31 Jul 2014

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မည်ဟု မင်းသိင်္ခ၏ ဟောကိန်း ဗေဒင်ပညာရပ်အရ မှန်ကန်ကြောင်း ပညာရှင် အများစုဆို

Photo: ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မည်ဟု မင်းသိင်္ခ၏ ဟောကိန်း ဗေဒင်ပညာရပ်အရ မှန်ကန်ကြောင်း ပညာရှင် အများစုဆို    

ရန်ကုန်၊ ဇူလိုင် ၃၁

မြန်မာနိုင်ငံ၏ နာမည်ကျော် ဂမ္ဘီရပညာရှင် မင်းသိင်္ခ အင်းစိန်ထောင်၌ အကျဉ်းကျခံနေစဉ်က ဟောပြောခဲ့သော ၂၀၁၅ ဒီဇင်ဘာ ၂၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံအုပ်ချုပ်ခွင့် ရရှိမည်ဟူသော ဟောပြောချက်မှာ ဗေဒင်ပညာ ရှုထောင့်မှ မှန်ကန်ကြောင်း ပညာရှင်အများစုက ပြောကြားခဲ့သည်။ 

ဇူလိုင်လ ၃၁ နေ့တွင် ဈေးကွက်အတွင်း ဖြန့်ချိသော မြန်မာတိုင်းမ်ဂျာနယ်တွင် ဖော်ပြခဲ့သော  ဆောင်းပါးရှင် မောင်သွေးသစ်၏  “ရှစ်လေးလုံး ၂၆ နှစ် နှစ်ပတ်လည်နှင့် ဆရာမင်းသိင်္ခ ဟောကိန်း” ဆောင်းပါးတွင် ၈၈ အရေးအခင်းကာလ လှုပ်ရှားမှုများ၊ အင်းစိန်ထောင်တွင်း နေထိုင်ရစဉ်က အခြေအနေများနှင့် အင်းစိန်ထောင် သီးသန့် အထူးစစ်ကြောရေး စခန်းတွင် စစ်ဘက် ရဲဘက်အရာရှိကြီးများက ဆရာမင်းသိင်္ခကို အထက်မှ ညွန်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး မေးမြန်းခဲ့ခြင်း ဖြစ်ကြောင်း ရေးသားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဇာတာအရ ၂၀၁၄ ဇူလိုင်လမှ စတင်ပြီး ၂၀၁၅ ဇူလိုင်လအထိ အညံ့ပိုင်းအတွင်းသို့ ရောက်ရှိနေပြီး အတိုက်အခံများမည် ဖြစ်သော်လည်း ၂၀၁၅ ဇူလိုင်မှ ၂၀၁၆ သြဂုတ်လ အတွင်းတွင် ဘဝတစ်လျှောက် ကံဇာတာ အကောင်းဆုံး အခြေအနေတွင် ရှိနေပြီး တိုင်းပြည်အတွက် အရေးကြီးသော နေရာသုံးခု၊ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ နေရာများမှ တစ်ခုကို ဆက်ခံရဖွယ် ရှိကြောင်း နာမည်ကျော် ဗေဒင်ပညာရှင် ဦးဇေယျာကိုက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ တွင် သမ္မတရာထူး ရရှိမည်ဟူသော ဟောကိန်းမှာ မင်းသိင်္ခ၏ ဆရာ မိုးဒါး ဦးထွန်းရှိန်၏ တပည့်အများစုက လွန်ခဲ့သော နှစ်၂၀ ခန့်က ဟောကိန်း ထုတ်ခဲ့ကြကြောင်းနှင့် မိမိအမြင်အရဆိုလျှင် ဗေဒင်ပညာအရ  မင်းသိင်္ခ၏ ဟောပြောချက်မှာ မှန်ကန်ကြောင်း ဗေဒင်ပညာရှင် သိပ္ပံဦးစိုးတင့်က ပြောဆိုလိုက်သည်။
“ကျွန်တော် ပုဒ်ထီးတွေ၊ ပုဒ်မတွေ မသိဘူး။ ကျွန်တော် ပြောချင်တာကတော့ ဗေဒင်ပညာအရ ဒီဟောကိန်းက မှန်မယ် ဆိုတာပါပဲ” ဟု ၎င်းကဆိုသည်။ 

မိမိအနေနှင့် အဆိုပါ ဟောကိန်းကို ထောက်ခံကြောင်း FM ရေဒီယိုများတွင် ပုံမှန်ပါဝင် တင်ဆက်နေသော နာမည်ကျော် ဗေဒပညာရှင်တစ်ဦးက ဆိုလိုက်သည်။ 

ဒီမိုကရေစီတိုင်းပြည်၏ အချုပ်အခြာမှာ ပြည်သူလူထုထံမှသာ ဆင်းသက်လာခြင်း ဖြစ်သည့်အတွက် ပြည်သူများက လိုလားစွာ တကယ်တင်မြှောက်လိုတဲ့ သူကိုသာ တင်မြှောက်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် မင်းသိင်္ခ၏ ဟောပြောချက်မှာ မှန်ကန်မည်ဟု မိမိထင်မြင်ကြောင်း၊ ၅၉ (စ) လုံးနှင့် ပတ်သက်ပြီး ၂၀၁၅ အချိန်မီ ပြင်နိုင် မပြင်နိုင်မှာ ပြည်သူများ၏ စိတ်အားထက်သန်မှု၊ လုံ့လဝီရိယရှိမှု၊ လုပ်ရည်ကိုင်ရည် ကောင်းမွန်မှုတို့ အပေါ်တွင်သာ မူတည်ကြောင်း ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောဆိုသည်။

လွန်ခဲ့သော နှစ် ၂၀ ခန့်၊  ၁၉၉၀ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးသည့် အချိန်ခန့်က ယခုကဲ့သို့ ဟောပြောခဲ့ခြင်း ဖြစ်ပြီး ပြည်လုံးကျွတ် အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ်တွင် ကျင်းပမည်ဟု မကြေညာရသေးခင် နှစ် ၂၀ ခန့်စောက ဟောကိန်း ထုတ်နိုင်ခဲ့သဖြင့် မှန်ကန်မည်ဟု ထောက်ခံသူများ ရှိသလို အခြေခံဥပဒေ ၅၉ (စ) လုံးအရ မဖြစ်နိုင်ကြောင်း ထောက်ပြ ပြောဆိုသူများ ရှိနေသည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် မြန်မာပြည်တွင် သမ္မတ မဖြစ်နိုင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်တွင် မင်းဖြစ်နိုင်သော အခြေခံ အကြောင်းအရာများနှင့် ပင်ကိုဘုန်းကံများ မပါကြောင်း၊ မီဒီယာနှင့် နိုင်ငံတကာမှ အားပေး ထောက်ခံမှု အားများကြောင့်သာ ယခု အခြေအနေထိ ရောက်ရှိလာခြင်း ဖြစ်ပြီး ယင်းထောက်ခံမှုရှိရုံဖြင့် သမ္မတ မဖြစ်နိုင်ကြောင်း၊ အကယ်၍ သမ္မတ ဖြစ်ခဲ့လျှင်လည်း တိုင်းပြည်ကို နိုင်နင်းစွာ ကိုင်တွယ်နိုင်မည် မဟုတ်ကြောင်း၊ ထိုင်းဝန်ကြီးချုပ် ယင်းလပ်ကဲ့သို့ ဇာတ်သိမ်းမလှ ဖြစ်သွားနိုင်ကြောင်း ဘဲလားလေဘာတီ (Astro-Political Scientist) က ဆိုသည်။
 
 
မန်မာနိုင်ငံ၏ နာမည်ကျော် ဂမ္ဘီရပညာရှင် မင်းသိင်္ခ အင်းစိန်ထောင်၌ အကျဉ်းကျခံနေစဉ်က ဟောပြောခဲ့သော ၂၀၁၅ ဒီဇင်ဘာ ၂၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံအုပ်ချုပ်ခွင့် ရရှိမည်ဟူသော ဟောပြောချက်မှာ ဗေဒင်ပညာ ရှုထောင့်မှ မှန်ကန်ကြောင်း ပညာရှင်အများစုက ပြောကြားခဲ့သည်။

ဇူလိုင်လ ၃၁ နေ့တွင် ဈေးကွက်အတွင်း ဖြန့်ချိသော မြန်မာတိုင်းမ်ဂျာနယ်တွင် ဖော်ပြခဲ့သော ဆောင်းပါးရှင်
 မောင်သွေးသစ်၏ “ရှစ်လေးလုံး ၂၆ နှစ် နှစ်ပတ်လည်နှင့် ဆရာမင်းသိင်္ခ ဟောကိန်း” ဆောင်းပါးတွင် ၈၈ အရေးအခင်းကာလ လှုပ်ရှားမှုများ၊ အင်းစိန်ထောင်တွင်း နေထိုင်ရစဉ်က အခြေအနေများနှင့် အင်းစိန်ထောင် သီးသန့် အထူးစစ်ကြောရေး စခန်းတွင် စစ်ဘက် ရဲဘက်အရာရှိကြီးများက ဆရာမင်းသိင်္ခကို အထက်မှ ညွန်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး မေးမြန်းခဲ့ခြင်း ဖြစ်ကြောင်း ရေးသားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဇာတာအရ ၂၀၁၄ ဇူလိုင်လမှ စတင်ပြီး ၂၀၁၅ ဇူလိုင်လအထိ အညံ့ပိုင်းအတွင်းသို့ ရောက်ရှိနေပြီး အတိုက်အခံများမည် ဖြစ်သော်လည်း ၂၀၁၅ ဇူလိုင်မှ ၂၀၁၆ သြဂုတ်လ အတွင်းတွင် ဘဝတစ်လျှောက် ကံဇာတာ အကောင်းဆုံး အခြေအနေတွင် ရှိနေပြီး တိုင်းပြည်အတွက် အရေးကြီးသော နေရာသုံးခု၊ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ နေရာများမှ တစ်ခုကို ဆက်ခံရဖွယ် ရှိကြောင်း နာမည်ကျော် ဗေဒင်ပညာရှင် ဦးဇေယျာကိုက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ တွင် သမ္မတရာထူး ရရှိမည်ဟူသော ဟောကိန်းမှာ မင်းသိင်္ခ၏ ဆရာ မိုးဒါး ဦးထွန်းရှိန်၏ တပည့်အများစုက လွန်ခဲ့သော နှစ်၂၀ ခန့်က ဟောကိန်း ထုတ်ခဲ့ကြကြောင်းနှင့် မိမိအမြင်အရဆိုလျှင် ဗေဒင်ပညာအရ မင်းသိင်္ခ၏ ဟောပြောချက်မှာ မှန်ကန်ကြောင်း ဗေဒင်ပညာရှင် သိပ္ပံဦးစိုးတင့်က ပြောဆိုလိုက်သည်။
“ကျွန်တော် ပုဒ်ထီးတွေ၊ ပုဒ်မတွေ မသိဘူး။ ကျွန်တော် ပြောချင်တာကတော့ ဗေဒင်ပညာအရ ဒီဟောကိန်းက မှန်မယ် ဆိုတာပါပဲ” ဟု ၎င်းကဆိုသည်။

မိမိအနေနှင့် အဆိုပါ ဟောကိန်းကို ထောက်ခံကြောင်း FM ရေဒီယိုများတွင် ပုံမှန်ပါဝင် တင်ဆက်နေသော နာမည်ကျော် ဗေဒပညာရှင်တစ်ဦးက ဆိုလိုက်သည်။

ဒီမိုကရေစီတိုင်းပြည်၏ အချုပ်အခြာမှာ ပြည်သူလူထုထံမှသာ ဆင်းသက်လာခြင်း ဖြစ်သည့်အတွက် ပြည်သူများက လိုလားစွာ တကယ်တင်မြှောက်လိုတဲ့ သူကိုသာ တင်မြှောက်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် မင်းသိင်္ခ၏ ဟောပြောချက်မှာ မှန်ကန်မည်ဟု မိမိထင်မြင်ကြောင်း၊ ၅၉ (စ) လုံးနှင့် ပတ်သက်ပြီး ၂၀၁၅ အချိန်မီ ပြင်နိုင် မပြင်နိုင်မှာ ပြည်သူများ၏ စိတ်အားထက်သန်မှု၊ လုံ့လဝီရိယရှိမှု၊ လုပ်ရည်ကိုင်ရည် ကောင်းမွန်မှုတို့ အပေါ်တွင်သာ မူတည်ကြောင်း ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောဆိုသည်။

လွန်ခဲ့သော နှစ် ၂၀ ခန့်၊ ၁၉၉၀ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးသည့် အချိန်ခန့်က ယခုကဲ့သို့ ဟောပြောခဲ့ခြင်း ဖြစ်ပြီး ပြည်လုံးကျွတ် အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ်တွင် ကျင်းပမည်ဟု မကြေညာရသေးခင် နှစ် ၂၀ ခန့်စောက ဟောကိန်း ထုတ်နိုင်ခဲ့သဖြင့် မှန်ကန်မည်ဟု ထောက်ခံသူများ ရှိသလို အခြေခံဥပဒေ ၅၉ (စ) လုံးအရ မဖြစ်နိုင်ကြောင်း ထောက်ပြ ပြောဆိုသူများ ရှိနေသည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် မြန်မာပြည်တွင် သမ္မတ မဖြစ်နိုင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်တွင် မင်းဖြစ်နိုင်သော အခြေခံ အကြောင်းအရာများနှင့် ပင်ကိုဘုန်းကံများ မပါကြောင်း၊ မီဒီယာနှင့် နိုင်ငံတကာမှ အားပေး ထောက်ခံမှု အားများကြောင့်သာ ယခု အခြေအနေထိ ရောက်ရှိလာခြင်း ဖြစ်ပြီး ယင်းထောက်ခံမှုရှိရုံဖြင့် သမ္မတ မဖြစ်နိုင်ကြောင်း၊ အကယ်၍ သမ္မတ ဖြစ်ခဲ့လျှင်လည်း တိုင်းပြည်ကို နိုင်နင်းစွာ ကိုင်တွယ်နိုင်မည် မဟုတ်ကြောင်း၊ ထိုင်းဝန်ကြီးချုပ် ယင်းလပ်ကဲ့သို့ ဇာတ်သိမ်းမလှ ဖြစ်သွားနိုင်ကြောင်း ဘဲလားလေဘာတီ (Astro-Political Scientist) က ဆိုသည်။
 
by thevoiceweekly

အာရှတိုက်နိုင်ငံများသို့ခြေဆန့်လာသော EBOLA (သို့) သေမင်းဗိုင်းရပ်

 

အာရှတိုက်နိုင်ငံများသို့ခြေဆန့်လာသော EBOLA (သို့) သေမင်းဗိုင်းရပ် **********************************************************************
အထူးဆောင်းပါ (ဆက်လက်မျှဝေရန်) Myo Min Latt - 31.7,.2014 
 
အာဖရိကတိုက်အလယ်ပိုင်းဒေသတွင် အခြေခံဖြစ်တည်လာသည့် အီဗိုလာ ဗိုင်းရပ် သည် ယခုအခါ အမေရိက ၊ ဥရောပ ၊ အာရှသာမက ၊ အရှေ့တောင်အာရှရှိ ဖိလစ်ပိုင်နိုင်ငံထိတိုင်အောင် ကူးဆက်လာသောအခါ ကမ္ဘာ့နိုင်ငံများသည် အထူး ကြော်ငြာချက်များ ထုတ်ပြန်ပြီး အီဗိုလာ ဗိုင်းရပ်အား တားဆီးရန် စတင် တာဆူနေပြီဖြစ်သည် ။ ထိုအသို့ တားဆီးရန် ကြိုးစားနေချိန်တွင်ယနေ့မလေးရှားအစိုးရမှလည်း နိုင်ငံတွင်း အီဗိုလာ ဗိုင်းရပ် တွေ့ရှိခဲ့ပါက ဖြေရှုင်းရန် အဆင်သင့်ပြင်ဆင်ပြီဖြစ်ကြောင်း ယနေ့ထုတ်သတင်းစာများတွင်ကြော်ငြာခဲ့သည်။ သို့ကြောင့် အားလုံးသိရှိရန် ဤသတင်းအား ဆောင်းပါးအနေဖြင့် ဘာသာပြန်တင်ဆက်သည် ။
 
 အောက်ပါ အီဗိုလာ ဗိုင်းရပ်အကြောင်း သင်သိပါသလား ..... 
 
၁.EBOLA VIRUS - အီဗိုလာဗိုင်းရပ်ဆိုတာဘာလဲ 
------------------------------------------------------- 
အီဗိုလာဗိုင်းရပ်ဆိုသည်မှာ သဘာဝ တိရိစ္ဆာန်များမှတဆင့် လူသို့ကူးဆက်သော ဗိုင်းရပ်ရောဂါပိုးတစ်မျိုးဖြစ်သည်။ ရောဂါ ကူးဆက်ခံရသူ ၉၀ ရာခိုင်နှုန်း အသက်ဆုံးရှုံးကာ ရက်ပိုင်းအတွင်း သေဆုံးစေနိုင်သော AIDS ထက်အဆပေါင်းများစွာဆိုးရွားသော ဗိုင်းရပ်စ် ရောပိုးဖြစ်သည် ။ အာဖရိကတိုက်အနောက်အလယ်ပိုင်း နိုင်ငံများရှိ လင်းနို့ ၊ မျောက် ၊ ဒရယ် ၊ မျောက်ဝံ စသော တိရိစ္ဆာန်များ တွင်အဆိုပါ အီဗိုလာ ဗိုင်းရပ်တွေ့ရှိရပြီး ရောဂါပိုး ရှိသည့် တိရိစ္ဆာန်အသားများကို စားသုံးရာမှ လူတွင် ကူးစက်ကာ ယခုအချိန်ထိ ကူးစက်ခံရသူ ၁၂၀၀ ကျော်သေဆုံးခဲ့ပြီးဖြစ်သည် ။ ၂၀၁၄ တွင် အာဖရိက အနောက်ခြမ်း နိုင်ငံ ၃ နိုင်ငံအား ကန့်သတ် နယ်မြေမျာအဖြစ်သတ်မှတ်ကာ ထိုရောဂါကို စတင်ပိတ်ဆို့နေပြီဖြစ်သည် ။ အီဗိုလာသညှ်နှာခြေ ၊ ချောင်းဆိုး စသော လေထုထဲမှတဆင့်မကူးစက်သည်မှာ အလွန်ကံကောင်းသည်ဟုဆိုရမည် ။ ၄င်းသည် တုတ်ကွေးကဲ့သို့ ချောင်းဆိုးသူကြောင့် လေထဲမှတဆင့် မပျံနှံ့ပါ ။ သို့သော် EBOLA သည် ရောဂါရှိသော တိရိစ္ဆာန်များ ၏ အရည် ၊ သွေးသား တို့အား လက်ဖြင့်ထိခြင်း ၊ ထိုအသားအားစားခြင်း ။ ရာဂါခံစားနေရသောသူ နှင့် လက်ခြင်းထိတွေ့ခြင်း ၊ အရေပြားပေါက်ပြဲသောနေရာအား ထိတွေ့ခြင်း ၊ သွေးသားခြင်းထိတွေ့ခြင်း ၊ နမ်းခြင်း ၊ လိင်ဆက်ဆံခြင်းတို့ စသဖြင့် ရောဂါရှိသူ၏ အသွေးသား ၊ သွေး ၊ အချွဲ ၊ ခန္ဒာကိုယ်မှထွက်သောအရည်တို့ကို လက်ဖြင့် ထိတွေ့ရုံဖြင့် ရောဂါ ကူးဆက်နိုင်သည် ။ ထိုသို့ရောဂါကူးဆက်ပြီး ၂၁ ရက်အတွင်း ဝေဒနာစတင်ခံစားရမည်ဖြစ်ကာ ၊ ထိုသူမှတဆင့် ယခု နှုန်းထားအတိုင်း ၂.၅ ဦးအားဆက်လက် ကူးဆက်နေပြီး ဆက်တိုက် ပျံ့ပွားသွားမည်ဖြစ်သည် ။ ရောဂါခံစားရပြီးမကြာခင်ရက်ပိုင်းအတွင်း သေဆုံးမည်ဖြစ်သည် ။ 
 
 ၂. ရောဂါလက္ခဏာတွေကဘယ်လိုလဲ
 ---------------------------------------- 
အီဗိုလာ ဗိုင်းရပ်စ် ကူးဆက်ခံရပြီး ၂၁ ရက်အကြာတွင် အပြင်းဖျားခြင်း ၊ မလှုပ်ရှားနိုင်အောင် အားအင်ကုန်ဆုံးခြင်း ၊ ကြွက်သားများ နာကျင်ခြင်း ၊ ခေါင်းကိုက်ခြင်း ၊ လည်ချောင်းနာခြင်းတို့ ဖြစ်ကာ မကြာခဏ အော့အန်ပြီး ဝမ်းသွားသည့် ရာဂါလက္ခဏာ ပြလိမ့်မည် ။ ထိုမှတဆင့်ရောဂါပြင်းထန်လာကာ ကျောက်ကပ် ၊ အသဲ တို့၏ လုပ်ဆောင်ချက်များကို ဆိုးဝါးစွာ ပျက်ဆီးစေကာ မျက်လုံး ၊ ပါးစပ် ၊ နှာခေါင်းတို့စသော ဒွာရပေါက်များမှ သွေးထွက်ခြင်း ၊ အရေပြားပေါက်ပြဲကာ သွေးထွက် ခြင်းး စသည့်ခန္ဒာကိုယ် အတွင်းအပြင် တို့မှ သွေးထွက်ကာ နောက်ဆုံး သေဆုံး စေမည်ဖြစ်သည် ။ ထိုထက်ဆိုးဝါးသည်မှာ ရောဂါကူးစက်ခံရသော သူ ထိုင်သွားသည့် ခုံ ၊ အိပ်ယာ တို့မှတဆင့် ကူးဆက်ကြောင်းတွေ့ရသော အခါ အဆိုပါ နိုင်ငံ ၃ နိုင်ငံတွင် TAXI (တက္ကစီ) ၊ ကား၊ ရထား ၊ လေယာဉ် တို့ပါ ရောဂါစောင့်ကြည့် နေရသည့် အခြေအနေ တွင်ရှိနေပြီဖြစ်သည် ။ ထိုအီဗိုလာ ဗိုင်းရပ်အား ကုသရန်ဆေးမရှိသကဲ့သို့ ။ရောဂါကူးစက်ခံရပါက မည်သို့မှ လုပ်မရတော့ပဲ သီသန့်ခန်းထဲတွင် ခွဲထားကာ သေဆုံးသည်ကိုစောင့်ရမည်ဖြစ်သည် ။ ရောဂါပိုး ကူးစက်သူ၏ ၁၀ ရာခိုင်းနှုန်းကိုသာ ကယ်ဆယ်နိုင်ခဲ့သေးကြောင်းသင်သိရမည်ဖြစ်သည် ။ 
 
 ၃ ဘယ်နိုင်ငံတွေအထိ ကူးစက်လာခဲ့ပြီလဲ
 -------------------------------------------- 
၂၀၁၄ ခုနှစ်၏အီဗိုလာ ဗိုင်းရပ်မြစ်ဖြားခံရာ Guinea နိုင်ငံမှတဆင့် ရောဂါဝေဒနာ ခံစားရသူများ ခရီးသွား သောကြောင့် ထိုနိုင်ငံ၏ အိမ်နီးခြင်းနိုင်ငံများဖြစ်သော Liberia နှင့် Sierra Leone တို့အား အလျှင်အမြန် ကူးဆက်လျှက် ရှိသည် ။ အဆိုပါ ၃ နိုင်ငံတွင် ၂၀၁၄ မတ်လ မှ စတင်ကာယနေ့အထိ လူဦးရေ ၁၂၀၀ ကျော်အား ကူးစက်နေပြီး - ၇၀၀ နီးပါးသေဆုံးခဲ့ပြီဖြစ်သည် ။၎င်းသည် နှစ် ၄၀ အတွင်း အဆိုးဝါးဆုံးသော ဗိုင်းရပ်ကူးစက် သေဆုံးမှုဖြစ်ကြောင်း WHO မှထုတ်ပြန်ခဲ့ရသည် ။ ရောဂါဆိုးဝါးသော ဒေသများသို့ ဆေးကုသပေးရန် ရောက်ရှိနေသော အထူးကု ဒေါက်တာတစ်ဦးအပါအဝင် နိုင်ငံခြားသား လုပ်အားပေး ၂ ဦးရေဂါကူးစက်ခံရသည်ဆိုသောအခါ ကမ္ဘာနိုင်ငံများကြား အီဗိုလာ သည် အထူး သတိထားကိုင်တွယ်ရမည့် ကြောက်စရာအကောင်းဆုံး ကူးစက်ဗိုင်းရပ်ဖြစ်လာခဲ့သည် ။ အဆိုပါ ၃ နိုင်ငံသို့ စိုက်ပျိုးရေး ၊ ကျမ်မာရေ ၊ ပညာရေ တို့အတွက် လုပ်အားပေး ရောက်ရှိနေသော အမေရိကန် နိုင်ငံသား ၃၀၀ ကျော်ကို ယခု အခါ အမေရိကန် က ပြန်လည်ခေါ်ယူနေပြီဖြစ်သည် ။ ယခု အမေရိက နိုင်ငံ ၊ လန်ဒန် ၊ ဥရောပနိုင်ငံများ ၊ တရုတ် ၊ ဖိလစ်ပိုင် တို့တွင် ရောဂါလက္ခာများစတင်တွေ့ရှိကြောင်း ယနေ့သတင်းစာများတွင်ကြော်ငြာအပြီး နိုင်ငံတကာလေကြောင်းလိုင်းများသည် အဆိုပါ အီဗိုလာရောဂါအား စောင့်ကြည့်ဖြေရှင်းရန် အထူး ဆွေးနွေးပွဲများဖြင့် စတင်နေရပြီဖြစ်သည် 
 
၎. မလေးရှားတွင် ကူးစက်နေပြီလား
 --------------------------------------- 
မလေးရှားတွင်ရောဂါလက္ခဏာ တွေ့ရှိမှုမရှိသေးပါ ၊ သို့သော် မလေးရှားသည် အာဖရိက နိုင်ငံသား များ ဝင်ရောက်မှုများသောကြောင့် တွေ့ရှိလာပါက ဖြေရှင်းကိုင်တွယ်ရန် အသုံးအဆောင်များ ၊ လိုအပ်သော ကရိယာများကို ယခု ပြင်ဆင်ထားပြီဖြစ်ကြောင်း ယနေ့ည သတင်းများတွင် တင်ဆက်သွားခဲ့သည် ။ အီဗိုလာသည် နိုင်ငံခြားသိုကူးစက်နှုန်း အလွန်နည်းသည် ၊ သို့သော် ကူးပြီဆိုပါက ထိန်းချုပ်ရန် နည်းလမ်း မှာ အားလုံးပိတ်ဆို့ပစ်ရန်သာ ရှိတော့သည် ။ သို့ကြောင့် လုံးဝမကူးရန် ကာကွယ်ထားရန်ဖြစ်ပြီး လိုအပ်သည်များကို ဆောင်ရွက်ရန် နိုင်ငံတကာမြို့ပြ လေကြောင်း အဖွဲ့ချုပ် The International Civil Aviation Organization (ICAO) သည်လည်း ဆွေးနွေးဆောင်ရွက်နေရပြီဖြစ်သည် ။
 
 ၅. ရောဂါကူးစက်တဲ့ နိုင်ငံမှာ ဘာတွေဖြစ်နေပြီလဲ 
------------------------------------------------------ 
Guinea, Liberia, Sierra Leone စသည့် အီဗိုလာ အဆိုးဆုံးကူးစက်ရာ ၃ နိုင်ငံတွင် ကျောင်းအားလုံး ပိတ်ပစ်ရပြီဖြစ်သည် ။ အဆိုပါနိုင်ငံ ၃ ခု၏ ဒေသ အချို့တွင် ရောဂါထိန်းချုပ်နိုင်မှု မရှိတော့ပဲ ဆိုးဝါးစွာကူးစက်ပြီနေပြီဖြစ်ကြောင်း သိရသည် ။ ရောဂါကူးစက်မှုသည် ထိန်းချုပ်ကိုင်တွယ်နိုင်သည့်အဆင့်တွင်မရှိတော့ပါ ။ အခြေအနေ အလွန်ဆိုးဝါးနေပြီဖြစ်ကြောင်း ယေနေ့ နိုင်ငံတကာသတင်းဌာနများကကြော်ငြာသည် ။ အခြေအနေ ကောင်းမလာပဲ ပိုမိုးဆိုးဝါးကာ ကူးစက်သူ ၂.၅ ဆနှုန်းဖြင့် တိုးပွာလာကြောင်း ကြောက်မက်ဖွယ်သိရှိခဲ့ကြရသည် ။ Sierra Leone နိုင်ငံရှိ အီဗိုလာရောဂါ အတွက် အထူးကုသနေရသော ထိပ်တန်း ဆရာဝန် တစ်ဦးသည်ယခု အီဗိုလာရောဂါကူးစက်ခံရကာ သေဆုံးခဲ့ပြီးဖြစ်သည် ။
 
 အမေရိကန် နိုင်ငံသား ကနေဒါမှ အဆိုပါ ၃ နိုင်ငံသို့ ရောဂါကုပေရန် လုပ်အားပေး သွားရောက်သော ဆရာဝန်တစ်ဦးသည်လည်း ယခုအခါ ရောဂါကူးစက်ခံနေရပြီဖြစ်ကြောင်းတွေ့ရှိသောအခါ အီဗိုလာသည် ကမ္ဘာကိုခြိမ်းခြောက်နေသော ဗိုင်းရပ် အဖြစ် သတ်မှတ်ရတော့သည် ။ အဆိုပါ နိုင်ငံ ၃ နိုင်ငံ၏ ရောဂါကူးစက်ပျံ့ပွားမှု ထိန်းချုပ်ရေးသည် ယနေ့ ကမ္ဘာအရေးဖြစ်လာခဲ့သည် ။ Liberia နိုင်ငံတွင်မူ ကျောင်းအားလုံး အကန့်အသတ်မရှိ ပိတ်ထားပြီး အစိုးရဝန်ထမ်းအားလုံး ခွင့် ရက် ၃၀ ပေးကာ လုပ်ငန်းအားလုံး ရပ်ဆိုင်းထားရပြီဖြစ်သည် ။ Togo အခြေစိုက် pan-African လေကြောင်းလိုင်းဖြစ်သော ASKY, လေကြောင်းလိုင်းသည် အဆိုပါ ၃ နိုင်ငံမှ အခြား နိုင်ငံ ၂၀ သို့ ပြေးဆွဲပျံသန်းနေသောလေကြောင်းဖြစ်ပြီး ယခု ASKY၏ လေကြောင်းအားလုံး ရပ်ဆိုင်းထားရပြီဖြစ်သည် ။ အသက် ၄၀ ရှိ Liberia နိုင်ငံသားတစ်ဦး Nigeria သို့သွားရောက် လည်ပတ်အပြီး သေဆုံးခဲ့ကာ အဆိုပါသေဆုံးမှုသည် အီဗိုလာဗိုင်းရပ်ကြောင့် ဖြစ်ကြောင်း အတည်ပြုအပြီး Nigeria နိုင်ငံတွင် ယခု စောင့်ကြည့်ကွပ်ကဲမှုများပြုလုပ်နေရပြီဖြစ်သည် ။ လေကြောင်းလိုင်းများသည် နိုင်ငံတကာသို့ရောဂါကူးစက်စေသော ရေသောက်မြစ်ဖြစ်လာသောအခါ IATA သည် လေကြောင်းလိုင်များအား ထိရောက်စွာ ထိန်းချုပ်သွားရန် ယခု စတင်ဆောင်ရွက်ပြီဖြစ်သည် ။ ယနေ့မှစတင်ပြီး နေ့စဉ်ရောဂါ ပျံနှုံမှုကို စောင့်ကြည့်ကာ ဖြစ်ပွားသည့် နေရာများသို့ ပျံသန်သောလေကြောင်းများကို တားမြစ်သွားမည်ဖြစ်ကြောင်း နိုင်ငံတကာလေကြောင်းထိန်းချုပ်ရေးအေဂျင်စီသည် ယနေ့ကြော်ငြာချက်ထုတ်ပြန်ခဲ့ရပြီဖြစ်သည် ။
 
 ---------------------------------------------------------- 
 
အထက်ပါအကြောင်းအရာများသည် EBOLA (အီဗိုလာဗိုင်းရပ်) အကြောင်း နှင့်လက်ရှိ နိုင်ငံတကာ အဖြေအနေဖြစ်ပြီး မြန်မာနိုင်ငံသားများအား သတိ ၊ အသိ ၊ ဗဟုသုတ ရစေရန် သတင်းဌာနများ ၊ ကျမ်းမာရေးဆိုင်ရာအင်တာနက်စာမျက်နှာများ နှင့် ဆရာဝန်မိတ်ဆွေများ၏ အကူအညီရယူကာ သူငယ်ချင်းများ သိရှိရန် ဘာသာပြန်တင်ဆက်ပေးခြင်းဖြစ်သည် ။ ဤဆောင်းပါးအားမည်သူမဆို ကူးယူနိုင်သလို မသိရှိသေးသည့် နီးစပ်ရာ သူငယ်ချင်း ၊ မိတ်ဆွေ အားလုံးသို့ ဆက်လက် လက်ဆင့်ကမ်း (SHARE) ကြဖို့ ကျွန်တော်တိုက်တွန်းလိုသည် ။ 
 
 Myo Min Latt ၃၁.၇.၂၀၁၄ Sources : WHO , AFP , BBC , CNN , THESTAR , VOA
 


CWM Chinese စာတွေကို English ဘာသာပြန်


 CWM  Chinese စာတွေကို English  ဘာသာပြန် ကြည့်ပြီး  Service သမားများအတွက်အသုံးဝင်လိမ့်မယ် လို့ ယုံကြည်မိပါတယ်။

  • reboot system now 重启系统
  • apply sdcard:update.zip 使用SD卡根目录的update.zip更新系统
  • wipe data/factory reset 清空data分区并恢复出厂设置
  • wipe cache partition 清空cache分区
  • install zip from sdcard 从SDcard选择文件更新系统
  • toggle script asserts 切换升级脚本检查 
  • backup and restore 备份和恢复
  • Backup 备份
  • Restore 恢复 
  • Advanced Restore 高级恢复
  • mounts and storage 挂载和存储
  • apply sdcard:update.zip 使用
  • SD卡根目录的
  • update.zip 更新系统
  • choose zip from sdcard 从
  • SD卡选择
  • zip格式升级包
  • toggle signature verification 切换签名验证
  • mount /system 挂载/system分区(系统分区)
  • mount /data 挂载/data分区(数据分区)
  • mount /cache 挂载/cache分区(缓存分区)
  • mount /sd-ext 挂载/sd-ext分区(A2SD分区)
  • format boot 格式化内核分区
  • format system 格式化系统分区
  • format data 格式化数据分区
  • format cache 格式化缓存分区
  • format sdcard 格式化存储卡
  • format sd-ext 格式化内存卡SD
  • mount USB storage 挂载SD卡为U盘模式
  • advanced 高级
  • Reboot Recovery 重启Recovery
  • Wipe Dalvik Cache 清空Dalvik缓存
  • Wipe Battery Stats 清空电池状态
  • Report Error 报告错误
  • Key Test 键位测试
  • Partition SD Card 对SD卡分区
  • Fix Permissions 修复权限
  • power off 关机
  • touch calibration 触屏校准

http://www.zealot-mko.com

ပညာရေး တိုးတက်ဖို့ တကယ်ပြောင်းမယ် ဆိုရင်

 
ကိုကြီးသောင်း တို့နိုင်ငံမှာ ၂၀၁၀ ရွေးကောက်ပွဲ များအပြီး ပထမအကြိမ် လွှတ်တော်အတွင်း အစိုးရ တစ်ရပ်ကို ဖွဲ့စည်းပြီးနောက် သက်တမ်း သုံးနှစ် ကျော် လေးနှစ် အတွင်းမှာ လွှတ်တော် မှာရော အစိုးရ အဖွဲ့မှာရော စတင်တက်လာ ကတည်း ကနေ ယခုအချိန်အထိ ကျဆင်း ယိုယွင်းနေသော ပညာရေးကို အမြန်ဆုံး ပြုပြင်ရန် ထဲထဲဝင်ဝင် ပြောဆိုခဲ့ ကြပါတယ်။ အခုဆိုရင် ပထမဦးဆုံး ခန့်အပ် ထားသော ပညာရေး ပြည်ထောင်စု ၀န်ကြီး ကွယ်လွန် သွားပြီးနောက် နောက်ထပ် ပညာရေး ပြည်ထောင်စု ၀န်ကြီးကို ထပ်မံခန့် အပ်ပြီး ပညာရေးနှင့် ပတ်သက်သော ပြုပြင်ပြောင်းလဲ မှုများကို ဆောင်ရွက်နေရာ လ အနည်းငယ်ပင် ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမည့်လည်းပညာရေး တိုးတက်ဖို့ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရန် ကော်မတီများ အသီးသီး ဖွဲ့စည်းခြင်း၊ အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အစရှိသည်တို့တွင်သာ အချိန်ကုန်နေတာကို တွေ့ရပြီး ပညာရေးနဲ့ ပတ်သက်လို ထိထိရောက်ဘာတစ်ခုကိုမျှ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေး တာကိုတွေ့ရတယ်။ အခုဘဲ အခြေခံပညာဆယ့်နှစ်တန်းပြောင်းမယ်ပြောလိုက်၊ မဟုတ်သေးဘူး ပြောလိုက်။ အခုဘဲ လေးတန်း၊ ရှစ်တန်း အစိုးရစစ်ဖြစ်မယ်ပြောလိုက်၊ အကောင်အထည် မဖော်ဖြစ်သေး ဘူးပြောလိုက်။

စဉ်ဆက်မပြတ်အကဲဖြတ်အတန်းတင်ကို ဖျက်မယ်ပြောလိုက်၊ မဖျက်ဘူးပြောလိုက်၊ တက္ကသိုလ်ဝင်တန်း မေးခွန်းတစ်စုံတည်း ဆောင်ရွက် မယ်ပြောလိုက်၊ မသေချာသေးဘူးပြောလိုက်။ သင်ရိုးပြောင်းမယ် ပြောလိုက်၊ ဒီအတိုင်း ဆက်သွားမယ်ပြောလိုက်။ တက္ကသိုလ်တွေ သုံးနှစ်ပြောလိုက်၊ လေးနှစ်ပြောလိုက်၊ စကောလားရှစ်ကို ဘယ်သူလျှောက်လျှောက်ရတယ်ပြောလိုက်၊ ပြန်ပိတ်လိုက်။ တက္ကသိုလ်ကို လွတ်လပ် စွာ ရွေးချယ်ခွင့်ပေးမယ်ပြောလိုက်၊ အကောင်အထည်မဖော်သေးဘူး ပြောလိုက်။ ဆရာ၊ ဆရာမတွေ ရာထူးတိုးကို ပညာ အရည်အချင်းအပေါ်မှာ အခြေခံမယ်ပြောလိုက်၊ လုပ်သက်အပေါ်မှာ အခြေခံမယ် ပြောလိုက် အစရှိသဖြင့် မရေမရာတွေနဲ့သာ သတင်းတွေနဲ့သာ အချိန်ကုန်နေပါတယ်။

ပြောသမျှသတင်း အားလုံးကလည်း ပညာရေးမှတာဝန်ရှိသူတွေက တနေရာက တစ်မျိုးပြော၊ တစ်မျိုးလုပ် နေကြတော့ ဘာကို အတည်ယူ ရမှန်းတောင် ကိုကြီးသောင်းတို့ မသိတော့ပါဘူး။ လွှတ်တော်ကလည်း ပညာရေးဆိုင်ရာ ဘတ်ဂျက်ထိုက်သင့်သလောက် အနည်းငယ် တိုးမြင့်ချထား ပေးတာကိုလည်း တွေ့ရ သလို လွှတ်တော်မှာလည်း မြန်မာပညာရေးအတွက် ကျောရိုးမဏ္ဍိုင် ဖြစ်သည့် အမျိုးသားပညာရေး ဥပဒေကြမ်းကို အမြန်ဆုံးအတည်ပြုနိုင်ဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။ ဒါပေမည့်လည်း အလွှာ ပေါင်းစုံမှ၊ အဖွဲ့အစည်းပေါင်းစုံမှ၊ တိုင်းရင်းသားများထံမှ၊ အစိုးရ မဟုတ်သော ပရဟိတ အဖွဲ့အစည်းများ ထံမှ ပညာရေးနှင့် ပတ်သက်သော အကြံအညဏ် များကို လျစ်လျူရှု့ခဲ့တယ်ဆိုကာ မကျေမနပ် အသံများ လည်း ကြားနေရပါတယ်။

ပညာရေးဝန်ကြီး ဌာန တာဝန်ရှိသူများ အနေဖြင့်ကလည်း မြန်မာ့ ပညာရေးဘာကြောင့် ယိုယွင်းကျဆင်း ရလဲဆိုတာ ပြသနာအချို့ကို သိကောင်းသိနေပြီးဖြစ်မယ်လို့ ကိုကြီးသောင်း ယုံကြည်ပါတယ်။ ဒါပေမည့် ပြတ်ပြတ်သားသား မဆောင်ရွက်ရဲတာရယ်၊ ဘယ်ကနေ စပြီးကိုင်တွယ် ဆောင်ရွက်ရမယ်ဆိုတာ ရယ်ကို အစရွေးနေတာနဲ့ အချိန်တွေကုန်နေတယ်လို့ မြင်ပါတယ်။ ကိုကြီးသောင်း တစ်ဦးတည်း အမြင် အနေနဲ့ပြောရရင် အောင်ဖော်ပြပါ အချက်သုံးချက်ကို မဖြစ်မနေအမြန်ပြောင်းလဲနိုင်ပါမှ တိုင်းပြည် ပညာရေး ယိုယွင်းကျဆင်းမှုကနေ အမြန်ရုန်းထွက် နိုင်လိမ့်မယ်ဆိုတာ ယုံကြည်ပါတယ်။

(က) တက္ကသိုလ်ဝင်တန်း စာမေးပွဲစနစ်နှင့် မေးခွန်းပုံစံ အမြန်ပြောင်းလဲ ကျင်းပရန်။

ကိုကြီးသောင်းရှေ့ပိုင်းမှာ ဒီကိစနှင့်ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်သင့်တယ်ဆိုတာကို ဆောင်းပါး တစ်ပုဒ်မှာ အသေးစိတ် ရေးသား ထားပြီးပါပြီ။ ဘာတွေဘယ်လိုပြောင်းပြောင်း ဒီနေရာက မပြောင်း သရွေ့ ကျန်တာဘယ်လိုမှပြောင်းလို့မရဘူးဆိုတာပါဘဲ။ ဒီနေ့မြန်မာပြည်ရဲ့ ကျောင်းသား ကျောင်းသူ များရဲ့အနာဂါတ်ကို ပိုင်းခြားဆုံးဖြတ်ပေးနေတာ ဒီအတန်းနဲ့ ဒီစာမေးပွဲဖြစ်တဲ့ အတွက်ကြောင့် မိဘများနဲ့ကျောင်းသားကျောင်းသူများဟာလည်း ဘ၀နဲ့ရင်းရ သလိုဆောင်ရွက်တတ်ကြတာ အပြစ် မဟုတ် ပါဘူး။ စနစ်ကိုက ဒီလို လုပ်ထားမှတော့ ဒီလိုဘဲ ဖြစ်ရမှာပါ။ စာမေးပွဲစနစ်ကို အမှတ်ကောင်းမှ မိမိတို့ရည်မှန်းချက်ဖြစ်သော အသက်မွေး ၀မ်းကြောင်း တက္ကသိုလ်တက်ခွင့် ရသောစနစ်ဖြစ်တဲ့ အတွက်ကြောင့် အမှတ်ရရေးသည်အဓိက အဖြစ် ကျောင်းသား၊ ဆရာ ၊ မိဘများကလည်းဦးတည် ဆောင်ရွက်ကြခြင်းဖြစ်ပါတယ်။ အဲဒီအခါမှာလည်း အမှတ်ကောင်းကောင်းရဖို့အတွက် စာမေးပွဲ ကောင်းကောင်းဖြေဆိုနိုင်ဖို့ လိုပါတယ်။

စာမေးပွဲကောင်းကောင်းဖြေဆိုနိုင်ဖို့ မေးခွန်းကို များများ ချဉ်းကပ်တတ်ဖို့ လိုပါတယ်။ ဒီအတွက် ပညာရပ် တတ်မြောက်နိုင်ဖို့အတွက် မေးခွန်းမှာ ဘယ်လိုမေးရင်၊ ဘယ်လိုဖြေ၊ ဘယ်လိုဖြေရင် ဘယ်လို အမှတ်ပေးတယ် ဆိုတာကိုဘဲ တစ်နှစ်လုံးဇောင်းပေး သင်ကြား လာတာဟာ ပညာရေးနိမ့်ကျရခြင်း အဓိကအချက်ဆိုတာ ငြင်းမရပါဘူး။ ပိုပြီးရယ်ရွှင်ဖွယ် ကောင်းတဲ့အချက်ကတော့ ဂုဏ်ထူး (Distintion) ဆိုတာဟာ ဘာသာရပ်တစ်ခုကို သာမန် ထက်ပိုမိုထူးချွန်စွာတတ်မြောက်ပြီး ဖြေဆိုသောအခါ သာမာန်အမှတ်ထက် ထူးခြားစွာရရှိသူများကို အသိအမှတ်ပြုထားခြင်း ဘဲဖြစ်ပါတယ်။

ဒါပေမည့် ကိုကြီးသောင်းတို့နိုင်ငံမှာတော့ တက္ကသိုလ်ဝင် စာမေးပွဲမှာ သင်ကြားဖြေဆိုရသော ဘာသာရပ် အားလုံး ဂုဏ်ထူးရရှိအောင် စွမ်းဆောင်နိုင်တာ တောင်မှ မိမိလိုချင်သော တက်ရောက် သင်ကြားလိုသော အသက်မွေးဝမ်းကြောင်းတက္ကသိုလ်ကို တက်ရောက်ခွင့် မရတာတွေနှစ်စဉ် ကြုံတွေ့ နေရတာဒုနဲ့ဒေးပါဘဲ။ ဘာကြောင့်လည်းဆိုတော့ ခြောက်ဘာသာရှိသည့်အနက် သုံးဘာသာ၊ လေးဘာသာ ဂုဏ်ထူးရရှိပြီး အမှတ်များစွာရရှိသောသူ အမှတ်ကိုမမီသောကြောင့် တက်ခွင့်မရ ဆိုသော အခါ ဘာသာစုံထူးချွန်သူက ဘာသာစုံ မထူးချွန်သော်လည်း အမှတ်များသူလောက် အရည်အချင်းမရှိဟု သတ်မှတ်ခံရခြင်းပင်ဖြစ်ပါတယ်။ စာမေးပွဲ စစ်ဆေးတဲ့အခါမှလည်း မေးခွန်းပုံစံအများစုဟာ ဘာသာ ရပ်တစ်ခုကို နားလည် တတ်မြောက်မှုထက် သင်ရိုးညွှန်းတန်းအတွင်း ပြဌာန်းထားသော ပြဌာန်းစာအုပ် ပါအတိုင်း ၏ ၊ သည်မလွဲ ဖြေဆိုနိုင်မှသာလျှင် အမှတ်ပေးသည့်စနစ်ကို ယနေ့တိုင် ကျင့်သုံးနေဆဲဖြစ် သည့် အတွက်ကြောင့် ကျောင်းသား၊ ဆရာ၊ မိဘများအားလုံး ဘာသာရပ် တတ်မြောက်ရန်ထက် ရသည့် အချိန်တိုင်းတွင် ပြဌာန်းစာအုပ်ထဲမှ စာများ အလွတ်ရအောင်ကျက်ခြင်းနှင့် စာမေးပွဲမေးခွန်းကို ဖြေဆိုနိုင်ရေးကိုသာ ဦးတည်လေ့ကျင့်နေခြင်းကလည်း မြန်မာ့ပညာရေးကို အောက်ဆုံးရောက်အောင် ဆွဲချလိုက်ခြင်းဖြစ်တယ်လို့ ကိုကြီးသောင်း ယုံကြည်ပါတယ်။

ဒီအတွက် ကြောင့်လည်း ကျောင်းသား၊ ကျောင်းသူ တစ်ယောက်ဟာ ကျောင်းမှ စာသင်ချိန်ပြီး သော် လည်းဘဲ မနက်ငါးနာရီမှ ညဆယ့်တစ်နာရီအတွင် ဘာသာရပ်ပေါင်းစုံ အလွတ်ကျက်ရန်အတွက် နောက်ထပ်ဆရာ၊ ဆရာမပေါင်းစုံဖြင့် အချိန်ပေးကြရသလို မိဘများအနေဖြင့်လည်း ငွေကြေး ထပ်မံ ကုန်ကျနေရပြီဖြစ်ပါတယ်။ သက်ဆိုင်ရာ ကျောင်းအသီးသီးမှ သင်ကြားပို့ချမှု မည်သို့ပင် လုပ်ပေး သော်လည်း စာအလွတ်ကျက်ရန်အတွက် စာကျက်အကူ ဆရာဆရာမများနှင့် ထပ်မံအချိန်ပေးရခြင်း၊ ငွေကြေး ထပ်မံကုန်ကျခံရခြင်းဟာ စာမေးပွဲစနစ်တခုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးဆိုတာငြင်းလို့မရပါဘူး။

နောက်ပြီးဒီအတန်းမှာ ဒီလိုအမှတ်ရအောင် ဒီလိုအလွတ်ကျက် မှတ်တတ်တဲ့ အလေ့အကျင့်တွေ ရလာအောင် ငယ်စဉ်သူငယ်တန်းမှ စတင်ပြီး မိဘများကစတင် ပုံသွင်းလာကြပါတယ်။ ကျောင်းသား ကျောင်းသူရှိတဲ့ မိဘတွေအိမ်မှာ သွားကြည့်လိုက်ရင် ကလေးငယ်လေးများဟာ ကစားချိန်၊ နားချိန်ထက် စာကျက်ကူဆရာမလေးများနဲ့ တချိန်လုံးစာကို ၏သည်မလွဲ ကျက်ခိုင်း၊ ကျက်ပြီးရင် ချရေးခိုင်းခြင်းဖြင့် အချိန်တွေကိုဖြုန်းနေတာတွေ့ရတော့ ကလေးငယ်များအတွက်လည်း ကိုကြီးသောင်းစိတ်မကောင်း ဖြစ်မိပါတယ်။ ဒီလိုနဲ့ အတန်းစဉ် အဆက်ဆက် ဘာသာရပ်နားလည်တတ်မြောက်ရေးအတွက်ထက် စာတွေအလွတ်ကျက်ပြီး အမှတ်ကောင်းရေးကို မက်မောတတ်အောင်ပုံသွင်းလာလိုက်တဲ့နေရာမှာ အခြေခံပညာမှ ကျောင်းမှဆရာဆရာမများ၏ကျုရှင်နဲ့ ရင်းနှီးလာရပါတော့တယ်။ မိဘများဟာ မိမိ သားသမီးများ အမှတ်ကောင်းရေးအတွက် သက်ဆိုင်ရာ ဆရာ၊ ဆရာမများထံနည်းပေါင်းစုံ နဲ့ချဉ်းကပ် ပါတယ်။

လက်ဆောင်ပစည်းနှင့်တစ်မျိုး၊ ကျုရှင်အချိန်ပိုထားခြင်းဖြင့်တစ်သွယ် ဆောင်ရွက်လာကြရင်းမှ ဆရာ၊ ဆရာမများလည်း ကျုရှင်အပေါ်မှာ မိသားစုစားဝတ်နေရေး အတွက်ပိုမိုခုံမင်လာပြီး မသမာမှုများ ကျုးလွန် တတ်လာကာ ဆရာဆရာမများ အမည်းစက် စွန်းထင်းလာရခြင်းဘဲ ဖြစ်ပါတယ်။ နောက်ဆုံးတော့ လက်ရှိကျင့်သုံးနေသော တက္ကသိုလ်ဝင် စာမေးပွဲမေးခွန်းပုံစံအတိုင်း ဆက်လက်သွားနေပါက သူငယ်တန်းမှ အစပြုပြီး တက္ကသိုလ်ဝင်တန်း ရောက်သည့်တိုင် နောက်ပြီး တက္ကသိုလ်ဘွဲ အသီးသီးရ သည့် အချိန်အထိ ကျောင်းသား ကျောင်းသူများဟာ အားချိန်မရှိ၊ နားချိန်မရှိ စာတွေနားလည်မှုထက် ပင်ပင်ပမ်းပမ်းစာတွေ ကျက်နေရဦးမှာဖြစ်သလို၊ ဆရာဆရာမများ ကလည်း အမှတ်ကောင်းလိုသူ များအတွက် မသမာမှု တွေဆက်လက် ကျုးလွန်နေကြဦးမှာမလွဲပါဘူး။

နောက်ဆုံး နိုင်ငံတော်ရဲ့ ရည်ရွယ်ချက်ဖြစ်သော နိုင်ငံသားတိုင်း အခြေခံပညာကို စရိတ်သက်သာစွာဖြင့် လူတိုင်းသင်ကြားနိုင်ရေး ရည်ရွယ်ချက်၏ ဆန့်ကျင်ဘက် ဖြစ်သော မိဘတိုင်းဟာ မိမိတို့သားသမီးများ အမှတ်ကောင်းရရှိရေးအတွက် စုဆောင်းရှာဖွေ ထားသောငွေကြေးများကို အတိုင်းအဆ မရှိမြင့်မားစွာ အကုန်အကျများနေရဦးမှာ သာဖြစ်ပါတယ်။ ဒီတော့ ကိုကြီးသောင်း အကြံပြုလိုတာကတော့ တက္ကသိုလ် ၀င်စာမေးပွဲစနစ်ကို ၏ သည်မရွေး အလွတ်ရေးနိုင်မှ အမှတ်ကောင်းရမည့်မေးခွန်းပုံစံထက် ဘာသာရပ် ဆိုင်ရာ နားလည် တတ်မြောက်မှုကိုအခြေခံသော မေးခွန်းပုံစံကို အမြန်ဆုံးပြောင်းလဲ ကျင်းပရမှာဖြစ်ပါ တယ်။ တစ်ကြိမ်နားလည်အောင်သင်ကြားပေးလိုက်ရင် ကျောင်းသား တယောက်အတွက် ဒီဘာသာရပ် ဒီသင်ခန်းစာကို ထပ်မံ သင်ကြားစရာမလိုဘဲ စွဲမြဲစေနိုင်သလို အလွတ်ကျက်ထားတဲ့ စာတွေကတော့ တစ်နှစ်ခံဘဲဖြစ်ပါတယ်။ စာမေးပွဲပြီးသွားတာနဲ့ အားလုံးမေ့လျော့သွားမှာ အမှန်ပါဘဲ။

ဒါကြောင့်လည်း အဆင့်မြင့်တက္ကသိုလ်ရောက်လာတဲ့ ကျောင်းသားကျောင်းသူတွေကို သင်ကြားရတဲ့ ဆရာ၊ ဆရာမ တွေက သင်ခန်းစာပို့ချတိုင်းညည်းငြူစွာပြောတတ်တာကတော့ အမှတ်ကောင်းလို့သာ ဒီကျောင်းရောက်လာတာ ဘာမှလည်းမေးလို့မရ သင်လို့လည်းအဆင် မပြေဘူးဆိုတဲ့ စကားတွေပါဘဲ။ ဘာသာရပ်ဆိုင်ရာနားလည်မှုရှိမှ ဖြေဆိုလို့ရနိုင်တဲ့ မေးခွန်းပုံစံတွေကိုလည်း အထူးအထွေ ရှာဖွေ မီငြမ်းနိုင်ရန်အတွက် ရှားပါးသောအရာလည်း မဟုတ်ပါဘူး။ ဒီနေ့ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက် နေသော နိုင်ငံများမှာ အသုံးပြုနေသော မေးခွန်းပုံစံတွေဟာ အလွယ်တကူရှာဖွေလို့ ရနိုင်တယ်ဆိုတာ ပါဘဲ။ နားလည်ရင်ဖြေဆိုနိုင်တယ် ဆိုတဲ့ အလေ့အကျင့်စွဲမြဲသွားရင် ကျုရှင်လည်းထပ်တက်နေရန်မလိုပါ။ အချိန်ကုန်ခံပြီး၏သည်မလွဲ စာကျက် နေရန်လည်းမလိုသလို စာကျက်အကူငှားရမ်းရန်အတွက် မိဘ များလည်း ထပ်မံငွေကြေး အကုန်ကျခံစရာမလိုပေ။ အမှတ်အဓိကမထားတော့သည့်အတွက်လည်း အတိုင်းပိုင်ဆရာ၊ ဆရာမနှင့် အတန်းအဆက်ဆက် ကျုရှင်ဆိုတာလည်းဖြစ်လာမှာမဟုတ်သလို။ ဆရာ ဆရာများ အမှတ်အတွက် သိကာအကျခံပြီးမသမာမှုများကျုးလွန်မှု လျော့နည်းကျဆင်းသွားမှာဖြစ်တယ်လို့ ကိုကြီးသောင်း ယုံကြည်ပါတယ်။ ဒါကြောင့် ဒီတက္ကသိုလ်သင်တန်းစာမေးပွဲစနစ်နှင့် မေးခွန်းပုံစံ ပြောင်းကိုပြောင်းမှဖြစ်မယ်ဆိုတာကို အသိပေးလိုပါတယ်။

(ခ) တက္ကသိုလ်ဝင်စာမေးပွဲအမှတ်ပေးစနစ်နှင့် တက္ကသိုလ်ဝင်ခွင့်ပုံစံပြောင်းလဲခြင်း

ကိုကြီးသောင်းတို့နိုင်ငံမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုပြီးလို့ အောင်စာရင်းထုတ်ပြန်တဲ့ အခါမှာ အောင်တယ်၊ ကျတယ် ဂုဏ်ထူးရရှိတယ်ဆိုတာနဲ့ဘဲ သတ်မှတ်ကြေညာလေ့ရှိပါတယ်။ အဲဒီနောက်ကျမှ တစ်ဘာသာချင်းစီကရရှိသောအမှတ်စာရင်းကို ထုတ်ပြန်ကြေညာပေးပါတယ်။ ဒါတွေရပြီးမှ မိမိရရှိသော အမှတ်စုစုပေါင်းဖြင့် မိမိရရှိနိုင်သော အမှတ်ကန့်သတ်ထားသော တက္ကသိုလ်များကို လျောက်ထား တက်ရောက်ရသောစနစ်ဖြစ်ပါတယ်။ နိုင်ငံတကာမှာတော့ အောင်စာရင်းထုတ်ပြန်ကြေညာတဲ့အခါမှ Grade နဲ့သတ်မှတ်ကြေညာပေးပါတယ်(ဥပမာ A*, A, B, C, D, E, F ) အစရှိသဖြင့်ပေါ့။ ဥပမာပေါ့ဗျာ A* ရသူများဟာ အမှတ် (၉၀-၁၀၀)အတွင်းဖြစ်သလို A ရသူများဟာလည်း (ရမှတ် ၈၀-၉၀) အတွင်းဖြစ် ပါတယ်။ ဒီ Grade တွေအတွင်းမှာ ရသူများဟာ တယောက်နဲ့တယောက် အရည်အချင်းသိပ်ပြီး မကွာခြား သလို၊ စာမေးပွဲအရှိန်ကြောင့်သာ ရမှတ်အနည်းများကွာခြားရခြင်းဖြစ်လို့ တူညီသော Grade အဖြစ် သတ်မှတ်ပေးခြင်းဘဲဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူ၊ မိဘ၊ ဆရာ ဆရာမများပါ နှစ်သက် ကျေနပ်သော မျှတသော၊ ရှင်းလင်းသော အောင်စာရင်းစနစ်ဖြစ်ပါတယ်။ ဒီအထဲမှာမှ Grade F ရသော ကျောင်းသားကိုတော့ အရည်အချင်း မပြည့်မီသတ်မှတ်ပြီး ပြန်လည်ဖြေဆိုစေခြင်း ဖြစ်ပါတယ်။ ဒါကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုပြီးတဲ့အခါမှာလည်း အအောင်/အရှုံး/ ဂုဏ်ထူးဖြင့် ကြေညာမည့်အစား Grade ဖြင့် သတ်မှတ်ကြေညာခြင်းဟာ အကောင်းဆုံး ဖြစ်ကြောင်းနှင့် တက္ကသိုလ် ၀င်ခွင့် စာမေးပွဲများဖြေဆိုစေရာမှာလည်း အလွန်လွယ်ကူသောစနစ် တခုဖြစ်ကြောင်းကို အောက်မှာ ဆက်လက်ဖော်ပြမည့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခြင်းမှာ ဆက်စပ်ဖော်ပြပါ့မယ်။ တက္ကသိုလ် ၀င်ခွင့်လျှောက်ထားတဲ့အခါမှာလည်း ရမှတ်အပေါ်မှာမူတည်ပြီး ကန့်သတ် တက်ရောက်စေသော စနစ်ကြောင့် မိမိတို့ဝါသနာပါရာ၊ နှစ်သက်ရာ တက္ကသိုလ်များကို တက်ရောက်သင်ကြားခွင့်မရဘဲ ရတဲ့တက္ကသိုလ်တွေတက်ခဲ့ရတာ၊ ရတဲ့ဘာသာရပ် သင်ကြား ခဲ့ရတာ၊ အမှတ်ကောင်းလို့ ကြိုက်ကြိုက် မကြိုက်ကြိုက်၊ ၀ါသနာပါပါ၊ မပါပါ ကြိတ်မှိတ်ပြီး အဆင့်မြင့်တက္ကသိုလ်တက်နေရတာတွေကြောင့်လည်း တိုင်းပြည်မှာ အများကြီးနစ်နာခဲ့ရပါတယ်။

စိတ်မပါလက်မပါ တက်ရောက်ခဲ့ရခြင်းနောက်ဆက်တွဲအကျိုးဆက်ကတော့ ကျောင်းသား၊ ကျောင်းသူ ရော၊ မိဘရော၊ နိုင်ငံတော်ရော ငွေ၊ အချိန်၊ လူ့စွမ်းအားအရင်းအမြစ်၊ လူ့အခွင့်အရေး အားလုံးနစ်နာ ခဲ့ရတာပါ။ တကယ်တန်းဖြစ်သင့်တာကတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းမှာ Grade ဖြင့်အောင်စာရင်းကြေညာပြီးနောက် တက္ကသိုလ်အသီးသီးက မိမိတို့ တက္ကသိုလ်ကတော့ အောက်ဖော် ပြပါ ဘာသာရပ်များတွင် အောက်ဖော်ပြပါ Grade ဖြင့် အောင်မြင်ခဲ့သူများကို ၀င်ခွင့်စောမေးပွဲဖြေဆိုပြီး တက်ရောက်ပညာသင်ကြားနိုင်သည် ဆိုပြီး ကြေညာချက်ထုတ်ပြန်လိုက်ယုံပါဘဲ။ ဥပမာပြောရရင် ဆေးတက္ကသိုလ်များအသီးသီးကို ၀င်ခွင့် ဖြေဆိုဖို့ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်မှာ ဆေးတက္ကသိုလ် များ၏ သင်ကြားရေးအထောက် အကူဖြစ်စေမည့် ဘာသာရပ်တွေဖြစ်သော ဇီဝဗေဒ၊ ဓာတုဗေဒ၊ အင်္ဂလိပ်စာ Grade တွေဟာမြင့်မားနေရမှာဖြစ်သလို၊ စက်မှုတက္ကသိုလ်တွင် တက်ရောက် ပညာသင် ကြားမည့် ကျောင်းသား၊ကျောင်းသူများ၏ ၀င်ခွင့်အတွက်ကြတော့ သချာင်္၊ ရူပဗေဒ၊ အင်္ဂလိပ်စာ Grade တွေကမြင့်မားပေးရမှာဖြစ်ပါတယ်။ ဒီလိုဘဲ စီးပွားရေးတက္ကသိုလ်ဝင်ခွင့်အတွက်ကြတော့ သင်္ချာ၊ စီးပွားရေး၊ အင်္ဂလိပ်စာ Grade တွေကမြင့်နေရမှာလည်းဖြစ်ပါတယ်။ ကိုယ့်တက္ကသိုလ်မှာ ဆက်လက် သင်ကြားဖို့မလိုအပ်သော၊ ဖြည့်စွက်ဘာသာရပ်ဖြစ်တဲ့ဘာသာရပ် Grade တွေကိုတော့ သင့်တင့်ရုံ သတ်မှတ်ပြီး တက္ကသိုလ်ဝင်ခွင့်ရသည်တိုင် အကြိမ်ကြိမ်ကြိုးစားဖြေဆိုခွင့်ပြုခြင်းဟာ အကောင်းဆုံး နည်းလမ်းတခုလို့ဘဲ ကိုကြီးသောင်းယုံကြည်ပါတယ်။ ကျောင်းသား၊ ကျောင်းသူများ ဟာလည်း မိမိတက်လိုသောတက္ကသိုလ်ဝင်ခွင့်ရသည်အထိ ကြိုးစားခွင့်ရခြင်း၊ သင်ယူခွင့် ရခြင်းဟာ တိုင်းပြည် ပညာရေး၊ ဘာသာရပ်ဆိုင်ရာတိုးတက်ဖွံ့ဖြိုးမှုမှာ အလွန်အရေးပါလှပါတယ်။ ဒီအထဲကမှ ထူးခြားမှု တခုကတော့ လေးငါးနှစ်လောက်ရှိပါပြီ စိုက်ပျိုးရေးတက္ကသိုလ်၊ သစ်တော တက္ကသိုလ်နဲ့ တိမွေးကု တက္ကသိုလ်တွေကတော့ ခြေလှမ်းအသစ်အဖြစ် ၄င်းတို့ဖွင့်လှစ်ထားသော တက္ကသိုလ်များတွင် တက်ရောက် ပညာသင်ကြားလိုသူတိုင်းအား တက္ကသိုလ်ဝင်စာမေးပွဲရမှတ်ကို သင့်တင့်သော အမှတ် သတ်မှတ်ကာ ၀င်ခွင့်စာမေးပွဲဖြေဆိုစေပြီး တက်ရောက်ပညာသင်ကြားခွင့် ပြုခြင်းပါ။ ဒီလိုလုပ်ဆောင် မှုကို ၀မ်းမြောက်ဝမ်းသာကြိုဆိုကြရမှာပါ။ ဒီတက္ကသိုလ်ကို တက်ရောက်ပြီး ပညာသင်ချင်သူတွေက သာလျှင်ဘဲ ၀င်ခွင့်ထပ်မံဖြေဆိုပြီး တက်ရောက်ကြမှာ ဖြစ်တဲ့အတွက် ကျောင်းသားဆနနှင့်ဝါသနာ၊ မိဘဆနတစ်ထပ်တည်းကျလို့ ကောင်းမွန်သော ရှေ့ရေးအဖြစ်ကြိုဆိုခြင်းပါ။ ယခုအချိန်အထိ တက္ကသိုလ် ၀င်များဝင်ခွင့်အတွက် တက္ကသိုလ် ၀င်တန်း ရမှတ်အပေါ်တွင်သာသတ်မှတ်ပြီး ခွဲခြားတက်ရောက် သင်ကြားနေသမျှ လူစွမ်းအား အရင်းအမြစ်များနှစ်စဉ် ဘယ်လောက် ဆုံးရှုံးခဲ့ရတယ်၊ နိုင်ငံတော်နှင့် မိဘများက ဘယ်လောက် ကုန်ကျခဲ့ရတယ်ဆိုတာ ပညာရေးနှင့်ဆက်စပ်နေသူများ ကျောင်းသား၊ ကျောင်းသူ ရှိသော မိဘများကိုယ်တိုင်အသိဆုံးပါ။ 
 
ဆရာဝန်ဘွဲ့ရပြီး အခြားအလုပ်ကို ဇောက်ချလုပ်နေ သူတွေ၊ အင်္ဂျင်နီယာဘွဲ့ရပြီးမှ ဘွဲ့နှင့်မသက်ဆိုင်သောနေရာများမှာ အလုပ်လုပ်နေရသူတွေ၊ စီးပွားရေး ပညာဖြင့်ဘွဲ့ရသူက တိုးဂိုက်လုပ်နေသူတွေ အစရှိသဖြင့် တနေ့တခြားတိုင်းပြည်အတွင်း ဒုနဲ့ဒေးဖြစ် လာရခြင်းဟာ ပညာရေး၏မှားယွင်းသောစနစ်တခုအောက်မှာ တိုင်းပြည်တွင်းဦးနှောက် ယိုစီးမှု တစ်ခု အဖြစ် မြင်တွေ့နိုင်ပါတယ်။ ဒါကြောင့် ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တစ်ခုအဖြစ် တည်ဆောက်ရန် ပညာရေးကို ပြုပြင်ပြောင်းလဲမှုလုပ်ဆောင်မည်ဆိုပါက နိုင်ငံသားတိုင်းဟာ မိမိနှစ် သက်ရာဘာသာရပ် ၊ မိမိတက်ရောက်လိုသော တက္ကသိုလ်များကို တက္ကသိုလ်ဝင် စာမေးပွဲတွင်ရရှိခဲ့သော သတ်မှတ်ထားသည့် Grade များဖြင့် ၀င်ခွင့်ဖြေဆို ခွင့်ပြုကာ တက်ရောက်ပညာသင်ကြားခွင့်ပြုခြင်းဟာ မဖြစ်မနေ အမြန်ဆုံးပြုပြင်ပြောင်းလဲရမည့် အရာတစ်ခုဖြစ်တယ်လို့ ကိုကြီးသောင်းယုံကြည်ပါတယ်။ ဒီလိုဖြစ်စေနိုင်အောင်လည်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းသတ်မှတ်ထုတ်ပြန်တဲ့အခါမှာ Grade ဖြင့် သတ်မှတ် ကြေညာထုတ်ပြန်ခြင်းကို မဖြစ်နေအမြန်ပြောင်းလဲကျင့်သုံးရန်လိုအပ်တယ်ဆိုတာ သိသာ ထင်ရှားစေပါတယ်။ ဒီအခါမှာဘာသာစုံဂုဏ်ထူးထွက်ရှိသော်လည်း မိမိနှစ်သက်ရာ တက္ကသိုလ်သို့ တက်ရောက်ခွင့်မရသော နစ်နာဆုံးရှုးမှုများလည်း ကင်းရှင်းသွားမှာဖြစ်ပါတယ်။ နောက်ပြီး ကိုကြီးသောင်းနှင့် အတူမိဘများ ကျောင်းသားကျောင်းသူများယုံကြည်တာကေတော့ မိမိနှစ်သက်ရာ၊ ၀ါသနာပါရာ ဘာသာရပ်ကို မရမချင်းဝင်ခွင့်ဖြေဆိုကာ သင်ယူခွင့်ရရှိခြင်းကြောင့် ပညာရေးအပေါ် ယုံကြည်ကိုးစားစိတ်များတိုးပွားလာပြီး မှန်ကန်သောပညာရှင်များနှင့် တည် ဆောက် သောတိုင်းပြည် အဖြစ် အချိန်တိုအတွင့်ဖွံ့ဖြိုးတိုးတက်လာမယ်ဆိုတာ ယုံကြည်ပါတယ်။

(ဂ) သက်မွေးဝမ်းကြောင်းသင်ကျောင်းများအမြန်ဖွင့်လှစ်ပေးခြင်း

ကိုကြီးသောင်းတို့ပတ်ဝန်းကျင်မှာရော မြန်မာပြည်တ၀ှမ်းမှာရော လူအများစုပြောလေ့ပြောထ၊ ကြားနေကျ စကားလေးတွေရှိပါတယ်။ အဲဒါကတော့ "သေစာရှင်စာဖတ်တတ်တော်ရောပေါ့ ဘာဖြစ်လို့ ပိုက်ဆံအကုန်ခံကျောင်းထားနေမှလဲ၊ ဘွဲ့ရပြီးတော့လည်း ရွာပြန်ပြီး ကောက်စိုက် ရတာပါဘဲတို့"။ "ဟာကွာဒီနိုင်ငံမှာ ဘွဲ့ရတယောက်ဘာတန်ဖိုးရှိလို့လည်း ဆေးကျောင်းက ဆရာဝန်ဖြစ်လာတဲ့ ကောင်တွေတောင် ယောင်ချာချာနဲ့ဘာလုပ်ရမှန်းမသိဘူးတို့"၊ "ဘာဘွဲ့ရရ မထူးပါဘူးကွာ ဘွဲ့ရပြီးရင် မိဘလက်ငုတ်ပြန်လုပ်ရမှာပါဘဲတို့"၊ "ဘွဲ့ရပြီးအခွန်လွတ်ဈေးမှာ ဈေးရောင်းနေသူတွေတပုံကြီးတို့" "ကျုပ်ကဘွဲ့ရပြီးဘာလုပ်ရမှန်းမသိလို့ ဆိုင်ကယ် ကယ်ရီ ဆွဲနေတာ အခုဘွဲ့ရ၀န်ထမ်းတွေထက် နေ့တွက် ကိုက်တယ်တို့" ဆိုသောစကားတွေဟာ မကြားချင်မှအဆုံးပါ။ လက်ရှိကြုံတွေ့နေရသော ခေတ်နဲ့စနစ် အရ သူတို့ပြောတာတွေလည်း မှန်သလို ဒီလိုပြောစကားတွေကြောင့်လည်း မြန်မာ့ပညာရေးဟာ နိုင်ငံတွင်းနေ နိုင်ငံသူ နိုင်ငံသားများ ယုံကြည်မှုကင်းမဲ့လာပြီး နစ်သထက်နစ်လာရတာပါ။ 
 
 
လူအများစုဟာ ပညာရေးသည် မိမိတို့ ထွက်ရာပေါက်လမ်း၊ တိုးတက်ရာ တိုးတက်ကြောင်းလမ်း၊ မိမိဘ၀မြင့်တင် ပေးမည့် လမ်းလို့ အမြင်မရှိတော့ခြင်းဟာ တိုင်းပြည်ကျဆုံးခြင်း လို့ဘဲဆိုရပါမယ်။ ပြောလည်းပြောစရာ ပါဘဲ ကိုကြီးသောင်းတို့နိုင်ငံမှာ သက်ဆိုင်ရာပညာရေးအဖွဲ့မှ အောင်မြင်ပေါက်မြောက်ပြီးဟု ကြေညာခြင်း ခံထားရပြီး ဘွဲ့နှင်းခံထားရသူများမှာ ယနေ့ပြင်ပလောကတွင် မည်သည့်နေရာ မည်သည့် အလုပ်အကိုင်ကိုမျှ အဆင်ပြေပြေမရှိလှပေ။ လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများကလည်း ဘွဲ့ရပညာတတ် ဆိုသူများအပေါ်အယုံအကြည်မရှိ။ မရှိလောက်အောင်လည်း ဘွဲ့ရပညာတတ် များမှာ ကျောင်းမှ မည်သည့် ပညာမှပါမလာခဲ့ကြ။ လက်တွေ့လုပ်ဆောင်မှုသာမကဘဲ သီအိုရီလည်းမနိုင်နင်း။ ကျောင်းများ မှသင်ပေးလိုက်သည်ကလည်း ခေတ်နှင့်မလျော်ညီ၊ အင်ြမှာလည်း လုပ်ကိုင်စားလို့မရ။ ကျောင်းများ မှလည်း တတ်မြောက်အောင်သင်မပေးနိုင်ကြ၊ ကျောင်းသားကျောင်းသူ များကလည်း ရှေ့သွား ကျောင်းသားကြည့်ပြီး စာလုပ်လည်းမထူးပါဘူးကွာ ဆိုတာတွေး။ ဒီတော့ ရောက်လာသော ဘွဲ့ရ ၀န်ထမ်းများကို အလုပ်ရှင်များ၊ ကုမ္ပဏီများက လစာပေးပြီး ၄င်းတို့၏ပညာအရင်းအမြစ်၊ လူ့စွမ်းအား အရင်းအမြစ်သုံးစွဲရမည့်အစား ၄င်းတို့ကို လုပ်ငန်းခွင်ရောက်မှ လုပ်ငန်းခွင် ပညာပြန်သင်ပေး နေရသည်က လပေါင်းမြောက်များစွာဖြစ်ပြီး၊ အဆင်ပြေတာလည်းရှိသလို၊ အဆင်မပြေတာတွေလည်း အများကြီးပါ။ နည်းနည်းလေးလည်း ကျွမ်းကျင်တတ်မြောက်လောသောအခါ လစာပိုမိုပေးသော အခြားသောအလုပ် အခြားသော ကုမ္ပဏီသို့ပြောင်းရွေ့သွားတာတွေလည်းကြုံတွေ့နေရပါတယ်။
 
 
 နောက်ဆုံးတော့ အလုပ်ရှင်များ ကုမ္ပဏီများက ဘွဲ့ရဆိုသာသူများထက်၊ လက်မှတ်အသီးသီးရှိသူထက် လုပ်ငန်းကျွမ်းကျင်ပြီးသား တတ်မြောက်ပြီးသားသူကို အခြားသူများ၏လုပ်ငန်း၊ ကုမ္ပဏီမှ လစာ ကောင်းကောင်း၊ အခွင့်အရေးကောင်းကောင်းပေးပြီး ခေါ်ယူသုံးစွဲခြင်းကြောင့် ကျွမ်းကျင် အလုပ်သမား များ ရှားပါး လာပါတယ်။ ကျွမ်းကျင်ဝန်ထမ်းလိုအပ်ချက်မြင့်တက်နေသော်လည်း ဘွဲ့ရ၊ လက်မှတ်ရ ကျောင်းပြီးပြီးသားတွေကိုတော့ တနေ့ထက်တနေ့ ၀န်ထမ်းခန့်ဖို့တွန့်ဆုတ်လာတဲ့ အတွက် ကြောင့်လည်း ယနေ့မြန်မာနိုင်ငံအတွင်းရင်ဆိုင်နေရတဲ့ပြသနာကတော့ ဘွဲ့ရ၊ လက်မှတ်ရ အလုပ်လက်မဲ့ များတနေ့ တခြား များပြားလာခြင်းပင်ဖြစ်သည်။ ဒီနောက်မှာတော့ ဘွဲရကောက်စိုက်၊ ဘွဲ့ရဆိုင်ကယ်ကယ်ရီဆွဲ၊ ဘွဲ့ရမိဘလက်ငုတ်ပြန်လုပ်တွေဖြစ်ကုန်ကြပြီး နိုင်ငံတွင်းနေ ပြည်သူ အများစုကလည်း ပညာရေးအပေါ် အထင်အမြင်လွဲမှား ကုန်တာဖြစ်ပါတယ်။ နိုင်ငံတကာမှာကတော့ အထက်တန်းပညာ သင်ကြား တတ်မြောက် ပြီးစီးသည်နှင့်တပြိုင်နက် သက်မွေးဝမ်းကြောင်းပညာ ကျောင်းများကိုတက်ရောက်ပြီး လုပ်ငန်းခွင်တိုက်ရိုက်ဝင်ရောက်ခါ ၀င်ငွေလစာရရှိပြီးဘ၀ကို တည်ဆောက်နိုင်သလို၊ မိမိနှစ်သက်ရာ တက္ကသိုလ်အသီးသီးသို့လည်း ၀င်ခွင့်စာမေးပွဲများဖြေဆိုပြီး ဆက်လက်တက်ရောက် သင်ကြားနိုင် ပါတယ်။
 
 ဒါအပြင် အသက်မွေးဝမ်းကြောင်းသင်ကျောင်းများနဲ့ တက္ကသိုလ်များကိုလည်း ဆက်လက် ပညာ သင်ကြားနိုင်ရန် ပေါင်းကူးများဖြင့်ချိတ်ဆက်ထားလို့ ပညာသင်ယူခွင့် အခွင့်အလန်းများဟာ ပွင့်လန်းနေ ပါတယ်။ ဒီနေရာမှာ သက်မွေး ၀မ်းကြောင်း ပညာသင်ကျောင်းများနှင့် တက္ကသိုလ်မှ ပညာသင်ကြားပုံချင်း ကွာခြားတာကို သတိပြု သိစေ လိုပါတယ်။ သက်မွေးဝမ်းကြောင်း ပညာသင်ကျောင်းများကတော့ နိုင်ငံတကာမှာ (Polytechanic) လို့သုံးစွဲပြီ ဒေသတွင်းနိုင်ငံများမှာတော့ စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှားတို့မှာ တော်တော်လေး အရှိန်ရပြီးတိုင်းပြည်အတွက် ကျွမ်းကျင်ဝန်ထမ်းပေါင်း မြောက်များစွာ မွေးထုတ်ပြီး လုပ်ငန်းခွင်မှာ အံဝင်ခွင်ကျအသုံးပြုနိုင်နေပါပြီ။ အနောက်နိုင်ငံတွေမှာကြတော့ institute တွေအထိပါပါတယ်။ ဒီကျောင်းတွေမှာက သီအိုရီထက် လုပ်ငန်းခွင်အတွင်းမှာ တွေ့ကြုံရမည့် အလုပ် အကိုင်၊ ရင်ဆိုင်ရမည့်အခက်အခဲ၊ ဖြေရှင်းရမည့်ပြသနာများကို စာတွေ့ထက် လက်တွေ့ ပိုင်းကို ပိုမိုဦးစားပေးပြီး လုပ်ငန်းများနှင့်ဆက်စပ်ပြီး စနစ်တကျ သင်ကြားပို့ချပေးခြင်းဘဲ ဖြစ်ပါတယ်။
 
 
 သုတေ သနလည်းလုပ်စရာမလိုသလို၊ ဒစ်ပလိုမာလက်မှတ်ရဖို့ ကျမ်းတင်စရာလည်း မလိုပါဘူး။ မိမိလုပ်ရမည့် လုပ်ငန်းကိုသာ ကျွမ်းကျင်အောင်သင်ကြားရမှာဖြစ်ပါတယ်။ ဒီကျောင်းတွေကဆင်းလာလို့ ကျွမ်းကျင် ဒီပလိုမာလက်မှတ်ရလာခဲ့ရင် သက်ဆိုင်ရာ လုပ်ငန်းရှင်များ ကုမ္ပဏီများက အဆင့်သင့်လူ့စွမ်းအား အရင်းအမြစ်ကိုသုံးစွဲနိုင်မှာဖြစ်တဲ့အတွက် လုပ်ငန်းမှာလည်း အဆင်ပြေ၊ ကျောင်းသားအတွက်လည်း လုပ်ငန်းခွင်မှာ လျောလျောလျူလျူ ရှိလာပါတယ်။ အနောက်နိုင်ငံများမှာဆိုရင် လုပ်ငန်းရှင်များ၊ ကုမ္ပဏီ များကလည်း ဒီလိုကျောင်းတွေနဲ့ချိတ်ဆက်ထားပြီး တက်ရောက်နေတဲ ကျောင်းသားတွေ ထံကို သွားရောက်ပြီး မိမိတို့ အလုပ်က မိမိတို့ကုမ္ပဏီက ဘာတွေလုပ်ကြောင်း၊ ရည်ရွယ်ချက် ဘယ်လို ရှိကြောင်း၊ ၀န်ထမ်းတယောက်အတွက် ခံစားခွင့်ကဘာတွေဘယ်လိုရှိကြောင်း၊ ၀န်ထမ်းတယောက် အတွက် ဘယ်လိုအာမခံချက်မျိုးပေးကြောင်း၊ ဘယ်လိုတက်လမ်းရှိကြောင်းတွေရှင်းပြပြီး လုပ်ချင်ကိုင် ချင်စိတ်ရှိသူတွေကို ၀န်ထမ်းစည်းမျဉ်းနဲ့အညီ အလုပ်လုပ်ဖို့လက်မှတ်ရေးထိုးနိုင်ကြောင်းပြောပြပြီး ကျွမ်းကျင်ဝန်ထမ်းများကိုခေါ်ဆောင်ပါတယ်။ အချို့အလုပ်ရှင်နဲ့ ကုမ္ပဏီများဟာဆိုရင် ၀န်ထမ်း လုပ်မည့် သူနှင့် နှစ်ဦးသဘောတူလက်မှတ်ရေးထိုးပြီးရင် ကျောင်းတက်နေဆဲကလမှာတောင် ထောက်ပံ့ငွေချီးမြင့် တာ ကိုလည်းတွေ့ရပါတယ်။ ဒီအတွက်ကြောင့် အထက်တန်းပညာ ပြီးဆုံးအောင်သင်ကြားပြီးစီးရင် ဘ၀ရပ်တည်မှုအတွက်လုံလောက်တယ် ဆိုတဲ့ခံယူချက်များ ရှိလာကာပညာကို ကြိုးစားသင်ယူကြခြင်း ဘဲဖြစ်ပါတယ်။

နောက်ပြီးအသက်မွေးဝမ်းကြောင်းပညာရပ်များနဲ့ တက္ကသိုလ်ကွာခြားချက်ကတော့ တက္ကသိုလ် ဆိုတာက သင်ကြားထားတာလေးကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ရေးထက်၊ လုပ်ငန်းခွင်မှာ အသုံပြုနိုင်ရေးထက် ကိုယ်သင်ကြားရတဲ့ဘာသာရပ်အပေါ်မှာ ဒီထက်ဘယ်လိုပိုမိုတိုးတက်အောင်၊ ကောင်းမွန်အောင်ဆိုသော အတွေးအခေါ်များ၊ အသစ်တွေ့ရှိချက်များ၊ အသစ်လုပ်ဆောင် ချက်များကို သုတေသနပြု၊ ဘွဲ့ယူကျမ်း တင်ပြပြီးမှ ဘွဲ့တစ်ခုကိုရရှိပါတယ်။ အနောက်နိုင်ငံ တွေမှာတော့ ပထမဘွဲ့ကိုတောင်မှ ဘွဲ့ယူ သုတေသန ကျမ်းတင်ပြ အကဲဖြတ်အောင်မြင်ပြီးမှ ဘွဲ့ပေးပါတယ်။ ဒီအတွက်ကြောင့် စီးပွားရေး ပညာဘွဲ့၊ ဥပဒေပညာဘွဲ့၊ ဆေးပညာရပ်ဆိုင်ရာဘွဲ့ အစရှိသည်တို့က ဘွဲ့ရပြီးအလုပ်လုပ်နိုင်တာ ကလွဲရင် ကျန်သောဘာသာရပ်တော်တော် များများဟာလည်း အနောက်နိုင်ငံများမှာ ဘွဲ့ရပြီးရင် အလုပ်ရှား ပါတယ်။ 
 
 
ကျန်သော ဘာသာရပ်များနဲ့ တက္ကသိုလ်တက်ရောက် သူအများစုက တက္ကသိုလ် အသီးသီးမှာ ဆက်လက်ပြီး ဆရာ၊ ဆရာမ၊ သုတေသနပညာရပ်များနဲ့ အသက်မွေးဝမ်းကြောင်း ပြုမည့်သူများသာ များကြပါတယ်။ မဟာဘွဲ့လောက်ရရှိပြီးရင် လစာလည်းပိုမိုများပြားလာသလို၊ ထိုက်တန်သော အလုပ်ကလည်းပိုပြီးရှားလာပါတယ်။ ကိုကြီးသောင်း ဂျာမနီနိုင်ငံမှာ ပါရဂူဘွဲ့အတွက် သုတေသန လုပ်တော့ သုတေသနကျွမ်းကျင်ဝန်ထမ်း ဂျာမန်မိတ်ဆွေတစ်ယောက်ကမေးပါတယ်။ မင်းတို့ ဘာကြောင့် ဒီဘွဲ့အထိအချိန်ကုန်ခံတက်နေကြတာလဲဆိုတဲ့မေးခွန်းပါ၊ ဒီဘွဲ့ရပြီးရင် ထိုက်တန်သော အလုပ်ရှားတယ်ဆိုတာမသိဘူးလားလို့ပြောတော့၊ ကိုကြီးသောင်းက ပြန်ပြော ပြရတယ်၊ ကိုယ်တို့နိုင်ငံကတော့ ဒီဘွဲ့ရမှအလုပ်ရတယ်၊ ရာထူးတိုးတယ် ဒီအတွက် ဒီဘွဲ့ရအောင်ယူရတယ်၊ ဒီနိုင်ငံမှာလည်းကိုယ်တို့နေမှာမဟုတ်ဘူးလို့ပြောပြတော့၊ မိတ်ဆွေက ပြုံးနေတာတွေ့တော့ အနေခက်မိ တယ်။ ကိုကြီးသောင်းပညာသင်စဉ်ကာလတုန်းက ဘာလင်မြို့ မှာဆနပြပွဲတစ်ခုကို တီဗီသတင်းတခုမှာ ကြည့်လိုက်ရတယ်။ တက္ကသိုလ်ကျောင်းသား ကျောင်းသူ တွေကဦးဆောင်လုပ်တာပါ။ 
 
လက်ရှိအစိုးရရဲ့ ပေါ်လစီက ဘွဲ့ရများကို အလုပ်လက်မဲ့တိုးပွား လာစေသည့်အတွက် မကျေနပ်လို့ ဆနပြကြခြင်းပါ။ ဘယ်လောက်တောင်ကြမ်းသလဲဆိုရင် ကျောင်းသား၊ ကျောင်းသူအားလုံး အ၀တ်ဗလာနဲ့ လမ်းပေါ်မှာ ထွက်လမ်းလျောက်ဆနပြကြတာပါ ကျောင်းသူတွေရဲ့ ရင်သားပေါ်မှာ လည်း For sale ဆိုတဲ့ စကားလုံး ကိုရေးထားတာတွေ့ရပါတယ်။ အစိုးရက ဘွဲ့ရတွေကို အလုပ်မဖန်တီးပေးနိုင်လို့ ကိုယ်ခနာရောင်းစား ရတော့မယ် ဆိုတဲ့သဘောပါ။ တက္ကသိုလ်ဘွဲ့ဆိုတာရဲ့သဘောက တွေးမယ်ခေါ်မယ်၊ တီထွင်မယ်၊ ဖန်တီးမယ်၊ သုံးသပ်မယ်၊ ဘယ်လိုလုပ်သင့်တယ် ဆိုတာကိုသင်ကြားပေးတာပါ။ လုပ်ငန်းခွင်အလုပ်တွေ ကျွမ်းကျင်အောင်သင်ပေးတာမဟုတ်ဘူးဆိုတာ နားလည်ရပါ့မယ်။ 
 
 
ကိုကြီးသောင်းဆိုလိုချင် တာတွေက တိုင်းပြည်ရဲ့ လုပ်ငန်းနယ်ပယ်အသီးသီးမှာ ကျွမ်းကျင်လုပ်သားတွေရှားပါးတယ်။ ဒီတော့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးတယ်။ ဘွဲ့ရပေါတယ်၊ လုပ်ငန်းကျွမ်းကျင်မှုမရှိဘူး၊ ဒီတော့ လုပ်ငန်းရှင်နဲ့ ကုမ္ပဏီကမသုံးဘူး။ နောက်ဆုံးဘွဲရအလုပ်လက်မဲ့ပေါများတယ်ဆိုတဲ့ ကိန်းဆိုက်ရောက်လာပြီးတော့ နိုင်ငံအတွင်းနေ မိဘများနှင့် ကျောင်းသားကျောင်းသူများ ပညာရေးကို အထင်သေးအမြင်သေးနဲ့ သင်ယူ လိုစိတ်ကင်းမဲ့လာခြင်းဟာ တိုင်းပြည်နိမ့်ကျလာခြင်း ပါဘဲ။ ကိုကြီးသောင်း အကြံပြုတင်ပြအမြန်ဆုံး အကောင်အထည် ဖော်စေချင်တာကတော့ တက္ကသိုလ်ဝင်တန်း Grade အသီးသီးနဲ့ အောင်မြင်လာကြ သူတွေအတွက် အလုပ်လက်မဲ့ မဖြစ်ရလေအောင်၊ လုပ်ငန်းများ၊ ကုမ္ပဏီများ လည်ပတ်မှု သွက်လက် ဖွံ့ဖြိုးလာစေအောင် အသက်မွေးဝမ်းကြောင်းပညာသင်ကြားပေးသော ကျောင်းများ institute များ အမြန်ဆုံး ဖွင့်လှစ်ပေးရပါမယ်။ မြန်မာပြည်မှာလွန်ခဲ့သောနှစ်များစွာဆီက အသက်မွေးဝမ်းကြောင်း ပညာသင်ကျောင်းတွေ အောင်မြင်စွာဖွင့်လှစ်ပြီး ကျွမ်းကျင်ဝန်ထမ်းတွေမွေးထုတ်ကာ လုပ်ငန်းများ အဆင်ပြေချောမွေ့စွာနဲ့ အောင်အောင်မြင်လုပ်ဆောင်ခဲ့တာ မဝေးသောအတိတ်ဆီမှာ ရှိခဲ့ဘူးပါတယ်။ 
 
 
စက်မှုသိပ္ပံ၊ စိုက်ပျိုးရေးသိပ္ပံ၊ ဆရာအတတ်သင်သိပ္ပံ၊ မွေးမြူရေးဆိုင်ရာသိပ္ပံ၊ ပြည်သူ့ကျန်းမာရေးသိပ္ပံ၊ ဓာတ်ခွဲခန်းကျွမ်းကျင်မှုသိပ္ပံ၊ သူနာပြုသိပ္ပံ၊ သားဖွားမီးယပ်ကျောင်း၊ ယွန်းသိပ္ပံ၊ ကွန်ပြူတာသိပ္ပံ၊ ဘဏ်လုပ်ငန်းဆိုင်ရာကျောင်း၊ ကူးသန်းရောင်းဝယ်ရေးကျောင်း၊ ယကန်းကျောင်း၊ အစားအသောက်နှင့် နည်းပညာကျောင်း၊ ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ နည်းပညာကျောင်း၊ အစရှိသော သက်မွေးဝမ်း ကြောင်း ပညာသင်ကျောင်းများ အမြန်ဆုံး ဖွင့်လှစ်ပေးခြင်းဖြင့် လက်တွေ့နယ်ပယ်တွင် အသုံးချနိုင် မည်ဖြစ်ကာ မြန်မာ့ပညာရေးကို နိုင်ငံသားတိုင်းယုံကြည်ကိုးစား သင်ကြားလာချင်အောင် ပြုပြင်ပြောင်း လဲရမှာဖြစ်ပါတယ်။


နောက်ဆုံးအနေနှင့် ကိုကြီးသောင်းအကြံပြုတင်ပြလိုတာကတော့ မြန်မာပညာရေးပြုပြင် ပြောင်းလဲရန် အခြေအနေအချိန် အခါပေးနေတဲ့ အချိန်မှာ ပညာရေးမှ တာဝန်ရှိသူများအနေဖြင့် အထက်မှာ တင်ပြ ထားသည်များကို အမြန်ဆုံးပြုပြင်ပြောင်းလဲဖို့ နှိုးဆော်တိုက်တွန်း ပါတယ်။ ဒီလိုမှမဟုတ်ဘဲ မရေ ရာသော၊ ဆုံးဖြတ်ချက်ပီပီပြင်ပြင်မချနိုင်သောအစည်းအဝေးများ၊ အလုပ် မလုပ်နိုင်သောကော်မတီများ၊ အချိန်ဖြုန်း၊ ငွေဖြုန်းနေသော အလုပ်ရုံဆွေးနွေးပွဲများ၊ ရှေးရိုးစွဲပညာရေးအကြံပေးများနှင့်သာ မြန်မာ့ ပညာရေး ပြုပြင်ပြောင်းလဲမှုကို ရဲရဲဝံ့ဝံ့ မဆောင်ရွက် နိုင်ပါက နိုင်ငံတွင်းရှိပြည်သူများ မြန်မာ့ပညာရေး အပေါ် တနေ့တခြားယုံကြည်မှု ကင်းမဲ့ လာခြင်းကို ဦးတည်စေမှာ ဖြစ်ပါတယ်။ ဒီရဲ့နောက်ဆက်တွဲ ဆိုးကျိုးကတော့ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ကာကွယ်ရေး အစရှိသည်တို့ပါ တဆက်တည်း ချွတ်ခြုံကျလာပြီး နိုင်ငံတကာ အလယ်မှာမဆိုထားနှင့် အာဆီယံအဆင့်မှာတောင် ခေါင်းမြီးခြုံထဲက မထွက်ရဲသော ဘ၀ ရောက်နိုင်ကြောင်း သတိပြုစေလိုပါတယ်။


ကိုကြီးသောင်း
၂၆-၇-၂၀၁၄ မောက္ခပညာရေးမဂ္ဂဇင်း


ခုတစ်မျိုး တော်ကြာတစ်မျိုး ပညာရေး ရလဒ်ဆိုး

အစိုးရ ကျောင်းတွေမှာ ယိုးဒယား မြန်မာ ဆက်ဆံရေး သမိုင်းကို မသင်တော့ဘူး ဆိုတဲ့ သတင်းကို ဖတ်ရ ပြန်တယ်။ စစ်အစိုးရတွေ အုပ်ချုပ် ကတည်းက ပညာရေး မှာလည်း လိုတစ်မျိုး၊ မလိုတစ်မျိုး ဝါဒကို လိုက်ပြီး အကောင် အထည် ဖော်ပေးခဲ့ ရတာကို ပြန်ပြီး သတိရလိုက် တာကြောင့် အသည်း နာမိတယ်။


မြန်မာ စစ်အစိုးရဟာ ထိုင်းနဲ့ ပလဲနံ ပသင့်ပြီး ပလူး ချင်ရင် ‘ထိုင်း’ ဆိုတဲ့ စကားကို တွင်တွင် သုံးတယ်။ ထိုင်းနဲ့ မတည့်တော့ဘူး၊ တစ်ခုခု ပြဿနာပေါ်လာရင် ‘ယိုးဒယား’ ဆိုပြီး ပြောင်းသုံး ကြတယ်။ ဒါကို စာနယ်ဇင်း လောက မှာပါ တစ်ခေတ်က ထင်ဟပ်စေ ခဲ့တယ်။ စာပေစိစစ်ရေး ထားတဲ့ ခေတ်တုန်းက ထိုင်းလို့ရေးရင်၊ ယိုးဒယားလို့ ပြင်ခိုင်းတာမျိုးတွေ ရှိခဲ့တယ်။


စစ်အစိုးရခေတ်မှာ ပညာရှင်တွေလည်း အသုံးချခံကြရတာပဲ။ ကျွန်တော်လေးစားခဲ့ရတဲ့ ပညာရေးဌာနက ဒေါက်တာမကြီး တစ်ယောက်ဟာဆိုရင် ယိုးဒယား မကောင်းကြောင်း လက်စောင်းထက်ထက်နဲ့ အစိုးရမီဒီယာတွေမှာ ခပ်သွက်သွက်ရေးခဲ့တာပေါ့။ သမိုင်းကလည်း နှံ့စပ်တော့ ငယ်ကျိုးငယ်နာတွေ ပြန်ဖော်ပြီးတော့ ဆော်သလိုလို အရေးအသားတွေကြောင့် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်ကြီးများက မြှောက်စားခဲ့တဲ့အထိ ဖြစ်ခဲ့ရတယ်။ နောက်ပိုင်း ထိုင်းနဲ့ မြန်မာ ပြန်ပြီးတည့်သွားချိန်မှာ ဒေါက်တာ မကြီးရဲ့ နိုင်ငံပိုင်သတင်းစာတွေပေါ်ကနေ ဆော်ပလော်တီးနေတာတွေကို ထိုင်းကဝေဖန်၊ မြန်မာအစိုးရ ကလည်း တော်ပါတော့ဆိုပြီး ရပ်ခိုင်းရတဲ့အထိ ဖြစ်ခဲ့ဖူးတယ်။ ရလဒ်က ဘာလဲဆိုတော့ စစ်အစိုးရက ပညာရှင်ကိုမြှောက်ပေး၊ ပညာရှင်ကလည်း တက်အောင်ကပြ၊ နောက်ဆုံးပညာရှင်ပဲ ပေါတောတော ဖြစ်ကျန်၊ စစ်အစိုးရကတော့ ဘာမှမဖြစ်သလို ထိုင်းနဲ့ပြန်ပြီး လည်ပင်းဖက်၊ ရေးတဲ့ပညာရှင်ပဲ အပြစ်ဖြစ် ခဲ့ရတယ်။


ကျွန်တော် ဘီအီးဒီတက်တော့ အဲဒီဒေါက်တာမကြီးနဲ့ ကြုံခဲ့ရပါတယ်။ စာသင်အလွန်ကောင်းတယ်။ ပြောဆိုဆွေးနွေးချက်တွေကလည်း အရမ်းခေတ်မီတယ်။ ကျွန်တော်တို့ကို အနှစ်လေးဆယ် စစ်ပွဲ အကြောင်း လက်ချာပေးသွားတာ အရမ်းစိတ်ဝင်စားလွန်းလို့ တစ်ချက်တောင် မငိုက်မိဘူး။ ဒီလိုနဲ့ စာမေးပွဲ စစ်တော့မယ်လုပ်တော့ ဆရာမကြီးက မေးခွန်းကို ကြိုပြောတယ်။ ရှင်တို့ကို အနှစ်လေးဆယ် စစ်ပွဲအကြောင်း စာမေးပွဲမှာ မေးမှာတဲ့။ မထူးဆန်းဘူးလား။ စာမေးပွဲမှာမေးမယ့် မေးခွန်းကို ဘယ် ဆရာက ကြိုတင်ကြေညာဖူးလို့လဲ။ ကျွန်တော်ကတော့ ဆရာမကြီးတစ်ခုခု လုပ်တော့မယ်ဆိုတာ ကြိုသိနေတယ်။


အနှစ်လေးဆယ်စစ်ပွဲကို စာမေးပွဲမှာ မေးမယ်ဆိုတော့ ဆရာတွေ အကောင်းဆုံး လိုက်ဖတ်ပြီး ပြင်ဆင် ကြတယ်။ ကျွန်တော်ကတော့ ဆရာမကြီး လက်ချာကိုပဲ ပြန်သုံးသပ်ပြီးတော့ သမိုင်းကို ကျောရိုးလောက် သိအောင် ဖတ်ထားလိုက်တယ်။ စာမေးပွဲစစ်ပါပြီ။ ဆရာမကြီးက တစ်ပုဒ်ပဲမေးတယ်။ “မွန်-မြန်မာ အနှစ်လေးဆယ်စစ်ပွဲသည် ပဒေသရာဇ်ချင်း အာဏာလုသည့် စစ်ပွဲလော၊ ပြည်သူများဆန္ဒအရ ဖြစ်ခဲ့ ရသည့် စစ်ပွဲလော ကြောင်းကျိုးပြဖြေဆိုပါ” ဆိုတဲ့မေးခွန်းကို ဆရာတွေ တွေ့လိုက်တော့ အားလုံးငိုင် ကုန်ကြတယ်။ သူတို့က အနှစ်လေးဆယ် စစ်ပွဲရဲ့ Figure တွေကို အလွတ်ကျက်ထားတာကိုး။ လိုချင် တာက Figure တွေမှ မဟုတ်တာ။ Reason တွေဆိုတော့ ပြဿနာတက်ပြီး ငိုင်ကုန်တယ်။ စာစစ်ဆရာတွေ ကလည်း သမိုင်းကြောင်းကိုဖြေရင် အမှတ်မပေးဘူးလို့ ကြေညာလိုက်တော့ ပိုဆိုးကုန်တာပေါ့။ အဲဒီစာမေးပွဲမှာပဲ ကျွန်တော် လေးမှတ်ရအောင်ဖြေနိုင်ခဲ့လို့ အရမ်းအားရခဲ့တယ်။ ဘီအီးဒီတက်တုန်းက အဲဒီတစ်ကြိမ်ပဲ အမှတ်အများဆုံး ရခဲ့ဖူးတယ်။


အဲဒီအနှစ်လေးဆယ်စစ်ပွဲလိုပဲ ပဒေသရာဇ်အချင်းချင်း၊ အာဏာရှင် အချင်းချင်း ဖြစ်ကြတဲ့ မတည့်မှုတွေ၊ ငြူစူစောင်းမြောင်းမှုတွေဟာ ပြည်သူတွေ ကြားကနေ မြေစာပင် ဖြစ်ကြရတယ်။ ပညာရှင်တွေ ကြားထဲ ကနေ အသုံးချခံတွေ ဖြစ်ခဲ့ရတယ်။ ကျောင်းတွေမှာ ယိုးဒယား-မြန်မာ ဆက်ဆံရေးဆိုပြီး သီးခြား သမိုင်း စာအုပ်တွေ ရေးခိုင်းကာ၊ အလယ်တန်းနဲ့ အထက်တန်းတွေမှာ အတင်းအဓမ္မ သင်ခိုင်းတယ်။ ဒါဟာ သမိုင်းကြောင်းကို သိစေလိုတဲ့ဆန္ဒနဲ့ ရိုးသားစွာ သင်ခိုင်းခြင်း ဟုတ်၊ မဟုတ် သမိုင်းစာအုပ်တွေကို ပြန်ဖတ်ရင် သိနိုင်ပါလိမ့်မယ်။ ညံ့ဖျင်းတဲ့ စာရွက်သားတွေနဲ့ ပေါပေါပဲပဲ ထုတ်လိုက်တဲ့ သမိုင်းစာအုပ် တွေဟာ စာအုပ်ပုံနှိပ်ရတဲ့ လုပ်ငန်းရှင် အမည်ခံ စစ်ထွက်အရာရှိကြီး ဘယ်နှယောက်ကို အလုပ်အကျွေး ပြုပြီး ချမ်းသာသွားစေသလဲ ဆိုတာလည်း အတွင်းသိတွေ သိပြီးသား ဖြစ်မယ်ထင်ပါတယ်။


ပညာရှင်ဆိုတဲ့သူတွေကတော့ စစ်အစိုးရအကြိုက် ယိုးဒယားကို ပုတ်ခတ်၊ အစတွေဆွဲထုတ်ပြီး ဘုတ် အုတ်ကို ရေးလိုက်ရတာ။ နောက်ဆုံး ချောင်ထိုးတာ ခံလိုက်ရတဲ့အပြင်၊ ပြည်သူ့အမုန်း ပါခံလိုက်ရတာနဲ့ပဲ နိဂုံးချုပ်ခဲ့ရတယ်ဆိုတာ သတိထားစရာ ကောင်းပါတယ်။ ဒီလိုပါပဲ အာဏာရှိသူ၊ ပိုက်ဆံရှိသူတွေဟာ ပညာရှင်တွေကိုမွေး၊ ကောင်းကောင်းပေး၊ ကောင်းကောင်းကျွေးပြီး မင်းတိုင်ပင်ယောင်ယောင်၊ အဆောင် အယောင်တွေနဲ့ တန်ဆာခံလုပ်ထားတာ၊ စစ်အစိုးရတွေ တက်လာတဲ့ နောက်ပိုင်းမှာ ပိုဆိုးလို့ လာပါတယ်။ စစ်အစိုးရတွေက ခရိုနီတွေမွေး၊ ပညာရှင်တွေကိုမွေးပြီး ပေးကျွေးထားခြင်းရဲ့ နောက်ဆုံး နိဂုံးဟာ ပြည်သူတွေရဲ့ အမုန်းတရားတွေနဲ့သာ ရင်ဆိုင်ရတတ်ပါတယ်။ ပြည်သူက ဒဏ်ခတ်တာကို ခံရတာလို့ဆိုနိုင်ပါတယ်။


ကျွန်တော်အထက်မှာ ပြောခဲ့သလို ပဒေသရာဇ်အချင်းချင်း စစ်ခင်းတာကို သမိုင်းသင်စဉ်က မြင်သာ အောင် ဖွင့်ပြခဲ့တဲ့ ကျွန်တော်တို့ရဲ့ လေးစားစရာကောင်းတဲ့ ဆရာမကြီး တစ်ယောက်ဟာ၊ စစ်အစိုးရချင်း၊ အာဏာရှင်ချင်း စစ်မြှူစစ်ခင်းပြီး ကိုယ့်အရှိန်အဝါကို မြှင့်တင်နေတာ သတိမထားလိုက်မိလို့ ကျဆုံးခဲ့ ရတယ်။ ခုတစ်ခါစစ်တပ်က ပညာရေးဌာနကို အသုံးချပြီး ယိုးဒယားကို အပုပ်ချခဲ့တဲ့ ဇာတ်လမ်းကို ဘာသဘောတွေနဲ့ ဖြုတ်ထုတ်သတ်လိုက် ပြန်သလဲဆိုတာ (ဖြုတ်ထုတ်သတ်ခွင့် ရသွားသလဲဆိုတာ) အစမ်းသပ်ခံပညာရေးကို၊ နည်းမျိုးစုံလိုက်ပြီး အကောင်အထည် ဖော်ပေးနေတဲ့ လမ်းဘေးပညာရေး ဓာတ်ခွဲခန်းတွေက ပညာရှင်ကြီးတွေ ပိုပြီးသိကြလိမ့်မယ် ထင်ပါတယ်။

အငြိမ်းစားကျောင်းဆရာတစ်ဦး
The Voice Journal


လမဖြတ်ရအောင် ကြိုတင် ကာကွယ်နည်းများ


လေ မဖြတ်အောင် ကြိုတင် ကာကွယ် နည်းကို မကြာခဏ တောင်းဆို လာကြတဲ့ မိဘပြည်သူ များအတွက် လေ့လာမိသမျှ သဘာဝ ဆေးနည်း များကို ပြန်လည် မျှဝေ လိုက်ပါတယ်။


ရှောက်ရွက်ဟာ လေ မဖြတ်အောင် ကာကွယ် ပေးနိုင်တဲ့ ဆေးဆိုတာ အချို့က သိထားပါပဲ။ ဒါ့ကြောင့် ရှောက်ရွက်ကို မကြာခဏ မှီဝဲသုံးစွဲ ပေးရင် လေဖြတ်ခြင်းမှ ကာကွယ်ပေး ပါတယ်။

၁။ ရှောက်ရွက် (၇) ရွက်ခန့်ကို ရေစင်အောင် ဆေးပြီး မတ်ခွက်ထဲကို ထည့်၊ ရေကျက်အေး (သို့မဟုတ်) ရေခပ်နွေးနွေးကို လောင်းထည့်၊ အဖုံးအုပ် ထားပြီး အေးသွားလျှင် သောက်ပေးနိုင် ပါတယ်။ တစ်ခါ စိမ်ထားလျှင် ၂ ရက်၊ ၃ ရက်ထိ ရေထပ်ထည့်ပြီး အခါးဓါတ် မကုန်မချင်း သောက်ပေးနိုင် ပါတယ်။ (အရမ်း ခါးနေလျှင် ပျားရည် သို့မဟုတ် သကြားတို့ကို အနည်းငယ်ခပ်ပြီး သောက်နိုင် ပါတယ်)

၂။ ရှောက်ရွက်ကို ပါးပါးလှီးပြီး ဟင်းရည်ထဲ ထည့်သောက်နိုင် ပါတယ်။

၃။ အသုပ်မျိုးစုံ တို့ကိုလည်း ထည့်ပြီး စားနိုင်ပါတယ်။

၎။ ရှောက်ရွက်ကို အစိမ်းစားလျှင် ပိုမိုထိရောက် သည့်အတွက် ရေစိမ်သောက်တဲ့ နည်းနဲ့ ပါးပါးလှီးပြီး အစားအစားထဲ ထည့်စားခြင်းသည် ပို၍ကောင်းမွန် ပါသည်။
===================

လေမဖြတ်အောင် ကြိုတင် ကာကွယ်နည်းနဲ့ ပတ်သက်တဲ့ ပါရမီမဂ္ဂဇင်း ဆေးမြီးတိုကဏ္ဍမှ သဘာဝ ဆေးနည်းလေးကို ပြန်လည် မျှဝေပေးလိုက် ပါသည်။


လက်တွေ့ ပျောက်ကင်း သွားသည့် ဆေးနည်းလေးမို့ ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါသည်။ လေဖြတ်ခြင်း ကင်းဝေးနိုင်ကြပါစေ။


ဆေးနည်းမှာ---

၁။ ရှောက်ရွက် (၁၁)ရွက်
၂။ သကြား (၁၁)ကျပ်သား

 
၎င်းနှစ်မျိုးကို သန့်ရှင်း စင်ကြယ်စွာ ဆေးကြောထားသော ပုလင်းတစ်လုံး အတွင်းသို့ ထည့်၍ ၄င်းဆေး များနှင့်အတူ ရေအပြည့်ထည့်ပြီး (၁၀) ညတိတိ ထားပြီးသောအခါ ၄င်းဆေးကို (၁၁)ရက်တိတိ သောက် သုံးပေးခြင်းဖြင့် လေဖြတ်ခြင်းရောဂါများ အမှန်တကယ် ကင်းဝေးနိုင်ပါသည်။
စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား။ ။ ချိုမျိုးညွန့် (စကု) မင်္ဂလာသတင်းစဉ်
ကျန်းမာရေးသတင်းများ

တစ်နေ့ ၇ နာရီ အိပ်ခြင်းသည် ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်

 


တစ်ပတ် ခုနစ်ရက်၊ တစ်ရက် (၂၄) နာရီပတ်လုံး သတင်းများနှင့် အဆက်မပြတ် လည်ပတ် နေသော ယနေ့ ကမ္ဘာကြီးတွင် လူသားများ စိတ် အနားမရခြင်း အကျိုးဆက်အဖြစ် အိပ်ရေး မ၀ခြင်း ပြဿနာများ ဖြစ်ပွားနေ ရသည်။ အိပ်ရေး ပျက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေသလို၊ အခြား အစွန်းတစ်ဖက် ဖြစ်သော အလွန်အကျွံ အိပ်ခြင်း သည်လည်း ကျန်းမာရေးကို ထိခိုက်စေပြန်ကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ်က ဆိုလိုက် သည်။ 


““လူသားရဲ့ ကျန်းမာရေးကို မထိခိုက်စေတဲ့ အိပ်စက်ချိန်ဟာ တစ်ည ခုနစ်နာရီ ဖြစ်ပါတယ်””ဟု အိပ်စက်ခြင်း ဆိုင်ရာ လေ့လာခဲ့သည့် အရီဇိုးနားတက္ကသိုလ် သုတေသနအဖွဲ့မှ ပါမောက္ခ ရှောင်ယန်းစတတ် က ပြောသည်။ 


““ရှစ်နာရီထက် ပိုရင်တော့ အိပ်စက်ချိန် ကြာမြင့်ခြင်းကြောင့် ကျန်းမာရေး ထိခိုက်လာနိုင်ပါတယ်””ဟု ၎င်းကပြောသည်။ 


စစ်တမ်းတွင် လူပေါင်း (၉၀၀၀) ပါဝင်သည်။ အသက် (၅၀) မှ (၆၄) နှစ် ကြားများချည်း ဖြစ်သည်။ ထိုလူများအနက် အိပ်ချိန် ခြောက်နာရီထက် နည်းသူများ၊ ရှစ်နာရီထက် ပိုများသူများသည် ခုနစ်နာရီ ၀န်းကျင်သာ အိပ်စက်သူများထက် မှတ်ဉာဏ် အားနည်းနေသလို၊ ဆုံးဖြတ်ချက် ချနိုင်စွမ်းလည်း နည်းပါးကြကြောင်း တွေ့ခဲ့ရသည်။ 


စစ်တမ်းကို Clinical Sleep Medicine ဂျာနယ်တွင် ထည့်သွင်း ဖော်ပြ ထားခြင်း ဖြစ်သည်။ ခြောက် နာရီထက် အိပ်ချိန်နည်းခြင်း၊ ရှစ်နာရီထက် ပိုများခြင်းကြောင့် ဦးနှောက် အလုပ် လုပ်နိုင်စွမ်း ကျဆင်း ရသည့် အကြောင်းရင်းကို ဖော်ထုတ်နိုင်ရန် သုတေသနများ တိုးချဲ့ပြုလုပ် သွားမည် ဖြစ်ကြောင်း ပါမောက္ခ ယန်းစတတ်က ပြောသည်။  


Source: Daily Mail
The Messenger

ကျန်းမာရေးကဏ္ဍထဲ တိုးဝင်လာသော မိုဘိုင်းနည်းပညာ

ကိုထိုက်
ယနေ့ အချိန်တွင် ကိုယ့် အိတ်ကပ် ထဲက စမတ်ဖုန်းသည် ကိုယ့်အတွက် မိတ်ဆွေ တစ်ယောက် အလား အဖော်ရသည်။ ထို့ထက်ပို၍ ပြောရဦးမည် ဆိုလျှင် ကိုယ်လက် ကျန်းမာရေး သင်တန်းဆရာ အဖြစ်ရော ဆရာဝန် တစ်ယောက် အနေနှင့်ပါ အားကိုးလို့ ရနိုင်သေးသည်။ 


ဒစ်ဂျစ်တယ် ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍသည် တွင်ကျယ် သထက် တွင်ကျယ် လာပြီ။ လူတိုင်းလက်ထဲ ကိုင်ထားသော စမတ်ဖုန်းများ ကတစ်ဆင့် လူတိုင်းထံ ဆက်သွယ်ချိတ်ဆက်ကာ ကျန်းမာရေး စောင့်ရှောက်မှု အမျိုးမျိုးပေးမည့် ဖုန်းအပလီကေးရှင်းမျိုးစုံလည်း ထွက်ပေါ် နေသည်။ မိုဘိုင်း နည်းပညာ ကုမ္ပဏီအသစ်လေးများ အငယ်စားလေးများ မှသည် ဧရာမအကြီးစားကြီးများထိ ဒစ်ဂျစ်တယ် ကျန်းမာရေး စောင့်ရှောက်မှု နယ်ပယ်မှာ အပြိုင် လုပ်ကိုင်နေကြပြီ။ စမတ်ဖုန်းများက တစ်ဆင့် လူသား များကို ကျန်းမာရေး စောင့်ရှောက်မှု မျိုးစုံပေးကာ အပြန်အလှန် အားဖြင့် ၀င်ငွေရရှိအောင် ကြိုးပမ်းနေ ကြပြီ။ 


နှလုံးခုန်နှုန်းတိုင်းပေးမည့် ဖုန်း အပလီကေးရှင်း၊ သွေးပေါင်ချိန် တိုင်းပေးမည့် ဖုန်းအပလီကေးရှင်း၊ သွေးတွင်း သကြားဓာတ်ပါဝင်နှုန်းမှသည် ခန္ဓာကိုယ်တွင်းလုပ်ငန်း ဆောင်တာများစွာကို တိုင်းတာဖော် ပြပေးမည့် ဖုန်းအပလီကေးရှင်းထိ မျိုးစုံအောင် ထွက်ရှိနေပြီ။ တစ်နေ့ထက် တစ်နေ့လည်း အရေအတွက် တိုးသထက် တိုးလာနေသည်။ ဂူဂဲ၊ အက်ပဲ၊ ဆမ်ဆောင်း စသည့် စမတ်ဖုန်းလုပ်ငန်းကြီးများ ကလည်း ဖုန်းများ ထုတ်လုပ်ရာတွင် ကျန်းမာရေး စောင့်ရှောက်မှု အပလီကေးရှင်းများ အလုပ်လုပ်နိုင် စေမည့် အာရုံခံ ကိရိယာအားလုံး ပါဝင်အောင် ထည့်သွင်းပေးထားသည်။ သို့ဖြစ်သော ကြောင့် အပလီကေးရှင်း များကို စိတ်ကူးရှိတိုင်း တီထွင်ရေးသားနိုင်နေကြသည်။ 


အရင်ကဆို ဆေးရုံသွားမှ တိုင်းတာလို့ရမယ့် ကျန်းမာရေးအခြေခံ အချက်အလက်တွေကို အခုဆို ကိုယ် ကိုင်ထားတဲ့ ဖုန်းနဲ့တင်လုပ်လို့ရနေ ပြီ။ နှလုံးခုန်နှုန်း တိုင်းတာချင်လား။ ဖုန်းမှာ နှလုံးခုန်နှုန်း ပြပေးမယ့် အပလီကေးရှင်းတွေ ရှိနေပြီ။ တစ်နေ့ လမ်းဘယ်လောက်လျှောက်ဖြစ်လဲ စာရင်း မှတ်နေ စရာ မလို တော့ဘူး။ ဖုန်းမှာ အပလီကေးရှင်း ထည့်ထားလိုက်ရုံနဲ့ ကိုယ်လမ်းလျှောက်တိုင်း အလိုလျောက် မှတ်ပေး ထားမယ့် အပလီကေးရှင်း မျိုးတွေ ရှိနေပြီ ဟု မိုဘိုင်းနည်းပညာ လုပ်ငန်းတစ်ခုဖြစ်သော Compass Intelligence မှ ဂါရီပါဒီ ဆိုသူက ပြောသည်။ 


ကမ္ဘာတစ်ဝန်း ဒစ်ဂျစ်တယ် ကျန်းမာရေး နည်းပညာ ကုမ္ပဏီ (၁၄၃) ခုထိ ရှိနေပြီဖြစ်ပြီး ၂၀၁၄ ပထမခြောက်လအတွင်း လုပ်ငန်းလည်ပတ်မှု တန်ဖိုး (၂ ဒသမ ၃) ဘီလီယံထိ ရှိနေပြီ ဖြစ်ကြောင်း နည်းပညာလုပ်ငန်း အကြံပေး အတိုင်ပင်ခံလုပ်ငန်း Rock Health ၏ ခန့်မှန်းတွက်ချက်မှုအရ သိရ သည်။ ပြီးခဲ့သည့်နှစ် ပထမခြောက်လနှုန်းထက် သာလွန်ကြောင်း သိရသည်။ 


နောက်ထပ် နည်းပညာသုတေသနနှင့် အကြံပေးအတိုင်ပင်ခံလုပ်ငန်း Deloitte ၏ စာရင်းအရလည်း ကမ္ဘာတစ်ဝန်း ၂၀၁၄ တစ်နှစ်တာ အတွင်း စမတ်မျက်မှန်များ၊ ဖုန်းသို့ အချက်အလက်များပို့ပေးသော ကိုယ်လက် လေ့ကျင့်ခန်း လက်ပတ်များ၊ စမတ်နာရီများ စုစုပေါင်းခုရေ ၁၀ သန်းခန့် ရောင်းရမည်ဟု သိရသည်။ ငွေကြေးလည်ပတ်မှု အရ ဒေါ်လာသန်း သုံးထောင်ဝန်းကျင် ရှိမည်။ ၂၀၁၇ ခုနှစ် ရောက် သည့်အခါ ကမ္ဘာတစ်ဝန်း အထက်ပါ ပစ္စည်းပေါင်း သန်း ၁၇၀ လောက်ထိ အသုံးပြုနေကြဖွယ် ရှိကြောင်း လည်း ခန့်မှန်းထားသည်။ 


ကျန်းမာရေးနဲ့ ကိုယ်လက် လှုပ်ရှားမှုဆိုင်ရာ ဒစ်ဂျစ်တယ် နည်းပညာ လုပ်ငန်းတွေဟာ ဆက်စပ်တဲ့ အပလီကေးရှင်း အမျိုးခွဲ တော်တော်များများ ထုတ်လုပ် ထားကြတာ တွေ့ရတယ်။ သူတို့ဆီက ထုတ်လုပ် တဲ့ ကျန်းမာရေးနဲ့ ကိုယ်လက်လှုပ်ရှားမှု အကူအညီပေးမယ့် နည်းပညာ ပစ္စည်းလေးတွေ ကို စမတ်ဖုန်းနဲ့ ချိတ်ဆက်ပြီးသုံးတဲ့ လူတွေကို ဘယ်အချိန်မှာ ကျန်းမာရေး လေ့ကျင့်ခန်းလုပ်၊ ဘယ်အချိန်မှာ ဆေးသောက် ဆိုတာမျိုး မလွတ်တမ်း သတိပေးနိုင်အောင် အားထုတ်နေကြတယ်ဟု Deloitte မှ ကာရန် တိုင်လာ က ပြောသည်။ 


ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် စွန့်ဦးတီထွင်လုပ်ငန်းသစ် MD Revolutionသည် စမတ်ဖုန်းများ၊ ၀တ်ဆင်နိုင်သော ကိရိယာငယ်များ သုံးကာ မိမိ၏ကျန်းမာရေးကို စမတ်ဖုန်းမှ တစ်ဆင့် ကြည့်ရှုပြီး လိုအပ်သည်များ ဆောင်ရွက်နိုင်အောင် ၀န်ဆောင်မှု ပေးလျက်ရှိသည်။ စမတ်ဖုန်းသုံးသူ များက တိုင်းတာ ယူထားသော ၎င်းတို့၏ ကျန်းမာရေး အချက်အလက်များကို အခြေခံ၍ ထိုသူသည် ဆီးချို၊ နှလုံး၊ သွေးတိုး စသဖြင့် ဖြစ်နိုင်ခြေ ရှိသော ရောဂါများ၊ ဖြစ်နေသော ရောဂါများကို ဖော်ပြပေးသည်။ 


လူတွေဟာ စမတ်ဖုန်းတွေသုံးပြီး သူတို့ရဲ့ ကျန်းမာရေး အချက်အလက်တွေကို သူတို့ဖာသာ တိုင်းတာပြီး သက်ဆိုင်ရာ ဆရာဝန်၊ ကျန်းမာရေး အကြံပေး၊ ကိုယ်လက်လှုပ်ရှားမှု ကာယသင်တန်းဆရာ၊ ယောဂ သင်တန်း ဆရာတွေဆီ အချက်အလက်တွေပေးပို့ပြီး လမ်းညွှန်မှု ခံယူနိုင်အောင် ကုမ္ပဏီက စီစဉ်ပေးနေ ပါတယ် ဟု ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ လီဆာပီတာဆန် က ပြောသည်။ 


တိုင်းတာထားသော ကျန်းမာရေး အချက်အလက်များကို ကွန်ပျူတာ သုံးသပ်မှုစနစ်က အလိုလျောက် အဖြေရှာပေးခြင်း အပြင်၊ လူသား ကျွမ်းကျင်သူများနှင့်လည်း စမတ်ဖုန်းဖြင့်ပင် ချိတ်ဆက်ပြီး လမ်းညွှန် ချက် ခံယူနိုင်အောင် ဖန်တီးပေးထားသည်။ သက်ဆိုင်ရာ ကျွမ်းကျင်သူဆီ လူအ ရောက် မသွားနိုင်လို့ ကျန်းမာရေး စောင့်ရှောက်မှု ခံယူခွင့် ဆုံးရှုံးမှာ ပူစရာ မလိုတော့။ မကြာသေးခင်က ပြုလုပ်ထားသော လေ့လာမှု စစ်တမ်းတစ်ရပ် အရလည်း စမတ်ဖုန်းသုံပြီး ကိုယ့်ကျန်းမာရေးကိုယ် စောင့်ကြည့်စစ်ဆေးသူ များသည် အခြားလူများထက် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ကိုင်တွယ် နိုင်စွမ်း ပိုကောင်းကြောင်း တွေ့ရ သည်။ 


မိုဘိုင်းနည်းပညာ ကျန်းမာရေး စောင့်ရှောက်မှု စင်တာကပြုလုပ်ထားသော စစ်တမ်း တစ်ရပ်အရလည်း ကျန်းမာရေးနှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းဆိုင်ရာ စမတ်ဖုန်း အပလီကေးရှင်းများ သုံးစွဲသည့် သွေးတိုး၊ ဆီးချိုဝေဒနာရှင်များသည် အခြားသူများထက် ကျန်းမာရေး ပိုကောင်းမွန်ကြ ကြောင်း တွေ့ရ သည်။ 


စမတ်ဖုန်းများသုံးပြီး လူနာများက ၎င်း တို့၏ ကျန်းမာရေး အချက်အလက်များကို တိုင်းတာ မှတ်တမ်း တင်ထားခြင်းသည် လူနာများအတွက် အကျိုးရှိစေရုံသာမက ဆရာဝန်များအတွက်လည်း ဝေဒနာ မှတ်တမ်း ပြည့်စုံစွာ ကြည့်ခွင့်ရသဖြင့် ကုသရေးပိုင်း ပိုအောင်မြင်ကြောင်း ၂၀၁၄ ဇူလိုင် က Health Affairs ဂျာနယ်တွင် ဖော်ပြသော သုတေသနတစ်ရပ်က ဖော်ပြသည်။ 


အချို့သော နည်းပညာလုပ်ငန်းများသည် မိုဘိုင်းနည်းပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း ကဏ္ဍတွင် ပုံအော အားထုတ်နေကြ သည်ထိရှိကြောင်း တွေ့ရသည်။ ဥပမာ ဂူဂဲဖြစ်သည်။ ဂူဂဲသည် မိုဘိုင်းနည်းပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှု မျိုးစုံပေးရန် Calico ဟူသော ကုမ္ပဏီ ခွဲတစ်ခုကိုပါ သီးသန့် ထူထောင်ထားပြီ ဖြစ်သည်။ ပြိုင်ဘက်ဖြစ်သော အက်ပဲကုမ္ပဏီနှင့်လည်း ပူးပေါင်းပြီး မိုဘိုင်း နည်းပညာဖြင့် ကမ္ဘာလုံး လွှမ်းခြုံ ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်သည် အထိ ကြိုးပမ်းရန် စီစဉ်နေ သည်ဟူသော သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။ နည်းပညာလုပ်ငန်းကြီး IBM သည်လည်း ၎င်းတို့၏ Watson စူပါကွန်ပျူတာကို အသုံးပြု၍ ကင်ဆာရှာဖွေ ဖော်ထုတ်ရေးလုပ်ငန်းများ စမ်းသပ်နေပြီ ဖြစ်သည်။ 


စမတ်ဖုန်းများသုံး၍ ကျန်းမာရေး အချက်အလက်များကို မိမိဖာသာတိုင်းတာနိုင်ခြင်း၊ အချက်အလက် များကို အွန်လိုင်းမှတစ်ဆင့် သက်ဆိုင်ရာ ကျွမ်းကျင်သူများထံ ပေးပို့ကာ ညွှန်ကြားချက်များ ရယူခြင်း နည်းလမ်း တွင်ကျယ်လာသည်နှင့် အမျှ လူသားများသည် မိမိကျန်းမာရေးကို အစဉ်အမြဲ ဂရု စိုက်လာ ကြမည်ဖြစ်သည်။ မဖြစ်ခင်က ကြိုတင်ကာကွယ်နိုင်ခြင်း၊ဖြစ်လာလျှင်လည်း မှန်ကန်သောနည်းလမ်းများ အသုံးပြုနိုင်ခြင်းတို့ကြောင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများလည်း ၀န်ပေါ့သွားကာ သွက်လက် ကျန်းမာသော လူ့အဖွဲ့အစည်းများ ဖြစ်လာကြမည်ဟု ဘော်စတန်အခြေစိုက် ကျန်းမာရေး ပရဟိတ အဖွဲ့ကြီးဖြစ်သော Connected Health စင်တာကို ထူထောင်သူ ဂျိုးဇက်ဖ် ကာဗီဒါက သုံးသပ်သည်။ 


လူတွေ ဆေးရုံ ဆေးခန်းတွေသွားပြီး ကျန်းမာရေး စစ်ဆေးမှု လုပ်နေရတဲ့နှုန်းကို တတ်နိုင်သမျှ လျှော့ ချနိုင်အောင် ကျွန်တော်တို့ ကြိုးပမ်းနေ တယ်။ ဒီလိုပြောလို့ ဆေးရုံ ဆေးခန်းသွားတာ မကောင်းဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကျန်းမာရေး စစ်ဆေးမှုဆိုတာ အစဉ်အမြဲ လုပ်နေရမယ့် အလုပ် တစ်လုပ်ဖြစ် တဲ့အတွက် ဆေးရုံ ဆေးခန်းလာမှ စစ်ဆေးနိုင်ခြင်းထက် နေ့တိုင်း အိမ်မှာ စစ်ဆေးနိုင်ခြင်းက ပိုကောင်း ပါတယ်။ ဒါကြောင့် စမတ်ဖုန်းတွေ သုံးပြီး လူတိုင်း ကိုယ့်ကျန်းမာရေးကိုယ် စစ်ဆေးနိုင်အောင် ကျွန်တော် တို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ် ဟု မစ္စတာ ကာဗီဒါ ကပြောသည်။ 


ဆရာဝန်များအနေဖြင့်လည်း မိုဘိုင်းနည်းပညာကို ပွေ့ဖက်ကြရမည်ဟု ၎င်းက ဆက်လက်ပြောကြား သည်။ ဆရာဝန်များ၊ ကျန်းမာရေးဆိုင်ရာ ပညာရှင်များနှင့်အများပြည်သူတို့ မိုဘိုင်းနည်းပညာသုံးပြီး စည်းချက်ညီချိတ်ဆက်နိုင်ကြခြင်းဖြင့် ကျန်းမာရေးပိုကောင်းသော ကမ္ဘာ့ လူ့အဖွဲ့အစည်းကြီး ဖြစ်ထွန်း လာမည်ဟု မစ္စတာ ကာဗီဒါက ပြောကြားလိုက်သည်။ 


သို့သော် တစ်ခုတိုက်တွန်းလိုသည်မှာ စမတ်ဖုန်းသုံး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းသည် လူ တစ်ဦးချင်း ပူးပေါင်းပါဝင် ကြရမည်ဖြစ်ရာ ဆရာဝန်များ၊ ကျန်းမာရေး ပညာရှင်များသည် လမ်းပြသူ များသာ ဖြစ်ပြီး လက်တွေ့ လျှောက်လှမ်းရမည်မှာ လူထုကြီးထဲက လူတစ်ဦးချင်းစီ၏ တာဝန် ဖြစ်ကြောင်းလည်း မစ္စတာ ကာဗီဒါက အနာဂတ် ဒစ်ဂျစ်တယ်ကျန်းမာရေးကဏ္ဍ အတွက် ကြိုတင် လမ်းညွှန်လိုက်သည်။ 
 

Ref: Mobile tech reshaping health sector (AFP News) 

ref;The Messenger

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် သင်ယူလေ့လာရာမှာ ပိုမိုလျင်မြန် ထက်မြတ် ဟုဆို

 
အမျိုးသမီး တွေဟာ လေ့လာ သင်ယူ ရာမှာ အမျိုးသား တွေထက် လျင်လျင်မြန်မြန် တတ်မြောက် ကြတယ်လို့ လေ့လာချက် အသစ် တစ်ခုအရ သိရှိရ ပါတယ်။ အကြောင်း ကတော့ သူတို့တွေ မကြာခဏ ဆိုသလို ခွဲခြား ဆက်ဆံ ခံရတာကြောင့် ဖြစ်နိုင် တယ်လို့ ဆိုပါတယ်။ အသက်(၅၇) နှစ်ရှိ မတူညီ ကွဲပြားတဲ့ နေထိုင်မှု ပုံစံမှလာကြတဲ့ လူပေါင်း ၃၁,၀၀၀ ယောက်ရဲ့ ဦးနှောက်တွေကို အသေအချာ စစ်ဆေးမှု ပြုလုပ်ခဲ့ ပါတယ်။ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦးက လူနေမှု အဆင့်အတန်း မြင့်မြင့်နဲ့ နေထိုင်ခဲ့တဲ့ အချိန်မှာ သင်ယူမှုမှာ ပိုမိုလျင်မြန်မှု ရှိပြီး လူနေမှုဘ၀မှာ အဆင်ပြေတဲ့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် လျင်လျင်မြန်မြန် သင်ယူ တတ်မြောက် ကြပါ တယ်။


Proceedings of the National Academy of Sciences မှာ ဖော်ပြထားတဲ့ လေ့လာချက်အရ အမျိုးသား တွေထက် အမျိုးသမီးတွေက ဥာဏနဲ့ လုပ်ရတဲ့ အလုပ်တွေကို ရရှိနိုင်ဖို့ ပိုပြီး ကြိုးစားရုန်းကန် ရတဲ့ အတွက် သင်ယူလေ့လာရာမှာ ဥာဏ်ရည်ဖွံ့ဖြိုး တိုးတက်လာတာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။


အမျိုးသမီးတွေ ပိုင်ဆိုင်တဲ့ အစွမ်းအစတွေကို တန်ဖိုးထား မခံရတာ သိသာ ထင်ရှားပါတယ်။ ဒါကြောင့် ဒီလို အကျိုးသက်ရောက်မှုတွေ ဖြစ်လာတာ ဖြစ်ပါတယ်လို့ လေ့လာချက်ပြုလုပ်သူ တစ်ယောက်ဖြစ်တဲ့ Agneta Herlitz က ရှင်းပြပါတယ်။ အမျိုးသားတွေနဲ့ အမျိုးသမီးတွေရဲ့ သင်ယူလေ့လာမှု ပုံစံခြားနား သွားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အရည်အချင်းဟာ အင်မတန် အရေးပါတယ် ဆိုတဲ့အကြောင်း ဒီလေ့လာမှုကနေ သိသာမယ်လို့ သူမမျှော်လင့် ထားပါတယ်။


Ref: cosmopolitan.com
Trend Myanmar

ထိုင်းတွင် ဗီဇာ သက်တမ်းကျော် နေသူ များအတွက် ပြစ်ဒဏ် ထုတ်ပြန်

ထိုင်းနိုင်ငံရောက် နိုင်ငံခြားသား ခရီးသွား တချို့၊ ဓာတ်ပုံ- CNN 

ထိုင်းနိုင်ငံမှာ မေလ ၂၂ ရက်နေ့က စစ်တပ်က အာဏာ အရပ်ရပ်ကို တာဝန်ယူပြီး နောက်ပိုင်း နိုင်ငံတွင်း တရားမ၀င် နေထိုင်သူ နိုင်ငံခြားသား များ အဆုံးသတ်ရေး နှိပ်နင်းမှုများ လုပ်ဆောင် လာနေရာ ဒီကနေ့ ဇူလိုင်လ ၂၂ ရက်နေ့ မှာလည်း ထိုင်း လူဝင်မှု ကြီးကြပ်ရေး ဥပဒေချိုးဖောက် သူများနှင့် သက်ဆိုင်သည့် ကြေညာချက် တစောင် ထုတ်ပြန်ပါတယ်။
ထိုင်းလူဝင်မှု ကြီးကြပ်ရေး ဥပဒေကို ချိုးဖောက်ကာ နိုင်ငံတွင်း နေထိုင်မှု သတ်မှတ် ကာလ ကျော် လွန်သွားရင် ဘယ်လို ပြစ်ဒဏ်တွေ ရှိတယ် ဆိုတာ ဒီကနေ့ ထိုင်းဘုရင့် နိုင်ငံတော် လူဝင်မှု ကြီးကြပ် ရေး ဗဟို အဖွဲ့က ဒီကနေ့ နေ့စွဲနဲ့ သတိပေးချက် ထုတ်ပြန်ထားတာကို ဘန်ကောက် လ၀က အင်တာနက်စာမျက်နှာ မှာ ဖော်ပြထားပါတယ်။


ထိုင်းနိုင်ငံတွင်း သတ်မှတ်နေထိုင်ခွင့်ကာလ ထက် ရက် ၉၀ ကျော် ပိုနေရင် ထိုင်းနိုင်ငံကို ပြည်ဝင်ခွင့် ဗီဇာ ၁ နှစ်ပိတ် ပင်မှာ ဖြစ်ပြီး တနှစ်ကျော် ပိုမိုနေထိုင်သူအတွက် ပြည်ဝင်ခွင့် ၃ နှစ်ပိတ်ပင် ခံရမှာဖြစ်ပြိး ၃ နှစ်ကျော် နေထိုင်သူအ တွက် ပြည်ဝင်ခွင့် ၅ နှစ်၊ ၅ နှစ်ကျော် နေထိုင်သူအတွက် ပြည်ဝင်ခွင့် ၁၀ နှစ် အသီးသီး ပိတ်ပင်သွားမှာဖြစ်တယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံတွင်း အမှုတခုခုဖြင့် ဖမ်းဆီးခြင်းခံရသူ နိုင်ငံခြားသားများ အနေဖြင့် တနှစ် အောက် သတ်မှတ် ဗီဇာ ကျော်လွန်နေထိုင်သူအတွက် ထိုင်းနိုင်ငံက ပြည်ဝင်ခွင့် ၅ နှစ်၊ ၁ နှစ်ကျော်ကြာ ကျော်လွန်နေထိုင် သူများအတွက် နိုင်ငံသို့ ပြန်လည် ပြည်ဝင်ခွင့် ၁၀ နှစ်ကြာ ပိတ်ပင် တားမြစ်သည့် ပြစ်ဒဏ် သတ်မှတ်
ကြောင်းလည်း ကြေညာချက်က ဆိုပါတယ်။


အိမ့်သံစဉ် ~ ဧရာဝတီ

မြန်မာလူမျိုး တစ်ရာနီးပါး ဗီဇာအတုများဖြင့် မလေးရှားတွင် ဖမ်းဆီးခံထားရ

 
မလေးရှား နိုင်ငံသို့ အလည်အပတ် ဗီဇာ (Visit Visa) ဖြင့် သွားရောက် ခဲ့သော မြန်မာနိုင်ငံသား ၉၂ ဦးသည် ၎င်းတို့ ကိုင်ဆောင် ထားသော ဗီဇာ များမှာ အတုများ ဖြစ်နေသောကြောင့် မလေးရှားနိုင်ငံ လေဆိပ်တွင် ဖမ်းဆီးခံရ ကြောင်း သတင်း ရရှိသည်။ 


ဇူလိုင် ၈ ရက်တွင် မလေး ရှားနိုင်ငံသို့ သွားရောက်ခဲ့သည့် မြန်မာနိုင်ငံသား ၇၂ ဦးနှင့် ဇူလိုင် ၂၄ ရက် တွင် သွားရောက်သော မြန်မာနိုင်ငံသား ၂၀ ဦးတို့မှာ ဗီဇာအတုများ ဖြစ်နေသောကြောင့် မလေးရှားနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးက လေဆိပ်တွင် ဖမ်းဆီးထား ပြီး အကျဉ်းထောင်များသို့ ပို့ဆောင် လိုက်ကြောင်း သတင်း ရရှိသည်။ ၎င်းတို့သည် ကြိမ်ဒဏ် အပါအဝင် အနည်းဆုံး ထောင်ဒဏ်ခြောက်လ ကျခံရဖွယ် ရှိကြောင်း ဖမ်းဆီးခံရ မှုတွင် ပါဝင်သော မိသားစုဝင်များက ပြောကြားသည်။ 


ဖမ်းဆီး ခံထားရသူများ အတွက် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးက ကိုင်တွယ် ဖြေရှင်းနေကြောင်း သံရုံး တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 


‘‘လူဦးရေက ရေတွက်နေ တုန်းပဲ ရှိသေးပါတယ်။ အဲဒီ သတင်းကြားတဲ့နေ့က လေဆိပ်ကို သွားပြီး ဆက်သွယ် ခဲ့ပါတယ်။ အခုချိန်မှာ ပြောလို့ မရသေးပါဘူး။ သံရုံးကတော့ ဖြေရှင်းပေးဖို့လုပ် နေပါတယ်’’ ဟု မလေးရှားနိုင်ငံ မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။ 


‘‘မလေးရှားကိုအလည်လာ ဖို့ ကျွန်တော့်တူကိုခေါ်လိုက်တာ ဗီဇာကအတုတွေဖြစ်နေလို့ ဖမ်းဆီးခံထား ရတယ်။ သူတို့ကို ပထ မလေဆိပ်စခန်းမှာ နှစ်ပတ်ထား ထားတယ်။ ခုတော့ ထောင်မှာ ပြောင်းထား တယ်။ သူတို့အတွက် စိတ်ပူနေကြတယ်။ အခုဖမ်းခံထားရတဲ့ သူတွေက အလည်လာတဲ့သူတွေချည်းပဲ။ ကျွန်တော်တို့ ကြားတာတော့ တစ်ယောက်ကို ကြိမ်ဒဏ်အပါအဝင် ထောင် အနည်းဆုံးခြောက်လ လောက်ကျ မယ်လို့ကြားနေတယ်။ အခုသံရုံး ကိုသွားပြီး အကူအညီတောင်း မလို့လုပ်နေကြတာပါ’’ ဟု ဇူလိုင် ၈ ရက်တွင် ပဲခူးမြို့မှ မလေးရှား နိုင်ငံသို့ လာရောက်လည်ပတ်ရာ တွင် ဖမ်းဆီးခံရသူ ကိုချမ်းမြေ့ အောင်၏ အစ်ကိုတစ်ဝမ်းကွဲ တော်စပ်သူကိုလှိုင်မျိုးသန့်က ပြောသည်။ 


ဗီဇာစာအုပ်များကို အကျိုး ဆောင်မှတစ်ဆင့်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဇူလိုင် ၈ ရက်က ဖမ်းဆီးခဲ့ရသည့် ၇၂ဦးကို လိုက်ပါပို့ဆောင်ပေးသော အေးဂျင့်သုံးဦးကိုလည်း မလေးရှားအစိုးရက ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။ ဖမ်းဆီးခံရသောအမျိုးသားများကို ဆွန်ငိုင်းဘူးလို့ထောင်တွင်ထားရှိပြီး အမျိုးသမီးများကို ဆာချန့်ထောင်တွင်ထားရှိကာ သြဂုတ် ၁၂ ရက်တွင် ရုံးထုတ်စစ်ဆေး သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။ 


‘‘ အလည်ဗီဇာအတုတွေ ကိုင်ဆောင်လို့ ဖမ်းထားတာလို့မလေးရှား လူဝင်မှုကြီးကြပ်ရေးက ပြောတယ်။ အုပ်စုလိုက်ကြီးဆိုတော့လူကုန်ကူးခံရတဲ့ သဘောပဲ၊ သေချာစစ်ဆေးဖို့တော့ လိုနေတယ်။ အဲ့ဒီထဲမှာ အလည်လာရောက်လည်ပတ်တဲ့ သူတွေပါနေတယ်လို့ သူတို့ရဲ့မိသားစုဝင်တွေက လာပြောထားတာတွေ ရှိတယ်’’ဟု မလေးရှားနိုင်ငံမြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။


7Day Daily


Ooredoo ဆင်းကတ်တွေ ၁၅ရက်အတွင်း 2GB အင်တာနက် အခမဲ့သုံးနိုင်


Ooredoo ဆင်းကတ်တွေ ရန်ကုန်မြို့က ဖုန်းဆိုင်တွေမှာ ဇူလိုင် ၃၁ရက်နေ့ကစပြီး မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ပြီး သြဂုတ် ၁၅ရက်နေ့အထိ Ooredoo ဖုန်းအချင်းချင်း မိနစ် ၉ဝဝ အခမဲ့နဲ့ အင်တာနက် Data 2GB ကို နှစ်ပတ်စာ အခမဲ့ သုံးစွဲနိုင်တယ်လို့ ဖုန်းကတ်တွေ Activate လုပ်ပေးနေတဲ့ ဖုန်းဆိုင်ပိုင်ရှင်တစ်ယောက်က ပြောပါတယ်။
 
 
Activate လုပ်ပြီး ဆင်းကတ်တွေ ဖုန်းခေါ်ဆိုခ၊ အင်တာနက်သုံးစွဲခနဲ့ပတ်သက်ပြီး ဆိုင်ပိုင်ရှင်တွေက သြဂုတ် ၂ရက်နေ့အထိ တရားဝင်ထုတ်ပြောခွင့် မရှိသေးဘူးလို့ ဆိုပါတယ်။ Ooredoo ကုမ္ပဏီက သြဂုတ် ၂ရက်နေ့မှာ 3G ကွန်ရက်ဆင်းကတ်တွေရဲ့ အသေးစိတ်ဈေးနှုန်းတွေကို စတင်ကြေညာမှာဖြစ်ပြီး Ooredoo ဖုန်းအချင်းချင်း ခေါ်ဆိုခ တစ်မိနစ် ၂၅ကျပ်၊
အခြားဖုန်းသို့ ခေါ်ဆိုခ ၃၅ကျပ် ကျသင့်တယ်လို့ သတင်းတွေ ထွက်နေပါတယ်။
Ooredoo ဖုန်းနဲ့ အင်တာနက် သုံးစွဲနေတဲ့သူတွေ 3G ကွန်ရက်အစစ်ကို ရရှိပြီး သြဂုတ် ၁၅ရက်နေ့အထိ 2GB Data ကို အခမဲ့သုံးနိုင်ပြီး ၁၅ရက်နေ့ပိုင်းကျမှ သုံးစွဲရမယ့် Data Plan အလိုက် ကျသင့်ငွေကို ပေးချေသွားရမယ်လို့ ဆိုပါတယ်။ 1GB ကို ကျပ် ၂သောင်းခွဲကျသင့်နိုင်တယ်ဆိုတဲ့ ခန့်မှန်းတွက်ဆမှုတွေ ပေါ်နေပေမယ့် တရားဝင်သတ်မှတ်ဈေးကတော့ ဒီထက် သက်သာနိုင်မယ်လို့ ပြောဆိုနေပါတယ်။
 
 
တယ်လီဖုန်းဆင်းကတ် ဝယ်ယူတဲ့အခါမှာ မှတ်ပုံတင်နဲ့အတူ ဆင်းကတ်ရဲ့ ဘားကုတ်ကတစ်ဆင့် Activate လုပ်ပြီးတဲ့အခါ စတင်သုံးစွဲနိုင်ပြီး လျှောက်လွှာရေးသားတင်ရတာမျိုးမရှိဘဲ Activate လုပ်ချိန် ဖုန်းတစ်လုံးအတွက် ၅မိနစ်ပဲ ကြာမြင့်ပါတယ်။ ဆင်းကတ်ဝယ်လိုအား ကြောက်ခမန်းလိလိ မြင့်တက်နေတာကြောင့် ဖုန်းဆိုင်အချို့က Activate လုပ်ပြီးသားဖုန်းကတ်တွေကို ကျပ် ၃ဝဝဝနဲ့ ရောင်းနေပြီး မူရင်းဈေး ၁၅ဝဝ နဲ့ဆိုရင် လူတစ်ယောက် တစ်ကတ်ပဲ ဝယ်နိုင်တယ်လို့ ကန့်သတ်နေပါတယ်။
 
 
ကမ္ဘာပေါ်မှာ ဆင်းကတ်ဝယ်လိုအား အမြင့်မားဆုံးဖြစ်နေတဲ့ မြန်မာပြည်မှာ မြန်မာ့ဆက်သွယ်ရေးက လက်ကိုင်ဖုန်းတွေကို ကျပ် သိန်း ၂ဝနဲ့ စတင်ရောင်းချခဲ့ပြီး ၅သိန်း၊ ၂သိန်း စတဲ့ဈေးနှုန်းအဆင့်ဆင့်ကို နှစ်အတန်ကြာ လက်ဝါးကြီးအုပ်ခဲ့ပြီးမှ ၁၅ဝဝကျပ်တန် ဆင်းကတ်တွေကို မဲနှိုက်ပြီး ရောင်းချခဲ့လို့ ဈေးကွက်ထဲက ကျပ် တစ်သိန်းခွဲအထိ အမြင့်ဆုံး ဈေးပေါက်ခဲ့ပါတယ်။
 

www.zealot-mko.com


Ooredoo ကရောင်းမယ့် Sim Card ဟာ Internet ဖိုး တစ်လ ၁ သိန်းအနည်းဆုံးဖြစ်



Ooredoo ကရောင်းမယ့် Sim Card ဟာ Internet ကိုကိုယ်သုံးစွဲတဲ့ Data ပမာဏအလိုက်ကောက်ခံမှာဖြစ်ပြီး Data ပမာဏ 1GB ကို ၂၅၀၀၀ ကျပ်လို့သိရပါတယ်။ အခု ကျွန်တော် လက်ရှိ ဖုန်းအင်တာနက်ကိုနေ့စဉ်ပုံမှန်သုံးနေတာ တစ်ပတ်ကို Data 1GB နီးပါး လောက်ကုန်ပါတယ်။ အဲ့ဒါ ဖိုင်အကြီးကြီးတွေ Download မလုပ်ပါဘူး။ Youtube ကြည့်တယ် ၊ Facebook သုံးတယ် ၊ Viber , Skype ပြောတယ် ၊ Website တွေကြည့်တယ် ၊ အဲဒါပဲလုပ်ပါတယ်။ တစ်လကို 4GB လောက်ပုံမှန်ကုန်ပါတယ် ။ ဒီက Mobile Operator "Singtel" ကရောင်းတာ တစ်ပတ်စာ 1GB plan ကို Singapore Dollar ၇ ဒေါ်လာဖြစ်တဲ့အတွက် မြန်မာငွေအားဖြင့် ၅၄၀၀ ကျပ်ခန့်ကုန်ကျပါတယ်။

တစ်လကို မိုဘိုင်းအင်တာနက်ဖိုး ၂၈ ဒေါ်လာ ၊ မြန်မာငွေအားဖြင့် ၂၁၈၄၀ ကျပ်ခန့်ကုန်ကျပါတယ်။ အခု မြန်မာပြည်မှာ Ooredoo ကယူမယ့် Data ပမာဏ 1GB ကို ၂၅၀၀၀ ကျပ် ပမာဏအတိုင်းဆိုရင် တစ်လကို 4 GB ပုံမှန်သုံးတဲ့အနေအထားဆို တစ်လကို ၁ သိန်းကုန်ကျနေပါမယ်။ တခြားနိုင်ငံတွေမှာတောင် Mobile အင်တာနက်ကြေး ဒီလောက်မများတာ အခုကောက်ခံနေတဲ့နှုန်းထားတွေက မြန်မာပြည်အနေအထားနဲ့ဆို
- တော်တော်ကြီးကိုများနေပါတယ်။ သာမန်သုံးမယ့် Users တွေအတွက်ကိုက ဈေးအလွန်များနေပါတယ်။

Ooredoo ရဲ့ Mobile Internet နဲ့ File အကြီးကြီးတွေ Download လုပ်ဖို့အားခဲထားတဲ့ User တွေဆိုရင် တစ်လတစ်လ ပိုက်ဆံလေးငါးသိန်းလောက် Internet Bill ဖိုးပေးဖို့ အိတ်ထဲမှာဆောင်ထားရပါလိမ့်မယ်။ ယခုသုံးသပ်ပြသွားတာဟာ လက်ရှိ Ooredoo အစမ်းကဒ်တွေမှာ Internet သုံးစွဲနေကြတဲ့ သူတွေ Internet ဖိုး ငွေဖြတ်ခံရတဲ့ တကယ့်အခြေအနေတွေပေါ်မှာမူတည်ပြီး သုံးသပ်ထားခြင်းဖြစ်ပါတယ်။ Users တွေက နှစ်ခြိုက်မှုမရှိရင်တော့ ဒီနှုန်းထားတွေကို လျော့ပေါ့ပေးဖွယ်ရှိနိုင်ပါတယ်။

Ooredoo မှလက်ရှိကောက်ခံနေသော Mobile Internet Data နှုန်းထား

1 MB = ၂၅ ကျပ်
10 MB = ၂၅၀ ကျပ်
100 MB = ၂၅၀၀ ကျပ်
1 GB = ၂၅၀၀၀ ကျပ်

From: သက်နိုင်စိုး

အတွင်း (၃၇) မင်း၊ အပြင် (၃၇) မင်း ဟူသည်မှာ....


မြန်မာနိုင်ငံ အိမ်အချို့၌ နတ်ရုပ်များကို ထားကြ၏။ ပူဇော်ပသကြ၏။ သုတ်ပါထေယျ ပါဠိ
တော် အာဋာနာဋိယသုတ်တော်၌ နတ် (၃၇) ပါးကို ဖော်ပြ၏။ ယင်းကို အတွင်း (၃၇) မင်းဟု ခေါ်
ကြ၏။ 
သာသနာတွင်းဟု ယူရန် ရှိဟန်၏။ ယင်းတို့မှာ ၁။ ဣဌနတ်။ ၂။ သောမနတ်။ ၃။ ၀ရုဏနတ်
၎။ ဘာရဒွါဇနတ်။ ၅။ ပဇာပတိနတ်။ ၆။ စန္ဒနနတ်။ ၇။ ကာမသေဌနတ်။ ၈။ တိန္နုဃဏ္ဍုနတ်။
၉။ နိဃဏ္ဍုနတ်။ ၁၀။ ပနာဒယက္ခသေနာပတိနတ်။ ၁၁။ သြပမညယက္ခသေနာပတိနတ်။ ၁၂။ ဒေ
ဝသုတယက္ခသေနာပတိနတ်။ ၁၃။ စိတ္တသေနယက္ခသေနာပတိနတ်။ ၁၄။ နဠောရာဇယက္ခသေနာ
ပတိနတ်။ ၁၅။ ဇနေသဘယက္ခသေနာပတိနတ်။ ၁၆။ သာတာဂီရိယက္ခသေနာပတိနတ်။ ၁၇။ ဟေ
မ၀တယက္ခသေနာပတိနတ်။ ၁၈။ ပုဏ္ဏကယက္ခသေနာပတိနတ်။ ၁၉။ ကရတိယယက္ခသေနာပတိ
နတ်။ ၂၀။ သီဝတယက္ခသေနာပတိနတ်။ ၂၁။ မုစလိန္ဒယက္ခသေနာပတိနတ်။ ၂၂။ ဝေသာမိတ္တ
ယက္ခသေနာပတိနတ်။ ၂၃။ ယုဂန္ဓရယက္ခသေနာပတိနတ်။ ၂၄။ ဂေါပါလယက္ခသေနာပတိနတ်။
၂၅။ သုပ္ပရေဓယက္ခသေနာပတိနတ်။ ၂၆။ ဟိရိယက္ခသေနာပတိနတ်။ ၂၇။ နေတ္တိယက္ခသေနာပတိ
နတ်။ ၂၈။ မန္ဒိယယက္ခသေနာပတိနတ်။ ၂၉။ ပဉ္စာလစန္ဒယက္ခသေနာပတိနတ်။ ၃၀။ အာဠာဝက
ယက္ခသေနာပတိနတ်။ ၃၁။ ပဇ္ဇုန္နယက္ခသေနာပတိနတ်။ ၃၂။ သုမနယက္ခသေနာပတိနတ်။
၃၃။ သုမုခယက္ခသေနာပတိနတ်။ ၃၄။ ဒဓိမုခယက္ခသေနာပတိနတ်။ ၃၅။ မဏိယက္ခသေနာပတိ
နတ်။ ၃၆။ မဏိဓရယက္ခသေနာပတိနတ်။ ၃၇။ သေရိသကယက္ခသေနာပတိနတ်။ တို့ဖြစ်၏။

 
အပြင် (၃၇) မင်းကား ၁။ သိကြားနတ်။ ၂။ မဟာဂိရိနတ်။ ၃။ နှမတော် မောင်ကြီးရှင်နတ်
၎။ ရွှေနပေနတ်။ ၅။ သုံးပန်လှနတ်။ ၆။ တောင်ငူရှင်မင်းခေါင်နတ်။ ၇။ မင်းတရားနတ်။ ၈။ သံ
တော်ခံနတ်။ ၉။ ရွှေနော်ရထာနတ်။ ၁၀။ အောင်စွာမကြီးနတ်။ ၁၁။ ငါးစီးရှင်နတ်။ ၁၂။ အောင်ပင်
လယ်ရှင်ဖြူရှင်နတ်။ ၁၃။ တောင်မကြီးနတ်။ ၁၄။ မြောက်မင်းရှင်ဖြူနတ်။ ၁၅။ ရှင်တော်နတ်။
၁၆။ ညောင်ချင်းနတ်။ ၁၇။ တပင်ရွှေထီးနတ်။ ၁၈။ မင်းရဲအောင်ထင်နတ်။ ၁၉။ ရွှေစစ်သင်နတ်။
၂၀။ မယ်တော်ရွှေစကားနတ်။ ၂၁။ မောင်ဘိုးတူနတ်။ ၂၂။ ယွန်းဘုရင်နတ်။ ၂၃။ မောင်မင်းဖြူနတ်
၂၄။ မန္တလေးဘိုးတော်။ ၂၅။ ရွှေဖျဉ်းကြီးနတ်။ ၂၆။ ရွှေဖျဉ်းငယ်နတ်။ ၂၇။ ဒါန်းမောင်ရှင်နတ်။
၂၈။ ထီးဖြူဆောင်းနတ်။ ၂၉။ ထီးဖြူဆောင်းမယ်တော်နတ်။ ၃၀။ ပရိမ္မရှင်မင်းခေါင်နတ်။ ၃၁။ မင်း
စည်သူနတ်။ ၃၂။ မင်းကျော်စွာနတ်။ ၃၃။ မြောက်ဖက်ရှင်မနတ်။ ၃၄။ အနောက်မိဖုရားနတ်။
၃၅။ ရှင်ကုန်းနတ်။ ၃၆။ ရှင်ကွနတ်။ ၃၇။ ရှင်နဲမိနတ်။ တို့ ဖြစ်၏။

 
ကျမ်းဂန်ပြင်ပ နတ်စာရင်းကို ကြည့်ပါက သိကြားနတ်ကို ဖယ်လိုက်လျှင် မြန်မာပြည်ဖြစ်
နတ်တွေချည်းတွေ့ရ၏။ ဥပစ္ဆေဒကကံဖြင့် သေကြရပြီး နတ်စိမ်းများ ဖြစ်ကြသဖြင့် ထေရ၀ါဒ
ဗုဒ္ဓဘာသာအရ ဘုံဖြင့်တိုင်းလျှင် ပြိတ္တာဘုံ၌ပါဝင်ပြီး (အပါယ်လေးဘုံ = ၁။ ငရဲ၊ ၂။ ပြိတ္တာ၊ ၃။
တိရစ္ဆာန်၊ ၄။ အသူရကာယ်) လူသားစင်စစ်ထက် နိမ့်ကျပါ၏။ ဓမ္မမိတ်ဆွေအပေါင်းတို့ ကလည်း
ကိုးကွယ်သင့် မသင့်ကို နားလည် သဘောပေါက်ကြပြီး မိမိဘ၀မြင့်မြတ်အောင် ကျင့်ကြံအားထုတ်
ကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။

 
{နှစ်ဖက်လှ ဦးကျော်လွင်၏ ဗုဒ္ဓဘာသာ လူထက်လူ မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
 
ဦးသိန်းဝေ။

http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

အိုင်တီပစ္စည်းများနှင့် ဥာဏ်များသောသူတို့အကြောင်း (သတိ အမျိုးသမီးများ ဖက်ဖြစ်အောင်ဖက်ပေးပါ ထို့အတူ ပြန်လည် share ခြင်းဖြင့် မြန်မာအမျိုးသမီးကောင်းများအား အသိပေးခြင်း (၀ါ) အရှက်နှင့်သိက္ခာအား ကယ်တင်ပေးပါရန်)


ယခုလိုတိုးတတ်နေသော IT ခေတ်ကြီးတွင် လူတစ်ချို့၏လွဲမှားစွာအသုံးချနေသော နည်းပညာစမ်းများကြောင့် အထူးသဖြင့် လက်ရှိမြန်မာအမျိုးသမီးများအား များစွာထိခိုက်နစ်နာနေရပါသည် ။ အထူးသဖြင့် ဟိုတယ်အခန်းတွင် ကင်မရာတပ်ဆင်ခြင်း ၊ အင်တာနက်ဆိုင်တွင် admin များမှ user များ၏ skype, vzo, tango သုံးစွဲနေမှုအပေါ် privacy ချိုးဖေါက်ခြင်း (မှတ်ချက် ။ Internet ဆိုင်များတွင်ချိတ်ဆက်ထားသော စက်အလုံးတိုင်းအား Admin မှ ကောင်းကောင်းထိန်းချုပ်နိုင်ပါသည် ။ 
အထူးသဖြင့် သုံးစွဲသူ user screen အား Admin စက်မနေ၍ှ ဘယ်သူနဲ့စကားပြောနေသည် ဘာတွေလုပ်နေသည်ကို video record များလုပ်နိုင်ခြင်း) ။ 


ထို့အပြင် လက်ဆွဲအိတ်အရှည်အား အောက်ဘက်နားတွင်ဖေါက်ကာ video recorder အသေးစားများတပ်ဆင်၍ စကပ်တိုသော အမျိုးသမီးများအောက်သို့ ရောက်စေကာ အမျိုးသမီးအတွင်းခံများအား အရသာခံဖို့အတွက် ကူးယူထားခြင်း ။ အ၀တ်လှဲခန်း၏ မျက်နှာကြပ် ထို့အပြင် အ၀တ်လှဲခန်းထဲမှ မှန် နောက်မှတဆင့် video များရိုက်ယူထားခြင်း ။ အပေါ်ဆုံးထပ်နေသော အပျိုလေးများအဖို့ တဖက်ခန်းမှ ရေချိုးခန်း အိပ်ခန်း အ၀တ်လှဲခန်းဆီသို့ video recorder အသေးစားလေးများအား သံချောင်း (သို့) တုတ်ချောင်းလေးများဖြင့် မသိမသာ လွတ်သောကြားနေရာမှတဆင့် တစ်ဖက်ခန်းသို့ရောက်စေခြင်းဖြင့် video များရိုက်ကူးထားခြင်း ။ 

အိမ်သာများတွင်လည်း video camera များ အပေါ်မှသောလည်းကောင်း အရှေ့ဘက်မှသောလည်းကောင်း အနောက်ဘက်မှသောလည်းကောင်း တပ်ဆင်ထားခြင်း ။ 
အင်္ကျီကြယ်သီးအရွယ်ခန့် video recorder များဖြင့် မိမိချစ်သူအား အခွင့်အရေးယူကာ ရိုက်ယူထားခြင်း (၀ါ) အသံဖမ်းထာခြင်း ။ အများနှင့်အတူတွဲသုံးရသော ရေချိုးခန်းများထဲတွင် video recorder များအား ခေါင်းလျှော်ရည်ဗူးထဲသို့အပေါက်ဖေါက်ထည့်ကာ ရေချိုးသူမသိအောင် ရှေ့မှသောလည်းကောင်း
 ဘေးကသောလည်းကောင်း အနောက်မှသောလည်းကောင်း အသွင်ပြောင်း၍ ရိုက်ယူထားခြင်း ။ အထူးသဖြင့် KTV တွင်းရှိ အိမ်သာများရှိ ကြည့်မှန်များနောက်တွင်မှ vieo များရိုက်ယူထားခြင်း (မှတ်ချက် ။ မိသားစု သူငယ်ချင်းများအလိုက် သီချင်းသွားဆိုခြင်းကိုဆိုလိုသည်) ။ 

လိုင်းကားများပေါ်တွင် နေရာရ၍ထိုင်သော အမျိုးသမီး၏ လည်ပင်းဟိုက်နေမှုအပေါ် ဘေးနားမှ မက်တပ်ရပ်ကာ ဖုန်းပြောသလိုလုပ်ပြီး video ရိုက်ယူထားခြင်း (မှတ်ချက် ။ မိုးဟေကို) ။ ကိုယ်လုံးလှသော အမျိုးသမီးများနောက်မှ ထပ်ကြပ်မကွာလိုက်၍ သတင်းစာစက္ကူဖြင့် video recorder အားပတ်၍ တစ်ခါတလေလက်ဖြင့်ကိုင်ထား၍သောလည်းကောင်း ချိုင်းကြားတွင်ညှပ်ထား၍သောလည်းကောင်း ထိုအမျိုးသမီး၏ နောက်ပိုင်းအား လိုက်လံရိုက်ကူးခြင်း ။ ကားမှတ်တိုင်များတွင် sms ပို့သလိုလို internet သုံးသလိုလိုလုပ်ကာ ရှေ့တွင်ရှိသော အမျိုးသမီး၏ နောက်ပိုင်းအား အရသာခံကာ ရိုက်ယူခြင်း ။ 


ဓါတ်လှေကားတွင်းတစ်ယောက်တည်းလိုက်ပါသော အမျိုးသမီး၏ ထမီပြန်ဝတ်ခြင်းအပေါ် video record လုပ်ထားခြင်း ။ အိမ်ပေါ်မှနေ၍ ကားမှတ်တိုင်တွင်ရှိသော အမျိုးသမီးနောက်ပိုင်းအား resolution ကောင်းကောင်းဖြင့် video (သို့) photo ရိုက်ယူထားခြင်း ။ စားသောက်ဆိုင်တွင်ထိုင်နေသော အမျိုးသမီး၏နောက်ပိုင်းအား အနောက်မှ မသိမသာ ဓါတ်ပုံရိုက်ယူထားခြင်း ။ နယ်များတွင် မိန်းခလေးဆောင်များ၏ ရေချိုးခန်းကျယ်အား သစ်ပင်ပေါ်မှတက်၍ video ရိုက်ယူထားခြင်း ။ plaza တွင်းရှိ အမျိုးသမီးအိမ်သာထဲသို့ camera များတိုက်ရိုက် ခိုးဝှက်စွာ အပေါ်မှနေ၍ တပ်ဆင်ထားခြင်း စသဖြင့် များစွာ အမျိုးသမီးများ၏ လုံခြုံမှုကို ထိခိုက်စေသော အပြုမှုများ များစွာရှိနေပါသည် ရှင် ....


ထို့ကြောင့် အမျိုးသမီးများအနေဖြင့် ဘယ်သွားသွားဘယ်လာလာ ထိုလူတစ်ယောက်သည် မိမိ၏နောက်တွင် ရှိနေရင်သော်လည်းကောင်း ၊ ကားစီးနေလျှင် ဘေးနားကသော်လည်းကောင်း ၊ ကားစောင့်နေလျှင် အနောက်ဘက်ကသူအားလည်းကောင်း ၊ ရေချိုးတော့မည်ဆိုလျှင် ခေါင်းလျှော်ရည်ဗူးများအားလည်းကောင်း ၊ ဓါတ်လှေကားစီးလျှင် CCTV အားလည်းကောင်း ၊ မိမိမက်တပ်ရပ်နေလျှင် မိမိ စကပ်အောက်နားသို့ ရောက်လာသော အိတ်တစ်အိတ်အားလည်းကောင်း ၊ အင်တာနက်သုံးစွဲလျှင် Admin သိနိုင်သည်ဟူ၍လည်းကောင်း ၊ ကြယ်သီးပုံစံအရွယ်ရှိ spy video recorder များအားလည်းကောင်း သတိရှိကြပါရှင် ။ ထို့အပြင် မိမိသည် ထိုင်နေလျှင်သော်လည်းကောင်း အောက်စလွတ်ခြင်းများ လည်ဟိုက်နေခြင်းများအားလည်း သတိရှိစေချင်ပါသည် ။ သို့မဟုတ်ပါက သင်တို့ပုံများသည် အင်တာနက်သို့ရောက်လာမည်မှာ ၁၀၀% သေချာကြောင်းထပ်လောင်း သတိပေးပါရစေရှင် ။

 မှတ်ချက် မိမိနှင့် ပေါင်းသင်းဆက်ဆံနေသူသည် အိမ်ထောင်ပင်ရှိသော်ငြားလည်း စိတ်သည် ရှိနေမည်ဖြစ်ရာ မယုံကြည်ကြပါနှင့် ။ ထိုအိမ်ထောင်ရှင်သည် သင့်ရင်သားနှင့်သင့်တင်ပါးကို သင်မသိလိုက်ချိန်တွင် ခဏခဏကြည့်နေမည်မှာ သင်မသိပါ၏လော ။ ထို့ကြောင့် မိမိသည် sexy အရမ်းကျသောအ၀တ်အစားများအား ၀တ်ခြင်းအားတတ်နိုင်သမျှ ရှောင်ပါကအကောင်းဆုံးဖြစ်မည်ဟု ထင်မိပါသည်ရှင် ။ ခက်တာက ထိုသူတို့သည် sexy မကျလည်း ကိုယ်လုံးလှပါက ရှောင်မည်မဟုတ်ပါ ။ မည်သို့ပင်ဖြစ်စေ ကျွန်မတို့တွေသည် အားလုံးမရှောင်နိုင်ပေမယ့် မိမိ၏ နေထိုင်ဝတ်စားမှုအပေါ်တွင် အမြဲသတိရှိနေကြပါရန် လေးစားစွာ တိုက်တွန်းအပ်ပါသည်ရှင် ...

Credit >>>>> Moe Hnin Phyu

30 Jul 2014

ပရလောကသားများ၏ အကူအညီဖြင့် ဆယ်ယူတော့မည့် ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး

 
 
နှစ်ပေါင်းများစွာ ကတည်းက ရေအောက်တွင် နစ်မြုပ်နေခဲ့သော ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးအား လာမည့် မြန်မာသက္ကရာဇ် ၁၃၇၆ခုနှစ် ၀ါဆိုလဆန်း ၁၄ ရက်( သြဂုတ်လ ၈ရက်)တွင် ရေထဲမှ ကုန်းပေါ်သို့ နှစ်ပတ်အတွင်း ဆယ်ယူသွားမည် ဖြစ်ကြောင်း ခေါင်းလောင်းတော်ကြီးအား ဦးဆောင်ဆယ်ယူမည့်သူ ဦးစံလင်း(ကော့သောင်း)၏ ပြောကြားချက်အရ သိရသည်။


ယင်းနှင့်ပတ်သတ်သည့် သတင်းစာ ရှင်းလင်းပွဲအား ဇူလိုင်လ၂၅ရက်က ရန်ကုန်မြို့ Orchid Hotelတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ပရလောကသား အကူညီများဖြင့် ဆယ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။


“ခေါင်းလောင်းဆယ်ယူတဲ့ နေရာမှာ မြင်အပ်မမြင်အပ် ပုဂ္ဂိုလ်တွေ ဖြစ်တဲ့ ပရလောကသားတွေရဲ့ အကူအညီနဲ့ ဆယ်ယူသွားမှာပါ။ သိပံ္ပခေတ်ကြီး ရောက်နေတဲ့ အတွက် ပရလောက အကူအညီနဲ့ ဆယ်တယ်ဆိုတာ ယုံချင်မှယုံမှာပါ။ ဒါပေမဲ့ မယုံလို့တော့ မရပါဘူး” ဟု ခေါင်းလောင်းတော်ကြီး ဆယ်ယူမည့် ဦးစံလင်းက ပြောကြားသည်။


ခေါင်းလောင်းတော်ကြီးသည် ရေအောက်၌ နစ်မြုပ်တည်ရှိနေသည်ကို ဒဏ္ဍာရီပုံပြင်ဆန်ဆန် မှတ်ယူနေကြသော်လည်း ယခုကဲ့သို့ ဆယ်ယူမည်ဟု ဆိုခြင်းကို မဖြစ်နိုင်ဟု ထင်မြင်ယူဆနေကြ သော်လည်း ၄င်းခေါင်းလောင်းတော်ကြီးကို ယခုအခါ ရှိ/မရှိ ရှာဖွေခြင်း မဟုတ်ဘဲ မြန်မာ့နည်း၊ မြန်မာ့ဟန် အဆင့်မြင့် နည်းပညာများအပြင် သီလ၊သမာဓိ၊ပညာ ကတိသစ္စာများနှင့် ၁၂နှစ်တိတိ ကြိုးစားအားထုတ်ပြီးမှ ယခုကဲ့သို့ တူးဖော်ဆယ်ယူခြင်း လုပ်ငန်းကို ဆောင်ရွက်မှာဖြစ်ပြီး ရှာဖွေခြင်း လုပ်ငန်းကို လုပ်ဆောင်ခဲ့သည့်အပြင် ၁၁-၈-၁၉၉၈ ခုနှစ် မြန်မာ သက္ကရာဇ် (၁၃၆၀ပြည့်နှစ် ၀ါခေါင် လပြည့်ကျော်၎ရက်)တွင် ရေအောက်သို့ ကိုယ်တိုင်ရေငုတ် ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း ၄င်းက ဆိုသည်။


ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးသည် ရေအောက် ၂၇ပေ၊ မြေကြီးအောက် ၂၅ပေ၊ စုစုပေါင်း ၅၂ ပေတွင် တည်ရှိနေသည်ကို တွေ့ရှိရပြီး နစ်မြုပ်လျက်ရှိသော ခေါင်းလောင်းတော်ကြီး အပေါ်တွင် ပေ၁၀၀ အရှည်ရှိသော ဂျပန်ခေတ်က နစ်မြုပ်ခဲ့သည့် သံသင်္ဘောကြီးရှိနေပြီး ၎င်းကို ဖယ်ရှားပြီးမှသာလျှင် ၄င်းဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို ဆယ်ယူရရှိမည်ဖြစ်ကြောင်း၊ ဆယ်ယူရာ၌ ၀ါခေါင်လအပြီး ရေစီးအသန်ဆုံးနှင့် အကြမ်းဆုံးအချိန်ကို ရွေးချယ်ထားကြောင်း ဓမ္မစေတီခေါင်း လောင်းတော်ကြီးသည် လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ကျော် ကမ္ဘာပေါ်တွင် “သံ” မပေါ်ခင် အချိန်က ရွှေ၊ ငွေ၊ ကြေး၊ ဘော်၊ သတ္တု လေးမျိုးဖြင့် သွန်းလောင်းထားပြီး သံပါဝင်ခြင်း မရှိသည့်အတွက် ယခုအခါ ခေါင်းလောင်းတော်ကြီး၏ (ပုဇွန်တုပ်ကွေး) ကွင်းသည် မရှိတော့ပဲ ခေါင်းလောာင်းတော်ကြီးမှာ အောက်သို့ ၄၅ ဒီဂရီ စောင်းနေပြီး အ၀မှာ အပေါ်တွင် ရှိနေသောကြောင့် ခေါင်းလောင်းတော်ကြီးကို Buffer စနစ်ဖြင့် Bouyancy ပြုလုပ်ကာ ကုန်းပေါ်သို့အရောက် ဆယ်ယူ သွားမည်ဖြစ်ကြောင်း ဦးစံလင်းက ဆိုသည်။


“ဆယ်ယူမည့်အချိန်က အကြာဆုံး ၃ရက်၊ အခက်အခဲရှိရင် ၁၀ရက်လောက် ကြာသွားနိုင်ပါတယ်” ဟု ဦးစံလင်းက ခေါင်းလောင်းတော်ကြီးအား ဆယ်ယူမည့် ကြာချိန်ကို ပြောကြားခဲ့သည်။


အဆိုပါ ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို သယ်ယူရန် သြဂုတ်လ ၈ရက်နေ့တွင် စတင် အချိန်ယူကာ သြဂုတ်လ ၉ ရက်နေ့မှ သြဂုတ်လ ၂၆ရက်နေ့အထိ နောက်ဆုံးထားကာ ဆယ်ယူသွားမည် ဖြစ်ပြီး ယင်းသို့ဆယ်ယူရန် အတွက်ကိုလည်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရထံမှ ဇူလိုင်လ ၁၄ရက်က ခွင့်ပြုချက်ရရှိခဲ့ပြီးဖြစ်ကာ ဆယ်ယူရန် ခန့်မှန်း ကုန်ကျငွေ (၁၈၆၄၀၀၀၀၀) သိန်းခန့် ကုန်ကျနိုင်မည် ဖြစ်ကြောင်းနှင့် ဆယ်ယူပြီးစီးပါကလည်း ၄င်းဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို တပ်မတော်(ရေ)တပ်၊ ဧရာဝတီရေတပ် စခန်း ဌာနချုပ်၊ အမြောက်ကြီး နေရာတွင် တင်ပြီး စစ်ရေးပြအဆောင်တွင် ၃လခန့်အချိန်ယူကာ သတ္တုလေးမျိုး ဓာတ်ပြုမှုကြောင့် ခေါင်းလောင်းတော်ကြီး၌ တွယ်ကပ်နေသော ချေးများကို အနုစိတ် ရှင်းလင်း ဆောင်ရွက်ပြီး ရွှေတိဂုံ စေတီတော်ကြီး၌ အပူဇော်ခံ ထားသွားမည်ဖြစ်ကြောင်း ဦးစံလင်းက ပြောကြားခဲ့သည်။
 
 
Tomorrow News