22 Feb 2013

နန်းခင်ဇေယျာ စတင်ဆွဲဖွင့်ခဲ့သော ယဉ်ကျေးမှု တံခါးများ




      မြန်မာ အင်တာနက်မယ် နန်းခင်ဇေယျာတစ်ယောက် ဘီကီနီ ၀တ်ပြီး မြန်မာ့ ဂုဏ်ဆောင်ချိန်တွင် ဆရာ သက် တန့်ချိုမှ ပိတ်ထားသော မျက်လုံးများ ဖွင့်ကြည့်စေချင် ဆိုသည့် ဆောင်းပါးလေးဖြင့် ကျွန်တော်တို့ မျက်လုံးများ ကို ဆွဲဖွင့်ပေးခဲ့သည်။ မြန်မာဆိုသည့် အမျိုးချစ်စိတ်ဖြင့် နည်းလမ်းအမျိုး မျိုးကြိုးစားကာ Like များ ပေးခြင်းဖြင့် သူမသည် အင်တာနက်မယ် ဖြစ်ကာ သူမ၏ မလုံတလုံပုံများ မြန်မာနိုင်ငံတွင် ပုံနှိပ်မီဒီယာများမှ ဖော်ပြကြ သည်။ နန်းခင်ဇေယျာပုံများ ကုန်သည့်အခါ အခြားအလှမယ်များ၏ ဘီကီနီများကို ဖော်ပြကြသည်။ ထို့နောက် ထို့နောက်တွင်တော့ celebrities တွေရဲ့ မဖုံးနိုင်မဖိနိုင်ပုံများ တရားဝင်၊ တရားမ၀င် ထွက်လာကြလေသည်။

နောက်တစ်ကြိမ် လာမည့် Miss International ပြိုင်ပွဲအတွက် စကာတင် ၁၈ ဦး ရွေးချယ်ထားကြောင်း၊ အကောင်းမွန်ဆုံး ဖြစ်အောင် လေ့ကျင့်ပေးနေကြောင်း ရုပ်သံမီဒီယာများမှ ကြေငြာသည့်အခါ ဘယ်နေ့များ ဘီကီနီဖြင့် လေ့ကျင့် ပြိုင်ပွဲဝင်ကြမည်နည်း ဆိုသည့် အတွေးဝင်လာခဲ့သည်။ အပြိုင်အဆိုင် ပြိုင်ပွဲဝင်နေကြ သည့် အလှမယ်များကို ကြည့်ပြီး ကျွန်တော်တို့ နိုင်ငံတွင် ဟီရိသြတပ ဆိုသည့် အရှက်တရား မရှိတော့ ပြီလား ဟု တွေးပူမိလေသည်။ မြန်မာ မိန်းကလေးတစ်ယောက်၏ ကိုယ်ကာယ အလှကို ပွင့်လင်းမြင်သာ သည့် ခေတ်၊ ဆုတံဆိပ်၊ နာမည်ကြီးမှုတို့နှင့် အလွယ်တကူ လဲလှယ်သည့် ခောတ်ကို ရောက်နေသည် ဆိုပါက ကျွန်တော် ခေတ်နောက်ကျ ကျန်နေပြီလို့ ၀န်ခံပါသည်။

ပြောလည်းပြော ဒေါင်းလုပ်လဲချရင်း မြန်မာမယ်တို့၏ အဖော်အချွတ်၊ မဖော်မချွတ်၊ ဗီဒီယို၊ဓာတ်ပုံများ ကွန်ပျူ တာ ထဲတွင် အပြည့်ရှိပါသည်။ သို့သော် မိသားစု၊ မောင်နှမ ရှေ့တွင် ဖွင့်ကြည့်ခြင်း မရှိပါ။ HBO ရုပ်သံလိုင်းမှ တိုက်တန်းနစ် အထွပ်အထိပ် ပန်းချီဆွဲခန်းကိုပင် လိုင်းပြောင်းကြည့်ရသည့် မိသားစုများ မြန်မာနိုင်ငံတွင် ၉၈ ရာခိုင်နှုန်း နေထိုင်ပါသည်။ စတိတ်ရှိုးပွဲများ တိုက်ရိုက်ထုတ်လွှင့်မှုတွင် လျှပ်ပေါ်လော်လီသည့် အပြင်အဆင် အ၀တ် အစားများကို တွေ့ပါက အရှက်နည်းလိုက်တာ၊ ၀တ်ရဲလိုက်တာ ဟူ၍ ပြစ်တင်ဝေဖန်သူ ၉၈ ရာခိုင်နှုန်း ရှိပါသည်။သို့ပါဆိုလျှင် မည်သည့်အတွက် အဖော်အချွတ်များကို အစိုးရမှ တရားဝင် ခွင့်ပြုပေးနေသနည်း။

အီရန်၊ဆော်ဒီ၊ အာဖဂန် တို့ကဲ့သို့ ၀တ်စားရမည်ဟု မဆိုလို။ နယ်မြို့များတွင် စကပ်တို ပေါင်ပေါ်ဝတ်လျှင်ပင် ရိုင်းသည်၊ လျှပ်ပေါ်သည်ဟု ယူဆချိန်တွင် ရန်ကုန်၌ မြန်မာမလေးများ အတွင်းခံဝတ်ပြီး ရှိုးပွဲ စလေပြီ ဖြစ် သည်။ လက်ခံသူ များစွာရှိသကဲ့သို့ လက်မခံသူ များစွာလည်း ရှိသည်။ ရင်ဟိုက်၊ လည်ဟိုက်လျှင်ပင် ဆင်ဆာ တားထားသည့် ဇာတ်ကားများ၊ နှုတ်ခမ်းချင်းစုတ် နမ်းလျှင် ဆင်ဆာဖြတ် ကျော်ပစ်သည့် ဇာတ်ကားများကို ကျွန်တော်တို့ မိသားစုများ စိတ်ဝင်တစား ကြည့်ကြသည်။ ယခုကဲ့သို့ ပေါ်ပေါ်ထင်ထင် ချွတ်နိုင်ပါက မြန်မာနိုင်ငံတွင် ယဉ်ကျေးမှုအရ ဖြတ်သည့် ဆင်ဆာမရှိတော့ ပါ။

ယဉ်ကျေးမှုကို ထိန်းသိမ်းပြီး အမျိုးသားအမွေအနှစ်တွေ မပျောက်ပျက်အောင် ထိန်းသိမ်းရမည့် မြန်မာ နိုင်ငံ၏ လမ်းဆုံလမ်းဂွ ဗီနိုင်းဘုတ်များတွင် ရေကူးဝတ်စုံများဖြင့် ကော့ပျံနေသည့် မော်ဒယ်များကို မမြင်လိုတော့ပါ။ ဒီပုံအတိုင်းဆိုပါက ပိုးအိစံ ထုတ်ဝေခဲ့သည့် အကဲလေး ဂျာနယ်အပါအ၀င် ဂျာနယ်များကို သတိပေးခဲ့ခြင်းသည် အလုပ် မဖြစ်တော့ပါ ဆိုသည်ကိုလည်း သတိမူရပေမည်။

နန်းခင်ဇေယျာ စတင် ဆွဲဖွင့်ခဲ့သော ယဉ်ကျေးမှု တံခါးသည်ကား အဆုံးစွန်ပွင့်ရန် လက်တစ်လုံးခန့်သာ လိုပါတော့သည်ဟုသာ…

refer by: myanmardailynews



အင်ဂျင်နီယာပုံပြင်


အင်ဂျင်နီယာပုံပြင်
**************


…..တရံရောအခါတွင် နတ်ပြည် ၆ ထပ်တွင် အကြီးဆုံးဖြစ်သော ဗြမ္မာမင်းကြီးသည် အကြံတစ်ခုရလေသည်… ထိုအကြံကား သူ နတ်ပြည်နှင့် ငရဲပြည် သို့သွားလာရာတွင် အခက်အခဲဖြစ်သောကြောင့် နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီး ကိုဖောက်လုပ်လိုသော အကြံဖြစ်လေသည်…


…..ထို့ကြောင့် ဗြမ္မာမင်းကြီးလည်း နတ်မင်းကြီးနှင့် ငရဲမင်းကြီးတို့ကို နတ်သဘင် အစည်းအဝေးခေါ်လိုက်လေသည်… အစည်းအဝေးပြီးသောအခါ အစည်းအဝေးဆုံးဖြတ်ချက်အရ နတ်မင်းကြီးနှင့် ငရဲမင်းကြီးတို့ နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီးကို တဝက်စီ (၅၀%) ဖောက်လုပ်ရန် သဘောတူလိုက်လေသည်….တစ်နှစ်အတွင်း အပြီးအပ်ရမည့် လမ်းမကြီး ဖြစ်သည့် အချက်လည်း ပါဝင်ပေသည်…


…..သို့နှင့် နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီး အထူးစီမံကိန်းကြီးစတင်လေတော့သည်…သို့နှင့် လမ်းမကြီးဖောက်လုပ်လာခဲ့ရာ ငရဲမင်းကြီးဖောက်လုပ်သော အပိုင်းမှာ တစ်ဝက်ခန့်ပင်ရောက်ခဲ့လေသည်… အမှန်ဆိုလျှင် လမ်းပိုင်း ၂ ပိုင်းမှာ ဆုံရမည့် အချိန်ဖြစ်လေသည်… သို့သော် နတ်မင်းကြီး ဖောက်လုပ်သော ဘက်မှ အရိပ်အရောင်မျှမတွေ့ရပေ… သို့သော် သဘောကောင်းသော ငရဲမင်းကြီးမှာ အလုပ်ကိုမတွက်ကပ်ပဲ လမ်းကို ဆက်ပြီး ဖောက်လာခဲ့လေသည်…


….အချိန်မှာလည်း တစ်နှစ်ပြည့်တော့မည် ငရဲမင်းကြီး ဖောက်လုပ်ခဲ့သည်မှာလည်း ၉၀% လောက်တောင်ပြီးဆီးနေလေပြီ… သို့သော် ထိုအချိန်ထိ နတ်မင်းကြီးဘက်မှ အရိပ်အရောင်မျှမတွေ့ရ… ငရဲမင်းကြီးလည်း ဒေါသ အတော်ကို့ထွက်နေလေပြီ… နတ်မင်းကြီး လူလည်ကျလေခြင်းဟုဆိုကာ တင်းနေလေသည်… ဒါပေမဲ့ သတ်မှတ်ချိန်အပြီးအပ်ရမည် ဖြစ်သည့်အတွက် ငရဲမင်းကြီးမှာ နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီးကို ဆက်လက်ပြီး ဖောက်လုပ်ခဲ့သည်….


…. အချိန်ကလည်း တစ်နှစ်ပြည့်လေပြီ… နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီးလည်း ပြီးဆုံးပြီ ဖြစ်လေသည်… သို့သော် ငရဲမင်းကြီး တစ်ဖက်တည်းကသာ လုပ်ငန်း ၁၀၀% လုံးဆောင်ရွက်ခဲ့ရလေသည်…ငရဲမင်းကြီး ဒေါသဟာလည်း အထွတ်အထိပ်သို့ရောက်နေလပြီ… ငရဲမင်းအတွေးတွင် နတ်သဘင် အစည်းအဝေးရောက်ရင်တော့ နတ်မင်းကြီးကို တိုင်ပြောမယ်ဟု တွေးထားလိုက်သည်…


….. သို့နှင့် နတ်သဘင် အစည်းအဝေး ပွဲကျင်းပချိန်ရောက်လာလေသည်…ငရဲမင်းလည်း ဘယ်လိုမှ သည်းခံနိုင်စွင်းမရှိသောကြောင့် ဗြမ္မာမင်းကြီးအားထိုသို့ တိုင်ကြားလိုက်သည်…
“”””“ဗြမ္မာမင်းကြီး ခင်ဗျား ခုဖောက်လုပ်ပြီးစီးတဲ့ နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီး ဟာ တစ်လမ်းလုံးသာပြီးသွားတယ် ကျွန်တော်မျိုးတစ်ယောက်တည်းသာ ဖောက်ခဲ့ရကြောင်း အချောင်ခိုပြီး ဘာအလုပ်မှ မလုပ်တဲ့ နတ်မင်းကြီးကို မေးမြန်းအရေးယူပေးပါ”””””
ဟု တိုင်ကြားလိုက်လေသည်…..… ဗြမ္မာမင်းကြီး လည်း အမြက်တော်ရှပြီး နတ်မင်းကြီးအားဖြေရှင်းချက်တောင်းလေတော့သည်….


…..သို့သော် နတ်မင်းကြီးအဖြေကြောင့် နတ်သဘင် အစည်းအဝေးအဖွဲ့ဝင်အားလုံး ကပါ နတ်မင်းကြီး ကို အပစ်မပေးသင့်ကြောင်း ဝိုင်းဝန်းထောက်ခံ ပေးကြလေတော့သည်…..


နတ်မင်းကြီးရဲ့ အဖြေစကားကတော့….

“အရှင် … ဗြမ္မာမင်းကြီး ခင်ဗျား…. ကျွန်တော် ခုဆောက်လုပ်ပြီးစီးတဲ့ နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီး စမယ်ဆိုတဲ့ အချိန်တည်းက နတ်ပြည်မှာ အင်ဂျင်နီယာတွေကို စုစောင်းဖို့ကြိုးစားခဲ့ပါတယ်… ဒါပေမဲ့ နတ်ပြည်မှာ အင်ဂျင်နီယာ က လက်ဆယ်ချောင်းမပြည့်ပါဘူး…. ငရဲမင်းကြီး ဆီမှာတော့ အင်ဂျင်နီယာတွေဟာ မေဂျာအစုံ ကျောင်းအစုံက အင်ဂျင်နီယာတွေ Ph.d, M.E, M.Arch B.E, B.Arch, B.Tech, AGTI စုံလင်စွာရှိပါတယ်… ဒါကြောင့်မို့ ငရဲမင်းကြီး ရဲ့လုပ်ငန်းတိုးတက်မှုဟာ အရမ်းမြန်ပြီးတော့ တစ်လမ်းလုံးကို သူတစ်ယောက်တည်း ဖောက်လုပ်ပြီးစီးသွားခြင်းဖြစ်ပါတယ်… ဒါကြောင့်မို့ ကျွန်တော်ကိုယ်တိုင် လူ့ပြည်ဆင်းပြီး နတ်ပြည် Promotion အတွက် အင်ဂျင်နီယာ ကျောင်းသားတွေကို ဆေးလိပ်မသောက်ဖို့.အရက်မသောက်ဖို့.ဖဲမရိုက်ဖို့… မကောင်းတာတွေ မလုပ်ဖို့…. တွေ ပြောဆို စည်းရုံးပြီးတော့ နတ်ပြည်မှာ အင်ဂျင်နီယာ အရေအတွက်တိုးအောင် ကြိုးစားပါ့မယ်…. ကျွန်တော့်ကိုခွင့်လွှတ်ပါ”””” ဟု ပြောကာ မျက်နှာငယ်လေးဖြင့် ထွက်သွားလေသည်…..

ငရဲမင်းကြီးဘက်သို့ လှည့်ကာ “ သူငယ်ချင်း ငရဲမင်းကြီး ငါမင်းကို မညာပါဘူးကွာ” ဟု နတ်မင်းကြီး က ပြောခဲ့သေးသည်…. ငရဲမင်းကြီးက တော့ လမ်းမကြီးအတွက် နတ်သဘင် အစည်းအဝေးတွင် အင်ဂျင်နီယာများကြောင့် မျက်နှာရခဲ့လေသည်……


(အင်ဂျင်နီယာ ဦးလေးကြီး တစ်ယောက်ပြောပြသော ပုံပြင်ကို ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်… ကိုယ်ပိုင်အတွေးမဟုတ်ပါ… ကော်ပီသာဖြစ်ပါသည်… မည်သို့ပင် ဆိုစေကာမူ ငရဲမင်းကြီးအား မျက်နှာရစေသော အင်ဂျင်နီယာများ ကိုယ်စား ဂုဏ်ယူမိပါသည်… အင်ဂျင်နီယာ လူဆိုးများ လိမ္မာကြကုန်လော့…)

ဖိုးဇော်(၂၂-၂-၂၀၁၃)



Ref: https://www.facebook.com/pages/Defence-Services-Technological-Academy-DSTA/339827686097304


ဆီကြော်မုန့်များ စားသုံးပါက ဆီးကျိတ်ကင်ဆာ ပိုမို ဖြစ်ပွား နိုင်သည်ကို လေ့လာ တွေ့ရှိ


ဆီကြော်မုန့်များ စားသုံးပါက ဆီးကျိတ်ကင်ဆာ ပိုမို ဖြစ်ပွား နိုင်သည်ကို လေ့လာ တွေ့ရှိ

အာလူးချောင်း ကြော်များ၊ ကြက်ကြော်များနှင့် ဒိုးနတ်မုန့်များ အစရှိသည့် ဆီကြော်မုန့် များကို ပုံမှန် စားသုံး ပါက ဆီးကျိတ် ကင်ဆာ ပိုမို ဖြစ်ပွား နိုင်ကြောင်း လေ့လာ တွေ့ရှိချက် အသစ် တစ်ခုတွင် ဖော်ပြ ထားသည်။
အဆိုပါ လေ့လာ တွေ့ရှိချက် အသစ်ကို ဆီးကျိတ် ကင်ဆာ ဝေဒနာ ခံစားနေရသော အမျိုးသား ၁၅၄၉ ဦးနှင့် ကျန်းမာသည့်လူ ၁၄၉၄ ဦးကို လေ့လာ ဆန်းစစ်မှု ပြုခဲ့ရာမှ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ဝါရှင်တန် ပြည်နယ် ဆီယက်တဲလ် မြို့ရှိ Fred Hutchinson ကင်ဆာ သုတေသန ဌာနက ထုတ်ဖော် ပြောကြား ခဲ့သည်။

သုတေသန ပြုရာတွင် ပါဝင်ခဲ့သူ များမှာ အသက် ၃၅ နှစ်မှ ၇၄ နှစ်အတွင်း ဒေသခံများ ဖြစ်ပြီး ကော့ကေး ဆပ်စ် နွယ်ဖွားများနှင့် အာဖရိက- အမေရိကန် နွယ်ဖွား ဆီယက်တဲလ် မြို့သူ မြို့သားများ ဖြစ်ကြောင်း သိရ သည်။ ၎င်းတို့၏ ပုံမှန် စားသောက်ပုံစံတွင် ဆီကြော် အစာများ မည်မျှ ပါဝင်သည်ကို သုတေသီ များက လေ့လာ ခဲ့ကြသည်။

ထိုကဲ့သို့ လေ့လာရာတွင် သီတင်းပတ် တစ်ပတ်အတွင်း အာလူးချောင်းကြော်များ၊ ကြက်ကြော်များ၊ ငါးကြော်များနှင့် ဒိုးနတ်မုန့် များကို စားသုံးသူ များသည် ဆီးကျိတ်ကင်ဆာ ဝေဒနာ ဖြစ်ပွားမှုနှုန်း ၃ဝ ရာခိုင်နှုန်းမှ ၃၇ ရာခိုင်နှုန်း ပိုများသည်ကို တွေ့ရသည်။ ပုံမှန် ဆီကြော်မုန့် များကို စားသုံးသူ များသည် ဆီးကျိတ်ကင်ဆာ ရောဂါ ဖြစ်ပွားနိုင်မှု အန္တရာယ် ပိုမို ကြီးမားကြောင်း တွေ့ရသည်။

သုတေသီ များက ဆီကြော်မုန့်များ စားခြင်းနှင့် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှု အကြား ဆက်စပ်မှုကို ချင့်တွက် ရာတွင် အသက်၊ မိသားစု အတွင်း ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှု မျိုးရိုး ရှိ၊ မရှိ၊ အရပ်နှင့် ကိုယ်ခန္ဓာ အလေးချိန် ကိုက်ညီမှု ရှိ၊ မရှိ၊ လူမျိုး၊ PSA စမ်းသပ်မှု များကိုလည်း ထည့်သွင်း စဉ်းစား ခဲ့ကြသည်။

ဆီကြော် အစာများတွင် ကင်ဆာ ဖြစ်စေနိုင်သော ဒြပ်ပေါင်း ပါဝင်ကြောင်း သုတေသီ များက ထုတ်ဖော် ပြောကြား ထားသည်။ အစား အစာများကို ဆီဖြင့် ကြော်လှော်ရာတွင် အပူရှိန်ကြောင့် ဆီများဆက် ပြောင်းလဲ သွားပြီး ကြွပ်အောင် ကြော်ထားသည့် အစားအစာ များတွင် ကင်ဆာ ဖြစ်စေနိုင်သည့် ကာစီနိုဂျင် ဒြပ်ပေါင်းအဖြစ် ဖြစ်လာသည်ကို တွေ့ရသည်။ ကာစီနိုဂျင် များကို အာလူးချောင်း ကြော်များ ကဲ့သို့ ကာဗိုဟိုက်ဒြိတ် ပါသော အစားအစာ များတွင် တွေ့ရသော acrylamide အပူချိန် မြင့်၍ ချက်သော အစား အစာ များတွင် တွေ့ရသည့် ဓာတုပစ္စည်းများ ဖြစ်သည့် ဒြပ်ပေါင်းများ၊ ရေမွှေးများ ပါဝင်သည့် အော်ဂဲနစ် ပစ္စည်းမှာ ပေါင်းသတ် ဆေးများတွင် တွေ့ရသည့် ဓာတုဗေဒ တစ်မျိုး ဖြစ်သည့် acrylamide ဒြပ်များ ပါဝင်သည်။

ယင်း အဆိပ် ဖြစ်စေသော ဒြပ်ပေါင်းများသည် ဆီများ ထပ်ခါထပ်ခါ ပြန်သုံးခြင်းနှင့် အကြော်ခံဆီ တို့ကို ထပ်ခါထပ်ခါ ပြန်သုံးပါက ပို၍ အဆိပ်အတောက် ဖြစ်စေကြောင်း သုတေသီ များက ပြောကြား ခဲ့သည်။

မျိုးသူထက်

Ref: https://www.facebook.com/MyawadyNews