23 Apr 2014

တကယ် ကျန်းမာချင်ပါသလား



လောကမှာ အပြော နဲ့  အလုပ်တစ်ထပ်တည်းကျဖို့ ဆိုတာ (တကယ်) မလွယ်ပါဘူး။ သို့ သော် “တကယ်ဖြစ် ချင်.. တကယ်လုပ်..အဟုတ်ဖြစ်ရမည်” ဆိုတဲ့ ဆောင်ပုဒ်လေး အတိုင်း တကယ်ကျန်းမာချင်သူ များ အောက်ပါ နည်းလမ်း(၁၀)သွယ်အတိုင်း ကျင့်ကြံလိုက်နာခြင်းဖြင့် အမှန်ပင် ကျန်းမာစေမှာဖြစ်လို့  ယခုပင် ကြိုးစားကြည့်စေလိုပါတယ်။

(၁) အရက်/ဘီယာ/အားဖြည့်အချိုရည်တွေ လျော့သောက်ပြီး၊ လ္ဘက်ရည်ကြမ်း (လ္ဘက်ခြောက်ရေနွေး) ပိုသောက်ပေးပါ။ (ဆေးလိပ် တွေပါ ဖြတ်လိုက်ပါဦး)

(၂) ဥပမာ အသင့်စား အစားအသောက်များဖြစ်ကြတဲ့ ကြက်ဥချောင်း/၀က်အုချောင်း/အသား-ငါးသေတ္တာ ဗူးအမျိုးမျိုး/စည်သွပ် ဗူးအမျိုးမျိုး/သစ်သီးဗူး-သစ်သီးခြောက်များ/ထုံချိုင်းအသားလုံးအမျိုးမျိုး …တို့ ကို လျော့ စားပြီး၊ လတ်လတ်ဆတ်ဆတ် သား-ငါး-သစ်သီးဝလံ တို့ ကို ပိုစားပေးပါ။

(၃) ဆား(အငန်) တွေလျော့စားပြီး၊ အချဉ် ပိုစားပေးပါ။

(၄) သကြား (အချို အရသာအမျိုးမျိုး) တွေ လျော့စားပြီး၊ သဘာဝအချို အတိုင်းသာ စားပေးပါ။

(၅) အစားလျော့စားပြီး၊ ပါးစပ်ထဲမှာ အချိန်ကြာကြာ ၀ါးပေးပါ။ (ပါးစပ်ထဲမှာ အချိန်ကြာ ကာ ၀ါးခြင်းက တင့်တိမ်ရောင့်ရဲလွယ် စေတာကြောင့် အစားအများကြီးပိုမစားမိတော့ ဘဲ ကိုယ်အလေးချိန် တိုးလာမှာ မစိုးရိမ်ရတော့ပါဘူး။ ဒါ့ပြင် ညက်ညက်ဝါးစား တာ ကြောင့် အစာကျေစေပြီး အစာအိမ် နဲ့  အူတွေကို ကျမ္မာစေပါတယ်)

(၆) အပြောလျော့ပြီး၊ အလုပ်နဲ့ သက်သေပြပါ။ (ဆိုလိုတာကတော့ “ပိန်အောင်လုပ်ေ တာ့မယ်၊ ၀ိတ်ချတော့ မယ်” လို့ အသံ နဲ့ ဟစ်ကြွေးမနေဘဲ၊ အစားလျော့စားပြီး သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားအားကစားကို မှန်မှန် လုပ်ပေးရမှာပါ)

(၇) လောဘလျော့ပြီး၊ ဒါနပွားများပါ။ (အ-ကုသိုလ်စိတ်တွေ ဖိစီးနေတဲ့အခါ၊ ခန္ဒာ ကိုယ်ထဲမှာ လှည့်ပတ် စီးဆင်းနေတဲ့ သွေးရည်က သူ့ အလိုလို ညိုမည်းပျစ်ခဲ လာတာေ ကြာင့် နှလုံးထိခိုက်စေပါတယ်။ ရုပ်ရည် ခက်ထန်ကြမ်းတမ်းစေတဲ့အပြင် အသားအရည် မကြည်လင်တော့ဘဲ အရွယ်ကျမြန်စေပါတယ်)

(၈) စိုးရိမ်သောက ဗျာပါဒတွေလျော့ချပြီး၊ အိပ်ရေး၀၀ (ပို) အိပ်ပေးပါ။ (အကောင်းဆုံး စိတ်တည်ငြိမ်ဆေး ကတော့ “တရားမှတ်ခြင်း” ပါဘဲ)

(၉) ကား/ဆိုင်ကယ်/စက်ဘီး/ဆိုက္ကား စတဲ့ ယာဉ်အမျိုးမျိုးတို့ လျော့စီးပြီး၊ လမ်းများများ လျှောက်ပေးပါ။

(၁၀) ဒေါသ မာန်မာန တွေလျော့ပြီး၊ စိတ်လက်ပေါ့ပါး (ပြုံးရွှင်) စွာနေပါ။ ( “ပျော်ပျော်ေ န. .သေခဲ” ပါတဲ့

(ဆောင်းပါးရှင်… ပေါက်ပေါက်… မျှဝေသည်)

Credit: promise.pauk


0 comments:

Post a Comment