24 Apr 2014

ကမ္ဘာမှာ မျက်နှာငယ်နေရသေးတဲ့ မြန်မာနိုင်ငံကူးလက်မှတ်


ကမ္ဘာတလွှားနိုင်ငံပေါင်း ၂၁၉ နိုင်ငံက နိုင်ငံကူးလက်မှတ် ( Passport) တွေထဲက နိုင်ငံတကာမှာ ဗီဇာ အလွယ်တကူ လက်ခံတဲ့ အဆင့်သတ်မှတ်ချက်တွေမှာ ဖင်လန်၊ ဆွီဒင်နဲ့ ဗြိတိန်နိုင်ငံတို့က အဆင့် ၁ ရှိ ကြပြီး မြန်မာနိုင်ငံက နိုင်ငံကူးလက်မှတ်အဆင့်ကတော့ ၈၆ မှာပဲ ရှိပါတယ်။ 

မြန်မာနဲ့အတူ အင်ဂိုလာ၊ ဒဂျိဘူတိ၊ အီရန်တို့က နိုင်ငံပေါင်း ၄၀ ကပဲ ဗီဇာ ဝင်ခွင့် ရကြပြီး အဆင့် ၈၆ မှာ ပဲ ရှိကာ အကောင်းဆုံး နိုင်ငံကူးလက်မှတ်စာရင်းတော့ မဝင်ကြပါဘူး။ မြန်မာပါ့စ်ပို့ ကိုင်ဆောင်သူ မြန်မာ 
နိုင်ငံသားတွေ ကမ္ဘာ့အလယ်မှာ မျက်နှာ ငယ်နေရသေးတယ်ဆိုတာ ဒီညွှန်းကိန်းက ပြဆိုနေပါတယ်။

မနှစ်က ကမ္ဘာတလွှားခရီးသွားလာမှုမှာ ဖင်လန်၊ ဆွီဒင်၊ ဗြိတိန် နိုင်ငံကူးလက်မှတ်တွေဟာ အကောင်းဆုံး ပါ့စ်ပို့တွေအဖြစ် သတ်မှတ်ခံရပြီး နိုင်ငံပေါင်း ၁၇၃ နိုင်ငံက ဗီဇာ လွတ်လပ်ခွင့်ရတယ်လို့ The Strait Times သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ 

စင်ကာပူနိုင်ငံကတော့ နိုင်ငံပေါင်း ၂၁၉ နိုင်ငံမှာ ၁၆၇ နိုင်ငံက ဗီဇာ ကင်းလွတ်ခွင့် ရပြီး ကမ္ဘာ့နိုင်ငံတွေရဲ့ လက်ခံကြိုဆိုမှုအများဆုံး နိုင်ငံစာရင်းမှာပါဝင်ပြီး အဆင့် ၆ မှာ သြစတြေးလျနဲ့ ဂရိစ်နိုင်ငံတို့နဲ့ အတူ ရှိခဲ့ပါ တယ်။ 

အခု ပြဆိုတဲ့ ညွှန်းကိန်းထဲမှာ တရုတ်ထိုင်ဝမ် နိုင်ငံကူးလက်မှတ်ကို ထည့်သွင်း ဖော်ပြထားခြင်းတော့ မရှိ ပါဘူး။ 






အိမ့်သံစဉ် ~ 

ဧရာဝတီ



People မဂ္ဂဇင်းရဲ့ ကမ္ဘာ့အလှဆုံး အမျိုးသမီးဆုကို ရရှိသွားခဲ့တဲ့ Lupita Nyong’o


 
မေသော် on 2014-04-24 11:57

12 Years a Slave ဇာတ်ကားနဲ့ အော်စကာဆုပေးပွဲမှာ ဆုရရှိခဲ့သူ Lupita Nyong’o ကတော့ People မဂ္ဂဇင်းက ပြုလုပ်တဲ့ ကမ္ဘာ့အလှဆုံးအမျိုးသမီး ရွေးချယ်မှုမှာ နံပါတ်တစ်ရသွားခဲ့ပါတယ်။ အသက် ၃၁နှစ် ရှိပြီဖြစ်တဲ့ မင်းသမီး Lupita Nyong’o ဟာ ကင်ညာဒေသမှာ ကြီးပြင်းခဲ့သူဖြစ်ပြီး လတ်တလော အောင် မြင်မှုတွေ ပိုက်ထွေးထားတဲ့ အနုပညာရှင်တွေထဲက တစ်ဦးဆိုရင်လည်း မမှားပါဘူး။
 
 
 ခုလို ကမ္ဘာ့အလှဆုံး အမျိုးသမီးအဖြစ် ရွေးချယ်ခံလိုက်ရတဲ့အတွက် သူမက ‘ခုလိုရွေးချယ်ခံရခြင်းအတွက် အရမ်းကို စိတ်လှုပ်ရှားပြီး ပျော်ရွှင်မိပါတယ်။ အလှအပဆိုတာ တီဗီမှာမြင်မြင်နေရတဲ့ အသားဖြူဖြူ၊ ဆံပင်ဖြောင့်ဖြောင့် စင်းစင်း ဆိုတာမျိုးမဟုတ်ဘဲ ကိုယ်ပိုင်ဆိုင်ထားတဲ့အရာတွေ၊ ကိုယ့်မှာရှိတဲ့အရာတွေကို တန်ဖိုးထားခြင်းလို့ သိလိုက်ရသလိုပါပဲ။ အမေကတော့ ကျွန်မကို လှတယ်ဆိုပြီး အမြဲပြောတယ်။ ခုတော့ အမေပြောတာကို နည်းနည်းယုံရတော့မှာပေါ့’တဲ့။




 
အရင်နှစ်က ကမ္ဘာ့အလှဆုံးအမျိုးသမီးဆုကို Gwyneth Paltrow ကရရှိသွားခဲ့ပြီး ဒီနှစ်မှာတော့ Lupita Nyong’o က ပြိုင်ဘက်တွေဖြစ်တဲ့ Amber Heard၊ Jenna Dewan-Tatum နဲ့ Kerry Washington တို့ကို ကျော်ပြီး ဒီဆုကို ရရှိသွားခဲ့တာပါ။

Ref:starpulse.com
Trend Myanmar


လူသားတွေဟာ စက်ရုပ်တွေနဲ့ အလုပ်ယှဉ်လုရမယ့် ၂၀၄၀ ခုနှစ်


သီဟနိုင် on 2014-04-24 14:48

၂၀၄၀ ခုနှစ်လောက်ဆို လော်ရီကား၊ မီးရထား စတာတွေကို Google စက်ရုပ်တွေက မောင်းနှင်ပါလိမ့် မယ်။ ဈေးဆိုင်တွေဆိုတာလည်း အွန်လိုင်းအရောင်းဆိုင်တွေအတွက် အရောင်းပြခန်းတွေဖြစ်လာလိမ့် မယ်။ ဖုန်းဝန်ဆောင်မှုစင်တာတွေမှာလည်း အသိဉာဏ်မြင့်စက်ရုပ်တွေက ၀င်ရောက်တာဝန် ထမ်းဆောင်တော့မယ်။

ဒါတွေဟာ မကြာသေးမီကလုပ်ခဲ့တဲ့ သုတေသနရပ်တွေအရ ပုံပေါ်လာတဲ့ စိတ်မှန်းအနာ ဂတ်ဖြစ်နိုင်ခြေ တွေပါ။ နောင်နှစ် ၃၀ အောက်အတွင်း ကျွန်တော်တို့ရဲ့ ဘ၀တွေ နဲ့ အလုပ်တွေကို စက်ရုပ်တွေက နေရာဝင်ယူလာနိုင်တယ်လို့ တင်ပြခန့်မှန်းချက်တွေကြောင့်ပေါ့။

စက်ရုပ်ဦးရေ မြင့်မားလာတာကြောင့်ဖြစ်လာမယ့် အလုပ်အတွက် ယှဉ်ပြိုင်မှုဟာ ကျွန်တော်တို့တွေ ခွဲစိပ်ဆရာဝန်တွေဆီ ဦးတည်သွားနေရတာမျိုး ဖြစ်လာစေပါလိမ့်မယ်။ ကျွန်တော်တို့ ဦးနှောက်တွေအတွက် ထပ်ဆင့်လုပ်ဆောင်မှုစွမ်းရည် အတွက်လို့ သုတေသီတွေက အခိုင်အမာဆိုပါတယ်။

စက်တွေလောက်နီးနီး အလုပ်တာဝန်တွေကို မြန်မြန်နဲ့ပြီးနဲ့ ထမ်းဆောင်နိုင်ဖို့အတွက်ဆိုပြီး လူသား နဂိုမူရင်းလက်တွေနေရာမှာ စက်ရုပ်အင်္ဂါတုတွေ အစားထိုးတပ်ဆင်စေဖို့ ကျွန်တော်တို့ တောင်းဆို ချင် တောင်ဆိုရပါလိမ့်မယ်။

ကမ္ဘာလုံးဆိုင်ရာ အလုပ်အကိုင်ရှာဖွေရေး ၀ဘ်ဆိုဒ် xpatjobs.com မှာခန့်ထားတဲ့ အနာဂတ်ဗေဒ ပညာရှင် တွေရဲ့ ပြောကြားချက်အရ ၀န်ထမ်းတွေဟာ အလုပ်အာမခံချက်တွေ အရနည်းသွားမှာဖြစ်ပြီး မလုပ်ချင်လောက်တဲ့ အလုပ်ကြာချိန်တွေနဲ့ အလုပ်လုပ်ရမှာဖြစ်တယ်လို့ သိရပါတယ်။ ကျွမ်းကျင် ပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ တစ်ပတ်အလုပ်လုပ်ချိန်ဟာ လက်ရှိ ၃၇ဒဿမ၄ နာရီကနေ ၅၀ဒဿမ၅ နာရီထိ တိုးသွားမှာပါ။ သုံးပုံတစ်ပုံ တက်သွားမှာပေါ့။

ဒီအန္တရာယ်တွေကို ရှောင်ပြီး ကိုယ်ပိုင်ခန္ဓာတွေနဲ့ အသစ်တီထွင်တဲ့သူတွေဟာ ၂၀၄၀ ခုနှစ်မှာ ၀င်ငွေ အများဆုံး လူတွေဖြစ်လိမ့်မယ်လို့ သုတေသီတွေက ဆိုပါတယ်။

လူသားတွေရဲ့ ဆက်နွယ်မှုကို လျှော့ချပစ်လိုက်တာရဲ့ ရလဒ်အနေနဲ့ ဘ၀တစ်လျှောက် ကျွန်တော်တို့ လူသားတွေဟာ ချစ်တင်းနှောချိန်လည်း လျော့နည်းလာပါလိမ့်မယ်။

Ref:dailymail.co.uk
 
Trend Myanmar



မိမိစကား မိမိတာဝန်ယူပါ

 

 
ကဿ ပ ဘုရားရှင်လက်ထက်တော်တုန်းက လက်သမားတစ်ဦးရဲ့ အကြောင်းအရာလေးပါ။ သူ့မှာ ဘုရား၊ တရားကို ကြည်ညိုယုံကြည်သော သူငယ်ချင်းတစ်ယောက် ရှိပါတယ်။ တစ်နေ့တော့ သူငယ်ချင်းက ကဿဖဘုရားရှင်ရဲ့ တရားကို သွားရောက်နာကြားဖို့ သူနဲ့ အတူလိုက်ခဲ့ရန် ခေါ်ပါတယ်။ တကယ်ဆိုရင် သူအနေနဲ့ မလိုက်လိုက မလိုက်နိုင်ကြောင်း ငြင်းဆန်လိုက်လျှင် ကိစ္စမရှိပါဘူး။ အပြစ်လည်း မဖြစ်ပါဘူး။

ဒါပေမယ့် သူငယ်ချင်းပြောတဲ့ စကားကို ကတ်တီးကတ်ဖဲ့ ပြောလိုလို့ စကားလေး ပြန်ပြောမိတယ်.. ဟေ့ သူငယ်ချင်း၊ မင်းရဲ့ဘုရားဟောမယ့် တရားတွေ လိုက်နာလို့ ငါ့အတွက် ဘာတွေများ အကျိုးရှိလာမှာတဲ့လဲ.. မင်းရဲ့ဘုရားက ငါ့လယ်ကို လာထွန်ပေးမှာတဲ့လား ဆိုတဲ့ စကားလေးတစ်ခွန်းပါနော်။ သူ့နှုတ်ထွက် စကားက ဘယ်လောက်ထိ ကံကြီးထိုက်သွားမှန်း သူမသိလိုက်ပါဘူး။ အဲ့ဒီ့ ဘုရား၊ ရဟန္တာကို ပြစ်မှားမိတဲ့ ကံကြောင့်ပဲ သေလွန်တဲ့အခါမှာ လယ်သမားပြိတ္တာဘ၀နဲ့ ဘုရားရှင်နှစ်ဆူပွင့်တော်မူပြီးတိုင်အောင် မကျွတ်မလွတ်နိုင်ခဲ့ရပါဘူး။ ပြောလိုက်တဲ့ စကားလေး (၃)စက္ကန့်လောက်ဟာ ကမ္ဘာပေါင်း မရေ တွက်နိုင်လောက်အောင် ပေးဆပ်သွားရတာပါနော်။ သတိထားသံဝေဂယူစရာလေးပါပဲ။

လယ်သမားရဲ့ဘ၀ဇာတ်ကြောင်းကို ပြန်ကြည့်မယ်ဆိုရင်လည်း မလိုအပ်မပြောသင့်တဲ့ စကားကို ပြောမိ လို့ပါပဲ...။ ခုအချိန်မှာလဲ လူတွေဟာမပြောသင့်တဲ့ စကားတွေကိုပြောနေကြပြီး အဲ့စကားတွေကို ကိုယ်တိုင် တာဝန်ယူရမယ်ဆိုတာကို တကယ်မသိတာလားးး။ သိရဲ့သားနဲ့မကြောက်တာလားဆိုတာ... စဉ်းစားစရာ ပါပဲ။ သေချာတာတခုကတော့ မိမိပြောစကားကို မိမိကိုယ်တိုင်တာဝန်ယူရမယ်.... တဘ၀ထဲ ဟုတ်ဘူးနော်..... ဘ၀များစွာတာဝန်ယူရကို သတိပြုစေချင်ပါတယ်။

K.K(ကနောင်)
နည်းစနစ်ကျကျအတွေးအခေါ်



နွေရာသီမှာ အပူဒဏ်ခံနိုင်အောင် လက်ဖက်ရည်ကြမ်းသောက်ပါ



ယခုလို ပူပြင်းတဲ့ နွေရာရာသီမှာ အပူဒဏ်ကို ကာကွယ်နိုင်ရန် လက်ဖက်ရည်ကြမ်းကို များများသောက်ပေး သင့်ပါတယ်။

လက်ဖက်ခြောက်ထဲမှာ ပါဝင်တဲ့ ဓါတ်ပေါင်း၊ ဓါတ်တိုးတစ်မျိုးဟာ လူတွေရဲ့ ကျန်းမာရေးကို များစွာ အထောက်အကူပြုပေးနိုင်ပါတယ်။ အင်ဆူလင်ရဲ့ အာနိသင်ကို ၁၅% ရာခိုင်နှုံးအထိ တိုးမြင့်ပေးနိုင် တာမို့ ကင်ဆာရောဂါအမျိုးမျို၊နှင့် ဆီးချိုရောဂါ၊ နှလုံးရောဂါတို့ ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ မိန်းကလေးများအတွက် အသားအရေလှပခြင်းကိုလည်း ဖြစ်စေပါတယ်။

ယခုဆိုလျှင် အာရှနိုင်ငံတော်တော်များ(အထူးသဖြင့် ဂျပန်၊ ကိုရီးယား၊ တရုတ်၊ ထိုင်ဝမ်၊ ဟောာင်ကောင်၊ သီရိလင်္ကာ၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့) မှ ထုတ်လုပ်သော ဆေးဝါးများ၊ အလှကုန်ပစ္စည်းများ၊ စားသောက် ကုန်ပစ္စည်းများမှာ လက်ဖက်ဟာ များစွာပါဝင်နေပါပြီ။ လက်ဖက်ဟာ လူ့ ကျန်းမာရေးအတွက် ရာခိုင်နှုန်း များစွာ ထောက်ပံ့ပေးနိုင်သည့်အတွက်ကြောင့် ဖြစ်ပါတယ်။

လက်ဖက်ရည်ကို ဘယ်လိုသောက်ရမလဲ ?

လက်ဖက်ခြောက်ကို ရေနွေးဆူဆူပွက်ပွက်ထဲကို ၃ မိနစ်မှ ၅ မိနစ်အထိ နှပ်ထားလိုက်ပါ။ ပြီးလျှင် အပူကြိုက်လျှင် အပူသောက်နိုင်ပါတယ်။ အအေးသောက်လိုလျှင် အအေးခံထားပြီး သောက်နိုင်ပါတယ်။

ဝန်ထမ်းသမားများ၊ ရုံသမားများ၊ အလုပ်သမားများလည်း အအေးခံထားသည့် လက်ဖက်ရည်ကြမ်းကို ဗူးထဲထည့်သွားပြီး တစ်နေ့လုံးသောက်နိုင်ပါတယ်။

လက်ဖက်ရည်ထဲမှာပါဝင်တဲ့ ဓါတ်များးဟာ အပူဒဏ်ကို ကာကွယ်ပေးနိုင်သည့်အပြင် လူရဲ့ကျန်းမာရေးကို လည်း များစွာ အထောက်အကူပေးနိုင်ပါတယ်။

သတိပြုရန်
-----------
၁။ ဆူပွက်တဲ့ ရေနွေးထဲမှာ အနည်းဆုံး ၃ မိနစ်မှ ၅ မိနစ်ခန့် အထိ နှပ်ထားမှသာလျှင် အကျိုးအာနိသင် ရှိမည်။

၂။ ၂၄ နာရီထက်ကျော်လွန်ပြီးသော ရက်ကျော်လက်ဖက်ရည်ကို မသောက်ပါနဲ့ ။ အကျိုးအာနိသင် မရှိတော့သည့်အပြင် ဆိုးကျိုးအချို့ ကိုလည်း ဖြစ်စေနိုင်ပါတယ်။

စောနွဲ့ နေဆိုင် (ပူတာအို) ဘာသာပြန်သည်။
Re: What are the health benefits of green tea?

ကျန်းမာရေးသတင်းများ


လူသားတို့ အတွက် မရှိမဖြစ်ဗီတာမင်




(ဗီတာမင် A) မျက်အိမ်ခြောက်ကပ်ခြင်း နှင့် မျက်စိရောဂါအမျိုးမျိုး၊ ကိုယ်ခံအား နည်းခြင်း၊ အရေပြားရောဂါ များအတွက် ဗီတာမင် A က ကောင်းကျိုးပြုပါတယ်။ မုန်လာဥနီ၊ လိမ္မော်သီး၊ နွားနို့ ၊ ပဲပင်ပေါက်၊ ဟင်းနုနယ် /ကိုက်လန် စတဲ့ အစိမ်း ရင့်ရောင် ဟင်းသီး ဟင်းရွက်များကို ဗီတာမင်A ဖြည့်စွက်စာအဖြစ် စားပေးနိုင်ပါ တယ်။ (နှုတ်ခမ်းခြောက်ပြီးအရေခွံများ ကွာနေခြင်းအတွက် ဗီတာမင် A နှင့် ဗီတာမင် B2 ဖြည့်စွက် အားဆေးများ သောက်သုံးနိုင်ပါတယ်)

(ဗီတာမင် B6) ဦးနှောက်ဆောင်ရွက်မှု၊ အာရုံကြောဆောင်ရွက်မှု၊ သွေးထဲရှိ အနီေ ရာင်ဆဲလ် ထုတ်လုပ်မှု တို့ အတွက် ဗီတာမင် B6 က ကောင်းကျိုးပြုပါတယ်။ ထိုဓာတ်ချို့  တဲ့နေသူများအတွက် ပဲအမျိုးမျိုး၊ အနီရောင် အသား၊ ရေချို/ရေငန် ငါးအမျိုးမျိုး၊ ကြက် ဥ/ဘဲဥ/ငုံးဥ စတဲ့ဥအမျိုးမျိုး၊ သစ်ကြားသီး/ဗာဒံစေ့ တို့ လိုအခွံမာ သီးအမျိုးမျိုး၊ ဟင်းနု နယ်ရွက် တို့ ကိုစားပေးပါ။ (လျှာအရောင် ရင့်ခြင်းအတွက် ဗီတာမင် B3၊ ဗီတာမင် B6 တို့ဖြင့် ကုသပျောက်ကင်းနိုင်သလို၊ ခံတွင်းနံ့ ဆိုးဝါးခြင်းကိုလည်း ဗီတာမင် B6၊ Zinc ဓါတ်ပါသော အစားအစာ(သို့မဟုတ်) အားဆေးတို့  တွဲသောက်ေ ပးပါနိုင်ပါ တယ်။ ခန္ဓာကိုယ် မသယ်ချင်လောက် အောင် အင်အားမရှိ ဖြစ်နေခြင်းအတွက် ဗီတာ မင် B1, B2, B6 တို့ ဖြင့်ပြန်လည် အားဖြည့်ပေးရပါမယ်။ အရေပြားမွဲခြောက်ြေ ခာက်နှင့် ပျင်းတွဲတွဲဖြစ်နေခြင်းသူများ ဗီတာမင် B1, B2 အစရှိတဲ့ ဗီတာမင်ဆေး များဖြင့် ဖြည့်တင်းပေးပါ)

(ဗီတာမင် B12) ဗီတာမင် B12 တွေကလည်း ဗီတာမင် B6 ကဲ့သို့  အာရုံကြောေ ဆာင်ရွက်မှု နှင့် သွေးထဲ ရှိ အနီရောင်ဆဲလ် ထုတ်လုပ်မှုတို့ အတွက် ကောင်း ကျိုးပြုပါ တယ်။ ကြက်သား၊ ဘဲသား၊ အနီရောင် အသား၊ ငါး၊ နွားနို့ ၊ ကြက်ဥ/ဘဲဥ/ငုံးဥ စတဲ့ ဥအမျိုးမျိုးတို့ မှ ဗီတာမင် B12 ကို ရရှိနိုင်ပါတယ်။

(ဗီတာမင် C) အရိုး၊ သွား၊ အရေပြားကျန်းမာရေး နှင့် အအေးမိ/နှာစေး/ချောင်းဆိုး/တုပ်ကွေး စတဲ့ ရာသီဖျားနာ ကူးစက်ရောဂါ တို့ အတွက် ဗီတာမင် C က မရှိမဖြ စ်လေးပါဘဲ။ ရှောက်-သံပုရာမျိုးနွယ်ဝင် သစ်သီးများ၊ ဘယ်ရီသီးအမျိုးမျိုး၊ ဟင်းနုနယ် ရွက်၊ ခရမ်းချဉ်သီးများက ဗီတာမင် C ရရှိတဲ့ အရင်း အမြစ်တွေဖြစ်ပါတယ်။ (မျက်နှာေ ပ်ါရှိ တင်းတိပ်၊ အမည်းစက်နှင့် အရေးအ ကြောင်းများအတွက် ဗီတာမင် C နှင့် ဗီတာမင် E အားဆေးတို့ ဖြင့် ဖြည့်တင်းကာကွယ် ပေးနိုင်ပါတယ်)

(ဗီတာမင် D) အရိုးများသန်မာစေရန် နှင့် ကယ်လ်စီယမ်စုပ်ယူမှု အားကောင်းစေ ဖို့ အတွက် ဗီတာမင် D ဓာတ်က အရေးပါ လျှက်ရှိပါတယ်။ နွားနို့ ၊ ကြက်ဥ-ဘဲဥ အနှစ်များနှင့် သဘာဝနေရောင်ခြည်တို့ မှ ဗီတာမင် D ကို အပြည့်အ၀ ရရှိနိုင်ပါတယ်။ (ချွေးနံ့နံခြင်းအတွက် ဗီတာမင် D၊ ကယ်လ်စီယမ်၊ သံဓာတ် အားဆေးတို့ ဖြင့် သက် သာပျောက်ကင်းစေနိုင်ပါတယ်)

(ဗီတာမင် E) ဗီတာမင် E က ခန္ဓာကိုယ်ထဲရှိ ဆဲလ်များပျက်စီးခြင်း၊ အသားအရေ ပျက်စီးခြင်းမှ ကာကွယ်ပေးတဲ့အပြင်၊ အရွယ် တင်နုပျိုစေတာကြောင့် ထိုဓာတ်တွေ ကြွယ်ဝတဲ့ သစ်ကြားသီး/ဗာဒံစေ့ တို့ လိုအခွံမာသီးအမျိုးမျိုး၊ ဟင်းရွက်ဆီ နှင့် သံလွင်ဆီ များ၊ ကောက်နှံများ၊ အစိမ်းရောင် ဟင်းသီးဟင်း ရွက်တွေကို စားပေးပါ။ (ဆံပင်နှစ် ခွဖြစ်ခြင်း၊ မျက်ကွင်းညိုခြင်းတို့ အတွက် ဗီတာ မင် E နှင့် သံဓါတ် အားဆေး တို့ ဖြင့် ဖြည့်တင်းကာကွယ် ပေးနိုင်ပါတယ်)

(ဖောလစ်အက်ဆစ်) ဆဲလ်တွေကျန်းမာရေး နှင့် နှလုံးရောဂါသက်သာစေဖို့ အတွက် မရှိမဖြစ်လိုနေအပ်နေ တဲ့ ဖောလစ်အက် ဆစ်ကို သစ်သီးအမျိုးမျိုး နှင့် အစိမ်းရောင် ဟင်းသီးဟင်းရွက်များမှ ရရှိနိုင်ပါတယ်။ (ခြေဖ၀ါး/လက်ဖ၀ါးများ အေးစက်နေခြင်း အ တွက်ကိုတော့ ဖေါလစ် အက်ဆစ်၊ ဗီတာမင် B6 နှင့် သံဓါတ် ဖြည့်စွက်အားေ ဆးများ တွဲဖက်၍ သောက်သုံးနိုင်ပါတယ်)

(ဗီတာမင်ကေ) ဗီတာမင်ကေ က သွေးခဲခြင်းမှကာကွယ်ပေးတာကြောင့် နှလုံးေ သွးကြောကျဉ်းသူ များ နှင့် လေဖြတ်သူများကို ကောင်းကျိုးပြုပါတယ်။ ကြက်ဥ-ဘဲဥ -ငုံးဥစတဲ့ ဥအမျိုးမျိုးမှအနှစ်များ နှင့် ကိုက်လန်တို့ လို အစိမ်းရောင် ဟင်းသီးဟင်း ရွက် တွေမှာ ဗီတာမင်ကေဓာတ်ကို ရရှိနိုင်ပါတယ်။

(နီအာစင်း) နီအာစင်းဓာတ်က မိမိစားသုံးလိုက်သော အစားအစာကို ခွန်အား အဖြစ် သို့ ပြောင်းလဲပေးနိုင် ပါတယ်။ ကောက်နှံစပါး များ၊ နို့ နှင့် နို့ ထွက်ပစ္စည်းအမျိုးမျိုး၊ သစ်ကြားသီး/ဗာဒံစေ့ တို့ လိုအခွံမာသီးအမျိုးမျိုး၊ ကြက်-ဘဲ-ငန်း တို့ က နီအာစင်းရ ရှိနိုင်တဲ့ သဘာဝအရင်းအမြစ်တွေဖြစ်ပါတယ်။

(ရီဘိုဖလာဗင်) ခွန်အားဖြစ်စေရန် နှင့် ခန္ဓာကိုယ်ဓာတ်ပြုမှုကိုအားပေးတဲ့ ရီဘိုဖလာ ဗင်က ခန္ဓာကိုယ်အ တွက် မရှိမဖြစ်ပါ။ ထို ဓာတ်တွေကို အစိမ်းရင့်ရောင် ဟင်းသီး ဟင်းရွက်များ၊ ကောက်နှံစပါးများ၊ အသားများ နှင့် နို့ အမျိုးမျိုးတို့ မှ ရရှိနိုင်ပါတယ်။

(ပေါက်ပေါက်….မျှဝေသည်)

(ကိုးကား…American Health Digest)
 
Credit: promise.pauk



မျက်နှာပေါ်တွင် အမာရွတ် လုံးဝမရှိချင်ဘူးဆိုရင်



လူတစ်ယောက်အတွက် မျက်နှာဟာ နံပါတ် ၁ ဖြစ်ပါတယ်။ ဒါကြောင့် မျက်နှာပေါ်တွင် အမည်းစက်များ အမာရွတ်များ ရှိနေခြင်းဟာ သင့်ကို လွန်စွာပင် ကြည့်မကောင်းအောင် ဖြစ်စေပါတယ်။ ဒါကြောင့် မျက်နှာပေါ်မှ အမာရွတ်များ လုံးဝမရှိရလေအောင်

(၁) မျက်နှာပေါ်မှာ ဝက်ခြံပေါက်ပါက လက်သည်းဖြင့် ကုတ်တာ ညစ်တာ စတာတွေကို မလုပ်ပါနဲ့။

(၂) ဝက်ခြံကို စူးချွန်များဖြင့် ဖောက်ပစ်တာမျိုးကို မလုပ်ပါနဲ့။

(၃) မျက်နှာပေါ်မှာ ဝက်ခြံ ဒါမှမဟုတ် အခြားအဖုတွေ ပေါက်နေချိန်မှာ မျက်နှာကြေးကြွတ်ဆေးများ အသုံးမပြုမိ ပါစေနဲ့။

(၄) မျက်နှာပေါ်မှာ ဝက်ခြံ ဒါမှမဟုတ် အခြားအဖုတွေ ပှုနေသော အဝတ်များနှင့် မအုပ်မိအောင် အထူး ဂရိုစိုက်ပါ။

တကယ်လို ဝက်ခြံဖြစ်လာပြီ ဆိုရင် အောက်ပါ နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

(၁) ရေခဲကပ်ပါ။

(၂) ပင်လယ်ရေ စိမ်ပါ။

(၃) အာလူး ကပ်ပါ။

(၄) သခွားသီကပ်ပါ။

(၅) ရှားစောင်းလက်ပပ် အနှစ်သားကို လိမ်းပါ။

(၆) တစ်နေ့ ၂ ကြိမ် လောက်ပဲ ဆပ်ပြာ အပျော့စားနဲ့ မျက်နှာကို ဆေးပါ။

(၇) သံလွင်ဆီ လိမ်းပါ။

L.A. Colors Cosmetics in Myanmar



ကြက်ဥကို စားသင့်တဲ့ အကြောင်းများ



 
ကြက်ဥဟာ လူတိုင်းနီးပါး စားသုံးနိုင်တဲ့ အစားအစာ ဖြစ်ပါတယ်။ ဒါကြောင့်ကြက်ဥနဲ့ ပက်သက်ပြီး သိသင့် တဲ့ အရာလေးတွေကို စာဖတ်သူများ အတွက်ရေးသားလိုက်ရပါတယ်။

ကြက်ဥဟာ မျက်လုံးအတွက် ကောင်းမွန်သော အစားအစာ ဖြစ်ရုံသာ မကဘဲ ခန္ဓာကိုယ်အတွက် ခွန်အားကိုပါ ရရှိနိုင်ကြောင်း သိရပါတယ်။ ဒါ့အပြင် ကြွက်သားများကို သန်စွမ်းစေသော ဂုဏ်သတ္တိ ပါဝင်တာကြောင့် အမျိုးသားများအတွက် စားသင့်သော အစားအစာတစ်ခုလို့ ဆိုရမှာပေါ့။

ဒါ့တင်မက သေးပါဘူး ကြက်ဥကို မနက်စာအဖြစ် စားမယ်ဆိုရင် ဝိတ်ကိုကျေစေနိုင်လို့ အရမ်းဝနေသော အမျိုးသာ (သို့) အမျိုးသမီးများ ကြက်ဥကို မနက်စာအဖြစ် စားသုံးပါလို့ အကြံပြု ပါရစေ။

ဒါ့အပြင် ခြေသည်း လက်သည်းများ အတွက်လည်း ကောင်းမွန်ပြီး အမျိုးသမီး ရင်သားကင်ဆာ ကိုတောင် ကြက်ဥမှ ကာကွယ်ပေးနိုင်လို့ အမျိုးသမီးများ စားသင့်ပါတယ်။

ကျော်လင်းနိုင်

ကျန်းမာရေးနှင့် အလှအပ သတင်းများ



Facebook ၏ အမြတ်အစွန်း (၃)ဆတိုးလာ



ကမ္ဘာတလွှားတွင် မိုဘိုင်းလ်ဖုန်းများ အသုံးတွင်ကျယ်လာခြင်းနှင့်အတူ Facebook ၏ အမြတ်အစွန်း ပမာဏပါ (၃)ဆ ခုန်တက်လာကြောင်း သိရှိရသည်။ (၂၀၁၄)ခုနှစ်၏ ပထမ(၃)လပတ်တွင် Facebook ၏ အမြတ်ပမာဏသည် ဒေါ်လာ (၆၄၂)သန်းထိ ရှိခဲ့သည်။ ဝင်ငွေစုစုပေါင်း ပမာဏသည် (၇၂)ရာခိုင်နှုန်း တိုးပွားလာပြီး ပြီးခဲ့သည့်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက အမြတ်အစွန်းသက်သက် (၃)ဆဝန်းကျင်မျှ များပြားလာခြင်း ဖြစ်သည်။ အဓိကအားဖြင့် Mobile ဖုန်းဖြင့် Facebook သုံးစွဲမှု အလွန်များပြား လာခြင်းကြောင့် မိုဘိုင်းလ်ကြော်ငြာ ဝင်ငွေများ တိုးပွားလာ၍ ဖြစ်သည်။ ယင်းသည် အင်တာနက် အသုံးပြုရာ၌ PC ကွန်ပျူတာများအစား မိုဘိုင်းလ်ကိရိယာများကို အရှိန်အဟုန်မြင့်မြင့် အစားထိုးလာခြင်း၏ အကျိုးဆက် ရလဒ်ကောင်း တစ်ခုလည်း ဖြစ်လာသည်။



Facebookက ကြော်ငြာဝင်ငွေ ပမာဏသည် လွန်ခဲ့သည့် (၁)နှစ်ကထက် (၈၂)ရာခိုင်နှုန်း ထိုးတက်လာ ကာ ဒေါ်လာ (၂.၂၇)ဘီလျံဖိုး ရှိခဲ့ကြောင်း ကြေညာခဲ့သည်။ လွန်ခဲ့သည့် (၁)နှစ်ခန့်က မိုဘိုင်းလ် ကြော်ငြာ များ၏ အရေအတွက်သည်လည်း လက်ရှိထက် (၃)ချိုး(၁)ချိုးမျှ လျော့နည်းနေသေးသည်။ Facebook ၏ အမှုဆောင်ချုပ် မာ့ခ်ဇက်ကာဘာ့ဂ်က ကုမ္ပဏီအနေဖြင့် မိမိတို့၏ စီးပွားရေးနယ်ပယ် တိုးချဲ့မှု ခြေလှမ်းတိုင်း အတွက် သတိထား လုပ်ဆောင်နေကြောင်း ဆိုသည်။

“လောလောဆယ် အခြေအနေတွေအရ Facebookရဲ့ လုပ်ငန်းတွေက အားကောင်းပြီး အရှိန်ကောင်းနေ တုန်းဆိုတာ မြင်သာပါတယ်။ ကျွန်တော်တို့ မျှော်မှန်းထားတဲ့ အခြေအနေတွေကို အရောက်လှမ်းဖို့ ကျွန်တော်တို့ရဲ့ လက်ရှိအနေအထားက ကောင်းမွန်နေတယ်လို့ ဆိုနိုင်ပါတယ်” ဟု ဇက်ကာဘာ့ဂ် က ပြောကြားခဲ့သည်။ Facebookသည် ယခုနှစ် ပထမ(၃)လအတွင်း အသားတင် အမြတ်ငွေ ပမာဏ ဒေါ်လာ (၆၄၂)သန်း ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်ကမူ ဒေါ်လာ (၂၁၉)သန်းသာရှိကြောင်း သိရှိရသည်။

 
Planet Myanmar Network



Facebook နှင့်လက်တွဲထားသော WhatsApp ကိုအသုံးပြုတဲ့သူတွေ ပိုမိုများပြားလာ


 
အခမဲ့မိုဘိုလ်းဖုန်း Messaging Service စနစ်တစ်ခုဖြစ်သည့် WhatsApp ကိုနေစဉ်အသုံးပြုတဲ့ ကမ္ဘာတစ်ဝန်းက Users တွေ ဟာယခုအခါ သန်း ၅၀၀ အထိရှိလာပြီးဖြစ်ကြောင်း ၎င်းကုမ္ပဏီနှင့်လက်တွဲပူးပေါင်းလုပ်ကိုင်နေသော Facebook ကပြောဆိုလိုက်သည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလစစ်တမ်းအရဆိုလျှင်ယင်းစနစ်ဟာ ဘရားဇီး ၊ အိန္ဒိယ ၊ မက်ဆီကို ၊ ရုရှားစတဲ့နိုင်ငံအထိတိုးတက်ပျံ့နှံ့လာခဲ့ပြီးဖြစ်သည်ဟုသိရ သည်။

ဒါ့အပြင်အသုံးပြုသူတွေဟာ ၇၀၀ ထက်ပိုသောဓာတ်ပုံတွေနှင့် ရုပ်ရှင်ဖိုင်ပေါင်း ၁၀၀ ကျော်ကိုနေ့စဉ် Sharing ပြုလုပ်လျက်ရှိနေကြောင်း WhatsApp က၎င်း၏ Blog တွင်ဖော်ပြထားသည်။

WhatsApp ဟာ Facebook ကိုစတင်တည်ထောင်သူမက်ဆူကာပတ် ကပြီးခဲ့သည့်ဖေဖော်ဝါရီလတွင် ၁၉ဘီလီယံအကုန်အကျခံကာဝယ်ယူ ခဲ့ ခြင်းဖြစ်ပြီး WhatsApp ၏တိုးတက်လာတဲ့အသုံးပြုသူအများစုဟာ ၁.၂ဘီလီယံအသုံးပြုသူတွေရှိတဲ့ Facebook ကတစ်ဆင့် ရရှိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

မတ်ဆူကာပတ်က Facebook ဟာ WhatsApp နှင့်လက်တွဲလိုက်လျှင် ယခုထက်ပိုမိုကောင်းမွန်တဲ့စနစ်တွေကို Users တွေထံချပြပေးနိုင်လိမ့်မည် ဟု ပြီးခဲ့သည့် Mobile World Congress(MWC) တွင်ပြောဆိုခဲ့ဖူးသည်။

ဒါ့အပြင်ကမ္ဘာပေါ်မှာရှိတဲ့ Social Website တွေဟာသန်းချီသောလူတွေ ထံရောက်ရှိမှုကနည်းနေသေးပေမဲ့ယင်းထဲမှာတော့ Facebook ဟာအသုံးပြုသူအများဆုံနှင့်ထိပ်ဆုံးမှာရပ်တည်လျက်ရှိသည်ဟု မတ်ဆူကာပတ်ကထက်မံဖြည့်စွက်ပြောဆိုခဲ့သည်။

Ref : Dwan

Wai Phyo Aung (TSJ Team)
TechSpace Journal



စမတ်ဖုန်းတွေ ဈေးချိုတယ်ဆိုတာ


ပြည်တွင်းမှာတွေ့ရသလောက် လူတော်တော်များများဟာ ဈေးသက်သာ Huawei ဖုန်းတွေကို ကိုင်ဆောင်အသုံးပြုနေကြတာကိုတွေ့ရပါတယ်။ တရုတ်ဖုန်းတိုင်း မကောင်းဘူးလားဆိုတာ တကယ်တော့ ထို့သို့ မဟုတ်ပါဘူး။ OPPO တို့လို့ အမေရိက ကိုထိုးဖောက်ကြတဲ့ ဖုန်းတွေကြ တော်တော် အရည်အသွေးပိုင်းမှာ အဆင်ပြေတာကိုတွေ့ရပါတယ်။

တစ်နေ့က အိမ်မှာ သုံးနေတဲ့ Hauwei G 730 ကို တစ်ချက်ကြည့်လိုက်မိတော့မကောင်းဘူးမဟုတ်ပါဘူး ကောင်းပါတယ်။
ဈေးနှုန်းသက်သာရတဲ့ ချို့ယွင်းချက်တစ်ခုက အရည်အသွေးပိုင်းမှာ ညံဖျင်းသွားတာကို တွေ့ရပါတယ်။ အရည်အသွေးပိုင်း ညံဖျင်းတော့ ဘာဖြစ်လည်းဆိုတော့ ရုပ်ပိုင်းဆိုင်ရာ ခဏထားပါဦး
ကျန်းမာရေးထိခိုက်ပါတယ်။ တစ်ခု သတိသွားထားမိတာက ။ Samsung Galaxy Ace တစ်လုံးနဲ့ ယှဉ်ကြည့်ကြည့်တော့ Screen ကာလာပိုင်းမှာ Hauwei ဖုန်းကို ကြည့်ပြီး ရုတ်တရက် Samsung ဖုန်းကို ကောက်သုံးကြည့်တော့ ထိုနေရာမှာ ထို Brand နှစ်ခုရဲ့ Screen ကာလာကို သတိထားမိခဲ့ပါတယ်။Samsung ဖုန်းတွေက ကာလာပိုင်းမှာ သဘာဝကျပြီး လက်တွေ့နဲ့တော်တော်များများ နီးစပ်တာကို တွေ့ရပါတယ်။ ဒါကတစ်ချက်ပါ။ နောက်ပိုင်းက G 730 ရဲ့ ကင်မရာဖွဲ့စည်းမူ၊ တည်ဆောက်ထားမူကို ကြည့်မယ်ဆိုရင်လည်း တော်တော်ကို မသေမသပ်နိင်တာကို တွေ့ရပါတယ်။ ဒါက အပြင်ပိုင်းပဲ ရှိပါသေးတယ်။
အလေးချိန်တွေ အထဲက နက်ဝပ်ပိုင်းဆိုင်ရာတွေ မပါသေးပါဘူး။

ဒါက ကိုယ်သိထားတဲ့ ဖုန်းနှစ်လုံးကို နှိုင်းယှဉ်ချက် တစ်ခုလောက်သာ ဖြစ်ပါတယ်။ တစ်ခြားဖုန်းတွေကတော့ ကိုယ်တိုင်ပဲ နှိုင်းယှဉ်ကြည့်ကြပါတော့။

ဈေးကြီးတိုင်းလည်း အလုပ်ဖြစ်လားဆိုတော့ ကိုယ်က စိတ်ကြိုက်ရယ်၊ နည်းပညာပိုင်းရယ်၊ ကိုယ်အတွက် အသုံးဝင်မူပိုင်းရယ်ပါ ပေါင်းပြီး စဉ်းစားရဖို့ ရှိပါတယ်။ကိုယ်က သုတ်ပြာသုတ်ပြာ အလုပ်ကို လုပ်နေရသမားဆိုရင် Samsung Galaxy Tab 3 လိုမျိုး အကြီးကြီး ကိုင်ပြီး နေရာတိုင်း လျှောက်ပြေးလွှားဖို့ အဆင်ပြေမှာ
မဟုတ်ပါဘူး။ ဈေးချိုအောင် ပြုပြင်ထားတဲ့ အရည်အသွေးပိုင်းကို ကိုယ်ကကျေနပ်တယ်ဆိုလျှင် ထို ပစ္စည်းတစ်ခုကို ၀ယ်ယူနိင်ဖို့ သေချာနေပါပြီး။ စမတ်ဖုန်းမှ
မဟုတ်ပါဘူး။ တစ်ခြား ပစ္စည်းတွေပေါ်မှာပါ အကျုံးဝင် သက်ရောက်ပါတယ်.။ တစ်ချို့တွေက ဈေးသက်သာတာတစ်ခုပဲကြည့်ပြီး ကိုယ်အတွက် ဆိုးကျိုးကို မမြင်တာတွေ တစ်ပုံကြီးပါ။ ငါးစာသာ မြင်သည် စကားပုံလိုပင်။

ဒီတော့ ဗဟုသုတ၊ သိမြင်နားလည်မူ၊ အခြေအနေ စတဲ့ အချက်တွေနဲ့ ချိန်ရပါမယ်။

" ဈေးကြီးတိုင်းလည်း အကောင်းစာ မဟုတ်သလို၊ ဈေး သက်သာတိုင်းလည်း မကောင်းတာ မဟုတ်ပါဘူးလို့။ "

Aung Heine ....
 
Smart Pro Journal



Bangkok Airways ၏ သံတမန်အဖြစ် မိုးစက်ဝိုင်ကို ခန့်အပ်


ပြည်ပလေကြောင်းလိုင်း တစ်ခုဖြစ်သည့် Bangkok Airways ၏ မြန်မာနိုင်ငံ ကိုယ်စားပြု သံတမန်အဖြစ် Miss Myanmar Universe အလှမယ် မိုးစက်ဝိုင်ကို ခန့်အပ်လိုက်ကြောင်း ယင်းလေကြောင်းလိုင်းအတွက် မီဒီယာနှင့် သတင်း ပြန်ကြားရေး ကဏ္ဍများကို ဆောင်ရွက်ပေးနေသည့် Wired Media Myanmar မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဒေါ်ဝင်ဒီက The Voice သို့ ပြောကြားသည်။

မြန်မာအလှမယ် မိုးစက်ဝိုင်သည် Miss Universe ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်နိုင်ခဲ့ခြင်း၊ ကိုယ်ရေး အချက်အလက်များ ကောင်းမွန်ခြင်း တို့ကြောင့် Bangkok Airways ၏ မြန်မာနိုင်ငံ ကိုယ်စားပြု သံတမန်အဖြစ် တစ်နှစ်စာချုပ် ချုပ်ကာ ခန့်အပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းကာလအတွင်း Bangkok Airways မှ ပြုလုပ်သည့် ခရီးစဉ် အသစ်များကို မိတ်ဆက်ခြင်း၊  အရောင်းမြှင့်တင်ရေး အစီအစဉ်နှင့် တီဗီကြော်ငြာများတွင် မိုးစက်ဝိုင် ပါဝင်လှုပ်ရှား ပေးရမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

“ပြည်ပလေကြောင်းလိုင်း တစ်ခုရဲ့ သံတမန်အဖြစ် ခန့်အပ်ခံရတဲ့အပေါ် မိုးစက် အရမ်းဝမ်းသာပါတယ်။ မိုးစက် သံတမန်အဖြစ် လက်ခံ ဆောင်ရွက်ပေးတဲ့ Brand တွေအကုန်လုံးက ကိုယ်တိုင် ယုံကြည်ရတဲ့ Brand တွေမို့လို့ပါ။ Bangkok Airways ကလည်း ကိုယ်တိုင် ယုံကြည်ရတဲ့ Brand မို့လို့ ကိုယ်စားပြုချင်တာပါ။ သူတို့ လေကြောင်းလိုင်းရဲ့ ရည်ရွယ်ချက်ကလည်း မြန်မာနိုင်ငံက ခရီးသည်တွေကို ဝန်ဆောင်မှု ကောင်းကောင်း၊ ကုန်ကျစရိတ် သက်သက်သာသာနဲ့ ဆောင်ရွက် ပေးချင်တာဆိုတော့ မိုးစက်က သူတို့ရဲ့ ရည်ရွယ်ချက်ကို ပြည်သူတွေသိအောင် လုပ်ဆောင် ပေးရမှာပါ” ဟု သံတမန်အဖြစ် ခန့်အပ်ခံရသည့် Miss Myanmar Universe အလှမယ် မိုးစက်ဝိုင်က ပြောကြားသည်။  

The Voice Weekly



မတူညီသော ဘာသာစကားကို လက်နှစ်ဖက်ဖြင့် ရေးနိုင်ခဲ့သူ



မတူညီသော ဘာသာစကားကို လက်နှစ်ဖက်ဖြင့် ရေးနိုင်ခဲ့သူ တရုတ်နိုင်ငံမှ အမျိုးသမီးတစ်ယောက်ဟာ ထူးထူဆန်းဆန်း သူမ၏ လက်နှစ်ဖက် စလုံးဖြင့် စာရေးပြခဲ့ ပါတယ်။ တစ်လုံးစီ နှေးကွေးစွာ မဟုတ်ဘဲ အလျင်အမြန် ရေးနိုင်ခဲ့တာကြောင့် ယခုဆိုလျှင် နာမည်ကြီးသူ တစ်ယောက်လည်း ဖြစ်နေပါပြီ။ သူမ၏ နာမည်ကတော့ Chen Siyuan လို့ ခေါ်ဝေါ်ကြပါတယ်။

သူမ၏ အသက်ကတော့ ၂၄ နှစ် ဖြစ်ပြီး ထူးချွန် ထက်မြက်သူ တစ်ယောက် ဖြစ်တယ်လို့ သိရ
ပါတယ်။

ဒါ့အပြင် စာရေးတာ တစ်ခုထဲ မဟုတ်ဘဲ ဖုန်းများ အသုံးပြုရာတွင်လည်း တစ်ခါတည်း နှစ်လုံး ကို စာရိုက်နိုင်ကြောင်းသိရပါတယ်။ သူမရေးပြနိုင်ခဲ့သော ဘာသာစကား နှစ်မျိုးကတော့ အင်္ဂလိပ်နှင့် တရုတ် ဘာသာ စကားတို့ ဖြစ်ပါတယ်။

ကျော်လင်းနိုင် 
(ရိုးရာလေး)


မလေးမှာ သမ္မတအိုဘားမားနဲ့ တွေ့ဆုံရေး မြန်မာလူငယ် ဆယ်ဦးရွေး


အမေရိကန်သမ္မတ အိုဘားမား ဦးဆောင်ပြုလုပ်မယ့် မလေးရှားနိုင်ငံက Town Hall Meeting လို့ ခေါ်တဲ့ လူထုနဲ့ တိုက်ရိုက် တွေ့ဆုံပွဲမှာ ပါဝင်နိုင်ဖို့ မြန်မာနိုင်ငံ က လူငယ် (၁၀)ဦးကို ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန် သံရုံးက ကြာသာပတေးနေ့ ကရွေးချယ်လိုက်ပါတယ်။ အာဆီယံ (၁၀)နိုင်ငံက လူငယ်ခေါင်းဆောင် ၁၀ ဦးစီကို ရွေးချယ်ပြီး သူရဲ့ မလေးရှားနိုင်ငံ ခရီးစဉ် အတွင်းမှာ ဧပြီလ (၂၇)ရက်နေ့မှာ တွေ့ဆုံဖို့ သမ္မတအိုဘားမားက အခုလို ဖိတ်ကြားထားတာ လည်းဖြစ်ပါတယ်။ မအင်ကြင်းနိုင်က အသေးစိတ်ပြောပြ မှာပါ။

အမေရိကန်သမ္မတ အိုဘားမားဟာ သူရဲ့အာရှခရီးစဉ်အတွင်း အာဆီယံဒေသ တွင်း လူငယ်ပေါင်း ၄၀၀ကျော်နဲ့တွေ့ဆုံဖို့ လာမယ့်တနင်္ဂနွေနေ့မှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ စီစဉ်ထားပါတယ်။ အဲ့ဒီမှာ လူငယ်တွေ အနေနဲ့ သမ္မတ အိုဘားမားကို တိုက်ရိုက်မေးခွန်းတွေ မေးနိုင်အောင် လည်း စီစဉ်ထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်း တနိုင်ငံချင်းစီက လူငယ် ကိုယ်စားလှယ် (၁၀)ဦးစီရွေးချယ်ပြီး ဒေသတွင်းကိစ္စတွေကို သမ္မတနဲ့ တွေ့ဆုံဆွေးနွေးဖို့လည်းရှိပါတယ်။ မြန်မာနိုင်ငံကို ကိုယ်စားပြုမယ့် လူငယ်(၁၀)ဦးရဲ့ အမည်စာရင်းရွေးချယ်ခဲ့တာနဲ့ ပတ်သက်လို့ ရန်ကုန် အမေရိကန် သံရုံးက ပြောခွင့်ရပုဂ္ဂိုလ်က Andrew Leahyက အခုလိုရှင်းပြပါတယ်။

"သမ္မတအိုဘားမားနဲ့ Town Hall Meeting လို့ခေါ်တဲ့ လူထုနဲ့ တိုက်ရိုက် တွေ့ဆုံပွဲ ပြုလုပ်ဖို့ မြန်မာနိုင်ငံ အပါဝင် အာဆီယံအဖွဲ့ဝင် (၁၀)နိုင်ငံက တနိုင်ငံချင်းစီ ကနေ လူငယ်ကျောင်းသား (၁၀) ဦးစီရဲ့ အမည်စာရင်း တင်သွင်းဖို့ တောင်းဆိုခဲ့ပါတယ်။ အဲ့ဒီ့ကနေမှ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ ပညာရေးနယ်ပယ်မှာ လှုပ်ရှားနေတဲ့ အဖွဲ့တွေပါဝင်ကြဖို့ အများ သိအောင် အသိပေးအကြောင်းကြားပြီး လူငယ်ထုကြား ဦးဆောင်မှုပေးနိုင်တဲ့ လူငယ်ခေါင်းဆောင်တွေ ရွေးချယ်နိုင်ဖို့ လျှောက်လွှာအားလုံးကို လက်ခံခဲ့ပါတယ်။

ဒါကြောင့်လည်း တိုင်းနဲ့ပြည်နယ် အသီးသီးက လူမျိုး ၊ ဘာသာ မတူတဲ့ လူငယ်တွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ နိုင်ငံရေးနဲ့ လူထု အခြေပြုနယ်ပယ်တွေ မှာ လှုပ်ရှားနေတဲ့ လုပ်ငန်း နယ်ပယ် မတူညီတဲ့ လူငယ်တွေ ကျနော်တို့ ရွေးချယ်နိုင်ခဲ့ပါတယ်။ ဒီကနေ့မှာပဲ သမ္မတရဲ့ လူထုနဲ့ တိုက်ရိုက်တွေ့ဆုံပွဲမှာ ပါဝင်မယ့် အဲဒီလူငယ် (၁၀)ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။"

အမေရိကန် သမ္မတတစ်ဦးအနေနဲ့တော့ ဒေသတွင်းအရေး ကိစ္စနဲ့ ပတ်သက်လို့ အာဆီယံဒေသတွင်း လူငယ်တွေနဲ့ အခုလို တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးပြောဆို တာဟာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ မြန်မာ လူငယ်တွေအနေနဲ့ အမေရိကန်သမ္မတနဲ့ တိုက်ရိုက်တွေ့ဆုံပြီး သူတို့စိတ်ပါဝင်စားတဲ့ အရေးကိစ္စတွေကို တိုက်ရိုက်ဆွေးနွေးပြောဆိုခွင့် ရမှာဖြစ်တယ်လို့လည်း Andrew ကပြောပါတယ်။

" အမေရိကန်သံရုံးအနေနဲ့ မြန်မာလူငယ်တွေအတွက် အစီအစဉ်မျိုးစုံရှိပါတယ်။ ဒါပေမဲ့ ဒီတခေါက်ကတော့ အာဆီယံ ၁၀နိုင်ငံက လူငယ်တွေအနေနဲ့ သမ္မတအိုဘားမားနဲ့ တွေ့ဆုံပြီး မေးခွန်းတွေ မေးခွင့်ရဖို့ အခွင့်အလမ်းကောင်းတခုဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ကိုယ်စားပြုဖို့ ကျနော်တို့ ရွေးချယ်ထားတဲ့ လူငယ်တွေဟာ နယ်ပယ်အသီးသီးမှာ ထဲထဲဝင်ဝင် လုပ်ဆောင်နေတဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် မြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို ဦးဆောင်လိုစိတ် ရှိတဲ့ ခေါင်းဆောင်တွေ ဖြစ်ကြပါတယ်။ သူတို့တစ်ဦးချင်းစီရဲ့ ခေါင်းဆောင်နိုင်မှု အရည်အချင်းတွေ၊ တိုင်းပြည်ကို အကျိုးပြုလိုတဲ့ သူတို့ရဲ့ စိတ်ဆန္ဒတွေကြောင့် အခုလို ရွေးချယ်ခဲ့တာပါ။"

ရန်ကုန် အမေရိကန်သံရုံးရဲ့ ဖေ့စ်ဘုတ်ခ်စာမျက်နှာပေါ်မှာလည်း သမ္မတ အိုဘားမားကို မေးခွန်းတွေပေးဖို့ ရေးသားထားတာတွေကိုလည်း ဖေါ်ပြထားပါတယ်။ အရွေးခံရတဲ့ မြန်မာလူငယ် (၁၀)ဦးဟာ ဧပြီလ ၂၅ ရက်နေ့မှာ ရန်ကုန်မြို့ကနေ မလေးရှားနိုင်ငံကို ထွက်ခွာမှာဖြစ်ပြီး ၂၉ ရက်နေ့မှာ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာမှာဖြစ်ပါတယ်။

အင်ကြင်းနိုင် 
(ဗွီအိုအေမြန်မာပိုင်း)

နောက် ၅ နှစ်အတွင်း သေနိုင် မသေနိုင်ကို သွေးစစ်ပြီး သိနိုင်ပြီ


သွေးစစ်ဆေးမှုတစ်မျိုးဟာ အနာဂတ်(၅)နှစ်အတွင်း သေဆုံးနိုင်ချေရှိမရှိကို ခန့်မှန်းတွက်ချက်ပေး နိုင်မှာဖြစ်ကြောင်း သိရှိရပါတယ်။ ဒီစစ်ဆေးမှုကို နျူကလီးယားသံလိုက် စက်ကွင်းကို အသုံးပြုထားတဲ့ spectroscopy နဲ့ ဇီဝအမှတ်အသား (၂၀၀၀)ကျော်ကို တိုင်းတာခန့်မှန်း ဖော်ထုတ်နိုင်ခြင်း ဖြစ်ပါတယ် ။

လေ့လာမှုခေါင်းဆောင် ဖင်လန် နိုင်ငံ၊ Olulu၊ တက္ကသိုလ်မှ ပါမောက္ခ Mika Korpela က “ဇီဝ အမှတ်အသားတွေအရ သေဆုံးနိုင်ချေများတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာဆိုရင် ဒီစစ်ဆေးမှုကို ပြုလုပ်ပြီးသေဆုံးနိုင်ချေကို သိရှိနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဘ၀နေထိုင်မှုနဲ့ ကုသမှုတွေကို ပြင်ဆင်ပြီး အသက်ပိုရှည်ရှည် နေနိုင်မှာ ဖြစ်ပါတယ်” လို့ ရှင်းပြထားပါတယ်။ ဒီလေ့လာမှုဟာ ဖင်လန်နိုင်ငံသား (၁၇၀၀၀)ကျော်ရဲ့ သွေးနမူနာတွေကို အခြေခံပြီး ဖော်ထုတ်ထားတာ ဖြစ်ပါတယ်။

ဒီစစ်ဆေးမှုဟာ အဓိကသွေးတွင်းဇီဝအမှတ်အသား (၄)မျိုးဖြစ်တဲ့ ပရိုတင်းနှစ်မျိုး (အယ်ဗျူမင်နဲ့ အာလဖာ၊ အက်ဆစ် glyeoproter )၊ အဆီဓာတ်နဲ့ citric acid တွေကို အခြေခံ တွက်ချက်တာဖြစ်ပါတယ်။ ဒီအမှတ်အသားတွေဟာ လူတိုင်းမှာရှိနေတာဖြစ်ပြီး ပမာဏကတော့ မတူ ကြပါဘူး။ ပုံပန်းသဏ္ဌာန်အရ ကျန်းမာတဲ့သူတွေ ဖြစ်ပါစေ အဲဒီသွေးတွင်း ဇီဝအမှတ်အသားတွေ မူမမှန် ဖြစ်နေရင်တော့ သေဆုံးနိုင်ချေမြင့်တက် နိုင်ပါတယ်။ ဒီသွေးစစ်ဆေးမှုကို Nuclear Magnetic Resonance Spectroscopy ရှိမှသာ စစ်ဆေးနိုင်မှာဖြစ်ကြောင်း Mika Korpelam က ပြောကြားထားပါတယ်။
ဒီသုတေသနကို Journal Plos mediaire မှာဖော်ပြထားတာ ဖြစ်ပါတယ်။
 
သက်နှင်း
ref: IANS
 
Health Updates Journal


သီရီလကာင်္နိင်ငံမှ မြတ်စွာဘုရားရှင်၏ အောက်လက်ဝဲစွယ်တော်



သီရီလကာင်္နိင်ငံမှ မြတ်စွာဘုရားရှင်၏ အောက်လက်ဝဲစွယ်တော်အား ဖူးမြင်နိုင်ပါသည်။

အသမ္ဘိန္နဓါတ်တော် .၇-ဆူကို ပင့်ယူကိုးကွယ်ရာ ဌာနခြောက်ပါးဟူ၏။

(၁) နဖူးသင်းကျစ်တော်ဓါတ် ဗြဟ္မြာ့ပည်၌ တစ်ဌာန၊

(၂) အထက် လက်ယာ စွယ်တော်နှင့်၎င်းညပ်ရိုးတော်ဓါတ် ၂-ဆူ
တာဝတိံသာ စူဠာမုနိ၌ တစ်ဌာန၊

(၃) အောက်လက်ယာစွယ်တော် နဂါးပြည်၌ တစ်ဌာန၊

(၄) အောက်လက်ဝဲစွယ်တော် ကာလိင်္ဂရာဇ်နိုင်ငံမှ ဆောင်ယူ၍ သီဟိုဠ်ကျွန်း၌ တစ်ဌာန၊
(၅) အထက် လက်ဝဲစွယ်တော် (ဂန္ဓာရ) သင်းတွဲပြည်၌ တစ်ဌာန၊

(၆) လက်ဝဲညှပ်ရိုးတော် လင်္ကာဒီပ မဟိယင်္ဂဏ၌ တစ်ဌာနဟု မူလကျမ်းဂန်တို့ကဆို၏၊