18 Jul 2014

ဖြစ်ပါ့မလားလို့ တွေးနေသ၍တော့ ... ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး

 
 
ဖြစ်ပါ့မလားလို့ တွေးနေသ၍တော့ ...
ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။

အလုပ်လုပ်ရင် ...
အမှားတွေရှိမယ် ...
အခက်အခဲတွေရှိမယ် ...။

မှားမှာကို ကြောက်တာဟာ
တိုးတက်မှုရဲ့သေခြင်းတဲ့ ...။

အမှားဟာ ...
စိတ်ညစ်စရာ မဟုတ်ပါဘူး
သင်ခန်းစာ ယူစရာပါ ...။

အခက်အခဲဟာလည်း ...
စိတ်ပျက်စရာ မဟုတ်ပါဘူး
တိုးတက်စေတဲ့ လမ်းပါ ...။

သေးငယ်တဲ့ အခက်အခဲဟာ
ကြီးမားတဲ့ အခက်အခဲအတွက်
လေ့ကျင့်ခန်းတစ်ခုပါ ...။

အခက်အခဲတွေ ...
အမှားတွေ ကြုံတွေ့မှ ...
မိမိလိုအပ်ချက်တွေ ...
မိမိအားနည်းချက်တွေကို ...
သိရှိပြုပြင်နိုင်မယ် မဟုတ်ပါလား ?

ဖြစ်ပါ့မလားလို့ တွေးနေသ၍တော့ ...
ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။

ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ...
ယုံကြည်ချက်ရှိမှ ...
ဖြစ်ချင်တာတွေ ဖြစ်လာပါလိမ့်မယ် ...။

@}-;-'-- မျိုးဝဏ္ဏ @}-;-'--
By စာပေဥယျာဉ်

0 comments:

Post a Comment