28 Apr 2014

အမျိုးသမီးဖြစ်သူအား ထောင်ဒဏ်(၂၇)နှစ် အမိန့်ချ ပြီးနောက် နာရီပိုင်း အတွင်း ခင်ပွန်းဖြစ်သူက တရားရုံးမှ စီးနင်း ကယ်ထုတ်သွားဟုဆို

လောက်ကိုင်မြို့ တုံချိန်ပန်းခြံရှိ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးပြတိုက်

မန္တလေး ဧပြီ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်ခရိုင် လောက်ကိုင် မြို့နယ် လောက်ကိုင်မြို့ မြို့နယ် တရားရုံးတွင် လောက်ကိုင်တရား ရုံးမှ မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချမှု တို့ဖြင့် ပြစ်မှု ထင်ရှားသဖြင့် ကိုးကန့် အမျိုးသမီးဖြစ်သူအား ထောင်ဒဏ် (၂၇)နှစ်ကျခံရန် ယခုလ ၁ဝရက် မွန်းလွဲ ၁၂နာရီခွဲခန့်တွင် အမိန့် ချမှတ်ခဲ့သည်။ ယင်းသို့ အမိန့် ချမှတ်ပြီးနောက် နာရီဝက်အကြာ တွင် ယင်းအမျိုးသမီး၏ ခင်ပွန်း ဖြစ်သူက လက်နက်ကိုင်တပ်သား ငါးဦးဖြင့် တရားရုံးသို့ ဝင်ရောက် စီးနင်းကာ အမျိုးသမီးဖြစ်သူအား ကယ်ထုတ်သွားခဲ့ကြောင်း သိရ သည်။

ယင်းအမျိုးသား ဖြစ်သူမှာ ကိုးကန့်တပ်မှ တပ်သားအဆင့် ရှိသူဖြစ်ပြီး ၄င်းနှင့်အပေါင်းပါ တပ်သားငါးဦးကို ခေါ်ဆောင်ကာ တရားရုံးသို့ ဝင်ရောက်စီးနင်းပြီး ယင်းသို့ ကယ်ထုတ်သွားခြင်းဖြစ် ကြောင်း၊ တရားရုံးတွင်လည်း ရဲတပ်ဖွဲ့အင်အား သုံးဦးသာရှိ သောကြောင့် ယင်းအချိန်က ဘာမှ မလုပ်နိုင်ခဲ့ကြောင်း အမည်မဖော် လိုသူ အစိုးရဝန်ထမ်းတစ်ဦးက ပြောသည်။

''ကယ်တဲ့လူတွေကကျွန်တော် တို့ကိုပါပစ်ဖို့ သေနတ်တွေ မောင်း တင်ပြီးသား။ ဖြစ်ချင်တော့ သူတို့ ကိုးကန့်တပ်က အရာခံဗိုလ်တစ်ဦး ကလဲ တခြားကိစ္စနဲ့တရားရုံးထဲ ရောက်နေတယ်။ သူက ဝင်တား လိုက်တော့မှ မိန်းမကိုကယ်ပြီး ပြန် ထွက်သွားတာ''ဟု၎င်းကဆိုသည်။

ယခုအခါ ယင်းထွက်ပြေး လွတ်မြောက်သွားသော တရားခံ အမျိုးသမီးအား ပြန်လည်ဖမ်းဆီး ရမိပြီဖြစ်ပြီး ယနေ့အထိ တရားရုံး တွင် ရမန်မယူသေးကြောင်း၊ ၄င်း၏ခင်ပွန်းဖြစ်သူကိုမူ ကိုးကန့် တပ်မှ ကိုင်တွယ်မည်ဟု ယူဆ ကြောင်း လောက်ကိုင်တရားရုံးမှ တရားရေး ဝန်ထမ်းတစ်ဦးက ပြောသည်။

လောက်ကိုင်မြို့သည် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း တည်ရှိပြီး ယခင်နှစ်များစွာက နယ်မြေမအေးချမ်းသော်လည်း ယခုနောက်ပိုင်းတွင်မူ လွန်စွာ တည်ငြိမ်အေးချမ်းလျက်ရှိကြောင်း လောက်ကိုင်မြို့ခံ တစ်ဦးက ပြော သည်။

စိုးကြီး

The Union Daily

စည်းကမ်းမဲ့ ခရီးသည်တင် ယာဉ်များကို အရေးယူရန် တာဝန်ရှိသူများအား ညွှန်ကြားသွားမည်

Monday, April 28, 2014
 
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာသော ခရီးသည်တင် ယာဉ်များနှင့် ခရီးသွား ပြည်သူများကို ရိုင်းပျစွာ ဆက်ဆံသော ခရီးသည်တင် ယာဉ်လုပ်သားများကို ထိရောက်စွာ အရေးယူရန်သက်ဆိုင်ရာ ယာဉ်လိုင်း တာဝန်ရှိသူများအား ညွှန်ကြားသွားမည်ဖြစ်ကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်း ရေးကြီးကြပ်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးလှအောင်ထံမှ သိရသည်။ ယာဉ်လုပ်သားက ခရီးသွား ပြည်သူများအပေါ် ယာဉ်စီးခ ပိုမိုတောင်းခံသော ဖြစ်စဉ်မှာ မ-ထ-သ (ဗဟို)သို့ တိုင်ကြားသော ဖြစ်စဉ်များအနက် အများဆုံး ဖြစ်စဉ်ဖြစ်ပြီး ယာဉ်လုပ်သားများက ခရီးသွား ပြည်သူများ အပေါ် ရိုင်းပျစွာ ပြောဆိုဆက်ဆံသော ဖြစ်စဉ်များလည်း ရှိနေသေးကြောင်း မ-ထ-သ (ဗဟို) မှ သိရသည်။
 
 ထို့အပြင် တချို့သော ခရီးသည်တင် ယာဉ်များမှာ မှတ်တိုင်များတွင် အချိန်ကြာမြင့်စွာ ရပ်နားခြင်း၊ မှတ်တိုင် နေရာမဟုတ်ဘဲ လမ်းပိတ်ရပ်နားခြင်း စသည့် ဖြစ်စဉ်များကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများလည်း ဖြစ်ပေါ်လျက်ရှိပြီး သတ်မှတ် လမ်းကြောင်းအတိုင်း မမောင်းနှင်ခြင်းနှင့် လမ်းပြောင်းပြန် မောင်းနှင်ခြင်း စသည့် ဖြစ်စဉ်များလည်း ရှိနေကြောင်း သိရသည်။ ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းစေရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ ခရီးသွား ပြည်သူများ သွားလာရေး ပိုမို အဆင်ပြေစေရေး တို့အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာသည့် ခရီးသည်တင် ယာဉ်လုပ်သားများကို အရေးယူရန် သက်ဆိုင်ရာ ယာဉ်လိုင်း တာဝန်ရှိသူများနှင့် ပူးပေါင်း လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
 
မြ၀တီ

လျှပ်စစ်မီးမရရှိသည့် ဘူတာရုံငယ် ၁၀၀ ခန့်အား ဆိုလာစနစ်ဖြင့် မီးရရှိစေမည်

ရထားပို့ဆောင်ရေးဝန်ကြီးဌာနက်အောက်ရှိ လျှပ်စစ်မီးမရရှိသေးသော ဘူတာရုံငယ် ၁၀၀ ခန့်ကို ဆိုလာ အလင်း ရောင်ဖြင့် လျှပ်စစ်မီးပေးဝေနိုင်ရေးအတွက်အလှူရှင်ကုမ္ပဏီတစ်ခုက လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 
 
ဘူတာရုံငယ်များမှာ ညအချိန်တွင် လျှပ်စစ်မီးမရရှိသည့်အတွက် မီးရထားဝန်ထမ်းများ တာဝန်ထမ်းဆောင်ရာတွင် အခက်အခဲရှိနေခြင်းကြောင့် ဆိုလာစွမ်းအင် ကုမ္ပဏီတစ်ခုဖြစ်သည့် ဂလောရပ်စ်မြန်မာကုမ္ပဏီလီမိတက်မှ လှူဒါန်းပေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လှူဒါန်းပွဲကို ဧပြီ ၂၇ ရက် နံနက် ၉ နာရီက ရန်ကုန်ဘူတာကြီးရှိ စခန်းသာဧည့်ခန်းမ၌ ကျင်းပခဲ့ပြီး ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး၊ ဒုတိယဝန်ကြီး ဦးမြင့်သိန်းနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးကာ အလှူရှင်က လှူဒါန်းသည့် ဆိုလာစွမ်းအင်ဖြင့် မီးပေးဝေသည့် စနစ်ပေါင်း ၁၀၀ ခန့်ကို လက်ခံယူခဲ့သည်။ ဆိုလာ စွမ်းအင်ဖြင့် လျှပ်စစ်မီးရယူရာတွင် တစ်စုံလျှင်ဝပ်အား ၂၀ ရှိပြီး မီးတစ်လုံးထွန်းညှိပါက ၁၂ နာရီကြာ အထွန်းခံခြင်း ကြောင့် ဘူတာရုံငယ်များအတွက် အဆင်ပြေ စေမည်ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံ အတွင်းရှိ လျှပ်စစ်မီးမရရှိသည့် ဘူတာရုံ ၁၀၀ ခန့်ကိုယနေ့တွင် စတင်ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။
   
Today Myanmar

မြန်မာ ပွဲစားနှစ်ဦး ထိုင်းရောက် မြန်မာ အမျိုးသမီးငယ်ကို လေးရက်ကြာ ပိတ်လှောင်ပြီး ငွေညှစ်

Photo: မြန်မာ ပွဲစားနှစ်ဦး ထိုင်းရောက် မြန်မာ အမျိုးသမီးငယ်ကို လေးရက်ကြာ ပိတ်လှောင်ပြီး ငွေညှစ်
Monday, April 28, 2014

ထိုင်းနိုင်ငံတွင် မြန်မာ ပွဲစားနှစ်ဦးက ရခိုင်ပြည်နယ်မှ အ လုပ်လာ လုပ်သော အမျိုးသား သုံးဦးကို ငါးဖမ်းလှေသို့ ရောင်းစားခဲ့ပြီး အမျိုးသမီး ငယ်တစ်ဦးကို လေးရက်ကြာ အခန်း ပိတ်လှောင်ကာ ထိုင်းဘတ်ငွေ ၁၂,၀၀၀ဖြင့် ရွေးယူရန် တောင်းခံမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဧပြီ ၂၀ရက်တွင် ရခိုင်ပြည် နယ် ပုဏ္ဏားကျွန်းမြို့နယ် ကန် တော့ခံရွာမှ ရခိုင်အမျိုးသမီးတစ် ဦးနှင့် အမျိုးသားသုံးဦးတို့အား လုပ်ခလစာကောင်းရရှိမည်ဟု ဆိုကာ ရခိုင်ပွဲစားအမျိုးသမီးက ထိုင်းနိုင်ငံသို့ ခေါ်ဆောင်လာခဲ့ပြီး မြန်မာပွဲစားအမျိုးသမီးတစ်ဦးနှင့် ပူးပေါင်းကာ အမျိုးသားသုံးဦးကိုထိုင်းငါးဖမ်းလှေသို့ ရောင်းချခဲ့သည်။

ထို့နောက် အသက်(၂၀)အ ရွယ် ရခိုင်အမျိုးသမီးတစ်ဦးကိုလေးရက်ကြာအခန်းပိတ်လှောင် ထားပြီး ၎င်း၏အစ်ကိုဖြစ်သူအား ထိုင်းဘတ်ငွေ ၁၂,၀၀၀ဖြင့် ရွေး ယူရန်၊ မရွေးယူပါက ပြည့်တန် ဆာအဖြစ်ရောင်းချမည်ဟု ခြိမ်း ခြောက်ခဲ့သည်။

ထို့နောက်အမျိုးသမီးငယ်၏ အစ်ကိုအား ထိုင်းဘတ်ငွေရှစ်ထောင်အား လွှဲပို့ပေးရန်နှင့် ကျန်ဘတ်ငွေလေးထောင်အား ရခိုင်ပွဲစားတစ်ဦး၏ ဘဏ်စာအုပ်တွင် ထည့်သွင်းပေးရန် မြန်မာပွဲစားအမျိုးသမီးက တောင်းခံခဲ့သည်။ ထိုသို့ တောင်းခံသောကြောင့် အမျိုးသမီးငယ်၏အစ်ကိုသည် ထိုင်းဘတ်ငွေ ရှစ်ထောင်ကို တောင်းခံသည့် မြန်မာပွဲစားအမျိုးသမီးထံ လွှဲပို့ခဲ့၍ လေးရက်ကြာပိတ် လှောင်ခံထားရသည့် အမျိုးသမီးငယ်အား ဘန်ကောက်မြို့ ဖလန်းဆောင်နယ်မြေ စင်ထရယ်ကုန်တိုက်အနီးသို့ အငှားယာဉ်ဖြင့် ပို့ဆောင်ပေးလိုက်ကြောင်း ထိုအမျိုးသမီးငယ်လွတ်ရေး ၀ိုင်းဝန်းကူညီခဲ့သော ထိုင်းရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT အမှုဆောင် ဒါရိုက်တာဦးကျော်သောင်းကပြောသည်။

‘‘ရခိုင်ပွဲစားနဲ့ ဗမာပွဲစားမနဲ့ ပေါင်းပြီး လူရောင်းစားကြတာ ဖြစ်မယ်။ အရပ်လေးမျက်နှာကို တောင်မသိတတ်ကြတဲ့ လူတွေ ဖြစ်တယ်။ ထိုင်းပုလိပ်တွေက မ ကြာမကြာပြောတာတော့ ၂၀၁၅ ခုနှစ်မှာ ထိုင်းနိုင်ငံမှာ မြန်မာပွဲစား တွေလုံးဝမရှိစေရတော့ဘူး။ အခု ကတည်းက စတင်ပြီးနှိမ်နင်းနေ ပြီလို့ပြောပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်ထိ လူကုန်ကူးခံရတာတွေက ရှိနေတုန်းပါပဲ’’ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့MAT အမှုဆောင် ဒါရိုက်တာဦးကျော်သောင်းက ပြောသည်။ 

အဆိုပါ ရခိုင်အမျိုးသမီးအားထိုင်းနိုင်ငံရှိ ၎င်း၏အစ်ကိုဖြစ်သူ ထံပို့ဆောင်ပေးခဲ့ပြီး ပိတ်လှောင် ခံထားရသည့်နေရာကို ၎င်းအမျိုးသမီးက မမှတ်မိတော့သဖြင့် လူကုန်ကူးခဲ့သောမြန်မာပွဲစား အမျိုးသမီးနှစ်ဦးအားဖမ်းဆီးအရေးယူနိုင်ခြင်းမရှိကြောင်း ဦးကျော်သောင်းကပြောသည်။

Author: ငြိမ်းချမ်း

7Day Daily

ငွေညှစ်ခံရသည့် အမျိုးသမီးငယ်နှင့် အစ်ကိုဖြစ်သူတို့ကို မီဒီယာများ မေးမြန်းနေစဉ် (ဓာတ်ပုံ - ရွှေလုပ်သား)

“ကာမေသုမိစ္ဆာစာရကံရဲ့ ဆိုးကျိုးများ”

“ကာမေသုမိစ္ဆာစာရကံရဲ့ ဆိုးကျိုးများ”
••••••••••••••••••••••••••••••••••
ရှေးတုန်းက “ဧရကစ္ဆမြို့” မှာ ရွှေပန်းတိမ်သည် သူဌေးသားလူငယ်တစ်ယောက် ရှိခဲ့တယ်။
ဥစ္စာပေါ ရုပ်ချောဆိုတာ လူတကာငေးရတာပေါ့။ ငွေရှိတော့ ထင်တိုင်းကြဲ ပျိုပျိုအိုအို သူနဲ့ ကင်းလွတ်သူ
မရှိသလောက်ပါပဲ။ ဒီလိုပျော်ပါးရင်းနဲ့ပဲ ဘ၀ကုန်ဆုံးတော့ “ငရဲ”ကျရောက်ပါတယ်။

“ငရဲ”က လွတ်ပြန်တော့ မျောက်ဘ၀၊ ဆိတ်ဘ၀၊ နွားဘ၀တွေမှာ ဖြစ်တယ်။ဖြစ်တိုင်းပဲ သင်းကွပ်ခြင်းကို
ခံရပါတယ်။ နွားဘ၀မှာ မျက်စိကန်းလို့ မကျန်းမမာဖြစ်နေတာတောင် ထွန်ဆွဲရ၊ လှည်းရုန်းရနဲ့
မပြတ်လုပ်နေရတယ်။

နောက်ဘ၀ကျတော့ “ကျွန်အမျိုးသမီး”တစ်ဦးရဲ့ သားဖြစ်တယ်။ သားဆိုပေမယ့် ယောက်ျားမဟုတ်၊ မိန်းမဟုတ်တဲ့ “နပုံးပဏ္ဍုပ်”ပါ။ အသက်သုံးဆယ်မှာ သေဆုံးလို့ ဆင်းရဲသားလှည်းကူလီရဲ့
သမီးထပ်ဖြစ်ပြန်ရော။ အကြွေးမပေးနိုင်လို့ ၊လှည်းကုန်သည်က လှည်းကူလီရဲ့ သမီးကို အကြွေးနဲ့သိမ်းလိုက်ပါတယ်။ 

၁၆ နှစ်အရွယ်မှာ မယားရှိတဲ့ “လှည်းကုန်သည်သား”က ချစ်လှပါတယ်ဆိုပြီး “မယားငယ်”အဖြစ်နဲ့ သိမ်းပိုက်ခံရတယ်။ကျေနပ်အောင် ပြုစုသော်လည်းပဲ “မေတ္တာစစ်”ကို မရခဲ့ပါဘူး။
အဲဘ၀ကနေ သေဆုံးတော့ ဂေါတမဘုရားရှင်လက်ထက်မှာ“ဥဇ္ဇေနီပြည် သူဌေး”တစ်ဦးရဲ့ “သမီး” ဖြစ်ပါတယ်။ 

အရွယ်ရောက်တော့ သာကေတသူဌေးသား တစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်။ လိမ်လိမ်မာမာနေကာ
မယားဝတ်ကျေအောင် ပြုစုပါသော်လည်း နောက်တော့ လင်ရဲ့ စွန့်ပစ်ခြင်း ကို ခံရပြန်ပါတယ်။
နောက်တစ်ယောက်နဲ့ ထပ်ပြု၊ ပြန်ကွဲ။ ဒီလိုနဲ့ “အိမ်ထောင်သုံးဆက်”ရှိတာ သုံးဆက်လုံး
“လင်စွန့်ပစ်တာ” ကို ခံရတယ်။ အပြစ်များလှပါပေတယ်။ 

ရွှေပန်းထိမ်သည်ဘ၀နဲ့ ငွေကို ရေလိုသုံးခဲ့သမျှ ခံရတာမသက်သာပါလား။
နောက်ဆုံးမှာတော့ “ဇိနဒတ္တာထေရီမ” နဲ့ တွေ့လို့ တရားနာရတယ်။ဘိက္ခုနီမ၀တ်တရားအားထုတ်လိုက်တာ “ရဟန္တာမ” ဖြစ်သွား ပါတော့တယ်။
ဒီတော့မှ “ကာမေသုမိစ္ဆာစာရကံရဲ့ ၀ဋ်ကြွေး”မှ
လွတ်မြောက်သွားပါတော့တယ်။

သူများသားမယားဖောက်ပြားတဲ့ကံဟာ ဆိုးကျိုးများပြားလှပါတယ်။  ဒါကြောင့်ပဲ ရှေးဆရာတော်များက လူအများတို့ ကာမေသု မိစ္ဆာစာရအပြစ်များကို အလွယ်တကူသိရှိကြပြီး ရှောင်ကြဉ်နိုင်ကြရန်အတွက် ခုလို
ကဗျာစပ်ခဲ့ပါတယ်။

“သူ့လင်သူမယား၊ မရှောင်ရှားဘဲ၊ ပြစ်မှားလေမှု၊ ထိုသည့်သူအား၊ ရန်သူပေါများ၊ ချစ်သူရှား၏။
ယောကျားမပီ၊ မ,မပီပဲ၊ မကြည်အိနြေ္ဒ၊ ကျက်သရေမရှိ၊ ဟိရိမကပ်၊ သြတ္တပ်ကင်းကွာ၊
အင်္ဂါချိုတဲ့၊ ရှိန်ဇော်မဲ့၍၊ ချို့တဲ့ဥစ္စာ၊ ဆင်းရဲရှာ၏။ ကွဲကွာချစ်သူ၊ သောကဆူလျက်၊ စိတ်ပူပြင်းပြ၊
စိုးကြောင့်ကြနှင့်၊ လားရဒုဂ္ဂတိ၊ ဆင်းရဲဖိသည်။ 
ရ၏ဆိုးကျိုးများစွာတည်း။”အရမ်းကြောက်စရာကောင်းလှပါတယ်။ 

စာချစ်ပရိသတ်များလည်း ဒီလို “၀ဋ်” မျိုးမခံရအောင် “ကာမေသုမိစ္ဆာစာရကံ” ကို ရှောင်ကျဉ်ပြီး
အချစ်စစ်ကိုရှာ ဘ၀လက်တွဲဖော်နဲ့သာ
လှပတဲ့ဘ၀တစ်ခုတည်ဆောက်ဖို့ တိုက်တွန်းပါတယ်။
 
【ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ】
 
လူမှုဖူလုံရေး အလှမ်းဝေးနေဆဲပဲလား

Photo: လူမှုဖူလုံရေး အလှမ်းဝေးနေဆဲပဲလား

နှစ်ပေါင်း များစွာ ထည့်ဝင်ကြေးပေး သွင်း လာရသည့် လူမှုဖူလုံရေး အာမခံ စနစ် ယခုလမှ စတင်၍ ဥပဒေသစ်ဖြင့် အကျိုး ခံစားခွင့် များစွာ ရရှိမည် ဟူသော မျှော်လင့် ချက်ကြောင့် လုပ်ငန်းခွင် အ တွင်း ထိခိုက်ဒဏ်ရာ ရရှိမှုဖြင့် အလုပ်မ လုပ်နိုင်ဘဲ နားနေရသည့် မအိသဉ္ဇာ အ ဖို့ မျှော်လင့်ချက်တွေကများစွာ …

ယခုပြောင်းလဲ လိုက်ပြီဟု ဆိုသော လူမှုဖူလုံရေး အာမခံ စနစ်သစ်တစ်ခု၏ ထည့်ဝင်ကြေး ပေးသွင်းနေရသော အ လုပ်သမားများ ကြားမှ လွန်ခဲ့သည့် သုံး လတွင် ကားတိုက် ခံရသော မအိသဉ္ဇာ မှာ ဆေးကုသ စရိတ်နှင့် ပတ်သက်၍ ပြန်လည် တောင်းခံခွင့် ရှိခြင်းကို မသိရှိ ခဲ့သဖြင့် သိသူများက ပြော၍ ထုတ်၍ ရကြောင်း ကြား သိရသည့် အခါ စာရွက် စာတမ်း အပြည့်အစုံဖြင့် တောင်းခံခဲ့ သော်လည်း သတ်မှတ် ထားသည့် စည်း ကမ်းများ အရ နှစ်လ အတွင်း ပြန်လည် ထုတ်ယူခွင့် ရှိသည့် အတွက် မအိသဉ္ဇာ မှာ နှစ်လကျော်လွန် သွားပြီဖြစ်၍ ဆေး ကုသစရိတ် များအား ပြန်လည် တောင်း ခံခွင့် မရခဲ့ပေ။

သို့သော်လည်း ၄င်း ထိခိုက်မှု ကြောင့် အလုပ်ခွင်မှ နားနေရသည့် အတွက် ခွင့် ခံစားခွင့်အား လူမှုဖူလုံရေးမှ ပေးမည်ဟု ဆိုသောကြောင့် အဆိုပါ ခံစားခွင့် ကို စောင့်စား လျက် ရှိသည်ကို မအိသဉ္ဇာက ”သူတို့ဆီ စာ တင်တော့ သင်္ကြန်တွင်း ပိတ်ရက်ကြီး ဖြစ်နေတယ် ပြောတယ်။ ရုံးဖွင့် ရက်ရောက်ရင် တွက် ချက်ပေးမယ် ပြောတယ်။ ဘာ ပဲဖြစ် ဖြစ် စက်ရုံက မပေးတော့ သူတို့ပေးမယ် ဆိုတော့ ရသလောက်တော့ လိုချင် တယ်” ဟု ၄င်းက ပြောသည်။

လူမှုဖူလုံရေး အာမခံ စနစ်ကို ၁၉၅၄ ခုနှစ်မှစတင်ကာ ချင်းပြည်နယ် မှအပ ပြည်နယ်နှင့် တိုင်း ၁၃ ခု၌ မြို့ နယ်ပေါင်း ၁၁ဝ မြို့နယ် တွင် အကောင် အထည်ဖော်ဆောင် ရွက် ခဲ့ပြီး အာမခံ ထည့်ဝင် ထားသော လုပ်သားများ၏ ကျန်းမာရေး ကို အဓိက စောင့်ရှောက်မှု ပေးသော အာမခံ စနစ် တစ်ခုဖြစ်သည်။ ထို့အပြင် ၁၉၅၄ ခုနှစ် လူမှု ဖူလုံရေး ဥပဒေ အရ အကျိုး ခံစားခွင့်မှာ အထွေ ထွေအရပ်ရပ် အာမခံ စနစ်နှင့် အလုပ် တွင် ထိခိုက်မှု အာမခံ စနစ် ဟူ၍ခံစား ခွင့် နှစ်မျိုးသာ ရရှိခဲ့ပြီး လုပ်သားများ အနေဖြင့် လည်း အကျိုးခံစားခွင့် များကို တိကျသေချာစွာ နားလည်ခြင်း မရှိခဲ့ သည့် ကာလ တစ်ရပ်ဖြစ်ခဲ့သည်။

ယခုအချိန် တွင် လူမှုဖူလုံရေး အာမခံ စနစ်ကို တွင်ကျယ်စွာ သိရှိစေရန် နှင့် ထည့်ဝင်ကြေး ပေးသွင်းသည့် လုပ် သားများ များလာစေရန် အတွက် ၂ဝ၁၂ ခုနှစ် သြဂုတ်လ ၃၁ ရက် တွင် ၂ဝ၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေသစ် ဟူ၍ အ ကျိုးခံစားခွင့် များကိုပါ တိုးမြှင့်ခဲ့ပြီး ယခု အချိန်တွင် စတင် ကျင့်သုံးနေပြီ ဖြစ်သည်။

လူမှုဖူလုံရေး ထည့်ဝင်ကြေးကို အလုပ် စဝင်သည့် အချိန်မှစ၍ ၁ဝ နှစ် ကြာ ပေးသွင်းခဲ့ပြီး ၄င်း၏ အကျိုးခံစား ခွင့်နှင့် ပတ်သက်၍ မသိရှိခဲ့သော ဗ၁ အထည်ချုပ်စက်ရုံမှ မသက်မာဝင်း က ”နေမကောင်းဖြစ်လည်း စက်ရုံကနေ ပိုက်ဆံ အဖြတ်ခံပြီး နားခဲ့တာပဲ။ ဒီလို လူမှုဖူလုံရေးကြေးတွေ ကလည်း သိကို မသိတာလေ။ ဖြတ်တာ ဖြတ်တာပဲ ထည့်တာ ထည့်တာပဲ သိကို မသိတာ”ဟု သူမက အလုပ် စဝင်ကတည်းက ဖြတ်တောက် ခံခဲ့ရသော ထည့်ဝင်ကြေး များမှာ နာမကျန်း ဖြစ်လျှင် ပြန်လည် အသုံးချ ခွင့် ရရှိမည့် အခွင့်အရေး များ ဟူ၍ မသိရှိ ခဲ့ပုံကို ပြောသည်။

လူမှုဖူလုံရေး အာမခံ စနစ်ဆို သည်နှင့် ပတ်သက်ရ ကောင်းမှန်း မသိ သည့် သူတို့အဖို့ လွန်ခဲ့သည့် နှစ်နှစ် ခန့်ကမှ ပြုပြင်ပြောင်းလဲ လိုက်သော လူမှုဖူလုံရေး ဥပဒေ သစ်မှာ ယခင်ကကဲ့ သို့ပင် သူတိုနှင့် ရင်းနှီး ကျွမ်းဝင်မှု ရှိ နိုင်ပါ့မလားဟု စောင့်ကြည့်နေ သူများ မှာ အဖွဲ့ဝင် ထားသော လူ ၇ သိန်းဝန်း ကျင်ခန့် ရှိသည်။ ထိုထဲတွင် စက်ရုံ များ တွင် အလုပ်လုပ်ရသော အခြေခံလုပ် သားများ အဖို့ ရရှိသောလစာမှာ ဖြတ် တောက်ခံ လိုက်ရသည့် နှစ်နှင့် ချီကာပေး သွင်းခဲ့ရသော ငွေကြေး အပေါ် ပြန် လည် ခံစားခွင့်ကို မျှော်လင့်မိ ကြည့်ကြ သည် မှတစ်ပါး မရှိသေးပေ။

”လူမှုဖူလုံရေး အကြောင်း အစက နားကို မလည်တာ၊ စက်ရုံကလည်း ကိုယ် တွေခေါင်းထဲ မှတ်ရအောင် ပြောပြတာ မျိုး မရှိခဲ့ဘူး။ ထည့်ဝင်ကြေး ကလည်း တစ်လကို နည်းနည်းဆီ ဖြတ်တော့ မသိသာဘူးလေ။ ခုလည်း ခံစားခွင့်တွေ လည်း သိလာပြီဆိုတော့ ဘာပဲဖြစ်ဖြစ် ကြီးကြီးမားမား ထိခိုက်တာမျိုး ဆိုရင် တော့ ပြန်ရ ချင်တယ်” ဟု အေဝမ်း အထည်ချုပ် စက်ရုံတွင် အလုပ်လုပ် ကိုင် လျက်ရှိသော မသက်မာဝင်းက ၄င်း၏အမြင်ကို ထောက်ပြပြောသည်။

လူမှု ဖူလုံရေး အာမခံစနစ်သစ် တွင် ထည့်ဝင်ကြေးပေးသွင်း ထားသော လုပ်သားများ အတွက် ထပ်မံဖြည့်စွက် ပေးထားသော အကြောင်းအရာ များမှာ (က) ကျန်း မာရေးနှင့် လူမှုဖူလုံရေး စောင့် ရှောက်မှု အာမခံစနစ်၊ (ခ) မိသားစု ထောက်ပံ့မှု အာမခံစနစ်၊ (ဂ) အလုပ် လုပ်ကိုင်နိုင်စွမ်း မရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့် မရှိမှု အကျိုး ခံစားခွင့်၊ သက် ပြည့်အငြိမ်းစား၊ အကျိုး ခံစားခွင့်နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့် အာမခံ စနစ်၊ (ဃ) အလုပ်လက်မဲ့ အကျိုးခံစား ခွင့် အာမခံ စနစ်၊ (င) အခြား လူမှု ဖူလုံ ရေးစနစ် (အိမ်ရာစီမံကိန်း)၊ (စ) အလုပ် တွင် ထိခိုက်မှု အကျိုး 
ခံစားခွင့် အာမခံစနစ်ဟူ၍ ဥပဒေသစ်တွင် အကျိုးခံစား ခွင့်ခြောက်မျိုး ပါဝင်ရေးဆွဲ ပေးခဲ့သည်။

အဆိုပါ ခံစားခွင့် များကို နိုင်ငံ တော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ အရ အဆင့်ဆင့် အကောင်အ ထည်ဖော် သွားမည် ဟု ဖေဖော်ဝါရီ လ အတွင်းပြုလုပ် ခဲ့သော လူမှု ဖူလုံရေး ဥပဒေသစ် 
စတင် ကျင့်သုံးနိုင်ရေး အသိ ပညာပေးဟောပြောပွဲ တွင် ဒုတိယဝန် ကြီး ဒေါ်ဝင်းမော်ထွန်းက ပြောကြား ခဲ့သည်။

သို့သော် အဖွဲ့ဝင် လုပ်သားများမှာ နှစ်ပေါင်းများစွာ ထည့်ဝင်ကြေးပေးသွင်း ခဲ့ရသော်လည်း အကျိုး ခံစားခွင့်နှင့်ပတ် သက်၍ တစ်စုံတစ်ရာမှ မခံစားခဲ့ ရသည့် အပြင် အဆိုပါ ဖူလုံရေး အာမခံ စနစ်၏ အဓိကကျသော အဖွဲ့ဝင် လုပ်သားများ ၏ ကျန်းမာရေး စောင့်ရှောက်မှု ပေး ခြင်းမှာလည်း အားနည်း ချက် များစွာ ရှိနေသည့် အပေါ် ကို အလုပ် သမား ခေါင်းဆောင် တစ်ဦးက ”သူတို့ဆီ သွားရတာ ဝေးလည်း ဝေးတယ်။ နောက်ပြီး အချိန်နဲ့ စက်ရုံက ကိုယ်တွေက ဂိတ် ပတ်တောင်းပြီး သွားရတာ ဟိုရောက် တော့ သူတို့က ဆရာ မလာသေးလို့ စောင့်ရတာနဲ့ အချက် အလက်တွေ မစုံ လို့ စကားပြော ရတာ နဲ့ စိတ်မရှည်ဘူး”ဟု သူနှင့် စက်ရုံမှ သူ၏ လက်အောက်ရှိ အလုပ် သမားများ လူမှုဖူလုံရေး စခန်းသို့ သွားပြတိုင်း တွေ့ကြုံ ရသော အခက် အခဲ များကို ပြောပြသည်။

လူမှု ဖူလုံရေး မှ မြန်မာတစ်နိုင်ငံ လုံးတွင် ကျန်းမာရေး စောင့်ရှောက်မှု ပေး လျက်ရှိသော အလုပ်သမား ဆေးရုံ ကြီးသုံးရုံနှင့် ဆေးခန်းပေါင်း ၉၂ ခန်းရှိ သည်။ သို့သော် ဆေးခန်း ၇၂ ခန်းတွင် သာ ဆရာဝန် ရှိပြီး ကျန်ဆေး ခန်းများ တွင် ဆရာဝန် ငှားရမ်းရန် အခက်အခဲ များကြောင့် ဆေး ကု သမှု ပေးရန် ဆရာ ဝန်မရှိကြောင်း လူမှု ဖူလုံရေး အဖွဲ့ မှ ညွှန်ကြားရေးမှူးချုပ် ဦးယုလွင်အောင် က ပြောသည်။

ကျန်းမာရေး စောင့်ရှောက်မှု တစ်ခုထဲ အတွက်တောင် အာမခံချက်မရသည့် လူမှုဖူလုံရေး အပေါ်တွင် ယုံကြည် ချက်များ ကလည်း လျော့နည်းလျက် ရှိ ပြီး ထည့် ဝင်ကြေး ပေးသွင်းသည် ဆို သော်လည်း နာမကျန်း ဖြစ်ပါက နီး စပ်ရာ ဆေးခန်းများသို့ သာသွားရောက် ၍ ဆေးကုသမှု ခံသည်ဟု မသက်မာ ဝင်းက ”အပြင်မှာကျ ပိုက်ဆံ နည်းနည်း ပိုကုန်တယ်။ စိတ်မတိုရဘူး။ သူတို့ဆီ သွားရင် ဟိုဟာရစ် ဒီဟာရစ်နဲ့”ဟု အမြဲတစေ ကြုံတွေ့နေရသော ဖြစ်စဉ် တစ်ခုကို စိတ်ပျက် စွာဖြင့် ပြော သည်။

ထည့်ဝင်ကြေး ပေးသွင်းထား သော အဖွဲ့ဝင် ၇ သိန်း ဝန်းကျင်ခန့်မှာ ယခင်က လူမှု ဖူလုံရေးကြေး ပေးသွင်း ရခြင်း အပေါ် သိရှိ နားလည်ခြင်း မရှိ သည့် အတွက် ခံစား ခွင့်များ ကိုလိုလား ခြင်း မရှိသော်လည်း ယခုအချိန် တွင် အဆိုပါ စနစ်၏ ခံစားခွင့်များနှင့် အသုံးချခွင့် များကို သိရှိသွားသည့် အတွက် ယခင်ကထက် ပို၍ ပြောင်းလဲ လိုက် သော စနစ်နှင့်အညီ ရပိုင်ခွင့် များကို လည်း အဆင်ပြေစွာနှင့် အချိန် ကြန့်ကြာ မှုမရှိဘဲ ရရှိရန် လိုလားလျက် ရှိကြသည်။

၁၉၅၄ ခုနှစ် လူမှု ဖူလုံရေး အာမခံ စနစ်တွင် ပါဝင်သော ကျန်း မာရေး စောင့်ရှောက်မှု အရ ဆီးချိုနှင့် သွေးချို ရောဂါ ခံစားနေ ရသည် မှာ ၄ နှစ်ခန့် ရှိ ပြီ ဖြစ်သော ဒေါ်မာဂရက်ခင်ခင် က ”သူ တို့ဆီက ဆေးမရ ရင် အပြင်ကဝယ် သောက်ရတယ်။ ဆေး စရိတ်တွေ ပြန် ထုတ်လို့ ရတယ် ဆိုပေမယ့် ပြန်မတောင်း ဖြစ်ဘူး။ မိတ္တူ ကူးရတာ နဲ့ အဆင့်ဆင့် တင်ရတာ နဲ့ ကိုယ်က အသက်လည်း ကြီးပြီဆိုတော့ လိုက် မလုပ်နိုင်တော့ ဘူး”ဟု သမဝါယမတွင် အလုပ်လုပ် ခဲ့ပြီး ပင်စင် စားဖြင့် အနား ယူပြီဖြစ်သော ဒေါ်မာဂရက်ခင်ခင် မှ ဆေးကုသ စရိတ် များ တောင်း ခံရာတွင် အဆင့်ဆင့် တင် ပြရခြင်းမျိုး မဟုတ်ဘဲ အဆင်ပြေစေမည့် နည်းလမ်းဖြင့် ပြန်လည် ထုတ်ပေး ပါက ပို၍ အဆင်ပြေနိုင်သည်ဟု ၄င်း ၏ ထင်မြင်ချက်နှင့် ကြုံတွေ့နေရသော အခက်အခဲများကို ပြောသည်။

လူမှုဖူလုံရေး အာမခံစနစ်မှ ပြောင်း လဲလာသော အကျိုး ခံစားခွင့်များနှင့် အညီ လုပ်ထုံး လုပ်နည်းများ ကိုလည်း အချိန် တိုတိုအတွင်း ပြီးစီးအောင် ဆောင် ရွက်ပေးနိုင် မှသာ ၄င်းတို့ အာမခံစနစ် ၏ ရည်ရွယ်ချက်ဖြစ်သော လုပ်သားများ ကျန်းမာရေး စောင့်ရှောက်မှုနှင့် 
အကျိုး ခံစားခွင့် များကို အမှန်တကယ်ရရှိမည် ဖြစ်သည် ဟု အဖွဲ့ ဝင် လုပ်သားများမှ ဝေဖန်ပြောဆိုကြသည်။

လူမူ ဖူလုံရေးမှ ပြောင်းလဲလိုက် သည့် ဥပဒေသစ်တွင် လုပ်သား များ၏ ကျန်းမာရေး အတွက် ဖူလုံရေး ဆေးရုံ ဆေးခန်းများနှင့် ဝေးကွာသည့် နေရာ များတွင် ပုဂ္ဂလိ ကဆေးရုံ ဆေးခန်း များ သို့ သွားရောက် ကုသနိုင်ရန် အတွက် စာချုပ်ချုပ် ဆို၍ ဆေးကုသနိုင်မည့် အစီအစဉ်အား အကောင် အထည်ဖော် လျက် ရှိသော်လည်း လက်ရှိ အချိန်တွင် ဆေးကုသ စရိတ်စံနှုန်းများ ညှိနှိုင်းမှုမရ ရှိသေးသည့် အတွက် ယင်းအစီအစဉ်မှာ အကောင်အထည် ဖော်နိုင်မည်မဟုတ် သေးပေ။

လူမှုဖူလုံရေး အဖွဲ့ဝင် အလုပ်သ မားများ၏ ရပိုင်ခွင့်များကို အတိအကျ ပေးနိုင်ရန် လူမှုဖူလုံရေး ကတ်များကို စက္ကူကတ် အစား စမတ်ကတ် စနစ်သို့ စတင် ကျင့် သုံးနေပြီ ဖြစ်ပြီး အဖွဲ့ဝင် ၇ သိန်း ဝန်းကျင်ခန့် လုပ်သား အားလုံး၏ လက်ထဲသို့ အဆိုပါ ကတ်ရောက်ပါက ယင်းစနစ် ကို စတင် ကျင့်သုံးမည် ဖြစ် သည်။

”ကတ်တွေကတော့ လက်ထဲ ရောက်နေပြီ။ အသုံးက ဘယ်လိုတည့် မလဲ ဆိုတာတော့ မပြောတတ်ဘူး”ဟု မသက်မာဝင်းက ပြောသည်။

လူမှုဖူလုံရေးမှ ကျန်းမာရေး စောင့်ရှောက် ခွင့်ပေးသော်လည်း လို အပ်ချက် များစွာမှာ လုပ်သားများ အ ပေါ် မူတည်၍ လိုအပ်သည် များ ကျန် ရှိနေသေးသည်။ အဆိုပါ အကြောင်း အရာကို မသက်မာဝင်းက ”ဆေးခန်း တွေကို သွားရတာ ဝေးလို့ ရွှေ့လို့ရရင် ပဲဖြစ်ဖြစ် ထပ်တိုး ဆောက်ပေးဖို့ပဲဖြစ် ဖြစ် ပြောကြည့်တယ်။ သူတို့ဘက်က ဘာပြန်ပြောလဲ ဆိုတော့ ထပ်ဆောက် မယ်ဆို မြေရှိရမယ်။ ဘာလိုတယ်ညာ လိုတယ်နဲ့ သူတို့ အခက်အခဲပဲပြော တယ်။ သူတို့ပဲ လိုနေတာ။ ကိုယ်တွေက ဘာမှ မလိုဘူး ဆိုတော့ မတောင်းဆို ချင် တော့ဘူး” ဟု လူမှုဖူလုံရေး ဟောပြောပွဲ များတွင် တက်ရောက် ခဲ့စဉ်က ဖြစ်ပျက် ခဲ့သော အကြောင်းအရာ ကို ပြန်ပြောင်း ပြောသည်။

၂ဝ၁၂ ခုနှစ် သြဂုတ်လ ၃၁ တွင် ထုတ်ပြန်ပြီး ၂ဝ၁၄ ဧပြီ ၁ ရက်တွင် စတင် ကျင့်သုံးသည့် ၂ဝ၁၂ လူမှုဖူလုံ ရေး ဥပဒေသစ် ပါ အကျိုး ခံစားခွင့်များ နှင့် ကျန်းမာရေး စောင့်ရှောက်မှုကို ပိုမို ပေးဆောင် သွားမည်ဆိုသော ကတိက ဝတ်များမှာ ၁၉၅၄ ခုနှစ်တွင် ပြဋ္ဌာန်း ပြီး ၁၉၅၆ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင် အကောင် အ ထည်ဖော်ခဲ့သည့် အာမခံ စနစ် အတိုင်း အကျိုး ခံစားခွင့် များနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ မှာ ဆေးကုသ စရိတ် စိုက်ထုတ်လျှင် လည်း စာ အဆင့်ဆင့်၊ ဌာန အဆင့်ဆင့် နှင့် အချိန် လစ်ဟ၍ မထုတ်လိုက်ရ သော မထုတ်ဖြစ်လိုက်သော ငွေကြေး များနှင့် အခြေခံ လူတန်းစား အလုပ်သ မားများ အားထား ရပါမည် ဆိုသော ထည့်ဝင်ကြေး ပေးသွင်းထားသည့် အလုပ်သမားများ၏ ကျန်းမာရေး စောင့် ရှောက်မှု အတွက် ဖူလုံရေး ဆေးခန်းများ မှ ဆရာဝန်အား ထိုင်စောင့် ရခြင်းနှင့် သူနာပြု ဆရာမကြီး များ၏ အော်ဟစ် ဆူပူမှု များမှ ကင်းဝေးရခြင်း အမှန် တကယ် ဖြစ်လာပြီလား ဆိုသည်မှာက အလုပ်သမား များအတွက် စောင့်ကြည့်စရာ ကိစ္စ တစ်ခုပင်…။

ခိုင်နွယ်ဦး
popular

Popular

မြင်းခွာရွက်၏ ကျန်းမာရေး အသုံးဝင်ပုံများ

မြင်းခွာရွက်၏ ကျန်းမာရေး အသုံးဝင်ပုံများ

မြင်ခွားရွက်ဟာ သွေးဝမ်းသွားခြင်း ဆီးချုပ်ခြင်းနှင့် နာကျင်ကိုက်ခဲ့ခြင်း
စတာတွေ အပြင် ဆီ၌ သွေးပါခြင်းများကို ကောင်းမွန်စေပါတယ်။
မြင်းခွာရွက်ကို ဖျော်ရည်လုပ်ပြီး သောက်လိုက်ပါ။

မျက်စိနာခြင်း မျက်လုံးကြည့်မကောင်းခြင်း မျက်လုံးမှုန်ခြင်း စတာတွေ
အတွက်လည်း စားသုံးနိုင်ပါတယ်။ ထိခိုက် ရှနာ ရောင်ရမ်းခြင်း စတာတွေ
အတွက်တော့ အရွက်ကို ကြိတ်၍ ရလာတဲ့ အရည်များကို လိမ်းကြံပေးခြင်းက
သက်သာပျောက်ကင်း စေနိုင်ပါတယ်။

နောက်တစ်နည်းကတော့ အိပ်မရသူတွေ အတွက်ဖြစ်ပါတယ်။ အရွက်ကို
အခြောက်ခံ အမူန့်ကြိတ်ပြီး ပျားရည်နှင့် အချိုးတူ ရောစပ်ကာ သောက်ခြင်းဖြင့်
့နှစ်ချိုက်စွာ အိပ်ပျော်စေမှာပါ။ ညအိပ်ယာ ဝင်ခါနီးရင် သောက်ပေးလိုက်ပါ။

ကျော်လင်းနိုင်

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး တိုးတက်စေရန် တံတား ၇၁ စင်း အမြန်ဆုံးတည်ဆောက်မည်

Photo: မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး တိုးတက်စေရန်
တံတား ၇၁ စင်း အမြန်ဆုံးတည်ဆောက်မည်

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးမှုပိုမို အားကောင်းလာစေရန် နယ်စပ်ကုန် သွယ်ရေး လမ်းကြောင်းပေါ်ရှိ တံတား ၇၁ စင်းအား အမြန်ဆုံးတည်ဆောက် ပေးသွားရန် နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုးပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ ကောင်စစ်ဝန်ချုပ်fMr. Nagendran Nandaramar က ပြောကြား သည်။
ဧပြီ ၂၅ ရက် ညနေ ၄ နာရီခွဲက စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ခရိုင် အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ကလေးမြို့ ကုန်သည်လုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံစဉ် အိန္ဒိယကောင်စစ်ဝန်ချုပ်က ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ တွေ့ဆုံပွဲတွင် ကလေးမြို့ ကုန်သည် လုပ်ငန်းရှင်များအသင်းမှ ဦးညီညီထွန်းက ''အိန္ဒိယနိုင်ငံထုတ် လူသုံးကုန်ပစ္စည်းတွေ ဈေးနှုန်းချိုသာ စွာနဲ့ အဆင်ပြေပြေသုံးစွဲနိုင်ဖို့ဆိုရင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း တွေ အထူးကောင်းမွန်နေဖို့လိုအပ် ပါတယ်''ဟု တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံထုတ် လူသုံးကုန် ပစ္စည်းများအား မြန်မာနိုင်ငံမှ
ဈေးနှုန်းချိုသာစွာဖြင့် သုံးစွဲနိုင်ခြင်းမှာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ကောင်းမွန်သည့်အတွက်ကြောင့်ဖြစ်သည်ဟု ဦးညီညီထွန်းက ဆက်လက် ပြောပြသည်။
ထို့ကြောင့် အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ်က အိန္ဒိယ-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ၁၂ ရာသီ အဆင်ပြေစွာ ကုန်သွယ်သွားလာ နိုင်ရန်အတွက် မိုးရေး-တမူး-မုံရွာ-မန္တလေးကုန်သွယ်ရေးလမ်းကြောင်းနှင့် ကျန်ဖိုင်း-ရိဒ်-ကလေး ကုန်သွယ်ရေးလမ်းကြောင်းများအား အဆင့်မြှင့်တင် တိုးချဲ့သွားရန် သဘောတူညီခဲ့ပြီး ထိုလမ်းကြောင်းပေါ်ရှိ တံတား ၇၁ စင်းအား အမြန်ဆုံးတည်ဆောက်ပေးသွားမည်ဟု ပြောကြားသွားခဲ့ကြောင်း သိရသည်။
(တိုးတိုးဝင်း)

Myawady News

အမျိုးသားများ ပိုင်ဆိုင်ချင်သော ဘဝ လက်တွဲဖော်

အမျိုးသားများ ပိုင်ဆိုင်ချင်သော ဘဝ လက်တွဲဖော်

အမျိုးသားတွေက အပြင်ပန်း အလှကို ငြိတွယ်တတ် ကြတယ်လို့ သိထားကြပေမယ့် အမြင် ပေါ်မှာစွဲလန်းမိတာမှုက ခဏတာပါပဲ။ အဲဒါက အချစ်မဟုတ်သလို၊ တသက်လုံးလက်တွဲဖို့လည်း မဟုတ်ပါဘူး။ မိန်းကလေးတွေလိုပဲ၊ အမျိုးသားတွေမှာ မိန်းကလေးတစ်ယောက်ဆီမှာ လိုက်ရှာတဲ့ “စံ” ရယ်လို့ရှိပါတယ်။

1) ကလေးအရွယ်တုန်း က ဆိုတဲ့ “ရည်းစားလှလှသားမှာရှိတယ် အိမ်ကိုရောက်အောင် သားခေါ်ခဲ့မယ်” သီချင်းထဲက လို အမျိုးသားတိုင်းရွေးချယ်တဲ့ ချစ်သူတိုင်းဟာ လှနေတာမဟုတ်ပါဘူး။ လှတယ် မလှဘူး ဆိုတာ ထက် အတွင်းစိတ်သဘောထား ကို ပထမဦးစားပေးအနေနဲ့ ကြည့်ကြတာဖြစ်ပါတယ်။

2) အမျိုးသားတွေဟာ ကိုယ့်ကိုယ်ကို ပြင်ဆင်ခြယ်သလွန်းလွန်းတဲ့ မိန်းကလေးတွေထက် ကြည့်လိုက်ရင် ရိုးရှင်းပြီး အထာကျတဲ့ မိန်းကလေးတွေကို ပိုနှစ်သက်ကြပါတယ်တဲ့ ။

3) မိန်းကလေးက ဖွင့်ပြောလို့ (ဒီခေတ်ကြီးမှာ) တွဲဖြစ်ကြတဲ့ စုံတွဲတွေဟာ ခရီးသိပ်မရှည်ကြ ပါဘူး။ ယောက်ျာတွေဟာ ရှေးအစဉ်ကတည်းက အမဲလိုက်သူတွေပီပီ ကိုယ်က လိုက်ရတာကို သဘောတွေ့ကြပါတယ်။ လုံ့လစိုက်ပြီးမှ ရလာတဲ့ပစ္စည်: ကို ပိုတန်ဖိုးထားသလိုပဲ ကြိုးစားအားထုတ်ပြီးမှ ရခဲ့တဲ့ချစ်သူမျိုးကို တဘဝစာ ပိုင်ဆိုင်လိုကြပါတယ်။

4) ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ချင်တာကို အမြဲတမ်း ထုတ်ဖော် ပြောတဲ့သူမျိုးမဟုတ်ပဲ သူ့မျက်လုံးကိုကြည့်တာနဲ့၊ သူ့စိတ်ကို အလိုလို နားလည်ပေးနိုင်တဲ့ မိန်းကလေးမျိုးကို ဘေးမှာ ထာဝရထားချင်ကြတာဖြစ်ပါတယ်။

5) ပိန်ပိန် ဝ ဝ သူ့အတွက် ဘာမှ မဖြစ်ပေမယ့်၊သပ်သပ်ရပ်ရပ် ကြည့်ပျော်ရှုပျော်တော့ ဖြစ်နေရပါမယ်။ ယောက်ျားတိုင်းက ကိုယ့်ဇနီးရဲ့ အလှကို လူတွေရှေ့မှာ ကြွားချင်ကြတာချည်းပါပဲ။

6) တိတိကျကျနဲ့ ကိုယ့်တာဝန်ကိုယ်ယူတတ်တဲ့ မိန်းကလေးတွေကို အထင်ကြီးကြပေမယ့်၊ သူတို့ထက်ပိုပြီး စိတ်မာ တဲ့ မိန်းကလေးတွေ ကို လက်မတွဲချင်ကြပါဘူး။ အဲလိုပဲ သူတို့ထက် အရာရာမှာ စွမ်းဆောင်နိုင်တဲ့သူ ကို ဘဝလက်တွဲဖော်အဖြစ်ရွေးရမှာကို လက်တွန့်တတ်ကြပါတယ်။

7) အကောင်းဆုံးတော့ မဟုတ်ပေမယ့် ထမင်းဟင်း ချက်တတ်ရပါမယ်။ သူလိုအပ်တာ သူနဲ့ရလာတဲ့ ရင်သွေးလေးကို ပြုစုစောင့်ရှောက်နိုင်မယ့် မိခင် ပီသတဲ့ သူပါ။

8) သူ့ပြောပြတာတွေကို ဂရုတစိုက် နားထောင် နှစ်သိမ့်ပေးမယ့် လက်တွဲဖော်မျိုး လိုချင်ကြပါတယ်။၊ ဘေးစကားတွေကို နားထဲမထည့်ပဲ သူ့တစ်ယောက်တည်းကို ယုံကြည်အားကိုးပေးတဲ့ သူမျိုး ပေါ့။

9) သူ့ဘဝ မှာ ချစ်သူ အပြင် တန်ဖိုးထားဆုံးလူ က သူ့ မိခင် ဖြစ်ပါတယ်။ ဒါကြောင့် အမေ သဘောကျလောက်မယ့်၊ အဆင်ပြေလောက်မယ့် မိန်းကလေးကို ဦးစားပေးရွေးချယ် တတ်ကြပါတယ်။

ဒီ (၉) ချက်ထဲက အချက်တော်တော်များများနဲ့ ကိုက်နေ ရင်တော့၊ အပျိုကြီးဖြစ်မယ့် ရာခိုင်နှုန်း တော်တော်ကို နည်းသွားပါပြီ။ ကိုယ် မယူချင်ရင်တော့ တစ်မျိုးပေါ့နော်။

စာဖတ်သူအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

Myawady News

တာဝန် ယူတတ်သူတို့ရဲ့လေးစား အတုယူ ဖွယ်ရာ

တောင်ကိုရီးယား ဖယ်ရီသင်္ဘောနစ်မြုပ်နေစဉ်၊ ဓာတ်ပုံ- ရိုက်တာ

အွန်လိုင်း ပရိသတ်တွေ အားလုံးသိပြီးသားဖြစ်တဲ့ အလွန် ၀မ်းနည်းကြေကွဲဖွယ် တောင်ကိုရီးယားက ကူးတို့ သင်္ဘော မှောက်ပြီး ပင်လယ်ထဲ နစ်မြုပ် သွားတဲ့ သတင်းနောက်ဆက်တွဲတွေထဲမှာ အလွန်စိတ်ဝင်စား
လေးစား အတုယူဖွယ်တွေ ဆက်တိုက်ဖြစ်ပေါ် ခဲ့ပါတယ်။

မြန်မာနိုင်ငံအတွက် အထူးခြားဆုံး သတင်းဖြစ်မယ်ထင်တာကတော့ လူ အနည်းဆုံး ၃၀၀ ကျော် သေ ဆုံးတာ၊ ဒါမှ မဟုတ် ပျောက်ဆုံးတဲ့ သင်္ဘောမှောက်တဲ့ ကိစ္စ တောင်ကိုးရီးယားအစိုးရရဲ့ တုံ့ပြန်မှု ကို
တောင်ကိုရီးယား နိုင်ငံသား တွေ က အတော်မကျေမနပ်ဖြစ်နေတောတွေ ပေါ်ထွက်ခဲ့ပြီး ၀န်ကြီးချုပ် ဖြစ်တဲ့ မစ္စတာ ချန်ဟွန်ဝွန်း က မနေ့တုန်းက ရာထူးက နုတ်ထွက်တဲ့အကြောင်း နိုင်ငံပိုင် ရုပ်/သံက ပြော သွားပါတယ်။

“အစိုးရအဖွဲ့မှာ ကျနော် ဆက်ရှိနေသေးမယ်ဆိုရင် ကျနော့်ကြောင့် အစိုးရအဖွဲ့ဟာ ၀န်ထုပ်ဝန်ပိုး
ဖြစ်နေမယ်” လို့ သူက ရဲရဲ ရင့်ရင့် ပြောဆိုလိုက်ပါတယ်။

တဆက်တည်းမှာလည်း သမ္မတဆီကို သူက နုတ်ထွက်စာတင်လိုက်တယ်လို့ တောင်ကိုရီးယား သတင်းတွေ က ဖော် ပြကြပါတယ်။

ဧပြီလ ၁၆ ရက်နေ့က တောင်ကိုရီးယား ကျောင်းသားတွေနဲ့ ဆရာတွေ ရာနဲ့ချီတင်ဆောင်သွားတဲ့ တန်ချိန် ၇ ထောင် လောက်ရှိတဲ့ ကူးတို့ သင်္ဘောဟာ အပန်းဖြေစခန်းတွေနဲ့ နာမည်ကြီးပြီး အလွန်လှပတဲ့ ဂျီဂျူးကျွန်း ကို သွားနေခိုက် တိမ်းမှောက်ပြီး ၂ နာရီ အကြာ နစ်မြုပ်သွားလို့ သင်္ဘောပေါ် လူပေါင်း ၃၀၀ လောက် ပါ သွားခဲ့ရပါတယ်။

သင်္ဘောနစ်မြုပ်နေချိန်မှာလည်း ကမ်းခြေစောင့်တပ်ဖွဲ့တွေနဲ့ တောင်ကိုရီးယား ကယ်ဆယ်ရေးအဖွဲ့တွေက အားသွန်ခွန် စိုက် ကြိုးစားကယ်ဆယ်ခဲ့ကြပါတယ်။ အခုထိလည်း ကယ်ဆယ်ရေး လုပ်ငန်းတွေ မပြီးသေး ဘူး လို့ ပြောရမှာပါ။

ဒါကြောင့် တောင်ကိုရီးယား ၀န်ကြီးချုပ် ချန်ဟွန်ဝန်းဟာ ကျောင်းသားအများစု သေဆုံး ( ပျောက်ဆုံး) ခဲ့ရတဲ့အဖြစ် ဆိုး အပေါ် အတော်စိတ်မကောင်းဖြစ်စွာနဲ့ အခင်းဖြစ်ကတည်းက အကြီးအကဲတဦးအနေနဲ့ ရာထူးကနုတ်ထွက်ချင်ခဲ့ တဲ့အကြောင်းလည်း ပြောပြီး တဖက်က ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင် မှုတွေကိုလည်း ရာထူးက နုတ်ထွက် ခွင့် မရမီ လုပ်ဆောင်သွားချင်တယ်လို့လည်း ပြောပါတယ်။

တာဝန်ယူမှုရှိတတ်တဲ့ တောင်ကိုရီးယား ၀န်ကြီးချုပ်ရဲ့ လေးစားဖွယ်ရာပါ။ ( မြန်မာနိုင်ငံမှာ ဒါမျိုး အိပ်မက် ပင် မမက်နိုင်သေးပါ)

တောင်ကိုရီးယားသမ္မတကတော့ ကယ်ဆယ်ရေး ကိစ္စတွေ မပြီးသတ်သေးတဲ့အတွက် သူ့ရဲ့ နုတ်ထွက်စာ ကို လက်ခံခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

 ဧပြီလ ၁၈ ရက်နေ့က သစ်ပင်တပင်မှာ သင်္ဘောပေါ် ကျောင်းသားတွေနဲ့ အတူ ပါသွားခဲ့ပြီး ကယ်ဆယ်ခံ ခဲ့ရတဲ့ ဒုတိယကျောင်းအုပ်ကြီးရဲ သူ့ကိုယ်သူ ခါးပတ်နဲ့ ဇွဲကြိုးချ သတ်သေထားတဲ့ အလောင်း ကို ရဲတွေ က တွေ့ခဲ့ရပါတယ်တဲ့။

တိမ်းမှောက်နစ်မြုပ်သွားတဲ့ သင်္ဘောပေါ် စီးနင်းလိုက်ပါသွားကြတဲ့ ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမတွေနဲ့ အတူ မိမိကိုယ် သေကြောင်း ကြံသွားတဲ့ ဒုတိယ ကျောင်းအုပ်ကြီး မစ္စတာ ခန်မင်ဂျူ လည်း အပါအ၀င်ပါဘဲ။

တကယ်တော့ သူဟာ သင်္ဘော နစ်မြုပ်နေစဉ်မှာ အခြား ကျောင်းသား၊ ကျောင်းသူတွေနဲ့ အတူ ပိတ် မိနေ ခဲ့ချိန် ကယ်ဆယ်ရေး အဖွဲ့တွေက သူနဲ့ အခြား ကျောင်းသား ၇၅ ဦးကို ကယ်ဆယ်နိုင်ခဲ့လို့ အသက်ရှင် ခဲ့ သူ လည်းဖြစ်ပါတယ်။

 သူဟာ မသေဆုံးခင်က သင်္ဘောနစ်မြုပ်ချိန်က အခြေအနေတွေနဲ့ပတ်သက်ပြီး သူ့မိတ်ဆွေတွေကို သတင်း ပို့ပေးခဲ့ပါသေးတယ်လို့ သတင်းတွေမှာ ဆိုပါတယ်။

ဒါပေမယ့် သူဟာ ကယ်ဆယ်ခံခဲ့ရလို့ အသက်ရှင်ခွင့် ရခဲ့ပေမယ့် အခုလို သူ့ကိုယ်သူ အဆုံး စီရင်သွား တာကတော့ သူ့ ကျောင်း သားတွေသေဆုံးသွားရတာအပေါ် အလွန်ဝမ်းနည်းလို့ဖြစ်ပါတယ်တဲ့။

သင်္ဘောပေါ် ပါသွားပြီး သေဆုံး ( ပျောက်ဆုံး) သွားရတဲ့ သူ့ကျောင်းသားတွေအတွက် အတော်ကြေကွဲ ခံစားရတဲ့ အကြောင်း ရေးသား ထားတဲ့ စာကိုလည်း သူ့ရဲ့ ပိုက်ဆံအိတ်ထဲက မှတ်တမ်းတခု မှာ ရေး ထားခဲ့တာကို ရဲတွေက တွေ့ခဲ့ရတယ်။

ဒီအပြင် ကျောင်းသား ကျောင်းသူတွေနဲ့ သင်္ဘောဝန်ထမ်းတွေထဲက ခေါင်းဆောင် စိတ်ဓာတ်ရှိသူတွေ ကလည်း ကျောင်းသားငယ်တွေကို အသက်ကယ် အ၀တ် ရရေး၊ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အသက်ပေးပြီး လုပ်ဆောင် သွားတာတွေလည်း သတင်းတွေမှာ ဖတ်ရတယ်။

တာဝန်မဲ့တယ်လို့ ယူဆခံထားရတဲ့ အသက်ရှင်ပြီး လွတ်မြောက်လာတဲ့ သင်္ဘော ကပ္ပတိန်နဲ့ ၀န်ထမ်း တချို့ကိုတော့ အစိုးရက အရေးယူထားပါပြီ။

ဒီမှာ အဓိက သတိထားမိလိုက်တာက တောင်ကိုးရီးယားခေါင်းဆောင်တွေရဲ့ စိတ်ဓာတ်နဲ့ တာဝန်ယူမှု ပါဘဲ။ ဒီလို စိတ်ဓာတ်နဲ့ တာဝန်ယူမှုတွေကပဲ တောင်ကိုရီးယားကို အခုလို ခေတ်မီ ဖွံ့ဖြိုးတိုးတက် တဲ့
နိုင်ငံကြီးအဖြစ် မောင်းနှင် နေတာလားဆိုတာ လေးစားအတုယူဖွယ် ဖြစ်ရပါတယ်။

လင်းသန့်
Irrawaddy

အမေရိကန်ရေတပ် စစ်စခန်းကို ဗုံးခွဲတိုက်ခိုက်ဖို့ MH370 ရည်ရွယ်ခဲ့လေသလား

ပျောက်ဆုံးနေတဲ့ မလေးရှား လေကြောင်းလိုင်းက MH370 လေယာဉ်ဟာ ပြန်ပေးဆွဲခံရပါ တယ်။ နောက် အိန္ဒိယသမုဒ္ဒရာထဲက ကျွန်းတစ်ကျွန်း မှာ အခြေစိုက်ထားတဲ့ အမေရိကန် စစ်ဌာနချုပ်ကို ဗုံး အဖြစ် ပြန်လည်တိုက်ခိုက်ဖို့ ပြန်လည်ပျံသန်း လာခဲ့ပါ တယ်။ ဒါပေမဲ့ ပါကစ္စတန်မှာ ကွင်းဆင်းပြီး ဗုံးတွေတပ် ဆင်သယ်ဆောင်လာတဲ့ MH370 လေယာဉ်ဟာ ပစ် မှတ်ဆီရောက်အောင် မချဉ်းကပ်နိုင်ခဲ့ပါဘူး။

ဒါဟာ အကြမ်းဖက်မှုရေးရာ ကျွမ်းကျင်သူ ပေါလ်ဟူဘဲလ်ရဲ့ နိဂုံးချုပ် သတင်းစကား ဖြစ်ခဲ့ပါတယ်။ သူက Globe နဲ့ အင်တာဗျူးမှာ ခရီးသည်၂၂၇ဦးနှင့် လေယာဉ်ဝန်ထမ်းတွေ လိုက်ပါလာတဲ့ MH370 ပျောက် ဆုံးရခြင်းရဲ့ ဇာတ်လမ်းဇာတ်ကွက်ကို ရှင်းပြပါတယ်။ ဒီယာဂိုဂါစီယာမှာ အခြေစိုက်ထားတဲ့ အမေရိကန်ရေ တပ်က ¤င်းတို့ရဲ့ လေကြောင်း အော်ပရေးရှင်း အတွက် အရေးပါလှပုံကို ရှင်းပြပါတယ်။ လူ့အခွင့်အရေးအဖွဲ့ အစည်းတွေက ဒီယာဂိုဂါစီယာကို အကြမ်းဖက် သံ သယရှိသူများကို အကျဉ်းချစစ်ဆေးနေရာအဖြစ် သတ် မှတ်ကြကြောင်းကိုလည်း ထည့်သွင်းပြောကြားပါတယ်။

နောက် ဗြိတိန်နဲ့ အမေရိကန်တပ်မတော် သားနဲ့ ကန်ထရိုက်တာများနေထိုင်ရာ အိမ်ခြေ၃ဝဝဝ ခန့်ရှိခြင်းကလည်း ၉/၁၁ဝေါထရိတ်စင်တာနှင့် ပင် တဂွန်တို့ကို တိုက်ခိုက်တာနဲ့ညီမျှတဲ့ ပစ်မှတ်တစ်ခုဖြစ် တယ်လို့ တွက်ချက်ပြပါတယ်။ ဇာတ်လမ်းကို ပိုပြီးပီပြင် စေတာကတော့ လေယာဉ်မှူး ဇာဟာရီအာမက်ရှာ ဟာရဲ့အိမ်က ပျံသန်းမှုလေ့ကျင့်ရေးကိရိယာပဲဖြစ်ပါ တယ်။ အဆိုများအရ လေယာဉ်မှူးဇာဟာရီရဲ့ ဆင်မြူ လေတာထဲမှာ ဒီယာဂိုဂါစီယာသို့ ပျံသန်းရေးအစီအစဉ် ပါရှိတယ်လို့ သိရပါတယ်။ သူဟာ အကြိမ်များစွာပျံ သန်းရေးအစီအစဉ်ကိုလေ့ကျင့်ခဲ့ပြီး ဒီယာဂိုဂါစီယာ ကျွန်းငယ်လေးဆီ ဗုံးများတင်ဆောင်လာတဲ့ MH370 နဲ့ ဆင်းသက်ဖောက်ခွဲဖို့ ကြံစည်ခဲ့ဖွယ်ရှိတယ်လို့ စုံစမ်း စစ်ဆေးသူများက ဆိုပါတယ်။

ဟူဘဲလ်က လေယာဉ်ပြန်ပေးဆွဲမှုမှာ အတွင်း လူတစ်ဦး ဒါမှမဟုတ် အခြားလေယာဉ်ဝန်ထမ်းများ လည်း ပါဝင်နိုင်ပြီး လေယာဉ်မှူးဇာဟာရီပူးပေါင်းပါ ဝင်မှုရှိနိုင်သလို မပါဝင်ခဲ့တာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ နောက် မတ်လ ၈ရက် နံနက်၁၂နာရီ ၄၁ မိနစ်မှ ကွာလာလမ်ပူကထွက်ခွာခဲ့တဲ့ လေယာဉ်ဟာ ပါ ကစ္စတန်ကို ပျံသန်းခဲ့တယ်လို့ယူဆပါတယ်။ အကြောင်း က ယခုဇာတ်လမ်းအတွက် ပါကစ္စတန်က ဗဟိုချက်မ နေရာဖြစ်တာကြောင့်လို့ ဟူဘဲလ်က ဆိုပါတယ်။

ဟူဘဲလ်က အိန္ဒိယသမုဒ္ဒရာရှိ ဒီယာဂိုဂါစီယာအခြေစိုက်စစ်စခန်းကို တိုက်ခိုက်ဖို့အတွက် တာ လီဘန်နဲ့ အယ်လ်ခိုင်ဒါတို့အတွက်လည်း အဓိကပစ်မှတ် တစ်ခုဖြစ်တဲ့အကြောင်း ဆက်စပ်ရှင်းပြပါတယ်။

စုံစမ်းစစ်ဆေးသူများကလည်း မလေးရှား နိုင်ငံရေးအဖွဲ့အစည်းတစ်ခုကို ဦးဆောင်နေတဲ့ ဆွေ မျိုးသားချင်းတစ်ဦးကို မလေးရှားတရားရုံးက လိင်မှု ကိစ္စနဲ့ ထောင်ဒဏ်ချမှတ်ခဲ့တဲ့အတွက် နာကြည်းနေခြင်း ကြောင့် အကြမ်းဖက်သမားများ အလွယ်တကူစည်းရုံး သိမ်းသွင်းနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ လေယာဉ် မှူး ဇာဟာရီရဲ့မိန်းမနဲ့ကလေးတွေက စုံစမ်းစစ်ဆေးသူ များကို ပြောပြရာမှာတော့ ပျံသန်းမှုခရီးစဉ်မစတင်မီ သူဟာ မလေးရှားနိုင်ငံခေါင်းဆောင်များကို အလွန် ဒေါသထွက်နေပြီး ဒီမိုကရေစီဆိတ်သုဉ်းပြီလို့ ရေးသား ထားတဲ့ တီရှပ်ကိုလည်း ဝတ်ဆင်ခဲ့တယ်လို့သိရပါတယ်။ နောက် ဇာဟာရီဟာ မိန်းမနဲ့ကလေးတွေကို အဆက် အဆံမရှိဘဲ သီတင်းပတ်ပေါင်းများစွာ ဆင်မြူလေတာ အခန်းထဲမှာသာ လော့ခ်ချနေခဲ့တယ်လို့ ဆိုပါတယ်။

ဇာဟာရီရဲ့မိသားစုက သူဟာ စိတ်ဓာတ်ကျ နေခဲ့တယ်လို့လည်း ပြောပြပါတယ်။ ဟူဘဲလ်က လေ ယာဉ်ပျောက်ဆုံးခြင်းအဖြစ်အပျက်မှာ တုံ့ပြန်အကြောင်း ကြားမှုမရရှိခြင်းက ဆဲလ်ဖုန်းတာဝါတိုင်များ အနီးအနား မရှိခြင်းအတွက်ဖြစ်ပြီး လေယာဉ်မှူးများက လေယာဉ် မောင်းနှင်ခန်းကို လော့ခ်ချထားပုံရတယ်လို့ဆိုပါတယ်။
 နောက် ဇာဟာရီဟာ လေယာဉ်ကို အမြင့်ပေ ၄၅ဝဝဝ အထိ ပြန်တက်ပြီး ခရီးသည်တွေကို အောက်ဆီဂျင် ပြတ်လပ်ကာ အသက်သေဆုံးကြဖို့ ကြံစည်ခဲ့ဖွယ်ရှိ တယ်လို့ ယူဆပါတယ်။ ပါကစ္စတန်မှာ ကွင်းဆင်းခဲ့ပြီး နောက် အလောင်းများကိုပြန်ချခဲ့ပြီး ဖောက်ခွဲရေးပစ္စည်း များ ပြန်လည်တပ်ဆင်တင်ဆောင်ကာ ဆီဖြည့်ပြီး ပြန် လည်ထွက်ခွာပျံသန်းခဲ့ပုံရတယ်လို့ စုံစမ်းစစ်ဆေးသူ များက ဆိုပါတယ်။ ဟူလ်ဘဲက ကြံစည်မှုအစီအစဉ် ဟာ လွဲချော်မှုရှိခဲ့ပြီး ကုန်တင်ခန်းထဲက လစ်သီယံဘက် ထရီခြောက်များနဲ့ ဓာတုဗုံးများပေါင်းစပ်ကာ ပေါက် ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါဟာ ဘာကြောင့် MH370 ပျောက်ဆုံးပြီး နောက် အကြမ်းဖက်တိုက်ခိုက်မှုမ လုပ်နိုင်ခဲ့တဲ့အကြောင်း အရင်းဖြစ်ပြီး အလားတူ ထပ်မံကြံစည်ဖို့ ကြိုးစားလာ နိုင်ဖွယ်ရှိတယ်လို့ ဟူဘဲလ်က ဆိုပါတယ်။

Ref : BLOBE

Flower News Journal | အတွဲ ၁၀ ၊ အမှတ် ၁၆

Yangon Media Group

2G နှင့် 3G ကွန်ရက်အတွက် Telenor နှင့် Ericsson ပူးပေါင်း လုပ်ကိုင်မည်

နော်ဝေဆက်သွယ်ရေး အော်ပရေတာ Telenor Myanmar က ပြည်တွင်း၏ 2G နှင့် 3G ကွန်ရက်များအတွက် လိုအပ်သည့် နည်းပညာဆိုင်ရာပစ္စည်းများကို ထောက်ပံ့ပေးနိုင်ရန်အတွက် ကမ္ဘာကျော် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် Ericsson နှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

Ericsson သည် မြန်မာနိုင်ငံတစ်ခုလုံး ဖြန့်ကြက်မည့် ဆက်သွယ်ရေးကွန်ရက်ကို အရည်အသွေး ပြည့်ဝသောကွန်ရက်အဖြစ် ဖြည့်တင်းပေးနိုင်ရန်နှင့် Telenor Myanmar ၏ မိုဘိုင်းကွန်ရက်အတွက် လိုအပ်သည့် နည်းပညာဆိုင်ရာ ပစ္စည်းများကို ထောက်ပံ့ပေးနိုင်ရန် အစရှိသည်တို့ကို လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီနှစ်ခု၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Telenor Myanmar\ Multi-Vendor အဖြစ် အရွေးချယ်ခံရသည့် Ericsson သည် မြန်မာနိုင်ငံမှ မိုဘိုင်းဖုန်းသုံးစွဲသူများအတွက် 2G နှင့် 3G ကွန်ရက်စနစ် နှစ်မျိုးစလုံးပါဝင်သည့် အသံအရည်အသွေးနှင့် မြန်နှုန်းများ အထူးကောင်းမွန်သည့် ဆက်သွယ်ရေးစနစ် ဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် ယခုကဲ့သို့ ပူးပေါင်းရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီနှစ်ခု၏ ပူးပေါင်းဆောင်ရွက်မှုသည် ငါးနှစ်သက်တမ်းဖြစ်သည်ဟု သိရသည်။ “2G နဲ့ 3G ကွန်ရက် ပေါင်းစပ်ပြီးတော့ ချိတ်ဆက်ထားတဲ့ ပစ္စည်းတွေကို Ericsson က ပြည်တွင်းမှာ ချထားပေးမှာဖြစ်ပါတယ်။ Telenor ရဲ့ တစ်နိုင်ငံလုံးအနှံ့ မိုဘိုင်းကွန်ရက် လွှမ်းခြုံနိုင်အောင်လုပ်မယ့် စီမံကိန်းတွေမှာ Ericsson က ပါဝင်ခွင့်ရတော့မှာပါ” ဟု Telenor Myanmar ၏ အမှုဆောင်အရာရှိချုပ် Mr. Petter Furberg က ပြောသည်။

ယခုကဲ့သို့ Telenor Myanmar နှင့် ငါးနှစ်သက်တမ်း စာချုပ်ချုပ်ဆိုခဲ့သော Ericsson သည် မြန်မာနိုင်ငံ၏ မိုဘိုင်းဆက်သွယ်ရေးကွန်ရက်တွင် ဝင်ရောက်လုပ်ကိုင်နိုင်ရန်အတွက် ပြီးခဲ့သည့် ၂၀၁၃ မှစတင်ကာ လေ့လာမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ရရှိထားသော Telenor ကုမ္ပဏီနှင့် ပူးပေါင်းရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး Ericsson ကုမ္ပဏီ၏ အာရှဒေသတွင်း တာဝန်ရှိသူဖြစ်သော Mr. Jan Wassenius က “အခုလို ပူးပေါင်းမှုကြောင့် တယ်လီနောကုမ္ပဏီနဲ့အတူ မြန်မာနိုင်ငံရဲ့ အခြေခံဆက်သွယ်ရေး အဆောက်အဦတွေကို အကောင်းဆုံး တည်ဆောက်ဖို့အတွက် ပံ့ပိုးပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် နိုင်ငံတစ်နိုင်ငံရဲ့ အခြေခံဆက်သွယ်ရေး အဆောက်အဦတွေကောင်းမှ တိုင်းပြည်ရဲ့စီးပွားရေး၊ လူမှုရေး စတဲ့နေရာတွေမှာ အကျိုးသက်ရောက်မှုတွေ ကောင်းမှာဖြစ်လို့ပါ” ဟု ပြောကြားသည်။

လာမည့် လအနည်းငယ်အတွင်းတွင် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုများကို စတင်ရောင်းချတော့မည့် နော်ဝေ ဆက်သွယ်ရေးကုမ္ပဏီသည် ၎င်းတို့၏ လုပ်ငန်းများအတွက် Ericsson အပြင် အခြားသော ပြည်ပမှ မိုဘိုင်းကုမ္ပဏီများနှင့်လည်း ပူးပေါင်းဆောင်ရွက်ထားမှုများရှိနေသည်။ ဆွီဒင်နိုင်ငံအခြေစိုက် Ericsson ကုမ္ပဏီသည် ကမ္ဘာ့နိုင်ငံအသီးသီးမှ ဆက်သွယ်ရေး အော်ပရေတာအများစုနှင့် လက်တွဲပြီး ဆက်သွယ်ရေး ကွန်ရက်ဆိုင်ရာလုပ်ငန်းများကို လုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

ယုဇနကိုကို

http://www.myanmarinternetjournal.com

အိုဘားမားနှင့် တွေ့ဆုံခဲ့တဲ့ မြန်မာလူငယ်တွေ ဘာတွေပြောကြသလဲ

 ပုံစာ- အမေရိကန်သမ္မတ အိုဘားမားနှင့် တွေ့ဆုံမေးမြန်းခွင့် ရခဲ့သည့် မြန်မာလူငယ်အချို့။ (ဓာတ်ပုံ- မမေဖြိုးဖြိုးအောင်ဖေ့စ်ဘုတ်)
 
ရန်ကုန်၊ မဇ္ဈိမ။ ။ အမေရိကန်သမ္မတ အိုဘားမားသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ Town Hall Meeting၌ ဧပြီ ၂၇ ရက်၊ ဒေသ စံတော်ချိန် ညနေ၄နာရီမှ စပြီး အာဆီယံ လူငယ်များနှင့် နှစ်နာရီခန့် တွေ့ဆုံခဲ့ရာတွင် မြန်မာလူငယ် ၁၀ဦးလည်း ပါဝင်သည်။

တွေ့ဆုံပွဲတွင် သမ္မတအိုဘားမားက အွန်လိုင်းတွင် ကြိုတင် မေးမြန်းခွင့် ပြုထားသည့် မေးခွန်းများထဲမှ ၂ ခုနှင့် တက်ရောက်လာသူ များထဲမှ လူငယ် ၆ ဦးကို ရွေးချယ်၍ သဘောထား ပြန်ကြားခဲ့သည်။

ယင်းတွင် မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ခဲ့သည့် ကိုစောထက်ခန့်၏ အွန်လိုင်းမှ မေးခွန်း တစ်ခုလည်းပါဝင်ခဲ့သည်။ တွေ့ဆုံပွဲသို့ အာဆီယံ ၁၀ နိုင်ငံမှ ရွေးချယ်ထားသည့် လူငယ် ၁၀၃ ဦးခန့် အပါအ၀င် မလေးရှားကျောင်းသားလူငယ်များ စုစုပေါင်း ၃၀၀ ကျော် တက်ရောက်ခွင့်ရခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် မလေးရှားနိုင်ငံ ကွာလာလမ်ပူရောက် မြန်မာလူငယ် ၁၀ ဦးထဲမှ
အချို့နှင့် မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့ပြီး ယင်းတို့၏ သဘောထားမှတ်ချက်အချို့နှင့် မြန်မာလူငယ်တစ်ဦး၏ မေးခွန်းအပေါ် သမ္မတ အိုဘားမား ပြန်လည် ဖြေကြားခဲ့သည်ထဲမှ အချို့ကို ကောက်နှုတ်ဖော်ပြလိုက်ပါသည်။

ကိုသက်ဆွေဝင်း (ဒါရိုက်တာ၊ လူငယ်နှင့် လူမှု သဟဇာတဖြစ်ရေးစင်တာ)

“အမေရိကန်သမ္မတနဲ့ တွေ့ဆုံခွင့်ကို အာဆီယံလူငယ်တွေ အကောင်းဆုံး အသုံးမချနိုင်ခဲ့ပါဘူး။ အဖိုးတန်အခွင့်အရေး ဆုံးရှုံးခဲ့ရတယ်။ မေးခွင့်ရတဲ့သူတွေက ပုဂ္ဂိုလ်ရေးဆိုင်ရာ မေးခွန်းအများစုပဲ မေးခဲ့ကြတယ်။ အာဆီယံဒေသတွင်းက သန်းပေါင်းများစွာသော ပြည်သူတွေကို ကိုယ်စားပြုတဲ့ မေးခွန်းမျိုး မပါဘူး၊ နောက်ဆုံးမေးတဲ့ ထိုင်းက လူငယ်က ခင်ဗျားနောင်တရဖူးလားလို့မေးတော့၊ အိုဘားမားက ခင်ဗျားကို
မေးခွင့်ပြုခဲ့တာကို နောင်တ အရဆုံးပဲလို့စပြောတယ်၊ ပြီးမှ နောက်တာပါ ဆိုပြီးပြောတယ်”

ကိုမင်းကိုကို (နတ်မောက်စင်တာ)

အိုဘားမားပြောသွားတဲ့ မိန့်ခွန်းတွေမှာရော နောက်ပြီးတော့ သူပြောသွားတဲ့ အဖြေတွေထဲမှာရော အားလုံးမှာ ကျွန်တော်တို့ မြန်မာနိုင်ငံကို အရမ်းကို ဦးစားပေးပြီးတော့ မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက်လည်း အာဆီယံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးထဲမှာ ပါဝင်တယ်ပေါ့။ မြန်မာနိုင်ငံမှာ အခုလောလောဆယ် ပြုပြင်ပြောင်းလဲမှုတွေကလည်း တိုးတက်မှုတွေရှိတယ်။ အဲတော့ မြန်မာနိုင်ငံကို အတုယူရမယ်ဆိုတာမျိုးလည်း ထည့်ပြောသွားပါတယ်။ နောက် အာဆီယံနိုင်ငံမှာရှိတဲ့ လူငယ်တွေအနေနဲ့လည်း ကျွန်တော်တို့ မြန်မာနိုင်ငံပေါ်မှာ ပိုပြီးတော့ စိတ်ဝင်စားမှုလည်း ရှိလာတယ်။ နောက်ပြီး အိုးဘားမားအနေနဲ့ ဥပမာ ဒေါ်အောင်ဆန်းစုကြည်ပေါ်မှာ ထပ်ခါတလဲလဲ နှစ်ခါ၊သုံးခါ ချီးမွမ်းပြောသွားတာတွေလည်းရှိပါတယ်။

မသက်မွန်မြတ်သိမ်း

မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး သွားခွင့်ရတဲ့အတွက် ဂုဏ်ယူမိတယ်။ ကိုယ်တိုင်တွေ့ပြီး မေးခွန်းတွေ မေးခွင့်ရမယ်ဆိုတဲ့အတွက် စိတ်လဲလှုပ်ရှားမိတယ်။ တကယ် မေးခွန်းမေးခွင့်ရတဲ့အချိန်မှာ ကိုယ်တိုင် မပါဝင်ပေမယ့် မြန်မာနိုင်ငံက မေးခွန်းတစ်ခု အရွေးခံရလို့ ပျော်ပါတယ်။

ကိုစောထက်ခန့်၏ မေးခွန်း

မြန်မာနိုင်ငံမှာသာမက အာဆီယံတလွှားမှာ ရှိနေတဲ့ မတူကွဲပြားတဲ့ ယှဉ်ပြိုင်မှုတွေ၊ ဘာသာစကားတွေ၊ ယုံကြည်မှုတွေ၊ ယဉ်ကျေးမှုတွေနဲ့ အတူ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေချိန်မှာ နောင်လာမယ့်မျိုးဆက်တွေရဲ့ ခေါင်းဆောင်တွေအတွက် သမ္မတ အိုဘားမားရဲ့ အားပေးစကားက ဘာဖြစ်မလဲ။

သမ္မတ အိုဘားမား ပြန်လည်ဖြေကြားချက်ထဲမှအချို့-

"ဆင်းရဲဒုက္ခတွေ၊ စစ်ပွဲတွေနဲ့ ပဋိပက္ခတွေရဲ့ အကြီးမားဆုံး ရင်းမြစ်တစ်ခုက ကိုယ်နဲ့ မတူတဲ့ လူတွေကို ကွဲပြားခြားနားစွာ ဆက်ဆံနေမှုပဲ"

"မြန်မာနိုင်ငံဟာ လွန်စွာမှပင် ရဲရင့်လှတဲ့ လုပ်ငန်းစဉ်ကို လျှောက်လှမ်းနေတာ ဖြစ်ပါတယ်"

"လူမျိုးရေးအမှတ်သရုပ်တွေကို နိုင်ငံရေးထဲ သွတ်သွင်းကြမယ်ဆိုရင် မြန်မာနိုင်ငံကို လမ်းကြောင်းအမှားပေါ် ဆွဲချသွားစေနိုင်တဲ့ ပဋိပက္ခတွေကို ကျွန်တော်တို့ စမြင်နေရပြီ။ ဒါဟာ မြန်မာနိုင်ငံတစ်နိုင်ငံတည်းမှာပဲ မဟုတ်ပါဘူး"

"နေ့စဉ်ဘ၀တွေနဲ့ ဆန့်ကျင်ပြီးတော့ ရဲရဲဝံ့ဝံ့ပြောဆိုရတာတွေ ရှိရမယ်၊ တစ်ပြိုင်နက်တည်းမှာလည်း ခေါင်းဆောင်တစ်ယောက်အနေနဲ့ ထွက်ပေါ်လာပြီဆိုရင်တော့ အဲဒီကွဲပြားခြားနာတဲ့သူတွေကို တစ်စုတစည်း တည်းဖြစ်အောင် ဆောင်ရွက်နိုင်တဲ့ နိုင်ငံရေးမျိုး ဖြစ်သင့်တယ်။ ဒါဟာ လက်ရှိမျိုးဆက်အတွက် အရေးကြီးဆုံးအရာပဲ"

"ကျွန်တော်တို့ဟာ တရားဥပဒေရှေ့မှောက်မှာ လူတိုင်းကို ညီတူညီမျှဆက်ဆံခြင်း၊ လူတိုင်းကို လေးစားခြင်းဆိုတဲ့ တူညီတဲ့ အမြင်ရှိကိုရှိရမယ်။ ဒါဟာ ခင်ဗျားတို့အားလုံး ဆုပ်ကိုင်ထားတဲ့ ခံယူချက်တစ်ခု ဖြစ်ရမယ်"

ဥာဏ်လှိုင်လင်း၊ စုမြတ်ဝေ

Mizzima - News in Burmese

ပျိုတိုင်းကြိုက်သော အမျိုးသားတို့ ပုံစံ

How to be a guy every girl wants အမည်နဲ့ အင်္ဂလိပ်ဘာသာ နဲ့ ရေးထားတဲ့ ဆောင်းပါးထဲမှ အချက်အချို့ ကို အခြေခံလို့ ဆီလျော်သလို ပြန်လည်ရေးသား မျှဝေခြင်း ဖြစ်ပါတယ်။

1. Be Confident

ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိရမယ်လို့ ပြောပါတယ်။ မိန်းကလေး တို့ လိုချင်တာဟာ အရာရာ ပြီးပြည့်စုံနေတဲ့ သူမဟုတ်ပါဘူး။ (ထင်တာပဲ :D) ယုံကြည်ချက် အပြည့်အဝနဲ့ ရိုးသားကြိုးစားနေသူများ ဖြစ် ပါတယ်။ ပြိုင်ကား မစီးနိုင်ပေမယ့် ဘတ်စ်ကားမှာ သက်ကြီး ကို နေရာပေးတာမျိုး၊ အခြားဘယ်သူတွေနဲ့ပဲ ယှဉ်ယှဉ် ရင်ကော့ ခေါင်းမော့လို့ တန်းတူ ပြောဆို ဆက်ဆံ လုပ်ကိုင်နေသူမျိုး တို့ ဖြစ်ပါတယ်။ သူဌေးမို့ကြောက်သူ၊ ဆင်းရဲသူမို့ နိမ်ချင်သူမျိုး မဟုတ်ဘူးနော်။ အားလုံးကို သတ္တိရှိရှိ ပြောဆို ရင်ဆိုင်နိုင်သူမျိုး ဖြစ် ပါတယ်။ (စပယ်ယာနဲ့တော့ ရန်မဖြစ်နဲ့ပေါ့။ ရုပ်ပေါက်တယ် :D)

2. Be Patience

ဟုတ်ပါတယ် စိတ်ရှည်ဖို့လိုအပ်ပါတယ်။ Remember, she's only a girl တဲ့။ မိန်းကလေးကို မိန်းကလေးလို့ပဲ မြင်ပါလို့ဆိုပါတယ်။ စကားများ ချင်များမယ်။ အတင်းပြောချင်ပြောမယ်။ ပစိပစပ်နိုင်ချင် နိုင်မယ်။ ဒါကို အရေးတယူလုပ်လို့ အချက်ကျ လိုက်ပြောနေတဲ့ အမျိုးသားမျိုး၊ အချက်ကျ တုန့်ပြန်တတ်တဲ့ အမျိုသားမျိုးတို့ကို အမျိုးသမီးတို့ မကြိုက်ဘူးလို့ ဆိုပါတယ်။

3. Compliment her

Girls love compliments တဲ့။ သူတို့ကို ချီးမွမ်းတာ ကြိုက်တတ်ကြပါတယ်။ ဟုတ်သည်ရှိ၊မဟုတ်သည်ရှိ သူ့ကို ရုပ်လှတာလေးပဲ ဖြစ်ဖြစ်၊ စကားပြောကောင်းတာလေးပဲ ဖြစ်ဖြစ် ချီးမွမ်းပေးလိုက်လို့ အပန်းမကြီးဘူးလေ။ ဒါဆိုရင်လည်း မိန်းကလေးက ယင်းကောင်လေးကို နှစ်သက်လာမှာပါ။

4. Try out her favourite

အကြိုက်လိုက်သူအောင် ညှိရမယ်လို့ ဆိုလိုပါတယ်။ ဒါကလည်း အများအားဖြင့်တော့ မှန်နိုင်ပါတယ်။ အမျိုးသမီး တစ်ယောက်နဲ့ ကြိုက်တဲ့ အစားအစာ တူတာမျိုး၊ အရောင်ကြိုက်တူတာမျိုး၊ သီချင်းကြိုက် တူတာမျိုး တို့က ကောင်းတယ်လို့ ဆိုပါတယ်။ လွယ်လွယ် စဉ်းစားကြည့်တော့ တီဗီကြည့်တဲ့အခါ ချယ်နယ် တစ်ခုတည်းကိုပဲ နှစ်ယောက်အကြိုက်တူလို့ ကြည့်တာ အကောင်းဆုံးပဲလေ။ အကြိုက်တူပြီဆိုရင်လည်း မိန်းကလေးများ နှစ်သက်တယ်ဆိုတာကို ငြင်းလို့မရနိုင်ပါဘူး။

5. Be funny

ဒါကတော့ အားလုံး လက်ခံမှာပါ။ မိန်းကလေးများက သူတို့ကို ပျော်အောင်၊ ရယ်နေအောင် လုပ်ပေးတတ်သူကို သဘောကျ နှစ်သက်တာ အမှန်ပါပဲ။ သို့ပေမယ့် ကိုယ့်ကိုယ်ကို လူရွှင်တော်၊ လူပေါကြီးတော့ မဖြစ်မခံနဲ့ပေါ့။ လူပေါဖြစ်နေရင်လည်း အမျိုးသမီး နှစ်သက်သဘောကျဖို့ Chance နည်း ပါတယ်။ ပျော်ရွှင်အောင် ဖန်တီးပေးနိုင်တယ်ဆိုတာလေး ကို ပြသနိုင်ရင် ရပါပြီ။

6. Share things with her

မျှဝေပါတဲ့။ မုန့်ခေါ်ကျွေးတာမျိုး၊ ကိုယ့်မှာ ရှိတဲ့ ပစ္စည်းလေး ပေးလိုက်တာမျိုး၊ သူကြိုက်တဲ့ သီချင်းဖွင့်ပေးတာမျိုး၊ ကူး ပေးတာမျိုး၊ စာအုပ်ရှိလည်း ငှားလိုက်တာမျိုး၊ စာရှင်းပြတာမျိုး။ အဲ့လို Share လုပ်ပေးနေတာကိုက အမျိုးသမီးကို နှစ်သက်တာပါ။ (ဘဏ်စာအုပ်ကတော့ နောက်မှ Share ပေါ့. kidding)

7. Tell her things.

မိမိမှာ ရှိတဲ့ လျှို့ ဝှက်ချက်ကိုပြောပြပါ။ လျှို့ ဝှက်ချက်ဆိုလို့ မီးခေတ်သေတ္တာ နံပါတ်တို့ ၊ APM ကဒ် Password တို့ မဟုတ်သေး ဘူးလေ။ အခြားလူတွေ မသိသေးပဲ သူမတစ်ယောက်တည်း ကိုပဲ ပေးသိ ပါတယ်ဆိုတဲ့ အကြောင်းအရာ မျိုးလေးပဲ ပြောဖို့ ပါ။ ပြီးတော့ ဒါကို ဘယ်သူ့ကိုမှ မသိစေချင်တဲ့ သဘောနဲ့ သူနားလည်အောင်ပြောပြရပါမယ်။ ဒါဆိုရင် မိန်းကလေးက ယင်းကောင်လေးအပေါ် ပိုယုံကြည်လာပြီး "ငါဟာ သူရင်ဖွင့်စရာလူ တစ်ယောက်ပါလား" လို့ ထင်မြင်လို့ ပျော်ကောင်းပျော်ပါလိမ့်မယ်။

8.Listen her things

မိန်းကလေးတစ်ယောက်က ယောင်္ကျားလေးတစ်ယောက်ကို နှစ်သက်ရင် သူ့အကြောင်းတွေရင်ဖွင့်တတ်ပါတယ်။ မပြောပဲနဲ့တော့ ဇွတ်အတင်း သွားမမေးရဘူးလေ။ ဒါဆိုရင် ပိုလို့တောင် အမြင်ကပ်သွားနိုင်ပါတယ်။ သူရင်ဖွင့်လာရင်လည်း ရင်ဖွင့်သမျှကို ရင်ထဲမှာပဲ သိမ်းထားပါ။ ဘယ်သူမှထုတ်မပြောပါနဲ့။ အဲ့လို ထုတ်မပြော ပါဘူးဆိုတာကိုလည်း သူသိအောင် ကိုယ်က နေပြရမယ်။ စိတ်ဝင်စားပြရမယ်။ ပြန်ပြီးတော့ ဆွေးနွေးပေးရမယ်။ ဒါဆို သူ့အပေါ် နားလည်ပေးနိုင်တဲ့ သူပါလား ဆိုပြီး မိန်းကလေးက ယင်းကောင်လေး အပေါ် ပိုလို့ ယုံကြည်လာစေ ပါတယ်။

9. Be Real

အရေးအကြီးဆုံး အချက်ပါပဲ။ အထက်က ပြောခဲ့တဲ့ အတိုင်း ငါ ဒီလို သွားလုပ်လိုက်မယ်လို့ သွားမလုပ်လိုက်ပါနဲ့။ နေဝင်ပြီး နေထွက်သလို အမှန်တရား ကလည်း ဖုန်းကွယ်လို့ မရဘူးလေ။ သူအထင်ကြီး ပါစေတော့ ဆိုပြီး တစ်ချက်ပြီးတစ်ချက် ဟန်ဆောင်ပြီး ချည်းကပ်ရင်၊ သရုပ်ဆောင်ရင် တစ်နေ့တော့ ပေါ်မှာပဲ။ ပိုလို့တောင် အထင်သေး သွားနိုင်ပါတယ်။ ဒီတော့ ကိုယ်စိတ်ဝင်စားတဲ့ မိန်းကလေး မဟုတ်သူများနဲ့ ပြောဆို ဆက်ဆံတဲ့အခါ Tell her things နဲ့ Try out her favourite ကို ချန်ထားပါ။ ကိုယ့်အကြောင်း ပြောပြတာတို့။ သူ့အကြိုက်လိုက်လျော တာတို့က ကိုယ်ချစ်တဲ့သူဆီမှာပဲ လုပ်သင့်တာလေ။ ဒါကို မိန်းကလေး တိုင်းမှာ လိုက်လုပ်နေရင် အဲ့လူ မရိုးတော့တာ အမှန်ပဲ။ (သတိထားကြနော်)။

အားလုံး ဗဟုသုတတိုးနိုင်ကြပါစေ။ --

-အောင်ခမ်း ( ရိုးရာလေး )

သိထားသင့်တဲ့ အဆစ်အမြစ်နာ ရောဂါများ

သိထားသင့်တဲ့ အဆစ်အမြစ်နာ ရောဂါများ
=======================
အဆစ်အမြစ်နာဝေဒနာတွေဟာ အလွန် နာကျင်ကိုက်ခဲပြီး ခံစားရခက်လှတာမို့ အလုပ် ပျက်အကိုင်ပျက် ဖြစ်စေနိုင်ပါတယ်။ အလွယ် တကူကုသရန်လည်း မဖြစ်နိုင် တာမို့ သိထားရင် ကြိုတင်ပြီးကာကွယ်နိုင်အောင် ‘အဆစ်အမြစ်နာ ရောဂါများ’ နဲ့ ပတ်သက်တဲ့ ကျန်းမာရေးအသိပညာ ဗဟုသုတတွေကို ဒီလမှာ ရေးသားဖော်ပြလိုက်ပါ တယ်။

အဖြစ်များတဲ့ အဆစ်အမြစ်နာ ရောဂါများ
(၁) Rheumatic Arthritis (ပိုးလေးဖက်နာ)
(၂) Rheumatoid Arthritis (သွေးလေးဖက်နာ)
(၃)Osteoarthritis (အဆစ်ရောင်ရမ်းနာ)
(၄) Bone TB (အရိုးတီဘီ)
(၅) Gout (ဂေါက်ရောဂါ)

Rheumatic Arthritis ပိုးလေးဖက်နာ

ခြေတွေလက်တွေ လေးဖက်စလုံး နာတတ် လို့ လေးဖက်နာလို့ ခေါ်ကြတာပါ။ ဖြစ်စေတာက Group A.B Haemolytic Streptococcus ခေါ်တဲ့ ဗက်တီးရီးယားပိုး တစ်မျိုး (ကူးစက်ခံရ တာ) ကြောင့် ပိုးလေးဖက်နာအမျိုးအစား ဖြစ်ပါ တယ်။အဖြစ်အများဆုံးလူတွေကတော့
- ထူထပ်တဲ့ အိမ်ခြေရှိတဲ့ ရပ်ကွက်များ
- လေကောင်းလေသန့်ကောင်းစွာ မဝင်နိုင်တဲ့ ပတ်ဝန်းကျင်များ
- ကျဉ်းမြောင်းတဲ့ အိမ်အတွင်း များပြားတဲ့ မိသားစုနဲ့
- လူအများစုပေါင်းနေထိုင်ရာ လူမျိုးများမှာ အများဆုံး ဖြစ်တတ်ပါတယ်။
ပိုးလေးဖက်နာရောဂါဖြစ်ပြီဆိုတာကို သိရှိနိုင်တဲ့ ရောဂါလက္ခဏာတွေကတော့ …လေးဖက်နာရောဂါစတင်ဖြစ်ပွားရင်
- အာသီရောင်ခြင်း (Tonsillitis)
- လည်ချောင်းများမကြာခဏနာခြင်း (Soethroat)
- အဆစ်များကိုက်ခဲခြင်း (Joints Pain)
- အဖျားတငွေ့ငွေ့ရှိခြင်း (Fever)
- အကျိတ်လေးတွေ စမ်းမိတတ်ခြင်းအားဖြင့် သိရှိနိုင်ပါတယ်။
Complications (ပိုးလေးဖက်နာရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ)
ပိုးလေးဖက်နာရောဂါကို သေသေချာချာ အမြစ် ပြတ်အောင် မကုသရင်၊ မကာကွယ်ထားရင်
(၁)Rheumatic Fever & Arthritis(မကြာခဏ) ဖျား၍ အဆစ်အမြစ်များ ကိုက်ခဲ ရောင်ရမ်းနာကျင်ခြင်း
(၂)Mitral Stenosis (နှလုံးဆို့ရှင်အပေါက် ကျဉ်းမြောင်းသွားခြင်း)
Mitral Regurgitation (နှလုံးအဆို့ရှင် ဟာသွားခြင်း)
(၃)Heart Failure (နှလုံးသားပြတ်ခြင်း)
Nephritis
ကျောက်ကပ်ရောင်ခြင်း၊ ကျောက်ကပ် ထိခိုက်ခြင်းများ ဆက်လက်ဖြစ်ပွားတတ်ပါ တယ်။
ပိုးလေးဖက်နာရောဂါ၏ ရောဂါလက္ခဏာများ
- အာသီးနဲ့ လည်ချောင်းများ မကြာခဏရောင် ရမ်းတတ်တဲ့ ရာဇဝင်ရှိခြင်း
- အဆစ်များ မကြာခဏကိုက်ခဲခြင်း
- နှလုံးခုန်မြန်ခြင်း သို့မဟုတ် ပုံမှန်ဖြစ်ခြင်းကို စမ်းသပ်တွေ့ရှိရပါမယ်
ရောဂါဖြစ်ကြောင်း ရှာဖွေရာမှာ
- ရင်ဘတ်ဓာတ်မှန် (Chest X’ Ray)
- နှလုံးလျှပ်စစ်စမ်းသပ်စက် (ECG)
- ဓာတ်ခွဲခန်းကရတဲ့ သွေးအဖြေ (Laboratory Blood Test)
သွေးအဖြေမှာတော့ ASO Titre Un > 200 (နှစ်ရာအထက်ကျော်နေရင် လေးဖက်နာရောဂါ ရှိနေကြောင်း သိရှိနိုင်ပါတယ်)

လးဖက်နာရောဂါကို ပျောက်ကင်းအောင် ကုသဖို့ဆိုတာ
ဒီရောဂါဟာ ဖြစ်စမှာ သိရှိပြီး ဆရာဝန်ရဲ့ ကုသချက်ကို တစ်သဝေမတိမ်းလိုက်နာတဲ့ လူနာတွေ အတွက်တော့ မုချပျောက်ကင်းနိုင်ပြီး သေသေချာ ချာ စနစ်တကျ ကုသမှုမခံရင်တော့ လေးဖက် နာရောဂါရင့်ပြီး နောက်ဆက်တွဲ အန္တရာယ်တွေ ဖြစ်တဲ့ နှလုံးအဆို့ရှင်ပျက်စီးမှုများ ဖြစ်လာရင်တော့ ဒီရောဂါတွေကိုပဲ ထပ်ဆင့် ကုသေ ပးရတဲ့ အခြေအနေတွေ ရှိလာနိုင်ပါ တယ်။

Rheumatoid Arthritis (RA) သွေးလေးဖက်နာ

RA က ခန္ဓာကိုယ်ရဲ့ ခုခံကာကွယ်ရေးစနစ် ချို့ယွင်းမှုကြောင့် ကိုယ်ပိုင် (ကိုယ့်ခန္ဓာကိုယ်က) တစ်သျှူးနှင့် ဓာတ်မတည့်မှုဖြစ်ကာ ရရှိလာသော ရောဂါတစ်ခု (An Autoimmune Disease) ဖြစ်တယ်။RA သည် လူ့ခန္ဓာကိုယ်ရှိ အဆစ်အမြစ် တို့ကို ဒုက္ခပေးပြီး နောက်ဆုံး၌ အဆစ်အမြစ်များ ကို ပျက်စီးယိုယွင်းသွားစေနိုင်ပါသည်။ (အဆစ် အဆက်များ ဆိုင်းသွားခြင်း၊ အရိုးအဆစ်များ ပုံပျက်သွားခြင်း)ရောဂါဖြစ်စတွင် လက်မောင်း၊ လက်ကောက် ဝတ်နှင့် လက်ဆစ်များကို စတင်ဒုက္ခပေးပြီး မကြာခင်မှာ အရိုးအဆစ်တိုင်း ရောင်လာစေသည်။ ¤င်းဝေဒနာရှင်တို့၏ မိသားစုရာဇဝင်ကို ပြန် လိုက်လျှင် အမျိုးထဲ၌ တစ်ဦးမဟုတ်တစ်ဦးတွင် ဂေါက်ရောဂါ Gout (သို့မဟုတ်) အဆစ်ရောင် ရောဂါ (Rheumatism) ရောဂါ တစ်မျိုးမျိုးရှိခဲ့ ဖူးသည်ကို တွေ့ရသည်။ ထို RA ရောဂါဆိုးရလျှင် နာကျင်ကိုက်ခဲသော ဝေဒနာကို ပြင်း စွာခံစားရ မည်။ အားအင်ကုန်ခန်းပြီး ကြံ့ခိုင်မှုလျော့နည်း စေသည့်အပြင် ကိုယ်အလေးချိန်ကျလာမည်။ နောက်ဆုံး အခြေအနေဆိုးဝါးလျှင် အဆစ်အမြစ် များ ရောင် လာမည်။ ပုံပျက်ပန်းပျက် ဖြစ်လာ မည်။ အဆစ်များခိုင်လျှင်လည်း ခိုင်သွားမည်။ 
ရံဖန်ရံခါ၌ လက်ချောင်းနှင့်မေးတို့တွင် ဘုကြီးများ ပေါက်လာတတ်ပေသေးသည်။
Osteoarthritis အဆစ်ရောင်ရမ်းနာ (သို့မဟုတ်) ရိုးဆက်ရောင်နာ
Osrteo Arthritis (ရိုးဆက်ရောင်နာ) က အဆစ်များထိ ဆက်ရာ အရိုးနုများ ပျက်စီးလာ လို့ ကိုက်ခဲလာတတ်ပါတယ်။ အဆစ်တွေရောင်ပြီး နာကျင်မှုကို ဖြစ်စေ ပါတယ်။ လှုပ်ရှားမှုများတဲ့ ခါး၊ လက်ကောက်ဝတ်၊ တင်ပါးဆုံ၊ ဒူးဆစ်၊ လက်ဆစ်တွေမှာ ဖြစ်တတ်ပါတယ်။ ဒီအခြေအနေ ကနေ ရောဂါတိုးလာရင် Rheumatoid Arthritis ဖြစ်လာတတ်ပါတယ်။

Bone TB အရိုးတီဘီ
အရိုးပါးရောဂါမှာ မထင်မှတ်ဘဲ ပြန်ပြီး အဖြစ်များလာတာက အရိုးတီဘီပါ။ အရင်က ဖြစ်တာ နည်းသွားခဲ့ရာက ယခုအဖြစ် ပြန်များလာ နေပါတယ်။ ဗြုန်းခနဲ ခါးနာလာ တာမျိုးဖြစ်ပြီး အဆုတ် မှာ သလိပ်မှာ ဘာလက္ခဏာမှ မပြဘဲ အရိုးမှာ တီဘီပိုးဝင်လာပြီး ဖြစ်လာတာပါ။ အရိုးပြားလာ တယ်၊ ဒူးဆစ်တွေ ရောင်လာတယ်၊ နာလာတယ်။ ဓာတ်မှန်မှာ မတွေ့ရပေမယ့် သွေး စစ်ကြည့်တော့မှ တွေ့ရတာပါ။

Gout ဂေါက်ရောဂါ
ဂေါက်ရောဂါသည် နာတာရှည်အဆစ်ရောင် ရောဂါ Chronic Rheumatic ရောဂါအုပ်စုဝင် ဖြစ်ပါသည်။ အဓိကအားဖြင့် ‘ခြေမ’ များတွင် အဖြစ်များသည်။ ထိုကဲ့သို့  ဖြစ်ရခြင်းမှာ – ခြေမ အဆစ်ထုံးကျောက် Chalky များ စုဝေးနေခြင်း ကြောင့် ဖြစ်သည်။ ဆေးကျမ်းအများစုတွင် ဂေါက်ရောဂါသည် ဆွေစဉ်မျိုးဆက် လိုက်သော ရောဂါဟု ယူဆကြသည်။ စာရင်းဇယားနှင့် သုတေသနပြုချက်အရလည်း ဤအယူအဆကို ထောက်ခံနေကြသည်။ သို့ရာတွင် ဂေါက်ရောဂါ အလွယ်တကူ ဝင်ရောက်ရန် ရေခံမြေခံရှိသော တစ်စုံတစ်ယောက်က အနေအထိုင် အစား အသောက်လော်မာလျှင် အနှေးနှင့်အမြန် ဂေါက် ရောဂါဖြစ်မည်ဟု ဆိုခြင်းက ပိုမှန်ကန်ေ ပလိမ့် မည်။ အထူးသဖြင့် ယူရစ်အက်စစ် (Uricacid) တွေများစေတဲ့ ကလီစာတွေ၊ မျှစ်၊ ပဲပင်ပေါက်၊ ခရမ်းချဉ်သီး၊ ဘီယာစတဲ့အစားအသောက်တွေ ကြောင့် ဖြစ်ရတာ ပါ။ အချို့ဆေးစားရုံနဲ့ ပျောက် ကင်းသွားတတ်ပါတယ်။ Uricacid ကြောင့် အဆစ်နာတာကိုတော့ အပြင်ဆေးခန်းတွေမှာ ပြသရုံနဲ့ ပျောက်ကင်းသွားနိုင်ပါတယ်။

ယူရစ်အက်စစ် သိပ်များလာရင် ဂေါက် (Gout) ရောဂါ ဖြစ်တတ်ပါတယ်။ ဒီအခြေအနေ မှာ အသားတွေရောင်လာပြီး လမ်းလျှောက်လို့ မကောင်းဖြစ်တတ်ပါတယ်။ ယူရစ်အက်စစ်တွေ သွေးထဲကနေ အရိုးအဆစ်တွေဆီ ရောက်သွားလို့ ဖြစ်ရတာပါ။ အသက် ၁၅ နှစ်ကစပြီး ၅ဝ နှစ် အရွယ်လောက်အထိ ဖြစ်တတ်ပါတယ်။ အမျိုး သမီးတွေထက် အမျိုးသားတွေမှာ အဖြစ်များ တတ်ပါတယ်။အရိုးရောဂါတွေကို ရိုးရိုးဓာတ်မှန်တွေနဲ့ ရိုက်ပြီး ရောဂါရှာနိုင်သလို သံလိုက်ဓာတ်သုံး အဆင့်မြင့် ရောဂါ ရှာပေးတဲ့MRI ကိရိယာတွေ ကို အသုံးပြုပြီး သိနိုင်ပါတယ်။ 
ဓာတ်ခွဲခန်းမှာ သွေးကိုလိုအပ်တဲ့ အချက်အလက်တွေ ရှာဖွေပြီး အရိုးရောဂါရှာရတာလည်း တော်တော်ထိရောက် ပါတယ်။ ပိုးလေးဖက်နာဖြစ်တဲ့ Rheumatic Arthritis တွေ၊Rheumatic Fever တွေဆိုရင် ASO Titre သွေး ထဲမှာပါတဲ့ အရေအတွက်ကို ကြည့်ပြီး ကုသပေးရပါတယ်။ Gout ဂေါက်ရောဂါ မှာ အဆစ်အမြစ်ကိုက်စေတဲ့ Uricacid ယူရစ် အက်စစ်ကိုလည်း သွေးထဲမှာ ပါတဲ့နှု န်းကြည့်ပြီး ကုသရပါတယ်။ ဒီဂေါက်ရောဂါသည်တွေမှာတော့ ယူရစ်အက်ဆစ်တွေများစေတဲ့ ကလီစာတွေ၊ မျှစ်၊ ပဲပင်ပေါက်၊ ခရမ်းချဉ်သီး၊ ဘီယာစတဲ့ အစား အသောက်တွေကိုပါ ရှောင်ရှားရမှာ ဖြစ်ပါတယ်။ အဆစ်အမြစ်ရောဂါတွေ ဖြစ်လာရင်တော့ တတ် ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ စနစ်တကျ ကုသမှုခံယူတာကတော့ ကိုယ့်အတွက် အကောင်း ဆုံးဖြစ်မှာပါ။

ဒေါက်တာအောင်ဆန်းဝင်း

စေတနာ

Photo: စေတနာ

အလွန်ချမ်းသာသော သူဋ္ဌေးကြီးတစ်ဦးသည် သူ့အိမ်မှ စားဖိုမှူးအား ခေါ်ပြီး ဟင်းလျာမျိုးစုံပါဝင်သော menu (မီနူး) စာရွက်ကို ပေးရင်း စားဖိုမှူးအား မှာကြားနေသည်။

"ရော့...ဒါက ငါ့ယောက္ခမကြီးအကြိုက်ဆုံး ဟင်းလျာတွေချည်းပဲ သီးသန့် ပြုစုထားတဲ့ စာရင်းစာရွက်"

"ဟုတ်ကဲ့ခင်ဗျာ"

"မနက်ဖြန်ကျရင် ငါ့ယောက္ခမကြီး ငါတို့အိမ်ကို လာလိမ့်မယ်၊ အဲဒီဟင်းတွေထဲက တစ်မျိုးမျိုးကို ချက်မိလို့ကတော့ မင်းအလုပ်ပြုတ်ပြီသာမှတ် "

စတနာ

 ရွှေအိမ်စည်

မယ်ကန့်လန့်

Photo: မယ်ကန့်လန့်
▬▬▬▬▬
ရွာတစ်ရွာမှာဘဲဆိုပါတော့-- ။ မိန်းမလုပ်တဲ့သူဟာ ယောင်္ကျား ရဲ့ စကားကိုအမြဲတန်းကန့်လန့်တိုက်တတ်တယ် ။ ဆန့်ကျင်ဘက်လုပ်တယ် ။ ယောင်္ကျားက အဖြူဆိုရင် သူက မဲတယ် --။ မိန်းမအထာသိတဲ့ယောင်္ကျားက ဘာလုပ်ချင် လုပ်ချင် အမြဲဆန့်ကျင်ဘက်ကိုပြောမှ သူဖြစ်ချင်တာဖြစ်ရတယ်

-- ဥပမာ - `` မိန်းမရေ ဒီနှစ် ဘုန်းကြီး ဆွမ်းမကပ်တော့ဘူး ကွာ ``
`` အို ဘယ်ဖြစ်မလဲ -- ဆွမ်းကပ်ကိုကပ်မယ် ``

`` ဒါဆိုလဲကွာ - တစ်ပါးလောက် -အဖြစ်ကပ်လိုက်ပေါ့ ``
``ဖြစ်မလား အနည်းဆုံး ငါးပါး ဘဲ --``

``အင်းလေ မင်းသဘောပါဘဲ - လူကိုတော့ အိမ်နီးချင်း ခေါင်းရင်း - ခြေရင်းလောက်ဘဲ ဖိတ်ပေါ့ ``
``မရပါဘူး မိတ်ဆွေတွေ အားလုံးကို ဖိတ်မယ် ``

ဒီလိုဘဲ သူဖြစ်ချင်တာ ရဘို့ မိန်းမကိုဆန့်ကျင်ဘက်ပြောပြောနေရတာ ကြာတော့ငြီးငွေ့လာတယ်

--တစ်နေ့တော့ အခွင့်ကြုံလာတယ် - သူနဲ့ သူ့မိန်းမဟာ ခရီးတစ်ခုသွားရင်း ရေစီးသန် တဲ့ချောင်းတစ်ခုကို အဖြတ်မှာ မိန်းမဖြစ်သူ ချေချော်ပြီး ရေစီးသန်တဲ့ချောင်းထဲကို ကျသွားတယ် ။ ရေစီးနဲ့ အတူအောက်ဘက်ကိုမျောပါသွားပြီး ကယ်ပါယူပါ အော်ဟစ်လျှက်ပေါ့ ။ ယောင်္ကျားဖြစ်တဲ့သူဟာ ရေစီးအတိုင်း မလိုက်ဘဲ ချောင်းအထက်ဘက်ကိုပြေးကာ

`` မပူနဲ့ မိန်းမရေ ငါလာပြီ -- ငါလာပြီလို့ ``အော်သတဲံ့  ။ မိန်းမ ဟာကံကောင်းလို့ သစ်ကိုင်းတစ်ခု ကိုဆွဲမိပြီး သူ့ဘာသာ ကမ်းပေါ်ကိုတတ်လာနိုင်တယ် -- နောက်ယောင်္ကျားလုပ်သူကို ရန်တွေ့တော့တယ်--

`` ဘယ်လို လုပ်တာလဲ မိန်းမတစ်ယောက်လုံး ရေစီးအတိုင်းမျော သွားတာကို ချောင်းအပေါ် ဘက်ကိုဘာဖြစ်လို့ သွားတာလဲ ``

`` ငါလဲ ပထမတော့ အဲသလို လိုက်ဘို့ ပါဘဲကွာ -- ဒါပေမယ့် မင်းက အမြဲတန်း ဆန့်ကျင်ဘက်သမားဆိုတော့ သူများတွေလို ရေစီးအတိုင်း မမျောဘဲ ရေဆန်အတိုင်း မျောလာမယ်ထင်လို့ ဟေ့

`` အဲဒီနေ့က စပြီး မယ်ကန့်လန့်တစ်ယောက် ဆန့်ကျင်ဘက်မလုပ်ရဲတော့ဘူးတဲ့ ။။

(မိတ်ဆွေများ ခင်ဗျား ---ခင်ဗျားတို့မိန်းမ ပြောမကောင်းရင် ရေစိးသန်တဲ့ချောင်းထဲ တွန်းချပေတော့)

https://www.facebook.com/groups/shweaeimsijoker/ စိတ်ကျဉ်းကျပ်၊ရှုတ်ထွေးမှုများကြားမှ တဒင်္ဂလွတ်မြောက်စေရန် အတွက်သာရည်ရွယ်ပါသည်။

ကောင်းထိုက်ဘာသာပြန်ဟာသများ

မူကြိုလွှတ်တော်

https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-ash3/t1.0-9/10153230_235468796657373_3524121780712509119_n.jpg

မူကြိုလွှတ်တော်
========
စိုပြေ
မြန်မာပြည်တွင် လွှတ်တော်ကြီး ကျင်းပနေသည်။ တစ်နှစ်တွင် ကိုးလ ကျင်းပမည်ဖြစ်သဖြင့် သုံးလနား သည်။ ကလေးများ ကျောင်းပိတ်သလို ဖြစ်သည်။ လူကြီးများလည်း နားချင်လိမ့်မည်။တကယ်တော့ လွှတ် တော်တက်
ရသည်မှာ ကလေးများ မူကြိုကျောင်း တက်သလိုပင် ဖြစ်သည်။ သို့ဆိုသဖြင့် မအံ့သြသွားပါ နှင့်။ အောက်တွင်
ရှင်းအံ့။

မနက်ဆိုလျှင် လွှတ်တော်ကိုယ်စားလှယ်တွေ တည်းခိုရာနေရာသို့ ကားတစ်စီးဖြင့် လိုက်ကြိုသည်။ လွှတ်တော်
သို့ ပို့ပေးသည်။ မူကြိုကလေးများလိုပင် ဖြစ်သည်။ မူကြိုကလေးများလည်း ကျောင်းကားက လာကြို သည်။

လွှတ်တော်ကိုယ်စားလှယ် တချို့လည်း မူကြိုကလေးများလို ထမင်းချိုင့်ထည့်သည်။ တချို့လည်း မထည့်။ မူကြို
ဆရာမနှင့် တူသော လွှတ်တော်ဝန်ထမ်းများက ထမင်းတွေဘာတွေ ပြင်ပေးတတ်သည်။ ချိုင့်မပါသော လွှတ်
တော်ကိုယ်စားလှယ်တွေကတော့ ကျပ် ၂၀၀၀ တန် လွှတ်တော်ထမင်းကို စားကြရသည်။

သို့သော် စားမကောင်းသဖြင့် နောက်ပိုင်း လွှတ်တော်ထမင်းဆိုင် ရောင်းမကောင်းတော့ချေ။ ကလေးများ က
တော့ ကျောင်းမုန့်ဈေးတန်းက မုန့်ကို ပိုကြိုက်ကြသည်။ ကလေးများနှင့် မတူတာ တစ်ခုတော့ ရှိသည်။ ပြေး
လွှားဆော့ကစားမှု မရှိခြင်းပင်။ သို့မို့ကြောင့်လည်း ၀နေကြခြင်း ဖြစ်လိမ့်မည်။ ၀ိတ်ကျစေရန် ကလေး များလို
ဆော့ဖို့ အကြံပေးရမည်။ လူမဆော့သော်လည်း စိတ်ဆော့သည်ဟု ယူဆလို့ရသည်။ မျက်လုံး ဆော့သည်။

အတင်းအဖျင်း သတင်းတွေ ဖလှယ်တာကော ရှိနိုင်ကြသည်။ စကားတွေ ဖလှယ်ကြသည်။

မနက်ခင်း ခေါင်းလောင်းတီးလျှင် ကိုယ်စားလှယ်များ လွှတ်တော်ခန်းမအတွင်း ၀င်ထိုင်ကြသည်။ ကလေး များ ကျောင်းတက်ခေါင်းလောင်း တီးသလိုပင် ဖြစ်သည်။

ကျောင်းအုပ်ကြီးနှင့်တူသော လွှတ်တော်ဥက္ကဋ္ဌကြီးက ကြိမ်လုံးကြီးနှင့်တူသော ကျိုင်းကြီးကိုသူများကို ကိုင်ခိုင်း
ကာ လွှတ်တော်အတွင်း ခပ်တည်တည် ၀င်လာသည်။ ပြီးလျှင် ခုံမြင့်ပေါ်တွင် မိန့်မိန့်ထိုင်လိုက် သည်။

လွှတ်တော်ဥက္ကဋ္ဌကြီးက တက်ရောက် ပျက်ကွက်စာရင်းကို ခပ်တည်တည် ဖတ်သည်။

ကလေးများကို ဆရာက နာမည် ခေါ်သလို “မောင် ဘယ်သူ ........ ရှိ”၊ “မ ဘယ်သူ...... ပရဲစန့်” လို့ တော့
မခေါ်။ ခေါ်လို့လည်းမဖြစ်။ လွှတ်တော် ကိုယ်စားလှယ်တွေက များလွန်းသည်။ တက္ကသိုလ်ကျောင်း များလို လက်မှတ်ခိုးထိုးခြင်း ရှိ မရှိတော့ မသိရသေး။

ကျောင်းအုပ်ကြီးက ကျောင်းသားများ အ၀တ်အစား သပ်သပ်ရပ်ရပ် ၀တ်ခြင်း ရှိ မရှိစစ်ဆေးပြီး ဆူသကဲ့ သို့ လွှတ်တော်ကိုယ်စားလှယ်များ ခေါင်းပေါင်းတပ်ထားခြင်း မရှိပါကလည်း လွှတ်တော်ဥက္ကဋ္ဌကြီးက ဆူ တတ်
လေသည်။ တချို့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ကျောင်းသားတွေ ကျောင်းကို ကြောက် သကဲ့သို့
လွှတ်တော်တက်ရမှာ ကြောက်သည်။

သို့နှင့် လွှတ်တော်ပြေးလေသည် လွှတ်တော်ကို ပတ်ပြေးခြင်းမဟုတ် ကလေးများ ကျောင်းပြေးလျှင် အရိုက်
ခံရသည်။ လွှတ်တော် ကိုယ်စားလှယ်ကြီးတွေ ကတော့ လူကြီးများ ဖြစ်သဖြင့် အရိုက်မခံရ။ လွှတ် တော် ကိုယ်စားလှယ်ကြီးတွေကလည်း ကလေးများလို ခွင့်တိုင် တတ်သေးသည်။ ကျောင်းသားများက တော့ “သို့ အတန်းပိုင်ဆရာမ ခင်ဗျား........ကျွန်တော့်၏ သားဖြစ်သူမှာ နေမကောင်းပါသဖြင့်” ဟု ခွင့် တိုင်ကြသည်။

လွှတ်တော်က ကိုယ်စားလှယ်များကတော့ “သို့ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား ............ကျွန်တော့်၏ အဖေ
ဖြစ်သူမှာ ဖျားနေပါသဖြင့် ဟု ခွင့်တိုင်လေမလား မသိ။

လွှတ်တော် စတင် ရင်တော့ ကလေးများ အိမ်စာပေးလိုက်သလို ကြိုတင် ပေးထားပြီးသား မေးခွန်းများကို
ကိုယ်စားလှယ် များက ခပ်တည်တည် ပြန်ဖတ်ရသည်။ လွှတ်တော် ကိုယ်စားလှယ် များက ကလေးများလို
ဟိုမေး ဒီမေးဖြင့် ဆရာမနှင့် တူသော ၀န်ကြီး ဌာနများကို စိတ်ညစ်အောင် လုပ်သည်။ ဆရာမ များနှင့် တူ
သော ၀န်ကြီး ဌာန ကိုယ်စားလှယ် များက ကိုယ်စား လှယ်များ မေးသမျှ ကို ဆရာမများ အတိုင်း ဝေ့လည်
ကြောင်ပတ်ဖြေကာ ပညာပြသည်။ စာမရလျှင် ကျူရှင်လာတက်ဟူသော သဘောမျိုး ဖြစ်သည်။

ကလေးများက ဆရာများကို မကျေနပ်သလို လွှတ်တော်ကိုယ်စားလှယ်များကလည်း ၀န်ကြီးများကို သိပ် မ
ကျေနပ်။ ဆရာမများနှင့်တူသော ၀န်ကြီးများကို ကျောင်းအုပ်ကြီးဖြစ်သည့် လွှတ်တော် ကိုယ်စားလှယ် ကြီး
က မကြာခဏ ဆူသည်။ ဆရာမများ စာကောင်းကောင်း မသင်သလို ၀န်ကြီးများ ကောင်းကောင်း မဖြေ၍
ဖြစ်သည်။ တစ်ခုကောင်းသည်မှာ ၀န်ကြီးများအနေဖြင့် ဆရာမများလို ကျူရှင်မဖွင့်ခြင်းပင် ဖြစ် သည်။

လွှတ်တော်ကိုယ်စားလှယ်များ ကျူရှင်ခ သက်သာသည်။

တချို့ လွှတ်တော် ကိုယ်စားလှယ်များကလည်း မူကြိုကျောင်းသားများလို အိပ်ငိုက် သူငိုက်သည်။ တစ်ခါ တ
ရံ အိပ်သူအိပ်သည်။ မုန့်ခိုးစားသူ စားသည်။ ကျောင်းတွင် စာသင်ချိန်အိပ်ပါက ဆရာမဆူမှာသာ ကြောက်
ရသည်။ လွှတ်တော်ထဲမှာတော့ ကိုယ့်ဘေးက ပါတီမတူသူက ဓာတ်ပုံရိုက်ပြီး အွန်လိုင်းပေါ်တင်မှာလည်း
ကြောက်ရသည် ဥက္ကဋ္ဌကြီး မြင်သွားပြီး ဆူမှာလည်း ကြောက်ရသည် မီဒီယာတွေဖွမှာ ကိုလည်း ကြောက်
ရသည်။ အိပ်ငိုက်သည်မှာ လူ့သဘာဝ ဖြစ်သည်။ လွှတ်တော်တွင် အိပ်မငိုက်ရသဖြင့် လူ့အခွင့်အရေး ဆုံး
ရှုံးနေသယောင်ရှိသည် ကလေးများ မူကြိုတွင်တော့ ထမင်းစားပြီးချိန်သည် အိပ်ချိန် ဖြစ်သည်။ လွှတ်တော်
တွင်လည်း မူကြို ကလေးများလို ထမင်းစား ပြီးချိန်၌ အိပ်ချိန် တစ်ခု ပေးသင့်သည်။ လွှတ်တော် ကိုယ်စား
လှယ်တချို့က ချမ်းသာသော်လည်း အများစုမှာ ဆင်းရဲကြသည်။ ကျောင်းသားများ အတိုင်း ဖြစ်သည်။ ချမ်း
သာသော ကိုယ်စားလှယ်ကြီးများက တစ်ရက်ကို လေးငါးသိန်းတန် ဟိုတယ်တွင် နေထိုင်ကြသည်။ ဆင်း
ရဲသော ကိုယ်စားလှယ်များကတော့ သုံးလေးထောင်တန် စည်ပင်ဧည့်ဂေဟာတွင် နားခိုရသည်။

လွှတ်တော် နားရက် များတွင်တော့ ပျော်စရာကောင်းပုံ ရသည်။ အချို့ ကိုယ်စားလှယ်များက ကေတီဗွီတွေ မာဆက်တွေမှာ ကဲကြသည် သူတို့လည်း လောကီသားပေမို့ ကဲချင်ကြပေလိမ့်မည် ကျောင်းပိတ်ရက်တွင်
တချို့ ကလေးများ လမ်းဘေးတွင် ဆော့ကြသည်။ တချို့ ကလေးများ ကွန်ပျူ တာ ဖြင့် အဲကွန်းခန်း အတွင်း
ဆော့ကြသည်။ တချို့ ကိုယ်စားလှယ်ကြီးများလည်း မိန်းမကိုလွမ်းသဖြင့် အိမ်ပြန်ကြသည်။ ကလေးများ မိ
ဘကို လွမ်းသလိုပင်။

အိမ်ပြန်သော လွှတ်တော် ကိုယ်စားလှယ် များ အနေဖြင့် တနင်္လာနေ့ လွှတ်တော် ပြန်စ ချိန်တွင် လွှတ်
တော် ပြေးလေ့ရှိကြသည်။ ကလေး များလည်း တနင်္လာနေ့ ဆိုလျှင် ကျောင်းတတ်ရမှာ ပျင်းပြီး ကျောင်း
ပြေးလေ့ရှိ ကြသည်။ ကလေးများ ကျောင်းတက်လျှင် မုန့်ဖိုးရသလို လွှတ်တော် ကိုယ်စားလှယ်ကြီးများ
လည်း လွှတ် တော်တက်လျှင် တစ်ရက်ကို မုန့်ဖိုး တစ်သောင်းရသည်။ ကလေးများ ကျောင်းလခ ပေးရ
သော်လည်း လွှတ်တော်ကိုယ်စားလှယ်များက မပေးရချေ တစ်လလျှင် သုံးသိန်း ပြန်ရသေး၏ သို့သော်
လွှတ်တော် ကိုယ်စားလှယ်ဖြစ်ဖို့ အရင်းအနှီးကတော့ ကြီးပါသည်။ ၀င်ကြေး ငါးသိန်းပေးရပြီး ၀င်ကြေး
ပေးတိုင်းလည်း လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရန် အရွေးခံရသည် မဟုတ်။

ကလေးများကတော့ ကျောင်းလခပေးလျှင် ကျောင်းက လက်ခံပါသည်။

ဒီလောက်ဆိုလျှင် လွှတ်တော်နှင့် မူကြို ကျောင်း မကွာခြားသည်ကို သိလောက်ပြီ ထင်ပါသည်။ လက်ရှိ လွှတ်တော်ကိုယ်စားလှယ်များက နောက်တစ်ကြိမ် အရွေးမခံရလျှင် မူကြိုသို့သွားရောက်ကာ လွှတ်တော်
ကို အလွမ်းဖြေနိုင်ပါသည်။

From:OE

by Myanmar Daily Star Group

ပဋိပက္ခများကြောင့် မြန်မာ့အပြောင်းအလဲ အလွန်ဆိုးသည့်ဘက် ဦးတည်သွားနိုင်ကြောင်း အိုဘားမား သတိပေး

ရန်ကုန်၊ ဧပြီ ၂၇

မြန်မာနိုင်ငံ၌ ကျေနပ်အားရစရာ ကောင်းသည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းများ ဆောင်ရွက်နေသော်လည်း လူမျိုး/ဘာသာကွဲ အုပ်စုများအကြား မြင်တွေ့နေရသည့် ပဋိပက္ခများကြောင့် မြန်မာ့အပြောင်းအလဲမှာ အလွန်ဆိုးရွားသည့်ဘက်သို့ ဦးတည်သွားနိုင်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက သတိပေး ပြောကြားလိုက်သည်။

မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန်သမ္မတ အိုဘားမားနှင့် အာဆီယံနိုင်ငံ အသီးသီးမှ လူငယ်များ ဧပြီလ ၂၇ ရက်နေ့က တွေ့ဆုံစဉ် လူမှုကွန်ရက်မှတစ်ဆင့် မြန်မာလူငယ်တစ်ဦးက ဘာသာ/လူမျိုး မတူသူများအကြား ခေါင်းဆောင်မှုဆိုင်ရာနှင့် ပတ်သက်၍ မေးမြန်းမှုကို ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
“ခုမြင်တွေ့နေရတဲ့ မြန်မာပြည်က ဘာသာ၊ လူမျိုးမတူ အုပ်စုတွေ အကြားက ပဋိပက္ခတွေဟာ မြန်မာ့အပြောင်းအလဲကို အလွန်ဆိုးရွားတဲ့ လားရာဆီကို ဦးတည်သွားနိုင်တယ်” ဟု သမ္မတအိုဘားမားက ပြောဆိုသည်။

ထို့အတူ နိုင်ငံအတွင်းရှိ မူဆလင်များအပေါ် ဖိနှိပ်ကန့်သတ်မှုများ ရှိနေမည်ဆိုပါက မြန်မာ့အပြောင်းအလဲ အောင်မြင်မည် မဟုတ်ကြောင်း ၎င်းက ထပ်လောင်း သတိပေးသည်။

သို့သော် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ကိစ္စရပ်များမှာ အမေရိကန်ပြည်ထောင်စု၊ မလေးရှားနိုင်ငံတို့ အပါအဝင် ကမ္ဘာပေါ်၌ ဖြစ်လေ့ဖြစ်ထ ရှိသော ပြဿနာများ ဖြစ်ပြီး လူများစုက လူနည်းစုအပေါ် အထင်အမြင်သေးခြင်း၊ အခွင့်အရေးများကို တားမြစ်ပိတ်ပင်ခြင်းများ သမိုင်းတွင်သာမက လက်ရှိ အချိန်၌ပါ မြင်တွေ့နိုင်သေးကြောင်း သမ္မတအိုဘားမားက ပြောကြားသည်။

မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန် ဦးဆောင်သော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်မှ အစပြုသည့် ဘာသာရေးအသွင်ဆောင် ပဋိပက္ခများနှင့် ဗမာနှင့် အခြားတိုင်းရင်းသား လူမျိုးစုများအကြား အုပ်ချုပ်မှုစနစ် အလွဲများကြောင့် တင်းမာမှုများ ရှိခဲ့သဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ နောက်ပြန်သွားနိုင်ကြောင်း နိုင်ငံရေး ခေါင်းဆောင်များက သတိပေးထားသည်။

နိုင်ငံတစ်ဝန်း အမုန်းစကား ဟောပြော ပြောဆိုမှုများ ပြုလုပ်နေသော်လည်း အစိုးရက လျစ်လျူရှုထားသည့် အပေါ် ဝေဖန်ခံနေရပြီး လူငယ်များ ဦးဆောင်ကာ အမုန်းစကားရပ်ရေး လှုပ်ရှားမှုများ နိုင်ငံတဝန်း စတင် လုပ်ဆောင်လျက် ရှိသည်။

မြန်မာ့အပြောင်းအလဲမှာ အရေးကြီးသော အနေအထားသို့ ရောက်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမီက ပြောဆိုခဲ့သည်။

The Voice Weekly

မန်ချက်စတာယူနိုက်တက်၏ အမြဲတမ်း မန်နေဂျာရာထူး အတွက် ဂစ်ကို ရွန်နီ ထောက်ခံ

ရိုင်ယန်ဂစ်တွင် မန်ချက်စတာယူနိုက်တက်၏ အမြဲတမ်း မန်နေဂျာ ဖြစ်လာနိုင်မည့် အရည်အချင်းများ ရှိသည်ဟု ယုံကြည်ကြောင်း ဝိန်းရွန်နီက ပြောကြားလိုက်သည်။

အင်္ဂါနေ့က ဒေးဗစ်မိုယက်စ်ကို ထုတ်ပယ်ခဲ့ပြီးနောက် အိုးထရတ်ဖို့ဒ်တွင် ယာယီ မန်နေဂျာ တာဝန်ယူခဲ့သည့် အသက် ၄၀ နှစ်အရွယ် ဂစ်သည် ယူနိုက်တက်ကို ရာသီကုန်သည်အထိ တာဝန်ယူရမည် ဖြစ်ပြီး နော်ဝစ်ခ်ျနှင့် ကစားခဲ့သည့် ၎င်း၏ ပွဲဦးထွက် မန်နေဂျာ ပွဲတွင်လည်း ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

“ဂစ်ရဲ့ လက်အောက်မှာ ကစားရတာ နည်းနည်း ထူးဆန်းပါတယ်။ ကျွန်တော် လွန်ခဲ့တဲ့ ၁၀ နှစ်က သူနဲ့ ကစားဖူးပါတယ်။ သူက တကယ့်ကို အတွေ့အကြုံရှိတဲ့ ကစားသမားပါ။ နောက်ပြီး ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီမှာလည်း နည်းပြအဖွဲ့ဝင် ဖြစ်လာပါတယ်။ အခုဆိုရင် မန်နေဂျာ တစ်ယောက်ဖြစ်ဖို့ သူကြိုးပမ်းနေပါတယ်။ သူ့မှာ အသင်းမန်နေဂျာ ဖြစ်လာမယ့် အရည်အချင်း အားလုံးရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စတွေက ဘုတ်အဖွဲ့နဲ့ ဂစ် တို့အပေါ်မှာပဲ မူတည်ပါတယ်” ဟု ရွန်နီက ပြောကြားခဲ့သည်။

နော်ဝစ်ခ်ျကို ဂိုးပြတ် အနိုင်ရခဲ့သည့် ပွဲစဉ်တွင် ရွန်နီသည် အသင်းအတွက် အဖွင့်ဂိုးကို ၄၁ မိနစ်တွင် ပင်နယ်တီမှ တစ်ဆင့် သွင်းယူခဲ့ပြီး ဒုတိယဂိုးကို ဒုတိယပိုင်းအစတွင် သွင်းယူခဲ့သည်။ ထို့နောက် လူစားဝင် ကစားခဲ့ပြီး ၂ ဂိုးထပ်မံ သွင်းယူခဲ့သည့် မာတာက မိမိအနေဖြင့် ဂစ်၏ လက်အောက်တွင် ကစားရခြင်းကို ပျော်ရွှင်ကြောင်း ဆိုခဲ့သည်။

“သူ့ရဲ့ အုပ်ချုပ်မှုအောက်မှာ ကစားရတဲ့ အတွက် ပျော်ရွှင်မိပါတယ်။ ကျွန်တော် ငယ်စဉ်ကတည်းက ဂစ်ရဲ့ကစားပုံကို ကြည့်ရှုခဲ့တာပါ။ သူဟာ ယူနိုက်တက်မှာ သူ့ရဲ့ ဘဝတစ်ခုလုံးကို မြှုပ်နှံထားသူပါ။ လေ့ကျင့်ရေး ကွင်းမှာလည်း အသင်းသား အားလုံးက ပျော်ရွှင်နေကြပါတယ်။ ဒါပေမဲ့ အမြဲတမ်း မန်နေဂျာ ခန့်အပ်ဖို့ ဆုံးဖြတ်ချက် ပြုလုပ်ရမှာက ကျွန်တော်တို့ မဟုတ်ပါဘူး။ အခုအချိန်မှာတော့ ရာသီကုန်အထိ သူ့ရဲ့ လက်အောက်မှာ ကစားရမယ့်အတွက် ကျွန်တော်တို့ အားလုံး ပျော်ရွှင်နေပါတယ်” ဟု မာတာက ပြောကြားသွားခဲ့သည်။

Soccer Myanmar

ကိုယ်စိတ် ကျန်းမာဖို့ ကလေးများဆီက သင်ယူစို့

ကလေးတွေ ဘာကြောင့် ပေါ့ပါး ပျော်ရွှင်ကြ သနည်း။ အသေးအဖွဲလေး ထဲကအစ ပျော်စရာကို ဆွဲထုတ်မြင်တတ်ကြသည်မှာ ဘာကြောင့်နည်း။ ကျွန်ုပ်တို့ လူကြီးတွေ ဖြစ်လာတော့ ဘ၀ရဲ့ အသေးအဖွဲ့ ဖြစ်စဉ်လေးများ ထဲကနေ ပျော်စရာကို ဆွဲထုတ် ခံစားဖို့ မေ့လာ ကြသည်။ စိတ်ဖိစီးစရာ၊ စိတ်ပူ ပင်စရာ တွေကြား မှာသာ ခေါင်းနှစ် ထားမိကြ သည်။ လူပန်း စိတ်ပန်းစရာ ကိစ္စများကိုသာ ဆွဲထုတ် ကြည့်တတ်သည့် အကျင့်ကြီး စွဲလာသည့် အခါ ကျွန်ုပ်တို့၏ ကိုယ်စိတ် ကျန်းမာရေး အပေါ်ပါ ၀န်ပိလာ တော့သည်။ ကျွန်ုပ်တို့ ရသည့် ဘ၀တိုတိုလေး ထဲမှာ ပျော်စရာ ကို ဆွဲထုတ်ကြည့် လည်းရသည်။
  စိတ်ညစ်စရာ ဆွဲထုတ် ကြည့်ချင် လည်းရသည်။ ကိုယ်ဘာကို ကြည့်ချင်လဲ ရွေးချယ် တတ်ဖို့သာ လိုသည်။

ရလာသည့် ဘ၀တိုတိုလေးမှာ စိတ်ချမ်း သာ ပျော်ရွှင်စရာတွေသာ ဆွဲထုတ်ကြည့်ပြီး ချမ်းမြေ့စွာ ဖြတ်သန်း လိုလျှင် စိတ်ကို ပူပင် သောကတွေ ကြား နှစ်မထားဘဲ ပကတိ ပစ္စုပ္ပန်မှာ ထားတတ် ဖို့လိုမည်။ သို့မှသာ ကိစ္စ အသေးအဖွဲလေးများ ထဲကပင် ပျော်စရာ ကို မြင်တတ် ခံစားတတ်လာမည်။ ကလေး များ ပျော်စရာ ဆွဲထုတ်တတ်ကြခြင်းမှာ သူတို့ လေးတွေ စိတ်သည် ၀န်ထုပ် ဖြစ်စေသည့် အရာ များမှာ စူးစိုက်ခြင်းမရှိဘဲ ပစ္စုပ္ပန်မှာ ရှိနေသော ကြောင့်ဖြစ်သည်။ ထိုနည်းဖြင့်သာ ကြုံလာရသမျှထဲတွင် စိတ်ချမ်းသာစရာကို မြင် တတ်လာမည်။ ကလေးများ ထံက ဘ၀နေနည်း သင်ယူစရာ များ စွာရှိ သည်။ ကလေးများသည် ပစ်္စုပ်္ပန် အချိန်တွင် စိတ်ပူပန် ဆင်းရဲစေတာ များကို ကြာကြာမွေးမထား။ ထိုနေရာတွင် စိတ်ကို ပျော်ရွှင်စေတာများ သာ အစား ထိုးကာ နေ့ရက်များကို ဖြတ်သန်းကြသည်။ ကလေးများသည် မိုးရွာလို့ စိတ်မညစ်၊ မိုးစက် တွေ ကျလာသည့် အရသာကို မျက်နှာမော့ ပြီး ခံစားကာ ပျော် စရာကို ဆွဲထုတ်ယူတတ် သူများ ဖြစ်သည်။
 
 မြက် ခင်းပေါ်မှာ စိတ်လက် ပေါ့ပါးစွာ လှိမ့်ကစားသူများ ဖြစ်သည်။ ရွှံ့ပေ လို့ စိတ်မညစ်၊ ရွှံ့ထဲ ခြေချောင်း လေးတွေ ထိုး နှစ် ဆော့ကစားလိုက်သူများ ဖြစ်သည်။ ဘ၀ လမ်းကြောင်းမှာ ကြုံလာသမျှ ပစ္စုပ္ပန်တိုင်း ကို သိမှတ်ခံစားကာ ပျော်ရွှင်စွာ ဖြတ်သန်းသူ များဖြစ်သည်။ လူကြီးဖြစ်လာတော့ လူမှုဝန်းကျင် စိန် ခေါ်မှုများကြောင့် ကလေးများထက် စိတ်ညစ် စိတ်ပင်ပန်း စရာ များလာမည်ကား အမှန်။ သို့ဖြစ် သည့် တိုင် ကြုံလာရသမျှ အခိုက်အတန့် များတွင် ပျော်စရာ တစ်ခုခုကို ရှာလျှင် ရသည် ကိုကား ငြင်းဆန်ရန် မရှိ။ ပစ္စုပ္ပန်မှာ နေတတ် ဖို့သာ လိုသည်။ စိတ်ပူပန်ခြင်းဟူသည် လက် ရှိမှာ ရှိမနေ ဖြစ်မနေသည့် ကိစ်္စများကို မိမိ စိတ်ဖြင့် ဖန်တီး ကာ ပူပန်ခြင်း ဖြစ်သည်။ ပစ္စုပ္ပန်မှာ နေထိုင်ကာ လက်ရှိမှာ ကြုံ လာရသည် များကိုသာ သိမှတ်နေထိုင်သူအဖို့ ပူပန်သောက ၀န်ထုပ်ပိခြင်း များစွာ ကင်းသွားမည်။ စိတ်ကို ပစ္စုပ္ပန်မှာထားခြင်းဖြင့် စိတ်သည် ကြည်လင် လာ ကာရှိနေသည့် အဖျက်ခံစားချက်များကိုတိုက် ထုတ်ရန် အာဟာရများပါ ထွက်လာသည်။

ပစ္စုပ္ပန်မှာနေကာ အရှိကိုလက်ခံ သိ မှတ်နေထိုင်ခြင်းတွင် အကျိုး များစွာ ရှိသည်။ ပစ္စုပ္ပန်မှာ နေခြင်း ဖြင့် စိတ်ဖိစီးမှု နည်းသွား သည့် ရလဒ် အ ဖြစ် ခန္ဓာကိုယ်ထဲမှာ ကော်တီ ဇုန်းနှင့် အဒရီနလင် ဟော်မုန်းများ နည်းသွား သည်။ ကော်တီဇုန်းနှင့် အဒရီ နလင်သည် နှလုံးကို ပုံမမှန် ခုန်စေသဖြင့် နှလုံးဒဏ်ဖြစ် စေ သည်၊ သွေးပေါင်ကို တက်စေသည်၊ သကြားဓာတ်ကို မြင့်စေသည်။ ရလဒ်ကား နှလုံးရောဂါ၊ သွေးတိုး နှင့် ဆီးချိုကို ဖိတ်ခေါ်ရာ ရောက် သည်။ စိတ်သည် တွေးတောပူပင်ခြင်း မရှိဘဲ ပစ္စုပ္ပန်မှာ ရှိနေသည့်အခါ အသက်ကို လည်း ၀လင်စွာ ရှူသွင်း ဖြစ်သည်။ ရလဒ်အဖြစ် ခန္ဓာကိုယ်သည် အောက်ဆီဂျင်ဓာတ် လုံလောက်စွာ ရရှိသဖြင့် အားဖြစ်သလို၊ သွေးလှည့်ပတ်မှု ကိုလည်း ကောင်းမွန်စေသည်။ ခန္ဓာကိုယ်တွင်း လုပ်ငန်းများစည်း ချက် ညီ ချောမွေ့နေသည့်အခါ လူသည်လည်း ကြည်လင်ရွှင်မြလာပြီး လောကကြီးကို အ ကောင်းဘက်က ပိုကြည့်ဖြစ်လာသည်။ ထိုအခါ အကောင်းသံသရာလည်ကာ ကိုယ်စိတ်ကျန်း မာရေး များစွာ အထောက်အကူပြုသည်။ လူ၏စိတ်သည် လျှောက်ပြေးလျှောက် တွေးရခြင်းကို ပိုနှစ်သက်၏။ 
 
ဒီအတိုင်း လွှတ်ထားပေးလျှင် ငြိမ်မနေဘဲ လျှောက်ပြေးနေ၏။ သို့ဖြစ်ရာ ပစ္စုပ္ပန်မှာ စိတ်ထားတတ် အောင် ကြိုးပမ်းသည့် အစပိုင်းကာလသည် အားထုတ် ကြိုးပမ်းရမည့် ကာလဖြစ်၏။ အဆက်မပြတ် လျှောက်ပြေး ချင်နေသော စိတ် ကို ပြေးနှုန်း ဖြည်းဖြည်းချင်း လျော့သွား အောင် အရင်လုပ်ရမည်။ ပြီးမှ ငြိမ်သွား အောင် လုပ်ရမည်။ ပြီးမှ ကိုယ် အာရုံစူးစိုက် ထားစေ ချင်သည့် အာရုံမှာသာ ငြိမ်သက်စွာ စိုက်ထား နိုင်အောင် ဆက်လုပ်ရမည်။ ထိုသို့ စိတ်ကို တစ်ဆင့်ချင်း ထိန်းကျောင်းသွားရန် နည်းလမ်းများစွာ ရှိသည့်အနက် တရားထိုင် ခြင်းသည် အထိရောက်ဆုံး နည်းလမ်းတစ်ခု ဖြစ်သည်။ လက်တွေ့ လေ့လာမှုများအရ လည်း တရားထိုင်ခြင်းသည် စိတ်ကို သက် သောင့်သက်သာရှိစေ၊ ဖိစီးမှုကျစေသလို သွေးဖိအားကိုပါ ပုံမှန် သက်သောင့် သက်သာ အနေအထားရှိစေ သဖြင့် လူသည် ကြည်လင် ရွှင်မြလာကြောင်း သိရသည်။ 
 
ထိုအခြေအနေ မျိုးတွင် စိတ်သည် အေးဆေး တည်ငြိမ်နေပြီး အပြင်က၀င်လာသည့် ရိုက်ခတ်မှု များကို ပကတိ အတိုင်း လက်ခံနိုင်စွမ်းရှိလာသလို တည်ငြိမ် စွာ တုံ့ပြန်နိုင်စွမ်းလည်း ရှိလာသည်။ စိတ်ညစ် စရာဝင်လာသည့် တိုင် အဖြစ်အပျက် တစ်ခု အနေဖြင့် တုံ့ပြန်ခြင်းမျိုးသာ ဖြစ်သွားပြီး ထိုကိစ်္စကြောင့် စိတ်သည် အတွေးများမှ ပေါက်ဖွားလာသည့် ဖိစီးစရာများ၏ ဒဏ်ကို မခံရတော့ဘဲ ခွန်အား ရှိနေ မည်။ အကောင်းမြင်စိတ်ရှိခြင်း၊ ကျေးဇူးတင် တတ်ခြင်းသည်လည်း စိတ်ကို တည်ငြိမ် အေးချမ်းပြီး ပစ္စုပ္ပန်မှာ ရှိနေအောင် ထိန်း ပေးနိုင်သော အမူအကျင့် ဖြစ်သည်။ လေ့ကျင့်လိုသူများ အနေဖြင့် မနက် အိပ်ယာ မထခင်၊ ညအိပ်ယာ မ၀င်ခင် စိတ်ကြည်နူးစေ သည့် သုံးချက်လောက် စဉ်းစားကြည့်ခြင်း ဖြစ် သည်။ ကလေးတစ်ယောက်၏ အပြုံးမှ သည် လမ်းပေါ်က လူတစ်ဦး၏ စိတ်သဘော ကောင်း အပြုအမူ တစ်ရပ် အထိ စဉ်းစားကြည့် နိုင်သည်။ စာရေးသူ သည် ဒီနေ့ ကံမကောင်း ပါလားဟု ညည်းတွားရမည့် နေ့မျိုးမှာပင် ထိုသို့ လုပ်ကြည့်သည့်အခါ တစ်နေ့တာ အတွင်း စိတ်ချမ်းသာ ကြည်နူးစရာ အချက် သုံးချက်မကကြုံခဲ့ ရကြောင်းပြန်ပေါ်လာသည်။

လူတစ်ယောက်၏ ကိုယ်စိတ် ကျန်းမာ ဖို့ရာ စိတ်ကို ပြုပြင်ဖို့ လိုသလို နေမှုပုံစံ မှန်ကန်ဖို့လည်း လိုသည်။ ကျန်းမာစေသော အစားအစာ စား ရမည်၊ ကိုယ်လက်လှုပ်ရှား တက်ကြွရမည်၊ ကျန်းမာစေသော ၀န်းကျင် မျိုးမှာ နေထိုင်တတ်ရမည်ဟူသော အချက် များကိုလည်း မမေ့သင့်။ နှလုံးကျန်းမာ လိုပါ ကလည်း နှလုံးကို ဒဏ်ဖြစ်စေသော စိတ်ဝန် ထုပ်များကို ရှင်းလင်း တတ်ဖို့ လိုသလို နှလုံးကို ရုပ်အားဖြင့် ထိခိုက် နိုင်သည့် ဘ၀နေမှု ပုံစံ များကို လည်း ရှောင်ဖို့ လိုမည်။ ကိုယ့်ဘ၀ ကိုယ်ကျေနပ် ပျော်ရွှင်စွာ ဖြတ်သန်းချင်သူ များ အနေဖြင့် ကလေးများ၏ ဘ၀စာအုပ် ကြီးထဲက စာတစ်မျက်နှာ လောက် လှန်ပြီး လေ့လာကျင့်သုံးကြည့် ကြဖို့ တိုက်တွန်းလို သည်။ ပစ္စုပ္ပန်တိုင်းမှာ ကြုံလာရသည့် အခိုက် အတန့်များကို ပျော်ရွှင်စရာ စိတ်ကြည်နူး စရာ များအဖြစ် ကလေးများ မည်သို့ ပြောင်း ယူကြကြောင်း သဘောပေါက်သွားလျှင် လူကြီး ဘ၀သည် လည်း ပျော်ရွှင် ကျေနပ်စရာ ဘ၀ဆိုတာ မြင်လာကြမည်။

Ref: Mindfulness and Rejuvenating the Soul for Better Health by Dr. Cynthia Thaik

The Messenger News Journal