23 Oct 2014

ကမ္ဘာ့အဆင့် ပရိသတ်ဖြစ်ဖို့ အသင့်ဖြစ်ပြီလား

 
 
ဖမ်းစားနိုင်လွန်းတဲ့ Myanmar U-19
*****************************************

အခုတလော မြန်မာ U-19 ဘောလုံး အသင်းအကြောင်းက ဟော့တ်ဖြစ်နေသည်။ တစ်နိုင်ငံလုံးလဲ ဒီလူငယ်လေးတွေရဲ့ ဖမ်းစား မှုကို မတွန်းလှန်နိုင်။ သူတို့အကြောင်းက လူတိုင်းလိုလိုရဲ့ နှုတ်ဖျားမှာရေပန်းစားနေ သည်။ ၂ဝ၁၅ မှာလုပ်မယ့် ကမ္ဘာ့ယူ-၂ဝ ပြိုင်ပွဲ ကို ဒီကလေးတွေ ဝင်ရောက်ကစားခွင့်ရပြီ ဆိုတာ တွေးမိတော့ တွေးသမျှအကြိမ်အတိုင်း ကျေနပ်ပျော်ရွှင်စိတ်တွေ ဖြစ်ရသည်။ သူတို့ အတွက်လည်း ကျေနပ်ရသည်။ နိုင်ငံအတွက် လည်း ကျေနပ်ရသည်။ ဒီလိုရလဒ်ဖြစ်လာ အောင် ဝိုင်းဝန်း ကြိုးပမ်းကြသူတွေအတွက် လည်းကျေနပ်သည်။

ပြီးတော့ မြန်မာ့ဘောလုံးပရိသတ်အတွက် လည်း ကျေနပ်သည်။

''မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်'' ဆိုတဲ့မျှော်မှန်းချက်ကို မရသေးရင်တောင် ကမ္ဘာ့အဆင့်နားတော့ ချဉ်းကပ်မိပြီဟုယုံကြည်မိသည်။

ကမ္ဘာစော် လေးတော့ နံလာပြီလို့ဆိုနိုင်သည်။ ဒီတော့ ကျေနပ်စိတ်တွေဖြစ်ကြတာလည်းမဆန်း။ သို့သော် … …။

မော်ဒန်ပရိသတ်ကြီးရဲ့အားပေးမှုတွေ
******************************************

ပရိသတ်အတွက် ကျေနပ်မိတယ်ဆိုပေ မယ့် စိုးရိမ်စိတ်ကလည်းရှိပြန်သည်။ ဒီဘက် ခေတ် မြန်မာဘောလုံး ပရိသတ်ကလည်း ရာဇဝင်နဲ့။ တစ်ချိန်က အာရှထိပ်တန်းအဆင့် ရှိခဲ့တော့ လက်ရှိမြန်မာ့ဘောလုံးကို အာရှအဆင့် ပြန်ရောက်စေချင်ကြသည်။ ယခင်အာရှအဆင့် မှာ ဘတပြန် ကျားတစ်ပြန်ရင်ဆိုင် ယှဉ်ပြိုင်ရင်း အောင်ပွဲတွေ ရယူခဲ့စဉ်က ပြိုင်ဘက်တွေ အခုကမ္ဘာ့အဆင့်မှာ အကြိမ်ကြိမ်ဝင်ရောက် ယှဉ်ပြိုင်နေတာကို မြင်တွေ့နေရတော့လည်း မြန်မာ့လက်ရွေးစင်အသင်းကို အဲဒီလိုမြင်တွေ့ ချင်သည်မှာ မြန်မာပြည်သူဘောလုံးပရိသတ် ကြီးရဲ့ ကြီးစွာသောဆန္ဒဖြစ်သည်။

တစ်ဖက် မှာလည်း မြန်မာ့ဘောလုံးအဆင့်အတန်း တိုး တက်လာဖို့၊ ထိုက်တန်တဲ့နေရာပြန်ရဖို့အ တွက် ကြိုးပမ်းချက်တစ်ရပ်အဖြစ် အပျော်တမ်း ကစားခဲ့ကြတဲ့ ဘောလုံးအားကစားကို Professional အဆင့်ရောက်လာအောင် စီမံလုပ် ဆောင်ခဲ့ကြတယ်။ နိုင်ငံခြားသားနဲ့ပြည်တွင်း အားကစားသမားတွေပေါင်းစပ်ဖွဲ့စည်းတဲ့ ဆုကြေးစား ဘောလုံးအသင်းတွေ တည်ထောင် ကြတယ်။ ပြည်တွင်းသက်သက်သာကစားနေ ရာက ပြည်ပအတွေ့အကြုံတွေရလာအောင် လုပ်တယ်။ ဒီတော့ ပရိသတ်တွေရဲ့ အာသာ ဆန္ဒက ပိုကြီးမားလာတယ်။

ဒါပေမဲ့ ပရိသတ်မျှော်လင့်သလိုရလဒ် မျိုးထွက်မလာသေး။ အထူးသဖြင့် (၂၇)ကြိမ် မြောက် SEA Game မှာ မြန်မာ့လက်ရွေး စင်အသင်း အုပ်စုကထွက်ရတဲ့အခြေအနေတွေကြောင့် မြန်မာပြည်သူများနဲ့တကွ ဘောလုံး ပရိသတ်ကြီး ရင်ကွဲခဲ့ရတယ်။ ပရိသတ်တချို့ ဆိုရင် ဆူပူရမ်းကားမှုတွေ၊ မီးရှို့ဖျက်ဆီးမှုတွေ လုပ်ခဲ့တယ်။ SEA Game မတိုင်ခင်က နေပြည် တော်မှာ လုပ်တဲ့ ပြည်တွင်းကလပ်ပြိုင်ပွဲတစ်ခု မှာ ပရိသတ်တွေ ဆူပူသောင်းကျန်းပြီး SEA Game အတွက် ခမ်းနားထည်ဝါစွာ တည် ဆောက်ထားတဲ့ ဘောလုံးကွင်းသစ်ကြီးကို ရုပ်ဆိုးအကျည်းတန်အောင်ဖျက်ဆီးခဲ့ကြတယ်။

၂ဝ၁၃တုန်းကလည်း အိုမန်နိုင်ငံလက်ရွေးစင် အသင်းနဲ့ မြန်မာ့လက်ရွေးစင် အသင်းတို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲကန်တဲ့ပွဲ တစ်ပွဲမှာ ပရိသတ်တွေ သောင်းကျန်းပြီး ကွင်းအတွင်း အရာဝတ္ထုတွေနဲ့ပစ်ပေါက်ခဲ့လို့ တစ်ဘက်အ သင်း ကစားသမားတစ်ဦး သွေးထွက်သံယိုဖြစ် ခဲ့တယ်။ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်ရဲ့ အရေး ယူမှုကိုခံခဲ့ရတယ်။

အခု AFC U-19 ပြိုင်ပွဲမှာလည်းအုပ်စု အဆင့် အီရန်နဲ့ပွဲမှာ မြန်မာအသင်းရှုံး တာကြောင့် ပရိသတ်အချို့ ဖျက်ဆီးရမ်းကား မှုတွေ လုပ်ခဲ့တယ်။ ကွာတားအဆင့် UAE နဲ့ပွဲမှာ မြန်မာအသင်းနိုင်တဲ့အတွက် ပွဲအပြီး မှာ ကွင်းအတွင်းဝင်ရောက် အလွန်အကျူး အောင်ပွဲခံတယ်။

တကယ်တော့မပြီးသေးပါ ဘူး။ နှစ်ဖက်အသင်းကစားသမားတွေနှုတ်ဆက် ဖို့ရှိသေးတယ်။ ပရိသတ်တွေကို နှုတ်ဆက်ရ မည်။

ဧည့်သည်အသင်းကွင်းအတွင်းက ပြန် လည်ထွက်ခွာဖို့ရှိသေးသည်။

ပရိသတ်တွေ အပျော်လွန်ပြီး ကွင်းအတွင်းဝင်ရောက်လာ မှုက ရှုံးပွဲတွေ့ခဲ့တဲ့ ဧည့်သည်အသင်းကို မလေး စားရာရောက်သည်။ ဒီလုပ်ရပ်မှာ အကျိုး ဆက်တစ်ခုခုတော့ရှိနိုင်တယ်လို့ တီဗွီဖန်သား ပြင်ကို ကြည့်ရင်းတွေးမိတယ်။ အကျိုးဆက် ကဘာလဲ … …။

အပျော်လွန်အားပေးမှုရဲ့ရလဒ်
**********************************

နောက်တစ်နေ့ထုတ်သတင်းစာ။ ဂျာနယ် တွေမှာ အာရှအားကစားအဖွဲ့ချုပ်က မြန်မာ နိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို ဒဏ်ငွေ ဒေါ်လာ ၂၄,ဝဝဝ နဲ့ နှစ်နှစ်အတွင်း အိမ်ရှင်အဖြစ်ကန် ရမယ့် ပွဲတစ်ပွဲကို ပရိသတ်မပါဘဲကစားရမယ် ဆိုပြီး ပြစ်ဒဏ်ချလိုက်တယ်။ ကာတာနဲ့ကစား မယ့် ပွဲအတွက် နည်းပြနဲ့ တာဝန်ရှိသူတွေစိုး ရိမ်စိတ်ဖြစ်လာတယ်။ မီဒီယာတွေကနေတစ် ဆင့် မြန်မာ- ကာတာ ဆီးမီးပွဲရလဒ် ဘယ်လိုရှိရှိ ပရိသတ်တွေ အလွန်အကျွံအားမပေးဖို့လို ကြောင်း၊ ရှုံးခဲ့ရင်လည်း အရှုံးရလဒ်ကို ကျေကျေနပ်နပ် လက်ခံဖို့ တိုက်တွန်း မေတ္တာ ရပ်ခံလာတယ်။ မြန်မာ ပရိသတ်လုပ်ရပ်က ရှုံးတော့လည်း ပြဿနာရှာ၊ နိုင်တော့လည်း ပြဿနာဖြစ်နဲ့ မြန်မာဘောလုံး ပရိသတ်ကြီးမှာ တစ်ခုတော့လိုနေသည်။ အဲဒါကတော့ ပရိ သတ်ရဲ့ရင့်ကျက်မှုပါ။ အားကစားစိတ်ဓာတ် လို့လဲခေါ်နိုင်မည်။

ရင့်ကျက်တဲ့ လူငယ်အသင်း
******************************

လက်ရှိ မြန်မာ U-19 လူငယ်ဘော လုံးအသင်းကို အများကြီးချီးကျူးရမည်။ Skills ကောင်းတယ်၊ ဘောလုံးအထိန်းအသိမ်း ကျွမ်းကျင်တယ်။ အပေးအယူလေးတွေကောင်း တယ်။ အထင်ရှားဆုံးကတော့ စိတ်ဓာတ် ကောင်းတယ်။ အရင် မြန်မာ့လက်ရွေးစင် အသင်းတွေမှာတွေ့ခဲ့ရတဲ့ ''မဖြစ်ညစ်ကျယ်''စိတ်ဓာတ်မျိုးတွေမတွေ့ရဘူး။ တစ်ဖက်အသင်း သားတွေ အဖျက်ကြမ်းရင်တောင်ပြန်တုံ့ပြန် တာမျိုးမရှိဘူး။ ကာယအားသုံးပြီး တွန်းတွန်း တိုက်တိုက်ကစားရတဲ့ အားကစားနည်းမှာ လူ ငယ်လေးတွေဟာ အရွယ်နဲ့ မလိုက်တဲ့ ရင့်ကျက် မှုတွေပြတယ်။ ဘောလုံးကိုပဲ အာရုံစိုက်ကစား တယ်။ ဒီတော့ ဘောလုံးအဆင့်အတန်းမြင့်တဲ့ အရှေ့ အလယ်ပိုင်းက ရေနံသူဌေးနိုင်ငံအသင်း တွေကို ဖြတ်ကျော်ပြီး ကမ္ဘာ့ U-20 ပြိုင်ပွဲ ကိုရောက်ခဲ့တာထိုက်တန်တဲ့ရလဒ်ပါ။

UAE U-19 အသင်းကို တစ်ဂိုးတည်းနဲ့အနိုင်ယူ ဆီမီးတက်ခဲ့တာ အချောင်တက်ခဲ့တာမဟုတ် ဘူးဆိုတာကို မြန်မာ-ကာတာပွဲမှာ မြန်မာလူ ငယ်တွေ သက်သေပြခဲ့တယ်။ နည်းပြအပါအဝင် ကာတာ အသင်းသားတွေ မျက်ကလဲဆန်ပျာ ဖြစ်အောင် တုံ့ပြန်ကစားပြခဲ့ကြတယ်။ အနိုင် ရလဒ်ကိုယူသွားနိုင်ခဲ့ပေမယ့် ကာတာအသင်း ဟာ ဒီအနိုင်အတွက် အတော်ကြီးကိုပေးဆပ် ခဲ့ကြရတယ်။

လက်ရှိ မြန်မာပြည်သူတွေနဲ့ ဘော လုံးပရိသတ်ကြီးအချစ်တော် မြန်မာU-19 လူငယ်လေးတွေ ကမ္ဘာ့အဆင့်ကို ထိုက်ထိုက် တန်တန်နဲ့ ရောက်ခဲ့ကြတယ်။ ဆိုရရင်စာရေး သူတို့ရဲ့ ဘောလုံးအားကစားအသည်းစွဲ မြန်မာ နိုင်ငံမှာ ကမ္ဘာ့အဆင့်ဘောလုံးအသင်း တစ် သင်းပေါ် ထွက်လာနေပြီ။

တက်လူငယ်လေး တွေဖြစ်တာကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြောသလို Plan ကောင်းကောင်း ချပြီး ပြုစုပျိုးထောင်ပေးလိုက်ရင် ၂ဝ၁၅- ကမ္ဘာ့ U-20 ပြိုင်ပွဲမှာ ထိုက်သင့်တဲ့အောင် မြင်မှုရနိုင်မယ်လို့ ယုံကြည်တယ်။ ဒီလိုအသင်း ကို အားပေးသွားမယ့် ပရိသတ်ကရောခင် ဗျာ … …။

ကမ္ဘာ့အဆင့်ပရိသတ်လား
*****************************

ပရိသတ် အားပေးမှုနဲ့ ပတ်သက်လို့ ပြောရရင် ကိုယ့်နိုင်ငံအသင်းကို တစ်ခဲနက် လာရောက်အားပေးတတ်ရုံနဲ့တော့ တကယ့် ဘောလုံးအားကစားပရိသတ်လို့ တစ်ထစ် ချ မဆိုနိုင်သေးဘူး။ ကိုယ့်နိုင်ငံအသင်းကို တစ်ခဲနက်အားပေးသလို ပြိုင်ဘက်အသင်း ကိုလည်း လေးစားရမယ်။ ထိုက်သင့်သလို အားပေးရမယ်။ အနိုင်ကိုတပ်မက်သလို၊ ကိုယ့် အသင်းရဲ့အရှုံးကိုလည်း လက်ခံနိုင်ရမယ်။ အရှုံးဆိုမှတော့ မရှုံးသင့်တဲ့အရှုံးဆိုတာမရှိပါဘူး။ ရှုံးသင့်ရှုံးထိုက်လို့ ရှုံးရတာပါ။ ကိုယ့်အသင်းက ပြိုင်ဘက်ထက်ကောင်းပါတယ် ဆိုရင်တောင် တစ်ခုထက်မကသော အားနည်း ချက်တွေကြောင့် ပြိုင်ဘက်အသင်းကိုရှုံးရတာ ပါ။ အလားတူ ပြိုင်ဘက်က ကိုယ့်ထက် ဘယ် လောက်အားနည်း အားနည်း၊ တစ်ကွက်သာ လို့ ပြိုင်ဘက်ကနိုင်သွားတာပါ။

အဲဒီတော့ မေးချင်တာက ကမ္ဘာ့အဆင့် ကို တက်ပြီးပြိုင်ပွဲဝင်မယ့် နိုင်ငံ့လက်ရွေးစင် အသင်းတစ်သင်းတော့ ထွက်ပေါ်လာပြီ။ ကမ္ဘာ့ အဆင့်အားပေးမယ့် ပရိသတ်ရောရှိရဲ့လားဆို တာပါ။ World Class နဲ့အညီ အားပေးဖို့ ပရိသတ်ကြီးဘက်လည်း အသင့်ရှိရဲ့လား…။

  YMG


0 comments:

Post a Comment