6 May 2014

ပြည်ထောင်စုလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် အစည်းအဝေးများ မေ ၂၈ ရက်တွင် ပြန်လည်ကျင်းပမည်


ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ဒသမပုံမှန် အစည်းအဝေးများအား ၂၀၁၄ ခုနှစ် မေ ၂၈ ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နှင့် ပြည်သူ့ လွှတ်တော် တို့ မှ မေ ၆ ရက် ရက်စွဲဖြင့် အသီးသီးထုတ်ပြန် ကြေညာခဲ့သည်။
 
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၉၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၃ နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ (ခ)တို့အရ ပထမ အကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန် အစည်းအဝေးကို မေ ၂၈ ရက် မွန်းလွဲ ၁ နာရီတွင် စတင် ကျင်းပ ရန် ခေါ်ယူကြောင်း ပြည်ထောင်စုလွှတ်တော်၏ ကြေညာချက်တွင် ပါဝင်သည်။

အလားတူ ပြည်သူ့လွှတ်တော်၏ ထုတ်ပြန်ချက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၆ နှင့် ပြည်သူ့ လွှတ်တော် ဆိုင်ရာ ဥပဒေပုဒ်မ ၃၅ တို့အရ၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ (ခ) တို့ အရ မေ ၂၈ ရက် နံနက် ၁၀ နာရီတွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ဖော်ပြပါရှိသည်။

ထို့အပြင် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန် အစည်းအဝေးကို  မေ ၂၈ ရက် နံနက် ၁၀ နာရီ တွင် စတင် ကျင်းပရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ခေါ်ယူထားရာ ယင်းအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ် စာ များကို လွှတ်တော်ကိုယ်စားလှယ်များထံသို့ ပေးပို့ထားပြီး လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် အစည်း အဝေးအတွက် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ဖိတ်စာလက်ခံရရှိသည် ဖြစ်စေ၊ မရရှိ သည် ဖြစ်စေ နေပြည်တော်လွှတ်တော်ရုံးသို့ မေ ၂၆ ရက်နှင့် ၂၇ ရက်များတွင် သတင်းပို့ကြရန်ကိုလည်း ထုတ်ပြန် ထားသည်။

Eleven Media Group

တရားဥပဒေစိုးမိုးမှု မရှိခြင်း၏ အကြောင်းရင်းကို တရားဥပဒေစိုးမိုးရေး စင်တာများက သုတေသန ပြုလုပ်မည်


မြန်မာနိုင်ငံတွင် ဖွင့်လှစ်မည့် တရားဥပဒေစိုးမိုးရေး စင်တာများက နိုင်ငံတွင်း တရားဥပဒေစိုးမိုးမှု မရှိခြင်း၏ အကြောင်းရင်းကို သုတေသန ပြုလုပ် မည်ဖြစ်သည်။
 
မြန်မာနိုင်ငံအတွင်း တရားဥပဒေစိုးမိုးမှု ပိုမိုတိုးတက် လာစေရန်အတွက် တရားဥပဒေစိုးမိုးရေး စင်တာများ ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိရာ ၎င်းစင်တာများဖွင့်လှစ်ခြင်း စီမံကိန်းကို သြဂုတ်လတွင် စတင်နိုင်ရန် စီစဉ် လျက်ရှိကြောင်း သိရသည်။

အဆိုပါ တရားဥပဒေစိုးမိုးရေးစင်တာများ ဖွင့်လှစ်ပြီးပါက ၎င်းစင်တာများမှ နိုင်ငံတွင်း တရားဥပဒေစိုးမိုးမှု မရှိခြင်း သည် မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သုတေသနများ ပြုလုပ်ဆောင်ရွက်နိုင်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

ထို့ပြင် တရားဥပဒေစိုးမိုးရေး စင်တာများအတွက် သင်တန်းပို့ချပေးခြင်းများကို ရေဒီယို၊ ရုပ်မြင်သံကြားတို့မှ တစ်ဆင့် အများပြည်သူများ သိရှိနိုင်ရန် ဆောင်ရွက်ရန်၊ တရားဥပဒေစိုးမိုးရေး ဗဟိုဌာနများ ဥပဒေနှင့် အညီ ဖြစ်စေရေး အမိန့်ကြေညာစာ ထုတ်ပြန်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်မှ တစ် ဆင့် ပြည်ထောင် စု အစိုးရအဖွဲ့သို့ ညှိနှိုင်းဆောင်ရွက်သွားရန်၊ တရားဥပဒေစိုးမိုးရေး စင်တာများ၏ လုပ်ငန်းများ ရေရှည်ဆောင်ရွက်ရေး၊ အသေးစိတ် အချက်အလက်များအား UNDP မှ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနသို့ တင်ပြရန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ လုပ်ထုံးလုပ်နည်းနှင့် အညီ ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက်တင်ပြရန် ရည်မှန်းထားကြောင်း သိရသည်။

မန္တလေးနှင့် လားရှိုးတွင် တရားဥပဒေစိုးမိုးရေးစင်တာများ တည်ဆောက်ရေးသည် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေသည့် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေးကော်မတီ၏ ရည်မှန်းချက်တွင် တစ်ခုအပါအ၀င်ဖြစ်ကြောင်း၊ ယခုအဆင့်ရောက်ရန် ခက်ခက် ခဲခဲ ဆောင် ရွက်ခဲ့ကြရခြင်းဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေး နယ်ပယ်တွင် ရှိသူများအား Capacity နှင့် Ethic များ မြှင့်တင်ပေးနိုင်ပါက တရားဥပဒေစိုးမိုးရေး မဏ္ဍိုင်သည် ယခင်ကထက် ပိုမိုကောင်းမွန်လာ မည်ဖြစ်ကြောင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီအဖွဲ့ ၀င် ဒေါက် တာဇော်မြင့်မောင် က ပြောကြားသည်။

Eleven Media Group

ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အချက်အလက်များနှင့် ပတ်သက်၍ ရှင်းလင်းပွဲ ယနေ့ပြုလုပ်မည်


ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အချက်အလက်များနှင့် ပတ်သက်၍ ရှင်း လင်းပွဲကို မေ ၇ ရက် (ယနေ့)တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ သိရသည်။
 
အဆိုပါ ရှင်းလင်းပွဲကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၌ ပြုလုပ်သွားမည်ဖြစ်ပြီး လူဝင်မှုကြီးကြ ပ်ရေးနှင့် ပြည် သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကိုယ်တိုင် ရှင်းလင်းသွား မည်ဖြ စ်ကြော င်း သိရသည်။

အဆိုပါ ရှင်းလင်းပွဲတွင် လူဦးရေစာရင်း အတိအကျကို ချပြနိုင်ခြင်း မရှိသေးဘဲ အိမ်ထောင်စုစာရင်းကိုသာ ချပြနိုင်ဦးမည်ဖြစ်ကြောင်း၊ လူဦးရေစာရင်း အတိအကျကိုမူ ဇွန်လကုန်ပိုင်းမှသာ ချပြသွားနိုင်မည် ထင်ကြောင်း ဦးမြင့်ကြိုင်က ပြောကြားထားသည်။

ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို မတ် ၃၀ ရက်မှ ဧပြီ ၁၀ ရက် အထိ ကောက်ယူခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် နည်းပညာပိုင်းဆိုင်ရာ ကြန့်ကြာမှု (Technical Delay) အတွက် အချိန်ရှစ်ပတ် ထပ်တိုးကောက်ခံမှု ပြုလုပ်နေသည်။

လက်ရှိအချိန်ထိ သန်းခေါင်စာရင်း ကောက်ယူမှု မရရှိသေးသည့် ဒေသများမှာ ကချင်ပြည်နယ်ရှိ ကချင် လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ်အနီးရှိ ကျေးရွာပေါင်း ၉၀ ကျော်သာ ကျန်ရှိတော့ကြောင်းနှင့် အဆိုပါ ဒေသများတွင်လည်း KIA တာဝန်ရှိသူများနှင့် ညှိနှိုင်းကာ ထပ်မံကောက်ယူမှုများ ပြုလုပ်နေကြောင်း သိရသည်။

ထို့ပြင် သန်းခေါင်စာရင်းကောက်ကာလက ရိုဟင်ဂျာလူမျိုးဟု မထည့်သည့်အတွက် အကောက်မခံခဲ့သည့် ဘင်္ဂါလီလူမျိုးများသည်လည်း လူမျိုးအမည်မထည့်ဘဲ ပြန်လည်အကောက်ခံခြင်းမျိုးများ ရှိနေကြောင်း သိရ သည်။

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရန်အတွက် သတ်မှတ်ထားသည့်ကာလ မတ် ၃၀ ရက်မှ ဧပြီ ၁၀ ရက်အထိ အိမ်ထောင်စုပေါင်း ၁၀၇၁၉၈၈၇ စုကို ကောက်ယူနိုင်ခဲ့ကြောင်း ဗဟို သန်းခေါင် စာရင်း ကော်မရှင်က ထုတ်ပြန်ထားသည်။

Eleven Media Group


ကားတိုက်ခံရ တာတောင် စာကျက်မပျက်တဲ့ တရုတ်ကျောင်းသူ


တရုတ်နိုင်ငံ ဘေဂျင်းမှာတော့ Scooter နဲ့ ကုန်တင်ကား တိုက်မိခဲ့ပြီး Scooter စီးလာတဲ့ တရုတ်ကျောင်းသူ လမ်းမပေါ် ပြုတ်ကျခဲ့ပါတယ်။

အလွန်အမင်း ဆိုးဝါးတဲ့ ဒဏ်ရာ နာကျင်မှုတွေ မရခဲ့တဲ့ ကျောင်းသူ Wang Dafan ဟာ  ဆေးရုံကားစောင့်နေရင်း  သူမရဲ့ အဖိုးတန်တဲ့ အချိန်တွေကို အင်္ဂလိပ် အဘိဓါန်မှ စကားလုံးပေါင်း ၁၀၇ လုံးကို လေ့လာမှတ်သားရင်းနဲ့ ကုန်ဆုံးစေခဲ့ပါတယ်။

ရဲတစ်ဦးကတော့ ကျွန်တော်တို့ ယာဉ်တိုက်တဲ့ နေရာကို ရောက်သွားတဲ့အခါမှာ မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရပါတယ်။ သူမဟာ နာကျင်နေပေမယ့်လည်း သူမဟာ တက္ကသိုလ် လေ့ကျင့်ခန်းစာတွေ အတွက် သူမရဲ့ လျှပ်စစ် အဘိဓါန်ကို သုံးပြီး အင်္ဂလိပ်ဝေါဟာရတွေကို ကျက်မှတ်လေ့လာနေတာ တွေ့ခဲ့ရပါတယ်လို့ ပြောပါတယ်။

သူမက ဒီမတော်တဆမှုက ကျွန်မကို ဘ၀ဟာ တိုတိုလေး ဖြစ်ပြီး ပညာရေးဟာ အရေကြီးကြောင်း အသိပေးနှိုးဆော်ခဲ့ပါတယ်။ ဒါကြောင့် အခြားအရာတွေကို တွေးပူပြီး အချိန်ကုန်ဆုံးစေမယ့် အစား ပညာပိုတိုးဖို့ က ပိုပြီး အရေးကြီးကြောင်း သိခဲ့ရတယ်လို့ ပြောပါတယ်။ ဒါ့အပြင် အင်္ဂလိပ် စာလုံးတွေကို လေ့လာခြင်းက နာကျင်မှုကို သက်သာစေပြီး ကျွန်မကိုလည်း အကူအညီ ဖြစ်စေကြောင်း သူမသိခဲ့ရတယ်လို့ ပြောသွားပါတယ်။

အသက် ၁၈နှစ်အရွယ် မိန်းကလေးဟာ ကျူရှင်အသွားမှာ ယခုလို မတော်တဆမှု ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

သေချာစွာ လေ့လာကြည့်ရှုစစ်ဆေးပြီးနောက် သူမဟာ ပြင်းထန်တဲ့ ဒဏ်ရာ မရခဲ့ပေမယ့် ပြုတ်ကျတဲ့ အရှိန်ကြောင့် ဦးခေါင်း၊ ခြေထောက်နဲ့ လက်မှ ဒဏ်ရာများကို ဆေးထည့် ဆေးကုသဖို့ အတွက် လူနာတင်ကား အလာကို စောင့်ရင်း စာကျက်နေခဲ့တာ ဖြစ်ပါတယ်။

သူမဟာ ပညာတော်သင်ဆုများစွာ နဲ့ တခြား ပညာရေး ဆုတံဆိပ်များ ရရှိခဲ့သူ ဖြစ်ပါတယ်။ သူမဟာ ဘေဂျင်းမှာ ရှိတဲ့ Capital Normal University မှာ တက်ရောက်နေတဲ့ ကျောင်းသူဖြစ်ပြီး နောင်မှာ အမေရိကမှာ ရှိတဲ့ Oxford ဒါမှမဟုတ် Cambridge တက္ကသိုလ်မှာ ပညာဆက်သင့်ခွင့်ရ ဖို့ မျှော်လင့်ချက်ရျိကြောင်း သိရပါတယ်။

World-Myanmar News (world-myanmar.com)


ပန်းဂေါ်ဖီစိမ်း၏ ကောင်းကျိုးအာနိသင်များ

 
Broccoli လို့ခေါ်တဲ့ ပန်းဂေါ်ဖီစိမ်းဟာ အစိမ်းရင့်ရောင်အဆင်းရှိတဲ့ ဟင်းသီးဟင်းရွက်ဖြစ်ပြီး သူ့ရဲ့ မူလပေါက်ရောက်ရာ ဒေသကတော့ အီတလီနိုင်ငံကပဲ ဖြစ်ပါတယ်။ Broccoli ဆိုသော အမည်မှာ အီတာလျံဘာသာစကားဖြစ်တဲ့ Broccolo မှ ဆင်းသက်လာပြီး Branch အကိုင်းအခက် အတက်အလက်လို့ အဓိပ္ပါယ် ရပါတယ်။ Broccoli ခေါ် ပန်းဂေါ်ဖီစိမ်းကို ၁၇ ရာစု၊ ၁၈ ရာစုလောက်ကတည်းက စိုက်ပျိုးခဲ့ကြပါတယ်။

ပန်းဂေါ်ဖီစိမ်းဟာကမ္ဘာပေါ်ရှိပေါ်ပြူလာ အဖြစ်ဆုံး အသီးရွက်များတွင် တစ်ခုအပါအ၀င်ဖြစ်ပြီးသူ့ကို အစိမ်းလိုက်သော်လည်းကောင်း ၊ ဟင်းလျာများတွင် ထည့်၍ ချက်ပြုတ်ခြင်းဖြင့်လည်းကောင်း၊ ကြော်စားခြင်းဖြင့်လည်းကောင်း အမျိုးမျိုးစားသုံးကြတာ တွေ့ရပါတယ်။ သို့သော် ပန်းဂေါ်ဖီစိမ်း၏ အာဟာရဆိုင်ရာ မူလအာနိသင်ကို မပျောက်ပျက်စေတဲ့ အကောင်းဆုံး စားသုံးနည်းကတော့ ရေနွေးဖျောကာ တို့စရာအဖြစ် စားသုံးခြင်း သို့ သုပ်စားခြင်းတို့ ဖြစ်ပါတယ်။ပန်းဂေါ်ဖီစိမ်းကို ကြာရှည်လေ့လာစောင့်ကြည့်သောအခါ ကျန်းမာရေးတွက် အကောင်းဆုံး အစားအစာ ဖြစ်ကြောင်းတွေ့ရှိရပြီး အကျိုးအာနိသင် များပြားလှသော သံဓါတ်အမြောက်အမြား၊ ပရိုတင်း၊ ခရိုမီယမ်၊ ကယ်လစီယမ်၊ ကာဗွန်ဟိုက်ဒရိတ်၊ ဗီတာမင် အေ နှင့် စီတို့ အများအပြား ပါဝင်ကြောင်း တွေ့ရှိရပါတယ်။
ဒါ့ပြင်ပန်းဂေါ်ဖီစိမ်းတွင်ကျန်းမာရေးဆိုင်ရာအဓိကကျသောPhytochemicals ဒြပ်ပေါင်းများနှင့် Antioxidantsများပါဝင်နေခြင်းကြောင့်အမျိုးမျိုးသောဖျားနာခြင်း နှင့်
ရောဂါကူးစက်ပိုးဝင်ရောက်ခြင်းများကို ခုခံတိုက်ထုတ်ပေးနိုင်စွမ်းရှိကြောင်း တွေ့ရပါတယ်။
ထိုမျှမကသေးပဲ အစွမ်းထက်လှတဲ့ ပန်းဂေါ်ဖီစိမ်းကို စားသုံးခြင်းကြောင့် ရရှိစေနိုင်တဲ့ ကောင်းကျိုးအာနိသင် အများအပြားမှာ

၁။ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ခြင်း၊ ကင်ဆာရောဂါ၏ ဆိုးကျိုးများကို လျော့ကျစေခြင်း။
၂။ Antioxidants များပါဝင်ခြင်းကြောင့် အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးနိုင်ခြင်း။
၃။ အမျှင်ဓါတ်များ ပါဝင်ခြင်းကြောင့် အစာကြေလွယ်ခြင်း၊ ၀မ်းချုပ်ခြင်းမှ ကာကွယ်ခြင်း။
၎။ ခန္ဓာကိုယ်မှ uric acid ကဲ့သို့သော အဆိပ်တောက်များကို ဖယ်ရှားပေးခြင်း။
၅။ ဆီးချိုရောဂါကို ထိန်းညှိပေးခြင်း
၆။ ခန္ဓာကိုယ်၏ ခုခံကာကွယ်မှုစနစ်ကို အားကောင်းစေခြင်း။
၇။ မျက်လုံး အားကောင်းစေခြင်း၊ အတွင်းတိမ် ဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း။
၈။ အသားရေ စိုပြေလှပစေခြင်း။
၉။ အရိုးများကို သန်မာအားကောင်းစေခြင်း၊ အရိုးပွရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း။
၁၀။ သံဓါတ်အများပြား ပါဝင်မှုကြောင့် သွေးအားနည်းရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း။
၁၁။ သန္ဓေသားတွင် မွေးရာပါကျောရိုး အမြှေးကျွံ ရောဂါ (သွပ်ချာပါဒ) ဖြစ်ခြင်းကို ကာကွယ်ပေးသောကြောင့် ကိုယ်ဝန်ဆောင်များစားသုံးရန် အထူးသင့်တော်ခြင်း။
၁၂။ ကိုလက်စရော ကျစေခြင်း၊ သွေးတိုး ကျစေခြင်း။
၁၃။ ကိုယ်အလေးချိန် လျော့ကျစေခြင်း။ တို့ ဖြစ်ပါတယ်။

ဒါကြောင့် ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးအာနိသင်ကို ပေးစွမ်းသော ပန်းဂေါ်ဖီစိမ်းကို တစ်ပတ် နှစ်ခါလောက် စားသုံးသင့်ပါကြောင်း အကြံပြုလိုက်ရပါတယ်။
လူတိုင်း ကျန်းမာပျော်ရွှင်ပါစေ...

မြတ်ဘုန်းရည်မွန် (ဆေးဝါး တက္ကသိုလ်)

မြ၀တီ


အငြိမ့်ကမယ့် နန်းခင်ဇေယျာနဲ့ ခင်ဝင့်ဝါ


-နိုင်ငံတကာ အလှမယ် ပြိုင်ပွဲများတွင် သွားရောက်ယှဉ် ပြိုင်ကာ မစ္စအင်တာနက်ဆု ရရှိ ခဲ့သော အလှမယ်နှစ်ဦးပါဝင်က ပြမည့် Miss Myanmar Internet အငြိမ့်ကို အခမဲ့ ဖျော်ဖြေပွဲအဖြစ် ဇွန်လ ၁ ရက်တွင် ပြည်သူ့ရင်ပြင် ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အငြိမ့်မင်းသမီးများအဖြစ် နန်းခင်ဇေယျာနှင့် ခင်ဝင့်ဝါတို့ ပါဝင်ကပြမည်ဖြစ်ပြီး လူရွှင် တော်များအဖြစ် ကျော်ထူးဦး ဆောင်သည့် အာရှ၏ ဟာသများ အဖွဲ့က ပါဝင်ဖျော်ဖြေပေးမည် ဖြစ်သည်။

‘‘မြန်မာမှုအနုပညာတွေကို လူငယ်တွေက စိတ်ဝင်စားမှု နည်းလာတာဆိုတော့ တိမ်မြုပ် ပျောက်ကွယ်သွားမှာလည်း စိုး ရိမ်တယ်။ အဲဒါကြောင့် လူငယ် တွေကြားမှာ ရေပန်းစားနေတဲ့ ညီမလေးနှစ်ယောက်ကို အငြိမ့် ကပြီး တင်ဆက်ဖို့ စီစဉ်ခဲ့တာပါ’’ ဟု ယင်းဖျော်ဖြေပွဲ   စီစဉ်သည့် Zillion Business Services Limited   မန်နေဂျင်းဒါရိုက်တာ ဦးတင်ထွန်းဦးကပြောသည်။

နန်းခင်ဇေယျာနှင့် ခင်ဝင့်ဝါ တို့နှစ်ဦးကလည်း နိုင်ငံတကာ အလှမယ်ပြိုင်ပွဲများတွင် သွား ရောက်ယှဉ်ပြိုင်ချိန်က မြန်မာအ ကကို Talent Show အနေဖြင့် ယှဉ်ပြိုင်ခဲ့ဖူးသောကြောင့် အက နှင့် စိမ်းမနေဘဲ  ၎င်းတို့ကိုယ် တိုင်လည်း စိတ်ဝင်စား၍ ပါဝင်ခဲ့ ခြင်းဖြစ်သည်ဟု ပြောသည်။

‘‘ညီမတို့အနေနဲ့ ပရိသတ် တွေကို ပထမဆုံးအကြိမ် အငြိမ့် နဲ့ဖျော်ဖြေတင်ဆက်ခွင့်ရမှာကို အရမ်းလည်း ၀မ်းသာတယ်။ အ ရမ်းလည်း စိတ်လှုပ်ရှားတယ်။ ပရိသတ်တွေအနေနဲ့လည်း ဇွန် လ ၁ ရက်မှာလုပ်မယ့်ပွဲကို လာ ကြည့်ပြီး အားနည်းချက်တွေ ဝေ ဖန်ပေးစေချင်ပါတယ်’’ ဟု ခင် ၀င့်ဝါက ပြောသည်။

ပရိသတ်များ ကြိုက်နှစ် သက်သော ပေါ်လစီဆန်သည့် ပြက်လုံးများ ပါဝင်မည်မဟုတ်ဘဲ အရင်ခေတ်လူရွှင်တော်ကြီးများ ၏ ပြက်လုံးများ၊ ခေတ်နှင့် လိုက် လျောမှုရှိသည့်    ပြက်လုံးများကို တင်ဆက်ပေးသွားမည်ဖြစ် ကြောင်း လူရွှင်တော် ကျော်ထူး က ပြောသည်။

  ‘‘ဒီပွဲအောင်မြင်သွားရင် Miss Myanmar Internet အဖွဲ့ အနေနဲ့ပဲ ပြည်ပဖျော်ဖြေရေး အ စီအစဉ်တွေ သွားဖို့ရှိပါတယ်’’ ဟု ကျော်ထူးက ပြောသည်။

Author: ဇွဲဉာဏ်
7DAY DAILY

မြန်မာနိုင်ငံ စီးပွားရေးမှာ အဂတိလိုက်စားမှု အဆိုးဝါးဆုံးလို့ စစ်တမ်းမှာဖော်ပြ


မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေ ရင်ဆိုင်နေရတဲ့ အခက် အခဲတွေထဲမှာ အဂတိလိုက်စားမှုဟာ အဆိုးဝါးဆုံးဖြစ်ကြောင်း မြန်မာ နိုင်ငံရဲ့ စီးပွားရေး ဆိုင်ရာ အချက်အလက်တွေကို ကောက်ခံပြီး ထုတ်ပြန်တဲ့စစ်တမ်းမှာ ဖေါ်ပြ ထားပါတယ်။

ရန်ကုန်မြို့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ( UMFCCI ) ရုံးချုပ်မှာ နိုင်ငံတကာနဲ့ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေက သူတို့လေ့လာတွေ့ရှိချက်တွေကို ဒီနေ့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ကုန်သည်စက်မှု အသင်းချုပ် ဒေါ်ခင်ခင်နွယ် က ဒီနေ့ ထုတ်ပြန်တဲ့ စီးပွားရေးဆိုင်ရာ အချက်အလက်စစ်တမ်းအကြောင်း အခုလို ပြောပါတယ်။

"မြန်မာနိုင်ငံရဲ့ စီးပွားရေး ကဏ္ဍ အလွှာအသီးသီးကို တိုင်နဲ့ပြည်နယ် အနှံ့ပေါ့နော်၊လုပ်ငန်းပေါင်းစုံအနှံ့ ကဏ္ဍစုံအောင်လေ့လာပြီး ဒီလုပ်ငန်း ဌါနပေါင်း ၃၀၅၅ ခုအထိ လေ့လာပြီးတော့ ထွက်လာတဲ့စစ်တမ်းဟာ ပထဆုံးအကြိမ် ဖြစ်ပါတယ်၊ဒါကြောင့်မို့လို့ ဒါကိုလုပ်နေစေချင်တဲ့ စိတ်ဝင်စားခဲ့တဲ့ ဒါကြောင့်မို့ ဒီနေ့လည်းဒါကို ရအောင်တက်ပြီးတော့ နားထောင်ခဲ့ခြင်းဖြစ်ပါတယ်"

ဒီစီးပွားရေးဆိုင်ရာ အချက်အလက် ကောက်ခံမှုစစ်တမ်း ကို မြန်မာနိုင်ငံ က အသေးစား၊ အလတ်စား နဲ့ အကြီးစား လုပ်ငန်းပေါင်း ၃၄၀၀ ကို မေးခွန်းတွေမေးမြန်းပြီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းတွေအများစုက ဖြေဆိုတဲ့ သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေမှာ အကတိလိုက်စားမှုက ထိပ်ဆုံးကဖြစ်ပြီး ကျွမ်းကျင်လုပ်သားရှားပါးမှု၊ နည်းပညာချို့တဲ့မှုနဲ့ စီးပွားရေးလုပ်ငန်း ရပ်တည်နိုင်ဖို့ မြေနေရာ အဆောက် အဦးရှားပါးမှုတွေကိုလည်း ရင်ဆိုင်နေရအကြောင်း စစ်တမ်းမှာ ဖေါ်ပြထား ပါတယ်။

အဲဒီစစ်တမ်းကို မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း UMFCCI ၊ ကုလသမဂ္ဂလက်အောက်ခံ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီတစ်ခုဖြစ်တဲ့ UNESCAP ၊ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေ စုပေါင်းဖွဲ့စည်းထားတဲ့ OECD တို့က ပူးတွဲပြီး စစ်တမ်းကောက်ယူ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

RFA Burmese

ပိုလီယိုရောဂါ ပိုဆိုးလာနိုင်


ပိုလီယိုရောဂါ ပျံ့နှံ့ဖြစ်ပွားမှုဟာ နိုင်ငံတကာလူထု ကျန်းမာရေးဆိုင်ရာ စိုးရိမ်ဖွယ်တရပ် ဖြစ်လာပြီး လာမယ့်လတွေမှာ ပိုဆိုးလာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောကြားလိုက်ပါတယ်။

ဒီပိုလီယိုရောဂါဟာ အခုလက်ရှိမှာ အာရှ၊ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းတို့မှာ ဖြစ်ပွားလျက်ရှိတယ်လို့ ဆိုပါတယ်။ ဒီနှစ်အတွင်း အခုအချိန်အထိ သိထားရတဲ့ ရောဂါဖြစ်ပွားမှု ၇၄ မှုမှာ ၅၉ မှုဟာ ပါကစ္စတန်နိုင်ငံမှာ ဖြစ်တယ်လို့လည်း WHO က ဆိုပါတယ်။

ပိုလီယိုရောဂါဟာ အထူးသဖြင့် ၅ နှစ်အောက် ကလေးတွေမှာ ဖြစ်ပွားလေ့ရှိပြီး မသန့်ရှင်းတဲ့ ရေကတဆင့် ကူးစက်တတ်ပါတယ်။ ကုသနိုင်တဲ့ဆေး အတိအကျ မရှိပေမဲ့ ကြိုတင်ကာကွယ်နိုင်တဲ့ ဆေးတွေ အများအပြား ရှိနေပါတယ်။

၁၉၈၈ မှာ WHO က ကမ္ဘာတလွှား ပိုလီယို တိုက်ဖျက်ရေး စတင်ခဲ့စဉ်က ရောဂါဖြစ်ပွားမှု ၃ သိန်း ၅ သောင်းရှိခဲ့ပြီး မနှစ်တုန်းကတော့ ၄၂၇ မှု ရှိခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

တစ်နှစ်ဝင်ငွေ ကျပ်သိန်း ၂၀နဲ့ အထက်ရှိသူတွေ အခွန်ဆောင်ဖို့ ကြေညာ


တစ်နှစ် ၀င်ငွေကျပ်သိန်း ၂၀ နဲ့ အထက် လစာငွေရရှိသူတိုင်း ၀င်ငွေခွန်ဆောင်ရမှာဖြစ်ကြောင်း အဲဒီလို ပေးဆောင်ဖို့အတွက် ၀င်ငွေခွန်နှုန်းအမျိုးအစား ၅ မျိုး သတ်မှတ်ထားကြောင်း အစိုးရက ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။

ရန်ကုန်မြို့ကမ်းနားလမ်းက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူးရုံးမှာ ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုအခွန်ဥပဒေများ ရှင်းလင်းပွဲမှာ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးအောင်မျိုးဦးက အခုလို ပြောပါတယ်။

"၂ဝ၁၄ ခုနှစ် ဧပြီလ ၁ ရက်နေ့ကစပြီး ဒီနှစ်ဝင်ငွေလစာရရှိတဲ့ ဝန်ထမ်းများလစာရရှိတဲ့ တစ်နှစ်ဝင်ငွေအပေါ်မှာ သိန်း ၂ဝ ကျော်မှ လစာပေါ်ကနေ ဇယားပါအတိုင်း ဆောင်ပေးရမှာဖြစ်ပါတယ်၊ ၂ဝ၁၄ - ၂ဝ၁၅ ဝင်ငွေနှစ်ကစပြီး သက်ရောက်မှာဖြစ်တဲ့အတွက် လာမယ့် ၂ဝ၁၅-၂ဝ၁၆ စည်းကြပ်နှစ်ကျမှ စည်းကြပ်မှာဖြစ်ပါတယ်"

ဝင်ငွေခွန်ပေးဆောင်ရာမှာ အစိုးရက သတ်မှတ်ထားတဲ့ သက်သာခွင့်တွေကို ခုနှိမ်ပြီးနောက် ကျန်ရှိတဲ့ဝင်ငွေအပေါ်မှာ ပေးဆောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။ ခုနှိမ်ပြီး ကျန်ရှိတဲ့ တစ်နှစ် ၀င်ငွေ သိန်း ၂၀ အထက်ကနေ သိန်း ၅၀ အထိ ၀င်ငွေခွန် ၅ ရာခိုင်နှုန်း၊ သိန်း ၅၀ အထက်ကနေ သိန်း ၁၀၀ အထိ ၁၀ ရာခိုင်နှုန်း၊ သိန်း ၁၀၀ အထက်ကနေ သိန်း ၂၀၀ အထိ ၁၅ ရာခိုင်နှုန်း၊ သိန်း ၂၀၀ ကနေ သိန်း ၃၀၀အထိ ၂၀ရာခိုင်နှုန်းနဲ့ သိန်း ၃၀၀ နဲ့အထက်ကို ၂၅ ရာခိုင်နှုန်း ပေးဆောင်ရမယ်လို့ သတ်မှတ်ထားပါတယ်။

ဒါ့အပြင် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေမှာ စီးကရက်ကို ၁၀၀ ရာခိုင်နှုန်း၊ ဆေးပေါ့လိပ်၊ ကွမ်းစားဆေး၊ အရက်၊ ဘီယာနဲ့ ၀ိုင် တွေကို ၅၀ ရာခိုင်နှုန်း ကုန်စည်အမျိုးအစားအလိုက် အခွန်စည်းကြပ် ကောက်ခံသွားမယ်လို့လည်း ကြေညာချက်မှာပါရှိပါတယ်။

RFA Burmese

သမိုင်းကြောင်းရှိသော်လည်း အန္တရာယ်များနှင့် နိုင်ငံ

Photo: သမိုင်းကြောင်းရှိသော်လည်း အန္တရာယ်များနှင့် နိုင်ငံ
Tuesday, May 6, 2014

ကမ္ဘာ့ရေကြောင်းနှင့် ကုန်းနယ်မြေတွေကြားမှာ စီးပွားရေး၊ လူမှုရေး၊ စစ်ရေးအရပါ အရေးပါနေတဲ့ နေရာမှာ ရှိနေပြီး သဘာဝ သယံဇာတများနှင့် ပြည့်စုံပေါများနေပြီး သာယာလှပသော သဘာဝတရားများရှိ နေသည့် နိုင်ငံတစ်နိုင်ငံအဖြစ်ရပ်တည်နေပြီး အရှေ့တောင်အာရှ မှာ မော်ကြွားနိုင်သော မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် အမျိုးမျိုးသော အန္တရာယ်များနှင့် ပြည့်နှက်နေပြီး ကျေမွပေါက်ကွဲမယ့် ဆဲဆဲသို့ ရောက်ရှိ နေသည်ဟု ထင်မြင်ယူဆတွေမြင်နေရပါသည်။

မြန်မာနိုင်ငံကို အနီးဆုံးပင်လယ်ထွက်ပေါက်အဖြစ်အသုံးပြုလိုသည့် နိုင်ငံများ စီးပွားရေးအရ နှိပ်ချ အသုံးချလိုသည့် နိုင်ငံများနှင့် လူမျိုးရေးအရ၀ါးမျိုတို့တဲ့ နိုင်ငံများအပြင် နိုင်ငံတစ်ခုလုံးကို သြဇာခံအဖြစ် သွပ်သွင်းလို့သည့် နိုင်ငံများလည်းရှိပြန်သေးပါသည်။ ဒါအပြင် ကိုယ့်လူမျိုးအချင်းချင်း သွေးစည်းမှုကို လွတ်လပ်ရေးရပြီးကတည်းက အနှစ်(၆၀) ကျော်တိုင် တိုက်ပွဲများတိုက် အစဉ်တိုက်ခိုက်နေကြပြီး နိုင်ငံရဲ့ အဖိုးတန် သယံဇာတတွေကို တဖက်နိုင်ငံသို့ ဈေးပေါပေါနှင့်ရောင်းချပြီး မြန်မာနိုင်ငံ၏ သယံဇာတများကို ဈေးပေါပေါနှင့် ရယူလိုနေတဲ့နိုင်ငံကလည်း တိုင်းရင်းသားအချင်းချင်း တိုက်ခိုက်မှုများကို ပါးစပ်က လူမြင် ကောင်းအောင် ငြိမ်းချမ်းရေးအတွက်ကူညီသယောင်လုပ်ဆောင်နေပေမယ့်လည်း နောက်ကွယ်မှ အားပေးနေ တာကို တွေ့မြင်ခံစားနေရပါသည်။ အနောက်ဘက်မှလည်း လူမျိုးရေးအရ၀ါးမျိုဖို့ ကြိုးစားနေတဲ့နိုင်ငံ အကျယ် အ၀န်းနဲ့ လူဦးရေမမျှတဘဲ အလွန်စွာကြောက်စရာကောင်းတဲ့ နိုင်ငံ၏ ရန်ကိုလည်း ကာကွယ်ဖို့ရှိ နေပါသည်။ သမိုင်းကြောင်းအရတာ အနိုင်ယူထားပေမယ့် လက်ရှိအချိန်တွင် မိမိတို့နိုင်ငံကို အနုနည်းနဲ့ တိုက်ခိုက်နေတဲ့ အရှေ့ဘက်က နိုင်ငံ၏ အန္တရာယ်ကိုလဲ လစ်လျူရှုထားဖို့မသင့်တဲ့ အနေအထားမှာရှိနေတဲ့ အချိန်အခါ ဖြစ်ပါသည်။ အိမ်နီးချင်နိုင်ငံများ၏ အန္တရာယ်တွေပတ်လည်ဝိုင်းရန်နေသလို အနောက်နိုင်ငံတွေမှ မြန်မာနိုင်ငံ ကို စီးပွားရေးအရ ချယ်လှယ်မှုပြုလုပ်နိုင်ဖို့ကြိုးစား ဆက်ဆံနေမှုများကိုလဲ သတိထားဆက်ဆံဖို့ လိုအပ်နေ ပါသည်။

တိုင်ပြည်မှာ အန္တရာယ်တွေဝိုင်းရံနေသော်လည်း တကိုယ်ကောင်းဆန်လိုတဲ့ သူများကြောင့် အချင်းချင်း စောင်းမြောင်းတိုက်ခိုက်နေမှုများက မရပ်ဘဲပိုပြီးတော့ တိုက်ခိုက်နေတာကို ၂၀၁၅ နီးလာလေ ပိုပြီးတွေမြင်ရ နေပါသည်။ တိုင်းရင်းသားအချင်းချင်းကလဲ အပေါ်ယံရွှေမှုန်ကြဲ ငြိမ်းချမ်းရေးယောင်ပြလုပ်ဆောင်ပြီး ဆက်လက် တိုက်ခိုက်မှုတွေပြုလုပ်ပြီး နိုင်ငံသယံဇာတတွေကို ဖြုန်းတီးနေကြတာကို တွေ့နေရပါသည်။ တိုင်းရင်းသားတစ်ခုစီမှာ လက်နက်ကိုင်အဖွဲ့တစ်ခုထက်ပိုတဲ့ အဖွဲ့တွေနဲ့ပြည်နယ်တိုင်းရင်းသားလူမျိုးစုများကို တိုးတက်အောင်မလုပ်ဆောင်ဘဲ တစ်နိုင်ငံထဲမှာနေတဲ့သူအချင်းချင်းတိုက်ခိုက်နေတာကြောင့် တိုးတက်မှုမရှိဘဲ နိုင်ငံနဲ့ မိမိလူမျိုးတွေရဲ့ ဆုတ်ယုတ်ဆင်းရဲမှုတွေနဲ့ဘဲ ပိုမိုတွေ့ကြုံနေရပါသည်။ တိုက်ခိုက်မှုများကြောင့် အနာဂတ် ခေါင်းဆောင်ဖြစ်လာမယ့် ကလေးငယ်လေးတွေရဲ့ပညာရေးတွေ ဆုံးရှုံးရ သလို အိုးမဲ့အိမ်မှုတွေနဲ့ ဖြစ်ပေါ်လာစေပါသည်။ အချင်းချင်းတိုက်ခိုက်မယ့်အစား ပူးပေါင်းပြီး နိုင်ငံ၏ စီးပွားရေး ကောင်းအောင် နိုင်ငံကိုကာကွယ်နိုင်အောင် စုပေါင်းလုပ်ဆောင်သင့်ဖို့အချိန်တိုင်နေပါပြီး----

နိုင်ငံအရေးလုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေ၊ အသင်းအဖွဲ့တွေကလည်း အချင်းချင်း တိုက်ခိုက်စောင်းမြောင်းပြောဆိုအပြစ်ဖို့နေမယ့်အစား ပူးပေါင်းပြိး မိမိအဖွဲ့အစည်း၊ မိမိ၊ မိမိအသင်းအဖွဲ့ အတွက် မကြည့်ဘဲ နိုင်ငံကို ကောင်းအောင်ပိုပြီးတိုးတက်လာအောင် ပူပေါင်းလုပ်ဆောင်သင့်ဖို့အချိန်တန်နေပါပြီ---

အရေးကြီးရင်သွေးနှီးခဲ့တဲ့ သမိုင်းကြောင်းတွေရှိခဲ့တဲ့ မြန်မာပြည်မှနေထိုင်ကြတဲ့လူမျိုးစုတွေက ပေါင်းစည်းသွေးနှီးပြီး တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပေါင်းစပ်ပြီး ပတ်လည်ဝိုင်းရန်နေတဲ့ အန္တရာယ်တွေကို စုပေါင်း တွန်းလှန်ဖယ်ထုတ်ပြီး နိုင်ငံကိုတိုးတက်အောင်လုပ်ဆောင်ဖို့ အချိန်အခါရောက်နေပါပြီး။ မိမိနိုင်ငံမှ လွဲပြီး မည့်သည့်နိုင်ငံက လူမျိုးကမှမိမိနိုင်ငံကိုကောင်းစားအောင်တိုးတက်အောင်လုပ်ပေးမှမဟုတ်ပါဘူး။ အကူအညီပေးတယ်ဆိုပေမယ့် အကူအညီရဲ့ နောက်ကွယ်တွင် နှောင်ကြိုးတွေပါလာနေတဲ့အတွက်ကြောင့် မိမိတို့ကိုယ်တိုင်စည်းလုံးပြီး မိမိတို့ နိုင်ငံကိုတိုးတက်အောင်လုပ်ဆောင်ကြပါဖို့နဲ့ အချင်းချင်းစည်းလုံးကြကာ အန္တရာယ်တွေဝိုင်ရန်နေတဲ့ ကျွန်တော်တို့ နိုင်ငံကြီးကို ကယ်တင်ပြီး တိုးတက်အောင် တစ်ဦးတစ်ယောက်ချင်းမှ တစ်နိုင်ငံလုံးစုပေါင်းပြီး လုပ်ဆောင်ကြရအောင် အကြံပြုလိုက်ပါသည်။

မည်သည့်အဖွဲ့အစည်းမည်သူကိုမှ တိုက်ခိုက်ခြင်း မဟုတ် မြန်မာနိုင်ငံကြီးတိုးတက်အေးချမ်းပါစေ

မုဒုံမောင်ကောင်း
myanmarmalay@gmail.com မှ ပေးပို့လာပါသည်။ 
ကမ္ဘာ့ရေကြောင်းနှင့် ကုန်းနယ်မြေတွေကြားမှာ စီးပွားရေး၊ လူမှုရေး၊ စစ်ရေးအရပါ အရေးပါနေတဲ့ နေရာမှာ ရှိနေပြီး သဘာဝ သယံဇာတများနှင့် ပြည့်စုံပေါများနေပြီး သာယာလှပသော သဘာဝတရားများရှိ နေသည့် နိုင်ငံတစ်နိုင်ငံအဖြစ်ရပ်တည်နေပြီး အရှေ့တောင်အာရှ မှာ မော်ကြွားနိုင်သော မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် အမျိုးမျိုးသော အန္တရာယ်များနှင့် ပြည့်နှက်နေပြီး ကျေမွပေါက်ကွဲမယ့် ဆဲဆဲသို့ ရောက်ရှိ နေသည်ဟု ထင်မြင်ယူဆတွေမြင်နေရပါသည်။

မြန်မာနိုင်ငံကို အနီးဆုံးပင်လယ်ထွက်ပေါက်အဖြစ်အသုံးပြုလိုသည့် နိုင်ငံများ စီးပွားရေးအရ နှိပ်ချ အသုံးချလိုသည့် နိုင်ငံများနှင့် လူမျိုးရေးအရ၀ါးမျိုတို့တဲ့ နိုင်ငံများအပြင် နိုင်ငံတစ်ခုလုံးကို သြဇာခံအဖြစ် သွပ်သွင်းလို့သည့် နိုင်ငံများလည်းရှိပြန်သေးပါသည်။ ဒါအပြင် ကိုယ့်လူမျိုးအချင်းချင်း သွေးစည်းမှုကို လွတ်လပ်ရေးရပြီးကတည်းက အနှစ်(၆၀) ကျော်တိုင် တိုက်ပွဲများတိုက် အစဉ်တိုက်ခိုက်နေကြပြီး နိုင်ငံရဲ့ အဖိုးတန် သယံဇာတတွေကို တဖက်နိုင်ငံသို့ ဈေးပေါပေါနှင့်ရောင်းချပြီး မြန်မာနိုင်ငံ၏ သယံဇာတများကို ဈေးပေါပေါနှင့် ရယူလိုနေတဲ့နိုင်ငံကလည်း တိုင်းရင်းသားအချင်းချင်း တိုက်ခိုက်မှုများကို ပါးစပ်က လူမြင် ကောင်းအောင် ငြိမ်းချမ်းရေးအတွက်ကူညီသယောင်လုပ်ဆောင်နေပေမယ့်လည်း နောက်ကွယ်မှ အားပေးနေ တာကို တွေ့မြင်ခံစားနေရပါသည်။
 
 အနောက်ဘက်မှလည်း လူမျိုးရေးအရ၀ါးမျိုဖို့ ကြိုးစားနေတဲ့နိုင်ငံ အကျယ် အ၀န်းနဲ့ လူဦးရေမမျှတဘဲ အလွန်စွာကြောက်စရာကောင်းတဲ့ နိုင်ငံ၏ ရန်ကိုလည်း ကာကွယ်ဖို့ရှိ နေပါသည်။ သမိုင်းကြောင်းအရတာ အနိုင်ယူထားပေမယ့် လက်ရှိအချိန်တွင် မိမိတို့နိုင်ငံကို အနုနည်းနဲ့ တိုက်ခိုက်နေတဲ့ အရှေ့ဘက်က နိုင်ငံ၏ အန္တရာယ်ကိုလဲ လစ်လျူရှုထားဖို့မသင့်တဲ့ အနေအထားမှာရှိနေတဲ့ အချိန်အခါ ဖြစ်ပါသည်။ အိမ်နီးချင်နိုင်ငံများ၏ အန္တရာယ်တွေပတ်လည်ဝိုင်းရန်နေသလို အနောက်နိုင်ငံတွေမှ မြန်မာနိုင်ငံ ကို စီးပွားရေးအရ ချယ်လှယ်မှုပြုလုပ်နိုင်ဖို့ကြိုးစား ဆက်ဆံနေမှုများကိုလဲ သတိထားဆက်ဆံဖို့ လိုအပ်နေ ပါသည်။

တိုင်ပြည်မှာ အန္တရာယ်တွေဝိုင်းရံနေသော်လည်း တကိုယ်ကောင်းဆန်လိုတဲ့ သူများကြောင့် အချင်းချင်း စောင်းမြောင်းတိုက်ခိုက်နေမှုများက မရပ်ဘဲပိုပြီးတော့ တိုက်ခိုက်နေတာကို ၂၀၁၅ နီးလာလေ ပိုပြီးတွေမြင်ရ နေပါသည်။ တိုင်းရင်းသားအချင်းချင်းကလဲ အပေါ်ယံရွှေမှုန်ကြဲ ငြိမ်းချမ်းရေးယောင်ပြလုပ်ဆောင်ပြီး ဆက်လက် တိုက်ခိုက်မှုတွေပြုလုပ်ပြီး နိုင်ငံသယံဇာတတွေကို ဖြုန်းတီးနေကြတာကို တွေ့နေရပါသည်။ 
 
တိုင်းရင်းသားတစ်ခုစီမှာ လက်နက်ကိုင်အဖွဲ့တစ်ခုထက်ပိုတဲ့ အဖွဲ့တွေနဲ့ပြည်နယ်တိုင်းရင်းသားလူမျိုးစုများကို တိုးတက်အောင်မလုပ်ဆောင်ဘဲ တစ်နိုင်ငံထဲမှာနေတဲ့သူအချင်းချင်းတိုက်ခိုက်နေတာကြောင့် တိုးတက်မှုမရှိဘဲ နိုင်ငံနဲ့ မိမိလူမျိုးတွေရဲ့ ဆုတ်ယုတ်ဆင်းရဲမှုတွေနဲ့ဘဲ ပိုမိုတွေ့ကြုံနေရပါသည်။ တိုက်ခိုက်မှုများကြောင့် အနာဂတ် ခေါင်းဆောင်ဖြစ်လာမယ့် ကလေးငယ်လေးတွေရဲ့ပညာရေးတွေ ဆုံးရှုံးရ သလို အိုးမဲ့အိမ်မှုတွေနဲ့ ဖြစ်ပေါ်လာစေပါသည်။ အချင်းချင်းတိုက်ခိုက်မယ့်အစား ပူးပေါင်းပြီး နိုင်ငံ၏ စီးပွားရေး ကောင်းအောင် နိုင်ငံကိုကာကွယ်နိုင်အောင် စုပေါင်းလုပ်ဆောင်သင့်ဖို့အချိန်တိုင်နေပါပြီး----

နိုင်ငံအရေးလုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေ၊ အသင်းအဖွဲ့တွေကလည်း အချင်းချင်း တိုက်ခိုက်စောင်းမြောင်းပြောဆိုအပြစ်ဖို့နေမယ့်အစား ပူးပေါင်းပြိး မိမိအဖွဲ့အစည်း၊ မိမိ၊ မိမိအသင်းအဖွဲ့ အတွက် မကြည့်ဘဲ နိုင်ငံကို ကောင်းအောင်ပိုပြီးတိုးတက်လာအောင် ပူပေါင်းလုပ်ဆောင်သင့်ဖို့အချိန်တန်နေပါပြီ---

အရေးကြီးရင်သွေးနှီးခဲ့တဲ့ သမိုင်းကြောင်းတွေရှိခဲ့တဲ့ မြန်မာပြည်မှနေထိုင်ကြတဲ့လူမျိုးစုတွေက ပေါင်းစည်းသွေးနှီးပြီး တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပေါင်းစပ်ပြီး ပတ်လည်ဝိုင်းရန်နေတဲ့ အန္တရာယ်တွေကို စုပေါင်း တွန်းလှန်ဖယ်ထုတ်ပြီး နိုင်ငံကိုတိုးတက်အောင်လုပ်ဆောင်ဖို့ အချိန်အခါရောက်နေပါပြီး။ မိမိနိုင်ငံမှ လွဲပြီး မည့်သည့်နိုင်ငံက လူမျိုးကမှမိမိနိုင်ငံကိုကောင်းစားအောင်တိုးတက်အောင်လုပ်ပေးမှမဟုတ်ပါဘူး။ 
 
အကူအညီပေးတယ်ဆိုပေမယ့် အကူအညီရဲ့ နောက်ကွယ်တွင် နှောင်ကြိုးတွေပါလာနေတဲ့အတွက်ကြောင့် မိမိတို့ကိုယ်တိုင်စည်းလုံးပြီး မိမိတို့ နိုင်ငံကိုတိုးတက်အောင်လုပ်ဆောင်ကြပါဖို့နဲ့ အချင်းချင်းစည်းလုံးကြကာ အန္တရာယ်တွေဝိုင်ရန်နေတဲ့ ကျွန်တော်တို့ နိုင်ငံကြီးကို ကယ်တင်ပြီး တိုးတက်အောင် တစ်ဦးတစ်ယောက်ချင်းမှ တစ်နိုင်ငံလုံးစုပေါင်းပြီး လုပ်ဆောင်ကြရအောင် အကြံပြုလိုက်ပါသည်။

မည်သည့်အဖွဲ့အစည်းမည်သူကိုမှ တိုက်ခိုက်ခြင်း မဟုတ် မြန်မာနိုင်ငံကြီးတိုးတက်အေးချမ်းပါစေ

မုဒုံမောင်ကောင်း
myanmarmalay@gmail.com မှ ပေးပို့လာပါသည်။


တစ်နိုင်ငံလုံးရှိ မော်တော်ယာဉ်များ အားလုံး မီးသတ်ဆေးဘူး တပ်ဆင်ရမည်


ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်ပါက မီးဘေးအန္တရာယ် လျော့နည်းစေရန်နှင့် ကြိုတင်ကာကွယ်ရန်တစ်နိုင်ငံ လုံးရှိ မော်တော်ယာဉ် အမျိုးအစားများအလိုက် မီးသတ်ဆေးဘူးများ တပ်ဆင်ထားရမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (က.ည.န) တိုင်းဦးစီးမှူး ဦးသိန်းဦး က ပြောကြားသည်။မော်တော်ယာဉ်များတွင် သတ်မှတ်ထားသည့် ယာဉ်အမျိုးအစားအလိုက် တပ်ဆင်ထား မှုရှိမရှိကို က.ည.န ရုံးတွင် လိုင်စင်သက်တမ်းတိုးလာရောက် ဆောင်ရွက်သည့် အချိန်တွင် စစ်ဆေး မည် ဖြစ်ပြီး တပ်ဆင်ထားခြင်း မရှိသည့် မော်တော်ယာဉ်များကို သက်တမ်းတိုးပေးမည် မဟုတ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

“အဝေးပြေး ကားတွေမှာ မီးသတ်ဆေးဘူးတွေ တပ်ဆင်မှု ရှိမရှိ ဆိုတာကို အဝေးပြေးကား ထွက်ချိန်တွေ မှာ တံခွန်တိုင် အဝိုင်းကနေစောင့်ပြီး ရှောင်တခင်စစ်ဆေးမှုတွေလုပ်မယ်။ တပ်ဆင်မှုမရှိတဲ့ယာဉ်လိုင်းတွေ ကို အဆင့်ဆင့် အရေးယူ အပြစ်ပေးမှာပေါ့။ ရှောင်တခင် စစ်ဆေးမှုတွေကို မေလ ပထမပတ်ကနေ စပြီး အကောင်အထည်ဖော်မယ်” ဟု တိုင်းဦးစီးမှူး ဦးသိန်းဦးက ဆိုသည်။
 
မော်တော်ယာဉ် အမျိုးအစားအလိုက် တပ်ဆင်ရမည့် မီးသတ်ဆေးဘူးများမှာ Salon, Jeep, Pick up, Station Wagon, Micro Bus အမျိုးအစားများတွင် 1Kg တစ်လုံး၊ Mini Bus, Light Truck, Light Van အမျိုးအစားများတွင် 2Kg တစ်လုံး၊ Truck, Van, Container, Carrier, Other အမျိုးအစားများတွင် 3Kg တစ်လုံး၊ Tanker တွင် 3Kg နှစ်လုံးနှင့် City Bus, Express Bus အမျိုးအစားများတွင် 3Kg နှစ်လုံး တပ်ဆင်ရမည် ဖြစ်ကြောင်း အဆိုပါဌာနမှ ထပ်မံသိရသည်။ လက်ရှိ ဈေးကွက်အတွင်း မီးသတ်ဆေး ဘူး ပေါက်ဈေးများအရ 1Kg တစ်ဘူးလျှင် ၁၃,၀၀၀ ကျပ်၊ 2Kg တစ်ဘူးလျှင် ၁၈,၀၀၀ ကျပ် ဖြစ်ပြီး 3Kg တစ်ဘူးလျှင် ၂၀,၀၀၀ ကျပ် ဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
 
The Voice Weekly

ညှို့အားအပြင်းဆုံး ကိုရီးယား ပေါ့အဆိုတော် ၁၀ ယောက်


သက္ကရာဇ် ၂၀၀၀ ပတ်ဝန်းကျင်လောက်ကစပြီး ကိုရီးယားပေါ့လောက စန်းပွင့်လာလိုက်တာ ခု ၂၀၁၃ခုနှစ် အရောက်မှာ ကိုရီးယား ပေါ့အဆိုတော်တွေနဲ့ အဖွဲ့တွေ အများအပြား ပေါ်ထွက်လာခဲ့ပါတယ်။ အဆိုပါရမီ ရှိရုံလောက်နဲ့တင် မလုံလောက်တော့တဲ့ ဒီခေတ်ကြီးထဲမှာ ရုပ်ရည်ရော၊ ခန္ဓာကိုယ်အလှအပပါ လိုအပ်လာတာမို့ ဒီအချက်တွေ ပိုင်ဆိုင်ထားတဲ့ ကိုရီးယားပေါ့အဆိုတော်တွေဟာ အရှေ့တိုင်းယဉ်ကျေးမှု မျက်နှာစာမှာ ထိပ်ဆုံးနေရာကို သိမ်းပိုက်ထားနိုင်ခဲ့ကြပါတယ်။

လက်ရှိအချိန် ကိုရီးယား ပေါ့လောကမှာ ညှို့အားအပြင်းဆုံးလို့ သတ်မှတ်နိုင်တဲ့ အဆိုတော် ၁၀ ယောက်ကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ ဒီ ၁၀ ယောက်ကရော ပရိသတ်အကြိုက်နဲ့ ကိုက်ညီရဲ့လားဆိုတာ တိုက်ဆိုင် စစ်ဆေးကြည့်ပါဦး။



၁၀။ Nana (After School)


Nana ဟာ After School အဖွဲ့က ဖြစ်ပြီး အဖွဲ့ရဲ့ လှုပ်ရှားမှုတိုင်းကို ယုံကြည်စွာနဲ့ ကူညီပံ့ပိုးပေးသူ ဖြစ်ပါတယ်။ အဆိုတော်တစ်ယောက် အနေနဲ့သာမက အဖက်ဖက်ကနေ စွဲဆောင်မှုရှိတဲ့ အဆိုတော် တစ်ယောက် ဖြစ်ပါတယ်။



၉။ Park Ji Yeon (T-Ara)


မိန်းမချောတစ်ယောက်လည်းဖြစ်၊ နာမည်ကျော် T-ara အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်တဲ့ Ji Yeon ဟာ အဖွဲ့ဝင်တွေနဲ့အတူ သီချင်းဆိုနေ၊ ကနေရတဲ့အချိန် မဟုတ်ရင် သရုပ်ဆောင်အဖြစ်၊ မော်ဒယ်အဖြစ် ပရိသတ်ကို ဆက်လက်ဖျော်ဖြေနေသူ ဖြစ်ပါတယ်။ တောက်ပပြီး ညှို့အားပြင်းတဲ့ မျက်ဝန်းတွေက ပရိသတ်ကို ရင်ဖိုစေလောက်အောင် စွမ်းဆောင်နိုင်ပါတယ်။



၈။ G.NA


ကနေဒါကပြား အဆိုတော် G.NA ဟာ တေးရေးဆရာလည်း ဖြစ်ပါတယ်။ Cube Entertainment ရဲ့ တောက်ပတဲ့ ကြယ်ပွင့်တစ်ယောက် ဖြစ်ပြီး အကလည်း ထူးချွန်ပါတယ်။ အသက် ၂၆ နှစ်ရှိပြီ ဖြစ်တဲ့ G.NA ဟာ ညှို့အားပြင်း စွဲမက်ဖွက် ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။



၇။ Yuri (Girls’ Generation)


ကိုရီးယားရဲ့ အအောင်မြင်ဆုံး အမျိုးသမီး ပေါ့အဆိုတော် အဖွဲ့ Girls’ Generation ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Yuri ဟာ ပရိသတ်ကို ညှို့ငင်ဖမ်းစားနိုင်တယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ လှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းနဲ့ ချောမောတဲ့ မျက်နှာတို့က သူ့ရဲ့ အလှကို ပီပီပြင်ပြင် ဖော်ကျူးနိုင်ပါတယ်။



၆။ Bae Suzy (miss A)


အသက် ၁၈ နှစ်ပဲ ရှိသေးတဲ့ ကိုရီးယားရဲ့ နံပါတ် ၁ အချစ်တော်လေးဟာ တောက်ပတဲ့ miss A အဖွဲ့ရဲ့ အဖွဲ့ဝင် တစ်ယောက်အဖြစ်သာမကပဲ သရုပ်ဆောင်အဖြစ်လည်း အောင်မြင်ကျော်ကြားတဲ့သူ ဖြစ်ပါတယ်။ Dream High ဇာတ်ကားနဲ့ အောင်မြင်မှုများ ရရှိထားရုံသာမကပဲ လက်ရှိ Gu Family Book နဲ့လည်း အောင်မြင်မှု ရရှိထားတဲ့သူ ဖြစ်ပါတယ်။ ပရိသတ်အချစ်တော် ဖြစ်သလို ညှို့ငင်အားကောင်းပြီး စွဲဆောင်မှုရှိသူလို့ တညီတညွတ်တည်း သတ်မှတ်ခံရသူ ဖြစ်ပါတယ်။



၅။ Tiffany ( Girls’ Generation)


ပန်းရောင်ကို ကြိုက်နှစ်သက်တဲ့ ဒီပေါ့အဆိုတော်လေးဟာ Girls’ Generation ရဲ့ အောင်မြင်မှုတွေနဲ့အတူ စင်ပေါ်ရောက်လာခဲ့တာ ဖြစ်သလို သရုပ်ဆောင်အဖြစ်လည်း အောင်မြင်မှုရဖို့ ကြိုးစားနေဆဲပါ။ ချစ်စဖွယ်ကောင်းသလို တောက်ပတဲ့ ညှို့ငင်နိုင်စွမ်းကိုလည်း ပိုင်ဆိုင်ထားသူပါ။



၎။ Jeon Hyo Sung (Secret)


ဒီပုံကို မြင်လိုက်တာနဲ့ Hyo Sung ရဲ့ စွဲငင်အား ဘယ်လောက်ရှိသလဲဆိုတာ ပြောစရာကို မလိုလောက်တော့ပါဘူး။ အလှတင် ပြည့်စုံတာ မဟုတ်ပဲ အကကောင်းတဲ့သူလည်း ဖြစ်တာမို့ သူရဲ့ ပရိသတ်တွေအတွက်ကတော့ ကျေနပ်စရာချည်းပါပဲ။



၃။ Ga In (Brown Eyed Girls)


Brown Eyed Girls ရဲ့ Ga In ဟာ ပရိသတ်ကို စိတ်လှုပ်ရှားစေလောက်အောင် ညှို့ငင်နိုင်စွမ်းအား ပြင်းတဲ့သူပါ။ အဆို အကသာမက စွဲဆောင်မှုရှိတဲ့ ဟန်ပန်တွေက သူ့ရဲ့ ခန္ဓာကိုယ်အလှကို ဆထက်ထမ်းပိုး ဖြည့်တင်းပေးနေပါတယ်။



၂။ HyunA (4Minute)


အနာဂတ်ရဲ့ ညှို့အားအပြင်းဆုံး မင်းသမီးလို့ တင်စားခေါ်ဝေါ်ခံခဲ့ရဖူးတဲ့ HyunA ဟာ တကယ်ပဲ ညှို့အားပြင်းတဲ့ အဆိုတော် တစ်ယောက် ဖြစ်ပါတယ်။ 4Minute ရဲ့ အဖွဲ့ဝင်တစ်ယောက် အဖြစ်သာမက တစ်ကိုယ်တော် အောင်မြင်မှုလည်း ရရှိနေသူဖြစ်ပြီး လှပတဲ့ ကိုယ်ဟန်နဲ့ စွဲမက်ဖွယ်ကကွက်တွေ တင်ဆက်နိုင်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။



၁။ Hyo Rin (Sistar)


Sistar အဖွဲ့ရဲ့ ခေါင်းဆောင်အဆိုတော်လည်းဖြစ်တဲ့ လက်ရှိအသံပါဝါ အကောင်းဆုံး အဆိုတော်အဖြစ် အသိအမှတ်ပြု ခံထားရပါတယ်။ Dream High 2 ဇာတ်ကားနဲ့ သရုပ်ဆောင်ဖက်မှာလည်း ပါရမီရှင်ဖြစ်ကြောင်း ပြသနိုင်ခဲ့သလို မြင်ရသူ ဘဝင်အေးဆေးတဲ့ စွဲမက်ဖွယ် အပြုံးကိုလည်း ပိုင်ဆိုင်ထားသူပါ။ သူ့ရဲ့ ညှို့ငင်အားပြင်းတဲ့ ကိုယ်ခန္ဓာကလည်း သူ့ရဲ့ အလှကို ဖြည့်တင်းပေးနေပါတယ်။

Ref: Top 10 The Best
Hollinaz
Delo Delo

သားသမီးများအား ခေါင်ဆောင်ဖြစ်ခြင်းမှ လွဲချော်စေမည့် မိဘများ၏ စောင့်ရှောက်နည်းမှား ၇ချက်



မိဘများအနေနဲ့ သားသမီးတွေကို အလိုလိုက်လွန်းတာတွေ၊ ချုပ်ချယ်ထားတာတွေ အပါအဝင် ယနေ့ခေတ်မှာ စောင့်ရှောက်နည်းမှားတွေနဲ့ စောင့်ရှောက်နေတာကြောင့် ကလေးများဟာ ခေါင်းဆောင်တွေဖြစ်လာဖို့ မလွယ်ကူပါဘူး။ဒီကိစ္စနဲ့ပက်သက်ပြီး Forbes မဂ္ဂဇင်းကြီးရဲ့ ဆောင်ပါးရှင် ကေသီကတ်ပရီနိုဟာ ခေါင်းဆောင်မှုစွမ်းရည်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးလည်းဖြစ်ပြီး စာအုပ်နှစ်ဆယ့်ငါးအုပ်ကျော် ရေးသားထားတဲ့ အရောင်းရဆုံးစာရေးဆရာတစ်ဦးလည်းဖြစ်သူ ဒေါက်တာ တင်အယ်မိုးနဲ့ တွေ့ဆုံခဲ့ပါတယ်။
ခေါင်းဆောင်ဖြစ်ခြင်းကနေ ကလေးတွေကိုလွဲချော်စေမဲ့ မိဘများရဲ့ အပြုအမူမှား ၇ ချက်ကို ဒေါ်တာတင် က မျှဝေ ခဲ့ပါတယ်။

1.အခက်အခဲအကြောင်း ကလေးများကို မသိအောင်လုပ်ထားခြင်း

ကျွန်တော်တို့ဟာ ကလေးတွေကို နေရာတကာမှာ လိုက်ကာကွယ်မပေးသင့်ပါဘူး။ ဥရောပက စိတ်ပညာသမားတွေရဲ့ အဆိုအရ ကလေးတစ်ယောက်ကို အပြင်မှာ ပေးမဆော့ဘူးဆိုရင် ဒီကလေးဟာ ကြီးလာတဲ့အခါ လူကြောက်တဲ့ရောဂါ ရလာပါတယ်တဲ့။ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုကိုရလာဖို့ ဆယ်ကျော်သက်အရွယ်မှာ သူတို့ရဲ့ကောင်လေးတွေ၊ ကောင်မလေးတွေနဲ့ ကွဲကြတာမျိုးတွေကလည်း အကူအညီဖြစ်နိုင်ပါတယ်။

2.မြန်မြန်ဆန်ဆန် အကူညီပေးခြင်း

ကျွန်တော်တို့က မြန်မြန်ဆန်ဆန်ဝင်ကူမယ်၊ အကူအညီတွေပေးပြီး အလိုတွေလိုက်မယ်ဆိုရင် သူတို့ဘဝမှာ သူတို့ကိုယ်တိုင်ရပ်တည်နိုင်ဖို့အတွက် လိုအပ်နေတဲ့ အရည်အသွေးတွေကို ကျွန်တော်တို့က ဖျက်ဆီးပစ်လိုက်တာပါပဲ။ ငါမဟုတ်တာလုပ်လည်း အကူအညီရှိတယ်ဆိုပြီး အကျင့်ဖြစ်လာတဲ့ကလေးတွေဟာ အရည်အချင်းပြည့်ဝတဲ့ လူကြီးတစ်ယောက် ဖြစ်မလာနိုင်တော့ပါဘူး။

3.အလွန် လွယ်လွယ်ကူကူနှင့် ချီးကျူးခြင်း

ကျွန်တော်တို့က အလွန်လွယ်လွယ်ကူကူနဲ့ ချီးကျူးမယ်၊ သူတို့ရဲ့ မကောင်းတဲ့အကျင့်တွေကို မသိချင်ယောင် ဆောင်နေမယ်ဆိုရင်တော့ အဆုံးမှာ ကလေးတွေဟာ မကောင်းတာမရှိရအောင် လိမ်တာတွေ၊ ပုံကြီးချဲ့တာတွေကို သင်ယူပါလိမ့်မယ်။ မိဘတွေရဲ့ ပြောကြားချက်ကို သံသယရှိလာပါလိမ့်မယ်။ ပြောလိုက်တဲ့အချိန်မှာ ကောင်းပေမဲ့ တကယ့်ဘဝအစစ်နဲ့တော့ ပက်သက်မှုမရှိပါဘူး။

4.အလို လိုက်လွန်းခြင်း

မိဘတစ်ယောက်အနေနဲ့ သူတို့လိုချင်တဲ့အရာတွေနဲ့ သူတို့ကိုဆုချလေ့ရှိပါတယ်။ ဒီတစ်ခုမှာတော့ ဆုချတာတွေ၊ ချီးကျူးတာတွေလုပ်ပြီး ဟိုတစ်ခုမှာတော့ ဘာမှမရဘူးဆိုရင် မတရားဘူးလို့ခံစားရပါတယ်။ အမှတ်ကောင်းဆိုတာ ကုန်တိုက်သွားပြီး ဝယ်ချင်တာ ဝယ်ရတဲ့အရာလို့ ကလေးတွေကို မသင်မိဖို့ ဂရုစိုက်ပါ။ခင်ဗျားနဲ့ ခင်ဗျားကလေးရဲ့ဆက်ဆံရေးကို ရုပ်ဝတ္ထုဆုတံဆိပ်တွေပေါ်မှာ တည်ဆောက်ထားတယ်ဆိုရင်တော့ ခင်ဗျားရဲ့ကလေးဟာ အချစ်ဆိုတာကို ခံစားရမှာ မဟုတ်သလို ဘယ်လို လှုံဆော်မှုမျိုးမှလည်း ဖြစ်လာမှာမဟုတ်ပါဘူး။

5.ကျွန်တော်တို့၏ အတိတ်ကအမှားများကို မျှဝေမှု မရှိခြင်း

ဆယ်ကျော်သက်တွေဟာ သူတို့ရဲ့အတောင်ပံကို ဖြန့်လိုက်ချင်ပါပြီ။ ကိစ္စတွေကို သူတို့ကိုယ်တိုင် ကြိုးစားကြည့်ဖို့ လိုအပ်ပါတယ်။ လူကြီးတွေအနေနဲ့ ကျွန်တော်တို့ဟာ သူတို့ကိုကူညီရပါမယ်။ သူတို့ကို ကူညီလမ်းပြရပါမယ်။ ဆုံးဖြတ်ချက်တွေချပြီး ဆုံးဖြတ်ချက်တွေရဲ့ရလဒ်ကို ကလေးတွေက ရင်ဆိုင်ရမှာဖြစ်တာကြောင့် သူတို့အရွယ်တုန်းက ခင်ဗျားလုပ်ခဲ့တဲ့အမှားတွေကို ဝေမျှရပါမယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ကလေးတွေပေါ်မှာ သြဇာလွှမ်းမိုးသူတွေ ဖြစ်ရုံမကဘူး သြဇာလွှမ်းမိုးသူကောင်းလည်း ဖြစ်ရပါမယ်။

6.ဥာဏ်ကောင်းမှု၊ ပါရမီပါမှုများကို အရွယ်ရောက်ခြင်းနှင့် မှားယွင်းခြင်း

ကလေးရဲ့အရွယ်ရောက်မှုကို တစ်ခါတစ်ရံညဏ်ကောင်းမှုနဲ့ တိုင်းတတ်ပါတယ်။ ရလဒ်အနေနဲ့ ညဏ်ကောင်းတဲ့ကလေးကို လောကကြီးအတွက် အသင့်ဖြစ်ပြီလို့ မိဘတွေက မှတ်ယူတတ်ကြပါတယ်။ တကယ်တော့ ဘာမှမဆိုင်ပါဘူး။ ညဏ်ကောင်းတဲ့ ပညာရှင်တွေ၊ ပါရမီပါတဲ့ဟောလီးဝုဒ်က စတားတွေလည်း မဟုတ်တာလုပ်လို့ ဖမ်းခံနေရဆဲပါ။ ကလေးတစ်ယောက် လုံးဝလက်လွှတ်လို့ရပြီလို့ သတ်မှတ်ထားတဲ့ အရွယ်မရှိပါဘူး။ အကောင်းဆုံးစမ်းသပ်နည်းကတော့ ခင်ဗျားကလေးကို သူ့အရွယ် တခြားကလေးတွေနဲ့ အတူ ထားကြည့်ပါ။ တခြားကလေးတွေအားလုံးက ခင်ဗျားကလေးထက် သူတို့ကိုသူတို့ ပိုစောင့်ရှောက်နိုင်တယ်ဆိုရင်တော့ ခင်ဗျားကြောင့် ခင်ဗျားကလေးရဲ့ ကိုယ်ဘာသာရပ်တည်နိုင်မှုဟာ နှောင့်နှေးနေတာ ဖြစ်နိုင်ပါတယ်။

7.ကျွန်တော်တို့ဆုံးမတဲ့အတိုင်း ကျွန်တော်တို့ကိုယ်တိုင် မလုပ်ဘူး

ကိုယ်ကျင့်တရားရှိပြီး ကိုယ့်ကိုကိုယ် တာဝန်ယူနိုင်တဲ့ လူတစ်ယောက်ဖြစ်ဖို့ သူတို့ကို ကျွန်တော်တို့က ကူညီရမှာပါ။ အခြားလူတွေ သတိပြုမိလောက်တဲ့ ကိုယ့်ကျင့်တရားလိုကိစ္စတွေမှာ ခင်ဗျားကိုခင်ဗျားလည်း သတိပြုပါ။ ခင်ဗျားကလေးတွေကလည်း ကြည့်နေပါတယ်။ လူတွေ၊ ပတ်ဝန်းကျင်တွေကို ကောင်းမွန်စွာဆက်ဆံပါ။ ခင်ဗျားကလေးကလည်း ခင်ဗျားလုပ်သလို လိုက်လုပ်ပါလိမ့်မယ်။


Myanmar Star Media


ဖုန်းနှင့် အင်တာနက်လိုင်းမကောင်းခြင်း ကိစ္စ အဖွဲ့အစည်းနှစ်ခု တွေ့ဆုံဆွေးနွေး



မန္တလေး၊ မဇ္ဈိမ။ ။ မန္တလေးတိုင်းအတွင်း တယ်လီဖုန်းလိုင်းများ ဆက်သွယ်မှုမကောင်းခြင်းနှင့်အင်တာနက်လိုင်းများ အသုံး ပြုရာတွင် သုံးစွဲသူပြည်သူများ အခက်အခဲများဖြစ်ပေါ်နေမှုနှင့်ပတ်သက်၍ ဒီမိုကရေစီအရေး စဉ်ဆက်မ ပြတ်လှုပ်ရှားမှုအင်အားစု (Movement for Democracy Currentb Forces)က မန္တလေးတိုင်းမြန်မာ့ဆက် သွယ်ရေးလုပ်ငန်း တိုင်းအထွေထွေမန်နေဂျာနှင့် မေ ၅ ရက် နံနက် ၁၁ နာရီတွင် သွားရောက် တွေ့ဆုံ ဆွေးနွေးသည်။


“ကျွန်တော်တို့က ပြည်သူတွေငွေပေး ပြီးခံစားနေရတဲ့ ဝေဒနာကို မကြည့်ရက်လို့ တွေ့ဆုံဖို့စီစဉ်ရတာပါ။ ဆက်သွယ်ရေးရဲ့ အခက်အခဲတွေကိုလည်း သိချင်တယ်။ငွေယူပြီးဘာကြောင့် ကောင်းအောင် လုပ်မပေး နိုင်တာလည်း သိချင်တယ်။ ဆယ်စု နှစ်သုံးစုလောက် ပြည်သူတွေရဲ့ ငွေကိုယူ ခဲ့ကြတယ်။ ပြည်သူကို တန်ရာတန်ကြေး ပေးဖို့ကျတော့ မစဉ်းစားဘူး။ ဖုန်းတွေက တော့ လူမြင်ကောင်းအောင် ပေါနေတယ်။လိုင်းကဘယ်လိုမှသုံးစားလို့ မရဘူး။ ဒါ တွေကို တာဝန်ယူဖြေရှင်းပေးဖို့က ဆက်သွယ်ရေးမှာ တာဝန် ရှိတယ်။ ဒါကို အဓိက ထားမေးသွားမယ်”ဟု အဆိုပါ အဖွဲ့၏ အထက်မြန်မာပြည်တာဝန်ခံကိုသိန်း အောင်မြင့်က မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့က အခုလိုလာတွေ့ပြီး ဆွေးနွေးတာ ကြိုဆိုတယ်။ လက်သင့်ခံတယ်။ ကျွန်တော်တို့ဘက်မှာ လည်း အ ခက်အခဲတွေ ရှိပါတယ်။ ပြည်သူတွေခံစားနေရတာကိုလည်း သိပါတယ်။ ပြည်သူတွေ ခံစားနေ ရသလို ကျွန်တော်တို့လည်း ခံစား နေရတာပါပဲ။ အကောင်းဆုံးဖြစ်အောင်တော့လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ ဆက်သွယ်ရေး ဝန်ထမ်းတွေနဲ့ပြည်သူ တစ်သားတည်းကျအောင်လည်း ဆောင်ရွက်နေ ပါတယ်။ ခေါက်ရိုးကျိုးနေတဲ့ စနစ်ကိုလည်း ဖျက်နေပါတယ်”ဟု တိုင်းအထွေထွေမန်နေဂျာဦးစောထူးသာက ပြောသည်။

မိုဘိုင်းဖုန်းလိုင်းများ ကောင်းမွန်စွာ ပြည်သူများ အသုံးပြုနိုင်ရန် တာဝါတိုင် ၁၂ဝထောင်ရန် လုပ်ဆောင်နေ ကြောင်း၊ မန္တလေးမြို့တွင် ၅၅တိုင်ပါဝင်နေသောကြောင့် မကြာခင် လိုင်းအသုံးပြုမှုကောင်း မွန်လာမည်ဖြစ် ကြောင်း၊ လိုင်းများ တိုးချဲ့ တပ်ဆင်အသုံးပြုခွင့်များပေးနေသာကြောင့် လိုင်းကျပ်သည့် ပြဿနာမှာဆက်လက် ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။

“ကျွန်တော်တို့ တာဝါတွေ ထောင်တဲ့ နေရာမှာလည်း အခက်အခဲအမျိုးမျိုး ရှိတယ်။ အဓိက မြေပြဿနာပဲ။ ဒါကြောင့် မြို့ပေါ်ဆို အထပ်မြင့်အဆောက်အအုံ တွေပေါ်တက်ထောင်နေရတယ်။ ဖုန်းပေးတာတွေ ခဏရပ်ထားလျှင်တော့ လိုင်းအသုံးပြုရတာ ကောင်းလာမှာပါ။ အခု ဘယ်လိုဖြစ်နေလဲဆိုတော့ ဖုန်းတွေကို နင်းချပေးလိုက်တယ်။ ပြီးမှပြောလို့ရ အောင်လိုက်တိုင်ထောင်သလိုဖြစ်နေတော့ ဘယ်လိုမှ အဆင်မပြေဘူး။ ဒါကြောင့် နားလည်ပေးစေချင်တယ်။ အရင်ကိစ္စနဲ့တော့ ဘာမှမဆိုင်ဘူး။ အခုပြောရဆိုရတာ ကောင်းနေပြီး တချို့ကျေးရွာတွေဆို အခုချိန်ထိ ဖုန်းမသုံးနိုင်ကြသေးဘူး။ ဒါတွေ လည်းရအောင် လုပ်ပေး နေရတယ်။အခု ချိန်မှာချက်ချင်းကြီးလိုင်းတွေ ကောင်း အောင်လုပ်ဖို့ကြတော့ အခြေအနေအချိန် အခါအရ ခက်နေသေးတယ်။ ဆက်သွယ်ရေးနဲ့ ပတ်သက်လို့ရှိရင် အချိန်မရွေးလာ ရောက်ပြောဆိုဆွေးနွေးမှုတွေ လုပ်နိုင်ပါ တယ်။ဆန်္ဒပြတောင်းဆိုတာ ထက်စာရင် အခုလိုတွေ့ဆုံဆွေးနွေးမှုက ပိုကောင်း ပါတယ်””ဟု ဆွေးနွေးပွဲတွင် ၎င်းက ပြောသည်။

မန္တလေးတိုင်းအတွင်းတွင် အိတ်ချိန်း ရုံး ၅၄ ရုံရှိရာတွင်လည်းဝန်ထမ်းအင်အား မလုံလောက်ကြောင်း သိရသည်။

ယခုလိုတွေ့ဆုံခွင့်ရခြင်းမှာ ပထမအ ကြိမ်ဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးရာတွင် ပြည်သူလူထုအတွက် ကျေနပ်လောက် သည့်အဖြေမရသော်လည်း ပွင့်လင်းမြင် သာမှုရှိရန် မျှော်လင့်၍ရကြောင်း ကိုသိန်း အောင်မြင့်က ပြောသည်။

အခုလို တွေ့ဆုံဆွေးနွေးခွင့်များ မကြာခဏပြုလုပ်လာလျှင် ပြည်သူနှင့် ဝန်ထမ်းများ ပိုမိုရင်းနှီးလာမည်ဖြစ်သည်။

Mizzima Burmese


ဇွန်လ (၁) ရက်နေ့မှာ ရန်ကုန်၊ ပြည်သူ့ဥယျာဉ်တွင် ကျင်းပမယ့် "Miss Myanmar Internet" အငြိမ့်ပွဲ ရဲ့ စာနယ်ဇင်းရှင်းလင်းပွဲ


 
 
The Press Launch of "Miss Myanmar Internet" A Nyeint Show was organized at the Central Hotel in Yangon on May 5, 2014. Miss Myanmar Nang Khin Zay Yar and Miss Supranational Myanmar Khin Wint Wah will perform for the "Miss Myanmar Internet" Ticket-Free A Nyeint Show together with well-known Comedians; Kyaw Htoo, Kin Kaung, Tain Nyunt, Ngwe Taung and Chit Nyunt. The Show will be held at the People Park in Yangon on June 1, 2014. (Photos by Wai Yan)



















Credits: Myanmar Celebrity


ကုမ္ပဏီဝန်ထမ်းတွေအတွက် တစ်နေ့တာ စိတ်ဖိစီးမှုတွေ လျှော့ချပစ်နိုင်မယ့် အချက် (၈) ချက်


မေသော် on 2014-05-06 16:15

ကုမ္ပဏီဝန်ထမ်းတွေတာ တစ်နေ့တာ ဖြတ်သန်းတဲ့အခါ ဖိစီးမှုပေါင်းများစွာနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။ အလုပ်ခွင်မှာသာမက နေ့စဉ် ကြုံတွေ့လာရတဲ့အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ ကိုယ့်ဆီမှာရှိနေတဲ့ စိတ်ဖိစီးမှုတွေ လျော့နည်းအောင် ကြိုးစားရမှာပါ။ ဒါ့ကြောင့် ကိုယ့်ရဲ့တစ်နေ့တာကို အဆင်ပြေပြေနဲ့ ဖိစီးမှုမရှိဖြတ်သန်းနိုင်ဖို့ ဒီအချက်လေးတွေအတိုင်း ကြိုးစားကြည့်လိုက်ပါလား။

နံနက် ၇း၀၀ နာရီ (အိပ်ယာထချိန်)

မနက်အိပ်ယာထချိန်အတွက် alarm ပေးထားတဲ့ နာရီကြောင့် ၀ုန်းခနဲ အိပ်ယာက ကောက်ထလိုက်ပြီး နှိုး စက်နာရီကို ပိတ်ပစ်လိုက်ရတာမျိုးဟာ သင့်ကို ဖိစီးမှုဖြစ်စေပါတယ်။ ပိုဆိုးတာက နှိုးစက်အသံကိုလည်း သီချင်းသံလေး၊ သာယာ နာပျော်ဖွယ်ရှိတဲ့ အသံမျိုး လုပ်မထားဘဲ ၀ရုန်းသုန်းကားနဲ့ သင့်ကို လန့်ဖျန့်စေမယ့် အသံမျိုးဖြစ်နေတာဟာ သင့်အတွက် တော်တော်ကို ဆိုးပါတယ်။

နံနက် ၈း၀၀ (ရုံးသွားချိန်)

ရုံးသွားတဲ့အချိန်မှာ နားထောင်တဲ့ သီချင်းမျိုးဟာ ကျယ်လောင်ပြီး၊ တန်ပိုမြန်မြန်နဲ့ ဖန်တီးထားတဲ့ သီချင်းမျိုး ထက်စာရင် slow rock လို၊ ပေါ့ပ်လို သီချင်းမျိုးတွေသာ ပိုနားထောင်သင့်ပါတယ်တဲ့။

နံနက် ၉း၃၀ (ရုံးရောက်ချိန်)

ရုံးရောက်ပြီဆိုရင် ကိုယ့်စားပွဲကို သန့်ရှင်းရေးလုပ်ရင်လုပ်၊ ပြတင်းပေါက်ရှိရင် ပြတင်းပေါက်ဖွင့်တာတို့၊ ကွန်ပျူတာကို နည်းနည်းသန့်ရှင်းပေးတာတို့ စတာတွေကို လုပ်သင့်ပါတယ်။ ကွန်ပျူတာဖွင့်ပြီး အီးမေးလ် တန်းစစ်တာမျိုးတော့ မလုပ်လိုက်ပါနဲ့။ ဒါဟာ စိတ်ဖိစီးမှုဖြစ်စေတဲ့ အချက်မို့လို့ပါပဲ။

နေ့လည် ၁၁း၀၀ (အစည်းအဝေးပွဲ)

အစည်းအဝေးလုပ်တော့မယ်ဆို ဟိုဟာပြင်ရ၊ ဒီဟာပြင်ရနဲ့ အလုပ်တွေရှုပ်၊ စိတ်ဖိစီးမှုတွေ ဖြစ်တတ်တာမို့ အဲ့ဒီလိုအချိန်မှာ အစည်းအဝေးခန်းထဲ မ၀င်ခင် အသက်ကို ၀အောင်ရှုပါ။ ငါ ဒါတွေ လုပ်နေကျ၊ အေးဆေး ပါလို့ စိတ်ထဲသွင်းပြီး အစည်းအဝေးခန်းထဲ ၀င်လိုက်ပါ။

နေ့လည် ၁၂း၃၀ (ထမင်းစားချိန်)

နေ့လည်စာ စားတော့မယ်ဆိုရင် စားနေချိန်အတွင်း ဟိုဟာလုပ်၊ ဒီဟာလုပ်ခြင်းမျိုးတွေ ရှောင်ပါ။ ဦးနှောက် ကိုလည်း အနားခဏပေးဖို့ လိုနေတာကြောင့် အဲ့ဒီအချိန် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ထမင်းတူတူစားတာမျိုး လုပ်ပေးပါ။ သူတို့နဲ့အတူ ထမင်းစားရင်း စကားပြောတာဟာ သင့်ရဲ့ဖိစိးမှုကို လျှော့ချပေးနိုင်ပါတယ်။

နေ့လည် ၂း၃၀ (လူမှုကွန်ယက် အသုံးပြုချိန်)

အလုပ်တွေရှုပ်လွန်းလို့ facebook လို twitter လို လူမှုကွန်ယက်တွေမသုံးဖြစ်ဘူးဆိုရင် နေ့လည် အလုပ် နည်းနည်းပါးတဲ့အချိန် ၂နာရီခွဲလောက်မှာ သုံးပါ။ စိတ်လက်ပေါ့ပေါးစေဖို့ သုံးတာဖြစ်တဲ့အတွက် ကိုယ်နဲ့ အဆင်မပြေတဲ့သူတွေနဲ့ အငြင်းအခုန်လုပ်ဖို့၊ post တွေ တစ်ခုပြီးတစ်ခုတင်ပြီး တစ်ဦးနဲ့တစ်ဦး တိုက်ခိုက်နေတာမျိုးတွေ မလုပ်ပါနဲ့။

ညနေ ၄း၃၀ (ရုံးဆင်းချိန်)

ဒီလိုအချိန်မှာ ဖြစ်နိုင်ရင် ကော်ဖီသောက်တာမျိုးးတွေ မပြုလုပ်ပါနဲ့။ ကော်ဖီက သွေးဖိအားကို တိုးမြှင့်ပေးပြီး စိတ်ဖိစီးမှုကို ပိုမိုဖြစ်စေနိုင်တာကြောင့်ပါ။

ည ၆း၃၀ (အိမ်မှာအနားယူချိန်)

အိမ်ပြန်ရောက်တာနဲ့ ခဏအနားယူနေတဲ့အချိန်လေးအတွင်းမှာ အိမ်အတွက် ဟင်းချက်ရဦးမယ်၊ ညစာအတွက် ဘာချက်ရင်ကောင်းမလဲဆိုတာမျိုးတွေ တွေးရင်း အိပ်ယာပေါ်အနားယူတာမျိုး ရှောင်ပါ။

Ref:womenshealthmag.com
Trend Myanmar


နှစ်မကုန်မီ e-Commerce လုပ်ငန်းများ စတင်နိုင်မည်ဟုဆို


မြန်မာနိုင်ငံတွင် ယခုနှစ် မကုန်မီ မိုဘိုင်းလ်နှင့် အင်တာနက် အခြေပြု ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများ (e-Commerce) စတင်နိုင်မည် ဖြစ်ကြောင်း ကာတာကုမ္ပဏီ အော်ရီးဒူးနှင့် ဂျာမနီ အင်တာနက် စီးပွားရေး လုပ်ငန်း Rocket Internet တို့ ပူးပေါင်း ရင်းနှီးမြှုပ်နှံထားသည့် Asia Internet Holding ထံမှ သိရသည်။



အဆိုပါ ကုမ္ပဏီသည် မိုဘိုင်းလ်အခြေပြု e-Commerce ဝန်ဆောင်မှုများကို မြန်မာအပါအဝင် ထိုင်း၊ စင်္ကာပူ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် သြစတေးလျ စသည့် အာရှဒေသတွင်း ဈေးကွက် ၁၅ ခုတွင် ဝင်ရောက် လုပ်ကိုင်သွားရန် ပြင်ဆင်နေပြီး ယင်းနိုင်ငံများ၏ စည်းမျဉ်း ဥပဒေများပေါ် မူတည်ကာ ၂၀၁၄ ဒုတိယ လေးလပတ် မတိုင်မီ ဝန်ဆောင်မှု ပေးသွားမည် ဟု အော်ရီဒူးက ထုတ်ပြန်ထားသည်။

“လူတွေက သူတို့ မိုဘိုင်းလ် ဖုန်းတွေက တစ်ဆင့် ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မူတွေကို ဝယ်လာကြတယ်။ ဒါဟာ မြန်မာအပါအဝင် အာရှဈေးကွက်တွေမှာ သိသာလာတယ်။ ကျွန်တော်တို့ရဲ့ ဖက်စပ်လုပ်ငန်းက အာရှတလွှားမှာ e-Commerce ဈေးကွက် ဦးဆောင်သူ ဖြစ်လာဖို့ မျှော်လင့်တယ်” ဟု အော်ရီးဒူးမြန်မာမှ အမှုဆောင်အရာရှိချုပ် Ross Cormack က ဆိုသည်။

e-Commerce လုပ်ငန်းသည် မြန်မာပြည်အတွက် နည်းပညာလုပ်ငန်းမှ တစ်ဆင့် အကျိုးအမြတ် များ ဖော်ထုတ်ရရှိနိုင်ပြီး စီးပွားရေး တိုးတက်မှု အခွင့်အလမ်းများ၊ လုပ်ငန်းသစ်များတွင် ရင်းနှီးမြှုပ်နှံမှုများ၊ ဝင်ငွေများနှင့် အင်တာနက် အသုံးချနိုင်မူများလည်း ပိုမိုတိုးတက်လာမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းလုပ်ငန်းသည် အလားအလာကောင်းများ ရှိနေသည့်အတွက် Ooredoo နှင့် Rocket Internet တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကာ မိုဘိုင်းလ် ဖုန်းပေါ်မှ တစ်ဆင့် ငွေပေးချေမှု စနစ်များ၊ ကုန်ပစ္စည်း ဝယ်ယူမှုနှင့် ရောင်းချမှု အပါအဝင် e-Cormmerce လုပ်ငန်း အမျိုးအစားများစွာ အကောင်အထည် ဖော် သွားမည် ဖြစ်ကြောင်း Rocket Internet ကို ပူးတွဲတည်ထောင်သူ Oliver Samwer က ဆိုသည်။

“လက်ရှိလည်း လုပ်နေကြတာပဲ။ သူတို့ကတော့ ငွေကြေးရော၊ နည်းပညာပါ အင်နဲ့အားနဲ့ လုပ်ကြမှာ ဆိုတော့ တိုင်းပြည်အတွက်လည်း ဈေးကွက်သစ် တစ်ခု ဖန်တီးနိုင်တာပေါ့။ ဆက်သွယ်ရေး နည်းဥပဒေ ထွက်လာရင်တော့ လုပ်ရကိုင်ရတာ ပိုရှင်းရှင်းလင်းလင်း ရှိလာမယ်” ဟု ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်၊ နည်းပညာ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

Rocket Internet ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ ထိပ်တန်း မော်တော်ယာဉ် အရောင်းအဝယ် Website တစ်ခုဖြစ်သည့် motor.com.mm ကို တည်ထောင်ထားသည့် ကုမ္ပဏီဖြစ်ပြီး အော်ရီးဒူး မြန်မာ သည် မြန်မာနိုင်ငံအတွင်း မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်နေသည့် ကုမ္ပဏီ ဖြစ်သည်။

The Voice Weekly
ရန်ကုန်၊ မေ ၅

အသက်အရွယ်ကြီးရင့်မှု ဖြစ်စဉ်ကို ပြောင်းပြန်လှန်နိုင်မယ့် ‘သွေးစုပ်ဖုတ်ကောင်ကုထုံး’


သီဟနိုင် on 2014-05-06 16:17

ငယ်ရွယ်သူရဲ့ သွေးကို အသက်အရွယ်ကြီးရင့်သူရဲ့ ခန္ဓာကိုယ်ထဲ ထိုးသွင်းခြင်းဖြင့် အသက်အရွယ်ကြီး ရင့်မှု ဖြစ်စဉ်ကို ပြောင်းပြန်လှန်နိုင်ကြောင်း သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဘယ်လို သင် Botox ထိုးနေတာကိုတော့ အလျှင်စလို မရပ်လိုက်ပါနဲ့။ ခုထက်ထိ ဒီလုပ်ဆောင်ချက် ဟာ ကြွက်တွေမှာပဲ ဖြစ်ထွန်းပါသေးတယ်။

‘သွေးစုပ်ဖုတ်ကောင် ကုထုံး’ နဲ့ သွေးသွင်းခံထားရတဲ့ ဓာတ်ခွဲခန်းကြွက်တွေကို water maze လို့ခေါ်တဲ့ လမ်းကြောင်းပြရေစည်ပိုင်း ထဲမှာ ထည့်ပြီး စိတ်ပိုင်းဆိုင်ရာ စမ်းသပ်မှုတွေ လုပ်ခဲ့တာပါ။ ကြွက်တွေရဲ့ သဘာဝ သက်တမ်း ကုန်ဆုံးခါနီးဖြစ်တဲ့ ၁၈လသား ကြွက်ရဲ့ ခန္ဓာကိုယ်ထဲကို ၃လသားကြွက်ရဲ့သွေးတွေ အထပ်ထပ်အခါခါ ထိုးသွင်းခဲ့ပါတယ်။ သက်ကြီးပိုင်းကြွက်တွေရဲ့ မှတ်ဉာဏ်နဲ့ သင်ယူမှု စွမ်းဆောင်ရည် တိုးတက်ရုံမကဘဲ ဦးနှောက်တည်ဆောက်မှုပိုင်း၊ မော်လီကျူးပိုင်း နဲ့ အလုပ်လုပ်ဆောင်မှု အပြောင်း အလဲတွေကို သူတို့ဦးနှောက်ထဲမှာ တွေ့ရပါတယ်။

သက်ကြီးကြွက်ရဲ့ သွေးကို သက်ငယ်ကြွက်ထဲထိုးသွင်းတာတော့ သက်ရောက်မှု တစ်စုံတရာ မရှိပါဘူး။

သက်ငယ်သွေးမှာ ကြီးရင့်ဦးနှောက်ကို နုပျိုစေမယ့် သဘာဝ ဓာတုပစ္စည်းတွေ ပါဝင်တယ်လို့ သုတေသီတွေ က ယုံကြည်ထားပါတယ်။

သုတေသန နောက်တဆင့်မှာတော့ သက်ကြီး လူသားတွေ ပါဝင်လာဖို့ရှိပါတယ်။

Ref:metro.co.uk
Trend Myanmar


မိုဘိုင်းဂိမ်းတွေ ဘာလဲ ဘယ်လဲ



၁။ သိပ်မြင့်မြင့် မပျံနိုင်တော့သော Angry Birds။

အိုင်ဖုန်းအန်းဒရွိုက်ဖုန်းများနဲ့ ဆော့ နိုင်သော ဂိမ်းများထဲတွင် ဦးဆုံးအဖြစ် ပေါက် သွားပြီး ယနေ့ထိတိုင် နာမည်ကျော်နေသော ဂိမ်းကား Angry Birds ဖြစ်သည်။ ဖင်လန် အခြေစိုက် Rovio ကုမ္ပဏီက Angry Birds ဂိမ်းကို ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာမှာ ထုတ်လုပ်ခဲ့သည်။ ၂၀၁၂ နှစ်ကုန်ချိန် တွင် ကမ္ဘာ တစ်ဝန်း Angry Birds ဆော့သူက တစ်လ ကို လူ(၂၆၃)သန်းကျော်ရှိလာသည်။ ၂၀၁၃ တွင်ကား Angry Birds တို့ မြင့်မြင့် ဆက် မပျံနိုင်ဖြစ် ခဲ့ရသည်။ Angry Birds မှ ၀င်ငွေ သည် ၂၀၁၂ ခုနှစ်တွင် ၂၀၁၁ ခုနှစ်ကထက် နှစ်ဆ ခုန်တက်ပြီး၊ ပေါင်(၁၂၅ ဒသမ ၁) သန်းထိ ရရှိခဲ့သော်လည်း၊၂၀၁၃ တွင်ကား မသိသာသော နှုန်းလောက် သာတက်လာပြီး ၀င်ငွေ ပေါင် (၁၂၈ ဒသမ ၄)သန်းသာရခဲ့ သည်။ အသားတင် အမြတ်ငွေကား ထက် ၀က်နီးပါးကျ ဆင်းခဲ့ရသည်။ နောက်ဆုံးထုတ်လိုက်သည့် ကား မောင်းပြိုင်ပွဲစတိုင် Angry Birds GO’ ကား လူဆော့အများဆုံးဂိမ်းများဆိုသော ဇယားထိပ်ပိုင်းသို့ပင် မ၀င်ဘဲ ပျောက်ကွယ် နေရသည်။ Rovio နှင့် အပြိုင်ဂိမ်းများထုတ် နေသော အခြားကုမ္ပဏီများ၏ ဂိမ်းများက Angry Birds ကို ကောင်းကင်ပေါ်မှ ရိုက်ချ နေကြပြီ။

၂။ ဂိမ်းဘုရင် အရှင်သခင်သစ် Candy Crush Saga ။

မိုဘိုင်းဂိမ်းလောက သရဖူဆောင်း ဘုရင်အဖြစ်မှ Angry Birds နန်းကျသွား ပြီဟုဆိုလျှင် နောက်တက် လာမည့် ရှင်ဘုရင် သစ်ကား Candy Crush Saga မှ လွဲ၍ အခြားမရှိနိုင်။ ၂၀၁၃ နှစ်ကုန်ပိုင်းကို ရောက် လာချိန်တွင် ချိုတိုတိုသကြားလုံးလေးများ ကို တွဲဖက်ပေးရသည့် Candy Crush Saga ဂိမ်းကို ကမ္ဘာ တစ်ဝန်း တစ်နေ့တစ်နေ့ဝင် ဆော့သူ (၉၃) သန်းထိရှိသည်။ Candy Crush Saga ကို King ကုမ္ပဏီက ထုတ် လုပ်ခြင်းဖြစ်သည်။ ကမ္ဘာ တစ်ဝန်းနိုင်ငံ အများစုတွင် အားလပ်ရက်ကာလရှည်ရှိ သော ဒီဇင်ဘာတွင် Candy Crush Saga ကို ဆော့သူသည် ထိုတစ်လအတွင်း သန်း တစ်ထောင်ကျော်ထိရှိခဲ့ကြောင်း သိရ သည်။ ကုမ္ပဏီသည် ၂၀၁၃ တစ်နှစ်တာအတွင်း Candy Crush Saga မှ ၀င်ငွေ ပေါင်သန်း ၁၁၀၀ အထိ ရရှိခဲ့ သည်။ နယူးယောက် စတော့ ဈေးကွက်တွင်လည်း အမည်ပေါက်တင်သွင်း ထားပြီး ရှယ်ယာများ ထုတ်ရောင်းနိုင်သည့် အဆင့်သို့ ပင် တိုးမြှင့်ရောက်ရှိ နေပြီ။ Angry Birds ကို ကောင်းကင်ပေါ်က ထပ်ရိုက်ချမည့် တစ်မြေတည်းဖွားဖင်လန် ကုမ္ပဏီ Supercell သည်လည်း ၂၀၁၃ ခုနှစ် တွင် ၀င်ငွေ ပေါင် (၅၂၈ ဒသမ ၆)သန်းထိ ရရှိခဲ့သည်။ ထိုကုမ္ပဏီသည် မဟာဗျူဟာဂိမ်း Clash of Clans နှင့် စိုက်ပျိုးရေးဂိမ်း Hay Day တို့ဖြင့် အဓိက၀င်ငွေရရှိခြင်း ဖြစ် သည်။ အာရှတိုက်သား ဂျပန်သည်လည်း ဂိမ်း လောကတွင် လက်သွက်သူဖြစ်ပြီး၊ ဂျပန် ကုမ္ပဏီ GuanHo သည် Puzzle & Dragons ဂိမ်းဖြင့် ၂၀၁၃ တစ်နှစ်တာ အတွင်း ၀င်ငွေ ပေါင် (၉၄၅)သန်းရရှိခဲ့သည်။

၃။ တစ်ခြား ငှက်တွေလည်း ရှိသေးသည်။

Angry Birds ထိပ်ဆုံးရောက်နေချိန် တွင် သူ့ကို ယှဉ်နိုင်သည့် နောက်ငှက် မရှိခဲ့။ သို့သော် ၂၀၁၄ တွင် Angry Birds ကို ထိုးဆိတ် မည့် နောက်ငှက်တစ်ကောင် မွေးဖွား လာသည်။ Flappy Bird ဖြစ်၏။ Flappy Bird ကို ဗီယက်နမ် နည်းပညာသမားတန် ငုယင်က ၂၀၁၃ တွင် တီထွင် ခဲ့သည်။ ငှက်ကလေး မြေမကျဘဲ ပျံသန်းနိုင်စေရန်နှင့် ပိုက်လိုင်းများ အကြား နိမ့်ချည် မြင့်ချည် ပျံသန်း နိုင်စေရန် ဖုန်း ဖန်သားပြင်ကို တစ်ချိန် လုံး ပုတ် ပေးနေရသည်။ အပုတ်ရပ်လျှင် ငှက်လည်း တောင်ပံခတ်ရပ်ပြီး မြေကျသွားသည်။ ၂၀၁၄ ဇန်န၀ါရီမှ စပြီး ကမ္ဘာ့ ဂိမ်းသမားများကြား Flappy Bird သည် နာမည်ကျော်ခဲ့သည်။ ရလဒ်အဖြစ်ကား ဂိမ်းတီထွင်သူ တန်ငုယင် သည် ဂိမ်းတွင်း ၀ယ်ယူမှုများမှတစ်ဆင့် တစ်နေ့ကို ပေါင်ငွေ (၂၉၆၀၀)နီးပါး ရရှိခဲ့သည်။ နောက်ပိုင်းတွင် ငုယင်သည် Flappy Bird ဂိမ်းကို အိုင်ဖုန်းနှင့် အန်းဒရွိုက်ဖုန်း အပလီ ကေးရှင်း စတိုးများမှ ဖြုတ်ချခဲ့သည်။ သို့သော် Flappy Bird အတု များ ပေါ်လာသည်။ ငှက်နေရာမှာ ဟီးရိုးလည်း အမျိုးမျိုးပါလာသည်။ အဆိုတော်မိုင်လေဆိုင်းရပ်စ်ပုံနှင့် လုပ်ထား သော Flappy Bird ဂိမ်းအပွားတစ်ခု ကား လူဆော့အများဆုံး ထိပ်ဆုံးတန်းကိုပင် ၀င်ခဲ့ သည်။ Flappy Bird ကို ကြည့်ခြင်းဖြင့် မို ဘိုင်းဂိမ်း လောကတွင် ကမ္ဘာ့ ပရိသတ်လက်ခံ ပါက နာရီ ပိုင်းရက်ပိုင်းအတွင်းမှာပင် ခြုံကြား မှ ဘုံဖျားသို့ အရောက်တက်နိုင်ကြောင်း မြင် နိုင်သည်။

၎။ အလကား ဆော့နိုင်သည်၊ နိုင်ချင်ရင် တော့ ပိုက်ဆံပေးရမည်။

Candy Crush Saga ၊Clash of Clans ၊ Puzzle & Dragons ၊ The Hobbit ၊ Modern War စသည့် ဂိမ်းဘုရင်များ အပြင် အခြားသော နာမည်ကျော်ထိပ်တန်း မိုဘိုင်းဂိမ်း အများစုကြီး သည် အခမဲ့ အလကား ၀င်ဆော့နိုင်သော ဂိမ်းများဖြစ် သည်။ ဂိမ်းကို ဒေါင်းလုပ်လုပ်ဖို့ ပိုက်ဆံ ပေးစရာ မလို။ ထိုဂိမ်းများ အဓိက ငွေရှာသည် ကား ဂိမ်းဆော့သူကို ဂိမ်းထဲကျမှ ၀န်ဆောင်မှု အမျိုးမျိုးရောင်းခြင်းဖြစ်သည်။ အသက် ဓာတ်ကုန်သွားလျှင် အွန် လိုင်းငွေပေးချေ စနစ်ဖြင့် အသက်ဓာတ်ထပ်ဝယ်နိုင်သည်။ အခြားသော အခက် အခဲကျော်လွှားသည့် ကိရိယာ အမျိုးမျိုးကိုလည်း ဂိမ်းဆော့ရင်း ၀ယ်နိုင် သည်။ မ၀ယ်လိုသူများကိုကား အချိန် အတိုင်းအတာ တစ်ခုအထိ စောင့်ခိုင်းထား ပြီးမှ လိုအပ်သည့် အသက်ဓာတ်ကို ဖြည့်ပေး ပြီး ဆက်ဆော့ခွင့်ပေး သည်။ ဂိမ်းမှာ အခန်း တက်လာလေ အခမဲ့နည်းဖြင့် အနိုင်ဆော့ဖို့ ခက်လာလေဖြစ် သည်။ အသက်ဓာတ် ထပ်ရ ဖို့ စောင့်ရသည့်အချိန်လည်း ကြာသ ထက် ကြာလာလေဖြစ်သည်။ ထိုနည်းဖြင့် ဂိမ်း ဆော့သူများ စိတ်မရှည်အောင် လုပ်ထားပြီး အသက်ဓာတ် အပါအ၀င် အခြား ၀န်ဆောင်မှု အမျိုးမျိုးကို ငွေပေးဝယ်အောင် ဂိမ်းများက ဖန်တီးထားသည်။ ထိုဂိမ်းများသည် အစပိုင်း တွင် ငွေကုန်မခံဘဲ ၀င်ဆော့နိုင်သော်လည်း နောက်ပိုင်းတွင် ပိုက်ဆံမှ မပေး လျှင် မနိုင် နိုင်တော့သည့် အခြေအနေ မျိုးဖြစ်အောင် ဖန်တီးထားသည်။ မိုဘိုင်းဂိမ်းများနှင့် ပတ်သက်ပြီး ကမ္ဘာ တစ်ဝန်း ငွေကြေးသုံးစွဲမှု၏ (၉၀) ရာခိုင် နှုန်း သည် ထိုသို့ ဂိမ်းတွင်း ၀န် ဆောင်မှုများဝယ်သုံးခြင်းဖြင့် ကုန်နေကြ သည်။ ၂၀၁၃ တစ်နှစ်တာ အတွင်း ကမ္ဘာ့ တစ် ၀န်းဂိမ်းဆော့သူများသုံးစွဲသော ငွေကြေး သည် ပေါင်ငွေသန်း(၉၅၀၀)နီးပါး ရှိကြောင်း ဈေးကွက်သုတေသနလုပ်ငန်း IHS ၏ စာရင်းအရ သိရသည်။

၅။ ဂိမ်းဝယ်ဆော့သည့် ပရိသတ်လည်း ရှိသည်။

အခမဲ့ ဒေါင်းလုပ် ဆွဲဆော့နိုင်သော ဂိမ်းများသည် မိုဘိုင်းဂိမ်း လောကကို စိုးမိုး ထားသည့်တိုင် အခပေးပြီး ဒေါင်းလုပ်ဆွဲ ဆော့ရသော ဂိမ်းများကို လိုလိုလားလား ဆော့သူများလည်း ရှိနေသည်ပင် Minecraft သည် အခပေး ဒေါင်းလုပ်ဆွဲဆော့ရသော ဂိမ်းများထဲတွင် နာမည်ကျော်သည်။ ထိုဂိမ်း ကို ဒေါင်းလုပ်ဆွဲလိုလျှင်(၄ ဒသမ ၉၉)ပေါင် ပေးရသည်။ ၂၀၁၁ ခုနှစ်မှစပြီး ယခုထိ ဒေါင်း လုပ်ဆွဲသည့် အကြိမ်(၂၁) သန်း ကျော်ရှိ နေပြီ ဖြစ် သည်။ ဂိမ်းထဲကျမှ ငွေထပ် ပေးပြီး ၀န်ဆောင်မှုအမျိုးမျိုးကို ၀ယ်ယူရတာ မျိုး မရှိ။ အိုင်ဖုန်း အိုင့်တ်နှင့် ဆော့နိုင်သော အခပေးဂိမ်း Monument Valley သည် လည်း ယခုနှစ်ဆန်းပိုင်းတွင်မှ စတင်မိတ် ဆက်ခဲ့ခြင်းဖြစ်သည့်တိုင် အက်ပဲစတိုး ထိပ်ဆုံး ဂိမ်းများထဲတွင် ပါဝင်ခဲ့ သည်။ ဂိမ်းထုတ်လုပ် ခဲ့ရသည့် ကုန်ကျစရိတ်များသည် အပလီ ကေးရှင်းစတိုးသို့ တင်ပြီး တစ်ပတ်အတွင်း မှာပင် အရင်းကျေခဲ့သည်။

၆။ မိုဘိုင်းဂိမ်းများသည် နေ့စဉ်ဘ၀ထဲက လုပ်စရာတစ်ခု အဖြစ်သို့ပါ ရောက်လာပြီ။

ဗြိတိန်နိုင်ငံတွင် လက်ရှိမှာပင် လူသန်း (၂၀)လောက်သည် မိုဘိုင်းဂိမ်းပုံမှန်ဆော့ သူများဖြစ်ကြောင်း စစ်တမ်းအရ သိရသည်။ ၎င်း တို့ထဲတွင် အမျိုးသား(၅၁)ရာခိုင်နှုန်း၊ အမျိုးသမီး(၄၉)ရာခိုင်နှုန်းပါသည်။ မိုဘိုင်း ဂိမ်းများဖြင့် ပိုက်ဆံရသည့် ထဲတွင် Angry Birds သည် ထိပ်ဆုံးက ရှိခဲ့ပြီး၊ အကျိုး အမြတ်ကောင်းကောင်း ခံစားခဲ့ရသည်။ ယခု နောက်ပိုင်းတွင် Candy Crush Saga က နာမည်ကျော် လာသည်။ ဘတ်စ်ကားပေါ် ရထားပေါ်မှာ ကြည့် လိုက် ပါ။ ဖုန်းထဲမှာ သကြားလုံးလေးတွေ တွဲနေသူများ ကို မြင်နိုင်သည်။

၇။ ကလေးတွေကို ညာစားသလိုဖြစ်နေသည်။

ကလေးများသည် အိမ်က လူကြီးများ ၏ ဖုန်းများကိုယူပြီး ဂိမ်းဆော့တတ်ကြသည်။ ထိုသို့ ဆော့ရင်း ဂိမ်းထဲ ကနေ ပိုက်ဆံပေး ၀ယ်ယူနိုင် သော ၀န်ဆောင်မှုများကို ကလေး များက ၀ယ်ယူမိတတ်ကြသည်။ ထိုနည်းဖြင့် ငွေတွေဆုံးရှုံးသွားသူပေါင်း မနည်းတော့။ ဗြိတိန်နိုင်ငံ ကုန်သွယ်မှု တရား မျှတစေရေး အဖွဲ့ ၏ စုံစမ်းစစ်ဆေးချက်အရ အချို့သော ဂိမ်းများသည် ကလေးများ၏ ဆော့ကစားလို စိတ်နှင့် မသိနားမ လည်သေးမှုများကို အခွင့် ကောင်းယူလှည့်စားကာ ကလေးများ ဂိမ်းတွင်း ၀ယ်ယူမှုများ လုပ်ဖြစ်သွားအောင် တမင် ရည်ရွယ်လမ်းကြောင်းပေးထားကြောင်း တွေ့ရှိခဲ့သည်။ နောက် ထပ် လေ့လာမှုများ အရလည်း မိဘ လုပ်သူများသည် ကလေး များ ဂိမ်းတွင်း ၀ယ်ယူမှုမျိုး မလုပ်နိုင်အောင် မိမိတို့ ဖုန်းများ၊ တဲဘလက်များမှ အွန်လိုင်း ငွေပေးချေမှုစနစ်များကို ကန့်သတ်ထားခြင်း မျိုး မရှိကြောင်း တွေ့ခဲ့ရသည်။

၈။ မိုဘိုင်းဂိမ်းများသည် ဂိမ်းစက် ကုမ္ပဏီများအတွက် အနှောင့်အယှက် မဖြစ်။

Nintendo ဂိမ်းစက်သည် ဂိမ်း လောကတွင် နာမည်ကျော်သည်။ ဖုန်းများ တဲဘလက်များထဲ ထည့်ဆော့ခြင်းကား မပြု နိုင်။ သူ့ဂိမ်းစက်နဲ့သူ ဆော့မှရသည်။ Nintendo ဂိမ်းများကို မိုဘိုင်းဂိမ်းများအဖြစ် ထုတ်လုပ်ရန် အစီအစဉ်မရှိဟု Nintendo က စောစီးစွာကတည်းက ကြေညာထားပြီး ယခုထိလည်း စကားနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။ ပြိုင်ဘက် ဂိမ်းစက် ကုမ္ပဏီ ကြီးများဖြစ်သော ဆိုနီ နှင့် မိုက်ခရိုဆော့ဖ် တို့ကား ခေတ်၏ ပြောင်းလဲမှုကို လိုက်လျော ညီထွေဖြစ်အောင် ကျင့်သုံးသည်ကို တွေ့ရ သည်။ ဂိမ်းစက်များဘက်တွင်လည်း ပရိသတ် ကောင်းကောင်းရ နေကြ သလို၊ ဂိမ်းစက်ဖြင့် ဆော့ရသော ၎င်း တို့၏ နာမည်ကျော် ဂိမ်း များကိုလည်း မိုဘိုင်းဂိမ်းများ အဖြစ်ပါ ထုတ်လုပ်လာကြသည်ကို တွေ့နိုင် သည်။ မိုဘိုင်း ဂိမ်းသမားများ ကိုယ်တိုင်သည်လည်း ဆိုနီ၊ မိုက်ခရိုဆော့၊ နင်တန်းဒိုး ဂိမ်းစက်များကို ခုံခုံ မင်မင်ဝယ်ယူကာ ဆော့ကစားနေကြ ဆဲသာ ဖြစ်သောကြောင့် ဂိမ်းစက်များ အတွက် အန္တရာယ် မရှိသေး ဟု ဆိုနိုင်သည်။

၉။ Angry Birds အတွက် မျှော်လင့်ချက် မကုန်သေး။

Angry Birds သည် ၂၀၁၃ မှ ၀င်ငွေ ရှိန်နှုန်းကျခဲ့သလို ၂၀၁၄ မှာလည်း ဆက်ကျ ဦးမည်ဆိုလျှင်ပင် ၎င်း တို့အတွက် နောက် ထပ်အားပြု စ ရာ ဒေါက်တိုင်များရှိသေးသည်။ Angry Birds ကုမ္ပဏီ Rovio သည် Angry Birds ရုပ်ရှင်များ ရိုက်ကူးထုတ်လုပ် ရန်လည်း စီစဉ်နေသည်။ ၂၀၁၆ မှာ ရုံတင် ပြသနိုင်မည်။ ထို့အပြင် Angry Birds ဇာတ်ကောင်များပါသော ရုပ်သံဇာတ်လမ်းတွဲများ ထုတ်လုပ်ထားပြီး ကမ္ဘာတစ်ဝန်း ကြည့်ရှုသူ ကလေးပရိ သတ်တိုးသထက် တိုးလာနေ သည်။ ထို့အပြင် Angry Birds အရုပ်အမျိုး မျိုး၊ အခြားဆက်စပ် ကုန်စည် အမျိုးမျိုး မှလည်း ၀င်ငွေကောင်းကောင်းရ နေ သေးသည်။ Rovio ကုမ္ပဏီ၏ ၂၀၁၃ တစ်နှစ်တာ ၀င်ငွေ၏ (၄၇)ရာခိုင်နှုန်းသည် အထက်ပါ Angry Birds အရုပ်များ၊ ကုန်ပစ္စည်းများ အတွက် လိုင် စင်ချထားပေးခြင်းဖြင့် ရရှိခြင်း ဖြစ်သည်။ လောလောဆယ်တွင် Angry Birds တွေ အမြင့်ကြီး ဆက်ပျံမတက်နိုင် သေးသည့်တိုင် မြေပေါ်ဖုတ်ခနဲ ပြုတ် ကျ စရာ တော့ အကြောင်း မရှိသေး။

Ref: Mobile games: 9 things you need to know by Stuart Dredge (The Guardian)

The Messenger


Blu-ray disc ထက် အချက်အလက်သိုလှောင်နိုင်မှု အဆပေါင်း ၃၇၀၀ ပိုများတဲ့ ကက်ဆက်ခွေ မျိုးဆက်သစ် ကို Sony ချပြ


Angel on 2014-05-06 11:42

CD ခွေတွေ စတင်ပေါ်ထွက်လာပြီးကတည်းက နေရာပျောက်ခဲ့ရတဲ့ ကက်ဆက်ခွေတွေရဲ့ အခန်းကဏ္ဍ ကို ပြန်လည်အသက်သွင်းဖို့ အတွက် Sony ကော်ပိုရေးရှင်းရဲ့ ကြိုးပမ်းချက်ပါ။

ဂျပန်စီးပွားရေးလုပ်ငန်းစုဖြစ်တဲ့ Sony ဟာ ၁၈၅ TB ( Gb ၁၈၉၄၄၀) ပမာဏ အချက်အလက် သိုလှောင်နိုင်တဲ့ ကက်ဆက်ခွေမျိုးဆက်သစ်ကို စတင်ဖန်တီးလိုက်ပါပြီ။

တစ်ကိုယ်ရည်သုံးသာမက အချက်အလက်ပမာဏအမြောက်အများကို သိုလှောင်ထားဖို့ လိုအပ်တဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ အဖွဲ့ အစည်းတွေအတွက် အထူးဒီဇိုင်းပြုလုပ်ထားတာဖြစ်ပါတယ်။

သံလိုက်အမှုန့် တွေ ဖုံးအုပ်ထားတဲ့ ဒီ သံလိုက်တိပ်ခွေတွေကို လက်ရှိ လူထုဆက်သွယ်ရေး လမ်းကြောင်းတွေမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြပြီး ဒေတာပမာဏ ၂.၅ TB ကို မှတ်သားထားနိုင် ပါတယ်။

အရင်တုန်းကတော့ ဒီလောက်များပြားတဲ့အချက်အလက်ပမာဏကို သိုလှောင်နိုင်ဖို့ အတွက် နည်းပညာ ကုမ္ပဏီတွေဟာ ဒေတာတွေကို သိမ်းထားမယ့် သံလိုက်ဓာတ်အမှုန်တွေရဲ့ အရွယ်အစားကို ချုံ့ ပစ် ဖို့ လိုအပ်ပြီး ဒါဟာ တော်တော်ခက်ခဲပြီး ငွေကုန်ကြေးကျများတဲ့ လုပ်ငန်းစဉ်တစ်ခုပါ။ ဒီလုပ်ငန်း စဉ်တော်တော် များများကလည်း ထင်သလောက်အကျိုးမဖြစ်ခဲ့ပါဘူး။

Sony ရဲ့ တိပ်ခွေသစ်တွေမှာ နည်းပညာသစ်တစ်ခုကို အသုံးပြုထားပြီး အာဂွန်အိုင်းယွန်းတွေကို ပေါ်လီမာ ဖလင်ပြားပေါ် ပစ်လွှတ်ခြင်းအားဖြင့် အပြည့်အ၀ကောင်းမွန်တဲ့ ခရစ္စတယ်အမှုန်တွေကို တိကျတဲ့ တစ်သမတ်ပုံစံအတိုင်း ရရှိပြီး အထူအားဖြင့် ၅ မိုက်ခရိုမီတာ သာ ရှိပါတယ်။ ဒီအမှုန် သုတ်ကပ် ခြင်း နည်းပညာနဲ့ ချောမွေ့ နူးညံ့တဲ့ သံလိုက်အလွှာတစ်ခုကို ပြုလုပ်နိုင်ခြင်းကြောင့် Sony ဟာ ခရစ္စတယ် အမှုန် တွေကို သူတို့ ရဲ့ပုံစံမပျက် အရွယ်အစားချုံ့ နိုင်မှာ ဖြစ်ပါတယ်။

ဒီ Sony တိပ်ခွေတွေဟာ FujiFilm နဲ့ IBM တို့ ၂၀၁၀ ခုနှစ်က ထုတ်ခဲ့တဲ့ ဒေတာသိုလှောင်နိုင်မှု ၃၅ TB ရှိတဲ့ တိပ်ခွေတွေထက် ငါးဆ ပိုပြီး သိုလှောင်နိုင်မှု များပါတယ်။

ဒီမျိုးဆက်သစ် တိပ်ခွေတွေကို ရောင်းချနိုင်ဖို့ အတွက် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး ဒီနည်းပညာကို ပိုမိုထိရောက်အသုံးတည့်အောင် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ Sony က ပြောကြားခဲ့ပါတယ်.

Ref: Dailymail.co.uk
Trend Myanmar


အသားညိုလို့ စိတ်ညစ်မနေပါနဲ့ 



အသားညိုလို့ စိတ်မညစ်ကြပါနဲ နော့်။ ဆိုရိုးစကားရှိတယ်လေ။ "အသားရယ်ဖြူုလူပေမို့ လား.. အသားတော် ညိုပြာညက်ရယ် နန်းတော်ထက်ဖွား.." တဲ့။

အရပ်ထဲက ကလေးတွေပြောကြပြန်တာကတော့ "အသားဖြူ အလကားလူ" "အသားမဲပတ္တမြားခဲ" ပါတဲ့။ တကယ်တော့ ကျွန်မက ဗမာစစ်စစ် အသားဖြူသူ တစ်ယောက် ဖြစ်ပေမယ့်၊ အသားညိုတဲ့သူတွေကို တကယ်ဘဲ အားကျမိပါတယ်။ ဖြူသူနဲ့ ညိုသူတွေကို နှိုင်း ယှဉ်လိုက်ရင် အသားညိုတဲ့ အရေပြားဟာ ပိုညက်ညောတာကို တွေ့ရပါတယ်။ နောက်ပြီး အသားညို သူ တွေမှာ ၀က်ခြံ/တင်းတိတ်/မှည့်ခြောက်တွေ သိပ်ထွက်လေ့မရှိပါဘူး။ အသားဖြူသူများကတော့ ၀က်ခြံပေါက်ပြီးရင်လဲ အမာရွတ် အနီစက်များစွဲကျန်ရစ် ကာ တော်တော်နဲ့ မပျောက်နိုင်ဘူးလေ။ ဓာတ်ပုံ ရိုက်ရင်လဲ ညိုသူက ပိုကြည့်ကောင်းကာ၊ ဓာတ်ပုံစားတယ် လို့ ပြောကြတာကို ကြားဖူးကြမှာပါ။

အသားညိုလို့  အ၀တ်အစားအရောင်တွေကို အထူးရှောင်မနေပါနဲ့ ။ " အသားမဲ၊ ရဲရဲဆင် " တဲ့။ အနီရဲရဲ၊ ပန်းသွေးရောင်ရင့်ရင့်၊ ပန်းခရမ်းရောင်တောက်တောက် နဲ့  နီစွေးစွေးရောင်တို့ က ညိုသူတွေနဲ့  အလွန် လိုက်ဖက်လို့  ယုံကြည်မှုအပြည့်သာ ၀တ်ပြ လိုက်ပါ။

အသားညိုတယ်/မဲတယ်လို့  အပြစ်ပြောလာတဲ့ သူတွေကိုလေ…. ” ဟေ့..ညိုချောဘဲရှိတယ်..ဖြူချောဆို တာကြား ဖူးကြရဲ့ လား။ လူတင်မဟုတ်ဘူး။ အစားအစာတွေကိုဘဲကြည့်ဦး အရောင်ရင့်လေ ဆေးဘက်ပို ၀င်လေဘဲ။

ကန်စွန်းဥ/ ပြောင်းဖူးတို့ ဆို အ၀ါရောင်ထက်၊ အမဲပြာရောင်ကမှ ပိုဆေးဘက်ဝင်တာ။ ဖရဲသီးဆို အနီရောင်တောက်လေ အရာသာ ပိုရှိ လေဘဲ၊ ပန်းဂေါ်ဖီလဲ ထိုနည်း၎င်းဘဲ.. အစိမ်းရောင် ပန်းဂေါ်ဖီ က ဆေးစွမ်းပိုထက်တယ်လေ။ ပန်းသီးကို ကြည့်ဦးမလား။ အခွံနီလေ ပိုချိုပိုနူးညံ့ပြီး၊ ဓာတ်တိုး ဆန် ကျင်ပေါများလို့  ပိုမိုနုပျိုလေဘဲ။ ကောက် ညှင်းပေါင်းဆိုရင်လဲ ကောက်ညှင်းငချိပ်က လူနဲ့ တဲ့တယ်။ ၀မ်းမချုပ်ဘူးလေ။ စပျစ်သီးဆိုလဲ အရောင့် ရင့်လေ ပိုမိုဆေးစွမ်းထက်လေဘဲ၊ ချောကလက်ကိုလဲ ကြည့် ကြပါဦး။ အမဲရောင် ချောကလက်ကသာ အကောင်းဆုံး…။ ပြီးတော့ ၀ိုင်အရောင်ရင့်လေ လူနဲ့ ပိုတည်လေ ဘဲလေ “ လို့ ………….။

“ နောက်ပြီး ဆေးသိပ္ပံပညာရှင်တွေပြောတာ ကြားဖူးကြရဲ့ လား။ အရေပြား အရောင် ရင့်လေ၊ နေလောင်ခြင်း/လေလောင်ခြင်း စတဲ့သဘာဝဘေးကို ပိုမိုခံနိုင်လေ..ဆိုဘဲနော်။ ဒါတင်မကသေး ဘူး..မျိုးရိုးဗီဇအရ၊ အသားညိုသူတွေရဲ့ ဆံပင်ဟာ ပိုမိုသန်စွမ်းနက်မှောင်လေ့ ရှိတယ်တဲ့။ နောက်ပြီးညိုသူ က မွေးရာပါ မျက်စေ့အမြင်စွမ်းအား ပိုကောင်းပါတယ်တဲ့။ ပြီးတော့… အသားညိုသူရဲ့ အသံအိုးဟာ… သ ဘာဝအရ သန်စွမ်းကျန်းမာလို့  ဖြူသူတွေထက် အသံအောင်ပြီး၊ သီချင်းဆို အဆွဲအငင် ပိုမိုကောင်း ပါတယ် သတဲ့ရှင်…” ကဲ..မှတ်ပြီလား….။

ဒီစာလေးကို ဖတ်ပြီးညိုသူများ ရွှင်ပြုံးနိုင်ကြပါစေ…..။

(ဆောင်းပါးရှင်… ပေါက်ပေါက်… မျှဝေသည်)
promise.pauk


လာမယ့် ၂၅ နှစ်အတွင်း ကမ္ဘာ့ပထမဆုံး ထရီလျံနာကို မြင်ရဖွယ်ရှိ


Angel on 2014-05-06 15:29

ကမ္ဘာ့ပထမဆုံး ထရီလျံနာဟာ လာမယ့် ၂၅ နှစ်အတွင်း ထွက်ပေါ်လာဖွယ်ရှိတယ်လို့  ကမ္ဘာ့စီးပွားရေးကြို တင် ခန့် မှန်းသူတွေက မှတ်ချက်ထုတ်လိုက်ပါတယ်။ ဒီ ပထမဆုံး ထရီလျံနာအဖြစ်နိုင်ဆုံးသူကတော့ Microsoft တည်ထောင်သူ Bill Gates ပဲ ဖြစ်တယ်လို့ ခန့် မှန်းထားကြပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး စာရင်းမှာ လက်ရှိ ထိပ်ဆုံးကဦးဆောင်နေသူ Bill Gates ဟာ ထရီလျံနာ ဘ၀ကို ပထမဆုံး ရောက်ရှိမယ့်လူ အဖြစ် ခန့် မှန်းထားတာပါ။

အိန္ဒိယနဲ့ တရုတ် ဈေးကွက်တွေမှာ အလျင်အမြန် ကြီးထွားဖွံ့ ဖြိုးလာမှုကနေ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး တွေရဲ့ ပိုင်ဆိုင်မှုဟာ ဒီနှုန်းအတိုင်း ဆက်တိုးတက်သွားဖို့ ရှိပါတယ်။ ဒါကြောင့် Gates ဒါမှမ ဟုတ် ဒီကမ္ဘာရဲ့ အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ယောက်ဟာ ၂၀၃၉ ခုနှစ်မှာ သူတို့  နာမည်မှာ ထရီလျံနာဆိုတဲ့ ဂုဏ်ပုဒ်ကို ထည့်သွင်းလာနိုင်ဖို့ ရှိတယ်လို့ ခန့် မှန်းချက်တစ်ချို့ အရ သိရပါ တယ်။

ဆွစ်ဇာလန်အခြေစိုက် ရင်းနှီးမြှပ်နှံမှုဘဏ် Credit Suisse အဆိုအရ နောက်ထပ်မျိုးဆက်နှစ်ခုအတွင်းမှာ ကမ္ဘာမှာ ထရီလျံနာ ၁၁ ယောက်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

ထရီလျံဒေါ်လာမှာ သန်းပေါင်းတစ်သန်းရှိပြီး ဘီလျံပေါင်း ၁၀၀၀ နဲ့ ညီမျှပါတယ်။ ဒီပမာဏဟာ ဒီကမ္ဘာမှာ ရှိသမျှ လူတစ်ယောက်ချင်းစီကို ဒေါ်လာ ၁၄၀ စီ ခွဲဝေပေးနိုင်တဲ့ ပမာဏ ရှိပါတယ်။ လန်ဒန်မြို့ လယ်ရဲ့ မြေ ကွက် တစ်လက်မမကျန်ကို ဒီဘက်ခေတ်ပေါက်ဈေးအတိုင်း ၀ယ်နိုင်တဲ့အနေအထား မှာရှိတယ်လို့ The Times သတင်းစာအဆိုအရ သိရပါတယ်။

အသက် ၅၈ နှစ်အရွယ် Bill Gates ဟာ လက်ရှိ ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာ ပေါင် ၇၂ ဘီလီယံနဲ့  ထိပ်ဆုံးက ဦးဆောင်နေသူဖြစ်ပြီး ကမ္ဘာ့ပထမဆုံး ထရီလျံနာဖြစ်ဖို့ ထင်ကြေးအများဆုံးပေးခံထားရပါတယ်။

Ref: telegraph.co.uk
Trend Myanmar


Apple နှင့် Samsung တို့က ၎င်းတို့၏ Fingerprint နည်းပညာကို တက်ဘလက်တွေမှာ ထည့်သွင်း လုပ်ဆောင်သွားဖွယ်ရှိ



နာမည်ကြီး ဖုန်းကုမ္ပဏီနှစ်ခု ဖြစ်သည့် Apple နှင့် Samsung တို့က၎င်းတို့၏ လူကြိုက်များတဲ့ နည်းပညာ တစ်ခုဖြစ်သည့် Fingerprint (လက်ဗွေရာစနစ်) နည်းပညာကို ဖုန်းတွေတင်မကပဲ တက်ဘလက်တွေထဲ မှာတောင်ထည့်သွင်း လုပ်ဆောင်သွားမည့် အစီအစဉ် ရှိနေကြောင်းသိရသည်။

ယင်းစနစ်ကို Samsung က စတင်လုပ်ဆောင်ဖို့ စီစဉ်လျက်ရှိပြီး ၎င်း၏ တက်ဘလက်တစ်လုံး ဖြစ်သည့် Galaxy Tab S တွင် ပါရှိလာဖွယ်ရှိသည်ဟု သိရသည်။

PayPal ၊ Moblie Payments နှင့် အခြားသောစနစ်များတွင် Fingerpint စနစ်ဖြင့် Lock ချထားနိုင်အောင် တက်ဘလက်အတွက် လုပ်ဆောင်သွားမည် ဟုမျှော်လင့်လျက်ရှိသည်။

ယင်းကဲ့သို့ Samsung က တက်ဘလက်မှာ Fingerprint စနစ်ထည့်သွင်းရန် လုပ်ဆောင်နေစဉ်မှာပင် ၎င်း၏ပြိုင်ဘက်ဖြစ်သော Apple ကလည်း Apple iPad တွင်အဆိုပါစနစ်ကို ထည့်သွင်းသွားမည်ဟုပြောဆို လိုက်သည်။

ယင်းစနစ်ကို Apple ရဲ့နောက်ပိုင်းထွက် တက်ဘလက်တွေမှာ ရရှိ မှာဖြစ်ကြောင်းသိရပြီး ယင်း သတင်းကြောင့် Apple နှင့် Samsungတို့၏ တိုက်ပွဲဟာ စမတ်ဖုန်းတွင် မကပဲ တက်ဘလက်အထိ ပါပါဝင်လာတော့မည့် အခြေအနေမှာ ရှိသည်ဟု သိရသည်။

တက်ဘလက်ဈေးကွက်၏ ၃၂.၆ ရာခိုင်နှုန်းကို Apple က ပိုင်ဆိုင်ထားပြီး Samsung ကတော့ ယခင် ၂၂.၃ ရာခိုင်နှုန်းကနေ ၃၂ ရာခိုင်နှုန်းအထိ မြင့်တက်လာလျက်ရှိသည်။

လက်ရှိမှာ Apple ရဲ့ တက်ဘလက်ဈေးကွက်က အရင်ထက်အနည်းငယ် ကျဆင်းလာတဲ့အတွက် အနာဂတ်မှာ Samsung က တက်ဘလက်ဈေးကွက်ကို လက်ဝါးကြီးအုပ်သွားနိုင်မည် ပုံစံကိုတွေ့မြင်နေ ရကြောင်းသိရသည်။

သေချာမှုတစ်ခုအနေနဲ့ လာမည့်ဇွန်လနှင့် စက်တင်ဘာလတွင် Apple နှင့် Samsung တို့၏ Fingerprint စနစ်ပါရှိတဲ့ တက်ဘလက်တွေ ထွက်ရှိ လာတော့မည်ဖြစ်ကြောင်း ခန့်မှန်းထားကြသည်။

Ref : Zdnet
Wai Phyo Aung (TSJ Team)
TechSpace Journal


နည်းပညာတို့၏ ဘိုးဘေးကြီး (သို့) နည်းပညာ၏မိတ်ဆွေ



လက်ရှိခေတ်မှာ လူသားတွေဟာ နည်းပညာတွေကို အရင်ကထက်ပိုပြီး တွင်တွင်ကျယ်ကျယ် အသုံးပြုလာ ခဲ့ကြပါတယ်။ ယင်းနည်းပညာတွေထဲမှာ ကွန်ပြူတာနည်းပညာက အကောင်းဆုံးနဲ့ သက်တမ်း အရှည်ကြာ ဆုံး နည်းပညာတစ်ခုအနေနဲ့ ခေတ်စားလာခဲ့တာ ယနေ့ထိတိုင် အောင်ပဲဖြစ်ပါတယ်။

ဒါ့ပေမဲ့ လူတွေက ကမ္ဘာပေါ်မှာ အကောင်းဆုံးနည်းပညာ တစ်ခုရှိသေးတယ်ဆိုတာပါပဲ။ အဲဒီနည်းပညာ ဟာ လူတိုင်းမှာရှိပါတယ် ၊ပြီးတော့ အနီးကပ်ဆုံးနေရာမှာပါ။ အဲဒါကတော့ လူသားတွေအားလုံးရဲ့ အလိုအပ်ဆုံး အရာတစ်ခုဖြစ်တဲ့ ဦးနှောက်ဆိုတဲ့ အရာပါပဲ။ သူဟာလက်ရှိ ကမ္ဘာပေါ်မှာရှိတဲ့ အခြားသော နည်း ပညာတွေထက် ပိုမိုအဆင့်မြင့်ပါတယ်။ သူ့ကိုတကူးတက တည်ဆောက်ထား စရာမလိုပါဘူး။

ဒါပေမဲ့သူရဲ့စွမ်းရည်ကို အပြည့်အ၀သုံးမယ်ဆိုရင်တော့ ကွန်ပြူတာစနစ်တွေကို သန့်ရှင်း ရေးလုပ်သလို မျိုးတော့ လုပ်ထားရပါလိမ့်မယ်။ ကမ္ဘာပေါ်မှာရှိတဲ့သိပ္ပံ ပညာရှင်အများစုက လူ့ဦးနှောက်ဟာ အခြားသော နည်းပညာတွေထက် အဆပေါင်းများစွာ သာလွန်သည် ဟုပြောဆိုကြသည်။

ဘာကြောင့်လဲဆိုတော့ သူဟာကမ္ဘာပေါ်မှာ မှတ်ဉာဏ်အကောင်းဆုံးလို့ ဆိုတဲ့ စူပါကွန်ပြူတာတွေထက် အဆ ၉၀၀၀ကျော် ပိုမိုကောင်းမွန်လို့ပါ။ တကယ်လည်းကောင်းတယ်လို့ သိပ္ပံပညာရှင်များက အသိအ မှတ်ပြုထားကြပါတယ်။ ကွန်ပြူတာတွေဟာ လူ့ဦးနှောက်ကို သာချင်တယ်ဆိုရင် လက်ရှိထက် အဆပေါင်း များစွာ ပိုမိုကောင်းမွန်အောင် လုပ်ရမှာပါလို့လည်း သိပ္ပံပညာရှင်အချို့ကပြော ဆိုထားသည်။ လူသားတွေ ပိုင်ဆိုင်ထားတဲ့ ဦးနှောက်က ဘယ်လောက် ကောင်းသလဲဆိုရင် မိမိကိုမွေးမည့် မိခင်ရဲ့ကိုယ်ခန္ဓာထဲမှာ သန္ဓေတည်ကတည်းကနေ စပြီးသေဆုံးတဲ့ အချိန်အထိဖြစ်ပျက်သမျှ တွေအားလုံးကို ဦးနှောက်ထဲမှာ သိမ်းဆည်းထားပါတယ်။

အဲဒီအချိန်တွေကိုပြန်ဖော်ချင်တယ် ၊ မြင်တွေ့ချင်တယ်ဆိုရင်တော့အိပ် မွေ့ ချတဲ့နည်းလမ်းပဲဖြစ်ဖြစ် ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတဲ့အချိန်မှာ ပဲဖြစ်ဖြစ်ပြန်လည်တွေ့မြင်နိုင်အောင်ပြုလုပ်နိုင်ပါတယ်။

သိချင်တယ်ဆိုရင် နည်းလမ်းက ရိုးရိုးလေးပါ။ ပထမဆုံးလုပ်ရမှာက သင့်ဟာ လူတစ်ဦးပုံမှန် အိပ်တဲ့ အချိန်မှာ အိပ်လိုက်ပါ။ အိပ်ရင်လည်းနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင်အိပ်လိုက်ပါ။ အဲဒီလိုအိပ်ပျော် သွားပြီဆိုရင် သင်ဟာသင့် တစ်ဘ၀လုံးမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို အိပ်မက်အဖြစ်နဲ့ ပြန်လည်ကြုံတွေ့ ရပါမယ်။

တကယ်တမ်းပြောရမယ်ဆိုရင် ဦးနှောက်ဟာ သက်တမ်းအရှည်ကြာဆုံးနဲ့ အကောင်းမွန်ဆုံးသော ပစ္စည်း တစ်ခုဖြစ်ပါတယ်။ လက်ရှိကမ္ဘာပေါ်မှာရှိတဲ့ ပစ္စည်းအများစုဟာ ဦးနှောက်ကြောင့်သာ တည်ရှိလာခဲ့ရတာပါ။ လူတွေဟာ ဦးနှောက်ကြောင့်မိမိရဲ့ လူနေမှုအဆင့်အတန်းကို မြင့်တက်လာအောင်ပြု လုပ်နိုင်ခဲ့တာပါ။ ဦးနှောက်ကြောင့်လည်း နည်းပညာတွေကို တီထွင်နိုင်ခဲ့တာပါ။ ဦးနှောက် ကြောင့်ပဲ အာကာသကိုခြေဆန့် နိုင်ခဲ့တာပါ။ လက်ရှိကမ္ဘာပေါ် မှာကျော်ကြားနေတဲ့ ပညာရှင်တွေဟာလည်း ဦးနှောက်ကြောင့်ကျော်ကြား ခဲ့ကြတာပါ။

အကယ်၍ ဦးနှောက်သာမရှိခဲ့ဘူးဆိုရင် ကျွန်တော်တို့လူသားတွေ ဘယ် လိုဖြစ်လာမှာလဲ။ ကမ္ဘာကြီးလည်း ဘယ်လို ဖြစ်သွားမှာလဲ။ လူသားတွေ အတွက် အရမ်းအရေးကြီးတဲ့ မီးဆိုတဲ့အရာကို ရှာဖွေမတွေ့ခဲ့ဘူးဆို ရင်ကော။ နောက်ပြီးမွေးလာတဲ့အချိန်မှာ ဦးနှောက်မပါလားဘူး ဆိုရင်ကော စတဲ့မေး ခွန်း ပေါင်းမြောက် မြားစွာပေါ်ထွက်လာမှာပါ။

ကျွန်တော်ကတော့ ဦးနှောက်ကို နည်းပညာတွေရဲ့ ဘိုးဘေးကြီးလို့နာမည် တပ်ချင်ပါတယ်။ ဦးနှောက် သာမရှိခဲ့ဘူးဆိုရင် ကျွန်တော်တို့တွေရဲ့ ယနေ့ခေတ်လူနေမှုဘ၀ပုံစံ ရှိလာမှာမဟုတ်ပါဘူး။ မြတ်စွာဘုရား ရှင်ဟောတဲ့ တရားတော်တွေကိုလည်း နားလည်မှာ မဟုတ်တော့ပါဘူး။

အချုပ်ပြောမယ်ဆိုရင်တော့ လူသားတွေအတွက် နည်းပညာဆိုတာ လိုအပ်ပါတယ်။ နည်းပညာနဲ့အတူ ဦးနှောက်ဆိုတာလည်း လိုအပ်ပါတယ်။ ဦးနှောက်ရှိမှာသာ နည်းပညာအသစ်ကို ဖန်တီးနိုင်မှာပါ။ နည်းပညာတွေ ဘယ်လောက်ပဲတိုးတက်လာလာ နောက်နှစ်ပေါင်းများစွာအထိ ဦးနှောက်ကို ကျော်ဖြတ်နိုင် မှာ မဟုတ်ပါဘူး။

ဒါပေမဲ့ အထက်မှာပြောခဲ့သလိုပဲ ဦးနှောက်သာမရှိခဲ့ဘူးဆိုရင် ………………… …………………......

Wai Phyo Aung (TSJ Team)
TechSpace Journal


ဟင်းနုနယ်ရွက်မှ ရရှိသော ကျန်းမာရေး အကျိုးကျေးဇူးများ



(၁) သွေတိုးရောဂါ ရှိသူများအတွက် အထူးပင်ကောင်းမွန် ပါတယ်။

(၂) ကင်ဆာရောဂါကိုလည်း ကာကွယ်နိုင်ပါတယ်။

(၃) အသားအရေကို လှပစေပါတယ်။

(၄) အရိုးများကို သန်မာစေပါတယ်။

(၅) အမြင်အာရုံကိုလည်း ကြည်လင်စေပါတယ်။

(၆) ခန္ဓာကိုယ်တွင်း ရောဂါများကို သက်သာစေနိုင်ပါတယ်။

(၇) အားအင်များလည်း ပေးစွမ်းနိုင်ပါတယ်။

(၈) အဆီကိုလည်း ကျစေနိုင်ပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ


အသီးအရွက် စားတော့မယ်ဆိုရင် ဒီနည်းလေး အတိုင်းလုပ်ပါ



ဒီနေ့ခေတ်က အသီးအနှံ့တွေအားလုံးဟာ ဆေးဝါးတွေနှင့် ပြုလုပ်ထားတဲ့အတွက် စိတ်မချရပါဘူး။ ဒါကြောင့် အသီးအနှံ့တွေမှာ ကပ်ပါလာတဲ့ ဆေးဝါးများကို အကုန်မဟုတ်တောင် အနည်းအကျဉ်း ဆေး ဝါးများကို ဖယ်ရှားနိုင်ရန်အတွက် နည်းလမ်း ကောင်းတွေကို ရေးသားလိုက်ရပါတယ်။

အသီးအရွက်တွေ ဈေးကနေ ဝယ်လာပြီးဆိုရင် မလှီးမဖြတ်မီ ရေအရင် ဆေးလိုက်ပါ။ ထို့နောက် လှီးဖြတ် ပြီးပြီဆိုရင် ရှာလကာရည် အနည်းငယ် ထည့်ကာ ၅ မီးနစ်လောက် ရေစိမ်ထားလိုက်ပါ။ ထို့နောက် ရေပြောင်အောင် ဆေးကြောလိုက်ပြီး ချက်ပြုတ်နိုင်ပါပြီ။

ဒီနည်းလမ်းလေးတွေကို သုံးပြီး စားသောက်ပါက အသီးအရွက်မှာ ကပ်ပါလာတဲ့ ဆေးဝါးတွေကို အကုန် မဟုတ်တောင် တစ်ချို့တစ်ဝှက် ဖယ်ရှားပေးနိုင်ပါလိမ့်မယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ


ကြက်မောက်သီးမှ ပေးသော ကျန်းမာရေး အကျိုးကျေးဇူး တစ်ချို့



ကြက်မောက်သီးဟာ ချိုတဲ့ အရသာရှိလို့ လူတိုင်းနီးပါး ကြိုက်မယ်လို့ ထင်ပါတယ်။ ၎င်းအသီးဟာ ဆေးဖက် ဝင် အသီးတစ်ခုလို့ ဆိုရလောက်အောင် ကျန်းမာရေး အတွက် အတော်လေး အထောက်အကူ ပြုပါတယ်။

ကြက်မောက်သီးဟာ ကိုလက်စရောဓာတ်များကို လျော့ကျပေးနိုင်တဲ့အပြင် ကင်ဆာ ဆန့်ကျင် ဂုဏ်သတ္တိ များစွာပါရှိ ပါတယ်။ ဒါ့အပြင် ရောင်ရမ်းမှု လျော့ကျစေပြီး ဆီးချိုရောဂါ၊ သွေးတိုးရောဂါနဲ့ တခြား နာမကျန်း ရောဂါများအတွက် အထူးပင် ကောင်းမွန်ပါတယ်။

ဒါ့အပြင် အသားအရည် အတွက် ကောင်းမွန်စေတဲ့ ဆေးစွမ်း တစ်လက်ဖြစ်ပါတယ်။ အာဟာရ ဓာတ်များ ကို ပေးစွမ်းပြီး မောပန်းနေချိန်မှာ စားသင့်တဲ့ အသီးတစ်မျိုးဆိုလည်း မမှားပါဘူး။ ဒါကြောင့် ကြက်မောက် သီးဟာ ဆေးဖက်ဝင် အစားအစာ တစ်ခုဖြစ်လို့ မှီဝဲပေးသင့်ပါကြောင်း တိုက်တွန်းပါရစေ။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ


နံနက်စာကို ဘာလို့ စားသင့်သလဲ



လူတွေအများစုက နံနက်စာကို အရေးမကြီးဘူးလို့ တွေးတောနေတတ် ကြတယ်။ တကယ်တော့ အဲဒါဟာ မှားယွင်းတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ လူတစ်ယောက်အတွက် နံနက်စာဟာ အရေးကြီးဆုံး ဖြစ်တယ်။ နံနက်စာကို ရှင်ဘုရင်လို စားခိုင်းတာဟာ တစ်နေကုန် အလုပ်တွေကို လုပ်ဆောင်နိုင်ရန် ရည်ညွန်း ကာ ပြောဆိုထားတာပါ။

နံနက်စာကို ပုံမှန်စားခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူး တွေကတော့

(၁) အဝလွန်သူများအတွက် ဝိတ်ကို လျော့ချပေးနိုင်တယ်။

(၂) ရောဂါတွေ ခဏခဏ မဖြစ်နိုင်ဘူး။

(၃) ကိုလက်စရောဓာတ်ကို လျော့ချပေးနိုင်ပါတယ်။

(၄) ဦးနှောက်အတွက် ကောင်းမွန်တယ်။

(၅) အသည်းရောဂါများကို မဖြစ်စေနိုင်ဘူး။

(၆) ခွန်အားကို ဖြစ်စေတယ်။

(၇) ကြက်ဥပါအောင် စားသင့်ပါတယ်။

ဒါကြောင့် နေ့လယ်စာနဲ့ ညစာထက် နံနက်စာဟာ သင့်အတွက် အရေးကြီးပါကြောင်း မိတ်ဆွေတို့ထံ မျှဝေလိုက်ရပါတယ်နော်

ကျန်းမာရေးနှင့် အလှအပ သတင်းများ



အဆီ အမြန်ကျစေရန် အစား ၁၀ မျိုး



ခန္ဓာကိုယ်တွင် မလိုအပ်သော အဆီပိုများ ရှိပါက အမြန်ဆုံး ကျဆင်းစေရန် ရည်ရွယ်၍ ရေးသားလိုက် ရခြင်း ဖြစ်ပါတယ်။ အောက်ဖော်ပြပါ အစား ၁၀ မျိုးကို စားပါက မလိုအပ်သော အဆီပိုများ အမြန်ဆုံး ကျဆင်းစေနိုင်ပါတယ်။

ဂျုံ

ဂျုံများများ စားပါ။ ဂျုံစားခြင်းအားဖြင့် ကိုလက်စရောဓာတ်ကို လျော့ကျ စေတဲ့ အပြင် အစာခြေ စနစ်ကို လည်း ကောင်းမွန်စေပါတယ်။ ဒါကြောင့် ဂျုံကို များများ စားသင့်ပါတယ်။

ဥမျိုးမျိုး

ဥမျိုးမျိုးကို စားသုံးပါက ခန္ဓာကိုယ်ရှိ ကြွက်သားများကို ကြီးထွား စေနိုင်တဲ့အပြင် ကိုလက်စရောဓာတ်ကို လည်း လျော့ကျစေနိုင်ပါတယ်။

ပန်းသီး

ဝိတ်ကျလိုသူများ ညဘက်ထမင်း မစားပါက ပန်းသီး စားနိုင်ပါတယ်။ ပန်းသီးဟာ ခန္ဓာကိုယ်အတွက် ခွန်အားရှိစေတဲ့ အပြင် အဆီတွေကိုလည်း ကျဆင်းစေနိုင်ပါတယ်။

ငရုတ်သီးစိမ်း

ငရုပ်သီးစိမ်းဟာ ခန္ဓာကိုယ်ကိုယ် ဖွံဖြိုးစေတဲ့ အပြင် အဆီတွေကို ကျဆင်းစေနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ငရုတ်သီး အစိမ်းကို မှီဝဲ ပေးပါ။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ အဆီပိုတွေကို ကျဆင်းစေရုံသာမက ကင်ဆာရောဂါ အတွက်လည်း ကောင်းမွန်စေ ပါတယ်။ ထို့ပြင် ခန္ဓာကိုယ်အတွက် ခွန်အား ဖြစ်စေတာကြောင့် စားသုံးသင့်ပါတယ်။

ပျားရည်

ပျားရည်ဟာ ခန္ဓာကိုယ်အတွက် ခွန်းအား ဖြစ်စေပါတယ်။ ထို့ပြင် အဆီကိုလည်း သိသိသာသာ ကျဆင်းစေ နိုင်ပါတယ်။ ပျားရည်ကို နေ့စဉ်မှီဝဲပေးပါ။

လက်ဖက်ရည်ကြမ်း

လက်ဖက်ရည်ကြမ်း များများ သောက်ခြင်းဟာ ဝိတ်ကျစေနိုင်တယ်လို့ ဆိုပါတယ်။ များများမသောက်နိုင်ဘူး ဆိုရင်တောင် တစ်နေ့ကို နှစ်ခွက် လောက် သောက်ပေးပါ။

ခရမ်းချဉ်သီးစားပါ

ခရမ်းချဉ်သီးကို နေ့တိုင်း စားပေးခြင်းအားဖြင့် အဆီများကို ကျဆင်းစေနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ခရမ်းချဉ်သီးစားပေးပါ။

ချောကလက်

ချောကလက်ကို စားပေးပါ။ ဘာကြောင့်လဲ ဆိုသော ၎င်းဟာ ဝိတ်ကို အမြန်ကျ စေပါတယ်။

သံပုရာရည်

သံပုရာရည်ကို ဝိတ်ကို အလျင်အမြန်ကျစေ နိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် သံပုရာရည် သောက်သင့်ပါ တယ်။

နိဂုံးချုပ်အားဖြင့် အကြံပေးချင်တာက လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်အများကြီး မပေးနိုင် ရင်တောင် မနက်ခင်းတိုင်း လမ်းလျှောက် စေချင်ပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ


ရက်အနည်းငယ် အတွင်းမှာ မျက်နှာကို ဖြူဖွေးအောင် လုပ်နိုင်တဲ့ နည်းလမ်းကောင်း



တကယ်လွယ်ပြီးတော့ တကယ်လည်း ကောင်းပါတယ်။ အသုံးပြုပြီးချိန်မှာ မျက်နှာတွင် သိသိ သာသာ ဖြူဝင်းသွားစေမှာ ဖြစ်ပါတယ်။ ငွေကြေး အကုန်အကျသက်သာပြီး အသုံးပြုရတာလည်း လွယ်ကူပါတယ်။

အသုံးပြုပုံကတော့

(၁) သန့်စင်သော ခွက်တစ်ခုကို ယူလိုက်ပါ။

(၂) ထိုခွက်ထဲသို့ ပျားရည် လက်ဖက်စားဇွန်း ၂ ဇွန်းထည့်လိုက်ပါ။

(၃) သကြားလက်ဖက်စားဇွန်း တစ်ဇွန်းကိုလည်း ထည့်လိုက်ပါ။

(၃) သံပုရာရည် အနည်းငယ် ညစ်ထည့်ပြီး မွှေလိုက်ပါ။ သာကူကြို ပုံစံမျိုးဖြစ်သွားတာကို တွေ့ရပါလိမ့်မယ်။

ထို့နောက် လက်ပေါ်ကို အရင်ဦးဆုံး သုတ်လိမ်းကာ စမ်းသပ်နိုင်ပါတယ်။ တကယ်အသားဖြူပြီး ထိရောက် တယ်ဆိုမှာသာ သင်၏ မျက်နှာပေါ်သို့ လိမ်းလိုက်ပါ။ ရက်အနည်းငယ်လိမ်းရုံမျှဖြင့် မျက်နှာပေါ်မှာ ရှိတဲ့ ဝက်ခြံ အဖုများ အမာရွက်များနှင့် တစ်ခြားအရာများကို သိသာထင်ရှားစွာ ပျောက်ကွယ်သွား ပါလိမ့် မယ်နော်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ


အရွယ်တင်ချင်သော အမျိုးသားများအတွက်


သက်တူရွယ်တူ အပေါင်းအသင်းတွေနဲ့ ယှဉ်လိုက်ချိန်မှာ သင်က အသက်ပိုကြီးတယ်လို့ သူများတွေ မထင်စေဖို့အတွက် အောက်ပါအချက်တွေကို လိုက်နာပေးဖို့ လိုပါတယ်။

အိပ်ရေးပျက်မခံပါနှင့်

အမျိုးသားအများစုဟာ အိပ်ချိန်နည်းတတ်ကြပါတယ်။ တချို့တွေက အရမ်းနောက်ကျမှ အိပ်ရာဝင်တတ်ကြပြီး မနက်ပိုင်းမှာ အိပ်ရာထ နောက်ကျတတ်ပါတယ်။ အိပ်စက်မှု ပုံစံ မှန်ကန်မှု မရှိတာကလည်း သင့်အရေပြားက ဆဲလ်တွေကို လျော့တွဲစေပြီး အရေးအကြောင်း တွေ ဖြစ်စေပါတယ်။ တစ်နေ့ကို ပျမ်းမျှ ရှစ်နာရီ လောက် အိပ်စက်ဖို့ လိုပြီး အိပ်ရာဝင်ပြီးလို့ မိနစ် ၂၀ လောက်မှ အိပ်ပျော်ပါစေ။

ဆေးလိပ်ရှောင်ပါ

ဆေးလိပ်သောက်တတ်တဲ့ အကျင့်ရှိသူတွေဟာ ဆေးလိပ်မသောက်တတ်တဲ့သူတွေ ထက်ပိုပြီး ရင့်တတ်ကြပါတယ်။ ဆေးလိပ်သောက်သူတွေဟာ အသက်အရွယ် တူပေမယ့် ၁၀နှစ်လောက် ကွာနေတယ်လို့ ထင်ရစေပါတယ်။ ဆေးလိပ်သောက်တဲ့ အမျိုးသားတွေမှာ အရေပြား ပေါ်မှာ အရေးအကြောင်းတွေနဲ့ လိုင်းတွေပေါ်လာတတ်ပြီး အရေပြားလည်း ခြောက်သွေ့နေတတ်ပါတယ်။

အမွှေးရိတ်ချိန် သတိထားပါ

အမျိုးသားတိုင်း မုတ်ဆိတ်မွေးနဲ့ ပါးသိုင်းမွေးတွေကို ရိတ်တတ်ကြပါတယ်။ သတိထားရမှာက အမွေး မရိတ်ခင် အချိန်မှာ ခရင်မ်တစ်မျိုးသုံးပေးပြီး အရေပြား ထိခိုက်မှုကို ကာကွယ်ပါ။ အမွေးရိတ်ပြီးချိန်မှာ လည်း ရေနွေးနွေးနဲ့ သန့်စင်ပေးပြီး ရေဓါတ်ပါဝင်တဲ့ တိုနာ ဒါမှမဟုတ် ဖောင်ဒေးရှင်းခရင်မ် တစ်မျိုး သုံးပေးပါ။

အရက်ကို ကန့်သတ်ပါ

အရက်သောက်တာက သွေးကြောတွေကို လိုအပ်တာထက် ပိုကျယ်ပြီး သွေးလည်ပတ်စီးဆင်းစေပါတယ်။ အရက်ကို တစ်နေ့နှစ်ပက် ထက်ပိုသောက်တဲ့သူတွေက အရက်ကြောင့် ဖြစ်တတ်တဲ့ ရောဂါတွေကို ခံစားကြရပြီး အိုစာတတ်ကြပါတယ်။ အသားအရေ ကြည်လင်မှု မရှိဘဲ ပွယောင်းယောင်းဖြစ်ကာ ချွေး ထွက်များပြီး ကိုယ်နံ့လည်း မကောင်းတတ်ကြပါဘူး။

လေ့ကျင့်ခန်းလုပ်ပါ

ကြွက်သားများ သန်မာစေမယ့် လေ့ကျင့်ခန်းတွေက အမျိုးသားတွေနဲ့ အသင့်တော်ဆုံးပါပဲ။ နေ့စဉ် လေ့ ကျင့်ခန်းပုံမှန် ပြုလုပ်တာကြောင့် ကျန်းမာတဲ့ နေထိုင်မှု ပုံစံအပြင် ကောင်းမွန်တဲ့ အရေပြားကိုလည်း ပိုင်ဆိုင်နိုင်တာ ကြောင့် သင့်ကို နုပျိုစေပါတယ်။

တစ်ပတ်နှစ်ကြိမ် သန့်စင်ပါ

တစ်ပတ်ကို နှစ်ကြိမ်လောက် နို့်ပါဝင်တဲ့ ကြေးချွှတ်ဆေးကို အသုံးပြုပြီး သန့်စင်ပေးတာက သင့်အရေပြား ဆဲလ်တွေကို ရှင်းသန့်စေပြီး ဆဲလ်အသေတွေကို လည်း သန့်စင်ပြီးသား ဖြစ်စေတာကြောင့် အိုမင်းမှုကို ဟန့်တားနိုင်ပါလိမ့်မယ်။

အနှိပ်ခံပါ

တစ်ပတ်မှာ တစ်ကြိမ်လောက် ပုံမှန် အနှိပ်ခံတာက သွေးလည်ပတ်မှုကို ကောင်းစေပြီး စိတ်ကြည်လင် လန်းဆန်းစေကာ ဖိစီးမှုတွေကို ကင်းစေပါတယ်။ တစ်နေ့တာ လုပ်ငန်းတွေ ပြီးချိန်မှာ အေးချမ်းတဲ့ ပတ်ဝန်းကျင် မျိုးမှာ အနှိပ်ခံပြီးမှ ရေချိုးပေးတာက စိတ်ကို ကြည်လင်စေပြီး ဖိစီးမှု ကင်းတာကြောင့် နုပျိုစေ ပါတယ်။

အစိမ်းရောင်မှီဝဲပါ

နေ့စဉ် အစားအစာတွေထဲမှာ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို ပါဝင်အောင် စားပေးပါ။ အမျိုးသား အများစုက ဟင်းရွက်တွေကို မကြိုက်တတ်ပါဘူး။ ဟင်းရွက်တွေကို ပိုစားမိစေဖို့ အသုတ်လုပ်စားတာမျိုး၊ ဟင်းချိုလုပ်ပြီး သောက်တာမျိုး၊ ထမင်းစားပြီးချိန်နဲ့ သရေစာစားချိန်မှာ အသီးအနှံ စားတာမျိုးကို လေ့ကျင့် ယူပါ။

နေရောင်ကို ရှောင်ပါ

နေရောင်ခြည်ဟာ အရေပြားကို အမှန်တကယ် ပျက်စီးစေတဲ့ အနှောင့်အယှက်ပါပဲ။ နေရောင်ခြည်အောက် မှာ အလုပ်လုပ်ရတဲ့ အမျိုးသားတွေက အအေးခန်းထဲမှာ အလုပ်လုပ်ရတဲ့ အမျိုးသားတွေထက် ပိုပြီး အိုစာတတ်ကြပါတယ်။ နေရောင်ကို အတတ်နိုင်ဆုံး ကာကွယ်ပါ။

ရေများများ သောက်ပါ

အမျိုးသားတွေက အရက်နဲ့ ဘီယာလောက် ရေကို မသောက်တတ်ကြပါဘူး။ ရေသောက်နည်းတာက သင့်အရေပြားကို ခြောက်သွေ့စေတဲ့အပြင် လန်းဆန်းမှု လည်း မရှိဘဲ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် တစ်နေ့ရေကို ရှစ်ခွက်လောက်တော့ အနည်းဆုံးသောက်ပါ။

World-Myanmar News (world-myanmar.com)
လမင်းလေး


တရုတ်မှာ ခေတ်စားနေတဲ့ ရုပ်ချောမချော စမ်းသပ်နည်း

 
 
သင်ဟာ ကြည့်ကောင်းသူ တစ်ဦး ဟုတ်မဟုတ် စမ်းသပ်နိုင်တဲ့ အလွယ် နည်းလမ်း တစ်ခုဖြစ်ပြီး “finger trap test” လို့ အမည်ရပါတယ်။

စမ်းသပ်နည်းကတော့ ပုံမှာပြထားသလို လက်ညှိုးထောင်ပြီး နှာခေါင်းကနေ မေးစေ့အထိ ကပ်ထားကြည့် ပါ။ အဲလို ကပ်ထားတဲ့အခါ သင့်နှုတ်ခမ်းတွေက လက်ညှိုးအဆစ်တွေနဲ့ ထိနေတယ်ဆိုရင်တော့ သင်ဟာ တရုတ်တွေရဲ့ စံသံမှတ်ချက်အရ လှပတဲ့ သူ ဖြစ်ပါတယ်တဲ့။

အဲဒီ စမ်းသပ်နည်းဟာ တရုတ်ပြည်မှာ အလွန်ရေပန်းစားနေပြီး သရုပ်ဆောင်တွေ ၊အနုပညာရှင်တွေ ကိုယ်တိုင် သူ့တို့ကိုယ်သူတို့ လက်ညှိုးထောင်ပြီး စမ်းသပ်စစ်ဆေးနေပုံတွေကို နာမည်ကြီး လူမှု ကွနယက်တွေမှာ ဓါတ်ပုံတွေ အပြိုင်အဆိုင်တင်နေကြတဲ့အထိ ဖြစ်ပါတယ်။

Vocative.com မှ တင်ထားတဲ့ စာပိုဒ်အရ အဆိုပါ စမ်းသပ်ချက်ဟာ cosmetic surgeons တွေ အသုံးပြုတဲ့ သုံး အချိုး တစ် ပေါ်မှာ အနည်းငယ် အခြေခံထားတဲ့ စမ်းသပ်ချက်ဖြစ်ပြီး ယခုအခါ လူပေါင်း ၂ သိန်းကျော် ဟာ Weibo မှာ ငြင်းခုန် ဆွေးနွေးနေကြပြီး အများစုကတော့ အမျိုးသမီးများ ဖြစ်ကြောင်း သိရပါတယ်။

ဒါပေမယ့် အဲဒီစမ်းသပ်ချက်ပေါ်မူတည်ပြီး သင်ဟာ ရုပ်ဆိုးတယ် ရုပ်ချောတယ်လို့ အတိအကျ မပြောနိုင်သေးတဲ့အတွက် အလွန်အမင်း စိတ်ပျက်ဖို့တော့ မလိုပါဘူး။

ဘာကြောင့်လဲ ဆိုတော့ ဒီစမ်းသပ်ချက်အတိုင်းသာ ဆိုရင် ဂျိုလီ၊ ဂျက်ဆီကာ အလ်ဘာတို့ ရုပ်ဆိုးတဲ့ စာရင်းဝင် ဖြစ်သွားမှာပေါ့။

World-Myanmar News (world-myanmar.com)