20 Apr 2014

၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ တစ်ဦးတည်းမူပိုင်ပြသခွင့် SKY NET ရရှိ


ရန်ကုန်- ဇွန်လတွင် ကျင်းပမည့် ၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပွဲ စဉ်များ မြန်မာနိုင်ငံတွင် တိုက်ရိုက် ထုတ်လွှင့်ပြသခွင့်ကို SKY NET က တစ်ဦးတည်းမူပိုင်ရရှိထားပြီး ပွဲစဉ်အများစုကို ၎င်း၏ အခပေး ရုပ်သံလိုင်းများတွင် ထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ကမ္ဘာပေါ်တွင် နိုင်ငံအသင်း လိုက် ဘောလုံးပြိုင်ပွဲများတွင် အကြီးအကျယ်ဆုံးနှင့် ပရိသတ်အားပေးမှုအများဆုံး ကမ္ဘာ့ဖလားပွဲကို ဘရာဇီးက အိမ်ရှင်အဖြစ် ကျင်းပပြီး ၂၀၁၄ ဇွန်လ ၁၂ ရက်တွင် စတင်မည်ဖြစ်သည်။ မြန်မာနိုင်ငံနယ်နိမိတ်အတွင်း ရုပ်သံ ထုတ်လွှင့်ပြသခွင့်ကို SKY NET က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ထံမှ တစ်ဦးတည်းမူပိုင်အဖြစ် ဝယ်ယူ ခဲ့ခြင်းဖြစ်သည်ဟု SKY NET မှ အထွေထွေမန်နေဂျာ ဒေါက်တာ သိန်းသန်းဦးက ပြောသည်။

‘‘ကျွန်တော်တို့ SKY NET က အခပေးလိုင်းတွေမှာလည်းပြမှာ ဖြစ်သလို ပွဲစဉ်အချို့ကို အခမဲ့ ရုပ်သံလိုင်း MNTV မှာလည်းပြပါ မယ်။ ဒါပေမဲ့ MNTV ကတော့ ပွဲစဉ်အားလုံးပြမှာမဟုတ်ပါဘူး။ ဘောလုံးအဖွဲ့ချုပ်ကနေ ရုပ်သံ ထုတ်လွှင့်ပြသခွင့်ရောင်းကတည်း က အခပေးနဲ့ အခမဲ့ခွဲခြားပြီး ရောင်းတာမဟုတ်ပါဘူး။ သူတို့ စာချုပ်ပါ စည်းကမ်းတွေအတိုင်း ကျွန်တော်တို့က အားလုံးဝယ်ခဲ့ တာပါ။ ဝယ်ယူခဲ့တဲ့နှုန်းထားကို တော့ ပြောလို့မရပါဘူး’’ဟု ၎င်း က ပြောသည်။

သို့သော် MNTV မှာ အခမဲ့ ရုပ်သံလိုင်းဖြစ်သော်လည်း မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖမ်းယူကြည့်ရှုနိုင်ခြင်း မရှိသေးဘဲ အနည်းဆုံးဒစ်ဂျစ်တယ်ဆက်တော့ပ်ဘောက်တစ်ခု ရှိမှသာ ဖမ်းယူကြည့်ရှုနိုင်ရာ SKY NET ရုပ်သံဖမ်းစက်နှင့် MNTV လိုင်းပါသည့် ကျပ် ၃,၆၀၀ တန် လိုင်း ၂၀ ပါ ဈေးအနည်းဆုံး package ကို မဖြစ်မနေဝယ်ယူ ကြည့်ရှုရမည်ဖြစ်သည်။

SKY NET စက်မှာ ကျပ်ငါး သောင်းခွဲဖြစ်ပြီး ကနဦးတပ်ဆင် ပါက ရုပ်သံလိုင်းများဝယ်ယူခြင်း၊ SKY NET စလောင်းတပ်ဆင်ရခြင်းစသည့် ကုန်ကျစရိတ် စုစုပေါင်း တစ်သိန်းဝန်းကျင်ရှိသည်။

SKY NET သည် လက်ရှိတွင်ကမ္ဘာပေါ်၌ ပရိသတ်အားအပေး ဆုံး အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးပွဲ၊ ချန်ပီယံလိဂ်ဘောလုံး ပွဲတို့ကိုလည်း တစ်ဦးတည်းမူပိုင် ပြသခွင့်ရထားခြင်းကြောင့် ဘော လုံးဝါသနာအိုးများက ဝေဖန်နေ ကြသည်။

‘‘ဒီလို ကမ္ဘာ့ဖလားလို ပွဲမျိုးတွေဆိုရင် လူတိုင်းကြည့်ချင် တာပေါ့။ အရင်တစ်ခေါက်က လည်း အခမဲ့ရုပ်သံလိုင်းတွေမှာ လွှင့်ခဲ့တာပဲ။ SKY NET ကလည်း တပ်ဖို့ဈေးကြီးတယ်။ ယောက်ျား လေးတွေကတော့ လက်ဖက်ရည် ဆိုင်၊ ဘီယာဆိုင်တွေမှာသွား ကြည့်လို့ရတယ်။ မိန်းကလေး တွေကျတော့ ဘယ်အဆင်ပြေပါ့ မလဲ။ အခမဲ့ရုပ်သံလိုင်းတွေက လွှင့်ရင်တော့ ကောင်းတာပေါ့’’ ဟု အသက်(၂၆)နှစ်အရွယ် ဒေါက်တာဆွေသူက ပြောသည်။

အခမဲ့ရုပ်သံလိုင်းများကပြ လျှင် ကြည့်မည်ဖြစ်ပြီး ဘောလုံး ပွဲကြည့်ရန်အတွက်နှင့် SKY NET ကို ဝယ်ယူတပ်ဆင်မည်မဟုတ် ကြောင်း အသက်(၂၆)နှစ်အရွယ် အင်ဂျင်နီယာ မဂျူးဂျူးက ပြော သည်။

ကမ္ဘာ့ဖလားဘောလုံးပွဲများ ကို မြန်မာနိုင်ငံက အစဉ်အဆက် အခမဲ့ရုပ်သံလိုင်းများက ထုတ် လွှင့်ပြသခဲ့ပြီး ၂၀၁၀ ကမ္ဘာ့ဖလား ပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံ ကြား၊ မြဝတီနှင့် MRTV-4 စသည့် အခမဲ့ရုပ်သံလိုင်းများတွင် ကြည့်ရှုနိုင်ခဲ့သည်။ အခြားအိမ် နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ အင်ဒိုနီးရှားတို့တွင် အခပေးရုပ် သံလိုင်းများတွင် ထုတ်လွှင့်သလို အခမဲ့ရုပ်သံလိုင်းများ၊ အစိုးရပိုင် ရုပ်သံလိုင်းများကလည်း မတူ သည့်ပွဲစဉ်များကို ထုတ်လွှင့်ပြသ လေ့ရှိသည်။

သို့သော် ယခုနှစ်တွင် SKY NET ရုပ်သံဖမ်းစက်ရှိမှသာ ကြည့် ရှုနိုင်မည်ဖြစ်ပြီး SKY NET ကတစ် ဦးတည်းမူပိုင်ဝယ်ထားသည့်အ တွက် နှစ်ပေစလောင်း၊ ရှစ်ပေ စလောင်းများတွင်ပါလေ့ရှိသည့် ESPN အားကစားလိုင်းများမှ လည်း ဘောလုံးပွဲများကို ထုတ် လွှင့်တော့မည်မဟုတ်ချေ။

‘‘SKY NETက ဝယ်ထားတယ်ဆိုရင်တော့ ပြလို့မရဘူး။ကမ္ဘာ့ဖလားပြသခွင့်စာချုပ်ကစည်းကမ်းတွေအမျိုးမျိုးရှိတယ်။
 သေချာတော့ မပြောတတ်သေးပါဘူး’’ဟုအခမဲ့ပုဂ္ဂလိကရုပ်သံလိုင်း MRTV-4 မှ ဦးမျိုးမြတ်သူကပြောသည်။

ကမ္ဘာ့ဖလား ဘောလုံးပွဲ ထုတ်လွှင့်ပြသခွင့်စာချုပ်ပါစည်း ကမ်းအရ အခမဲ့ရုပ်သံလိုင်းအချို့ တွင်ပြသရန်အချက်ပါဝင်သော် လည်း SKY NET က ၎င်းတို့ပိုင် MNTV တွင်သာ အခမဲ့အဖြစ် ပွဲစဉ်တချို့ထည့်သွင်းပြသမည် ဖြစ်ပြီး အခြားအခမဲ့ရုပ်သံလိုင်းများနှင့် ပြန်လည်မျှဝေပြသရန်မှာလည်း လောလောဆယ်အစီအစဉ်မရှိကြောင်း
 ဒေါက်တာ သိန်းသန်းဦးက ပြောသည်။

‘‘အရင်က တရားမဝင်ပြနေ ကြတာ။ အခုဟာက တရားဝင် ပိုက်ဆံနဲ့ပေးဝယ်ပြီးပြတာ။ လစဉ်ကြေးမများတော့ ကြည့်ပျော်ပါတယ်။ ဘောလုံးပွဲကြိုက်တဲ့သူတစ်ယောက်အတွက်တော့ မဆိုးပါဘူး။ SKY NET ကလွှင့်တဲ့ဟာအားလုံးကိုမဝယ်ဘဲ ကိုယ်ကြိုက်တဲ့လိုင်းလေးတွေကို ရွေးပြီးဝယ်လို့ရရင်ကောင်းမယ်။ အဲဒါဆိုရင် ပိုလည်းဈေးသက်သာမယ်။ အခုဟာကကြည့်ချင်၊ မကြည့်ချင် သူ့ Package အလိုက်အားလုံးဝယ်ထားရတာ’’ ဟု မင်္ဂလာတောင်ညွန့်ရှိ သင်တန်းကျောင်းတစ်ခုမှ ဝန်ထမ်း ကိုထူးအောင်က ပြောသည်။

‘‘ကမ္ဘာ့ဖလား အမီတော့ MNTV ကို ရိုးရိုးအင်တင်နာနဲ့ဖမ်း လို့ရအောင်လုပ်ပေးနေပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဖမ်း မရရင်လည်း SKY NET စက်လေး ဝယ်ပြီး MNTV ပါတဲ့ ၃,၆၀၀ တန် Package ကို ကမ္ဘာ့ဖလားတစ်လ ဝယ်ကြည့်လိုက်ပါ’’ဟု ဒေါက်တာ သိန်းသန်းဦးက ပြောသည်။

SKY NET ရုပ်သံသည် အစိုး ရပိုင်စက်ပစ္စည်းများနှင့် အခြေခံ အဆောက်အအုံများကို သုံးစွဲခွင့် ရထားပြီး ရုပ်သံလိုင်းအပါအဝင် အက်ဖ်အမ်ရေဒီယိုလိုင်းများတွင် လည်း ဈေးကွက်ဝေစုကို လက်ဝါး ကြီးအုပ်ထားသည်ဟု ဝေဖန်ခံနေ ရပြီး မြန်မာပြည်သူများ အသည်း စွဲ အင်္ဂလန်ပရီးမီးယားလိဂ်ဘော လုံးပွဲများ တစ်ဦးတည်းမူပိုင်ထုတ် လွှင့်ခွင့်ရခဲ့စဉ်ကလည်း ဘောလုံး ပရိသတ်များ၏ ဝေဖန်မှုကိုရရှိခဲ့ သည်။ ယခုတစ်ဖန် ကမ္ဘာ့ဖလား ဘောလုံးပွဲကိုပါ ၎င်းတစ်ဦးတည်း မူပိုင်ထုတ်လွှင့်ခွင့်ကိုရရှိခဲ့ခြင်း ဖြစ်ကြောင်း SKY NET ကို ဝေဖန် မှုများထွက်ပေါ်လာခဲ့သည်။

‘‘ဈေးကွက်စီးပွားရေးအရ အပြိုင်လုပ်ကြမှာပဲ။ ဒါပေမဲ့ ပရိ သတ်ကိုလည်းကြည့်သင့်တယ်။ ကိုယ့်ပရိသတ်က ဒီလောက် ပမာဏကိုသုံးနိုင်တဲ့အခြေအနေ ရှိရဲ့လားဆိုတာ။ မတန်တဆတော့ မလုပ်သင့်ဘူး’’ဟု ဘောလုံးဝါ သနာရှင်တစ်ဦးက ပြောသည်။

မန္တလေးမြို့ မဟာအောင် မြေမြို့နယ်မှ ဘောလုံးဝါသနာရှင် ကိုစည်သူကျော်ကလည်း အခ ပေး ရုပ်သံလိုင်းဖြစ်သော SKY NET တစ်ခုတည်းက ကမ္ဘာ့ဖလား ဘောလုံး ပွဲစဉ်များထုတ်လွှင့်ပြ သခွင့်ရရှိ ခဲ့ခြင်းကြောင့် အဆိုပါ စလောင်း တပ်ဆင်မထားနိုင် သော ဘောလုံးဝါသနာရှင်များ အတွက် အခက်အခဲ ဖြစ်စေကြောင်း ပြောကြားသည်။

 
7Day News Journal


ပျောက်ဆုံးမလေးရှားလေယာဉ်ကို ရေငုပ်သင်္ဘောဖြင့် ရှာဖွေမှု တတိယအကြိမ် ပြီးစီး


ပျောက်ဆုံးမလေးရှားလေယာဉ် ရှာဖွေရာတွင်အသုံးပြုသော Bluefin-21 ရေအောက်ရှာဖွေရေးယာဉ်အား သြစတြေးလျရေတပ်သင်္ဘောပေါ်သို့ ကရိန်းဖြင့် မတင်နေသည်ကို ဧပြီ ၁၇ ရက်က တွေ့ရစဉ် (LSIS Bradley Darvill/EPA)


No.352 Friday, April 18, 2014 
 
ပျောက်ဆုံးနေသည့် မ လေးရှားလေယာဉ်ကို ရေအောက် တွင် ရေငုပ်သင်္ဘောဖြင့် တတိယ အကြိမ်ရှာဖွေခဲ့မှုမှာ လုပ်ငန်းစဉ် အပြည့်အ၀ ဆောင်ရွက်ပြီးစီးခဲ့ ကြောင်း သိရသည်။

ယခုနှစ်ကြိမ်တွင် ထိုရေငုပ် သင်္ဘောငယ်ဖြင့် အိန္ဒိယသမုဒ္ဒရာ အောက်ခြေ၌ ရှာဖွေခဲ့မှုမှာ ရေ ယာဉ်၏ နည်းပညာပိုင်းဆိုင်ရာ ပြဿနာများကြောင့် ခေတ္တသာ ရှာဖွေမှု လုပ်ခဲ့ရသည်။ ထိုရေငုပ် သင်္ဘောယာဉ်ငယ်မှ ရေအောက် တွင် ရှာဖွေစုဆောင်းလာခဲ့သော ဧရိယာတစ်ဝိုက်မှာ ပျောက်ဆုံး နေသည့် လေယာဉ်မှ ပျံသန်းမှု မှတ်တမ်း သေတ္တာနက်မှ ထုတ် လွှင့်သော အသံလှိုင်းအချက်ပြမှု များကို ဖမ်းယူရရှိခဲ့သည့်နေရာဟု ခန့်မှန်းရသည့်နေရာတစ်ဝိုက် တွင်ဖြစ်သည်။

သြစတြေးလျ စစ်သင်္ဘော အိုးရှင်းရှီးလ်ပေါ်မှ ရေချကာ အ မေရိကန်ရေတပ်က ထိန်းချုပ် မောင်းနှင်သော Bluefin-21 ရေ ငုပ်သင်္ဘောငယ်သည် ရေအောက် တွင် အလိုအလျောက်သွားနိုင် သည့် ရေငုပ်သင်္ဘောငယ်လည်း ဖြစ်သည်။

ထိုသင်္ဘောငယ်သည် ရေ အောက်အနက် မီတာ ၄,၅၀၀ (ပေ ၁၅,၀၀၀)ခန့်တွင် သွား ရောက်ရှာဖွေမှုများ လုပ်ခဲ့ပြီး ယ ခု တတိယအကြိမ်ရှာဖွေမှုတွင် စုစုပေါင်းအချိန် ၁၅ နာရီ ကြာမြင့် ခဲ့သည်။

‘‘Bluefin-21 ယာဉ်ဟာ ရှာ ဖွေရေးဧရိယာထဲမှာ သူ့မစ်ရှင်ကို အပြည့်အ၀ လုပ်ဆောင်ခဲ့ပြီး လက် ရှိမှာလည်း နောက်ထပ်ရှာ ဖွေရေးမစ်ရှင်ကို ဆောင်ရွက်ဖို့ ပြင်ဆင်နေပါပြီ’’ ဟု သြစတြေး လျ ဦးဆောင်သည့် ပူးပေါင်းရှာ ဖွေရေးအဖွဲ့ (JACC) မှ ထုတ်ပြန် သည့် ကြေညာချက်တွင်လည်း ဖော်ပြ ထားသည်။

အဖွဲ့က ရေငုပ်သင်္ဘောငယ် သည် ပင်လယ်ရေအောက် ကြမ်းပြင်တွင် အကျယ်အ၀န်း ကီလိုမီတာ ၉၀ ၀န်းကျင်နေရာကို ဆန်းစစ်ရှာ ဖွေခဲ့ကြောင်း ဆို သည်။

လက်ရှိတွင် ရေအောက် ကြမ်းပြင်၌ ထိုသို့ လေယာဉ်ပျက် မှဖြစ်နိုင်သည့် အပိုင်းအစများကို ရှာဖွေရေးမှာ ရက်သတ္တပတ်များ စွာမှ လနှင့်ချီသည်အထိ ကြာမြင့် နိုင်ကြောင်း တာဝန်ရှိသူများက သတိပေး ပြောကြားသည်။

—Ref: Channelnewsasia

7Day Daily



သင့်အသည်း ကျန်းမာရေး ကောင်းပြီး စွမ်းအင် အပြည့်အဝ ရရှိစေရန်


photo:google

သင်ရဲ့ခန္ဓာကိုယ်ထဲက ကိုယ်တွင်းအင်္ဂါ တစ်ခု ဖြစ်တဲ့အသည်းဟာ သွေးတွေကို သန့်ရှင်းစင်ကြယ်စေပြီး အဆိပ်တွေကို ဖြိုခွဲနိုင်ကာ သွေးတွင်းသကြားအဆင့်နဲ့ စွမ်းအင်အဆင့်ကို တည်ငြိမ်စေနိုင်ပါတယ်။

အမေရိကန်မှ လေ့လာမှုအရ သူတို့လူမျိုး သုံးယောက်မှာ တစ်ယောက်နှုန်းဟာ အသည်းမှာ အဆီစုနေတာ ဒါမှမဟုတ် အာဟာရ ချို့တဲ့တာကြောင့် အသည်းရဲ့လုပ်ငန်းတွေ ကျဆင်းနေတယ်လို့ တွေ့ရှိခဲ့ပါတယ်။

အသည်းရဲ့ လုပ်ဆောင်ချက်ကျဆင်းတဲ့ ပထမဆုံး လက္ခဏာဟာ ပင်ပန်းနွမ်းနယ်နေတာပါ။ အောက်ပါ နည်းတွေဟာ တစ်လအတွင်း သင့်အသည်းရဲ့ကျန်းမာရေးကို ပြန်လည် ကောင်းမွန်စေနိုင်ပြီး စွမ်းအင် အပြည့်အဝ ရရှိစေနိုင်မယ့် နည်းတွေပါ။



နံနက်စာအတွက် ကြက်ဥနှစ်လုံးနှင့် လိမ္မော်ရည်သောက်ပါ

 ကြက်ဥမှာ များစွာပါဝင်တဲ့ အမိုင် နိုအက်စစ်တွေဟာ အဆိပ်အတောက် တွေ ဖြစ်စေတဲ့ ဓာတုပစ္စည်းပေါင်း တစ်ရာ ကျော်ကို ပျက်ပြယ်စေတဲ့အတွက် အဆိပ် တွေကြောင့် အလုပ်ဒဏ်ပိနေတဲ့ အသည်းရဲ့ ကျန်းမာရေးကို ကောင်း မွန်စေပါတယ်။ လိမ္မော်ရည်တစ်ခွက်မှာ ပါဝင်တဲ့ ဗီတာမင်စီဟာလည်း ဆဲလ်တွေကို ပျက်စီးစေတဲ့ အဆိပ်တွေကို ရှင်းထုတ်တဲ့ အသည်းရဲ့လုပ်ငန်းစဉ်ကို၃၅ ရာခိုင်နှုန်း ပိုမိုကောင်းမွန်စေနိုင်ပါတယ်။



နေ့စဉ် မိနစ် ၂၀ လေ့ကျင့်ခန်းပြုလုပ် ပါ

လမ်းမြန်မြန်လျှောက်တာ ဒါမှမဟုတ် စက်ဘီးစီးတာလိုမျိုး လေ့ကျင့်ခန်း တွေကို ပုံမှန်ပြုလုပ်တာကြောင့် အသည်း အတွင်း သွေးလှည့်ပတ်မှုကောင်းမွန်စေ နိုင်ပြီး ကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်းတွေကို ရှင်းထုတ်နိုင်ကာ အသည်းကင်ဆာ ဖြစ်နိုင်ခြေ ၁၆ ရာခိုင်နှုန်း လျှော့ချနိုင်တယ်လို့ ဂျပန်မှ သုတေသီတွေ က တွေ့ ရှိခဲ့ပါတယ်။ ဒါ့အပြင် သွေးတွင်း ပိုလျှံနေ တဲ့သကြားဓာတ်တွေနဲ့ ထရိုင်ဂလစ် စရိုက်တွေ ကို လောင်ကျွမ်းစေနိုင်တာမို့ အသည်းမှာ အဆီတွေ စုဆောင်းမှုမဖြစ် အောင်လည်း ကာကွယ်နိုင်တယ်လို့ ချီကာဂိုဆေးရုံမှ ပါမောက္ခမေရီက ပြောပါတယ်။

ဆေးဖက်ဝင်အပင်အမျိုးအစားများကို မှီဝဲပါ

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များ စွာပါဝင်တဲ့ စပျစ်သီးအစေ့ (Grape seed extract) ကို နေ့စဉ် ၁၀ဝ မီလီ ဂရမ် မှီဝဲတာကြောင့် အသည်းကျန်းမာ ရေး ကောင်းမွန်စေနိုင်ပါတယ်လို့ သုတေ သီတွေက အကြံပေးထား ပါတယ်။ အသည်းရောဂါရှိနေသူဖြစ်ရင်လည်း Milk thistle ကို ၃၀ဝ မီလီဂရမ် မှီဝဲတာ ကြောင့် အသည်း ဆဲလ်အသစ် ကြီးထွား မှုနှုန်းမြန်ဆန်ပြီး ပင်ပန်းနွမ်းနယ်တာနဲ့ လေပွတာလိုမျိုး အသည်းရောဂါဝေဒနာ တွေ ဟာ နှစ်လအတွင်း သက်သာသွား နိုင်ပါတယ်။

ကျန်းမာရေးကောင်းစေသော အဆီကို အဓိကထား စားပါ

ဆီကြော်စာတွေကို တစ်ပတ်သုံး ကြိမ် ဒါမှမဟုတ် ဒါထက်ပိုစားခဲ့ရင် အသည်းမှာ ရောင်ရမ်း မှုဖြစ်နိုင်ခြေ မြင့်တက်လာပြီး အသည်းမှာ အမာရွတ်ဖြစ်စေနိုင်ပါတယ်လို့ ကနေဒါမှ လေ့လာမှု အရသိရပါတယ်။ ဒါကြောင့် ကျန်းမာရေး ကောင်းစေပြီး ရောင်ရမ်းမှုကို လျှော့ချ နိုင်တဲ့ သံလွင်ဆီလိုမျိုး အဆီ၊ မြေပဲ၊ ငါး၊ အခွံမာသီး၊ အစေ့နဲ့ ထောပတ်သီးလိုမျိုး အဆီတွေဟာ အသည်းပျက်စီးမှုကို ပြန် လည်ပြုပြင်နိုင်ပြီး ပင်ပန်းနွမ်းနယ်တာဟာလည်း တစ်လအတွင်းမှာ ၅၀ ရာခိုင် နှုန်းအထိ သက်သာစေနိုင်ပါ တယ်။

ဒေါက်တာ ခင်မိုးမိုး



အခြေခံစားသောက်ကုန်ဈေးနှုန်းများ အတက်မရပ်သေး၊ သင်္ကြန်အပြီးတွင် ဈေးပြန်မကျဘဲ ၂၅ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းထိ ဆက်တက်


ရန်ကုန်မြို့ရှိ အခြေခံစားသောက်ကုန်များ ရောင်းချရာဈေးအတွင်း ဈေးဝယ်နေကြသူများကို တွေ့ရစဉ်

မီတာခတိုးမြှင့်မှု၊ နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်မှုဟူသော အရှိန်နှစ်ခုကြောင့် စတင်မြင့်တက်လာသော အခြေခံ စားသောက်ကုန်ဈေးနှုန်းများသည် သင်္ကြန်နှစ်ကူးကာလ ရောက်ရှိမှု အရှိန်ကြောင့် ဆက်လက်မြင့် တက်ခဲ့ပြန်သည်။

နှစ်စဉ် နှစ်ကူးကာလနီးကပ်ခြင်းနှင့် နှစ်ကူးကာလအတွင်း၌ အခြေခံစားသောက် ကုန်ဈေးနှုန်းများ မြင့် တက်လေ့ရှိပြီး နှစ်ကူးအလွန်တွင် ပြန်ကျမြဲဖြစ်သည်။

ယခုနှစ်တွင်မူ နှစ်ကူးကာလ လွန်မြောက်သော်လည်း ပြန်လည်ကျဆင်းခြင်း မရှိဘဲ အခြေခံစားသောက် ကုန်ဈေးနှုန်းအချို့မှာ ပို၍ပင် မြင့်တက်လာနေသည်။

ဈေးနှုန်းပြန်လည်ကျဆင်းရမည့်အစား သားငါးဈေးနှုန်းများသည် အနည်းဆုံး သင်္ကြန်မတိုင်ခင်ဈေးများထက် ၂၅ ရာခိုင်နှုန်းမှ အချို့ရာခိုင်နှုန်း ၁၀၀ အထိ ခုန်တက်လာခဲ့ခြင်းဖြစ်ရာ နှစ်ကူးကာလကြောင့် တက်ခြင်း မဟုတ်တော့ဘဲ မီတာခနှင့် နိုင်ငံ့ဝန်ထမ်းများ လစာတိုးမှုကို အခြေပြု၍ မြင့်တက်ခြင်းမျိုး ဖြစ်နေသည်။

သင်္ကြန်ကာလနီးချိန်မှ စတင်ကာ အခြေခံစားသော ကုန်များဖြစ်သော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်းနှင့် အာလူးဈေးနှုန်းများ စတင်မြင့်တက်ခဲ့ပြီး ယခုသင်္ကြန်ကာလ ပြီးဆုံးချိန်တွင်လည်း ဈေးနှုန်းများ ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။

ကြက်သွန်နီ တစ်ပိဿာယခင် ကျပ် ၆၀၀ မှ ယခု ၈၀၀၊ ကြက်သွန်ဖြူ တစ်ပိဿာ ယခင် ကျပ် ၁၈၀၀မှ ယခု ၂၅၀၀၊ အာလူး တစ်ပိဿာ ယခင်ကျပ် ၆၀၀ မှ ယခု ၈၀၀၊ ချင်း တစ်ပိ ဿာ လျှင် ယခင်ကျပ် ၂၀၀ မှ ယခု ကျပ် ၄၀၀၀၊ ကြက်ဥ၊ ဘဲဥတစ်လုံးလျှင် ယခင် ကျပ် ၁၀၀၊ ၁၁၀မှ ယခုကျပ် ၁၃၀၊ ၁၅၀ အထိ အသီးသီး ဈေးနှုန်းမြင့် တက်လျက်ရှိကြောင်း သိရသည်။

“ချင်းဈေးဆိုရင် ခုထိမကျသေးဘူး။ ၂၀၀၀ ကနေ တက်သွားတာ။ ဒါပေမဲ့ ကြက်သွန်နီကတော့ တစ်ပိဿာကို ၅၀ လောက်ပဲ ကျသွားတယ်။ သိသိသာသာ ကျသွားတာတော့ မရှိဘူး။ ကျွန်တော်တို့ ကုန်စည်ဒိုင် မှာတောင် ဈေးအကျ သိပ်မရှိတော့ လက်လီဈေးကွက်ဆိုရင်တော့ ကျဖို့ မရှိသေးဘူး။ အခုရက်ပိုင်းတော့ ကြက်သွန်ဖြူတွေက အနီတော့ ဈေးနည်းနည်း ပိုကျတယ်။ ဒါပေမဲ့ သယ်ယူစရိတ်နဲ့ ပြန်တွက်ကြည့်မယ် ဆိုရင် လက်လီရောင်းသမားတွေက ဈေးကို အရမ်းချရောင်းမှာ မဟုတ်ဘူး”ဟု ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။



 
ကြက်သား တစ်ပိဿာ ယခင် ကျပ် ၃၀၀၀ မှ ၈၀၀၀၊ ယခုအခါတွင် ၇၀၀၀မှ ၁၂၀၀၀၊ ၀က်သား တစ်ပိဿာ ကျပ် ယခင် ၅၀၀၀ မှ ၇၀၀၀၊ ယခု ကျပ် ၇၀၀၀မှ ၉၀၀၀၊အမဲသား တစ်ပိဿာ ယခင်ကျပ် ၆၀၀၀မှ ၈၀၀၀၊ ယခုကျပ် ၇၀၀၀မှ ၁၀၀၀၀၊ ငါးကြင်း ယခင် တစ်ပိဿာ ကျပ် ၄၀၀၀မှ ယခုကျပ် ၈၀၀၀၊ ငါးမြစ်ချင်း ယခင်တစ်ပိဿာကျပ် ၂၀၀၀ မှ ယခုကျပ် ၄၀၀၀ အသီးသီး ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရသည်။ ငါးဈေးနှုန်းများမှာ ရာခိုင်နှုန်း ၁၀၀ (တစ်ဆ)မြင့်တက်နေပြီး အသားဈေးများမျာ ရာခိုင်နှုန်း ၄၀ ခန့် တက်လာသည် ကို တွေ့ရသည်။

“ဆန်၊ ဆီတွေကတော့ သိပ်မတက်ဘူး။ ဈေးသိသိသာသာ တက်တာက ကုန်ခြောက်တွေနဲ့ သားငါးတွေက တက်တယ်။ ငါးကြင်းတွေဆိုရင် တစ်ပိဿာ ၈၀၀၀ ရှိတယ်။ ဈေးနှုန်းကတော့ တက်ပြီးရင် ပြန်ကျရိုး ထုံးစံမှမရှိတာ။ သင်္ကြန်တက်ဈေးအတိုင်းပဲ ဖြစ်သွားတာ များတယ်”ဟု တာမွေမြို့နယ်နေ အိမ်ရှင်မတစ်ဦးက ဆိုသည်။

ဈေးနှုန်းမြင့်တက်ရာတွင် အနိမ့်ဆုံးကျပ် ၂၀၀၀ မှ ၄၀၀၀ အထိလည်းကောင်း၊ ကုန်ခြောက်ဈေးနှုန်းများမှာ ကျပ် ၅၀ မှ ၁၀၀၀ အထိ ယခင်ဈေးနှုန်းထက် မြင့်တက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဗဟိုစံပြငါးဈေးမှ ငါးဒိုင်တစ်ဦးက “ဒီသင်္ကြန် မတိုင်ခင်ကတည်းက ကုန်အ၀င်နည်းလို့ဈေးတက် တာ။ နောက်ပြီး ငါးသင်္ဘောတွေကလည်း အထွက်နည်းတယ်။ငါးအရလည်း နည်းတယ်။ ဒါကြောင့် ခါတိုင်း ဈေးထက် နှစ်ဆလောက် ငါးဈေးတွေ တက်သွားတယ်။ အဲဒါမှ ကျွန်တော်တို့အတွက် ကိုက်မှာ။ အရင် တီလားဗီးယား တစ်ပိဿာ ၁၀၀၀ ဈေးကနေ ၂၀၀၀ နီးနီးလောက်ဖြစ်တယ်”ဟု ဆိုသည်။

ကုန်ခြောက်နှင့် သားငါးဈေးနှုန်းမှာမူ သင်္ကြန်မတိုင်ခင်ကပင် တက်ရိပ်ပြခဲ့ပြီး သင်္ကြန်ကျော်လွန်သော်လ ည်း ဈေးနှုန်းကျဆင်းခြင်း မရှိသေးဘဲ ဆန်၊ ဆီဈေးနှုန်းမှာမူ သင်္ကြန်မတိုင်ခင်နှင့် သင်္ကြန်အပြီးတွင် လည်း ဈေးအတက်အကျမရှိဘဲ ဈေးငြိမ်နေကြောင်း သိရသည်။ ယင်းကဲ့သို့ ဈေးနှုန်းမြင့်တက်မှုရှိရာ၌ ဒိုင်မှဝယ်ယူရသည့် လက်ကားဈေးနှုန်း မှာသိသာစွာမြင့်တက်ခြင်းမရှိဘဲ လက်လီအရောင်းဈေးကွက် ၌သာ ဈေးနှုန်းများဆက်လက်မြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။

ယခုဈေးကွက်မှာ နှစ်ကူးအလွန်ကာလ ဈေးနှုန်းများဖြစ်၍ မတည်ငြိမ်သေးဟု ဆိုနိုင်သော်လည်း အကယ်၍ ဧပြီလကုန်ပိုင်းအထိ ယခုဈေးနှုန်းများအတိုင်း အခြေခံစားသောက်ကုန်အပြင် လူသုံးကုန်များပါ မြင့်တက် လာသည်ဆိုလျှင် အစိုးရ၏ မီတာခတိုးမြှင့်လိုက်မှုကြောင့်ဟု ယတိပြတ်ကောက်ချက်ချနိုင်ပြီ ဖြစ်သည်။

လျှပ်စစ်မီတာခတိုးလိုက်ခြင်း၊ ၀န်ထမ်းလစာ တိုးလိုက်ခြင်း အရှိန်များဖြင့် ကုန်ဈေးနှုန်းများ ဆက်တိုက် မြင့်တက်လာသော်လည်း အခြေခံလုပ်သားလစာများမှာမူ တိုးမြင့်လာခြင်း မရှိသည့်အတွက် ယခုဈေးနှုန်းများအတိုင်း ဆက်လက်သွားနေမည်ဆိုပါက ယခု ၂၀၁၄ ခုနှစ်အတွင်း အခြေခံလုပ်သားများ အနေဖြင့် စားဝတ်နေရေးအတွက် ပိုမို ရုန်းကန်ရဦးမည့် အခြေအနေရောက်ရှိလာမည် ဖြစ်သည်။

 
Eleven Media Group



ကြက်ဥ လတ်မလတ် အလွယ်စမ်းသပ်နည်း (၄)မျိုး


ဈေးဝယ်ထွက်တဲ့အခါ ကိုယ်ဝယ်မယ့်ကြက်ဥတွေ လတ်မလတ်နဲ့ ချက်ပြုတ်စားသောက်မယ့် ကြက်ဥလတ်မလတ် သိဖို့ စမ်းသပ်နိုင်မယ့် အလွယ်နည်းလမ်း (၄) မျိုးကို မျှဝေချင်ပါတယ်။

၁။ ကြက်ဥကို နား အနားမှာကပ်ပြီး လှုပ်ကြည့်ပါ။

ကြက်ဥတစ်လုံးကို ယူပြီး နားအနားမှာ အသာ ဖြေးဖြေးလှုပ်ကြည့်ပါ။ လတ်ဆတ်တဲ့ ကြက်ဥမှန်ရင် ဘာအသံမှ မထွက်ပါဘူး။ အဲလိုမဟုတ်ဘဲ ကြက်ဥထဲကနေ အသံထွက်နေပြီ ဆိုရင်တော့ အဲဒီကြက်ဥဟာ လတ်ဆတ်မှု မရှိတော့ပါဘူး။

၂။ ရေထဲသို့ထည့်ကြည့်ပါ။

ခွက်တစ်ခု ဒါမှမဟုတ် ဇလုံတစ်လုံးထဲကို ကြက်ဥ မြုပ်ပြီး ၁ လက်မခန့်လောက် ရေအေးထည့်ထားပါ။ ထိုဇလုံထဲသို့ ကြက်ဥများကို ဖြေးညှင်းစွာထည့်ကြည့်ပါ။ လတ်ဆတ်သော ကြက်ဥများသည် ရေအောက်သို့ နစ်မြုပ်သွားပြီး သိပ်မလတ်သော ကြက်ဥများသည် ရေထဲသို့ အနည်းငယ် နစ်သွားမည် ဖြစ်သည်။ လုံးဝမလတ်သော ကြက်ဥများသည် ရေပေါ်သို့ ပေါ်လာပါလိမ့်မည်။

၃။ ကြက်ဥ အနစ်ကို ကြည့်ပါ။

ကြက်ဥကို ခွဲပြီး အကာနှင့် အနှစ်ကို ကြည့်နိုင်ပါတယ်။ လတ်ဆတ်တဲ့ ကြက်ဥအနှစ်အရောင်က အ၀ါရောင် ကြည်တောက်နေပြီး အနှစ်ပုံစံကလည်း လုံးဝန်းနေပါသေးတယ်။ မလတ်ဆတ်တော့တဲ့ ကြက်ဥအနှစ်အရောင်ကတော့ အရောင်ဖျော့နေပြီးတော့ အနှစ်ပုံစံကလည်း ပြားနေပါလိမ့်မယ်။

၎။ ကြက်ဥ အကာကို ကြည့်ပါ။

ကြက်ဥတစ်လုံးကို ခွဲပြီး ပန်းကန်ပြားတစ်ချပ် ထဲသို့ ထည့်ကြည့်ပါ။ လတ်ဆတ်တဲ့ ကြက်ဥဆိုရင်တော့ အနှစ်က အကာထက် နည်းနည်းလေး မြင့်နေပြီးတော့ အနှစ်တ၀ိုက်မှာ အကာကရှိနေတာ တွေ့ရပါလိမ့်မယ်။ အဲလိုမှ မဟုတ်ဘဲ အကာက အနည်းငယ် ကြည်နေတယ် ဒါပေမယ့် အနှစ်နဲ့တော့ ကပ်နေသေးတယ် ဆိုရင် ဒီကြက်ဥ သိပ်မလတ်တော့ဘူးလို့ ပြောလို့ရပါတယ်။ လုံးဝမလတ်တော့တဲ့ ကြက်ဥဆိုရင်တော့ အကာက ရေလိုဖြစ်နေပြီး ကြက်ဥအနှစ်နဲ့ သိပ်မကပ်တော့ပါဘူး။


 
အထက်မှာ ပြောပြထားတဲ့ နည်းလမ်းတွေထဲက အစဉ်ပြေရာ စမ်းသပ်ကြည့်ပြီး အခြားသူတွေကိုလည်း မျှဝေပေးခြင်းဖြင့် World-Myanmar ကို ကူညီအားပေးကြပါဦးနော်။

အားလုံးပဲ ကျန်းမာချမ်းသာ နှစ်ဖြာသုခ ပိုင်ဆိုင်နိုင်ကြပါစေ။  
 
Source: The Kitchn

World Myanmar



အရေးပေါ် ဖုန်းအားသွင်းဖို့ လိုအပ်နေရင် အသုံးပြုနိုင်စေရန်



ဖုန်းသုံးနေတဲ့ သူတွေအတွက်ပါ။ အားကုန်နေတဲ့အချိန်မှာ အားသွင်းဖို့ အခက်အခဲရှိနေရင် အင်တာနက် ထဲကရတဲ့ သတင်းလေးပါ... အားကုန်နေတဲ့ ဘက်ထရီကို ထုတ်လိုက်ပါ.. ပြီးရင်ဆေးလိပ်ဘူးခွံ့ မှာပါ တဲ့  ငွေရောင်စက္ကူနဲ့ ပတ်လိုက်ပါ.. နေရာမလွတ်စေနဲ့နော်.. ပြီးရင်၂ မိနစ်လောက် မီးအပူပေးလိုက် ပါ.. နေရာအနှံ့ကိုပေါ့။ ပြီးရင် ၁၀ မိနစ်လောက် အအေးခံထား ပြီးပြန်သုံးရင် အရေးပေါ် ဖုန်းခေါ်ဆိုမှုတွေ အတွက် ဘက်ထရီအားဟာ အဆင်သင့်ဖြစ်နေတာကို တွေ့ရပါလိမ်မယ်.. အားရဲ့ ၅ ပုံ ၂ ပုံဟာ ပြန်ပြည့်နေ တာကို တွေ့ ရမှာပါ ...... လိုရာကို အရေးပေါ်ခေါ်ဆိုနိုင်မှာပါ။

 
ရွှေအိမ်စည် စာကြည့်တိုက်


ဧ၀ရတ်တောင်တက်မည့် မြန်မာအဖွဲ့ တောင်ခြေရောက်သည့်နေတွင် ရေခဲတောင်ပြိုကျမှုကြောင့် တောင်တက်သမား ၁၈ ဦး သေဆုံး

 
စနေနေ့၊ ဧပြီလ ၁၉ရက်၊ ၂၀၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။ ။ နီပေါနိုင်ငံရှိ ဧ၀ရတ်တောင်သို့ မြန်မာနိုင်ငံမှ တောင်တက်အဖွဲ့ ပထမအကြိမ် တက်ရောက်ရန် တောင်ခြေသို့ ရောက်ရှိသည့်နေ့(ဧပြီ ၁၈ရက်)၌ပင် ရာသီဥတုအခြေအနေအရေ
ရခဲတောင်ပြိုကျမှုကြောင့် တောင်တက်နေသည့် နိုင်ငံခြားသားလမ်းပြ ၁၈ ဦး သေဆုံးခဲ့သည်ဟု မြန်မာနိုင်ငံ တောင်တက်အဖွဲ့၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။


မြန်မာတောင်တက်အဖွဲ့သည် ဧဝရတ်တောင်သို့ တက်ရန် ပြင်ဆင်နေဆဲ ဖြစ်ပြီး တောင်ပြိုကျမှုသည် အမြင့်ပေ ၁၉,၀၀၀တွင် ရှိသော တောင်ထွတ် တစ်နေရာတွင်ဖြစ်သည်။ သေဆုံးသွားသူများမှာ နီပေါလမ်းပြ ၆ ဦး အပါအ၀င် နိုင်ငံခြားတောင်တက်သမားတို့ စုစုပေါင်း ၁၈ ဦးတို့ ဖြစ်သည်ဟု ဆိုသည်။

မြန်မာတောင်တက်အဖွဲ့မှ “ကျွန်တော်တို့ နိုင်ငံရဲ့ အလံကို ဧ၀ရတ်တောင်ထွဋ်မှာ လွှင့်မယ်ဆိုတာကိုတော့ အရှုံးပေးမှာ မဟုတ်ဘူး၊ သေတစ်နေ့ မွေးတစ်နေ့ စိတ်ဓါတ်နဲ့ မြန်မာ့အလံကို လွှင့်ထူဖို့ ကြိုးစားသွားမှာပါ"ဟု ပြောသည်။

မြန်မာနိုင်ငံ တောင်တက်အဖွဲ့များအနေဖြင့် တောင်ခြေစခန်းတွင် တောင်တက်တောင်ဆင်း
 လေ့ကျင်းခန်းပြုလုပ်နေဆဲပင်ဖြစ်သည်။ ရေခဲတောင်ပြိုကျမှုတွင် သေဆုံးခဲ့သည့် သူများကို ရဟတ်ယာဉ် ၁၃ စင်းဖြင့် ရှာဖွေရေးပြုလုပ်နေသည်ကိုလည်း မြင်တွေ့နေရသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ တောင်တက်အဖွဲ့မှ တစ်ဦးဖြစ်သည့် ကိုရဲမင်းသူက “ အခု ရေခဲပျော်ကျမှုကြောင့် ဖြစ်ပျက်သွားတဲ့ သူတို့အားလုံးအတွက် ကျွန်တော်တို့ စိတ်မကောင်းဘူး၊ ပျောက်နေတဲ့ သူတွေကိုလည်း တွေ့ပါစေလို့ ဆုတောင်းနေတယ်"ဟု ဆိုသည်။

ဧ၀ရတ်တောင်ခြေသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံတော်တတ်အဖွဲ့၏ ပြောကြားချက်အရ
 ရေခဲပျော်ကျမှုကာ နှင်းခဲရိုက်ခတ်မှုကြောင့် သေဆုံးသူ ၁၈ ဦး၊ ဒဏ်ရာရသူ ၄ ဦးနှင့် ပျောက်ဆုံးနေသူ ၅ ဦးရှိသည်။

၁၉၅၃ ခုနှစ်တွင် ဧ၀ရတ်တောင်သို့ တတ်ရောက်ခဲ့ကြသည့် နယူးဇီလန်နိုင်ငံ တောင်တက်သမားများ၏ ပထမဦးဆုံးခရီးတွင် တောင်တက်သမား ၄၀၀၀ကျော် တက်ရောက်ရာ အောင်မြင်ခဲ့ကြသော်လည်း ထိုသူများထဲမှ ၁၀၀ ကျော်မှာ တောင်တက်နေရင်း သေဆုံးခဲ့သည်။

၁၉၉၆ ခုနှစ် မေလ ၁၁ ရက်တွင် တောင်တက်သမား ၈ ဦးမှာ တောင်ထွဋ်နား အရောက်တွင် နှင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် သေဆုံးခဲ့ရမှုကို ဧ၀ရတ်တောင်၏ အဆိုးဆုံး အန္တရာယ်ဟု မှတ်တမ်းတင်ခံခဲ့ရသည်။

၁၉၇၀ ခုနှစ်တွင် နီပေါနိုင်ငံမှ တောင်တက်သမားလမ်းပြ ၆ ဦး ရေခဲပျော်ကျမှုကြောင့် သေဆုံးခဲ့သည်။

ဧဝရတ်တောင်သည် ပင်လယ်ရေပြင်အထက် အမြင့်ပေ ၂၉,၀၂၉ ပေရှိသည်။

နန်းလွင်နှင်းပွင့်

Mizzima Burmese