23 Apr 2014

Hitachi က ကမ္ဘာ့ အမြန်ဆုံး ဓာတ်လှေကားကို တည်ဆောက်



Hitachi က တရုတ်နိုင်ငံ မှာ ဆောက်လုပ်ဆဲဖြစ်တဲ့ အမြင့်ပေ (၁၇၀၀) ရှိ Guangzhou CTF Finance Centre အဆောက်အဦး အတွက် ဓာတ်လှေကားများ ကို ပြုလုပ်ပေးနေပါတယ်။ အဲဒီဓာတ်လှေကားများ ဟာ ကမ္ဘာ့ အမြန်ဆုံး ဖြစ်လာမှာ ဖြစ်ပါတယ်။

ဓာတ်လှေကားတစ်ခုစီ ရဲ့ ပျမ်းမျှ အမြန်နှုန်း မှာ တစ်နာရီလျှင် ၄၅ မိုင် ဖြစ်ပါတယ်။ အောက်ဆုံးထပ် ကနေ ၉၅ ထပ် ကို ၄၃ စက္ကန့် အတွင်းမှာ ပို့ဆောင်ပေးနိုင်ပါတယ်။

ဓာတ်လှေကား ကို လုံခြံစေဖို့ Governor လို့ ခေါ်တဲ့ အဆင့်မြင့် Brake ဖမ်းတဲ့ နည်းပညာ ကို အသုံးပြု ထားပြီး သတ်မှတ်ထားတဲ့ အရှိန် ကျော်လွန်တာနဲ့ အရေးပေါ် Brake အုပ်ပေးမှာဖြစ်ပါတယ်။ အလွန် လျှင်မြန်တဲ့ အရှိန် မှာ ဓာတ်လှေကား ကို ရပ်နားဖို့အတွက် Brake စနစ် မှာ အပူ ကို ခံနိုင်ရည် ရှိတဲ့ ပစ္စည်းများ နဲ့ တည်ဆောက်ထားပါတယ်။

ဓာတ်လှေကား ကို တုန်ခါမှု မဖြစ်စေတဲ့ နည်းပညာ ကိုလည်း Hitachi က အသုံးပြုထားပြီး စီးနင်းသူများ ရဲ့ နားကို ထိခိုက်မှု မရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒီလိုကာကွယ်ဖို့ အတွက် လေဖိအား ကို ထိန်းညှိပေး တဲ့ နည်းပညာ ကို Hitachi က အသုံးပြုထားပါတယ်။ အဲဒီနည်းပညာ က လျှင်မြန်တဲ့နှုန်း နဲ့ ဓာတ်လှေကား သွားတဲ့အခါမှာ လေထုဖိအား ပြောင်းလဲမှု ကို လျှော့ချပေးမှာ ဖြစ်ပါတယ်။

Hitachi က အဆောက်အဦး မှာ ဓာတ်လှေကားပေါင်း (၉၅) ခု တပ်ဆင်မှာ ဖြစ်ပေမယ့် ကမ္ဘာ့ အမြန်ဆုံး ဓာတ်လှေကား နှစ်ခုသာ တပ်ဆင်မှာ ဖြစ်ပါတယ်။

သူရ

Myanmar Digital Life Journal



0 comments:

Post a Comment