12 Sept 2014

ကမ္ဘာ့ပထမဆုံးနေစွမ်းအင်သုံးလေယာဉ် မြန်မာ့လေပိုင်နက် အတွင်း ဝင်ရောက်ရပ်နားမည်


ဆွစ်ဇာလန်နိုင်ငံရှိ ကမ္ဘာ့ပထမဆုံး နေစွမ်းအင်သုံးလေယာဉ် ကမ္ဘာပတ်မည့်အစီ အစဉ်တွင် မြန်မာ့လေပိုင်နက်အတွင်း ဝင် ရောက်ပျံသန်း ရပ်နားခွင့်ကို သမ္မတဦးသိန်းစိန် က ခွင့်ပြုလိုက်ကြောင်း သိရသည်။


စက်တင်ဘာ ၅ ရက်က ပြုလုပ်သော သမ္မတဦးသိန်းစိန်နှင့် ဆွစ်ဇာလန်သမ္မတ Burkhalter တို့ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန် ဆွစ်ဇာလန်နိုင်ငံ၌ တွေ့ဆုံစဉ် ဆွစ်ဇာလန် သမ္မတ၏ တောင်းဆိုမှုအား သမ္မတဦးသိန်းစိန် က ခွင့်ပြုလိုက်ခြင်းဖြစ်သည်။


''မြန်မာနိုင်ငံအနေနဲ့ လွန်ခဲ့တဲ့ နှစ်နှစ် ကထက်စာရင် နိုင်ငံရေးပွင့်လင်းလာမှုက တိုး တက်လာနေပြီ။ ခုတွေ့ဆုံပွဲကစပြီး နောက် ပိုင်း ပုံမှန်တွေ့ဆုံမှုတွေ လုပ်ဖို့ရှိသလို နောက် လာမယ့်အချိန်မှာပဲ Solar Impluse လေ ယာဉ်ဟာ မန္တလေးလေဆိပ်ကို ဆင်းသက်ဖို့ ရှိပါတယ်'' ဟု အဆိုပါတွေ့ဆုံပွဲတွင် ထည့်သွင်း ပြောကြားသွားခဲ့သည်။


အဆိုပါပြောကြားချက်ကို သမ္မတဦးသိန်း စိန်ကခွင့်ပြုခဲ့ပြီး လာမည့် ၂ဝ၁၅ ခုနှစ် မတ်လ အတွင်း မြန်မာနိုင်ငံရှိ မန္တလေးလေဆိပ်သို့ ဆင်းသက်ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။


ဆွစ်ဇာလန်ရှိ ကမ္ဘာ့ပထမဆုံး လောင် စာမလိုဘဲ ပျံသန်းနိုင်သည့် နေစွမ်းအင်သုံး လေယာဉှ်Solar Impluse 2 အား ၁၂ နှစ် ကြာ စမ်းသပ်တီထွင်ပြီးနောက် ပထမဆုံးအကြိမ် နိုင်ငံတကာလေပိုင်နက်အတွင်း ဖြတ်
သန်းကာ ကမ္ဘာပတ်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါလေယာဉ်အား ၂ဝ၁၄ ဇွန် ၂ ရက် တွင် ဆွစ်ဇာလန်နိုင်ငံအတွင်း စမ်းသပ်မောင်း နှင်ခဲ့ပြီး အဆိုပါ စမ်းသပ်မောင်းနှင်မှုမှာ ကမ္ဘာ့ ပထမဆုံး လောင်စာအသုံးမပြုဘဲ နေစွမ်းအင် ဖြင့်သာ ကမ္ဘာတစ်ပတ် စမ်းသပ်မောင်းနှင် မည့် အကြိုမောင်းနှင်မှုတစ်ရပ်သာဖြစ်ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြပါရှိသည်။

အဆိုပါ လေထုညစ်ညမ်းမှုကို ကာကွယ် နိုင်မည့် နေစွမ်းအင်သုံးလေယာဉ်မှာ လက်ရှိ ကမ္ဘာ့အကြီးဆုံး ဘိုးရင်း ၇၄၇ ထက် ပိုမိုကြီး မားကာ အလေးချိန်မှာ ကားတစ်စီးထက် ပိုမို ပေါ့ပါးကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ် မတ်လအတွင်း ကမ္ဘာပတ် မည့်ခရီးစဉ် စတင်မည်ဖြစ်ကာ အာရေဗျပင် လယ်၊ အိန္ဒိယ၊ မြန်မာ၊ တရုတ် လေပိုင်နက် များအတွင်း ဖြတ်သန်းမောင်းနှင်မည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ မန္တလေးလေဆိပ်တွင် ခေတ္တ ရပ်နားမည်ဖြစ်ကြောင်း သိရသည်။
 
 
 ရန်ကုန်တိုင်းမ်



0 comments:

Post a Comment