28 Nov 2014

ကြက်သွန်ဖြူ၏ ကျန်းမာရေး အကျိုးပြုပုံ




ကြက်သွန်ဖြူဟာ သဘာဝအလျောက် ဆေးတစ်မျိုးဖြစ်ပီး ရှေးယခင် ကတည်းက တစ်ကမ္ဘာလုံးမှာ ကိုယ့်နည်း ကိုယ်ဟန်နဲ့ ဆေးဖော်စပ် အသုံးပြု ကြပါတယ်။ ချက်ပြုတ် စားသောက် ကြပါတယ်။ ကြက်သွန်ဖြူ ပုံမှန် စားသုံးနေသူ တစ်ဦးဟာ ကိုယ်ခံအားကောင်းပြီး အပြင်မှာ အလွယ် တကူ ကူးဆက်နိုင်တဲ့ ရောဂါများကို တားဆီး ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သူ့ မှာ အခြားသော ကျန်းမာရေး အကျိုးကျေးဇူးများလည်း ရှိနေသေးတဲ့ အတွက် အောက်ပါအတိုင်း ဖော်ပြလိုက် ရပါတယ်။ 


၁။ သွေးကြော အဆီပင်မှုကို ကာကွယ်ခြင်း။
၂။ ကိုလက်စ်ထရော လျော့ချပေးခြင်း။
၃။ သွေးဖိအားလျော့ချပေးခြင်း (သွေးတိုး ဖြစ်နိုင်ချေကျဆင်း)
၎။ လေးဘက်နာ ဂေါက်ရောဂါကို ကုသနိုင်ခြင်း။
၅။ အအေးမိ အဖျား ပျောက်ကင်းစေခြင်း။
၆။ အသက်ရှုလမ်းကြောင်းနှင့်ဆိုင်သော ရောဂါများ ပျောက်ကင်းစေခြင်း။
၇။ အဆုတ်နှင့် ဆက်စပ်ရောဂါကို ပျောက်ကင်းစေခြင်း။
၈။ ပြည်တည်နာကို ကျက်စေခြင်း။
၉။ ဆီးလမ်းကြောင်းမှ တစ်ဆင့် ကူးဆက်သော ရောဂါများ အား ပျောက် ကင်းစေခြင်း။
၁၀။ ဝမ်းတွင်း အစာချေဖြတ်မှုလုပ်ငန်း အား မြန်ဆန်စေခြင်း။
၁၁။ ကင်ဆာရောဂါအများစုကို မဖြစ်ရန် ကာကွယ်ပေးခြင်း။
၁၂။ ဓာတုဆေးအဆိပ်တို့ကို ပြေစေခြင်း။
၁၃။ သွေးမခဲစေရန် တားဆီးကာကွယ်ပေးခြင်း။
၁၄။ အစားစားချင်စိတ် ဖြစ်ပေါ်စေခြင်း။
၁၅။ အင်းဆက်နှင့် ပိုးကောင်ကိုက်ဒဏ်ရာများအား ကုသနိုင်ခြင်း။
၁၆။ မျက်စိအတွင်းတိမ်ကို ကုသနိုင်ခြင်း။
၁၇။ ဆီးချိုရောဂါ ကုသပေးခြင်း။
၁၈။ အဆစ်ရောင် ရောါဂါများအား ကုသပေးခြင်း။
၁၉။ သွားကိုက်ရောဂါအား ပျောက်ကင်းစေခြင်း။
၂၀။ ဝက်ခြံ ပျောက်ကင်းစေခြင်း။
၂၁။ ကိုယ်ခံအား တိုးစေခြင်း။

--
Ref: medic-facts
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com


အင်တာနေရှင်နယ် တိပိဋက ရွတ်ဖက် ပူဇော်ပွဲ


အို ....ဓမ္မမိတ်ဆွေအပေါင်းတို့......
=====================

သိပ်မကြာသေးခင်က အိန္ဒိယနိုင်ငံ နာဂပူရ်မြို့၌ တစ်သိန်းကျော်သော ဟိန္ဒူဘာသာဝင်တို့သည် မိမိတို့အလိုဆန္ဒအလျောက် ဗုဒ္ဓဘာသာဝင်အဖြစ်သို့
ပြောင်းရွေ့သောပွဲကြီး၌ အဓိက ကမကထပြုလုပ်သော ဤပို့စ်တ်၌ပါသော ဓာတ်ပုံရှင် အမေရိကန်နိုင်ငံနေ ၀မ်းမိုးသည် -

သူမ ဖခင်ရဲ့ တိုက်တွန်းချက်ကို မိမိရဲ့ စေတနာများနှင့် ပေါင်းစပ်ကာ အိန္ဒိယနိုင်ငံ ဂယာမြို့ ဗုဒ္ဓဂယာ မြေမြတ်မဟာ၌ နိုင်ငံပေါင်း (၉) နိုင်ငံ စုပေါင်းကာ -

''အင်တာနေရှင်နယ် တိပိဋက ရွတ်ဖက် ပူဇော်ပွဲကြီး,,ကို
ခမ်းခမ်းနားနား ကျင်းပလာခဲ့ရာ ယ္ခုနှစ်ဆို (၁၀)ကြိမ်မြောက်သို့
ရောက်ရှိခဲ့ပြီဖြစ်ပါသည်။

မိမိတို့အနေနှင့် နိုင်ငံတကာ အမြင်အယူအဆများကို
သိရှိချင်သော်လည်းကောင်း

တိပိရွတ်ဖက်ပူဇော်ပွဲကြီးကို လာရောက်ကြည်ညိုချင်သော်လည်းကောင်း

အလွန်အင်မတန်မှ ခမ်းနားထည်ဝါ ကြီးကျယ်သော
ဤပွဲကြီးကို လာရောက်ကြည်ညိုနိုင်ပါကြောင်း
သီတင်းကောင်းပါးအပ်ပါသည်။

နေရက်= 1.12.2014 မှ 11.12.2014 အထိ။

နေရာ=ဗုဒ္ဓဂယာ မြေမြတ်မဟာ။

အရှင် ဂုဏိဿရ
 

ညအိပ်ယာဝင်လျှင် မီးဖွင့် အိပ်စက်သင့်လား၊ မီးပိတ် အိပ်စက်သင့်လား



အမှောင် လုံးဝချထားတဲ့ အခန်းထဲမှာ အိပ်စက်အနားယူခြင်းဟာ ခန္ဓာကိုယ်ရဲ့ ပဋိဇီဝလုပ်ငန်းဆောင်တာ Metabolism တွေကို ပုံမှန်လည်ပတ်စေနိုင်တယ်လို့ ယနေ့သိပ္ပံ ပညာရှင်များက ယုံကြည်နေကြပါပြီ။ ညအိပ်စဉ် (သို့) ညအိပ်ခါနီးမှာ မိုဘိုင်းဖုံးများ ခေတ်ပေါ်လျှပ်စစ်ပစ္စည်းများဖြစ်တဲ့ TV၊ ကွန်ပျုတာ၊ tablets စသည်တို့ကို အသုံးပြုခြင်းဟာ ခန္ဓာကိုယ်တွင်းရဲ့ နာရီ body-clock နဲ့ကိုက်ပြီး လုပ်ဆောင်ရတဲ့ ပဋိဇီဝလုပ်ငန်းတွေကို ထိခိုက်စေနိုင်တယ်လို့ ဆိုကြပါတယ်။


လေ့လာတွေ့ရှိချက် အသစ်တစ်ခုအရလည်း ပကတိမှောင်မဲနေသော အခန်းတွင်းမှာ အိပ်စက်ပါက လိုအပ်သော ဟော်မုန်းများနှင့် စားသုံးထားသော အစားအစာများမှ တစ်ဆင့် မိမိခန္ဓာကိုယ်မှ ပြန်လည်သုံးစွဲဖို့energy စွမ်းအင်ကို ပုံမှန်ထုတ်ပေးနိုင်တယ်လို့ ဆိုပါတယ်။
သဘာဝမဟုတ်တဲ့ အလင်းရောင်ခြည်များ (ဥပမာ - ဖုန်း screen သို့ မီးချောင်းများ) ဟာ ညအိပ်နေစဉ် ခန္ဓာကိုယ်မှ စွမ်းအင်ထုတ်ပေးရာမှာ အထောက်အကူပြုတဲ့ Melatonin ဟော်မုန်းထုတ်လုပ်မှုကို ထိခိုက်နိုင်ပါတယ်။


ထိုအီလက်ထရောနစ် အသုံးအဆောင်များမှ ထွက်သော အပြာရောင် အလင်းတန်းများဟာ မနက်အိပ်ယာထ အလင်းရောင်ခြည်နှင့်တူသောကြောင့် ညဘက်တွင် ထွက်သည့် hormone များပုံမှန်ထွက်ခြင်းကို ၀င်ရောက်နှောင့်ယှက်နိုင်ပါတယ်။



Granada university မှ သိပ္ပံ ပညာရှင်များမှ ကြွက်များတွင် လေ့လာစမ်းသပ်ရာမှာတော့ melatonin ဟော်မုန်းဟာ အ၀လွန်ရောဂါ (obesity) နဲ့ ဆီးချို၊၊ သွေးချို ရောဂါ (diabetes) ကိုကူညီတိုက်ဖျက်ပေးနိုင်တာကို တွေ့ရပါတယ်။ Melatonin ဟော်မုန်းဟာ ပုံမှန်အားဖြင့်လည်း နေ့နှင့်ည ဆိုင်ရာ ဆိုင်ရာ ပဋိဇီဝတာဝန်များ (Circadium rhythm) အတွက် အရေးပါတဲ့ signal ကိုပေးသော ဟော်မုန်းတစ်ခု ဖြစ်တဲ့ အတွက် အထက်ပါလေ့လာတွေ့ရှိချက်ဟာ လူသားများအတွက်ပါ မှန်ကန်နေနိုင်ကြောင်း ဖော်ပြထားပါတယ်။


ဒါကြောင့် melatonin ဟော်မုန်းကို ပုံမှန် ထွက်စေနိုင်ရန် အိပ်စက်အနားယူရာမှာ အခန်းကို လုံးဝအမှောင်ချပြီး အိပ်စက်ရန် ကြိုးစားသင့်ကြောင်း အကြံပေးထားတယ်ဆိုတာကို စာဖတ်သူများအား ပြန်လည်မျှဝေလိုက်ရပါတယ်။

--------------------------------------------------------------------

နေခြည် (ဆေး - ၁)
Reference : The Telegraph

မလေးရှားနိုင်ငံမှ CI လျှောက်ပြီးမြန်မာပြည်သို့ ပြန်မည့်သူများအတွက်



CI လျှောက်ပြီး ပြန်မည့်သူများအတွက်လိုအပ်သော မြန်မာနိုင်ငံသားဖြစ်ကြောင်းအထောက်အထားများ....

မှတ်ပုံတင်မူရင်း/သန်းခေါင်စာရင်းမိတ္တူ
{ သို့  }
မှတ်ပုံတင်မိတ္တူ သန်းခေါင်စာရင်းမိတ္တူ ရပ်ကွက်ထောက်ခံစာ ရဲစခန်းထောက်ခံစာ လဝက ထောက်ခံစာ။
{ သို့  }
ဒုတိယအကြိမ် G to G ထုတ်ပေးထားသော ပါ့ စပိုစ့် စာအုပ်/ အလုပ်သမားကဒ်
မြန်မာပြည်မှ အလည် ဗီဇာဖြင့်ဝင်လာသောပါးစပိုစ့်


စသည့် အချက်အလက်များ တခုခုဖြင့် ပြည့်စုံပါက မြန်မာသံရုံး ကွာလာလမ်ပူ အန်ပန်းဟေလ်လာ ဦးသန့်လမ်းတွင် မည်သည့် ပြန်မည့်သူမဆို နေ့စဉ် အခမဲ့ ထုတ်ပေးလျှက်ရှိပါသည်။


မှတ်ချက် 6p အစီစဉ်တွင်ထုတ်ပေးထားသော ပါးစပိုစ့်  စာအုပ်များ CI လျှောက်ရာတွင် အကြုံးမဝင်ပါ။


CD FROM မြန်မာသံရုံး [ malaysia ] နိုင်ငံသားေ၇းရာဌာန

မြန်မာနိုင်ငံသားများဆိုင်ရာအိုဗာစတေးကူညီမှုဖောင်ဒေးရှင်း

မလေးရှားနိုင်ငံ
ဖုန်း ၀၁၁၃၃၃၃ ၁၂၁၃
၀၁၉၆၂၀၈ ၉၃၃


 U Chit Kong

ဦးဝီရသူ၏ လျှို့ဝှက်ချက်များ


 
 
ဦးဝီရသူ၏ လှို့ဝှက်ချက်များ
===============

(၁)

ဦးဝီရသူသည်... ဦးသန်းရွှေနှင့်ဇာတိအတူတူ
ကျောက်ဆည်ဇာတိဖြစ်ပြီး ကျောက်ဆည်တွင်နေထိုင်ခဲ့သည်
အမည်ရင်း ၀င်ခိုင်ဦးဖြစ်ပြီး ၈၈ အရေးခင်းပြီးနောက်
ဘုန်းကြီးဝတ်ခဲ့သည်၊

၂၀၀၃ ခုနှစ်မေလတွင်ဖြစ် ကျောက်ဆည်မြို့
လေးမျက်နာဘုရားတွင်အမျိုးသားရေးဟောရာမှ
နောက်ပိုင်းတွင် အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး..
ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်ခြင်းနှင့်
လှုံ့ဆော်စည်းရုံးခြင်းတို့ကြောင့်ဦးသန်းရွှေအစိုးရမှ
သူ့အား ထောင် ၂၅ နှစ်ချလိုက်သည်၊

သူသည်၂၀၀၇ ခုနှစ်ရွှေဝါရောက်တော်လှန်ရေးကာလကို
မမှီခဲ့ပါ..၊
ထင်ရှားသောသာသနာ့အာဇာနည်များတွင် မပါရှိခဲ့ပါ
နိုင်ငံရေးအကျဉ်းသားလဲ မဟုတ်ခဲ့ပါ

သူသည်ထောင်အတွင်းတွင် ရှင်ဥာဏိဿရမှလာရောက်
ဟောကြားသည့် ထောင်တွင်းတရားဓမ္မများကို
နာခံခဲ့ရသော်လဲ ဦးဝီရသူတွင် ဘာသာရေးအစွန်းရောက်
စိတ်ဓာတ်ကသာ လွှမ်းမိုးနေပုံရသည်၊

သူ့အားထောင်ချလိုက်သော "မဟန" အားလဲ
အစာကြေပုံမရပဲ အစဉ်အမြဲ အညှိုးထားလျှက်ရှိပါသည်
ထောင်အတွင်းနေထိုင်စဉ်မှာလဲ မဟန အကြောင်းအတွင်းကျကျ
ပုတ်ခတ်ရေးသားထားတဲ့ သမိုင်းတရားခံ အမည်နဲ့ ဆောင်းပါးကို
ရေးသားခဲ့သည်၊

(ဆောင်းပါးဖတ်လိုက တင်ပေးပါမည်)

လှို့ဝှက်ချက်တစ်ခုပင်ဖြစ်သည်...

--------------------------

(၂)

ထို့နောက် ဦးသိန်းစိန်အစိုးရလက်ထက်
၂၀၁၂ ဇန်န၀ါရီ (၁၃)တွင် မြစ်ကြီးနားထောင်မှ
ပြန်လည်လွတ်မြောက်ခဲ့သည်။

နိုင်ငံရေးမှုမဟုတ်သဖြင့် မစိုးရိမ်တိုက်သစ်သို့
ပြန်လည်ခြေချခွင့်ရသော်လည်း..
မဂ္ဂင်ဆရာတော် ဦးအိန္ဒြက အပါအ၀င်
ဦးပဏ္ဍ၀ံသ ဦးဂမ္ဘီရ ဦးဣဿရိယ အစရှိသော
နိုင်ငံရေးမှုဖြင့်အကျဉ်းကျခံဆရာတော်များမှာမူ
ကျောင်းတိုက်များသို့ခြေချခွင့်မရခဲ့ပေ..၊

ထောင်မှလွတ်လွတ်ချင်း ၀ီရသူသဘောထား ကြေငြာချက်များဖြင့်
ထင်ရှားဆရာတော်ကြီးများကို စတင် ဝေဘန်လျှောက်ထား
ရေးသားခဲ့သည်

ပထမဦးစွာ ၀ီရသူသဘောထား (၁-၂၀၁၂) ဖဖြင့်
အရှင် ဂမ္ဘီရ အားဝေဘန်ခဲသည်.၊

ထို့နောက် (၂-၁၀၁၂) ဖြင့်ရွှေည၀ါ ဆရာတော်အား
လျှောက်ထားရေးသားခဲ့သည်

အရှင်ဆန္ဒာဓိကထံသို့လဲ စာများရေးခဲ့ပြန်သည်၊
ပေးပို့ခဲ့သည်..၊

ထူးခြားမှုများပေတည်း..၊

ထိုသို့လွတ်မြောက်ခဲ့ပြီး မကြာမီတွင်
ဒီပဲယင်းလုပ်ကြံမှုတွင်ကြိုးကိုင်သူ ဖြစ်သည့်
ဦးအောင်သောင်းသည် ဦးဝီရသူထံသို့လာရောက်ခဲ့သည်..၊
ဦးအောင်သောင်းသည် ထင်ရှားကျော်ကြားဆရာတော်များရှိရက်နှင့်
ထောင်ထွက်ဆရာတော်အား လာရောက်တွေ့ဆုံမှုသည်
သာမန်မဟုတ်သော ထူးခြားမှုတစ်ခုဖြစ်သည်၊

ထို့နောက် ၂၀၁၂ အောက်တိုဘာလအတွင်းတွင်
ထောက်လှမ်းရေးအကြီးအကဲဟောင်းဦးခင်ညွန့်သည်
ဦးဝီရသူထံသို့ လာရောက်တွေ့ဆုံခဲ့သည်။

ထူးခြားသည်ကား ထိုအချိန်ကာလများသည်
NLD ပါတီမှ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွယ်
အပြတ်အသတ်အနိုင်ရရှိပြီးချိန်မှ ဖြစ်ပါသည်..၊

လှို့ဝှက်ချက်တစ်ခုပင်ဖြစ်သည်...

-----------------------------

(၃)

ထို့နောက် မိတ္တီလာအရေးအခင်းမဖြစ်ပွားမီ(၅) လအလိုမှစကာ
ကုလားမုန်းတီးရေးတရားများ
အပြင်းအထန်ဟောကြားပါတော့သည်
Wira Thu ဟူသော FB Page ထောင်ပြီး..
ဘာသာရေးလှုံ့ဆော်မှုများအပြင်းအထန်ပြုလုပ်ခဲ့ပါသည်၊
၉၆၉ ဟူသော ဂဏန်းကို ပြန်လည်အသက်သွင်းခဲ့သည်၊

ထိုသို့အရှိန်ကောင်းနေချိန်တွင်
ဦးဝီရသူအဖို့ မထင်မှတ်သောအဖြစ်အပျက်တစ်ခုနှင်
့ကြုံရလေသည်၊

ထိုအဖြစ်အပျက်မှာ အခြားမဟုတ်ပါ..

၂၀၁၂ ကုန်ခါနီး တန်ဆောင်မုန်းလပြည့်နေ့...
(ဒေါ်အောင်ဆန်းစုကြည်လက်ပတောင်းသို့လာရောက်နေစဉ်
တစ်ရက်အလို ) ကာလတွင်
လက်ပတောင်းတောင်သပိတ်စခန်းသို့ အစိုးရမှ ကမန်းကတန်း
အကြမ်းဖက်နှိမ်နင်းခဲ့ရာ သံဃာတော် ၉၉ ပါးသည်
မီးလောင်ဗုံးများကြောင့် မီးသင့်လောင်ကြွမ်းဒဏ်ရာရခဲ့သော
အဖြစ်အပျက်ပင်ဖြစ်သည် ၊

ထိုအဖြစ်အပျက်သည် အစိုးရမှထောက်ခံအားပေးနေသော
၉၆၉ လှုပ်ရှားမှုကို ရပ်တန့်သွားနိုင်သဖြင့်
ဦးဝီရသူသည် ထိုအဖြစ်အပျက်တွင် ဒဏ်ရာရသောသံဃာများကို
နိုင်ငံရေး သမားများ၏ ဖျားယောင်မှုတွင်မပါဝင်စေရေးအတွက်
ဝီရသူသဘောထား (၁၂-၇၄) ကို ၁၈-၁၂-၂၀၁၄ တွင် ကမန်းကတန်း
ကြေငြာခဲ့ပေသည်...၊

သိသာလွန်းသည်က သံဃာတော်များအား
ဆိုးဆိုးဝါးဝါးဒဏ်ရာရစေခဲ့သောအစိုးရအဖွဲ့များကို
ဦးဝီရသူသည် သာမန်အဆင့်သာ
ဝေဘန်ခဲ့ခြင်းပေတည်း၊

လှို့ဝှက်ချက်တစ်ခုပင်ဖြစ်သည်...

--------------------------

(၄)

ထို့နောက်မိတ္တီလာအရေးအခင်းစတင်ဖြစ်ပွားပါတော့သည်၊
ထူးခြားသည်မှာ မိတ္တီလာဖြစ်စဉ်များစတင်ဖြစ်ပေါ်ချိန်တွင်
ဦးဝီရသူ၏ ဖေ့စ်ဘုတ်စာမျက်နှာမှ သတင်းဓာတ်ပုံများ
အချိန်နှင့်တပြေးညီရရှိနေပြီး ပြည်သူလူထုသွေးဆူစေမည့်
ဓာတ်ပုံအနီးကပ်ရိုက်ချက်များကို ကြိုတင်စောင့်စားကာ
ရိုက်ကူးထားသည့်အလား ရရှိနေခြင်းပင်ဖြစ်သည်.၊

လှို့ဝှက်ချက်တစ်ခုပင်ဖြစ်သည်...

------------------------

(၅)

မိတ္တီလာအရေးအခင်းမဖြစ်ပွားမီ(၅) လအလိုမှစကာ
ကုလားမုန်းတီးရေးတရားများ
အပြင်းအထန်ဟောကြားပါတော့သည်
Wira Thu ဟူသော FB Page ထောင်ပြီး..
ဘာသာရေးလှုံ့ဆော်မှုများအပြင်းအထန်ပြုလုပ်ခဲ့ပါသည်၊
၉၆၉ ဟူသော ဂဏန်းကို ပြန်လည်အသက်သွင်းခဲ့သည်၊

ထို့နောက် ၂၀၁၃ မတ်လမှစကာ..
မိတ္တီလာအရေးအခင်းစတင်ဖြစ်ပွားပါတော့သည်၊

ထူးခြားသည်မှာ မိတ္တီလာဖြစ်စဉ်များစတင်ဖြစ်ပေါ်ချိန်တွင်
ဦးဝီရသူ၏ ဖေ့စ်ဘုတ်စာမျက်နှာမှ သတင်းဓာတ်ပုံများ
အချိန်နှင့်တပြေးညီရရှိနေခြင်းပင်ဖြစ်သည်..၊

ပြည်သူလူထုသွေးဆူစေမည့် သွေးသံရဲရဲဖြစ်နေသော
ဓာတ်ပုံအနီးကပ်ရိုက်ချက်များကို ကြိုတင်စောင့်စားကာ
ရိုက်ကူးထားသည့်အလား မီဒီယာများထက်စောကာ
မိနစ်ပိုင်း နာရီပိုင်းအတွင်းရရှိနေခြင်းပင်ဖြစ်သည်.၊

အလွန့်အလွန်ထူးခြားမှုပင်တည်း..၊

လှို့ဝှက်ချက်တစ်ခုပင်ဖြစ်သည်...

-------------------------------

(၆)

မိတ္တီလာအရေးအခင်းပြီးကာစတွင် လူထုသွေးဆူပွက်နေချိန်နှင့်
အခြေအနေတင်းမာချိန်များတွင် ...
ဦးဝီရသူသည်ဘာသာရေးပြဿနာများနှင့်
ဘာမှမဆိုင်သော NLD ပါတီကို "မွတ်ဒေါင်း" ဟု စတင်
သုံးစွဲကာ ပြင်းထန်စွာဝေဘန်ပါတော့သည်၊

၉၆၉ လှုပ်ရှားမှုများ ပြန့်ပွားအောင်လုပ်ဆောင်ခဲ့ပြီးနောက်တွင်
၉၆၉ အဖွဲ့များအား အတိုက်အခံပါတီများ၏ ဆန့်ကျင်ဘက်ပုံစံမျိုး
အဖြစ် ပုံသွင်းနိုင်ခဲ့သည်၊ ဘာသာရေးအစွန်းရောက်စိတ်ဓာတ်များအား
ပြည်သူလူထုသို့ ရိုက်သွင်းနိုင်ခဲ့ပြီး လှုပ်ရှားမှုကျယ်ပြန့်လာသည်

၉၆၉ လှုပ်ရှားမှုကို စစ်ဗိုလ်အချို့အပါအ၀င် အစိုးရလော်ဘီများမှအစ
အကြီးအကျယ် ပါဝင်ခဲ့ပြီး ၀ါဒဖြန့်ကာလုပ်ကိုင်ခဲ့ကြသည်၊

အများစုမှာ Online မီဒီယာများတွင် အစီအစဉ်ကျကျလှုံ့ဆော်ခဲ့ကြသည်၊

နိုင်ငံတော်သမ္မတရုံးမှ ပုဂ္ဂိုလ်အချို့နှင့်နီးစပ်သည်ဟုယူဆရသော
Facebook Account အချို့သည်လဲ ဘာသာရေးလှုံ့ဆော်မှုကို
အတိအလင်း လော်ဘီလုပ်ပေးခဲ့ကြသည်၊

လှို့ဝှက်ချက်တစ်ခုပင်ဖြစ်သည်...

------------------------------------

(၇)

ထိုအချိန်တွင် ဥက္ကံနှင့် လားရှိုးမြို့များတွင်
ဘာသာရေးပြဿနာနှစ်ခု တစ်ခုပြီးတစ်ခုပေါ်ပေါက်လာပါသည်၊

အခြားမြို့အချို့တွင်လဲ ဘာသာရေးပြဿနာအချို့
ကြိုကြားကြိုကြားပေါ်ပေါက်ခဲ့ပေသည်.၊

ထုံးစံအတိုင်း ဦးဝီရသူသည် လှုံ့ဆော်ခဲ့ပေသည်၊

မည်သည့်နေရာမှရောက်လာမှန်းမသိသော
လက်ရဲဇက်ရဲများ ၊ ဒေါသထွက်နေသောလူအုပ်ကြီးများကို
သိသိသာသာ တွေ့လာကြရပေသည်၊

အံ့သြဖွယ်ကောင်းသည်က ဘာသာရေးပြဿနာများကို
အကြီးအကျယ် လှုံ့ဆော်ခဲ့သော ဦးဝီရသူအား အစိုးရအာဏာပိုင်များမှ
မည်သို့မှမပြုလုပ်ပဲ လက်ပိုက်ကြည့်နေခြင်းပင်ဖြစ်ပေသည်..၊

လှို့ဝှက်ချက်တစ်ခုပင်ဖြစ်သည်...

------------------------------------

(၈)

ဦးဝီရသူသည် အခက်အခဲတစ်ချို့ရင်ဆိုင်ရပါသည်၊
အကြောင်းမှာ ထိုကလအတွင်းက လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၏
အနောက်နိုင်ငံများ သို့သွားရောက်သည့်ခရီးစဉ်တွင်
သူရဦးရွှေမန်းက ၉၆၉ အစွန်းရောက်များအား လက်မခံကြောင်းစကားကို
အတိအလင်းထုတ်ဖေါ်ပြောခဲ့ပါသည်။

ထိုပြောကြားချက်သည် ဦးဝီရသူနှင့် လုပ်စားမျိုးနှစ်များ၏အရှိုက်ကို
ထိုးသကဲ့သို့ဖြစ်သွားခဲ့ပြီး...စစ်ဗိုလ်များ ၊ စစ်လော်ဘီများပါဝင်သော..
အုပ်စုများသည် သိသိသာသာ မျိုးနှစ်လေသံများပျောက်ကွယ်သွားပါသည်.

ထို့နောက်တွင်မှ တစ်ဖန်ပြန်လည်ခေါင်းထောင်လာပါသည်၊

အကြောင်းမှာ ၂၀၁၃ ခုနှစ်တွင် အမျိုးဘာသာသာသနာစောင်ရှောက်ရေးအဖွဲ့
(မဘသ)အမည်ဖြင့်အရေခွံလဲ ၉၆၉ အဖွဲ့ ပုံစံမျိုး
ပေါ်ပေါက်လာချိန်တွင်ဖြစ်ပေသည်။

သာသနာရေးအရှုပ်အထွေးများအကြောင်း နောကြေအောင်သိပြီး
သာသနာရေး အညှာများစွာကို ကိုင်တွယ်ထားနိုင်သော အာဏာရှင်အစိုးရမှ
ကျောထောက်နောက်ခံပေးထားသော အဖွဲ့တစ်ခုပေတည်း..၊

ထိုအဖွဲ့တွင် ထေရ်ကြီးဝါကြီးဆရာတော်များကိုလဲ
သိသိသာသာထည့်သွင်းရုပ်ပြ ထားပေသည်၊

မဘသအဖွဲ့သည်..မဟနနှင့်စင်ပြိုင်ဖြစ်ပြီး..
ဦးဝီရသူသည်အဓိကကျသောအခန်းကဏ္ဍမှပါဝင်ပေသည်၊

လှို့ဝှက်ချက်တစ်ခုပင်ဖြစ်သည်...

----------------------------------

(၉)
၂၁-၇ ၂၀၁၃ ရက်နေ့တွင်ဖြစ်သည်..

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊
၈၄×၈၅ လမ်းကြား ၃၆ လမ်းပေါ်မှာ
ကျင်းပတဲ့ တရားပွဲမှာ ဦးဝီရသူ ဟောကြားနေစဉ်
ည ၉းဝဝ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသည်

ပေါက်ကွဲမှုမှာ လူ(၅) ဦးလောက် ဒဏ်ရာအနည်းငယ်ရခဲ့ပေမဲ့
ဦးဝီရသူဟာ တရားဆက်ဟောခဲ့သည်..၊

ဦးဝီရသူဟာ.နောက်ထပ်ပေါက်ကွဲမှုတွေထပ်မဖြစ်နိုင်ဘူးဆိုတာကို
ကြိုတင်သိရှိထားသည့်အလားဖြစ်ပါသည်..၊

ပိုပြီးထူးခြားတာကတော့ အခုထက်ထိ အဲဒီဖေါက်ခွဲသူတရားခံတွေကို
အာဏာပိုင်တွေက ဖမ်းဆီးနိုင်ခြင်း၊ မည်သူဟုယူဆခြင်းနဲ့
သတင်းထုတ်ပြန်ခြင်းမျိုးတွေမရှိပဲ စိတ်မ၀င်စားသည့်ပုံစံသာတွေ့ရပါသည်၊

လှို့ဝှက်ချက်တစ်ခုပင်ဖြစ်သည်...

-----------------------------------

(၁၀)

၂၀၁၄ ခုနှစ် နှစ်လည်ခန့်တွင် မန္တလေးမြို့တွင်
သွေးချောင်းစီးမည့် ဘာသာရေးအဓိကရုဏ်းဖြစ်ပွားခံနီးတွင်
လိမ္မာပါးနပ်လှသောမြို့ခံများမှ အချိန်မှီ ထိန်းသိမ်းနိုင်ခဲ့ပါသည်၊

ဖြစ်ပွားပုံမှာ..ကုလားညီအစ်ကိုနှစ်ဦးကတစ်ဘက်..
ကုလားတစ်ဦးမှတစ်ဘက်....ကုလားအချင်းချင်းပြဿနာဖြစ်ရာမှ....
ကုလားတစ်ဦး(ဟာဂျီထွန်းထွန်း)မှ မြန်မာအမျိုးသမီးတစ်ဦးကိုငွေပေးကာ
သူမအား ကုလားညီအစ်ကိုနှစ်ဦးမှမုဒိန်းကျင့်ခံရလေဟန်
လီဆည်တိုင်တန်းရာမှ ဦးဝီရသူ ဖေ့စ်ဘုတ်မှစတင်ကာပြန့်နှံ့သွားပြီး
ကုလားမြန်မာ သတ်ဖြတ်မှုကြောင့် နှစ်ဦး သေဆုံးခဲ့ကြရှာပါသည်၊
ထိုပြဿနာကိုအကျယ်ချဲ့ပြီး ဆူပွက်လာသဖြင့် မြို့သူမြို့သားအချင်းချင်း
ပြန်လည်ထိန်းသိမ်းလိုက်သောဖြစ်စဉ်ဖြစ်သည်..

ထိုပြဿနာတွင် အာဏာပိုင်များမှလက်ပိုက်ကြည့်နေသော်လည်း
ပြဿနာမအောင်မြင်သောအခါမူ သမ္မတမှ မန္တလေးမြို့သားများကို
ကမန်းကတန်းချီးကျုးလိုက်သည်မှာလဲ မရိုးမရွဖြစ်ကာမနေနိုင်မထိုင်နိုင်..ထလုပ်လိုက်သော....ရိုးသားမှုမရှိသော.. ထူးခြားမှုပင်ဖြစ်သည်..၊

ထိုဖြစ်စဉ်ကိုပြန်လေ့လာကြည့်သောအခါ..
ဦးဝီရသူသည်.. ဟာဂျီထွန်းထွန်းဟူသောကုလားဘက်မှ
ပါဝင်ပတ်သက်ခဲ့ပြီး ဟာဂျီထွန်းထွန်းမှာလဲ ဦးဝီရသူထံ
မကြာခဏလာရောက်သည်ကို တွေ့ရပါသည်..၊

ထို့ထက်ဆိုးသည်က...ဟာဂျီထွန်းထွန်းသည် သူနှင့်ရန်ဘက်ဖြစ်သော
ကုလားညီအစ်ကိုကို အကောက်ကြံရာတွင်..အဘယ့်ကြောင့် တခြားနည်းဖြင့်
အကောက်မကြံပဲ ..မုဒိန်းမှုဖြင့် အမှုဆင်အကောက်ကြံသနည်း..

ထိုသို့အကောက်ကြံရာတွင် ဟာဂျီထွန်းထွန်းသည်.
ဘာသာတူတူချင်း မုဒိန်းမှုမဟုတ်ပဲ
ဘာ့ကြောင့် မြန်မာမိန်းကလေးတစ်ယောက်ကို
မုဒိန်းကျင့်လေဟန်အမှုဆင်စေသနည်း..၊

ပိုထူးခြားသည်က ဟာဂျီထွန်းထွန်း၏ရန်ဘက်ဖြစ်သူ ကုလားညီအစ်ကိုကို
အပုတ်ချသည့်စာများအား အရေးအခင်းမဖြစ်မီတစ်ပတ်ခန့်အလိုကတည်းက
ဦးဝီရသူ ဖေ့စ်ဘုတ်နှင့် နေမျိုးဝေဖေ့ဘုတ်များမှ..
ဘာ့ကြောင့် ရေးသားတင်ပြနေရသနည်း..

ပိုဆိုးသည်က ဦးဝီရသူသည်
မြန်မာမိန်းကလေးတစ်ယောက်ကိုငွေပေးကာ
အသုံးချနေသည့် ဟာဂျီထွန်းထွန်းဆိုသည့်
ဘာသာခြားတစ်ယောက်ကို
ဘာ့ကြောင့်အကာအကွယ်ပေးသနည်း

မြန်မာလူမျိုးများသည် ငွေယူပြီး ကုလားမှမုဒိန်းကျင့်ခံရလေဟန
သရုတ်ဆောင်သည်အထိ နိမ့်ကျသွားသောအနေအထားကို
အမျိုးစောင့်သည်ဆိုသော...
ဦးဝီရသူသည် အဘယ့်ကြောင့် မတွေးတောသနည်း

ထိုဇာတ်လမ်းသည်..သေချာလေ့လာပါက..၊
ကြီးမားသော လှို့ဝှက်ချက်ပင်ဖြစ်ပါသည်.

--------------------------------------------

(၁၁)

ဦးဝီရသူသည် သူ၏မသေမသပ်လုပ်ရပ်များကို
အစိုးရနဲ့ အာဏာရှင်ကိုအားကိုးကာ လုပ်ကိုင်နေသည်မှာ
သိသာလွန်းသောအချက်ပင်ဖြစ်သလို..

သူဘယ်လိုပင်ဘာသာရေးလှုံ့ဆော်နေပါစေ..
အစိုးရက သူ့ကို ဘာမှလုပ်မည်မဟုတ်ဟူသော
ယုံကြည်ချက်သည်လဲ သူ၏စိတ်သဏ္ဍန်ဝယ် စွဲထင်နေပုံရသည်၊

အာဏာရှင်အပါဝင် အစိုးရအဖွဲ့များသည်..ထိုကဲ့သို့ ထင်ရာလုပ်နေသော အစွန်းရောက်ဘုန်းကြီးများလုပ်မှ
သူတို့၏ ဘ၀ရှေ့ရေးအတွက်ကောင်းမည်ဟု ယူဆထားသည့်အလား
မှတ်ယူကာ ဦးဝီရသူကဲ့သို့သော ပုဂ္ဂိုလ်များကို
မသိမသာမွေးမြုခိုင်းစေလာကြသည်၊

ထို့ကြောင့် သာမန်ပြည်သူတို့ သဘောပေါက်နိုင်သော
ဦးဝီရသူ၏ ထင်ရှားသည့် လှို့ဝှက်မှုများကို..
ပြုစုရေးသားလိုက်ရပါသည်....

( Pa Yit)

26 Nov 2014

လက်ရှိမြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ခုနစ်ရာခိုင်နှုန်းရှိနေပြီး ဆက်လက်မြင့်တက်နိုင်ခြေနှင့်အတူ ယခုနှစ်ကုန်တွင် ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ ရောက်ရှိနိုင်ဟု IMF ခန့်မှန်း



မြန်မာနိုင်ငံ၏ လက်ရှိငွေကြေးဖောင်းပွမှုနှုန်းမှာ ခုနစ်ရာခိုင်နှုန်းရှိနေသည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသော်လည်း ဆက်လက်မြင့်တက်နိုင်သည့်အန္တရာယ် မြင့်မားနေပြီး နှစ်ကုန်တွင် ၈ ဒသမ ၅ ရာခိုင်နှုန်းအထိရောက် ရှိနိုင်ကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က ခန့်မှန်းထားကြောင်း သိရသည်။


သမ္မတဦးသိန်းစိန် သက်တမ်းအတွင်း မြန်မာကျပ်ငွေတန်ဖိုးမှာ နှစ်အနည်းငယ်အတွင်း အဆိုးဆုံးအခြေအနေအထိ ကျဆင်းသွားခဲ့ပြီး ထိုသို့မြန်မာငွေကြေးကျဆင်းမှုသည် ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတို့ကိုသာ ဖြစ်ပေါ်စေနိုင်ကြောင်း စီးပွားရေးပညာရှင်အချို့က သုံးသပ်ပြောကြားမှုများ ရှိနေသည်။


မြန်မာကျပ်ငွေတန်ဖိုးမှာ ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက်က ဗဟိုဘဏ်သတ်မှတ်ချက်တွင် တစ်ဒေါ်လာလျှင် မြန်မာငွေ ၁ဝ၄၈ ကျပ်အထိ ရောက်ရှိလာခဲ့ပြီး ပြီးခဲ့သည့်သုံးလအတွင်း ၆ ဒသမ ၉၃ ရာခိုင်နှုန်းအထိ တိုးတက်လာခြင်းဖြစ်ကြောင်း ဘဏ္ဍာရေး ဆိုင်ရာအကြံပေးကုမ္ပဏီ New Cross-roads Asia (NCRA) မှ စီးပွားရေးဆိုင်ရာ အချက်အလက်များအရ သိရသည်။


မြန်မာနိုင်ငံသည် စီမံခန့်ခွဲမှု ညံ့ဖျင်းမှုနှင့်အတူ ကုန်သွယ်မှု လိုငွေပြနေသည့် နိုင်ငံဖြစ်ပြီး ကုန်သွယ်မှုကျဆင်းခြင်းကြောင့် မြန်မာငွေတန်ဖိုး ကျဆင်းလာခြင်းဖြစ်သည်ဟု နိုဝင်ဘာ ၂၁ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ မေးမြန်းမှုကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးပွင့်ဆန်းက ဖြေကြားခဲ့သည်။


မြန်မာနိုင်ငံတွင် ကုန်သွယ်မှုလိုငွေပမာဏမှာ အမေရိကန်ဒေါ်လာ သုံးဘီလျံအထိ ကွာခြားမှုရှိနေကြောင်း အစိုးရစာရင်းဇယားများအရ သိရသည်။


အဆိုပါပမာဏမှာ နိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှု စတင်ခဲ့သည့် ၂ဝ၁၁ ခုနှစ်မှ စတင်ကာ တစ်ဆင့်ချင်းကြီးထွားလာခဲ့ခြင်းဖြစ်ကြောင်း (NCRA) က သုံးသပ်ထားသည်။


ငွေကြေးလဲလှယ်မှုနှုန်းမှာ ၂ဝ၁၂ ခုနှစ် အစောပိုင်းက အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေ ၈၂၄ ကျပ်ရှိခဲ့ရာမှာ ၂ဝ၁၃ ခုနှစ်အကုန်တွင် ၉၇၆ ကျပ်အထိ တိုးတက်လာခဲ့သည်။


မြန်မာ့ငွေကြေးတန်ဖိုး ကျဆင်းမှုအတွက် အခြားအကြောင်းအရင်းများတွင် ဈေးကွက်အတွင်းသို့ တရားမဝင်ငွေကြေးများ ဝင်ရောက်လာခြင်း၊ နိုင်ငံတော်အရန်ငွေ နည်းပါးခြင်းတို့ ပါဝင်လျက်ရှိသည်။


လက်ရှိအချိန်တွင် မြန်မာငွေကြေးဈေးနှုန်း ကျဆင်းမှုကြောင့် ထိုင်းနိုင်ငံမှ သွင်းကုန်အချို့တင်သွင်းမှုပင် ရပ်နားထားရကြောင်း နယ်စပ်ကုန်သည်အချို့က ဆိုသည်။


မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းမှာ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်ကြောင်း ယခုနှစ်အစောပိုင်းက ကမ္ဘာ့ဘဏ်က ခန့်မှန်းထားခဲ့ပြီး အာရှဖွံ့ဖြိုးမှုဘဏ်ကဆိုလျင် ၂ဝ၃ဝ ပြည့်နှစ်တွင် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းမှာ ၉ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဟု ခန့်မှန်းထားခြင်း ဖြစ်သည်။


သို့သော် စီးပွားရေးဖွံ့ဖြိုးမှုအတွက် အဓိကအတားအဆီးမှာ ငွေကြေးဖောင်းပွမှုဖြစ်ကြောင်း ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးမှုဘဏ်မှ အကြိုသုံးသပ်မှုများ ရှိသည်။


၎င်းတို့၏ ခန့်မှန်းချက်အရ ၂ဝ၁၄-၂ဝ၁၅ ခုနှစ်တွင် မြန်မာ့ငွေကြေးဖောင်းပွမှုမှာ ၆ ဒသမ ၆ ရာခိုင်နှုန်းကျော်အထိ ရောက်လာနိုင်သည်ဟု ခန့်မှန်းထားပြီး အဆိုပါပမာဏမှာ မြန်မာငွေကြေးတန်ဖိုး ယခုပမာဏလောက် မကျဆင်းမီက ခန့်မှန်းခဲ့ခြင်းဖြစ်သည်။
 
 
http://news-eleven.com
မြန်မာနိုင်ငံ၏ လက်ရှိငွေကြေးဖောင်းပွမှုနှုန်းမှာ ခုနစ်ရာခိုင်နှုန်းရှိနေသည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသော်လည်း ဆက်လက်မြင့်တက်နိုင်သည့်အန္တရာယ် မြင့်မားနေပြီး နှစ်ကုန်တွင် ၈ ဒသမ ၅ ရာခိုင်နှုန်းအထိရောက် ရှိနိုင်ကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က ခန့်မှန်းထားကြောင်း သိရသည်။

သမ္မတဦးသိန်းစိန် သက်တမ်းအတွင်း မြန်မာကျပ်ငွေတန်ဖိုးမှာ နှစ်အနည်းငယ်အတွင်း အဆိုးဆုံးအခြေအနေအထိ ကျဆင်းသွားခဲ့ပြီး ထိုသို့မြန်မာငွေကြေးကျဆင်းမှုသည် ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတို့ကိုသာ ဖြစ်ပေါ်စေနိုင်ကြောင်း စီးပွားရေးပညာရှင်အချို့က သုံးသပ်ပြောကြားမှုများ ရှိနေသည်။

မြန်မာကျပ်ငွေတန်ဖိုးမှာ ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက်က ဗဟိုဘဏ်သတ်မှတ်ချက်တွင် တစ်ဒေါ်လာလျှင် မြန်မာငွေ ၁ဝ၄၈ ကျပ်အထိ ရောက်ရှိလာခဲ့ပြီး ပြီးခဲ့သည့်သုံးလအတွင်း ၆ ဒသမ ၉၃ ရာခိုင်နှုန်းအထိ တိုးတက်လာခြင်းဖြစ်ကြောင်း ဘဏ္ဍာရေး ဆိုင်ရာအကြံပေးကုမ္ပဏီ New Cross-roads Asia (NCRA) မှ စီးပွားရေးဆိုင်ရာ အချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံသည် စီမံခန့်ခွဲမှု ညံ့ဖျင်းမှုနှင့်အတူ ကုန်သွယ်မှု လိုငွေပြနေသည့် နိုင်ငံဖြစ်ပြီး ကုန်သွယ်မှုကျဆင်းခြင်းကြောင့် မြန်မာငွေတန်ဖိုး ကျဆင်းလာခြင်းဖြစ်သည်ဟု နိုဝင်ဘာ ၂၁ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ မေးမြန်းမှုကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးပွင့်ဆန်းက ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ကုန်သွယ်မှုလိုငွေပမာဏမှာ အမေရိကန်ဒေါ်လာ သုံးဘီလျံအထိ ကွာခြားမှုရှိနေကြောင်း အစိုးရစာရင်းဇယားများအရ သိရသည်။

အဆိုပါပမာဏမှာ နိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှု စတင်ခဲ့သည့် ၂ဝ၁၁ ခုနှစ်မှ စတင်ကာ တစ်ဆင့်ချင်းကြီးထွားလာခဲ့ခြင်းဖြစ်ကြောင်း (NCRA) က သုံးသပ်ထားသည်။

ငွေကြေးလဲလှယ်မှုနှုန်းမှာ ၂ဝ၁၂ ခုနှစ် အစောပိုင်းက အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေ ၈၂၄ ကျပ်ရှိခဲ့ရာမှာ ၂ဝ၁၃ ခုနှစ်အကုန်တွင် ၉၇၆ ကျပ်အထိ တိုးတက်လာခဲ့သည်။

မြန်မာ့ငွေကြေးတန်ဖိုး ကျဆင်းမှုအတွက် အခြားအကြောင်းအရင်းများတွင် ဈေးကွက်အတွင်းသို့ တရားမဝင်ငွေကြေးများ ဝင်ရောက်လာခြင်း၊ နိုင်ငံတော်အရန်ငွေ နည်းပါးခြင်းတို့ ပါဝင်လျက်ရှိသည်။

လက်ရှိအချိန်တွင် မြန်မာငွေကြေးဈေးနှုန်း ကျဆင်းမှုကြောင့် ထိုင်းနိုင်ငံမှ သွင်းကုန်အချို့တင်သွင်းမှုပင် ရပ်နားထားရကြောင်း နယ်စပ်ကုန်သည်အချို့က ဆိုသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းမှာ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်ကြောင်း ယခုနှစ်အစောပိုင်းက ကမ္ဘာ့ဘဏ်က ခန့်မှန်းထားခဲ့ပြီး အာရှဖွံ့ဖြိုးမှုဘဏ်ကဆိုလျင် ၂ဝ၃ဝ ပြည့်နှစ်တွင် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းမှာ ၉ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဟု ခန့်မှန်းထားခြင်း ဖြစ်သည်။

သို့သော် စီးပွားရေးဖွံ့ဖြိုးမှုအတွက် အဓိကအတားအဆီးမှာ ငွေကြေးဖောင်းပွမှုဖြစ်ကြောင်း ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးမှုဘဏ်မှ အကြိုသုံးသပ်မှုများ ရှိသည်။

၎င်းတို့၏ ခန့်မှန်းချက်အရ ၂ဝ၁၄-၂ဝ၁၅ ခုနှစ်တွင် မြန်မာ့ငွေကြေးဖောင်းပွမှုမှာ ၆ ဒသမ ၆ ရာခိုင်နှုန်းကျော်အထိ ရောက်လာနိုင်သည်ဟု ခန့်မှန်းထားပြီး အဆိုပါပမာဏမှာ မြန်မာငွေကြေးတန်ဖိုး ယခုပမာဏလောက် မကျဆင်းမီက ခန့်မှန်းခဲ့ခြင်းဖြစ်သည်။ - See more at: http://news-eleven.com/business/%E1%80%9C%E1%80%80%E1%80%B9%E1%80%9B%E1%80%BD%E1%80%AD%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%81%8F-%E1%80%B1%E1%80%84%E1%80%BC%E1%80%B1%E1%81%BE%E1%80%80%E1%80%B8%E1%80%B1%E1%80%96%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%95%E1%80%BC%E1%80%99%E1%82%88%E1%82%8F%E1%82%88%E1%80%94%E1%80%B9%E1%80%B8%E1%80%99%E1%80%BD%E1%80%AC-%E1%80%81%E1%80%AF%E1%80%94%E1%80%85%E1%80%B9%E1%80%9B%E1%80%AC%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%82%8F%E1%82%88%E1%80%94%E1%80%B9%E1%80%B8%E1%80%9B%E1%80%BD%E1%80%AD%E1%80%B1%E1%80%94%E1%81%BF%E1%80%95%E1%80%AE%E1%80%B8#sthash.nMPx6eTh.9xB3FRpt.dpuf

ကင်မရွှန်ဟိုက်လန်းတွင် အမှန်တကယ် လိုအပ်သော လုပ်သားများကို ပါမစ်ပေးမည်


မလေးရှား (TANAH RATA)
သတင်း (25.11.2014)


မလေးရှားနိုင်ငံ ကင်မရွန်းဟိုက်လန်းဒေသရှိ တရားမဝင် နေထိုင်သူ အလုပ်သမားများထဲမှ စိုက်ပျိုးရေးလုပ်ငန်းအတွက် အမှန်တကယ် လိုအပ်သော လုပ်သားများကို ပါမစ်ပေးမည့်အကြောင်း ယနေ့ထုတ် သတင်းစာများတွင်ဖော်ပြထားသည်။


ယခုရက်သတ္တပတ်အတွင်း ရက်ဆက် ပြုလုပ်နေသော တရားမဝင် အလုပ်သမားပပြောက်ရေးစီမံချက်အတွင်း ကင်မရွှန်ဟိုက်လန်းဒေသ ၏ စိုက်ပျိုးရေးလုပ်ငန်းများ မထိခိုက်စေရန်အတွက် အလုပ်ရှင်မှထောက်ခံသော တရားမဝင်လုပ်သားများကို ၂ လအတွင်းအပြီးပါမစ်ထုတ်ပေးသွားရန်စီစဉ်မည်ဖြစ်ကြောင်း ဖော်ပြထားခဲ့သည် ။


လူ့အရင်းအမြစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအဖွဲ့မှ စိုက်ပျိုးရေးလုပ်ငန်းများအား ကွင်းဆင်းလေ့လာကာပိုင်ရှင် တောင်ယာသမားများနှင့်တွေ့ဆုံးပြီး
ဝန်ကြီး Datuk Seri G. Palanivel မှပြောကြားခဲ့သည်။



ထို့အတွက် ပြည်ထဲရေးဝန်ကြီး Tan Sri Muhyiddin Yassin မှ လိုအပ်ရင် ပါမစ်ကအစ အလုပ်လုပ်နိုင်တဲ့ အထောက်အထားကိုထုတ်ပေးမည်ဟု
အတည်ပြုပြောကြားသွားခဲ့သည် ။



ထို့အတွက် တရားမဝင်ဖြစ်နေသော ကင်မရွန်ဟိုက်လန်းရောက် မြန်မာနိုင်ငံသား အလုပ်သမားများသည်လည်း မိမိတို့ လုပ်ငန်းရှင်များ၏ ထောက်ခံချက်ရပါက ပါမစ်လျှောက်ထားနိုင်ပြီး ၂ လအတွင်းပြုလုပ်ပေးမည့်အထူးအစီအစဉ်ဖြင့်ပါမစ်ရရနိုင်မည်ဖြစ်သည်။


ထို့အတူ စိုက်ပျိုးရေးလုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့တရားမဝင်ဖြစ်နေသော လုပ်သားများ၊ စိုက်ခင်းများကို ယခုအခွင့်အရေးအတွင်း မှတ်ပုံတင်ကာ တရားဝင်အဖြစ်ပြောင်းလဲသွားရန် ကြော်ငြာအသိပေးထားပြီးဖြစ်ကြောင်း နှင့်လိုအပ်ပါက တရားဝင်လုပ်ကိုင်ခွင့် ယာယီလိုင်စင်များကို ထုတ်ပေးသွားမည်ဖြစ်ကြောင်း ယနေ့ထုတ်သတင်းစာများတွင်တရားဝင်ကြော်ငြာသွားခဲ့သည် ။


ထူးခြား ဆက်စမ် သတင်းများရှိပါကလည်း အချိန်မှီ ဆက်လက်တင်ဆက်ပေးပါမည် ။


မလေးရှားရောက်မြန်မာများ Facebook Official Page

www.facebook.com/mmrinmy
Ref : Thestar Online , Nst , Bernama

25 Nov 2014

ထိုင်းနိုင်ငံ၌ အလုပ်လုပ်ခွင့် သက်တမ်း(၁)နှစ်မှ (၂)နှစ်အထိ တိုးမြှင့်ရန် သဘောတူညီ

 
 
ထိုင်းနိုင်ငံ၊ ချင်းရိုင်းမြို့တွင် (၂၃)ကြိမ်မြောက် ထိုင်းနိုင်ငံ ကုန်သည်ကြီးများ(TTC) အစည်းအဝေးတွင် နိုင်ငံခြားသား အလုပ်သမားများ၏ အလုပ်လုပ်ခွင့် သက်တမ်းအား (၂)နှစ်အထိ တိုးမြှင့်ရန် သဘောတူညီ ခဲ့ကြောင်း သိရသည်။


ထိုင်းအစိုးရအဖွဲ့မှလည်း နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများအား စွဲဆောင်မှုပြုလုပ်နိုင်ရန် အလုပ်ခွင်တွင်လည်း လိုအပ်သော အလုပ်သမားများ ရရှိရေး အဆင်ပြေစေရန်အတွက်နှင့် နိုင်ငံခြားသား အလုပ်သမားများ၏ အလုပ်လုပ်ခွင့် (Work Permit)အား ယခင်(၁)နှစ် ခွင့်ပြုထားရမှ ယခုအခါမှာ သက်တမ်း (၂)နှစ်သို့ တိုးမြှင့်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။


ထိုင်းအစိုးရအဖွဲ့မှ ထိုင်းနိုင်ငံအား “ပို့ကုန်”တင်ပို့သော နိုင်ငံအဖြစ် တည်ဆောက်ရန် နိုင်ငံခြား ရင်းနှီးမြုပ်နှံ သူများအား ပိုမိုဝင်ရောက် လာနိုင်ရေးအတွက် အခွင့်အလမ်းများ ပိုမိုပေးထားသော အစီအစဉ်များ ရေးဆွဲထားကြောင်း သိရသည်။


နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေနှင့် လုပ်ထုံး လုပ်နည်းများကိုလည်း အသင့်ဖြစ်စေရန်နှင့် အကျင့်ပျက်ချစားမှုများ မဖြစ်ပေါ်စေရန် နိုင်ငံခြားမှ လာရောက် ရင်းနှီးမြုပ်နှံသူများ အဆင်ပြေချောမွေ့စေရေး အလေးပေးဆောင်ရွက်ထားကြောင်း သိရှိရသည်။


သတင်း ။ ။ မင်းသုတ
Ref; chiangraitimes
Tachileik Online News

24 Nov 2014

မလေးရှားက မြန်မာ အလုပ်သမားတွေ အတွက် သက်တမ်းတိုး ပေးဖို့ တောင်းဆို


 
မလေးရှားကို ရောက်နေတဲ့ မြန်မာ အလုပ် သမားတွေကို နိုင်ငံကူး လက်မှတ် ထုတ်ပေး ရေးနဲ့ အလုပ် လုပ်ခွင့် လက်မှတ် ထုတ်ပေးရေး အတွက် မလေးရှား အစိုးရ အနေနဲ့ နောက်ထပ် ၆ လ သက်တမ်း တိုးပြီး လုပ်ဆောင် ပေးဖို့ အတွက် မြန်မာ အစိုးရ ဘက်က စာပေးပို့ လိုက်ပါတယ်။


နှစ်နိုင်ငံ အစိုးရရဲ့ သဘော တူညီချက်နဲ့ မလေးရှားမှာ ရှိနေတဲ့ အထောက် အထားမဲ့ မြန်မာ အလုပ် သမားတွေကို နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး လုပ်ငန်းနဲ့ နိုင်ငံကူး လက်မှတ် သက်တမ်း ကုန်နေသူ တွေကို သက်တမ်း တိုးပေး တာကို မြန်မာ သံရုံးမှာ လုပ်ပေး နေတာပါ။


နောက်ပြီး အလုပ် လုပ်ခွင့် ရဖို့ အလုပ် သမားတွေ မှတ်ပုံတင် ရတဲ့ ကာလ အတွက်လည်း အခုနှစ် ဒီဇင်ဘာလ ကုန် အထိ သတ်မှတ်ထား တာ ဖြစ်တဲ့ အတွက် မှတ်ပုံတင် လုပ်ငန်း တွေကို နောက်ထပ် ၆ လ တိုးပေး ဖို့ကို အလုပ် သမား၊ အလုပ် အကိုင်နဲ့ လူမှု ဖူလုံရေး ဝန်ကြီး ဦးအေးမြင့်က မလေးရှား ပြည်ထဲရေး ဝန်ကြီးကို စာပို့ထား တာ ဖြစ်ပါတယ်။


အလုပ် လုပ်ခွင့် လက်မှတ်ကိုလည်း တပြိုင်တည်း ထုတ်ပေးဖို့ တောင်းဆို ထားတယ်လို့ အလုပ် သမား၊ အလုပ် အကိုင်နဲ့ လူမှု ဖူလုံရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးထင်အောင်က ဘီဘီစီကို အတည်ပြု ပြောကြား ပါတယ်။


မလေးရှားမှာ မြန်မာ အလုပ် သမား သိန်းချီ ရှိမယ်လို့ ခန့်မှန်း ပြောနေ ပေမယ့် ၃ သောင်း လောက်ပဲ မှတ်ပုံတင် သေးတာ ဖြစ်တဲ့အတွက် အခု အစီ အစဉ် ကို အယုံ အကြည် နည်းလို့ ဖြစ်တယ်လို့ ဆိုပါတယ်။


လူ တစ်ယောက်ကို မလေးငွေ ၄ ထောင်ကျော် အထိ ယူပြီး ကြားပွဲစား တွေက ငွေလိမ်တာ ရှိသလို၊ ပတ်စပို့ရပြီး အလုပ်လုပ်ခွင့် လက်မှတ် မရှိလို့ အဖမ်းခံ ရတာတွေလည်း ရှိတာကြောင့် အခုလို အယုံ အကြည် နည်းပြီး မလုပ်တာ ဖြစ်တယ်လို့ အလုပ် သမား တွေက ပြောကြ ပါတယ်။


ဘီဘီစီ (မြန်မာပိုင်း)

22 Nov 2014

သတ်မှတ်ထားသော စည်းကမ်းချက်များ မပါဘဲ အလှူခံသည့်သူများအား တိုင်ကြားလျှင် ဖမ်းဆီးနိုင်

 
 
 မန္တလေး ၊ ၂၃-၁၁-၂၀၁၄

အလှူခံ လုပ်ဆောင်သူ များအား သံဃနာယက အဖွဲ့က သတ်မှတ် ထားသော စည်းကမ်းချက် နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ထောက်ခံစာ မပါလျှင် တိုင်ကြား နိုင်ကြောင်း ကလျာဏမိတ္တ လူမှုကူညီရေး အသင်း ဥက္ကဌ
ဦးခင်မောင်တင့် ထံမှ သိရသည်။


စည်းကမ်းချက်များ ဖြစ်သည့် မြို့နယ်အလိုက် သံဃနာယက အဖွဲ့ ထောက်ခံချက် လက်မှတ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး လက်မှတ်၊ တူညီဝတ် စုံတို့နှင့် အခြားသော စည်းကမ်းချက် များကို သတ်မှတ်ထားပြီ သေချာသည့် အထောက်အထား မရှိလျှင် မည်သူမဆို စစ်ဆေး တိုင်ကြား နိုင်မည် ဖြစ်သည်ဟု သိရသည်။


''စည်းကမ်းချက် တွေကို လိုက်နာခြင်း မရှိဘဲ အလှူခံတဲ့သူ တွေ့ရင် မည်သူမဆို စစ်ဆေးလို့ ရတယ်။ မဟုတ်မှန်ရင် ကိုယ်တိုင်ဖမ်းပြီး သက်ဆိုင်ရာကို အပ်နှံနိုင်တယ်။ တိုင် လို့လည်း ရပါတယ်'' ဟု ၄င်းက ပြောပြသည်။


မန္တလေးမြို့ လူစည်းကားသော နေရာများတွင် လူနှစ်ဦးခန့် ပါဝင်ကာ မည်သည့် အထောက်အထားမှ မပါဝင်ဘဲ အလှူငွေများကို ကောက်ခံလျက် ရှိပြီး အလှူငွေ မထည့်ဘဲ မေးမြန်းမူ လုပ်လျှင် ရန်လိုသည့် အမူအရာ ပြုလုပ်ခြင်းများ ရှိကြောင်း မန္တလေး တက္ကသိုလ် ဝန်းကျင် ဆိုင်ခန်း ဖွင့်လှစ်ထားသူ တစ်ဦးထံမှ သိရသည်။


''ဘာမှန်းလဲ မသိဘူး ဘယ်ကလဲ မသိဘူး အလှူ ခဏခဏ လာခံတယ်။ ဘယ်ကလဲ မေးတော့ အလှူ မခံတော့ဘဲ ထွက်သွားတယ် တစ်ခါ တစ်ခါဆို ရန်လိုတဲ့ အမူရာတောင် ပြသွားတယ်'' ဟု မန္တလေး တက္ကသိုလ် ဝန်းကျင် ဆိုင်ဖွင့်ထားသူ တစ်ဦးက ပြောသည်။


ထိုကဲ့သို့သော ဖြစ်စဉ်များ ထပ်တိုးမဖြစ်ပွား စေရန်အတွက် အထောက်ထား မရှိဘဲ အလှူခံရသည့် အကြောင်းရင်း မရှိသူများကို သက်ဆိုင်ရာ အဖွဲ့များမှ လိုအပ်သလို စစ်ဆေးမူ များကို ပြုလုပ်နေ ကြောင်း၊ ပြည်သူများ အနေဖြင့် လည်း ထိုကဲ့သို့ လုပ်ဆောင်သည့် သူများကို တွေ့ရှိလျှင် ချက်ချင်း တိုင်ကြားမူ ပြုကြရန် လိုအပ်ကြောင်း သိရသည်။


မမ
#Yadanarpondaily
#ရတနာပုံနေ့စဉ်
 

ဒေါ်လာဈေးကစားတဲ့ ဘဏ်တွေကို ဗဟိုဘဏ် သတိပေး


 
မြန်မာပြည်တွင်း မှာ နိုင်ငံခြားငွေ လိုအပ်ချက် ကြောင့် ဒေါ်လာဈေး မြင့်တက် နေခဲ့တာမှာ တချို့ ပြည်တွင်း စီးပွားရေး ကုမ္ပဏီတွေ နဲ့ ဘဏ်တွေကလည်း ငွေဈေး ကစားခဲ့တဲ့ အတွက် ဗဟိုဘဏ် ကနေ သတိ ပေးမှုတွေ ပြုလုပ် ခဲ့ရပါတယ်။


ဗဟိုဘဏ် ရဲ့ ဒေါ်လာပေါက်ဈေး သတ်မှတ်နှုန်းရဲ့ ဝ.၈% အတိုး အလျှော့ လုပ်ပြီးပဲ ဒေါ်လာ အရာင်းအဝယ် လုပ်ရမယ် ဆိုတဲ့ စည်းမျဉ်း ရှိပေမယ့်၊ တချို့ဘဏ်တွေက ဈေးနှုန်းမြင့် လာခဲ့လို့ သတိပေးစာ ထုတ်ခဲ့ရတယ် ဆိုပြီး ဗဟိုဘဏ် တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။


ပြီးခဲ့တဲ့ သီတင်းပတ် ရုံးဖွင့်ရက်တွေမှာ ဗဟိုဘဏ် ပေါက်ဈေးနဲ့ လေးငါးဆယ်ခွာပြီး တစ်ဒေါ်လာကို ၁၀၈၀ ကျပ် ဈေး အထိ အရောင်းအဝယ် လုပ်လာခဲ့တာ ဖြစ်ပါတယ်။


ဒီလို ဒေါ်လာဈေးတက်ပြီး ကျပ်ငွေ တန်ဖိုး ကျဆင်းနေတာကို ကိုင်တွယ်ဖို့ ဗဟိုဘဏ် အနေနဲ့ နိုင်ငံခြား အရံငွေ ဒေါ်လာ သန်း ၈၀ လောက် ပုဂ္ဂလိက ဘဏ်တွေကို ထုတ်ရောင်း ပေးခဲ့တယ် လို့လည်း သိရပါတယ်။


လက်ရှိ စံနစ်အရ နိုင်ငံခြားငွေ ပေါက်ဈေးကို နေ့စဉ် ဖြစ်ပေါ်နေတဲ့ နိုင်ငံခြားငွေ အသွင်းအထုတ် တနည်းအားဖြင့် ပို့ကုန် သွင်းကုန် ပမာဏကပဲ ဆုံးဖြတ်တာ ဖြစ်ပါတယ်။


ပို့ကုန်ပို့ပြီး ရထားတဲ့ နိုင်ငံခြားငွေ အင်အားနဲ့ သွင်းကုန်အတွက် နိုင်ငံခြားငွေ လိုအပ်ချက် ကြားက ကွာဟချက် အပေါ်မှာ မူတည်ပြီး ဒေါ်လာငွေ အတက်အကျ ဖြစ်ပေါ်နေတာပါ။


နိုင်ငံခြား ငွေကြေး ဈေးကွက် ဒီထက် တည်ငြိမ်ဖို့ ဆိုရင် ဒီသွင်းကုန် ထုတ်ကုန် အဝင်အထွက် ကို စောင့်ကြည့်ဖို့ လိုအပ်မှာ ဖြစ်တဲ့ အတွက် ဗဟိုဘဏ်၊ ဘဏ္ဍဍာရေးနဲ့ ကုန်သွယ်ရေး ဆိုင်ရာ ဌာနတွေ အချင်းချင်း ဒီထက်ပိုပြီး ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်တယ် လို့ ငွေကြေးဈေးကွက် ပညာရှင်တွေ က သုံးသပ်ထားပါတယ်။


ဘီဘီစီ (မြန်မာပိုင်း)
 

20 Nov 2014

သင့်ကို စိတ်အနှောင့်အယှက်ပေးနေတဲ့ ရည်းစားဟောင်းကို သင့်ဘ၀ထဲက ထုတ်ပစ်ဖို့ နည်း (၅) သွယ်

Photo: သင့်ကို စိတ်အနှောင့်အယှက်ပေးနေတဲ့ ရည်းစားဟောင်းကို သင့်ဘ၀ထဲက ထုတ်ပစ်ဖို့ နည်း (၅) သွယ်
Friday, November 21, 2014

ကိုယ်နဲ့ ဘယ်လိုမှ မဖြစ်နိုင်တော့လို့ လမ်းခွဲလိုက်ပြီးသား ရည်းစားဟောင်းက ကိုယ့်ကိုဆက်တိုက်ဆိုသလို စိတ်အနှောင့်အယှက် ပေးနေတာမျိုးတွေ ကြုံဖူးပါသလား။ ဒီလိုအဖြစ်မျိုးတွေ ကြုံလာတဲ့အခါ ကိုယ့်ဘ၀ထဲက သူ့ကိုလုံးဝထုတ်ပစ်နိုင်ဖို့ သိထားရမယ့် အချက်လေးတွေ ပြောပေးချင်ပါတယ်။

၁။အဆက်အသွယ် အားလုံး ဖြတ်တောက်ပစ်လိုက်ပါ။

တစ်ခါတစ်လေ ပြတ်ပြတ်သားသားလုပ်ရမယ့် အရာတွေ ရှိပါတယ်။ အဲ့ဒါကတော့ သူ့ကိုသာမက၊ သူ့သူငယ်ချင်းမိတ်ဆွေတွေနဲ့ပါ အဆက်အသွယ် ဖြတ်ပစ်လိုက်ဖို့ပါပဲ။ အပြင်မှာသာမက လူမှုကွန်ယက်တွေမှာလည်း အဆက်အသွယ် ဖြတ်လိုက်ပါ။ မဟုတ်လို့ကတော့ သူတို့က တစ်ဆင့် သင့်အတွက် စိတ်အနှောင့်အယှက်တွေ ၀င်ရောက်လာနိုင်သေးလို့ပါပဲ။

၂။သူနဲ့ပတ်သက်တဲ့ အရာတွေအားလုံးကို ဖျောက်ဖျက်ပစ်လိုက်ပါ။

ရည်းစားဟောင်းနဲ့ ကိုယ်ဘယ်လိုမှ အဆင်မပြေဘူးဆိုတာ သေချာတယ်ဆိုရင် သူပေးထားသမျှ အရာတွေကို သိမ်းမထားပါနဲ့တော့။ ဆိုရှယ်မီဒီယာမှာလည်း ဖျက်စရာရှိတာတွေ ဖျက်ပြီး ကိုယ်ပြတ်သားကြောင်း ပြပါ။ အရက်သောက်မိတဲ့အခါ သူ့ဆီကို message တွေ ပို့မိတာမျိုး မဖြစ်အောင် ကိုယ့်ဘက်က ကြိုးစားပါ။ သူ့အသိုင်းအ၀ိုင်းနားထဲကို ကိုယ်အေးဆေးနေသွားမယ်၊ နေနိုင်တယ်ဆိုတဲ့အကြောင်းသာ ပြန်ရောက်ပါစေ။

၃။ရှင်းရှင်းလင်းလင်း နေထိုင်ပြုမူပါ။

ဒါဟာ ရည်းစားနဲ့ ကွဲခါစလူတွေအတွက် ခက်ခဲတဲ့ အရာတစ်ခုပါ။ ပြတ်ပြတ်သားသားနေနိုင်ဖို့ ဆိုတာ မလွယ်ကူဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် သူ့ဘက်က ကိုယ့်ကို ဖုန်းဆက်တာမျိုးတွေ လုပ်တဲ့အခါ အားနာပါးနာ စကားပြန်ပြောတာမျိုးတွေ လုပ်မနေပါနဲ့။ ဒါတွေကနေ သူ့ဆီက ရုန်းမထွက်နိုင် ဖြစ်တတ်လို့ပါ။ သူက ကိုယ့်ကို တစ်ခေါက်လောက် တွေ့ချင်တယ်ဆိုရင်လည်း လက်မခံပါနဲ့။ ကိုယ့်စိတ်ကို ပြတ်သားနိုင်အောင် ကြိုးစားပါ။

၎။အားလုံးပြီးသွားပြီဆိုတာ ပြသနေထိုင်ပါ။

သူ့ကို လွမ်းဆွေးနေတဲ့ပုံမျိုး မဖြစ်အောင် ကြိုးစားနေထိုင်ပါ။ လုပ်စရာရှိတဲ့အလုပ်တွေ ပုံမှန်အတိုင်းပြန်လုပ်ပါ။ သူငယ်ချင်းတွေနဲ့ လည်ပတ်ပါ။ ခရီးသွားတာမျိုး လုပ်နိုင်ပါတယ်။ အထူးသဖြင့် သူမရှိပဲ သင်ပျော်နိုင်တယ်ဆိုတာ ပြသလိုက်ပါ။

၅။ သင့်ဘေးနားအဖော်တစ်ယောက် ရှိနေပါစေ။

တစ်ခါတစ်လေ ကိုယ့်ရည်းစားဟောင်းက ကိုယ့်အလုပ်လုပ်တဲ့ ကုမ္ပဏီကို လိုက်လာတာမျိုး၊ အိမ်ပြန်တဲ့လမ်းမှာ ကိုယ့်ကိုစောင့်နေတာမျိုးတွေ လုပ်တတ်ပါတယ်။ ကိုယ့်နောက်တောက်လျှောက် နောက်ယောင်ခံလိုက်နေတာမျိုး ကြုံရပြီဆိုရင် မိဘဆွေမျိုးသားချင်းတွေရဲ့ အကူအညီ၊ တာဝန်ရှိသူတွေရဲ့ အကူအညီနဲ့ ဖြစ်နိုင်ရင် ဘယ်သွားသွား ဘေးနားမှာ အဖော်တစ်ယောက် ရှိနေပါစေ။

Ref:yourtango.com
မေသော်
Trend Myanmar

 
ကိုယ်နဲ့ ဘယ်လိုမှ မဖြစ်နိုင်တော့လို့ လမ်းခွဲလိုက်ပြီးသား ရည်းစားဟောင်းက ကိုယ့်ကိုဆက်တိုက်ဆိုသလို စိတ်အနှောင့်အယှက် ပေးနေတာမျိုးတွေ ကြုံဖူးပါသလား။ ဒီလိုအဖြစ်မျိုးတွေ ကြုံလာတဲ့အခါ ကိုယ့်ဘ၀ထဲက သူ့ကိုလုံးဝထုတ်ပစ်နိုင်ဖို့ သိထားရမယ့် အချက်လေးတွေ ပြောပေးချင်ပါတယ်။


၁။အဆက်အသွယ် အားလုံး ဖြတ်တောက်ပစ်လိုက်ပါ။

တစ်ခါတစ်လေ ပြတ်ပြတ်သားသားလုပ်ရမယ့် အရာတွေ ရှိပါတယ်။ အဲ့ဒါကတော့ သူ့ကိုသာမက၊ သူ့သူငယ်ချင်းမိတ်ဆွေတွေနဲ့ပါ အဆက်အသွယ် ဖြတ်ပစ်လိုက်ဖို့ပါပဲ။ အပြင်မှာသာမက လူမှုကွန်ယက်တွေမှာလည်း အဆက်အသွယ် ဖြတ်လိုက်ပါ။ မဟုတ်လို့ကတော့ သူတို့က တစ်ဆင့် သင့်အတွက် စိတ်အနှောင့်အယှက်တွေ ၀င်ရောက်လာနိုင်သေးလို့ပါပဲ။


၂။သူနဲ့ပတ်သက်တဲ့ အရာတွေအားလုံးကို ဖျောက်ဖျက်ပစ်လိုက်ပါ။


ရည်းစားဟောင်းနဲ့ ကိုယ်ဘယ်လိုမှ အဆင်မပြေဘူးဆိုတာ သေချာတယ်ဆိုရင် သူပေးထားသမျှ အရာတွေကို သိမ်းမထားပါနဲ့တော့။ ဆိုရှယ်မီဒီယာမှာလည်း ဖျက်စရာရှိတာတွေ ဖျက်ပြီး ကိုယ်ပြတ်သားကြောင်း ပြပါ။ အရက်သောက်မိတဲ့အခါ သူ့ဆီကို message တွေ ပို့မိတာမျိုး မဖြစ်အောင် ကိုယ့်ဘက်က ကြိုးစားပါ။ သူ့အသိုင်းအ၀ိုင်းနားထဲကို ကိုယ်အေးဆေးနေသွားမယ်၊ နေနိုင်တယ်ဆိုတဲ့အကြောင်းသာ ပြန်ရောက်ပါစေ။


၃။ရှင်းရှင်းလင်းလင်း နေထိုင်ပြုမူပါ။

ဒါဟာ ရည်းစားနဲ့ ကွဲခါစလူတွေအတွက် ခက်ခဲတဲ့ အရာတစ်ခုပါ။ ပြတ်ပြတ်သားသားနေနိုင်ဖို့ ဆိုတာ မလွယ်ကူဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် သူ့ဘက်က ကိုယ့်ကို ဖုန်းဆက်တာမျိုးတွေ လုပ်တဲ့အခါ အားနာပါးနာ စကားပြန်ပြောတာမျိုးတွေ လုပ်မနေပါနဲ့။ ဒါတွေကနေ သူ့ဆီက ရုန်းမထွက်နိုင် ဖြစ်တတ်လို့ပါ။ သူက ကိုယ့်ကို တစ်ခေါက်လောက် တွေ့ချင်တယ်ဆိုရင်လည်း လက်မခံပါနဲ့။ ကိုယ့်စိတ်ကို ပြတ်သားနိုင်အောင် ကြိုးစားပါ။


၎။အားလုံးပြီးသွားပြီဆိုတာ ပြသနေထိုင်ပါ။

သူ့ကို လွမ်းဆွေးနေတဲ့ပုံမျိုး မဖြစ်အောင် ကြိုးစားနေထိုင်ပါ။ လုပ်စရာရှိတဲ့အလုပ်တွေ ပုံမှန်အတိုင်းပြန်လုပ်ပါ။ သူငယ်ချင်းတွေနဲ့ လည်ပတ်ပါ။ ခရီးသွားတာမျိုး လုပ်နိုင်ပါတယ်။ အထူးသဖြင့် သူမရှိပဲ သင်ပျော်နိုင်တယ်ဆိုတာ ပြသလိုက်ပါ။


၅။ သင့်ဘေးနားအဖော်တစ်ယောက် ရှိနေပါစေ။


တစ်ခါတစ်လေ ကိုယ့်ရည်းစားဟောင်းက ကိုယ့်အလုပ်လုပ်တဲ့ ကုမ္ပဏီကို လိုက်လာတာမျိုး၊ အိမ်ပြန်တဲ့လမ်းမှာ ကိုယ့်ကိုစောင့်နေတာမျိုးတွေ လုပ်တတ်ပါတယ်။ ကိုယ့်နောက်တောက်လျှောက် နောက်ယောင်ခံလိုက်နေတာမျိုး ကြုံရပြီဆိုရင် မိဘဆွေမျိုးသားချင်းတွေရဲ့ အကူအညီ၊ တာဝန်ရှိသူတွေရဲ့ အကူအညီနဲ့ ဖြစ်နိုင်ရင် ဘယ်သွားသွား ဘေးနားမှာ အဖော်တစ်ယောက် ရှိနေပါစေ။


Ref:yourtango.com
မေသော်
Trend Myanmar

အနမ်းမှတစ်ဆင့် ဘက်တီးရီးယား သန်း ၈၀ ကူးစက်နိုင်


 
 ဖို-မ သဘာဝ တစ်ဦးနှင့်တစ်ဦး နမ်းရှုပ် ကြရာဝယ် ၁ဝ စက္ကန့်မျှ နမ်းရုံဖြင့် တစ်ဦးနှင့် တစ်ဦး၏ ခံတွင်းမှ ဘက်တီးရီးယား သန်း ၈ဝ ခန့် အပြန်အလှန် ကူးစက်နိုင်ပြီး တစ်ရက်လျှင် အနည်းဆုံး ကိုးကြိမ် နမ်းသော ချစ်သူစုံတွဲ များတွင် အပြန်အလှန် ကူးစက်ပြီးနောက် ခံတွင်း ဘက်တီးရီးယား အုပ်စုများလည်း တူသွား တတ်ကြောင်း နယ်သာလန် နိုင်ငံမှ သုတေသီများက ပြောပြသည်။


လူ့ခန္ဓာကိုယ် ထဲတွင် မိုက်ခရို ဘက်တီးရီးယား ပေါင်း ၁ဝဝ ထရီလီယံ ခန့်ရှိပြီး အစားအစာ ချေဖျက်ခြင်း၊ အာဟာရဓာတ် များကို ဖြိုခွဲခြင်း၊ ရောဂါပိုးမွှားများ ရန်မှကာကွယ်ခြင်း တို့ကို ပြုလုပ် ပေးသည်။ ဤ ဘက်တီးရီးယား များမရှိလျှင် လူသား များသည် တစ်ရက်ပင် အသက် ရှင်သန်နိုင်မည် မဟုတ်ကြောင်း လည်း သိရသည်။


''ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဆဲလ် အရေအတွက် ထက် ဘက်တီးရီးယား အရေအတွက် က ၁ဝ ဆလောက် ပိုပါတယ်။ ဒါဟာ လူသား ၁ဝ ရာခိုင်နှုန်းနဲ့ ဘက်တီးရီးယား ၉ဝ ရာခိုင်နှုန်း ပေါင်းစပ်နေတဲ့ သဘောပါပဲ။ ဗီဇပစ္စည်း ဆိုရင်လဲ လူသားဗီဇ ဓာတုပစ္စည်း ထက် ဘက်တီးရီးယား ဓာတုပစ္စည်း က အဆ ၁ဝဝ လောက် ပိုများပါတယ်။ ဒါကြောင့် လူသားတွေ ဆိုတာ လမ်းလျှောက် နေတဲ့ ဘက်တီးရီးယား အစုအပုံကြီး လို့ပြောရင် မမှားပါဘူး ... '' ဟု ဝါရှင်တန် တက္ကသိုလ်မှ သုတေသီ တစ်ဦးက ပြောပြသည်။


သို့ဖြစ်ရာ လူသားများသည် ဘက်တီးရီးယား ပေါင်းစုံ၏ ပူးပေါင်း စွမ်းအားဖြင့် လုပ်ဆောင်ချက် အမျိုးမျိုးကို ပြုလုပ်နိုင်သော အားအင် အစုအဝေးကြီး ဖြစ်လာသည်။ လူ့ခံတွင်း တစ်နေရာတည်း တွင် ပင်ဘက်တီးရီးယား အမျိုးပေါင်း ၇ဝဝ ခန့်ရှိပြီး လူ့ဗီဇ ဓာတုပစ္စည်း၊ အစားအစာနှင့် အသက်အရွယ် တို့ကြောင့် ဘက်တီးရီးယား အမျိုးအစား ပေါင်းစပ် ဖြစ်တည် ပွားများ လာသကဲ့သို့ မိမိနှင့် ကိုယ်လက် နှီးနှောသူများ၏ သဘာဝ အရလည်း ဘက်တီးရီးယား ပိုး အမျိုးအစား တိုးလာ နိုင်ကြောင်း သိရသည်။


ကမ္ဘာပေါ်က ၉ဝ ရာခိုင်နှုန်း သော ယဉ်ကျေးမှုတွေမှာ ချစ်ခင်စုံ မက်ခြင်းကို ဖော်ပြတဲ့ အနေနဲ့  နှုတ်ခမ်း၊လျှာ၊ သွားရည် အစရှိသည် တို့ကို အပြန်အလှန် စုပ်နမ်းကြ ပါတယ်။ ဒီလိုနမ်းတဲ့ အတွက် ဘက်တီးရီးယားတွေ ကူးစက် နိုင်တယ်ဆိုတာ ဆေးပညာက သိထားပေမယ့် ဘက်တီးရီးယား ဘယ်လောက်အထိ ကူးစက် နိုင်သလဲ ဆိုတာကိုတော့ အခုမှ တိုင်းကြည့်ခဲ့ တာပါ။ ရလာတဲ့ အဖြေကတော့ အံ့သြဖို့ ကောင်းကြောင်း သုတေသီ များတွေ့ရှိ ခဲ့သည်။


နေ့စဉ် ခံတွင်းချင်း စုပ်နမ်းကြသော ချစ်သူစုံတွဲများ ၏ လျှာနှင့် သွားရည်တို့ကို စစ်ဆေး ကြည့်သောအခါ ၄င်းတို့၏ ခံတွင်း ဘက်တီးရီးယား အမျိုးအစားများ တူညီနေပြီး ၄င်းတို့၏ ခံတွင်းကို ပိုးသတ် ပြီးမှ အချင်းချင်း နမ်းစေပြီးနောက် ဘက်တီးရီးယား များကို တိုင်းတာကြည့်ရာ ၁ဝ စက္ကန့် နမ်းလိုက်ရုံ မျှဖြင့် ဘက်တီးရီးယား သန်းပေါင်း ၈ဝ ကူးစက်သည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


by PyiChitThar

ကော့တောင်ကျွန်း လူသတ်မှု ဖမ်းဆီးခံ မြန်မာ ၂ ဦးကို ရမန် ထပ်တိုး


ထိုင်းနိုင်ငံ တောင်ပိုင်း ကော့တောင် ကျွန်းမှာ ဗြိတိန် နိုင်ငံသား စုံတွဲ သတ်ဖြတ် ခံရမှုနဲ့ ပတ်သက်ပြီး စွပ်စွဲ ဖမ်းဆီးခံ ထားရတဲ့ မြန်မာ နှစ်ဦးကို စစ်ဆေးဖို့ ကျန် သေးတယ် ဆိုပြီး အစိုးရ ရှေ့နေတွေက ၅ ကြိမ်မြောက် အဖြစ် ရမန် ချုပ်ရက် ထပ်မံ လျှောက်ထား တာကို တရားရုံးက လက်ခံ လိုက်ပါတယ်။


တရား သူကြီး ကနေ ရမန် တပတ် (၁၂ ရက်) ထပ်ပေး လိုက်တာ ဖြစ်တယ်လို့ မြန်မာ ပြည်သား နှစ်ဦး ဘက်က လိုက်လံ ဆောင်ရွက် ပေးနေတဲ့ ဘန်ကောက် မြန်မာ သံရုံး အထူး အဖွဲ့ရဲ့ အကျိုးဆောင် ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။


ဒီရမန် ယူထားတဲ့ အချိန် အတွင်း တယောက်ကို ဘတ်ငွေ ၅ သိန်းနဲ့ လျှောက်ထားမယ် ဆိုရင်တော့ အချုပ်လွတ် ထုချေခွင့် ရကောင်း ရနိုင်တယ် လို့လည်း ဦးအောင်မျိုးသန့်က ပြောပါတယ်။ ဒါကိုလည်း ဘန်ကောက် မြန်မာ သံရုံး ကနေ အမြန်ဆုံး လုပ်ဆောင် သွားမယ်လို့ ပြောပါတယ်။


ထိုင်းဥပဒေ အရ ကတော့ ရမန် ယူတဲ့ နေရာမှာ ၇ ခါ အထိ လျှောက်ထား နိုင်တာ ဖြစ်ပါတယ်။


ရက်ပေါင်း ၄၀ ကျော်ကြာ ချုပ်ထားပြီး စစ်ဆေး နေတာ တောင်မှာ အချိန် အထိ အမှုကို မတင်နိုင် သေးတဲ့ အတွက်၊ ဒီအမှုနဲ့ ပတ်သက်ပြီး ခိုင်လုံမှု အနေ အထား လျော့လာ ပြီ ဖြစ်တယ် လို့လည်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။


ထိုင်းရဲ အနေနဲ့ ဒီ လူသတ်မှုနဲ့ ပတ်သက်ပြီး တခြား ဖမ်းဆီး တာတွေ စစ်ဆေး တာတွေ မရှိ ဘူးလို့လည်း သိရပါတယ်။

 
ဘီဘီစီ (မြန်မာပိုင်း)

မြန်မာလူငယ်နှစ်ဦး အာမခံ ဘတ်ငွေ ၅ သိန်း ထိုင်းတရားရုံး သတ်မှတ်


ထိုင်းနိုင်ငံ ခိုတောင်းကျွန်း လူသတ်မှုနဲ့ ဖမ်းဆီးခံထားရ တဲ့ မြန်မာ အလုပ်သမားနှစ်ဦး အတွက် ဘတ်ငွေ ၅သိန်းနဲ့ အာမခံ လျှောက်ထားနိုင်ကြောင်း Koh Samuei ခရိုင် တရားသူကြီးက ဒီနေ့ ပြောလိုက်ပါတယ်။
မြန်မာအလုပ်သမားနှစ်ဦးကို ခရိုင်တရားရုံးမှာ ဒီနေ့ ရုံးထုတ်ရာ ခရိုင်တရားသူကြီးက ပြောလိုက်တာဖြစ် တယ်လို့ မြန်မာသံရုံးအထူးအဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။


"သက်တမ်းထပ်တိုးပါတယ်၊ ၂ ရက် ၆ လ ၂ဝ၁၄ အထိ အကျုံးဝင်ပါတယ်၊ ဒီကြားထဲမှာ ကလေးဖက်ကလည်း သံရုံးရဲ့ထောက်ခံချက်နဲ့ အာမခံလျှောက်ထားမယ် ဆိုရင်တော့ ခိုင်လုံတဲ့ တစ်ယောက်ကို ၅ သိန်းတန်နဲ့ အာမခံလျှောက်ထားမယ်ဆိုရင်တော့ တရားသူကြီး အနေနဲ့ စဉ်းစားပေးလို့ရတယ်ဆိုတာ တရားရုံးအနေ နဲ့ပြောလိုက်တာပါ"


မြန်မာအလုပ်သမား နှစ်ဦးကို အာမခံရရှိအောင် သံရုံးထောက်ခံချက်နဲ့ မကြာခင်လျှောက်ထားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


ထိုင်းနိုင်ငံ ဥပဒေအရ အမှုတည်ဆောက်ဖို့အတွက် ရမန် ၇ ကြိမ်ထိ လျှောက်နိုင်ပြီး အမှုမတင်နိုင်ရင် တရားခံတွေကို တရားသေအဖြစ် ကွင်းလုံးကျွတ်လွတ်နိုင်တဲ့ အခွင့်အရေးရှိတယ်လို့ သိရပါတယ်။


ထိုင်းနိုင်ငံတောင်ပိုင်း Kho Samuei ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ အဲဒီ့ကျွန်းမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားနှစ်ဦး သတ်တာဆိုပြီး ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားတာ ဖြစ်ပါတယ်။


RFA Burmese

19 Nov 2014

3ီဇင်ဘာ 31 ရက်နေ့ နောက်ဆုံး တရားမဝင်များထွက်ခွာရန်ကြော်ငြာ (မလေးရှား သတင်း (အထူး) 19.11.2014)





မလေးရှားနိုင်ငံပြည်ထဲရေးဝန်ကြီးဌာနနှင့် လဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့မှ လက်ရှိအသစ် စတင်အမှုထမ်းသော ညွန်ကြားရေးမှုးများမှ မနေ့က သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတွင်းရှိနေသာတရားမဝင်နေထိုင်သူများ ၊ Overstay နေထိုင်သူများသည် မလေးရှားနိုင်ငံ၏ ပစ်မှုမှုခင်းများအတွက် ကိုင်တွယ်ရန်ခက်ခဲသကဲ့သို့ နိုင်ငံ၏ တရားစီရင်ရေးစရိတ်စကအတွက် များစွာကုန်ကျနေသည့်အတွက် အဆိုပါညွန်ကြားရေးမှုးချုပ်လက်ထက်တွင် အထူးကိုင်တွယ် ရှင်းလင်းသွားမည်ဖြစ်ကြောင်းကို မနေ့က နှင့် ယနေ့ထုတ်သတင်းစာများတွင် တရားဝင်ဖော်ပြသွားခဲ့သည်။


အဆိုပါ director-general Datuk Mustafa Ibrahim မှ ပြီးခဲ့သည့် အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲတွင် လာမည့် ဒီဇင်ဘာ 31 ရက်နေ့နောက်ဆုံးထားကာ တိုင်းပြည်မှ ရှင်းလင်းမှုပြုလုပ်သွားမည်ဖြစ်ကြောင်း ။ အလုပ်ရှင်များ အနေဖြင့် တရားမဝင် နေထိုင်သူ အလုပ်သမားများ ဌားရမ်းထားမည်ဆိုပါက သက်ဆိုင်ရာ ဌာနများသို့သတင်းပို့ကာ အပ်နှံရမည်ဖြစ်ကြောင်း တရားမဝင် အလုပ်သမားများ နှင့် တရားမဝင်နေထိုင်သူများသည် ယနေ့ မလေးရှားနိုင်ငံအတွက် အထူး ပြဿနာ တစ်ခုဖြစ်လာနေကြောင်း တို့ကို ယနေ့ထုတ် Thestar သတင်းဌာနတွင် ထပ်မံဖော်ပြထားသည်။


ထို့အတူ မလေးရှားနိုင်ငံတွင်းသို့ တရားမဝင် လူတင်သွင်းနေသော အေးဂျင်းများ ၊ ကြားလူများ အား အထူးစီမံချက်ဖြင့် ဖော်ထုတ်အရေးယူနေကြောင်း ကိုလည်း ညွန်ကြားရေးမှုးချုပ်မှ ပြောကြားသွားခဲ့သည် ။
ဆက်လက်ပြီး တနင်္လာနေ့ တွင် ပြုလုပ်သော ဖမ်းဆီးမှုတွင် တရားမဝင်နေထိုင်သူများရှိသည်ဟု ယူဆရာ နေရာများသို့ ဝင်ရောက်စစ်ဆေးမှုစတင်ခဲ့ကာ နိုင်ငံခြားသား 178 ဦးအား ၂ နာရီအတွင်း စစ်ဆေးနိုင်ခဲ့ကြောင်း ။


ပြီးခဲ့သည့် အင်္ဂါနေ့က Sentul Raya တွင်ပြုလုပ်သော ဖမ်းဆီးမှုတွင် အင်ဒိုနီးရှားနိုင်ငံသား 35 ဦး ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား 16 ဦး ၊ မြန်မာနိုင်ငံသား 1 ဦးနှင့် အန္ဒိယနိုင်ငံသားတစ်ဦး စုစုပေါင်း 53 ဦးအား တရားမဝင်နေထိုင်မှု ဥပဒေ Section 15(1)(c) of the Immigration Act 1959/63 အရ အရေးယူပစ်ဒဏ်ပေးပြီးဖြစ်ကြောင်း ။


ဆက်လက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး Datuk Seri Dr Wan Junaidi Tuanku Jaafar မှ သံသယရှိသူ တရားခံများအပါအဝင် 2014 ဇန်နဝါရီလမှ ယနေ့ထိ တရားမဝင် နိုင်ငံသား 14 ရာခိုင်နှုန်း အထိ ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ကြောင်း ။


ယနေ့အထိ ပစ်မှုဆိုင်ရာ သံသယရှိသူတရားခံများကို ဖမ်းဆီးနေပြီး အဆိုပါဖမ်းဆီးမှုအတွက် ကုန်ကျငွေ မလေးရှားရင်းဂစ် 22.875 မီလီယံအထိ အသုံးပြုထားခဲ့ရကြောင်း ကိုယနေ့ထုတ်သတင်းစာများတွင် ကြော်ငြာသွားခဲ့သည်။
မြန်မာနိုင်ငံသားများအတွက်မူ ယနေ့အထိ မြန်မာနိုင်ငံသာမျးားအတွက် အထူးအစီအစဉ်အဖြစ် ပြုလုပ်နေသော osc သည် ယနေ့အထိ ရှိနေပြီး တဖန် တ၇ားမဝင်ဖြစ်နေသူများအတွက် 

Amnesty ဖြင့် မြန်မာနိုင်ငံသို့ လေယာဉ်ဖြင့်တရားဝင် ပြန်နိုင်ရန် ဆောင်ရွက်ပေးနေကြောင်းလည်း
 မြန်မာနိုင်ငံသားများသိရှိရန်လိုအပ်သည် ။


မိမိအစီအစဉ်ဖြင့် မိမိပြန်မည်ဆိုပါကလည်း ပထမဦးစွာ မြန်မာသံရုံးတွင် CI လျှောက်ထားကာ လဝက တွင် Special Pass အတွက်ကုန်ကျငွေ မလေးရင်းဂစ် 100 - Compound ကြေး 400 ရင်းဂစ် ကို ဆောင်ကာ ပြန်နိုင်ပြီဖြစ်သည် ။


ထိုသို့ပြန်လိုသူများအနေဖြင့် မိမိတို့ သက်ဆိုင်ရာ နေရပ်မှ မှတ်ပုံတင် ၊ သန်းခေါင်စာရင်း ၊ မိမိတို့လက်ဝယ်ရှိ ပတ်စပို့ စာအုပ်တို့ဖြင့် မြန်မာသံရုံးတွင် CI လျှောက်ရမည်ဖြစ်သည် ။
CI ရရှိပါက လေယာဉ်လက်မှတ်တစ်ကြောင်းစာ ဝယ်ကာ လဝကသို့ သွား၍ တုံကင်ယူရမည်ဖြစ်သည် ။
ထိုသို့လဝကတွင် သတ်မှတ်ရက်ရပါက ဒဏ်ငွေ 400 + Special Pass 100 ဆောင်ကာ ၅ ရက်အတွက် မြန်မာပြည်သို့ ပြန်ထွက်ရမည်ဖြစ်သည် ။
ဆက်လက်သတင်းများရှိပါကလည်း မလေးရှားရောက်မြန်မာနိုင်ငံသားများ သိရှိစေရန် ဖော်ပြပေးသွားပါမည်။


မလေးရှားရောက်ုမြန်မာများ Facebook Official Page

www,facebook.com/mmrinmy


Ref : Thestar , Bernama , Metro.

Photo : Thestaronline

18 Nov 2014

ကင်ဆာဆဲလ်တွေကိုတောင်သေစေနိုင်တဲ့ အံသြဖွယ်အစွမ်းနဲ့ ဖျော်ရည်


 
ကင်ဆာဆဲလ်တွေကိုတောင်သေစေနိုင်တဲ့ အံသြဖွယ်အစွမ်းနဲ့ ဖျော်ရည်
(အာလူး+မုန်လာဥနီ+ပန်းသီး)
 

ရှေးကတည်းကအဆင့်ဆင့်လက်ဆင့်ကမ်းခဲ့တဲ့အစွမ်းထက်ဖျော်ရည်တစ်မျိုးဖြစ်ပါတယ်။
 

welcome to peace က
တော့ယုံကြည်စွာလုပ်ဆောင်သောက်သုံးပါပြီး။ကြည့်ရှုသူမိတ်ဆွေများလည်လိုက်သောက်စေချင်ကြပါတယ်။တကယ်သောက်လို့ "ကောင်းမှကောင်း "စိတ်ချလိုက်စမ်းပါ ခန္ဓာကိုယ်ကို ဘေးမဖြစ်စေပါဘူး။
ကောင်းကျိုးသာရစေတဲ့အစွမ်းထက်(အာလူး+မုန်လာဥနီ+ပန်းသီး)ဖျော်ရည်ဖြစ်ပါတယ်။
 

ဒီဖျော်ရည်ကို အာလူး(?)%၊ မုန်လာဥနီ
(?)%၊ပန်းသီး(?)%မိမိတို့လိုအပ်သလောက်အချိုးအစားတူညီပေါင်းစပ်ပြီး ဖော်စပ်လို့ လည်ရပါတယ်။
 
လိုအပ်သလောက်ဖော်စပ်ပြီးအစဉ်သင့်သောက်သုးံနိုင်ရအောင်မိမိတို့ လိုလပ်သလောက်ချိန်ဆအသုးံပြုလုပ်ဆောင်ပြီးရေခဲသေတ္တာမှာထား၍လိုအပ်တဲ့အချိန်တွေမှာအရသာရှိစွာခံစားသောက်သုံးနိုင်ကြပါစေ။သစ်သီးအားလုံးကိုဆေးကြောသန့်စင်ပါ။ အခွံခွာပါ။ပြီးရင်ဖျော်စက်ထဲထည့်ကြိတ်ပြီးသည်နှင့် ချက်ခြင်း သောက်သုံးနိုင်ပါပြီ။ (သံပုရာသီး၊ရှောက်သီး၊သံပရိုသီး)တို့ကိုလည်းလိုအပ်ရင်ထည့်သောက်နိုင်ပါတယ်။
 

ဒီဖျော်ရည်ရဲ့ အစွမ်းထက်ပုံတွေကတော့.....
 

( ၁ ) ကင်ဆာဆဲတွေကြီးထွားပြန့်ပွားခြင်းကို တားဆီးပေးပါတယ်။
 

( ၂ ) အသည်းကြီးထွားခြင်း၊ ကျောက်ကပ်ကြီးထွားခြင်း၊
ကပါယ်အိတ်ကြီးထွားခြင်းကို လည်းတားဆီးပေးပါတယ်။
ပြည်တည်နာဖြစ်ခြင်းကိုလည်း ကုစားနိုင်ပါတယ်။
 

( ၃ ) အဆုတ်ကိုအားတိုးစေပြီး၊ နှလုံးရောဂါ၊ သွေးတိုးရောဂါတို့ကိုလည်း
ကာကွယ်ပေးပါတယ်။
 

( ၄ ) ခုခံအားစနစ်ကိုလည်း အားကောင်းစေပါတယ်။
 

( ၅ ) မျက်စိအာရုံကိုပိုကောင်းစေသလို၊ မျက်လုံးနီခြင်း၊
မျက်စိညောင်းခြင်းတို့ကိုလည်းသက်သာစေပါတယ်။
 

( ၆ ) ကြွက်သားနားခြင်း၊ ကြွက်သားဒဏ်ဖြစ်ခြင်းကိုလည်းပျောက်ကင်းစေပါတယ်။
 

( ၇ ) အသားကိုလှပစေပြီး ရွှန်းလဲ့တောက်ပစေပါတယ်။ ပိုမိုနုပျိုစေပါတယ်။
 

( ၈ ) အစာကိုကြေညက်စေနိုင်ပြီး အစာခြေစနစ်ပိုကို ပိုမိုကောင်းမွန်စေပါတယ်။
 

( ၉ ) အမျိုးသမီးများ မီယပ်သွေးပေါ်ချိန်
တွင်ဖြစ်တတ်သောနာကျင်ခြင်းကိုလည်းလျှော့နည်းသက်သာစေပါတယ်။
 

( ၁၀ ) ဖျားနာခြင်းကိုလည်း သက်သာပျောက်ကင်းစေပါတယ်။
 

( ၁၁ ) ဥာဏ်ရည်ကိုတိုးတက်စေပြီး ဦးနှောက်ကိုပိုမိုကောင်းမွန်စေပါတယ်။
 

( ၁၂ ) ကိုယ်အလေးချိန်လျှော့ချနေသူများအနေနှင့်လည်းသောက်သုံးနိုင်ပါတယ်။
ဒီဖျော်ရည်ဟာ အားအင်ကိုတိုးစေသလို
ကယ်လိုရီပါဝင်မှုကလည်းအနည်းဆုံးသောဖျော်ရည်ဖြစ်ပါတယ်။
 

( ၁၃ ) ကိုယ်ခန္ဓာအတွင်းက ကလီစာများပြန်လည်တည်ဆောက်ခြင်းကို အထောက်အပံ့ပေးပါတယ်။
ရောဂါတော်တော်များကိုသက်သာအောင်အထူးအစွမ်းထက်သောဖျော်ရည်ဖြစ်ပါတယ်။
သောက်သုံးနည်းကတော့ ဖျော်ပြီးသားဖျော်ရည်အား မနက်စာမစားခင် ၁နာရီအလိုဗိုက်ထဲတွင်အစာမရှိချိန်မှာ သောက်သုံးရပါမယ်။
 

ပိုပြီးအာနိသင်သက်ရောက်ချင်သူများအနေနဲ့ တစ်နေ့ ၂ကြိမ် မနက်တစ်ကြိမ်
နှင့် ညနေ၅နာရီတွင် ၁ ကြိမ် သောက်သုံးနိုင်ပါတယ်။
၂ပါတ်အတွင်းခုခံအားစနစ်ထူးခြားသိသာပြောင်းလဲလာပါလိမ့်မယ်။ပာုတ်ပါတယ်…
သောက်လိုက်ကြပါစို့ …
 

welcome to peaceနှင့်
အတူစိတ်ဆန္ဒတူညီဝိရိစိုက်အားထုတ်အတူသောက်လိုက်ကြပါစို့ …
ကြည့်ရှုဖတ်ရှုသူအားလုးံကိုယ်စိတ်နှလုးံကျန်းမာချမ်းသာကြပါစေ…
မှ- welcome to peace

Nay Myo Thwin

14 Nov 2014

ဘ၀မှာ ရောဂါကင်းကင်းနဲ့ အသက်ရှည်ရှည် နေထိုင်နိုင်ရေး အတွက် ဘဝနေနည်း (၁ဝ) ချက်



ဘဝမှာ ရောဂါကင်းကင်းနဲ့ သက်သောင့်သက်သာ အသက်ရှည်ရှည် နေထိုင်ဖို့ အတွက် လိုက်နာရမယ့် ဘဝနေနည်း (၁ဝ) မျိုးရှိပါတယ်။ အဲဒီ (၁ဝ) မျိုးကို လိုက်နာခဲ့မယ်ဆိုရင် အသက်ထက်ဆုံး ပျော်ရွှင်စွာ နေထိုင်နိုင်လိမ့်ပါမယ်။


(၁) နေ့စဉ် အားကစား နာရီဝက်လုပ်ပါ

နေ့စဉ် ရုံးအလုပ်၊ ဆိုင်အလုပ်တွေကြောင့် ပင်ပန်းငြီးငွေ့လို့ ရေချိုးတော့မယ် ဆိုရင် တစ်ခုတော့ သတိရလိုက်ပါ။ ခန္ဓာကိုယ်ကို ချွေးထွက်အောင် အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး လေ့ကျင့်ခန်း နာရီဝက်လောက် တစ်ခုခု ကစားပေးပါ။ အဲဒီအခါ ခန္ဓာကိုယ် ပေါ့ပါးလန်းဆန်း လာပါလိမ့်မယ်။ အဆီပိုတွေ လောင်ကျွမ်းပြီး ခန္ဓာကိုယ် အလေးချိန် ဆီအမ်အိုင် (၁၈ ဒသမ ၉-၂၄ ဒသမ ၉) ရှိနေဖို့ အားကစားကိုလုပ်သင့်ပါတယ်။


(၂) ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်ခြင်းဖြင့် ခန္ဓာကိုယ် အတွင်းမှာ ကာဗွန်ဒိုင် အောက်ဆိုက်များပြီး နုံးခွေစေပါတယ်။ တစ်နေ့ကို ဆေးလိပ်အလိပ် ၂ဝ နဲ့ အထက် သောက်တဲ့သူတွေဟာ သွေးကြောများ ရုတ်တရက် ပိတ်ဆို့ခြင်း၊ နှလုံးကို ရုတ်တရက် အတိုက်ခံရခြင်း၊ ဦးနှောက် ရုတ်တရက် အတိုက်ခံရခြင်း၊ လေဖြတ်ခြင်း တို့ကို ဖြစ်နိုင်ပါတယ်။ အသက်ရှည်ရှည် နေချင်ရင်တော့ ဆေးလိပ်ကို ဖြတ်ကိုဖြတ်ရပါလိမ့်မယ်။


(၃) ကိုယ်အလေးချိန်လျှော့ပါ

ခန္ဓာကိုယ်ရဲ့ အလေးချိန်ဟာ ပုံမှန်ထက် ပိုနေရင် အသည်းအဆီ ဖုံးရောဂါ၊ အဝလွန်ရောဂါ၊ သွေးထဲမှာ ကိုလက်စထရောမြင့်တဲ့ ရောဂါ၊ သွေးထဲမှာ အငန်ဓာတ် များခြင်း၊ သွေးတိုးနဲ့ လေသင်တုန်း ဖြတ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ လူတိုင်းလက်ရှိ ခန္ဓာကိုယ် အလေးချိန် ဆီအမ်အိုင်(၁၈ ဒသမ ၉- ၂၄ ဒသမ ၉) အတွင်း ရှိရပါမယ်။


(၄) အငန်ဓာတ်လျှော့စားပါ

ခန္ဓာကိုယ်ထဲမှာ အငန်ဓာတ်များရင် သွေးတိုးရောဂါ ခံစားရတတ်ပါတယ်။ ဖြစ်နိုင်ရင် သွေးပေါင်ကို နေ့စဉ်ချိန်ပါ၊ သွေးအတွင်းမှာ ဆားဓာတ် များစေတဲ့ အခြေအနေက ရှောင်ကြဉ်ပါ။ တတ်နိုင်ရင် ဆားအပိုစားခြင်းကို ရှောင်သင့်ပါတယ်။


(၅) နည်းစနစ်မှန်တဲ့ အားကစားလုပ်ပါ

နည်းစနစ်မှန်ဖို့ ဘော်လီဘော၊ ဘောလုံး၊ ရေကူး စတဲ့ နည်းစနစ် များနဲ့ သေသေချာချာ သင်ကြားစေချင်ပါတယ်။ နည်းစနစ် မှန်ခဲ့ရင် ဒီထက်မက စွမ်းဆောင်နိုင်စွမ်း ရှိကြောင်း၊ မိမိရဲ့စံချိန်များ ရေးမှတ်ထားရင် အားကစားလည်း တိုးတက်ပြီး အားကစား တစ်ရပ်ရပ်မှာ ထူးချွန်ထက်မြက် လာနိုင်ပါတယ်။


(၆) အဆီလျှော့စားပါ

အဆီဆိုတဲ့နေရာမှာ တိရစ္ဆာန်အဆီ၊ ပြည့်ဝဆီ၊ နှစ်ခါပြန်ကြော် ဆီတွေကို မစားသင့်ပါဘူး။ မပြည့်ဝဆီ၊ နှမ်းဆီ၊ မြေပဲဆီ၊ နေကြာဆီတွေ ကို အသုံးပြုနိုင်သလို ဆီပြန်ဟင်းဆိုရင် အဆီမပါစေဘဲ အသားခပ်ယူပြီး စားသုံးနိုင်ပါတယ်။


(၇) စိတ်ဖိစီးမှုလျှော့ချပါ

စိတ်ဖိစီးမှု လျှော့ချပါဆိုရာမှာ တတ်နိုင်သလောက် စိတ်လှုပ်ရှားမှု၊ အိပ်မပျော်မှု၊ စိုးရိမ်ပူပန်မှုတွေ လျှော့ပစ်ဖို့လိုပါတယ်။ ဒီထက်ဆိုးလာရင် တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသပြီး စိတ်ဖိစီးမှု လျော့စေတဲ့ ကုသနည်းကို သုံးပါ၊ ဒါမှမဟုတ် ဘာသာရေး လိုက်စားပြီး ကျင့်စဉ်တို့ သမာပတ်၊ ဝိပဿနာ တို့ကို ကျင့်ကြံ ဆောင်ရွက်နိုင်ပါတယ်။


(၈) ပြည့်ဝဆီရှောင်ပါ

ပြည့်ဝဆီတွေဟာ ခန္ဓာကိုယ်ထဲ ရောက်တဲ့အခါ အဆီအဖြစ် ပြောင်းလဲပြီး ကိုလက်စထရော အနေနဲ့ စုဆောင်း နေမိတတ်ပါတယ်။ နှစ်ကြာလို့ အဆီပြင်အဖြစ် ပြောင်းလဲသွားရင် ဆေးနဲ့ပဲဖြစ်ဖြစ်၊ အားကစား လုပ်လို့ ပဲဖြစ်ဖြစ် အဆီ မကျတော့ပါဘူး။ ဒီအခါမှာ မလိုလားအပ်ဘဲ ခွဲစိတ်ဖယ်ရှားတာတွေ လုပ်ရတယ်။ ဒီအတွက် အဆီပြင် မဖြစ်ခင်ကတည်းက အဆီ (ပြည့်ဝဆီ)ကို ရှောင်သင့်ပါတယ်။


(၉) အရက်လျှော့ပါ

အရက်လျှော့ပါ ဆိုတာက လူတိုင်းအတွက် ပြောရရင် အရက်ဟာ ကိုလက်စထရောကို မြင့်စေပြီး သွေးထဲမှာ ကိုလက်စထရော များလာပြီးတော့ ရုတ်တရက် နှလုံးတိုက်ခိုက် ခံရခြင်း၊ ရုတ်တရက် ဦးနှောက်အတိုက် ခိုက်ခံရခြင်း၊ လေဖြတ်ခြင်း ဖြစ်တတ်ရုံသာ မက နှလုံးသွေးတိုး ရောဂါ တို့ကို ဖြစ်စေပါတယ်။ အတိုင်းထက် အလွန် အရက်စွဲ ရောဂါဖြစ်လာတဲ့ အခါမှာ စိတ်မူမမှန်ခြင်း၊ ဦးနှောက်အာရုံကြော ရောဂါဖြစ်ခြင်း စတဲ့ဆိုးကျိုး တွေကို ခံစားရမှာ ဖြစ်တယ်။


(၁ဝ) သင့်တင့်စွာ စားပါ

လူတိုင်း မိမိခန္ဓာကိုယ် အလေးချိန် ဆီအမ်အိုင် (၁၈ ဒသမ ၉- ၂၄ ဒသမ ၉) ထက် မပိုသင့်ပါဘူး။ ချက်ပြုတ်စရာ မလိုဘဲ အသင့် အမြန်စားသုံးဖို့ ပြုလုပ်ထားတဲ့ အစာမှာ အချို၊ အငန်၊ အဆီကဲ့သို့ ခန္ဓာကိုယ်တွင်းကို ဆားဓာတ်၊ အဆီဓာတ် ရောက်တတ်တဲ့ ရယ်ဒီမိတ် အစားအစာကို စားမယ်ဆိုရင် အဝလွန်ခြင်း ဖြစ်စေတဲ့အပြင် ရောဂါများ ရစေပါတယ်။


အထက်ပါ အချက်များကို လိုက်နာခြင်းဖြင့် အသက်ရှည်ပြီး အနာမဲ့စွာ နေထိုင်နိုင်မှာဖြစ်ပါတယ်။

ကိုးကား မြ၀တီ ကျန်းမာရေး

 

အမေရိကန်နိုင်ငံ ရဲ့ ၄၄ ယောက်မြောက် သမ္မတ အိုဘားမား စီးတဲ့ကား'The Beast'



ကျနော့်အမြင်ကတော့ ကားလို့မခေါ်ပဲ 'တင့်ကား' လို့ခေါ်ရင်ပိုပြီး ကောင်းမလားပဲ.. ဘာရယ်တော့မဟုတ်ပါဘူး.. စိတ်ဝင်စားတဲ့သူတွေအတွက် ဗဟုသုတ အနေ နဲ့ 'The Beast' အကြောင်း နည်းနည်းပြောကြည့်ရအောင်လားနော်...။


'The Beast' ရဲ့ အရှည်ဟာ 18 ft ရှိပါတယ်..။ အမြင့်ကတော့ 5ft 10 inch ရှိပြီး အင်ဂျင်ကတော့ 6.5 litre diesel engine ဖြစ်ပါတယ်..။ အမြန်ဆုံးမောင်းနှင်နိုင်တဲ့ မြန်နှုန်းကတော့ 60MPH and 0-6mph – 15secs ဖြစ်ပြီး ဆီစားနှုန်းအနေနဲ့ ၈ မိုင် ကို တစ်ဂါလံဖြစ်ပါသတဲ့..။ ထုတ်လုပ်ပေးတဲ့ ကုပ္မဏီကတော့ GM ဖြစ်ပါတယ်..။ သမ္မတ အပါအ၀င် ၇ ယောက်စီးနင်းလိုက်ပါ နိုင်ပါတယ်..။ ကားရဲ့တန်ဖိုးကိုတော့ £ 300,000 လို့ရေးထားပါတယ်..။ ကားကိုမောင်းနှင်တဲ့ ယာဉ်မောင်းကို အမေရိကန် စီအိုင်အေ ထောက်လှမ်းရေးအဖွဲ့က အထူး လေ့ကျင့်ပေးထားပါတယ်..။ ၅ လက်မ အထူရှိတဲ့ တိုက်တေနီယမ် ဘော်ဒီ နဲ့ ကျည်ကာမှန်တွေဟာ သေနတ် ပစ်ခတ်မှုကို ခံနိုင်ရည်ရှိတဲ့ အပြင် စီးနင်းလိုက်ပါလာသူတွေကို ရိုင်ဖယ်သေနတ်၊ ပစ္စတိုသေနတ် စတဲ့ စစ်သုံးအသေးစား လက်နက်မျိုးစုံ ပစ်ခတ်မှုကို ကာကွယ်ပေးနိုင်ပါတယ်..။ ဒါ့အပြင် ကားထဲက စီးနင်းသူများကို လက်ပစ်ဗုံးဆန်များ လောင်ချာများ ထိမှန်ခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါတယ်..။


ကားတာယာများဟာလည်း ပေါက်နေသည့်တိုင် မောင်းလို့ရတဲ့ တာယာတွေဖြစ်တဲ့အတွက် တိုက်ခိုက်ခံရတဲ့ နေရာကနေ ကားကို အမြန်မောင်းထွက်နိုင်ပါသတဲ့...။ ကားတွင်းမှာ တပ်ဆင်ထားတဲ့ နောက်ဆုံးပေါ် ဆက်သွယ်ရေးအချက်အလက်တွေ ကွန်ပြူတာပိုင်းဆိုင်ရာ တွေအနေနဲ့တော့ အထူးပြောစရာမလိုလောက်အောင် ကို ပြည့်စုံပြီးဖြစ်မယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာမို့ မပြောတော့ပါဘူး..။ အထူးကိရိယာ တွေထဲမှာ အရေးပေါ် လေသန့်ထုတ်ပေးတဲ့စနစ် ပါဝင်ပါတယ်..။ ဓာတုလက်နက် နဲ့ တိုက်ခိုက်ခြင်းခံရပါက ကားတွင်းမှာ အရေးပေါ် လေသန့်ထုတ်ပေးနိုင်တဲ့ စနစ်ပါဝင် ပါတယ်..။ အပြင်ကနေ မျက်ရည်ယိုဗုံး အဆိပ်ဓာတ်ငွေ့ စတာတွေကို ကားတွင်းမှာတပ်ဆင်ထားတဲ့ ဆင်ဆာက အာရုံခံမိတာနဲ့ ကားထဲရှိ လေအေးပေး စနစ်ဟာ ပြင်ပက လေ၀င်ရောက်မှုကို အလိုအလျောက် ပိတ်လိုက်မှာဖြစ်ပါတယ်..။ 
 
 
အရေးပေါ်အခြေအနေမှာ ကားတွင်းက ပုဂ္ဂိုလ်များ ကားနောက်ဘက် (အံဖုံးနောက်တံခါး)က ထွက်လိုပါက ကားတွင်းရှိ ခလုတ်တစ်ခုကို ဆွဲလိုက်တာနဲ့ ထွက်နိုင်အောင်လည်း စီမံထားပါတယ်..။ ကားရဲ့ ဆီတိုင်ကီဟာလည်း တစ်စုံတစ်ရာကြောင့် ပေါက်သွားပါက အလိုအလျောက် ပြန်ပိတ်နိုင်တဲ့အထိ စီမံထားပါတယ်..။ ကားနောက်မှာတပ်ထားတဲ့ ကင်မရာက ကားနောက်ပိုင်း အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်နေပါတယ်..။ ညပိုင်းမောင်းနှင်တဲ့ အခါ ထိခိုက်မှုနည်းပါးစေဖို့ ရှေ့မြင်ကွင်းကို 'အင်ဖရာရက်' ရောင်ခြည်သုံး မီးလုံးများနဲ့ ထိုးထားပါတယ်..။ ကားလေကာမှန်ဘေးမှာ တပ်ဆင်ထားတဲ့ 'အင်ဖရာရက် ကင်မရာ' က လမ်းပေါ်မှ ထင်လာတဲ့ ပုံရိပ်များကို ကားတွင်းရှိ ထိန်းချုပ်ဖန်သားပြင်ကို ပို့ပေးပါတယ်..။ ကားရဲ့ ဘရိတ်စနစ်ဟာ ရေဒါသုံး ဘရိတ်စနစ် နဲ့ ဖွဲ့စည်းထားပါတယ်..။ ရှေ့ကား နဲ့ နီးလာပြီဆိုရင် အလိုအလျောက် သတိပေးတယ်.. ကားချင်းတိုက်တော့မယ့် အခြေအနေရောက်ပြီဆိုရင် ဘရိတ်ကို ဘယ်လောက်အတိုင်းအတာ ထိ အုပ်ရမယ်ဆိုတာကို အလိုအလျောက်တွက်ချက် ထိန်းပေးနိုင်တဲ့အတွက် ကားမောင်းသူက လိုသလောက် ဘရိတ် မအုပ်မိ ခဲ့ရင်လည်း ဒီရေဒါသုံး ဘရိတ်စနစ်က လိုသလောက် အလိုလို ဘရိတ်အုပ်ပေးနိုင်တယ်လို့ ဆိုထားပါတယ်...။


မူရင်းရေးသားသူအား ခရက်ဒစ်ပေးပါတယ်။