30 Oct 2014

ဗြိတိန်စုံတွဲအား သတ်မှုဖြင့်စွပ်စွဲခံထားရသူ မြန်မာနှစ်ဦးအတွက် ဒုတိယအကြိမ် DNA စစ်ဆေးခွင့်ပြု


ထိုင်းနိုင်ငံ ခိုတောင်ကျွန်းတွင် ဗြိတိန်စုံတွဲအား သတ်ဖြတ်မှုဖြင့်စွပ် စွဲခံထားရသော မြန်မာအမျိုးသား နှစ်ဦးအား DNA စစ်ဆေးမှုထပ်မံ ပြုလုပ်ရန် ထိုင်းရဲတပ်ဖွဲ့က ခွင့်ပြု ပေးလိမ့်မည်ဟု ထိုင်းဝန်ကြီးချုပ်ပ ရာယုသ်က အောက်တိုဘာ ၂၉ ရက်ကပြောသည်။

နှစ်လောင်းပြိုင်လူသတ်မှုအ တွက် စွပ်စွဲခံထားရသည့် မြန်မာရွှေ့ ပြောင်းအလုပ်သမားနှစ်ဦး၏ DNA သည် အသတ်ခံခဲ့ရသူနှစ်ဦးမှ တစ်ဦး ၏ ခန္ဓာကိုယ်မှရရှိသော DNA နမူ နာနှင့်တူညီနေကြောင်း အခိုင်အမာ ပြောကြားခဲ့ပြီး စွပ်စွဲခံရသူနှစ်ဦးက လည်း ၄င်းတို့ကျူးလွန်ကြောင်း ဝန် ခံခဲ့သည့်အတွက် ထိုလူသတ်မှုအား ထိုင်းရဲ့တပ်ဖွဲ့၏ ကိုင်တွယ်ဖြေရှင်းမှု ကို အစောပိုင်းကချီးကျူးခဲ့ကြသည်။ သို့သော်နောက်ပိုင်းတွင် ဝေဖန်မှုများ စွာ ဖြစ်ပေါ်လာသည်။

မြန်မာအလုပ်သမားနှစ်ဦးဖြစ် သူ ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ သည် ဗြိတိန်အမျိုးသားကိုသတ်မှု၊ အမျိုးသမီးကို အဓမ္မကျင့်သတ်ဖြတ် မှုတို့ဖြင့် တရားစွဲခံခဲ့ရပြီး ၄င်းတို့က လည်း ဝန်ခံခဲ့သည်။ သို့သော် မကြာ သေးမီက ၄င်းတို့နှစ်ဦးက လူသတ် သည်ဟူသော ၄င်းတို့၏ဝန်ခံမှုကိုရုပ် သိမ်းကာ ထိုင်းရဲများ၏ညှဉ်းပန်းနှိပ် စက်မှုကြောင့် ဝန်ခံရခြင်းဖြစ်သည် ဟု ပြန်လည်စွပ်စွဲခဲ့သည်။

ယင်းကြောင့် လူသတ်မှုအပေါ် ထိုင်းရဲ၏ကိုင်တွယ် ဖြေရှင်းပုံနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ တွင်သာမက နိုင်ငံခြား၌ပင်ဝေဖန်မှု များရှိလာသည်။ ယင်းကြောင့် ဒုတိ မြောက် DNA စစ်ဆေးမှုပြုလုပ် ရန် ခွင့်ပြုခဲ့ခြင်းလည်းဖြစ်သည်။

''သံသယရှိသူတွေကို နောက် တစ်ကြိမ် DNA စစ်ဖို့ ခွင့်ပြုပေးမှာ ပါ။ စုံစမ်းစစ်ဆေးမှုမှာ မတရားဟု ထင်နေသူများရှိခြင်းကြောင့် ဒီလိုခွင့် ပြုပေးရတာပါ''ဟု ထိုင်းဝန်ကြီးချုပ် ပရာယုသ်က အပတ်စဉ်အစိုးရအဖွဲ့ အစည်းအဝေးပြီးနောက် သတင်း ထောက်များကို ပြောခဲ့သည်။

ထိုသို့ပြန်လည်စစ်ဆေးခြင်း သည် ထိုင်းရဲတပ်ဖွဲ့၏ လုပ်ပိုင်ခွင့် ဖြစ်ပြီး မြန်မာသံရုံးအနေဖြင့် ဝင် ရောက်စွက်ဖက်ပိုင်ခွင့်မရှိသည့်အ တွက် DNA စစ်ဆေးရာတွင် ပွင့် လင်းမြင်သာမှုမရှိမည်ကို မြန်မာသံ ရုံး အထူးစုံစမ်းရေးအဖွဲ့အနေဖြင့် စိုးရိမ်ကြောင်း သံရုံးအထူးကိုယ် စားလှယ်အဖွဲ့မှ သိရသည်။

မြန်မာသံရုံးအထူးစုံစမ်းရေး အဖွဲ့ ကိုမင်းဦးက

''ဘားပိုင်ရှင် သူဌေးသားကိုပါ စစ်ဆေးခွင့်ရပြီလို့ သိရပါတယ်။ ကာယကံရှင် (ဘားပိုင် ရှင်၏သား) ကိုယ်တိုင်ကလဲ စစ်ဆေး ခွင့်ပြုပြီလို့ကြားတယ်။ ဒါပေမဲ့ အဲ့ဒီ စစ်ဆေးချက်အပေါ်ကိုတော့ ပွင့်လင်း မြင်သာမှုရှိမရှိကို စိုးရိမ်ရမယ့်အနေ အထားပါ။ တရားခံတွေရဲ့ sample က ဘယ်လိုရှိလဲမသိတဲ့အပြင် ဒီ လိုစစ်ဆေးမှုကို ထိုင်းရဲရဲ့ လုပ်ပိုင် ခွင့်အပိုင်းဆိုတော့ ကြားဝင်ပိုင်ခွင့် လဲမရှိပါဘူး။ အဲ့ဒီစစ်ချက်ပေါ် မူ တည်ပြီး အခြေအနေဘယ်လိုပြောင်း သွားမလဲဆိုတာ ခန့်မှန်းရခက်ပါ တယ်''ဟု ပြောသည်။

ဝေဖန်ခံနေရသော်လည်း ထိုင်း ရဲကဝေဖန်မှုများကို ပြင်းပြင်းထန်ထန် ငြင်းဆိုကာ ၄င်းတို့သည် သံသယရှိသူ များနှင့် သေဆုံးသူအမျိုးသမီးထံမှ ရရှိသော DNA များကို သေချာ စစ်ဆေးပြီး တူညီနေသောကြောင့် ယင်းကိုအခြေခံ၍ အမှုကိုအခိုင်အ မာတည်ဆောက်ခဲ့ခြင်းဟု ဆိုသည်။

ထိုလူသတ်မှုအား စုံစမ်းခြင်းအတွက် စိုးရိမ်ကြောင်း ဗြိတိန်အစိုးရကပြော ကာ စုံစမ်းမှုတွင်ပါဝင်ကူညီမည်ဟု ကမ်းလှမ်းမှုကြောင့် ထိုင်းအစိုးရက ဗြိတိန်ရဲများကို စုံစမ်းစစ်ဆေးမှုများ တွင် လေ့လာသူအဖြစ်ပါဝင်ရန် ခွင့် ပြုပေးခဲ့သည်။

KZCH, KM, AFP

#Democracytoday

0 comments:

Post a Comment