16 Apr 2014

မြန်မာ အမျိုးသမီးများ ဒေါ်စုလို ၀တ်စားဆင်ယင်သင့်သည်ဟု ပြောဆိုလိုက်သည့် ရောခ်ကာကြီး ဇော်ဝင်းထဋ်

မြန်မာအမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုကို အကြံပေးပြောဆိုနေသည့် ဇော်ဝင်းထွဋ်။ ဓာတ်ပုံ - ဖြိုးမမမောင်


မြန်မာ အမျိုးသမီးများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ၀တ်စားဆင်ယင်နေသည့် မြန်မာဆန်ဆန် ၀တ်စားဆင်ယင်မှုပုံစံ မျိုးးကဲ့သို့ ၀တ်ဆင်သင့်သည်ဟု ရော့ခ်ဂီတ သီဆိုမှုများကို နှစ်ပေါင်းကြာရှည်စွာ ဖြတ်သန်းနေသော ဇော်ဝင်းထွဋ်က ဧပြီ ၁၅ရက်တွင် မြိုင်ဟေ၀န်ပန်းခြံ သင်္ကြန်ဖျော်ဖြေရေး၌ မဇ္စျိမသို့ ပြောကြားလိုက်သည်။


"မြန်မာမိန်းကလေးတွေ ၀တ်စား ဆင်ယင်မှုတွေကို အခုခေတ်မှာ တွေ့နေရတာက အမျိုးသားနဲ့ အမျိုးသမီးပြောင်းပြန်တွေဖြစ်နေကြတာ။အမျိုးသားတွေက လုံခြုံမှုရှိပြီး အမျိုးသမီး တချိ့ကတော့ ခေတ်ဆန်တဲ့ အ၀တ်အစားမျိုးတွေ ၀တ်ဆင်လာကြတာကို တွေ့နေရလို့ ပါပဲ။

အနောက်တိုင်းက ၀တ်ဆင်ကြတဲ့ အတိုအပြတ်တွေကို အတုယူ ၀တ်ဆင်လာကြတာ များလာတယ်။ မြန်မာ လူမျိုးတွေရဲ့ ရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်းသင့်တယ်လို့ ထင်ပါတယ်။ အနောက်နိုင်ငံတွေက သူတို့ရဲ့ ယဉ်ကျေးမှုအရ ၀တ်ဆင်ကြပေမယ့် ကိုယ်တွေအနေနဲ့ကတော့ အတု မယူသင့်ဘူး။ "ဟု ၄င်းက ပြောသည်။

မြန်မာကို ကမ္ဘာက ယဉ်ကျေးသည့် နိုင်ငံ အဖြစ်သတ်မှတ်ထားခြင်းကြောင့် ယခုလို အနောက်တိုင်းက ၀တ်စားဆင်ယင်မှုကို အတုယူ ၀တ်ဆင်ကြသည့် သရုပ်ပျက် ၀တ်စားဆင်ယင်မှုမျိုး မ၀တ်သင့်ဟု ၄င်းက ဆိုသည်။ ကမ္ဘာ့နိုင်ငံများက သိကြသည့် ဒေါ်အောင်ဆန်းစုကြည်၏ ၀တ်စားဆင်ယင်မှုမျိုးသည် မြန်မာ့ ရိုးရာ ၀တ်စားဆင်ယင်မှုမျိုး ဖြစ်ခြင်းကြောင့် မြန်မာတို့အတွက် ဂုဏ်ယူစရာ တစ်ခုအဖြစ် တည်ရှိနေသည်ဟု ပြောသည်။ ကမ္ဘာ့ နိုင်ငံများသည် မြန်မာ နိုင်ငံကို ယဉ်ကျေးသည့် နိုင်ငံအဖြစ်သိကြသည့်အတွက် မြန်မာ အမျိုးသမီးများ၏ ၀တ်စားဆင်ယင်မှုကိုအစဉ် စောင့်ကြည့်နေခြင်း ဖြစ်သည်။

အဆိုတော် ဇော်ဝင်းထွဋ်သည် မြန်မာ နိုင်ငံ၏ ရောခ့်ဂီတ အနုပညာနယ်ပယ်တွင် နှစ်ပေါင်းကြာမြင့်စွာ ဖြတ်သန်းခဲ့သူဖြစ်ပြီး ယနေ့ချိန်အထိ အောင်မြင်လျက်ရှိသူဖြစ်သည်။ ၄င်းသည် ရှိုးပွဲ ပေါင်းများစွာကို သီဆို ဖျော်ဖြေခဲ့သူဖြစ်ကာ စီးရီးများစွာကိုလည်း ထွက်ရှိခဲ့သူဖြစ်သည်။

အဆိုတော် ဇော်ဝင်းထွဋ်သည် ၄င်း၏ ယခုနောက်ပိုင်းဂီတဖြတ်သန်းမှု တွင် မျိုးဆက်သစ်အနုပညာရှင်များစွာကို လက်တွဲကာ စင်မြင့်ထက်သို့ တင်ပေးနေသူတစ်ဦးဖြစ်သည်။

Mizzima



ကျမ ဘာကြောင့် Burma လို့ သုံးနှုန်းရသလဲဆိုတာ.....


Tun Wai

ကျမဘာကြောင့် Burma လို့ သုံးရသလဲဆိုတာကို ဒီနေရာမှာ ရှင်းဖို့လိုလာပါတယ် ။ လူတော်တော်များများကလည်း ဒီအကြောင်း ကျမကို မေးကြတယ်လေ ။

၁၉၄၈ မှာ လွတ်လပ်ရေးရလာတော့ ကျမတို့နိုင်ငံကို Burma လို့သိကြပါတယ် ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ( BSP ) လက်ထက် ၁၉၇၀ နဲ့ ၁၉၈၀ နှစ်များ ကာလအတွင်းလို့ထင်ပါတယ် ..........နှစ်အတိအကျကိုတော့ ကျမ သိပ်မမှတ်မိပါဘူး.........ဒီလို မမှတ်မိတာကဘဲ ဒီကိစ္စကို ကျမ သိပ်ပြီး ရေးကြီးခွင်ကျယ် လုပ်မနေဘူး ဆိုတာ ပြနေတယ်လို့ ပြောရမှာပါ ဘဲ ။
အဲဒီနှစ်တွေ အတွင်းမှာထိလည်း ကျမတို့ဟာ Burma ဆိုတဲ့နာမည်နဲ့ ဆက်ရပ်တည်ခဲ့ပါတယ် ။

ဒါပေမယ့် ၁၉၈၈ စစ်အစိုးရ တက်လာပြီးနောက်ပိုင်း ........တစ်နေ့လည်းကျရော သတင်းစာတွေမှာ ကြေငြာလိုက်ပါတယ် ။ အဲဒီနေ့ အဲဒီရက်က စပြီး ကျမတို့ နိုင်ငံကို နိုင်ငံတကာမှာ Myanmar လို့ ခေါ်ရမယ် လို့ ပါ ။ Burma လို့မခေါ်ရတော့ပါဘူး တဲ့ ။ ကျမ သိသလောက်တော့ ကြေငြာချက်က အစိုးရပိုင်ရေဒီယိုတွေမှာတော့ မပါဘူးလို့ သိရပါတယ် ။
ဒီလို နာမည်ပြောင်းမှုအတွက် တရားဝင်ထုတ်ပြန်ရှင်းပြချက်မှာ ပြောတာက Burma ဆိုတာ ကိုလိုနီတွေ ထွင်ခဲ့တဲ့ နာမည်ဖြစ်တာကြောင့်လို့ဆိုပါတယ် ။ Myanmar ဆိုတာတော့ ကျမတို့က ကျမတို့နိုင်ငံကို ခေါ်တဲ့ မူရင်းနာမည်လို့ ဆိုပါတယ် ။

ဒါဟာ မဟုတ်ပါဘူး ။ ကျမ အစောပိုင်းတုန်းက ပြောခဲ့သလိုဘဲ Burma ဆိုတာ တိုင်းရင်းသားအများကြီး ပါဝင်တဲ့ နိုင်ငံပါ ။ ဗမာ ( Burmese ) ဆိုတာ အဲဒီအများကြီးထဲက တိုင်းရင်းသားတစ်မျိုးသာ ဖြစ်ပါတယ် ။ ဗမာဆိုတာကို စာတွေ ပေတွေထဲမှာ ရေးရင် Myanmar လို့ ရေးတတ်ကြပါတယ် ။ ဒီတော့ Myanmar ဆိုတာ Burmese လို့ ခေါ်တဲ့လူဦးရေအများဆုံးတိုင်းရင်းသား တစ်ရပ်ရဲ့ Literary Name သာ ဖြစ်ပါတယ် ။ ကျမက ဗမာပါ ....သို့မဟုတ် မြန်မာပါ ။ ကျမ ဗမာစကားပြောရင် ကျမတို့ကို ကျမတို့ Burmese လို့ဘယ်တော့မှ မရည်ညွှန်းဘဲ Myanmar လို့သာ ရည်ညွှန်းပြောဆိုပါတယ် ။

ဒီလိုဘဲ လူကြီးမင်းတို့လည်း အင်္ဂလိပ်စကားပြောရင် ကိုယ့်ကိုယ်ကိုယ် ရည်ညွန်းပြောဆိုကြတဲ့အခါ ဂျာမန် ( German ) လို့ ရည်ညွန်းကြရပါတယ် ။ ဒွိုက်ရှ် Deutsch လို့ မရည်ညွှန်းကြပါဘူး ။ ဒါလုံးဝကို သဘာဝကျပါတယ် ။ ပြင်သစ်တွေဆိုရင်လည်း အင်္ဂလိပ်လိုပြောကြရင် သူတို့ကိုသူတို့ French လို့ ပြောကြပါတယ်......Français လို့မပြောကြပါဘူး ။ ဒီလိုဘဲ ကျမလည်း အင်္ဂလိပ်လိုပြောရင် ကျမတို့နိုင်ငံကို Burma လို့ရည်ညွှန်းပြောဆိုလေ့ရှိပါတယ် ။

ဒါပေမယ့် Myanmar ဆိုတဲ့နာမည်ကို ကျမ ကန့်ကွက်ရတဲ့ အဓိက အကြောင်းရင်းကတော့ ပြည်သူ့ဆန္ဒ ဘယ်လိုရှိသလဲ ဆိုတာ မမေးဘဲ အတင်းအကျပ် ပြောင်းခဲ့လို့ပါဘဲ ။ တနည်းပြောရရင် လုံးဝ ဒီမိုကရေစီမကျတဲ့နည်းနဲ့ ပေးခဲ့တဲ့ နာမည်မို့လို့ပါဘဲ ။ ကျမတို့ကို ဒီနာမည်နဲ့ ကမ္ဘာက သိရမယ် ဆိုပြီး အာဏာလက်ဝယ်ရှိသူတွေက ဆုံးဖြတ်ခဲ့တာပါ ။ ဒါကြောင့် ကျမက ကျမတို့နိုင်ငံကို Burma လို့ဆက်လက်ရည်ညွန်းပြောဆိုတာ ဖြစ်ပါတယ် ။

ဒါပေမယ့် ဒီမိုကရေစီကို ယုံကြည်သူတစ်ယောက်အနေနဲ့ ပြောရရင် Burma လို့ ခေါ်မလား ၊ Myanmar လို့ခေါ်မလားဆိုတာ လူကြီးမင်းတို့အနေနဲ့ မိမိဘာသာ ဆုံးဖြတ်လို့ ရပါတယ် ။

ကျမအတွက်တော့ နှစ်ခုလုံးကို လက်ခံလို့ရပါတယ် .......ကိုယ့်ဆန္ဒအတိုင်း လွတ်လွတ်လပ်လပ် ခေါ်မယ် ၊ တစ်စုံတစ်ယောက်က ဒီနာမည်ကို ခေါ်ရမယ် လို့အတင်းအကြပ်ခိုင်းလို့ ခေါ်ရတာမျိုး မဟုတ်ဘူး ဆိုရင်ပေါ့လေ ။

 
Spring Flowers
မှ

ပြန်လည်မျှဝေပါသည်။