19 Aug 2014

မစ္ဆရိယ ကင်းစွာနေထိုင်ပါ

Photo: ***   မစ္ဆရိယ ကင်းစွာနေထိုင်ပါ ***
**************************

မစ္ဆရိယ တရားကို ဖယ်ရှားနိုင်တဲ့ပုဂ္ဂိုလ်
မစ္ဆရိယဆိုတာ ဘာပြောတာလဲဆိုတော့
ကိုယ်ရထားတဲ့ အခွင့်အရေးတစ်ခုကို
သူများကို မရစေချင်တာ။

သာမန်အားဖြင့်ပြောနေကြတာက
မစ္ဆရိယဆိုတာ နှမြောတယ်လို့ပဲပြောနေကြတာ
နှမြောတယ်ဆိုတဲ့ အဓိပ္ပာယ်က
ကိုယ့်ပစ္စည်း ကိုယ်မလှူရက်လို့
နှမြောတယ်ဆိုတဲ့အဓိပ္ပာယ်
တစ်မျိုးထင်ရတာ။

 မစ္ဆရိယဆိုတာ
ကိုယ်ရထားတဲ့ အခွင့်အရေးကို
သူများမရစေချင်တာ။

 ကိုယ်အောင်မြင်ကြီးပွားသလို
သူများကို မကြီးပွားစေချင်တာ
ဒါမျိုးကို မစ္ဆရိယလို့ခေါ်တယ်။

ဥပမာ- လူတစ်ယောက်ရဲ့
ဂုဏ်ကျေးဇူးကို ချီးမွမ်းတဲ့အခါမှာ
အမှန်ကို အမှန်တိုင်း မချီးမွမ်းချင်ဘူး
ထိမ်ချန်ထားချင်တယ်
ဒါလည်း မစ္ဆရိယပဲ။

 မစ္ဆရိယ(  ၅  ) မျိုးရှိတယ်

အာဝါသမစ္ဆရိယ-အဆောက်အအုံ
နေရာထိုင်ခင်းနှင့်ပတ်သက်ပြီး 
ဝန်တိုတာ

ကုလမစ္ဆရိယ-အပေါင်းအသင်းနှင့်
ပတ်သက်ပြီး ဝန်တိုတာ။

လာဘမစ္ဆရိယ-ကိုယ်ရထားတဲ့ လာဘ်
လာဘနှင့်ပတ်သက်ပြီး ဝန်တိုတာ။

ဝဏ္ဏမစ္ဆရိယ-ဂုဏ်ကျေးဇူးတို့ ချီးမွမ်းခံရတဲ့စကားတို့ နှင့်ပတ်သက်ပြီးဝန်တိုတာ

ဓမ္မမစ္ဆရိယ-တရားဓမ္မနှင့်ပတ်သက်ပြီး
ဝန်တိုတာတို့ ထိုဝန်တိုမှု မစ္ဆရိယတရား
(  ၅  ) မျိုးရှိတယ်။

အဲဒီအထဲက ဓမ္မမစ္ဆရိယဟာ
အဆိုးဆုံးပဲတဲ့ တရားနဲ့ပတ်သက်ပြီး
ဝန်တိုပြီး သူများကိုမပြောဘူး
ကိုယ်သိတဲ့တရား သူများသိသွားရင်
ကိုယ်နဲ့သူနဲ့တန်းတူဖြစ်သွားမှာဆိုပြီး
ဝန်တိုတာ ကြံကြံဖန်ဖန် ဝန်တိုတာနော်
အဲဒါမျိုးကို ဓမ္မမစ္ဆရိယလို့ခေါ်တယ်။

အကျဉ်းအားဖြင့်တော့ ကိုယ်ကြီးပွားသလို
မကြီးပွားစေချင်တာ။

မစ္ဆရိယရဲ့သဘောတရားကို စဉ်းစားကြည့်
အားလုံးတွေ့ဖူးမှာပါ 

ကြောင်ကလေးတွေ
ခွေးကလေးတွေ ကြောင်ကလေးတွေ
သူတို့ပါးစပ်ထဲမှာ ကြွက်ကလေးတစ်ကောင်
ရလာလို့ရှိရင် မာန်ဖီနေတာကို တွေ့ရလိမ့်မယ် ဘာအတွက်မာန်ဖီတာတုန်း
ဆိုရင်  သူရထားတဲ့အစာကို လာပြီးမထိနဲ့
ဆိုတဲ့အဓိပ္ပာယ်ပဲဘေးကအကေါင်တွေကို
ုရန်လုပ်တယ်။

ဒါဘာတုန်းဆိုရင် မစ္ဆရိယသဘောကို 
ပြောတာနော်။

ကိုယ်ရထားတဲ့ အခွင့်အရေးတစ်ခုကို
သူများနဲ့ ရှယ်ယာ မလုပ်နိုင်ဘူး။

အဲဒီမစ္ဆရိယတရားသည်
လူရဲ့   society အသင်းအဖွဲ့တစ်ခုမှာ
အန္တရာယ်ပြုပြီး စည်းလုံးရေးကို 
ပျက်ပွားစေတဲ့ တရားဖြစ်သောကြောင့်
အဲဒီ "မစ္ဆရိယတရား" ဖယ်ရှားရမယ်တဲ့။

ဒေါက်တာနန္ဒမာလာ ပါချုပ်ဆရာတော်
့

*** မစ္ဆရိယ ကင်းစွာနေထိုင်ပါ ***
**************************

မစ္ဆရိယ တရားကို ဖယ်ရှားနိုင်တဲ့ပုဂ္ဂိုလ်
မစ္ဆရိယဆိုတာ ဘာပြောတာလဲဆိုတော့
ကိုယ်ရထားတဲ့ အခွင့်အရေးတစ်ခုကို
သူများကို မရစေချင်တာ။

သာမန်အားဖြင့်ပြောနေကြတာက
မစ္ဆရိယဆိုတာ နှမြောတယ်လို့ပဲပြောနေကြတာ
နှမြောတယ်ဆိုတဲ့ အဓိပ္ပာယ်က
ကိုယ့်ပစ္စည်း ကိုယ်မလှူရက်လို့
နှမြောတယ်ဆိုတဲ့အဓိပ္ပာယ်
တစ်မျိုးထင်ရတာ။

မစ္ဆရိယဆိုတာ
ကိုယ်ရထားတဲ့ အခွင့်အရေးကို
သူများမရစေချင်တာ။

ကိုယ်အောင်မြင်ကြီးပွားသလို
သူများကို မကြီးပွားစေချင်တာ
ဒါမျိုးကို မစ္ဆရိယလို့ခေါ်တယ်။

ဥပမာ- လူတစ်ယောက်ရဲ့
ဂုဏ်ကျေးဇူးကို ချီးမွမ်းတဲ့အခါမှာ
အမှန်ကို အမှန်တိုင်း မချီးမွမ်းချင်ဘူး
ထိမ်ချန်ထားချင်တယ်
ဒါလည်း မစ္ဆရိယပဲ။

မစ္ဆရိယ( ၅ ) မျိုးရှိတယ်

အာဝါသမစ္ဆရိယ-အဆောက်အအုံ
နေရာထိုင်ခင်းနှင့်ပတ်သက်ပြီး
ဝန်တိုတာ

ကုလမစ္ဆရိယ-အပေါင်းအသင်းနှင့်
ပတ်သက်ပြီး ဝန်တိုတာ။

လာဘမစ္ဆရိယ-ကိုယ်ရထားတဲ့ လာဘ်
လာဘနှင့်ပတ်သက်ပြီး ဝန်တိုတာ။

ဝဏ္ဏမစ္ဆရိယ-ဂုဏ်ကျေးဇူးတို့ ချီးမွမ်းခံရတဲ့စကားတို့ နှင့်ပတ်သက်ပြီးဝန်တိုတာ

ဓမ္မမစ္ဆရိယ-တရားဓမ္မနှင့်ပတ်သက်ပြီး
ဝန်တိုတာတို့ ထိုဝန်တိုမှု မစ္ဆရိယတရား
( ၅ ) မျိုးရှိတယ်။

အဲဒီအထဲက ဓမ္မမစ္ဆရိယဟာ
အဆိုးဆုံးပဲတဲ့ တရားနဲ့ပတ်သက်ပြီး
ဝန်တိုပြီး သူများကိုမပြောဘူး
ကိုယ်သိတဲ့တရား သူများသိသွားရင်
ကိုယ်နဲ့သူနဲ့တန်းတူဖြစ်သွားမှာဆိုပြီး
ဝန်တိုတာ ကြံကြံဖန်ဖန် ဝန်တိုတာနော်
အဲဒါမျိုးကို ဓမ္မမစ္ဆရိယလို့ခေါ်တယ်။

အကျဉ်းအားဖြင့်တော့ ကိုယ်ကြီးပွားသလို
မကြီးပွားစေချင်တာ။

မစ္ဆရိယရဲ့သဘောတရားကို စဉ်းစားကြည့်
အားလုံးတွေ့ဖူးမှာပါ

ကြောင်ကလေးတွေ
ခွေးကလေးတွေ ကြောင်ကလေးတွေ
သူတို့ပါးစပ်ထဲမှာ ကြွက်ကလေးတစ်ကောင်
ရလာလို့ရှိရင် မာန်ဖီနေတာကို တွေ့ရလိမ့်မယ် ဘာအတွက်မာန်ဖီတာတုန်း
ဆိုရင် သူရထားတဲ့အစာကို လာပြီးမထိနဲ့
ဆိုတဲ့အဓိပ္ပာယ်ပဲဘေးကအကေါင်တွေကို
ုရန်လုပ်တယ်။

ဒါဘာတုန်းဆိုရင် မစ္ဆရိယသဘောကို
ပြောတာနော်။

ကိုယ်ရထားတဲ့ အခွင့်အရေးတစ်ခုကို
သူများနဲ့ ရှယ်ယာ မလုပ်နိုင်ဘူး။

အဲဒီမစ္ဆရိယတရားသည်
လူရဲ့ society အသင်းအဖွဲ့တစ်ခုမှာ
အန္တရာယ်ပြုပြီး စည်းလုံးရေးကို
ပျက်ပွားစေတဲ့ တရားဖြစ်သောကြောင့်
အဲဒီ "မစ္ဆရိယတရား" ဖယ်ရှားရမယ်တဲ့။

ဒေါက်တာနန္ဒမာလာ ပါချုပ်ဆရာတော်
 
 

0 comments:

Post a Comment