17 Dec 2014

အောက်လမ်းမှ ပြန်သူများအားထပ်မံဖမ်းဆီး မြန်မာ ၇၆ ဦး ထပ်မံဖမ်းခံရ



မလေးရှား (အထူး)
သတင်း (16.12.2014)

မလေးရှားနိုင်ငံ KEDAH ခရိုင်ရှိ ဘုကစ်ကာယုဟီတမ် တွင် ယနေ့ပြုလုပ်သော တရားမဝင် နှိမ်နှင်းရေး အထူးအဖွဲ့ (UPP) မ၏ စီမံချက်အရ မလေးရှားနိုင်ငံမှ တရားမဝင် ထွက်ခွာမည့် သူ စုစုပေါင်း ၇၆ ဦး အား Kampung Pandan Satu တွင် ယနေ့နံနက် 9 နာရီက ထပ်မံဖမ်းဆီးရရှိကြောင်း ယနေ့ညနေထုတ် သတင်းတွင် ဖော်ပြထားခဲ့သည် ။


Kedah အထူးဖမ်းဆီးရေး အဖွဲ့ခေါင်းဆောင် Noor Mohamed Shaik Alauddin မှ ယခုဖမ်းဆီးရေးအတွက် ပြည်သူများ၏ သတင်းပေးချက်များစွာပါဝင်ကြောင်းကိုထည့်သွင်းပြောကြားသွားခဲ့သည် ။


ယနေ့ဖမ်းဆီးမှုတွင် မြန်မာနိုင်ငံသား ၇၆ ဦး (အရေတွက်အများဆုံး) ပါဝင်ကာ မည်သည့်အထောက်အထားမှ မရှိသူ အမျိုးသား ၆၅ ဦး နှင့် အမျိုးသမီး ၇ ဦး နှင့် ပါမစ်သက်တမ်းလွန်နေသူ ၄ ဦး စုစုပေါင်း ၇၆ ဦးအား တစ်စုတည်းဖမ်းဆီးမိခဲ့ကြောင်း သတင်းဌာနများက ဖော်ပြထားခဲ့သည် ။


ဖမ်းဆီးရရှိသူများအနေဖြင့် အသက် ၁၇ မှ ၆၁ နှစ် ကြား ဖြစ်ကြောင်း ၊ အဆိုပါ ၇၆ ဦးလုံး ဂျိုဟိုး ၊ ကွာလာလမ်ပူ ၊ ပီနန်း နှင့် ကူလင်းတို့တွင် တရားမဝင်နေထိုင်နေကြသူများဖြစ်ကြောင်း နှင့် အခကြေးငွေဖြင့်တရားမဝင်ထွက်ခွာရန် ကြိုးစားသူများဖြစ်ကြောင်း ယနေ့သတင်းဌာနများတွင်ဖော်ပြထားသည် ။


ထပ်မံပြီး Noor Mohamed မှတရားမဝင် ထွက်ခွာသူများကို အဆိုပါဖမ်းမိသောအိမ်တွင် ညကတည်းက စုစည်းထားကာ ချောင်းလွန်ကားဂိတ်မှ ဖမ်းဆီးခြင်းဖြစ်ကြောင်း ။


အထောက်အထား မရှိသူများအား ပုဒ်မ ၆(၁)(ခ) တရားမဝင်နေထိုင်မှု ဥပဒေ 1959/63 ဖြင့်လည်းကောင်း ၊ အခြား ရက်လွန်နေထိုင်သူ ၄ ဦးကိုမူ ပုဒ်မ ၁၅(၁)(ခ) အရ လည်းကောင်း အရေးယူသွားမည်ဖြစ်ကြောင်း ။

ဖမ်းဆီးထားသူများအား လဝက သို့လွဲပြောင်းပေးသွားမည်ဖြစ်ကြောင်း ။
Kedah ပြည်နယ် တရားမဝင် နှိမ်နှင်းရေး အထူးအဖွဲ့ UPP ၏ ခေါင်းဆောင် မှ ၂၀၁၄ ဒီဇင်ဘာ တစ်ရက်နေ့မှ ၁၅ ရက်နေ့အထိ ဖမ်းဆီးရရှိသူ စုစုပေါင်း 274 ဦးရှိကြောင်း နှင့် ထိုထဲတွင် မြန်မာနိုင်ငံသား အများဆုံးပါဝင်ကြောင်းကို ယနေ့သတင်းဌာနများသို့ အတည်ပြုသတင်းထုတ်ပြန်ကြောင်း မလေးရှားရောက်မြန်မာများ သိရှိရန် ဖော်ပြပေးသည် ။


မလေးရှားရောက်မြန်မာများ Facebook Official Page
www.facebook.com/mmrinmy



0 comments:

Post a Comment