30 Oct 2014

ထိုင်းနိုင်ငံမှ ကြက်နှင့်ကြက်ဥတင်သွင်းမှု မရပ်တန့်ပါက ဥပဒေအရ အရေးယူမည်



ထိုင်းနိုင်ငံအတွင်းမှ တ ရားမဝင်တင်သွင်းလာသည့် ကြက်နှင့် ကြက်ဥများကြောင့် မွန်ပြည်နယ်အ တွင်း ကူးစက်ရောဂါများ ဖြစ်ပွားနိုင် သည့်အတွက် အရေးယူဆောင်ရွက် မည်ဟု မွန်ပြည်နယ် မွေးမြူရေးနှင့်ကု သရေးဦးစီးဌာနမှ သိရသည်။


၂ဝ၁၄ခုနှစ် ဖေဖော်ဝါရီ ၂ရက် တွင် မွန်ပြည်နယ်အတွင်းရှိ ကြက်၊ ဘဲ အဝယ်ဒိုင်များကို ကြက်၊ ဘဲများတင်ပို့ ခြင်းမပြုရန် ခေါ်ယူသတိပေးခဲ့ကာ အောက်တိုဘာ ၁ဝရက်တွင် ဒုတိယ အကြိမ်အနေဖြင့် ကြက်ဥ၊ ဘဲဥဒိုင်များ ကို ထိုကဲ့သို့ တရားမဝင်တင်သွင်းခြင်း မပြုရန် ကုန်သည်များအား ရှင်းပြခဲ့ ကြောင်း သိရသည်။


အောက်တိုဘာ ၂၆ရက်တွင် တ တိယအကြိမ် ခေါ်ယူရှင်းပြပြီးနောက် တရားမဝင် ကြက်နှင့်ကြက်ဥတင်သွင်း နေခြင်းကို မရပ်တန့်ပါက တိရစ္ဆာန် များ စနစ်တကျ မွေးမြူရေးနှင့်ထိန်း ကျောင်းရေးဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟု မွန် ပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနမှ ပြည်နယ်မှူး ဒေါက်တာအောင် သန်းဦးက ပြောသည်။

''တတိယအကြိမ်ရှင်းပြပြီးတော့ မှ ဆက်တင်သွင်းခဲ့မယ်ဆိုရင်တော့ ပိတ်ဆို့ဖမ်းဆီးမှု ပြုလုပ်မှာဖြစ်တယ်။ ဒီလိုလုပ်ရင် ကုန်သည်တွေနစ်နာမှုရှိ လာမယ်။ တစ်ယောက်မှမနစ်နာခင် အခုလို ပညာပေးမှု၊ အသိပေးမှုတွေ လုပ်ခြင်းဖြစ်ပါတယ်''ဟု ၄င်းကပြော သည်။


တရားမဝင် တင်သွင်းလာသော အသားစားကြက်နှင့် ကြက်ဥများသည် ကြက်ငှက်တုပ်ကွေးကဲ့သို့သော ရောဂါ ပိုးများ ကူးစက်နိုင်ခြင်း၊ ပြည်တွင်းမှ ကြက်ပေါက်နှင့် ကြက်ဥဖြန့်ချိနေသည့် လုပ်ငန်းရှင်များကို ထိခိုက်နိုင်သည့် အတွက် ယခုကဲ့သို့ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု မွန်ပြည်နယ် မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနမှ သိရသည်။


လက်ရှိတွင် မွန်ပြည်နယ်အတွင်း ၌ ကြက်အရောင်းအဝယ်ဒိုင် သုံးဒိုင်ရှိ ပြီး ဒေသတွင်း ကြက်မွေးမြူသူများ ရောင်းချသည့် ကြက်အသားဈေးမှာ ကျပ် ၃၂ဝဝပေါက်ဈေးရှိပြီး ထိုင်းနိုင်ငံ မှတင်ပို့သည့် ကြက်အသားဈေးမှာ ကျပ် ၃ဝဝဝ ဝန်းကျင် ဈေးပေါက်ကြောင်း သိရသည်။

#TheYangonTimes

0 comments:

Post a Comment