26 Nov 2014

လက်ရှိမြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ခုနစ်ရာခိုင်နှုန်းရှိနေပြီး ဆက်လက်မြင့်တက်နိုင်ခြေနှင့်အတူ ယခုနှစ်ကုန်တွင် ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ ရောက်ရှိနိုင်ဟု IMF ခန့်မှန်း



မြန်မာနိုင်ငံ၏ လက်ရှိငွေကြေးဖောင်းပွမှုနှုန်းမှာ ခုနစ်ရာခိုင်နှုန်းရှိနေသည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသော်လည်း ဆက်လက်မြင့်တက်နိုင်သည့်အန္တရာယ် မြင့်မားနေပြီး နှစ်ကုန်တွင် ၈ ဒသမ ၅ ရာခိုင်နှုန်းအထိရောက် ရှိနိုင်ကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က ခန့်မှန်းထားကြောင်း သိရသည်။


သမ္မတဦးသိန်းစိန် သက်တမ်းအတွင်း မြန်မာကျပ်ငွေတန်ဖိုးမှာ နှစ်အနည်းငယ်အတွင်း အဆိုးဆုံးအခြေအနေအထိ ကျဆင်းသွားခဲ့ပြီး ထိုသို့မြန်မာငွေကြေးကျဆင်းမှုသည် ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတို့ကိုသာ ဖြစ်ပေါ်စေနိုင်ကြောင်း စီးပွားရေးပညာရှင်အချို့က သုံးသပ်ပြောကြားမှုများ ရှိနေသည်။


မြန်မာကျပ်ငွေတန်ဖိုးမှာ ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက်က ဗဟိုဘဏ်သတ်မှတ်ချက်တွင် တစ်ဒေါ်လာလျှင် မြန်မာငွေ ၁ဝ၄၈ ကျပ်အထိ ရောက်ရှိလာခဲ့ပြီး ပြီးခဲ့သည့်သုံးလအတွင်း ၆ ဒသမ ၉၃ ရာခိုင်နှုန်းအထိ တိုးတက်လာခြင်းဖြစ်ကြောင်း ဘဏ္ဍာရေး ဆိုင်ရာအကြံပေးကုမ္ပဏီ New Cross-roads Asia (NCRA) မှ စီးပွားရေးဆိုင်ရာ အချက်အလက်များအရ သိရသည်။


မြန်မာနိုင်ငံသည် စီမံခန့်ခွဲမှု ညံ့ဖျင်းမှုနှင့်အတူ ကုန်သွယ်မှု လိုငွေပြနေသည့် နိုင်ငံဖြစ်ပြီး ကုန်သွယ်မှုကျဆင်းခြင်းကြောင့် မြန်မာငွေတန်ဖိုး ကျဆင်းလာခြင်းဖြစ်သည်ဟု နိုဝင်ဘာ ၂၁ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ မေးမြန်းမှုကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးပွင့်ဆန်းက ဖြေကြားခဲ့သည်။


မြန်မာနိုင်ငံတွင် ကုန်သွယ်မှုလိုငွေပမာဏမှာ အမေရိကန်ဒေါ်လာ သုံးဘီလျံအထိ ကွာခြားမှုရှိနေကြောင်း အစိုးရစာရင်းဇယားများအရ သိရသည်။


အဆိုပါပမာဏမှာ နိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှု စတင်ခဲ့သည့် ၂ဝ၁၁ ခုနှစ်မှ စတင်ကာ တစ်ဆင့်ချင်းကြီးထွားလာခဲ့ခြင်းဖြစ်ကြောင်း (NCRA) က သုံးသပ်ထားသည်။


ငွေကြေးလဲလှယ်မှုနှုန်းမှာ ၂ဝ၁၂ ခုနှစ် အစောပိုင်းက အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေ ၈၂၄ ကျပ်ရှိခဲ့ရာမှာ ၂ဝ၁၃ ခုနှစ်အကုန်တွင် ၉၇၆ ကျပ်အထိ တိုးတက်လာခဲ့သည်။


မြန်မာ့ငွေကြေးတန်ဖိုး ကျဆင်းမှုအတွက် အခြားအကြောင်းအရင်းများတွင် ဈေးကွက်အတွင်းသို့ တရားမဝင်ငွေကြေးများ ဝင်ရောက်လာခြင်း၊ နိုင်ငံတော်အရန်ငွေ နည်းပါးခြင်းတို့ ပါဝင်လျက်ရှိသည်။


လက်ရှိအချိန်တွင် မြန်မာငွေကြေးဈေးနှုန်း ကျဆင်းမှုကြောင့် ထိုင်းနိုင်ငံမှ သွင်းကုန်အချို့တင်သွင်းမှုပင် ရပ်နားထားရကြောင်း နယ်စပ်ကုန်သည်အချို့က ဆိုသည်။


မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းမှာ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်ကြောင်း ယခုနှစ်အစောပိုင်းက ကမ္ဘာ့ဘဏ်က ခန့်မှန်းထားခဲ့ပြီး အာရှဖွံ့ဖြိုးမှုဘဏ်ကဆိုလျင် ၂ဝ၃ဝ ပြည့်နှစ်တွင် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းမှာ ၉ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဟု ခန့်မှန်းထားခြင်း ဖြစ်သည်။


သို့သော် စီးပွားရေးဖွံ့ဖြိုးမှုအတွက် အဓိကအတားအဆီးမှာ ငွေကြေးဖောင်းပွမှုဖြစ်ကြောင်း ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးမှုဘဏ်မှ အကြိုသုံးသပ်မှုများ ရှိသည်။


၎င်းတို့၏ ခန့်မှန်းချက်အရ ၂ဝ၁၄-၂ဝ၁၅ ခုနှစ်တွင် မြန်မာ့ငွေကြေးဖောင်းပွမှုမှာ ၆ ဒသမ ၆ ရာခိုင်နှုန်းကျော်အထိ ရောက်လာနိုင်သည်ဟု ခန့်မှန်းထားပြီး အဆိုပါပမာဏမှာ မြန်မာငွေကြေးတန်ဖိုး ယခုပမာဏလောက် မကျဆင်းမီက ခန့်မှန်းခဲ့ခြင်းဖြစ်သည်။
 
 
http://news-eleven.com
မြန်မာနိုင်ငံ၏ လက်ရှိငွေကြေးဖောင်းပွမှုနှုန်းမှာ ခုနစ်ရာခိုင်နှုန်းရှိနေသည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသော်လည်း ဆက်လက်မြင့်တက်နိုင်သည့်အန္တရာယ် မြင့်မားနေပြီး နှစ်ကုန်တွင် ၈ ဒသမ ၅ ရာခိုင်နှုန်းအထိရောက် ရှိနိုင်ကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က ခန့်မှန်းထားကြောင်း သိရသည်။

သမ္မတဦးသိန်းစိန် သက်တမ်းအတွင်း မြန်မာကျပ်ငွေတန်ဖိုးမှာ နှစ်အနည်းငယ်အတွင်း အဆိုးဆုံးအခြေအနေအထိ ကျဆင်းသွားခဲ့ပြီး ထိုသို့မြန်မာငွေကြေးကျဆင်းမှုသည် ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတို့ကိုသာ ဖြစ်ပေါ်စေနိုင်ကြောင်း စီးပွားရေးပညာရှင်အချို့က သုံးသပ်ပြောကြားမှုများ ရှိနေသည်။

မြန်မာကျပ်ငွေတန်ဖိုးမှာ ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက်က ဗဟိုဘဏ်သတ်မှတ်ချက်တွင် တစ်ဒေါ်လာလျှင် မြန်မာငွေ ၁ဝ၄၈ ကျပ်အထိ ရောက်ရှိလာခဲ့ပြီး ပြီးခဲ့သည့်သုံးလအတွင်း ၆ ဒသမ ၉၃ ရာခိုင်နှုန်းအထိ တိုးတက်လာခြင်းဖြစ်ကြောင်း ဘဏ္ဍာရေး ဆိုင်ရာအကြံပေးကုမ္ပဏီ New Cross-roads Asia (NCRA) မှ စီးပွားရေးဆိုင်ရာ အချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံသည် စီမံခန့်ခွဲမှု ညံ့ဖျင်းမှုနှင့်အတူ ကုန်သွယ်မှု လိုငွေပြနေသည့် နိုင်ငံဖြစ်ပြီး ကုန်သွယ်မှုကျဆင်းခြင်းကြောင့် မြန်မာငွေတန်ဖိုး ကျဆင်းလာခြင်းဖြစ်သည်ဟု နိုဝင်ဘာ ၂၁ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ မေးမြန်းမှုကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးပွင့်ဆန်းက ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ကုန်သွယ်မှုလိုငွေပမာဏမှာ အမေရိကန်ဒေါ်လာ သုံးဘီလျံအထိ ကွာခြားမှုရှိနေကြောင်း အစိုးရစာရင်းဇယားများအရ သိရသည်။

အဆိုပါပမာဏမှာ နိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှု စတင်ခဲ့သည့် ၂ဝ၁၁ ခုနှစ်မှ စတင်ကာ တစ်ဆင့်ချင်းကြီးထွားလာခဲ့ခြင်းဖြစ်ကြောင်း (NCRA) က သုံးသပ်ထားသည်။

ငွေကြေးလဲလှယ်မှုနှုန်းမှာ ၂ဝ၁၂ ခုနှစ် အစောပိုင်းက အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေ ၈၂၄ ကျပ်ရှိခဲ့ရာမှာ ၂ဝ၁၃ ခုနှစ်အကုန်တွင် ၉၇၆ ကျပ်အထိ တိုးတက်လာခဲ့သည်။

မြန်မာ့ငွေကြေးတန်ဖိုး ကျဆင်းမှုအတွက် အခြားအကြောင်းအရင်းများတွင် ဈေးကွက်အတွင်းသို့ တရားမဝင်ငွေကြေးများ ဝင်ရောက်လာခြင်း၊ နိုင်ငံတော်အရန်ငွေ နည်းပါးခြင်းတို့ ပါဝင်လျက်ရှိသည်။

လက်ရှိအချိန်တွင် မြန်မာငွေကြေးဈေးနှုန်း ကျဆင်းမှုကြောင့် ထိုင်းနိုင်ငံမှ သွင်းကုန်အချို့တင်သွင်းမှုပင် ရပ်နားထားရကြောင်း နယ်စပ်ကုန်သည်အချို့က ဆိုသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းမှာ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်ကြောင်း ယခုနှစ်အစောပိုင်းက ကမ္ဘာ့ဘဏ်က ခန့်မှန်းထားခဲ့ပြီး အာရှဖွံ့ဖြိုးမှုဘဏ်ကဆိုလျင် ၂ဝ၃ဝ ပြည့်နှစ်တွင် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းမှာ ၉ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဟု ခန့်မှန်းထားခြင်း ဖြစ်သည်။

သို့သော် စီးပွားရေးဖွံ့ဖြိုးမှုအတွက် အဓိကအတားအဆီးမှာ ငွေကြေးဖောင်းပွမှုဖြစ်ကြောင်း ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးမှုဘဏ်မှ အကြိုသုံးသပ်မှုများ ရှိသည်။

၎င်းတို့၏ ခန့်မှန်းချက်အရ ၂ဝ၁၄-၂ဝ၁၅ ခုနှစ်တွင် မြန်မာ့ငွေကြေးဖောင်းပွမှုမှာ ၆ ဒသမ ၆ ရာခိုင်နှုန်းကျော်အထိ ရောက်လာနိုင်သည်ဟု ခန့်မှန်းထားပြီး အဆိုပါပမာဏမှာ မြန်မာငွေကြေးတန်ဖိုး ယခုပမာဏလောက် မကျဆင်းမီက ခန့်မှန်းခဲ့ခြင်းဖြစ်သည်။ - See more at: http://news-eleven.com/business/%E1%80%9C%E1%80%80%E1%80%B9%E1%80%9B%E1%80%BD%E1%80%AD%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%81%8F-%E1%80%B1%E1%80%84%E1%80%BC%E1%80%B1%E1%81%BE%E1%80%80%E1%80%B8%E1%80%B1%E1%80%96%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%95%E1%80%BC%E1%80%99%E1%82%88%E1%82%8F%E1%82%88%E1%80%94%E1%80%B9%E1%80%B8%E1%80%99%E1%80%BD%E1%80%AC-%E1%80%81%E1%80%AF%E1%80%94%E1%80%85%E1%80%B9%E1%80%9B%E1%80%AC%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%82%8F%E1%82%88%E1%80%94%E1%80%B9%E1%80%B8%E1%80%9B%E1%80%BD%E1%80%AD%E1%80%B1%E1%80%94%E1%81%BF%E1%80%95%E1%80%AE%E1%80%B8#sthash.nMPx6eTh.9xB3FRpt.dpuf

0 comments:

Post a Comment