28 Nov 2014

အင်တာနေရှင်နယ် တိပိဋက ရွတ်ဖက် ပူဇော်ပွဲ


အို ....ဓမ္မမိတ်ဆွေအပေါင်းတို့......
=====================

သိပ်မကြာသေးခင်က အိန္ဒိယနိုင်ငံ နာဂပူရ်မြို့၌ တစ်သိန်းကျော်သော ဟိန္ဒူဘာသာဝင်တို့သည် မိမိတို့အလိုဆန္ဒအလျောက် ဗုဒ္ဓဘာသာဝင်အဖြစ်သို့
ပြောင်းရွေ့သောပွဲကြီး၌ အဓိက ကမကထပြုလုပ်သော ဤပို့စ်တ်၌ပါသော ဓာတ်ပုံရှင် အမေရိကန်နိုင်ငံနေ ၀မ်းမိုးသည် -

သူမ ဖခင်ရဲ့ တိုက်တွန်းချက်ကို မိမိရဲ့ စေတနာများနှင့် ပေါင်းစပ်ကာ အိန္ဒိယနိုင်ငံ ဂယာမြို့ ဗုဒ္ဓဂယာ မြေမြတ်မဟာ၌ နိုင်ငံပေါင်း (၉) နိုင်ငံ စုပေါင်းကာ -

''အင်တာနေရှင်နယ် တိပိဋက ရွတ်ဖက် ပူဇော်ပွဲကြီး,,ကို
ခမ်းခမ်းနားနား ကျင်းပလာခဲ့ရာ ယ္ခုနှစ်ဆို (၁၀)ကြိမ်မြောက်သို့
ရောက်ရှိခဲ့ပြီဖြစ်ပါသည်။

မိမိတို့အနေနှင့် နိုင်ငံတကာ အမြင်အယူအဆများကို
သိရှိချင်သော်လည်းကောင်း

တိပိရွတ်ဖက်ပူဇော်ပွဲကြီးကို လာရောက်ကြည်ညိုချင်သော်လည်းကောင်း

အလွန်အင်မတန်မှ ခမ်းနားထည်ဝါ ကြီးကျယ်သော
ဤပွဲကြီးကို လာရောက်ကြည်ညိုနိုင်ပါကြောင်း
သီတင်းကောင်းပါးအပ်ပါသည်။

နေရက်= 1.12.2014 မှ 11.12.2014 အထိ။

နေရာ=ဗုဒ္ဓဂယာ မြေမြတ်မဟာ။

အရှင် ဂုဏိဿရ
 

0 comments:

Post a Comment