9 Jul 2013

“ ကွမ်းယာကို ပါးစောင်မှာ အမြဲတမ်းငုံထားလေ့အကျင့်ရှိသူများ ”


“ ကွမ်းယာကို ပါးစောင်မှာ အမြဲတမ်းငုံထားလေ့အကျင့်ရှိသူများ ”

၆-၇-၂၀၁၃ ရက်နေ့က အင်းဝဘက်ကို ကွင်းဆင်း ဆေးကုထွက်တုန်းက တွေ့လိုက်ရတဲ့ လူနာတစ်ယောက်ပါ။

သူကတော့ အဓိက ကွမ်းယာကို ပါးစောင်မှာ အမြဲတမ်း ငုံထားလေ့ အကျင့်ရှိတယ်လို့ ယာယီအားဖြင့် မှတ်ချက်ပြုနိုင်ပါတယ်။

ဒီလိုနဲ့ ကျွန်တော်စိတ်ထဲ အကြံတစ်ခုပေါ်လာတာက ကျွန်တော်တို့ နိုင်ငံမှာ ကွမ်းယာဆိုင်တွေ တော်တော်များလာပြီး၊ တော်တော်လည်း လူကြီးလူငယ် စားနေတာတွေ့ရပါတယ်။

အစားအသောက်ကွပ်ကဲဌာနတို့လို ကွမ်းယာဆိုင်တွေမှာ သုံးတဲ့ ထုံးတွေ၊ ကွမ်းသီးတွေကိုတော့ စစ်ဆေးဖို့ လိုအပ်နေပြီထင်ပါတယ်။

ရှေးကကွမ်းစားတာက မူရင်းအတိုင်း ဖြစ်ပေမဲ့ ယနေ့ခေတ်မှာ ကွမ်းယာဆိုင်တွေက ထုံးတွေ ဆေးတွေ နဲ့ ကွမ်းသီးတွေကို စာသုံးသူအကြိုက် အမျိုးမျိုးပြုပြင်ကြတယ်လို့သိရပါတယ်။


Credit to: Hlamyo Win