19 Apr 2014

ဆက်သွယ်ရေးဝန်ကြီးဌာ (MPT) နှင့် တွေ့ဆုံမေးမြန်းခန်း



ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် တွေ့ဆုံမေးမြန်းခန်း တစ်စိတ်တစ်ပိုင်းကို ဖော်ပြလိုက်ပါတယ်။

မေး ။ ။ အန်ကယ်တို့ MPT အနေနဲ့ပေါ့နော် .. ဒီလောက်နှစ်တွေအများကြီးမှာ ပြည်သူအတွက် ရပ်တည်နိုင်အောင်ဘယ်လိုများ ရုန်းကန်ခဲ့ပါသလဲရှင့်

ဖြေ ။ ။ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတာပါ။ မည်သည့်အပြိုင်အဆိုင်မှ ၀င်မလာနိုင်အောင် အကုန်လိုက်ပိတ်ရပါတယ်။ ကမ္ဘာက နည်းပညာမြင့်ပြိုင်ဘက်တွေဝင်မလာဖို့အတွက် အဓိကအချက်ဖြစ်တဲ့ ကမ္ဘာမှ စီးပွားရေးပိတ်ဆို့နိုင်စေရန် ကြိုးပမ်းရပါတယ်။ ဒီအတွက် ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ် ခဏခဏ ချပေးရန် ဗဟို အစိုးရအား လက်သိပ်ထိုးပေးကမ်းရပါတယ်။ ဗဟိုအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမှာ စရိတ်မှန်သမျှ ကျခံရပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်းများစွာ ကမ္ဘာက စီးပွားရေးပိတ်ဆို့လိုက်တော့ အလွယ်တကူပဲ ပြိုင်ဘက်မရှိ ပြည်သူကို အလုပ်အကြွေးပြုနိုင်ခဲ့ပါတယ်။ ဒီကြားထဲ ဖုန်းကို ၅၀၀၀ နဲ့ရောင်းမယ်ဆိုတဲ့ လွင်နိုင်ဦး တို့ ရွှေပြည်တံခွန်လို ကုမ္ပဏီမျိုးကို တပြည်လုံးက လူလိမ်လို့ထင်အောင် မီဒီယာကို အသုံးချပြီး နှိပ်ကွပ်ရပါသေးတယ်။ အဲဒီမှာလည်း စရိတ်တွေ တက်ပါတယ်။

မေး ။ ။ ဟုတ်ကဲ့ရှင့် ... အန်ကယ်တို့ မှာ ဌာန တစ်ခုတည်းနဲ့ ထုတ်လုပ်မှုမည်မျှကြိုးပမ်းခဲ့ပါသလဲရှင့်။ အန်ကယ်တို့ထုတ်လုပ်မှု တွေအပေါ်မှာရော အားရပါသလားရှင့်။

ဖြေ ။ ။ အင်း ... အားရပါတယ်။ ဆယ်လူလာတွေ ကို သိန်းခြောက်ဆယ် ၇၀ ဆယ် လောက်နဲ့ေ၇ာင်းတုန်းကလည်း သိပ်အားရတာပဲ။ ခြင်းဖုန်းတွေကို သိန်း၂၀လောက်နဲ့ ရောင်းတုန်းကလည်း သိပ်အားရတာပဲ။ ကမ်းရိုးတန်းဖုန်း ၊ စီဒီအမ်အေ ၈၀၀ ၊ ၄၅၀ ၊ GSM ၊ WCDMA .... ငွေဖြည့်ကဒ်ကိုလည်း MPT, MEC စသဖြင့် အဆင့်ဆင့် ဂွင်ကောင်းရင်ကောင်းသလို အားရအောင် ဖန်တီးခဲ့ကြပါတယ်။ ဒါမှလည်း ပြည်သူတွေအနေနဲ့ ဖုန်းသုံးရတဲ့ အတွေ့အကြုံတွေ စုံမှာဖြစ်တဲ့အတွက် ဒီလို မျိုးစုံသုံးနိုင်အောင် စီစဉ်ပေးရခြင်းကို ကျေနပ်မိပါတယ်။ အကြီးအမားဆုံးအနေနဲ့ စစ်တပ်ကို ဖုန်းရောင်းနိုင်အောင် ကူညီပေးခဲ့တာကို အားရမိပါတယ်။

မေး ။ ။ ဟုတ်ကဲ့ ... ဘာကြောင့် ဒီလောက်စုံအောင် စီစဉ်ပေးနိုင်တယ်လို့ သုံးသပ်ပါသလဲရှင့်။

ဖြေ ။ ။ ဟုတ်ကဲ့ ... အဓိကအနေနဲ့ကတော့ အားလုံးကို ဌားရမ်းသုံးစွဲနေကြလို့ပါ။ ကျွန်တော်ပြောခဲ့သလို အမျိုးစုံတဲ့ဖုန်းတွေဟာ ဈေးကြီးပေးကြပေမယ့် စာချုပ်နဲ့ ငှားကိုင်ကြရတဲ့သဘောပါ။ သမီးသိတဲ့အတိုင်းပဲလေ ... ငှားကိုင်တယ်ဆိုတော့ မကြိုက်ရင် ပြန်အပ်မယ်လေ .. နောက်တစ်မျိုးကို ထပ်ငှားကြမယ်လေ ... ဟုတ်ဘူးလား။ ဒီတော့ ကိုယ့်ဘက်က ၀န်ဆောင်မှု အပြည့်ပေးနိုင်ဖို့အတွက် လိုင်းစုံ ရှိမှ တော်ကာကျမှာပေါ့။ ဒါကြောင့် လိုင်းစုံဖို့ ကြိုးစားရပါတယ်။ ဒီလို ကြိုးစားရာမှာ ပြိုင်ဘက်မရှိအောင် ပိတ်ထားတဲ့အတွက် ကမ္ဘာကလည်း အန်ကယ်တို့ကို လိုင်းတွေ မရောင်းပါဘူး။ ဒါကြောင့် ကျေးဇူးရှင်တွေဆီကတဆင့်ပဲ ပွဲစားလုပ်ဆက်သွယ် ၀ယ်ယူကြရပါတယ်။ ဒီလိုနဲ့ပဲ ကမ္ဘာမှာ ဘယ်သူမှ မသုံးတော့တဲ့ ဖုန်းလိုင်းအမျိုးအစားတွေဟာ ဒီနိုင်ငံမှာ ဂုဏ်ယူစရာ သုံးစွဲခွင့်ရကြတာပါ။ ဖုန်းလိုင်းတွေ တန်ဖိုးမြင့်ရတာကတော့ ပွဲစားတွေ အဆင့်ဆင့် များလို့ပါ။ ဒါကလည်း တန်ပါတယ် ဒီမှာ လည်း ငှားကိုင်တာကို ၁၅သိန်းအောက်ထစ်နဲ့ ကြေးဖွင့်ထားတာဆိုတော့ တောင့်ခံနိုင်ပါတယ်။

မေး ။ ။ ဟုတ်ကဲ့ရှင် ... အခုလိုဖြတ်သန်းလာရတဲ့ ရုန်းကန်မှုတွေကို ဖြေကြားပေးတဲ့အတွက် ကျေးဇူးအထူးပဲ တင်ပါတယ်။ ရှေ့လျှောက်ပေါ့နော် အခုလို ပွင့်လင်းလာတဲ့အချိန်မှာ အပြိုင် ကုမ္ပဏီတွေလည်း ၀င်လာပြီပေါ့နော်။ အဲဒီလိုအချိန်မှာပေါ့နော် အန်ကယ်တို့အနေနဲ့ ဘယ်လိုယှဉ်ပြိုင်ဖို့ပြင်ဆင်ထားပါသလဲ။

ဖြေ ။ ။ မမှုပါဘူး။ ဘာကြောင့်လဲဆိုတော့ မလုပ်ချင်တော့လို့ပါ။ အခုလို အရှုံးခံလည်ပတ်လာရတာ ပင်ပန်းလှပါပြီ။ ဒါကြောင့် နားချင်နေပါပြီ။ ပြီးတော့လည်း အရင်လောက် အရှုံးခံနိုင်ဖို့ မလွယ်တော့ဘူးလေ ... ။ အန်ကယ်တို့က အရှုံးခံရမှ ကျေနပ်တာ ... ဘယ်လိုပြောရမလဲဆိုတော့ အဲ ... အနစ်နာ ခံချင်တဲ့စိတ်ပေါ့ သမီး။ ဒါပေမယ့် ပြည်သူက တောင်းဆိုလာရင်တော့ MPT အနေနဲ့ ဆက်လက်ရပ်တည်ပါမယ်။

မေး ။ ။ အကယ်၍ ဆက်လက်ရပ်တည်ခဲ့ရင် ပြိုင်ဘက် ကုမ္ပဏီတွေအပေါ် ဘယ်လို ယှဉ်ပြိုင်သွားမယ်ဆိုတာလေး ပြောပြနိုင်မလားရှင့်။

ဖြေ။ ။ လွယ်ပါတယ် အမျိုးသားရေးအကွက်ရှိတယ်လေ။ အစောကြီးကတည်းက အမျိုးသားရေးမျက်စိနဲ့ ကုလားကုမ္ပဏီ ကို 3G လိုင်းနဲ့ လုပ်ကွက်ပေးပြီး ၊ နော်ဝေက တယ်လီနော ကို 2G လိုင်းနဲ့ ချပေးထားတာလေ။ 2G နဲ့ 3G ဆိုရင် 3G ပဲ လူတွေသုံးကြမှာပေါ့။ အဲ ... 3G ချင်း ဆိုရင်တော့ ကုလားဆီကလိုင်းကို လူတွေ သိပ်သုံးကြမှာမဟုတ်ဘူးလေ။ အဲဒီတော့ အန်ကယ်တို့က 3G ရအောင် လုပ်လိုက်မှာပေါ့။ ဒါအတွက် ဂျပန်နဲ့ ဆက်သွယ်နေပါပြီ။ သိပ်အရှုံးခံလုပ်ရတော့မှာမဟုတ်တဲ့အပြင် ပွဲစားလည်း မလိုတော့တာကြောင့် အန်ကယ်တို့က သိပ်တော့မပါချင်တော့ဘူး ... ဒါပေမယ့် အနစ်ခံလို့ရတဲ့နေရာမှာ ၀င်ပြီး ခံမှာပါ။ တို့လည်း 3G ၊ ကုလားတွေလည်း 3G ဆိုရင် 2G ပဲရှိတဲ့ တယ်လီနောဟာ တို့ရဲ့ပြိုင်ဖက် အဆင့်ကို ရောက်လာမှာမဟုတ်တော့ဘူး။ ပြီးတော့လည်း ဟိုးတုန်းကတည်းက အန်ကယ်တို့ အမျှော်အမြင်ရှိရှိ မွှေးထားတဲ့ အမျိုးသားရေး မီးကြောင့် ကုလားကုမ္ပဏီ ကို လူတွေ စိတ်ဝင်စားကြမှာလည်းမဟုတ်ဘူးလေ။ အန်ကယ်တို့အနေနဲ့ ယှဉ်ပြိုင်စရာတောင် လိုပါ့မလားလို့ ထင်မိတယ်။

မေး ။ ။ ၀င်ငွေအတွက်ရော ဆွဲဆောင်မှုအတွက်ပါ ဘယ်လို ပြင်ဆင်ထားပါသလဲရှင့်။

ဖြေ ။ ။ ဆွဲဆောင်မှုအတွက်ကတော့ အခုလောလောဆယ် ၂၀% ဒစ်စကောင့် ပေးတဲ့နည်းနဲ့ စတင်ဆွဲဆောင်နေပါပြီ။ ၀င်ငွေအတွက်တော့ မပူပါနဲ့။ အော်ရီဒူး တို့ တယ်လီနောတို့ မသိသေးတဲ့ လုပ်ကွက်တွေ တို့မှာရှိတယ်လေ ...။
ဥပမာပေါ့ .... "ဤစာကို ရလျှင် လူ ၉ ယောက်စီသို့ ဖြန့်ဝေပါ။ မဖြန့်ဝေပါက ကာလနာတိုက်မည်။ ဖြန့်ဝေမိသူတစ်ဦး ထီပေါက်သွားသည်" ဘာညာနဲ့ မက်ဆေ့တစ်စောင်လောက်ပို့လိုက်ရင် သန်းခြောက်ဆယ် လုံးဖုန်းတွေကိုင်လို့ သန်း၄၀ လောက်က ဦးတို့ ဖုန်းတွေသုံးရင် တစ်စောင်အစိတ်နဲ့ သမီးတွက်ကြည့်။ အလုံးတစ်သန်းက အဲဒီစာကို ဆက်ဖြန့်ရင် သန်းအစိတ် ... ဒါ စက္ကန့်ပိုင်း မိနစ်ပိုင်းအတွင်း ငွေရှာတဲ့နည်းနော်။ ကျန်တာတွေကတော့ လျှို့ဝှက်ထားရမယ့်ကိစ္စတွေမို့ မပြောပါရစေနဲ့။

မေး ။ ။ ဟုတ်ကဲ့ ... ဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ဖုန်းနဲ့ပတ်သက်လို့ နားလည်တတ်ကျွမ်းမယ့် ဒုဝန်ကြီး ဦးသောင်းတင်တစ်ယောက် လာရောက်ဖြေကြားတာကို မတွေ့ရဘူးရှင့်။ အန်ကယ်ဘယ်လိုများ မှတ်ချက်ပေးချင်ပါသလဲရှင့်။

ဖြေ ။ ။ ဒါကတော့ သိတဲ့သူတွေဝင်လာရင် လုပ်ငန်းတွေ ရှေ့မရောက်တော့တာ သဘာဝပဲလေ။ ဒါကြောင့် လုပ်ငန်းတွေ ရှေ့ရောက်အောင် သိတဲ့သူဝင်မရှုပ်ဖို့ စီစဉ်ထားရပါတယ်။ KMD ကို SME (အသေးစား နှင့် အလယ်အလတ် စီးပွားရေးလုပ်ငန်း) ထဲ ဆွဲသွင်းပေးလိုက်တယ်လေ။ ဒီတော့ "ဘတ်စ်ကားစီးသူဟာ ဘတ်စ်ကားဖိုး ပေးစရာမလို ၊ ဘတ်စ်ကားခသာပေးရန်လိုသည်" လို့ သူလည်း လျှောက်မပြောနိုင်တော့ဘူးပေါ့။

ဟုတ်ကဲ့ ... ကျေးဇူးတင်ပါတယ်ရှင်။

သြော် ... နေဦးသမီးရေ .. အန်ကယ်တို့ဌာနရဲ့ ဆောင်ပုဒ်အသစ်လေး လက်ဆောင်ပါးလိုက်ပါရစေ

ပြည့်သူ့အတွက်
ရုန်းထွက်လာပြီ
အနစ်နာခံမည်
MPT
(အစိုးရ)
 
 https://www.facebook.com/photo.php?fbid=10151951854990938&set=a.119593935937.111062.711205937&type=1&theater
 

0 comments:

Post a Comment