3 May 2014

ကန်တော်ကြီး ရေချိုငါးဥယျာဉ်ကို ကမ္ဘာ့အဆင့်မီ မြေအောက်နှင့် ရေအောက်ငါးပြတိုက်ကြီးအဖြစ် ဒေါ်လာ ၁၅ သန်း အကုန်အကျခံ တည်ဆောက်မည်

 Photo: ကန်တော်ကြီး ရေချိုငါးဥယျာဉ်ကို ကမ္ဘာ့အဆင့်မီ မြေအောက်နှင့် ရေအောက်ငါးပြတိုက်ကြီးအဖြစ် ဒေါ်လာ ၁၅ သန်း အကုန်အကျခံ တည်ဆောက်မည်

ကျော်ထင်
ကန်တော်ကြီး ရေချိုငါးဥယျာဉ် အတွင်းပိုင်းတစ်နေရာအား မေလ ၂ ရက်က တွေ့ရစဉ်

ရန်ကုန်မြို့ ကန်တော်ကြီးအတွင်းရှိ ရေချိုငါးဥယျာဉ်ကို ကမ္ဘာ့အဆင့်မီ ရေချို ရေငန် မြေအောက်၊ ရေအောက် ငါးပြတိုက်ကြီးအဖြစ် ဒေါ်လာ ၁၅ သန်း အကုန်အကျခံ တည်ဆောက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုးမင်း၏ ပြောကြားချက်အရ သိရသည်။

ကန်တော်ကြီး ရေချိုငါးဥယျာဉ်ကို ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အောက်တိုဘာ ၁ ရက်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေအဖြစ် တာဝန်ယူခဲ့ပြီး ငါးပြတိုက်တွင် ရေချိုငါးကောင်ရေ ၁၀၈၃၁ ကောင်ကို ပြကွက် ၄၇ ကွက်ဖြင့် ပြသခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စတင်ဆောင်ရွက်ချိန်တွင် လစဉ် ၀င်ငွေနှင့် အသုံးစရိတ်မျှတမှုမရှိဘဲ အရှုံးပေါ်နေသည့် အခြေအနေ ဖြစ်ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် ဒီဇင်ဘာတွင် ရေချိုငါးဥယျာဉ်၏ ဂိတ်ဝင်ကြေးများကို လူကြီးတစ်ယောက် ကျပ် ၅၀၀ မှ လူကြီး ကျပ် ၁၀၀၀ နှင့် ကလေး ကျပ် ၅၀၀ သို့လည်းကောင်း၊ နိုင်ငံခြားသား တစ်ဦးလျှင် လူကြီး ကျပ် ၁၀၀၀ နှင့် ကလေး ကျပ် ၅၀၀ မှ လူကြီးကလေးတစ်ဦးလျှင် နှစ်ဒေါ်လာသို့ လည်းကောင်း ပြင်ဆင်သတ်မှတ် ကောက်ခံခဲ့သဖြင့် လစဉ်အရှုံးပေါ်ရာမှ  အရှုံးမရှိတော့ဘဲ ထိုက်သင့်သည့် အမြတ်ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုးမင်းက ပြောကြားသည်။

ကန်တော်ကြီး ရေချိုငါးဥယျာဉ်သည် အချက်အချာကျသည့် နေရာတွင် တည်ရှိခြင်းကြောင့် ၎င်းကို နိုင်ငံတကာအဆင့်မီ ရေချိုငါးဥယျာဉ်ကြီး၊ မြေအောက်နှင့် ရေအောက် ငါးပြတိုက်ကြီးများအဖြစ် တည်ဆောက်နိုင်ရန်အတွက် ပြည်တွင်းလုပ်ငန်းရှင် ကုမ္ပဏီများကို ၂၀၁၃ ခုနှစ် သြဂုတ် ၁၆ ရက်ထုတ် ကြေးမုံသတင်းစာတွင် တင်ဒါခေါ်ယူခဲ့ပြီး ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုးမင်း ဥက္ကဋ္ဌအဖြစ် ဖွဲ့စည်းထားသော အဖွဲ့ဝင် ကိုးဦးပါဝင်သည့် တင်ဒါရောင်းချရေးအဖွဲ့ ရှေ့မှောက် တွင် တင်ဒါတင်သွင်း လက်မှတ်များ လက်ခံရွေးချယ် ကြေညာခဲ့ကြောင်း သိရသည်။

တင်ဒါတင်သွင်းသူ ငါးဦးရှိပြီး ဒေါ်ယုယုဝင်း၊ ကမာရွတ်မြို့နယ်နေသူက တစ်နှစ်ငှားရမ်းခအဖြစ် ကျပ်သိန်း ၁၂၀၀၊ ဦးရင်ထွန်းသက် ဗဟန်းမြို့နယ်နေသူက ၉၉၉ ဒသမ ၉၉ သိန်း၊ ဦးဇေယျာသူရမွန် ကမာရွတ်မြို့နယ် နေသူက သိန်း ၆၀၀၊ ဒေါ်ခင်သန့်ဇင်ဝင်း အင်းစိန်မြို့နယ်နေသူက သိန်း ၃၀၀၊ ဦးပြည့်စုံအောင် (Junction Square) က ကျပ်သိန်း ၂၅၀ ဖြင့် တင်သွင်းခဲ့ရာ ၎င်းတို့အနက် တင်ဒါသွင်းသူ ငှားရမ်းခ အများဆုံး ကျပ်သိန်း ၁၂၀၀ ဖြင့်ပေးသည့် ဒေါ်ယုယုဝင်းက တင်ဒါရရှိခဲ့ကြောင်း ဦးစိုးမင်းက ပြောကြားသည်။

ကန်တော်ကြီး ရေချိုငါးဥယျာဉ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအတွက် ဒေါ်ယုယုဝင်းကို ၁၀.၅.၅ နှစ် ငှားရမ်းခြင်း စာချုပ်ဖြင့် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင်လွှဲပြောင်းပေးကာ ဆောင်ရွက်စေခဲ့ပြီး ကမ္ဘာ့အဆင့်မီ ရေချို၊ရေငန် မြေအောက်ရေအောက် ငါးပြတိုက်ကြီးကို နှစ်နှစ်အတွင်း ဒေါ်လာ ၁၅ သန်း အကုန်အကျခံ တည်ဆောက်၍ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

ရေချိုငါးဥယျာဉ် ကဲ့သို့သော အပန်းဖြေစရာ ဧရိယာကျဉ်းမြောင်းသည့် နေရာအား ငှားရမ်းမှုသည်ပင် တစ်နှစ်ကျပ်သိန်း ၁၂၀၀ အထိရရှိပြီး ၎င်းထက်အဆပေါင်းများစွာ ကျယ်ဝန်းကြီး အဆပေါင်းများစွာ ၀င်ငွေကောင်းသည့် တိရစ္ဆာန်ဥယျာဉ် ငှားရမ်းခမှာ တစ်နှစ်ကျပ်သိန်း ၇၀၀ သာရရှိခြင်းကို ကြည့်ချင်းဖြင့် နိုင်ငံမည်မျှ နစ်နာသည်ကို သိရှိနိုင်သည်။

ယင်းသို့တည်ဆောက်ရန် စင်ကာပူနှင့် သြစတြေးလျ ပညာရှင်များဖြင့် ဒီဇိုင်းဆွဲခြင်း၊ တွက်ချက်ခြင်းများ ဆောင်ရွက်ပြီးစီးသဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ငါးလုပ်ငန်း ဦးစီးဌာနများသို့  တင်ပြပြီး အကောင်အထည်ဖော် ဆောင်ရွက်နေသည်ဟု ဦးစိုးမင်းက ဆိုသည်။
 
Ref : http://drshweeaimsi.blogspot.com/

ကြောက်မက်ဖွယ် ခြင်ဆေးခွေ အန္တရာယ်

ကြောက်မက်ဖွယ် ခြင်ဆေးခွေ အန္တရာယ်

ယခုကဲ့သို့ မိုးဦးကျ ကာလသို့ ရောက်ရှိသော အချိန်အခါတွင် လူအများ ခြင်ကိုက်ခံ ရမှုများနှင့် ကြုံတွေ့ကြ ရသည်။ ထို့ကြောင့် ခြင်ကိုက်ခံရမှု အန္တရာယ်မှ ကာကွယ်နိုင်ရန် ခြင်ဆေးခွေ များ ထွန်းညှိ၍ အိပ်ကြရသည်။ ထိုအခါ အမှတ်မထင် ခြင်ဆေးခွေ မှတစ်ဆင့် မီးစတင် လောင်ကျွမ်းမှုကြောင့် အိုးအိမ်ပေါင်း များစွာ ပျက်စီး ဆုံးရှုံးမှု များလည်း ဖြစ်ပွား ခဲ့ရသည်။

ခြင်ဆေးခွေ တစ်ခု၏ အန္တရာယ်သည် ထိုမျှမကဘဲ လူတို့၏ ကျန်းမာရေး ကိုလည်း ဆိုးရွားစေသော ရောဂါများ ဖြစ်ပွားနိုင် သည်ကို တွေ့ရှိရ ပေသည်။ ခြင်ဆေးခွေ တစ်ခု၏ အဆိပ်ဓာတ် သည် စီးကရက် အလိပ် ၅၁ လိပ်ကို ဖွာရှိုက်သည် နှင့် ညီမျှသည်ဟု ပညာရှင် များက ဆိုထား ကြသည်။
ခြင်ဆေးခွေ တစ်ခုမှ ထွက်ရှိလာသည့် အဆိပ်မှုန့် ပမာဏသည် စီးကရက် အလိပ်ပေါင်း ၁၃၇ လိပ်မှ ထွက်ရှိလာသော အဆိပ်မှုန့် ပမာဏ နှင့် ညီမျှကြောင်း ဆေးဝါး သုတေသန ပညာရှင် တို့က စမ်းသပ် သုတေသနပြု တွေ့ရှိ ထားသည်။ ခြင်ဆေးခွေကို ဓာတု ပိုးသတ်ဆေး များထဲ၌ အပြင်းအထန်ဆုံး ဟု သတ်မှတ် ထားသော S2 ပိုးသတ်ဆေး ၊ လွှစာမှုန့် ၊ ဗိုက်တာကော် ၊ ဆိုးဆေး နှင့် ဓာတု အမွှေးအကြိုင် တို့ဖြင့် ပြုလုပ် ထားသည်။

ထို့ပြင် အပြင်းထန်ဆုံး အဆိပ်တစ်မျိုး ဖြစ်သည့် Benzene ( ဘန်ဇိုင်း ) ကာစီနိုဂျင် တစ်မျိုး ပါဝင်ပြီး အာရုံကြော မှစ၍ ရိုးတွင်းချဉ်ဆီ အထိ အဆိပ်ဖြစ်စေ သည်။
ခြင်ဆေးခွေမှ ထွက်ရှိ လာသော အဆိပ်အမှုန့် ကြောင့် အသက်ရှူကျပ်သော ရောဂါ ၊ ပန်းနာ ရင်ကျပ် ရောဂါ ၊ အဆုတ်ပွ ၊ အဆုတ်ရောင် ရောဂါ ၊ ခေါင်းကိုက် ခေါင်းမူး ရောဂါ ၊ အဆုတ်ကင်ဆာ ၊ လည်ချောင်း ကင်ဆာ ၊ မျက်စိ ယားယံသော ရောဂါ နှင့် အရေပြား ယားယံ ပျက်စီးသော ရောဂါတို့ကို ဖြစ်ပွားစေသည်။ အထူးသဖြင့် နုနယ်သော ကလေးငယ်များ အနီးတွင် ခြင်ဆေးခွေ ထွန်းညှိ ထားခြင်းသည် ကလေးငယ်များ အတွက် ကြီးမားသော အန္တရာယ် ကို ဖြစ်စေ နိုင်သည်။

ထို့ပြင် လူတို့သည် ညအိပ်စဉ် တိုက်ခန်းတံခါး ၊ အိပ်ခန်းတံခါး များ အလုံပိတ်၍ ခြင်ဆေးခွေ ထွန်းညှိ အိပ်စက်ကြ သူများ ရှိသည်။ ထိုကဲ့သို့ အိပ်စက်ခြင်း မျိုးသည် မိမိတို့၏ အသက်ကို အန္တရာယ် ပြုစေသည်။ အဘယ်ကြောင့် ဆိုသော် ခြင်ဆေးခွေမှ ထုတ်လွှတ်သော အဆိပ်ငွေ့ များသည် လူတို့၏ အသက်ရှူ လမ်းကြောင်းမှ တစ်ဆင့် ခန္ဓာကိုယ် တစ်ခုလုံးသို့ ၀င်ရောက် ပျံ့နှံ့နိုင်သော ကြောင့် ဖြစ်သည်။
ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး၏ ဓာတ်ခွဲ စမ်းသပ် စစ်ဆေးချက်များ အရ အချို့သော ခြင်ဆေးခွေ များတွင် ကျန်းမာရေး ကို ဆိုးရွားစွာ ထိခိုက်စေ နိုင်သော မီပါဖလူသရင် ( Meperfluthrin ) ပိုးသတ်ဆေးမှာ ပါဝင်ရမည့် ပမာဏထက် ကျော်လွန် ပါဝင်သည်ဟု ဆိုထား ကြသည်။

သို့ဖြစ်ရာ ခြင်အန္တရာယ် ကြောင့် လူတို့ အသုံးပြု ကြသော ခြင်ဆေးခွေ အန္တရာယ် သည် လူတို့၏ အသက် အိုးအိမ် စည်းစိမ် ဥစ္စာ များသာမက လူတို့၏ ကျန်းမာရေး ကိုပါ ဆိုးရွားစွာ ဖြစ်ပေါ် လာနိုင် စေသောကြောင့် ကြောက်မက်ဖွယ် ကောင်းသော ခြင်ဆေးခွေ အန္တရာယ် ကို သတိပြု သင့်ပါကြောင်း အသိပေး ရေးသား လိုက်ရ ပေသည်။
 
( အယ်ဒီတာ့အာဘော် )

ရခိုင်ဒေသ ကလေးသူငယ်များ အတွက် UNICEF က ဒေါ်လာ ၁၂ သန်း သုံးစွဲမည်

 Photo: ရခိုင်ဒေသ ကလေးသူငယ်များ အတွက် UNICEF က ဒေါ်လာ ၁၂ သန်း သုံးစွဲမည်

ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ရပ်ဆိုင်းနေသည့် ကလေးသူငယ် ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အမေရိကန် ဒေါ်လာ ၁၂ သန်း သုံးစွဲရန် စီစဉ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ရန်ကုန်မြို့ မီကာဆာ ဟိုတယ်တွင် ပြုလုပ်သည့် UNICEF ၏ သတင်းစာ ရှင်းလင်းပွဲတွင် ထိုသို့ ပြောကြား သွားခြင်းဖြစ်ပြီး ၂၀၁၄၊ ၂၀၁၅ ခုနှစ် အတွင်း ၂ နှစ်တာ စီမံကိန်းဖြင့် အကောင်အထည် ဖော်မည်ဟုလည်း သိရသည်။

ရခိုင် ပြည်နယ် စစ်တွေအခြေစိုက် UNICEF အကြီးအကဲ Ms. Yosi Echeverry Burckhardt က “ရခိုင်ပြည်နယ်က ကလေး သူငယ် တွေရဲ့ ကျန်းမာရေးနဲ့ပညာရေး ကဏ္ဍတွေမှာ သုံးစွဲသွားမှာပါ၊ လက်ရှိမှာလည်း ရခိုင် ပြည်နယ်ထဲက မြို့နယ်ပေါင်း ၁၇ မြို့နယ်မှာ အကူအညီပေးနေပါတယ်”ဟု ပြောဆိုသည်။

ယခုအခါ မြန်မာနိုင်ငံတွင် ဗဟိုချုပ်ကိုင်မှုများ လျှော့ချလာပြီဖြစ်၍ ယခုဆောင်ရွက်မည့် ၂ နှစ်တာ စီမံကိန်းကို ရခိုင်ပြည်နယ် အတွင်းရှိ ဒေသ အာဏာပိုင်များနှင့် ပူးပေါင်းကာ နှစ်ရှည် ပြည်နယ်စီမံကိန်း ရေးဆွဲထားသည်ဟု သိရသည်။

UNICEF ၏ မြန်မာနိုင်ငံ တာဝန်ခံ Mr.Rajen Kumar Sharma ကလည်း ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်ရှိ ဒေသဆိုင်ရာ အာဏာ ပိုင်များကိုလည်း ကလေးသူငယ် ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်သည့် စီမံကိန်း ရေးဆွဲရေး စွမ်းရည် မြင့်တက်လာစေရန် ကူညီပေးသွားမည်ဟု ဆိုသည်။

“မြို့နယ် အဆင့်၊ ပြည်နယ်အဆင့်မှာ ဘဏ္ဍာငွေနဲ့ ရေးဆွဲတာနဲ့ပတ်သက်ပြီး အတွေ့အကြုံ မရှိတာမျိုးတွေ တွေ့ရပါတယ်။ ဒါမျိုးတွေ ကို ဖြည့်စွက်ပေးနိုင်ရင်တော့ သူတို့ရဲ့ လုပ်ကိုင်နိုင်စွမ်းတွေ တိုးတက်လာမှာပါ”ဟု ၄င်းက ဆက်ပြောသည်။

ယခု စီမံကိန်းတွင် အာဟာရ မြှင့်တင်ရေး လှုပ်ရှားမှု အဖြစ် အရည်အသွေးမီသည့် အိုင်အိုဒင်း ပါသောဆား ထုတ်လုပ်ရန်အတွက် စံပြဆားကွင်း ဖော်ထုတ်ရေးကို ထောက်ပံ့ရန်၊ အတွေးအမြင် ပြောင်းလဲရေးသင်တန်းများ ပေးရန်လည်း ပါရှိသည်ဟု ဆိုသည်။

ထို့အပြင် မိသားစုအခြေပြု စောင့်ရှောက်မှု မြှင့်တင်ရေးနှင့် ကောင်းစွာ လုပ်ငန်းလည်ပတ်နိုင်သော ရောဂါ စီမံခန့်ခွဲရေးစနစ် ထူထောင်ရေး တို့ကို ထောက်ပံ့ရန် စီစဉ်ထားပြီး၊ ဥပဒေကြောင်းအရ ကလေးသူငယ်များကို ကာကွယ်နိုင်ရန် ရဲတပ်ဖွဲ့၊ တရား စီရင် ရေး စနစ်တို့ဖြင့် လက်တွဲဆောင်ရွက်ရန် စီမံကိန်း ရေဆွဲထားကြောင်း သိရသည်။

ရခိုင်ပြည်နယ် အပါအ၀င် ကလေးသူငယ်များအား စီးပွားရေးအရ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု ကာကွယ်ရေး လှုပ်ရှားမှုတခု ကို လည်း ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း UNICEF ထုတ်ပြန်ချက်များ၌ ပါရှိသည်။

ပြီးခဲ့သည့် မတ်လ ၂၆ ရက်နှင့် ၂၇ ရက် တို့တွင် လူအုပ်စုဖွဲ့၍ စစ်တွေမြို့၌ ရုန်းရင်း ဆန်ခတ်မှုများ ဖြစ်ပွားခဲ့ရာ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ ပစ္စည်း သိုလှောင်ထားသော ဂိုဒေါင်နှင့် NGO ရုံး တချို့ ဖျက်ဆီး ခံခဲ့ရသည်။

ထိုပဋိပက္ခများနှင့် ဆက်စပ်၍ နိုင်ငံတကာအဖွဲ့များ( INGOs, NGO ) ၏ လုပ်ငန်းများ ရပ်ဆိုင်းထားခဲ့ရပြီး ပြီးခဲ့သည့် ဧပြီလ နောက် ဆုံး ပတ်လောက်မှ ယင်းအဖွဲ့အစည်းများ လုပ်ငန်းပြန်လည် စတင်ခဲ့ရခြင်း ဖြစ်သည်။

 Irrawaddy
 
FHM စာဖတ်ပရိသတ်၏ ကမ္ဘာ့ဆွဲဆောင်မှု အရှိဆုံး အမျိုးသမီး ဂျနီဖာလောရင့်စ်

Photo: FHM စာဖတ်ပရိသတ်၏ ကမ္ဘာ့ဆွဲဆောင်မှု အရှိဆုံး အမျိုးသမီး ဂျနီဖာလောရင့်စ်

အော်စကာဆုရှင် မင်းသမီး ဂျနီဖာသည် ရီဟန်နာ၊ စကားလက်ဂျိုဟန်ဆန် တို့ကဲ့သို့ နာမည်ကျော် အနုပညာရှင်များကို ကျော်ဖြတ်ကာ FHM၏ ဆွဲဆောင်မှု အရှိဆုံး အမျိုးသမီးအဖြစ် မှတ်ကျောက်တင်ခံနိုင်ခဲ့ခြင်း ဖြစ်သည်။

FHM မဂ္ဂဇင်း၏ အမျိုးသား စာဖတ်ပရိသတ်များက မဲပေးရွေးချယ်သည့် ကမ္ဘာပေါ်တွင် ညှို့အားအပြင်းဆုံး အမျိုးသမီးဆိုသော ဂုဏ်ပုဒ်ကို ဂျနီဖာလောရင့်စ်က ဆွတ်ခူး ရယူနိုင်ခဲ့သည်။ (၂၀၁၃)ခုနှစ်က အဆိုပါဂုဏ်ပုဒ်ကို ရရှိဖူးသည့် မီလာကူးနစ်မှာမူ ယခုနှစ်တွင်မူ ဆဋ္ဌမ နေရာထိ အဆင့်ကျသွားခဲ့သည်။ အော်စကာဆုရှင် မင်းသမီး ဂျနီဖာသည် ရီဟန်နာ၊ စကားလက်ဂျိုဟန်ဆန်တို့ကဲ့သို့ နာမည်ကျော် အနုပညာရှင်များကို ကျော်ဖြတ်ကာ FHM၏ ဆွဲဆောင်မှု အရှိဆုံး အမျိုးသမီးအဖြစ် မှတ်ကျောက်တင်ခံနိုင်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာပေါ်တွင် ဆွဲအားအပြင်းဆုံး အမျိုးသမီး (၁၀၀)အတွက် စာဖတ်ပရိသတ်များက မဲပေးကြရာ အသက်(၂၃)နှစ်ရှိ ဂျနီဖာက မဲအများဆုံး ရခဲ့ခြင်း ဖြစ်သည်။ ထောင်ပေါင်းများစွာသော မဲပေးသူများက ဂျနီဖာကို မစ်ချယ်လ်ကီးဂန်းအထက်တွင် နေရာရအောင် ကူညီပေးခဲ့သည်။ R&B ဂီတစတား ရီဟန်နာကမူ တတိယ ချိတ်ခဲ့သည်။ ထိပ်ဆုံးနေရာနှင့် လွဲချော်ခဲ့သည့်တိုင် ဒုတိယနေရာ၌ မိမိရပ်တည်နိုင်ခဲ့သည်ကို အံ့ဩဝမ်းသာမိကြောင်း မစ်ချယ်လ်က FHMသို့ ဆိုသည်။

အသက်(၂၆)နှစ်ရှိ မင်းသမီးက “ကျွန်မ ဒီမဲပေးမှုကို အရမ်းပဲ အလေးထားပါတယ်။ ကျွန်မအတွက် အရမ်း အဓိပ္ပါယ်ရှိတဲ့ အရာတစ်ခုပါ။ FHM မဂ္ဂဇင်း စာဖတ်သူတွေကိုရော၊ ကျွန်မအတွက် မဲပေးခဲ့သူတွေကိုပါ ကျေးဇူးတင်ပါတယ်။ ဒါဟာ ချီးမြှောက်မှု တစ်ခုလိုပဲလို့ ကျွန်မစိတ်ထဲမှာ ခံစားနေမိပါတယ်”ဟု ပြောကြားသွားခဲ့သည်။ ယခုစာရင်းတွင် ဂျနီဖာ၊ မစ်ချယ်လ်၊ ရီဟန်နာတို့နှင့်အတူ ဗြိတိသျှ/အမေရိကန် မော်ဒယ်လ် အီမလီ ရာတက်ဂ်ျကော့စကီးနှင့် Big Bang Theory မင်းသမီး ကာလေ ကူအိုကိုတို့ကလည်း ထိပ်ဆုံး(၅)နေရာတွင် ပါဝင်ခဲ့သည်။

FHM၏ ယခုနှစ်အတွက် ဆွဲဆောင်မှု အပြည့်ဝဆုံး အမျိုးသမီး(၁၀)ဦး စာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ဂျနီဖာလောရင့်စ်
၂။ မစ်ချယ်လ်ကီးဂန်း
၃။ ရီဟန်နာ
၎။ အီမလီရာတက်ဂ်ျကော့စကီး
၅။ ကာလေကူအိုကို
၆။ မီလာကူးနစ်
၇။ ဘီယွန်းစ်
၈။ လူစီမက္ကလန်ဘာ့ဂ်
၉။ နစ်ကိုးလ်ရှာဇင်ဂါ
၁၀။ စကားလက်ဂျိုဟန်ဆန် 

planet
 
Planet

လူ့သွေးကြော အကြောင်း သိစရာ အချို့

ပုံမှာ မြင်တွေ့နေရတာဟာ လူ့သွေးကြော် စီးဆင်းနေမှု ကို ပြသထားခြင်း ဖြစ်ပါတယ်။
 
၁။ ဒီတော့ လူ့ခန္ဓာကိုယ်တွင်းက သွေးကြော်ဟာ အကုန် ဆံ့ လိုက်ရင် မိုင်ပေါင်း ၆၂၀၀၀ ရှည်ပြီး ကမ္ဘာကို 
 ၂ကြိမ်ခွဲ ဆက်တိုက် ပတ်လို့ ရတယ်ဆိုတာ တကယ် ဖြစ်ပါတယ်။
 
၂။ အကျဉ်းဆုံး သွေးကြော် အချင်းက ၈ကနေ ၉ မိုင်ခရွန်အထိ ရှိပါတယ်။
 
၃။ နှလုံး အရွယ်အစားက သာမန်လူ လက်သီး တစ်ဆုပ် အရွယ် သာ ရှိပေမယ့် သူ ညစ်ထုတ် လည်ပတ်နေစေတဲ့ သွေးပမာဏက တစ်ရက်ကို လီတာ ၉၅၀၀ ရှိပါတယ်။ ယင်းဟာ တစ်ရက်ကို ၁၀ တန် ပမာဏ အလေးချိန် ရှိ ပစ္စည်းကို ၃၃ ပေ အမြင့်အထိ ဆွဲတင် ပေးနေတာနဲ့ အား ညီမျှ ပါတယ်။
 
၎။ သွေးကြောကျဉ်း ရောဂါ၊ သွေးကြောပိတ် ရောဂါ ဖြစ်မှုဟာ ယနေ့မှာ ပိုမို များပြား လာပြီး ယင်းသို့ ဖြစ်ရတဲ့ အဓိက အကြောင်း အရင်း များ ကတော့ ဆေးလိပ်သောက်ခြင်း၊ စိတ်ဖိစီးမှု များခြင်း၊ သွေးချို ရှိခြင်း၊ အဝလွန် စားသောက်နေထိုင်မှု ပုံစံ၊ သွေးပေါင်ချိန် အတက်များခြင်း၊ ဗိုက် အဆီပို ထွက်ခြင်း၊ အထိုင် များသော နေထိုင်မှု၊ မျိုးရိုးဗီဇ ပါဝင်ကူးဆက် လာမှု တို့ ကြောင့် ဖြစ်ပါတယ်။
 
Ref: medifacts
အောင်ခမ်း (ရိုးရာလေး)
 
ဆံပင်အရှည်မြန်ပြီး သန်စွမ်းစေဖို့အတွက် သင်မသိခဲ့တဲ့ အချက်များ (အပိုင်း-၁)

အမျိုးသားတွေရော၊ အမျိုးသမီးတွေပါ တစ်ခါတစ်လေ ကိုယ်ညှပ်လိုက်တဲ့ ဆံပင်က အရမ်းတိုသွားလို့ ဒါမှမဟုတ် ကြည့်မကောင်းလို့ ဆံပင်မြန်မြန်ရှည်ချင်ကြတာမျိုးတွေ ရှိပါတယ်။ အဲ့ဒီလိုအချိန်မျိုးတွေမှာ ဆံပင်ရှည်မြန်စေတဲ့ အချက်ကလေးတွေကို သေသေချာချာ ဂရုစိုက်လုပ်ပေးမယ်ဆိုရင် သင့်ဆံပင်မှာ အရှည်မြန်ပြီး သန်စွမ်းလာမှာပါ။ ဆံပင်ရှည်မြန်စေဖို့ သိထားရမယ့် အချက်တွေကတော့

၁။ဆံပင်ညှပ်ပေးခြင်းက ဆံပင်ရှည်တာကို မြန်စေပါတယ်။

ဆံပင်ရှည်ချင်ပါတယ်ဆိုမှ ဆံပင်ညှပ်ခိုင်းနေတယ်လို့ မထင်လိုက်ပါနဲ့။ ကိုယ့်ရဲ့ပျက်စီးနေတဲ့ ဆံပင်အဖျားတွေ၊ အဖျားနှစ်ခွဖြစ်နေတာတွေကို ညှပ်ပေးခြင်းအားဖြင့် သင့်ဆံပင်ဟာ အရင်ထက်ပို လျှင်မြန်စွာရှည်ပြီး သန်စွမ်းလာပါလိမ့်မယ်။ အနည်းဆုံး သုံးလတစ်ခါလောက်တော့ ဆံပင်ညှပ်ဆိုင်သွားပြီး ပျက်စီးနေတဲ့ ဆံပင်အဖျားတွေကို ညှပ်ပေးသင့်ပါတယ်။

၂။ဆံပင်အတွက် အထောက်အကူဖြစ်စေတဲ့ အစားအသောက်ကို သေသေချာချာ စားပေးပါ။

ဆယ်မွန်ငါး၊ ကြက်ဥ၊ နေကြာစေ့၊ထောပတ်သီး၊ အာလူး စတာတွေက ဆံပင်ရှည်မြန်ဖို့အတွက် အထောက်အကူပြုတဲ့ အစားအစာတွေပါ။ ဒါတွေကို ပုံမှန်စားပေးဖို့ လိုပါတယ်။

၃။ဆံပင်သားကို အပူပေးခြင်းမျိုးတွေ ရှောင်ပါ။

ဆံပင်ကို ဖြောင့်စက်နဲ့ဆွဲတာမျိုးဟာ ဆံပင်သန်စွမ်းမှု နဲ့ ဆံပင်အရှည်မြန်ဖို့အတွက် ဟန့်တားထားတဲ့အရာတွေပါ။ ဒါ့ကြောင့် ဒရိုင်ယာမှုတ်တာတွေ၊ အပူချောင်းနဲ့ ဆံပင်ကောက်တာတွေ၊ ဆံပင်ဖြောင့်တာမျိုးတွေ တတ်နိုင်သမျှ ရှောင်ဖို့ လိုပါတယ်။

၎။နေ့တိုင်းခေါင်းမလျှော်ပါနဲ့။

နေ့စဉ်နေ့တိုင်း ခေါင်းလျှော်ရင် ဦးရေပြားက အဆီတွေ ခန်းခြောက်နိုင်ပါတယ်။ ဒါ့ကြောင့် တစ်ရက်ခြားပုံမှန် ခေါင်းလျှော်ပေးခြင်းလောက်သာ ပြုလုပ်သင့်ပြီး ခေါင်းလျှော်တဲ့အခါတိုင်း ဆံပင်ပျော့ဆေးကို အမြဲသုံးပေးပါ။

၅။ခေါင်းလျှော်တိုင်း ဦးရေပြားကို နှိပ်ပေးပါ။

ခေါင်းလျှော်ချိန်တိုင်း ဦးရေပြားကို လက်ချောင်းထိပ်လေးတွေနဲ့ နှိပ်ပေးခြင်းအားဖြင့် ဆံသားကို ပိုမိုအရှည်မြန်စေဖို့ အထောက်အကူပြုပေးတယ်လို့ သိရတာကြောင့် အနည်းဆုံးသုံးမိနစ်ခန့် အချိန်ပေးပြီး ဦးရေပြားကို နှိပ်ပေးပါ။

Ref:womenshealthmag.com

MyawadyNews

ရှိခိုးနည်းလေးတော့ မှန်စေချင်

 မေး။ ။ အရှင်ဘုရား တပည့်တော် ရိုသေစွာ မေးလျှောက်ပါတယ်ဘုရား။ တပည့်တော်၏ Page မှာ လူ တစ်ယောက် လာပေးထားလို့ပါ။ သူမေးထားတာက (ရှိခိုးတယ်ဆိုတဲ့ အပြုအမူဟာ ဗုဒ္ဓမပေါ်ခင်ကတည်းက ရှိနေခဲ့တာလား။ မပေါ်ခင်ကတည်းကဆိုရင် ဗုဒ္ဓကို ကိုးကွယ်သူတွေက ဆက်လက်ကျင့်သုံးတာလား။

ဒါမှမဟုတ် ဗုဒ္ဓပေါ်ပြီးကာမှ ပေါ်ပေါက်လာတာလား။ ဟုတ်တယ်ဆိုရင် ရှိခိုးတယ်ဆိုတဲ့အပြုအမူကို ဗုဒ္ဓက တီထွင်ခဲ့တာလား။ ဗုဒ္ဓကို ကိုးကွယ်တဲ့လူတွေက တီထွင်ခဲ့တာလား။ ဘာအတွက်လဲ။

ဖြေ။ ။ ရှိခိုးခြင်းဆိုတဲ့ အပြုအမှုကို ကမ္ဘာဦးခေတ်ကာလကတည်းက ပေါ်လာခဲ့တာပါ။ လူတွေဆိုတာ အကြောက်တရားများ ဖြစ်ပေါ်လာပြီဆိုရင် အားကိုးချင်တဲ့စိတ်၊ မှီခိုချင်တဲ့စိတ်၊ ကယ်တင်မဲ့သူကို လိုချင်တဲ့စိတ်တွေ ဖြစ်ပေါ်လာကြပါတယ်။ အဲဒါကြောင့် ကမ္ဘာဦးခေတ်ကတည်းက လူတွေဟာ သစ်ပင်၊ တော၊ တောင်စတဲ့အရာတွေကို နည်းမျိုးစုံနဲ့ ကိုးကွယ်ပူဇော်လာကြတာပါ။ သစ်ပင်တွေကို ကိုးကွယ်ကြတော့လည်း သူတို့ရဲ့ ကြောက်လန့်မှု၊ သဘာဝအန္တရာယ်ကျရောက်မှုတွေကနေ မလွတ်မြောက်တဲ့အခါကျတော့ မမြင်ရတဲ့ နတ်၊ ဗြဟ္မာများကိုပါ ကိုးကွယ်လာကြတယ်။ ဒီလိုကိုးကွယ်ပူဇော်မှုတွေနဲ့အတူ အရိုအသေပေးမှု ‘ရှိခိုးမှု’ဆိုတာ ဖြစ်လာခဲ့ပါတယ်။

လူတစ်ယောက်ဟာ တစ်ဦးဦးရှေ့မှာ ကြောက်လန့်ပြီ၊ အားကိုးချင်ပြီ၊ ကယ်တင်စေချင်လို့ဖြစ်စေ၊ တစ်ယောက်ယောက်က မိမိထက် အသိပညာ၊ အတတ်ပညာတစ်ခုခု သာလွန်နေလို့ဖြစ်စေ ကြုံလာတဲ့အခါမှာ သူ့အလိုလို ဒူးထောက်မှုဆိုတာ ဖြစ်လာပါတယ်။ အဲဒီလို ဒူးထောက်မှုကနေ ဦးခေါင်းပါ မြေကြီးပေါ်ကို ကျရောက်လာတာပါပဲ။ ဒီလိုနဲ့ ဒူးထောက်၊ ဦးခေါင်းချခြင်းဆိုတဲ့ ရှိခိုးတဲ့ပုံစံဟာ ပေါ်လာခဲ့တာပါ။

နောက်ပိုင်းရောက်တဲ့အခါကျတော့ နယ်မြေကွာသွားတာအမျှ ပုံစံတွေလည်း ကွာခြားလာကြပါတယ်။ ခုခေတ်မှာကို တစ်နိုင်ငံနဲ့တစ်နိုင်ငံ ရှိခိုးပုံတွေက မတူညီတာကို တွေ့နေရပါတယ်။ ဥပမာ-တိဗက်ဘုန်းကြီးများ ရှိခိုးကန်တော့တဲ့အခါ မတ်တတ်ရပ်ကနေ မြေကြီးပေါ်မှာ ၀မ်းလျားမှောက်ပြီး လက်ကိုဆန့်တန်းထားကာ မြေကြီးပေါ်မှာ ခန္ဓာကိုယ်ကိုမှောက်လျက် ပြားပြားဝပ်လိုက် မတ်တတ်ပြန်ရပ်လိုက်နဲ့ ရှိခိုးကြပါတယ်။

ရှိခိုးတဲ့အပြုအမှုဟာ ဗုဒ္ဓမပေါ်ခင်ကတည်းက ရှိနေခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ မဟာဗုဒ္ဓ၀င်မှာ ဘုရားလောင်း သိဒ္ဓတ္တမင်းသားအား ကာဠဒေ၀ိလရသေ့ကို ရှိခိုးခိုင်းခြင်း၊ ဖခင်ဖြစ်သူ သုဒ္ဓေါဓနမင်းက သားဖြစ်သူဘုရားလောင်းကို ရှိခိုးခဲ့ခြင်းတို့ ပါဝင်နေတာကိုကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။

ဗုဒ္ဓဘာသာနိုင်ငံတွေမှာလည်း တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူညီတာကို တွေ့ရပါတယ်။ တချို့က လက်အုပ်ချီပြီး မတ်တပ်ရပ်ရှိခိုးတာတို့၊ တချို့က ပျင်ပလ္လင်ခွေထိုင်ပြီး ရှိခိုးတာတို့ မျိုးစုံပါပဲ။ အဲဒီတော့ ပြင်ပရှိခိုးနည်းတွေကို မပြောတော့ဘဲ ဗုဒ္ဓစာပေမှာ ရှိခိုးခြင်းနဲ့ပတ်သတ်ပြီး ဘယ်လိုဟောထားတယ်ဆိုတာသိရှိဖို့က အဓိကကျတာမို့ ဗုဒ္ဓစာပေတွင် လာရှိတဲ့ ရှိခိုးနည်းများကို ရေးသားတင်ပြပေးပါမယ်။ ဗုဒ္ဓစာပေမှာ ရှိခိုးနည်းနဲ့ပတ်သက်လို့ (၁) ကာယဝန္ဒနာ။ (၂) ၀ါစာဝန္ဒနာ။ (၃)မနောဝန္ဒနာဆိုပြီး ရှိခိုးခြင်း (၃)မျိုးရှိပါတယ်။

၁။ နှုတ်ကမဆိုဘဲ လက်အုပ်ချီ ဦးညွတ်ဝတ်ချ ရှိခိုးတာကို ကာယဝန္ဒနာ။
၂။ နှုတ်ကနေ သြကာသ၊ နမောတဿစတာ တစ်ခုခုရွတ်ဆိုပြီး ရှိခိုးတာကို ၀ါစာဝန္ဒနာ။
၃။ ကိုယ်ရော နှုတ်ရောမပါဘဲ စိတ်နဲ့အာရုံပြု ရှိခိုးတာကို မနောဝန္ဒနာလို့ ခေါ်ပါတယ်။ (အံ၊ ၁၊ ၂၉၈)။ (ခုဒ္ဒမူလ၊ သိက္ခာ၊ ၂၃၉)

အဲဒီသုံးအပါးအနက် ကိုယ်ဖြင့်ရှိခိုးရတဲ့ (ကာယဝန္ဒနာ)မှာ
(၁) အဉ္ဇလီကမ္မ ဝန္ဒနာ။ (၂) ပဉ္စပတိဋ္ဌိ ဝန္ဒနာ။ (၃) အတိဂါရ ဝန္ဒနာ။ (၄) ထေရ ဝန္ဒနာလို့ (၄)မျိုးရှိကြောင်း ကျမ်းဂန်များမှာ တွေ့ရှိရပါတယ်။

(၁) အဉ္ဇလီကမ္မ ဝန္ဒနာ။ ။ ထိခြင်းကြီးငါးပါးနဲ့ ရှိခိုးခွင့် မဖြစ်နိုင်တဲ့အခါများမှာ လက်အုပ်လေးချီပြီး ရှိခိုးခြင်းကို ဆိုလိုတာပါ။ ဥပမာ-သန္တတိအမတ်ကြီးဟာ လူဝတ်ကြောင်နဲ့ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်ပြုတဲ့အခါ ကောင်းကင်ပေါ်ပျံနေတဲ့အတွက် မြတ်ဗုဒ္ဓကို ကောင်းကင်ပေါ်ကနေ လက်အုပ်ချီ ရှိခိုးခြင်းမျိုး၊ တစ်ခါ ရှင်ဒေ၀ဒတ်နဲ့သူ့ဖခင်တို့ မြေမျိုတဲ့အခါ မြတ်ဗုဒ္ဓအား ထိခြင်းငါးပါးနဲ့ ရှိခိုးဖို့အခွင့်မသင့်တဲ့အခါ မတ်တပ်ရပ်လျက်ပင် ရှိခိုးရတဲ့အခါမျိုးတို့မှာ ရှိခိုးခြင်းတို့ကို အဉ္ဇလီကမ္မ၀န္ဒနာလို့ ခေါ်ပါတယ်။ တချိုနေရာတွေမှာ ရဟန်းတော်များကို ဖူးမြင်ရတဲ့အခါ ထိခြင်းငါးပါးနဲ့ ရှိခိုးဖို့ အခွင့်မသာဘဲ ဖြစ်တတ်ပါတယ်။ အဲဒီအခါမျိုးမှာ အဉ္ဇလီကမ္မဝန္ဒနာနဲပဲ ရှိခိုးရပါတယ်။ အကျယ်သိချင်ပါက သုတ္တနိပါတ်အဋ္ဌကထာ၊ စူဠ၀ဂ်၊ နိဂြောဓကပ္ပသုတ်၊ (သုတ္တနိပါတ၊ ဋ္ဌ၊ ၂၊ ၇၇)တွင် ကြည့်ရှု့နိုင်ပါတယ်။

(၂) ပဉ္ဗပတိဋ္ဌိ ဝန္ဒနာ။ ။ ခြေ၊ ဒူးဆစ်၊ တံတောင်ဆစ်၊ လက်၊ ဦးခေါင်းငါးခုတို့ကို အညီအမျှပြုပြီး ကိုင်းညွှတ်ကာ ရှိခိုးအပ်တဲ့အမူအရာကို ပဉ္စပတိဋ္ဌိဝန္ဒနာလို့ ခေါ်ဆိုကြောင်း (သီလက္ခန်ဋီကာသစ်၊ ဒုတိယအုပ်၊ စာမျက်နှာ(၁၈)မှာ ဖွင့်ဆိုပြထားပါတယ်။ (၁) ခြေဖျားတို့ မြေ(ကြမ်းပြင်)မှာ တည်ရှိရမယ်။ (၂)ဒူးဆစ်တို့ မြေ(ကြမ်းပြင်)မှာ တည်ရှိရမယ်။ (၃) တံတောင်ဆစ်တို့ မြေ(ကြမ်းပြင်)မှာ တည်ရှိရမယ်။ (၄)လက်ဖ၀ါးတို့ မြေ(ကြမ်းပြင်)မှာတည်ရှိရမယ်။ (၅) နဖူးကို မြေ(ကြမ်းပြင်)မှာ တည်ရှိရမယ်။ အဲဒီ(၅)ချက်နဲ့ပြည့်စုံတဲ့ ရှိခိုးခြင်းကို ပဉ္စပတိဋ္ဌိ ရှိခိုးခြင်းလို့ ခေါ်ပါတယ်။ ခြေ၊လက် ၊ နဖူး ၊တစ်တောင်၊ ဒူး ငါးဦးညီမှသာလို့ဆိုတဲ့အတိုင်းပါပဲ။

(၃) အတိဂါရ ဝန္ဒနာ။ ။ အတိဂါရ ဝန္ဒနာဆိုတာက တည်(ထိ)ခြင်းကြီးငါးပါးနဲ့ ရှိခိုးပြီးတဲ့နောက် ခြေကိုဖက်ခြင်း၊ ပွတ်ခြင်း၊ မျက်နှာနဲ့ အပ်ခြင်းတို့ဖြင့် လွန်လွန်ကဲကဲ ရိုသေမြတ်နိုးတဲ့အမူအရာနဲ့ ရှိခိုးခြင်းကို အတိဂါရ ဝန္ဒနာလို့ ခေါ်ပါတယ်။

ထိုအတိဂါရ ဝန္ဒနာ နဲ့စပ်လို့ ဘုရားရှင်လက်ထက်က သာဝတ္ထိမြို့မှာ အလွန်မာနကြီးတဲ့ ပုဏ္ဏားတစ်ဦးရှိခဲ့ဖူးတယ်။ သူ့နာမည်က မာနတ္ထဒ္ဓလို့ ခေါ်ပါတယ်။ သူဟာ အခြားခြားသော မိတ်ဆွေသူငယ်ချင်းများအပေါ်မှာ မာနကြီးရုံတင်မက ကိုယ့်ရဲ့ မိခင်ဖခင်တို့အပေါ်မှာတောင် မာနမချ။ ဒါကြောင့် မိဘများကိုလည်း ရှိမခိုး၊ ဆရာသမားကိုလည်း မရိုသေ၊ အစ်ကိုကြီး အစ်မကြီးများကိုလည်း မလေးစားဘဲ ရှိနေတယ်။ တစ်နေ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ပရိသတ်များကို တရားဟောတော်မူနေပါတယ်။ ထိုအခိုက် တရားပွဲရှိရာသို့ မာနတ္ထဒ္ဓပုဏ္ဏား ရောက်လာပါတယ်။

“ငါ့ကို ရဟန်းဂေါတမက စတင်ပြီးစကားပြောမှ ငါ စကားပြန်ပြောမယ်” လို့ စိတ်အကြံနဲ့ စကားမပြောဘဲ နေခဲ့ပါတယ်။ ဘုရားရှင်ကလည်း မာနနဲ့ထိုင်နေတဲ့ ပုဏ္ဏားကို စကားမပြောဘဲနေလိုက်ပါတယ်။ ထိုအခါ ပုဏ္ဏားက “ရဟန်းဂေါတမဟာ ငါလို ဇာတ်မြင့်တဲ့သူက တရားနာလာတာတောင် နှုတ်ဆက်စကား ပြောခြင်းမရှိ၊ ငါ့ရဲ့စိတ်အကြံကိုလည်း သိပုံမရပါဘူး။ သိစရာအားလုံးကို သိတယ်ဆိုတာ ဟုတ်ဟန်မတူပါဘူးလေ” လို့တွေးပြီး ထပြန်ဖို့ ဟန်ပြင်ပါတော့တယ်။

အဲဒီအခါကျမှ ဘုရားရှင်က ပုဏ္ဏားရဲ့စိတ်အကြံကို သိတော်မူတဲ့အတွက် “အသင်ပုဏ္ဏား….မိမိအကျိုးလိုလားတဲ့သူများဟာ မာန်မာနထောင်နေလို့ ဘာအကျိုးထူးလာမှာလဲ၊ အကျိုးမရတဲ့အပြင် အရှုံးသာအဖတ်တင်မှာပေါ့။ မိမိက အကျိုးလိုလားလို့ လာခဲ့တယ်ဆိုရင် ထိုအကျိုးတရားများ တိုးပွားအောင် ပြုလုပ်ဖို့လိုတာပေါ့” လို့ မိန့်တော်တော်မူလိုက်ပါတယ်။ ထိုအခါ ပုဏ္ဏားက “ငါ့ရဲ့စိတ်အကြံကို ဘုရားရှင် သိတော်မူနေပါလား” ဆိုပြီး စိတ်အားတက်ကြွ ဝမ်းသာကြည်ညိုမှုတွေ ဖြစ်ခဲ့ရပြီး၊ ဘုရားရှင်ရဲ့ ခြေတော်အစုံကို သူ့ရဲ့ဦးခေါင်းနဲ့ပွတ်တိုက်၊ ပါးစပ်နဲ့လဲ စုပ်ကာ လက်နဲ့လဲ ဆုပ်နယ်ပြီး ရှိခိုးနေပါတော့တယ်။ အဲဒီလိုရှိခိုးခြင်းကို အတိဂါရဝန္ဒနာလို့ ခေါ်ပါတယ်။ တဖန် အညာသိကောဏ္ဍညမထေရ်က ဘုရားရှင်အား ပရိနိဗ္ဗာန်စံဖို့အကြောင်း လျှောက်ထားပြီးတဲ့နောက် ရှိခိုးတဲ့အခါမှာလည်း အတိဂါရဝန္ဒနာဖြင့် ရှိခိုးခဲ့တာကို တွေ့ရပါတယ်။ (သံ၊ ၁၊ ၁၈၀)

(၄) ထေရဝန္ဒနာ။ ။ သီတင်း(သိက္ခာဝါ)ငယ်တဲ့ရဟန်းက မထေရ်ကြီးများအား ရှိခိုးတာကိုတော့ ထေရဝန္ဒနာလို့ ခေါ်ပါတယ်။ ထိုရှိခိုးနည်းမှာ (စံပယ် လက်အုပ် ခြေဆုပ် ချစ်ခင် ရိုသေထင် ငါးအင်ရှိခိုးနည်း)ဆိုတဲ့ လင်္ကာနဲ့အညီ ရဟန်းငယ်များက သိက္ခာဝါကြီးသော ဆရာတော်ကြီးများကို ရှိခိုးတဲ့အခါ (၁)လက်ယာပုခုံးကိုသင်္ကန်းနဲ့ မခြုံရုံရ လက်ယာပုခုံးကို ဖေါ်ပြီး လက်ဝဲလက်ပေါ်မှာ လက်ကတော့ စံပယ်တင်ရုံရပါမယ်။ (၂) လက်အုပ်ချီရမယ်။ (၃) ရှိခိုးတဲ့အခါ မထေရ်ကြီးရဲ့ခြေကို လက်ဖြင့် ဆုပ်ကိုင်ရမယ်။(၄) ချစ်ခင်ကြည်ညိုခြင်းကို ဖြစ်စေရပါမယ်။ (၅) လေးစားမြတ်နိုးတဲ့ အမူအရာရှိရမယ်။ ထိုအင်္ဂါ (၅)ချက်နဲ့ ရဟန်းငယ်က မထေရ်ကြီးများ ရှိခိုးခြင်းကို ထေရဝန္ဒနာလို့ ခေါ်ပါတယ်။ (သုတ္တနိပါတ်ပါဠိတော်၊ စူဠ၀ဂ်၊ နိဂြောဓကပ္ပသုတ်၊ (သုတ္တနိပါတ၊ ပါ၊ ၃၃၀)။ (သီလက္ခန်ဋီကာသစ်၊ ဒုတိယအုပ်၊ စာမျက်နှာ(၁၈)၊ (မဟာသုတဒီပနီကျမ်း၊ ပထမတွဲ)

ယခု ဖော်ပြခဲ့တဲ့ ရှိခိုးနည်းများကတော့ ကျမ်းဂန်လာ ထေရ၀ါဒဗုဒ္ဓဘာသာဝင်များ ကျင့်သုံးတဲ့နည်းများ ဖြစ်ပါတယ်။ ဒီလောက်ဆိုရင်တော့ ရှိခိုးနည်းနဲ့ပတ်သက်ပြီး ပြည့်စုံလောက်ပြီမို့ ဒီမျှနဲ့ပဲ နိဂုံးချုပ်ရင်း ရှိခိုးနည်းလေး မှန်ကန်စွာ လိုက်နာကျင့်သုံးနိုင်ကြပါစေလို့ ဆန္ဒပြုလျှက်..........။

အရှင်ကောမလ ဆန်နီနေမင်း ငသိုင်းချောင်းကျေးရွာ၊ အိုက်စောက်ကျေးရွာတွင် ဟောကြားခဲ့သောတရားမှ အွန်လိုင်းစာဖတ်ပရိတ်သတ်များအတွက် ပြန်လည်တင်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။

MyawadyNews

မြေမြိုခံလိုက်ရသောကားများ

Myawady News's photo.

ဘက်တီမိုးရပ်ကွက်အတွင်းနေထိုင်သူအချို့ဟာမိမိအိမ်ရှေ့လမ်းမမှာကားတွေကိုအစီ
အရီရပ်နားထဲ့ခဲ့ကြတယ်.ထိုအချိန်မှာမိုးရွာသွန်းထားမှုကြောင့်ထိုလမ်းမဟာပေါင်မုန့်
ကိုဓါးနှင့်လှီးလိုက်သကဲ့သို့ပြတ်ကျသွားပြီးရပ်နားထားတဲ့ကားတွေဟာမြေကြီးအောက်
ကိုနစ်မြုတ်သွားခြင်းအဖြစ်အပျက်ကိုရုတ်တရက်ဖြစ်ပေါ်စေခဲ့တာပါ။ထိုကြောင့်ထိုရပ်
ကွက်ထဲမှာတချို့အိမ်တွေအတွက်လည်းအန္တရာယ်ရှိတယ်ဆိုပြီးအတင်းအကြပ်ရွှေ့
ပြောင်းခိုင်းထားပါတယ်။ကားတွေနစ်မြုပ်မှုမှာတော့လူတဦးတစ်ယောက်မျှဒါဏ်ရာရ
ထားတာမတွေ့ရပါဘူး။

အမှတ်(26)လမ်းဘက်တီမိုးရပ်ကွက်မှာနေထိုင်သူနေးဆာ့မာ့ပြောတာကတော့သူဟာဗုဒွဟူး
နေ့ညနေပိုင်းကလမ်းမှာရပ်ကြည့်နေတုန်းရုတ်တရက်မြေပြိုမှုဖြစ်ပွားခဲ့ပြီးသူကားလေးစတေ
ရှင်ဝက်ဂွန်းကားလေးအတွက်ဘယ်သူမှကူညီသမားမရှိဘူးလို့ဆိုပါတယ်.ကားလေးဟာတဖြည်း
ဖြည်းနဲ့မြေကြီးအောက်ကိုလုံးလုံနစ်မြုပ်သွားခဲ့ရတယ်လို့လည်းပြောပါတယ်။
သူဟာသူရဲ့အိမ်ကိုပြန်ရောက်လာတုန်းကကားတန်းဟာသိပ်မရှည်သေးပါဘူးတခြားအိမ်
နီးနာချင်းတွေကားတွေရောက်လာခဲ့ပြီးမှအိမ်တံခါးပေါက်နားရောက်တဲ့အချိန်3:45 p.m
လောက်မှာစူးစူးဝါးဝါးအော်သံတခုကိုသူကြားလိုက်ရတယ်.........
ဟိုမှာ..သင့်ကားမြေကြီးအောက်ကိုနစ်မြုပ်နေပြီ...ဆိုတဲ့အသံပဲ့ဖြစ်ပါတယ်။တဲ့။

ထိုကဲ့သို့ဖြစ်ပွားပြီးနောက်ကျွန်တော်ဟာပဲ့ကျသွားသောလမ်းနခမ်းစောင်းသို့တလက်မခြင်း
ရွှေ့ပြီးလမ်းလျောက်ကာသွားကြည့်ခဲပပါတယ်။လမ်းဟာမြေကြီးအောက်သို့တခြမ်းပဲ့ကျနေ
ကာမေကြီးအောက်ထဲမှာတော့အလဲလဲအပြိုပြိုဖြစ်နေတဲ့ကားခြောက်စင်းကိုတွေ့လိုက်ရပါ
တယ်ထိုကားခြောက်စင်းထဲမှာ(1977)ခုနှစ်ကထုတ်လုပ်ခဲ့တဲ့ကျွန်တော်ရဲစတေရှင်ဝက်ဂွန်
ကားလေးလည်းပါနေတာကိုတွေ့လိုက်ရတယ်လို့.........ဆာ့မာ့ကပြောကြားခဲ့ပါတယ်။
 
မနက်အိပ်ယာထထခြင်း ရေတစ်ခွက် သောက်လိုက်ပါ

တကယ်ပဲ ကျန်းမာရေး အတွက် အထောက်အကူပြု ပါတယ်။ အခြားသော အချိန်တွေမှာ သောက်တာထက် မနက်အိပ်ယာ ထထချင်းမှာ သောက်တာက ပိုမိုပြီး အာနိသင် ရှိပါတယ်။

ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်ပြီး ခန္ဓာကိုယ် တွင်းရှိ အပူများကို လျော့ချပေးနိုင် ပါတယ်။ ဒါ့အပြင် အသားအရေ အတွက်လည်း အထောက်အကူပြုစေ ပါတယ်။ မနက် ရေတစ်ခွက်က ခန္ဓာကိုယ် အတွက် အထောက်အကူများစွာ ပေးလို့ မှီဝဲပေးပါ။

ဒါ့အပြင် အမောဖောက်သူများ နှလုံးရောဂါသည် များသာ မကဘဲ အခြားသော ရောဂါဝေဒနာများ အတွက်ပါ ကောင်းမွန်စေ ပါတယ်။ အစာ မစားချင် သူများ ခံတွင်း မကောင်း သူများလည်း မနက်အိပ်ယာ နိုးနိုးချင်း ရေတစ်ခွက် သောက်ပေးပါ။ အထွေထွေ ကျန်းမာရေးအတွက်လည်း အထောက်အကူပြုစေမှာ ဖြစ်ပါတယ်။

ကျော်လင်းနိုင် (ရိုးရာလေး)

အိပ်မပျော်သူများ အတွက် မြင်းခွာရွက်နှင့် ပျားရည်

မြင်းခွာရွက်ဟာ ဆေးဘက်ဝင် အပင်တစ်မျိုး ဖြစ်သည့်အပြင် ကျန်းမာရေး အကျိုးကျေးဇူး တွေလည်း ပေးစွမ်းပါတယ်။

အဲဒီထဲကမှ အိပ်မပျော်သူတွေ အတွက် မြင်းခွာရွက်၏ ဆေးဘက်ဝင်ပုံကို မျှဝေပေးပါ့မယ်။ မြင်ခွာရွက်ကို အရိပ်ရှိသော နေရာများမှာ အခြောက်ခံပါ။ (အရိပ်ရှိသော နေရာဆိုတာ နေရောင် ခြည်မရသော နေရာကို ဆိုလို ပါသည်။ )

ထိုအခြောက်ခံပြီးသော အရွက် များကို အမှုန့်ကြိတ်ပြီး ပျားရည် နှင့် ရောစပ်ကာ ညအိပ်ယာ ဝင်ခါနီး အချိန် တိုင်း လျက်ပေး ပါ။ ရောစပ်တဲ့ နေရာမှာ ပျားရည်နှင့် ဆတူရော စပ်နိုင် ပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

လမ်းပေါ်တွင် ယာဉ်စက်ပျက်ပါက

ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သော ဆရာဦးခင် မောင်ဌေး(ပညာရေး) နှင့် သီလ၀သားတို့၏ ဆောင်းပါးများ ဖတ်ရှုရသည်မှာ လွန်စွာမှ တန်ဖိုးရှိလှပါသည်။ မိမိ အနေဖြင့်လည်း အတွေ့အကြုံရှိခဲ့သည်ကို ရေးသားတင်ပြ လိုပါသည်။

ဧပြီ ၁၇ ရက်နေ့ထုတ် ကြေးမုံသတင်းစာ တွင် စက်ပျက်၍ ရပ်နားထားသော ခရီးသည်တင်ယာဉ် တစ်စီးအား အခြားခရီးသည်တင်ယာဉ်တစ်စီးမှ ဝင်တိုက်ရာ လူနှစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖတ်ရှုခဲ့ ရပါသည်။ အဆိုပါ ဖြစ်စဉ်မျိုး မကြာခဏဆိုသလို ဖြစ်ပွား နေတာလည်း ကြားသိရပါသည်။

ယာဉ်မောင်းအများစု အနေဖြင့် မိမိယာဉ်စက်ပျက်ပါက ယာဉ်၏နောက်တွင် ကားဘီးတာယာများ၊ ကျောက်တုံး/ခဲများ၊ သစ်ကိုင်း၊ ဝါးကိုင်းများ၊ ပုံးများထားရှိပြီး ယာဉ်ပျက်၍ ရပ်တန့်ထား ကြောင်းသိရှိရန် အချက်ပြစနစ်သုံးကြသည်ကို တွေ့ရှိ ရပါသည်။

ထိုကဲ့သို့ အချက်ပြခြင်းသည် နေ့အချိန်မြင်သာ နိုင်သော်လည်း ညအချိန်တွင်မြင်နိုင်စွမ်းမရှိ၍ စက်ပျက်၍ ရပ်တန့်ထားသောယာဉ်အား မောင်းနှင်နေသည့်ယာဉ်ဟု ယူဆပြီး နောက်မှမောင်းလာစဉ် အရှိန်မထိန်းနိုင်ဘဲ ယာဉ်အား ဝင်တိုက်မိခြင်းဖြစ်နိုင်ပါသည်။

ယာဉ်စက်ပျက်ပါက အထက်ပါအချက်ပြစနစ်မသုံးဘဲ
နေ့/ည မြင်နိုင်စွမ်းအားမြင့်မားပြီး အလွယ်တကူ ခေါက် သိမ်းနိုင်သည့် ကြိုတင်သတိပေးအချက်ပြ Warning Triangle အား ပျက်နေသည့်ယာဉ်နောက် သင့်တင့်သည့် အကွာအဝေးတွင် ထားရှိပါက အဆိုပါယာဉ်စက်ပျက်၍ ရပ်တန့်ထားသည်ကို ကြိုတင်သိရှိပြီး အန္တရာယ်ကိုရှောင်လွှဲ နိုင်မှာဖြစ်ပါတယ်။

သို့ပါ၍ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ စီစဉ်ထုတ်ပေးလျက်ရှိသည့် Warning Triangle များ ယာဉ်အားလုံးတွင်ပါရှိရေး သက်ဆိုင်ရာဌာနများမှ စီစဉ်ကြပ်မတ် စစ်ဆေးဆောင်ရွက် ပေးသင့်ကြောင်း အကြံပြု ရေးသား တင်ပြအပ်ပါသည်။

MOI Webportal Myanmar

မဟာမြတ်မုနိ သွန်းလောင်း ပြီးစီးသောနေ့ကို ရခိုင်အမျိုးသားနေ့အဖြစ် သတ်မှတ်

ရခိုင် အမျိုးသား ညီလာခံ ,ဗုဒ္ဓဘာသာ သံဃာတော်များ ,ရခိုင် အမျိုးသားနေ့ ,ကျောက်ဖြူမြို့ ,ကျောက်တော် မဟာမြတ်မုနိ

ကျောက်ဖြူ၊ မေ ၂

ရခိုင်ဘုရင် စန္ဒသူရိယဘုရင် လက်ထက်က မဟာမြတ်မုနိ ကိုယ်စားတော်မြတ်ကို သွန်းလောင်း ပြီးစီးသည့် ကဆုန်လပြည့်ကျော် တစ်ရက်နေ့ကို ရခိုင်အမျိုးသားနေ့ အဖြစ် ရခိုင်အမျိုးသား ညီလာခံက သတ်မှတ်လိုက်ကြောင်း ရခိုင်အမျိုးသားနေ့ သတ်မှတ်ရေး ကြိုးပမ်းမှု ကော်မတီ (ကျောက်ဖြူညီလာခံ) မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာစံလှကျော်က ပြောကြားသည်။

ရခိုင်အမျိုးသားနေ့ ရွေးချယ်မှု မူဘောင်များအရ ရခိုင်အမျိုးသားနေ့ကို မဟာမြတ်မုနိ ကိုယ်စားတော်မြတ်ကို သွန်းလောင်း ပြီးစီးသည့်နေ့၊ ရခိုင်အမျိုးသားညီလာခံ စတင်ကျင်းပသည့် ဧပြီလ ၂၇ ရက်နေ့ (တန်ခူးလပြည့်ကျော် ၁၃ ရက်နေ့) နှင့် ဘုရင်မင်းစောမွန် မြောက်ဦးမြို့ စတည်သည့် တော်သလင်းလဆန်း တစ်ရက်နေ့ သုံးနေ့ကို ပဏာမ ရွေးချယ်ထားသည့် အနက် အဆိုပါနေ့ကို ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ် ကိုယ်စားလှယ်များက မဲဆန္ဒနှင့် ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

မဟာမြတ်မုနိ သွန်းလောင်း ပြီးစီးသည့်နေ့ကို မြို့နယ် ၁၂ မြို့နယ်က ဆန္ဒမဲပေးခဲ့ပြီး ရခိုင်အမျိုးသား ညီလာခံ စတင် ကျင်းပသည့်နေ့ကို လေးမြို့နယ်က ဆန္ဒမဲပေးကာ မြောက်ဦးမြို့ စတည်သည့် နေ့ကို မြို့နယ်တစ်ခုကသာ ဆန္ဒမဲပေးခဲ့ကြောင်း ဒေါက်တာစံလှကျော်က ပြောဆိုသည်။

ရခိုင်သမိုင်းစဉ် တစ်ခုလုံးကို ကိုယ်စားပြုနိုင်နေသောနေ့၊ ရခိုင်ရိုးရာ ယဉ်ကျေးမှု ရိုးရာဓလေ့ ထုံးစံများ၊ အမျိုးသားနိုင်ငံရေးဆန်ပြီး ရခိုင်အမျိုးသား သမိုင်းဟူ၍ ထင်ထင်ရှားရှား၊ ထည်ထည်ဝါဝါ တည်ရှိမှုနှင့် လူမျိုးဂုဏ်ဒြပ်ကို ဖော်ကျူးနိုင်သည့်နေ့၊ ရာသီဥတု၊ ခြေခင်းလက်ခင်း သာယာပြီး တောင်သူလယ်သမားများ အားလပ်သည့် ဗုဒ္ဓဘာသာဆိုင်ရာ အခါကြီး၊ ရက်ကြီးများနှင့် လွတ်ကင်းသည့်နေ့၊ ရခိုင်ပြည်သူ တစ်ရပ်လုံး၏ အမျိုးဘာသာ သာသနာ အကျိုးစီးပွားကို ရှေးရှုသောနေ့ အချက်များ အပါအဝင် အချက် ရှစ်ချက်ဖြင့် ရွေးချယ်ခြင်း ဖြစ်ကြောင်း ကော်မတီထံမှ သိရှိရသည်။

ရခိုင်အမျိုးသားညီလာခံတွင် မဟာမြတ်မုနိ သွန်းလောင်း ပြီးစီးသည့် နေ့ကို ရခိုင်အမျိုးသားနေ့အဖြစ် သတ်မှတ်နိုင်ခဲ့သည့် အတွက် ဂုဏ်ယူကြောင်း၊ လာမည့် ကဆုန်လပြည့်ကျော် တစ်ရက်နေ့ကမှ စ၍ ရခိုင်အမျိုးသားနေ့ကို ရာသက်ပန် ကျင်းပသွားပြီး ရခိုင်တိုင်းရင်းသားများ၏ ဂုဏ်ကို မြှင့်တင်သွားရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

“ကိုယ်တိုင် ပြဋ္ဌာန်းတဲ့နေ့ကို ကိုယ်တိုင် တန်ဖိုးထားရဖို့။ ကျွန်တော်တို့ တန်ဖိုးထားမှ ရခိုင်တိုင်းရင်းသားများကို ကျန်တိုင်းရင်းသားတွေက တန်ဖိုးထားနိုင်မယ်။ နေ့တစ်ခု သတ်မှတ်ပြီးတော့ မေ့မေ့လျော့လျော့ နေလို့ မရဘူး” ဟု ၎င်းကဆိုသည်။

ရခိုင်တိုင်းရင်းသားများ သဘောဆန္ဒဖြင့် သတ်မှတ်လိုက်သည့် ရခိုင်အမျိုးသားနေ့ကို ပြည်ထောင်စုအစိုးရက တရားဝင် သတ်မှတ်ပေးရန် လွှတ်တော်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ကို တင်ပြသွားမည် ဖြစ်ကြောင်း ဒေါက်တာစံလှကျော်က ပြောဆိုသည်။

The Voice Weekly

ယာဉ်မောင်းအရက်သောက်ထားပါက စက်မနိုးသည့် Scania ကားများ တင်သွင်းမည်

အဝေးပြေးယာဉ်မောင်း များ အရက်သောက်ထားပါက ကားစက်နှိုး၍မရသည့် စနစ်ပါဝင်သော  စကင်နီးယား (Scania)ဘတ်စ်ကားကြီးများ လာမည့် နှစ်တင်သွင်းမည့် ကားများတွင် ပါဝင်လာတော့မည်ဖြစ်ကြောင်း
အောင်တံခွန်အင်တာနေရှင်နယ်ဆားဗစ်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာဦးချမ်းမြက ပြောသည်။

 Scania ဘတ်စ်ကားကြီး များအား မြန်မာပြည်ကိုယ်စားလှယ်အဖြစ် တစ်ဦးတည်းဖြန့်ချိ ရောင်းချခွင့်ရရှိသော အောင်တံခွန်ကုမ္ပဏီမှ  ယခုနှစ်ကုန်ပိုင်းတင်သွင်းမည့်ကားကြီးများတွင်  ယင်းစနစ် ပါဝင်လာတော့မည်ဖြစ်ကြောင်း ဦးချမ်းမြက ဆိုသည်။

  ‘‘အယ်လ်ကိုမီတာစနစ်က ယာဉ်မောင်းက အရက်သောက် ထား၊ မထားကို ကွန်ပျူတာကနေ တိုက်ရိုက်သိရှိနိုင်ပြီး ယာဉ်မောင်း က အရက်သောက်သုံးထားရင် စက်က လုံးဝကိုနှိုးလို့ရမှာ မဟုတ် ဘူး’’ ဟု အဆိုပါစနစ်ကို ၎င်းက ရှင်းပြသည်။

ယာဉ်မောင်းအနေဖြင့် မော် တော်ယာဉ်စတင်  မထွက်ခွာမီ အယ်လ်ကိုမီတာစနစ်တွင် ပါဝင် သည့် လေမှုတ်အနံ့ရှူကိရိယာမှ တစ်ဆင့် အသက်ရှူရမည်ဖြစ်ပြီး ယင်းမှ ထိန်းချုပ်ထားသည့် ကွန် ပျူတာစနစ်သို့ပို့ဆောင်ကာ အ ရက်သေစာသောက်သုံးထားခြင်း ရှိ၊မရှိကို တိုင်းတာသွားမည်ဖြစ် ပြီး  အရက်သောက်သုံးထားပြီး ကား၏ စက်ကိုနှိုးပါက စက်လည်ပတ်လာတော့မည် မဟုတ်ကြောင်းသိရသည်။

လက်ရှိမြန်မာနိုင်ငံတွင် အ သုံးပြုမောင်းနှင်နေပြီဖြစ်သည့် Scania ကားများတွင် ကားမောင်း နှင်ပါက အရှိန်ကို ထိန်းညှိသည့်စနစ်ပါဝင်ခြင်း၊ ကားမောင်းနှင် နိုင်သည့် ကီလိုမီတာနှုန်းကို မိမိ စိတ်ကြိုက်အကန့်အသတ်ထားရှိ နိုင်ခြင်း၊ ယာဉ်မောင်းများအားသင်တန်းပေးခြင်း၊  တစ်လတစ်ကြိမ်Scaniaကားများအား Service Centre များတွင် ပြန်လည်စစ်ဆေးခြင်းများကို ပြုလုပ်ပေးနေသည့် ကားအမျိုးအစားတစ်ခုလည်း ဖြစ်သည်။

Scania ကားများ တင်သွင်း ဖြန့်ဖြူးခြင်း လုပ်ငန်းများကို မြန်မာနိုင်ငံတွင် ၂၀၀၇ ခုနှစ်က စတင်ခဲ့ပြီး  ၂၀၁၁  ခုနှစ်၌ နေပြည်တော်၊ မန္တလေးနှင့် ၂၀၁၂ ခုနှစ်တွင် ရန်ကုန်မြို့တို့၌ After Sale Service များကိုပါ တစ်ပါတည်းစတင်ခဲ့သည်။

လက်ရှိအချိန်အထိ Scania ဘတ်စ်ကားပေါင်း အစီးရေ ၂၈၀ နီးပါးတင်သွင်းထားပြီး ယာဉ် လိုင်းပေါင်း ၁၁ လိုင်းမှ Scania ဘတ်စ်ကားများကို ၀ယ်ယူအသုံး ပြုလျက်ရှိပြီး  အဝေးပြေးယာဉ်လိုင်းများ၏ ကားဈေးကွက် ဝေစုအများဆုံး ရရှိနိုင်ရန် ကုမ္ပဏီက မျှော်လင့်ထားသည်။

7day daily