22 Apr 2014

မော်လမြိုင်မြို့ကို လျှပ်စစ်မီး စတင်ပေးတော့မည်

 
လျှပ်စစ်မီးတိုင် (Credit: ABC)

ဧပြီလကုန်ပိုင်းကျရင် ​သဘာဝဓါတ်ငွေ့နဲ့ ​စွန့်ပစ်အပူသုံးဓါတ်အားပေးစက်ရုံစီမံကိန်းကနေ ​ထွက်လာတဲ့ ​လျှပ်စစ် ​ဓါတ်အား ​၄၃.၅ ​မဂ္ဂါဝပ်ကို ​မွန်ပြည်နယ် ​မော်လမြိုင်မြို့ကို ​စတင် ​ထုတ်လွတ် ​ပေးတော့မယ်လို့ ​သိရပါတယ်။

ဒါ့အပြင် ​တာဝါတိုင်တည်ဆောက်မှုနဲ့ ​၀ါယာကြိုးသွယ်တန်းမှုတွေကိုလည်း ​ဧပြီလကုန်မှာ ​ပြီးစီးနိုင်ဖို့ ​လုပ်ကိုင်နေတယ် ​လို့လည်း ​လျှပ်စစ်ဓါတ်အား ​ထုတ်လုပ်ပေးတဲ့ ​ကုမ္ပဏီဖြစ်တဲ့ ​Myanmar ​Lighting ​(IPP) ​က ​ဒါရိုက်တာ ​ဦးဌေးမင်းက ​ပြောပါတယ်။

အဆိုပါ ​ကုမ္ပဏီက ​ဒါရိုက်တာ ​ရဲ့ ​အဆိုအရ ​သူတို့ရဲ့ ​စက်ရုံကို ​လည်ပတ်နိုင်ဖို့အတွက် ​လျှပ်စစ်ဝန်ကြီးဌာနက ​ဂက်စ်ချမယ့်အကြောင်း၊ ​သူတို့ရဲ့ ​စက်ရုံကနေထွက်လာတဲ့ ​ဓါတ်အားတွေကို ​တခါ ​လျှပ်စစ်ဝန်ကြီးဌာနကို ​ပေးမှာဖြစ်ကြောင်း ​ဒါပေမယ့် ​၂၄ ​နာရီ ​မီး ​ရ ​မရကိုတော့ ​သူတို့အနေနဲ့ ​ပြောရခက်တယ်ဆိုပါတယ်။

အကြောင်းအရင်းကတော့ ​သူတို့ကုမ္ပဏီက ​လျှပ်စစ်ဓါတ်အား ​ထုတ်လုပ်ပေးတဲ့အပိုင်းသာဖြစ်ပြီး ​ဖြန့်ဖြူးတာကတော့ ​မဟာဓါတ်အားလိုင်းအပိုင်းနဲ့ ​ဆိုင်တာဖြစ်တယ်လို့ ​ဦးဌေးမင်းက ​ပြောပါတယ်။

နိုဝင်ဘာလမှာလည်း ​အဲဒီစီမံကိန်းကနေ ​လျှပ်စစ်ဓါတ်အား ​(၅၄.၅) ​မဂ္ဂါဝပ်ကို ​မဟာဓါတ်အားလိုင်းနဲ့ ​ချိတ်ဆက်ပြီး ​ထုတ်လွတ်ပေးသွားမှာဖြစ်တယ်လို့ ​ဆိုပါတယ်။

ဒီလျှပ်စစ်မီး ​စီမံကိန်းကို ​၂၀၁၃ ​ခုနှစ်ကတည်းက ​စတင်အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး ​လျှပ်စစ်စွမ်းအားဝန်ကြီး ​ဌာနဲ့ ​Myanmar ​Lighting ​(IPP) ​ကုမ္ပဏီတို့က ​ပူးပေါင်းလုပ်ဆောင်နေတာ ​ဖြစ်ကြောင်း ​မြစ်မခ ​သတင်းအရ ​သိရပါတယ်။

ABC Radio Australia

0 comments:

Post a Comment