18 Jul 2014

ရေစုန် ရေဆန်

 
ရေစုန် ရေဆန်
---------------

စိတ်ဟာ မကောင်းမှုမှာ မွေ့လျော်တယ်လို့ဆိုခဲ့တယ်မဟုတ်လား။ မကောင်းမှုဘက်ကို လိုက်သွား
တာဟာ “ရေစုန်” မှာအလိုက်သင့်မျောပါသွားတာ မဟုတ်လား။ 
 
ဘာမှမပင်ပန်းပါဘူး။ ကောင်းရာကောင်းမှုကို
လုပ်ရဲတာကတော့ စိတ်ရဲ့အလိုဆန္ဒကို ဆန့်ကျင်ပြီးလုပ်ရတာ၊ မွေ့လျော်မှုကို စွန့်ပစ်လိုက်ရတာ၊ ဒါ့ကြောင့်
ရေဆန်ကိုလိုက်ရတာပဲ။ “ရေစုန်အပေါင်းအသင်း” တွေကိုရှောင်ပြီး “ရေဆန်အပေါင်းအသင်း” တွေနဲ့ တွဲဖက်
ဆန်တက်နိုင်အောင် ကြိုးပမ်းသင့်ကြပါတယ်။

_ အောင်သင်း _ မျိုးဆက်သစ်တိုးတက်ရစ်ဖို့
by စာရေးဆရာ အောင်သင်း


0 comments:

Post a Comment