7 May 2014

ငွေကျပ် (၁၈၄၂)သိန်းခန့် တန်ဖိုးရှိ လက်ဝတ်ရတနာများနှင့် ငွေများ ခိုးယူခံရသည့်အမှုအား ဖော်ထုတ် ဖမ်းဆီးရမိ


ရန်ကုန်၊ မေ ၇

၂၆.၃.၂၀၁၄ရက်နေ့ ၂၄၀၀အချိန်ခန့်တွင် စမ်းချောင်းမြို့နယ်နေ
ရတနာကုန်သည် ဒေါ်နွယ်နွယ်ဦးသည် နေအိမ်အပေါ်ထပ်တွင် ရတနာပစ္စည်းများကိုစစ်ဆေးပြီး ခရီးဆောင်အိတ် (၂)လုံး အတွင်းထည့်၍ အိပ်ယာဘေးတွင်ထားကာ ညအိပ်ခဲ့ကြောင်း၊ ၂၇.၃.၂၀၁၄ရက်နေ့ ၀၅၀၀အချိန်ခန့်တွင် အိပ်ယာမှနိုးစဉ် ၎င်းခရီးဆောင်အိတ်
(၂)လုံးမှာ ပျောက်ဆုံးနေသဖြင့်ရှာဖွေရာ နေအိမ်အောက်ထပ်ရှိ မီးဖိုခန်းအတွင်း၌ ရတနာပစ္စည်းအချို့အား ပြန့်ကျဲနေသည်ကိုတွေ့ရပြီး စိန်၊ ရွှေ လက်ဝတ်ရတနာပစ္စည်း မျိုးစုံ တန်ဖိုးငွေကျပ်(၁၈၄၂)သိန်းခန့်နှင့် ငွေကျပ်(၃၅)သိန်း၊ စုစုပေါင်းတန်ဖိုး ငွေကျပ် (၁၈၇၇)သိန်းခန့်တို့မှာ ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့ရသဖြင့် ခိုးယူသူကိုအရေးယူ
ပေးရန်တိုင်တန်းချက်အရ စမ်းချောင်း မြို့မရဲစခန်း(ပ)၁၄၇/၂၀၁၄၊
ပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်လှစ်ပြီး ခိုးမှုကျူးလွန်သူကို ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူ ဌာနစုမှတပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက်
ခဲ့ရာ ၂၃.၄.၂၀၁၄ ရက်နေ့တွင် ပန်းဘဲတန်းမြို့နယ်၊ မဟာဗန္ဓုလလမ်းရှိရွှေဆိုင်တစ်ဆိုင်သို့ မသင်္ကာဖွယ်အမျိုးသမီး(၂)ဦးမှ စိန်လက်ကောက်
(၂)ကွင်း လာရောက်ရောင်းချသွားကြောင်းသတင်းရရှိသဖြင့် စုံစမ်း
စိစစ်ခဲ့ရာ ၎င်းပစ္စည်းများမှာ အမှုမှပျောက်ဆုံး သွားသောပစ္စည်းများ
ဖြစ်ကြောင်း စိစစ်တွေ့ရှိရ၍ စောင့်ကြည့်စုံစမ်းခဲ့ရာ ၂၉.၄.၂၀၁၄ရက်နေ့တွင် ၎င်းအမျိုးသမီး(၂)ဦးမှ အဆိုပါဆိုင်သို့ထပ်မံရောက်ရှိ
လာပြီး အမှုမှပျောက်ဆုံးသွားသောရွှေထည်ပစ္စည်း များကိုရောင်းချ
နေစဉ် ဖမ်းဆီးရမိခဲ့ပြီးစစ်ဆေးရာမှ ဆိပ်ကြီးခနောင်တိုမြို့နယ်နေ မမြင့်မြင့်စန်း(ခ)ဥမ္မာ၊ (၄၂)နှစ်၊ (ဘ)ဦးမြ၀ိုင်းနှင့် မမြင့်မြင့်ထွေး၊
(၃၃)နှစ်၊ (ဘ)ဦးမြ၀ိုင်းတို့ညီအစ်မ(၂)ဦးဖြစ်ကြောင်းသိရှိရပါသည်။

ဖမ်းဆီးရမိသော မမြင့်မြင့်စန်း(ခ)ဥမ္မာနှင့် မမြင့်မြင့်ထွေးတို့(၂)ဦး
အားစစ်ဆေးရာ ၎င်းတို့၏ညီမဖြစ်သူ မစိုးယုမော်၊(၂၈)နှစ်၊(ဘ)ဦးမြ၀ိုင်းနှင့် ၎င်း၏ခင်ပွန်း ဂေါက်သီး(ခ)ပြည့်ဖြိုးအောင်၊ (၂၇)နှစ်၊(ဘ)ဦးမာတင်၊ လေးထောင့်ကန်စံပြကျေးရွာ၊ ဒဂုံမြို့သစ်
(တောင်ပိုင်း)မြို့နယ်နေသူမှ လက်ဝတ်ရတနာပစ္စည်းအချို့ကိုရောင်းချခိုင်းသဖြင့် ၁၅.၄.၂၀၁၄ရက်နေ့တွင်(၁)ကြိမ်၊ ၂၁.၄.၂၀၁၄ ရက်နေ့တွင်(၁)ကြိမ်၊၂၃.၄.၂၀၁၄ရက်နေ့တွင်(၁)ကြိမ် ပန်းဘဲတန်း
မြို့နယ်၊ မဟာဗန္ဓုလလမ်းရှိ ရွှေဆိုင်များတွင်ရောင်းချပေးခဲ့ကြောင်း၊ ၂၉.၄.၂၀၁၄ ရက်နေ့တွင်ပန်းဘဲတန်းမြို့နယ်၊ မဟာဗန္ဓုလလမ်းရှိရွှေဆိုင်တစ်ဆိုင်သို့ ထပ်မံလာရောက် ရောင်းချနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်အရ ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ မစိုးယုမော်၏
နေအိမ်သို့ ၀င်ရောက်ရှာဖွေခဲ့ရာ အမှုမှ ပျောက်ဆုံးသွားသော စိန်ထည်ပစ္စည်းများအနက် အချို့ကို ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ခင်ပွန်းဖြစ်သူ ဂေါက်သီး(ခ)ပြည့်ဖြိုးအောင်မှ ခိုးယူလာပြီးပေးအပ်
ထားသောပစ္စည်းများ ဖြစ်ကြောင်းပေါ်ပေါက်ခဲ့ပါသည်။

အမှုမှပြစ်မှုကျူးလွန်သူ ဂေါက်သီး(ခ)ပြည့်ဖြိုးအောင်ကိုဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ရာ ၁.၅.၂၀၁၄ ရက်နေ့တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ လေးထောင့်ကန်စံပြကျေးရွာရှိ ၎င်း၏နေအိမ်မှ ဖမ်းဆီးရမိခဲ့သဖြင့်စစ်ဆေးရာ၎င်းမှာခိုးမှုဖြင့်ထောင်ကျနေစဉ်
ထောင်အတွင်း၌ခင်မင်ရင်းနှီးခဲ့သူ စောမင်းဟန်နှင့်အတူ ရဲဘက်စခန်းမှထွက်ပြေးလာခဲ့ပြီး၂၇.၃.၂၀၁၄ရက်နေ့ ၀၁၀၀အချိန်
ခန့်တွင် အခင်းဖြစ်နေအိမ်သို့ ၀င်ရောက်၍ ခရီးဆောင်အိတ်အတွင်းမှ ငွေနှင့်ရတနာပစ္စည်းများကိုခိုးယူခဲ့ကြကြောင်း၊ ငွေကျပ်(၂၅)သိန်း
ကို စောမင်းဟန်မှယူဆောင်သွားကြောင်းနှင့် ကျန်ငွေ နှင့်ရတနာပစ္စည်းများကို ၎င်းမှယူဆောင်ခဲ့ပြီး ပစ္စည်းအချို့အား ဇနီးဖြစ်သူ မစိုးယုမော်ထံပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်အရ ဂေါက်သီး(ခ)ပြည့်ဖြိုးအောင်၊ မစိုးယုမော်၊ မမြင့်မြင့်စန်း(ခ)ဥမ္မာနှင့် မမြင့်မြင့်ထွေးတို့(၄)ဦးထံရှိ အမှုမှ
ပါဆုံးသွားသော ရတနာပစ္စည်းများနှင့် ၎င်းတို့ရောင်းချထားသည့် ရတနာပစ္စည်းများကို စိစစ်သိမ်းဆည်းခဲ့ရာ အမှုမှပျောက်ဆုံးသွားသော စိန်ထည်ပစ္စည်း(၁၅၂)မျိုးကို ပုံစံမပျက် ပြန်လည်သိမ်းဆည်းရမိခဲ့ပြီး ပြစ်မှုကျူးလွန်ရာတွင်အတူပါဝင်သူ စောမင်းဟန်အား
ဖမ်းဆီးရမိရေး ဆက်လက်စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း
သိရှိရပါသည်။

အမှုမှဖမ်းဆီးရမိသူ ဂေါက်သီး(ခ)ပြည့်ဖြိုးအောင်အား အခြားခိုးမှု
များကျူးလွန်ထားခြင်းရှိ/မရှိ ဆက်လက်စစ်ဆေးရာ ၎င်းသည်၂၀၁၄ ခုနှစ်၊ မတ်လအတွင်းက ညအချိန်များတွင် စမ်းချောင်းမြို့နယ်ရှိ နေအိမ်တစ်အိမ်အတွင်းသို့ဝင်ရောက်၍ ရွှေလက်စွပ်
အသေး(၂)ကွင်း၊ လှိုင်မြို့နယ်အတွင်းရှိ နေအိမ်တစ်အိမ်အတွင်းသို့ဝင်ရောက်၍ ရွှေဆွဲကြိုး(၁)ကုံးနှင့် ဆွဲပြား(၁)ခု၊ လှိုင်မြို့နယ်
အတွင်းရှိ နေအိမ်တစ်အိမ်အတွင်းမှပင် ရွှေလက်စွပ်(၂)ကွင်း၊ ပုလဲ(၁)လုံးတို့အားခိုးယူခဲ့ကြောင်း ထပ်မံပေါ်ပေါက်ခဲ့သဖြင့် သက်ဆိုင်ရာရဲစခန်းများတွင် အမှုများဖွင့်လှစ်ကာ ဆက်လက်
အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


ဆားဝက်ခြံကြောင့် စိတ်ညစ်နေသူများအတွက်



၁။ – သွားတိုက်ဆေးကိုခပ်ပါးပါးလိမ်းပါ။နာရီဝက်ခန့် ကြာလျှင် ရေဆေးပြစ်ပါ။ပြီးလျှင် facial form နှင့်မျက်နှာသစ်ပါ။ သွားတိုက်ဆေးနှင့် ဆက်းဝက်ခြံဓါတ်ပြုကာ အပေါ်ပိုင်း တစ်ဝက်သာ ထွက် သွားသဖြင့် တစ်ပတ်နှစ်ကြိမ့်ခန့်  အပတ်တိုင်းပြုလုပ်သင့်သည်။

၂။ – ရေနွေးဖြင့်မျက်နှာသစ်ပါ။ရှောက်သီးကို ခွက်ထဲညှစ်ပြီး ဆားနည်းနည်းထည့်ကာ မွှေပါ။ ၂၀မိနစ်ခန့် လိမ်း ထား ပါ။ ပြီးလျှင်ရေနွေးဖြင့်မျက်နှာပြန်သစ်ပါ။

၃။ -ခရမ်းချဉ်သီး အခွံပါးကို ခွှာပြစ်ပါ။ အနှစ်ကိုခြေကာ လိမ်းပြီးအိပ်ပါ။ ခရမ်းချဉ်သီးဧ။် ပိုးသေစေသောအာနိသင်ကြောင့် ဆားဝက်ခြံဖြစ်စေသော ဘက်တီးရီးယားများသေသွားခြင်းကြောင့် ဆား ၀က်ခြံ များလျော့ပါးလာလိမ့်မည်။

၎။ – သံပုရာရေနှင့် သစ်ကြံပိုးမှုန့် ဆတူရောပါ။ ညအိပ်ရာဝင်လိမ်းပြီး မနက်မှသာ ရေဖြင့်ဆေးပြစ်ပါ။

၅။ – ဆန်ကို နွားနို့ ထဲတွင် ၅နာရီခန့် စိမ်ထားပါ။ ပြီးလျှင် အနှစ်ဖြစ်သွားသည်အထိ ကြိတ်ခြေပြစ်ပါ။ ပြီးလျှင် ဆားဝက်ခြံရှိသောနေရာများကို ဆပ်ပြာတိုက်သကဲ့သို့  ဆန်နှစ်ဖြင့် ခပ်ကြာကြာ ပွတ် တိုက်ပါ။

၆။ – ပျားရည်ကို ၁၅မိနစ်ခန့် လိမ်းထားပါ။ပြီးလျှင်ရေဆေးပြစ်ပါ။

>>>>ဘယ်သောအခါမှ ကုတ်ခြင်း၊ဆိတ်ခြင်း၊ညှစ်ခြင်းမပြုလုပ်ပါနှင့်။ ဆားဝက်ခြံကိုပိုဆိုးစေနိုင်သလို ၊အနာအဖြစ်သို့ ရောက်သွားစေနိုင်သည်။ နှာခေါင်းကိုလည်း ဒဏ်ဖြစ်ခါ ပုံပန်း သဏ္ဍာန် ပျက်စေ သည်။ထို့ ပြင် မမြင်နိုင်သောပိုးမွှားများကြောင့် မမျှော့်လင့်သော အရာများကို ဆိုးဝါးစွာဖြစ်စေနိုင်သည်။

Health Update Journal


ချောင်းသာကမ်းခြေတွင် ရေကစားနေသူများ အကြား Speed Boat မောင်းနှင်မှုကြောင့် အန္တရာယ်ရှိ





"ဥပဒေထက်တွင် မည်သူရှိသနည်း"

ချောင်းသာကမ်းခြေတွင် Speed Boat များပြေးဆွဲခဲ့ကြသည်မှာနှစ်နှစ်
ခန့်ရှိပါပြီ။ ပထမ sunlight ဒုတိယ Banana ထို့နောက်တွင် Hotel Zone ထို့နောက် ပုဂ္ဂလိကနှစ်ဦးလက်ရှိလုပ်ပိုင်ခွင့်ရကြ၏။

ကမ်းခြေရေကူးဧရိယာအတွင်းပြေးဆွဲခြင်း ကျောက်ချရပ်နားခြင်းမပြုကြရန်
တွေရှိပါက ဒဏ်ငွေ 30000 ချမှတ်ရန် ချောင်းသာကမ်းခြေစည်း
ကမ်းထိမ်းသိမ်းရေးအဖွဲ့မှဥပဒေစည်းကမ်းချမှတ်ထားကြောင်းသိရပါသည်။

"ရေကူးတဲ့နေရာတွေမှာကျောက်ချထားတော့ ကျောက်ဆူးနဲ့ခလုပ်တိုက်ပြီး
ခြေထောက်ကွဲတဲ့ ဧည့်သည်တွေရှိတယ်ဗျ ရေကူးနေတဲ့သူတွေကြားထဲဖြတ်မောင်း ပွတ်မိလို့ ရဲစခန်းတိုင်သွားတာတွေလဲတွေ့ရပါတယ်"ဟုဒေသခံတစ်ဦးမှပြောပြပါသည်။"

မနှစ်ကဆို Lai Lai ရှေ့မှာ Speed boat တစ်စီးမောင်းနေရင်းနဲ့မီး ထလောင်တယ်. New Chaung Tha ရှေ့မှာ တစ်ခါ မှောက်ခုံမှောက်သွားတယ်။

ဒီနှစ်လဲငါးဖမ်းလှေကိုဝင်တိုက် လို့ဧည့်သည်နှစ်ဦး ဒဏ်ရာရတယ် "
ဟု Hotel ဝန်ထမ်းတစ်ဦးမှပြောပြပါသည်။

"စီးနေတဲ့ ကောင်မလေးတွေကကြောက်လို့ အော်ရင်သူတို့ကပိုမောင်းပြတယ်
ကွေ့ဝိုက် ယိမ်းထိုးပြီးမောင်းတယ်။ တစ်စုံတစ်ခု အန္နရာယ်ဖြစ်လာခဲ့ရင်
ဘယ်သူရှင်းမလဲ ရှင်းတယ်ထားဦး ကိုယ်တွေကရေကူးနေရပြီ"ဟု
ချောင်းသာသို့ လာရောက်လည်ပတ်သော ရန်ကုန်မြောက်ဥက္ကလာ မှကိုကျော်သူ မှပြောပြပါသည်။

စည်းကမ်းမလိုက်နာသော Boat များအား အစပိုင်းတွင် အုပ်ချုပ်ရေးအဖွဲ့မှအရေးယူမှုများရှိခဲ့သော်လဲ နောက်ပိုင်းတွင် မသိကျိုးကျွန်ပြုနေခဲ့ကြောင်းလဲသိရပါသည်။

" စည်းကမ်းဖေါက်လို့ ဒဏ်တပ်ခံရပြီဆို sunlight
လူကြီးလမ်းကြောင်းရှိလို့ boat လိုပြီဆို sunlight "ဟု sunlightboat မှဝန်ထမ်းတစ်ဦးမှလဲ သူတို့၏ ခံစားချက်ကိုပြောပြပါသည်။

လှေဆိပ်သီးသန့် သတ်မှတ်ပေးရန်ကို ဧည့်သည်များမှအ
လိုရှိကြောင်းကိုလည်းကြားသိရပါသည်။

ချောင်းသာကျေးရွာအုပ်ချုပ်မူးမှ "စည်းကမ်းမဲ့ တဲ့ boat တွေကို
ပြောလို့မရရင် လုပ်ငန်းလိုင်စင် ပြန်ပြီးရုပ်သိမ်းရလိမ့်မယ်" ဟုပြောဆိုခဲ့သော်လည်း နေ့စဉ်နှင့်အမျှ စည်းကမ်းဖေါက်ဖျက်နေသော Speed Boat များ တွေ့နေရပါသည်။

အဆိုပါ Boat လုပ်ငန်းပိုင်ရှင်များသည် ယခင်စစ်အစိုးရလက်ထက်မှ အာဏာပါဝါရှိခဲ့သူများနှင့်နီးစပ်မှုရှိကြောင်းကိုလည်းသိရှိရပါသည်။ထို့ကြောင့် အပန်းဖြေဧည့်သည်များ အသက်အန္နရာယ်ကင်းရှင်းရန်စည်းကမ်းမဲ့ Speed Boat များအား Hotel လုပ်ငန်းရှင်များနှင့် ကမ်းခြေစည်းထိမ်းအဖွဲ့မှ  တင်းကြပ်စွာအရေးယူဆောင်ရွက်ရန်လိုအပ်နေပြီဖြစ်ကြောင်းတင်ပြလိုက်ရပါသည်။

ချောင်းသာကမ်းခြေ သတင်းဌာန


လန်ဒန် ပရိသတ်ကို မှင်သက် သွားစေတဲ့ မိုင်လေဆိုင်းရပ်စ်

လန်ဒန်ဖျော်ဖြေပွဲက မိုင်လေဆိုင်းရပ်စ်၊ ဓာတ်ပုံ- မေးလ် အွန်လိုင်း  
 
အဖော်အချွတ်တွေနဲ့ နာမည်ကြီးလာတဲ့ မိုင်လေဆိုင်းရပ်စ်ဟာ အင်္ဂါနေ့က လန်ဒန် ရှိုးပွဲ ပထမညမှာ မှင်သက် သွား စေခဲ့ပါတယ်။ 

The O2 arena က သူ့ရဲ့ ဖွင့်ပွဲညမှာပဲ မိုင်လေဟာ ဒေါ်လာတွေနဲ့ ချုပ်ထားတဲ့ ၀တ်စုံကိုလည်း ၀တ်ဆင်ပြီး ထူးထူး ခြားခြား တင်ဆက်ဖျော်ဖြေမှုလည်း အပါအဝင်ဖြစ်ပါတယ်။ 

ကျန်းမာရေး သိပ်မကောင်းဖြစ်နေရာက နလန်ထလာတဲ့ မိုင်လေဟာ ရေသောက်ပြီး စင်မြင့်ပေါ်ကနေ ပရိသတ်ထဲကို ထွေးထုတ်ကာ လိင်တူချင်း ချစ်သူအဖွဲ့ဝင်တွေကို နမ်းကြဖို့ ပရိသတ်ကို တောင်းဆို ပါသေး တယ်တဲ့။ 

ပြီးတော့ သူက ငါ တို့ အားလုံး သောက်ကြမယ်၊ မူးကြမယ်လို့ ပါ ဆိုပါသတဲ့။ လန်ဒန်ရောက်နေတဲ့ မိုင်လေဟာ ယာဉ်ကြောပိတ်ဆို့မှုကို ကျော်လွှားတဲ့အနေနဲ့ O2 သိမ်းမြစ်ထဲကနေ လှေစီးလာခဲ့ တာဖြစ်ပါသတဲ့။ 

မိုင်လေရဲ့ အဝေဖန်ခံရလေ့ရှိတဲ့ ဖော်ချွတ်တင်ဆက်မှုတွေကတော့ လန်ဒန်ကို တုန်လှုပ်စေခဲ့ပြန်တယ်လို့ ပရိသတ် တဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။ 



မိုင်လေဆိုင်းရပ်စ်ရဲ့ လန်ဒန်မှာ ဘယ်လို ဖျော်ဖြေတင်ဆက် သွားသလဲဆိုတဲ့ ဓာတ်ပုံမှတ်တမ်းတွေကို Mail Online က နေ ပြန်လည် ကူးယူဖော်ပြပေးလိုက်ပါတယ်။ 














အိမ့်သံစဉ် ~

ဧရာဝတီ

ဘူးသီးကြော် ပူပူလေး (ဘူးသီးကြော်နည်း)

ButhiKyaw_Fried_Calabash



ဘူးသီးကြော် ပူပူလေးသုံးဆောင် ကြပါအုန်းနော်။ လုပ်နည်းကတော့ လွယ်ပါတယ်။ နှစ်သစ်ကူးနေ့က အိမ်မှာ မိသားစုနဲ့ အတူ အကင်တွေ အကြော်တွေ အစုံလုပ်စားဖြစ်တယ်။

ပါဝင်ပစ္စည်းများ
  • ဘူးသီး – တစိတ်  (၃လက်မ အရှည်များ လှီးပေးပါ)
  • ရွှေလိပ်စာ အကြော်မှုန့် – ၁၅၀ ဂရမ် (သို့) ဂျုံမှုန့် – ရ၀ ဂရမ် +ကောက်ညှင်းမှုန့် – ၄၅ ဂရမ် + ဆန်မှုန့် – ၃၅ ဂရမ်
  • ဆိုဒါ – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ရေ – ၁ခွက် (၂၀၀ မီလီလီတာ)
  • ဆလက်ရွက် – စည်းဝက် (ရေစင်အောင် ဆေးထားပါ)

Bu_Thi_Kyaw

ဆော့တွင် ပါဝင်ပစ္စည်းများ
  • မန်းကျည်ရည် – စားပွဲတင်ဇွန်း ၃ဇွန်း (မန်းကျည်သီးများကို ရေဖြင့် စိမ်ထားပေးပါ)
  • ငရုတ်သီးဆော့ – စားပွဲတင်ဇွန်း ၂ဇွန်း (ငရုတ်သီးပွနီ ၅တောင့်ကို ရေအနည်းဖြင့် ရောကြိတ်ပေးပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • နံနံပင် – အနည်းငယ် (ပါးပါးလှီးပါ)
  • သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
ကြော်နည်း

၁။ အရင်ဆုံး ဇောက်ခွက် တစ်ခုထဲတွင် ရွှေလိပ်ပြာ အကြော်မှုန့်(၁၅၀ ဂရမ်)၊ ဆိုဒါ နှင့် ရေ(၁ခွက်)
 ၂၀၀မီလီလီတာနဲ့ ခပ် ပျစ်ပျစ်လေး သမအောင် ရောမွှေပေးပါ။

Bu_Thi_Kyaw1

၂။ ပြီနောက် ဒယ်ထဲ ဆီများများ ထည့်ပြီ ဆီပူသည်အထိ တည်ထားပါ။

၃။ ဆီပူလာလျှင် ဗူးသီးများကို မုန့်နှစ်ခွက်ထဲ နှစ်ပြီ ဒယ်ထဲ တစ်ခုခြင်းဆီ ဖြည်းဖြည်းခြင်း ထည့်ပေးကာ ဗူးသီးများ ရွှေအိုရောင်သန်းသည်အထိ ကြော်ပေးပါ။

Bu_Thi_Kyaw2

၎။ ဗူးသီးများ ရလျှင် ဇကာဖြင့် ပြန်ဆယ်ကာ ဆီစစ်ထားပါ။

Bu_Thi_Kyaw3

၅။ အချဉ်ရည်အတွက် ပါဝင်ပစ္စည်းများ ဖြစ်တဲ့ (မန်ကျဉ်းရည်၊ ငရုတ်သီးဆော့၊ ဆား၊ သကြား၊ နံနံပင်) တို့ကို ခပ်ကျဲကျဲလေး ဖျော်ပေးပါ။

Bu_Thi_Kyaw4

၆။ ထို့နောက် ပန်းကန်ထဲတွင် ဘူးသီးကြော်၊ ဆလတ်ရွက်၊ အချဉ်ရည် တို့ဖြင့် အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…၏

ButhiKyaw_Fried_Calabash

http://www.wutyeefoodhouse.com


မြိတ်မုန့်ဟင်းခါး (သို့) မြိတ်မုန့်တီ ချက်နည်း



မြိတ်ကတ်ကြေးကိုက်လို မြိတ်မုန့်ဟင်းခါးက နံမည်မကြီးပေမယ့် စားလို့ အရမ်းကောင်းပါတယ်။ ဒီချက်နည်းနဲ့ ချက်ပုံအဆင့်အဆင့်ကို ၀တ်ရည်အဒေါ် ကိုယ်တိုင်ချက်ထားတာတွေပါ။

 မြိတ်မုန့်တီမှာ ရန်ကုန်မုန့်ဟင်းခါးနဲ့ မတူပဲ ဆန်လှော်မှုန့်၊ ရွှေကြည်မှုန့်တို့ မသုံးပါဘူး။ ဒါပေမယ့် မုန့်ဟင်းခါးကြိုက်သူတိုင်းလည်း မြိတ်မုန့်ဟင်းခါးကို ကြိုက်ကြမှာပါ။ ဒါကြောင့် ၀တ်ရည်အဒေါ်ချက်နည်းလေးကို ပြန်မျှဝေပေးလိုက်ပါတယ်နော်..

မြိတ်မုန့်ဟင်းခါးအတွက် ပါဝင်ပစ္စည်းများ

၁။ မုန့်ဟင်းခါးဖတ် – ၁ပိသာ

၂။ ငါးကြင်း – ၄၀ ကျပ်သား (ငံပြာရည်၊ ဆနွင်းမှုန့်၊ စပါးလင် ရေနည်းနည်းဖြင့် ပြုတ်ပြီ အသားထွင်ထားပေးပါ)

၃။ ငပျောအူ – ၁ပင် (အရင့်များဖယ်ပြီ အနုများကို ပါးပါးလှီးပြီလျှင် ဆနွင်း(လက်ဖက်ရည်ဇွန်း ၁ဇွန်း)ထည့်ကာ ရေရော စိမ်ထားပေးပါ)

မှတ်ချက် ။ ။ ဆနွင်းစိမ်ခြင်းမှာ ငပျောအူများ မမဲသွားရန်ဖြစ်သည်။




၎။ နံနံပင်၊ ပဲသီး၊ ပူစီနံ – ၁စည်း (ပါးပါးလှီးထားပါ)



၅။ ကြိုက်နှစ်သက်ရာ အကြော်

ဆီသပ်ရန် ပါဝင်ပစ္စည်းများ

၁။ ကြက်သွန်နီ – ၃၀ကျပ်သား (ထောင်းထားပါ)
၂။ ကြက်သွန်ဖြူ – ၁၅ကျပ်သား (ထောင်းထားပါ)
၃။ ဂျင်း – ၅ကျပ်သား (ထောင်းထားပါ)
၎။ စပါးလင် – ၃ပင် (နှုတ်နှုတ်စဉ်းထားပါ)
၅။ ဆီ – ၁၀ကျပ်သား
၆။ ငရုတ်ပွနီ – ၅ထောင့် (ထောင်းပြီ ကြိတ်ထားကာ ငရုတ်သီးနှစ်ယူပါ)
ရ။ ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၈။ ငရုတ်ကောင်းမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း အမောက်
၉။ ကြက်သွန်နီ – ၂၀လုံး (အခွံခွာထားပေးပါ)

ပြင်ဆင်နည်း

၁။ ငါးကြင်းကို ငံပြာရည်(လက်ဖက်ရည်ပန်းကန်လုံး တ၀က်)၊ ဆနွင်းမှုန့်(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ စပါးလင်(၁ပင်)ကို ချည်ပြီ ပြုတ်ပေးထားပါ။

၂။ ပြီးလျှင် ပြုတ်ပြီသား ငါးကြင်းကို အသားနွင်းပေးပါ။

၃။ ရလာသော ငါးကြင်းအရိုးများကို စပါးလင်(ပါးပါးလှီးထားသော စပါးလင်များဖြင့် ရောထောင်းပေးပါ။ ပြီမှ ရေဖြင့်ကျင်ကာ အရိုးပြုတ်ရေများကို စစ်ယူထားပြီ ဖယ်ထားပေးပါ။

ချက်ပြုတ်နည်း

၁။ ဒယ်အိုးထဲသို့ ဆီထည့်ပြီ ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်ဖြူ၊နီ၊ စပါးလင်၊ ဂျင်းတို့ကို အရင် ဆီသပ်ပေးပါ။



၂။ နောက်မှ ငရုတ်သီးအနှစ်၊ ဆနွင်းမှုန့်တို့ကို ထည့်ရောမွှေလိုက်ပါ။

၃။ ပြီနောက် ငါးအသားများထည့်၊ ငရုတ်ကောင်းမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)စာ ထည့်မွှေလိုက်ပါ။



မုန့်ဟင်းခါး စချက်ပါတော့မည်

၎။ ငါးဆီသပ်ပြီလျှင် မုန့်ဟင်းခါးချက်ရန် ဒယ်အိုးကြီး တစ်ခုထဲသို့ (အကွင်းလှီးထားသော ဌက်ပျောအူများ၊ ငါးဆီသပ်၊ ငါးပြုတ်ရည်၊ ငါးအရိုးထောင်းရည်များ၊ စပါးလင်(၂ပင် ချည်ပြီသား))တို့ကို ထည့်ကာ ရောမွှေလိုက်ပါ။



၅။ ငပျောအူထဲ အချိုအရသာများ စိမ့်ဝင်သွားရန် အနည်းငယ် တည်ထားပေးပါ။

၆။ ငပျောအူ နွမ်းသွားပါမှ ရေနွေး(ရလီတာ)ကို ထည့်ပါ။

၇။ ပြီလျှင် ပြန်ဆူအောင် တည်ထားပြီမှ အပေါ့အငံ့အတွက် ကြက်သားမှုန့်၊ ငံပြာရည်(၁ခွက်)၊ ဆား(စားပွဲတင်ဇွန်း ၁ဇွန်း)တို့ကို ထည့်ပေးပါ။

၈။ ကျက်ခါနီးမှ ကြက်သွန်နီများကို အလုံးလိုက် ထည့်လိုက်ပါ။



၉။ ကြက်သွန်နီများ နူသွားလျှင် မုန့်ဟင်းခါးဖတ်၊ နံနံပင်၊ ပဲသီး၊ ပူစီနံ မိမိကြိုက်နှစ်သက်ရာ အကြော်များ ထည့်၍ တည့်ခင်းသုံးဆောင်နိုင်ပါပြီ…..


 
Wutyee Food House
 

မော်လမြိုင် မုန့်ဟင်းခါး ချက်နည်း

MawLaMyaing_Mote_HinKar7

သင်္ကြန် အကြိုနေ့အတွက် မော်လမြိုင် မုန့်ဟင်းခါးပါ။ မော်လမြိုင် မုန့်ဟင်းခါးက ဆီနည်းနည်း၊ ဟင်းရည် ခပ်ကျဲကျဲနဲ့မို့ ရန်ကုန်မုန့်ဟင်းခါးနဲ့တော့ မတူပေမယ့် တမျိုး စားလို့ ကောင်းပါတယ်။ ထူးထူးခြားခြား ငါးပြုတ်ရည်ထဲ ထန်းညက်ခဲ ထည့်ပြီ ပြုတ်ရတာပါ။ ဒီချက်နည်းကို ပေးတဲ့ အန်တီအေးမွန်ကိုလည်း အထူးကျေးဇူးတင်ပါတယ်။ မော်လမြိုင်မုန့်ဟင်းခါးကို တူတူ ချက်ကြည့်ရအောင်…

မော်လမြိုင် မုန့်ဟင်းခါးအတွက် ပါဝင်ပစ္စည်းများ

၁။ မုန့်ဟင်းခါးဖတ် – ၄၀ကျပ်သား

၂။ ငါးခူ – ၃၀ ကျပ်သား (ငါးခူကို ထန်းညက် ၃ခဲ၊ ငါးငံပြာရည်၊ ဆား၊ စပါးလင်တို့ဖြင့် ပြုတ်ရမည်)


၃။ ငပျောအူ – ၁ပင် (အရင့်များဖယ်ပြီ အနုများကို ပါးပါးလှီးပြီလျှင် ဆနွင်း(လက်ဖက်ရည်ဇွန်း ၁ဇွန်း)ထည့်ကာ ရေရော စိမ်ထားပေးပါ)

မှတ်ချက် ။ ။ ဆနွင်းစိမ်ခြင်းမှာ ငပျောအူများ မမဲသွားရန်ဖြစ်သည်။

၎။ ဆန်လှော်မှုန့် – ၁၀၀ ဂရမ် (ရေဖြင့် ဖျော်ထားပေးပါ)
၅။ ကြက်သွန်နီ – ၂၀လုံး (အခွံခွာထားပေးပါ)

၆။ နံနံပင်၊ ပူစီနံ – ၁စည်း (ပါးပါးလှီးထားပါ)
ရ။ ပဲကြော် – ၁၀ခု
၈။ ကြက်သွန်ဖြူ ဆီချက် – ၁ခွက် (ကြက်သွန်ဖြူ ၆မွှာကို ထောင်းပြီ ဆီသပ်ပေးပါ)

MawLaMyaing_Mote_HinKar3 MawLaMyaing_Mote_HinKar2

ဆီသပ်ရန် ပါဝင်ပစ္စည်းများ

၁။ ကြက်သွန်နီ – ၂၀ကျပ်သား (ထောင်းထားပါ)
၂။ ကြက်သွန်ဖြူ – ၁၀ကျပ်သား (ထောင်းထားပါ)
၃။ ဂျင်း – ၅ကျပ်သား (ထောင်းထားပါ)
၎။ စပါးလင် – ၁ပင် (နှုတ်နှုတ်စဉ်းထားပါ)
၅။ ဆီ – စားပွဲတင်ဇွန်း ၅ဇွန်း
၆။ ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
ရ။ ငရုတ်သီး(အရောင်တင်)မှုန့် – လက်ဖက်ရည်ဇွန်း တ၀က်

ပြင်ဆင်နည်း

၁။ ဒယ်အိုးထဲ စပါးလင်(၂ပင်)ကို ထုချည်ပြီ ခင်းပေးပါ။ ပြီမှ ငါးခူ၊ ထန်းညက် အညှိ(၃ခဲ)၊ ငံပြာရည်(လက်ဖက်ရည်ပန်းကန်လုံး တ၀က်)၊ ဆနွင်းမှုန့်(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ ရေ(ငါးမြုပ်ရုံ) ထည့်ကာ ငါးကျက်သည်အထိ ပြုတ်ပေးထားပါ။
မှတ်ချက် ။ ။ ငါးပြုတ်ရည်ကို သိမ်းထားပေးပါ။

MawLaMyaing_Mote_HinKar

၂။ ပြီးလျှင် ပြုတ်ပြီသား ငါးခူကို အသားနွင်းပေးပါ။

၃။ ရလာသော ငါးခူအရိုးများကို စပါးလင်(ပါးပါးလှီးထားသော စပါးလင်များဖြင့် ရောထောင်းပေးပါ။ ပြီမှ ရေဖြင့်ကျင်ကာ အရိုးပြုတ်ရေများကို စစ်ယူထားပြီ ဖယ်ထားပေးပါ။

ငါးဆီသပ် ချက်ပြုတ်နည်း

၁။ ဒယ်အိုးထဲသို့ ဆီထည့်ပြီ ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်ဖြူ၊နီ၊ စပါးလင်၊ ဂျင်းတို့ကို အရင် ဆီသပ်ပေးပါ။

၂။ နောက်မှ ငရုတ်သီးမှုန့်၊ ဆနွင်းမှုန့်တို့ကို ထည့်ရောမွှေလိုက်ပါ။

၃။ ပြီနောက် ငါးအသားများထည့်၊ ဆား(လက်ဖက်ရည်ဇွန်း တ၀က်) ထည့်မွှေလိုက်ပါ။

MawLaMyaing_Mote_HinKar1

မုန့်ဟင်းခါး စချက်ပါတော့မည်

၎။ ငါးဆီသပ်ပြီလျှင် မုန့်ဟင်းခါးချက်ရန် ဒယ်အိုးကြီး တစ်ခုထဲသို့ (အကွင်းလှီးထားသော ဌက်ပျောအူများ၊ ငါးဆီသပ်၊ ငါးပြုတ်ရည်၊ ငါးအရိုးထောင်းရည်များ၊ စပါးလင်(၂ပင် ချည်ပြီသား))တို့ကို ထည့်ကာ ရောမွှေလိုက်ပါ။

၅။ ငပျောအူထဲ အချိုအရသာများ စိမ့်ဝင်သွားရန် အနည်းငယ် တည်ထားပေးပါ။

MawLaMyaing_Mote_HinKar4

၆။ ငပျောအူ နွမ်းသွားပါမှ ရေနွေး(၃လီတာ)ကို ထည့်ပါ။

ရ။ ပြီလျှင် ရေဖြင့်ဖျော်ထားသော ဆန်လှော်မှုန့် ထည့်ပြီ ရောမွှေပေးပါ။

၈။ ပြန်ဆူအောင် တည်ထားပြီမှ အပေါ့အငံ့အတွက် ကြက်သားမှုန့်(စားပွဲတင်ဇွန်း ၃ဇွန်း)၊ ငံပြာရည်(၁ခွက်)၊ ဆား(စားပွဲတင်ဇွန်း ၁ဇွန်း)တို့ကို ထည့်ပေးပါ။

၉။ ဆန်လှော်မှုန့် ပွလာမှ ချခါနီးမှ ကြက်သွန်နီများကို အလုံးလိုက် ထည့်လိုက်ပါ။

MawLaMyaing_Mote_HinKar5

၁၀။ ကြက်သွန်နီများ နူသွားပြီ အရသာအနေတော်လျှင် ရပါပြီ။

၁၁။ ပန်းကန်ထဲ မုန့်ဟင်းခါးဖတ်၊ နံနံပင်၊ ပူစီနံ၊ ပဲကပ်ကြော်၊ ကြက်သွန်ဖြူ ဆီချက် ထည့်၍ အပေါ်မှ
ငါးဟင်းရည် လောင်းထည့်ကာ အရသာရှိစွာ တည့်ခင်းသုံးဆောင်နိုင်ပါပြီ…..

MawLaMyaing_Mote_HinKar6
MawLaMyaing_Mote_HinKar7

 

(အိုးဘဲဥ) ခေါ် ရန်ကုန် မုန့်ဟင်းခါး ချက်နည်း (အိုးဘဲဥ)




မုန့်ဟင်းခါးကို မြန်မာလူမျိုးတိုင်း မနက်စာအဖြစ် အလွန်မှ ကြိုက်နှစ်သက်ကြပါတယ်။ မုန့်ဟင်းခါးကို ဆိုင်တွေမှာ ၀ယ်စားတာများပေမယ့် အိမ်မှာ ကိုယ်တိုင်လုပ်စားချင်သူများအတွက် အထူးရည်ရွယ်ထားပါတယ်။ မုန့်ဟင်းခါးထဲမှာမှ အိုးဘဲဥ မုန့်ဟင်းခါးမှ ၀တ်ရည်က ကြိုက်တာ။

 ဒါပေမယ့် ၀တ်ရည် အရင်က မုန့်ဟင်းခါး တစ်ခါမှ ကိုယ်တိုင်မချက်ဖူးဘူး၊ အဒေါ်တို့၊ အမေတို့ ချက်တာတွေပဲ ကပ်စားနေတာ။ ဒီနေ့တော့ ကိုယ်တိုင် ချက်စားချင်တယ်၊ မြန်မာရိုးရာဓလေ့ဖြစ်တဲ့ မုန့်ဟင်းခါးတောင် မချက်ဖူးရင် မကောင်းဖူးရယ်လို့ တွေးမိတယ်။ ဒါကြောင့် စချက်တဲ့အနေနဲ့ မုန့်ဟင်းခါး ၁ပိသာစာ တအိမ်သားလုံး စားလို့ရအောင် ချက်ဖြစ်သွားတယ်။ အဒေါ်ပေးတဲ့နည်းအတိုင်း ချက်လိုက်တဲ့ အရသာက တကယ်ဂွတ်ရှယ်ပဲ၊ အိမ်သားတွေလည်း အရမ်းအားပေးကြတယ်။ ဒါကြောင့် ချက်နည်း အဆင့်ဆင့်ကို
ပုံနှင့်တကွ ဖော်ထားထားပေးလိုက်ပါတယ်…

ရန်ကုန် မုန့်ဟင်းခါးအတွက် ပါဝင်ပစ္စည်းများ

၁။ မုန့်ဟင်းခါးဖတ် – ၁ပိသာ



၂။ ငါးခူး – ၄၀ ကျပ်သား (ငံပြာရည်၊ ဆနွင်းမှုန့်၊ စပါးလင် ရေနည်းနည်းဖြင့် ပြုတ်ပြီ အသားထွင်ထားပေးပါ)


၃။ ငပျောအူ – ၁အူ (အရင့်များဖယ်ပြီ အနုများကို ပါးပါးလှီးပြီလျှင် ဆနွင်း(လက်ဖက်ရည်ဇွန်း ၁ဇွန်း)ထည့်ကာ ရေရော စိမ်ထားပေးပါ)

မှတ်ချက် ။ ။ ဆနွင်းစိမ်ခြင်းမှာ ငပျောအူများ မမဲသွားရန်ဖြစ်သည်။



၎။ ဆန်လှော်မှုန့် – ၁၀၀ ဂရမ် (ရေဖြင့် ဖျော်ထားပေးပါ)

၅။ ကုလားပဲ – ၁၀ကျပ်သား (နူးအိအောင် ရေဖြင့်ပြုတ်ထားပြီ blenderဖြင့် ကြိတ်ထားပေးပါ)

မှတ်ချက် ။ ။ ကုလားပဲပြုတ်ရည် အချိုရည်များကို မုန့်ဟင်းခါးချက်ထဲ ထည့်ရန် သိမ်းထားပါ။

၎။ နံနံပင်၊ ပဲသီး၊ ပူစီနံ – ၁စည်း (ပါးပါးလှီးထားပါ)



၅။ ပဲကြော်

၆။ ဘဲဥ – ၁၀လုံး (ကျက်အောင် ပြုတ်ထားပေးပါ)

ရ။ ကြက်သွန်နီ – ၂၀လုံး (အခွံခွာထားပေးပါ)



ဆီသပ်ရန် ပါဝင်ပစ္စည်းများ

၁။ ကြက်သွန်နီ – ၂၀ကျပ်သား (ထောင်းထားပါ)
၂။ ကြက်သွန်ဖြူ – ၁၅ကျပ်သား (ထောင်းထားပါ)
၃။ ဂျင်း – ၅ကျပ်သား (ထောင်းထားပါ)
၎။ စပါးလင် – ၃ပင် (နှုတ်နှုတ်စဉ်းထားပါ)
၅။ ဆီ – ၁၀ကျပ်သား
၆။ ငရုတ်ပွနီ – ၅ထောင့် (ထောင်းပြီ ကြိတ်ထားကာ ငရုတ်သီးနှစ်ယူပါ)
ရ။ ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၈။ ငရုတ်ကောင်းမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း အမောက်

ပြင်ဆင်နည်း

၁။ ငါးခူးကို ငံပြာရည်(လက်ဖက်ရည်ပန်းကန်လုံး တ၀က်)၊ ဆနွင်းမှုန့်(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ စပါးလင်(၁ပင်)ကို ချည်ပြီ ပြုတ်ပေးထားပါ။

၂။ ပြီးလျှင် ပြုတ်ပြီသား ငါးခူးကို အသားနွင်းပေးပါ။



၃။ ရလာသော ငါးခူးအရိုးများကို စပါးလင်(ပါးပါးလှီးထားသော စပါးလင်များဖြင့် ရောပြုတ်ပေးပါ။ ပြီမှ အရိုးပြုတ်ရေများကို စစ်ယူထားပြီ ဖယ်ထားပေးပါ။

ချက်ပြုတ်နည်း

၁။ ဒယ်အိုးထဲသို့ ဆီထည့်ပြီ ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်ဖြူ၊နီ၊ စပါးလင်၊ ဂျင်းတို့ကို အရင် ဆီသပ်ပေးပါ။



၂။ နောက်မှ ငရုတ်သီးအနှစ်၊ ဆနွင်းမှုန့်တို့ကို ထည့်ရောမွှေလိုက်ပါ။

၃။ ပြီနောက် ငါးအသားများထည့်၊ ငရုတ်ကောင်းမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)စာ ထည့်မွှေလိုက်ပါ။

၎။ အရသာအပေါ့အငံ့အတွက် ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ပေးပါ။



မုန့်ဟင်းခါး စချက်ပါတော့မည်

၅။ ငါးဆီသပ်ပြီလျှင် မုန့်ဟင်းခါးချက်ရန် ဒယ်အိုးကြီး တစ်ခုထဲသို့ (ငါးဆီသပ်၊ ပဲပြုတ်ရည်၊ ငါးအရိုးပြုတ်ရည်များ၊ ရေ(၂လီတာ)၊ စပါးလင်(၂ပင် ချည်ပြီသား))တို့ကို ထည့်ကာ ရောမွှေလိုက်ပါ။

၆။ ပြီလျှင် ရေဖြင့်ဖျော်ထားသော ဆန်လှော်မှုန့်၊ blender နဲ့ကြိတ်ထားသော ပဲများကို ထည့်ပြီ ရောမွှေပေးပါ။

ရ။ ထို့နောက် ဆူအောင် တည်ထားပြီမှ အပေါ့အငံ့အတွက် ကြက်သားမှုန့်၊ ငံပြာရည်(၁ခွက်)၊ ဆား(စားပွဲတင်ဇွန်း ၁ဇွန်း)၊ သကြား(စားပွဲတင်ဇွန်း ၁ဇွန်း)တို့ကို ထည့်ပေးပါ။
၈။ ဆန်လှော်မှုန့် ပွလာမှ ငပျောအူများ ထည့်ပေးပါ။

၉။ ငပျောအူနူပြီဆိုလျှင် ပြုတ်ထားသော ဘဲဥများ နှင့် ငရုတ်ကောင်းမှုန့်(စားပွဲတင်ဇွန်း တ၀က်) ဖြူးပေးပါ။
၁၀။ ကျက်ခါနီးမှ ကြက်သွန်နီများကို အလုံးလိုက် ထည့်လိုက်ပါ။




၉။ ကြက်သွန်နီများ နူသွားလျှင် မီးပိတ်ထားပြီ ပန်းကန်တစ်ခုထဲ မုန့်ဟင်းခါးဖတ် ၁၀ကျပ်သား၊ နံနံပင်၊ ပဲကြော်များဖြင့် ပြင်ဆင်ထားပါ။



၁၀။ မုန့်ဟင်းခါးရည်များထည့်ပြီ အိုးဘဲဥ ရန်ကုန်မုန့်ဟင်းခါးကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…..


 
Ref : http://www.wutyeefoodhouse.com