23 Apr 2014

ဂီတသက်တမ်းနှစ်၂၀ကျော်မှ တစ်ကိုယ်တော်ဖျော်ဖြေပွဲလုပ်မယ့် မာရဇ္ဇ



မေလ ၃ရက်တွင် ပြုလုပ် မည့် တစ်ကိုယ်တော်ရှိုးပွဲမှစတင် ၍ အသစ်ဖွဲ့စည်းလိုက်သော Breakthrough တီးဝိုင်းနှင့်အတူ ဂီတလုပ်ငန်းများကို ရှေ့ဆက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုတော် မာရဇ္ဇ ကပြောသည်။

‘‘ကျွန်တော့်ရဲ့ ကိုယ်ပိုင်တီး ၀ိုင်းပါ။ ကိုယ်ပိုင်တီးဝိုင်းနာမည်နဲ့ ပဲ ရှေ့လျှောက်ဒီလိုပဲချီတက်မှာ ပါ။ တစ်ကိုယ်တော်အယ်လ်ဘမ် တွေ၊ တစ်ကိုယ်တော်ပွဲတွေမှာ ဒီ တီးဝိုင်းကိုပဲ သုံးမှာပါ။ ဒီနာမည် လေး ကတော့ ကျွန်တော်မွေးဖွား ထားတာကြာပြီ။ အခုတော့ ဒီတီး ၀ိုင်းကိုအကောင်အထည်ဖော် လိုက်ပြီ’’ဟု မာရဇ္ဇကပြောသည်။

Breakthrough တီးဝိုင်းတွင် ဂစ်တာတီးခတ်သူအဖြစ် အောင် သူ၊ A-Kam၊ ဘေ့စ်ဂစ်တာတီး ခတ်သူအဖြစ် ဟင်နရီ၊ ဒရမ်တီး ခတ်သူအဖြစ် ဝေဖြိုး၊ ကီးဘုတ်တီးခတ်သူအဖြစ် ဇေယျာမင်းတို့ က တာဝန်ယူ တီးခတ်ကြမည်ဖြစ် ပြီး မာရဇ္ဇက ပင်တိုင်အဆိုတော် အဖြစ် ဂီတခရီးဆက်မည်ဖြစ် ကြောင်း သိရသည်။

မာရဇ္ဇ၏ ဂီတသက်တမ်း နှစ် ၂၀ ကျော်အတွင်း ပြုလုပ် သော ပထမဆုံးတစ်ကိုယ်တော် ရှိုးပွဲကို မေလ ၃ရက်တွင် မြို့မ ကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံ၌ ကျင်းပမည်ဖြစ်ပြီး မည်သည့်ဧည့်သည်အဆိုတော်မှ မပါဘဲ တစ်ဦးတည်းသီချင်းအပုဒ် သုံးဆယ်ကျော် ဖျော်ဖြေပေးမည် ဖြစ်ကြောင်း မာရဇ္ဇကပြောသည်။

‘‘အဓိက ပေါက်ထားပြီးသား သီချင်းအများစုပါမယ်။ ကျွန် တော်ဆိုချင်တဲ့ သီချင်းလည်းပါ မယ်။ ကျွန်တော့် ပရိသတ်က နှစ် မျိုးနှစ်စားဖြစ်နေတော့ လွန်ခဲ့တဲ့ နှစ် ၂၀ လောက် အားပေးခဲ့တဲ့ ပရိသတ်တွေရော အခုဒီဘက် အ ချိုးအကွေ့မှာ အားပေးတဲ့ လူငယ် ပရိသတ်တွေရော ပရိသတ် နှစ်မျိုးလုံးကို တစ်နေရာ တည်းမှာ တစ်ပြိုင်တည်းဖျော်ဖြေလို့ရအောင်ပြင်ဆင်ထားတယ်’’ဟု မာရဇ္ဇကပြော သည်။ ယခုပြုလုပ်မည့် ရှိုးပွဲ၏ အောင်မြင်မှုရလဒ်အပေါ် မူတည် ပြီး နောက်ထပ်တစ်ကိုယ်တော် ရှိုး ပွဲများဆက်တိုက် လုပ်ဆောင် ရန် ရည်ရွယ်ထားသည်ဟု မာရဇ္ဇက ဆိုသည်။

7Day Daily


0 comments:

Post a Comment