23 Apr 2014

စပီကာ အဟောင်းများ ကို WiFi Speaker အဖြစ် ပြောင်းလဲပေးမယ့် Rocki



Rocki က စပီကာ အဟောင်းများ ကို WiFi Speaker အဖြစ်ပြောင်းလဲပေးနိုင်ပါတယ်။ Rocki က အရွယ်သေးငယ် ပြီး ရောင်စုံ ထုတ်လုပ်ပေးထားပါတယ်။ Rocki ကို သာမာန် စပီကာများ နဲ့ ကြိုးဖြင့် ချိတ်ဆက်နိုင်ပါတယ်။ ပြီးရင် Rocki ကို စမတ်ဖုန်း ၊ တက်ဘလက် ၊ ကွန်ပြူတာများ နဲ့ WiFi မှ တစ်ဆင့် ချိတ်ဆက်နိုင်ပါတယ်။ စမတ်ဖုန်း ၊ တက်ဘလက် ၊ ကွန်ပြူတာများ မှ ဖွင့်တဲ့ သီချင်းများ ကို စပီကာ က ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။ Rocki ကို ၄၉ ဒေါ်လာ နဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။

Rocki ကို ကားများမှာလည်း အသုံးပြုနိုင်ပါတယ်။ Apple, Google, Microsoft စတဲ့ Company များရဲ့ in-car system ကို မ၀ယ်နိုင်ရင်တောင် အနည်းဆုံး တော့ Rocki ကို ၀ယ်နိုင်ရင် ကားရဲ့ Audio System မှာ သီချင်းဖွင့်ဖို့ အတွက် စမတ်ဖုန်း မှတစ်ဆင့် ကြိုးမဲ့ ခိုင်းစေနိုင်မှာ ဖြစ်ပါတယ်။

Rocki ကို တီထွင်သူများ က ဆီလီကွန် ကာဗာ ခုနစ်ခု ကို ပြုလုပ်ပေးထားပါတယ်။ သီးခြား ၀ယ်စရာမလို ဘဲ ၄၉ ဒေါ်လာ ထဲမှာ ပါပြီးသား ဖြစ်ပါတယ်။ နေအိမ် ၊ ရုံးများ မှာ ထားရှိ အသုံးပြုနိုင်အောင် လှပစွာ ဒီဇိုင်းလုပ်ပေးထားတာဖြစ်ပါတယ်။

Rocki ကို စမတ်ဖုန်း နဲ့ အခြား Device များနဲ့ ချိတ်ဆက်ဖို့ အတွက် စမတ်ဖုန်း မှာ Rocki App ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ အခုလောလောဆယ် မှာ Android Device များအတွက်ပဲ App ကို ထုတ်လုပ်ပေးထားပါတယ်။ ဒါပေမယ့် Rocki ကို Apple Device များနဲ့ ချိတ်ဆက်ချင်ရင် AirPlay ကို အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ Rocki အတွက် iOS App ကို မေလ မှာ ထုတ်လုပ်ပေးမယ်လို့ သိရပါတယ်။

Rocki ရဲ့ အလုပ်လုပ်ပုံကို အောက်က ဗီဒီယိုမှာလေ့လာနိုင်ပါတယ်။

https://www.youtube.com/watch?v=ePUMieMfbkI

သူရ

Myanmar Digital Life Journal


0 comments:

Post a Comment