23 Apr 2014

မြန်မာသံစဉ်သီဆိုသူများပေါ်ပေါက်လာစေရန် အသက်၁၃နှစ်အောက် ကျောင်းသူ/သားများအား တေးသံရှင်ဒေါ်မာမာအေးမှ YMAC တွင်သင်ကြားပေးခဲ့


ရန်ကုန်၊ဧပြီ ၂၃။

မျိုးဆက်သစ်လူငယ်များပေါ်ပေါက်ဖို့အတွက် တေးသံရှင်ဒေါ်မာမာအေးက မြန်မာသံစဉ်သီဆိုပုံနှင့်ပတ်သက်၍ အသက် ၁၃နှစ်အောက် ကျောင်းသူ/သား များအား YMAC တွင် ဧပြီ ၂၃ရက်က သင်ကြားပို့ချပေးခဲ့သည်။

“ဖွားဖွားဆီကနေ သမီးတို့မြန်မာမှုအကြောင်းတွေကို သိချင်လို့လာတက်ခဲ့တာဖြစ်သလို ဖွားဖွား မာမာအေး မပြန်ခင်တွေ့ချင်တဲ့အတွက်လာသင်တာဖြစ်တယ် ဒီသင်ကြားမှုကနေ ကိုယ့်အတွက် အသုံးချလို့ရမယ် အရာတွေကို သိလိုက်ရလို့လည်း အရမ်းပျော်ပါ ဖွားဖွားကိုလည်း ကျေးဇူးတင်ပါတယ်”ဟု အင်းစိန် အ.ထ.က(၃)တွင် နဝမတန်း တက်ရောက် သင်ကြားမည့် မဖြိုးဝင့်စံ က ပြောသည်။ ၎င်းကျောင်းသူသည် ဆို၊က၊ရေး၊တီး၊ပြိုင်ပွဲများတွင် လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၁ခု၊ငွေတံဆိပ် ၁ခု၊ကြေးတံဆိပ်၊တို့ရရှိထားသူလည်းဖြစ်သည်။


ဒေါ်မာမာအေးသည် အမေရိကားမှ မြန်မာနိုင်ငံသို့ ဇန်နဝါရီလကရောက်ရှိခဲ့ပြီး ယနေ့(၂၃.၄.၂၀၁၄)တွင် အသက်(၁၃)နှစ်ရှိ ကျောင်းသူ/ကျောင်းသားများ အား မြန်မာမှု မြန်မာဟန်များ သိစေရန်အတွက် မာမာအေးဆိုသည်မှာ ကကြီး၊ခခွေး၊ခေါင်းစဉ်ဖြင့် သင်ကြားပေးခဲ့သည်။ယင်းနောက် ၂၉.၄.၂၀၁၄ရက်တွင် ဂီတဖျော်ဖြေပွဲတစ်ခုကိုလည်း ပြုလုပ်သွားမည့်ပြီး ၁.၅.၂၀၁၄ရက်၌ အမေရိကားသို့ ပြန်မည်ဖြစ်ကြောင်းပြောပြခဲ့သည်။



“အန်တီ အမေရိကားကို မပြန်ခင် ကိုယ့်နိုင်ငံမှာရှိတဲ့ လူငယ်တွေအနေနဲ့ မြန်မာမှု၊မြန်မာဟန်၊အကြောင်းကို သိအောင်ဆိုပြီးတော့ အခုလိုသင်ကြားပေးတာပါ နောက်တစ်ခုက
မြန်မာသံစဉ်သီဆိုနည်းကိုလည်း သင်ပေးတာ မြန်မာပြည်မှာ အဆိုရှင်တွေအများကြီးပေါ်ပေါက်လာတာကိုတွေ့ရတယ် ဒါပေမဲ့ မြန်မာသံစဉ်သီဆိုတဲ့ အဆိုရှင်ကနည်းတယ် အခုဒီမှာတက်ရောက်လာတဲ့ ကလေးတွေဟာ နောက်တစ်ချိန်မှာ မြန်မာသံစဉ်သီဆိုမယ့် အဆိုရှင်တွေဖြစ်ဖို့မျှော်လင့်ပါတယ်”ဟု မြန်မာသံစဉ်အဆိုရှင် ဒေါ်မာမာအေးကပြောသည်။

ပုဇွန်တောင်မြို့နယ်၊အ.ထ.က(၂)ကျောင်းတွင် ပဥ္ဒမတန်းတက်ရောက်သင်ကြားမည့် ကျောင်းသူ ဖြိုးပြည့်ဇော်နွေးက “ဒီသင်တန်းကိုတက်ရောက်လာတာ အန်တီမာမာအေးရဲ့ ဆုံးမစကားတွေကို နားထောင်ချင်သလို မြန်မာအသံ ဘယ်လိုဆိုရတယ် ဘယ်လိုအနေအထားတွေရှိတယ်ဆိုတာကို သိချင်လို့လာရောက် တက်ဖြစ်တာပါ”ဟုပြောဆိုသည်။

ချစ်မင်းထွန်း

The Myanma Age


0 comments:

Post a Comment