27 Feb 2013

မိဘဂုဏ်(၁၂)ပါး



မိဘဂုဏ်(၁၂)ပါး
*************
မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော
သောဏနန္ဒဇာတ်လာ မိဘဂုဏ်(၁၂)ပါး။

၁။ မိဘ ဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။

၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘ ဆရာ ဖြစ်တော့သည်။

၃။ အလှူခံ ပုဂ္ဂိုလ် မိဘဆို လှူကို လှူရမည်။

၎။ အိမ်စောင့် အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်။

၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လည်းချစ်ကြသည်။

၆။ မွေးဖွားပို့ဆောင် ဤလူ့ဘောင် ဂုဏ်ရောင်လင်းစေသည်။

၇။ နို့ချို တိုက်ကျွေး မွေးမြူပေး အလေးထားရမည်။

၈။ ယုယ ကြင်နာ ပိုးပမာ မွေးရှာခဲ့ကြသည်။

၉။ ပူပန်ကြီးစွာ စောင့်ရှောက်ကာ ကာကွယ်ပေးကြသည်။

၁၀။ လောကအကြောင်း လူ့အကြောင်း ကောင်းကောင်းညွှန်ပြသည်။

၁၁။ ယုယပိုက်ထွေး ချော့မြှူပေး နွေးထွေး ကြင်နာသည်။

၁၂။ ရတဲ့ ဥစ္စာ သားသမီးဖို့ပါ ဖွေရှာ ထိန်းသိမ်းသည်။

မိဘတို့သည် သားသမီးအပေါ်တွင် မည်မျှကောင်းကြောင်းကို
ထင်ရှားစေသော စာသားများဖြစ်သည်။
အချို့သော သားသမီးတို့သည် မိဘကို ပစ်ပယ်၍
ဘိုးဘွားရိပ်သာ သို့ပို့ထားကြသည်။အချို့ သော သားသမီးများက
မိဘတို့ကို စော်ကားကြသည်၊ ထိုသို့သာ သားသမီးများက
မိဘကိုစော်ကားနေလျှင် ငရဲရောက်မည်မှာ ဧကန်ဖြစ်သည်။
ထိုသို့ မဖြစ်ရလေအောင် လူတိုင်းသိရှိပြီး
လိုက်နာနိုင်ရန်ရေးသားလိုက်ရပါသည်။

အထက်ပါစာသားများ၏ အကျယ်ရှင်းလင်းချက်မှာ......

၁။ သားသမီးအပေါ်တွင် ထာဝစဉ်
မေတ္တာထားသောကြောင့် ဗြဟ္မာ ဖြစ်ပါသည်....

၂။ ငယ်စဉ်ကတည်းက ဒီလိုစား၊ဒီလိုသွား၊ဒီလိုနေ
ဟူ၍ သင်ကြားပြသပေးသောကြောင့်လက်ဦးဆရာ ဖြစ်သည်။

၃။ မိဘသည် ရပ်ဝေးတွင် စီးပွားရှာ၍ သားသမီးကိုကျွေးမွေးသည်။
သားသမီးကလည်း ထိုသို့ ပြန်လည် လုပ်ကျွေး ထိုက်သော
အာဟုနေယျ ပုဂ္ဂိုလ် ဖြစ်သည်။

၎။ သားသမီး ရှာဖွေသည်ကို မပျောက်ပျက်အောင်
တိုးတက်အောင် စောင့်ရှောက်ပေးသော ပုဗ္ပဒေဝတာ ဖြစ် သည်။

၅။ သားသမီးမမွေးခင် ကတည်းက
ကြိုတင်ချစ်ခင်လွန်းသောကြောင့် သုဟဒ ဟုမည်သည်။

၆။ လူဖြစ်အောင် မွေးဖွားပေးခဲ့သော
မိခင်၏ ဂုဏ်ကို ဇနေတ္ထိ ဟုခေါ်သည်။

၇။ နို့ချိုတိုက်ကျွေးခဲ့သော မိခင်၏ ဂုဏ်ကို ပေါသက ဟုခေါ်သည်။

၈။ ယုယကြင်နာစွာ မွေးဖွားပေးခဲ့သော
မိခင်၏ဂုဏ်ကို ပေါသေန္တ ဟုခေါ်သည်။

၉။ အမြဲတစဉ် စောင့်ရှောက်နေတတ်သောကြောင့်
အာပါဒက ဟုမည်သည်။

၁၀။ လူအကြောင်း၊လောကအကြောင်းကိုမိဘများ
သိသမျှ သားသမီးများသိရအောင်
ပြောပြသောကြောင့် ဒေဿတာရ ဟုခေါ်သည်။

၁၁။ သားသမီးများကို ချော့ပြော၊နားဝင်အောင်
ပြောသောကြောင့် တောသယန္တိ ဂုဏ်မည်သည်။

၁၂။ ကိုယ်သုံးဖို့ ရှာထားသောပစ္စည်းကို
ကိုယ် ကိုယ်တိုင်မသုံးရက် ၊မစားရက်အောင် သားသမီး အတွက်
ချန်ထားသောကြောင့် ရသော ဂုဏ်ကို ဂေါပယန္တိ ဟုခေါ်သည်။

စကားချပ်။ ။ ပါဠိစာပေကို များစွာ ကျွမ်းကျင်မှု မရှိသောကြောင့်
အချို့ သော ပါဠိစာသားများမှားယွင်းမှု ရှိခဲ့သော် ကျွန်ုပ်၏
အမှားပင်ဖြစ်ကြောင်းဝန်ခံအပ်ပါသည်။
ဘာသာရေးစာအုပ်တစ်အုပ်မှ ပြန်လည်
ကောက်နှုတ် ဖော်ပြ ခြင်း ဖြစ်ပါသည်။။

Credit : https://www.facebook.com/

ဘုရားရှင်၏ ဂုဏ်တော်(၉)ပါး




ဘုရားရှင်၏ ဂုဏ်တော်(၉)ပါး
==================
(၁) အရဟံ-ကိလေသာကင်း၍
ပူဇော်အထူးကို ခံထိုက်သော မြတ်စွာဘုရား။

(၂) သမ္မာသမ္ဗုဒ္ဓေါ-
သစ္စာလေးပါးတရားကို ဆရာမရှိ
ကိုယ်တော်တိုင် သိတော်မူသော မြတ်စွာဘုရား။

(၃) ၀ိဇ္ဇာစရဏသမ္ပန္နော-
အသိနှင့်အကျင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

(၄) သုဂတော-
ကောင်းသောစကားကိုသာ
ပြောဆိုတော်မူတတ်သော မြတ်စွာဘုရား။

(၅) လောက၀ိဒူ-
လောကသုံးပါးကို အကုန်အစင်
သိမြင်တော်မူသော မြတ်စွာဘုရား။

(၆) အနုတ္တရောပုရိသဒမ္မသာရထိ-
ဆုံးမထိုက်သူတို့ကို ယဉ်ကျေးအောင်
ဆုံးမတော်မူတတ်သော မြတ်စွာဘုရား။

(၇) သတ္ထာဒေ၀မနုဿာနံ-
လူ နတ် ဗြဟ္မာ သတ္တ၀ါတို့၏
ဆရာတဆူ ဖြစ်တော်မူသော မြတ်စွာဘုရား။

(၈) ဗုဒ္ဓေါ-
သစ္စာလေးပါးကို မိမိကိုယ်တော်တိုင်လည်းသိ၊
သူတပါးတို့ကိုလည်း သိအောင်
ဟောပြတော်မူသော မြတ်စွာဘုရား။

(၉) ဘဂ၀ါ-
ဘုန်းတော်ခြောက်ပါး ဂုဏ်တော်တွေအနန္တနှင့် ပြည့်စုံတော်မူသော
မြတ်စွာဘုရား-

ဟူ၍ ဘုရားရှင်၏ ဂုဏ်တော်တို့ကို ဦးခိုက်ပူဇော်ရန်

Credit ►အဆိုအမိန့် များနှင့် ဗဟုသုတဆိုင်ရာစာပေများ

Ref: www.facebook.com


22 Feb 2013

နန်းခင်ဇေယျာ စတင်ဆွဲဖွင့်ခဲ့သော ယဉ်ကျေးမှု တံခါးများ




      မြန်မာ အင်တာနက်မယ် နန်းခင်ဇေယျာတစ်ယောက် ဘီကီနီ ၀တ်ပြီး မြန်မာ့ ဂုဏ်ဆောင်ချိန်တွင် ဆရာ သက် တန့်ချိုမှ ပိတ်ထားသော မျက်လုံးများ ဖွင့်ကြည့်စေချင် ဆိုသည့် ဆောင်းပါးလေးဖြင့် ကျွန်တော်တို့ မျက်လုံးများ ကို ဆွဲဖွင့်ပေးခဲ့သည်။ မြန်မာဆိုသည့် အမျိုးချစ်စိတ်ဖြင့် နည်းလမ်းအမျိုး မျိုးကြိုးစားကာ Like များ ပေးခြင်းဖြင့် သူမသည် အင်တာနက်မယ် ဖြစ်ကာ သူမ၏ မလုံတလုံပုံများ မြန်မာနိုင်ငံတွင် ပုံနှိပ်မီဒီယာများမှ ဖော်ပြကြ သည်။ နန်းခင်ဇေယျာပုံများ ကုန်သည့်အခါ အခြားအလှမယ်များ၏ ဘီကီနီများကို ဖော်ပြကြသည်။ ထို့နောက် ထို့နောက်တွင်တော့ celebrities တွေရဲ့ မဖုံးနိုင်မဖိနိုင်ပုံများ တရားဝင်၊ တရားမ၀င် ထွက်လာကြလေသည်။

နောက်တစ်ကြိမ် လာမည့် Miss International ပြိုင်ပွဲအတွက် စကာတင် ၁၈ ဦး ရွေးချယ်ထားကြောင်း၊ အကောင်းမွန်ဆုံး ဖြစ်အောင် လေ့ကျင့်ပေးနေကြောင်း ရုပ်သံမီဒီယာများမှ ကြေငြာသည့်အခါ ဘယ်နေ့များ ဘီကီနီဖြင့် လေ့ကျင့် ပြိုင်ပွဲဝင်ကြမည်နည်း ဆိုသည့် အတွေးဝင်လာခဲ့သည်။ အပြိုင်အဆိုင် ပြိုင်ပွဲဝင်နေကြ သည့် အလှမယ်များကို ကြည့်ပြီး ကျွန်တော်တို့ နိုင်ငံတွင် ဟီရိသြတပ ဆိုသည့် အရှက်တရား မရှိတော့ ပြီလား ဟု တွေးပူမိလေသည်။ မြန်မာ မိန်းကလေးတစ်ယောက်၏ ကိုယ်ကာယ အလှကို ပွင့်လင်းမြင်သာ သည့် ခေတ်၊ ဆုတံဆိပ်၊ နာမည်ကြီးမှုတို့နှင့် အလွယ်တကူ လဲလှယ်သည့် ခောတ်ကို ရောက်နေသည် ဆိုပါက ကျွန်တော် ခေတ်နောက်ကျ ကျန်နေပြီလို့ ၀န်ခံပါသည်။

ပြောလည်းပြော ဒေါင်းလုပ်လဲချရင်း မြန်မာမယ်တို့၏ အဖော်အချွတ်၊ မဖော်မချွတ်၊ ဗီဒီယို၊ဓာတ်ပုံများ ကွန်ပျူ တာ ထဲတွင် အပြည့်ရှိပါသည်။ သို့သော် မိသားစု၊ မောင်နှမ ရှေ့တွင် ဖွင့်ကြည့်ခြင်း မရှိပါ။ HBO ရုပ်သံလိုင်းမှ တိုက်တန်းနစ် အထွပ်အထိပ် ပန်းချီဆွဲခန်းကိုပင် လိုင်းပြောင်းကြည့်ရသည့် မိသားစုများ မြန်မာနိုင်ငံတွင် ၉၈ ရာခိုင်နှုန်း နေထိုင်ပါသည်။ စတိတ်ရှိုးပွဲများ တိုက်ရိုက်ထုတ်လွှင့်မှုတွင် လျှပ်ပေါ်လော်လီသည့် အပြင်အဆင် အ၀တ် အစားများကို တွေ့ပါက အရှက်နည်းလိုက်တာ၊ ၀တ်ရဲလိုက်တာ ဟူ၍ ပြစ်တင်ဝေဖန်သူ ၉၈ ရာခိုင်နှုန်း ရှိပါသည်။သို့ပါဆိုလျှင် မည်သည့်အတွက် အဖော်အချွတ်များကို အစိုးရမှ တရားဝင် ခွင့်ပြုပေးနေသနည်း။

အီရန်၊ဆော်ဒီ၊ အာဖဂန် တို့ကဲ့သို့ ၀တ်စားရမည်ဟု မဆိုလို။ နယ်မြို့များတွင် စကပ်တို ပေါင်ပေါ်ဝတ်လျှင်ပင် ရိုင်းသည်၊ လျှပ်ပေါ်သည်ဟု ယူဆချိန်တွင် ရန်ကုန်၌ မြန်မာမလေးများ အတွင်းခံဝတ်ပြီး ရှိုးပွဲ စလေပြီ ဖြစ် သည်။ လက်ခံသူ များစွာရှိသကဲ့သို့ လက်မခံသူ များစွာလည်း ရှိသည်။ ရင်ဟိုက်၊ လည်ဟိုက်လျှင်ပင် ဆင်ဆာ တားထားသည့် ဇာတ်ကားများ၊ နှုတ်ခမ်းချင်းစုတ် နမ်းလျှင် ဆင်ဆာဖြတ် ကျော်ပစ်သည့် ဇာတ်ကားများကို ကျွန်တော်တို့ မိသားစုများ စိတ်ဝင်တစား ကြည့်ကြသည်။ ယခုကဲ့သို့ ပေါ်ပေါ်ထင်ထင် ချွတ်နိုင်ပါက မြန်မာနိုင်ငံတွင် ယဉ်ကျေးမှုအရ ဖြတ်သည့် ဆင်ဆာမရှိတော့ ပါ။

ယဉ်ကျေးမှုကို ထိန်းသိမ်းပြီး အမျိုးသားအမွေအနှစ်တွေ မပျောက်ပျက်အောင် ထိန်းသိမ်းရမည့် မြန်မာ နိုင်ငံ၏ လမ်းဆုံလမ်းဂွ ဗီနိုင်းဘုတ်များတွင် ရေကူးဝတ်စုံများဖြင့် ကော့ပျံနေသည့် မော်ဒယ်များကို မမြင်လိုတော့ပါ။ ဒီပုံအတိုင်းဆိုပါက ပိုးအိစံ ထုတ်ဝေခဲ့သည့် အကဲလေး ဂျာနယ်အပါအ၀င် ဂျာနယ်များကို သတိပေးခဲ့ခြင်းသည် အလုပ် မဖြစ်တော့ပါ ဆိုသည်ကိုလည်း သတိမူရပေမည်။

နန်းခင်ဇေယျာ စတင် ဆွဲဖွင့်ခဲ့သော ယဉ်ကျေးမှု တံခါးသည်ကား အဆုံးစွန်ပွင့်ရန် လက်တစ်လုံးခန့်သာ လိုပါတော့သည်ဟုသာ…

refer by: myanmardailynews



အင်ဂျင်နီယာပုံပြင်


အင်ဂျင်နီယာပုံပြင်
**************


…..တရံရောအခါတွင် နတ်ပြည် ၆ ထပ်တွင် အကြီးဆုံးဖြစ်သော ဗြမ္မာမင်းကြီးသည် အကြံတစ်ခုရလေသည်… ထိုအကြံကား သူ နတ်ပြည်နှင့် ငရဲပြည် သို့သွားလာရာတွင် အခက်အခဲဖြစ်သောကြောင့် နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီး ကိုဖောက်လုပ်လိုသော အကြံဖြစ်လေသည်…


…..ထို့ကြောင့် ဗြမ္မာမင်းကြီးလည်း နတ်မင်းကြီးနှင့် ငရဲမင်းကြီးတို့ကို နတ်သဘင် အစည်းအဝေးခေါ်လိုက်လေသည်… အစည်းအဝေးပြီးသောအခါ အစည်းအဝေးဆုံးဖြတ်ချက်အရ နတ်မင်းကြီးနှင့် ငရဲမင်းကြီးတို့ နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီးကို တဝက်စီ (၅၀%) ဖောက်လုပ်ရန် သဘောတူလိုက်လေသည်….တစ်နှစ်အတွင်း အပြီးအပ်ရမည့် လမ်းမကြီး ဖြစ်သည့် အချက်လည်း ပါဝင်ပေသည်…


…..သို့နှင့် နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီး အထူးစီမံကိန်းကြီးစတင်လေတော့သည်…သို့နှင့် လမ်းမကြီးဖောက်လုပ်လာခဲ့ရာ ငရဲမင်းကြီးဖောက်လုပ်သော အပိုင်းမှာ တစ်ဝက်ခန့်ပင်ရောက်ခဲ့လေသည်… အမှန်ဆိုလျှင် လမ်းပိုင်း ၂ ပိုင်းမှာ ဆုံရမည့် အချိန်ဖြစ်လေသည်… သို့သော် နတ်မင်းကြီး ဖောက်လုပ်သော ဘက်မှ အရိပ်အရောင်မျှမတွေ့ရပေ… သို့သော် သဘောကောင်းသော ငရဲမင်းကြီးမှာ အလုပ်ကိုမတွက်ကပ်ပဲ လမ်းကို ဆက်ပြီး ဖောက်လာခဲ့လေသည်…


….အချိန်မှာလည်း တစ်နှစ်ပြည့်တော့မည် ငရဲမင်းကြီး ဖောက်လုပ်ခဲ့သည်မှာလည်း ၉၀% လောက်တောင်ပြီးဆီးနေလေပြီ… သို့သော် ထိုအချိန်ထိ နတ်မင်းကြီးဘက်မှ အရိပ်အရောင်မျှမတွေ့ရ… ငရဲမင်းကြီးလည်း ဒေါသ အတော်ကို့ထွက်နေလေပြီ… နတ်မင်းကြီး လူလည်ကျလေခြင်းဟုဆိုကာ တင်းနေလေသည်… ဒါပေမဲ့ သတ်မှတ်ချိန်အပြီးအပ်ရမည် ဖြစ်သည့်အတွက် ငရဲမင်းကြီးမှာ နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီးကို ဆက်လက်ပြီး ဖောက်လုပ်ခဲ့သည်….


…. အချိန်ကလည်း တစ်နှစ်ပြည့်လေပြီ… နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီးလည်း ပြီးဆုံးပြီ ဖြစ်လေသည်… သို့သော် ငရဲမင်းကြီး တစ်ဖက်တည်းကသာ လုပ်ငန်း ၁၀၀% လုံးဆောင်ရွက်ခဲ့ရလေသည်…ငရဲမင်းကြီး ဒေါသဟာလည်း အထွတ်အထိပ်သို့ရောက်နေလပြီ… ငရဲမင်းအတွေးတွင် နတ်သဘင် အစည်းအဝေးရောက်ရင်တော့ နတ်မင်းကြီးကို တိုင်ပြောမယ်ဟု တွေးထားလိုက်သည်…


….. သို့နှင့် နတ်သဘင် အစည်းအဝေး ပွဲကျင်းပချိန်ရောက်လာလေသည်…ငရဲမင်းလည်း ဘယ်လိုမှ သည်းခံနိုင်စွင်းမရှိသောကြောင့် ဗြမ္မာမင်းကြီးအားထိုသို့ တိုင်ကြားလိုက်သည်…
“”””“ဗြမ္မာမင်းကြီး ခင်ဗျား ခုဖောက်လုပ်ပြီးစီးတဲ့ နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီး ဟာ တစ်လမ်းလုံးသာပြီးသွားတယ် ကျွန်တော်မျိုးတစ်ယောက်တည်းသာ ဖောက်ခဲ့ရကြောင်း အချောင်ခိုပြီး ဘာအလုပ်မှ မလုပ်တဲ့ နတ်မင်းကြီးကို မေးမြန်းအရေးယူပေးပါ”””””
ဟု တိုင်ကြားလိုက်လေသည်…..… ဗြမ္မာမင်းကြီး လည်း အမြက်တော်ရှပြီး နတ်မင်းကြီးအားဖြေရှင်းချက်တောင်းလေတော့သည်….


…..သို့သော် နတ်မင်းကြီးအဖြေကြောင့် နတ်သဘင် အစည်းအဝေးအဖွဲ့ဝင်အားလုံး ကပါ နတ်မင်းကြီး ကို အပစ်မပေးသင့်ကြောင်း ဝိုင်းဝန်းထောက်ခံ ပေးကြလေတော့သည်…..


နတ်မင်းကြီးရဲ့ အဖြေစကားကတော့….

“အရှင် … ဗြမ္မာမင်းကြီး ခင်ဗျား…. ကျွန်တော် ခုဆောက်လုပ်ပြီးစီးတဲ့ နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီး စမယ်ဆိုတဲ့ အချိန်တည်းက နတ်ပြည်မှာ အင်ဂျင်နီယာတွေကို စုစောင်းဖို့ကြိုးစားခဲ့ပါတယ်… ဒါပေမဲ့ နတ်ပြည်မှာ အင်ဂျင်နီယာ က လက်ဆယ်ချောင်းမပြည့်ပါဘူး…. ငရဲမင်းကြီး ဆီမှာတော့ အင်ဂျင်နီယာတွေဟာ မေဂျာအစုံ ကျောင်းအစုံက အင်ဂျင်နီယာတွေ Ph.d, M.E, M.Arch B.E, B.Arch, B.Tech, AGTI စုံလင်စွာရှိပါတယ်… ဒါကြောင့်မို့ ငရဲမင်းကြီး ရဲ့လုပ်ငန်းတိုးတက်မှုဟာ အရမ်းမြန်ပြီးတော့ တစ်လမ်းလုံးကို သူတစ်ယောက်တည်း ဖောက်လုပ်ပြီးစီးသွားခြင်းဖြစ်ပါတယ်… ဒါကြောင့်မို့ ကျွန်တော်ကိုယ်တိုင် လူ့ပြည်ဆင်းပြီး နတ်ပြည် Promotion အတွက် အင်ဂျင်နီယာ ကျောင်းသားတွေကို ဆေးလိပ်မသောက်ဖို့.အရက်မသောက်ဖို့.ဖဲမရိုက်ဖို့… မကောင်းတာတွေ မလုပ်ဖို့…. တွေ ပြောဆို စည်းရုံးပြီးတော့ နတ်ပြည်မှာ အင်ဂျင်နီယာ အရေအတွက်တိုးအောင် ကြိုးစားပါ့မယ်…. ကျွန်တော့်ကိုခွင့်လွှတ်ပါ”””” ဟု ပြောကာ မျက်နှာငယ်လေးဖြင့် ထွက်သွားလေသည်…..

ငရဲမင်းကြီးဘက်သို့ လှည့်ကာ “ သူငယ်ချင်း ငရဲမင်းကြီး ငါမင်းကို မညာပါဘူးကွာ” ဟု နတ်မင်းကြီး က ပြောခဲ့သေးသည်…. ငရဲမင်းကြီးက တော့ လမ်းမကြီးအတွက် နတ်သဘင် အစည်းအဝေးတွင် အင်ဂျင်နီယာများကြောင့် မျက်နှာရခဲ့လေသည်……


(အင်ဂျင်နီယာ ဦးလေးကြီး တစ်ယောက်ပြောပြသော ပုံပြင်ကို ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်… ကိုယ်ပိုင်အတွေးမဟုတ်ပါ… ကော်ပီသာဖြစ်ပါသည်… မည်သို့ပင် ဆိုစေကာမူ ငရဲမင်းကြီးအား မျက်နှာရစေသော အင်ဂျင်နီယာများ ကိုယ်စား ဂုဏ်ယူမိပါသည်… အင်ဂျင်နီယာ လူဆိုးများ လိမ္မာကြကုန်လော့…)

ဖိုးဇော်(၂၂-၂-၂၀၁၃)



Ref: https://www.facebook.com/pages/Defence-Services-Technological-Academy-DSTA/339827686097304


ဆီကြော်မုန့်များ စားသုံးပါက ဆီးကျိတ်ကင်ဆာ ပိုမို ဖြစ်ပွား နိုင်သည်ကို လေ့လာ တွေ့ရှိ


ဆီကြော်မုန့်များ စားသုံးပါက ဆီးကျိတ်ကင်ဆာ ပိုမို ဖြစ်ပွား နိုင်သည်ကို လေ့လာ တွေ့ရှိ

အာလူးချောင်း ကြော်များ၊ ကြက်ကြော်များနှင့် ဒိုးနတ်မုန့်များ အစရှိသည့် ဆီကြော်မုန့် များကို ပုံမှန် စားသုံး ပါက ဆီးကျိတ် ကင်ဆာ ပိုမို ဖြစ်ပွား နိုင်ကြောင်း လေ့လာ တွေ့ရှိချက် အသစ် တစ်ခုတွင် ဖော်ပြ ထားသည်။
အဆိုပါ လေ့လာ တွေ့ရှိချက် အသစ်ကို ဆီးကျိတ် ကင်ဆာ ဝေဒနာ ခံစားနေရသော အမျိုးသား ၁၅၄၉ ဦးနှင့် ကျန်းမာသည့်လူ ၁၄၉၄ ဦးကို လေ့လာ ဆန်းစစ်မှု ပြုခဲ့ရာမှ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ဝါရှင်တန် ပြည်နယ် ဆီယက်တဲလ် မြို့ရှိ Fred Hutchinson ကင်ဆာ သုတေသန ဌာနက ထုတ်ဖော် ပြောကြား ခဲ့သည်။

သုတေသန ပြုရာတွင် ပါဝင်ခဲ့သူ များမှာ အသက် ၃၅ နှစ်မှ ၇၄ နှစ်အတွင်း ဒေသခံများ ဖြစ်ပြီး ကော့ကေး ဆပ်စ် နွယ်ဖွားများနှင့် အာဖရိက- အမေရိကန် နွယ်ဖွား ဆီယက်တဲလ် မြို့သူ မြို့သားများ ဖြစ်ကြောင်း သိရ သည်။ ၎င်းတို့၏ ပုံမှန် စားသောက်ပုံစံတွင် ဆီကြော် အစာများ မည်မျှ ပါဝင်သည်ကို သုတေသီ များက လေ့လာ ခဲ့ကြသည်။

ထိုကဲ့သို့ လေ့လာရာတွင် သီတင်းပတ် တစ်ပတ်အတွင်း အာလူးချောင်းကြော်များ၊ ကြက်ကြော်များ၊ ငါးကြော်များနှင့် ဒိုးနတ်မုန့် များကို စားသုံးသူ များသည် ဆီးကျိတ်ကင်ဆာ ဝေဒနာ ဖြစ်ပွားမှုနှုန်း ၃ဝ ရာခိုင်နှုန်းမှ ၃၇ ရာခိုင်နှုန်း ပိုများသည်ကို တွေ့ရသည်။ ပုံမှန် ဆီကြော်မုန့် များကို စားသုံးသူ များသည် ဆီးကျိတ်ကင်ဆာ ရောဂါ ဖြစ်ပွားနိုင်မှု အန္တရာယ် ပိုမို ကြီးမားကြောင်း တွေ့ရသည်။

သုတေသီ များက ဆီကြော်မုန့်များ စားခြင်းနှင့် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှု အကြား ဆက်စပ်မှုကို ချင့်တွက် ရာတွင် အသက်၊ မိသားစု အတွင်း ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှု မျိုးရိုး ရှိ၊ မရှိ၊ အရပ်နှင့် ကိုယ်ခန္ဓာ အလေးချိန် ကိုက်ညီမှု ရှိ၊ မရှိ၊ လူမျိုး၊ PSA စမ်းသပ်မှု များကိုလည်း ထည့်သွင်း စဉ်းစား ခဲ့ကြသည်။

ဆီကြော် အစာများတွင် ကင်ဆာ ဖြစ်စေနိုင်သော ဒြပ်ပေါင်း ပါဝင်ကြောင်း သုတေသီ များက ထုတ်ဖော် ပြောကြား ထားသည်။ အစား အစာများကို ဆီဖြင့် ကြော်လှော်ရာတွင် အပူရှိန်ကြောင့် ဆီများဆက် ပြောင်းလဲ သွားပြီး ကြွပ်အောင် ကြော်ထားသည့် အစားအစာ များတွင် ကင်ဆာ ဖြစ်စေနိုင်သည့် ကာစီနိုဂျင် ဒြပ်ပေါင်းအဖြစ် ဖြစ်လာသည်ကို တွေ့ရသည်။ ကာစီနိုဂျင် များကို အာလူးချောင်း ကြော်များ ကဲ့သို့ ကာဗိုဟိုက်ဒြိတ် ပါသော အစားအစာ များတွင် တွေ့ရသော acrylamide အပူချိန် မြင့်၍ ချက်သော အစား အစာ များတွင် တွေ့ရသည့် ဓာတုပစ္စည်းများ ဖြစ်သည့် ဒြပ်ပေါင်းများ၊ ရေမွှေးများ ပါဝင်သည့် အော်ဂဲနစ် ပစ္စည်းမှာ ပေါင်းသတ် ဆေးများတွင် တွေ့ရသည့် ဓာတုဗေဒ တစ်မျိုး ဖြစ်သည့် acrylamide ဒြပ်များ ပါဝင်သည်။

ယင်း အဆိပ် ဖြစ်စေသော ဒြပ်ပေါင်းများသည် ဆီများ ထပ်ခါထပ်ခါ ပြန်သုံးခြင်းနှင့် အကြော်ခံဆီ တို့ကို ထပ်ခါထပ်ခါ ပြန်သုံးပါက ပို၍ အဆိပ်အတောက် ဖြစ်စေကြောင်း သုတေသီ များက ပြောကြား ခဲ့သည်။

မျိုးသူထက်

Ref: https://www.facebook.com/MyawadyNews





20 Feb 2013

"အပါယ်လေးပါးရောက်ကြောင်း အလှူဒါန(၁၀) ပါး"


"အပါယ်လေးပါးရောက်ကြောင်း အလှူဒါန(၁၀) ပါး"
•••••••••••••••••••••••••••••••••••••••••••••

၁။ သမဇ္ဇဒါန-ကချေအလှူ ( အငြိမ့်ဇာတ်ပွဲ )။

၂။ မဇ္ဇဒါန -သေရည်သေရက်အလှူ။

၃။ ဣတ္ထိဒါန - မိန်းမအလှူ။

၎။ ဥသဘဒါန -နွားလား၊ မြင်းလား အလှူ။

၅။ စိတ္တကမ္မဒါန - ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူ။

၆။ သတ္ထဒါန - လက်နက် ခဲယမ်းမီးကျောက် အလှူ။

၇။ ၀ိသဒါန - အဆိပ်အလှူ။

၈။ သင်္ခလိကဒါန - လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ။

၉။ ကုက္ကုရ သူကရ ဒါန-ကြက် ၀က် သားကောင်အလှူ။

၁၀။တုလာကူဋ မာနကူဋ - ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူ။
တို့ ဖြစ်ပါတယ်။

(၁) - သမဇ္ဇဒါနလို့ခေါ်တဲ့ ကချေအလှူ(အငြိမ့်ဇာတ်ပွဲ)ကတော့ ယခုခေတ် ရှင်ပြု ရဟန်းခံ ပွဲတွေမှာ များစွာမှတွေ့ ရပါတယ်။ဆိုင်းဝိုင်းတွေ ဇာတ်ပွဲတွေထည့်သွင်းပြီး ကျင်းပကြပါတယ်။ရင်နှီးသူအချင်းချင်းလည်း "သူငယ်ချင်း' မင်းရဲ့ ရှင်ပြု ရဟန်းခံ ပွဲမှာ ငါလည်း ကုသိုလ်ဖြစ်စေဖို့ ဇာတ်ပွဲလေး ဆိုင်းလေးတော့ထည့်ဝင်လှူဒါန်းပါရစေဆိုပြီး" အပြစ်ကင်းတဲ့အလှူဟု ထင်မှတ်ပြီး အပြစ်မကင်းသော အပ္ပါယ်လေးပါးရောက်စေတတ်သော မကောင်းသော အလှူကိုပေးလှူတတ်ကြပါတယ်။အဲဒီအလှူဒါနသည် ကုသိုလ်မရသည့်အပြင်အပ္ပါယ်လေးပါးကိုရောက်စေတတ်ပါသောကြောင့် အားလုံးသော ဒကာ ဒကာမ များ ထိုထိုသော
အလှူကိုမပေးလှူမိဖို့ တိုက်တွန်းအပ်ပါတယ်။

(၂) - သရည် သေရက်(ဘီယာ ထန်းရည် ဆေးခြောက်စသည်)လို့ခေါ်တဲ့ မဇ္ဇဒါနပါ။ အဲဒီအလှူကိုလည်းယခုခေတ်မှာ အများကြီးတွေ့ ရတတ်ပါတယ်။ မိမိရဲ့မွေးနေ့ မှာသော်လည်းကောင်း အလုပ်အကိုင်အဆင်ပြေလို့ 
သော်လည်း သူငယ်ချင်း မိတ်ဆွေ များကို ဖိတ်ပြီး သေရည် သေရက် ဘီယာစသည့်ဖြင့် ပေါ့လေ ပြုလုပ်ကောင်း လှူဒါန်းကောင်း အပြစ်ကင်းသည်ဟုထင်မှတ်ပြီး ဒါနပြုကျွေး မွေးတဲ့အလှူဒါနကိုပြောလိုတာပါ။တကယ်တော့အဲဒီဒါနဟာလည်း အပြစ်မကင်းတဲ့ဒါန ကုသိုလ်မရတဲ့ ဒါန အကုသိုလ်ဖြစ်တဲ့ဒါန အပ္ပါယ်လေးပါးရောက်စေတတ်တဲ့ဒါနပါ။ဒါကြောင့်ထိုထိုသောဒါနကိုလည်း အားလုံးသော ဒကာ ဒကာမများမပေးလှူမိဖို့ တိုက်တွန်းအပ်ပါတယ်။

(၃) - ဣတ္ထိဒါန ဆိုတာ မရိုသေစကား ယခုခေတ်အတိုင်းတာနဲ့ပြောရမယ်ဆိုရင် မိမိ၏ မိတ်ဆွေ သူငယ်ချင်း ညီအစ်ကိုများ ကာမဂုဏ်ပျော်ပါးစေဖို့အတွက် မိမိက အခကြေးငွေအကုန်ကျခံပြီး ငှားရမ်းပေးတဲ့(prostitute) အလှူဒါန ကိုပြောလိုခြင်းဖြစ်ပါတယ်။အဲဒီလို အခကြေးငွေအကုန်ကျခံပြီးလုပ်လိုက်တဲ့ အလှူဟာလည်း အပြစ်မကင်း ကုသိုလ်မရ အပ္ပါယ်လေးပါးရောက်စေတတ်တဲ့ဒါနဖြစ်လို့ ထိုထိုသော အလှူဒါနမျိုးကို မပေးလှူမိဖို့  တိုက်တွန်းပါတယ်။

(၄) - ကတော့ နွားတို့ မှာ ဦးဆောင်နွားလား ..မြင်း
တို့ မှာလည်းဦးဆောင်မြင်းလား တို့ ကိုပေးလှူတဲ့
အလှူဒါနပါ။ ယခုခေတ်မှာအနည်းငယ်ရှားပါးပါတယ်။

(၅)- စိတ္တကမ္မဒါန - ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူ။ ဆိုတာက မိမိမိတ်ဆွေ အပေါင်းသင်းနဲ့  ဘုန်းတော်ကြီးကျောင်းများ
သို့ ကာမဂုဏ်စိတ် ကာမရာဂ စိတ်တွေဖြစ်ပေါ်စေတတ်သော အမျိုးသမီးဓာတ်ပုံများ ။ပြက္ခဒိန်များ။ ပန်းချီရုပ်များကိုပေးလှူတဲ့အလှူဒါနကိုဆိုလိုခြင်းဖြစ်ပါတယ်။ ထိုထိုအလှူသည်လည်း အပြစ်မကင်းသော ကုသိုလ်မရသော အပ္ပါယ်လေးပါးရောက်စေတတ်သော အလှူဒါနဖြစ်သည့်အတွက် ထိုအလှူဒါနကိုလည်း မပေးလှူမိဖို့ တိုက်တွန်းပါတယ်။

(၆)- သတ္ထဒါန - လက်နက် ခဲယမ်းမီးကျောက် အလှူ ဆိုတာက လူတစ်ဦးတစ်ယောက် ဒါမှမဟုတ် အုပ်စုတစ်စု ဒါမှမဟုတ်
အဖွဲ့ တစ်ဖွဲ့ စသည်ဖြင့်ပေါ့လေ သတ်ဖြတ်ဖို့ အတွက် သေစေနိုင်သော လက်နက်များကို အခမဲ့ လုပ်ပေးခြင်း ပေးလှူခြင်း အလှူဒါနကိုပြောခြင်းဖြစ်ပါတယ်။

(၇)- ၀ိသဒါန - အဆိပ်အလှူ ဆိုတာက တစ်ဦးတစ်ယောက် ကိုသေစေလိုသောစေတနာဖြင့် သေစေနိုင်သော အဆိပ် ဆေးများကိုပေးလှူတဲ့ဒါနကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။

(၈)- သင်္ခလိကဒါန - လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ
ဆိုတာက တစ်ဦးတစ်ယောက်ကိုချုပ်နှောင်ဖို့  ဒုက္ခဖြစ်စေဖို့ 
ဆင်းရဲစေဖို့ အတွက် လှူဒါန်းတဲ့အလှူဒါနကို
ဆိုလိုခြင်းဖြစ်ပါတယ်။

(၉)- ကုက္ကုရ သူကရ ဒါန -ကြက် ၀က် သားကောင်အလှူဆိုတာက သူတစ်ပါးအား အသက်ရှင်လျက်ရှိသော ကြက် ဝက် များကို ကိုယ်တိုင်သတ်ပြီးတော့၎င်း သူတစ်ပါးအားသတ်စေပြီး ချက်ပြုတ်စားသောက်ရန်အလို့ ငှာ လှူဒါန်းတဲ့အလှူဒါနကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။

(၁၀)- တုလာကူဋ မာနကူဋ -
ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူဆိုတာက
ရောင်းတဲ့(အလေး)တစ်မျိုး။
ဝယ်တဲ့(အလေး)ကတစ်မျိုး။ (ချိန်ခွင်နဲ့ ဈေးရောင်းသူ)
ထို့  ပြင် ရောင်းတဲ့(ပြည်တောင်း)ကတစ်မျိုး။
ဝယ်တဲ့ (ပြည်တောင်း)ကတစ်မျိုး
(ဆန်ရောင်းသူများ)ဖြစ်စေဖို့ အတွက် အလေးချိန်ခွင် ပြည်တောင်းများကိုထုတ်လုပ်ရောင်းချခြင်း။
ဒါမှမဟုတ် ပေးလှူခြင်း စတဲ့အလှူဒါနမျိုးကို
ဆိုလိုခြင်းဖြစ်ပါတယ်။

[အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)]

----------------------*----------------------
- သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ -
_/|\_ ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ၊
သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍
ကိုယ်, စိတ်နှစ်ဖြာကျန်းမာ, ချမ်းသာကြပါစေ ။
လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ၊… _/|\_

Ref: www.facebook.com


12 Feb 2013

မလေးရှားနိုင်ငံရှိ နိုင်ငံခြားသားအလုပ်သမားများ လက်ရှိကျင့်သုံးနေသော Levyကြေးအား အလုပ်ရှင်များက ပေးဆောင်ရသည့် အနေအထားမှ အလုပ်သမား များကိုယ်တိုင်ပေးဆောင်ရမည့် အနေအထားသို့ ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း


ရေးသားသူ Won Thar Nu

မလေးရှားနိုင်ငံရှိ နိုင်ငံခြားသားအလုပ်သမားများLevyကြေးအား ပေးဆောင်ရမည် မလေးရှားအစိုးရအဖွဲ့မှ ၁၉၉၂ခုနှစ် နိုင်ငံခြားသား အလုပ် သမား ပေါ်လစီအား ပြန်လည်ကျင့်သုံးရန် သဘောတူညီ ခဲ့ပြီးနောက် အဆိုပါပေါ်လစီအရ လက်ရှိကျင့်သုံးနေသော Levyကြေးအား အလုပ်ရှင်များက ပေးဆောင်ရသည့် အနေအထားမှ အလုပ်သမား များကိုယ်တိုင်ပေးဆောင်ရမည့် အနေအထားသို့ ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း သိရှိရသည်။ အဆိုပါဆုံးဖြတ်ချက်သည် မလေးရှားနိုင်ငံတွင်းမှ တရားဝင်အလုပ်လုပ်ကိုင်နေကြ သည့် နိုင်ငံခြားသားအလုပ်သမားများ ပါမစ်သက်တမ်းတိုးသည့်အချိန်မှ စတင်သက်ရောက်မည်ဖြစ်ပြီး အသစ်ရောက်ရှိလာ သည့် နိုင်ငံခြား သားအလုပ်သမားများအနေဖြင့် ပါမစ်ရရှိပြီးချိန်မှစ၍ စတင်သက်ရောက်မည်ဖြစ်သည်။ ပါမစ်သက်တမ်းတိုးရာတွင် ရိုးရိုး Work pass,employment pass နှင့် ယာယီအလုပ်လုပ်ခွင့်ပါမစ်များပါ အကြုံးဝင်မည်ဖြစ်သည်။ အဆိုပါပေါ်လစီအရ အလုပ်ရှင်များ အနေဖြင့် နိုင်ငံခြားသား အလုပ်သမားများကို ခန့်ထားရာတွင် စရိတ်စ ကအနည်းငယ် သက်သာသွားမည်ဖြစ်သည်။ ယခုမလေးတစ်နိုင်ငံလုံးတွင် ကျင့်သုံးမည့် အနည်းဆုံးလစာသတ်မှတ်ခြင်းအရ နိုင်ငံသား အလုပ် သမားများနှင့် နိုင်ငံခြားသား အလုပ်သမားများ၏ အခြေခံလစာမှာ ပျှမ်းမျှ ၃၀% မှ ၅၀% တိုးမြှင့်သွားမည်ဖြစ်ပြီး အရေအတွက်အားဖြင့် ရင်းဂစ်၆၀၀-၇၀၀ မှ ရင်းဂစ် ၉၀၀ သို့ တိုးမြှင့်ခြင်း ခံရမည်ဖြစ်သည်။

ထို့အပြင် တိုးမြှင့်လိုက်သော အခြေခံလစာအပေါ်မူတည်၍ အချိန်ပို လုပ်အားခပါ တိုးမြှင့်လာပြီး တစ်လ၀င်ငွေ စုစုပေါင်း ပျှမ်းမျှ ရင်းဂစ် ၁၂၀၀မှ ရင်းဂစ်၁၅၀၀အတွင်း ရရှိမည်ဖြစ်သည်။ ထို့ကြောင့် အလုပ်ရှင် များအနေဖြင့် ခန့်အပ်ထားသော အလုပ်သမားများ၏ လစာကို ရင်းဂစ် ၃၀၀မှ ရင်းဂစ်၅၀၀အတွင်း တိုးမြှင့်ပေးချေရမည်ဖြစ်သဖြင့် ယခင်အလုပ် သမားအတွက် ပေးဆောင်နေရသည့် Levy ကြေးအား အလုပ်သမား များက ပေးဆောင်ရမည်ဖြစ်သည်။

Levy ကြေးပေးဆောင်ရမည့် ပေါ်လစီသည် မလေးရှားနိုင်ငံအတွင်း ၁၉၉၂ခုနှစ်မှစတင်ကျင့်သုံးခဲ့ပြီး ၂၀၀၉ခုနှစ်အထိ အလုပ်သမား များကသာ ပေးဆောင်ခဲ့ရပြီး ၂၀၀၉ခုနှစ်မှစတင်၍ မလေးရှားအစိုးရမှ အလုပ်ရှင်များအား ကျခံစေရန် ပြောင်းလဲ သတ်မှတ်ပေးခဲ့သည်။ ၂၀၁၂ခုနှစ်အတွင်း ကျင့်သုံးခဲ့သည့် တရာမ၀င်အလုပ်သမား ပပျောက်ရေး 6P အစီအစဉ်အရ တရားဝင်အလုပ်သမားဦးရေ တိုးတက်လာခြင်းနှင့်အတူ အလုပ်ရှင်များဖက်မှ Levyကြေးပေးဆောင်ရသည့် ပမာဏမြင့်တက် လာခဲ့သည်။ ထို့ကြောင့် အစိုးရအနေဖြင့် အလုပ်သမားများအား လစာ တိုးမြှင့်ပေးခြင်းဖြင့် Levy ကြေးအား ကိုယ်တိုင်ပေးဆောင်ရန် သတ်မှတ် လိုက်ခြင်းကြောင့် အလုပ်ရှင်များဖက်မှ စရိတ်စက အချို့ကို လျှော့ ချနိုင် မည်ဖြစ်ပြီး နိုင်ငံအတွင်းကုန်ထုတ်လုပ်မှုစရိတ် သက်သာခြင်းကြောင့် ကုန်ဈေးနှုန်း ကျဆင်းလာမည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

ထို့အပြင် နိုင်ငံအတွက်အခွန်ငွေ တိုးတက်လာနိုင်မည်ဖြစ်ပြီး နှစ်စဉ် ရင်းဂစ် ၂.၁ဘီလီယံရရှိမည်ဟု ခန့်မှန်းထားကြောင်း သိရှိရသည်။ အလုပ်ရှင်များဖက်မှ အစိုးရ၏အထက်ပါအစီအစဉ်အား ကြိုဆိုလိုက်သော် လည်း Malaysian Trades Union Congress က အဆိုပါအစီအစဉ်၏ အားနည်းချက်များကို ဝေဖန်သွားကြောင်း သိရှိရသည်။ မလေးရှားအစိုးရ၏ အစီအစဉ်သည် အလုပ်ရှင်များဖက်မှ စရိတ်စကသက်သာစေရန် သက်သက်သာရည်ရွယ်ပြီး အလုပ်သမားများအတွက်ဝန်ထုတ်ဝန်ပိုး တစ်ခု ဖြစ်စေနိုင်ကြောင်း ထောက်ပြသွားသည်။ ထို့အပြင် အစိုးရအနေဖြင့် Levyကြေးအား ကိုယ်တိုင်ပေးဆောင်ရမည့် နိုင်ငံခြားသား အလုပ် သမား များ၏ တခြားလိုအပ်ချက်များ [EPF(Employee Provident Fund) နှင့် Socso(Social Security Organisation)] ကို ဖြည့်ဆည်းပေးရန် လိုအပ်ကြောင်း အကြံပြုသွားခဲ့သည်။ အလုပ်ရှင်အများစုက အစိုးရ၏ အစီအစဉ်အား ကြိုဆိုလိုက်သော်လည်း မလေးရှားနိုင်ငံ၏ အကြီးမားဆုံး မီနီမတ်စီးပွားရေးလုပ်ငန်းများထဲမှ တစ်ခုဖြစ်သည့် KK Mart Group ကမူ အဆိုပါအစီအစဉ်သည် ၎င်းတို့အတွက် အကျိုးမရှိကြောင်းပြောဆို သွားသည်။

၎င်းတို့အနေဖြင့် နိုင်ငံခြားသားအလုပ်သမားများအား နေစရာ၊ အကြို အပို့စီစဉ်ပေးထားသည့်အပြင် စားစရိတ်ပါ ပေးထားသဖြင့် လစာ တိုးမြှင့်ပေး ရခြင်းအတွက် အဆိုပါစရိတ်စကများကို အလုပ်သမားများ အိတ်စိုက်ကျခံသင့်ကြောင်း ဝေဖန်သွားသည်။ လက်ရှိအချိန်တွင် KK Group ၌ အလုပ်လုပ်နေသော နိုင်ငံခြားသား အလုပ်သမားများ ၅၀၀ကျော်အား တစ်ရက် ၁၂နာရီအလုပ်ချိန်အတွက် အခြေခံလစာ ၉၀၀ရင်းဂစ် ပေးချေထားကြောင်း၊ အစိုးရ၏ အနည်းဆုံးလစာပေါ်လစီ သက်ရောက်ပြီးနောက်ပိုင်းတွင် အဆိုပါအလုပ်သမားများ၏ လစာမှာ ၁၄၀၆ရင်းဂစ်သို့ တိုးမြှင့်ပေးချေရမည်ဖြစ်သည့်အတွက် အလုပ်သမားများအတွက် ပံ့ပိုးထားသည့် နေစရာအဆောက်အအုံ၊ အကြိုအပို့စသည့် စရိတ်စကများပါ ဆက်လက်ကုန်ကျမည်ဆိုလျှင် ၎င်းတို့အတွက် ပို၍အခက်အခဲဖြစ်စေကြောင်း ပြောဆိုသွားသည်။ အလုပ်သမား၅၀၀ကျော်အတွက် တစ်လစာ လစာငွေပေးချေရမည့် ပမာဏမှာ ပေါ်လစီသက်ရောက်ပြီးနောက်ပိုင်းတွင် ရင်းဂစ်၂၅၀၀၀၀ ကုန် ကျမည်ဖြစ်ကြောင်း ပြောပြသွားပါသည်။ တချို့သော အသေးစား စီးပွားရေးလုပ်ငန်းများမှ လုပ်ငန်းရှင်များကမူ ၎င်းတို့၏အလုပ်သမားများကို Levy ကြေး ကိုယ်တိုင်ပေးဆောင်စေလိုခြင်း မရှိကြောင်းသိရ သည်။ ပေါ် လစီ မသက်ရောက်မှီ နိုင်ငံခြားသား အလုပ်သမားအတွက် အလုပ် ရှင် မှ ပေးဆောင်ရသည့် တစ်နှစ်စာ Levyကြေးမှာ တစ်ဦးလျှင် [Services Sector-Rm600-Rm1850, Plantation-Rm590, Manufacturing & Construction Sector-Rm1250] ဖြစ်ကြောင်း သိရှိရ သည်။

ယခုကျင့်သုံးမည့် Minimum Wage ပေါ်လစီအရ အဆိုပါ Levy ကြေးအား အလုပ်သမားကိုယ်တိုင် ပေးဆောင်ရမည်ဖြစ်ပြီး တိုးမြှင့်ခံရမည့် လစာငွေ မှာ အနောက်ဖက် ပင်နီဆူလာကျွန်းဆွယ်တွင် အလုပ်သမားတစ်ဦးလျှင် လစာငွေ အနည်းဆုံး တစ်လလျှင် ရင်းဂစ်၉၀၀ ရရှိမည်ဖြစ်ကာ အရှေ့ဖက် Sabah နှင့် Sarawah တွင် ရင်းဂစ်၈၀၀ အနည်းဆုံးရရှိမည်ဖြစ်သည်။ အလုပ်သမားအာမခံကြေးမှာ နိုင်ငံခြားသား အလုပ်သမားတစ်ဦးအတွက် ရင်းဂစ်၇၂ မှ ရင်းဂစ်၂၀၀ထိ ပေးဆောင်ရမည်ဖြစ်ပြီး အလုပ်သမား များ အတွက် နေစရာနှင့် အကြိုအပို့စရိတ်အား အလုပ်ရှင်မှ ကျခံရမည်ဖြစ် သည်။ အဆိုပါအစီအစဉ်သည် မလေးရှားနိုင်ငံအတွင်း အလုပ်ရှင်နှင့် တိုက်ရိုက်ဆက်သွယ် အလုပ်လုပ်ကိုင်နေကြ သည့် နိုင်ငံခြားသား အလုပ် သမားများအတွက် တိုးမြှင့်ခံရမည့်လစာငွေနှင့် Levyကြေးပေးဆောင် ရမည့် ပမာဏအပေါ်မူတည်၍ အကျိုးရှိနိုင်သော်လည်း အများစု မှာ အေး ဂျင့် များ မှတဆင့် အလုပ်ရှင်နှင့်ဆက်သွယ် အလုပ်လုပ်နေကြ သည့်အ တွက် အဆိုပါအစီအစဉ်သည် ၎င်းတို့အတွက် အကျိုးရှိနိုင်မဟုတ်ဟု စားသောက်ဆိုင်တွင် အလုပ်လုပ်နေသော မြန်မာအလုပ် သမားတစ်ဦး က ပြောဆိုသွားပါသည်။ ၎င်းအား အလုပ်ရှင်မှ အလုပ်ချိန်၁၂နာရီအတွက် တစ်လလစာ ရင်းဂစ်၁၂၀၀အား အေးဂျင့်၏ ဘဏ်စာရင်းအတွင်း လစဉ်ထည့်သွင်းပေးပြီး အေးဂျင့်မှ ၎င်းအား ရင်းဂစ် ၉၀၀ သာ ပေးချေကြောင်း ပြောပြသွားပါသည်။ ထို့ကြောင့် တိုးမြှင့်ခံရမည့် လစာငွေများမှာ အဆိုပါအလုပ်သမားများအတွက် အကျိုးမရှိနိုင် ပဲ အေး ဂျင့် များအတွက်သာ အကျိုးရှိနိုင်ကြောင်း၊ ၎င်းတို့၏ Levy ကြေးကို လည်း အေးဂျင့်ကသာ ပေးဆောင်ပြီး ပိုလျှံသည့် လစာငွေအား အေးဂျင့် ကသာ ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း ငြီးငြူပြောဆိုသွားပါသည်။

အဆိုပါသတင်းများအား အောက်ပါဝက်ဆိုက်များတွင် ၀င်ရောက်ဖတ် ရှုနိုင်ပါသည်။ http://thestar.com.my/news/story.asp?file% 2F20 13%2F1%2F31%2Fnation%2F20130131173335&sec=nation http://www.nst.com.my/nation/general/bosses-no-longer-have-to-pay-foreign-workers-levies-1.210630 မလေးရှားအခြေစိုက် ၀ံသာနုသတင်းထောက်ပေးပို့သော သတင်းအား တင်ဆက်ခြင်းဖြစ် ပါသည်။

ပြည်ပနိုင်ငံများတွင် လုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအနေဖြင့် မိမိအလုပ်လုပ်ကိုင်နေသည့် နိုင်ငံများမှ အလုပ်သမားများနှင့်ပတ် သက်သော သတင်းအချက်အလက်များအား အများပြည်သူသို့ အသိပေး တင်ပြလိုပါလျှင် ၀ံသာနုသတင်းဌာန၏ အီးမေးလ်ဖြစ်သော wonth arnu.com@gmail.com သို့ မက်ဆေ့ပို့၍ဖြစ်စေ ပေးပို့နိုင်ပါသည်။
မလေးရှားနိုင်ငံရှိ နိုင်ငံခြားသားအလုပ်သမားများLevyကြေးအား
ပေးဆောင်ရမည်။

မလေးရှားအစိုးရအဖွဲ့မှ ၁၉၉၂ခုနှစ် နိုင်ငံခြားသား အလုပ်သမား ပေါ် လစီ အား ပြန်လည်ကျင့်သုံးရန် သဘောတူညီခဲ့ပြီးနောက် အဆိုပါပေါ်လစီအရ လက်ရှိကျင့်သုံးနေသော Levyကြေးအား အလုပ်ရှင်များက ပေးဆောင် ရသည့် အနေအထားမှ အလုပ်သမားများကိုယ်တိုင်ပေးဆောင်ရမည့် အနေအထားသို့ ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း သိရှိရသည်။

အဆိုပါဆုံးဖြတ်ချက်သည် မလေးရှားနိုင်ငံတွင်းမှ တရားဝင် အလုပ်လုပ် ကိုင်နေကြသည့် နိုင်ငံခြားသားအလုပ်သမားများ ပါမစ်သက်တမ်းတိုး သည့်အချိန်မှ စတင်သက်ရောက်မည်ဖြစ်ပြီး အသစ်ရောက် ရှိလာ သည့် နိုင်ငံခြားသားအလုပ်သမားများအနေဖြင့် ပါမစ်ရရှိပြီးချိန်မှစ၍ စတင်သက်ရောက်မည်ဖြစ်သည်။ ပါမစ်သက်တမ်းတိုးရာတွင် ရိုးရိုး Work pass,employment pass နှင့် ယာယီအလုပ်လုပ်ခွင့်ပါမစ်များပါ အကြုံးဝင်မည်ဖြစ်သည်။

အဆိုပါပေါ်လစီအရ အလုပ်ရှင်များအနေဖြင့် နိုင်ငံခြားသား အလုပ် သမား များကို ခန့်ထားရာတွင် စရိတ်စကအနည်းငယ် သက်သာသွား မည်ဖြစ် သည်။ ယခုမလေးတစ်နိုင်ငံလုံးတွင် ကျင့်သုံးမည့် အနည်းဆုံးလစာ သတ် မှတ်ခြင်းအရ နိုင်ငံသား အလုပ်သမားများနှင့် နိုင်ငံခြားသား အလုပ်သ မားများ၏ အခြေခံလစာမှာ ပျှမ်းမျှ ၃၀% မှ ၅၀% တိုးမြှင့်သွား မည်ဖြစ်ပြီး အရေအတွက်အားဖြင့် ရင်းဂစ်၆၀၀-၇၀၀ မှ ရင်းဂစ် ၉၀၀ သို့ တိုးမြှင့်ခြင်း ခံရမည်ဖြစ်သည်။ ထို့အပြင် တိုးမြှင့်လိုက်သော အခြေခံလစာ အပေါ်မူ တည် ၍ အချိန်ပိုလုပ်အားခပါ တိုးမြှင့်လာပြီး တစ်လ၀င်ငွေ စုစုပေါင်း ပျှမ်းမျှ ရင်းဂစ် ၁၂၀၀မှ ရင်းဂစ်၁၅၀၀အတွင်း ရရှိမည်ဖြစ်သည်။

ထို့ကြောင့် အလုပ်ရှင်များအနေဖြင့် ခန့်အပ်ထားသော အလုပ်သမားများ ၏ လစာကို ရင်းဂစ်၃၀၀မှ ရင်းဂစ်၅၀၀အတွင်း တိုးမြှင့်ပေးချေရ မည်ဖြစ် သဖြင့် ယခင်အလုပ်သမားအတွက် ပေးဆောင်နေရသည့် Levy ကြေးအား အလုပ်သမားများက ပေးဆောင်ရမည်ဖြစ်သည်။

Levy ကြေးပေးဆောင်ရမည့် ပေါ်လစီသည် မလေးရှားနိုင်ငံအတွင်း ၁၉၉၂ ခုနှစ်မှစတင်ကျင့်သုံးခဲ့ပြီး ၂၀၀၉ခုနှစ်အထိ အလုပ်သမား များက သာ ပေးဆောင် ခဲ့ရပြီး ၂၀၀၉ခုနှစ်မှစတင်၍ မလေးရှားအစိုးရမှ အလုပ် ရှင် များအား ကျခံစေရန် ပြောင်းလဲ သတ်မှတ်ပေးခဲ့သည်။

၂၀၁၂ခုနှစ်အတွင်း ကျင့်သုံးခဲ့သည့် တရာမ၀င်အလုပ်သမား ပပျောက်ရေး 6P အစီအစဉ်အရ တရားဝင်အလုပ်သမားဦးရေ တိုးတက်လာခြင်းနှင့်အတူ အလုပ်ရှင်များဖက်မှ Levyကြေးပေးဆောင်ရသည့် ပမာဏမြင့်တက် လာခဲ့ သည်။ ထို့ကြောင့် အစိုးရအနေဖြင့် အလုပ်သမားများအား လစာ တိုးမြှင့်ပေးခြင်းဖြင့် Levy ကြေးအား ကိုယ်တိုင်ပေးဆောင်ရန် သတ်မှတ် လိုက်ခြင်းကြောင့် အလုပ်ရှင်များဖက်မှ စရိတ်စကအချို့ ကို လျှော့ချနိုင် မည်ဖြစ်ပြီး နိုင်ငံအတွင်းကုန်ထုတ်လုပ်မှုစရိတ် သက်သာခြင်းကြောင့် ကုန်ဈေးနှုန်း ကျဆင်းလာမည်ဟု မျှော်လင့်ထားကြောင်း သိရသည်။ ထို့အပြင် နိုင်ငံအတွက်အခွန်ငွေ တိုးတက်လာနိုင်မည်ဖြစ်ပြီး နှစ်စဉ် ရင်းဂစ် ၂.၁ဘီလီယံရရှိမည်ဟု ခန့်မှန်းထားကြောင်း သိရှိရသည်။

အလုပ်ရှင်များဖက်မှ အစိုးရ၏အထက်ပါအစီအစဉ်အား ကြိုဆိုလိုက်သော် လည်း Malaysian Trades Union Congress က အဆိုပါအစီအစဉ်၏ အားနည်းချက်များကို ဝေဖန်သွားကြောင်း သိရှိရသည်။ မလေးရှားအစိုးရ၏ အစီအစဉ်သည် အလုပ်ရှင်များဖက်မှ စရိတ်စကသက်သာစေရန် သက်သက် သာရည်ရွယ်ပြီး အလုပ်သမားများအတွက်ဝန် ထုတ်ဝန်ပိုး တစ်ခု ဖြစ်စေနိုင်ကြောင်း ထောက်ပြသွားသည်။ ထို့အပြင် အစိုးရအနေဖြင့် Levyကြေးအား ကိုယ်တိုင်ပေးဆောင်ရမည့် နိုင်ငံခြားသား အလုပ်သမား များ၏ တခြားလိုအပ်ချက်များ [EPF(Employee Provident Fund) နှင့် Socso(Social Security Organisation)] ကို ဖြည့်ဆည်းပေးရန် လိုအပ်ကြောင်း အကြံပြုသွားခဲ့သည်။

အလုပ်ရှင်အများစုက အစိုးရ၏အစီအစဉ်အား ကြိုဆိုလိုက်သော်လည်း မလေးရှားနိုင်ငံ၏ အကြီးမားဆုံး မီနီမတ်စီးပွားရေးလုပ်ငန်းများထဲမှ တစ်ခုဖြစ်သည့် KK Mart Group ကမူ အဆိုပါအစီအစဉ်သည် ၎င်းတို့အတွက် အကျိုးမရှိကြောင်းပြောဆိုသွားသည်။

၎င်းတို့အနေဖြင့် နိုင်ငံခြားသားအလုပ်သမားများအား နေစရာ၊ အကြိုအပို့ စီစဉ်ပေးထားသည့်အပြင် စားစရိတ်ပါ ပေးထားသဖြင့် လစာတိုးမြှင့်ပေး ရခြင်းအတွက် အဆိုပါစရိတ်စကများကို အလုပ်သမားများ အိတ်စိုက် ကျခံသင့်ကြောင်း ဝေဖန်သွားသည်။ လက်ရှိအချိန်တွင် KK Group ၌ အလုပ်လုပ်နေသော နိုင်ငံခြားသား အလုပ်သမားများ ၅၀၀ကျော်အား တစ်ရက် ၁၂နာရီအလုပ်ချိန်အတွက် အခြေခံလစာ ၉၀၀ ရင်းဂစ် ပေးချေ ထားကြောင်း၊ အစိုးရ၏ အနည်းဆုံးလစာပေါ်လစီ သက်ရောက်ပြီးနောက် ပိုင်း တွင် အဆိုပါအလုပ်သမားများ၏ လစာမှာ ၁၄၀၆ရင်းဂစ်သို့ တိုးမြှင့်ပေးချေရမည်ဖြစ်သည့်အတွက် အလုပ်သမားများအတွက် ပံ့ပိုးထား သည့် နေစရာအဆောက်အအုံ၊ အကြိုအပို့စသည့် စရိတ်စကများ ပါ ဆက် လက်ကုန်ကျမည်ဆိုလျှင် ၎င်းတို့အတွက် ပို၍အခက်အ ခဲဖြစ်စေကြော င်း ပြော ဆိုသွားသည်။ အလုပ်သမား၅၀၀ကျော်အတွက် တစ်လစာ လစာငွေပေးချေရမည့်ပမာဏမှာ ပေါ်လစီသက်ရောက်ပြီးနောက်ပိုင်းတွင် ရင်းဂစ်၂၅၀၀၀၀ ကုန်ကျမည်ဖြစ်ကြောင်း ပြောပြသွားပါသည်။
တချို့သော အသေးစားစီးပွားရေးလုပ်ငန်းများမှ လုပ်ငန်းရှင်များကမူ ၎င်းတို့၏အလုပ်သမားများကို Levy ကြေး ကိုယ်တိုင်ပေးဆောင်စေလိုခြင်း မရှိကြောင်းသိရသည်။

ပေါ်လစီမသက်ရောက်မှီ နိုင်ငံခြားသား အလုပ်သမားအတွက် အလုပ်ရှင် မှ ပေးဆောင်ရသည့် တစ်နှစ်စာ Levyကြေးမှာ တစ်ဦးလျှင် [Services Sector-Rm600-Rm1850, Plantation-Rm590, Manufacturing & Construction Sector-Rm1250] ဖြစ်ကြောင်း သိရှိရသည်။

ယခုကျင့်သုံးမည့် Minimum Wage ပေါ်လစီအရ အဆိုပါ Levy ကြေးအား အလုပ်သမားကိုယ်တိုင် ပေးဆောင်ရမည်ဖြစ်ပြီး တိုးမြှင့်ခံရမည့် လစာငွေ မှာ အနောက်ဖက် ပင်နီဆူလာကျွန်းဆွယ်တွင် အလုပ်သမားတစ်ဦးလျှင် လစာငွေ အနည်းဆုံး တစ်လလျှင် ရင်းဂစ်၉၀၀ ရရှိမည်ဖြစ်ကာ အရှေ့ဖက် Sabah နှင့် Sarawah တွင် ရင်းဂစ်၈၀၀ အနည်းဆုံးရရှိမည်ဖြစ်သည်။ အလုပ်သမားအာမခံကြေးမှာ နိုင်ငံခြားသား အလုပ်သမားတစ်ဦးအတွက် ရင်းဂစ်၇၂ မှ ရင်းဂစ်၂၀၀ထိ ပေးဆောင်ရမည်ဖြစ်ပြီး အလုပ်သမားများ အတွက် နေစရာနှင့် အကြိုအပို့စရိတ်အား အလုပ်ရှင်မှ ကျခံရမည်ဖြစ် သည်။

အဆိုပါအစီအစဉ်သည် မလေးရှားနိုင်ငံအတွင်း အလုပ်ရှင်နှင့် တိုက်ရိုက် ဆက်သွယ် အလုပ်လုပ်ကိုင်နေကြ သည့် နိုင်ငံခြားသားအလုပ်သမား များ အတွက် တိုးမြှင့်ခံရမည့်လစာငွေနှင့် Levyကြေးပေးဆောင်ရမည့် ပမာဏ အပေါ်မူတည်၍ အကျိုးရှိနိုင်သော်လည်း အများစုမှာ အေးဂျင့်များမှတဆင့် အလုပ်ရှင်နှင့်ဆက်သွယ် အလုပ်လုပ်နေကြသည့်အတွက် အဆိုပါအစီ အစဉ်သည် ၎င်းတို့အတွက် အကျိုးရှိနိုင်မဟုတ်ဟု စားသောက်ဆိုင်တွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမားတစ်ဦးက ပြောဆိုသွားပါသည်။ ၎င်းအား အလုပ်ရှင်မှ အလုပ်ချိန်၁၂နာရီအတွက် တစ်လလစာ ရင်းဂစ် ၁၂၀၀ အား အေးဂျင့်၏ ဘဏ်စာရင်းအတွင်း လစဉ်ထည့် သွင်းပေး
ပြီး အေး ဂျင့် မှ ၎င်းအား ရင်းဂစ် ၉၀၀သာ ပေးချေကြောင်း ပြောပြ သွားပါသည်။

ထို့ကြောင့် တိုးမြှင့်ခံရမည့် လစာငွေများမှာ အဆိုပါအလုပ်သမားများ အတွက် အကျိုးမရှိနိုင်ပဲ အေးဂျင့်များအတွက်သာ အကျိုးရှိနိုင်ကြောင်း၊ ၎င်းတို့၏ Levy ကြေးကိုလည်း အေးဂျင့်ကသာ ပေးဆောင်ပြီး ပိုလျှံသည့် လစာငွေအား အေးဂျင့်ကသာ ခံစားခွင့်ရရှိ မည်ဖြစ်ကြောင်း ငြီြး ငူပြော ဆိုသွားပါသည်။ အဆိုပါသတင်းများအား အောက်ပါဝက်ဆိုက်များတွင် ၀င်ရောက်ဖတ်ရှုနိုင်ပါသည်။

http://thestar.com.my/news/story.asp?file=%2F2013%2F1%2F31%2Fnation%2F20130131173335&sec=nation
http://www.nst.com.my/nation/general/bosses-no-longer-have-to-pay-foreign-workers-levies-1.210630

မလေးရှားအခြေစိုက် ၀ံသာနုသတင်းထောက်ပေးပို့သော သတင်းအား တင်ဆက်ခြင်းဖြစ်ပါသည်။

Ref: https://www.facebook.com/MyawadyNews


11 Feb 2013

B ပိုး C ပိုး သမားတွေ အတွက် သတင်းကောင်း



*** B ပိုး C ပိုး သမားတွေ အတွက် သတင်းကောင်း ***

ဒီပုံမှာပါတဲ့ အရွက်ကတော့ ဗိန္ဒောဆေးအခေါ် *ဣဿရမူလီ* လို့ခေါ်တယ်။
ဦးဟုတ်စိန်အဘိဓာန်မှာတော့ The Indian Brithwort (*Atistolochia indica)* သာမည ဣဿရီ တဲ့။
ရှမ်းဘာသာကတော့ ၀မ်လီနုတ်ယုံး *(၀၊ခ်ေလီခေူဂ့်ယုင်း*) လို့ခေါ်ပြီး တရုတ်အခေါ်ကတော့ *ခုံ့ရှော့တန်း* လို့ခေါ်တယ်။
အပင်ကတော့ အစိမ်းရောင် နွယ်ပင်တစ်မျိုးပါ။ ခွာညို၊ ခွာဖြူပန်းလို အိမ်မှာ အလှစိုက်ထားလေ့ရှိတယ်။
အပွင့်က ဥဒေါင်းငှက်နဲ့ ဆင်တူပြီး အဖြူ။ အ၀ါ၊ အစိမ်း၊ ခရမ်းရောင် အနဲငယ်သမ်းနေတယ်။
အသီးကတော့ ကင်းမွန်သီးလို ခပ်ဆင်ဆင်ဖြစ်ပြီး အရစ်(အရေးအကြောင်း) အမြောင့်ပါတယ်။ အရွက်ရဲ့ အရသာကတော့ နဲနဲဖန်သလိုလို၊ ကွမ်းရွက်ကဲ့သို့လဲ အနည်းငယ် ရှိန်းသလိုလိုဖြစ်ပြီး အရသာပေါ့တယ်။
ဘီပိုးရောဂါ၊ စီပိုးရောဂါရှိသူများအတွက် မကြာခင်က သိရတဲ့ ဆေးကောင်းတစ်လက်ပါ။
ဒီဆေးအကြောင်းကို မန္တလေး၊ ကျွဲဆည်ကန်နေ နန်းမွေဖေါင် (2nd Year Law) ကနေတဆင့် သိရခြင်းပါ။
သူမအဖေရဲ့ မန္တလေး မိတ်ဆွေတစ်ဦး ဘီပိုးရောဂါဖြစ်ပြီး ယိုးဒယား၊ စင်္ကာပူအထိ သွားကုတာ သိန်းပေါင်းများစွာ ကုန်ပေမယ့် ရောဂါက မပျောက်ဖြစ်နေတယ်။

စိတ်ပျက်ပျက်နဲ့ မန္တလေးကိုရောက်တော့ မိတ်ဆွေ တစ်ယောက်က ဣဿရမူလီ ကို သုံးကြည့်ခိုင်းတယ်။
သူလည်း (၃)လလောက် အဲဒီအရွက်ကို အစိမ်းလိုက် တစ်နေ့ (၃)ခါ၊ တစ်ခါ လေးရွက် ငါးရွက်လောက် ၀ါးစားပြီး ရေသောက်လိုက်တယ်။
နောက်ပိုင်း သူ့ရဲ့ အသားအရေလည်း အရင်လို နီကြောင်ကြောင် နီရဲရဲ မဟုတ်တော့ပဲ အသားအရည်တွေ ၀င်းလာတယ်။ ကြည်လာတယ်။
ကျန်းမာရေးလည်း တော်တော်ကောင်းလာတာတွေ့ရတယ်။ နောက် (၅)လ ကြာတော့ သူယိုးဒယားကို ဆေးစစ်သွားတော့ ဟိုကဆရာဝန်တွေက အံ့သြစွာနဲ့ သူ့ရဲ့ ဘီပိုးရောဂါ လုံးဝပျောက်သွားကြောင်း၊ ဘာဆေးတွေ သုံးကြောင်း မေးလာတော့ သူက တိုင်းရင်းဆေး ဣဿရမူလီ ဆေးကိုသုံးကြောင်း ပြောလိုက်တယ်။
အခု သူကျန်းကျန်းမာမာပါပဲ။
*ဆေးသုံးစွဲနည်း*
(၁) အကောင်းဆုံးကတော့ အရွက်စိမ်းကို ၀ါးစားပြီး ရေသောက်တာ ပိုထိရောက်တယ်။ (၂) သုံးခွက် တစ်ခွက် ကြိုသောက်ရင်လည်း ရပါတယ်။ (၃) အရွက်ကို အခြောက်လှမ်းပြီး လက်ဖက်ရည် သောက်သလိုမျိုး သောက်ရင်လည်း ရတယ်တဲ့။
ဓါတ်ပုံကို လားရှိုးမြို့ ရပ်ကွက် (၆) ရွှေလီကျောင်းအနီး၊ ဒေါ်နန်းရွှေကျောင်းအိမ်မှာ သွားရိုက်ထားခြင်းဖြစ်တယ်။
ဣဿရမူလီ မှတဆင့် ဘီပိုးအတွက် စီပိုးအတွက် ဆေးကောင်းတစ်လက်အဖြစ် ဆက်လက် တိုးတက်အောင် ဖေါ်ဆောင်နိုင်ပါစေ။
*သင်ရဲ့ မိတ်ဆွေထံ ဆက်လက် လက်ဆင့်ကမ်းပြီး ဘေသဇ္ဇဒါန (ဆေးအလှူ) အဖြစ် ကုသိုလ်ယူကြပါရန် . . . . *
မေတ္တာဖြင့်
တောင်တန်းသာသနာပြုဆရာတော်
စ၀်ဆုခမ်း (တန့်ယန်း)
၊ သတင်းစုံလင် ဖေ.ဘုတ်တခွင်

Ref: www.facebook.com



8 Feb 2013

သင့်ခန္ဓာကိုယ်၏ အံ့မခန်းလှည့်ကွက်များ



သင့်ခန္ဓာကိုယ်၏ အံ့မခန်းလှည့်ကွက်များ
---------------------------------------------------

၁) သင့်လည်ချောင်းထဲက ယားနေတယ်ဆိုရင် နားရွက်ကိုကုတ်လိုက်ပါ... နားရွက်မှာရှိတဲ့ အာရုံကြောတွေကိုလှုံ့ဆော်မိတဲ့အခါ အဲ့ဒီအာရုံကြောတွေဟာ လည်ချောင်းထဲကကြွက်သားတွေကို အလိုအလျောက်ရုတ်တရက်တုံ့ပြန်စေပြီး ယားယံမှုကို ပျောက်ကင်းပါလိမ့်မယ်....

၂) လူတွေဆူညံနေတဲ့နေရာမှာ ဒါမှမဟုတ် ဖုန်းပြောတဲ့နေရာ တစ်ယောက်ယောက်ရဲ့အသံကို မကြားနိုင်ဖြစ်နေပါသလား.... ရုတ်ချည်းပြောလိုက်တဲ့အသံကိုကြားဖို့ဆိုရင်တော့ ညာဘက်နားကို အသုံးပြုပါ... ဂီတသံစဉ်တွေကိုနားထောင်ဖို့ဆိုရင်တော့ ဘယ်ဘက်နားကို အသုံးပြုပါ....

၃) သန့်စင်ခန်းဒါမှမဟုတ် တခြားသင့်တော်တဲ့ တစ်နေရာရာနဲ့ အလှမ်းဝေးနေတဲ့အချိန်မှာ သင့်အနေနဲ့ အလွန်အမင်း အခင်းကြီးငယ်သွားချင်နေတယ်ဆိုရင် သင့်ရဲ့ ချစ်သံယောဇဉ်လေးတွေအကြောင်း စိတ်ကူးယဉ်လိုက်ပါ... ဒါက သင့်ဦးနှောက်ကို အာရုံလွှဲပြောင်းပေးနိုင်ပါတယ်....

၎) ဆရာဝန်က သင့်ကိုဆေးထိုးတော့မယ်ဆိုရင် ဆေးထိုးအပ်ဝင်တာနဲ့ ချောင်းဟန့်လိုက်ပါ... ချောင်းဆိုးချောင်းဟန့်တာဟာ သင့်ရဲ့ ကျောရိုးပြွန်ထဲက ဖိအားကိုမြင့်တက်စေပြီး ဦးနှောက်ကို နာကျင်မှုဝေဒနာပေးပို့တဲ့အခါမှာ ကန့်သတ်ထားစေနိုင်ပါတယ်...

၅) နှာစေးနေလို့ နှာခေါင်းပိတ်နေတဲ့အခါမျိုး... အသက်ရှူလမ်းကြောင်းပိတ်နေတဲ့အခါမျိုးမှာ သင့်လျှာကို ခံတွင်းအပေါ်ဘက်နံရံမှာဖိကပ်ထားပြီး မျက်ခုံးနှစ်ခုကြားမှာ လက်တစ်ခေါင်းနဲ့ဖိထားလိုက်ပါ... ဒီအနေအထားအတိုင်း စက္ကန့် ၂၀ လောက် ထားလိုက်ခြင်းဖြင့် သင့်နှာနုရိုးကိုလှုပ်ခါစေနိုင်ပြီး ပိတ်ဆို့နေတာတွေ လျော့ပါးပြီး ရှင်းလင်းသွားစေနိုင်ပါတယ်....

၆) အစားကောင်းအသောက်ကောင်းတွေ အားပါးတရစားပြီး အရမ်းပြည့်အင့်ကာ အိပ်ချင်လာပြီဆိုရင် ဘယ်ဘက်ကိုစောင်းပြီးလှဲလျောင်းပါ... ဒီပုံစံဟာ သင့်အစာအိမ်ကို အစာပြွန်ထက်ပိုနိမ့်တဲ့အနေအထားမှာရှိတဲ့အတွက် အစာချေရည်အက်ဆစ်ပြောင်းပြန်စီးဆင်းမှုကို တားဆီးပေးပြီး အစာချေရည်တွေ သင့်လည်ချောင်းထဲက မထွက်လာအောင်ထိန်းပေးထားနိုင်ပါတယ်...

၇) သင် သွားကိုက်တယ်ဆိုရင် ရေခဲတုံးတစ်တုံးနဲ့ လက်မနဲ့လက်ညိုးကြားက လက်ဖမိုးနေရာလေးကို ပွတ်ပေးခြင်းဖြင့် ပျောက်ကင်းနိုင်ပါတယ်... အဲ့ဒီနေရာက အာရုံကြောဟာ ခံတွင်းကနာကျင်မှုဝေဒနာကိုသိတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းကို ပိတ်ဆို့အောင် လှုံ့ဆော်ပေးနိုင်ပါတယ်...

၈) သင်အလွန်အကျွံအရက်မူးတဲ့အခါ အခန်းတစ်ခုလုံးချာချာလည်လာပြီး ဟန်ချက်ထိန်းနိုင်အောင် တစ်ခုခုကို ဆုပ်ကိုင်ထားရပါတယ်... ဘာကြောင့်လဲဆိုတော့ အရက်ဟာ cupula လို့ခေါ်တဲ့ နားထဲက ဟန်ချက်ထိန်းတဲ့အစိတ်အပိုင်းရဲ့ သွေးကို ရေဓာတ်လျော့ပါးပြီး အားနည်းစေလို့ပါပဲ... တစ်ခုခုကို ဆုပ်ကိုင်လိုက်တဲ့အခါ ဦးနှောက်က နောက်ထပ်ရည်ညွန်းမှတ်တစ်ခုကို ရရှိသွားပြီး ချာချာလည်ခြင်းကရပ်အောင် လုပ်ဆောင်ပေးပါတယ်....

၉) နှာခေါင်းသွေးယိုတဲ့အခါ နှာခေါင်းအောက်နားမှာရှိတဲ့ အပေါ်ဘက်သွားဖုံးပေါ်က အခွက်လေးထဲမှာ ဂွမ်းနည်းနည်းကိုခုပြီး ခပ်နာနာလေးဖိပေးပါ... နှာခေါင်းကယိုတဲ့သွေးအများစုဟာ နှာခေါင်းအလည်က အရိုးနု (နှာနုရိုး) ကနေ လာတာဖြစ်တဲ့အတွက် ဒီလိုဖိလိုက်ရင် သွေးယိုရပ်သွားစေနိုင်ပါတယ်...

၁၀) စိတ်လှုပ်ရှားထိတ်လန့်နေသလား... သင့်နှလုံးခုန်နှုန်းကို လက်မကို မှုတ် (စုပ်) ရင်း လျှော့ချနိုင်ပါတယ်... vangus လို့အမည်ရတဲ့ အာရုံကြောဟာ နှလုံးခုန်နှုန်းကို ထိန်းချုပ်ပေးပြီး အသက်ရှူခြင်းဖြင့် သင်တည်ငြိမ်မှုရလာပါလိမ့်မယ်...

၁၁) ရေထဲမှာ ခဏလောက် အသက်ရှူချင်သလား... ရေထဲကိုမဆင်းခင် အသက်တဝကြီးရှူတာ ပုံမှန်ထက်မြန်မြန်ပြင်းပြင်းရှူတာမျိုးလုပ်မယ့်အစား ရှူသွင်းရှူထုတ်ခြင်းကို အချိန်တိုအတွင်းများများလုပ်ဆောင်လိုက်ပါ... ဒီလိုလုပ်ခြင်းဟာ သင့်ဦးနှောက်ကို အောက်ဆီဂျင်ပိုရသလို ခံစားရစေပြီး အချိန် ၁၀ စက္ကန့်လောက် ပိုကြာကြာနေနိုင်ပါလိမ့်မယ်....

၁၂) ရေခဲမုန့်တွေ အအေးတွေ စားသောက်ပြီးတဲ့အခါမှာ ပါးစပ်အပေါ်နံရံကနေပြီး ခေါင်းထဲထိထိုးကိုက်တာမျိုးဖြစ်တတ်ပါတယ်... အဲ့ဒါကို Brain freeze လို့ခေါ်ပါတယ်... အဲ့လိုဖြစ်တဲ့အခါ သင့်လျှာကို ပါးစပ်အပေါ်နံရံအတိုင်း အပြားလိုက်ဖိကပ်ထားပါ... လျှာနဲ့နေရာများများထိနိုင်သမျှ ထိအောင်ကပ်ထားပေးရပါမယ်... brain freeze ဟာ ခံတွင်းနံရံမှာရှိတဲ့ အာရုံကြောကို အလွန်အမင်းအေးစေတဲ့အခါ ဦးနှောက်က ခန္ဓာကိုယ်တစ်ခုလုံးအေးနေတယ်လို့ ယူဆသွားတဲ့အတွက် ဖြစ်လာတာပါ... ဒါကြောင့် သင့်ဦးခေါင်းကိုနာကျင်ကိုက်ခဲတဲ့အထိ အပူပေးတဲ့လုပ်ဆောင်ချက်တွေ လုပ်နေတာဖြစ်ပါတယ်... ခံတွင်းအပေါ်နံရံကို လျှာနဲ့ကပ်ပြီး အနွေးဓာတ်ပေးခြင်းဖြင့် သင့်ဦးနှောက်ကို ပြန်အေးစေပြီး ကိုက်ခဲမှုက သက်သာစေပါတယ်....

၁၃) သင့်ရဲ့လက်တွေအိပ်ပျော်တဲ့အခါမှာ လက်တွေဟာ ဘေးတစ်ဘက်တစ်ချက်ကို လွှဲပြီးလှုပ်ရမ်းနေပါတယ်... ဒီအခါမှာ လက်တွေကပြန်နိုးလာပြီး တစ်မိနစ်အတွင်းမှာပဲ အပေါ်ပြန်တက်လာပါတယ်... လက်တွေဘာကြောင့် အိပ်ပျော်လဲဆိုတော့ လည်ပင်းမှာရှိတဲ့ အာရုံကြောတွေကြောင့်ဖြစ်ပြီး လည်ပင်းကို အသာအယာနှိပ်နယ်ပေးခြင်းဖြင့် ကုသနိုင်ပါတယ်... သင့်ခြေထောက်တွေအိပ်ပျော်တယ်ဆိုတာ ခန္ဓာကိုယ်အောက်ပိုင်းကိုထိန်းချုပ်ထားတဲ့ အာရုံကြောတွေကြောင့်ဖြစ်ပါတယ်... ဒီလိုမဖြစ်အောင် ရပ်ဖို့နဲ့ လမ်းလျှောက်ဖို့လိုပါလိမ့်မယ်....

၁၄) ကြို့ထိုးနေသလား... လက်မနဲ့လက်ညိုးကို ကြို့ထိုးမရပ်မချင်း မျက်ခုံးပေါ်မှာဖိထားပါ... မကြာပါဘူး... ခဏနေရင် ရပ်သွားပါလိမ့်မယ်....

--------------------------------------
Ref: Amazing Facts

www.facebook.com မှ....


ကိုယ်ဝန်ဖျက်ချခြင်းသည် ပါဏာတိပါတကံ ထိုက်၏ မထိုက်၏


မြန်မာအမျိုးသမီးတိုင်း ဖတ်သင့်၏။အမျိုးသားများလဲ သိသင့်၏.......

ကိုယ်ဝန်ဖျက်ချခြင်းသည် ပါဏာတိပါတကံ ထိုက်၏ မထိုက်၏

အရှင်ဘုရား၊ မေးလျောက်စရာတခု ရှိလို့ပါဘုရား၊ တပည့်တော်တို့ အနောက်နိုင်ငံတွေမှာ လူမျိုးမရွေး ဘာသာမရွေး နိုင်ငံမရွေးပဲ ( ကန်တော့ပါရဲ့ ) အလိုမတူပဲ မုဒိန်းကျင့်ခံနေရတဲ့ မိန်းကလေးငယ်တွေ ဟာ နောက်ဆက်တွဲအနေနဲ့ ငယ်ငယ်ရွယ်ရွယ်မှာ ကိုယ်ဝန်ဆောင်ရခြင်း ဒုက္ခတွေကို ခံစားနေရပါတယ်၊ တကယ်တော့ သူတို့ဟာ ငယ...
်ရွယ်သူများ ဖြစ်ကြတဲ့အတွက် တချို့များ ၁၃ နှစ် အရွယ်လောက်မှာပဲ ကိုယ်ဝန်ဆောင်မိခင် ဖြစ်နေကြရတာမို့ တတ်သိနားလည်တဲ့ လူကြီးတွေက နည်းလမ်းတွေ ဘာတွေ ပြောပြပြီး အဲဒီကိုယ်ဝန်ကို ဖျက်ချပေးရပါတယ်၊ မသိနားမလည်သေးတဲ့ ကလေးတွေ ဖြစ်တဲ့အတွက် လူကြီးတွေက မျက်နှာလွှဲနေလို့လဲ မဖြစ်ပြန်ဘူးဘုရား၊

ဒီတော့ ဖခင်မပေါ်တဲ့ ကလေးကို မွေးဖွားခဲ့ပြန်ရင်လဲ လူ့အသိုင်းအ၀ိုင်းထဲမှာ ဘယ်လိုမှ မျက်နှာပြလို့ မရပြန်ဘူး၊ တပည့်တော်တို့ မြန်မာလူမျိုးတွေမှာဆို ပိုဆိုးပါတယ်၊ တကယ်ပဲ ပတ်ဝန်းကျင် အပြင်ဘက် ရောက်သွားတော့တာပါ၊ ပတ်ဝန်းကျင်ကလဲ လူမှု့ရေးကို အဓိကထားပြီး သူ့ကို ၀ိုင်းဝန်းကူညီ
ပေးကြရပါတယ်၊ ကိုယ်ဝန်အရင့်အမာ မဖြစ်သေးရင် နည်းမျိုးစုံနဲ့ ဖျက်ဖို့ အကူညီပေးရပြန်တယ်ဘုရား၊


နောက်တချက်က မဖျက်ပဲ မွေးဖွားလာခဲ့ရင်လဲ လက်ခြေ မသန်မာတဲ့ ကလေးတွေ၊ ဦးနှောက် ပုံမှန်မဟုတ်တဲ့ကလေးတွေ၊ မျက်စိမမြင်၊ နားမကြား၊ ဆွံ့အနေတဲ့ကလေးတွေ စသဖြင့် ပုံမှန် မဟုတ်တဲ့ ကလေးတွေကို မိခင်ဝမ်းတွင်းမှာကတည်းက အာထရာဆောင်း နဲ့ ကြည့်တဲ့အခါမှာ ကြိုတင် သိနေမြင်နေကြရပါတယ်၊ အဲဒီတော့ ဒီလို ကလေးတွေ မွေးလာပြန်ရင်လဲ လူ့လောက ထဲမှာ သူတို့ကို ပြုစုယုယနေရတာနဲ့ မိဘတွေမှာ တခြားအလုပ်မလုပ်နိုင်တော့ပါ၊

ဒါကို ကြိုတင်ဖြေရှင်းထားမှ သူတို့ဘ၀ အနာဂါတ် မှာသာယာပြီး ချမ်းမြေ့နိုင်ပါမယ်၊ တပည့်တော် သိချင်တာက အဲဒီလို အနှိပ်စက်ခံ မိခင်လောင်း အမျိုးသမီးလေးတွေ ကို ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့တဲ့အခါ လူမှု့ရေး အရ လူကြီးတယောက်အနေနဲ့ ကူညီပေးမိပါတယ်၊ အဲဒီလို ကူညီတာဟာ ပါဏာတိပါတကံ ထိုက်ပါသလား ဘုရား --
သိလိုသူ - ဒကာမတစ်ဦး

မေးသင့်တဲ့ မေးခွန်း၊ သိပ်ကောင်းတဲ့ မေးခွန်းပါပဲ၊ သိပ္ပံပညာ နည်းပညာတွေ ထွန်းကားပြီး ရုပ်ဝါဒ ဆန်လာတဲ့ ဒီနေ့ ခေတ်ကြီးထဲမှာ သိမ်မွေ့နူညံ့ပြီး စဉ်းစားရခက်စေတဲ့ မေးခွန်းမျိုးပေါ့၊ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ဆိုတာ ဒါမျိုး အခြေအနေ ထင်ပါရဲ့၊ နားလည်လွယ်အောင် ဘုရားဟော တရားတော်တွေကို ထောက်ဆ ဖြေပေး၇ရင်ဖြင့် ပါဏာတိပါတကံ ထိုက်တယ် လို့ပဲ အတိုချုပ် မှတ်ရပါမယ်။ဘာကြောင့်လဲဆိုတော့ ပါဏာတိပါတအကုသိုလ်ကံမှာ လူသားကို ဖြစ်စေ ၊ တိရိစ္ဆာန်တွေကို ဖြစ်စေ ဘယ်သူ့ကိုပဲ ဖြစ်ဖြစ် သေစေတဲ့ အခါမှာ အောက်ဖော်ပြပါ အင်္ဂါ ၅ ချက် စုံတယ်ဆိုရင် ကံမြောက်တော့တာပါပဲ၊

ပါဏာတိပါတ အင်္ဂါ ၅-ပါး
(၁) ပါဏ- သက်ရှိထင်ရှား သတ္တ၀ါဖြစ်ခြင်း၊
(၂) ပါဏသညိတ- သက်ရှိသတ္တ၀ါဟု စိတ်က သိနေခြင်း၊
(၃) ဃာတ စိတ္တ- သတ်လို သေစေလိုသောစိတ်ရှိခြင်း၊
(၄) ဥပက္ကမ- သေအောင် ပါးစပ်ဖြင့်လည်းကောင်း၊ ကိုယ်တိုင်အားထုတ်၍လည်းကောင်း လုလ္လပြု ခြင်း၊
(၅) မရဏ- ကိုယ့်ပယောဂကြောင့် တဖက်သား သေသွားခြင်း။
ယခုခေတ်အခါ ကိုယ်ဝန်ဖျက်ချဖို့အတွက် ကိုယ်ဝန်ကျဆေးပေးခြင်း၊ ဘယ်လိုပုံစံ လုပ်ရင်ဖြင့် ကိုယ်ဝန်ကျစေနိုင်တယ် စသဖြင့် မိမိပါးစပ်က နည်းလမ်းပြကာ ပြောဆိုနေစဉ်ပင် စိတ်ကလဲ ကိုယ်ဝန်ကျစေ ( တနည်းအားဖြင့် သေစေလိုတဲ့ စေတနာက ပြဋ္ဌာန်းနေတဲ့အတွက် ) ကိုယ်တိုင် သတ်သလိုပါပဲ၊ ဒါကြောင့် အကုသိုလ် မဖြစ်လိုလျင် ဝေေ၀းရှောင်နိုင်လေ အကုသိုလ်ကင်းလေ လို့ပင် ဆိုရပါလိမ့်မည်၊

နောက်ရှောင်လွှဲနိုင်တဲ့ တနည်းကတော့ နစ်ဦးသား စပ်ယှက်ပြီးချိန်မှနောက် ( ၇ ) ရက်ကျော်လွန်လျင် ကလလရေကြည်တည်တယ် လို ဆိုပါတယ်၊ အဲဒီအချိန်မှာ ကိုယ်ဝန်သန္ဓေသား အသက် ၀ိဥာဉ် ရှိနေပြီ လို့ မြတ်စွာဘုရားရှင် ဟောတော်မူထားတာကြောင့် အဲဒီ ၇ ရက်အတွင်း ဆေးစား ဆေးထိုးလုပ်ရင်ဖြင့်
ပါဏာတိပါတကံ ကို ရှောင်နိုင်ပါမယ်။ ယခုခေတ် ဆေးဆရာဝန်များကတော့သန္ဓေသား ၄ လ ပြည့်မှ
အသက်ဝိဥာဉ် ရှိတယ်၊ ဥပမာ နှလုံးခုန်လာတယ် အသက်ရှုလာတယ် လို့ ဆိုပါတယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ် ဗုဒ္ဓဘာသာဝင်ဖြစ်သည့်အလျောက် ဘုရားဟောသည့်အတိုင်းကြိုတင်ကာကွယ်တာက အသေချာ
ဆုံးလို့ ယုံကြည်ပါတယ်၊
ဒါကြောင့်လဲ ၇ဟန်းတော်များရဲ့ပါရာဇိက ၄ ပါး အပြစ်ကြီး အာပတ်ကြီးထဲမှာ လူတယောက် အသက်ကို ဘယ်လိုအကြောင်းကြောင့်မှ မသတ်ရဘူး၊ နောက်ဆုံး ပါးစပ်နဲ့ သတ်ခိုင်းတာပဲ ဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကို သတ်သေချင်သူရဲ့ အနားမှာ ကတ်ကြေး ဒါး သံချွန် စသည် ထားပေးတာပဲ ဖြစ်ဖြစ် မလုပ်ကောင်းဘူး၊ သေမည့်သူကို အားပေးအားမြှောက်လဲ မပြောရဘူး၊ ရဟန်းတော်များဟာ ကိုယ်ဝန်ဆောင်မိခင်သည်ကိုလဲ ဘယ်ဆေးကို သောက်လိုက်၊ ဘယ်လို လုပ်လိုက်ရင် ကိုယ်ဝန်ကျစေရမယ် စသည်ဖြင့် ယောင်လို့တောင် ပါးစပ်နဲ့ မပြောကောင်းဘူး၊ ကိုယ်ပြောတဲ့အတိုင်း သန္ဓေလောင်းကလေး သေလို့ကတော့ ရဟန်းဘ၀ ဆုံးရှုံးတော့ပါတာပါပဲ။ ဒါကြောင့် ပါဏာတိပါတအပြစ်ဟာ ထင်ရှားသိသာတယ် လို့ ထင်ရပေမယ့် သိပ်ပြီး နူညံ့တဲ့ အကုသိုလ်ဆိုလဲ မမှားပါဘူး၊
လူမှု့ရေးတခုကိုသာ ကြည့်ရင် ခွင့်လွှတ်နိုင်စရာ လို့ ထင်ရပေမယ့် အပြစ်ဟာ အပြစ်ပါပဲ၊ ဒီနေရာမှာ ကိုယ်တိုင်သတ်ပုံ ၊ သေစေပုံ နည်းလမ်းတွေကို ဗဟုဿုတအဖြစ် ရှာဖွေထုတ်နှုတ်တင်ပြလိုက်
ပါတယ်။

ပါဏာတိပါတကံ ၏ ပယောဂအမျိုးအစား ၈-ပါး
(၁) ဥဒ္ဒိဿ ပယောဂ-သေစေလိုသော သတ္တ၀ါကို စိတ်မှတ်၍ သတ်ဖြတ် ခြင်း၊
(၂) အနုဒ္ဒိဿ ပယောဂ- ဘာကောင်သေသေ၊ တကောင်ကောင် သေရင် ပြီးရော စိတ်မျိုးဖြင့် သတ်ဖြတ်ခြင်း၊
(၃) သာဟတ္ထိက ပယောဂ-ကိုယ်တိုင် သတ်ခြင်း၊
(၄) အာဏတ္တိက ပယောဂ- သူတပါးကို သတ်ခိုင်းခြင်း၊
(၅) နိဿဂ္ဂိယ ပယောဂ-အဝေး၌နေသော သတ္တ၀ါကို မြှား လှံ သေနတ် စသည်ဖြင့် သေစေခြင်း၊
(၆) ထာဝရ ပယောဂ- တွင်းတူးထားကာ တွင်း၌ကျ၍သေစေခြင်း၊ ဆေးဝါး အစီအရင် စသည်ဖြင့် သတ်ခြင်း၊
(၇) ၀ိဇ္ဇာမယ ပယောဂ- ဓာတ်ရိုက် ဓာတ်ဆင် ဂါထာမန္တရား စသော အစီအရင်တို့ဖြင့် သေအောင်သတ်ခြင်း၊
(၈) ဣဒ္ဓိမယ ပယောဂ- မိမိ ကမ္မဇိဒ္ဓိတန်ခိုးဖြင့် သတ္တ၀ါတို့ကို သေစေခြင်း။
ပါရာဇိကဏ် အဋ္ဌကထာ ဒု ။

ပါဏာတိပါတကံ၏ မကောင်းကျိုး ၂၃-မျိုး
ဤနေရာ၌ ပါဏာတိပါတ် သူ့သက်သတ်သူတို့ ခံစားတွေ့ကြုံရသော မကောင်းကျိုးများသည် ပိဋကပါဠိတော်တို့၌ သင်္ချာအမျိုးမျိုးဖြင့် လာရှိသော်လည်း ဤ၌ အလုံးစုံပါဝင်သည့် ခုဒ္ဒကပါဌ အဋ္ဌကထာလာ သင်္ချာ ၂၃-ပါးကို ပြဆိုပါမည်၊

(၁) ခြေလက် စသော ကိုယ်အင်္ဂါချို့တဲ့ခြင်း၊
(၂) ခန္ဓာကိုယ် အချိုးအစား မကျခြင်း၊
(၃) နုံနှေး လေးဖင့်ခြင်း၊
(၄) ခြေ, လက်, ဖ၀ါး, မညီညာခြင်း၊
(၅) ရုပ်ဆိုးခြင်း ၊
(၆) အသားအရေ မွဲခြောက်ခြင်း၊
(၇) အသားအရေ ကြမ်းထမ်းးခြင်း၊
(၈) ကြောက်ရွံ့တတ်ခြင်း၊
(၉) ခွန်အားဗလ မရှိခြင်း၊
(၁၀) စကားပြေပြစ်စွာ ချိုချိုသာသာ မပြောတတ်ခြင်း၊
(၁၁) ချစ်ခင် ကြင်နာမည့်သူ မရှိခြင်း၊
(၁၂) မိမိပရိသတ် အကြိမ်ကြိမ် ပြိုကွဲ ပျက်စီးခြင်း၊
(၁၃) ထိတ်ထိတ်လန့်လန့် ဖြစ်နေရခြင်း၊
(၁၄) လက်နက်, အဆိပ် သင့်တတ်ခြင်း၊
(၁၅) သူများ ပယောဂဖြင့် မသေသင့်ပဲ သေရခြင်း၊
(၁၆) တွေဝေ ထုံထိုင်း ဖျင်းအခြင်း၊
(၁၇) ခြွေရံပရိသတ် နည်းပါးခြင်း၊
(၁၈) စက်ဆုပ်ဖွယ် ရုပ်အဆင်းရှိခြင်း၊
(၁၉) ကုန်းကွသော ကိုယ်ရှိခြင်း၊
(၂၀) ကြောင့်ကြ ဗျာပါဒ စိုးရိမ်မှုများခြင်း၊
(၂၁) ဘေးရန် များခြင်း၊
(၂၂) ချစ်ခင်သော သားသမီးတို့နှင့် ကွေကွင်းရခြင်း၊
(၂၃) ကိုယ်တိုင်လဲ အသက်တိုခြင်း။
ဗုဒ္ဓတရားတော်အရ မိခင်ဝမ်းတွင်းမှ သန္ဓေသားကလေးဟာ ကိုယ်လက် အင်္ဂါ ချို့တဲ့သည်ဖြစ်စေ ကောင်းသည်ဖြစ်စေ၊ ဘ၀အဆက်ဆက်က ဆည်းပူးခဲ့တဲ့ သူ့ရဲ့ အကုသိုလ်ကံအတိုင်း အကျိုးပေးတယ်လို့ပဲ မှတ်ရပါမယ်၊ ကိုယ်ကတော့ လုလ္လပြုပြီး သတ်ဖို့ အားမထုတ်သင့်ပါဘူး၊

အထက်ပါအချက်အလက်တို့ကိုထောက်ရှု့သောအားဖြင့်ယခုခေတ်တွင်မရှူ့မလှဝေဒနာခံစားနေရ
သော လူနာအား ထိုးဆေးထိုးကာ အနားပေးစေခြင်း၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းမှ ခွင့်ပြုမိန့်စသည်ရယူကာ ဖျက်ချစေခြင်း၊ လူမှုရေး ပရဟိတ လုပ်နေသူတိုင်း မကင်းနိုင်သော NGO အဖွဲ့အစည်း၊ UniCef စသောအဖွဲ့အစည်းများလဲ သတိထားသင့်တယ် လို့ စာရေးသူကတော့ သတိပေးလိုပါတယ်၊
ဥပမာ - တရားသူကြီးက သေဒဏ် ကျခံရမယ့် တရားခံကို မလွှဲမရှောင်သာလို့ ဒီလူကို အနားပေးလိုက်ပါ လို့ မျက်နှာအမူအယာရော စကားနဲ့ပါ ချိုချိုသာသာ အမိန့်ချလိုက်ပေမယ့် တဖက်သားမှာတော့ မသေချင်ပဲ သေရတော့မှာပါ၊ တရားခံသေတာနဲ့တပြိုင်နက် တရားသူကြီးဟာလဲ သတ်ပေးသူနဲ့ အတူတူ ပါဏာတိပါတကံ အလိုလို ထိုက်သွားပါပြီ၊

ဒါကြောင့် နုးညံ့သိမ်မွေ့တဲ့ ပါဏာတိပါတတွေကို အတတ်နိုင်ဆုံး ရှောင်လွှဲကာ လူမှု့ဒုက္ခတွေကို ဖြေရှင်းနိုင်ကြပါစေ လို့ မေတ္တာစကားဖြင့် နိဂုံးချုပ်လိုက်ပါတယ်။

*~~~အရှင်သုနန္ဒာလင်္ကာရ~~~*

Credit by : စိတ်ကူးပျော်ရာ

Ref:www.facebook.com