23 Apr 2014

အိုမင်းခြင်း ဖြစ်စဉ်ကို နှေးကွေးစေမည့် အချက် ၁၀ ရပ်



တစ်နေ့ပြီး တစ်နေ့ ကူးပြောင်းလာချိန်မှာ အိုမင်းလာနေတယ် ဆိုပေမယ့် ရိုးစင်းတဲ့ ဘဝနေထိုင်မှု ပုံစံကို ပြောင်းလဲ ပေးလိုက်ရုံနဲ့ ရှိရင်းစွဲ အသက်ထက် ၁၀ နှစ်လောက် ပိုငယ်တယ် ထင်ရအောင်၊ ဘဝမှာ နေထိုင်ရတာ ပိုမို သက်သောင့်သက်သာ ရှိအောင်နဲ့ စွမ်းအင်တွေ ပြန်ရအောင် လုပ်ဆောင်နိုင်ပါတယ်။

၁။ တက်တက်ကြွကြွ နေထိုင်ခြင်း

သင်ရဲ့ နေ့စဉ် ဘဝထဲမှာ အားကစားတစ်မျိုးကို လုပ်ဆောင်တာ ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားမှု လုပ်တာ ပါဝင်ပါစေ။ လှုပ်ရှားမှုကြောင့် ခန္ဓာကိုယ်ဟန်ချက် ထိန်းနိုင်တာ၊ ဦးနှောက် နျူထရွန်တွေကြား ဆက်သွယ်ရေးကို လှုံ့ဆော်နိုင်တာ၊ ကိုယ်အလေးချိန် ထိန်းနိုင်တာ စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

၂။ ပုံမှန် ချစ်တင်းနှီးနှောခြင်း

အိမ်ထောင်ရှိသူတွေ အတွက် ပုံမှန် Sex ကိစ္စ ရှိတာဟာ အိုမင်းတဲ့ ဖြစ်စဉ်ကို နှေးစေတဲ့ လျှို့ဝှက်ချက် တစ်ရပ်လို့ ကျွမ်းကျင်သူတွေက ထင်မြင် ယူဆထားကြပါတယ်။ Sex ကိစ္စကြောင့် ဘဝလက်တွဲဖော်နဲ့ ပိုရင်းနှီးလာတာ၊ ကြွက်သားတွေ ပိုသန်စွမ်းလာတာနဲ့ ကိုယ်အလေးချိန် ထိန်းနိုင်တာ စတဲ့ အကျိုးကျေးဇူးတွေ ရှိလို့ပါ။ အမျိုးသမီးတွေမှာ Sex ကိစ္စကြောင့် အောက်ဆီတိုစင်ဟော်မုန်း ထွက်ရှိကာ စိတ်ခံစားမှုကို ကောင်းစေပြီး အမျိုးသားတွေမှာတော့ တက်စတိုစတီ ရုန်းထွက်အောင် လှုံ့ဆော်မှု ရှိတာကြောင့် အိုမင်းတာနဲ့ ဆက်စပ်နေတဲ့ အရာတွေကို နှေးကွေးစေပါတယ်။

၃။ မှတ်ဉာဏ်အတွက် လေ့ကျင့်ခန်း လုပ်ခြင်း

တစ်နေ့ကို မိနစ် ၃ဝ လောက် လမ်းလျှောက်တာ၊ ရွရွပြေးတာ၊ ပြေးတာ၊ စက်ဘီးစီးတာ စတဲ့ အေရိုးဗစ် လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ လတ်တလော လေ့လာမှုအရ အေရိုးဗစ် လေ့ကျင့်ခန်းနဲ့ မှတ်ဉာဏ်အကြား ခိုင်မာတဲ့ ဆက်နွှယ်မှုကို တွေ့ရှိခဲ့ရာ အာရုံကြော ပညာရှင်တွေက များစွာ အံ့အားသင့်ခဲ့ရပါတယ်။ ဒါဟာ ဦးနှောက်ဆဲလ်တွေဆီ အောက်ဆီဂျင် ရောက်ရှိကာ သွေးလှည့်ပတ်မှု ကောင်းတာကြောင့်ပါ။
 လေ့ကျင့်ခန်းလုပ်တာဟာ မှတ်ဉာဏ်ကို ထိန်းချုပ်တဲ့ ဦးနှောက် အစိတ်အပိုင်းရှိ ဦးနှောက်ဆဲလ်တွေကို အသစ် ဖြစ်ပေါ်စေတာကြောင့်လို့ လေ့လာမှု အသစ်တစ်ရပ်က ဖော်ပြထားပါတယ်။

၎။ ဆေးလိပ်မသောက်ဘဲ နေခြင်း

ဆေးလိပ်၊ ဆေးရွက်ကြီး စတာတွေမှာ ပါတဲ့ ဓာတုပစ္စည်းတွေဟာ ဦးနှောက်ဆဲလ်တွေကို လေးလံ ထိုင်းမှိုင်းသွားစေပါတယ်။ ဆေးလိပ်သောက်တာဟာ ဦးနှောက်ရဲ့ သတင်း အချက်အလက်တွေကို မှတ်သားနိုင်စွမ်းနဲ့ သိုလှောင်နိုင်စွမ်းကို ဟန့်တားပစ်တတ်တာကြောင့် မှတ်ဉာဏ် မကောင်းတာနဲ့ စူးစိုက်အား နည်းတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်တာကြောင့် အရေပြားရဲ့ အပြင်လွှာကို အာဟာရ ထောက်ပံ့နေတဲ့ သွေးကြောတွေ ကျဉ်းသွားကာ အရေပြား ခြောက်သွေ့နွမ်းနယ်လာပြီး အရေးကြောင်းတွေ ဖြစ်ပေါ်လာစေပါတယ်။ ယေဘုယျအားဖြင့် ဆေးလိပ်သောက်သူရဲ့ အရေပြားဟာ ဆေးလိပ်မသောက်သူနဲ့ ယှဉ်ရင် ၁၀ နှစ်လောက် ပို ရင့်ရော်နေတတ်ပါတယ်။

၅။ အိပ်ချိန် အပြည့်အဝ ပေးခြင်း

တစ်ညမှာ အချိန်ရှစ်နာရီအောက် လျော့နည်းပြီး အိပ်တာဟာ ပင်ပန်း နွမ်းနယ်စေပြီး ကိုယ်အလေးချိန် မြင့်တက်ကာ ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါ စတာနဲ့ လေဖြတ်ရောဂါတွေရဲ့ ဖြစ်နှုန်းကို တိုးစေပါတယ်။ အိပ်ရေးပျက်တာကြောင့် Ghrelin ဟော်မုန်းပမာဏ မြင့်တက်ကာ အစာစားချင်တဲ့ဆန္ဒ မြင့်တက်လာပါတယ်။ ဒါ့အပြင် အိပ်ရေးပျက်ပါက ဗိုက်ပြည့်စေတဲ့ Leptin ဟော်မုန်းကို ဖိနှိပ်ထားတာကြောင့် ကိုယ်အလေးချိန်ကို မြင့်တက်စေတာ ဖြစ်ပါတယ်။

၆။ အသားအရေ ထိန်းသိမ်းခြင်း

အသက်ကြီးလာတဲ့ အခါမှာ အရေပြားက သူ့အလိုလို ပြန်ပြီး ငယ်နုအောင် မလုပ်နိုင်တော့ပါဘူး။ အရေးကြောင်းတွေနဲ့ သက်ကြီး အစက်အပြောက်တွေလည်း ထင်ရှား လာတတ်ပါတယ်။ ဒါကြောင့် အရေပြားဆဲလ်တွေ အသစ်ဖြစ်အောင် လှုံ့ဆော်နိုင်ဖို့ ရက်တီနော (Retinol) ခရင်မ်ကို လိမ်းပေးသင့်ပါတယ်။ အပြင်ထွက်တဲ့ အခါမှာ နေရောင်ကာနိုင်စွမ်း SPE ၃၀ ဆနဲ့အထက် ပါတဲ့ အစိုဓာတ်ထိန်း ခရင်မ်ကို လိမ်းပေးပါ။

၇။ ငါးကြီးဆီ မှီဝဲခြင်း

အိုမီဂါသရီး ဖက်တီးအက်စစ် ပါတဲ့ ငါးကြီးဆီကို မှီဝဲတာက အသက်ကြီးတဲ့အခါ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်းမှုကို ဟန့်တားပေးနိုင်ပါတယ်။ အိုမီဂါသရီး ဖက်တီးအက်စစ်ဟာ ဆဲလ်အဆင့်မှာ အိုမင်းမှု မဖြစ်အောင် ကာကွယ်နိုင်လို့ပါပဲ။

၈။ သိုင်းရွိုက်ကို စစ်ဆေးခြင်း

သိုင်းရွိုက်ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ် စနစ်တစ်ခုလုံးကို ထိန်းညှိပေးတာကြောင့် သိုင်းရွိုက်မကောင်းတာနဲ့ ကိုယ်အလေးချိန် တက်တာ၊ စွမ်းအင်နည်းတာ၊ လိင်စိတ် ကုန်ခန်းတာနဲ့ စိတ်ဓာတ်ကျတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သင့်ခန္ဓာကိုယ်နဲ့ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ ကျဆင်းနေတယ်လို့ ထင်ရင် သိုင်းရွိုက် စစ်ဆေးမှုအတွက် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

၉။ အရက် မသောက်ခြင်း

အရက် အလွန်အမင်း သောက်သူတွေကို ကြည့်လိုက်ရင် သူတို့ဟာ ရှိရင်းစွဲ အသက်ထက် ပိုရင့်ရော်နေတာကို တွေ့ရမှာပါ။ အရက်ဟာ ဆဲလ်တွေကို ထိခိုက်စေပြီး အရက်သောက်တာ ကြာလာတဲ့အခါ ကိုယ်အလေးချိန် မြင့်တက်တာ၊ မှတ်ဉာဏ် ဆုံးရှုံးတာ၊ ဆီးချိုသွေးချို ရောဂါဖြစ်နှုန်း မြင့်တက်တာ၊ အရေပြားပေါ်က ဆံခြည်မျှင် သွေးကြောတွေ ပေါက်ပြီး မျက်နှာနီမြန်းတာ စတာတွေကို ဖြစ်စေနိုင်ကာ ကြည့်ရတာ ဖောသွပ်သွပ် ဖြစ်နေတတ်ပါတယ်။ တကယ်လို့ အရက်ကို မသောက်ရ မနေနိုင်ရင် အမျိုးသားတွေမှာ အရက်နှစ်ပက်အောက်၊ အမျိုးသမီးတွေမှာ အရက်တစ်ပက် အောက်ကိုသာ သောက်သင့်ပါတယ်။

၁ဝ။ အိပ်စက်မှု စွမ်းရည် ကောင်းမွန်ခြင်း

စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်မှု လျော့နည်းနေတယ်လို့ ထင်ရင် ဒါဟာ အိပ်ရေးမဝတာကြောင့် ဖြစ်နိုင်ပါတယ်။ အိပ်ချိန် အပြည့်အဝ ပေးပေမယ့် အိပ်နေစဉ် ဟောက်တာ၊ ခြေထောက်တွေ လှုပ်နေတာ၊ သွားကြိတ်တာ၊ တခြား အသက်ရှူလမ်းကြောင်းနဲ့ မျိုချမှုဆိုင်ရာ ပြဿနာတွေ ဖြစ်တာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျတဲ့ အဆင့်ကို ဟန့်တားနိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးမဝရတဲ့ အခြေခံ အကြောင်းရင်းကို ရှာပြီး ကုသမှု ခံယူကာ အိပ်ရေးဝအောင် ကြိုးစားသင့်ပါတယ်။

Credit: Good Health


အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်နိုင်ရေး အခြေခံလူနေမှု ကုန်ကျစရိတ်များ စစ်တမ်းကောက်မည်


လုပ်ခလစာတိုးမြင့်ရရှိရေး ဆန္ဒပြနေသူများ (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

အလုပ်သမားများအ တွက် အနိမ့်ဆုံးလုပ်ခလစာ သတ် မှတ်နိုင်ရေး အတွက် တိုင်းနှင့်ပြည် နယ်အားလုံးတွင် အခြေခံလူနေ မှု ကုန်ကျ စရိတ်များကို စစ်တမ်း ကောက်ယူ သွားမည် ဖြစ်ကြောင်း အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ တာ ဝန်ရှိသူ တစ်ဦးကပြောသည်။

‘‘စစ်တမ်း ကောက်ယူနိုင်ဖို့ အတွက် ဆာဗေးဖောင်တွေပြင် ဆင်ထားပြီးပြီ။ မိသားစုတစ်စုရဲ့ အမှန်တကယ်ကုန်ကျမယ့် အခြေ ခံလူနေမှုကုန်ကျစရိတ်တွေကို သိနိုင်မယ့် အချက်အလက်တွေ ထည့်သွင်းထားပါတယ်’’ဟု ၎င်းက ဆိုသည်။

စစ်တမ်းကောက်ယူရာတွင် အခြေခံလူနေမှုကုန်ကျစရိတ်နှင့် စားသောက်စရိတ်တို့ကို အဓိက ကောက်ယူသွားမည်ဖြစ်ပြီး ကျန်း မာရေးအသုံးစရိတ်နှင့် အခြား အပိုကုန်ကျစရိတ်များထည့်သွင်းကောက်ယူသွားမည်      မဟုတ် ကြောင်း သတင်းရရှိသည်။

အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးအတွက် မြန်မာ့ ဖွံ့ဖြိုးမှုအရင်းအမြစ်အဖွဲ့ အပြည် ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့တို့၏ အကူအညီဖြင့် ရန်ကုန် တိုင်း၊ ပဲခူးတိုင်းနှင့်မန္တလေးတိုင်း တို့တွင် စစ်တမ်းများကောက် ယူထားပြီး ယခုကောက်ယူမည့် စစ်တမ်းမှာ ဝန်ကြီးဌာနက တိုင်း နှင့်ပြည်နယ်အသီးသီးတွင် ဖွဲ့ စည်းပေးထားသည့်အနည်းဆုံး အခကြေးငွေနှုန်းထားသတ်မှတ် ရေးကော်မတီများမှတစ်ဆင့် ကောက်ယူသွားမည်ဖြစ်ကာ
 နေ ပြည်တော်ကောင်စီအပါအဝင် တိုင်းနှင့်ပြည်နယ်အားလုံးတွင် ပြန်လည်ကောက်ယူသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘အခုလိုမျိုး ကောက်တာက လည်း လုပ်သင့်ပါတယ်။ အနည်း ဆုံးအခကြေးငွေသတ်မှတ်တဲ့ အခါမှာ ကျွန်တော်တို့က တစ်နေ့ ရှစ်နာရီလုပ်ခနဲ့ညီမျှတဲ့ လစာကို လိုချင်တာပါ။ အဲဒီထဲမှ ထောက် ပံ့ကြေးတွေ၊ ရက်မှန်ကြေးတွေ၊ အပိုဆုကြေးတွေကို ထည့်တွက် ထားမယ်ဆိုရင်တော့ အရင်က အခြေအနေနဲ့ သိပ်ထူးခြားလာမှာ မဟုတ်ပါဘူး’’ဟု အလုပ်သမား သမဂ္ဂများပူးပေါင်းဆောင်ရွက် ရေးကော်မတီတာဝန်ခံ ကိုထွန်း ထွန်းနိုင်က ပြောသည်။

အနည်းဆုံးအခကြေးငွေ နှုန်းထားသတ်မှတ်နိုင်ရန် အလုပ် သမားအလုပ်အကိုင်နှင့်လူမှုဖူ လုံရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက ပြည်နယ်နှင့် တိုင်းကော်မတီဥက္ကဋ္ဌများနှင့် သွား ရောက်ဆွေးနွေးလျက်ရှိပြီးရခိုင် ပြည်နယ်တစ်ခုသာ ဆွေးနွေးရန် ကျန်ရှိသည်။

အဆိုပါဆွေးနွေးမှုများပြီးပါက ပြည်နယ်နှင့်တိုင်းကော်မတီ များကို သင်တန်းပေး၍ သက်ဆိုင်ရာဒေသများတွင်  စစ်တမ်းများ ကောက်ယူသွားမည်ဖြစ်သည်။

Author: နိုင်လင်းအောင်

7Day Daily

ဝက်ခြံထွက်သူများအတွက် ပင်စိမ်းရွက်



ဝက်ခြံ အမာရွတ် ပျောက်အောင် ကုသမှု

ဝက်ခြံ ပေါက်တဲ့အခါ ဝက်ခြံပျောက်သွားရင်တောင် အစက်အပြောက်တွေ ထင်ကျန်ရစ်တတ်ပါတယ်။ တစေးဟာ ဘက်တီးရီးယားပိုးတွေကို တွန်းလှန် နိုင်ပြီး လီမွန်သီးအရည်က အမည်းစက် နဲ့ အပြစ်အနာ အဆာတွေကို သက်သာ စေပါတယ်။

ပါဝင်ပစ္စည်းများ.....
-ဘီယာချက်ရာတွင် သုံးတဲ့တစေး
-လီမွန်သီး အရည်၊
-ရေ

ပြုလုပ်နည်း
-ဘီယာချက်တဲ့အခါမှာ သုံးတဲ့ တစေး (brewer’s yeast) ကို ပျစ်တဲ့ အရော အနှောရအောင် လီမွန်သီးအရည် တစ် စက်၊ ရေသင့်တင့်ရုံပမာဏနဲ့ ရောလိုက် ပါ။ ဝက်ခြံနဲ့ အပြစ်အနာအဆာတွေပေါ် လိမ်းပြီး ၁၀ မိနစ်လောက်ထားပါ။

ပင်စိမ်းရွက် တိုနာ ......
ဒီနည်းဟာ ဝက်ခြံပေါက်လွယ်တဲ့ အရေပြားအတွက် အထူးသင့်တော်ပါ တယ်။ ပင်စိမ်းရွက်ဟာ ပိုးသတ်အာနိ သင်ရှိပြီး ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီး ယားပိုးတွေ ကင်းစင်စေကာ အရေပြားဆီ သို့ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေ ပါတယ်။

ပါဝင်ပစ္စည်းများ
-ပင်စိမ်းရွက်ခြောက်မှုန့် ထမင်းစား ဇွန်း သုံးဇွန်း၊
-ရေနွေးတစ်ခွက်၊

ပြုလုပ်နည်း
-ခြောက်သွေ့တဲ့ ပင်စိမ်းရွက်တွေနဲ့ ဆူ ပွက်နေတဲ့ ရေနွေးတစ်ခွက်ကို ထည့်ကာ ရောမွှေပြီး အေးအောင် ထားပါ။ အရွက် တွေကို စစ်ထားပြီး စပရေးဖျန်းလို့ရတဲ့ ပုလင်းထဲထည့်ကာ အရေပြားကို ပက် ဖျန်းပေးပါ။ မျက်နှာသန့်စင်ပြီးတိုင်း မျက် နှာပြင်အနှံ့ ဝါဂွမ်းစနဲ့ တိုနာ လိမ်းသလို လိမ်းပေးပါ။

Kayan Times
K.K(ကနောင်)
နည်းစနစ်ကျကျအတွေးအခေါ်


ဂီတသက်တမ်းနှစ်၂၀ကျော်မှ တစ်ကိုယ်တော်ဖျော်ဖြေပွဲလုပ်မယ့် မာရဇ္ဇ



မေလ ၃ရက်တွင် ပြုလုပ် မည့် တစ်ကိုယ်တော်ရှိုးပွဲမှစတင် ၍ အသစ်ဖွဲ့စည်းလိုက်သော Breakthrough တီးဝိုင်းနှင့်အတူ ဂီတလုပ်ငန်းများကို ရှေ့ဆက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုတော် မာရဇ္ဇ ကပြောသည်။

‘‘ကျွန်တော့်ရဲ့ ကိုယ်ပိုင်တီး ၀ိုင်းပါ။ ကိုယ်ပိုင်တီးဝိုင်းနာမည်နဲ့ ပဲ ရှေ့လျှောက်ဒီလိုပဲချီတက်မှာ ပါ။ တစ်ကိုယ်တော်အယ်လ်ဘမ် တွေ၊ တစ်ကိုယ်တော်ပွဲတွေမှာ ဒီ တီးဝိုင်းကိုပဲ သုံးမှာပါ။ ဒီနာမည် လေး ကတော့ ကျွန်တော်မွေးဖွား ထားတာကြာပြီ။ အခုတော့ ဒီတီး ၀ိုင်းကိုအကောင်အထည်ဖော် လိုက်ပြီ’’ဟု မာရဇ္ဇကပြောသည်။

Breakthrough တီးဝိုင်းတွင် ဂစ်တာတီးခတ်သူအဖြစ် အောင် သူ၊ A-Kam၊ ဘေ့စ်ဂစ်တာတီး ခတ်သူအဖြစ် ဟင်နရီ၊ ဒရမ်တီး ခတ်သူအဖြစ် ဝေဖြိုး၊ ကီးဘုတ်တီးခတ်သူအဖြစ် ဇေယျာမင်းတို့ က တာဝန်ယူ တီးခတ်ကြမည်ဖြစ် ပြီး မာရဇ္ဇက ပင်တိုင်အဆိုတော် အဖြစ် ဂီတခရီးဆက်မည်ဖြစ် ကြောင်း သိရသည်။

မာရဇ္ဇ၏ ဂီတသက်တမ်း နှစ် ၂၀ ကျော်အတွင်း ပြုလုပ် သော ပထမဆုံးတစ်ကိုယ်တော် ရှိုးပွဲကို မေလ ၃ရက်တွင် မြို့မ ကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံ၌ ကျင်းပမည်ဖြစ်ပြီး မည်သည့်ဧည့်သည်အဆိုတော်မှ မပါဘဲ တစ်ဦးတည်းသီချင်းအပုဒ် သုံးဆယ်ကျော် ဖျော်ဖြေပေးမည် ဖြစ်ကြောင်း မာရဇ္ဇကပြောသည်။

‘‘အဓိက ပေါက်ထားပြီးသား သီချင်းအများစုပါမယ်။ ကျွန် တော်ဆိုချင်တဲ့ သီချင်းလည်းပါ မယ်။ ကျွန်တော့် ပရိသတ်က နှစ် မျိုးနှစ်စားဖြစ်နေတော့ လွန်ခဲ့တဲ့ နှစ် ၂၀ လောက် အားပေးခဲ့တဲ့ ပရိသတ်တွေရော အခုဒီဘက် အ ချိုးအကွေ့မှာ အားပေးတဲ့ လူငယ် ပရိသတ်တွေရော ပရိသတ် နှစ်မျိုးလုံးကို တစ်နေရာ တည်းမှာ တစ်ပြိုင်တည်းဖျော်ဖြေလို့ရအောင်ပြင်ဆင်ထားတယ်’’ဟု မာရဇ္ဇကပြော သည်။ ယခုပြုလုပ်မည့် ရှိုးပွဲ၏ အောင်မြင်မှုရလဒ်အပေါ် မူတည် ပြီး နောက်ထပ်တစ်ကိုယ်တော် ရှိုး ပွဲများဆက်တိုက် လုပ်ဆောင် ရန် ရည်ရွယ်ထားသည်ဟု မာရဇ္ဇက ဆိုသည်။

7Day Daily


Alcohol – How to quit အရက်ဘေးက ဝေးကြပါစေ



ဆရာခင်ဗျား အစဉ်တစိုက်ဖတ်ရူ‌လေ့ လာနိုင်‌‌အောင် တင်‌‌ပေး‌နေတာ ‌ကျေးဇူးပါ ခင်ဗျား။ အရပ်ထဲမှာ သုံး‌နေကြတဲ့ အရက်‌ဖြတ်‌‌ဆေး Chronol (Disulfiram-500 mg) အ‌ကြောင်းသိလိုပါတယ် အကျိုး၊အပြစ် နဲ့ ‌သောက်ရမယ့်‌ ပမာဏ၊ ကာလတိုရှည်ကို ပြောပြ‌ပေး‌စေလိုပါတယ်။ ရမ်းသမ်းပြီး ‌သောက်ချင်သ လို‌သောက်‌ ‌နေကြတာ ‌တွေ့‌နေရလို့ပါ။

Disulfiram အရက်ဖြတ်ဆေး မေးလို့သာ ဒီဆေးကို နံပါတ် (၁) နေရာမှာ ရေးပါတယ်။ တကယ်တန်း စနစ်တကျ အရက်ဖြတ်ဘို့ဆိုရင် အောက်မှာ ရေးထာတွေကို ဖတ်ပြီး လိုက်နာပါ။

(၁) Disulfiram ဆေးကို Antabuse လို့လဲခေါ်တယ်။ အရက်ဖြတ်ဆေးလို့ဆိုပေမဲ့ တကယ်တော့ ဒီဆေးနဲ့အရက်ဟာ ရန်သူတွေဖြစ်တယ်။ မတည့်ကြဘူး။ အရက်မူးနေသူကို ဆေးပေးလို့ မရဘူး။ ဆေးနဲ့ အရက်တွေ့ကြရင် ဓါတ်ပြုမှုတွေဖြစ်ပြီး မနေနိုင်အောင် ခံစားရမယ်။ ဆေးနဲ့အရက်တွေ့ကြရင် ၅-၁ဝ မိနစ်မှာ မျက်နှာတွေနီမြန်းလာမယ်။ နှလုံးခန်မြန်မယ်။ အသက်ရှူမဝ ဖြစ်မယ်။ ပျို့-အန်မယ်။ ခေါင်းထိုး ကိုက်မယ်။ စိတ်ရှုတ်ထွေးမယ်။ သတိလက်လွတ်ဖြစ်မယ်။ သွေးလျှောက်တာတွေ နည်းမယ်။ အရက်သောက်ထားပြီးနောက် ၁၂ နာရီအတွင်း ဆေးသောက်တာနဲ့ ဖြစ်စေမယ်။ Disulfiram ဆေးကနေ Alcohol cravings အရက်သောက်ချင်စိတ်ကို မနည်းစေနိုင်ပါ။ တနေ့မှာ 500 mg ကနေ စပေးတယ်။ ၁-၂ ပါတ်ကြာပေးတယ်။ နောက်မှာ 250 mg ပေးတယ်။ ဒီဆေးကို တခြားရောဂါတွေမှာလဲ သုံးသေးတယ်။ ဝဲ၊ ကင်ဆာ။ Cocaine ကိုကိန်း စွဲနေသူတွေ ဖြတ်ရာမှာလဲ သုံးတယ်။

ဆေးတခုထဲနဲ့ အရက်ဖြတ်မရပါ။ အထူးကုဆရာဝန်ရဲ့ စိတ်ပိုင်းပြုပြင်ပေးမှုနဲ့ တခြားဆေးတွေ လိုသေးပါတယ်။

(၂) Baclofen (Kemstro, Lioresal, Liofen, Gablofen, Beklo and Baclosan) ဆေးကိုလဲ အရက်ဖြတ်ရာမှာ သုံးရတယ်။ Spasticity ရောဂါအတွက်လဲသုံးတယ်။ ကျို့ထိုးတာအတွက်လဲပေးတယ်။ အဓိက အားကောင်းချက်ကတော့ Alcohol dependence အရက်သောက်ရမှနေနိုင်တာကိုရော Withdrawal symptoms အရက်ဖြတ်လို့ ခံစားရမှာတွေကို သက်သာစေပြီး Alcohol cravings အရက်ကို ချဉ်ခြင်းတပ်နေစိတ်ကို ပျောက်စေမယ်။ အစမှာ တနေ့ကို 80mg ပေးပြီးနောက်မှာ မနက် 20mg ၁ ပြား၊ ည 20mg ၁ ပြားပေးတယ်။

(၃) Benfinuron Forte (Benfotiamine, Folic Acid, Methylcobalamin, Vitamin B12, Vitamin B6) ဆေးကိုပါ တွဲပေးသင့်တယ်။ ဦးနှောက်နဲ့ အာရုံကြောတွေပေါ်သက်ရောက်ထားတဲ့ အရက်ဒဏ်တွေကို ကုစားဘို့ဖြစ်ပါတယ်။

(၄) Zolpidem (Ambien, Ambien CR, Intermezzo, Stilnox, Sublinox and Zolsana) ဆေးကတော့ အရက်ဖြတ်ကာစ အိပ်မပျော်တာအတွက် ပေးနိုင်တယ်။ ဆေးသောက်ပြီး ၁၅ မိနစ်ဆို အစွမ်းပြတယ်။ ၂-၃ နာရီကြာ အိပ်စေမယ်။ ညအချိန် ၁ ပြား၊ ဒါမှမဟုတ် ၁ ပြားခွဲပေးလေ့ရှိတယ်။

(၅) Lorazepam (Ativan or Orfidal) ထိုးဆေး အရက်ဖြတ်စရက်မှာ လိုမယ်။ Anxiety disorders စိုးရိမ်စိတ်ကို အမြန်သက်သာစေမယ်။ အိပ်စေမယ်။ ကြွက်သားတွေပြေလျော့စေမယ်။ တက်တာရှိရင် သက်သာမယ်။ အသားဆေး-အကြောဆေး ထိုးပေးနိုင်တယ်။

(၆) Counseling psychology စိတ်ပညာပေး ဆွေးနွေးမှု ခံယူခြင်းဟာ အရေးပါတယ်။ ဆရာဝန်ကနေ မေးမယ်။ လွဲနေတာတွေကို ပြင်ပေးမယ်။ ဆွေးမျိုးမိဘတွေကနေ နားချ ဖြောင်းဖျတာနဲ့ မတူဘူး။ သက်သာလာရင် စည်းကမ်းချက်လေးတွေ ချပေးမယ်။ အစားအသောက်၊ အိပ်ချိန်၊ ကိုယ်လက်လှုပ်ရှားမှု စတာတွေကို အကြံပေးမယ်။

လူတွေ ဘာလို့ အရက်သောက်ကြသလဲ HALT ဆိုတဲ့ အကြောင်းတရား ၄ ပါးရှိတယ်။ Hunger ဆာလောင်ခြင်း၊ Anger ဒေါသထွက်ခြင်း၊ Loneliness တကိုယ်တည်းဖြစ်ခြင်း၊ Tiredness မောပမ်းခြင်း၊

အစာစားဘို့ အားပေးမယ်။ ဒေါသထွက်ရတဲ့အခြေခံကို စစ်ဆေးမေးမြန်းပြီး မထွက်သင့်ဘဲ ထွက်နေတဲ့ ဒါသကို ရှင်းပြမယ်။ ဥပမာ ဘောလုံးပွဲမှာ ကိုယ့်အသင်းမနိုင်ရကောင်းလားဆိုတဲ့ဒေါသကို ဘယ်လိုနည်း နဲ့မှ ပြင်မရတဲ့အတူ စိတ်ကို အေးချမ်းမှုနဲ့ နေဘို့ ရှင်းပြမယ်။

တကိုယ်တည်းမနေဘဲ အဖေါ်နဲ့၊ အဖေါ်မှာလဲ လူကောင်းသူကောင်းနဲ့သာရွေးပြီးနေဘို့ ပြောမယ်။ အရက် သမား၊ ဆေးသမားတွေကို ရှင်ခန်းဖြတ်ရမယ်။ ဘယ်သူမှမရှိရင် ဖေ့စ်ဘွတ်မှာ မိတ်ကောင်းဆွေကောင်းတွေနဲ့ စကားပြောပါလေ။

အလုပ်ပင်ပန်းလို့ ဘီယာလေးမော့ချင်တာဟာ နည်းလမ်းမှားယွင်း၊ မှားလွန်းတယ်။ နည်းနည်းလေး ဝင်ကာစတော့ ဟုတ်သလိုလိုနဲ့။ ခဏနေတော့ အရက်သောက်သူ မောင်ဖြူဟာ မောင်ဖြူ မဟုတ်တော့ ဘဲ မောင်မဲဖြစ်တာတော့မယ်။ မပမ်းမပြေတဲ့အပြင် ရင်မောစရာတွေ စဉ်တိုက်ဆက်တိုက် လာတော့မယ်။ မှုခင်းတွေလဲ ကျူးလွန်မယ်။ ကိုယ်ကသူများကို ရန်ပြုမယ်။ ကိုယ့်ကိုသူများက ရန်ပြုမယ်။

အရက်ဖြစ်စရက် ပထမနဲ့ ဒုတိယရက်တွေက အရေးကြီးတယ်။ ဆေးရုံတက်ကုသဘို့ လိုနိုင် တယ်။ သောက်ထားခဲ့တဲ့ အရက်ဓါတ် (အဆိပ်ဓါတ်) တွေကို ကိုယ်ထဲကနေ မြန်မြန်ရှင်းထုတ် ဘို့ သွေးကြောထဲဆေးသွင်းတာ လုပ်ရလိမ့်မယ်။ ဆီးကောင်းကောင်းသွားရင် သက်သာလာတော့မယ်။

ဒီတပုဒ်မှာ ဒီလောက်သာ ရေးပါမယ်။ မြန်မာ လူကြီး-လူငယ်၊ ယောက်ျားလေး-မိန်းကလေး အရက်ဘေး ကဝေးကြပါစေ။

ဒေါက်တာတင့်ဆွေ

၁၉-၁၂-၂ဝ၁၃


ဝမ်းသွားနေရင် သောက်သင့်တဲ့ လက်ဖက်ရည်ခါးခါး



လက်ဖက်ရည်ကို လက်ဖက်ခြောက် ခါးခါးနဲ့ သောက်ရင် ၀မ်းသွားနေပါက ရပ်တန့်ပေးစေနိုင် ပါတယ်။

တစ်ချို့လည်း သိပြီးသား ဖြစ်ပါတယ်။ သို့သော် လက်ဖက်ရည် ခါးခါးဟာ ၀မ်းပိတ်ဆေးတွေ လောက်တော့ အလျင် အမြန် ရပ်တန့်တာ မဟုတ်ဘဲ ဖြည်းဖြည်းချင်း သက်သာစေနိုင် ပါတယ်။

ဒါ့အပြင် လက်ဖက်ရည်သောက်ပြီး ကျန်ရှိတဲ့ လက်ဖက်ခြောက် အဖတ်များကို စားပေးနိုင် ပါတယ်။ ဒါကြောင့် ၀မ်းတွေအရမ်း သွားနေရင် လက်ဖက်ရည်ကို လက်ဖက်ခြောက်များများ ထည့်ကာ မှီဝဲပေးဖို့ တိုက်တွန်းပါတယ်။

ကျော်လင်းနိုင်

ကျန်းမာရေးနှင့် အလှအပ သတင်းများ


စပီကာ အဟောင်းများ ကို WiFi Speaker အဖြစ် ပြောင်းလဲပေးမယ့် Rocki



Rocki က စပီကာ အဟောင်းများ ကို WiFi Speaker အဖြစ်ပြောင်းလဲပေးနိုင်ပါတယ်။ Rocki က အရွယ်သေးငယ် ပြီး ရောင်စုံ ထုတ်လုပ်ပေးထားပါတယ်။ Rocki ကို သာမာန် စပီကာများ နဲ့ ကြိုးဖြင့် ချိတ်ဆက်နိုင်ပါတယ်။ ပြီးရင် Rocki ကို စမတ်ဖုန်း ၊ တက်ဘလက် ၊ ကွန်ပြူတာများ နဲ့ WiFi မှ တစ်ဆင့် ချိတ်ဆက်နိုင်ပါတယ်။ စမတ်ဖုန်း ၊ တက်ဘလက် ၊ ကွန်ပြူတာများ မှ ဖွင့်တဲ့ သီချင်းများ ကို စပီကာ က ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။ Rocki ကို ၄၉ ဒေါ်လာ နဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။

Rocki ကို ကားများမှာလည်း အသုံးပြုနိုင်ပါတယ်။ Apple, Google, Microsoft စတဲ့ Company များရဲ့ in-car system ကို မ၀ယ်နိုင်ရင်တောင် အနည်းဆုံး တော့ Rocki ကို ၀ယ်နိုင်ရင် ကားရဲ့ Audio System မှာ သီချင်းဖွင့်ဖို့ အတွက် စမတ်ဖုန်း မှတစ်ဆင့် ကြိုးမဲ့ ခိုင်းစေနိုင်မှာ ဖြစ်ပါတယ်။

Rocki ကို တီထွင်သူများ က ဆီလီကွန် ကာဗာ ခုနစ်ခု ကို ပြုလုပ်ပေးထားပါတယ်။ သီးခြား ၀ယ်စရာမလို ဘဲ ၄၉ ဒေါ်လာ ထဲမှာ ပါပြီးသား ဖြစ်ပါတယ်။ နေအိမ် ၊ ရုံးများ မှာ ထားရှိ အသုံးပြုနိုင်အောင် လှပစွာ ဒီဇိုင်းလုပ်ပေးထားတာဖြစ်ပါတယ်။

Rocki ကို စမတ်ဖုန်း နဲ့ အခြား Device များနဲ့ ချိတ်ဆက်ဖို့ အတွက် စမတ်ဖုန်း မှာ Rocki App ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ အခုလောလောဆယ် မှာ Android Device များအတွက်ပဲ App ကို ထုတ်လုပ်ပေးထားပါတယ်။ ဒါပေမယ့် Rocki ကို Apple Device များနဲ့ ချိတ်ဆက်ချင်ရင် AirPlay ကို အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ Rocki အတွက် iOS App ကို မေလ မှာ ထုတ်လုပ်ပေးမယ်လို့ သိရပါတယ်။

Rocki ရဲ့ အလုပ်လုပ်ပုံကို အောက်က ဗီဒီယိုမှာလေ့လာနိုင်ပါတယ်။

https://www.youtube.com/watch?v=ePUMieMfbkI

သူရ

Myanmar Digital Life Journal


Hitachi က ကမ္ဘာ့ အမြန်ဆုံး ဓာတ်လှေကားကို တည်ဆောက်



Hitachi က တရုတ်နိုင်ငံ မှာ ဆောက်လုပ်ဆဲဖြစ်တဲ့ အမြင့်ပေ (၁၇၀၀) ရှိ Guangzhou CTF Finance Centre အဆောက်အဦး အတွက် ဓာတ်လှေကားများ ကို ပြုလုပ်ပေးနေပါတယ်။ အဲဒီဓာတ်လှေကားများ ဟာ ကမ္ဘာ့ အမြန်ဆုံး ဖြစ်လာမှာ ဖြစ်ပါတယ်။

ဓာတ်လှေကားတစ်ခုစီ ရဲ့ ပျမ်းမျှ အမြန်နှုန်း မှာ တစ်နာရီလျှင် ၄၅ မိုင် ဖြစ်ပါတယ်။ အောက်ဆုံးထပ် ကနေ ၉၅ ထပ် ကို ၄၃ စက္ကန့် အတွင်းမှာ ပို့ဆောင်ပေးနိုင်ပါတယ်။

ဓာတ်လှေကား ကို လုံခြံစေဖို့ Governor လို့ ခေါ်တဲ့ အဆင့်မြင့် Brake ဖမ်းတဲ့ နည်းပညာ ကို အသုံးပြု ထားပြီး သတ်မှတ်ထားတဲ့ အရှိန် ကျော်လွန်တာနဲ့ အရေးပေါ် Brake အုပ်ပေးမှာဖြစ်ပါတယ်။ အလွန် လျှင်မြန်တဲ့ အရှိန် မှာ ဓာတ်လှေကား ကို ရပ်နားဖို့အတွက် Brake စနစ် မှာ အပူ ကို ခံနိုင်ရည် ရှိတဲ့ ပစ္စည်းများ နဲ့ တည်ဆောက်ထားပါတယ်။

ဓာတ်လှေကား ကို တုန်ခါမှု မဖြစ်စေတဲ့ နည်းပညာ ကိုလည်း Hitachi က အသုံးပြုထားပြီး စီးနင်းသူများ ရဲ့ နားကို ထိခိုက်မှု မရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒီလိုကာကွယ်ဖို့ အတွက် လေဖိအား ကို ထိန်းညှိပေး တဲ့ နည်းပညာ ကို Hitachi က အသုံးပြုထားပါတယ်။ အဲဒီနည်းပညာ က လျှင်မြန်တဲ့နှုန်း နဲ့ ဓာတ်လှေကား သွားတဲ့အခါမှာ လေထုဖိအား ပြောင်းလဲမှု ကို လျှော့ချပေးမှာ ဖြစ်ပါတယ်။

Hitachi က အဆောက်အဦး မှာ ဓာတ်လှေကားပေါင်း (၉၅) ခု တပ်ဆင်မှာ ဖြစ်ပေမယ့် ကမ္ဘာ့ အမြန်ဆုံး ဓာတ်လှေကား နှစ်ခုသာ တပ်ဆင်မှာ ဖြစ်ပါတယ်။

သူရ

Myanmar Digital Life Journal



အိပ်ယာဝင်ခါနီး ရေတစ်ခွက်သောက်ပါ



အိမ်ယာဝင်ခါနီး ရေသောက်ပြီး အိပ်ပါက နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် နှစ်ခြိုက်စွာ အိပ်ပျော်စေပြီး ခန္ဓာကိုယ်အတွက် ခွန်အားရှိစေမှာ ဖြစ်ပါတယ်။

ရေသောက်ပြီး အိပ်ခြင်းက မျက်နှာ အဆီပြန်ခြင်းကို လျော့နည်းစေပြီး အသားအရေ အတွက်လည်း ကောင်း မွန်စေတာကြောင့် ရေတစ်ခွက် သောက်ပြီးမှ အိပ်ဖို့ အကြံပြု ပါရစေ။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ


ဧပြီနောက်ဆုံးပတ်တွင် ရွာဖွယ်ရှိသည့်မိုးကြောင့် သဘာဝဘေးအန္တရာယ်ကို သတိပြုရန်လို



ဧပြီနောက်ဆုံး သီ တင်းပတ်အတွင်း မြန်မာနိုင်ငံဒေသအချို့တွင် မိုးတိမ်တောင်မှဖြစ် ပေါ်လာသော မိုးရွာဖွယ်ရှိပြီး အဆိုပါမိုးကြောင့် ဖြစ်ပေါ်လေ့ရှိ သည့် သဘာဝဘေးအန္တရာယ်ကို သတိပြုရန်လိုကြောင်း မိုးလေ၀ သပညာရှင်ဒေါက်တာထွန်းလွင် ကပြောသည်။

ထိုင်းနိုင်ငံဘက်တွင်ဖြစ်ပေါ် နေသော တိမ်တိုက်အစုအဝေး ရွေ့လျားလာခြင်းကြောင့် မြန်မာ နိုင်ငံ အရှေ့တောင်ပိုင်းဒေသများ တွင် မိုးအများဆုံးရွာနိုင်ပြီး ရုတ်တရက်မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်း တိုက်ခြင်း၊ မြေပြိုခြင်းကဲ့သို့သော သဘာဝဘေးများဖြစ်လေ့ရှိကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။

ဒေါက်တာထွန်းလွင်က‘‘ဒီ မိုးမျိုးမှာ လျှပ်စီးလက်ပြီးမိုးခြိမ်း တာတွေ၊ မိုးသက်လေပြင်းကျပြီး မိုးကြီး တာတွေဖြစ်လေ့ရှိတယ်။ မိုး တိမ်တောင်က အားကောင်းရင် တော့ ဒါတွေအပြင် နောက်ထပ် ပါလာ တတ်တာတွေကတော့ မိုး ကြိုးပစ်တာ၊ လေဆင်နှာမောင်း တိုက်တာ၊ မိုးသီးကြွေတာတွေကြုံ ရနိုင်တယ်’’ ဟု ပြောသည်။

ဧပြီ ၁၅ရက်မှစတင်၍ ၂၀၁၄ခုနှစ်၏ မိုးကြိုကာလစတင်ခဲ့ပြီးမိုးတိမ်တောင်ရာသီဥတုကြောင့် နေပြည်တော်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်း တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အချို့တွင် လေပြင်းတိုက်ခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းစသည့် သဘာဝဘေးများဖြစ်ပေါ်ခဲ့ပြီး လူသေ ဆုံးမှုနှင့်အတူ နေအိမ်အဆောက်အအုံပျက်စီးမှုများလည်း ရင်ဆိုင်ခဲ့ရသည်။

ပြီးခဲ့သည့်နှစ် မိုးကြိုကာလ ကလည်း မိုးတိမ်တောင်ရာသီဥတု ဖြစ်စဉ်ကြောင့် နေရာကွက်ပြီး မိုး ကြီးကာ ရှမ်းပြည်နယ်သတ္တုတွင်း လုပ်ငန်းတစ်ခုတွင် မြေပြိုပြီးလူ ၁၇ဦးသေဆုံးခဲ့သည်အထိ သဘာဝဘေး အန္တရာယ် ကြုံတွေ့ခဲ့ရ သည်။

‘‘နေရာကွက်မိုးကြီးရင် ရွာတဲ့ဒေသကိုလိုက်လို့ လျှပ်တစ် ပြက်ရေကြီးတာ တို့၊ မြေပြိုတာတို့ ဖြစ်တတ် ပါတယ်။ ဒါကြောင့် ပြန် ကျမိုးတွေရဲ့ သဘာဝကိုသိထား သင့်တယ်။ မွန်းလွဲညနေပိုင်းတွေ မှာ ရွာတတ် ပါတယ်’’ဟု ဒေါက် တာထွန်းလွင်က သတိပေးသည်။

မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ဧပြီ ၂၄ ရက်အတွက် ခန့်မှန်းချက်များတွင် မန္တလေး၊ ရန်ကုန်နှင့်ပဲခူးတိုင်းဒေ သကြီးတို့တွင် နေရာကွက်၍ ထစ် ချုန်းမိုးရွာနိုင်ကြောင်း သတင်း ထုတ်ပြန်ထား သည်။

7Day Daily



တကယ် ကျန်းမာချင်ပါသလား



လောကမှာ အပြော နဲ့  အလုပ်တစ်ထပ်တည်းကျဖို့ ဆိုတာ (တကယ်) မလွယ်ပါဘူး။ သို့ သော် “တကယ်ဖြစ် ချင်.. တကယ်လုပ်..အဟုတ်ဖြစ်ရမည်” ဆိုတဲ့ ဆောင်ပုဒ်လေး အတိုင်း တကယ်ကျန်းမာချင်သူ များ အောက်ပါ နည်းလမ်း(၁၀)သွယ်အတိုင်း ကျင့်ကြံလိုက်နာခြင်းဖြင့် အမှန်ပင် ကျန်းမာစေမှာဖြစ်လို့  ယခုပင် ကြိုးစားကြည့်စေလိုပါတယ်။

(၁) အရက်/ဘီယာ/အားဖြည့်အချိုရည်တွေ လျော့သောက်ပြီး၊ လ္ဘက်ရည်ကြမ်း (လ္ဘက်ခြောက်ရေနွေး) ပိုသောက်ပေးပါ။ (ဆေးလိပ် တွေပါ ဖြတ်လိုက်ပါဦး)

(၂) ဥပမာ အသင့်စား အစားအသောက်များဖြစ်ကြတဲ့ ကြက်ဥချောင်း/၀က်အုချောင်း/အသား-ငါးသေတ္တာ ဗူးအမျိုးမျိုး/စည်သွပ် ဗူးအမျိုးမျိုး/သစ်သီးဗူး-သစ်သီးခြောက်များ/ထုံချိုင်းအသားလုံးအမျိုးမျိုး …တို့ ကို လျော့ စားပြီး၊ လတ်လတ်ဆတ်ဆတ် သား-ငါး-သစ်သီးဝလံ တို့ ကို ပိုစားပေးပါ။

(၃) ဆား(အငန်) တွေလျော့စားပြီး၊ အချဉ် ပိုစားပေးပါ။

(၄) သကြား (အချို အရသာအမျိုးမျိုး) တွေ လျော့စားပြီး၊ သဘာဝအချို အတိုင်းသာ စားပေးပါ။

(၅) အစားလျော့စားပြီး၊ ပါးစပ်ထဲမှာ အချိန်ကြာကြာ ၀ါးပေးပါ။ (ပါးစပ်ထဲမှာ အချိန်ကြာ ကာ ၀ါးခြင်းက တင့်တိမ်ရောင့်ရဲလွယ် စေတာကြောင့် အစားအများကြီးပိုမစားမိတော့ ဘဲ ကိုယ်အလေးချိန် တိုးလာမှာ မစိုးရိမ်ရတော့ပါဘူး။ ဒါ့ပြင် ညက်ညက်ဝါးစား တာ ကြောင့် အစာကျေစေပြီး အစာအိမ် နဲ့  အူတွေကို ကျမ္မာစေပါတယ်)

(၆) အပြောလျော့ပြီး၊ အလုပ်နဲ့ သက်သေပြပါ။ (ဆိုလိုတာကတော့ “ပိန်အောင်လုပ်ေ တာ့မယ်၊ ၀ိတ်ချတော့ မယ်” လို့ အသံ နဲ့ ဟစ်ကြွေးမနေဘဲ၊ အစားလျော့စားပြီး သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားအားကစားကို မှန်မှန် လုပ်ပေးရမှာပါ)

(၇) လောဘလျော့ပြီး၊ ဒါနပွားများပါ။ (အ-ကုသိုလ်စိတ်တွေ ဖိစီးနေတဲ့အခါ၊ ခန္ဒာ ကိုယ်ထဲမှာ လှည့်ပတ် စီးဆင်းနေတဲ့ သွေးရည်က သူ့ အလိုလို ညိုမည်းပျစ်ခဲ လာတာေ ကြာင့် နှလုံးထိခိုက်စေပါတယ်။ ရုပ်ရည် ခက်ထန်ကြမ်းတမ်းစေတဲ့အပြင် အသားအရည် မကြည်လင်တော့ဘဲ အရွယ်ကျမြန်စေပါတယ်)

(၈) စိုးရိမ်သောက ဗျာပါဒတွေလျော့ချပြီး၊ အိပ်ရေး၀၀ (ပို) အိပ်ပေးပါ။ (အကောင်းဆုံး စိတ်တည်ငြိမ်ဆေး ကတော့ “တရားမှတ်ခြင်း” ပါဘဲ)

(၉) ကား/ဆိုင်ကယ်/စက်ဘီး/ဆိုက္ကား စတဲ့ ယာဉ်အမျိုးမျိုးတို့ လျော့စီးပြီး၊ လမ်းများများ လျှောက်ပေးပါ။

(၁၀) ဒေါသ မာန်မာန တွေလျော့ပြီး၊ စိတ်လက်ပေါ့ပါး (ပြုံးရွှင်) စွာနေပါ။ ( “ပျော်ပျော်ေ န. .သေခဲ” ပါတဲ့

(ဆောင်းပါးရှင်… ပေါက်ပေါက်… မျှဝေသည်)

Credit: promise.pauk


မနက်အိပ်ယာထရင် ရေတစ်ခွက် သောက်ဖို့ မမေ့ပါနဲ့



တကယ်ပဲ ကျန်းမာရေးအတွက် အထောက်အကူပြု ပါတယ်။ အခြားသော အချိန်တွေမှာ သောက်တာ ထက် မနက်အိပ်ယာ ထထချင်းမှာ သောက်တာက ပိုမိုပြီး အာနိသင် ရှိပါတယ်။

ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်ပြီး ခန္ဓာကိုယ် တွင်းရှိ အပူများကို လျေ့ချပေးနိုင် ပါတယ်။ ဒါ့အပြင် အသား အရေအတွက်လည်း အထောက်အကူပြုစေပါတယ်။ မနက် ရေတစ်ခွက်က ခန္ဓာကိုယ်အတွက် အထောက် အကူများစွာ ပေးလို့ မှီဝဲပေးပါ။

ဒါ့အပြင် အမောဖောက်သူများ နှလုံးရောဂါသည် များသာ မကဘဲ အခြားသော ရောဂါဝေဒနာများ အတွက်ပါ ကောင်းမွန်စေ ပါတယ်။ ဒါ့အပြင် အစာ မစားချင် သူများ ခံတွင်း မကောင်း သူများလည်း မနက်အိပ်ယာ နိုးနိုးချင်း ရေတစ်ခွက် သောက်ပေးပါ။

ကျော်လင်းနိုင်

ကျန်းမာရေးနှင့် အလှအပ သတင်းများ


နည်းပြသစ်ခန့်ရန် ဖာဂူဆန် ကူညီမည်


မန်ယူ ဂန္တ၀င်နည်းပြဟောင်း ဖာဂူဆန်မှာ နည်းပြသစ် ခန့်အပ်ရေး ကူညီပေးမည်ဟု ပြောခဲ့ကြောင်း Herald Scotland သတင်းစာက ဖော်ပြခဲ့သည်။ မန်ယူအသင်းက မိုရက်စ်ကို နည်းပြအဖြစ် မခန့်အပ်မီ ဖာဂူဆန်က ၎င်းကို ထောက်ခံအားပေးခဲ့ပြီး မိုရက်စ် လက်ထက်တွင် မန်ယူအသင်း ရလဒ်ဆိုးများ ကြုံခဲ့ရခြင်းကြောင့် အစွန်းရောက် ပရိသတ်များက ဖာဂူဆန်ကို ပြစ်တင်ခဲ့ကြသည်။

ဆက်စပ်သတင်းတစ်ရပ်အရ မန်ယူကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်မှာ ယာယီနည်းပြ ဂစ်ကို ကူညီသည့်အနေဖြင့် မန်ယူအသင်း လေ့ကျင့်ရေးအစီအစဉ်တွင် ၀ိုင်းဝန်းပံ့ပိုးလျက်ရှိခြင်းပင်ဖြစ်သည်။ ပေါလ်စခိုးလ်သည် မန်ယူနည်းပြ အဖွဲ့ဝင်များဖြစ်သည့် ဖီးလ်နဗီး၊ နစ်ကီဘတ်တို့နှင့်အတူ ဗုဒ္ဓဟူးနေ့ လေ့ကျင့်ရေး အစီအစဉ်တွင် ပါဝင်ကူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

@z (ရိုးရာလေး)


မြန်မာသံစဉ်သီဆိုသူများပေါ်ပေါက်လာစေရန် အသက်၁၃နှစ်အောက် ကျောင်းသူ/သားများအား တေးသံရှင်ဒေါ်မာမာအေးမှ YMAC တွင်သင်ကြားပေးခဲ့


ရန်ကုန်၊ဧပြီ ၂၃။

မျိုးဆက်သစ်လူငယ်များပေါ်ပေါက်ဖို့အတွက် တေးသံရှင်ဒေါ်မာမာအေးက မြန်မာသံစဉ်သီဆိုပုံနှင့်ပတ်သက်၍ အသက် ၁၃နှစ်အောက် ကျောင်းသူ/သား များအား YMAC တွင် ဧပြီ ၂၃ရက်က သင်ကြားပို့ချပေးခဲ့သည်။

“ဖွားဖွားဆီကနေ သမီးတို့မြန်မာမှုအကြောင်းတွေကို သိချင်လို့လာတက်ခဲ့တာဖြစ်သလို ဖွားဖွား မာမာအေး မပြန်ခင်တွေ့ချင်တဲ့အတွက်လာသင်တာဖြစ်တယ် ဒီသင်ကြားမှုကနေ ကိုယ့်အတွက် အသုံးချလို့ရမယ် အရာတွေကို သိလိုက်ရလို့လည်း အရမ်းပျော်ပါ ဖွားဖွားကိုလည်း ကျေးဇူးတင်ပါတယ်”ဟု အင်းစိန် အ.ထ.က(၃)တွင် နဝမတန်း တက်ရောက် သင်ကြားမည့် မဖြိုးဝင့်စံ က ပြောသည်။ ၎င်းကျောင်းသူသည် ဆို၊က၊ရေး၊တီး၊ပြိုင်ပွဲများတွင် လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၁ခု၊ငွေတံဆိပ် ၁ခု၊ကြေးတံဆိပ်၊တို့ရရှိထားသူလည်းဖြစ်သည်။


ဒေါ်မာမာအေးသည် အမေရိကားမှ မြန်မာနိုင်ငံသို့ ဇန်နဝါရီလကရောက်ရှိခဲ့ပြီး ယနေ့(၂၃.၄.၂၀၁၄)တွင် အသက်(၁၃)နှစ်ရှိ ကျောင်းသူ/ကျောင်းသားများ အား မြန်မာမှု မြန်မာဟန်များ သိစေရန်အတွက် မာမာအေးဆိုသည်မှာ ကကြီး၊ခခွေး၊ခေါင်းစဉ်ဖြင့် သင်ကြားပေးခဲ့သည်။ယင်းနောက် ၂၉.၄.၂၀၁၄ရက်တွင် ဂီတဖျော်ဖြေပွဲတစ်ခုကိုလည်း ပြုလုပ်သွားမည့်ပြီး ၁.၅.၂၀၁၄ရက်၌ အမေရိကားသို့ ပြန်မည်ဖြစ်ကြောင်းပြောပြခဲ့သည်။



“အန်တီ အမေရိကားကို မပြန်ခင် ကိုယ့်နိုင်ငံမှာရှိတဲ့ လူငယ်တွေအနေနဲ့ မြန်မာမှု၊မြန်မာဟန်၊အကြောင်းကို သိအောင်ဆိုပြီးတော့ အခုလိုသင်ကြားပေးတာပါ နောက်တစ်ခုက
မြန်မာသံစဉ်သီဆိုနည်းကိုလည်း သင်ပေးတာ မြန်မာပြည်မှာ အဆိုရှင်တွေအများကြီးပေါ်ပေါက်လာတာကိုတွေ့ရတယ် ဒါပေမဲ့ မြန်မာသံစဉ်သီဆိုတဲ့ အဆိုရှင်ကနည်းတယ် အခုဒီမှာတက်ရောက်လာတဲ့ ကလေးတွေဟာ နောက်တစ်ချိန်မှာ မြန်မာသံစဉ်သီဆိုမယ့် အဆိုရှင်တွေဖြစ်ဖို့မျှော်လင့်ပါတယ်”ဟု မြန်မာသံစဉ်အဆိုရှင် ဒေါ်မာမာအေးကပြောသည်။

ပုဇွန်တောင်မြို့နယ်၊အ.ထ.က(၂)ကျောင်းတွင် ပဥ္ဒမတန်းတက်ရောက်သင်ကြားမည့် ကျောင်းသူ ဖြိုးပြည့်ဇော်နွေးက “ဒီသင်တန်းကိုတက်ရောက်လာတာ အန်တီမာမာအေးရဲ့ ဆုံးမစကားတွေကို နားထောင်ချင်သလို မြန်မာအသံ ဘယ်လိုဆိုရတယ် ဘယ်လိုအနေအထားတွေရှိတယ်ဆိုတာကို သိချင်လို့လာရောက် တက်ဖြစ်တာပါ”ဟုပြောဆိုသည်။

ချစ်မင်းထွန်း

The Myanma Age


မလေးရှား လေကြောင်းလိုင်း MH370 ဟာ တစ်နေရာရာမှာ လုံခြုံစွာ ဆင်းသက်ခဲ့တာ ဖြစ်နိုင် (ရုပ်/သံ)



မလေးရှား လေကြောင်းလိုင်း MH370 ဟာ တစ်နေရာရာမှာ လုံခြုံစွာ ဆင်းသက်ခဲ့တာ ဖြစ်နိုင် (ရုပ်/သံ)


 
 
 
http://www.thithtoolwin.com
 

ကဆုန်လပြည့် ဗုဒ္ဓနေ့ အကြောင်း

ကဆုန်လ ။ ကဆုန်ဟု ယခုအရေးအခေါ် ပြုနေသောလ၏ အမည်ကို ပုဂံခေတ်ထိုး ကျောက်စာတို့တွင် ကုဆုန်ဟု အရေးများသည်။ ပုဂံခေတ်၌ အသုံးတွင်ကျယ်သော ကုဆုန်၊ ကဆုန်ဟူသော အရေးနှစ်မျိုးတွင် ကုဆုန်သည်မူလဖြစ်၍ ယင်းမှ ကဆုန်သို့ ရွေ့လျောသည်ဟု ယူဆရပေသည်။

ကု၊ က၏အနက်သည် ရေဖြစ်၍၊ ဆုန်၏ အနက်မှာ သွန်းလောင်းသည်ဟု ဖြစ်သောကြောင့် ကဆုန်လကို ရေသွန်းလ၊ ရေလောင်းလဟုကောက်ယူရသည်။ ကုဆုန်၊ ကဆုန်ဟူသော လ၏အခေါ်မှာ အလွန်ရှေးကျ သည်ကိုထောက်သော် မြန်မာနိုင်ငံသို့ သာသနာရောက်သည့် အခါမှစ၍ ညောင်ရေသွန်းပွဲတော် ကျင်းပခြင်း အလေ့လည်းတစ်ပြိုင်တည်း ဖြစ်ပေါ်လာသည်ဟု ထင်မှတ်ရလေသည်။

တန်ခူး၊ ကဆုန်စသော ဆယ်နှစ်လတို့တွင် ကဆုန်၊ ဝါဆို၊ ဝါခေါင်၊ သီးတင်းကျွတ်၊တန်ဆောင်မုန်း၊ နတ်တော် ဟူ၍ ခြောက်မျိုးသော အခေါ်တို့မှာ သာသနာရေးကိုးကွယ် ယုံကြည်ရေးနှင့်သက်ဆိုင်လေသည်။ ဤကဆုန်လ ရာသီတွင် နေအရှိန်အပြင်းထန်ဆုံး ဖြစ်သောကြောင့် ရေများပင်ခန်းခြောက်လေ့ရှိရကား၊ မြတ်စွာဘုရား ပွင့်တော်မူရာ ဗောဓိပင်ကို ရည်မှတ်ကာ ဗောဓိပင်အပွားတော်များကို တပျော်တပါး ရေစင်သွန်းလောင်းခြင်းများ ပြုခဲ့ကြသဖြင့် လပြည့်နေ့၌ ကျင်းပသောပွဲတော် အခါကြီးကို ကဆုန် ညောင်ရေသွန်းပွဲတော်ဟုလည်း ခေါ်စမှတ်ပြုခဲ့ကြသည်။ ထိုမျှမက ခန်းခြောက်သော အင်းအိုင် ၊ ရေကန်တို့မှ ငါးများကိုပင် ရေများရာဒေသသို့ ရွှေ့ပြောင်းပေးခြင်းအားဖြင့်လည်း ဇီဝိတဒါန ငါးလွှတ်ပွဲများကို ယခုထက်တိုင် ပြုလုပ်လျက်ရှိကြသည်။


ကဆုန်လသည် မြန်မာ့တစ်ဆယ့်နှစ်လတွင် ဒုတိယလဖြစ်၍ ပြိဿရာသီနှင့်တူညီသည်။ မိုးဦးကျခါနီး ဖြစ်သည့် အလျောက်မိုးသံလေသံများ စတင်ကြားရလေသည်။

ကဆုန်လပြည့် ။ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓသာသနာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီးဖြစ်ပေသည်။ ထိုနေ့၏ ထူးခြားချက်များကား

၁။ ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာမြတ်စွာဘုရားထံမှ နိယတဗျာဓိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခြင်း။

၂။မဟာသက္ကရာဇ် (၆၈) ကဆုန်လပြည့်နေ့တွင် ဂေါတမမြတ်စွာဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခြင်း။

၃။ မဟာသက္ကရာဇ် (၁၀၃) ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမမြတ်စွာဘုရားအလောင်းတော် သည် သဗ္ဗညုတဥာဏ်တော်ကို ရရှိတော်မူခြင်း။

၎။မဟာသက္ကရာဇ် (၁၄၈)ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းတို့ဖြစ်သည်။

ထိုကဲ့သို့မြတ်စွာဘုရားရှင်၏ အဖြစ်တော်စဉ်တွင် ထူးခြားမှတ်သားထိုက်သော ဤကဆုန်လပြည့်နေ့အား ဘုရားနေ့(ဗုဒ္ဓနေ့) ဟု ဗုဒ္ဓသာသနာဝင် အပေါင်းတို့က အထွက်အမြတ် ထားကြလျက် မြတ်စွာဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတ ရွှေဥာဏ်တော်ကို ရတော်မူရန် အားထုတ်ရာတွင် အမှီပြုတော်မူသော ဗောဓိပင် အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုကြကုန်သည်။

 ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့သော ဗောဓိပင်ကိုလန်းဆန်းစိုပြည်စေရန်အတွက် ဖြစ်ပေသည်။
ထိုအလေ့အထသည် ဗုဒ္ဓသာသနာဝင်တို့တွင် ပျောက်ကွယ်ခြင်းမရှိဘဲ ယခုထက်တိုင် နှစ်စဉ်အမြဲ ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းလောင်းပွဲများပြုလုပ်လျက် ရှိကြလေသည်ဟု (ဗုဒ္ဓနေ့ အမှတ်တရ) အဖြစ် ဓမ္မဒါနပြုလိုက်ရပါသည်။

ကိုးကား။ ။ မြန်မာ့စွယ်စုံကျမ်း။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများပြည့်ဝကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

 http://www.wiradhamma.com/



ပိန်သွယ်စေဖို့ ဒီအချက်လေးတွေ ကြိုးစားကြည့်စို့


မေသော် on 2014-04-23 14:38

ခန္ဓာကိုယ်က အချိုးအစား မကျတော့တဲ့အပြင် စားချင်တာတွေစား၊ အိပ်ချင်တဲ့အချိန်မှ အိပ်ဖြစ်နေတာမို့ သွယ်လျတဲ့ ခန္ဓာကိုယ်အချိုးအစားဖြစ်ဖို့ တစ်နေ့တာဖြတ်သန်းမှုပုံစံတွေ ပြင်ဆင်ရတော့မှာပေါ့။ ဒါ့ကြောင့် လူကိုလည်း အဆီမတက်ပဲ ပိန်သွယ်ပြီး ကြည့်ကောင်းစေမယ့် အပြင် နေ့တစ်နေ့ရဲ့ အဆုံးထိ ပေါ့ပေါ့ပါး ပါးဖြတ်သန်းနိုင်စေမယ့် နည်းလမ်းတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။မနက်နိုးနိုးချင်း သံပုရာရည်အပူကို သောက်ပေးပါ။



အိပ်ယာနိုးတာနဲ့ ရေနွေးနဲ့ဖျော်ထားတဲ့ သံပုရာရည်အပူကို သောက်ပေးပါ။ ဒါဟာ အစာခြေစနစ် ကို ကောင်းမွန်အောင် ကူညီပေးနိုင်တာကြောင့်ပါ။ သံပုရာရည်အပူကို မကြိုက်ဘူးဆိုရင်တော့ Green Tea ကို သံပုရာသီးညှစ်ပြီး သောက်ပေးနိုင်ပါတယ်။

၂။ယောဂကျင့်ပါ။



အချိန်ပေးနိုင်တယ်ဆိုရင်တော့ ယောဂကျင့်တာဟာ လူတစ်ယောက်ရဲ့ စိတ်အတွက်ရော၊ ခန္ဓာကိုယ် အတွက်ပါ တကယ်ကို သင့်တော်ပါတယ်။

၃။ရာသီစာတွေ စားပေးပါ။ အသီးဖျော်ရည် သောက်ပေးပါ။



ဖရဲသီးပေါ်ချိန် ဖရဲသီး၊ သရက်သီးပေါ်ချိန် သရက်သီး စသဖြင့် စားပေးလို့ရပါတယ်။ ဖြစ်နိုင်ရင်တော့ အသီးအနှံတွေ အများဆုံး စားပေးပါ။ အသီးဖျော်ရည်တွေကိုလည်း သောက်ပေးဖို့ လိုပါတယ်။

၎။အစားအသောက် စားတဲ့အခါ အစာကို ကျေညက်အောင်ဝါးပါ။



အစားအသောက်ကို မြန်မြန်စားပြီး မြိုချခြင်းဟာ လေခိုတာမျိုးတွေဖြစ်နိုင်တာမို့ အစာမကြေတာ၊ ဂျို့ထိုး တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

၅။ပီကေ မ၀ါးပါနဲ့။



ပီကေ၀ါးတာနဲ့ လေတွေ ပါးစပ်ထဲပိုရောက်သွားတယ်ဆိုတာ သိပါရဲ့လား။ ဒါကလည်း ကျန်းမာရေးအတွက် မကောင်းတဲ့အရာပါ။

၆။ရေများများသောက်ပါ။



ရေကို တတ်နိုင်သလောက် များများသောက်ပေးပါ။ ဖြစ်နိုင်မယ်ဆိုရင် အပြင်သွားတဲ့ အခါတွေတောင် မှ ရေဗူးလေးအမြဲဆောင်ထားပြီး သောက်ဖို့လိုပါတယ်။

၇။အမျှင်ဓာတ်ပါတဲ့ အစားအစာတွေ စားပါ။



ထောပတ်သီး၊ ဇီးသီး စတဲ့အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးအနှံတွေ၊ အစားအစာတွေ စားပေးပါ။

၈။ညနေပိုင်း သောက်စားတာမျိုးတွေ ရှောင်ပါ။



ရုံးဆင်းချိန်မို့ သူငယ်ချင်းတွေနဲ့ အတူ ၀ိုင်တစ်ခွက်လောက် သောက်လိုက်မယ် ဆိုတာမျိုး၊ ဒါမှမဟုတ်လည်း ဆိုင်တစ်ဆိုင်သွားပြီး သောက်စားကြမယ်ဆိုတာမျိုးတွေလည်း ရှောင်နိုင်သလောက် ရှောင်ပါ။

၉။ညဘက် အချိုပွဲစားခြင်း ရှောင်ပါ။



ညစာ စားပြီးသွားဆိုတာနဲ့ အချိုပွဲလေးတော့ စားဦးမှပါ ဆိုတာမျိုး မလုပ်ပါနဲ့။

၁၀။အချိန်မှန် အိပ်ပါ။



အိပ်ယာဝင်နေကျ အချိန်ကို မှတ်ထားပါ။ အရမ်းနောက်တာတဲ့ အချိန်မျိုးမှ အိပ်ယာဝင်တာမျိုးရှောင်ပြီး ၉နာရီနဲ့ ၁၀နာရီကြား အိပ်ဖြစ်အောင် ကြိုးစားပါ။

Ref:fitsugar.com
Trend Myanmar 


ပထမဆုံး တက်တူးထိုးမယ့် သူတွေအနေနဲ့ သိထားသင့်တဲ့အရာများ



 
သီဟနိုင် on 2014-04-23 16:17

တက်တူးစထိုးတယ်ဆိုရင် အတွေ့အကြုံကောင်းဖြစ်သင့်တယ်။ ဒါပေမဲ့ တက်တူးဆိုတာ ကြောက်ရွံ့ ဖွယ်ဖြစ်ပြီး ခြောက်လှန့်နေနိုင်သေးတယ်။ နကျယ်ကောင်တွေလို တစီစီမြည်နေတဲ့ စက်တွေနဲ့ တက်တူး ပါလာထဲကို ခင်ဗျားက လမ်းလျှောက်ဝင်သွားမယ်။ ဧည့်ကြိုတစ်ယောက်က “ဘာများကူညီရမလဲ ခင်ဗျာ။” ဒါမှမဟုတ် “ဟေ့ကောင်၊ ဘာလဲကွ။” လို့ မေးလာမယ်။ ဘာပဲဖြစ်ဖြစ် ခင်ဗျားရဲ့အရေပြားပေါ်မှာ ပထမဆုံး တက်တူးကို တင်ရတော့မယ်ဆိုတဲ့ အသိနဲ့ ရင်ခုန်စိတ်လှုပ်ရှားနေမှာတော့ အမှန်ပဲ။ ဆိုင်တံခါး ကိုကျော်ပြီး ခြေတစ်လှမ်းဝင်ရမှာ ကြောက်သလိုလိုတောင်ဖြစ်နေနိုင်တယ်။ လေးစားစရာကောင်းတဲ့ တက်တူးပါလာ အများစုကတော့ သင်သိချင်သမျှကို ပျော်ပျော်ကြီးဖြေပေးမှာပါ။ အပ်သေးသေးလေးနဲ့ သင့်အရေပြားကို အကြိမ်ရေ ထောင်နဲ့ချီပြီး ထိုးဆွတာကို ခံချင်နေပြီဆိုရင်တော့ အခြေခံအချက်လေးတွေ ကို အရင်ဆုံး သိထားဖို့ လိုပါတယ်။

၁။ မေးခွန်းတွေထုတ်ရမှာ မကြောက်ပါနဲ့။



အချိတ်အဆက်မိတာဟာ သာယာတဲ့အတွေ့အကြုံကောင်း ရဖို့ သော့ချက်ပါပဲ။ အပ်တွေ၊ မင်၊ ရောဂါ သန့်ရှင်းမှု ရှိမရှိ သင်စဉ်းစားမိသမျှ မေးခွန်းထုတ်တာမျိုး လုပ်ကောင်းပါတယ်။ လုံးဝ သင့်တော်ပါတယ်။ တက်တူးထိုးတယ်ဆိုတာ ကြောက်လန့်စရာပါပဲ။ ဒါ့ကြောင့် တက်တူးထိုးတဲ့ ဖြစ်စဉ် အကြောင်း တတ်နိုင် သလောက် သတင်းအချက်အလက်တွေ သိထားခြင်းဟာ သင့်ကို သက်တောင့်သက်သာ ဖြစ်စေပါလိမ့် မယ်။ မူးမေ့မလိုဖြစ်လာတာ၊ အပ်အောက်မှာ မတရားနာကျင် လာတာမျိုးဖြစ်လာခဲ့ရင် တက်တူးဆရာနဲ့ ကိုယ်နဲ့ တစ်ယောက်နဲ့တစ်ယောက် စကားပြောရင်း အဆက်အစပ်မိနေဖို့က သော့ချက်ဖြစ်လာပါတယ်။ တက်တူးဆိုင်ရဲ့ ကြမ်းပြင်တစ်ခုလုံးကို ခင်ဗျား အန်ဖတ်တွေပစ်မလွှတ်ခင် ခင်ဗျား ဘယ်လိုခံစားရတယ် ဆိုတာ တက်တူးဆရာကို ပေးသိလိုက်ပါ။ ခင်ဗျားနေလို့ကောင်းသွားတဲ့အထိ တက်တူးဆရာက ပေး နားပြီး ပြန်ထိုးပေးမှာ အသေအချာပါပဲ။

၂။ အချိန်မှန် တိကျမယ်လို့ မမျှော်မှန်းထားပါနဲ့။



ဘယ်တက်တူးဆရာနဲ့ ထိုးချင်တယ်ဆိုတာမျိုး စိတ်ထဲမှာရှိရင် ကြိုတင်ရက်ချိန်းပေးထားတာထက် နောက် ကျပြီးမှ တက်တူးထိုးရတာမျိုး အချိန်ကြာ စောင့်ဆိုင်းရတာမျိုး ဖြစ်တတ်ပါတယ်။ လူကြိုက်များတဲ့ တက်တူး ဆရာတွေဆိုရင် လပေါင်းများစွာကတည်းက ကြိုတင်ရက်ချိန်းယူထားရပါတယ်။ ခင်ဗျားက တကယ် တက် တူးမထိုးခင်မှာ တိုင်ပင်ချင်တာမျိုးလည်း လုပ်ချင်မှာပါပဲ။ အရည်အသွေးမြင့် အနုပညာ လက်ရာမြောက်တဲ့ တက်တူးမျိုးတင်ချင်တယ်ဆိုရင်တော့ စိတ်ရှည်ရှည်နဲ့စောင့်ပြီး ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ တက်တူး ပါလာထဲကို ၀င်ပြီး နံရံပေါ်က တက်တူးပုံတွေ ရွေးနေတာကိုက ထူးခြားမှုရှိပါတယ်။ ကောင်းကောင်း လေး စားထိုက်တဲ့ တက်တူးဆိုင်တွေဆိုရင် သင့်ကို ပေးဝင်ပါတယ်။ လုပ်ရိုးလုပ်စဉ် အချက်တွေကို ဂရုမစိုက်ဘူး ဆိုရင်တော့ ကပျက်ကချော်ပုံပဲ ရလာပါလိမ့်မယ်။

၃။ တက်တူးမထိုးသင့်တဲ့ အပိုင်းတွေမှာ သွားမထိုးပါနဲ့။



တက်တူးထိုးတာ ခေတ်စားပြီး mainstream ကျလာတာနဲ့အမျှ ပြီးခဲ့တဲ့ တစ်နှစ်၊နှစ်နှစ် အတွင်းမှာ တက်တူး မထိုးသင့်တဲ့ နေရာတွေမှာ မထိုးဖို့ အကြောင်းတွေ အများကြီးထွက်ရှိလာပါတယ်။ Rihanna က သူ့လက်တွေမှာ တက်တူးထိုးတာ၊ ရပ်ပ်ပါကြီးတွေက သူတို့မျက်နှာတွေပေါ် တက်တူးတင်တာမျိုးတွေ ကြားရတာနဲ့တော့ လူမြင်တဲ့နေရာတွေမှာ တက်တူးထိုးဦးမယ်ဟ လို့ သွားမလုပ်ပါနဲ့။ ခင်ဗျားက တကယ့် ကို လိုလိုလားလားနဲ့ ထိုးချင်နေတယ်ဆိုရင်တော့ တစ်မျိုးပေါ့ဗျာ။ အဲ့ဒီလိုမှ မဟုတ်ရင် ဇွတ်မလုပ်ပါ နဲ့။ နှစ်ပေါင်းများစွာ ကြာမှ ရသမြောက်တဲ့ ဦးစားပေးမှု ရလာနိုင်တာမျိုးတွေလဲ ရှိပါတယ်။ ဒီလိုနဲ့ပဲ တက်တူး ထိုးလာရင်းနဲ့မှ ၁၀ခုမြောက်တက်တူးကို ပထမဆုံးတက်တူးထက် မြင်သာ ထင်သာရှိတဲ့ နေရာမှာ ထိုးတယ်ဆိုတာမျိုးမှ ပိုမိုက်တာပါ။

၎။ ဈေးပိုနည်းတာကို မရွေးချယ်ပါနဲ့။



“ပေးတာနဲ့ တန်သလောက်ရတယ်။” ဆိုတာဟာ တက်တူးလောကမှာ အမှန်ဆုံးစကားပါပဲ။ ခြွေတာရေး တက်တူး ထိုးမယ်ဆိုတဲ့ အကြံအစည်နဲ့တော့ တက်တူးစထိုးဖို့ မသင့်ပါဘူး။ သင့်အရေပြားပေါ် တက်တူး တစ်ပုံတင်ပြီဆိုတာနဲ့ ကျန်ရှိနေတဲ့ သင့်ဘ၀တစ်လျှောက်လုံးပါသွားမယ်ဆိုတာကို မမေ့ပါနဲ့။ ဒေါ်လာ ၂၀၀ လောက်ကွာတာဟာ သင်တကယ်ပူပန်ရမယ့် ကိစ္စမဟုတ်ပါဘူး။ တက်တူးဆရာကို ဘောက်ဆူးပေး ဖို့နဲ့ ကြိုတင်ရက်ချိန်းယူတဲ့အခါမှာ ငွေအကြေတစ်ခါတည်း ချေထားဖို့သာ ပူပန်ပါ။

၅။အသေးစိတ်မှုန်းခြယ်မှုတွေအပေါ် ချွေးမပြန်ပါနှင့်။



ခင်ဗျားရလာတော့မယ့် တက်တူးပေါ်မှာ လုံးဝစိတ်ကျေနပ်မှု ရရှိဖို့ကောင်းပါတယ်။ ဒါပေမဲ့ တက်တူးတွေ ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို ခင်ဗျားထက် တက်တူးဆရာက ပိုသိတယ်ဆိုတာကို ယုံထားဖို့လည်း လိုပါတယ်။ ဒီဇိုင်းတစ်ခုက ကြည့်မကောင်းဘူးလို့ တက်တူးဆရာက ပြောရင် သူပြောတာကို ယုံကြည် လိုက်ပါ။ တက်တူးဆရာတွေက သူတို့ဘ၀မှာ ဆေးမင်တွေအများကြီးကို တွေ့မြင်ခဲ့ရပြီးပြီ။ တက်တူး ဘယ်လိုကျက်လာတယ်၊ ဘယ်နေရာမှာထိုးရင် အကောင်းဆုံး၊ ဘယ်ဟာမှ တကယ်ရှင်းလင်းပြတ်သားတာ၊ စတာတွေကို သူတို့ သိကြတယ်။ ကုန်ကုန်ပြောရရင် ဒီတက်တူးဆရာကို ရွေးချယ်လိုက်တာဟာ သူ့ပညာ ကို ကြိုက်လို့ပဲလေ။ သူတို့ တတ်နိုင်သလောက် အကောင်းဆုံး မှုန်းခြယ်ခွင့်ပေးလိုက်ပါ။ နောက်ဆုံး ရလဒ်ကို ကြည့်ပြီး ခင်ဗျားပိုပြုံးပျော်ရမှာပါ။

၆။ အသံကျယ်ကျယ် စကားပြောဖို့ ၀န်မလေးပါနဲ့။



ခင်ဗျားက တက်တူးထိုးဖို့ သွားတိုင်ပင်တဲ့အခါ တက်တူးဆရာက ခင်ဗျားမကြိုက်တဲ့ ဒီဇိုင်းတစ်ခုကို ချပြတယ်ဆိုပါစို့။ အဲ့ဒါကြီးကို မကြိုက်ရင်မကြိုက်ကြောင်း၊ လဲချင်ကြောင်း အသိပေးလိုက်ပါ။ အဲ့ဒီ့ပုံက ခင်ဗျားဆီမှာ တစ်သက်လုံးပါသွားမှာလေ။ အဲ့ဒီ့ တက်တူးရှိနေလို့ ခင်ဗျား လုံးဝပျော်နေရမှာ။ ခင်ဗျားစိတ်ကူးထားတဲ့ ပုံမဟုတ်မချင်း ညှိုနှိုင်းပြောဆိုဖို့ ၀န်မလေးပါနဲ့။ တက်တူးထိုးဖို့ ထိုက်သင့်တဲ့ ၀န်ဆောင်ခကို ပေးရမှာပဲ။

၇။ တခြားတစ်ယောက်ရဲ့ တက်တူးပုံ လိုက်ထိုးဖို့ မတောင်းဆိုပါနဲ့။



ဒါဟာ ဉာဏ်မရှိတာနဲ့ အတူတူပါပဲ။ အင်တာနက်ပေါ်မှာ ရှာတွေ့ပြီး အလားသဏ္ဍာန်တူတဲ့ တက်တူးပုံမျိုး လိုချင်ခဲ့တယ်ဆိုရင်တောင် အရမ်းအတိအကျတူတာမျိုးကို မတောင်းဆိုပါနဲ့။ တက်တူးဆရာ အများစုဟာ သူတို့ဖန်တီးတဲ့ ပုံကို သူတို့ နက်နက်ရှိုင်းရှိုင်း ဂရုစိုက်ကြပါတယ်။ ရှိပြီးသား တက်တူးကို ထိုးခိုင်းတာဟာ စာရေးဆရာတစ်ယောက်ကို စာကူးရေးခိုင်းတာနဲ့ အတူတူပါပဲ။ ဒါ့ကြောင့် ခင်ဗျားဂုဏ်ယူဝင့်ကြွားနိုင်မယ့် ဒီဇိုင်းမျိုးရအောင် တက်တူးဆရာကို ပုံဖော်ဖန်တီးစေကြည့်ပါ။

Ref:complex.com

Trend Myanmar


အကျိုးအမြတ်များရလာသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း


အူရီးဒူးကြော်ငြာဘုတ်ရှေ့တွင် ဖုန်းပြောနေသူတစ်ဦးအားတွေ့ရစဉ် (ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)

နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းက နည်းပညာအသစ်များကို သယ်ဆောင်လာရုံသာမကဘဲ လုပ်ငန်းကျွမ်းကျင်မှုများ၊ အလုပ်အကိုင်အခွင့်အလမ်းသစ်နှင့် တိုင်းပြည်စီးပွားရေးကို အသွင်ပြောင်းလဲလာအောင် ကူညီပေး နိုင်သည့် အလားအလာများကိုပါ သယ်ဆောင်လာသည်။

ဆယ်စုနှစ်များစွာ မလှုပ်မရှားနေခဲ့ပြီးနောက် တယ်လီဖုန်းဆက်သွယ်ရေးကဏ္ဍ၏ တိုးတက်မှုများကို မြန်မာနိုင်ငံ၌ စတင်တွေ့မြင်လာရပါပြီ။ နိုင်ငံတကာစီးပွားရေးလုပ်ငန်းကြီးများ၏ ရင်းနှီးမြှုပ်နှံမှုများက ကျွမ်းကျင်မှုရှိသည့် မြန်မာအလုပ်သမားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနေသည်။ အထူးသဖြင့် ပြည်ပတွင် အလုပ်အကိုင်အတွေ့အကြုံရှိထားသူများအတွက်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ဆက်သွယ်ရေးလုပ်ငန်းလိုင်စင်အတွက် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ပြီးနောက် လုပ်ငန်းလိုင်စင်ရရှိသော နော်ဝေးမှ တယ်လီနောကုမ္ပဏီ နှင့် ကာတာနိုင်ငံမှ အူရီးဒူး ကုမ္ပဏီတို့က အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖြည့်ဆည်းပေးမည်ဟု ကတိပေးခဲ့သည်။ ထိုကုမ္ပဏီများရောက်ရှိလာမှုက လူအများကို စိတ်ဓာတ်တက်ကြွလာစေသည်။

ကုမ္ပဏီနှစ်ခုလုံးက လတ်တလောတွင် ပြည်တွင်းဝန်ထမ်းများစွာကို ငှားရမ်းနေသည်။ ဆက်သွယ်ရေးလုပ်ငန်း အနာဂတ်တိုးတက်လာမှုကို ပံ့ပိုးသည့်အနေဖြင့် အခြားဆက်သွယ်ရေးလုပ်ငန်းခွဲများ တည်ထောင်နေကြသည်။

ကမ္ဘာ့အကြီးအဆုံးဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှု ထောက်ပံ့ရေးလုပ်ငန်းတစ်ခုဖြစ်သည့် အဲရစ်ဆင် (Ericsson)၏ ခန့်မှန်းချက်အရ မိုဘိုင်းဖုန်းဆက်သွယ်ရေးလုပ်ငန်းက မြန်မာ နိုင်ငံတွင် ဝန်ထမ်း ၆၆,၀၀၀ အား အချိန်ပြည့်အလုပ်များပေးနိုင်လိမ့်မည်ဟုဆိုသည်။ နောက်ထပ်လည်း ဆက်စပ်လုပ်ငန်းများချဲ့ ထွင်ရာမှ လူ၂၄,၀၀၀ အား အချိန်ပြည့်အလုပ်များ ဖန်တီးပေးနိုင်မည်ဟု ဆိုသည်။

ယခုကဲ့သို့ လုပ်ဆောင်မှုအသစ်များကြောင့် ဆက်သွယ်ရေးလုပ်ငန်းသည် တိုင်းပြည်၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွင် ထိပ်တန်းဖြစ်လာသည်။ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ပြောကြားချက်အရ စုစုပေါင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၏ ၂၀ ရာခိုင်နှုန်းရှိသည်ဟုဆိုသည်။

ကမ္ဘာကြီးသို့ မြန်မာက စီးပွားရေးတံခါးဖွင့်လှစ်ပြီး လေးနှစ်အကြာတွင် တိုင်းပြည်၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် လာမည့်နှစ်တွင် ကန်ဒေါ်လာ ၄ ဘီလီယံနီးပါးရှိလာမည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

(၁၅)နှစ်ကြာ ဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင်ခွင့်ရရှိထားသည့် တယ်လီနောက လာမည့် ငါးနှစ်အတွင်း တိုင်းပြည်လူဦးရေ ၉၀ ရာခိုင်နှုန်းအတွက် မိုဘိုင်းဖုန်းဆက်သွယ်ရေး ကွန်ရက် လုပ်ဆောင်ပေးမည်ဟု ကြေညာထားသည်။ အူရီးဒူးကမူ 3G ကွန်ရက်ကို စတင် တည်ဆောက်နေပြီဖြစ်သည်။

နောက်ထပ်ကုမ္ပဏီများကလည်း ဆက်သွယ်ရေးကုမ္ပဏီကြီးများကို အထောက်အကူပြုမည့် တာဝါဖိုင်ဘာဆက်ကြောင်းနှင့် အခြားအခြေခံဖွံ့ဖြိုးမှုအဆောက်အအုံလိုအပ်ချက်များကို ပံ့ပိုးရန် မြန်မာနိုင်ငံသို့ ဝင်ရောက်လာကြမည်ဟု မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က မျှော်လင့်ထားသည်။

ပြီးခဲ့သည့်အပတ်က ဆွီဒင်နိုင်ငံအခြေစိုက် Ericsson ကုမ္ပဏီက တယ်လီနောကုမ္ပဏီ၏ ဆက်သွယ်ရေးကွန်ရက်အတွက် 2G နှင့် 3G ဆက်သွယ်ရေးကိရိယာပစ္စည်းများ ထောက်ပံ့ပေးသွားမည့် သဘောတူညီချက်ကို ကြေညာလိုက်သည်။

‘‘တယ်လီနောမြန်မာဆက်သွယ်ရေးကွန်ရက်ကို တိုးတက်လာအောင် ပံ့ပိုးဖို့အတွက် Ericsson ကို ကျွန်တော်တို့နဲ့ လက်တွဲလုပ်ကိုင်သူအဖြစ် ထည့်သွင်းလိုက်ရတဲ့အတွက် ကျေနပ်ဂုဏ်ယူပါတယ်’’ဟု တယ်လီနော မြန်မာ အမှုဆောင်အရာရှိချုပ်ပီတာဖာဘက်က ပြောကြားသည်။

အဆိုပါကွန်ရက်ကိုပြင်ဆင်သည့်အနေဖြင့် ပြည်တွင်းဝန်ထမ်း လုပ်သားငှားရမ်းခြင်းကို လာမည့် လအနည်းငယ်တွင် ဆောင်ရွက်မည်ဖြစ်ပြီး ဝန်ထမ်းအချို့ကို နိုင်ငံခြားတွင် ကြိုတင်သင်တန်းပေးနေပြီဟု အဲရစ်ဆင်က ပြောကြားသည်။

Ericsson မြန်မာမှ မန်နေဂျာဂျန်ဝါဆင်နစ်က ‘‘တယ်လီနောကနေ မြန်မာနိုင်ငံသားတွေကို အကောင်းဆုံးမိုဘိုင်းဖုန်းစနစ်ကိုပေးနိုင်အောင်လို့ ကျွန်တော်တို့က အင်အားကောင်းတဲ့ အဓိကအခြေခံလိုအပ်တာတွေကို ဖန်တီးပံ့ပိုးပေးနိုင်ပါတယ်။ ဒါတွေကနေ တိုင်းပြည်ရဲ့စီးပွားရေးနဲ့ နိုင်ငံသားတွေရဲ့ဘဝအတွက် ကောင်းတဲ့အလားအလာတွေ အများအပြားရရှိလာမယ်လို့ မျှော်လင့်ပါတယ်’’ဟု ဆိုသည်။

၂၀၁၂ ခုနှစ်တွင် Ericsson မိုဘိုင်းဖုန်းဆက်သွယ်ရေးကဏ္ဍက မြန်မာနိုင်ငံ၏ စီးပွားရေးအပေါ် သက်ရောက်မှုရှိလာနိုင်မည့် အလားအလာနှင့်ပတ်သက်ပြီး လေ့လာမှုတစ်ခုလုပ်ခဲ့သည်။ ထိုလေ့လာချက်အရ ဆက်သွယ်ရေးလိုင်စင်ခွင့်ပြုပြီး ပထမသုံးနှစ်မှာ မိုဘိုင်းဖုန်းဆက်သွယ်ရေးကဏ္ဍက တိုင်းပြည်၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှု ဂျီဒီပီကို ၁ ဒသမ ၅ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းအထိ သက်ရောက်မှုရှိလာမည်ဟု ဆိုသည်။

ပြီးခဲ့သည့် မတ်လတွင် Ericsson က နိုင်ငံတကာအတွေ့ အကြုံရှိသူများအပေါ် အလေး ထားပြီး ပြည်တွင်းအလုပ်လျှောက် လွှာများခေါ်ခဲ့သည်။ ပြီးခဲ့သည့် နှစ်လယ်မှစပြီး စင်ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံများတွင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသားများ မြန်မာပြည်သို့ ပြန်လာကြသည်။ နိုင်ငံခြားကုမ္ပဏီများထံမှ အလုပ် အကိုင်အခွင့်အရေးသစ်များကို ရှာဖွေလာကြသည်။

ဩစတြေးလျနိုင်ငံတွင် လျှပ်စစ်အင်ဂျင်နီယာအဖြစ် အလုပ်လုပ်နေသူကို အေးချမ်းမိုးက တယ်လီနော (သို့မဟုတ်) အူရီးဒူးတွင် အလုပ်အကိုင်ရရန် မျှော်လင့်ချက်ဖြင့် ဧပြီလကုန်တွင် မြန်မာနိုင်ငံသို့ပြန်ရန် ပြင်ဆင်နေသည်။

‘‘မြန်မာပြည်ကို ပြန်ဖို့ပြင်ဆင်နေတော့ တယ်လီနောနဲ့ အူရီးဒူးနှစ်ခုစလုံးမှာ ကျွန်တော်အလုပ်လျှောက်နေတယ်။ ကျွန်တော်တို့လို နိုင်ငံခြားအတွေ့အကြုံရှိတဲ့သူတွေအတွက် ကောင်းပါတယ်။ ဒါပေမဲ့ မြန်မာမှာတော့ နိုင်ငံခြားသားနဲ့ ပြည်တွင်းအလုပ်သမားရဲ့ လစာနဲ့အခွင့်အရေးက အခုထိ ခြားနားနေတုန်းပါပဲ။ နိုင်ငံခြား အလုပ်သမားကို ဒေါ်လာနှစ်ထောင်ပေးရင် မြန်မာအလုပ်သမားကို အနည်းဆုံး ၁,၅၀၀ တော့ ပေးသင့်တာပေါ့။ ဒါပေမဲ့ ကျွန်တော်ကြားသလောက်တော့ အလုပ်လုပ်ရတာ အတူတူပေမယ့် နိုင်ငံခြားသားနဲ့ လစာအခွင့်အရေးက လုံးဝကွာခြားတယ်’’ဟု ၎င်းကဆိုသည်။

လစာငွေကွာခြားမှုအပြင် အလုပ်ရှင်များကလည်း ပြည်တွင်းအလုပ်သမားများ၏ စွမ်းဆောင်ရည်ကို ကြိုဆိုအားပေးဖို့လိုသည်ဟု ၎င်းက ပြောကြားသည်။

မခင်ရဲသီလာအေးက စင်ကာပူနိုင်ငံတွင် မန်နေဂျာအဖြစ် လုပ်ကိုင်ခဲ့ရာမှာ မြန်မာပြည်တွင် အူရီးဒူးကုမ္ပဏီ၌ အရောင်းမြှင့်တင်ရေးကျွမ်းကျင်သူအဖြစ် ဝင်ရောက်လုပ်ကိုင်နေသည်မှာ တစ်လသာရှိပါသေးသည်။ ၎င်းက အူရီးဒူးကုမ္ပဏီတွင် နိုင်ငံခြားအလုပ်သမားများနှင့် တစ်တန်းတည်းထား ဆက်ဆံခြင်းခံရသည်ဟု ရှင်းပြသည်။

‘‘ကျွန်မ မြန်မာကိုပြန်လာခဲ့တယ်။ ဘာလို့လဲဆိုတော့ ဒီမှာ အလုပ်အကိုင်တွေအများကြီး ကျွန်မတို့  ကိုစောင့်နေတယ်။ စင်ကာပူလိုပဲ ကျွန်မကို ကောင်းကောင်း ဒီမှာဆက်ဆံကြတယ်။ ကျွန်မတို့ နောက် ဆုံးပေါ်နည်းပညာတွေ လေ့လာနိုင်သလို လုပ်ငန်းအတွေ့အကြုံကနေပြီး ကျွန်မတို့စွမ်းဆောင်ရည် ကို မြှင့်တင်နိုင်တယ်။ အခု ဒီမှာ အလုပ်အကိုင် အခွင့်အလမ်းတွေအများကြီးက မြန်မာဝန်ထမ်းတွေကို ဆွဲဆောင်နေကြတယ်။ တခြားနိုင်ငံမှာလုပ်ရတာထက် ကိုယ့်ပြည်မှာကိုယ် လုပ်ရတာပိုကောင်းပါတယ်။ ဒါကြောင့် နိုင်ငံခြားက မြန်မာဝန်ထမ်းတွေ အတော်များများပြန်လာဖို့ လုပ်နေကြတယ်’’ဟု ဆိုသည်။

သို့ရာတွင် နိုင်ငံခြားဆက်သွယ်ရေးကုမ္ပဏီများက လုပ် သက်အတွေ့အကြုံရှိပြည်တွင်း လုပ်သားများအား လစာအဆများ ပိုပေးပြီး ငှားရမ်းကြသည့်အတွက် အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေးအပါအဝင် ပြည်တွင်း ဆက်သွယ်ရေးကုမ္ပဏီများမှာ ပြဿနာများ ရင်ဆိုင်နေကြရသည်။

မြန်မာ့ဆက်သွယ်ရေးဝန်ထမ်းတစ်ဦးက ပြောကြားရာတွင် ၂၀၁၂ ခုနှစ်တွင် အစိုးရက နိုင်ငံခြားကုမ္ပဏီများ လုပ်ငန်းလိုင်စင် လျှောက်ထားနိုင်သည်ဟု ကြေညာလိုက်သည့်အခါ အချို့အစိုးရဝန်ထမ်းများက ဒီဂျစ်ဆယ်နှင့် ပြင်သစ်အခြေစိုက်အော်ရိန်ခ်ျ ကုမ္ပဏီများသို့ အလုပ်ပြောင်းကြသည်။ ထိုကုမ္ပဏီများ ဆက်သွယ်ရေးလုပ်ငန်းလိုင်စင်မရခဲ့သောအခါ သူတို့က အူရီးဒူးနှင့် တယ်လီနောသို့ ထပ်ပြောင်းကြပြန် သည်။

‘‘သူတို့က ပြည်တွင်းကုမ္ပဏီတွေထက် လစာနှစ်ဆပေးတယ်။ အနည်းဆုံးတစ်လကို ငါးသိန်းကနေစတယ်။ ကျွန်တော်ကြားတာတွေ နိုင်ငံခြားမှာ လုပ်ငန်းအတွေ့ အကြုံရှိသူတွေဆိုရင် တစ်လကို တစ်ထောင့် ငါးရာတောင်ရကြတယ်လို့ ဆိုတယ်’’ဟု ပြောသည်။

(ဘန်ကောက်ပို့စ်သတင်းစာပါ Myanmar's telecom dividend ဆောင်းပါးကို ထားထားမြင့် ဘာသာပြန်ဆိုသည်။)

7Day Daily


သင်မသိသေးတဲ့ ဒုတိယကမ္ဘာစစ်အကြောင်း အချက် (၁၀) ချက်


23.4.2014

ဒုတိယကမ္ဘာစစ်ပွဲဟာ ၁၉၃၉ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အထိ ခြောက်နှစ်ကြာမြင့်ခဲ့ပါတယ်။ ဂျာမနီ၊ ဂျပန်၊ အီတလီ၊ ဟန်ဂေရီစတဲ့ ၀င်ရိုးစွန်းနိုင်ငံများအဖွဲ နဲ့ ဆိုဗီယက်ယူနီယံ(ရုရှား)၊ ဗြိတိန်၊ တရုတ်၊ပြင်သစ်၊ အမေရိကန်ပြည်ထောင်စု စတဲ့ မဟာမိတ်နိုင်ငံတွေက တစ်ဖက် တိုက်ပွဲဆင်နွှဲခဲ့ကြပြီး ကမ္ဘာ့လူဦးရေ သန်းပေါင်း ၅၀ ကနေ ၈၀ အထိ သေဆုံးခဲ့ပြီး လူသားသမိုင်းတစ်လျှောက် လူအသေအပျောက်အများဆုံး စစ်ပွဲ တစ်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်နဲ့ ပတ်သတ်ပြီး သင်မသိသေးတဲ့ အချက် (၁၀) ချက်ကို ကြည့်ကြည့်ရအောင်။

၁။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်တပ်မတော်ဟာ တရုတ်နိုင်ငံအပေါ် ပလိပ်ရောဂါကူးစက်နေတဲ့ သန်း၊မွှား တွေ ဗုံးကြဲချခဲ့ပါတယ်။

၂။ ဒုတိယကမ္ဘာစစ်အတွင်း အသက် ၁၃ နှစ်ကနေ ၇၀ အရွယ် ဂျာမနီအမျိုးသမီးပေါင်း ၂ သန်းခန့် ကို ဆိုဗီယက်ယူနီယံရဲ့ တပ်နီတော်က မုဒိန်းကျင့်ခဲ့ပါတယ်။

၃။ ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီး နှစ်ပေါင်း ၂၉ နှစ်ကြာမြင့်ပြီးတဲ့အထိ ဂျပန်ဘုရင့်တပ်မတော်က စစ်သားတစ်ယောက်ဟာ လက်နက်ချအညံ့မခံဘဲ ဖိလစ်ပိုင်က ကျွန်းတစ်ကျွန်းမှာ ပုန်းအောင်းနေခဲ့ပါတယ်။ နှစ်ပေါင်းသုံးဆယ်ခန့် ကြာမြင့်ပြီး ၁၉၇၄ ခုနှစ်ကျမှ သူ့ ရဲ့ တပ်မှူးဟောင်းက စစ်ပြီးဆုံးသွားပြီလို့  မျက်နှာချင်းဆိုင် တွေ့ ဆုံပြီး သွားဖျောင်းဖျခဲ့မှ လက်နက်ချခဲ့တာပါ။

၎။ ဗြိတိသျှဘုရင်မ Queen Elizabeth II ဟာ ဒုတိယကမ္ဘာစစ်အတွင်း စက်ပြင်တစ်ယောက်အနေနဲ့ ပါဝင် အမှုထမ်းခဲ့ပြီး ယာဉ်မောင်းအနေနဲ့ ပါ တာဝန်ယူခဲ့ပါသေးတယ်။

၅။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတဲ့ တရုတ်လူမျိုးအရေအတွက်ဟာ ဂျာမန်နာဇီတွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတဲ့ ဂျူးလူမျိုးအရေအတွက်ထက် ပိုများပြားပါတယ်။

၆။ ရုရှားနိုင်ငံနဲ့ ဂျပန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့ ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်ရေးထိုးခြင်း မရှိခဲ့ပါဘူး။ တရားဝင်စာချုပ်သဘောအရဆိုရင် ရုရှားနဲ့ ဂျပန်ဟာ အခုအချိန်ထိ စစ်ပွဲဖြစ်နေတုန်းလို့  ဆိုနိုင်ပါတယ်။ Kuril ကျွန်းစုပိုင်ဆိုင်မှု အငြင်းအခုံကြောင့် လက်မှတ်မရေးထိုးခဲ့တာဖြစ်ပြီး ၂၀၁၃ ခုနှစ်အထိ ဒီပြဿနာက ပြေလည်ခြင်းမရှိခဲ့ပါဘူး။

၇။ ၁၉၂၃ ခုနှစ်အတွင်း မွေးဖွားခဲ့တဲ့ ဆိုဗီယက်လူမျိုး ယောင်္ကျား ၈၀ ရာခိုင်နှုန်းဟာ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့ရပါတယ်။

၈။ ဒုတိယကမ္ဘာစစ်ကို အနိုင်ရအောင်မြင်ပြီး ၁၉၄၅ ဗြိတိန်အထွေထွေရွေးကောက်ပွဲမှာ ၀င်စတန်ချာချီ ကျရှုံးခဲ့ပါတယ်။

၉။ ဟစ်တလာ ဟာ အမေရိကန်ရေတပ်မတော်ထဲ ၀င်ပြီး ဂျာမနီကို တိုက်ခိုက်ဖို့ လုပ်ခဲ့တဲ့ လီဗာပူးလ်မြို့ က သူ့ရဲ့ တူဖြစ်သူနေအိမ်ကို ဗုံးကြဲချခဲ့ပါတယ်။

၁၀။ တကယ်လို့ စစ်သားတစ်ယောက်ယောက်ဟာ သူ့ ရဲ့ ဘာသာတရားယုံကြည်ချက်တွေက စစ်ပွဲတိုက်ခိုက်ဖို့  ပိတ်ပင်ထားတယ်ဆိုရင် အထူးတပ်ဖွဲ့ မှာ တာဝန်ထမ်းဆောင်နိုင်ခဲ့ပါတယ်။

Trend Myanmar

ကျောင်းဖွင့်ချိန်တွင် ကျူရှင်ထားမည့်မိဘများ စဉ်းစားစေချင်



မကြာမီကာလတွင် နွေရာသီ ကျောင်းပိတ်ရက်ပြီးလို့ ကျောင်းဖွင့်ချိန်ကို ရောက်တော့ မည်ဖြစ်ရာ မိဘများက သားသမီးများကို ပိုပြီးတော်စေချင်၊ တတ်စေချင်လို့ အပြင်ကျူရှင်တွေကို အားကိုးပြီး ထား တော့မယ်ဆိုရင် ကျွန်မလို မဖြစ်စေချင်၊ မခံစားစေချင်လို့ ကျူရှင်ထားမမှားဖို့ ကိုယ်ချင်းစာလို့ ရေးသား တင်ပြလိုက်ပါသည်။

ကျွန်မကတော့ ရန်ကုန်တိုင်းဒေသကြီး ပဲခူးမြစ်ကူးတံတား တစ်ဖက်ကမ်းမှ မြို့ငယ်ကလေးတစ်ခု က ကျောင်းသားမိဘ တစ်ဦးပေါ့ရှင်။ ကျွန်မတို့က ဇနီးမောင်နှံနှစ်ဦး စီးပွားရှာနေရလို့ ကြော်ငြာကောင်းပြီး စိတ်ချရတဲ့ ကျူရှင်ဘော်ဒါကျောင်းတစ်ခုကို ယုံကြည်အားကိုးလို့ နဝမတန်းမှစ၍ ထားခဲ့ပြီး ဒသမတန်း ကိုလည်း အဲဒီကျူရှင်မှာပဲ ညဘော်ဒါ ယုံကြည်အားကိုးလို့ ထားခဲ့ပါတယ်။ ဒါပေမယ့် ဒသမတန်း တစ်နှစ်ကျလို့ (ဒုတိယနှစ်) ဒသမတန်းကိုလည်း ကျောင်းဝင်ကြေးများများပေးရပြီး အဲဒီကျူရှင်မှာပဲ ပြန် ထားခဲ့ပါတယ်။ ကြော်ငြာကလည်း ကောင်းတာကိုး၊ တော်တဲ့လူကို ဂုဏ်ထူးတွေထွက်ရမယ်။ ညံ့တဲ့လူတွေကို လက်တွဲခေါ်မယ်၊ Guide ဆရာမကလည်း အားကိုးရတယ်ဆိုပြီး ထားခဲ့ပါတယ်။ 
 
Guide တွေကလည်း ဆေးကျောင်းနဲ့ ရေကြောင်းသိပ္ပံက ဆရာ၊ ဆရာမတွေ၊ Guide တွေကောင်း တယ်ဆိုတော့ အားကိုးမိတာပေါ့။ တကယ်တော့ Guide ဆရာ၊ ဆရာမကောင်းတွေက ကျောင်းဖွင့်ပြီး ကျူရှင်ဆရာ (ပိုင်ရှင်) နဲ့စကားများလို့ ရှစ်ဦးတောင် ထွက်ကုန်ကျပြန်တယ်။ ပြန်ခေါ်ထားတဲ့ ဆရာ၊ ဆရာမတွေလည်း ဝါရင့်တွေလည်းမဟုတ်၊၊ အသင်အပြကလည်း နားမလည်၊ ဒါပေမယ့် ဖြစ်အောင် လုပ်ပေးပါမယ်လို့ ကျောင်းသားတွေကို ကတိပေးလို့ အားကိုးမိပြန်ရော၊ တကယ်စာသင်တဲ့ ဆရာကြီး ဆရာမကြီးတွေက သူ့အချိန်နဲ့သူစာသင်ပြီး ပြန်ကြတာပေါ့၊ တကယ်အနီးကပ် Revision ကလည်း Guide ဆရာ၊ ဆရာမတွေကို အားကိုးလို့နေခဲ့ရတာပေါ့။ ဒီလိုနဲ့ပဲ ကျွန်မကလေးက ဒသမတန်းဖြေဆိုဖို့ သုံးရက်အလိုမှာ လွယ်အိတ်ထဲမှာ ရည်းစားစာတွေ့လို့ဆိုပြီး ကျွန်မကိုညဘက်မှာခေါ်ပြီး ကလေးကို အိမ်မှာခေါ်ထားဖို့ပြောပြီး ပြန်အပ်လိုက်ပါတယ်။

ကလေးက စိတ်မကောင်းစွာနဲ့ စာမကျက်နိုင်၊ မိဘဖြစ်တဲ့ကျွန်မလည်း မစားနိုင်၊ မအိပ်နိုင်ပေါ့။ အဲဒါ ကြောင့်သုံးနှစ်တောင်ထားခဲ့တဲ့ ကျူရှင်ပိုင်ရှင်ရဲ့ဇနီး (လက်ရှိအစိုးရကျောင်းက မူလတန်းကျောင်း ဆရာမ) ကိုတောင်းပန်ပြီး ကျွန်မကလေးကိုစာသင်ခွင့် ညအိပ်ဘော်ဒါအဖြစ် ပြန်တက်ခွင့်ပေး ဖို့ တောင်းပန်ပြီးကျူရှင်ကို ပြန်လွှတ်ခဲ့ပါတယ်။ ဒါပေမယ့်မနက်ဖြန်စာမေးပွဲဖြေမယ့် ကလေး ည ၉ နာရီမှ ဘော်ဒါမှာ ညအိပ်လက်မခံကြောင်းပြောပြီး ပိုင်ရှင်ကထပ်မံ မောင်းထုတ်ပြန်လွှတ်ခဲ့ပြန်တယ်။ ဒါ ကြောင့်ကျွန်မသားလည်း အရှက်ရ၊ ဝမ်းနည်းပြီး စိတ်ထိခိုက်စွာနဲ့ ပြန်လာခဲ့ရပါတယ်။

ဒါကြောင့် ကျူရှင်တွေနာမည်ကြီးတယ်၊ ဆရာကောင်းတွေ Guide ဆရာအကောင်းစားတွေ ဆိုပြီး ကြော်ငြာကောင်းတိုင်း လုံးဝယုံကြည်မထားသင့်ပါ။ အပြင်ကျူရှင်တွေမှာ တချို့ကျူရှင်ဆရာတွေ က ငွေပဲအဓိကထားသူရှိပါတယ်။ အောင်ချက်နှုန်းတွေ ကောင်းတယ်ဆိုပြီး ယုံကြည်အားကိုးပြီးမှ ညှာတာ စိတ်၊ အနစ်နာခံစိတ်မထားသူတွေလည်း ရှိပါတယ်။ သူ့ကျူရှင်ကျောင်းရဲ့ အောင်ချက်ရာခိုင်နှုန်းကို သာအဓိကထားပြီး စာမလိုက်နိုင်တဲ့ ကျောင်းသားဆိုရင်တော့ အောင်ချက်နှုန်းတွေကျမှာစိုးလို့ စည်း ကမ်းတို့၊ အပြစ်တို့ကို ကိုင်ထားတတ်ပါတယ်။

နိုင်ငံတော်အစိုးရက ဖွင့်ထားတဲ့ကျောင်းက ဆရာ၊ ဆရာမတွေဆိုရင် ကျောင်းမလာနိုင်တဲ့ ကလေး တောင်အိမ်ကို အမှာစာတွေပေး၊ အတင်းပြန်လိုက်ခေါ်တယ်လေ၊ တကယ့်ဆရာ၊ ဆရာမအစစ်တွေ ကိုး၊ အခုအပြင်ကျူရှင်အချို့ကတော့ စေတနာမရှိ၊ မေတ္တာမရှိ၊ အနစ်နာခံခြင်းမရှိဘဲ ကိုယ်ကျိုးကိုသာ ကြည့်ပြီး စာမေးပွဲဖြေဖို့ တစ်ရက်အလိုတောင် မညှာပါဘူး။ အဲဒါကြောင့် ကျူရှင်တွေထားမယ်ဆိုရင် စုံစမ်း၊ မေးမြန်း၊ လေ့လာပြီး ယုံကြည်အားကိုးရတဲ့ ဆရာစိတ်ရှိတဲ့၊ စေတနာ ရှိတဲ့ကျူရှင်တွေနဲ့ အစိုးရ ကျောင်းတွေမှာသာ အပ်နှံသင့်ကြောင်း ကျောင်းသားမိခင် တစ်ဦးရဲ့ ရင်တွင်းစကားသံကိုလည်း ဖော်ပြ လိုက်ပါတယ်။

ကြေးမုံသတင်းစာ
ဧပြီလ(၂၁) ရက်၊ ၂၀၁၄ ခုနှစ်