22 Apr 2014

မလေးရှားရှိမြန်မာများ အထူးသတိပြုရန် အရေးကြီးသတင်း



မလေးရှားရောက်နေတဲ့ အိုဗာစတေးမြန်မာအလုပ်သမားတွေ ကို ပါမစ်ထုတ်ပေးဖို့ သူတို့ရုံးမှာ လာရောက်လက်ဗွေနှိပ် မှတ်ပုံတင်နိုင်ကြောင်း မလေးရှားနိုင်ငံ KL MASJID JAMEKမှာဖွင့်လှစ်ထားတဲ့ တပ်မတော်အရာရှိ (အငြိမ်းစား) မြန်မာခရိုနီ ဗိုလ်မှူးသိန်းသန်းပိုင် Everfine ကုမ္ပဏီက ကြေညာထားပါ တယ်။

ကျွန်တော်တို့စုံစမ်းသိရှိရသလောက် ပါမစ်နဲ့ပတ်သက်ပြီး မလေးရှားအစိုးရက ဘာ ကြေညာချက်မှ တရားဝင်ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ ဒီ Everfine ကုမ္ပဏီ ဟာ ဟိုအရင်တခါ 6P တုန်းကလဲ ဆင်းရဲသားမြန်မာပြည်သူတွေ ဆီကနေ ငွေတွေယူ ပါမစ်ရမယ်ကတိပေးပြီး ပါမစ်တွေမရဘဲ ဆင်းရဲသား မြန်မာလုပ်သားတွေ ဒုက္ခပင်လယ်ဝေခဲ့ရပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဒီပါမစ်ကိစ္စ သတင်းထူးရင်တင်ပေးပါ့မယ်။ သတင်းမထူးခင်ကာလမှာ မြန်မာတွေအနေနဲ့ Everfine ကုမ္ပဏီကို ယုံကြည်ပြီး ငွေပေးငွေယူပြုလုပ်ရာမှာ အထူးသတိကြီးကြီး ထားဖို့လိုအပ်ကြောင်း တင်ပြလိုက်ရပါတယ်။

 
Credit : မလေးရှားရောက်မြန်မာများအပေါ် ခရိုနီများ၏နှိပ်စက်မှုများ'

Myanmar News Update

0 comments:

Post a Comment