတဲ.အဆိပ်တွေ ၀.၃% ကနေ ၁.၃% အထိပါဝင်ပါတယ်။ တညင်းသီးဟာ အဆိပ်သင်.တတ်တဲ.အစားအစာတစ်ခုဖြစ်ပါတယ်။ တညင်းသီးအဆိပ်သင်.တာကို Djenkilism လို.ခေါ်ပါတယ်။ အဆိုးရွားဆုံးကတော. ကျောက်ကပ်နှစ်ခုစလုံး တစ်ပြိုင်နက်ပျက်စီးပြီး
အသက်ဆုံးရှုံးတဲ.အထိ ဖြစ်နိုင်တာပါပဲ။ မြန်မာနိုင်ငံမှာ တညင်သီးပေါတဲ.ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရွေကျင်နဲ.သံတောင်ကြီးဒေသတွေမှာ တညင်းသီးအဆိပ်သင်.မှု အများဆုံးတွေ.ရပါတယ်။
တညင်းသီးပေါတဲ. ရာသီမှာ အဆိုးဆုံးဖြစ်ပြီး နှစ်စဉ် အဆိပ်သင်.မှုကြောင်.အသက်ဆုံးရှုံးမှုတွေ ရှိပါတယ်။ အထူးသဖြင်. အဆိပ်သင်.တဲ.အခါ ဆေးရုံတက်ရောက်ပြီး စနစ်တကျကုသမှု မခံယူရင်သေဆုံးဖို.လမ်း
ပိုများတယ်လို.ဆိုပါတယ်။

အဆိပ်သင်.ခြင်း

တညင်းသီးအဆိပ်ရဲ. ဖွဲ.စည်းပုံမော်လီကျုးကတော. အပ်ချောင်းပုံလေးတွေကိုပုတီးသီသလို သီထားတဲ.ပုံဖြစ်ပါတယ်။ တော်တော်ရှည်ပြီး တစ်ခုနဲ.တစ်ခုအလွယ်တကူ ချိတ်တွယ်နိုင်ပါတယ်။ ကျနော်တို. ခန္ဓာကိုယ်မှာ အဆိပ်တွေဝင်လာရင်အသည်းက ပျက်ပြယ်အောင်လုပ်ပေး ပါတယ်။ ကျောက်ကပ်ကတော.ခန္ဓာကိုယ်ကအညစ်အကြေးတွေကို စွန်.ထုတ်ပေးပါတယ်။ တညင်းသီးစားလိုက်ရင်ပါဝင်တဲ.အဆိပ်တွေဟာ သွေးထဲကို အရင်ရောက်သွားပါတယ်။ ပြီးတဲ.အခါ
အသည်းကိုရောက်ပါတယ်။ အသည်းဟာ ခန္ဓာကိုထဲကို ရောက်လာတဲ. အဆိပ်တွေကို
ပျက်ပြယ်အောင်လုပ်ပေးနိုင်ပေမယ့်
တညင်းသီးမှာပါတဲ. အဆိပ်ကိုတော.ပျက်ပြယ်အောင်
မလုပ်နိုင်ဘူးလို.ဆိုပါတယ်။ အဲဒီအခါ ကျောက်ကပ်ကနေစွန်.ထုတ်ဖို.ကြိုးစားရပါတယ်။ ဒါပေမယ်. တညင်းသီးအဆိပ်မော်လီကျုးရဲ.တည်ဆောက်ပုံကြောင်. ဆီးပြွန်ငယ်လေးတွေ ပိတ်ဆို.တတ်ပါတယ်။
နောက်ပြီးအပ်ချောင်းပုံအဆိပ်မော်လီကျုးတွေကထိုးလို. သွေးကြောလေးတွေပေါက်တတ်ပါတယ်။ အဲဒီအခါ ဆီးသွားရင် သွေးပါတာ၊ ဆီးသွားနည်းတာတွေဖြစ်လာပါမယ်။ ပိုပြီးဆိုးလာတဲ.အခါ ဆီးလမ်းကြောင်းပိတ်ပြီး ဆီးလုံးဝသွားလို.မရဖြစ်လာပါမယ်။ ကျောက်ကပ်နှစ်ခုစလုံးက ဆီးမထွက်နိုင်လို.
တင်းလာပြီး မခံမရပ်နိုင်အောင် နာကျင်လာပါမယ်။ သွေးထဲမှာ Ureaနဲ.အဆိပ်အတောက်တွေများလာပြီး
ဆေးရုံကို အချိန်မီ တက်ရောက်ကုသမှုမခံယူရင်အသက်သေဆုံးနိုင်ပါတယ်။ ဒါကို ရုတ်တရက်
ကျောက်ကပ်ပျက်စီးခြင်း (Acuterenal failure) လို.ခေါ်ပါတယ်။ ကျောက်ကပ်သန်.စင်စက် (Renal dialysis) နဲ.အချိန်မီကုသ နိုင်မှသာ အမြန်ဆုံးသက်သာမှာ ဖြစ်ပါတယ်။

တညင်းသီးစားမယ်ဆိုရင်

တညင်းသီးမှာပါတဲ. အဆိပ်ဓာတ်ဟာ ရေမှာအနည်းငယ်သာ ပျော်ဝင်တဲ.
အဆိပ်မျိုးဖြစ်ပါတယ်။ ပျော်ဝင်နှုန်းက ၀.၅% သာဖြစ်ပါတယ်။ တညင်းသီးကိုပြုတ်လိုက်ရင် အဆိပ်ဓာတ်နည်းနည်းသာ ပျော်ဝင်ပြီးပြည်.၀သွားတဲ.အတွက်အဆိပ်တွေ ထပ်ပြီးမပျော်နိုင်ပါဘူး။ ဒါကြောင်. ရေနဲ.ပြုတ်တဲ.အခါတစ်ကြိမ်တည်းနဲ. မလုံလောက်ပါဘူး။ အနည်းဆုံး သုံးကြိမ်မှ ငါးကြိမ်ထိ
ရေများများနဲ. ပြုတ်ရမှာဖြစ်ပါတယ်။ ပြုတ်ပြီတဲ. ရေတွေကိုလည်း သွန်ပစ်ပြီးရေအသစ်နဲ. ထပ်ပြုတ်ရမှာပါ။ ဒါဆိုရင်တော. အန္တရယ်တော်တော်လျော.သွားမှာပါ။တညင်းသီးအဆိပ်ဟာ 300ֹC ကျော်မှသာ ဓာတ်ပြယ်ပျက်စီးပါတယ်။ ရေဆူမှတ်ဟာ 100ֹC သာရှိတာကြောင်.ဘယ်လိုမှ ဓာတ်မပြယ်နိုင်ပါဘူး။ တကယ်လို.များမီးဖုတ်ပြီးစားရင် အဆိပ်တွေဟာ ဓာတ်လည်းမပြယ်၊ အပြင်လည်းမရောက်တော. 100%ခန္ဓာကိုယ်ထဲရောက်ပြီး ဒုက္ခပေးမှာဖြစ်ပါတယ်။
တညင်းသီးကို ဆားရည်မှာကြာကြာစိမ်ပြီးစာရင်တော. အဆိပ်တွေတော်တော်လေးလျော.နည်းသွားတယ်
လို.ဆိုပါတယ်။
တညင်းသီး အဆိပ်ဟာ ဆားရည်မှာ အလွယ်တကူပျော်ဝင်ပါတယ်။ သိပ္ပံနည်းအရ pH များလေလေ
ပျော်ဝင်မှု Solubility များလေလေဖြစ်ပါတယ်။

အနံ.ပြင်းပြင်း၊ အဆိပ်ပြင်းပြင်း

တညင်းသီးစားပြီးတဲ.အခါ ပါးစပ်မှာနံနေတာ၊ ဆီးသွားရင် အနံ.ဆိုးတာတွေဟာခန္ဓာကိုယ်ထဲမှာ အဆိပ်တွေဝင်နေပြီလို.ဆိုလိုတာပါပဲ။ တညင်းသီးအဆိပ်နဲ.ပတ်သက်ပြီး WHO(1970), South East Journal of Tropical Medicine(1978) စသဖြင်.ထုတ်ပြန်ရေးသားထားတာတွေလည်း
ရှိပါတယ်လို.ဆိုတယ်။
ဒါကြောင်.စားပြီးရင် ခန္ဓာကိုယ်ကိုလည်း ဒုက္ခပေးသလို အိမ်သာထဲမှာလည်း အနံ.ဆိုးပေးတဲ.
ဒီလိုအသီးကို တတ်နိုင်သမျှတော့မစားသင့်ဘူးလို့ထင်ပါတယ်။

(ဒေါက်တာ ခင်မောင်လွင်-FAME ၏ ကျန်းမာသုတအစီအစဉ်မှ ကောက်နုတ်၍
အကျဉ်းချုံးဖော်ပြပါသည်။)

Ref: http://www.facebook.com

7 Jul 2012

မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ တရားဝင်ငွေလွှဲပေးပို့နိုင်ပြီ


မလေးရှားနိုင်ငံ May Bank မှ မြန်မာနိုင်ငံ ကမ္ဘောဇဘဏ်သို့ တရားဝင်ငွေလွှဲများ ပေးပို့နိုင်ပြီဖြစ်ကြောင်း ကမ္ဘောဇဘဏ်လီမိတက်မှ သတင်းရရှိသည်။ မြန်မာအလုပ်သမား အများအပြား လုပ်ကိုင်လျက်ရှိရာ မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံ ကမ္ဘောဇဘဏ်သို့ ဇူလိုင် ၂ ရက်မှစတင်ကာ တရားဝင်ငွေလွှဲနိုင်ပြီဖြစ်ကြောင်း သိရသည်။ မလေးရှားနိုင်ငံမှ ငွေလွှဲပေးပို့လိုသူများအနေဖြင့် အများဆုံးအမေရိကန်ဒေါ်လာ ၃၀၀၀ အထိငွေလွှဲနိုင်ပြီး ငွေလွှဲခနှုန်းထားများမှာ အမေရိကန် ၁ ဒေါ်လာမှ ၅ ဒေါ်လာအထိကို မလေးရှားရင်းဂစ် ၁၅ ရင်းဂစ်၊ အမေရိကန်ဒေါ်လာ ၅၀၀ မှ ဒေါ်လာ ၂၀၀၀ အထိကို မလေးရှားရင်းဂစ် ၁၅ ရင်းဂစ်၊ အမေရိကန်ဒေါ်လာ ၅၀၀ မှ ဒေါ်လာ ၂၀၀၀ အထိကို ရင်းဂစ် ၃၀ နှင့်အမေရိကန်ဒေါ်လာ ၂၀၀၀ မှ ဒေါ်လာ ၃၀၀၀ အထိကို ရင်းဂစ် ၆၀ နှုန်း ဖြင့် ငွေလွှဲခနှုန်းထားများ သတ်မှတ်ထားကြောင်း သိရသည်။ ငွေလွှဲပေးပို့လိုသူများအနေဖြင့် May Bank နှင့် ကမ္ဘောဇဘဏ်တို့တွင် ငွေစာရင်း (Bank Account) ရှိရန် မလိုအပ်ဘဲ မြန်မာတစ်နိုင်ငံလုံးရှိ ကမ္ဘောဇဘဏ် ဘဏ်ခွဲများသို့ လုံခြုံစိတ်ချစွာဖြင့် ငွေလွှဲပေးပို့နိုင်ကြောင်း သိရသည်။ ငွေထုတ်သူများအနေဖြင့်လည်း သက်ဆိုင်ရာ ကမ္ဘောဇဘဏ်များတွင် လွယ်ကူလျင်မြန်စွာဖြင့် ငွေထုတ်ယူနိုင်မည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ်လီမိတက်မှ သိရသည်။ ကမ္ဘောဇဘဏ်လီမိတက်သည် ထိုင်းနိုင်ငံရှိ Siam Commercial Bank နှင့်လည်း ဘဏ်လုပ်ငန်းဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးထာြးေ ကာင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

ref :http://www.facebook.com

ကင်ဆာရောဂါနှင့် သင်္ဘောရွက်


ကင်ဆာရောဂါနှင့် သင်္ဘောရွက် ........(ကိုယ်ကိုယ်တိုင် မခံစားရလည်း ခံစားနေရသော မိမိပတ်ဝန်းကျင်ကို မျှဝေပေးခြင်းဖြင့် ကုသိုလ်ယူကြပါစို့...)

လွန်ခဲ့တဲ့ ၅ လကျော်လောက်က ကျွန်တော်တို့ဌာနကို ကင်ဆာဝေဒနာရှင် ဆရာတော်တစ်ပါး ရောက်လာ တယ်။ ဆရာတော်က ကင်ဆာရနေလို့ ဓါတ်ရောင်ခြည်ကင်ဖို့ သက်ဆိုင်ရာ ဆရာဝန်ကြီးများရဲ့ ညွှန်ကြားချက်လည်းပါလာတယ်။ ကျွန်တော်တို့က ဆရာတော်ကို ဓါတ်ရောင်ခြည်ကင်ဖို့စီစဉ်တော့ ဆရာတော်က လက်မခံဘူး။ ပြန်ကြွသွားတယ်။ အဲ့ဒီလိုနေလာရာက ၃-လကျော်လောက် အကြာမှာ အဲဒီဆရာတော် ပြန်ကြွလာတယ်။ ကျွန်တော်သူရောဂါကို စစ်ဆေးကြည့်တဲ့အခါ ကင်ဆာရော ဂါ ပျောက်ကင်းနေတာကို တွေ့ရတယ်။ ကျွန်တော်တို့လည်းအံ့သြမဆုးံဖြစ်သွားတယ်။

ဒါနဲ့ ‘ဆရာတော်ဒီကြားထဲ ဘာဆေးတွေ သောက်လဲလို့ မေးကြည့်တယ်။ ဆရာတော်က သင်္ဘော ရွက်အစိမ်းတွေကိုပဲ အရည်ညှစ်သောက်တယ်’ လို့ပြောပြတယ်။

သည့်နောက် ဆရာတော်လည်း ၀မ်းသာအားရ ပြန်ကြွသွားတာပဲ။ ဆရာတော်ရဲ့ ကင်ဆာရောဂါဟာ သင်္ဘောရွက် အစိမ်းကြောင့် ပျောက်တယ်ထင်တာပဲ၊ အတိအကျတော့ မပြောနိုင်ဘူး။ ဆေးသိပ္ပံသဘောအရ တစ်ဦး တစ်ယောက် သင်္ဘောရွက်ကြောင့် ကင်ဆာပျောက်တယ်ဆိုပေမဲ့ အားလုံးပျောက်လိမ့်မယ်လို့ ကောက် ချက်ချ မပြောနိုင်ဘူးဆရာ။ ကင်ဆာအမျိုးအစားနဲ့ ကင်ဆာလူနာပေါင်းများစွာကို စမ်းသပ် ကြည့်ပြီး ပျောက်မှ အတည်ပြုပြောနိုင်မှာပါ။ ထူးခြားတာကတော့ အမှန်ပဲဆရာ” ဟူ၍ ဆရာဝန်ကြီးဒေါက်တာ တင်အောင်က ပြောပြခဲ့သည်။ ကျွန်တော်လည်း ထိုစဉ်ကပင် သင်္ဘောရွက် စိမ်းအာနိသင်ကို သတိပြုမိသည်။ ၁၅-နှစ်ခန့်ကြာသောအခါ ဆရာဝန်ကြီး ဒေါက်တာတင်အောင်သည် ကွယ်လွန် သွားရှာသည်။

ကျွှန်တော်လည်းကင်ဆာရောဂါနှင့် သင်္ဘောရွက်အကြောင်း သူ၏ပြောပြချက် ကို မေ့မေ့ပျောက် ပျောက် ပင်ရှိခဲ့သည်။ ဤသို့ရှိရာမှ မကြာမီက ရန်ကုန်မြို့မဟာသိမ်တော်ကြီး ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရက လက်ကမ်းစာစောင် ကလေးတစ်စောင်ကို မြတ်မင်္ဂလာတွင် လိုသလို အသုးံပြုနိုင်ရန် တာဝန်ခံအယ်ဒီတာ ဦးဥာဏ်လင်းအောင်မှတဆင့် ကျွန်တော့်ကို ပေးလိုက်သည်။ ဤလက်ကမ်း စာစောင်တွင် “ကင်ဆာရောဂါပျောက်စေသောသင်္ဘောရွက်” ဟူသော ဆောင်းပါးတစ်ပုဒ် ပါလာ သည်။ ရေးသားတင်ပြသူမှာ ဒေါက်တာခင်ရွှေ ( တိရစ္ဆာန်ဆေးကုဆရာဝန်) ဟူ၍ ဖော်ပြထားသည်။

ကျွှန်တော်ဖတ်ရူလေ့လာကြည့်ရာ ကင်ဆာရောဂါ ပျောက်စေသော သင်္ဘောရွက်အကြောင်း စုံစုံ လင်လင် ရေးသားထားသည်ကို တွေ့ရသည်။ ဤတွင်ကွယ်လွန်သူဆရာဝန်ကြီင်္း ဒေါက်တာ တင်အောင်၏ ကင်ဆာရောဂါနှင့် သင်္ဘောရွက်အကြောင်းပြောကြားချက်ကို သတိရကာ အများပြည် သူတို့ ဖတ်ရူနိုင်ရန် ထပ်ဆင့်တင်ပြပါသည်။ ကျွန်တော်သည် ဆရာဝန်လည်းမဟုတ်ပါ။ ဆေးဆရာ လည်းမဟုတ်ပါ။ ဆေးမြီးတို အကြောင်းရေးသားသူလည်း မဟုတ်ပါ။ သို့ရာတွင် ဤဖြစ်ရပ်၊ ဤ ဆောင်းပါးတို့သည် ကင်ဆာ ရော ဂါဝေဒနာရှင်တို့အတွက် တစ်စုံတစ်ခုသော အတိုင်းအတာအထိ အကျိုးပြုနိုင် လိမ့်မည်ဟုထင်မြင်ကာ မူရင်းအတိုင်း ကုသိုလ်ပြု တင်ပြအပ်ပါသည်။

ဒေါက်တာခင်ရွှေ (တိရစ္ဆာန်ဆေးကုဆရာဝန်) ဘာသာပြန်တင်ပြသော ဆောင်းပါးအပြည့်အစုံ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ “သင်္ဘောပင်ကို အပူပိုင်း အမေရိကန်နိုင်ငံတွင် စ-တင်စိုက်ပျိုးနေကြ သည်။ လက်တင်ဘာသာအားဖြင့် ( Carica Papaya ) ဟုခေါ်ပြီး သြစတြေးလျနှင့် နယူးဇီလန် တွင် ပေါပေါဟု ခေါ်ဆိုသည်။ မြောက်အမေရိကရှိ လက်တင်ဘာသာအားဖြင့် ( Asi-mina Tirbola ) နှင့်ရှိသော အပင်နှင့်မတူချေ။ ၎င်းကိုလည်း ပေါပေါဟုခေါ်ဆိုသည်။ နှစ်ပင်စလုံး ဆေးဖက်ဝင်ပါသည်။ သင်္ဘောရွက်အရည်သည် သြစတြေးလျနိုင်ငံ ရွှေကမ်းခြေရှိလူများအား ကင်ဆာရောဂါပျောက်စေပါသည်။

စာရေးဆရာ ( Harold Tieze )က ၎င်းစာအုပ်တွင် မည်သို့မည်ပုံ အဆီထုတ်မည်နှင့် ကင်ဆာပျောက် ကင်းသူတို့၏ ဇာတ်လမ်းတို့ကို အတိအကျ ရေးသားထားသည်။ ဤစာအုပ်တွင် ရွှေကမ်းခြေလက် ကမ်းစာစောင်တွင်ပါရှိသော အောက်ပါ အစီရင်ခံစာကိုဖော်ပြပါမည်။ “ပေါပေါသည် ကင်ဆာပျောက် သစ်သီးဖြစ်သည်။ ဥယျာဉ်မူးတို့သည် ကင်ဆာရောဂါရှင်တို့၏ သင်္ဘောရွက်အလှူခံမူကို အားပေး ကြသည်။ လွန်ခဲ့သော ၁၄- နှစ်က ဤအရပ်နေသူသည် ကင်ဆာရောဂါပျောက်ကြောင်း အရွက်၏ ဂုဏ်သတ္တိကိုထုတ်ဖော်ပါသည်။ ၎င်းကိစ္စကိုခြေရာခံလိုက်ရာ သူနာပြုဆောင် ရောက်သွားပါသည်။ မစ္စတာစတန်ရှယ်တန်သည် ပြုတ်ထားသော သင်္ဘောရွက်သတ္တုရည်ကို သောက်ခြင်းဖြင့် ပိန်းကြာ ရွက်ပေါ် ရေမတင်သကဲ့သို့ ကင်ဆာရောဂါ ရှောရှောရှူရှူ ပျောက်သွားသည်။

အမေရိကန်၌ သုသေသနလုပ်ရာတွင် သိပ္ပံဆိုင်ရာ အထောက်အထား ရရှိပါသည်။ ၎င်းသုသေသန၌ သင်္ဘောပင်မှ ဓာတုပစ္စည်းတစ်ခုကို ထုတ်နုတ်ရာ ကင်ဆာရောဂါ အဆတစ်သောင်းခန့် ထက်မြက် သွားပါသည်။ မစ္စတာရှယ်တန်က ဤတွေ့ရှိမူသည် ကျွန်ုပ်ကို သောက်သုံးရန် အကြံပေးခဲ့ပါသည်။ ကျွနှ်ပ် နှစ်လ စမ်းသောက်ကြည့်သည်။ ကျွန်ုပ်သည် တီဘီရောဂါကို ဓါတ်မှန်ဖြင့်အဆုတ် စစ်ဆေးခဲ့ သည်။ ဆရာဝန်တို့က ကင်ဆာပျောက်ပြီဟု ပြောပါသည်။ ထိုနှင့် ကျွန်ုပ်က အထူးကုတို့အား ပြော ကြားရာ ၎င်းတို့က မယုံကြည်ကြချေ။ နောက်ဆုးံ ခေါင်းကုတ်ပြီး ကျွနှ်ပ်က ကင်ဆာရောဂါအတွက် သင်္ဘော ရွက်ကို ပြုတ်သောက်ခဲ့ကြောင်း ထောက်ခံချက်ရေးခဲ့သည်။ ၁၉၆၂-ခုနှစ် ကင်ဆာသည် ဘယ်တော့ မှ ပြန်လည်မဖြစ်ပေါ်ခဲ့ပါ။ ရှယ်တန်၏ဇနီး သည်ကင်ဆာပျောက်ကြောင်း ဆေးမြီးတိုတို့ကို အခြားဝေဒနာ သည်တို့အားဖြန့်ဝေပေးရာ ၁၆-ယောက် ပျောက်ကင်းချမ်းသာပါသည်။

သင်္ဘောရွက်နှင့်ရိုးတံတို့ကိုမသောက်ခင် နှစ်နှစ်ရီကြာဒယ်အိုးထဲတွင် ပြုတ်ထားရပါသည်။သို့သော် ရေခဲသေတ္တာထဲတွင် ထားပါက ၃၊၄ရက် ခံပါသည်။ ထို့နောက် ပုပ်သွားမည်။ နောက်လူတစ်ယောက်က ၁၉၇၈-ခု စာစောင်ပါအတိုင်း ဖတ်ပြီး သင်္ဘောရွက်တို့ကိုဆေးလုပ်ကာ ကင်ဆာရောဂါသည်တို့အား ပေးခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ယခင် ကင်ဆာရောဂါတွေ့ရှိမူကြောင့် သေမည့်လူတို့သည် ယခုအခါ အသက်ရှင်နေကြသည်။ ထို့ကြောင့် သင်္ဘောရွက်ကုထုံးသည် ကင်ဆာကို တကယ်ပျောက် ကင်းပါသည်။ (ဆေးမြီးတို) သင်္ဘောရွက်အလတ်စားတို့ကို ဆေးကြောပြီး ဂေါ်ဖီကဲ့သို့ တောက် တောက်စဉ်းကာ ဒယ်အိုးထဲတွင်ရေနှစ်လီတာဖြင့် ပြုတ်ပါ။ အဖုံး ဖွင့်ပါ။ ၄-ခွက် ၂-ခွက်တင် ပြုတ်ပါ။ ထို့နောက်စစ်ပြီး ဖန်ပုလင်းထဲတွင်ထည့်ထားပါ။ ရေခဲသေတ္တာထဲတွင်ထည့်လျှင် ၃-၄-ရက် ခံမည်။ အကယ်၍ နောက် ကျသွားပါက စွန့်ပစ်လိုက်ပါ။ စားပွဲဇွန်းသုံးဇွန်း(သို့) ၅၀ မီလီမီတာကို ၁ရက် သုးံကြိမ်တိုက်ပါ။ ဤသင်္ဘောရွက် ကုထုံးဇာတ်လမ်းသည် အခြားဆေးဖက်ဝင်ကုထုံးများထက် ပိုမို ဆန်းပြားသည်။

R.J.W မှ အောက်ပါအတိုင်း စာတစ်စောင်ရေးသားသည်။ ကင်ဆာရောဂါဖြင့် သေလုဆဲဆဲ ဖြစ်နေသော လူနာများအား သင်္ဘောရွက်ပြုတ်ရည်နှင့် ကုရပါသည်။ ရှေးဦးစွာ အသက် ၄၀-ရှိ ငှက်ပျောတောင် သူတစ်ယောက်တွင် ဆီးအိမ်ကင်ဆာရောဂါ ပြန့်ပွားမူကို မရပ်တန့်နိုင်ခဲ့ချေ။ ကျွန်ုပ်က တောစာ များ၊လတ်ဆတ်သောဂျုံဖြူများ၊ သကြားများ၊ ထိန်းဆေးမပါသော အစားအစာများစားရန် ပြောကြားပြီး သင်္ဘောရွက်တစ်ဆုပ်ကျ ဒယ်အိုးထဲတွင်ထည့်ပြုတ်ကာ သောက်စေသည်။ ထိုတောင် သူသည် ၅-ပါတ် သောက်လိုက်ရာ ကင်ဆာရောဂါ ပျောက်ကင်းသွားသည်။ အရွက်တို့ကို အခြောက် လှန်း၊ အမှုန့် ထောင်းပါကပိုမိုစွမ်းပါသည်။ ကြွက်များတွင် စမ်းသပ်ကြည့်ရာ အောင်မြင်ပါသည်။ သင်္ဘောရွက်များကို ထုထောင်း၍ ကြွက်များကိုဆေးထိုးကြည့်ရာ ကြွက်ရှိကင်ဆာအကျိတ်များ ပျောက် ကုန်ပါသည်။ သင်္ဘောရိုးတံတွင် Acetogenin ဓာတုပစ္စည်း ပါဝင်ရာ ၎င်းသည် ဆဲလ်အတွင်းရှိ ATP ထုတ်လုပ်မူ များကိုမျှတစေပါသည်။

ဤသို့အားဖြင့် ကင်ဆာဆဲလ်များဖြင့် သွေးကြောများရှင်သန်မှုတို့ကို Acetogenin ဖျက်ဆီး ပစ်ပါ သည်။ သင်္ဘောရွက်သတ္တုရည်တွင် Acetogenin အပါအ၀င် ဓာတုပစ္စည်း ၁၀၀ ပါဝင်ပါသည်။ ၎င်းတို့သည် ခန္ဓာကိုယ်ဆဲလ်များကို ဓာတ်ကျဆင်းမှုတွင် ပံ့ပိုးကူညီပါသည်။ ၁၉၇၆-ခု၊ ဒေါက်တာ မက်လလင်း၊ ပါကျူးတက္ကသိုလ်ပါမောက္ခသည် အမျိုးသားကင်ဆာသိပ္ပံမှ မေတ္တာရပ်ခံချက်ကြောင့် ထိုဆေးပင်၏ ကင်ဆာထိရောက်မှုကို စမ်းသပ်ခဲ့သည်။ အပင် ၃၅၀၀-တွင် အစွမ်းထက်ပစ္စည်း ၅၀-တွေ့ပါသည်။ ၎င်းအနက် Acetogenin သည် အလွန်အစွမ်းထက်ပြီးသန်ကောင်များ ၊ ဗိုင်းရပ်စ်များ၊ မှိုများနှင့် ကင်ဆာဆဲလ်တို့ကို တိုက်ဖျက်ပါသည်။ ထို့ပြင် လူနာအား ဆေးကြောင့် ဒုက္ခမဖြစ်စေပါ။

အထူးသဖြင့် သင်္ဘောရွက်သည် ကင်ဆာကျိတ်တို့ကို ထူးကဲစွာ ချေဖျက်ပေးပါသည်။ ထို့ပြင် ဓာတု နှင့်ဓါတ်ရောင်ခြည်ကုထုံးတို့တွင် ပံ့ပိုးမှုအဖြစ် သင်္ဘောရွက်ကိုသုံးကြပါသည်။ ဘေးထွက်ဆိုးကျိုး မရှိပါ။ ထို့အတွက်ကြောင့် သင်္ဘောရွက်သည် မြစ်ချင်းပြီးဆေးတစ်လက်ဖြစ်ရာ ၎င်းနှင့်အလား တူဆေးအမည်မှာ ရဲယိုရွက်၊ ရဲယိုသီး၊ ခုခံအားကျဆင်းမှု ကယ်တင်ရှင်တို့ဖြစ်ကြပြီး အစာအိမ်နှင့် အူလမ်းကြောင်း ကင်ဆာတို့ကို တိုက်ဖျက်သည်။ သို့သော်လည်း သင်္ဘောရွက်ဆေးကို KC-H (သို့) COQ10 COENZYNE 10 ကဲ့သို့သော် လည်ပင်းကျိတ်ဆွဆေးပြားဖြင့် ပူးတွဲအသုံးပြုနိုင်သည်။ Laetrine ဆေးကိုမှီဝဲသော ကင်ဆာရောဂါရှင်တို့သည် သင်္ဘောရွက်နှင့်နာနတ်သီးကို စားပေးရပါမည်။ အဘယ်ကြောင့်ဆိုသော် အယ်ဇိုင်းဓာတ်တို့သည် ကင်ဆာဆဲလ်တို့ကို ဖယ်ရှားပေးသည်။ ထို့ကြောင့် အစေ့အတွင်းရှိ B-17 သည် အလုပ်လုပ်နိုင်သည်။

တုပ်ကွေးရောဂါနှင့်ပတ်သက်၍ ကျောင်းသားတစ်ဦးမှ သိရှိရသည်မှာ ၎င်း၏သွေးသွင်းမူသည် ၁၅-လီတာရှိပြီး အင်အားချည့်နဲ့နေပါသည်။ ဖခင်ဖြစ်သူသည် စိတ်ပူပြီးဆေးမြီးတိုကို လိုက်ရှာရာ သင်္ဘော ရွက်အရည်ကိုသာလျှင် မှီဝဲကြောင်း၊ ၎င်းသွေးသွင်းမူကို ၂၀ လီတာတွင် သွေးဥငယ်အရေတွက် ၄၅.၅ ရှိကြောင်း၊ သို့သော် သင်္ဘောရွက်ဆေးကို မှီဝဲပြီးနောက် သွေးအဆင့် ၁၃၅-အထိ မြင့်တက်သွား ကြောင်း ၊ ဆရာဝန်တို့တောင်မှ အံ့အားသင့်ပြီး ကလေးကို ဆေးရုံမှဆင်းစေသည်။ ထိုသတင်းသည် တစ်မြို့လုံး ပျံ့နှံ့သွားပါသည်။ ၎င်းတို့၏ ဆေးမြီးတိုအရ သင်္ဘောရွက်နှစ်ရွက်ကို ဆေးကြောထုထောင်း စစ်ချရမည်။ ထိုအခါ အရွက်တစ်ရွက်လျှင် စားပွဲဇွန်း ၁-ရမည်။ တစ်နေ့လျှင် ၂-ဇွန်းမှီဝဲပါ။ ပြုတ်ခြင်း၊ အပူပေးခြင်း မပြုလုပ်ပါနှင့်။ ဆေးအာနိသင်ပြယ်တတ်သည်။ အရွက်ဖွားဖွားကိုရွေးပါ။ အလွန်ခါးသဖြင့် နှာခေါင်းပိတ်ပြီး မျိုရမည်။

နောက် ဇာတ်လမ်းတစ်ပုဒ်မှာ အသက် ၃၂-နှစ်ရှိသော ကျွှန်တော့်သူငယ်ချင်းတွင် လွန်ခဲ့သောနှစ်က တုပ်ကွေးဖြစ်ပြီး ဆေးရုံတင်ရသည်။ ဆရာဝန်ကတုပ်ကွေး ပျောက်ခြင်း မရှိကြောင်းပြောပြပါသည်။ မိမိခုခံအားကိုသာ မြင့်ပေးရန်ပြောသည်။ ထိုလူနာတွင် သွေးနှစ်ခါသွင်းပြီး ဘုရားဆီတွင် ဆုတောင်း နေရ သည်။ ၎င်း၏ သွေးဥတို့သည် ၂၈၀၀၁ သို့ ၃-ရက်အတွင်းကျသွားသည်။ ထိုအခါ ယောက္ခမ ဖြစ်သူက သင်္ဘောရွက်ရည်တိုက်ပြီး ကုသရာ သွေးများပြန်လည်မြင့်တက်ပြီး ၃-ရက်အတွင်း ပိန်းကြာရွက် တွင် ရေမတင်သကဲ့သို့ ရောဂါပျောက်ကင်းခြင်းသို့ ရောက်၏။ ထူးခြားသည်မှာ သင်္ဘော ရွက်သည် တုပ်ကွေးရောဂါဖြစ်သူအား အပူငြိမ်းစေကာ အေးမြမှုကိုပေးပါသည်။ လည်ချောင်း ရောဂါဖြစ်ပါက သင်္ဘောရွက်ကို မှီဝဲသင့်သည်။ ထို့်ကြောင့် အိုသူတော်ကောင်းအပေါင်းတို့ သင်္ဘော ရွက်ကို မွှေစက်ထဲ သို့ထည့်ပြီး ညှစ်၍ သုံးဆောင်ကြပါလေ။
ဒေါက်တာခင်ရွှေ
(တိရစ္ဆာန်ဆေးကုဆရာဝန်)

ref : http://www.facebook.com

5 Jul 2012

တရုတ်မင်းသား ကို မန္တလေးလူထု သောင်းသောင်းဖျဖျကြိုဆို


 
တရုတ်မင်းသား ဂျက်ကီချမ်းကို ကို မန္တလေးလူထု က သောင်းသောင်းဖျဖျကြိုဆို ကြောင်း သတင်းရရှိပါတယ်။ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF ရဲ့ စေတနာ့ ဝန်ထမ်း သံအမတ်ကြီး တဦးဖြစ်တဲ့ ဟောလိဝုဒ် အက်ရှင်မင်းသား ဂျက်ကီချန်းဟာ ဒီကနေ့ မန္တလေးမြို့ကို ကိုယ်ပိုင်လေယာဉ်နဲ့ ရောက်ရှိလာပါတယ်။

ဂျက်ကီချန်းရောက်လာပြီးနောက် ပရိသတ်ပိုများလာသဖြင့် ဂျက်ကီချန်းမှာ ကျောင်းအတွင်း ခေတ္တသာ နေပြီး ပြန်လည်ထွက်ခွါသွားကြောင်း သိရပါတယ်။ သို့သော် သတင်းထောက်များမှာ ဂျက်ကီချန်းပြန်လာမည်ဟု ယူဆပြီး စောင့်ဆိုင်းနေကြဆဲဖြစ်ပါတယ်။

မင်းသား ဂျက်ကီချန်းဟာ ၃ ရက်တာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လူကုန်ကူးမှု တားဆီးရေးဌာန (မန္တလေး) တို့မှာ ရှိတဲ့ လူကုန်ကူးခံရပြီး ပြန်လွတ်မြောက်လာတဲ့ ကလေးသူငယ်တွေ၊ မိဘမဲ့ ကလေးတွေနဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။

မစ္စတာချန်းဟာ ၂ဝဝ၄ ခုနှစ်က စပြီး UNICEF ရဲ့ စေတနာ့ ဝန်ထမ်း အထူး သံအမတ်ကြီး တာဝန် ယူခဲ့ပြီး ကလေးသူငယ်များ လူကုန်ကူးခံရမှု ပပျောက်ရေး အတွက် UNICEF ရုံးစိုက်ရာ နိုင်ငံပေါင်း ၁၉ဝ ကို သွားရောက် လည်ပတ်ခဲ့ပါတယ်။

တရုတ် အက်ရှင်မင်းသား မစ္စတာချန်းဟာ ဇူလိုင်လ ၇ ရက်နေ့ကျရင် ရန်ကုန်မြို့ UNICEF ရုံးမှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မယ်လို့လည်း သိရပါတယ်။

မြန်မာမင်းသား လူမင်းအပါအဝင် မြန်မာ သရုတ်ဆောင် ၁၀ ဦးခန့်ကလည်း တရုတ်မင်းသားဆီက ပညာများကို အနီးကပ်လေ့လာသင်ယူကြမယ်လို့ သတင်းရရှိပါတယ်။

ref: Myanmar Express

4 Jul 2012

လမ်းပေါ်က အနုပညာ

လမ်းလျှောက်နေရင်း..ရုတ်တရက်ခြေလှမ်းတွေရပ်တန့်သွားစေလောက်အောင်ကို ပြောင်မြောက်တဲ့လက်ရာ ဖန်တီးမှုတွေနဲ့ ရေးဆွဲထားတဲ့ လမ်းပေါ်ကအနုပညာ (3D Street Art) ကို မြင်သူတိုင်း ရင်သပ်ရှုမော ကြည့်ရှု အားပေးကြမှာမလွှဲပါဘူး။
ပန်းချီပညာနဲ့ပတ်သက်လို့လဲ ကျွန်တော့်မှာနားလည်မှုမရှိပေမယ့်...ရေးဆွဲသူပန်းချီဆရာရဲ့စိတ်ကူးပုံဖော် စုတ်ချက်တွေကိုတော့ အခါအားလျော်စွာ မြင်မိပြီး.နှစ်သက်သဘောကျမိတာတွေရှိပါတယ်။  ဆီဆေး၊ ရေဆေး၊ ပုံတူ၊ ကယ်ရီကေချာ၊ အရင်ကရုပ်ရှင်ပိုစတာကြီးတွေ(ခုလို Vinyl တွေမရှိခင်က)၊ စသည် ဖြင့်မြင်မိတိုင်း ဆေးစက်ကျရာအရုပ်ထင်နိုင်စွမ်းရှိတဲ့ ပန်းချီပညာရှင်တွေကိုလဲ လေးစားအားကျ မိပါတယ်။

ကိုယ်တိုင်ပန်းချီဆွဲတတ်ဖို့နေနေသာသာ..ကျောင်းတုန်းက ပထ၀ီမြေပုံ၊ ဘိုင်အိုပုံတွေမဆွဲတတ်ခဲ့လို့ ခဏ ခဏဒဏ်ပေးခံရတာပေါ့ဗျာ။ ကျောင်းသားဘ၀က ပန်းချီပြိုင်ပွဲတွေကျင်းပရင်လဲ ပန်းချီဆွဲတတ်တဲ့သူ သယ်ချင်းတွေကိုအားပေးခဲ့ရတာအမော။

3D လို့ဆိုကျတဲ့ သရီးဒိုင်မေးရှင်းသုံးဖက်မြင် နည်းပညာကလဲစိတ်ဝင်စားဖို့ကောင်းသလို ကြည့်ရှုတဲ့သူတွေ ကိုလည်း တကယ်ကိုယ်တိုင်ကိုယ်ကျပါဝင်ခံစားနိုင်ပြီး..ထူးကဲလှတဲ့ခံစားမှုကိုဖြစ်ပေါ်စေပါတယ်။ ပြော သာပြောရတယ်..ကျွန်တော်ကိုယ်တိုင် ခုချိန်ထိ 3D ရုပ်ရှင်တစ်ခါမှမကြည့်ဖူးသေးပါဘူး။

မျက်မှန်ကြီးတွေတပ်ပြီး ရုပ်ရှင်ရုံထဲမှာ တကယ်အပြင်မှာအတိုင်းခံစားမှုပေးနိုင်တဲ့ 3D ရုပ်ရှင်ဇာတ်ကား တွေလဲ ကြည့်ဖူးသူတိုင်းကတော့..နှစ်ခြိုက်ကြတယ်လို့လဲ စာစောင်တွေမှာဖတ်ဖူးပါတယ်။ အခုတော့ ရုပ်ရှင်မကြည့်နိုင်သေးခင် ပန်းချီပုံတွေကိုပဲ အရင်ခံစားကြည့်ရတာပေါ့ဗျာ။

ဗြုန်းခနဲမြင်လိုက်ရင်..လမ်းမပေါ်မှာ ချိုင့်ခွက်တွေနဲ့...ရေကူးကန်လဲရှိ၊ ကော်ဖီခွက်ကြီးကြီးတွေနဲ့ တကယ့် အစစ်လို့ထင်ရလောက်အောင်ကို ပါရမီရှင်ပန်းချီဆရာတွေရေးဆွဲထားတဲ့ လမ်းပေါ်ကပုံတွေကိုတော့ ကျွန် တော်တော်တော်လေးကိုသဘောကျမိပါတယ်။

ပုံလေးတွေကိုလည်း တစ်ရက်နည်းနည်းချင်းစီ ရှာဖွေစုဆောင်းပြီး..ပြန်လည်တင်ဆက်မျှဝေဖို့ကြိုးစား လိုက်ရတာလဲ...(၇)ရက်လောက်အချိန်ကုန်စေခဲ့တယ်။ ခုတလော..အင်တာနက်လိုင်းတွေကလည်း ပုံမှန် ထက်ကို ဆိုးရွားစွာနှေးကွေးနေတာကြောင့်လဲပါတာပေါ့။ကဲ...ဓာတ်ပြားဟောင်းကြီးပဲခဏခဏဖွင့်နေ ရတော့ ခွေလဲထစ်နေပါပြီ။ ပုံလေးတွေပဲ ကြည့်ကြတာပေါ့ဗျာ။ပုံအားလုံး (၉၀)ကျော်မို့...ဇိမ်လေး နဲ့ အေးအေးဆေးဆေးရှုစားကြတာပေါ့။



























































































































































































ခုလိုစိတ်ရှည်လက်ရှည်နဲ့ ပုံတွေကိုကြည့်ရှုအားပေးသွားတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်ဗျာ။ တိတ် တိတ်လေးပဲကြည့်သွားသွား၊ comment ရေးပြီးပဲကျေးဇူးတင်ကြောင်းပြောပြော၊ CBox မှာပဲ ခြေရာချန်ချန် တကူးတကအချိန်ပေးရတာကတော့...တင်တဲ့သူရော၊ ကြည့်တဲ့သူရောပဲမို့ ကျွန်တော်တော့ ခဏနားလိုက် ပါဦးမယ်ဗျာ။
အားလုံးကိုချစ်ခင်လေးစားစွာဖြင့်
တွတ်တွတ်

ref: http://www.kyaukme.com