8 Sept 2013

မိန်းမ လေးမျိုး

 
 
မိန်းမ လေးမျိုး

က) ရုပ်လည်းမချော၊ ဥစ္စာလည်းမပေါ၊သြဇာလည်းမရှိသူ
လောကတွင် အချို့ မိန်းမတို့သည်
၁) ဒေါသကြီး၏၊
သူများက နည်းနည်းပါးပါး မခံချင်အောင်ပြောလျှင် စိတ်ဆိုး၍ မပြီးနိုင်၊
နေရာတိုင်းတွင် မနှစ်သက်မကျေနပ်သော အမူအရာကို ပြတတ်၏။
၂) စွန့်ကြဲပေးကမ်းလှူဒါန်းလေ့ မရှိ၊
၃) ကိုယ့်ထက်သာလျှင် မနာလိုတတ်...
ထိုမိန်းမတို့သည် နောက်ဘ၀တွင် ဒေါသကြီးသောကြောင့် ရုပ်ဆိုးသည်။ စွန့်ကြဲပေးကမ်းခြင်းမရှိသောကြောင့်ဥစ္စာပစ္စည်း ဆင်းရဲ သည်။
မနာလိုသောကြောင့် သြဇာမရှိသူ ဖြစ်ရသည်...

ခ)ရုပ်လည်းမချောပါ။ သို့သော်ဥစ္စာပေါပြီး သြဇာရှိသူ
လောကတွင် အချို့ မိန်းမတို့သည်
၁) ဒေါသကြီးသည်။
၂) စွန့်ကြဲပေးကမ်းလေ့ ရှိသည်။
၃)မနာလိုစိတ်မရှိ။
ထိုမိန်းမတို့သည် နောက်ဘ၀ တွင် အရုပ်ဆိုးသည်။သို့သော်ဥစ္စာပေါပြီး သြဇာရှိသူဖြစ်ရသည်။

ဂ) ရုပ်ချောသော်လည်း စည်းစိမ်ဥစ္စာ နှင့် သြဇာမရှိသူ
လောကတွင် အချို့ မိန်းမတို့သည်
၁)ဒေါသမကြီးတတ်
၂) စွန့်ကြဲပေးကမ်းလေ့ မရှိ
၃) မနာလိုသော စိတ်ရှိတတ်သည်။
ထိုမိန်းမတို့သည် နောက်ဘ၀ တွင် ရုပ်ချောသော်လည်း စည်းစိမ်ဥစ္စာ နှင့် သြဇာမရှိသူဖြစ်ရသည်။

ဃ) ရုပ်ချော၊ ဥစ္စာပေါ၍ သြဇာရှိသူ
လောကတွင် အချို့ မိန်းမတို့သည်
၁) ဒေါသမကြီးတတ်
၂) စွန့်ကြဲပေးကမ်းတတ်သည်။
၃) မနာလိုစိတ်လည်းမရှိပေ။
ထိုမိန်းမတို့သည် နောက်ဘ၀တွင် ဥစ္စာပေါ၊ ရုပ်ချော ၍ သြဇာအာဏာရှိသူ ဖြစ်ရသည်။

အရှင်ဇနကာဘိဝံသ (ဗုဒ္ဓဘာသာ လက်စွဲစာအုပ်မှ)
 
ပန်းချီ- Indoxotic

မေတ္တာဖြင့် စာစီပူဇော်သူ