10 May 2014

မြန်မာနိုင်ငံရှိ လူဦးရေစာရင်း သြဂုတ်လတွင် ထုတ်ပြန်မည်

 
မြန်မာနိုင်ငံရှိ လူဦးရေစာရင်း၊ အမျိုးသား၊ အမျိုးသမီးဦးရေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ လူဦးရေ၊ မြို့နယ်ရှိ လူဦးရေများ စာရင်းကို ထုတ်ပြန်သွားမည် ဖြစ်ပြီး သန်းခေါင်စာရင်း ကောက်ယူရာမှ ရရှိသည့် အချက်အလက်များကို ၂၀၁၅ ခုနှစ် မေလတွင် အပြီးသတ် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
 
သန်းခေါင်စာရင်းကို မြန်မာနိုင်ငံတွင် ၁၉၈၃ ခုနှစ်တွင် နောက်ဆုံး ကောက်ယူခဲ့ပြီး ယင်းအချိန်က လုံခြုံရေး အခြေအနေကြောင့် ကျေးရွာ အုပ်စုပေါင်း ၉၄၂ စု လူဦးရေအားဖြင့် ၁ ဒသမ ၁၇ သန်းကို မကောက်ယူနိုင်ခဲ့သော်လည်း ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် လုံခြုံရေး အခြေအနေကြောင့် ကချင်ပြည်နယ်ရှိ ကေအိုင်အေ ထိန်းချုပ်နယ်မြေရှိ ကျေးရွာအုပ်စု ၂၅ စု၊ ကျေးရွာအားဖြင့် ၉၇ ရွာသာ ကျန်ရှိခဲ့ကြောင်း ဦးခင်ရီက ထပ်မံ ပြောကြားသည်။

ယခင် အစဉ်အဆက် သန်းခေါင်စာရင်း မကောက်ယူနိုင်ခဲ့သည့် “ဝ” ဒေသတွင် သန်းခေါင်စာရင်း ကောက်ယူရရှိခဲ့ပြီး ယင်းအပြင် မိုင်းလား၊ ကိုးကန့် စသည့် ဒေသများတွင်ပါ ကောက်ယူ ရရှိခဲ့ကြောင်းနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ထိန်းချုပ်နယ်မြေမှအပ ကျန်တိုင်းရင်းသား လက်နက်ကိုင် ဒေသများတွင် သန်းခေါင်စာရင်း ကောက်ယူရရှိခဲ့ကြောင်း ၎င်းကဆိုသည်။

သန်းခေါင်စာရင်းကောက်ရန် လူမျိုးအတွက် အသုံးပြုသည့် သင်္ကေတ (Code) သတ်မှတ်ရာတွင် လူမျိုး သတ်မှတ်ချက် မှားယွင်းမှု၊ လွဲချော်နေမှု၊ မျိုးနွယ်စု အမည်များ ဖောင်းပွနေမှု၊ မျိုးနွယ်စု တစ်ခုတည်းကို ဒေသန္တရ အခေါ်များဖြင့် နှစ်ကြိမ်၊ သုံးကြိမ် ဖော်ပြမှု၊ မျိုးနွယ်စု နှစ်ခုကို တစ်ခုတည်း အဖြစ် သတ်မှတ်ထားမှု၊ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးစာရင်းကို အခြေခံကာ ကောက်ယူခဲ့သဖြင့် မျိုးနွယ်စုများ ကျန်ရစ်ခဲ့မှု စသည့် ပြဿနာများကို သန်းခေါင်စာရင်း ရလဒ်များ ထုတ်ပြန်ပြီးနောက်တွင် ဆက်လက် ဖြေရှင်းသွားမည် ဖြစ်ကြောင်း ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ထံမှ သိရှိရသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ကောက်ယူခဲ့ဖြစ်ပြီး အဆိုပါ စာရင်းကောက်ယူရန် စာရင်းကောက် တစ်သိန်းခန့်၊ စာရင်းစစ် ၂၀,၀၀၀ ခန့် အသုံးပြုခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ကြေညာထားသည်။

 TheVoice

သမ္မတကြီး သောက်သုံးရန် အကြံပြုသည့် နွားနို့၏ အသုံးဝင်ပုံများ


ဟင်းချက်ရာတွင် အကြော်အလှော်များ အရသာငန်နေပါက နွားနို့ အနည်းငယ်ဆမ်းပေးပါ ..
 ဟင်းအရသာ ပေါ့သွားပါလိမ့်မယ်။
ငါးမကြော်မီ နွားနို့ ထဲ အချိန်အနည်းငယ်စိမ်ပြီး ကြော်လျှင် ငါးဟင်းမှာ မညှီတော့ ပဲ အရသာမှာ ပိုကောင်းလာပါလိမ့်မယ်။
။နွားနို့ ဖြင့် မျက်နှာသစ်လျှင် လက်ပေါ်သို့ လိမ်းကျံလျှင် မျက်နှာနှင့်လက် အရေပြားနှုးညံ့ လာပါလိမ့်မယ်။
အ၀တ်အစားပေါ်မှင်စွန်းထင်သည့်အခါ
ရေသန့် သန့် ဖြင့်အရင်ဆေးပြီးမှ နွားနို့ ဖြင့်နောက်ထပ်ထက်ဆေးပေးပါ.....ပြိးလျှင်ချေးချွတ်ဆေးရည်ဖြင့်
ဆေးလျှော်ပါ။လုံးဝပျောက်ကင်းသွားပါလိမ့်မယ်။
ရေထဲကို နွားနို့ အနည်းငယ်ရောပြီး ပန်းမန်များကို ရေလောင်းပေးပါက ပန်းပင်များကို ပိုပြီးရှင်သန်စေပါတယ်။

နွားနို့ အကြွင်းအကျန်ဖြင့်သားရေဖိနပ်(သို့ )အခြားသရေပစ္စည်းများကိုအ၀တ်စဖြင့်ပွတ်တိုက်ပေးပါက သားရေမျက်နှာပြင်ကို မအက်ကွဲအောင် တားဆီးနိုင်သည့်အပြင် နှုးညံ့ညက်ညောစေပါတယ်။

အ၀တ်စဖြင့် နွားနို့ စွတ်ပြီးပရိဘောဂများကိုပွတ်တိုက်ပေးပါကအညစ်အကြေးများကျွတ်ပြီး ပြောင်လက်လာ
စေပါသည်။
ကြက်သွန်ဖြူ ကိုက်စားပြီးနွားနို့ တစ်ခွက်သောက်ပေးလျှင် အနံနံ့ ခြင်းကို
ပျောက်ကင်းစေပါတယ်။
(credit original writer)
ကြက်ဥ၊ ဘဲဥတွေက သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောအဆင့်ကို မြင့်တက်စေတယ်ဆိုတဲ့ အယူအဆကြောင့် စားရမှာ ခပ်လန့်လန့်ဖြစ်နေတတ်ကြပါတယ်။ တကယ်တော့ ကြက်ဥ၊ ဘဲဥ တွေကို အသင့်အတင့်စားပေးမယ်ဆိုရင် အောက်ပါအကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ် -

မျက်စိကျန်းမာရေးကို ကောင်းစေပါတယ်

ကြက်ဥ၊ ဘဲဥစတဲ့ ဥအမျိုးမျိုးမှာ လူတင်နဲ့ ဇီဇန်သင်းစတဲ့ ပရိုတင်းဓာတ်တို့များစွာ ပါဝင်တာကြောင့် အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှု (Macular Degeneration) နဲ့ အတွင်းတိမ် ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

နှလုံးသွေးကြောစနစ် ကျန်းမာရေးကို ကောင်းစေပါတယ်

တစ်နေ့မှာ ကြက်ဥ၊ ဘဲဥ တစ်လုံးစားပေးရင် နှလုံးအထူးကု ဆရာဝန်နဲ့ ဝေးဝေးမှာနေနိုင်တယ်လို့
လေ့လာမှု တစ်ရပ်က ဆိုပါတယ်။ အကြောင်းကတော့ ကြက်ဥ၊ ဘဲဥကို ပုံမှန် တစ်နေ့တစ်လုံး စားတာကြောင့် သွေးခဲနှုန်း၊ နှလုံးရောဂါထတာနဲ့ လေဖြတ်တာတို့ ဖြစ်နိုင်ခြေကို လျော့ကျစေနိုင် လို့ပါ။

ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေက ကောင်းမွန်စေပါတယ်

ကြက်ဥ၊ ဘဲဥအနှစ်မှာ ဗီတာမင် ဘီကိုလင်းဓာတ် ပါဝင်တာကြောင့် ဥအမျိုးမျိုးကို ဦးနှောက်အတွက် အစာလို့ ဆိုကြပါတယ်။ အကြောင်းကတော့ နာ့ဗ်ကြောတွေရဲ့ လုပ်ငန်းဆောင်တာနဲ့ ဖွံ့ဖြိုးမှုကို အားကောင်းစေတာကြောင့်ပါ။ ကိုလင်းဓာတ်ဟာ ကိုယ်ဝန်ဆောင် မိခင်မှာလည်း မရှိမဖြစ် အရေးပါ ပါတယ်။ သန္ဓေသား ဦးနှောက် ဖွံ့ဖြိုးမှုအတွက် အရေးပါလို့ပါ။

ရင်သားကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်

ကြက်ဥ၊ ဘဲဥစားတာက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေတယ်လို့ တခြားလေ့လာမှု တွေက ဆိုပါတယ်။ တစ်ပတ်မှာ ကြက်ဥ၊ ဘဲဥနှစ်လုံးအောက် လျော့နည်းပြီး စားတာက ရင်သား ကင်ဆာဖြစ်နှုန်း လျော့နည်းစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ဆံကေသာ၊ လက်သည်းနဲ့ အသားအရေကို ကျန်းမာလှပစေပါတယ်

ကြက်ဥ၊ ဘဲဥမှာ ဆာလဖာ ပါဝင်တာကြောင့် အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းစေ တာ၊ ဗီတာမင်ဘီ စုပ်ယူအား ကောင်းစေတာ စတဲ့အာနိသင်တို့ကို ရရှိစေနိုင်ပါတယ်။ ဆာလဖာဟာ ကော်လာဂျင်နဲ့ ကီရာတင်တို့ ထုတ်လုပ်မှု ကောင်းစေတာကြောင့် အသားအရေကို လှပစေတာ၊ လက်သည်းတွေကို သန်စွမ်းစေတာနဲ့ ဆံကေသာကို တောက်ပစေတာစတဲ့ အစွမ်းသတ္တိတွေကို ပေးစွမ်းနိုင်ပါတယ်။

ကြွက်သားကို ဖွံ့ဖြိုးစေပါတယ်

ကြက်ဥ၊ ဘဲဥထဲမှာပါတဲ့ ပရိုတင်းဓာတ်ကြောင့် ခန္ဓာကိုယ်ရဲ့ ကြွက်သားတည်ဆောက်မှုကို အားကောင်းစေပါတယ်။

ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ပါတယ်

နံနက်စာအနေနဲ့ ကြက်ဥ၊ ဘဲဥကို စားပေးတာက အဝလွန်နေသူနဲ့ ကိုယ်အလေးချိန်များနေသူ တွေကို ကိုယ်အလေးချိန် ထိန်းပေးနိုင်ကြောင်း လူဝီစီးယားနားပြည်နယ် တက္ကသိုလ်ရဲ့ လေ့လာမှု အရ သိရပါတယ်။ နံနက်စာ အနေနဲ့ ကြက်ဥ၊ ဘဲဥစားတဲ့သူတွေက ကယ်လိုရီများတဲ့ အစာတွေကို လျှော့စားဖြစ်ကာ ကြာကြာဗိုက်ပြည့်စေလို့ ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
 Health Articles


ကမ္ဘာ့ အရှည်ဆုံး ကီးဘုတ်


ပုံမှာ တွေ့ရတဲ့ ကီးဘုတ်ကတော့ ကမ္ဘပေါ်မှာ အရှည်ဆုံးလို့ သတ်မှတ်ထားတဲ့ ကီးဘုတ်ပင် ဖြစ်ပါတယ်။ လက်ရှိ စာရေးသူတို့ သုံးနေတဲ့ ကီးဘုတ်ထက် အဆပေါင်းများစွာ ရှည်ပါတယ်။
 ထိုသို့ ရှည်ပေမယ့်လည်း ရှေ့ဆုံး သုံးတန်းကသာ အသုံးဝင်ပြီး ကျန်ရှိတဲ့ နေရာတွေဟာ အသုံးမဝင်ပါဘူး။
ကီးဘုတ်နှင့် တွဲဖက်အသုံးပြုတဲ့ ကွန်ပျူတာကိုလည်း ကီးဘုတ်ပုံသဏ္ဍန်ပြုလုပ်ပေး ထားပါတယ်။ ကီးဘုတ်နှင့် ကွန်ပျူတာဟာ အတော်လေး ဝေးကွာသော်လည်း စာရိုက်ရာတွင် ရှင်းလင်း ပြတ်သားသော် စာလုံးတွေကို မြင်တွေ့ရရန် လုပ်ပေးထား ပါတယ်။

၎င်းကီးဘုတ်ကို Jean Shin ဆိုသူက အနုပညာ လက်ရာမြောက်စွာ တီထွင်ခဲ့တာဖြစ်ပြီး ကီး စုစုပေါင်း ၂၂၅၂၈ ပါရှိပါတယ်။ ထိုကီးဘုတ်ကို အံ့သြဖွယ်ရာ ကမ္ဘာ့အရှည်ဆုံး ကီးဘုတ် အဖြစ် စံချိန်တင် သတ်မှတ်ထားကြောင်း သိရှိရပါတယ်။  

ကျော်လင်းနိုင် (www.smart.com.mm)

ဒေါ်စုထောက်ပြတဲ့ အမြင့်ဆုံးသြဇာအာဏာတွေရနေတာ ဘယ်အဖွဲ့အစည်းလဲ


လက်ရှိဖွဲ့စည်းပုံဟာ အစုအဖွဲ့တစ်ခုကို အဓိကနဲ့ အမြင့်ဆုံး သြဇာအာဏာတွေ ပေးထားတာကြောင့် တန်းတူညီမျှမှုမ ရှိဘူး၊ တန်းတူညီမျှမှုမရှိရင် မြန်မာပြည်ဟာ ညီညွတ်မှုမရနိုင်ဘူးလို့ ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါပြီ။ အစုအဖွဲ့တစ်ခုဆိုတာ ဘယ်သူတွေလဲ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၂ဝဝ၈ ဖွဲ့စည်းပုံဟာ တပ်မတော်ကို အထူးအခွင့် အရေးပေးထားတာဖြစ်တယ်၊ ဒီလို အဖွဲ့တစ်ဖွဲ့ကို အထူးအခွင့်အရေးပေးထားရင် တိုင်းပြည် မညီညွတ်တာကြောင့် ဒီမိုကရေစီစံနှုန်းအရ တန်းတူညီမျှမှုလိုတယ်လို့ ပြောဆိုခဲ့ပါတယ်။ ပြီးတော့ တပ်မတော်သားတွေ ဖွဲ့စည်းပုံပြုပြင်ရေး မှာ တာဝန်အရ ပါဝင်ကြပါလို့ တိုက်တွန်းခဲ့ပါတယ်။

ရန်ကုန်နဲ့ ဧရာဝတီတိုင်းက ထောက်ခံသူ နှစ်သောင်းကျော်တက်ရောက်တဲ့ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေး ဟောပြောပွဲကို မေလ ၁ဝရက်နေ့မှာ ပြုလုပ်ခဲ့ပြီး မြန်မာစစ်အာဏာရှင်တွေ တစ်ဖက်သတ် ရေးဆွဲခဲ့တဲ့ ဒီဖွဲ့စည်းပုံကို မပြင်ဆင်ချင်ဘူးဆိုပြီး ဆန္ဒထုတ်ဖော်တဲ့သူတွေရဲ့နောက်ကွယ်မှာ ဘယ်အဖွဲ့အစည်းရှိနေလဲဆိုတာ ပြည်သူတွေ လေ့လာကြဖို့ သတိပေးပြောဆိုခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ နိုင်ငံသားတွေဖြစ်ပြီးမှ တပ်မတော်သားဖြစ်ရတာကြောင့် မူလနိုင်ငံသားတာဝန် မကျေပွန်ဘဲ အခြားတာဝန်တွေ ဘယ်လိုကျေပွန်နိုင်မလဲဆိုတာ ကိုယ့်ကိုကိုယ် မေးခွန်းထုတ်ကြဖို့၊ မြန်မာနိုင်ငံမှာ အုပ်စုတစ်ချို့ ကပဲ ကြီးပွားဖွံ့ဖြိုးနေရင် ပြည်သူတွေ မကျေနပ်နိုင်တဲ့အကြောင်း၊ အစိုးရကို ကောင်းကောင်း ထိန်းကွပ်ထားနိုင်မှ တရားဥပဒေစိုးမိုးရေး ရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ NLD ပါတီနဲ့ ၈၈မျိုးဆက်ကျောင်းသားတွေဟာ လာမယ့် သီတင်းပတ်တွေကစပြီး ပြည်သူတွေ ကို ပညာပေးဟောပြောဖို့ လှုပ်ရှားမှုတွေ စတင်တော့မှာဖြစ်ပါတယ်။ မအူပင်မှာ တက်ရောက်လာတဲ့ ပြည်သူ ၉၉%ကျော်က ဖွဲ့စည်းပုံပြင်ဆင်ရေးကို ထောက်ခံကြောင်း ပြသခဲ့ပါတယ်။

Kamayut Media

ကလေးစကား လေးလေးစားစား နားထောင်ပေးပါ




ခေတ်ဘုန်းသစ် ~

ကလေးများရဲ့ အနာဂတ်ဟာ နိုင်ငံတနိုင်ငံရဲ့ အနာဂတ်နဲ့ အများကြီး သက်ဆိုင်ပါတယ်။ ကလေးများကို ပြုစုပျိုးထောင်ပေးခြင်းဟာ နိုင်ငံရဲ့အနာဂတ်ကို ပုံသွင်းခြင်းတခုပါပဲ။ ဒါကြောင့်မို့လို့ ကလေးများဟာ နိုင်ငံတနိုင်ငံအတွက် သိပ်ကိုမှ အရေးကြီးတဲ့သူများပဲ ဖြစ်ပါတယ်။

ကလေးများ စိတ်ရည်၊ ဥာဏ်ရည်မြင့်မားဖို့၊ တာဝန်ယူတတ်တဲ့စိတ်တွေ ရှိစေဖို့၊ လူကြီးလူကောင်းစိတ်တွေ မွေးတတ်စေဖို့အတွက် ငယ်ငယ်ကတည်းက ကလေးတို့ကို လေ့ကျင့်သင်ကြားပေးဖို့ လိုပါတယ်။

စည်းကမ်းရှိတဲ့၊ တာဝန်ယူတတ်တဲ့၊ စာနာ နားလည်တတ်တဲ့၊ ကိုယ့်အမှားကိုယ် တာဝန်ယူတတ်တဲ့ လူများနဲ့ ဖွဲ့စည်းထားတဲ့ လူ့အဖွဲ့အစည်းကြီး တခု ပေါ်ပေါက်လာစေဖို့အတွက် ကလေးတို့နဲ့ နီးစပ်သူ ဆရာ၊ ဆရာမ တိုင်း၊ ဆွေမျိုး မိဘတိုင်းမှာ တာဝန်ရှိ ပါတယ်။

ကျမတို့ လူ့အဖွဲ့အစည်းမှာ လူကြီးနေရာမှာ နေနေကြပေမယ့် လူကြီးမဆန်တဲ့သူတွေ၊ အမှားကို ဝန်မခံဘဲ ရှောင်လွှဲတတ်တဲ့ လူတွေ၊ မျက်နှာလိုက် တတ်တဲ့ လူမျိုးတွေ၊ သူများစကားကို နားမထောင်ဘဲ ကိုယ့်ဆန္ဒ၊ ကိုယ့်စိတ်ကိုသာ ဦးစားပေးတတ်တဲ့လူမျိုး တွေကို အများကြီး တွေ့နေကြရတာပါပဲ။ တွေ့မြင် တိုင်းလည်း စိတ်ပျက်မိကြရတာပါပဲ။ ဒီလို မယဉ် ကျေးတဲ့၊ ငါနဲ့ငါသာနှိုင်းစရာဆိုတဲ့ လူတွေ အနာဂတ် လူ့အဖွဲ့စည်းမှာ နည်းပါးသွားစေဖို့အတွက် အနာဂတ်မှာ  လူကြီးဖြစ်လာမယ့်  ကျမတို့ရဲ့  ကလေးတွေကို ငယ်ငယ်ကတည်းက ထိန်းကျောင်း လေ့ကျင့်သင် ကြားပေးဖို့ လိုပါတယ်။

အိမ်ထောင်စု တော်တော်များများက သား သမီးများနဲ့ မိဘ ဆက်ဆံရေးများကို လေ့လာကြည့် မယ်ဆိုရင်ဖြင့် သားသမီးနဲ့မိဘတို့ ဆက်ဆံရေးများ ဟာ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး သိပ်မရှိကြတာ များပါတယ်။ အထူးသဖြင့် ကျမတို့နိုင်ငံမှာဆိုရင်ဖြင့် အဖေနဲ့ သားသမီးများဟာ မရင်းနှီးကြပါဘူး။ အဖေ က ပြောစရာရှိတာ (အမိန့်ပေးစရာရှိတာ) ကိုသာ ပြောပါတယ်။ သားသမီးရဲ့ ခံစားချက်၊ သားသမီး ပြောချင်တဲ့ စကား၊ သူကြုံတွေ့လာရတဲ့ အခက်အခဲ စတာတွေကို အချိန်ပေးပြီးတော့ နားထောင်တာမျိုး သိပ်မရှိလှပါဘူး။ သားသမီး ပြောချင်တာကို အချိန် ပေးပြီးတော့ နားထောင်ခြင်းဟာ ကလေးတယောက် ကို ပြုစုပျိုးထောင်ဖို့အတွက် အင်မတန်မှ လွယ်ကူပါတယ်။

ကလေး  ဘာဖြစ်နေလဲ၊  ဘာခံစားနေရလဲ၊ ဘယ်လိုအခက်ခဲတွေရှိနေလဲ၊ ဘာတွေကို ကျေနပ်ပြီးတော့၊ ဘာတွေကို မကျေမနပ်ဖြစ်နေလဲ ဆိုတာ ကို မိဘက အချိန်ပေးပြီးတော့ ဂရုတစိုက်နားထောင် ဖို့ လိုပါတယ်။ မိဘဆူမှာကို မကြောက်ရဘဲနဲ့ သူ့ ရင်ထဲက ခံစားချက်ကို လွတ်လွတ်လပ်လပ် ပြောဆို ရင်ဖွင့်နိုင်ဖို့ လိုပါတယ်။ ဒါကြောင့်မို့ ကလေးတို့ရဲ့ ခံစားချက် (စိတ်တိုတာ၊ ဝမ်းနည်းတာ၊ ပျော်တာ၊ အားငယ်တာ) စတာတွေကို မိဘကို လာပြောပြတဲ့ အခါမျိုးမှာ သူ့ခံစားချက်များကို ကိုယ်ချင်းစာနာမှု အပြည့်နဲ့ သေသေချာချာ နားထောင် ပေးရပါ မယ်။

“မင်းက အသုံးမှမကျတာ”

“ဒါကို ဒီလိုမျိုးလုပ်လိုက်ပါလားကွ” စသဖြင့် ကလေးကို အပြစ်တင်ဝေဖန်တဲ့စကားမျိုးတွေ လုံးဝ မပြောရပါဘူး။

ကလေးရဲ့  ခံစားချက်ကို  လေးလေးစားစား နားထောင်ပေးရပါမယ်။ ကလေးက ကိုယ်လက်မခံနိုင်တဲ့ အပြုအမူ တခုခုကို လုပ်လာမိတယ် ဆိုရင် လည်း ကလေးကို ဘာမှမမေးမြန်းဘဲ အော်ဟစ်ဆူပူ လိုက်တာမျိုး မလုပ်ရ ပါဘူး။ ဘာကြောင့် ဒီလိုလုပ် လာရသလဲဆိုတဲ့ ကလေးရင်ထဲက အကြောင်းရင်းကို သိအောင် မေးမြန်းရပါမယ်။

လူ့လောကမှာ ကိုယ့်ခံစားချက် ကိုယ့်အမြင်နဲ့ မတူတဲ့ ခံစားချက်တွေ၊ အမြင်တွေ၊ ရှုထောင့်တွေ ရှိသေးကြောင်း ကိုလည်း သူတို့လေးတွေကို သင်ပေး ရပါမယ်။ ကိုယ်က အနီရောင်ကြိုက်ပေမယ့် တဖက် လူက အပြာရောင် ကြိုက်နိုင်ကြောင်း၊ ကိုယ့်အတွက် အနီရောင်ဟာ အလှဆုံးအရောင်ဖြစ်ပေမယ့် တဖက် လူအတွက်တော့ အပြာရောင်ဟာ အလှဆုံးအရောင် ဖြစ်နေမှာပဲ ဆိုတဲ့အကြောင်း ကလေး နားလည်အောင် ရှင်းပြပြော ဆိုရပါမယ်။

တဖက်သားရဲ့ စကားကို လေးလေးနက်နက် နားထောင်တတ်တဲ့အကျင့် ရစေဖို့အတွက် ကလေး က ကိုယ့်ကို စကားလာပြောတဲ့အခါမျိုးမှာ သတင်း စာ ဖတ်နေရင်းတန်းလန်းနဲ့  နားထောင်နေတာမျိုး၊ ပန်းကန်ဆေးရင်း တန်းလန်းနဲ့ နားထောင်နေတာမျိုး၊ တီဗီကြည့်ရင်းတန်းလန်းနဲ့ နားထောင်နေတာမျိုး မလုပ်ရပါဘူး။ ဖတ်နေတဲ့သတင်းစာ၊ ဆေးနေတဲ့ ပန်းကန်၊ ကြည့်နေတဲ့ တီဗီကို ခဏရပ်ပြီးတော့ ကလေးပြောတာကို စိတ်ဝင်တစားနဲ့ သေသေချာချာ နားထောင်ပေးရမှာပါ။

တခါတလေမှာ ကလေးပြောတဲ့ စကားတွေထဲ မှာ ကိုယ့်အတွက် စိတ်တိုစရာ၊ စိတ်ဆိုးစရာ၊ လက် မခံ ချင်စရာတို့ ပါလာနိုင်ပါတယ်။ ရုတ်တရက် စိတ် တို၊ စိတ်ဆိုးပြီး ကလေးကို အော်ငေါက်လိုက်တာမျိုး လုံးဝ မလုပ်ရဘူး။ ကိုယ့်ရဲ့ စိတ်ခံစားချက်(Emotion) ကိုထိန်းချုပ်ပြီး ကလေးပြောတာဆုံးတော့မှ ကလေး ကို အကျိုးသင့် အကြောင်းသင့် ရှင်းပြပြောဆိုသင့်ပါတယ်။

ကျမတို့လူကြီးတော်တော်များများဟာ ကလေး တွေ စကားပြောနေတဲ့ အချိန်မျိုးမှာ ကလေးတွေ ပြောနေ တာပဲဆိုပြီးတော့ ဂရုတစိုက် နားထောင်လေ့ မရှိပါဘူး။ ကလေးပြောတာ မဆုံးသေးပေမယ့်လည်း ဖြတ်ပြော တာမျိုး၊ လုပြောတာမျိုးတွေ လုပ်တတ်ကြ ပါသေးတယ်။ အမှန်တော့ ဒါဟာ ကလေးကို လုပ် လိုက်တဲ့ ကိစ္စလေးဆိုပေမယ့် အင်မတန်မှ ရိုင်းတဲ့ အပြုအမူပါ။ ကလေးရှေ့မှာ ကလေးကို လုပ်လိုက် ခြင်းဟာ အဲဒီရိုင်းစိုင်းတဲ့ အပြုအမူတရပ်ကို လူကြီးက ရှေ့ဆောင်လမ်းပြအနေနဲ့ ကလေးကို သင်ပေး လိုက်ရာ ရောက်ပါတယ်။

ကလေးများဟာ လူကြီးလုပ်တာကို အတုခိုးပြီး တော့ လိုက်လုပ်တတ်ကြတဲ့ အမျိုးပါ။ ငယ်ငယ် ကတည်းက ကိုယ့်ရဲ့စကားကို ဂရုတစိုက်နားထောင် တတ်တဲ့၊ ကိုယ်ချင်းစာနာတတ်တဲ့ လူကြီးများနဲ့ ကြီး ပြင်းခွင့်ရတဲ့ ကလေးများဟာ ကြီပြင်းလာတဲ့ အချိန် မှာလည်း လူတဖက်သား စကားကို ဂရုတစိုက် နား ထောင်တတ်ကြ၊ ကိုယ်ချင်းစာတရား ရှိတတ်ကြပါတယ်။

လူတဖက်သားစကားကို နားထောင်တတ်တဲ့ လူများဟာ တဖက်သားရဲ့ ခံစားချက်ကိုလည်း နား လည်နိုင်တာမို့ မှားယွင်းဆုံးဖြတ်တာလည်းနည်းတတ် ပါတယ်။ အထူးသဖြင့် နိုင်ငံတနိုင်ငံရဲ့ ခေါင်းဆောင်၊ အဖွဲ့အစည်း တခုရဲ့ ခေါင်းဆောင်လုပ်မယ့်သူများ ဟာ လူအများရဲ့အသံကို ဂရုတစိုက်နားထောင်တတ် တဲ့လူများ ဖြစ်ရ ပါမယ်။ ဘယ်သူ့အသံ၊ ဘယ်သူ့ စကားမှ နားမထောင်ဘဲနဲ့ ကိုယ်ပြောချင်တာ၊ ကိုယ် အမိန့်ပေးချင်တာကို ပြောဆိုပြီးတော့ ဆုံးဖြတ်ချက် ချတာမျိုးတွေ လုပ်လာတဲ့အခါမျိုးမှာ အမှားအယွင်း တွေ ရှိလာရစမြဲပါပဲ။ ဒါကြောင့်မို့လို့ လူ့အဖွဲ့အစည်း တခုမှာ တဖက်သားစကားကို စိတ်ရှည်ရှည်နဲ့ နား ထောင်တတ်တဲ့၊ ကိုယ်ချင်းစာတတ်တဲ့လူများ များစွာ လိုပါတယ်။

ဒီလို  စိတ်ရှည်ရှည်နဲ့  နားထောင်တတ်တဲ့၊ ကိုယ်ချင်းစာတတ်တဲ့လူများ များပြားလာပြီဆိုရင်ဖြင့် ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း၊ ယဉ်ကျေးတဲ့ လူမျိုး တမျိုးအဖြစ် ပေါ်ပေါက်လာမှာ အမှန်ပါပဲ။

ဒါကြောင့်မို့လို့ ကျမတို့ရဲ့ အနာဂတ်မှာ ယဉ် ကျေးတဲ့ လူအဖွဲ့အစည်းတခု ပေါ်ပေါက်လာစေဖို့ အတွက် ကလေးများကို ငယ်စဉ်ကတည်းက လေ့ကျင့် သင်ကြားပေးကြဖို့ လိုအပ်ပါတယ်။

Irrawaddy


အမေများနေ့

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/05/blog-post_6056.html
 
 

မွေးသမိခင်တွေရဲ့ ကျေးဇူးကို အသိအမှတ်ပြုတဲ့ အနေနဲ့ ကျင်းပကြတဲ့ အထိမ်းအမှတ်ပွဲ နေ့ထူးတစ်နေ့ ဖြစ်ပါတယ်။ ကမ္ဘာ့တစ်ဝှမ်းမှာတော့ နေ့တွေကို ကွဲပြားစွာ ကျင်းပ ဂုဏ်ပြုနေကြတာပါ။ များသောအားဖြင့်တော့ ဧပြီနဲ့ မေလကြားမှာ ကျင်းပကြပါတယ်။ ၂၀ရာစုနှစ်အစောပိုင်း ကတည်းက အမေရိကမှာ စတင်ကျင်းပခဲ့ဖြစ်ပြီး ပထမဆုံးအမေရိကန် ခေတ်သစ် အမေများနေ့ ပိတ်ရက်ကို ၁၉၀၈ မှာ ကျင်းပခဲ့ပါတယ်။ 
 
ရန်ကုန်မှာတော့ နှစ်စဉ်မေလရဲ့ ဒုတိယအပတ် Weekend ကို ကျင်းပကြတယ်လို့ သိရပါတယ်။အဆိုပါနေ့မှာ ကျတော်တို့ဟာ ကျတော်တို့အမေကိုချစ်တဲ့ အချစ်များနဲ့ ကျေးဇူးများကို နည်းလမ်းပေါင်းများစွာနဲ့ ပြသကြပါတယ်။ လက်ဆောင်၊ ကဗျာ၊ ပို့စကတ် ၊ ရုပ်ပုံလေးတွေနဲ့ ပေါ့၊ အဝေးတစ်နေ့ရာကို ရောက်နေတယ်ဆိုရင်တော့ ဖုန်း မက်ဆေ့တွေနဲ့ ဖြစ်ဖြစ် ပို့နိင်ပါတယ်။

အမေတို့ရဲ့ အနှိုင်းမဲ့ မေတ္တာကို ဖော်ကျူးတဲ့ စာတိုကြောင်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

- အမေဆိုတာ သူမအပါအ၀င် လူငါးယောက်စာအတွက် မုန့် (၄)ခုကိုသာ မြင်တဲ့လူမျိုးပါပဲ။ ဘယ်တော့မှ သူမအတွက်မကြည့်ပါပဲ။ သားသမီးတွေအတွက်သာ ဂရုစိုက်တတ်တာ အမေပါပဲ။
Tenneva Jordan

- အမေရဲ့အချစ်ဆိုတာလောင်စာမီးလိုပါပဲ။ ပုံမှန်လူတစ်ယောက်လုပ်ဖို့ မဖြစ်နိင်တာကို ဖြစ်စေပါတယ်။ ( အမေဟာ ကိုယ်သားသမီးကို အမြဲကောင်းစေချင် အမြဲ ထိပ်ဆုံးမှာ ရှိနေစေချင်တဲ့ တစ်ဦးတည်းသော မာတာမိခင်ပါ )
Marion C. Garretty

- အမေဆိုတာ ကလေးတွေ ( ကျတော်တို့တစ်တွေ) ရဲ့ အသည်းနှလုံးထဲမှာ ရှိပြီး နှုတ်ခမ်းဖျားက အမြဲတမ်း ခေါ်နေရတဲ့ အားထားရာပါ။

William Makepeace Thackeray

M-O-T-H-E-R အမေဆိုတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် (၁)

“M” is for the million things she gave me, အရာပေါင်းများစွာ၊ ပေးဆပ်မူပေါင်းများစွာ ကျတော်တို့ကိုပေးဆပ်တဲ့အတွက် M ( Million )

“O” means only that she’s growing old,
" အို "(old ) ရဲ့ အဓိပ္ပာယ်အတွက် သူမကိုယ်သူမ အိုမင်းခံပြီး ကျတော်တို့အတွက် ဖြစ်စေခဲ့တယ်။

“T” is for the tears she shed to save me,
" တီ " (tears) သည် ကျတော်တို့အတွက် စီးဆင်းသွားသော ငိုခဲ့သော မျက်ရည်များအတွက်ပါ။

“H” is for her heart of purest gold;
" အိတ်ခ်ျ " (heart) ဆိုတာက သူမရဲ့ နှလုံးသားထဲမှာ ရှိတဲ့ အသန့်စင်ဆုံး ရွှေ ( မေတ္တာ) အတွက်ပါ။

“E” is for her eyes, with love-light shining,
" အီး " (eyes) ဆိုတာက မေတ္တာအလင်းတန်းတွေနဲ့တောက်ပနေတဲ့ သူမရဲ့ မျက်လုံးများအတွက်ပါ။

“R” means right, and right she’ll always be,
" အာ " (right ) ဆိုတာက ကျတော်တို့ကို အမှန်တွေကို အမြဲတမ်းလမ်းညွှ့န်းပြသနေတဲ့အတွက် ပါ

ဒါတွေကို အတူတကွ ပေါင်းစပ်လိုက်မယ်ဆိုရင် Mother လို့ခေါ်တဲ့ အမေကို ဖြစ်စေပါတယ်။

Aung Heine ...
Smart Pro Journal

ဒေါ်အောင်ဆန်းစုကြည် မအူပင်မြို့  ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြော ရှင်းလင်းပွဲ အသံဖိုင် အပြည့်အစုံ


 ဒေါ်အောင်ဆန်းစုကြည် မအူပင်မြို့  ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြော ရှင်းလင်းပွဲ အသံဖိုင် အပြည့်အစုံ နားဆင်နိုင်ပါရန်.... NLD Chairperson.


 



ကျန်းမာရေးကိုအထောက်အကူပြုသော လူနေမှုစနစ်


ဒေါက်တာလွင်သန့် (ဆေး-၂)

သားဟာ မိမိတို့ဘဝတိုးတက်ဖို့၊ မိမိတို့၏ကျန်းမာရေး ပိုမို ကောင်းမွန်လာဖို့၊ ကောင်းသထက်ကောင်း မွန်တဲ့စီမံမှုတွေ၊ အာဟာရတွေ၊ ဆေး တွေ၊ နေထိုင်မှုပုံစံသစ်တွေနဲ့ နေခဲ့ကြ တယ်။ ပိုမိုကောင်းမွန်တဲ့နေထိုင်မှုစနစ် သစ် (၆)ခု ဖော်ပြလိုက်ပါတယ်။

(၁) ကော်ဖီသောက်ပါ။

ကော်ဖီတစ်ခွက်နေ့စဉ်သောက် ရင် ဦးခေါင်းပိုင်းနဲ့လည်ပင်းတစ်လျှောက် ကင်ဆာဖြစ်ခြင်းမှကာကွယ်တယ်။ လေ့ လာမှု (၁ဝ)ခုအရ ကော်ဖီ၊ လက်ဖက်ရည် သောက်သူများဟာ မသောက်သူများ ထက် ကင်ဆာဖြစ်နိုင်ခြေနည်းတာကို တွေ့ရတယ်။

(၂) ပင်လယ်ငါးစားပါ။

လူများဟာ ပင်လယ်ငါးစား ခြင်းဖြင့် အိုမီဂါ (၃)၊ အိုမီဂါ (၆)နဲ့ ဖော လစ်အက်စစ်တို့ရရှိတယ်။ ပင်လယ်ငါး ကို တစ်ပတ်မှာ နှစ်ကြိမ်ထက်ပိုစားသင့် တယ်။ အထူးသဖြင့် အမြင်အာရုံ၊ အ ကြားအာရုံတိုးတက်စေရာမှာ ၅၈ ရာ ခိုင်နှုန်းက ကြားမှုစွမ်းရည်ပိုကောင်းစေ တယ်။ ငါးကြီးဆီမှာပါတဲ့ ဗီတာမင်အေ က အမြင်အာရုံကောင်းစေတယ်။

(၃) စာရေးသားခြင်း။

နေ့စဉ် ဒိုင်ယာရီရေးသူဟာ အချိန်ကိုအကျိုးရှိရှိ သုံးနိုင်တာတွေ့ရ တယ်။ အထူးသဖြင့် ဂနာမငြိမ်ရောဂါ မှာ လူတို့ထင်သလို၊ တွေးသလို၊ ရည်ရွယ် ချက်၊ ထင်မြင်ချက်ခံစားမှုတို့မှာ မသက် မသာမဖြစ်စေဘူး။ အချိန်မိနစ် ၃ဝ တစ်ခု စာ စာရေးကြည့်ပါ။ တစ်ပတ်နှစ်ကြိမ် လောက် မှတ်တမ်းရေးပါ။ အချိန်ကိုအ ကျိုးရှိရှိ သုံးလာနိုင်တာတွေ့ရမယ်။

(၄) အားကစားလုပ်ပါ။

နေ့စဉ်နာရီဝက်အားကစား (အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး) လုပ် ပါ။ ပိုလျှံတဲ့ကယ်လိုရီလောင်ကျွမ်းစေလို့ အဆီဖြစ်ခြင်းမှ ကာကွယ်ပေးကာ၊ အဝလွန်ခြင်းကိုတားဆီးပေးတယ်။ အ မေရိကန်ကင်ဆာအဖွဲ့တစ်ခုက အချိန် များများအားကစားနည်းပြလုပ်သူဟာ မလုပ်သူ အမျိုးသမီးများထက် ရာခိုင်နှုန်း ၄ဝ ကင်ဆာဖြစ်မှုလျော့နည်းစေကြောင်း တွေ့ရတယ်။ အားကစားမလုပ်တဲ့ အ မျိုးသားများဟာ သေဆုံးမှု ၁၈ ရာခိုင် နှုန်းမြင့်တက်စေတယ်လို့ဆိုတယ်။

(၅) ဈေးကြီးတဲ့ဆေးများ ရှောင်ပါ။

ဈေးကြီးတဲ့ဆီးရွှင်ဆေးဟာ သွေးပေါင်ချိန် လျော့နည်းစေတယ်။ သွေး ပေါင်မြင့်သူများကို ပေးတယ်။ လေ့လာ မှုအရ အခြားသွေးပေါင်ထိန်းဆေးများနဲ့ သွေးတိုးကို ထိန်းသင့်တယ်လို့ဆိုတယ်။ အားဆေးတန်ဖိုးကြီးကြီးဝယ်စားမယ့် အစား အစာအာဟာရနဲ့ လေ့ကျင့်ခန်း (အားကစား)ကို လုံလောက်စွာရယူသင့် တယ်လို့ဆိုတယ်။

(၆) စိတ်ဓာတ်မြှင့်ပါ။

လေ့လာမှုတစ်ခုအရ စိတ် ဓာတ်ကျဆင်းသူဟာ ကြာရင် ဦးနှောက် ကျုံ့သွားတယ်။ အဲဒီကနေ စိတ်ဓာတ် မကျအောင် ကိုယ့်ဘာသာမြှင့်တင်သင့် တယ်။ လူမှုဆက်ဆံရေးအသိုင်းအဝိုင်း နဲ့ဝင်ဆံ့ပြီး အဓိပ္ပာယ်ရှိတဲ့ ဘဝလူနေမှု စနစ်အတွင်း စိတ်ထားမြင့်မြတ်အောင် ကျွမ်းကျင်သူ၊ ဆရာဝန်၊ ပညာရှင်များ ရဲ့အကူအညီနဲ့ ကုစားသွားသင့်တယ် လို့ဆိုတယ်။

Ref: Reader's Digest


ဒါဏ်ငွေ ပေါင် ၁ သောင်း ချမှတ်ခံလိုက်ရသည့် မော်ရင်ဟို

Photo: ဒါဏ်ငွေ ပေါင် ၁ သောင်း ချမှတ်ခံလိုက်ရသည့် မော်ရင်ဟို
-----------------------------------------------------------

.......... ချဲလ်ဆီး အသင်းဧ။် မန်နေဂျာ ဂျို့ စ် မော်ရင်ဟို သည်
ဆန်းဒါးလန်း အသင်းအား ၂-၁ ဖြင့် အရှုံးပေးခဲ့ရသည့် ပွဲစဉ်
တွင် ကွင်းလယ် ဒိုင်လူကြီး အား ပြင်းထန်စွာ ဝေဖန် သရော်
ခဲ့သဖြင့် အင်္ဂလန် ဘောလုံး အဖွဲ့ ချုပ် အက်ဖ်အေ ဧ။် ဒါဏ်ငွေ
ပေါင် ၁ သောင်း တပ်ခံလိုက်ရပြီ ဖြစ်သည်။ 
.......... ပေါ်တူဂီသား မန်နေဂျာ သည် သူဧ။် အိမ်ကွင်း ၇၇ ပွဲ
ရှုံးပွဲ မရှိ စံချိန်အား ရိုက်ချိုးခံလိုက်ရသည့် အဆိုပါ ပွဲစဉ်တွင် 
ကွင်းလယ် ကြီးကြပ်ဒိုင်လူကြီး မိုက်ခ်ဒိန်း အား မယုံကြည်နိုင်
လောက်အောင် ပြောင်မြောက်ထူးချွန်သူ ၊ သူဧ။် လိုချင်တဲ့ ရလဒ်
ကို မရ ရအောင် စွမ်းဆောင် သွားနိုင်ခဲ့သူ ဟု သရော် ခဲ့သဖြင့်
ယခုကဲ့သို့  ဒါဏ်ငွေ ရိုက်ခံလိုက်ရခြင်း ဖြစ်သည်။
......... ယခု ဒါဏ်ငွေ ပေးဆောင် ရခြင်း သည် ယခုနစ်ရာသီ
မော်ရင်ဟို ဧ။် ပထမဆုံး အကြိမ် ဒါဏ်ရိုက်ခံရခြင်း မဟုတ်ပဲ 
ပြီးခဲ့သည့် မတ် လ ကလည်း အင်စတွန်ဗီလာ အသင်းအား 
ဗီလာပါ့ခ် တွင် အရှုံးပေးခဲ့ရသည့် ပွဲစဉ်တွင်လည်း ကွင်းလယ်
ဒိုင်လူကြီး ခရစ်ဖွိုင်း အား ဝေဖန် ခဲ့သဖြင့် ဒါဏ်ငွေ ပေါင် 
၈၀၀၀ ထောင် ချမှတ်ခြင်း ခံခြ့ရပြီး ဖြစ်သည်။ 

#၀ိုင်း
 
 ချဲလ်ဆီး အသင်း၏ မန်နေဂျာ  မော်ရင်ဟို သည် ဆန်းဒါးလန်း အသင်းအား ၂-၁ ဖြင့် အရှုံးပေးခဲ့ရသည့် ပွဲစဉ်တွင် ကွင်းလယ် ဒိုင်လူကြီး အား ပြင်းထန်စွာ ဝေဖန် သရော်ခဲ့သဖြင့် အင်္ဂလန် ဘောလုံး အဖွဲ့ ချုပ် အက်ဖ်အေ၏ ဒါဏ်ငွေ ပေါင် ၁ သောင်း တပ်ခံလိုက်ရပြီ ဖြစ်သည်။

.......... ပေါ်တူဂီသား မန်နေဂျာ သည် သူ၏ အိမ်ကွင်း ၇၇ ပွဲ ရှုံးပွဲ မရှိ စံချိန်အား ရိုက်ချိုးခံလိုက်ရသည့် အဆိုပါ ပွဲစဉ်တွင် ကွင်းလယ် ကြီးကြပ်ဒိုင်လူကြီး မိုက်ခ်ဒိန်း အား မယုံကြည်နိုင်လောက်အောင် ပြောင်မြောက်ထူးချွန်သူ ၊ သူ၏ လိုချင်တဲ့ ရလဒ်ကို မရ ရအောင် စွမ်းဆောင် သွားနိုင်ခဲ့သူ ဟု သရော် ခဲ့သဖြင့် ယခုကဲ့သို့  ဒါဏ်ငွေ ရိုက်ခံလိုက်ရခြင်း ဖြစ်သည်။

......... ယခု ဒါဏ်ငွေ ပေးဆောင် ရခြင်း သည် ယခုနစ်ရာသီ မော်ရင်ဟို ၏ ပထမဆုံး အကြိမ် ဒါဏ်ရိုက်ခံရခြင်း မဟုတ်ပဲ
ပြီးခဲ့သည့် မတ် လ ကလည်း အင်စတွန်ဗီလာ အသင်းအား ဗီလာပါ့ခ် တွင် အရှုံးပေးခဲ့ရသည့် ပွဲစဉ်တွင်လည်း ကွင်းလယ်ဒိုင်လူကြီး ခရစ်ဖွိုင်း အား ဝေဖန် ခဲ့သဖြင့် ဒါဏ်ငွေ ပေါင် ၈၀၀၀ ထောင် ချမှတ်ခြင်း ခံခဲ့ရပြီး ဖြစ်သည်။
 

“တရားမျှတတဲ့ ငြိမ်းချမ်းရေး ဖြစ်ဖို့ လိုလားတယ်”


KNU ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန် (ဓာတ်ပုံ – ဟိန်းထက် / ဧရာဝတီ)

သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် မကြာခဏဆိုသလို တွေ့ဆုံခွင့်ရရှိခဲ့သော ကရင် အမျိုးသား အစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖောသည် ဧပြီလ ၂၆ ရက်နေ့ နှင့် ဧပြီလ ၂၈ ရက်နေ့ တွင် ‘၀’ ပြည် သွေးစည်း ညီညွတ်ရေး ပါတီ(UWSP) ၊ ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ ၄ ၊ ငြိမ်းချမ်းရေးနှင့် စည်းလုံး ရေး ကော်မတီ (NDAA) အပါအ၀င် တိုင်းရင်းသား အဖွဲ့အစည်းများကို တွေ့ဆုံခဲ့သည်။ ယင်းနောက် မေလတွင် KNU ဒုတိယ ဥက္ကဋ္ဌ နော်စီဖိုးရာစိန် သည် ဧရာဝတီ တိုင်း ဒေသကြီး၊ ပုသိမ်မြို့၊ ပဲခူးတိုင်းနှင့် ရန်ကုန်မြို့တို့သို့ ရောက်ရှိ လာပြီး အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့၊ လူမှုရေးအဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင် တချို့၊ ကရင် ပြည်သူ လူထုနှင့်တွေ့ဆုံမှုများ ပြုလုပ် ခဲ့သည်။

ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် ငြိမ်းချမ်းရေး ပျက်ပြား နိုင်သည်ဟု တိုင်းရင်းသား များက ပြောဆိုနေချိန် KNU ခေါင်းဆောင်များ၏ ခရီးစဉ်များကြောင့် အနာဂတ် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး အခန်းကဏ္ဍတွင် KNU မည်သို့ မည်ပုံ ဆက်လက်ပါဝင်လာမည်ကို တိုင်းရင်းသားများနှင့် နိုင်ငံရေး အသိုင်းအ၀ိုင်း က စိတ်ဝင်တစား စောင့်ကြည့် နေကြရာ ဧရာဝတီအကြီးတန်းသတင်းထောက် နန်းဆိုင်နွမ်က KNU ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန် ရန်ကုန် ရောက်ရှိ နေချိန် သွားရောက် တွေ့ဆုံ မေးမြန်းထားသည်။

မေး။ ။ KNU ခရီးစဉ်တွေမှာ ကရင်ပြည်သူတွေနဲ့တွေ့ဆုံတော့ ဘာတွေပြောဖြစ်လဲ။ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ဒီလို ပြည်သူတွေကို တွေ့ရတာလဲ။

ဖြေ။ ။ ဒီ ခရီးစဉ်နဲ့ ကျမတို့ ရည်ရွယ်ချက် ကတော့ ကျမတို့သွားနေတဲ့ လမ်းစဉ် တွေကို ပြည်သူလူထုတွေရဲ့ အမြင်၊ သူတို့ရဲ့ အသံ ကို သိချင်တယ်။ ပြီးတော့ သူတို့ ပါဝင်ပတ်သက်မှု ရှိလာအောင် စုဆောင်းနေပါတယ်။ ပြီးတော့ ကျမတို့ သွားနေတဲ့ ငြိမ်းချမ်းရေး လမ်းစဉ် ဘယ်အထိ ရောက်နေပြီလဲ။ ဘာတွေ အခက်အခဲဖြစ်နေလဲ ဆိုတာ ပြည်သူတွေကို ရှင်းပြပြီးတော့ သူတို့လည်း ပိုနားလည် လာပြီး ပါဝင် လာနိုင်အောင် ရှင်းပြတာပါ။ ပြည်သူတွေကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကိုထောက်ခံတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိဖို့ သူတို့မျှော်လင့်ကြတယ်။ ပြီးတော့ KNU ကို အမြဲထောက်ခံကြတယ်။ ငြိမ်းချမ်းရေးမှာ သူတို့ တတ်သမျှ ပါဝင်ပူးပေါင်းဖို့ ပြောပြ တယ်။ လူငယ်တွေလည်းပဲ ပါဝင်နိုင်ဖို့အတွက် ဘာတွေလုပ်ဆောင်ရမှာလဲ ဆိုတဲ့ အသံတွေကိုသူတို့ဆီက ရတယ်။ တချို့ကတော့ စိုးရိမ်မှု ရှိတယ်။ သူတို့ရဲ့ စိုးရိမ်မှု ကတော့ တဖက်က ငြိမ်းချမ်းရေး စကားပြောနေပြီး၊ တဖက်က တိုက်ပွဲတွေပြန်ဖြစ်နေတယ်။ ငြိမ်းချမ်းရေး လမ်းစဉ်မှာ အခက်အခဲတွေဖြစ် လာနိုင်လား ဆိုတာတွေကို သူတို့က မေးလာပါတယ်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ရော နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က ဦးအောင်မင်း တို့နဲ့ရော တွေ့တယ်ဆိုတော့ ဘာတွေ ဆွေးနွေးဖြစ်လဲ။

ဖြေ။ ။ ပါတီအဖွဲ့ အစည်းနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ တွေ့ဆုံတဲ့အခါမှာ အရေးကြီးတဲ့ အချက်က ကျမတို့ သွားနေတဲ့ ငြိမ်းချမ်းရေး ရရှိဖို့ အတွက်ပေါ့။ အဲဒါကတော့ အားလုံး ပါဝင်ပြီး ကျမတို့ လိုချင်တဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရနိုင်မယ်လို့ ကျမတို့ ယုံကြည်တယ်။ ကျမတို့ ဝိုင်းဝန်း ပူးပေါင်းပြီးတော့ ဘယ်လို ပါဝင်နိုင်အောင် အတူတကွ ဆောင်ရွက်နိုင်မှာလဲ ဆိုတာကို ဆွေးနွေးကြတယ်။ ကျမတို့ သွားနေတဲ့ အပစ်အခတ် ရပ်စဲရေး က ဘယ်အထိရောက်နေပြီလဲ။ အခက်အခဲတွေ၊ အမြင်တွေကို သူတို့နဲ့ ဖလှယ်ပြီးတော့ တဖွဲ့ ချင်းစီ ဘယ်လို ပါဝင် ပူးပေါင်းနိုင်မလဲ ဆိုတာ ပြောကြတယ်။ အမြင်တွေ ဖလှယ်ကြတယ်။ နောက်ပြီး ကျမ အနေနဲ့ ပြည်သူတွေနဲ့တွေ့တဲ့ ခရီးစဉ် ၁၂ ရက်လောက်သွားမယ်။ အစတော့ ပုသိမ်၊ ပန်းတနော် ၊ ပုသိမ်အနောက်ပိုင်းက အုန်းချောင်းရွာ၊ မြောင်းမြ နဲ့ ရန်ကုန်ပါ။ နောက်ပြီး ရန်ကုန်ကနေပြီးတော့ ပဲခူး ကျောက်ကြီးမှာ ရှိတဲ့ ကရင်ပြည်သူတွေ နဲ့လည်း တွေ့မယ်။ ပြီးတော့ ဘားအံ ဘက်ကို ထပ်ပြီး သွားမှာပါ။

မေး။ ။ မြန်မာပြည်ရဲ့ လက်ရှိ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တွေကို ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ငြိမ်းချမ်းရေး တွေ့ဆုံပွဲတွေကို ပြည်သူလူထုတွေက စိုးရိမ်မှုတွေ ရှိသလို ကျမတို့လည်း စိုးရိမ်မှုတွေ ဖြစ်နေပါတယ်။ အခုဖြစ် ပျက်နေတဲ့ ကျမတို့ တိုင်းရင်းသားတွေနဲ့ အစိုးရ တို့အကြား တွေ့ဆုံတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေရဲ့ အခက်အခဲတွေကို ကျမတို့ ဘယ်အ ထိ ရောက်နေပြီဆိုတာကို ရှင်းလင်း တာဖြစ်တယ်ပေါ့။ အခု ကြည့်မယ်ဆိုရင် အားလုံး လိုလားနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ တပြည်လုံး အတိုင်း အတာ အပစ်အခတ် ရပ်စဲရေး ဖြစ်ချင်တယ်။

ကျမတို့ အခုလောလောဆယ် သွားနေတဲ့ လမ်းကြောင်းမှာ တဖက်ကလည်း ကချင်မှာ ဖြစ်ပျက်နေတဲ့ စစ်ပွဲတွေကို ကျမတို့ အများကြီး စိုးရိမ်တယ်။ ဒါကို ကြည့်ခြင်းအားဖြင့် သွားနေတဲ့ လမ်းကြောင်းကို ပြည်သူတွေဘက်က ယုံကြည်မှု အားနည်းလာ နိုင်တဲ့ အပိုင်းရှိတယ်။ စိုးရိမ်မှုတွေ အများကြီးရှိကြတယ်။ အဲဒါကို ဝန်ကြီး ဦးအောင်မင်းနဲ့တွေ့ တဲ့အခါမှာ ကျမတို့ရဲ့ စိုးရိမ်မှုတွေ၊ ပြည်သူ တွေရဲ့ စိုးရိမ်မှုတွေ ကို တင်ပြဆွေးနွေးဖြစ်တယ်။ အထူးသဖြင့် ကချင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ စစ်ပွဲတွေ အကြောင်းကိုလည်း ကျမတို့ တင်ပြတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို ဆောင်ရွက်နေချိန်၊ အပစ်ခတ်ရပ်စဲရေး စကားပြောနေတဲ့ အချိန်ကာလတွေမှာ စစ်မဖြစ်ဖို့ အရေးကြီးတယ်၊ စစ်အင်အား သုံးပြီးတော့ လုပ်ဆောင်တဲ့ အတွက်ကြောင့် ဆက်လက်ဆောင်ရွက်မယ့် ကိစ္စတွေကို အနှောင့်အယှက်တွေ ဖြစ်လာနိုင် ပါတယ်။

မေး။ ။ ငြိမ်းချမ်းရေး ဖော်ဆောင်နေချိန်မှာပဲ မြန်မာအစိုးရ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော်( KIA ) တို့ အကြား တိုက်ပွဲ တွေ ပြန်ဖြစ်နေတဲ့ အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ငြိမ်းချမ်းရေး ကိုတော့ ကျမတို့ ဆက်လက်ပြီး ကြိုးစားသွားမှာပါ။ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီးတော့ အစိုးရ ဘက်ကရော စစ် တပ်ရဲ့ အခန်း ကဏ္ဍပါ အရေးကြီးပါတယ်။ ကျမတို့ကတော့ မျှော်လင့်နေတုန်းပါပဲ။ ကျမတို့တွေ အဲဒါကို ဦးတည်ပြီး စကားပြောကြမယ်။ စကားပြောနေတဲ့ အချိန်မှာ စစ်ပွဲတွေဖြစ်တော့ ကျမတို့ အတွက် အခက်အခဲကြုံရတာပေါ့။

မေး။ ။ အစိုးရ ရဲ့ ထုတ်ပြန်ချက်မှာ တိုင်းရင်းသားတွေကြောင့် တိုက်ပွဲပြန်ဖြစ်နေတယ်လို့ ပြောထားတယ်။ အဲဒီ အပေါ်မှာရော ဘယ်လို မှတ်ချက်မျိုး ပေးလိုပါသလဲ။

ဖြေ။ ။ ကျမတို့ တိုင်းရင်းသားတွေအနေနဲ့ စစ်ကို လိုလားတာ၊ စစ်တိုက်ချင်တာ လုံးဝ မရှိပါဘူး။ မြန်မာ တပြည်လုံး ငြိမ်းချမ်းရေး ဖြစ်ဖို့ အတွက်ပဲ ကျမတို့ မျှော်မှန်းတယ်။ ကြိုးစားနေတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ တန်းတူညီမျှတဲ့ ငြိမ်းချမ်းရေး၊ တရားမျှတတဲ့ ငြိမ်းချမ်းရေး ဖြစ်ဖို့ လိုလားတယ်။ မျှော်လင့်တယ်။

မေး။ ။ ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေအားလုံး တဖွဲ့ တည်းဖြစ်လာဖို့ ဘယ်လောက်ထိ မျှော်လင့်ထားတယ် ဆိုတာလည်း သိပါ ရစေ။

ဖြေ။ ။ ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေ အားလုံး တဖွဲ့တည်းဖြစ်လာဖို့ အတွက် အကောင်အထည်ဖော်လို့ ရမယ် ထင်ပါတယ်။ ပထမ အဆင့်ကတော့ ကျမတို့ အမျိုးသားရေး ကိစ္စ ကိုပဲ ပြန်လည် စုစည်းတာဖြစ်တယ်။ အခုဆိုရင် တပြည်လုံး ပစ်ခတ်ရပ်စဲရေးကို ကျမ တို့ပြန်ပြီးတော့ သဘောတူတာတွေရှိပါတယ်။ နောက်နိုင်ငံရေးဆွေးနွေးတဲ့ အခါမှာလဲ KNU က ဦးဆောင်ပြီး ဆွေးနွေးတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံရေး ဦးတည်ချက်ကတော့ အတူတူပါပဲ။ မူအရ လည်းကွဲလွဲမှု မရှိပါဘူး။ အခုလောလောဆယ်မှာတော့ နည်းနည်း ကွဲလွဲမှုတွေတော့ရှိတာပေါ့။ စုစည်းမှုကတော့ အမျိုးသားရေး စုစည်းမှုနဲ့ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးကိစ္စကို ဘယ်လိုပုံစံ နဲ့သွားမှာလဲ။ သဘော တူညီမှုတွေအရ နိုင်ငံရေး ဦးတည်ချက်၊ နိုင်ငံရေး ရည်မှန်းချက်တွေကိုတော့ စုစည်းလို့ရပါပြီ။

မေး။ ။ Traders ဟိုတယ် ဗုံးပေါက်ကွဲမှုနဲ့ပတ်သတ်ပြီးတော့ KNU အဖွဲ့ရဲ့ အောက်ခြေ က ပါဝင်ပတ်သက်မှုရှိတယ်လို့ သတင်းတွေ ထွက်ခဲ့တယ်။ အဲဒါနဲ့ပတ်သက်လို့…။

ဖြေ။ ။ ကျမတို့ အောက်ခြေကို ပြန်လည်မေးကြည့် တဲ့အခါ၊ စစ်ဆေးမှု လုပ်တဲ့အခါမှာတော့ မဖြစ်ဘူး။ မဟုတ်ဘူး။ ဒီအချိန် ကာလ မှာ ဟိုအဖွဲ့ ဒီအဖွဲ့လို့ ပြောလို့ မရပါဘူး။ ဒီလို အချိန် ကာလမျိုးမှာ ဘယ်သူက ပတ်သက်တယ် ဆိုတာကို တိတိကျကျ မလုပ်ဘဲ ဒီိလိုပြောလို့မရပါဘူး။ KNU အနေနဲ့ကတော့ ထုံးစံမရှိဘူး။ ကျမတို့ ပြန်ပြီးစစ်တဲ့အခါမှာလည်း မရှိဘူးပေါ့။ အောက်ခြေမှာလည်း ဘာမှ မပတ်သက်ဘူး။ ကျမတို့ KNU နဲ့ ပတ်သက်မှု မရှိဘူးဆိုတာကိုတော့ သက်ဆိုင်သူတွေကို ကျမတို့ပြန်ပြောတာရှိပါတယ်။ သမ္မတ ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ် ကို လည်း ပြောပြ ထားပါတယ်။

မေး။ ။ KNU နဲ့ မြန်မာ အစိုးရတို့ကြားမှာ တိုက်ပွဲတွေ ဖြစ်တာ မရှိတော့ဘူးဆိုတော့ လက်ရှိမှာ အပစ်အခတ်ရပ်စဲရေး အခြေအနေ ဘယ်အတိုင်းအတာအထိ လုပ်ဆောင်နိုင်ပြီလဲ။

ဖြေ။ ။ ကျမတို့က အပစ်ရ်ရေး ပဏာမ အဆင့်ပဲ လက်မှတ်ထိုးထားပါသေးတယ်။ ခိုင်မာတဲ့ အပစ် အခတ် ရပ်စဲရေး ရရှိဖို့အတွက် KNU အနေနဲ့ကတော့ အပစ်ခတ် ရပ်စဲရေးရဲ့ စည်းမျဉ်း စည်းကမ်း ဥပဒေရဲ့ သဘောတူညီချက်ကို လိုအပ်တယ်။ အပစ် အခတ်ရပ်စဲရေး စည်းမျဉ်း စည်းကမ်း ဥပဒေကို လိုက်နာစောင့်ရှောက် ဖို့အတွက် နှစ်ဖက် စစ်တပ်လိုက်နာဖို့အတွက် သဘောတူညီတဲ့ အဆင့် မရောက်သေးဘူး။ အဲဒါကို ကျမ တို့ ဆွေးနွေးတာပဲရှိသေးတယ်။

ကျမတို့ KNU ရဲ့ ယုံကြည်ချက်ကတော့ စစ်မှန် ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေး ရရှိဖို့ သဘောတူညီချက် စည်းမျဉ်း စည်းကမ်းရှိရမယ်။ နှစ်ဖက်က လိုက်နာပြီးတော့ လေ့လာစောင့်ကြည့်ရေး အဖွဲ့ရှိရမယ်။ အဲဒါမှ လည်းပဲ ဘယ်သူမှား ဘယ်သူမှန်တယ် ဆိုတာသိရမယ်။ အခု ကျမတို့ အပစ်အခတ်ရပ်စဲရေး ပဏာမ လက်မှတ်ထိုးတာ ၂ နှစ်ကျော်ပြီ။ အပစ်အခတ်ရပ်စဲရေး စည်းမျဉ်း စည်းကမ်းကို ပြီးအောင်မလုပ်နိုင်သေးဘူး။ မဆွေးနွေးရသေးဘူး။ ကရင်ပြည်နယ် မှာရှိနေတဲ့ ရှေ့တန်း လှုပ်ရှားမှု တပ်စခန်းကလည်း ရှိနေသေး တယ်။ အပစ်အခတ်ရပ်စဲရေး စည်းမျဉ်းစည်းကမ်းနဲ့ဆိုင်တယ်။ ဥပမာ- ဘယ်နေရာမှာ ကျမတို့ ဆွေးနွေးရမယ်။ ဘယ်နေရာမှာ လက်နက်မပါဘဲ သွားရမယ်ဆိုတာ ဆွေးနွေးရမယ်။

မေး။ ။ ပြည်ပရောက် ဒုက္ခသည်တွေ မြန်မာပြည်ပြန်လာနိုင်ဖို့ အတွက် ဘယ်လို စီစဉ်ပေးနေပါသလဲ။

ဖြေ။ ။ အခု ကျမတို့ ငြိမ်းချမ်းရေး စကားပြောနေတဲ့ အချိန်ပဲ ရှိသေးတယ်လေ။ ဒါပေမယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ တရား မျှတတဲ့ ငြိမ်းချမ်းရေး ကလည်း ဆွေးနွေးနေတုန်းပဲရှိပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေး လောက်ပဲ ဆွေးနွေးနေ တုန်းပါ။ နိုင်ငံရေး ဆွေးနွေးမှုတောင် မရောက်သေးဘူး။ တပြည်လုံး အပစ် အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်မှာ ပါတဲ့ အချက်တွေ အာမခံချက်တွေ ရှိပြီးတော့ သဘောတူညီချက်ကို လက်မှတ်ထိုးပြီးမှ နိုင်ငံရေး က စတင်ဆွေးနွေးလို့ရမယ်။ ဒါကလည်း သဘော တူညီချက်ထဲမှာ ပါပါတယ်။

နိုင်ငံရေး ဆွေးနွေးတဲ့အခါမှပဲ ကျမတို့ က ဘယ်လို ငြိမ်းချမ်းရေးမျိုးကိုလိုချင်တယ်ဆိုတာကို ဆွေးနွေးမယ်။ တရား မျှတတဲ့ ပုံစံနဲ့ နေချင်တယ်။ ရချင်တယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ကိုလုပ်ဆောင်မယ်။ လောလောဆယ်မှာတော့ ကျမတို့ အနေနဲ့ ဒုက္ခသည် ပြန် လည်နေရာချထားရေး ကိစ္စ က တခု။ ပြီးတော့ IDP ထိုင်းနယ် စပ်မှာက တခု ၊ နောက် တောထဲမှာနေနေတဲ့ သူတွေအားလုံးက နေရပ် ကိုပြန်နေဖို့ မရဲကြသေးဘူး။

အကြောင်းရင်းကတော့ တပ်ရှေ့လှုပ်ရှားမှု စခန်းတွေက ဆက်လက်တည်ရှိနေသေးတယ်။ ပြီးတော့ သူတို့ စခန်းတွေကို မွမ်းမံတာတွေ လုပ်ဆောင်နေတာတွေရှိနေတယ်။ ရွာသားတွေ အနေနဲ့ကတော့ သူတို့ရွာတွေကို ပြန်ချင်တယ်။ လယ်ယာတွေလုပ်ချင်တယ်။ ဒါပေမယ့် လုံခြုံမှု မရှိသေးဘူးလို့ ခံစား နေရသေးတယ်။ သူတို့ကို သွားရောက်မေးကြည့်တဲ့အခါမှာ သူတို့ မပြန်ရဲဘူး။ သူတို့ အတွက်ကတော့ စစ်တပ်ရဲ့ လှုပ်ရှားမှု စခန်းတွေရှိတဲ့ ရွာအနီး၊ လယ်ယာတွေ အနီး၊ အများ နေတဲ့နေရာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတို့ ရှိနေ ဆဲဆိုရင် ပြည်သူတွေအတွက် လုံခြုံမှု မရှိဘူး။ တကယ်ငြိမ်းချမ်းရေး စစ်မှန်တဲ့ငြိမ်းချမ်းရေး ရမယ်ဆိုရင် ဒုက္ခသည်အားလုံး က ပြန် ချင်ကြပါတယ်။ စိတ်လုံခြုံမှု လိုတယ်၊ ဒုက္ခသည်တွေ အတွက် အာမခံမှု မရှိသေးဘူးလို့ ထင်နေကြလို့ သူတို့တွေပြန်မလာကြသေးတာ။

မေး။ ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ပတ်သက်လို့ KNU ရဲ့ သဘောထားသိချင်ပါတယ်။

ဖြေ။ ။ ဒီ ဖွဲ့စည်းပုံ ဟာ ကျမတို့ တိုင်းရင်းသားတွေအတွက် အခွင့်အရေး အာမခံချက် မရှိဘူး။ ဖွဲ့စည်းပုံ ပြင်သင့်တယ်။ အသစ်ရေး ဆွဲရင်လည်း ရေးဆွဲပေါ့။ ဒါကို မပြင်ဘူးဆိုရင် အခက်အခဲတွေ၊ ဒီမိုကရေစီလမ်းကြောင်းလည်းမရှိဘူး။ ပြည်သူလူထုတွေရဲ့ သဘော တူညီချက် မပါရှိဘူး။ တိုင်းရင်းသားတွေအတွက်လည်း တန်းတူ ညီတူ အာမခံချက်မရှိဘူး။ ပြင်ဖို့လိုတယ်။ ဒီဖွဲ့စည်းပုံနဲ့ ကျမတို့ ဆက် သွားဖို့ အဆင်မပြေဘူးပေါ့။ ကျမတို့ကလည်း နိုင်ငံရေးဆွေးနွေးတဲ့အခါမှာ ဒါကို ထည့်ဆွေးနွေးရမှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ကျမတို့ တညီတညွတ်လက်တွဲပြီး တစုတည်း လုပ်ဆောင်မယ်ဆိုရင် မြန်မာပြည်ရဲ့ ကောင်းတဲ့ ပြောင်းလဲမှုကိုလည်း မြင်ရမယ်၊ အားလုံးမျှော်မှန်းနေတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပဲဖြစ်ဖြစ်၊ စစ်မှန်တဲ့ ယူနီယံပဲဖြစ်ဖြစ် ကျမတို့ ရရှိနိုင်တယ်။

မေး။ ။ KNU အနေနဲ့ အစိုးရ၊ စစ်တပ် ထိပ်တန်းခေါင်းဆောင်တွေနဲ့ မကြာခဏ တွေ့ခွင့်ရနေတော့ အနာဂတ်မှာ ဘယ်လို နိုင်ငံရေး အခန်းကဏ္ဍက ပါဝင်ဖို့ရှိလဲ။

ဖြေ။ ။ ကျမတို့ KNU အနေနဲ့တော့ ရွေးကောက်ပွဲဝင်ဖို့ ပါတီထောင်တာတွေ ဘာမှမစဉ်းစားပါဘူး။ အစိုးရနဲ့ တွေ့ပြီးတော့ အရေး ကြီးတဲ့ တပြည်လုံး အပစ်ခတ်ရပ်စဲရေး ရရှိဖို့၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိဖို့အတွက် ပါပဲ။ KNU တခုတည်း အတွက် မဟုတ်ဘူး၊ ပြည်သူ အားလုံး အတွက် ပထမ အချက်ပါပဲ။ KNU နဲ့ အစိုးရ အဖွဲ့ နှစ်ဖွဲ့တည်း ညှိပြီးတော့ အဆင်ပြေပေမယ့်လည်း တခြား တိုင်းရင်း သား နယ်မြေတွေမှာ စစ်ဖြစ်နေရင် ဘယ်လိုမှ တပြည်လုံး ငြိမ်းချမ်းရေး ရတော့မှာမဟုတ်ဘူး။ ပြီးတော့ ပြည်သူပြည်သားတွေ အတွက် လည်း ဘာမှ အကျိုးခံစားမှု ရှိမှာမဟုတ်ဘူး။ ကျမတို့ စကားပြောနေတာ ကျမတို့ မျှော်မှန်းနေတဲ့ တပြည်လုံး စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တိုင်း ရင်းသားတွေ အတွက်သာ မကပဲ ပြည်သူလူထု တရပ်လုံး ငြိမ်းချမ်းရေးရဲ့ အကျိုးကို အားလုံးက ခံစားပိုင်ခွင့် ရှိဖို့အရေးကြီးပါတယ်။

မေး။ ။ လက်ရှိ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး အလားအလာအပေါ် သုံးသပ်ချက် သိချင်ပါတယ်။

ဖြေ။ ။ တပြည်လုံး အပစ် အခတ်ရပ်စဲရေး ပဲဖြစ်စေ၊ တပြည်လုံး ငြိမ်းချမ်းရေး ရရှိဖို့အတွက်ဖြစ်စေ၊ ဒီပြဿနာ ကတော့ တိုင်းရင်း သားတွေနဲ့ အစိုးရ နှစ်ဖွဲ့ တည်း လုပ်ဆောင်လို့ ပြီးတဲ့ အရာမဟုတ်ဘူး။ ပြည်သူတွေ အားလုံးပါဝင်ရမယ်။ ပြည်သူတွေ အားလုံး ပါဝင် သင့်တယ်။ ဒီတလျှောက်လုံး ပြည်သူလူထုတွေ ငြိမ်းချမ်းရေးကို အကျိုး ခံစားဖို့ လိုအပ်နေတယ်။ ငြိမ်းချမ်းရေးဟာ ကျမတို့ မျှော်မှန်းနေ တဲ့ အပြောင်းအလဲ ဖြစ်တော့ အားလုံး အတွက်ပဲမြင်ချင်တယ်။

ပြည်သူ လူထုအားလုံး အကျိုး ခံစားရမှာကို မြင်ချင်ပါတယ်။ နိုင်ငံထဲမှာ ရှိတဲ့ပြည်သူတွေ အားလုံး သူ့ အခန်း ကဏ္ဍနဲ့သူ တပြည်လုံး ငြိမ်းချမ်းရေး ရရှိဖို့ လုပ်ဆောင်ဖို့လိုအပ်တယ်။ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေ၊ ဒီမိုကရေစီ အင်အားစုတွေ သူတို့ အခန်းကဏ္ဍ၊ လွှတ်တော် ထဲမှာပဲဖြစ်ဖြစ်၊ လုပ်ဆောင်တဲ့ အပိုင်းမှာလုပ်ဆောင်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒါကို ပူပေါင်းပြီး အားလုံး ညီညီ ညွတ်ညွတ် သွားဖို့ လိုအပ်တယ်။ ဒါမှ အားလုံး လိုအပ်နေတဲ့ မျှော်မှန်းနေတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရရှိမယ်။ အဲဒါမှ တရား မျှတတဲ့ ငြိမ်းချမ်းရေး ရရှိမယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။

http://thawthikho.blogspot.com/

ပြည်ပ ကုမ္ပဏီများ လုပ်ငန်းစတင်ချိန်မှ MPT မိုဘိုင်းလ်ဖုန်း ခေါ်ဆိုခ လျှော့ချမည်



အများပိုင် ကုမ္ပဏီအဖြစ် အသွင်ပြောင်းလဲရန် စီစဉ်နေသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ယခုနှစ်အတွင်း အော်ရီဒူး၊ တယ်လီနော စသည့် ပြိုင်ဘက် ကုမ္ပဏီများ လုပ်ငန်း စတင်ချိန်မှသာ မိုဘိုင်းဖုန်း ခေါ်ဆိုခများ လျှော့ချ ကောက်ခံမည် ဖြစ်ကြောင်း ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။ “ဈေးနှုန်းကိုတော့ အခုချိန်မှာ မပြောနိ...ုင်သေးပေမယ့် လူတိုင်း အဆင်ပြေပြေ သုံးစွဲနိုင်မယ့် ပြည်ပ ကုမ္ပဏီတွေနဲ့လည်း ယှဉ်နိုင်တဲ့ ဈေးနှုန်း ဖြစ်မှာပါ” ဟု ၎င်းက ဆိုသည်။

နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီများနှင့် ပူးပေါင်း၍ ပုဂ္ဂလိက ကုမ္ပဏီအဖြစ် အသွင်ပြောင်းရန် ပြင်ဆင်နေသော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက နောက်ပိုင်းတွင် အင်တာနက် သုံးစွဲမှုများကိုလည်း နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီများကဲ့သို့ သုံးစွဲသူ စိတ်ကြိုက် ရွေးချယ် ဝယ်ယူသည့် စနစ်သို့ ပြောင်းလဲရန် ပြင်ဆင်နေကြောင်း အဆိုပါ ဌာနထံမှ သိရသည်။

“မိုဘိုင်းဖုန်း ခေါ်ဆိုခတွေ လျှော့ချတာထက် ဝန်ဆောင်မှုတွေကို ပိုကောင်းအောင် အရင်လုပ်သင့်တယ်။ ဖုန်းခေါ်ဆိုခတွေ လျှော့လည်း ဒီလိုဝန်ဆောင်မှုတွေပဲ ထပ်ပေးနေမယ်ဆိုရင် ဘာမှမထူးဘူး။ ဒီအချိန်မှာ MPT ကို ပြည်သူတွေ ယုံကြည်လာအောင် လုပ်သင့်နေပြီ။ ပြည်ပ ကုမ္ပဏီတွေစမှ အသည်းအသန် ပြောင်းမယ်ဆိုရင်တော့ နောက်ကျနေပြီလို့ ထင်တယ်” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အငြိမ်းစား အရာရှိ ဦးသန်းဦးက ဆိုသည်။

ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ စတင်ရန် အဓိကကျသည့် ဆက်သွယ်ရေး လိုင်စင် ရရှိရေးအတွက် တင်ဒါအောင် ပြည်ပ ကုမ္ပဏီ နှစ်ခုဖြစ်သည့် အော်ရီဒူးနှင့် တယ်လီနောတို့က ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနနှင့် လိုင်စင် ကိစ္စရပ်များကို အပြီးသတ် ဆွေးနွေးနေပြီး ယခုနှစ်ဆန်းပိုင်းတွင် အပြီးသတ်နိုင်ဖွယ် ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။

အော်ရီဒူးက ဖုန်းခေါ်ဆိုခ တစ်မိနစ် ၄၅ ကျပ်၊ ဆင်းမ်ကတ်တစ်ခု ၁၅၀၀ ကျပ် ဖြင့် 3G စနစ် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပေးအပ်မည်ဟု ကြေညာထားပြီး တယ်လီနောက ဖုန်းခေါ်ဆိုခ တစ်မိနစ် ၂၅ ကျပ်၊ ဆင်းမ်ကတ် တစ်ခု ၁၅၀၀ ကျပ်ဖြင့် ဝန်ဆောင်မှုများ ပေးမည်ဟု ဆိုထားကာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကမူ မိုဘိုင်းဖုန်း ခေါ်ဆိုခ တစ်မိနစ်လျှင် ၅၀ ကျပ် ကောက်ခံနေသည်။

The Voice Weekly


ပိုက်ဆံတောင်းတဲ့ သူတွေမှာတွေ့ ရတတ်တဲ့ ကလေးတွေဟာ ဘာလို့ အမြဲ အိပ်နေကြတာလဲ


ပိုက်ဆံတောင်းတဲ့ သူတွေမှာတွေ့ ရတတ်တဲ့ ကလေးတွေဟာ ဘာလို့ အမြဲ အိပ်နေကြတာလဲဆိုတာ သင်သတိထားမိရဲ့ လား ။

ဘူတာရုံမှာ ညစ်ပေဟောင်းနွမ်းနေတဲ့အ၀တ်အစားနဲ့ ညစ်တီးညစ်ပတ်အမျိုးသမီး တစ်ဦးဟာ ခေါင်းငိုက်စိုက်ချပြီး ၀မ်းနည်းပူဆွေးခြင်းအပြည့်နဲ့  ထိုင်နေတယ် ။

အဲ့ဒီလိုညစ်ပတ်နေတဲ့ ကြမ်းပြင်မှာထိုင်နေတဲ့ အမျိုးသမီးဘေးမှာ ခရီးသွားလာတဲ့လူတွေ လှုတဲ့ အကြွေတွေ ထည့်ထားတဲ့အိတ်တစ်ခုရှိနေပြီး သူမလက်ထဲမှာ ညစ်ပတ်နေတဲ့ အ၀တ်စနဲ့ ထုပ်ထားတဲ့ ၂ နှစ်အရွယ် အိပ်ပျော်နေတဲ့ ကလေးလေးတစ်ယောက်ရှိနေပါတယ် ။
ခရီးသွားလာတဲ့ သူတွေတော်တော်များများတော့ သူမကို အကြွေလေးတွေ ပစ်ပေးကြတယ် ။ ကြင်နာတတ်တဲ့ လူတွေဟာ အမြဲတမ်း ကံမကောင်းတဲ့ ဒီလူတွေဘ၀ကို စာနာတတ်ကြတယ် ။ အကျီအ၀တ်အစားလေးကအစ ၊ ကိုယ့်မှာ တစ်ပဲတပြားရှိရင်တာင် အကျိုးအကြောင်း မစုံစမ်းပဲ လှုပစ်လိုက်ချင်ကြတယ် ။

ကျွန်တော် ဒီသူတောင်းစား ရှေ့ ကနေဖြတ်သွားဖြစ်တာ ကြာပါပီ ။ ဒါပေမယ့်လဲ တစ်ခါမှမလှုဖြစ်ခဲ့ဘူး ။ ဘာလို့ လဲဆိုတော့ အဲ့ဒီ သူတောင်းစားတွေကို လူတစ်ယောက်က အုပ်ချုပ်ပီး အဲ့ဒီလူက တော်တော်ချမ်းသာတဲ့ လူဖြစ်နေတာကို ကြားဖူးသိဖူးနေခဲ့လိုပဲ..။

တလလောက်အကြာ... လမ်းမှာ အဲ့ဒီသူတောင်းစားအမျိုးသမီးနဲ့  ကျွန်တော်ရုတ်တရတ် ၀င်တိုက်သလိုဖြစ်သွားခဲ့မိတယ် ။

ကျွန်တော်လမ်းကိုဆက်လျှောက်သွားမိတယ် အမျိုးသမီးလက်ထဲက ကလေးငယ်ကိုစူးစိုက်ကြည့်ရင်းနဲ့ .....။

ခုလိုမြေအောက်ရထားလမ်းမှာ မနက်မိုးလင်းကနေ ညမိုးချုပ်အထိ ညစ်ပတ်ပေရေနေတဲ့ အ၀တ်စထဲကကလေးငယ်လေးရဲ့ ဘ၀က ဘယ်လိုများလဲ၊
ကလေးငယ်ဟာ အိပ်ပျော်နေတယ် ၊ ဘယ်တော့မှ အော်ခြင်း ငိုခြင်းမရှိဘူး ။ သူ့ အမေလို့ ယူဆရတဲ့ အမျိုးသမီးရဲ့ ပေါင်ပေါ်မှာ အိပ်ပျော်နေတာကများတယ် ။

သင်တို့ မှာ အသက် ၁ နှစ်ကနေ ၃ နှစ်အထိ အရွယ်ရှိတဲ့ ကလေးငယ်တွေရှိကြလား ။ သူတို့ ဟာ တစ်ခါအိပ်ရင် ၂ နာရီထက်ကြာပီး နှစ်ခြိုက်စွာ အိပ်ပျော်တတ်ကြပါ့မလား ။
ဘယ်လိုပဲဖြစ်ဖြစ် ခုတွေ့ နေတဲ့ကလေးငယ်လေးကတော့ အမြဲအိပ်နေတတ်တယ် ။ အမြဲတမ်းပဲ ။ အဲ့ဒါကြောင့်လဲ ကျွန်တော့်စိတ်ဝင်စားမှုတွေတိုးလာခဲ့တယ် ။

" ဘာလို့  ကလေးက အမြဲတမ်းအိပ်ပျော်နေတာလဲ " ကျွန်တော်ကလေးငယ်ကိုစိုက်ကြည့်ရင်း သူမကို မေးလိုက်တယ် ။

သူတောင်းစားအမျိုးသမီးက ကျွန်တော့်မေးခွန်းကို မကြားချင်ယောင်ဆောင်ပြီး သူမ မျက်နှာကို ကော်လာအထူကြီးထောင်ထားတဲ့ ဂျက်ကင်အိင်္ကျီထဲထိ ခေါင်းစိုက်အောင် ငုံ့ ထားတယ် ။

ကျွန်တော်မေးခွန်းကို ထပ်မေးလိုက်တယ် ။

အမျိုးသမီး ကျွန်တော့်ကိုမော့်ကြည့်တယ် ၊ ပီးတော့ ကျွန်တော့်နောက်ကျော်ဖက်ကို မျှော်သလိုကြည့်လိုက်တယ် ..။

" သွားစမ်းပါ " သူမတိုးတိုးညည်းပီးပြောတယ် ။

ကျွန်တော့ရဲ့  အနောက်ဖက်ကနေ လူတစ်ယောက် ပခုံးကိုလာကိုင်တယ် ။ ကျွန်တော်လှည့်ကြည့်လိုက်တော့ အမျိုးသားတစ်ယောက် ။

"မင်းသူမဆီက ဘာလိုချင်လို့ လဲ ၊ သူ မဘ၀ ဘယ်လောက်ခက်ခဲလဲဆိုတာ မတွေ့ ဘူးလား" ပြောရင်းနဲ့  သူ့ အိပ်ကပ်ထဲက အကြွေတစ်စေ့ကို ထုတ်ပီး သူမကို လှမ်းပေးလိုက်တယ် ။
သူတောင်းစားအမျိုးသမီးက အတတ်နိုင်ဆုံးသနားစဖွယ်မျက်နှာနဲ့ ဖြစ်နေတယ် ။ ထိုလူကတော့ကျွန်တော့်ပခုံးပေါ်က သူ့ လက်ကို ဖယ်ပြီး မြေအောက်ဘူတာရုံထဲ ဆင်းသွားတယ် ။

သေချာတာတော့ ဒီလူအိမ်ရောက်ရင် သနားစဖွယ်သူတောင်းစားအမျိုးသမီးတစ်ယောက်ကို အနှောင့်အယှက်ပေးနေတဲ့ လူတစ်ယောက်လက်ထဲက သူဘယ်လိုကယ်လိုက်တယ်ဆိုပီး ပြောနေမှာပဲ .

နောက်နေ့ မှာတော့ ကျွန်တော် ကျွန်တော့်သူငယ်ချင်းကို ဖုန်းဆက်ခဲ့တယ် ။ ကျွန်တော့်သူငယ်ချင်းထံကနေ ဒီလိုတောင်းစားနေမှုလုပ်ငန်းတွေဟာ သမားရိုးကျမဟုတ်ပဲ မှုခင်းတစ်ခုခုနဲ့ ဆက်သွယ်နေတယ်ဆိုတဲ့ အချက်တွေ သိခဲ့ရတယ် ။

အဲ့ဒီမှာရှိတဲ့ ကလေးတွေဟာ များသောအားဖြင့် အရက်သမားဆေးသမား မိသားစုတွေဆီက ငှားတာမျိုး ၊ ခိုးယူလာတာမျိုး ဖြစ်နေကြတယ် ။

ကျွန်တော်အသိချင်ဆုံးအချက်က ကလေးတွေဘာလို့  အမြဲအိပ်နေကြတာလဲဆိုတာပဲ ၊ ကျွန်တော့်သူငယ်ချင်းက အဲ့ဒီအချက်ကို အေးဆေးပဲ ပြောပြတယ် " ကလေးတွေက ဘိန်း ၊ အရက် သုံးနေကြရတာ ..။ "
" ဘယ်လို ဒီကလေးတွေက အရက်တွေ ဘိန်းတွေ သုံးနေကြရတယ် ! " ကျွန်တော် တအံ့တသြရေရွတ်မိတယ် ။

" အင်း... အဲ့ဒါကြောင့်လဲ ဒီကလေးတွေက မအော် မငိုပဲ ငြိမ်နေကြတာပေါ့ကွာ ။ အမျိုးသမီးဘေးမှာ တစ်ချိန်လုံး ငြိမ်သက်နေတဲ့ ပုံမှန်ကလေးတစ်ယောက် ထိုင်နေဖို့ ဘယ်လိုဖြစ်နိုင်မလဲ ။
ကလေးငယ်တစ်နေ့ လုံးငြိမ်နေဖို့  ဆေးထိုးခြင်း အရက်တိုက်ခြင်း ၊ ဘိန်းကျွေးခြင်းစတာတွေ လုပ်ကြတယ် "
" တကယ်တမ်း ဒီလောက်ငယ်ရွယ်တဲ့ ကလေးငယ်တွေနဲ့ ဒီလို အရာတွေနဲ့ ဘယ်လို မှ မအပ်စပ်ကြဘူး ။
တခါတလေ ဒီကလေးငယ်တွေဟာ ဒါကြောင့်ပဲ ရှော့တွေဖြစ်ပီး အသက်ဆုံးရှုံးကြရတယ် ။ အဆိုးဆုံးက ဒီကလေးငယ်တွေဟာ တခါတရံ အလုပ်ချိန်မှာတင်သေဆုံးကြတယ် ။
ဒီအမျိုးသမီးတွေလဲဒီ သေဆုံးနေတဲ့ ကလေးငယ်ကို ညနေအလုပ်သိမ်းတဲ့အချိန်ထိ ချီထားတတ်ကြတယ် ။
လူတွေကလဲ သူတို့ ပါလာတဲ့ ငွေလေးတွကို လှုခြင်းဟာ ခုလို သားသည်မိခင်တစ်ယောက်အတွက် ကောင်းကျိုးပြုခြင်းလို့ မှတ်ယူတတ်ကြတာကိုး ...။ "

နောက်တစ်နေ့ မှာ ကျွန်တော် မြေအောက်ဘူတာရုံက အဲ့ဒီ သူတောင်းစားအမျိုးသမီးဆီသွားခဲ့တယ် ။ ကျွန်တော့်ရဲ့ သူတင်းထောက် လိုင်စင်ကဒ်ကို ထုတ်ပြပီး သူမနဲ့ စကားပြောဖို့  ကြိုးစားခဲ့တယ် ။ ထုံးစံအတိုင်းပဲ သူမဟာ ညစ်ပတ်နေတဲ့ ကြမ်းပြင်ပေါ်မှာထိုင်ပီး လက်ထဲမှာကလေးတစ်ယောက်ရှိနေတယ် ။

ကျွန်တော်သူမကို ဒီကလေးဟာ သူမကလေးဟုတ်မဟုတ် ၊ သက်သေခံ စာရွက်စာတမ်းရှိမရှိ မေးခဲ့တယ် ဒါ့အပြင် ဒီကလေးဟာ မနေ့ က ကလေးနဲ့  မတူတဲ့အကြောင်းပါ မေးတယ် ။
သူမ လျစ်လျှုရှုနေခဲ့တယ် ။
ကျွန်တော့်မေးခွန်းတွေကို ခရီးသွားတွေက လျစ်လျူရှုမနေခဲ့ဘူး ။
သူတို့ တွေက ကျွန်တော့်ကို သနားစဖွယ်သူတောင်းစားသားအမိ ကို ပြဿနာရှာနေတယ် ထင်ပြီး ဘူတာရုံအပြင်ကို ပို့ ခဲ့တယ် ။
နောက်ဆုံးအနေနဲ့  ကျွတော် ရဲ ကို ခေါ်လိုက်တယ် ။ ရဲတွေရောက်လာတဲ့အခါ ဒီသူတောင်းစားအမျိုးသမီးနဲ့  ကလေးပျောက်သွားတယ် ။

တကယ်လို့ များ သင်ဟာ သူတောင်းစားအမျိုးသမီး တစ်ယောက်နဲ့  ကလေးတစ်ယောက်ကို တွေ့ ခဲ့မယ်ဆိုရင် .. သင် မလှုခင်စဉ်းစားပါ ။
ဒါဟာ သင့်ရဲ့ ငွေကြေးကို ဆုံးရှုံးသွားမှာဆိုးလို့ မဟုတ်ပါဘူး ။
ဒီလို စီးပွားရေးဆန်တဲ့ လုပ်ရပ်တွေကြောင့် သေဆုံးခဲ့ရတဲ့ ကလေးတွေအတွက်ပါ ။ ဒီလုပ်ရပ်တွေ ရပ်တန်းကရပ်သင့်ပါတယ် ။
အိပ်ပျော်နေတဲ့ကလေးငယ်ကို သနားစဖွယ်အကြည့်နဲ့  မကြည့်ပါနဲ့ ။ ထိတ်လန့်  အံ့သြဖွယ်ရာ အမြင်နဲ့ မြင်ကြည့်ပါ ။
ခုလို ဒီစာကို ဖတ်လိုက်ရတဲ့အချိန် သင်လဲ သူတောင်းစားတွေလက်ထဲက ကလေးငယ်လေးတွေ ဘာကြောင့်အမြဲငြိမ်သက်အိပ်မောကျနေတယ်ဆိုတာ သိလောက်မှာပါ...။

yu shwe ye tun


ဘုန်းကြီးကျောင်းကို ၀င်ရောက် ဖျက်ဆီးခဲ့ခြင်း မရှိဟု NLDပါတီမှ တရားဝင် ငြင်းဆို


ရွှေပြည်သာ မြို့နယ်ရှိ ဘုန်းကြီးကျောင်းဆောက်ရာတွင် NLDပါတီမှ ၀င်ရောက် ဖျက်ဆီးသည်ဟု အင်တာနက် စာမျက်နှာတွင် ပျံ့နှံ့နေသော သတင်းမှာ မှားယွင်းနေကြောင်းနှင့် ယင်းသတင်းမှာ လုံးဝ မမှန်ကန်ကြောင်းကို ရွှေပြည်သာ မြို့နယ် NLDရုံးမှ တရားဝင် ငြင်းဆိုသွားခဲ့သည်။
ယင်းနှင့် ပတ်သက်၍ စာနယ်ဇင်း ရှင်းပွဲအား မေလ ၃ ရက်နေ့တွင် ပြုလုပ်သွားခဲ့သည်။

အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသော ရွှေပြည်သာ မြို့နယ်မှ ဘုန်းကြီးကျောင်းမှာ ရွှေပြည်သာ မြို့နယ် ၁၈ ရပ်ကွက် ပန်းခြံ (၁) အကွက်၊ အကျယ် ပေ ၄၀၀၊ ပေ ၂၀၀ ရှိပြီး ပေ၂၀၀ ပတ်လည် တစ်ဝက်မှာ ဘုရားဝင်းဖြစ်၍ ကျန်တစ်ဝက်မှာ ကလေးများ ကစားရန် အတွက် ကစားကွင်း အဖြစ် ဆောက်လုပ် ထားသော နေရာဖြစ်ကာ ၄င်းကစားကွင်းအား လွန်ခဲ့သော တစ်နှစ်ခန့်က ကလေးများ ပညာရေး အတွက် တစ်နှစ်ခံဝန် ကတိဖြင့် ဘုန်းတော်ကြီး ပညာသင်ကျောင်း အဖြစ် ဆောက်လုပ်ခဲ့ကြောင်း သိရသည်။

“ဘုန်းတော်ကြီးကျောင်းက တစ်နှစ်ပြည့်သွားပြီ။ ပြည့်လို့ ဖျက်ရမယ့် အချိန်မှာ ကျောင်းဆောက်ခဲ့တဲ့ ဆရာတော် ဦးကုသလက ကျောင်းကို မဖျက်ဘဲ အဲဒီမှာဘုန်းကြီးကျောင်းဆောက်ဖို့ လုပ်တယ်။ အဲဒီလိုလုပ်လို့ ရပ်ကွက်က ဒေသခံတွေ ဘုရားဝင်းထဲက ဂေါပက အဖွဲ့တွေက မကျေနပ်လို့ ကျွန်တော်တို့ဆီ ရောက်လာတယ်။

ကျွန်တော်တို့ ကလည်း ဆရာတော် ဦးကုသလကို ဘုန်းကြီးကျောင်း မဆောက်ရန် လျှောက်ထားပေမယ့် ဆရာတော်က ကျောင်းဆောက်ရန် အတွက် မြို့နယ် သံဃနာယက အဖွဲ့က ခွင့်ပြုချက်ရပြီးသား မယုံလို့ရှိရင် တိုင်ချင်ရာကို တိုင်နိုင်တယ် ဆိုပြီး ကျွန်တော်တို့ကို ကြိမ်းမောင်းသွားတယ်။ အဲဒါနဲ့ ပတ်သက်ပြီး အင်တာနက်ပေါ်မှာ ဘုန်းကြီးကျောင်း ဆောက်တာကို NLDက ၀င်ရောက်ဖျက်ဆီးတယ် ဆိုတဲ့ သတင်း ထွက်ပေါ်လာပါတယ်”ဟု NLDပါတီမှ ဦးဝင်းမိုးက ပြောသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ ရွှေပြည်သာမြို့နယ် မြို့နယ် သံဃ မဟာနာယက ဥက္ကဋ္ဌ ဦးနန္ဒော ဘာသက “ဘာမဟုတ်တဲ့ ကိစ္စ သေးသေးလေးကနေ အကြီးကြီး ဖြစ်သွားတာပါ။ ဘုန်းကြီးတို့ သံဃ မဟာ နာယကမှာလည်း ကျောင်းတစ်ကျောင်း ဆောက်မယ်ဆိုရင် ကျောင်းနဲ့ညီတဲ့ အင်္ဂါရပ်တွေရှိတယ်။ အဲဒါကတော့ ကျောင်းဆောက်မယ့် နေရာအတွက် မြေဂရန် ရှိရမယ်။ အဲဒီကျောင်းမှာ ထိုင်မယ့် ကျောင်းထိုင် ဆရာတော်က တိပိဋက အောင်ရမယ်။

အဲဒီ စည်းကမ်းချက်တွေနဲ့ ပြည့်စုံမှ ကျောင်းဆောက်ခွင့် ပေးတာ အခု ကျောင်းဆောက်ခွင့် မပေးထားသေးပါဘူး။ ဂရန်ကလည်း လျှောက်ထားဆဲလို့ ပြောတယ်။ တကယ်လို့ ဂရန်ကို ချပေးလိုက်ရင်တော့ ကျောင်းဆောက်လို့ ရသွားမှာပါ။ အခုတော့ ဂရန်မကျ သေးလို့ ဘာမှလုပ်ပိုင်ခွင့် မပေးထားသေးဘူး။ အင်တာနက်ပေါ်က သတင်းနဲ့ ပတ်သက်လို့လည်း ပြန်လည် ဖြုတ်ချခိုင်းထားပါတယ်”ဟု မိန့်ကြားခဲ့သည်။

Tomorrow


မန္တလေးတွင် ဆက်သွယ်ရေးစခန်း ၁၀၀ ကျော်နှင့် တာဝါတိုင် ၆၀ ကျော် မေလအပြီး တည်ဆောက်မည်


မန္တလေးတိုင်း ဒေသကြီးအတွင်း ဖုန်းအင်တာနက် အသုံးပြုမှုများ ပိုမို မြန်ဆန်လာစေရန်နှင့် ဖုန်းလိုင်းကျပ်ခြင်း နည်းပါးစေရန် ဆက်သွယ်ရေး တာဝါတိုင် ၆၀ ကျော်နှင့် ဆက်သွယ်ရေးစခန်း တစ်ရာကျော်ကို လာမည့် မေလအပြီး တပ်ဆင် တည်ဆောက်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လက်ရှိ အဆိုပါ ဆက်သွယ်ရေး တာဝါတိုင် ၆၀ ကျော်နှင့် စခန်း ၁၀၀ ကျော် တည်ဆောက်ရန် မြေနေရာ ရှာထားပြီး ပစ္စည်းများ ရောက်ရှိနေပြီ ဖြစ်သဖြင့် မေလတွင်အပြီး တပ်ဆင်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“အခုက ဖုန်းသုံးစွဲသူ ဦးရေကလည်း အရင်နဲ့ မတူတော့ဘူး။ များလာတယ်ဆိုတော့ ဖုန်းလိုင်းတွေက ကျပ်လာတယ်။ ခေါ်ဆိုမှု ခက်ခဲလာတာကို တွေ့နေရတယ်။ ဒီလိုမျိုးတွေ မဖြစ်အောင် ကျွန်တော်တို့ ဘက်ကလည်း ဆက်သွယ်ရေးစခန်းတွေ ထပ်မံတိုးချဲ့ တည်ဆောက်နေပါတယ်။ ပြည်သူတွေ အနေနဲ့လည်း ပူးပေါင်းပါကြဖို့ တိုက်တွန်းပါတယ်။ ပူးပေါင်း ပါဝင်ဖို့ ဆိုတာကလည်း တာဝါတိုင်တွေ လိုအပ်တဲ့ နေရာတွေမှာ စိုက်ထူတော့မယ်ဆိုရင် အဲဒီ နေရာမှာရှိတဲ့ ပြည်သူတွေက တာဝါတိုင်နေရာ တစ်ခုအတွက် နေရာတစ်ခုခု ပေးနိုင်ရင် ကောင်းမယ်ပေါ့၊ ဒါမျိုးကို ဆိုလိုတာပါ” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

မန္တလေးတိုင်း ဒေသကြီး အတွင်းတွင် GSM ဆက်သွယ်ရေး စခန်းပေါင်း ၂၃၃ ခု၊ WCDMA ဆက်သွယ်ရေး စခန်းပေါင်း ၁၄၃ ခု၊ CDMA 800 MHz ဆက်သွယ်ရေး စခန်းပေါင်း ၃၅ ခု၊ CDMA 450 MHz ဆက်သွယ်ရေး စခန်းပေါင်း ၄၃ ခု ရှိပြီး မန္တလေးမြို့တွင်းတွင် GSM ဆက်သွယ်ရေး စခန်းပေါင်း ၁၄၂ ခု၊ WCDMA ဆက်သွယ်ရေး စခန်းပေါင်း ၁၄၀ ခု၊ CDMA 800 MHz ဆက်သွယ်ရေး စခန်းပေါင်း ကိုးခုနှင့် CDMA 450 MHz ဆက်သွယ်ရေး စခန်းပေါင်း ၁၇ ခုခန့် ရှိကာ ဆက်သွယ်ရေး တာဝါတိုင်ပေါင်း ၂၃၈ ခု ခန့်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။

The Voice Weekly


ပိုမိုကျန်းမာလာစေမည့် ထူးဆန်းသော နည်းများ


တချို့သော ကျန်းမာရေး ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ အကောင်းဆုံး နည်းလမ်းအချို့က ရိုးစင်းပေမယ့် ထိရောက်မှု ရှိပါတယ်။

အပြုသဘော ဆောင်မည့် နာမည်ပြောင်းပါ

အပြုသဘောဆောင်တဲ့ နာမည်တွေ ဥပမာ -J.O.Y ဒါမှမဟုတ် W.O.W စတဲ့ စကားလုံးတွေနဲ့ စတဲ့သူတွေ က ဘာအဓိပ္ပါယ်မှ မရှိတဲ့ နာမည်တွေထက် အသက်ရှည်နိုင်ခြေ လေးနှစ်ခွဲနီးပါး ပိုများကြောင်း လေ့လာသိ ရှိရပါတယ်။ I.L.L နဲ့ D.E.D တို့လို့ စကားလုံးတွေနဲ့ စတဲ့ နာမည်ရှိသူတွေက ဘ၀သက်တမ်းတိုနိုင်ခြေ များပါတယ်။

ပထမဆုံး အိမ်သာကို သုံးပါ


အများသုံးအိမ်သာ ၅၁ ခုကိုလေ့လာပြီးတဲ့အခါ ပင်မတံခါးပေါက်နဲ့ အနီးဆုံး အိမ်သာမှာ ဘက်တီးရီးယား ပမာဏ အနည်းဆုံး ဖြစ်တာကို တွေ့ရပါတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ လူတွေက ၀င်ပေါက် တံခါးနဲ့ နီးလွန်းတဲ့ အိမ်သာကို ရှောင်လေ့ရှိကြတာကြောင့်ပါ။

ယားယံလျှင် အခြားနေရာကို ကုတ်ပါ


ညာဘက်လက် ယားယံလျှင် ဘယ်ဘက်လက် အရေပြားကို ကုတ်လိုက်ပါ။ ဒါဟာ တကယ်ယားတဲ့ နေရာ ကို ကုတ်တယ်လို့ ဦးနှောက်ကို လှည့်စားတဲ့ နည်းဖြစ်လို့ သက်သာရာ ရစေပါတယ်။ တကယ်ယားတဲ့ နေ ရာကို ကုတ်တာက ပိုယားစေပြီး ပွန်းပဲ့တာ၊ ဘက်တီးရီးယားပိုး ၀င်တာတို့ ဖြစ်တတ်ပါတယ်။

ဘက်တီးရီးယား ဆပ်ပြာကိုရှောင်ပါ


အမေရိကန် ဆေးပညာအဖွဲ့အစည်းရဲ့ လေ့လာမှုအရ ဘက်တီးရီးယားတား ဆပ်ပြာတွေကို ၀ယ်သင့်တဲ့ အကြောင်းရင်း မရှိဘူးလို့ ဆိုပါတယ်။ ဘက်တီးရီးယားတား ဆက်ပြာတွေထက် ကူးစက်ပိုးမ၀င်အောင် ပိုထိရောက်တဲ့ နည်းကို မကာကွယ်နိုင်ပါဘူး။ ဘက်တီးရီးယားတား ဆပ်ပြာတွေကို သုံးတာကြောင့် ဘက်တီးရီးယား ပိုးတွေကို ယဉ်ပါးသွားနိုင်တဲ့ အတွက် အကောင်းထက် အဆိုးကို ဖြစ်စေနိုင်ပါတယ်။

အနာကို ပျားရည်နဲ့ ပိုးသတ်ပါ


အရေပြား ထိခိုက်ရှရာပေါ်မှာ ပျားရည်အစက်အနည်းငယ် လောင်းပြီး ပတ်တီးစည်းပေးပါ။ ပျားရည်မှာ ဘက်တီးရီးယား ဟန့်တားပေးနိုင်တဲ့ အစွမ်းသတ္တိ ရှိပါတယ်။

ဓါတ်မတည့် ဖြစ်နေလျှင် မုတ်ဆိတ်ရိတ်ပါ

နှာချေတာ ၊ နှာစေးတာတို့လို ဓါတ်မတည့်မှု ဝေဒနာ ခံစားလွယ်နေရင် သင့်မုတ်ဆိတ်မွှေးတွေကို တစ်နေ့ နှစ်ကြိမ် ဆပ်ပြာနဲ့ သန့်စင်ပေးပါ။ ဒါမှမဟုတ် မုတ်ဆိတ်ရိတ်ပါ။

သွေးတိုးခြင်း ကာကွယ်နိုင်ရန် ခွေးမွေးပါ


နှလုံးအမောဖောက်ခြင်း (Heart Attack) နဲ့ လေဖြတ်နိင်ခြေနှုန်း လျော့ကျစေဖို့ ခွေးမွေးပါ။ လေ့လာမှု အမျိုးမျိုးအရ ခွေးမွေးတာကြောင့် စိတ်ဖိစီးမှု များနေချိန်မှာတောင် သွေးဖိအားကို ထိန်းချုပ်ပေးနိုင်တယ် လို့ တွေ့ရှိရပါတယ်။

ကြယ်စင်
Good Health


ဘီး တစ်ခုတည်းနဲ့ မောင်းလို့ရတဲ့ မော်တော်ဆိုင်ကယ်


တွေ့ခဲ့ဖူးသမျှ မော်တော်ဆိုင်ကယ်တွေ ကတော့ ဘီးကို အထူးသဖြင့် နှစ်ဘီး တပ်ဆင် ထားကြသော်လည်း ယခု Ryno လို့ ခေါ်ဝေါ်ကြတဲ့ မော်တော်ဆိုင်ကယ် ကတော့ တစ်ဘီးတည်းပါ။ တစ်ဘီးတည်းပြုလုပ် ထားလို့ အန္တရာယ် ပိုရှိမယ်လို့ မထင်ပါနဲ့။

နှစ်ဘီးဆိုင်ကယ်တွေနဲ့ အတူတူပါပဲ။ ထူခြားမှုတွေ ကတော့ တစ်ဘီတည်းပြုလုပ်ထားလို့ လမ်းကြပ်နေရင် အလွယ်တကူ ကျော်ဖြတ် သွားလာနိုင်မယ် အကွေ့အဝိုက်နဲ့ ဆိုင်ကယ် မောင်ချင်သူတွေ အတွက် ကြိုက်နှစ် သက်စရာပါ။ ဘီးကလည်း ကားဘီး အရွယ်အစားနီးပါးကို တပ်ဆင်ပေး ထားလို့ ဘီချော်တာ ပြု တာတွေ ဖြစ်မှာ မဟုတ်ပါဘူး။ ရှေ့မီး နောက်မီး အကုန်ပါရှိလို့ ညဘက်မှာလည်း မောင်းနိုင်ပါတယ်။

နှစ်ယောက်တော့ စိးလို့ရမယ် မထင်ပါဘူး။ တစ်ယောက်တည်း စီးရင်တော့ အတော်လေး မြန်ဆန်မယ့် ဆိုင်ကယ်ပါ။ ဒါကြောင့် ဗီယိုကို ကြည့်ချင်သူတွေကတော့ အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

ကျော်လင်းနိုင် (ရိုးရာလေး)





အမေက Facebook အကောင့်ကို ဖျက်သိမ်းခိုင်းတဲ့အတွက် ၁၃ နှစ်အရွယ် မိန်းကလေး ကြိုးဆွဲချသေဆုံး


အိန္ဒိယနိုင်ငံက အသက် ၁၃ နှစ်အရွယ် မိန်းကလေး Aditi Gupta ဟာ တစ်နေကုန်တစ်နေခန်း facebook ပေါ်မှာပဲ အချိန်ကုန်နေတဲ့အတွက် သူမအမေ Mohana က သူမရဲ့ Facebook အကောင့်ကို ဖျက်သိမ်းခိုင်း ခဲ့ပါတယ်။ ဒီကိစ္စကို အရမ်းစိတ်ဆိုးသွားတဲ့ Aditi Gupta ဟာ သူမရဲ့ အိပ်ခန်းမှာ ကိုယ့်ကိုကိုယ် ကြိုးဆွဲချ သတ်သေသွားခဲ့တာပါ။

အသက် ၃၆ နှစ်အရွယ် မိခင်ဖြစ်သူ Mrs.Gupta က သူမအလုပ်က ပြန်လာတဲ့အခါ Facebook အကောင့်ကို ဖျက်သိမ်းပြီးတာ လိုချင်ကြောင်း Aditi ကို အလုပ်မသွားခင် ပြောခဲ့တာပါ။ လေးနာရီကြာပြီးနောက် နေ့  လည်စာ စားဖို့ Mrs.Gupta တစ်ယောက် အိမ်ပြန်လာချိန်မှာတော့ Aditi က သေဆုံးနေပါပြီ။

ဘာမှအရေးမပါတဲ့အရာကြောင့် သူမသမီးလေး ကိုယ့်ဘ၀ကိုယ်အဆုံးသတ်ပစ်မယ်လို့ သူမ မယုံနိုင်ခဲ့ကြောင်း ရဲတွေကို ပြောကြားခဲ့ပါတယ်။

“ ကျွန်မ အလုပ်ကို ပုံမှန်အားဖြင့် မနက် ၉ နာရီခွဲလောက်ဆို ထွက်ပါတယ်။ ကျွန်မ ယောင်္ကျားက အစောကြီး ထွက်သွားသလို သားကြီးကလည်း အားလပ်ရက်မှာ အဖွားအိမ်သွားနေနေတာပါ၊ ကျွန်မ အလုပ်သွားမယ် လုပ်တော့ သမီးလေးက ကွန်ပြူတာရှေ့ မှာ ထိုင်နေပြီ။ ကျွန်မ တော်တော်ဒေါသထွက်သွားခဲ့တယ်။ သူက ဒီ ဆိုရှယ်နက်ဝေါ့ခ်မှာပဲ တစ်နေကုန်တစ်နေခမ်းနေ နေတာလေ”

“ သမီးအသက်က Facebook သုံးဖို့ အရမ်းငယ်နေသေးတယ် ပြီးတော့ သမီးအချိန်တွေ ဖြုန်းနေတာပဲလို့  ကျွန်မ ပြောခဲ့တယ်။ ပြီးတော့ သူ့ ရဲ့ facebook အကောင့်ကို ဖျက်သိမ်းခိုင်းမိခဲ့တယ်”

ဒီကိစ္စကြောင့် အိန္ဒိယမှာ  Facebook ၊ မိဘတွေရဲ့ တာဝန်ရှိမှုနဲ့ ကလေးတွေ ထိတွေ့ ရနိုင်တဲ့ ဆိုက်ဘာအန္တရာယ်တွေ အကြောင်း ငြင်းခုံပြောဆိုနေကြပါတယ်။

Ref: Dailymail.co.uk
trend myanmar
အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/05/facebook_5638.html

လူထုကျန်းမာရေး (အသံဝင်ခြင်း)


အသံဝင်ခြင်း၊ အသံပျက်ခြင်းမှာ အသံအိုးနှင့်ဆိုင်သော ရောဂါ အမျိုးမျိုးကြောင့် ဖြစ်သည်။ အလွန် အားနည်းခြင်း၊ အာဟာရဓာတ် ချို့တဲ့ခြင်းနှင့် ပြင်းထန်သော သွေးအားနည်းခြင်းတို့ကြောင့် အသံ ပျက်လေ့ရှိသည်။ အသံကို လွန်ကဲစွာ အသုံးမပြုဘဲ အသံဝင်၊ အသံပျက်လာလျှင်၊ ရုတ်တရက် အသံဝင် လာလျှင်၊ မကြာခဏ အသံဝင်တတ်လျှင်၊ ရက်ကြာမြင့်စွာ အသံဝင် အသံပျက်နေလျှင် ယင်းတို့၏ နောက်ကွယ်တွင် အကြောင်းရင်းခံ ရောဂါဆိုးများ ရှိနေတတ်သည်ကို သတိ ပြုသင့်သည်။ အသံဝင်ခြင်း သဘောမှာ စာကြည့်များလျှင် မျက်စိညောင်းလာသည်။ လမ်းလျှောက်များလျှင် ခြေထောက်ညောင်း လာသည်။ စကားပြောဖန်များလျှင်၊ ကျယ်လောင်စွာ အော်ဟစ်လာ လျှင်အသံဝင်လာမည် ဖြစ်သည်။

 +သဘာဝ+

အသံဝင်ခြင်း၊ အသံပျက်ခြင်းမှာ အသံနှင့်ဆိုင်သော ရောဂါ အမျိုးမျိုးကြောင့် ဖြစ်သည်။ အကြောင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်သော အသံအိုးရောင်ခြင်း အမျိုးမျိုး၊ အသံအိုးတွင် အဆုတ်ရောဂါပိုး ဝင်ခြင်း၊ ကာလသား ရောဂါကြောင့် အသံအိုးတွင် အသားပို၊ အနာဖြစ်ခြင်း၊ ဝက်သက်ရောဂါ၊ ဆုံဆို့နာ၊ အသံအိုး အကျိတ်လုံးနှင့် ကင်ဆာရောဂါတို့ ဖြစ်သည်။ အသံအိုး ထိခိုက်၍လည်း အသံ ဝင်နိုင်သည်။ သိုင်းရွိုက်ကလင်း ချို့ယွင်းမှု လွန်ကဲခြင်း၊ ခန္ဓာကိုယ် တစ်ကိုယ်လုံးရှိ ကြွက်သားများ အားနည်းခြင်း၊ အရက်စွဲခြင်း၊ မေးခိုင်ရောဂါနှင့် တခြား ကြွက်သားများ တက်တတ်သည့် ဝေဒနာများ ကြောင့်လည်း အသံ ဝင်နိုင်သည်။ ဦးနှောက်အကျိတ် ချို့ယွင်းမှုကြောင့်ဖြစ်သော ခန္ဓာကိုယ် အဆမတန် မူမမှန် ကြီးထွားသည့် ရောဂါတွင် အသံ ပျက်နိုင်သည်။ အလွန် အားနည်းခြင်း၊ အာဟာရ ချို့တဲ့ခြင်း၊ ပြင်းထန်သော သွေးအားနည်းခြင်း၊ လေဖြတ်ခြင်း တို့တွင် အသံပျက်လေ့ ရှိသည်။


+အသံမဝင်ရအောင် +

အသံဝင်ခြင်း မဖြစ်စေရန် အလွန်အမင်း ဟစ်အော် ပြောဆိုခြင်း၊ မရပ်မနား အချိန်ကြာ မြင့်စွာ စကားပြောခြင်း၊ သီချင်း ဟစ်ကြွေးခြင်းတို့ကို ဆင်ခြင်သင့်သည်။ အစားမှန်၊ အနေမှန်ရန် လိုအပ်သည်။ အသံဖြင့် အဓိက နာမည်ကြီးသူများ (အဆိုတော်များ၊ ဗုဒ္ဓဘာသာဝင် ဘုန်းကြီးများသည် တစ်လလျှင် သုံး၊ လေးရက်ခန့် သီချင်းမဆို၊ တရားမဟောဘဲ အနားပေးခြင်းဖြင့် အသံဝင်ခြင်းကို ကာကွယ် နိုင်သည်။) အကယ်၍ အသံ လွန်ကဲစွာ အသုံးမပြုဘဲ အသံဝင် အသံပျက်လျှင်၊ ရုတ်တရက် အသံဝင်လာလျှင်၊ မကြာခဏ အသံဝင်တတ်လျှင်၊ ရက်ကြာမြင့်စွာ အသံဝင်၊ အသံပျက်နေလျှင် စသော သဘာဝမကျသည့် အသံဝင်ခြင်းမျိုး တို့၏ နောက်ဆက်တွဲ အကြောင်းရင်း ရောဂါများ ရှိတတ်၍ ယင်းတို့ ဖြစ်ပေါ်ပါက နီးစပ်ရာ ဆရာဝန် သို့မဟုတ် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန်ထံ အချိန်မီ သွားရောက်ပြသ တိုင်ပင်၍ ထိရောက်သော ဆေးကုသမှုကို စောစီးစွာ ခံယူသင့်သည်။

+ဓာတ်စာ+

 နို့နှင့် နို့ထွက်ပစ္စည်းများသည် အဆုတ်၌ ချွဲ၊ သလိပ် ဖြစ်ပေါ်မှု ပိုများလာသဖြင့် အသံဝင်တာ မသက်သာခြင်း ဖြစ်သည်။ သကြားနှင့် သကြားဓာတ်ပိုသည့် အစားအစာများ ရှောင်ရမည်။ အဆီများသော အစားအစာ၊ အသင့် အမြန်စား အစားအစာ (ဟမ်ဘာဂါ၊ စနပ်၊ ပီဇာ) မုန့်များ ရှောင်ရမည်။ စိတ်ဖိစီးမှု လျှော့ချရမည်။ အသံအိုး နာနေသဖြင့် စကားပြောခြင်းမှ အနားယူရမည်။ အချဉ်များသည့် အစာ စားသင့်သည်။

+ဆေးစားခြင်း+

 လေပြွန် ရောင်ရမ်းနာ ကုသခြင်း၊ တီဘီရောဂါ အတွက် တီဘီဆေး (DOTS) ဖြင့် ခြောက်လ သို့မဟုတ် ရှစ်လ ပြီးပြတ်အောင် ကုသခြင်း လုပ်ဆောင်နိုင်ပြီး ဆရာဝန်၏ လမ်းညွှန်မှုနှင့် ကုသမှုများကို ခံယူသင့် ပါသည်။ ။

 *ဒေါက်တာ လွင်သန့် (ဆေး-၂)*

 Written by ရွှေတည်


မန်ယူအသင်း၏ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဂိုးသမားဒီဂီယာဆွတ်ခူး

 
မန်ယူအသင်း၏ အားထားရသော ဂိုးသမား ဒေးဗစ်ဒီဂီယာသည် မေ ၈ ရက်က ကျင်းပပြုလုပ်သော အသင်း ၏ နှစ်စဉ်ဆုပေးပွဲ အခမ်းအနားတွင် မန်ယူကစားဖော်များနှင့် ပရိသတ်၏ အားပေးထောက်ခံမှုဖြင့် မန်ယူ အသင်း၏ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးရရှိခဲ့ ကြောင်းသိရသည်။ 
 
မန်ယူအသင်းမှ စပိန်ဂိုးသမား ဒေးဗစ်ဒီဂီယာသည် ယခုနှစ် ဘောလုံးရာသီတွင် အကောင်းမွန်ဆုံး လက်စွမ်းပြ ကစားနိုင်ခဲ့မှုကြောင့် မန်ယူအသင်း၏ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးခဲ့ပြီး ယခုရရှိခဲ့သည့် ဒေးဗစ် ဒီဂီယာ၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုသည် နှစ်ကြိမ်မြောက် ဆွတ်ခူးခဲ့ခြင်းလည်း ဖြစ်သည်။ ဒေးဗစ်ဒီဂီယာသည် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု အတွက် ပဏာမရွေးချယ်ထားသည့် ဒုတိယနေရာမှ ရွန်းနီနှင့် တတိယ နေရာမှ ဂျာနျူဇာတို့ကို ကျော်ဖြတ်ကာ ထောက်ခံဆန်္ဒမဲ ၅၄ ရာခိုင်နှုန်းဖြင့် မန်ယူအသင်း၏ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

 
ဒေးဗစ်ဒီဂီယာသည် မန်ယူအသင်း ၏ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ဆွတ်ခူးခဲ့ပြီးနောက် ““ကျွန်တော့်ကို အားပေးတဲ့ပရိသတ် တွေကို ကျွန်တော်ကျေးဇူးတင်ပါ တယ်။ ပရိသတ်တွေနဲ့ ကစားဖော် တွေရဲ့ ထောက်ခံမှုကြောင့်သာ အခုလို အကောင်းဆုံးဆုကို ဆွတ်ခူးနိုင်ခဲ့တာပါ။ 
 လာမယ့်ရာသီမှာ လည်း အခုလိုဆုမျိုးရအောင် ကြိုးစား သွားမှာပါ””ဟု ပြောကြားခဲ့သည်။ 
 
တိုက်စစ်မှူးရွန်းနီသည် မန်ယူ အသင်းနှင့် ၀က်စ်ဟမ်းအသင်းတို့ ကစားခဲ့သည့်ပွဲစဉ်တွင် သွင်းယူခဲ့သည့် သွင်းဂိုးဖြင့် မန်ယူအသင်း၏ တစ်နှစ် တာအကောင်းဆုံး ဂိုးသွင်းရှင်ဆုကို ဆွတ်ခူးခဲ့ပြီး ယာယီနည်းပြ ရိုင်ယန်ဂစ်မှာမူ မန်ယူအသင်း၏ တစ်သက်တာ အောင်မြင်မှုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် ဆုကို ဆွတ်ခူးရရှိခဲ့သည်။ 


 +ငွေကြယ်+


အမြင်မတော် ဆင်တော်နှင့်ခလောက်


အလုပ်လက်မဲ့ဘွဲ့ရ ပြဿနာ ဖြေရှင်းလိုသည်မှာ အမှန်ဖြစ်လျှင် အလုပ်ရှိပြီးသား၊ ဗိုလ်ကြီး၊ ဗိုလ်မှူးတွေ ကို နေရာပြောင်း ပြီး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာ ခန့်အပ်ရန်မလိုပါ . . . သည်တော့ Ph.D ဆိုတဲ့ ဘွဲ့ရသော ခြင်္သေ့ များ မြက်မစားကြပါနဲ့ မြက်စားတဲ့ ခြင်္သေ့လည်းရှိမှာပါ အဲဒီခြင်္သေ့ကတော့ . . . .

ဖောင်းပွပစ္စည်း

မြန်မာနိုင်ငံရဲ့ အဆင့်ဆင့်သော အစိုးရ၏၀န်ကြီးများ၊ အစိုးရများ၏ ၂၀၁၄ ခုနှစ်အတွင်း ပြောဆိုခြင်း၊ လုပ် ဆောင်ခြင်းများသည် အံ့သြဖွယ်ရာတွေ တွေ့ရပါသည်။ ၀န်ကြီးအချို့က အစည်းအဝေး ခေါ်ဆဲလိုဆဲ၊ စစ်တပ် ထဲမှာ နေတုန်းက ရတဲ့ဒဏ်ရာ လှန်ပြလိုပြ၊ ပုဆိုးလှန်ပြလိုပြ လုပ်နေကြတာ အတော်အံ့သြဖို့ ကောင်းပါ တယ်။ ယခုလည်း ပါရဂူဘွဲ့ (Ph.D) များ ကိုပါ နေ့စား၊ လပေးနှင့်ခန့်မည့် မူလတန်း ပြဆရာ ခေါ်ပြန်ပါပြီ။ လွန်ခဲ့သော နှစ်ပေါင်း (၇၀)က မူလတန်းပြဆရာတွေကို သတ္တမတန်းအောင်က ခန့်အပ်ခဲ့ပါသည်။ လစာ က ၁၂၆ ကျပ် ၇၅ ပြားပေးပါသည်။ ထို မူလတန်းပြဆရာများက သင်ပေးခဲ့သော တပည့်များမှာ ယခုအခါ အသက်(၇၀)နှင့် (၇၀) ကျော်များဖြစ်နေပါပြီ။ ထို့နောက် မျိုးဆက်ကျောင်းသားများကို H.S.F ခေါ် အထက်တန်းကျောင်းထွက် လက်မှတ်ရ စာမေးပွဲအောင်သူများကို ခန့်ထား၍ သင်ပြစေခဲ့ပါသည်။ ယနေ့ထိ မျိုးဆက်ကျောင်း သားများကို ဘွဲ့တစ်ခုခုရသည့် သူများကို ခန့်ထား၍ သင်စေခဲ့ပါသည်။ လစာကလည်း တစ်သိန်းဝန်းကျင်ပေးပါသည်။ ဤ သည်တို့ကိုကြည့်လျှင် ခန့်ထားသည့်ဆရာ များ၏ ပညာအဆင့်၊ ပေးသောလစာ၏ အနည်းအများတို့ကို တွေ့ရပါသည်။ သာမန်ကြည့်လျှင် နှစ်ရပ်စလုံးမြင့်လာသည်ဟု ပြောနိုင်ပါသည်။ သို့သော် ယခင်က ၁၂၆ ကျပ် ၇၅ ပြားရသော လစာဖြင့် ဆရာ တစ်ဦး၏ မိသားစု ၃/၄ ယောက် စားနိုင် သောက်နိုင်ပါသည်။ ရွှေစ တစ်မတ် သား ခန့် ၀ယ်နိုင်ပါသေးသည်။ … ယခု ရွှေဈေး (၇)သိန်းဝန်းကျင်ဆို၍ မိသားစု ၃/၄ ယောက်စားပြီး ရွှေစတစ်မတ် သားမည်သို့ ၀ယ်နိုင်ပါမည်နည်း။ သည်အခါ လစာ အဆင့်မြင့်လာသည်ဟု ဆိုနိုင်ပါမည်လော။ ပညာရေးတွင် လည်း ကြည့်ပါက ဘွဲ့ရတစ်ဦးသည် မြန်မာစာနှင့် အင်္ဂလိပ်စာ ၀ါကျတစ်ကြောင်း ဟန်ကျပန်ကျမရေး တတ်ကြ ပါ။ သို့သော် မြန်မာစာမှလွဲ၍ အခြားဘာသာများကို အထက်တန်းအဆင့်တွင် အင်္ဂလိပ်စာဖြင့် သင်ကြားနေပါ သည်။ ထိုအခါ ကြက်တူရွေး စကားသင်သလို အင်္ဂလိပ်စာ၏ အဓိပ္ပာယ် မသိပါဘဲ အလွတ်ကျက်၍ မေးခွန်းကို ဖြေကြပါသည်။ မေးခွန်းကိုလည်း ဆရာများက ကြိုပေး၍ထားပါသည်။ သို့မှသာ ဖြေနိုင်မည်။ ဘာသာ ရပ်က များသည်။ အင်္ဂလိပ်စာဖြင့် သင်သည်။ အကျများလျှင်လည်း ဌာနကအရေး ယူခံရမည်။ ထိုအခါ အရည်အချင်း မမီသော ဘွဲ့ရများ၊ ပေါများလာသည်။ ဖောင်းပွလာသည်။ မြန်မာပြည်တွင် ငွေ ကြေးဖောင်းပွသည်။ ဘွဲ့ရ ဖောင်းပွသည်။ ပူးပေါင်းကော်မတီများ၊ ကော်မရှင်များ၊ ပါတီများမှာ ဖောင်းပွ၍ မဆုံးပါ။ ပိန်သွား တာက သယံ ဇာတမျိုးစုံဖြစ်သည်။ တောင်တန်းတွေ ပိန်၍ ချိုင့်ဝင်သွားသည်။ ရေလျှံနေသောမြစ်တွေ ပိန်သွားပြီး ရေစီး ချောင်း သာသာသာရှိတော့သည်။

မတူလျှင်မတုနဲ့

ယခုမူလတန်းပြဆရာခန့်ရန် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများက ပါရဂူ ဘွဲ့ရများကိုပင် ခန့်ထားရန် လျှောက်လွှာ ခေါ်ယူလိုက်ခြင်းသည် စဉ်းစားစရာတွေ၊ မေးခွန်းထုတ်စရာတွေ ပေါ်လာပါသည်။ (၁) ပါရဂူ ဘွဲ့ရများကို နေ့စားလပေးဖြင့် တစ်သိန်းဝန်းကျင်ရမည့်ဝင်ငွေတွင် ခန့် အပ်ရန် ခေါ်ယူလိုက်ခြင်းသည်။ ပညာရေး ကို အထူးသဖြင့် မူလတန်း ပညာရေးကို မြှင့်တင်လို၍လား (သို့မဟုတ်) ပါရဂူဘွဲ့ရ တွေကိုနှိမ် လို၍လား။ ခြင်္သေ့ဆီကို ရွှေခွက် ဖြင့်မထည့်ဘဲ ရွှံ့ခွက်ဖြင့် ထည့်လိုက်တာလား။ (၂) ပါရဂူဘွဲ့အပါအ၀င် ဘွဲ့ရမျိုးစုံ တွေ အလုပ်လက်မဲ့ဖြစ်နေ၍ အလုပ်ဖန်တီး ပေးလိုက်တာလား။ (၃)အလုပ်ခန့်ထားရန် လျှောက်လွှာ ခေါ်သည့် တိုင်း/ပြည်နယ် ဒေသကြီးမှ ၀န်ကြီးများက ဘူးတောင်းနစ်၍ စောင်းခြမ်းပေါ်အဖြစ်ကို လှစ်ပြလိုက် တာလား။
 (၄) ဂျပန်နိုင်ငံကို အတုယူပြီး ပါရဂူဘွဲ့ရတွေကို မူလတန်းကို သင်ခိုင်းတာလား။ ဂျပန်နိုင်ငံက ပါရဂူ ဘွဲ့ရသူများ သည် ကလေးသူငယ်တို့၏ စိတ်ခံစားချက် နှင့် စိတ်ပိုင်းဆိုင်ရာ သုတေသနပြုလုပ်ထား သည့် ပါရဂူ ဘွဲ့ရများကို ခန့်ထားခြင်းဟု သိရသည်။ ၎င်းတို့ကို တက္ကသိုလ်ပညာရေး တွင် တာဝန် ထမ်းဆောင် နေသည့် ဆရာ၊ ဆရာများ၏လစာထက်မြင့်မားသည့် ခံစား ခွင့်များ၊ နေအိမ်များ ပေးအပ်ချီးမြှင့်ထား သည်ဟု သိရသည်။ မြန်မာနိုင်ငံက လပေး နေ့စားတစ်သိန်းဝန်းကျင်ဖြင့် လက်ရှိခန့် ထားသည်ကိုသိရသည်။ သည်တော့ ““မတူ လျှင် မတုနဲ့””လို့ ပြောချင်ပါတယ်။ သတိ ပြုရမှာက တိုင်းပြည်ကို စေတနာနဲ့အုပ် ချုပ်ဖို့ပါပဲ။ ကိုယ့်သား သမီးရဲ့တစ်နေ့အသုံး စရိတ်တောင် မရှိတဲ့လစာနဲ့ ကိုယ်ကိုယ်တိုင် ပါရဂူဘွဲ့မရဘဲနဲ့ ကိုယ်ချင်းမစာပါဘဲ မလုပ် မပြောသင့်ပါဘူး။ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာလည်း မကျပါစေနဲ့။ ကိုယ် ကိုယ်တိုင်ကတော့ “အာဏာ”ကို မရမနေ ရအောင်ယူတတ်တဲ့ ပညာသာတတ်ပြီး တိုင်းပြည်အတွက် တိုးတက်အောင်အသုံး ချပညာရပ်တွေ မတတ်ဘဲ သစ်ဆိုလည်း တောလုံးကုန်အောင် ရောင်း၊ ဓာတ်သတ္တုဆိုလည်း တောင်လုံးပျောက်အောင် ရောင်းတတ်တဲ့ ပညာလောက်နဲ့ မစဉ်းစားသင့်ပါ။ အကောင်းဆုံးက ရရှိနေတဲ့ အဆင့်က ထွက်ပြီး အေးအေးပဲ ထိုင်စား နေသင့် ပါပြီ။ ကိုယ်စီမံခန့်ခွဲတဲ့ နေရာရဲ့ တန်ဖိုးကိုလည်းကြည့်သင့်ပါသည်။ နေရာနှင့် တန်အောင်ပြောပါ။ တန်အောင် လုပ်ပါ။ တန်တဲ့အတွေးအခေါ်ကို သုံးပါလို့ အကြံ ပြုပါတယ်။

ခြင်္သေ့ဆိုတာ မြက်မစားဘူး

ခြသေ့င်္တို့မည်သည် မြက်ကိုမစားဘူး။ ဒါပေမဲ့ ကြွက်ကို စားချင်စားမည်။ ကြွက်ကသေးပေမယ့် အသားရှိ သတ္တ၀ါမို့ပဲ။ နွားသည် ကြွက်ကိုမစားဘူး၊ မြက်ကို စားသည်။ သည်လိုပါပဲ။ သူ့သဘာဝနှင့် သူ ရှိကြရမှာပါ။ ယခု ကိစ္စက ခြင်္သေ့ကို မြက်စားခိုင်းသည်နှင့် တူပါသည်။ ယခုကိစ္စမှာ ဆရာဝန်စာရေးဆရာတစ်ဦးက ထောက်ခံ သည့်သဘောရေးထားသည်ကို Hot News မှာဖတ်ရပါတယ်။ သူအလုပ်လက်မဲ့ ဘ၀ ၁၉၉၅ ခုနှစ်က ကုမ္ပဏီ တစ်ခုက ယာဉ်မောင်းခေါ်သည့် အခါ သွားလျှောက်ပါ သည်။ Over Qualification (ခေါ်တဲ့ ခန့် မယ့်အလုပ်နဲ့ အရည်အချင်းလွန်) ဆိုပြီး မခန့်ပါဟုပြောပါသည်။ L.L.M ဘွဲ့ရမိန်းကလေး တစ်ယောက်က ကုမ္ပဏီကြီး တစ်ခု မှာ အောက်တန်းစာရေး လျှောက်ရာ မဟာဥပဒေဘွဲ့ရမို့ ပယ်ဖို့စိတ်ကူးရှိကြောင်း၊ ဒါပေမဲ့ မိန်းကလေးက အလုပ်ရှာနေသည်မှာ ကြာပြီဖြစ်ကြောင်း၊ ၀င်ငွေမရှိကြောင်း၊ အလုပ်ကြီးကြပ်သူ (ဆယ်တန်းမအောင် သေးသူ) ကို ရိုရိုသေသေ ဆက်ဆံပါမည့် အကြောင်း၊ အစမ်းခန့်ကြည့်ဖို့ ပြော၍ ခန့်လိုက်ကြောင်း ဖော်ပြထားပါသည်။ နောက်တော့ လက်ထောက်မန်နေဂျာဖြစ်သွား သည်ဟုဆိုပါသည်။ သည်တော့ မူလတန်း ပြဆရာအလုပ်ကို Ph.D တွေ လုပ်ကြဟုဆိုခြင်းပါ။ ဒါက ပုဂ်္ဂိုလ်ရေး ဆန္ဒနဲ့ဆုံးဖြတ် ချက်ကို ဆိုချင်ကြောင်းလို့ ထင်ပါသည်။ နိုင်ငံတော် အဆင့်က ကြည့်လျှင် နိုင်ငံ တကာအလယ်မှာ နိုင်ငံရဲ့ဂုဏ်သိက္ခာကို ကြည့်ပြီး အလုပ်ခေါ်သည့် ပုဂ်္ဂိုလ်များက ကြည့်သင့်ပါသည်။ ယခု Ph.D ဘွဲ့ရတွေ ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် မှာ လက်ထောက် ညွှန်ကြားရေးမှူးတို့၊ ညွှန်ကြားရေးမှူးတို့လို နေရာတွေမှာ ခန့်ဖို့ခေါ်ပါက နိုင်ငံ့ဂုဏ် မဆောင်ပေ ဘူးလား။ စစ်သားတွေကို ဘာလို့ ခန့်ရသလဲ။ ဒီလို ခန့်တာဟာ နိုင်ငံရေးအမြင်နဲ့ ခန့်တာ၊ စစ်သားဆိုတာ အထက်အမိန့်ကို နာခံရာမှာ ခြောက်ပေတွင်းထဲ မရောက်မချင်းပါဘဲ။ တက္ကသိုလ်က Ph.D ဘွဲ့ရကျောင်းသား က အမိန့်ပေးရင် ဦးနှောက်နဲ့စဉ်းစားပြီးမှ ဆုံးဖြတ်မှာဖြစ်လို့ ကျားကိုက်ကိုက် ခြင်္သေ့စားစား ဆုံးဖြတ်မည် မဟုတ်ပါ။ အလုပ် လက်မဲ့ဘွဲ့ရပြဿနာ ဖြေရှင်းလိုသည်မှာ အမှန်ဖြစ်လျှင် အလုပ်ရှိပြီးသား၊ ဗိုလ်ကြီး၊ ဗိုလ်မှူး တွေကိုနေရာ ပြောင်းပြီး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာ ခန့်အပ်ရန် မလိုပါ။

သည်တော့ Ph.D ဆိုတဲ့ ဘွဲ့ရသော ခြင်္သေ့များ မြက်မစားကြပါနဲ့။ မြက်စားတဲ့ ခြင်္သေ့လည်းရှိမှာပါ။ အဲဒီခြင်္သေ့ ကတော့ . . . . ။

(မြိုင်- တင်လှိုင်)

Myanmartandawsint Newspaper

“မယောင်ရာဆီလူးညွန်ကြားချက်ဟု အလုပ်သမားအရေးကျွမ်းကျင်သူများဆို”


၂၀၁၄   မေလ  ၊မောင်ပေါ်ထွန်း
            အေဂျင်စီများအဖွဲ့ချုပ်သို့ အလုပ်သမားအလုပ် အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ညွန်ကြားသည့် စာမှာ မယောင်ရာဆီလူခြင်းဖြစ်ပြီး အနာတခြားဆေး တခြားဖြစ်ကြောင်း အလုပ်သမားအရေး ကျွမ်းကျင်သူများ က ထောက်ပြပြောဆိုသည်။
 
         ၂၀၁၄ ခု မေလ၆ ရက်နေ့စွဲဖြင့် အလုပ်သမားအ လုပ်အကိုင်နှင့်လူမှုဖူ လုံရေး ၀န်ကြီးဌာနမှ ပြည်ထောင်စု ၀န်ကြီးရုံးညွန်ကြားရေးမှူးလက်မှတ်ထိုး၍ ညွန်ကြားစာ တစ်စောင် မမျှော်လင့်ပဲ ထိုင်းငံမှ အလုပ်သမား အရေးေ ဆာင်ရွက် သူများလက်ထဲ သို့ ရောက်ရှိလာခဲ့သည်။    အဆိုပါစာတွင် အလုပ်သမားများစာ အုပ်သက်တမ်းတိုြး ခင်း များ အထူးနည်းပါးနေသဖြင့် အေဂျင်စီများ အနေဖြင့် အလုပ်သမားများကို ဇူလိုင်လ ကုန် အထိ စည်းရုံးပေးရ မည်ဖြစ်ကြောင်း ထိုသို့ မပြုလုပ်ပါက ထိုင်းနိုင်ငံသို့ အလုပ် သမား အကျိုးဆောင်လိုင်စင်အား ပိတ်သိမ်း မည်ဖြစ်ေ ကြာင်း ရေးသားထားသည်။
            ဘန်ကောက်အခြေစိုက်  ထိုင်းနိုင်ငံရောက်   မြန်မာနိုင်ငံသားများအဖွဲ့ MATဒါရိုက်တာ ဦးကျော်သောင်း က “ဒီကအခြေအနေမှန်တွေကို ကျနော် တို့ အများကြီးတင်ပြဖူးပါတယ်။ 
 
ဒါပေမယ့် မြန်မာအလုပ်   သမားအာဏာပိုင်တွေဟာ လုပ်ချင်တာ စွတ်လုပ် တုန်းပဲ။   ဖြစ်ချင်တာရယ်၊ ဖြစ်နိုင်တာ၊ ဖြစ်သင့်တာနဲ့ ဖြစ်နေတာေ တွကို ယှဉ်းထိုးတိုင်းတာ စဉ်းစားကြစေချင်တယ်။  ဘာကြောင့် အလုပ်သမားတွေ ပတ်စပို့ သက်တမ်း လာ မတိုးကြတာလဲ?  သက်တမ်းကုန်လာတာ ၉လထဲ ကိုေ ရာက်လာပြီး သက်တမ်း ကုန်အလုပ်သမားတွေ များလာေ နပြီ၊ ပုလိပ်တွေနေ့တိုင်းဖမ်းနေပြီ အကြောင်း အကျိုးစဉ်း စားကြပါလား။ ဒီလို ညွှန် ကြားစာထုတ်တာဟာ မစဉ်း စားပဲ မယောင်ရာကို ဆီလူးတာနဲ့တူတယ်။   ပြတိုက် ထဲမှာ ရွှေချထားရမယ့် စပါယ်ရှယ်စီမံခန့်ခွဲမှုပဲ” ဟုရင် ထုမနာပြောသည်။
 
         နိုင်ငံတော် ဒုသမ္မတ တစ်ဦးက  လွန်ခဲ့သည့် ၃လ ခန့်က နေပြည်တော် အစည်းဝေးတစ်ခုတွင် မြန်မာနိုင်ငံ သားများအဖြစ် တရားဝင်အသိအမှတ်ပြု ခြင်း မခံရသေးေ သာ ထိုင်းရောက်ဘင်္ဂါလီများအား တရားဝင် နိုင်ငံသား အဖြစ် သတ်မှတ် သွားသလိုဖြစ်မည်ကိုစိုးရိမ်သဖြင့် ယခုအစီအမံကို ချမှတ်ရကြောင်း အဆိုပါ အစည်းဝေး သို့ တက်ရောက်ခွင့်ရခဲ့သည့် အေဂျင်စီ ဒါရိုက်တာ တစ်ဦြးေ ပာပြ ချက် အရသိခဲ့ရသည်။ 

      
  ယမန်နှစ်က  မဟာချိုင်၊ စူရတ် ဌာနီနှင့်ဘန်ကောက်မြို့တို့တွင် ဗမာ စကားမပြောတတ်သည့်ကမ္ဘောဒီ ယားအလုပ်သမားအချို့(တောင်ကြီး ရှမ်းအမျိုးသမီး အယောင်ဆောင်၍)   နှင့် ဘင်္ဂါလီအမြောက်အမြားတို့ အား ယာယီနိုင်ငံကူးလက်မှတ်လုပ်ေ ပးနေ ပုံများကို ဓါတ်ပုံနှင့်VDO များရိုက်ကူး၍ အမျိုးသားရေး တက်ကြွလှုပ်ရှား သူများက နေပြည်တော်အစိုးရထံသို့ပေး ပို့ခဲ့ကြသော် လည်း တာဝန်ရှိသူများ အား တစ်စုံတစ်ခု အရေးယူ စစ်ဆေးခြင်း မကြားခဲ့ရကြောင်း အထောက် အထားများပေးပို့ခဲ့ကြသည့်မဟာချိုင်လူငယ်များကပြောသည်။
            ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED ဒါရိုက်တာ ဦးထူးချစ်က “အလုပ်သမားတွေ လွယ်လွယ်ကူကူလုပ်နိုင် မယ့်နည်းလမ်း ကိုရှာသင့်ပါတယ်။ ဒီမှာသာမန်နိုင်ငံကူး ပတ်စပို့လုပ်ပေးရင် တရုတ်မယားအဖြစ် ရောင်းစားခံကြရဖို့အတွက် လုပ်ပေးသလိုဖြစ်နေမလား၊မဖြစ်ခင်စဉ်းစားစေချင်တယ်။ ထိုင်းကိုရောက်နေတဲ့အလုပ်သမားတစ်ယောက် မြန်မာနိုင်ငံသားဖြစ်တယ် ဆိုတဲ့ ယုံကြည်တာနဲ့ အလုပ်သမားကိုင်တဲ့စာအုပ် ထုတ်ပေးတာ ဘာအခက်အခဲရှိမလဲ။ လ၀က တွေမှာ ခွဲခြားနည်းရှိပါတယ်။ ခက်တာက  လ၀က အလုပ်ကို လ၀က မလုပ် ရ၊ ပတ်စပို့ကို နိုင်ငံကူးလက် မှတ်ထုတ်ပေးရေးအဖွဲ့က မဆုံးဖြတ်ရ၊ သတင်းတပ်ဖွဲ့ ဆိုတာ လည်းပါလာသေး တယ် ကိုယ့်အလုပ်ကို ကိုယ် လုပ်ခွင့်မရှိပဲ  ရှုပ်ထွေးတဲ့ စီမံခန့်ခွဲမှုတွေနဲ့လည်း ဆိုင်တယ်ဗျ” ဟုပြောသည်။
၂၀၁၂ ခုနှစ် ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးခဲ့စဉ် ကာလက မြန်မာ စစ်ဗိုလ်မှူးး   ဟောင်းတစ်ဦးသည် အလုပ်သမားများ၏  အချက်အလက် များအား  ကွန်ပျူ တာစကင် ဖတ်ခ ဟုဆိုကာ အလုပ်သမား တစ်ဦးစီ ကျပ်ငွေ တစ်ထောင်စီေ ကာက် ခံမည်ဟု အလုပ်သမားဝန်ကြီးဌာနနှင့်သတ်မှတ်ခဲ့သော်လည်း  ပတ်စပို့ထုတ်ပေးသည့် စင်တာများတွင် ဘတ်ငွေ၂၀၀ (ကျပ်ငွေ၆,၀၀၀) အထိ ကောက်ယူသွားခဲ့သည်။နံပါတ် တစ်ခုတည်းဖြင့် ပတ်စပို့ ၆အုပ်ခန့် ထွက်သွားသည်များလည်းရှိခဲ့သည်။ ထို့အပြင် ပတ်စပို့ထုတ်ပေးသည့် စခန်း ကိုယ်လက်သန့်စင်ခန်း တို့တွင်  မြန်မာသံမှူး တံဆိပ် တုံးနှင့် ထိုင်းအလုပ်သမား ၀န်ကြီးဌာန တံဆိပ်တုံးများအား ပတ်စပို့ပွဲစားများပေါ်ပေါ် တင်တင် ထုနေေ ကြာင်း သိရှိခဲ့ရသည်။ 
           ထိုကာလ က အလုပ်သမားပတ်စပို့လုပ်ခွင့်စာ ရွက်ရရှိရေးအ တွက်အလုပ် သမား တစ်ဦးစီအတွက် ဘတ်ငွေ ၁,၃၀၀ အထိ  မြန်မာသံရုံးနှင့် ထိုင်းအလုပ်သမားဝန်ကြီးဌာတို့အတွက်ပေးသွင်းခဲ့ရကြောင်းကုမ္ပဏီများကပြော သည်။ ။ ၂၀၁၃ ခုနှစ်လယ်ခန့်က မြန်မာ သံရုံးအနီး မြေကွက်လပ်တွင် သံရုံးနှင့်  နီးစပ် သူတစ်ဦးက ပတ်စပို့ သက်တမ်း တိုးရေးအတွက် စခန်းတစ်ခု ဖန်တီးခဲ့ရာ မအောင်မြင်ခဲ့ကြောင်း အေဂျင်စီ ဒါရိုက်တာ တစ်ဦးကပြောသည်။
 

    ထိုင်းမြန်မာပတ်စပို့ကုမ္ပဏီ ဒါရိုက်တာ တစ်ဦး က“မြန်မာနိုင်ငံသားမှန်ကန်ကြောင်း စီစစ်မယ်ဆိုရင် ကော့သောင်း၊ မြ၀တီနဲ့ တာချီလိတ်မှာဖွင့်သင့် တယ်။ မြန်မာနိုင်ငံ သားစစ်စစ်မဟုတ်တဲ့သူတွေ  မြန်မာဘက်ကို မလာရဲပါဘူး။ထိုင်းဘက်မှာလုပ်ရတော့ ကိုယ့်အချုပ်အခြာအာဏာကို ထိုင်းကို အပ်ထား သလိုဖြစ်နေတယ်။ တစ်နေ့က အလုပ်သမားဒုဝန်ကြီး သံရုံးထဲမှာ အစည်းဝေး လုပ်တယ်၊ အလုပ်သမားအရေးလုပ် တဲ့အဖွဲ့ဘယ်နှစ်ဖွဲ့ပါသလဲ။ ဘဏ်ကိုယ်စား လှယ်၊ အေဂျင်စီများအဖွဲ့ချုပ် ကလူတွေ ၊ အေဂျင်စီတွေနဲ့ ပွဲစားတွေပဲ ဓါတ်ပုံတွေ ကိုကြည့်လေ။ 
 
လူကြီးဆိုသူတွေစဉ်းစားကြ  စေချင်တယ်ဗျာ” ဟု ၎င်း၏ အတွေ့ အကြုံများဖြင့်ယှဉ်၍ ပြောဆိုသွားသည်။
       သန်းချီရှိသည့် ရွှေ့ပြောင်းအလုပ်သမားများမှာတစ်နေ့တခြားသက်တမ်းကုန်နေကြ သဖြင့်လွယ်ကူ ချောမွေ့မြန်ဆန် သက်သာသည့်နည်းလမ်းများပေါ် လာမည်လားဟု   မျှော်လင့်နေကြကြောင်းသိရှိရသည်။

http://www.goldenworkers.asia


မျိုးစောင့်ဥပဒေ ပြဌာန်းရေး ရဟန်းသံဃာနဲ့ သက်ဆိုင်သလား???

 
အမျိုးသားရေးဝါဒ နဲ့ ဗုဒ္ဓ၀ါဒဟာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ပါတယ်။

ဥပမာ - ဂေါတမဗုဒ္ဓ နဲ့ ရှင်ဒေ၀ဒတ္တ တို့ဟာ သာကီဝင်မင်းမျိုးမှ ဆင်းသက်လာသူများ ဖြစ်ကြပြီး ဝမ်းကွဲ ညီအကိုလည်း တော်စပ်ကြပါတယ်။ ဒါပေမယ့် ဗုဒ္ဓဘုရားရှင်က အဂ္ဂသာဝကနှစ်ပါးကို ရွေးချယ်ရာမှာ ရှင်ဒေဝဒတ်ကို မရွေးချယ်ဘဲ ဗြဟ္မဏအနွယ်မှ လာတဲ့ ရှင်သာရိပုတ္တရာ နဲ့ ရှင်မောဂ္ဂလာန် တို့ကို သာ
ရွေးချယ်ခဲ့ပါတယ်။

မြတ်စွာဘုရားရှင်ဟာ အမျိုးအနွယ်ကို မကြည့်ပါဘူး။ သီလ သမာဓိ ပညာ ဆိုတဲ့ အရည်အချင်းကိုသာ ကြည့်ပါတယ်။ မြတ်စွာဘုရားရဲ့ တရားတော်မှာ အမျိုးမာန် အမျိုးစွဲ ထားဖို့ ဟောခဲ့တဲ့ တရား မပါဝင်ပါဘူး။

ရုပ်နာမ် ပရမတ်ကို ထွင်းဖေါက်မြင်တော်မူတဲ့ ဘုရားရှင်အနေဖြင့် အဝိဇ္ဇာဖုံးတဲ့ ပုဂ္ဂိုလ် သတ္တဝါ ပညတ် အမြင် အပေါ် အခြေခံတဲ့ လူမျိုးစွဲ ဘာသာစွဲကို ဟောရန် အကြောင်းမရှိပါဘူး။

အစွဲဆိုတာ တဏှာလောဘပါ။ ဗုဒ္ဓဘုရားရှင်ရဲ့ တရားတော်ဟာ တဏှာကင်းရာ ကုန်ရာကို ကျင့်ဖို့
ဟောတော် မူခဲ့တဲ့ တရားတော်သာ ဖြစ်ပါတယ်။

တဏှာပွားကြောင်းကို ဖြစ်စေမယ့် မည်သည့်အစွဲကိုမျှ မြတ်စွာဘုရား အားပေးမှာ မဟုတ်ပါဘူး။ မြတ်စွာ ဘုရား က သူ့ရဲ့ သာကီဝင် မင်းမျိုးအတွက်ကိုသာ ရည်ရွယ်ပြီး တရားဟောခဲ့တာလည်း မဟုတ်ပါဘူး။

မြတ်စွာဘုရားက (၃၁) ဘုံမှာ ရှိကြတဲ့ သတ္တဝါအားလုံးအတွက် တရားဟောခဲ့တာပါ။ ဒါကြောင့် ဗုဒ္ဓရဲ့ ၀ါဒ က လူမျိုးတမျိုးတည်း၊ ဗုဒ္ဓဘာသာ ဆိုတဲ့ ဘာသာတခုတည်းနဲ့သာ သက်ဆိုင်တာ မဟုတ်ပါဘူး။ ဗုဒ္ဓဝါဒက သတ္တဝါအားလုံးနဲ့ သက်ဆိုင်တဲ့ ဝါဒပါ။

အမျိုးသားရေးဝါဒကတော့ လူမျိုးတမျိုးနဲ့သာ သက်ဆိုင်ပါတယ်။ ဗုဒ္ဓ၀ါဒ နဲ့ အမျိုးသားရေးဝါဒကို မရောထွေး သင့်ပါဘူး။

အမျိုးသားရေးဝါဒ စွဲကိုင်ခြင်းဟာ ဘုရားရှင်ရဲ့ အလိုတော် ဟုတ်သလား မဟုတ်ဘူးလား ဆိုတာကို ခုဒ္ဒကနိကာယ်လာ ဝသလသုတ္တန်မှာ ထင်ရှားစွာ တွေ့မြင်နိုင်ပါတယ်။

ဝသလသုတ္တန်ကို မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေတော်မူစဉ် မြို့ထဲသို့ ဆွမ်းခံ ကြွလာတော်မူတဲ့ ဘုရားရှင်ကို အမျိုးဇာတ်ကြောင့် မာန်မာန ထောင်လွှားနေတဲ့ အဂ္ဂိကဘာရဒွါဇ
ဗြဟ္မဏရဲ့ ရဟန်းယုတ် ဦးပြည်းယုတ် သူယုတ်မာ စသည်ဖြင့် ရိုင်းစိုင်း ကြမ်းတမ်းစွာ ခေါ်ဝေါ် ပြောဆိုမှုကို အကြောင်းပြုပြီး ဟောတော်မူခဲ့ပါတယ်။

သာဝတ္ထိပြည် တည်ရှိရာ အိန္ဒိယနိုင်ငံဟာ ရှေးယခင်မှ စပြီး ယနေ့တိုင်အောင် ဇာတ်ခွဲခြားမှုစနစ် အား
ကောင်းပြီး အမျိုးသားရေးဝါဒ အလွန် ပြင်းထန်တဲ့ နိုင်ငံ ဖြစ်ပါတယ်။

ဝသလသုတ္တန်မှ အောက်ပါ ဂါထာ နှစ်ဂါထာကို ထုတ်နှုတ် ဖေါ်ပြလိုပါတယ်။

ကောဓနော ဥပနာဘိ စ၊ ပါပမက္ခီ စ ယော နရော ဝိပန္နဒိဋ္ဌိ မာယာဝီ၊ တံ ဇညာ ဝသလော ဣတိ “အကြင်သူသည် အမျက် ထွက်လေ့ ရှိ၏၊ ရန်ငြိုးဖွဲ့တတ်၏၊ ယုတ်မာသည်ဖြစ်၍ သူ့ကျေးဇူးကို ချေဖျက် တတ်၏၊ အယူပျက်စီးသူ ဖြစ်၏၊ လှည့် ပတ် တတ်၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏” န ဇစ္စာ ဝသလော ဟောတိ၊ န ဇစ္စာ ဟောတိ ဗြဟ္မဏော ကမ္မုနာ ဝသလော ဟောတိ၊ ကမ္မုနာ ဟောတိ
ဗြဟ္မဏော “အမျိုးဇာတ်ကြောင့် သူယုတ်မာ မဖြစ်နိုင်၊ အမျိုးဇာတ်ကြောင့် ဗြာဟ္မဏ မဖြစ်နိုင်၊ မိမိပြုသော အမှုကြောင့်သာလျှင် သူယုတ်မာ ဖြစ်ရ၏၊ မိမိပြုသော အမှုကြောင့် သာလျှင် ဗြာဟ္မဏ ဖြစ်ရ၏”

ဒေသနာအဆုံးမှာ အဂ္ဂိကဘာရဒွါဇဗြဟ္မဏဟာ မြတ်စွာဘုရားကို လေးစားကြည်ညိတဲ့ ဥပါသကာ ဒါယကာတယောက် ဖြစ်သွားခဲ့ပါတယ်။

ဗုဒ္ဓအဆုံးအမကို မှန်မှန်ကန်ကန် နားလည်သဘောပေါက်တဲ့ ဘုရားသားတော်ဆိုပါက ပြင်းထန်တဲ့ လူမျိုး ဘာသာ အယူဝါဒကို လက်ခံကျင့်သုံးရန် သင့် မသင့် လေးနက်စွာ ပြန်လည် ဆင်ခြင် စဉ်းစားသင့်ပါ တယ်။

ပြင်းထန်တဲ့ လူမျိုး ဘာသာ အယူဝါဒမှ တဖက်စွန်း အမျိုးသားရေးဝါဒကို ဦးတည်သွားနိုင်တဲ့ အန္တရာယ် ရှိပါတယ်။ အန္တရာယ်ရဲ့ ခါးသီးတဲ့ အရသာကို မကြာလှသေးတဲ့ ကာလတွေမှာ အပြစ်မဲ့ မြန်မာပြည်သူတွေ ခံစားခဲ့ရပြီးပါပြီ။

ပြင်းထန်တဲ့ လူမျိုး ဘာသာဝါဒဟာ လူ့အဖွဲ့အစည်းအတွက် ကောင်းကျိုး ဖြစ်စေသလား။ ဆိုးကျိုး ဖြစ်စေ သလား ဆိုတာ ကမ္ဘာ့သမိုင်းမှာလည်း သက်သေ ပြခဲ့ပြီးပါပြီ။

ယခုလည်း ဆီးရီးယား အီရတ် နိုက်ဂျီးရီးယား စတဲ့ နိုင်ငံတွေမှာ အပြစ်မဲ့ သာမာန်ပြည်သူတွေဟာ ပြင်းထန် တဲ့ လူမျိုး ဘာသာ အယူဝါဒရဲ့ သားကောင်ဘဝကို ကျရောက်နေကြရတဲ့ သတင်းတွေကို နေ့စဉ်လိုလို
တွေ့မြင်ကြားသိနေရပါတယ်။

မြတ်စွာဘုရားရဲ့ သန့်စင်မွန်မြတ်တဲ့ တရားတော်ကို လူမျိုးစွဲ ဘာသာစွဲ ဆိုတဲ့ တဏှာအစွဲနဲ့ အရောင် ဆိုးတဲ့ လုပ်ရပ်မှန်သမျှဟာ မဖြစ်သင့်တဲ့ လုပ်ရပ်တွေပါ။ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဆိုတဲ့
ဗြဟ္မဇိုရ်တရားရဲ့ ပြယုဂ်ဖြစ်တဲ့ မွန်မြတ်သန့်စင်တဲ့ ဗုဒ္ဓသာသနာထွန်းကားရာ နိုင်ငံတနိုင်ငံဖြစ်ပါလျှက်နဲ့ မငြိမ်းချမ်းနိုင်တဲ့ နိုင်ငံ၊ ကမ္ဘာမှာ အဆင်းရဲဆုံး အမွဲတေဆုံး နိုင်ငံ ဖြစ်နေရခြင်းရဲ့ အဓိက တရားခံဟာ အာဏာရှင်တို့ရဲ့ အာဏာအပေါ် တပ်မက်စွဲလမ်းတဲ့ တဏှာဥပါဒါန် အစွဲကြောင့်ပဲ ဖြစ်ပါတယ်။

အာဏာကို မစွန့်နိုင် ဖြစ်နေကြတဲ့ စစ်အာဏာရှင် မျိုးဆက် ဗိုလ်ချုပ်ကြီးတွေကို အာဏာအပေါ် တပ်မက်
မော တဲ့ တဏှာကို စွန့်ဖို့ ဟောပြော ပြသ ဆိုဆုံးမခြင်းသည်သာလျှင် သာသနာ့ဝန်ထမ်း ရှင်ရဟန်းများရဲ့ တာဝန် ဖြစ်ပါတယ်။

ထိုတာဝန်ကို ထမ်းဆောင်ခြင်းဟာ လက်ရှိ မြန်မာ့နိုင်ငံ အရေးအတွက် အလိုအပ်ဆုံးနဲ့ အရေးအကြီးဆုံး လည်း ဖြစ်ပါတယ်။

ယနေ့ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများအတွက် ရည်ရွယ်ပြီး ပြဌာန်းဖို့ ကြိုးစားနေကြတဲ့ မျိုးစောင့်ဥပဒေ ဆိုတာ သူတို့အတွက် လို မလို၊ အဓိက ကျ မကျ ဆိုတာ စနစ်တကျ လေ့လာသုံးသပ်ဖို့ လိုအပ်မယ် ထင်ပါတယ်။

ခေတ်ပညာတတ် ဘွဲ့ရတွေတောင် ပါဝင်တဲ့ မြန်မာအမျိုးသမီးငယ်များဟာ ဘာ့ကြောင့် ဟောင်ကောင်ကို သွားပြီး အိမ်ဖေါ်လုပ်နေကြရပါသလဲ။

မြန်မာအမျိုးသမီးငယ် အများစု ကြုံတွေ့နေရတဲ့ အဓိက ပြဿနာက ဘာလဲ ဆိုတာ အရိပ်အမြွက်မျှ သိချင် ရင် အထည်ချုပ်စက်ရုံ တရုံလောက်ကိုပဲ သွားကြည့်လိုက်ရင် အဖြေပေါ်မယ် ထင်ပါတယ်။

သူတို့အတွက် မျိုးစောင့်ဥပဒေ လို မလို ဆိုတာ သူတို့အနေနဲ့ စဉ်းစားဖို့ အချိန်ရကြမယ် မထင်ပါဘူး။

မြန်မာနိုင်ငံမှာ ပရိယတ်နဲ့ ပဋိပတ်အလုပ်ကိုသာ အားထုတ်နေတော်မူကြတဲ့ ဆရာတော် သံဃာတော် များစွာ ရှိကြပါတယ်။

ထိုဆရာတော် သံဃာတော်များဟာ ရဟန်းသဃာများနဲ့ လားလားမျှ မသက်ဆိုင်တဲ့ မျိုးစောင့်ဥပဒေ ဆိုတာကို မကြိုက်ပေမယ့် ရှုတ်ရှုတ်ရှက်ရှက် ကိစ္စတွေမှာ ဝင်မပါချင်ဘဲ ကင်းကင်းရှင်းရှင်း နေတော်မူ လိုတာကြောင့် ဒီကိစ္စအပေါ်မှာ တခွန်းတပါဒမျှ မိန့်ကြားမှု မပြုကြတာပါ။

မျိုးစောင့်ဥပဒေအတွက် သဲသဲမဲမဲ ကြိုးပမ်းနေကြတဲ့ ရဟန်းသံဃာ တချို့ကို မြင်ရတော့ နူရာဝဲစွဲ လဲရာ သူခိုးထောင်း ဆိုသလို မငြိမ်းချမ်းနိုင်တဲ့ နိုင်ငံကို ပိုပြီး မငြိမ်းချမ်းအောင်၊ ဆင်းရဲတွင်း နက်ပြီးသား နိုင်ငံကို ဆင်းရဲတွင်း နက်သထက် နက်အောင် တွန်းပို့နေသလိုပါပဲ။

မျိုးစောင့်ဥပဒေဆိုတာ ထိုင်ခုံမြဲရေး ပဓာနတရား လက်ကိုင်ထားကြတဲ့ စစ်အာဏာရှင် မျိုးဆက်အတွက်
တော့ အကြိုက်တွေ့မယ့် ဥပဒေဖြစ်မှာ သေချာပါတယ်။

အရှင်စန္ဒိမာ (မွန်စိန်တောရ)


မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးသူ နှစ်သန်းကျော်ရှိ


 
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ရောင်းချပေးခဲ့သည့် မိုဘိုင်းတယ်လီဖုန်းပေါင်း ရှစ်သန်းကျော်တွင် ဖုန်းအင်တာနက်လျှောက်ထား အသုံးပြုသူမှာ ၂ ဒသမ ၄ သန်းခန့် ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

မိုဘိုင်းတယ်လီဖုန်းများ ရောင်းချရာတွင် ယခုလက်ရှိ ရောင်းချနေသော တန်ဖိုးနည်းမိုဘိုင်းဖုန်း ၄ ဒသမ ၂၅ သန်းနှင့် ယခင်က ရောင်းချခဲ့သည့် မိုဘိုင်းဖုန်းများအပါအ၀င် တယ်လီဖုန်းလိုင်းပေါင်း ၈ ဒသမ ၀၅ သန်းရောင်းချပေးပြီးဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဧပြီလ၌ ထုတ်ပြန်ထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ အင်တာနက်လျှောက်ထားသုံးစွဲ သူပေါင်း နှစ်သန်းခြောက်သိန်းခန့်ရှိနေပြီး မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုသူဦးရေမှာ နှစ်သန်းလေးသိန်း (၂ ဒသမ ၄ သန်း) ခန့်ရှိနေ ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စုံစမ်းသိရသည်။

မိုဘိုင်းဖြင့် အင်တာနက်လျှောက်ထားသုံးစွဲသူ နှစ်သန်းလေးသိန်းတွင် ဂျီအက်စ်အမ်ဖုန်းသုံးစွဲသူမှာ ၁၇ သိန်း ၇ သောင်းခန့်ဖြင့် အများဆုံးဖြစ်ပြီး WCDMA မိုဘိုင်းဖုန်း သုံးစွဲသူမှာ သုံးသိန်းခန့်သာ ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် စစ်ဆေးရေးဌာနမှ သတင်းရရှိသည်။

ယခင်ကသာ အင်တာနက်လျှောက်ထားနိုင်ပြီး လက်ရှိအင်တာနက်လိုင်း သတ်မှတ်အရေအတွက် ပြည့် သွားခြင်းကြောင့် ထပ်မံလျှောက်ထားခွင့်မရသည့် CDMA မိုဘိုင်းဖုန်းများ အင်တာနက်အသုံးပြုသူမှာ တစ်သိန်းခန့်သာရှိကြောင်း သိရသည်။

သို့သော် ၁၅၀၀ ကျပ်ဖြင့် ရောင်းချပေးနေသည့် CDMA 800 MHz မိုဘိုင်းဖုန်းများမှာ အင်တာနက်လျှောက် ထားနိုင်ပြီး ရောင်းချပေးခဲ့သည့် မိုဘိုင်းဖုန်းလိုင်း တစ်သန်းကျော်တွင် အင်တာနက်လျှောက်ထားအသုံးပြုသူ သုံးသိန်းခန့်ရှိနေပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ စာရင်းများအရ သိရသည်။

လက်ရှိတွင် အင်တာနက်လျှောက်ထားရာ၌ GSM နှင့် WCDMA ဖုန်းများမှာ နံပါတ် 1331 သို့ မက်ဆေ့ခ်ျပို့ ၍ လျှောက်ထားနိုင်ပြီး MECTel CDMA 800 MHz ဖုန်းများမှာ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ ဖွင့်လှစ် ထားသည့် Mobile Care center တွင် One-Stop Service ဖြင့် လျှောက်ထားနိုင်ပြီဖြစ်သည်။

7Day Daily


၂၀၀၈ဖွဲ့စည်းပုံတွင် “တိုင်းပြည်ချောက်ထဲကျဖို့ရန် လက်တစ်လုံးအလို စီမံချက်ကြီး”များဖြင့် အာဏာပြန်လည် သိမ်းယူနိုင်သည်အထိ ဖန်တီးထားသည်ကို တွေ့ရ

 
၂၀၀၈ဖွဲ့စည်းပုံတွင် “တိုင်းပြည်ချောက်ထဲကျဖို့ရန် လက်တစ်လုံးအလို စီမံချက်ကြီး”များဖြင့် အာဏာပြန်လည် သိမ်းယူနိုင်သည်အထိ ဖန်တီးထားသည်ကို တွေ့ရသည် . . .

၅၉ (စ) မပြင်ဆင်ရေးလာပြီ

ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ် ရေးအတွက် ကြိုတင်ဖန်တီးရေးဆွဲခဲ့သည် ဟု နိုင်ငံရေးရပ်ဝန်းမှ ဝေဖန် လျက်ရှိသော ၂၀၀၈ ဖွဲ့စည်းပုံပါ ပုဒ်မ ၅၉ (စ) ပြင် ဆင်ရေး၊ မပြင်ဆင်ရေး ဒွိဟပွားနေမှုအပေါ် ရှင်းလင်း ပြတ် သားသော သဘောထားတစ် ရပ်အား ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူအများ အမြင်ရှင်းသွားစေရန် လှုပ်ရှားမှု တစ်ခု ကို ၂၀၁၄ မေလ ၃ ရက်နေ့က ပြုလုပ်ခဲ့ သည်။ လေးမျက်နှာမြို့နယ်တွင် မေလ ၂ရက်က NLD ပါတီမှ ဦး ဆောင်၍ ၅၉(စ) အပါအ၀င် ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ပြီး နောက်တစ်ရက် မေလ ၃ ရက် တွင် ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်၍ ၅၉ (စ) မပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ပွဲတစ်ရပ် ပြုလုပ်ခဲ့ခြင်း ဖြစ် သည်။ ဤမတိုင်မီ ၅၉ (စ) မပြင်ဆင်ရေး ဟောပြောပွဲ၊ ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်ခဲ့ဖူးသော် လည်း ပြည်ခိုင်ဖြိုးပါတီ ၏ ခေါင်း စဉ်အောက်တွင်တော့ မဟုတ်ခဲ့ချေ။ မေ လ ၃ ရက် ၅၉ (စ) မပြင်ဆင်ရေးဆန္ဒ ထုတ်ဖော်ပွဲကား ပြည်ခိုင်ဖြိုးပါတီမှ ပထမ ဆုံးအကြိမ် ဦးစီးပြုလုပ်ခြင်း လည်း ဖြစ်သည်။… ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ် မည်ကို မလိုလားသော ပြည်ခိုင်ဖြိုးပါတီ၏ သဘောထားအား တိုင်းသိပြည်သိကြေ ညာလိုက်ခြင်းလည်း မည်၏။ လက်ရှိ အစိုးရ၏ ဆင်ခြေပေးနေကျ မူအတိုင်း ““အောက်ကလုပ်တာ အပေါ်ကမသိလိုက်ဘူး””ဟုဆိုလျှင် မူကား ပြည်ခိုင်ဖြိုးပါတီ အောက်ခြေပိုင်းသည် ဗဟိုကော်မတီအား မထီမဲ့မြင်၊ လျစ်လျူရှုကာ ကိုယ့်သဘော နှင့် ကိုယ်လုပ်ခွင့် ရှိသည့်သဘော သက်ရောက်နေသည်မှာ ဧကန်ဟုသာဆိုရမည်။ သို့သော် အထက်- အောက် စီးဆင်းပုံ ဖွဲ့စည်းပုံဖြင့် ဖွဲ့စည်းထားသော ပြည်ခိုင် ဖြိုးပါတီ၏ ဖွဲ့စည်းပုံရှုထောင့်မှကြည့်လျှင် နာယကကြီးများ၊ ဗဟိုကော်မတီဝင်များ၏ သဘောထားဟုသာ ယူဆရပါလိမ့်မည်။ ပြည်ခိုင်ဖြိုးကား ၅၉ (စ)အား ပြင်ဆင်ရန် အလိုမရှိဘဲ ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့်မပေးနိုင်ဟု တစ်နိုင်ငံလုံး အား တိုင်းသိပြည်သိ ပထမဆုံး ကြေညာ လိုက်ခြင်းပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မကြာမီကာလများတွင် ၅၉ (စ) မပြင် ဆင်ရေး အတွက် ပြည်ခိုင်ဖြိုးဘက် တော်သားများက ဆန္ဒထုတ်ဖော်ပွဲများ ထပ်မံပြုလုပ်လာနိုင်ဖွယ်ရှိ၍ ဖြစ်သည်။

တိုက်ဆိုင်စွာပင် ဧပြီ ၂၀ ရက်၌ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ၈၈မျိုးဆက်ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးပြီး လူထုဟောပြောပွဲများ၊ ဆန္ဒထုတ်ဖော်ပွဲများ၊ လက်မှတ်ရေးထိုးလှုပ်ရှား မှုများဖြင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးလှုပ်ရှားမှု များအား အရှိန်မြှင့်တင်ရန်ဆုံးဖြတ်၍ ပထမ ဆုံးအကြိမ်အဖြစ် NLD နှင့် ၈၈ တို့ ပူးပေါင်း ပြီး ကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့ကြသည်။

မေလ ၃ ရက် ပြည်ခိုင်ဖြိုး၏ ၅၉ (စ) မပြင်ဆင်ရေးလှုပ်ရှားမှုသည် NLD ၏ ၅၉ (စ) ပြင်ဆင်ရေး လှုပ်ရှားမှု များအား တန်ပြန် အဟန့်သဘောဆောင်နေသည် ဟု နိုင်ငံရေးရပ်ဝန်းက ဝေဖန်သုံးသပ်ခဲ့ကြ သည်။ လွှတ်တော်တွင် အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီတစ်ရပ်ဖွဲ့စည်း ထားသည်မှာ နှစ်ဝက် ခန့်ရှိ နေပြီဖြစ် သော်လည်း ပြည်ခိုင်ဖြိုးပါတီဝင်အများစုပါဝင်သော ကော်မတီမှ မည်သည့် အချက်များပြင်ဆင် မည်၊ မည်သည့် အချက်များမပြင်ဆင်ဟူ၍ တိတိကျကျထုတ်ပြန်ကြေညာခြင်းမရှိဘဲ ကော်မတီတွင်းဆွေးနွေးမှုများအား လျှို့ ၀ှက်ထားရမည်ဟူ၍ သတင်းမီဒီယာတစ်ခု ၏ဖော်ပြချက်အရ သိရသည်။ အခြေခံ ဥပဒေပြင်ဆင်ရေး ကော်မတီ သည် ပြည်တွင်း၊ ပြည်ပတွင် မျက်နှာပန်းလှရုံသက် သက်ဖွဲ့စည်းထားသောကော်မတီဟု ဆိုရ မလိုပင် လက်ရှိ ကာလအထိ ထိရောက် သော သက်ဝင်လှုပ်ရှားမှုမျိုးကား မမြင် တွေ့ရသေးချေ။ အတိတ်မေ့ သလိုလို၊ ရွှေ ပျောက်သလိုလို လုပ်နေသည်ဟုပင် နိုင်ငံရေးသုတေသီတစ်ဦးက ဆိုခဲ့သည်။

ထိုသို့ဆိုလျှင် အဘယ်ကြောင့် ပြည် သူတွေ ပြင်ချင်သော ဆန်္ဒရှိလျှင် ပြင်ဆင် သင့်ကြောင်း အာဏာရပြည် ခိုင်ဖြိုးပါတီ၏ အကြီးအကဲက ဆိုခဲ့လေသနည်း။ ပြည် ထောင်စုလွှတ်တော်နာယကကြီးကလည်း လွှတ်တော်ထဲ တွင် ဖွဲ့စည်းပုံပြင်ဆင်လိုသူ ကိုယ်စားလှယ်တွေက အများစုဖြစ်ပါသည် ဟု ဆိုခဲ့လေသနည်း။ အများစုဆို သည်မှာ လည်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များဖြစ် ၍ ပြည်ခိုင်ဖြိုးမှဦးဆောင်၍ ဖွဲ့စည်းပုံမပြင် ရေး ၅၉(စ)အား ဆန်္ဒထုတ်ဖော်ပွဲများလုပ် နေသည်ဆိုလျှင် ပြည်ခိုင်ဖြိုးမှမည်သည့် အချက်များ မပြင်ချင်သည်ကို ခန့်မှန်း၍ပင် ရနိုင်ပါသည်။

၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ၆လ အလိုတွင် ဖွဲ့စည်းပုံမှ ပြင်ဆင်သင့်သည်များ ပြင်ရမည်ဟု ပြည်ထောင်စု လွှတ်တော် နာယက၏ ပြောကြားထားချက်အရဆိုလျှင် ၅၉(စ)ကိုတော့ ပြင်ဆင်မပေးချင်သည့် သဘောရှိ သည်ဟု ကောက်ချက်ချနိုင် သည်။ ထို့ပြင် မကြာမီကာလက ပြောကြား သွားခဲ့သော သမ္မတ မိန့်ခွန်းနှင့် ကာချုပ် မိန့်ခွန်းတို့ကိုထောက်ရှုလျှင် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သော့ခလောက်သဖွယ် ဖြစ်သော ပုဒ်မ ၄၃၆ အားလည်း ပြင်ဆင် မပေးနိုင်ဟု ယူဆ၍ရသည်။ ပုဒ်မ ၄၃၆ မပြင်လျှင် (သို့) စတိသဘော စကား ရပ် အနည်းငယ်သာပြောင်းလဲပြင်ဆင်၍ ပုဒ်မ ၄၃၆ အား သော့ခလောက်အဖြစ် ဆက် လက်ထား ရှိမည်ဆို လျှင် ဖွဲ့စည်းပုံ ပြင် ဆင်ရေးမှာ ဟန်ပြသဘောသာ ဖြစ်နေ ပေလိမ့်မည်။

မေလ ၃ရက် လေးမျက်နှာမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်သော ဆန္ဒထုတ်ဖော်ပွဲတွင် အချက်သုံးချက် အား တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့သည်။ (၁) ၅၉(စ) မပြင်ဆင်ရေး၊ (၂) အမျိုးဘာသာ သာသနာ စောင့်ရှောက် ရေး၊ (၃) တည်ငြိမ် အေးချမ်းဖွံ့ဖြိုးတိုးတက်ရေး စသည့်အချက် များအား ဆိုင်းဘုတ်များကိုင်ကာ တောင်း ဆိုဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

အမျိုးဘာသာသာသနာစောင့်ရှောက်ရေး

အာဏာရှင်အစိုးရအဆက်ဆက် သည် သံဃာတော်များ နိုင်ငံရေးကင်းရှင်း ရမည်ဟု အကြိမ်ကြိမ်ဆိုခဲ့သည်။ ထိုသို့ ဆိုလျှင် နိုင်ငံရေးနယ်ပယ်တွင်လည်း ဘာသာရေးအား ခုတုံးလုပ်အမြတ်ထုတ်၍ နိုင်ငံရေးကစားကွက် အသာမယူသင့်ဟု ယူဆမိပါသည်။ ဘာသာတရားကိုင်းရှိုင်း သော ဗုဒ္ဓဘာသာ မြန်မာလူမျိုးအများစု အတွက် ““အမျိုးဘာသာ သာသနာစောင့် ရှောက်ရေး””ဟူသောစကားရပ်သည် သည်း ခြေကြိုက်စကားရပ်ဖြစ်သည်။ ၅၉(စ)ပုဒ်မ သည် နိုင်ငံရေးနယ်ပယ်မှဖြစ်သည်။ ပြည် ခိုင်ဖြိုးပါတီဝင်ပြောဆိုသော ““အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး””သည် ၅၉(စ) ၏ အခြေခံအုတ်မြစ်ဖြစ်သည်ဆိုသည်မှာ နိုင်ငံရေးနှင့် ဘာသာရေးအား ရော ထွေး တွဲစပ်ဖန်တီးယူခြင်းပင်ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ဆိုပါသည်။

လက်ရှိမြန်မာနိုင်ငံတွင် ကမ္ဘာသိ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေသော ဘာသာရေးဆန်သည့် လူမျိုးရေး ပဋိပက္ခ များ၊ အမျိုးသားရေး အစွန်းရောက် ပြဿနာများတွင် မီဒီယာများ၏အမြင်မှန်ကန်မှု၊ ဘက် နှစ်ဖက်မျှတမှုဖြင့် ဖော်ပြနိုင်စွမ်းရှိမှုသည် ကမ္ဘာ့အလယ်တွင် တိုင်းပြည်၏ ဂုဏ်သိက္ခာ မကျဆင်းစေရေးအတွက် လွန်စွာ အရေးပါ သော အခန်းကဏ္ဍမှ ပါဝင်နေပေသည်။ မီဒီယာကျင့်ဝတ်နှင့်အညီ ဘက်နှစ် ဖက် မျှတအောင် အမုန်းခံရမည်ကို မကြောက်ဘဲ ရဲရဲဝံ့ဝံ့ တင်ပြနိုင်စွမ်းသည် လွန်စွာအရေးကြီးလေသည်။ လက်ရှိကာလ အထိ မငြိမ်းနိုင် သေး သော ပဋိပက္ခများသည် နိုင်ငံရေးပယောဂကြောင့်လား၊ လူထု၏ အသိရေချိန် မရင့်ကျက်မှုကြောင့်လား ဆို သည်ကို ပညာရှင်များ၊ တာဝန်ရှိသူများ ၀ိုင်းဝန်းအဖြေရှာသင့်ပေသည်။

ကွယ်လွန်လေပြီးသော သတင်းစာ ဆရာကြီး ဦးဝင်းတင်ကတော့ နိုင်ငံရေး ပယောဂမဟုတ်ရင်တောင် ပယော ဂတော့ ပယောဂပဲဟု ကောက်ချက်ချခဲ့ဖူးသည်။

၂၀၁၅ ရွေးကောက်ပွဲကြီး နီးကပ် လာသည်နှင့်အမျှ အမုန်းတရား ဖြန့်ဖြူး ရေးအေဂျင်စီများ အလျှိုလျှို ပေါ် ပါက်လာ နိုင်ပြီး နိုင်ငံရေးအာရုံလွှဲခြင်း (Political masturbation) များ ဖြစ်ပေါ်နိုင်သည်ကို ပြည်သူတစ်ရပ်လုံး အထူးဂရုပြုစောင့်ကြည့် ရန် လိုပေလိမ့်မည်။

တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ရေး

န၀တ၊ နအဖလက်ထက်က ဆောင် ပုဒ်နှင့် အသွင်တူ စကားရပ်ပင်ဖြစ်သည်။ ယခင်စစ်အာဏာရှင်ခေတ်တွင် နိုင်ငံရေး လှုပ်ရှားမှုတိုင်းအား အမျိုးသားလုံခြုံရေး ရှုထောင့်တစ်ခုတည်းမှသာ ရှုမြင်၍ နိုင်ငံ ရေးဆိုသည်မှာ နှိမ်နင်းရန်သာဖြစ်ပြီး ထို နှိမ်နင်းမှုအတွက်လည်း တရားမျှတသည် ဟု စစ်အာဏာရှင်များ ခံယူခဲ့ကြသည်။ လက်ရှိ ဒီမိုကရေစီအကူးအပြောင်းကာလ တွင် လူပုဂိ္ဂုလ်အခြေပြု အာဏာချုပ်ကိုင် ခြင်းမရှိတော့သော်လည်း ၂၀၀၈ အခြေခံ ဥပဒေဖြင့် အာဏာအား ထိန်းချုပ်ထားသော အခင်းအကျင်းအား ဖန်တီးထားခဲ့သည်။

၂၀၀၈ အခြေခံဥပဒေတွင် အာဏာ မပြိုလဲအောင် ခံတပ်အဆင့်ဆင့်ဖြင့် သေ ချာစွာ စနစ်တကျ စီမံထား သည်ကို လည်း တွေ့ရသည်။ ၂၀၀၈ဖွဲ့စည်းပုံတွင် ““တိုင်း ပြည်ချောက်ထဲကျဖို့ရန် လက်တစ်လုံး အလို စီမံချက်ကြီး””များဖြင့် အာဏာပြန် လည်သိမ်းယူနိုင်သည်အထိ ဖန်တီးထား သည်ကို တွေ့ရသည်။

သုံးသပ်ချက်

အချုပ်အားဖြင့်ဆိုသော် ဒီဘူတာပဲ ပြန်ဆိုက်ပါတော့မည်။ အခြေခံဥပဒေ၏ အရေးကြီးပုဒ်မများပြင်ဆင်ရပါမည်။ ပြည် တွင်းငြိမ်းချမ်းရေး၊ လူမှုစီးပွားများတိုးတက် ရေး၊ တရားဥပဒေစိုးမိုးရေး အစ ရှိသဖြင့် ခေတ်နောက် ကျန်ရစ် နေသော တိုင်းပြည် အနာဂတ်အတွက် အရေးပါသောကဏ္ဍများ ပြုပြင်ပြောင်းလဲချောမွေ့ရန်မှာ ၂၀၀၈ အခြေခံဥပဒေအား အကောင်းဆုံး မွမ်းမံ ပြင်ဆင်ရပါလိမ့်မည်။ မဟုတ်သော် အရပ် သားတစ်ပိုင်း အစိုးရသည် လည်း ၂၀၀၈ အခြေခံဥပဒေဖြင့် အာဏာသိမ်းထားခြင်း ဟုသာ ယူဆရပါတော့မည်ဖြစ်ပါကြောင်း။

  လင်းထိုက် (Y.I.T)

Myanmartandawsint Newspaper