23 Sept 2014

အများပြည်သူသိရှိရန် " မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါးများ " အသိပေးနှိုးဆော်ချက်




၁။ ကျန်းမာရေး ဝန်ကြီးဌာနသည် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ် အန္တရာယ် ကင်းရှင်းကာ အကျိုး အာနိသင် ရှိသော ဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စနစ်တကျ ကွပ်ကဲကြပ်မတ် လျက်ရှိပါသည်။


၂။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာနအနေဖြင့် ဈေးကွက်အတွင်းရှိ ဆေးဝါးများကို စိစစ်ခဲ့ရာ အောက် ဖော်ပြပါ ဆေးဝါး(၅)မျိုးသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်း မရှိသော တရားမဝင် ဆေးဝါးများ ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။


၃။ အများပြည်သူများသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများကိုဝယ်ယူသုံးစွဲခြင်း မပြုကြ ရန်နှင့် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ရရှိထားသော ဆေးဝါးများကို ဆရာဝန်ညွှန်ကြားချက်ဖြင့် ဝယ်ယူ သုံးစွဲပါရန် အသိပေးအပ်ပါသည်။ ထို့အပြင် ပြည်သူ့ကျန်းမာရေးအတွက် စောင့်ရှောက်မှုဆောင်ရွက်ပေးသူများ အနေဖြင့် မိမိတို့သုံးစွဲနေသည့် ဆေးဝါးများနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ် တစ်စုံတစ်ရာရှိပါက သတင်းပေးပို့ အကြောင်းကြားနိုင် ပါကြောင်း အသိပေးနှိုးဆော် အပ်ပါသည်။


၎။ ဆေးဝါးတင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီ၊ ဆေးဝါရောင်းချသည့် ဆေးဆိုင်များသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင် ထားခြင်းမရှိသောဆေးဝါးများ၊ ဆေးဝါးအတု၊ စံမညီဆေးဝါးများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်း လုံးဝ (လုံးဝ) မပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက အမျိုးသားဆေးဝါး ဥပဒေပုဒ်မ (၁၈)အရ တရားစွဲဆို အရေးယူမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။



ကျန်းမာရေးဝန်ကြီးဌာန
The Mirror Daily


0 comments:

Post a Comment