13 May 2014

ဗုဒ္ဓဘာသာဝင်များနှင့် လွဲနေသော အယူအဆများ



ဒီပုံကတော့ ကျိုက်ထီးရိုး စေတီ ရင်ပြင်တော်မှာ ရိုက်ခဲ့တာပါ။ တကယ်တော့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဘုရားမှာ စေတီမှာ အမွေးတိုင် ထွန်းတယ်ဆိုတဲ့ ရည်ရွယ်ချက်က ဘုရားစေတီ ပတ်ဝန်းကျင်မှာ အမွေးနံ့ သင်းပျံ့စေဖို့ပါ...

ဘုရားမီးပူဇော်တယ်ဆိုတဲ့ ရည်ရွယ်ချက်က ဘုရားအနီးနား ပတ်ဝန်းကျင်မှာ အလင်းရောင် ရရှိစေဖို့ပါ...

အခုတော့ အဲလို မဟုတ်ဘူး.... ဘယ်သူက ဟောခဲ့လေသည်မသိ... ဘုရားရောက်ပြီဆိုတာနဲ့ အမွေးတိုင် လေးငါးခြောက်ထုပ်ကို ဖောက်ပြီး တစ်ခါတည်း မီးရှို့ပလိုက်တယ်...

ကျိုက်ထီးရိုး စေတီ ရင်ပြင်မှာဆိုရင် ဟိုလူက လာရှို့ ဒီလူက လာရှို့နဲ့ အဲဒီ အမွေးတိုင်တွေ မီးပုံရှို့ထားတဲ့ မီးခိုးနံ့တွေနဲ့ စေတီရင်မှာ ဘယ်သူမှ ကြာကြာ ထိုင်မနေနိုင်ဘူး နံဟောင်လာတယ်... အဲဒီလို လုပ်ရင် သူတို့ကို သူတို့ ဘာကုသိုလ်ရနေပြီလို့ တွေးလဲမသိဘူး... ဒါပေမယ့် စေတီပတ်ဝန်းကျင်မှာတော့ အနံ့အသက်ဆိုးတွေနဲ့ တစ်ခြား ဘုရားဖူးလာသူတွေကို အနှောက်အယှက်အကြီးကြီး ဖြစ်စေတယ်...

နောက်ပြီးတော့ နေ့ခင်းကြောင်တောင် ဘုရားမီး ပူဇော်တယ်ဆိုပြီး ဖရောင်းတိုင်တွေ ထွန်းကြတယ်... တစ်ချို့က သက်စေ့ဆိုပြီး အသက်လေးငါးခြောက်ဆယ် လူကြီးတွေဆိုရင် ဖရောင်းတိုင် အတိုင်လေးငါးခြောက်ဆယ်ကို တန်းစီ ထွန်းသွားကြတယ်... ထွန်းချင်ရင်လဲ ညမှထွန်းပေါ့ အခုတော့ မလိုအပ်ပဲ နေ့ခင်းကြောင်တောင် ထွန်းတော့ ဒါက ဖြုန်းတီးမှု သက်သက်ပဲ...

အဲလို လုပ်တာ ကုသိုလ်ရတယ်လို့ ဘယ်သူတွေက ဟောခဲ့ကြလဲ မသိဘူး... သေချာတာကတော့ ဗုဒ္ဓကတော့ အဲလို ဟောခဲ့မှာ မဟုတ်ဘူး...


စိုးဇေယျာထွန်း


စိတ်ချမ်းသာအောင် ဘယ်လိုနေမလဲ


 
- လူ့သဘာဝ ကြိုက်တဲ့သူက ကိုယ့်ကို ကောင်းတာပြောမယ်။ ချီးမွမ်းမယ်။
မကြိုက်တဲ့သူက မကောင်းတာ ပြောမယ်။ ကဲ့ရဲ့မယ်။ ဝေဖန်မယ်။ အပြစ်
တင်မယ်။

- ဒီလိုပြောသမျှ ကိုယ့်စိတ်က လိုက်ပြီး ခံစားနေရမယ်ဆိုရင် ကိုယ့်ဟာ သူ
များ စိတ်နဲ့ အသက်ရှင်နေရသလို ဖြစ်နေမယ်။ ကောင်းတာပြောရင် ကျေနပ်၊ နှစ်သက်၊ သဘောကျတတ်ပေမဲ့ မကောင်းတာ အပြောခံရတော့ စိတ်
ဓာတ်ကျတယ်။ စိတ်အားငယ်တယ်။ ၀မ်းနည်းတယ်။

- တကယ်တော့ လူ့သဘာဝ ကောင်းတာလည်း ပြောချင်ပြောမယ်။ မကောင်း
တာလည်း ပြောချင်ပြောမယ်။ တခါတလေ ကောင်းတာပြောနေတဲ့သူ၊ ချီးမွမ်းနေတဲ့သူတောင် စိတ်အခန့် မသင့်တဲ့အခါဖြစ်စေ၊ ကိုယ်နဲ့ စိတ်သဘောထားခြင်း မတိုက်ဆိုင်တော့တဲ့ အခါဖြစ်စေ ကိုယ့်ရဲ့ ငယ်ကျိုးငယ်နာတွေ ပြန်ဖော်တတ်ပြီး မကောင်းပြောတတ်တယ်။ ကဲ့ရဲ့တတ်ပါတယ်။

- ဒီလိုလူတွေဟာ ကိုယ့်ရဲ့အားနည်းချက်၊ အားသာချက်ကို ထောက်ပြတဲ့ အ
တွက် ဒါတွေကို ကိုယ်ကသင်္ခန်းစာယူတတ်ဖို့ လိုတယ်။ မကောင်းပြောတဲ့ သူ
ကိုလည်း မုန်းနေဖို့ မလိုဘူး။ လူတစ်ယောကိုမုန်းရတာဟာ ကိုယ့်စိတ်မှာ အင်
မတန်မှ ပင်ပန်းဆင်းရဲရပါတယ်။

- ကိုယ့်ကို မကောင်းပြောတဲ့သူကို ကိုယ်က နားလည်လိုက်တယ်။ ခွင့်လွှတ်
လိုက်တယ်ဆိုတာ ကိုယ့်စိတ်ချမ်းသာဖို့အတွက် ကိုယ်တိုင်ရွေးချယ်လိုက်တာပါပဲ။

* အားနည်းချက်ကို ထောက်ပြတဲ့သူ၊ မကောင်းပြောတဲ့ သူတွေရဲ့ စကားလုံး
တွေကို မိမိက သတိလေးထား၊ သေချာပြန်ဆန်းစစ်၊ ဝေဖန်ကြည့်။ သူတို့ပြောတာ ငါ ဟုတ်နေသလား၊ မဟုတ်ဘူးလား။ ဟုတ်နေတယ်ဆိုရင် ပြင်သင့်တာကြိုးစား ပြင်ကြည့်။ မဟုတ်ဘူးဆို သြော် သူက ငါ့ကို မကြိုက်လို့ ပြောတာဖြစ်မယ်။ ပြောပါစေ။ သူ့ဘ၀ကို သူကိုယ်တိုင် ရွေးချယ်နေတာလို့ တွေးကြည့်လိုက်ပါ။

* အားသာချက်ကို ပြောပြတဲ့သူ၊ ချီးမွမ်းတဲ့သူတွေရဲ့ စကားလုံးတွေကိုလည်း
ကိုယ့်ရဲ့ တွန်းအားအဖြစ်နဲ့ ဆက်လက်ကြိုးစား၊ နေထိုင်ကျင့်သုံးမယ်ဆိုရင် ဘ၀ဟာ အဆင်ပြေတဲ့ဘ၀၊ နေပျော်တဲ့ ဘ၀ဖြစ်လာမှာ မလွဲပါပဲ။

- “ဌေး”သာမဏေကျော်ဆရာတော်
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm


အမြန်လမ်းမကြီး၊ မိုင်တိုင် ၁၁၆ တွင် အကျွတ် အလွတ်ပွဲ ပြုလုပ်ခဲ့ရာ ပရလောက သားတို့၏ ခြေရာများ တွေ့ ရှိ


ယာဉ်တိမ်းမှောက်မှု များကြောင့် သေဆုံးသွား သူများအား ရည်စူး၍ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင် ၁၁၆ တွင် သဲပုံစေတီတည်ထား ကိုးကွယ်ပြီး မေ ၁၀-ရက်နေ့က အကျွတ်အလွတ်ပွဲ ဆုတောင်းပွဲ ပြုလုပ်ခဲ့ ရာတွင် နာနာဘာဝ(ပရလောကသား) တို့၏ ခြေရာများ တွေ့ရှိခဲ့ရသည်။






“မေ ၁၀-ရက်နေ့ညပိုင်းမှာ တောစောင့်နတ်၊တောင်စောင့်နတ်တွေကို ပင့်ဖိတ်ပြီး၊ မကျွတ်မလွတ်သေးတဲ့ပရ လောကသားတွေအတွက် ကောင်း မှုတွေ သာဓုခေါ်နိုင်အောင် ဒါနပွဲလုပ်ခဲ့တယ်။ သဲပုံစေတီတည်ထားပြီး သူတို့ အတွက်နေရာထိုင်ခင်းနဲ့ အစားအသောက်တွေ ချပေးထားတာပါ။ ခင်းထား တဲ့သဲပြင်ပေါ် ည ၁၂-နာရီ လောက်ရောက်ချိန် ဓါတ်မီးထိုးကြည့်လိုက်တော့ ကလေး နဲ့လူကြီးခြေရာတွေ တွေ့ရတယ်။ မန်းမြို့တော်ခရီးသည်တင် ကားမှောက်တုန်းက သေဆုံးခဲ့တဲ့လူကြီးတွေထဲမှာ ကလေးတစ်ယောက်လဲ ပါခဲ့တာ။ညျေမှာင်ကတည်းက အဲဒီသဲခင်းနေရာကိုဘယ်သူမှမ၀င်ရဘဲနဲ့ ခြေ ရာတွေ အများကြိးတွေ့ခဲ့ရတာပဲ။"လိုက်ပါသွားသူ သတင်းထောက် တစ်ယောက် က အံ့သြစွာပြောပြသည်။

အဆိုပါအကျွတ်အလွတ်ပွဲကိုမန္တလေးမှ သတင်းထောက် ၇-ဦးလိုက်ပါသွား၍ မှတ်တမ်းဓါတ်ပုံရိုက်ခဲ့ပြီး၊ မန္တလေးမြို့၊ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း၊ကလျာ ဏမိတ္တ လူမှုကူညီရေး အသင်း၊ချမ်းမြသစ္စာ လူမှုကူညီရေးအသင်း၊ဖြူးမြို့ လူမှုကူညီရေးအသင်းတို့နှင်အတူ အလှုရှင် ဒေါက်တာ မိုးမိုးခိုင်(မိုးပုလဲ-တိုင်းရင်းဆေးမိသားစု)တို့ကမတည်ကာ ၇-ရက်သားသမီးများကုသိုလ်ဖြစ် ပထမဆုံးပြုလုပ် ခြင်းဖြစ်သည်ဟုဆိုသည်။

“အဲဒီနေရာအနီးမှာကြီးကြီးမားမားယာဉ်တိမ်းမန်းမြို့တော်နဲ့ တောင် ပြာတန်းခရီးသည်ယာဉ် နှစ်စီးပါ။ကျွန်တ်ာတို့ အသင်းက တောင်ပြာတန်းကား မီးလောင်တုန်းက သိသိချင်းသွားပြီးကူညီကြတာ၊ မီးလောင်တဲ့အပူရှိန်ကြောင့် သေဆုံးသူတွေကို ဆွဲမထုတ်နိုင် ခဲ့ပေ မယ့် ဒဏ်ရာရသူတွေကို တော့ အချိန်မီ ကယ်နိုင်ခဲ့ပါတယ်။သေဆုံးသူပေါင်း ၂၀ လောက်ရှိသွားပြီ။သူတို့ အတွက်ကောင်းရာမွန်ရာ ရောက်အောင် ကုသိုလ်ပြု အမျှဝေပေးတာပါ။” ဖြူးမြို့မှ လူမှုကူညီရေးအသင်းမှ ပြောသည်။

အမြန်လမ်းမကြီးစတင်ဖွင့်စဉ်ကစ၍ ယာဉ်မတော်တဆမှု ၂၅၉-မှုဖြစ်ပွားခဲ့ရာ လိုက်ထရပ် ယာဉ် အများဆုံးဖြစ်၍ ခရီးသွားမှန်လုံ ယာဉ်များက ဒုတိယ အများဆုံး ၊ကျန်ယာဉ်များမှာ ကိုယ်ပိုင်ယာဉ်များသာဖြစ်ကြောင်း၊ယင်းလမ်းမ ကြီးကို ဖြတ်သန်းမောင်းနှင်သော ယာဉ်အစီးရေမှာ ယခင်နှစ်က၅၀၀၀ ကျော်ရှိရာမှ ယခုနှစ်တွင် တစ်သောင်းကျော်ထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

 အောင်သန့်ခိုင်
Mandalay News Agency  


ကမ္ဘာ့ဖလားပွဲ မက္ကစီကိုနိုင်ရေး မှော်ဆရာတွေလုံးပမ်း

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/05/blog-post_8359.html

နောက်လမှာ စတင်ကျင်းပမယ့် ကမ္ဘာ့ဖလားဘောလုံးပွဲမှာ ဘရာဇီးလ်အသင်း ဗိုလ်စွဲလိမ့်မယ်လို့ မက္ကဆီကိုနိုင်ငံက မှော်ဝိဇ္ဇာ အကြီးအကဲဆိုသူက ဟောကိန်း ထုတ်လိုက်ပါတယ်။

ဘရာဇီးလ်နိုင်ငံမှာလုပ်မယ့် ကမ္ဘာ့ဖလားဘောလုံးပွဲမှာ မက္ကဆီကိုနိုင်ငံအသင်း အောင်မြင်ဖို့အတွက် မှော်ဆရာကြီး Antonio Vazquez နဲ့ သူ့လက်ထောက်တွေက တနင်္လာနေ့က အစီအရင်တွေ ပြုလုပ်ခဲ့ကြတာပါ။

ဒီကမ္ဘာ့ဖလားပွဲဟာ ဘောလုံးအသင်းတွေအကြား ယှဉ်ပြိုင်မှုသာမက အနိုင်ရဖို့အတွက် ကြိုးပမ်းနေကြတဲ့ မှော်ဆရာတွေရဲ့ ယှဉ်ပြိုင်မှုလည်းဖြစ်တယ်လို့ Vazquez က ဆိုပါတယ်။ ပွဲတော်ကာလအတွင်း ဘရာဇီးလ်မှာ အကြမ်းဖက်မှုတွေ ဆက်ဖြစ်လာနိုင် တယ်လို့လည်း သူက သတိပေးထားပါတယ်။

Vazquez က ဖဲချပ်တွေနဲ့ ကြယ်တာရာတွေကို လေ့လာပြီး ဒီလိုဟောကိန်းထုတ်လာခဲ့တာ ၁၉၈၀ ပြည့်နှစ်ကတည်းပါ။ ဒါပေမဲ့ အမြဲတမ်းတော့ မမှန်ခဲ့ပါဘူး။
VOA




မြန်မာနိုင်ငံ နယ်စပ်ခြံစည်းရိုးအား ဖြတ်ကျော်ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်မှ လက်နက်ကိုင်အဖွဲ့နှင့် နယ်ခြားစောင့်တပ်တို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွား


မြန်မာနိုင်ငံ ခြံစည်းရိုးအား ဖြတ်ကျော်ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်မှ လက်နက်ကိုင်အဖွဲ့နှင့် မြန်မာနယ်ခြားစောင့်တပ်တို့ အပြန်အလှန် ပစ်ခတ်မှုတစ်ခု မေ ၁၂ ရက် ည ၇ နာရီက မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မှတ်တိုင်အမှတ် ၃၈ အနီးတွင် ဖြစ်ပွားခဲ့ကြောင်း အမှတ် (၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

“မြန်မာနိုင်ငံထဲကို ၀င်ဖို့ကြိုးစားတဲ့ RSO သောင်းကျန်းသူတွေနဲ့ ပစ်ခတ်မှုဖြစ်တယ်။ ပစ်ခတ်မှုက ၁၅ မိနစ်လောက်ပဲ ကြာတယ်။ နယ်စပ်မှတ်တိုင် အမှတ် ၃၈ အနီးမှာ ဖြစ်တာ” ဟု အမှတ် (၁) နယ်ခြားစောင့်တပ်မှ ရဲမှူးတစ်ဦးက ပြောကြားသည်။

ပစ်ခတ်မှုဖြစ်ပွားသည့် နေရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာလူခါလီရွာနှင့် နီးစပ်ပြီး မြန်မာနိုင်ငံ တောင်ပြိုလက်ဝဲမြို့နယ်ခွဲရှိ ကျေးရွာများနှင့် နီးစပ်ကြောင်း၊ အဆိုပါ လက်နက်ကိုင် သောင်းကျန်းသူများမှာ မောင်တောမြို့နယ်အတွင်း နယ်စပ်ရှိ တိုင်းရင်းသားကျေးရွာများအား ၀င်ရောက်ဖျက်ဆီးရန် ၀င်ရောက်မည့် ရည်ရွယ်ချက်ဖြစ်ကြောင်း၊ လက်ရှိအချိန်၌ လုံခြုံရေးကို အသင့်အနေအထားတွင် ထားရှိဆောင်ရွက်နေကြောင်းနှင့် မြန်မာနိုင်ငံသို့ ၀င်ရောက်လာလျှင် ပစ်ခတ်မည်ဖြစ်ကြောင်း အထက်ပါ ရဲအရာရှိက ပြောကြားသည်။

ဝင်ရောက်လာသည့် လက်နက်ကိုင်များမှာ ပြောက်ကျားအညိုမည်းကွက်အား ၀တ်ဆင်ထားပြီး အင်အားမှာ ၁၀ ဦးဖြစ်ကြောင်းနှင့် မောင်တောမြို့နယ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားမှတ်တိုင် (၃၈/၃၉) ကြားတွင် မြန်မာနယ်စပ် ခြံစည်းရိုးအား ဖြတ်ကျော်ဝင်ရောက်လာရာ မြန်မာနိုင်ငံဖက်မှ လှည့်ကင်းဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တိုးကာ တစ်ဘက်နှင့်တစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မောင်တောမြို့နယ်အတွင်း သွေးထိုးလှုံ့ဆော်မှုများကြောင့် ၂၀၁၂ ခုနှစ် ဇွန်လကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ မဖြစ်လာစေရေး မေ ၁၂ ရက်မှစတင်ကာ မောင်တောမြို့ပေါ်နှင့် နယ်စပ်ကျေးရွာများတွင် လုံခြုံရေး တိုးချထားကြောင်းနှင့် လုံခြုံရေး အသင့်အနေအထား ဆောင်ရွက်ထားကြောင်းသိရသည်။

Eleven Media


အမေချစ်တဲ့ သမီး လိမ္မာ ဖြစ်လိုလျှင်


အမေကို မချစ်တဲ့ သားသမီး မရှိသလောက် ရှားပါတယ်။ အမေ့ကို ချစ်ပြီး အမေ့အကြိုက် လိုက်နေပေးတဲ့ သမီးလိမ္မာဖြစ်ချင်ရင်တော့ အမေတွေ သဘောကျတဲ့ အချက်လေးတွေကို လိုက်နာနိုင်ရင် ကောင်းတာပေါ့နော်။ အမေ အများစု ဘာတွေ ကြိုက်တတ်တယ်ဆိုတာကို လေ့လာစစ်တမ်းကောက်ထားတဲ့ အချက်လေးတွေကို ရှိတာမလို့ ဖတ်ကြည့်ရအောင်နော်။

၁။ အမေနဲ့ အခက်အခဲ ပြဿနာဟူသမျှ တိုင်ပင်ဆွေးနွေးဖို့ ၀န်မလေးပါနဲ့။ (သူမ လက်တွေ့ မကူညီနိုင်ရင်တောင် အကြံကောင်းတွေ ပေးနိုင်တယ်ဆိုတာ မမေ့ပါနဲ့)

၂။ ဈေးဝယ်ထွက်တာမျိုး ဖြစ်ဖြစ်၊ အလှပြင်ဆိုင်သွားတာ ၊ မုန့်အတူ ထွက်စားတာ စသဖြင့် အတူတူ နေပေးတာကို သိပ်သဘောကျပါတယ်။

၃။ ပုံမှန် ဖုန်းခေါ်ပါ။ တစ်အိမ်တည်း အတူတူ မနေရတဲ့ အမေတွေမှ မဟုတ်ပါဘူး။ အတူတူ နေရပေမယ့် အချိန်ပြည့် မိခင်နဲ့ မနေရတဲ့အခါမှာလည်း သား သမီးကို အမြဲ သတိရနေတဲ့ မိခင်တွေကို အလွမ်းပြေစေဖို့ စိတ်ပါလက်ပါနဲ့ ပုံမှန်ဖုန်းခေါ်ပြီး စကားပြောသင့်ပါတယ်။

၎။ အမေအတွက် အမြဲအသင့်ဖြစ်နေပါစေ။ အရေးပေါ် အကြောင်း တစ်စုံတစ်ရာကြောင့် အမေခေါ်တဲ့အခါ သူ့ဆီ အမြဲရောက်အောင် သွားပါ။ ဘယ်အရာကမှ အမေနဲ့ အစားထိုး မလဲနိုင်ပါဘူး။

၅။ အမေနဲ့ အတူတူ နှစ်ယောက်အတူ ခရီးထွက်တာ ၊ အပန်းဖြေ အလည်သွားတာမျိုး လုပ်ပေးပါ။

၆။ ဖုန်းမဆက်အားရင်တောင် အချိန်ရရင် ရသလို ထမင်းစားပြီးပြီလား၊ ဘာလုပ်နေလဲ စသဖြင့် မက်ဆေ့ခ်ျပို့နိုင်ရင် ပို့ပါ။

၇။ ဖြစ်နိုင်ရင် မိသားစုစုံစုံညီညီ ညစာ ထမင်း အတူစားပါ။

၈။ သူမခရီးသွားနေတဲ့အခါ သူမစိုက်ပျိုးထားတဲ့ ပန်းပင်တွေကို ရေလောင်းပေးပါ။

၉။ နောက် သူမမွေးထားတဲ့ ခွေး ကြောင် စတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ဂရုစိုက် စောင့်ရှောက်ပေးပါ။

၁၀။ မကြာခဏ လက်ဆောင်ဝယ်ပေးပါ။ တန်ဖိုးကြီးတာ နည်းတာ သူမအတွက် ပဓာနမဟုတ်ပါဘူး။ သင့်ရဲ့ စေတနာနဲ့ သိတတ်မှုကို သူမလိုချင်တာပါ။

၁၁။  ကော်ဖီ လက်ဘက်ရည် သောက်လျှင်လည်း အတူတူသောက်ပါ။ ဒါကလည်း သားအမိချင်း မျက်နှာချင်းဆိုင်ဖို့ အခွင့်အလမ်းတစ်ခုပါ။

၁၂။ သင့်ရဲ့ မင်္ဂလာဆောင် အခမ်းအနား စီစဉ်မှုတွေကို ပါဝင်ခွင့်ပေးပါ။

၁၃။ သူမကြိုက်တဲ့ ပြဇာတ်၊ အော်ပရာတွေ အတူတူ လိုက်ကြည့်ပေးနိုင်ရင် ကောင်းပါတယ်။

၁၄။ သူမအတွက် အကျီင်္အ၀တ်အစား ရွေးချယ်ပေးပါ။

၁၅။ မမျှော်လင့်ထားပဲ အံ့သြသွားစေမယ့် လက်ဆောင်မျိုး ပေးပါ။

၁၆။ Facebook သုံးတဲ့ အမေ ဆိုရင် သူမအတွက် ဟာသလေးတွေ ပို့ပေးပါ။

၁၇။ မိန်းကလေးဆန်ဆန် ပြင်ဆင်မွမ်းမံထားတဲ့ နေ့လည်စာ အတူထွက်စားတာမျိုး၊ ဒါမှမဟုတ် သူမအတွက် ပြင်ဆင်ပေးတာမျိုး နှစ်သက်ပါတယ်။

၁၈။ သူမအတွက် တွေးတော စဉ်းစားစရာများတဲ့ စာပိုဒ်တွေ ဒါမှမဟုတ် မှတ်စုလေးတွေ ရေးပေးပါ။

၁၉။ သူမရော သင်ပါ ကြိုက်နှစ်သက်မယ့် တီဗွီအစီအစဉ်တွေ အတူတူ ကြည့်ပေးပါ။

၂၀။ သူမနဲ့အတူတူ လျှောက်လည်နိုင်မယ့် အားလပ်ရက် တစ်ရက်ရှိနေပါစေ။ ဥပမာ တနင်္ဂနွေနေ့လိုပေါ့။

၂၁။ သူမရဲ့ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ အဆင်ပြေအောင် ပြောဆိုဆက်ဆံပါ။ သင့်ရဲ့ အပြုအမူက သူမရဲ့ ဂုဏ်သိက္ခာနဲ့ တိုက်ရိုက် ပတ်သက်နေတယ် ဆိုတာ မမေ့ပါနဲ့နော်။

၂၂။ သူမ မအားတဲ့အခါ၊ ဒါမှ မဟုတ် အပြင်သွားနေတဲ့အခါ အိမ်အလုပ်တွေ ကူလုပ်ပေးပါ။

၂၃။ သူမအတွက် မဟုတ်တောင် အိမ်အတွက် ပန်းလှလှလေးတွေ ၀ယ်ပေးသင့်ပါတယ်။ သူမစိတ်ကြိုက် ပြင်ဆင်ခွင့်ပေးလိုက်ရင် ပျော်ရွင်နေပါလိမ့်မယ်။

၂၄။ သူမအတွက် အ၀တ်အစား ဒီဇိုင်း၊ ဒါမှမဟုတ် အကျီင်္ချုပ်ဆိုင်ကောင်းကောင်း အကြံပေးပါ။

၂၅။ အမေနဲ့ သူမသူငယ်ချင်းတွေ အပြင်ထွက်လည်တဲ့အခါ သူမခေါ်ရင် မငြင်းပါနဲ့။ အတူလိုက်သွားပေးပါ။

၂၆။ ဘာအကြောင်းပြချက်မှ မရှိဘဲ ချစ်စရာ ကဒ်လေးတွေ ပို့ပေးပါ။ သူမ နှစ်သက်ပါလိမ့်မယ်။

၂၇။ သူမ တကိုယ်ရေ သုံးဖို့ အတွက် လက်ဆောင် ကိုယ်တိုင်လုပ်ပေးတာမျိုး၊ ဒါမှမဟုတ် ၀ယ်ပေးတာမျိုး ဆိုရင်လည်း သူမနှစ်သက်ပါတယ်။

၂၈။ သူမကို အပြင်မှာ ထွက်စားဖို့ ခေါ်ပါ။ (သင်ကျွေးရမှာနော်)

၂၉။ သင့်ရဲ့ အ၀တ်အစား၊ အသုံးအဆောင် ပစ္စည်းတွေ ကို မတွန့်တိုပါနဲ့။ သူမ၀တ်ချင်တာ ယူဝတ်ပါစေ။

၃၀။ သင့်မိတ်ကပ်တွေကိုလည်း ထိုနည်းတူပါပဲ။ သူမ ယူလိမ်းချင်တဲ့အခါ သူမနဲ့ သင့်တော်မယ့် အရောင်၊ အမျိုးအစားကို ကူညီရွေးချယ်ပေးလိုက်ပါ။

ကဲ အခုပြောထားတဲ့ အချက် ဘယ်နှစ်ချက်လောက်ကို သင်ချစ်တဲ့ အမေ့အတွက် လုပ်ပေးနိုင်သလဲ။ ဒီ့ထက်ပိုပြီး လိုပေးနိုင်တယ်ဆိုရင်တော့ သင်ဟာ အမေချစ်သမီးလိမ္မာလေးပေါ့။ သားသမီးတိုင်း အမေချစ်တဲ့ သားလိမ္မာ သမီးလိမ္မာလေးတွေ ဖြစ်နိုင်ကြပါစေလို့ World-Myanmar News က ဆုမွန်ကောင်းတောင်းပါတယ်နော်။

World-Myanmar News

ref: dailymail.co.uk


မှန်လုံယာဉ်တိမ်းမှောက်မှုတွင် သေဆုံးခဲ့သော ခရီးသည်များအတွက် အာမခံလျော်ကြေးငွေများ လာမည့် ရက်သတ္တပတ်အတွင်း ထုတ်ပေးမည်



နေပြည်တော်-ရန်ကုန် ရာဇာမင်း မှန်လုံယာဉ် တိမ်းမှောက်မှုတွင် သေဆုံးခဲ့သောခရီးသည်များအတွက် အာမခံလျော်ကြေးများကို လာမည့် ရက်သတ္တပတ်အတွင်း ထုတ်ပေးသွား မည်ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။ ယာဉ်တိမ်းမှောက်မှုတွင် ပါဝင်၍သေဆုံးခဲ့ရသော ခရီးသည်တစ်ဦးလျှင် အလုံးစုံအာမခံကြေး ငွေကျပ် ၁၀ သိန်း၊ အထူးခရီးသွား အာမခံကြေးငွေကျပ်သိန်း ၃၀၊ သူတစ်ပါးထိခိုက်မှု အာမခံကြေးငွေကျပ် ငါးသိန်း စုစု ပေါင်း ကျပ် ၄၅ သိန်းကို သေဆုံးသူနှင့်သက်ဆိုင်သည့် အကျိုးခံစားခွင့်ရှိသူများအား ထုတ်ပေးသွားမည် ဖြစ်သည်ဟု သိရသည်။
ထိခိုက် ဒဏ်ရာရသူများအား အထူးခရီးသွားအာမခံကြေးအဖြစ် ဒဏ်ရာရရှိမှုအပေါ်မူတည်၍ ငွေကျပ် ၁၀၀၀၀မှ ငွေကျပ် ၂၄သိန်းအထိသတ်မှတ်ထားသည့်အတိုင်း ပေးလျော် သွားမည်ဖြစ်ကြောင်း၊ သေဆုံးသူများအတွက် အာမခံလျော်ကြေးကိုမထသသို့လွှဲပြောင်း၍ ခံစားခွင့်ရှိသူ များကို ရှေ့တစ်ပတ်တွင် ထုတ်ပေး သွားမည် ဖြစ်ကြောင်း၊ ဒဏ်ရာရသူများအတွက် အာမခံလျော်ကြေးပေး လျော်မှုကိုမူ အချိန်ယူဆောင်ရွက်ရန် လိုအပ်ကြောင်း ဒုတိယဝန်ကြီးဒေါက်တာ မောင်မောင်သိမ်းကပြောကြားသည်။

ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း သည် ရာဇာမင်းမှန်လုံယာဉ် တိမ်း မှောက်မှုတွင် ဒဏ်ရာရရှိသူခရီးသည်များကို ကုသပေးလျက်ရှိသည့် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံ ကြီးသို့ ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်ကလာရောက် ကြည့်ရှုနှစ်သိမ့်အားပေးခဲ့ ပြီး အာမခံလျော်ကြေးဆိုင်ရာများ ရှင်းလင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
MOI Webportal Myanmar


အွန်လိုင်း အချက်အလက်ဟောင်းတွေ ဖျောက်ဖျက်ခွင့်



Right to be forgetten အတွက် ရှာဖွေရေး အင်ဂျင်တွေက တည်းဖြတ်ပေးဖို့ လို။

အင်တာနက်မှာ အချက်အလက် ရှာဖွေသူတွေ အနေနဲ့ မိမိကိုယ်ကို ထိခိုက်စေနိုင်တဲ့ သတင်း အချက်အလက် အဟောင်းတွေ၊ လက်ရှိ အခြေအနေနဲ့ မကိုက်ညီတော့တဲ့ သတင်းဟောင်းတွေကို ပယ်ဖျက်ပေးဖို့ အတွက် ဘယ်သူမဆို ဂူဂဲလ်လို အင်တာနက် ရှာဖွေရေး ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေကို တောင်းဆိုခွင့် ရှိတယ်လို့ ဥရောပ တရားမျှတမှု ဆိုင်ရာ တရားရုံးကနေ ဆုံးဖြတ်လိုက်ပါတယ်။

ဖျောက်ဖျက်ပစ်နိုင်ခွင့် right to be forgetten ဆိုတဲ့ ဒီ အခွင့်အရေး အတွက် အင်တာနက် ရှာဖွေရေး အင်ဂျင်တွေဟာ တချို့ တွေ့ရှိချက်တွေကို တည်းဖြတ်ပေးရမှာ ဖြစ်ပါတယ်။

ဒီအမှု စတင်ခဲ့တာကတော့ စပိန် နိုင်ငံသား တစ်ဦးဟာ ဂူဂဲလ်မှာ သူ့နာမည်ကို ရှာရာမှာ လွန်ခဲ့တဲ့ ၁၆ နှစ်က သတင်းစာ တစ်စောင်မှာ သူ့အကြောင်း ရေးထားတဲ့ ဆောင်းပါးကို ပြန်တွေ့ခဲ့ပြီး အဲဒီအချိန်က သူဟာ အကြွေးပေးစရာ ရှိလို့ အိမ်ကို ရောင်းခဲ့ရတယ်ဆိုတဲ့ အကြောင်း သတင်းစာမှာ ရေးထားတာ ဖြစ်ပါတယ်။

အဲဒီတုန်းက သူ့အဖြစ်ဟာ အခု သူ့အခြေအနေနဲ့ ဘယ်လိုမှ ပတ်သက်မှု မရှိတော့ဘူးလို့ အဲဒီ စပိန် အမျိုးသားက ဆိုပါတယ်။

ဂူဂဲလ်ကတော့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို ထိန်းချုပ်တာမျိုး လုပ်တာ မဟုတ်ဘဲ အင်တာနက်မှာ လွတ်လပ်စွာ ဖော်ပြထားတဲ့ သတင်း အချက်အလက် တွေရဲ့ လင့်ခ်ကိုသာ ဖော်ပြပေးတာ ဖြစ်တယ်လို့ ချေပ ပြောဆိုခဲ့ပါတယ်။

BBC


လူနှင့်ဝေလငါး လက်ဆွဲနှုတ်ဆက်ကြသည့်အခါ


အဏ္ဏဝါပြတိုက်များတွင် ယဉ်ပါးအောင် လေ့ကျင့်ပေးထားသည့် လင်းပိုင်လေးများက ဧည့်သည်များကို လက်ဆွဲနှုတ်ဆက်ပြသည်။ သို့သော်လည်း ဧရာမ ဝေလငါးကြီး တစ်ကောင်နှင့် လူတစ်ယောက် လက်ဆွဲနှုတ်ဆက်နေသည့် မြင်ကွင်းမျိုးမှာမူ ကွဲပြားသော အခြေအနေ တစ်ခုဖြစ်သည်။ ရေငုပ်သမား တစ်ဦးသည် ပင်လယ်ရေအောက်တွင် ကူးခတ်နေသည့် အရှည်(၅၂)ပေရှိသော ဝေလငါးကြီးထံ ချဉ်းကပ် သွားသည်။ ထို့နောက် ဝေလငါးကြီး၏ ရေယက်ကို ၎င်း၏လက်ဖြင့် ထိကိုင်လိုက်သည့်အခါ လက်ဆွဲနှုတ် ဆက်နေသကဲ့သို့ ထူးခြားသော ပုံရိပ်မျိုး ဖြစ်လာခဲ့သည်။

ဟာဝိုင်ယီကမ်းလွန်တွင် သဘာဝအတိုင်း ကျက်စားလှည့်လည်နေသည့် ကျောခုံးဝေလငါးအုပ်ကြီးအတွင်း၌ ကူးခတ်နေသည့် ရေငုပ်သမား တစ်ဦးနှင့် ၎င်း၏ သူငယ်ချင်းတို့ ပူးပေါင်းကာ အဆိုပါ ဓာတ်ပုံကို ရိုက်ယူ လာခြင်း ဖြစ်သည်။ နှစ်ထပ်ဘတ်စ်ကား အကြီးစားကြီး တစ်စင်းစာမျှ ရှိနေပြီး ကိုယ်အလေးချိန် ပေါင် (၈၀၀၀၀)မျှ လေးလံသည့် သတ္တဝါကြီးများသည် အေးချမ်းပျော်ရွှင်စွာ ကူးခတ်နေခြင်း ဖြစ်သည်။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှ ဓာတ်ပုံဆရာ မာဆာအူရှီယိုဒိုသည် အဆိုပါ မျက်စိပသာဒ ဖြစ်လောက်စရာ ရေအောက်ရှုခင်းကို မှတ်တမ်းတင်နိုင်ခဲ့ခြင်း ဖြစ်သည်။



ဟာဝိုင်ယီအနီးရှိ ဟိုနားတွင် ပြောင်းရွှေ့နေထိုင်လျှက်ရှိသော အူရှီယိုဒိုက “အဲဒီအကောင်ကြီးက ဝေလငါး အမကြီးပါ။ ဗိုက်သားဖြူဖြူကြီးတွေနဲ့လေ။ သူတို့က လူတွေနဲ့ အရမ်းယဉ်ပါးတယ်။ ပြီးတော့ စပ်စုချင်စိတ် လည်း သိပ်များတယ်။ သူက ရေယက်ကို ကားကားထုတ်ပြီး လူတွေနဲ့ ခန္ဓာကိုယ်ချင်း ထိတွေ့ချင်တဲ့ ပုံစံမျိုး ကြိုးစားနေခဲ့တာပါ။ ဘေးနားမှာ ကူးခတ်နေတဲ့ ဝေလငါး အထီးတွေကတော့ အန္တရာယ်များတယ်။ ဒီဗိုက်သားဖြူဖြူ ဝေလငါးအမကြီးကို အရယူဖို့ သူတို့ချင်း ပြဿနာ တက်နေကြတယ်လေ”ဟု ရှင်းပြခဲ့သည်။



အူရှီယိုဒိုတို့ သူငယ်ချင်း နှစ်ဦးသည် ပင်လယ်ရေပြင်အောက် အနက်ပေ(၅၀)ကျော်မျှသို့ ဆင်းသက် ကာ ဝေလငါးများကြား ရေကူးခဲ့ခြင်း ဖြစ်သည်။ ၎င်းက “ကျောခုံးဝေလငါးတွေဟာ သာမန် အားဖြင့်တော့ အေးဆေးယဉ်ပါးတဲ့ သတ္တဝါတွေပါ။ ဒါပေမဲ့ လူတွေနဲ့ ခန္ဓာကိုယ်ချင်း ထိတွေ့ကြည့်ဖို့ ဆိုတာလောက်ထိတော့ မနီးစပ်ကြဘူး။ ဒီဖြစ်ရပ်ကတော့ ထူးခြားပါတယ်”ဟုလည်း မှတ်ချက်ပြုသွားခဲ့ သည်။

Planet Myanmar Network

ဝင်ငွေနှစ်မျိုးကို နှိုင်းယှဉ်ကြည့်ခြင်း



စားပွဲထိုးတစ်ယောက်ရတဲ့ ဝင်ငွေဟာ ပြည်သူ့ဘဏ္ဍာကို တရားမဝင်နည်းနဲ့ ရယူနေသူတွေ ဝင်ငွေထက် သန့်စင်နေလို့ ရဲရဲရင့်ရင့်သေနိုင်တယ် ဆိုတဲ့စကားကြားတော့ ‘‘ကျွန်တော် ခွန်အားတွေ ရှိသွားပြီ’’ လို့ လှိုက်လှိုက် လှဲလှဲပြောလာသူက စားပွဲထိုးအမျိုးသားလေးတစ်ဦး။

ညဘက်စားသောက်ဆိုင် တစ်ဆိုင်မှာ မျက်မှန်းတန်းမိတဲ့ စားပွဲထိုးလေးတစ်ဦးနဲ့ မနက်ပိုင်း ရပ်ကွက်ထဲမှာ ဆုံဖြစ်တယ်။ တကယ်တော့ တစ်ရပ်ကွက်တည်း နေကြတာ။ ရပ်ကွက်က လည်းကြီးနှစ်ယောက်လုံး ကလည်း ငယ်မွေးခြံပေါက် ရပ်ကွက်သားတွေမဟုတ်တော့ မသိကြ။ စားသောက်ဆိုင်မှာ မျက်မှန်းတန်းမိရုံ ဆိုတာကလည်း စားသောက်ပြီး ဘောက်ချာရှင်းတဲ့အခါ ပိုတဲ့ငွေလေးအနည်းအကျဉ်း ပေးဖူးတာမျိုးရှိတော့ သူမှတ်မိနေတာဖြစ်မယ်။ ခုလမ်းမှာတွေ့တော့ သူက တရင်တနှီးနှုတ်ဆက်တယ်။ ဒီလိုနဲ့ မကြာခဏလမ်း မှာ တွေ့ဆုံနှုတ်ဆက်ရင်းက ရင်းနှီးလာပြီး အိမ်လိပ်စာတွေ ဖလှယ်ဖြစ်တယ်ဆိုပါတော့။ ပြောချင်တာက တစ်ရက်မှာ ကျွန်တော့်အိမ်ကို သူ ရောက်လာတယ်။ သူရောက်လာခြင်းက ဒီစာရေးဖြစ်ဖို့အကြောင်း ဖန်လာခြင်းလို့ဆိုရမှာပဲ။

သူ့အမည်က မောင်မြင့် အောင်၊ အသက်က (၁၉)နှစ် ကျော်ကျော်၊ မိဘတွေရဲ့ ဆင်းရဲ ခြင်းက သူ့ပညာရေး ကိုခါးပြတ် စေတော့ မိသားစုစားဝတ်နေရေး ကို ရရာအလုပ်ဝင်လုပ်ရင်း ဖြေ ရှင်းခဲ့ရသူ။ လောကမှာ ဒါမျိုးတွေ ဒုနဲ့ဒေးမို့ ထူးဆန်းတဲ့အရာတော့ မဟုတ်။ ဒီထက်ဆိုးတဲ့ဘဝတွေ တောင် မနည်းမနောရှိနေသေး တာဆိုတော့ သူ့ဘဝဖြတ်သန်းပုံ က ရေးကြီးခွင်ကျယ်ပြောပလောက်တဲ့အရာတော့မဟုတ်။ ပြောချင်တာက သူ့ရဲ့ လက်ရှိ အလုပ်အပေါ်မှာထားရှိတဲ့ သူ့ရဲ့ စိတ်ခံစားမှု တိမ်းချော်နေတာ။ ခုလုပ်နေတဲ့ စားပွဲထိုးအလုပ် မှာ ကျင်လည်လာတာ ၂ နှစ်ပြည့်တော့မတဲ့။ လစာက ကျပ် ၅၀,၀၀၀။ သူပြောတဲ့ အောက်စိုက်ငွေနဲ့ပေါင်း လိုက်ရင် အလွန်ဆုံးတစ်လ ကျပ်တစ်သိန်းဝန်းကျင်။ လိုရင်းပြောရရင် ဒီအလုပ်ကို သူမလုပ်ချင်တော့။ အခြား အလုပ်လေးများတွေ့ရင် အသံပြုပါလို့ ကျွန်တော့်ထံ အကူအညီလာတောင်းတာ။ ဒီအလုပ်အပေါ်မှာ သူတကယ်စိတ်ပျက်ငြီးငွေ့နေပုံရတယ်။

‘‘ဘာကြောင့်မလုပ်ချင်တာ လဲ။ ပင်ပန်းလို့လား’’လို့ ကျွန် တော်မေးတော့ သူက ‘‘အောက် ကျလို့’’တဲ့။ ကိုယ်ကလုပ်အား ပေးလို့ တစ်ဖက်က လုပ်အားခ ပြန်ပေးတာ ဘယ်လိုအောက်ကျတာများလဲလို့ ကျွန်တော်ပြန်မေးတော့ သူက ‘‘ကျွန်တော်တို့ရတဲ့ လစာကနည်းတော့ ဧည့်သည် တွေဆီကမျှော်ရတယ်။ သူတို့ ကျေနပ်အောင်အောက်ခြေသိမ်း လုပ်ပေးရတယ်။ အစ်ကိုတို့သိတဲ့ အတိုင်း အရက်ငှဲ့ပေးရ တယ်။ ဆေးလိပ်မီးညှိပေးရတယ်။ ရေ ကုန်ရင်ရေ၊ အရက်ကုန်ရင် အရက် လိုက်ထည့်ပေးရတယ်။ သူတို့မှာတဲ့ အမြည်းနောက်ကျနေရင်လည်း အပြောအဆိုခံရသေးတယ်။ ကျွန်တော်တို့ကလည်း တစ်ဝိုင်း တည်းတာဝန်ယူရတာ မဟုတ်တော့ ဟိုဝိုင်းပြေးလိုက်၊ ဒီဝိုင်းပြေးလိုက်နဲ့။ သူတို့သဘောကျရင်တော့ တစ်ရာကနေ တစ်ထောင်လောက်အထိ ပေးတတ်ကြပါတယ်။ ဒါပေမဲ့ အစ်ကိုရာ အဲဒီလိုကြီးယူရတာကို ကျွန်တော် ရှက်လာတယ်။ မယူရင်လည်း လစာနဲ့က အဆင်မပြေဘူး’’တဲ့။

တစ်ဖက်ကကျေကျေနပ်နပ် ကြည်ကြည်ဖြူဖြူပေးတာကိုယူရ တာ ရှက်လာတယ်ဆိုတော့ အမျိုးသမီး တစ်ယောက်ပြောဖူးတဲ့ သူ့အစ်ကိုဝမ်းကွဲ စည်ပင်ဝန်ထမ်း တစ်ယောက်အကြောင်း သွားသတိရမိတယ်။ သူမပြောပုံ အရ စည်ပင်သာယာရေးကော်မတီ၊ မော်တော်ယာဉ်ဌာနမှာ အကြီးအကဲမဟုတ်ပေမယ့် လုပ်ကိုင်ခွင့်ရှိတဲ့ရာထူးတစ်ခုခုရထားပုံ။ ပင်ရင်းလစာကို မမက်မောလောက်အောင် ဝင်ငွေကောင်း တယ် ဆိုပဲ။သူအရက်မူးပြီးပြန် လာတဲ့နေ့ဆိုရင် အခြေအနေကောင်းပြီတဲ့။ လက်ဆွဲအိတ် အမည်းထဲမှာ ငွေစက္ကူ ထုပ်တွေ မှအပြည့်၊ ဇစ်ဆွဲဖွင့်မရလောက်အောင် အိတ်ကဖောင်းကားနေတတ်သတဲ့။ သူမပြောပုံအရ အဲဒီစည်ပင်ဝန်ထမ်းရဲ့အလုပ်က ပြင်ဆင်ရမယ့်ကားရယ်၊ ကားမောင်းသူရယ်၊ လဲရမယ့်ပစ္စည်းရယ်ကို တွဲပြီး ဓာတ်ပုံရိုက်။ ရိုက်ပြီးသား ဓာတ်ပုံနဲ့တကွ ပြင်ဆင်ခွင့်ရဖို့ ငွေတောင်း။ ပြီးရင်ကားပစ္စည်းဆိုင်သွား၊ လိုအပ်တာတွေဝယ်၊ စက်ပြင်ကိုအပ်ပေါ့။ ဝမ်းကွဲအစ်ကိုရဲ့ အလုပ်အကြောင်းပြောပြီး သူမမှတ်ချက်ပြုပုံက ‘‘စည်ပင်ကားတွေပြင်တယ်သာပြောတာ ကောင်းကောင်းကန်းကန်းတစ်စီး မှမတွေ့ဘူး။ ဟိုနေရာပျက်၊ ဒီနေရာပျက်နဲ့ပါ။ သူ့အိမ်ကတော့ တိုက်အိမ်ဖြစ်နေပြီ။ ကားလည်း တစ်စီးဝယ်ထားပြီးပြီ။ ကားပစ္စည်းရောင်း တဲ့ဆိုင်က စာရေးမလေးနဲ့တောင် ငြိဖူးသေးတယ်’’တဲ့။

အဲဒီဝန်ထမ်းရဲ့ အလုပ်က ရုတ်တရက်ကြည့်ရင် အားကျ စရာ။ စားပွဲထိုးမောင်မြင့်အောင် ကို အဲဒီအကြောင်းပြန်ပြောပြပြီး ‘‘မင်း.. မလုပ်ချင်ဘူးလား’’လို့ မေးလိုက်တော့ သူက ‘‘ဟာ.. ဘယ်လိုမေး လိုက်တာလဲ အစ်ကိုရာ လုပ်ချင်တာပေါ့။ ဒီလောက် ငွေရလွယ်တာကို’’တဲ့။ ပျာပျာသလဲပြန်ဖြေတယ်။ ချက်ချင်းတောင်စိတ်ကူးယဉ်နေမယ့်ပုံ၊ ပြုံးလို့။ မှန်ပါတယ်။ ငွေရလွယ်တာကို လူတိုင်းလိုလို မက်မောကြမှာ ပါ။ ဒါကြောင့်မို့လည်း အဲဒီ စည်ပင်ဝန်ထမ်းရဲ့ တစ်ဦးတည်းသော ညီအရင်းလည်း စည်ပင်ထဲ ဝင်လိုက်ပြန် သတဲ့။ သူလည်းပဲ လစာမမက်တဲ့ ဝန်ထမ်းအဆင့် ဖြစ်နေပြီဆိုပဲ။

ခုခေတ်မှာ လစာကျပ်တစ် သိန်းကျော်ရတဲ့ ဝန်ထမ်းတစ် ယောက်တိုက်ဆောက်၊ ကားစီး နေနိုင်ပြီဆို ကတည်းက သမားရိုး ကျမဟုတ်တာ ပေါ်လွင်နေတယ်။ လုပ်ငန်းသဘောတရားမသိပေမယ့် ကျွန်တော် အနီးစပ်ဆုံးတွက် ချက်မိတာက ပြင်ဆင်ဖို့ဆိုပြီး နေ့ ရှိသရွေ့ ဓာတ်ပုံရိုက်ရိုက်တင်နေတဲ့ ကားတွေက တကယ်ပြင်ဖို့လို အပ်တာလား။ ကားဘီးတွေ အဟောင်းချွတ်ပြီး တကယ်ပဲ အသစ်လဲသလား။ လဲရမယ် ဆိုပြီး ဓာတ်ပုံရိုက်ထားတဲ့ ကားဘီးအဟောင်းကရော တွဲရိုက်ထားတဲ့ ကားဘီးဟုတ်ရဲ့လား။
 
 တကယ် ပြင် တယ်၊ တကယ်လဲတယ်ဆိုရင် လည်း စာရင်းပြတဲ့ပစ္စည်းနဲ့ တကယ်သုံးတဲ့ပစ္စည်းက အမျိုးအစားတူ၊ ဈေး တူနေရဲ့လား။ ပစ္စည်းတူပါတယ်ဆိုရင်ရော အရည်အတွက်တူရဲ့လားဆိုတာပါပဲ။ မလိုအပ်ဘဲ လိုအပ် သယောင်ယောင်နဲ့ ပစ္စည်းအစား ထိုးဓာတ်ပုံရိုက်မယ်၊ ဘောက်ချာမှာ အရည်အသွေးကောင်းပစ္စည်းလို့ စာရင်းပြပြီး လက်တွေ့မှာ အဟောင်းပြန်ထည့်တာ၊ အရည်အသွေးညံ့တွေထည့်တာ။ စက်ပစ္စည်းဆိုက တည်းက နားလည်တတ်ကျွမ်းတဲ့အထက်လူကြီးဆိုတာ ခပ်ရှားရှားလေ။ အောက်က တက်လာတဲ့ စာရင်းစာရွက်ကိုသာ လက်မှတ်ထိုးခွင့်ပြုလိုက်တာ ဘယ်ပစ္စည်းက ဘာဆိုတာသိမှာ မဟုတ်လေတော့ လစာမမက်တဲ့ဝန်ထမ်းတွေရှိနေတာမဆန်းဘူးပေါ့။

အဲဒီလို လစာမမက်တဲ့ ဝန် ထမ်းက ပုဂ္ဂလိကလုပ်ငန်းဆိုရင် ခုလိုစာတစ်တန်ပေတစ်ဖွဲ့ပြော နေစရာ မလိုပါဘူး။ ခုသူက စည် ပင်ဝန်ထမ်း၊ ယူနေတဲ့ငွေတွေက ပြည်သူ့ဘဏ္ဍာတွေ၊ ပြည်သူနဲ့ ဆိုင်နေတော့ ပြောရပြီပေါ့။ ပြည် သူထိခိုက်တယ်၊ နိုင်ငံနစ်နာ တယ်၊ပြည်သူ့ဘဏ္ဍာကိုစာရင်း လိမ်ပြီး ယူနေတာ။ ခုလိုစာရင်း လိမ်ငွေတောင်းခံနေတဲ့ဌာနတွေ များလာလေလေ မြို့တော်စည်ပင် သာယာမှု အားလျော့လေလေ၊ ပြည်သူ့ဘဏ္ဍာငွေနဲ့ပြန်လုပ်ပေးရ မယ့် နိုင်ငံဖွံ့ဖြိုးရေးကိစ္စတွေအား နည်းလေလေပါပဲ။ မြို့တော်စည် ပင်သာယာရေးကော်မတီမှာ မလိုအပ်တဲ့ငွေယိုပေါက်တွေများနေရင် အများပြည်သူ ခံစားခွင့်တွေဆုံးရှုံးလေပါပဲ။ ပြောခဲ့တဲ့ စည်ပင်ဝန်ထမ်းလို ပြည်သူ့ဘဏ္ဍာလိမ်ညာရယူတဲ့ ဝန်ထမ်းမျိုးအခြား ဌာနဆိုင်ရာတွေမှာလည်းရှိ ကောင်းရှိနေနိုင်ပါတယ်။ အဲဒီဝန်ထမ်းမျိုးတွေ ဆက်မွေးနေရင်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ပလိုင်းပေါက်နဲ့ဖားကောက်သလိုဖြစ်နေမှာပဲ။ ဆက်ပြီးတော့ လည်း နိုင်ငံ ချွတ်ခြုံကျနေဦးမှာပဲ။

တကယ်တော့ စားပွဲထိုး လေးရတဲ့ဝင်ငွေဟာ နည်းနေပေ မယ့် ဘယ်သူ့ဆီကမှ လိမ်ညာ လှည့်ဖျားရ ယူထားတာမဟုတ်။ ကိုယ့်ဝန်ဆောင်မှုကောင်းလို့ တစ်ဖက်က ကျေကျေနပ်နပ်ပေး တဲ့ငွေမို့ စောစော ကပြောတဲ့ စည် ပင်ဝန်ထမ်းရဲ့ ချမ်းသာကြွယ်ဝမှု ထက်သန့်ရှင်းတယ်၊ မွန်မြတ် တယ်၊ စိတ်သန့်တယ်၊ လိမ်ညာခိုး ယူပြီးကြီးပွားတာမဟုတ်လို့ ရဲရဲ ရင့်ရင့်လက်မထောင်နိုင်တယ်။ ‘‘ငါ.. ခိုးစားနေတာမဟုတ်ဘူး’’ လို့ ပေါ့။ ဘာသာရေးရှုထောင့်က ကြည့်ရင်လည်း တစ်ဘဝစံမဟုတ် တော့ဘူး။ သံသယကင်းတဲ့စိတ် နဲ့လည်း သေနိုင်တယ်။ မိသားစု လိုအပ်ချက်တွေကို မမှန်မကန် နည်းလမ်းနဲ့ ရှာကြံဖြည့်ဆည်းပေး နေသူ ဟာခံရတော့ တစ်ယောက် တည်းရယ်။ ဘယ်ဇနီးမယား၊ သမီးသားကမှ ဝင်ခံပေးမှာ မဟုတ်ဘူး။

ဇနီးမယား၊ သား၊သမီးတွေကို လုပ်ကျွေးခြင်းဟာ မင်္ဂ လာတစ်ပါးဆိုပေမယ့် ခိုးကျွေးတာဟာ အကုသိုလ် ပါပဲ။ ခိုးသူရော၊ ခိုးရာပါပစ္စည်းစားနေတဲ့ ဇနီးမယား၊ သား၊သမီးတွေရော အကုသိုလ်နဲ့နေထိုင် အသက်ရှင်ကြတာမို့ အားကျအတုယူစရာ မဟုတ်ပါဘူး။

မောင်မြင့်အောင် လက်ရှိ လုပ်နေတဲ့ စားပွဲထိုးလုပ်ငန်းဟာ သူတစ်ပါးစားသောက်လိုတဲ့ အရာတွေကို တည်ခင်းပေးရတဲ့ ဝန်ဆောင်မှုလုပ်ငန်း၊ သူတစ်ပါး စိတ်ကျေနပ်မှုရအောင် လှိုက်လှဲပျူငှာစွာ ဝန်ဆောင် မှုပေးရတဲ့ လုပ်ငန်းမို့ မွန်မြတ်တယ်။ လူတိုင်းမလုပ်နိုင်။ ကိုယ့်ကြောင့် တစ်ပါးသူ စိတ်ကျေနပ်မှု ရသွားတာ ကိုမြင်ရင် ကိုယ်တိုင်လည်း စိတ်ချမ်းမြေ့မှုရစေတဲ့အပြင် အလုပ်တာဝန်ကျေပွန်ရာလည်း ရောက်ပါတယ်။ 
 
 ကျွန်တော်ပြောချင်တာက မောင်မြင့်အောင် လက်ရှိလုပ်နေတဲ့ စားပွဲထိုး အလုပ်ကောင်းပါတယ်လို့ ထောက် ခံချင်တာမဟုတ်။လုပ်နေတဲ့ လက်ရှိအလုပ်အပေါ် စိတ်ထားတတ်ဖို့နဲ့ ပြောခဲ့တဲ့ဝင်ငွေနှစ်မျိုး နှိုင်းယှဉ်ရင် မိမိဝင်ငွေက အပြစ်ကင်းတယ်၊ အကုသိုလ်ကင်းတယ်။ တန်ဖိုးရှိတာချင်းလည်း မတူဘူး။ တကယ်တော့ အကုသိုလ်ကင်းနေတဲ့ မိမိဝင်ငွေက သူ့ဝင်ငွေထက်တန်ဖိုးပိုကြီးမားတယ်ဆိုတာကို သူသိစေလိုတာ။ ဒါကြောင့် ပြည်သူ့ဘဏ္ဍာကို တရားမဝင်လုပ်ပိုင်ခွင့်နည်းနဲ့ရ ယူချမ်းသာခြင်းထက် မိမိဝန် ဆောင်မှုကြောင့် တစ်ပါးသူကြည် ဖြူစွာပေးကမ်းစွန့်ကြဲတဲ့ငွေက သန့်စင်နေလို့ ရဲရဲရင့်ရင့်သေနိုင် ကြောင်းပြောပြတော့ မောင်မြင့်အောင် စိတ်ကျေနပ်မှုရကာ ပြန်သွားတော့တယ်။

7Day Daily


ယဉ်ကျေးမှုအသစ်



မြန်မာနိုင်ငံမှာ ဒီနေ့ခေတ် လူငယ်တွေဟာ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ဆက်ဆံခြင်းဆိုတဲ့ ယဉ်ကျေးမှု အသစ်တစ်ရပ်နဲ့ ရင် ဆိုင်နေရတယ်။ မဝေးလှတဲ့ အတိတ်ကာလမှာ အဲဒီယဉ်ကျေးမှုနဲ့ ဆန့်ကျင်ဘက် စစ်ယဉ်ကျေးမှု ဆိုတာရှိခဲ့တယ်။

စစ်ယဉ်ကျေးမှု ဟာ လွတ်လပ်ခွင့်ကိုချုပ်ချယ်ကန့် သတ်တဲ့ ယဉ်ကျေးမှုဆိုတော့ လွတ်လပ်မှုကို လိုလားတဲ့ လူငယ် တွေနဲ့ထိပ်တိုက်တိုးကြတာပေါ့။ ဟိုဘက်ဒီဘက် နှစ်ဖက်စလုံး အထိနာတယ်။ အဆုံးအရှုံးကြီး တယ်။ စစ်ယဉ်ကျေးမှုအလွန် မြန်မာလူငယ်တွေရင်ဆိုင်နေရတာ လွတ်လပ်ပွင့်လင်းမှုကို အားပေးတဲ့ ယဉ်ကျေးမှု။ နိုင်ငံတကာ အဖွဲ့အစည်းများ (INGOs)ဆိုပါ တော့။ လွတ်လပ်မှုကို ဆောင် ကြဉ်းတဲ့ ဒီအဖွဲ့အစည်းတွေနဲ့ လွတ်လပ်မှုကိုမြတ်နိုးတဲ့ မြန်မာ လူငယ်တွေ အတူတကွအလုပ် လုပ်ကြရင်း တွန်းမိ၊ တိုက်မိတာ တွေရှိလာတယ်။ အကူအညီ အထောက်အပံ့တွေ မထိရောက်ဘူးဆိုတာ အပြင်ကတင်မဟုတ် ဘူး။ အတွင်းမှာလည်း ဝန်ထမ်းအချင်းချင်း၊ နိုင်ငံသားဝန်ထမ်းတွေနဲ့ နိုင်ငံတကာဝန်ထမ်းတွေ အကြား လစာ၊ ခံစားခွင့်မမျှတဘူး။ ခွဲခြားဆက်ဆံမှုတွေရှိတယ် ဆိုပြီး အသံတွေထွက်လာတယ်။ INGO တွေမှာ အလုပ်လုပ်ပြီး အပြင်ရောက်သွားတဲ့သူတွေဆီက ဒါလားဟဲ့ INGO ဆိုပြီး ရင်ဖွင့်သံတွေ နေရာ အနှံ့ကြား လာရတယ်။

လူ့လောကမှာ ကိုယ့်လူ့ အဖွဲ့အစည်းအတွင်းမှာ အချင်း ချင်းပဲဖြစ်ဖြစ်၊ ကိုယ့်လူ့အဖွဲ့ အစည်းနဲ့ အခြားလူ့ အဖွဲ့အစည်း ပဲဖြစ်ဖြစ် အသွင်မတူသူအချင်း ချင်း ထိပ်တိုက်တိုးမိကြရင်း ပဋိ ပက္ခတွေ၊ စစ်ပွဲတွေဖြစ် လာတတ် တယ်။ ဆိုကြပါစို့။ လူမျိုးတစ်မျိုး နဲ့တစ်မျိုး ပြဿနာဖြစ်တယ်။ ဘာသာတစ်ခုနဲ့တစ်ခု ပြဿနာ ဖြစ်တယ်။ ဓလေ့မတူဘူး။ ထုံး တမ်းစဉ်လာမတူဘူး။ အတွေး အခေါ်၊ အယူအဆမတူဘူး။ ဒါ ကြောင့်လည်း ကမ္ဘာ့ သမိုင်းမှာ စစ်ပွဲတွေနဲ့ချည်း ပြည့်နှက်နေ တယ်။ အဲဒီလိုယဉ်ကျေးမှုချင်း ထိပ်တိုက်တိုးကြတာကို ဖြေ ရှင်း ဆောင်ရွက်ဖို့ဆိုပြီး ကမ္ဘာ့ကုလ သမဂ္ဂလို၊ ဥရောပသမဂ္ဂလိုအဖွဲ့ အစည်းတွေပေါ်ပေါက်လာတယ်။ အာဖရိက၊ တောင်အမေရိကနဲ့ အာရှမှာလည်း ဒေသဆိုင်ရာအဖွဲ့ တွေပေါ်လာတယ်။ နိုင်ငံတကာ မှာ လည်း နိုင်ငံတကာအဖွဲ့အစည်း တွေမှိုလိုပေါက်လာတယ်။ အား လုံးရဲ့ရည်ရွယ်ချက်က အကူ အညီလိုတဲ့ သူတွေကို အကူအညီပေးဖို့ဖြစ်တယ်။ ပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် ပဋိပက္ခတွေ မဖြစ်ထွန်း၊ မပေါ်ပေါက်ဖို့ဖြစ်တယ်။ ဆိုရရင် နိုင်ငံတကာ ဆက်ဆံရေးမှာ နိုင်ငံတကာအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ ဆိုတာ ဒုတိယကမ္ဘာစစ်အပြီးမှာ အထင်အရှားဖြစ်ထွန်းပေါ်ပေါက် လာခဲ့ပြီး ၁၉၉၁ခုနှစ် ဆိုဗီယက် ယူနီယံပြိုကွဲအပြီး အနောက်နိုင်ငံများရဲ့ ဒီမိုကရက်တစ်စံနှုန်းစံထားများ ဝှဲချီးအောင်ပွဲခံချိန်မှာ အားကောင်းမောင်းသန် အရှိန်ရလာခဲ့တယ်။

မြန်မာနိုင်ငံမှာ ကမ္ဘာ့ကုလ သမဂ္ဂ(UN)နဲ့ နိုင်ငံတကာအဖွဲ့ အစည်းတွေ (INGOs) ရှိခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ သို့ သော်နိုင်ငံတကာအဖွဲ့အစည်း (INGO) ဆိုတဲ့ဝေါဟာရ ခေတ်စားလာတာ ၂၀၀၈ ခုနှစ်နောက်ပိုင်း ဆိုင်ကလုန်း နာဂစ်ဝင်ရောက် တိုက်ခတ်ပြီးမှ သာဖြစ်တယ်။ နိုင်ငံအတွင်းရှိပြီးသား INGO တွေလေး၊ ငါးဆမကကြီးထွားလာ သလို အဖွဲ့အသစ်တွေလည်း အများအပြား ဝင်ရောက်လာတယ်။ အဲဒီကာလကို မြန်မာနိုင်ငံရဲ့ INGOပထမလှိုင်းလို့ ယေဘုယျ သတ်မှတ်လို့ရတယ်။ ဝင်လာတဲ့ အဖွဲ့အများစု က ဖွံ့ဖြိုးရေး၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ INGO တွေဖြစ်ကြတယ်။ ကလေးသူငယ်များ ကာကွယ် စောင့်ရှောက်ရေးတို့ (Child Protection) သက်မွေးဝမ်း ကျောင်းတို့ (Livelihood) ဆိုတာ တွေ ခပ်များများကြားခဲ့ရတယ်။

၂၀၁၁ ခုနှစ်မြန်မာနိုင်ငံမှာ အစိုးရသစ် အပြောင်းအလဲနှင့် အတူ နောက်ထပ် INGO အမျိုး အစား အသစ်တွေ ဝင်လာတယ်။ မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ကူညီထောက်ပံ့ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝင်လာတာဖြစ်ပြီး သူတို့ဆီက ဒီမိုကရေစီတို့၊ လူ့ အခွင့်အရေးတို့ဆိုတဲ့ ဝေါဟာရ တွေမြိုင်မြိုင် ဆိုင် ဆိုင်ကြားလာရ ပြန်တယ်။ မြန်မာနိုင်ငံရဲ့ INGO ဒုတိယလှိုင်းဆိုပါစို့။ တကယ် တော့ နိုင်ငံတစ်နိုင်ငံမှာ INGO တွေဝင်ရောက်လုပ်ကိုင်ရခြင်းရဲ့ ရည်ရွယ်ချက်ဟာ အဲဒီနိုင်ငံက အစိုးရရဲ့ လုပ်ငန်းတာဝန်တွေကို ဝင်ရောက်အစားထိုးလုပ်ကိုင်တာ မဟုတ်ဘဲ အစိုးရကမလုပ်ဆောင် နိုင်၊ လုပ်ဆောင်ဖို့အခက်အခဲရှိတဲ့ နယ်ပယ်တွေမှာ အကူအညီ သဘောမျိုးဝင်ရောက်အားဖြည့် လုပ်ကိုင်ကြခြင်းသာဖြစ်တယ်။ ဆိုရရင် ယာယီသဘောဆောင်တယ်။ နိုင်ငံတစ်နိုင်ငံမှာ စီးပွား ရေးကျရင် အဲဒီနိုင်ငံမှာ တက္ကစီ တွေများလာသ လို နိုင်ငံရေး၊ လူမှု ရေးလိုအပ်ချက်များပြားနေရင် လည်း နိုင်ငံတကာအဖွဲ့အစည်း တွေဝင်ရောက်လာ တတ်တယ်ဆို တာသတိချပ်ဖို့လိုတယ်။ ဘာပဲ ပြောပြော အကောင်းဘက်က ကြည့်ရင် INGO တွေများ လာ တော့ ပြည်တွင်းက လူငယ်ပညာ တတ်တွေ အလုပ်ရတယ်။ အတွေ့အကြုံရတယ်။ ဟိုတယ်၊ တည်းခိုခန်းတွေလည်း လူဝင် တယ်ပေါ့ဗျာ။

သို့သော် INGO တွေအပေါ် ဝေဖန်မှုတွေ အခုတစ်လောတိုး လာနေတယ်။ အသုံးအစွဲကြမ်းတယ်။ ဇိမ်ခံတယ်။ လစာတွေ အများကြီးယူတယ်။ အကူအညီငွေတွေ မထိရောက်ဘူးစသည်ဖြင့် ဝေဖန်ကြတယ်။ အဲဒီလို ဝေဖန်မှု မျိုးဟာ INGO ပထမလှိုင်း လောက်မှာ ကတည်းကရှိခဲ့ပေမယ့် အခု INGO ဒုတိယလှိုင်း မှာ ဝေဖန်သံတွေပိုထွက်လာတယ်။ အထူးသဖြင့် INGO အတွင်းထဲမှာကို ဝန်ထမ်းအချင်းချင်း ခံစားခွင့်တွေ မမျှတဘူး။ နိုင်ငံခြားသား အချင်းချင်း ဂရုစိုက်တယ်။ ဒေ သခံ ဝန်ထမ်းတွေကို အလေးမထားဘူး။ ခွဲခြား ဆက်ဆံမှုတွေရှိတယ်။ အကျင့်ပျက်ခြစားမှုတွေရှိတယ် ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့်ဝေဖန် ကြတယ်။ နိုင်ငံခြား သားဆိုရင် အထင်တကြီးရှိတတ်တဲ့ မြန်မာတွေရဲ့စရိုက်က INGO လုပ်ငန်းခွင်မှာ သူတို့နိုင်ငံတကာ ဝန်ထမ်းတွေနဲ့ နဖူးတွေ့၊ ဒူးတွေ့ရင်ဆိုင်လုပ်ကိုင်ရတဲ့အခါမှာ အံ့အားကြီး သင့်စေတယ်။ လိုရင်တစ်မျိုး၊ မလိုရင်တစ်မျိုး အာဏာရှင်ဆန်ဆန် လုပ်တာမျိုးတွေဟာ INGO လောကမှာ အားလုံးမဟုတ်ပေမယ့် အတော်များများမှာ ရှိတယ်ဆိုတာ လုပ်တာကြာလေ သိလေ ဖြစ်လာကြတယ်။

INGO ဆိုတာကလည်း ဒီနေ့ခေတ်မြန်မာလူငယ်တွေရဲ့ အဓိကအလုပ်အကိုင် အခွင့်အလမ်း တစ်ရပ်လိုဖြစ် လာတော့ အခုလိုဝေဖန်နေကြတာတွေအပေါ် အလေးထားဖို့ဖြစ်လာတယ်။ တကယ်တော့ မြန်မာနိုင်ငံ သားတွေဟာ ဒီနေ့ခေတ်မှာ ယဉ်ကျေးမှုအသစ်တစ်ရပ်နဲ့ ရင်ဆိုင်ကြုံတွေ့နေရခြင်းသာဖြစ်တယ်။ အဲဒီ ယဉ်ကျေးမှုအသစ်က နိုင်ငံခြားသားတွေပဲဖြစ်တယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေ ပဲဖြစ်တယ်။ မြန်မာနိုင်ငံ ဆို အခုတစ်လော နိုင်ငံတကာမှာ သိပ်စိတ်ဝင်စားကြတော့ပြည်ပက သုတေသီတွေ၊ နိုင်ငံတကာ အဖွဲ့ အစည်းတွေ မြန်မာနိုင်ငံကိုစုပြုံဝင်လာနေတယ်။ မြန်မာနိုင်ငံမှာရုံးခွဲမရှိရင်၊ သုတေသနမလုပ်ဘူးဆိုရင် ကိုယ်ခေတ်မမီသလို ဖြစ်နေတယ်။ ဒီတော့ နိုင်ငံခြား သားနဲ့ မြန်မာတွေအထိအတွေ့ ကပိုများလာတယ်။ အဲဒီတော့ တစ်ယောက်အကြောင်း တစ် ယောက်ပိုသိလာကြတာပေါ့ဗျာ။

ယဉ်ကျေးမှုချင်းထိတွေ့ကြ ပြီဆိုပါတော့။ အဲဒီယဉ်ကျေးမှု အသစ်အကြောင်း မဆက်ခင် မြန်မာပြည်သူတွေ ထိတွေ့ခဲ့ရတဲ့ ယဉ်ကျေးမှုအဟောင်းက စစ်ယဉ် ကျေးမှုဗျ။ ၁၉၈၈ ကနေ ၂၀၁၀ ဆိုတော့ နှစ်ပေါင်းနှစ် ဆယ်မက ကြာခဲ့တယ်။ အဲဒီတုန်းက စစ် ယဉ်ကျေးမှုရဲ့ဖိနှိပ်တဲ့သဘော သဘာဝနဲ့ ဖိနှိပ်ခံပြည်သူတွေရဲ့ မတရားမှုကို အာမခံလိုတဲ့ယဉ် ကျေးမှု မကြာခဏထိပ်တိုက်တိုး ပြီး တိုင်းပြည်လည်းသိပ်နာခဲ့တာ လား။ စစ်ယဉ်ကျေးမှုကာလ စာ ရေးသူတို့လူ့အဖွဲ့အစည်း ရှင်သန် ခဲ့ရတဲ့ကာလဟာ သိပ်မွန်းကျပ် တယ်။ တရားမျှတမှုကိုလိုလား သူ၊ လွတ်လပ်ခွင့်ကို လိုလားသူ တွေအဖို့ ရေနည်းနည်းလေးနဲ့ ရှင် သန်ရတဲ့ ငါးတွေလိုပဲ။ အဲဒီကာလ မြန်မာတို့ရဲ့စံနှုန်းစံထား၊ တန်ဖိုး တွေ စာရိတ္တတွေဆိုတာ တစ်စစီ ပျက်ယွင်းခဲ့ရ တယ်။ အစိုးရရုံး တွေမှာဆိုလည်း စစ်ယဉ်ကျေးမှု လွှမ်းတော့ မတရားခြစားမှုတွေ သိပ်များခဲ့တယ်။ ဒီလိုနဲ့ စစ်ယဉ် ကျေးမှုအလွန် INGO ယဉ်ကျေးမှု ကာလမှာ ပညာတတ်မြန်မာလူ ငယ်တွေရဲ့ INGO တွေအပေါ် မကျေလည်မှုတွေ တိုးလာပြန် တယ်။

တကယ်တော့ ဒါဟာ နိုင်ငံ တကာဆက်ဆံရေး သဘောသဘာဝပဲဖြစ်တယ်။ ဆိုလိုတာ နိုင်ငံတကာ ဆက်ဆံရေးမှာ တရားမျှတတယ်ဆိုတာမရှိဘူးလို့ ထင်တယ်။

တရားမျှတချင်ယောင် ဆောင်တာပဲရှိတယ်။ အားလုံး ကိုယ့်အကျိုးစီးပွားအတွက် အလုပ်လုပ်နေကြခြင်း သာဖြစ်တယ်။ကောင်းတယ်ဆိုလည်း ပါးပါးလေးပဲကောင်းကြလိမ့်မယ်။ ကိုယ့်နိုင်ငံမှမဟုတ်တာဘဲလေ။ ဒါဆို လူ့အခွင့်အရေးတို့၊ သာတူညီမျှမှုတို့ဆိုတာ ဘယ်မှာတုံးလို့ မေးစရာရှိတယ်။ လူ့အခွင့်အရေးတို့၊ သာတူညီမျှမှုတို့ ဆိုတာတွေကကိုယ့်အတွင်းမှာသာ ဖန်တီးဖော်ဆောင်ရမှာဖြစ်တယ်။ အပြောင်းအလဲဟာ အတွင်းကပဲလာရမှာဖြစ်တယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေဆိုတာ ပံ့ပိုးကူညီရုံမျှသာဖြစ်တယ်။ အချိန်တန်ရင် အိမ်ပြန်ကြမှာသာ ဖြစ်တယ်။

အချို့က နိုင်ငံတကာအဖွဲ့ အစည်းတွေအပေါ်မှာ အလွန် အမင်းအားကိုးတယ်။ သူတို့ အထောက်အပံ့ အပေါ်မှာ သာယာတယ်။ အထောက်အပံ့ဆို ဘယ်အထောက်အပံ့မှမကောင်းဘူး။ နိုင်ငံတကာ ဆက်ဆံရေးမှာ နေ့လယ်စာ အလကားမကျွေးဘူး ဆိုတဲ့ဆိုရိုးစကားရှိတယ်။ ဆိုလိုတာ အထောက်အပံ့ ဆိုတာနဲ့ နှောင်ကြိုးဆိုတာရှိတယ်။ နှောင်ကြိုးမိထားရင်လည်း ရုန်းရခက်တယ်။ ဒါကြောင့် ဒီနေ့ကာလမှာ INGOအတွင်းက နိုင်ငံသားဝန်ထမ်းတွေပဲဖြစ်ဖြစ်၊ INGO ပြင်ပ က INGOနဲ့ ဆက်သွယ်ဆောင်ရွက်ရတဲ့ အဖွဲ့အစည်းတွေပဲဖြစ်ဖြစ် ဒီ INGO ယဉ်ကျေးမှုနဲ့ လိုက်လျောညီထွေရှိဖို့ လိုတယ်။ ဆိုလိုတာ တချို့နေ ရာတွေမှာ အားမနာတမ်း ပြောကြ၊ ဆိုကြဖို့ လိုတယ်။ ကိုယ့်အခွင့်အရေးကို ကိုယ်ကတောင်းမှသာ ရမှာဖြစ်တယ်။

တချို့ INGO တွေဆို လူသားရင်းမြစ်ဖွံ့ဖြိုးရေးလို့သာ အော်နေတာ။ ကိုယ့်အထဲက နိုင်ငံသားဝန်ထမ်းတွေ ကို ဘာမှ လုပ်ပိုင်ခွင့်ပေးတာမဟုတ်ဘူး။ သူတို့ပဲ အားလုံးကျိတ်လုပ်၊ ပြီးမှသာ နိုင်ငံသားဝန်ထမ်းတွေ ကို တောက်တိုမည်ရခိုင်းတာမျိုးရှိတယ်။ ဒီတော့ သူတို့ပြန်သွားရင် ဒီကဝန်ထမ်းတွေမှာ ဘာစွမ်းဆောင်ရည် (Capacity)မှကျန်ခဲ့မှာမဟုတ်ဘူး။ စာရေးသူနိုင်ငံတကာအဖွဲ့အစည်းကြီးတစ်ခုမှာ အလုပ်လုပ်ဖူးတယ်။ ကိုယ့်နိုင်ငံသားဝန်ထမ်းအချို့ အမှားအယွင်းလုပ်မိရင် ပြောလို့ကိုမဆုံးဘူး။ သူတို့နိုင်ငံခြားသားအချင်းချင်း အမှားအယွင်းဖြစ်ရင် ရူးချင် ယောင်ဆောင်နေတယ်။ ဘယ် လောက်အမှားကြီးပါစေ။ အချင်း ချင်းချေကြ တယ်။ စစ်အုပ်ချုပ်ရေးကာလ အစ်ကိုကြီး၊ ညီလေး ယဉ်ကျေးမှုကို သွားအမှတ်ရစေ တယ်။

တကယ်တော့ INGO ယဉ် ကျေးမှုမှာ ယူတတ်ရင်အများကြီး ရတယ်။ ကိုယ့်ဘက်ကမညံ့ဖို့ တော့လိုတယ်။ အားမနာဖို့လို တယ်။ ဆိုလိုတာ နိုင်ငံတကာအဖွဲ့အစည်းဆိုတာ နိုင်ငံခြားသား ပေါင်းစုံနဲ့ ဆက်ဆံရတာ ဆိုတော့ သင်ယူမှုဝန်းကျင်ကပိုကြီးတယ်။ ပိုကျယ်ပြန့်တယ်။ စာရေးသူဆို သူတို့ကို ဘာမှကြိုတင်အစီရင်ခံ မနေဘူး။ လုပ်ချင်တာလုပ်တယ်။ အဖွဲ့အစည်းရဲ့ဘောင်အတွင်းက ပေါ့နော်။ ပြီးမှအစီရင်ခံတယ်။ တင်ပြ တယ်။ ဒီတော့ သူတို့က စာရေးသူကို ရှေ့ဆောင်နိုင်စွမ်း (Initiative) ရှိတယ်ဆိုပြီး အမှတ် ပေးကြတယ်။ အဲဒီလိုလုပ်တာ အမြဲမှန်တယ်တော့ မဟုတ်ဘူး။ အန္တရာယ်များတယ်။ သို့သော် နောက်ကနေလိုက်မ လား၊ ရှေ့ ကနေသွားမလားဆိုရင် အန္တရာယ်များသည့်တိုင် စာရေးသူကတော့ နောက်ကတစ်ခုကိုရွေးမှာပဲ။

ဒါကြောင့် စာရေးသူတို့ ဒီ ယဉ်ကျေးမှုအသစ်နဲ့အလုပ်လုပ် တဲ့အခါမှာ အတွေးအခေါ်၊ အယူ အဆတွေပြောင်းဖို့လိုတယ်။ သူ တစ်ကျပ်၊ ကိုယ်တစ်ကျပ်ဆိုတာ မျိုးတော့တွက်လို့မရဘူး။ တစ်ခါ တလေ ဒီအဖွဲ့မကောင်းဘူးဆို ပေမယ့် နောက်အဖွဲ့ကလည်း ဒီအဖွဲ့လိုပဲ မမျှတဘူးဆိုလည်း အတွင်းက တိုက်ကြ ရအောင်။ တိုက်ပွဲခေါ်သံဟာ အတွင်းကပဲ လာရမယ်။ လူ့သမိုင်းမှာ တောင်း ပွဲ၊ တိုက်ပွဲတွေဆိုတာ ဘယ်တော့ မှရပ်စဲမသွားဘူး။ အခုလည်း မရပ်ဘူး။ နောင်လည်းရပ်မှာ မဟုတ်ဘူး။ လူသားဆိုတာရှိနေ သမျှ တရားမမျှတဘူးဆိုတာရှိ နေမယ်။ ပဋိပက္ခတွေရှိနေမယ်။ ဒါကြောင့် ကိုယ်ညံ့ရင် ကိုယ်သာ ခံရမှာဖြစ် တယ်။ တောင်းပွဲ၊ တိုက်ပွဲဆိုတာ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက်ပဲဘောင် ခတ်ထားတာမဟုတ်ဘူး။ တရား မျှတမှုအားနည်းတဲ့ မည်သည့်လူ့ အဖွဲ့အစည်းကိုမဆို တောင်းဆို ပိုင်ခွင့်ရှိတယ်။

စာရေးသူတို့ မြန်မာလူငယ် တွေအနေနဲ့ ယဉ်ကျေးမှုအသစ်နဲ့ ထိတွေ့အလုပ်လုပ်ကြရင်း INGOတွေကို ကိုယ်နိုင်သလောက် အတွင်းကပဲ ဝိုင်းဝန်းထိန်းကျောင်းကြစေချင်တယ်။ INGO တွေရဲ့ ရင်းမြစ်တွေကို ကိုယ်နိုင်သလောက် ပါးပါးနပ်နပ်အသုံးချရင်း ကိုယ့်ရဲ့တစ်ဦးချင်းသင်ယူမှုစွမ်းရည်၊ နိုင်ငံတကာ ဆက်ဆံရေး စွမ်းရည်တွေကိုလည်း မြှင့်တင်ပြီး ယဉ်ကျေးမှုအသစ်ကို နိုင်ငံတော်အကျိုးစီးပွားအတွက် ဝိုင်းဝန်းထိန်းကျောင်းကြပါလို့ ဒီဆောင်းပါးနဲ့တိုက်တွန်းပါရစေ။

အောင်အောင် (IR)

7Day Daily


သွေးတိုးရောဂါရှင်များအတွက် ဆောင်ရန် ရှောင်ရန် စားသောက်ရန်



သွေးတိုးရောဂါရှင်များ စားသင့်သော အစားအသောက်များ...

သွေးတိုးရောဂါရှင်တွေဟာ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်နဲ့ အမျှင်ဓာတ်ပါဝင်တဲ့ အစာတွေကို စားပေးသင့်ပါတယ်။ လတ်လတ်ဆတ်ဆတ် သစ်သီး၊ ဟင်းသီးဟင်းရွက်တွေနဲ့ ဆန်လုံးညိုကို များများ စားပေးပါ။ အောက်ပါ အစားအသောက်တွေကတော့ သွေးတိုးရောဂါရှင်တွေအတွက် အထူးအကျိုးရှိ တာကြောင့် စားပေးသင့်ပါတယ်။
• ထောပတ်သီး
• ငှက်ပျောသီး
• ပန်းဂေါ်ဖီစိမ်း
• ကညွတ်
• ဂရိတ်ဖရုသီး
• ပဲသီး
• အဆီနည်းအသား
• အဆီထုတ်ထားတဲ့ နွားနို့ ဒါမှမဟုတ် မလိုင်ဖယ်ထားတဲ့ နွားနို့
• လိမ္မော်သီး
• ဆော်လ်မွန်ငါး
• နေကြာစေ့
• ခရမ်းချဉ်သီး

သွေးတိုးရောဂါရှင်များ ရှောင်ကြဉ်သင့်သော အစားအသောက်များ...

သွေးတိုးရောဂါရှင်တွေအနေနဲ့ ငန်တဲ့အစာတွေကို ရှောင်ကြဉ်သင့်တယ်ဆိုတာကိုတော့ အများသိကြပြီး သားပါ။ ဒါပေမဲ့ သွေးတိုးရောဂါရှင်တွေဟာ ငန်တဲ့ အစာတွေတင်မကဘဲ တခြားရှောင်ကြဉ်သင့်တဲ့ အစာတွေရှိပါသေးတယ်။

ယေဘုယျအားဖြင့် သွေးတိုးရောဂါရှင်တွေဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဆီများတဲ့အသား၊ အဆီပါဝင်မှု များတဲ့ နို့ထွက်ပစ္စည်းတွေ၊ ဆားပါဝင်မှုများတဲ့ အဆင်သင့်စားစရာ အမြန်စာ (Fast Food) တွေနဲ့ အရက် ကို ရှောင်ကြဉ်ရပါမယ်။ ဆား ဒါမှမဟုတ် ပိုပြီးတိတိကျကျပြောရရင် ဆိုဒီယမ်ဓာတ်ဟာ သွေးပေါင်ချိန် မြင့် တက်မှုအတွက် အဓိကတရားခံပါ။ ငန်နေတဲ့ အစားအစာတွေမှာ ဆားပါဝင်မှုများတယ်လို့ အလွယ်တကူ သိနိုင်ပေမယ့် မငန်တဲ့ အဆင်သင့် စားစရာတွေမှာ ဆားပါဝင်မှုများတာကို သတိမထားမိရင် အလွယ်တကူ မသိပါဘူး။

ဒါကြောင့် သွေးတိုးရောဂါရှင်တွေအနေနဲ့ အိမ်မှာ ဟင်းချက်တဲ့အခါ ဆားလျှော့ထည့်ရုံနဲ့ မလုံလောက်ဘဲ အဆင်သင့် စားစရာဘူးတွေ၊ အထုပ်တွေကို ဝယ်တဲ့အခါ ဆိုဒီယမ်ပါဝင်မှု ပမာဏကိုပါ ကြည့်ရှုစစ်ဆေးဖို့ လိုအပ်ပါတယ်။ အကောင်းဆုံးကတော့ သွေးတိုးရောဂါရှင်တွေအနေနဲ့ ကြာရှည်ခံအောင် လုပ်ထားတဲ့ အဆင်သင့် စားစရာတွေကို တတ်နိုင်သမျှ ရှောင်ပြီး စားစရာတွေကို လတ်လတ်ဆတ်ဆတ် ချက်ပြုတ်စားသောက်ပါ။

သွေးတိုးရောဂါရှင်တွေဟာ အောက်ပါအစားအသောက်တွေကို ရှောင်ကြဉ်သင့်ပါတယ်။
• ငါးပိ၊ ငါးခြောက်နဲ့ ဆားနယ်ထားတဲ့ တခြားအသားခြောက်များ
• ဆိုဒီယမ်ပါဝင်မှုများတဲ့ အဆင်သင့်စားစရာများ
• ကြက်အရေခွံ
• အမြန်စာများ
• ပြည့်ဝဆီ ဒါမှမဟုတ် ထပ်ပြန်ကြော်ဆီ ပါဝင်မှုများတဲ့ အစာများ
• သကြားပါဝင်မှုများတဲ့ အစာများ

သွေးတိုးရောဂါရှင်တွေအနေနဲ့ စားသင့်တဲ့ အစားအသောက်တွေကို စားသောက်ပြီး ရှောင်ကြဉ်တာကို ဆင်းရဲဒုက္ခလို့ မယူဆဘဲ အရသာအသစ်တွေကို စူးစမ်းရှာဖွေကြည့်နိုင်တဲ့ အခွင့်အရေးအဖြစ် ယူဆပါ။ ဟင်းချက်တဲ့အခါ ဆားမပါဘဲ အရသာရှိအောင် ဟင်းခတ်အမွှေးအကြိုင်အမျိုးမျိုးကို စမ်းသပ် သုံးစွဲကြည့်ပါ။

ဆားလျှော့စားခါစမှာ အရသာမရှိသလို ခံစားရပေမယ့် စားရင်းနဲ့ နောက်ပိုင်းမှာ အကျင့်ဖြစ်သွားပြီး ပုံမှန် အတိုင်း စားနိုင်သွားမှာ ဖြစ်ပါတယ်။ ဒါဆိုရင် သွေးတိုးရောဂါကို ထိန်းချုပ်ကုသမှုမှာ အောင်မြင် မှာ ဖြစ်ပြီး သွေးတိုးကြောင့် ဖြစ်နိုင်တဲ့ လေဖြတ်ခြင်းနဲ့ တခြားနောက်ဆက်တွဲ အန္တရာယ်တွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

Mg Mandalay


ငွေကြေးခက်ခဲသည့် သဘင်ပညာသည်များ၏ သား၊ သမီးများကို ပညာသင်စရိတ် ထောက်ပံ့မည်



အထက်တန်းပညာနှင့် တက္ကသိုလ် ဆက်တက်ရန် ငွေကြေး အခက်အခဲရှိသည့် သဘင်ပညာသည်များ၏ သား၊ သမီးများစာရင်းကို ကောက်ခံပြီးပါက လာမည့်၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစကာ ပညာသင် စရိတ် ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး ပြန်ကြားရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။

အဆိုပါ သဘင်ပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူများ၏ သား၊ သမီးများ ပညာရေး ထောက်ပံ့နိုင်ရန် အတွက် မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) က ပညာရေး ဖောင်ဒေးရှင်းကို မေလ ၃ ရက်နေ့က တည်ထောင်လိုက်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

“ဒီဖောင်ဒေးရှင်းရဲ့ ရည်ရွယ်ချက်ကတော့ သဘင်ပညာနဲ့ အသက်မွေးဝမ်းကျောင်း ပြုသူတွေရဲ့သား၊ သမီးတွေ အမှန်တကယ် ပညာထူးချွန်ပါလျက်နဲ့ ငွေကြေး အဆင်မပြေမှုကြောင့် အထက်တန်းပညာ ဆက်လက်သင်ယူဖို့ အခက်အခဲ ရှိနေရင် ကျောင်းထားပေးဖို့ရယ်၊ အထက်တန်း အောင်သွားပြီး တက္ကသိုလ်တက်ဖို့ အခက်အခဲ ရှိနေရင် တက္ကသိုလ်ပါ ထားပေးဖို့ပါ။ နောက်လ ဆိုရင် ကျောင်းဖွင့်ပြီ ဆိုတော့ ဒီနှစ် ကျောင်းဖွင့်ရာသီအမီ ကျောင်းသား၊ ကျောင်းသူ အရေအတွက်စာရင်း အတိအကျရအောင် စာရင်းကောက်ဖို့ လုပ်နေပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ပညာရေး ဖောင်ဒေးရှင်းကို မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို)၊ တိုင်းဒေသကြီးနှင့် ပြည်နယ် သဘင်အစည်းအရုံးများ၏ မတည်ငွေများဖြင့် တည်ထောင်ခြင်း ဖြစ်ပြီး ရန်ပုံငွေများ ဆက်လက်ရရှိရန် ရန်ပုံငွေ ဖျော်ဖြေပွဲများ၊ နယ်လှည့် ဖျော်ဖြေပွဲများ ပြလုပ်သွားရန် အစီအစဉ်များလည်း ရှိကြောင်း ၎င်းကဆိုသည်။

ယင်းအပြင် သဘင်ပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန်နှင့် ဘဝအာမခံချက် ပေးနိုင်ရန်အတွက် မူဝါဒအသစ်များ ချမှတ်ရန် သဘင်ပညာရှင်များကို ဗဟိုပြုသည့် ဆန္ဒခံယူပွဲကို ဇွန်လ ၁ ရက်နေ့မှစကာ ဆန္ဒသဘောထားများ ခံယူသွားမည် ဖြစ်ကြောင်း ဦးဝင်းကြိုင်က ထပ်လောင်းပြောကြားသည်။

သဘင်ပညာရှင်များ၊ သဘင်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူများနှင့် တွေ့ဆုံကာ လွတ်လပ် ပွင့်လင်းသည့် ဆန္ဒသဘောထားများ ရယူပြီးပါက မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံးအနေနှင့် မူဝါဒအသစ်များ ရေးဆွဲသွားမည် ဖြစ်ကြောင်း ဦးဝင်းကြိုင်က ဆိုသည်။

အဆိုပါ ဆန္ဒခံယူပွဲကို မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) မှ အဖွဲ့သုံးဖွဲ့ခွဲကာ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ သဘင်ပညာရှင် အစည်းအရုံးများ ဖွဲ့စည်း ထားပြီး ဖြစ်သည့် မြို့နယ်တိုင်းတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါ အစည်းအရုံးထံမှ ထပ်မံသိရသည်။

The Voice Journal
 

ကော်ဖီသောက်ခြင်းက မျက်စိကျန်းမာရေးအတွက် အထောက်အကူပြုနိုင်

 
နေ့စဉ်ပုံမှန် ကော်ဖီသောက်ခြင်းသည် အမြင်အာရုံ ကြည်လင်ပြတ်သားမှုကို ရေရှည်ထိန်းသိမ်းနိုင်မည့် နည်းလမ်းတစ်ခုအဖြစ် ပညာရှင်များက ထောက်ခံပြောကြားခဲ့သည်။ အသက်အရွယ် ကြီးရင့်လာခြင်း၊ ဆီးချိုရောဂါနှင့် ရေတိမ်ဖြစ်ပွားခြင်းတို့ကြောင့် အမြင်အာရုံ လျော့ပါးဆုံးရှုံးလာခြင်းကို ပုံမှန် ကော် ဖီသောက်ခြင်းဖြင့် အတိုင်းအတာ တစ်ရပ်ထိ တားဆီးနိုင်မည်ဟု သုတေသီများက ယုံကြည် လျှက်ရှိ သည်။
 
 ကော်ဖီတွင် ပါရှိသည့် Antioxidant ဓာတ်ပစ္စည်း တစ်မျိုး၏ သက်ရောက်မှုက မျက်ကြည်လွှာ၏ ကြည်လင်တောက်ပမှုကို ကူညီထိန်းသိမ်းပေးနိုင်ကြောင်း သုတေသန ရလဒ်တစ်ခုက ညွှန်ပြလျှက်ရှိ သည်။ အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့ရှိ Cornall တက္ကသိုလ်မှ ပညာရှင်များက ကော်ဖီ ပုံမှန် သောက်ခြင်းဖြင့် မျက်စိအမြင်အာရုံကို စောင့်ရှောက် ထိန်းသိမ်းနိုင်မည့် ဆက်စပ်မှုတစ်ခုကို တွေ့ရှိခဲ့ သည်။

ကော်ဖီတွင် ကဖိန်းဓာတ် (၁)ရာခိုင်နှုန်းမျှ ပါဝင်သော်လည်း Chlorogenicခေါ် အက်ဆစ်တစ်မျိုးက ပမာဏ ပိုမိုများပြားစွာ စုဖွဲ့နေတတ်သည်။ အဆိုပါ အက်ဆစ်သည် အားကောင်းသည့် Antioxidant အမျိုးအစား တစ်ခုဖြစ်ပြီး ကော်ဖီ၏ ဓာတုဖွဲ့စည်းပုံ၌ (၇)ရာခိုင်နှုန်းနှင့် (၉)ရာခိုင်နှုန်းကြား ပါဝင်နေတတ်သည်။ ယင်းအက်ဆစ်သည် မျက်စိမြင်လွှာကို ထိခိုက်လာမည့် ဆိုးကျိုးများအား တားဆီးပေးနိုင်သည့် အာနိသင် ရှိနေကြောင်း သိရသည်။ ယခုတွေ့ရှိချက်ကို Agricultural and Food Chemistry ဂျာနယ်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

ယခုသုတေသန လုပ်ဆောင်မှုတွင် ပါဝင်ပြီး အစားအသောက် သိပ္ပံပညာဆိုင်ရာ ပရော်ဖက်ဆာ တစ်ဦး လည်းဖြစ်သော ချန်လီက “မျက်စိရဲ့ မြင်လွှာဆိုတာဟာ ပါးလွှာတဲ့ တစ်သျှူးလွှာလေး တစ်ခုပါ။ အဲဒီမှာ အလင်းကို အာရုံခံနိုင်တဲ့ ဆဲလ်လေးတွေ သန်းနဲ့ချီပြီး ပါဝင်ဖွဲ့စည်းထားတယ်။ ပြီးတော့ အမြင်အတွေ့နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို လက်ခံပေးနိုင်တဲ့ ဆဲလ်တွေလည်း ပါတယ်။
 
 ပြောရမယ်ဆိုရင် ဇီဝကမ္မ ဖြစ်စဉ်တွေ အနိုးကြားဆုံး လှုပ်ရှားနေတဲ့ တစ်သျှူးမျိုးပါပဲ။ အောက်စီဂျင် တောင်းဆိုမှု သိပ်များပြီး ဒီ့အတွက်လည်း Oxidantဓာတ်တွေရဲ့ ဖိနှိပ်မှုကို ပိုခံရတတ်တယ်။ အောက်စီဂျင် ပြတ်လပ်မှုတွေ ဖြစ်လာ တဲ့အခါ တစ်သျှူးမှာ ထိခိုက်မှုတွေ ဖြစ်လာပြီး အမြင်အာရုံ လျော့ပါးသွားတတ်ပါတယ်”ဟု ရှင်းပြခဲ့သည်။

၎င်းက “ခုတွေ့ရှိချက်မှာတော့ မျက်ကြည်လွှာ ကျန်းမာရေးအတွက် ပုံမှန်အစားအစာ တစ်မျိုးကနေ ကောင်း ကျိုးဖြစ်ထွန်း စေနိုင်တယ်ဆိုတာ ကျွန်တော်တို့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ကော်ဖီဟာ ခုချိန်မှာ တစ်ကမ္ဘာလုံး လူကြိုက်အများဆုံး သောက်သုံးပစ္စည်း ဖြစ်နေပါပြီ။ ကျွန်တော်တို့ အနေနဲ့ ကော်ဖီသောက်ခြင်းကြောင့် မျက်လုံးအတွက် ကောင်းကျိုးတွေ ဖြစ်နိုင်တယ် ဆိုတာကို နားလည်သဘောပေါက်လာခဲ့ပါတယ်” ဟုလည်း ပြောကြားသွားသည်။

Planet Myanmar Network

ဆေးလိပ်ဖြတ်ခြင်းရဲ့ အကျိုးကျေးဇူးများ



အောက်မှာ ဖော်ပြထားတာကတော့ ဆေးလိပ်ဖြတ်ခြင်း အကျိုးကျေးဇူးတွေပါ။

၁။ ဘဝသက်တမ်းပိုရှည်ကြာခြင်း။
ဆေးလိပ်သောက်တဲ့သူ ၂ ယောက်မှာ ၁ ယောက်က ဆေးလိပ်နဲ့ ပတ်သက်တဲ့ ရောဂါတွေကြောင့် ဘဝ သက်တမ်းတိုပါတယ်။ မလေးရှားမှာ ဆေးလိပ်ကြောင့် နှစ်စဉ် လူ ၅ ထောင်ခန့် သေဆုံးပါတယ်။

၂။ အဆိပ်အတောက်များမှ ကင်းဝေခြင်း။
ဆေးလိပ်ငွေ့မှာ ဓါတ်ပစ္စည်းပေါင်း ၄ သောင်းကျော်ပါပါတယ်။ အဲဒီအထဲက ၆၃ မျိုးက ကင်ဆာရောဂါ ဖြစ်စေနိုင်ပါတယ်။

၃။ ရောဂါများမှ ကာကွယ်ခြင်း။
ဆေးလိပ်ကြောင့် ဖြစ်တဲ့ ရောဂါအမျိုးအစားပေါင်း ၄၀ ကျော်ဖြစ်နိုင်ပါတယ်။ အဆုတ်ကင်ဆာ၊ နှလုံး ရောဂါ၊ နာတာရှည်လေပြွန်ရောင်ခြင်း၊ အဆုပ်ပွရေဝင်ရောဂါ၊ လေဖြတ်၊ အစာအိမ်နာ အစရှိသဖြင့် ရောဂါတွေပါ။

၎။ ကျန်းမာတဲ့ဘဝ။
ဆေးလိပ်မသောက်သူတွေကတော့ ဆေးလိပ်သောက်သူထက်စာရင် ချောင်းဆိုး၊ အအေးပတ်၊ အ ဆုတ်ရောဂါပိုးဝင်ခြင်းနဲ့ အခြားအသက်ရှုလမ်းကြောင်းရောဂါတွေ အဖြစ်နဲတာကို တွေ့ရပါတယ်။ ဒါအပြင် ဆေးလိပ်ဖြတ်ခြင်းကြောင့် အမျိုးသားတွေမှာ တခြားအကျိုးကျေးဇူးတွေရှိပါသေးတယ်။

၅။ အခြားသူများအား ကာကွယ်ခြင်း။
ဆေးလိပ်သောက်သူကိုသာမက အနီးပတ်ဝန်းကျင်ကလူတွေ၊ သင့်ရဲ.အိမ်သားတွေ၊ ကလေးတွေကိုပါ ရော ဂါပေးပါတယ်။ သူတို့တွေဟာ ကိုယ်တိုင်မသောက်ပေမဲ့ (passive smoker) သောက်တဲ့သူ ဖြစ်တဲ့ ရော ဂါတွေအတိုင်း ခံစားရတက်ပါတယ်။

၆။ စံပြပုဂ္ဂိုလ်။
သင်ဟာ သင့် ကလေးတွေ၊ ညီ/ညီမတွေရဲ. စံပြပုဂ္ဂိုလ်ပါ။ လူကြီးမိဘ ဆေးလိပ်သောက်တက်ရင် ကလေးတွေလဲ ဆေးလိပ်သောက်နိုင်ခြေပိုများပါတယ်။

၇။ ကျန်းမာတဲ့ ကလေးတွေဖြစ်နိုင်ခြင်း။
ဆေးလိပ်သောက်တဲ့ မိဘကြောင့် ကလေးတွေဟာ အဆုပ်ပွရောဂါအပြင် နားနှာခေါင်း လည်ချောင်း ရောဂါ ပိုးဝင်ရောက်တက်ပါတယ်။ သင်ဆေးလိပ်ဖြတ်ခြင်းကြောင့် သင့်ကလေးတွေကို ရောဂါဖြစ်ခြင်းမှ ကာ ကွယ်ပြီးသား ဖြစ်ပါတယ်။

၈။ လန်းဆန်းတက်ကြွခြင်း။
ဆေးလိပ်သောက်သူတွေဟာ အလွယ်တကူ မောပန်းလွယ်တက်ပါတယ်။

၉။ အရသာနဲ့ အနံ့ခံအာရုံ ပိုမိုကောင်းမွန်လာခြင်း။
ဆေးလိပ်ဖြတ်လိုက်တာနဲ့ အရသာနဲ့ အနံ့ခံအာရုံတွေ ပုံမှန်အတိုင်း ကောင်းမွန်လာပါတယ်။

၁၀။ ကျန်းမာတဲ့ အရေပြားပိုင်ရှင်ဖြစ်ခြင်း။
ဆေးလိပ်သောက်တဲ့သူတွေဟာ လုံလောက်တဲ့ oxygen အောက်ဆီဂျင် မရတဲ့အတွက် အသားအရောင် မွဲခြောက်ပြီး ဆံပင်ဖြူမြန်ကာ အသက်ကြီးရင့်လွယ်ပါတယ်။

၁၁။ သန့်ရှင်းလတ်ဆတ်တဲ့ လေရခြင်း။
ဆေးလိပ်ဖြတ်လိုက်တော့ ရှုတဲ့လေက ပိုမို သန့်ရှင်းလန်းဆန်းလာပါတယ်။ ဆေးလိပ်ကြောင့် ဆီးသွားတဲ့ အခါနဲ့ ချွေးထွက်တဲ့အခါ ရရှိတဲ့ အနံ့ဆိုးတွေပါ ကင်းဝေးသွားပါတယ်။

၁၂။ သွားများဖြူလာခြင်း။
ဆေးလိပ်သောက်သူရဲ.သွားတွေ ဝါညစ်ညစ်နဲ့ အရောင်ပြောင်းလာတဲ့အတွက် အပြုံးတွေလဲ မလှပပါ ဘူး။ ဆေးလိပ်ဖြတ်လိုက်တာနဲ့ စွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်လာနိုင်မှာပါ။


၁၃။ အဝတ်အစားနဲ့ ဆံပင်များမှာ အနံ့စွဲခြင်းမှ ကင်းဝေးခြင်း။
ဆေးလိပ်သောက်သူရဲ. ဆံပင်နဲ့ အင်္ကျီတွေမှာ ဆေးလိပ်အနံ့ဆိုတွေ စွဲကပ်နေတက်ပါတယ်။ ဆေးလိပ်ဖြတ် လိုက်ရင် ဒီအနံ့ဆိုးတွေ ကင်းသွားတာကို သိသိသာသာ သတိထားမိနိုင်ပါတယ်။

၁၄။ ငွေကြေးစုဆောင်းမိခြင်း။

ဆေးလိပ်တစ်ဗူးနေ့စဉ်သောက်ရင် တစ်နှစ်မှာ မလေးငွေ ၃ ထောင် (မြန်မာငွေ ၇ သိန်းခွဲလောက်) ကုန် ကျနိုင်ပါတယ်။ မိမိနေထိုင်တဲ့ နိုင်ငံငွေကြေးနဲ့ တွက်ကြည့်ပါ။ ဆေးလိပ်မသောက်ရင် ဒီငွေတွေ စုမိမှာ ပါ။ ဆေးလိပ်ဖြတ်လိုက်ပါက ဒီငွေတွေကို တခြားကျေးဇူးရှိမယ့်နေရာတွေမှာ အသုံးပြုနိုင်တာပေါ့။

၁၅။ သန့်ရှင်းတဲ့ ဝန်းကျင်။
ဆေးလိပ်သောက်ခြင်းဟာ လေထုညစ်ညမ်းခြင်းကို ဖြစ်စေတဲ့အတွက် ဆေးလိပ်ဖြတ်လိုက်ရင် ပတ်ဝန်း ကျင်ထိန်းသိမ်းမှုကို အားပေးရာ ရောက်ပါတယ်။

Reference: Guidelines to quit smoking, Health Education Division, Ministry of Health,

ရွှေအိမ်စည် စာကြည့်တိုက်


မြတ်စွာဘုရား၏ နောက်ဆုံးသာဝက




ရှင်အာနန္ဒာကား နွမ်းလျနေသောဘုရားရှင်ကို ခြေဆုံးခေါင်းဆုံးဖူးလိုက်၊ မိမိ၏ ရှေ့ရေးနောင်ရေး တွေးလိုက်နှင့် တလှိုက်လှိုက် ပူဆွေး၍ ဘုရားရှင်နှင့် မနီးမဝေး ကျောင်းတိုင်ကို
မှီလျက် ရိုက်ကြီးတငင် ငိုကြွေးနေ၏။

ထိုအချိန်မှ “သုဘဒ္ဒပရိဗိုဇ်”သည် မိုးသောက်ယံ၌ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော့မည့် သတင်းကိုကြား၍ ပြဿနာမေးလျှောက်ရန်မြတ်စွာဘုရားအထံသို့ တိုးဝင်လာရာ ရှင်အာနန္ဒာက
သုံးကြိမ်တိုင်တိုင် တားမြစ်လေသည်။

သုဘဒ္ဒပရိဗိုလ်နှင့် ရှင်အာနန္ဒာတို့ အချီအချေ ပြောဆိုနေသော စကားကို မြတ်စွာဘုရား ကြားတော်မူ၍ ရှင်အာနန္ဒာအား မတားမြစ်ရန် မိန့်တော်မူ၏။

သုဘဒ္ဒပရိဗိုဇ်သည် မြတ်စွာဘုရားအား - လာက၌ မိမိကိုယ်ကို ဘုရားဟု ၀န်ခံ၍နေကြသော
ပူရဏကဿပ စသော ဆရာကြီးတို့သည် သဗ္ဗညုတဉာဏ်ရသော ဘုရားဟုတ် - မဟုတ်ကို မေးလျှောက်သည်။ မြတ်စွာဘုရားက ထိုသို့ မေးလျှောက်ရန် တားမြစ်တော်မူ၏။

ြ
မြတ်စွာဘုရားက သုဘဒ္ဒပရိဗိုဇ်အား -

“မဂ္ဂင်ရှစ်ပါးကျင့်စဉ် မရှိသော အယူဝါဒ၌ ကိလောသာငြိမ်းသော အရိယာများ မဖြစ်ပေါ်နိုင်၍
အချည်းနှီးဖြစ်ပုံ၊ မဂ္ဂင်ရှစ်ပါးကျင့်စဉ် ရှိသော ဤသာသနာတော်၌သာ ကိလေသာ ငြိမ်းသူ အရိယာရှိပုံ။
ဤသာသနာတော်၌ ရဟန်းတို့သည် ကိုယ်တိုင်လည်းကျင့်၊တဆင့်လည်း ဟောပြကာ ကောင်းစွာကျင့်ကြံနေသမျှ
ကာလပတ်လုံး ဤလောက၌ ရဟန္တာ မဆိတ်သုဉ်းနိုင်ကြောင်း” ဟောပြတော်မူ၏။

သုဘဒ္ဒပရိဗိုဇ်လည်း သာသနာဘောင်သို့ ၀င်ရောက်ကာ ရဟန္တာဖြစ်ပြီး မြတ်စွာဘုရား၏ “နောက်ဆုံးသာဝက”ဖြစ်ပေတော့သည်။ ရာသီဥတုကလည်းကြမ်း၊ သွေးဝမ်းရောဂါကလည်း ပြင်းထန်စွာ
ဖိစီးသည့်ကြားက (၂၅)ထောက်တိုင်တိုင် တန့်နား၍ “ကုသိနာရုံ” အရောက် ဆင်းရဲ ပင်ပန်းခံကာ
ကြွသွားတော်မူသည်မှာ ပဓာနအားဖြင့် တစ်ဦးတည်းသော သုဘဒ္ဒပရိဗိုဇ်အား ချေချွတ်တော်မူရန်ဖြစ်သည်။
ကရုဏာကြီးမားတော်မူလှပါပေ၏။

၄၅-၀ါ တိုင်တိုင် သတ်မှတ်ထားသော နေ့စဉ် ဆောင်ရွက်မြဲ လုပ်ငန်းစဉ်အရ ကိုယ်တော်အင်အားချည်းနဲ့၍
ယဲ့ယဲ့မျှသာ ရှိတော့သော ဤနောက်ဆုံးနေ့မှာပင် ပြုလုပ်မြဲလုပ်ငန်းစဉ်ကို ဖျက်တော်မမူ။
ညဉ့်ဦးယံ၌ မလ္လာမင်းသားတို့အား ဟောကြား၍ ၊ညဉ့်လယ်ယံ၌ သုဘဒ္ဒအား သီးခြား ချီးမြှောက်တော်မူသည်။

( ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော်
အခြေံခံအဆင့် စာအုပ်မှ -)

- ဗုဒ္ဓဘာသာလူငယ်များအသင်း ( မြန်မာပြည် )

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm


"မင်းကွန်းတိပိဋကဆရာတော် အရှင်ဝိစိတ္တသာရဘိဝံသ၏ အဆုံးအမ သြ၀ါဒ"

 
"မင်းကွန်းတိပိဋကဆရာတော် အရှင်ဝိစိတ္တသာရဘိဝံသ၏ အဆုံးအမ သြ၀ါဒ"

(၁) နေ့စဉ် ကောင်းမှုကုသိုလ်တရားများ၌ မမေ့မလျော့ စဉ်းစားပါ။

(၂) လူဖြစ်လာလျှင် လူ၏တန်ဖိုးကို သိအောင်ကြိုးစားပါ။

(၃) မည်သူ တရားပျက်ပျက် ... သင် မပျက်ပါစေနဲ့ သတိထားပါ။

(၄) သင့်ကို အကြောင်းပြုပြီး သူများ စိတ်မဆင်းရဲပါစေနဲ့။

(၅) မိဘကို စားနိုင်တဲ့အခါမှာ ကျွေးပါ ... သေမှ ငိုမနေပါနဲ့။

(၆) သူများအပြစ်ကို မပြောပါနဲ့ ... ကိုယ့်အပြစ်ကိုသာ ရှုပါ။

(၇) အလိုက်သိပါ ... အားနာပါ ... ရှက်ကြောက်ရှိပါ။

(၈) ဗြဟ္မစိုရ်တရား အမြဲပွားများ၍ ကိုယ်တွင် သီလတရားမြဲပါစေ။

(၉) ကြီးသူကို ရိုသေပါ ... ရွယ်တူကို လေးစားပါ ... ငယ်သူကို သနားပါ။

(၁၀) မစူးစမ်း မဆင်ခြင်ဘဲ မပြောပါနဲ့ ... မလုပ်ပါနဲ့ ... အမြဲ သတိထား ပါ။

(၁၁) နေရာတိုင်းမှာ စိတ်သဘောကြီးကြီးထားပါ။

(၁၂) နိုင်လိုသူကို အရှုံးပေးက စိတ်နုလုံး အေးမြသည်။

(၁၃) စကားပြောသောအခါ မျှမျှတတ ပြောဆိုပါ။

(၁၄) မိမိကိုယ်ကို နေ့စဉ် စစ်ဆေးမှ ကြီးပွားနိုင်သည်။

(၁၅) မကောင်းတဲ့ အကုသိုလ် စိတ်ရိုင်း စိတ်မိုက်များကို ဖယ်ရှားပါ။

(၁၆) သူများ ကြီးပွားချမ်းသာတာကို မနာလို မရှုစိတ်မရှိပါစေနှင့်။

(၁၇) နေရာတိုင်းမှာ ကိုယ်ချင်းစာတရား များများထားပါ။

(၁၈) မိမိကိုယ်ကို ဆုံးမခြင်းက သာ၍ ကောင်းသည်။

(၁၉) မာနကို နှိမ့်ချ လူ၏တန်ဖိုးကို မြှင့်တင်ပါ ... တာဝန်ကျေပါစေ

(၂၀) အရာရာမှာ စေတနာသန့်သန့်နှင့်စိတ်ကောင်းတစ်ခု ထားပါ။

(၂၁) မွန်မြတ်သော ၀ိပဿနာတရားကို အားထုတ်ဖြစ်အောင်ကြိုးစားပါ။

~~~ ဓမ္မမိတ်ဆွေသူတော်စင်အပေါင်း ကျန်းမာရွှင်လန်းငြိမ်းအေး နိုင်ကြ ပါစေ ~~~
 
 Ven Kind Ness
 

ပြည်ခိုင်ဖြိုးပါတီ တစ်အိမ်တက်ဆင်း စည်းရုံးမှုစတင်



ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပါတီ ၀င်စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နေပြည်တော် လယ်ဝေးမြို့နယ်၌ တစ်အိမ်တက် ဆင်း ဓာတ်ပုံရိုက်၍ စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည် ဟု သတင်းရရှိသည်။

ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီကို ခိုင်မာ တောင့်တင်းသော အင်အားရရှိ ရေးအတွက် ပါတီဝင်စည်းရုံးခြင်း၊ပါတီဆိုင်ရာ သိမှတ်ဖွယ်ရာများ ရှင်းလင်းပြောကြားခြင်း၊ ဒေသ နေပြည်သူများအတွက်ပါတီမှ ဆောင်ရွက်ပေးနိုင်မှုအခြေအနေ များနှင့်ပတ်သက်၍ ဆွေးနွေးပွဲနှင့် တစ်အိမ်တက်ဆင်းဖြင့် ပါတီဝင် များအား ဓာတ်ပုံရိုက်ပေးခြင်း၊ ပါတီဝင်လျှောက်လွှာဖြည့်သွင်
ခြင်းလုပ်ငန်းများကို နေပြည် တော်ကောင်စီနယ်မြေအတွင်းရှိ လယ်ဝေးမြို့နယ်မှ ကျေးရွာများ တွင် မေလ ၁၀ ရက်မှစတင်ပြုလုပ်
ပေးနေခြင်းဖြစ်သည်။

ယခင်က ပါတီဝင်ထားသူ များအပါအ၀င် စုစုပေါင်း လူဦး ရေ ၈၀၀ ခန့်ကို ပါတီဝင် ကတ် များထုတ်ပေးနိုင်ခဲ့သည်ဟု လယ် ဝေးမြို့နယ်ပါတီတာဝန်ခံ တစ်ဦး ကပြောသည်။

‘‘သူတို့က စည်းရုံးတဲ့အခါ မှာ ပြည်ခိုင်ဖြိုးကနေ လုပ်ငန်း ကိုင်ငန်းတွေရှိတဲ့အခါ ဦးစားပေး ခေါ်ပါမယ်ဆိုပြီး ပြောတယ်။ တ ခြားအစိုးရလုပ်ငန်းနဲ့ ပတ်သက် တာတော့ မပြောဘူး’’ဟု လယ် ဝေးမြို့နယ်တွင် နေထိုင်သူ ဦးလှ ကျော်ကပြောသည်။

ပါတီအနေဖြင့် မြို့နယ်နှင့် ကျေးရွာအဖွဲ့များ တွေ့ဆုံခြင်းကို ပုံမှန်လုပ်ဆောင်ခြင်းဖြစ်ပြီး ထူး ခြားသည့် စည်းရုံးရေးလုပ်ငန်းများ ပြုလုပ်ခြင်း မဟုတ်ဘဲ အသင်းဝင်ကတ်များသာ ထုတ်ပေးနေသည်ဟု ပြည်ခိုင်ဖြိုးပါတီမှ လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းကပြောသည်။

နေပြည်တော်ကောင်စီ အ တွင်းရှိ မြို့နယ်တစ်ခုဖြစ်သည့် ဒက္ခိဏသီရိ မြို့နယ်တွင်လည်း ပြည်ခိုင်ဖြိုးပါတီ၏ ဒက္ခိဏသီရိ ဖောင်ဒေးရှင်းက ပြည်သူများအ တွက် ချေးငွေကျပ်သိန်း ၁၀၀ ကျော် ထုတ်ချေးခဲ့သေးသည်။

ပြည်ခိုင်ဖြိုးပါတီ၏ စည်းရုံး ရေးလုပ်ငန်းများသည် ၂၀၁၅ ရွေးကောက်ပွဲအတွက် ရည်ရွယ် လုပ် ဆောင်ခြင်းဖြစ်သော်လည်း ကြား ဖြတ် ရွေးကောက်ပွဲတွင်လည်း လုံးဝအနိုင်ရရှိရန် ကြိုးစားသွား မည်ဟု ပါတီတာဝန်ရှိသူများက ပြောကြားထားသည်။
 
 Coko Dmoe
 
 

သာသနာ့အလံ တီထွင်သူ


သာသနာ့အလံ တီထွင်သူ အမှန်
====================
(၁၈၈၅) ခုနှစ်၊ ဧပြီလ(၂၈)ရက်တွင် (သီဟိုဠ်ကျွန်း) သီရိလင်္ကာနိုင်ငံတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့)ကို ခမ်းနားကြီးကျယ်စွာ ကျင်းပရန် အထူးအစီအစဉ်ရှိ နေသည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်ပွဲတော်ကြီးနှင့် အခြား ဘာသာရေးပွဲတော်များတွင်ပါ သာသနာ့အလံတော်ကို အမှတ်တရ အဖြစ်လွှင့်ထူရန် စဉ်းစားခဲ့ကြသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်သော ကိုလံဘို မြို့သူမြို့သားတို့သည် မိရိုးဖလာ ကိုးကွယ်မှုအထိမ်း
အမှတ်အဖြစ် ဗုဒ္ဓအလံတော် တစ်ခုကို တီထွင်ပြုလုပ်ရန်အတွက် ကြိုးပမ်းခဲ့ကြ၏။

ထိုအလံတော်ကို (၁၈၈၅) ခုနှစ်တွင်ပြုလုပ်ခဲ့သော်လည်း ဗုဒ္ဓအလံတော်ကို ကမ္ဘာအရပ်ရပ်က အသိအမှတ် ပြုလာကြသည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှသာ ရှိပေသေးသည်။ ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်အဖြစ် (၁၉၅၁) ခုနှစ်သို့ ရောက်သောအခါမှသာ ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသော ဗုဒ္ဓဘာသာဝင်နိုင်ငံများမှ လက်ခံလာခြင်းဖြစ်သည်။

တီထွင်သူ အစစ်

(သာသနာ့အလံကို ကနဦး တီထွင်သောသူသည် ဟင်နရီ စတီးလ် အိုကော့ ( Henry Steele Olcott ) ဟု ထင်နေကြပြီး အမှန်တကယ်မှာ စီ ပီ ဂုဏ၀ဍ္ဎန ခေါ် ကာရိုလစ် ပူဂျသ ဂုဏ၀ဍ္ဎန (Carollis Pujitha Gune Wardene) ဖြစ်သည်။)

ဟင်နရီစတီးအိုကော့ ( H.S. Olcott )

ဟင်နရီစတီးအိုးကော့ သည် အမေရိကန်နိုင်ငံသား အငြိမ်းစားဗိုလ်မှူးကြီး တစ်ဦးဖြစ်သည်။ အောလ်ကော့ကို ၁၈၃၂ခုနှစ်၊ ဩဂုတ်လ၂ရက်နေ့တွင် နယူးဂျာစီပြည်နယ်၊ Orange မြို.၌ ပရိုတင့်စတင့်ခရစ်ယန် မိဘနှစ်ပါးမှ မွေးဖွားခဲ့သည်။ အသက်(၂၉) နှစ်တွင် အမေရိကန်ပြည်တွင်းစစ်
အတွင်းတပ်မတော်သို့ဝင်ရောက်အမှုထမ်းခဲ့ပြီးဗိုလ်မှူးကြီးအဖြစ်အငြိမ်းစား ယူခဲ့သည်။
အတွေးအခေါ်သမိုင်းနှင့် နိုင်ငံရေးနယ်ပယ် မှာထင်ရှားသူ ဖြစ်ပြီး သီအိုဆိုဖီပညာများကို လေ့လာလိုက်စား၍ တစ်စတစ်စ ဗုဒ္ဓ၀ါဒများကို လိုက်စားရင်းမှ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်လာခဲ့သူပင်။

၁၈၆၁ခုနှစ် အမေရိကန် ပြည်တွင်းစစ်တွင် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်လိုသော တပ်မတော်မှ ပါဝင်တိုက်ခိုက်ခဲ့သည်။ အောလ်ကော့ သီရိလင်္ကာနိုင်ငံတွင် ရောက်ရှိနေစဉ်အချိန်က ဗုဒ္ဓဘာသာနှင့် ခရစ်ယန်ဘာသာတို. စကားရည်လုပွဲကြီး ကျင်းပနေသည့်အချိန် ဖြစ်သည်။ ဗုဒ္ဓဘာသာဘက်မှ အရှင်ဂုဏာနန္ဒဆရာတော်နှင့် ခရစ်ယန်ဘက်မှ ဓမ္မဆရာ များ ၁၈၇၃ခုနှစ်တွင် ပနာဒူရမြို.၌ ယှဉ်ပြိုင်ခြင်းဖြစ်သည်။ အကဲဖြတ်မှတ်တမ်းများအရ အရှင်ဂုဏနန္ဒက အကိုးအကား ခိုင်လုံပြီး အရည်အသွေးသာကြောင်း သိရသည်။ ဤပွဲ ဖြစ်ပွားပြီးနောက် ဗိုလ်မှုးကြီးအောလ်ကော့သည် သီရိလင်္ကာ၊ ဂေါလေ (Galle) ၌ တရားဝင် ဗုဒ္ဓဘာသာအဖြစ် ကြေငြာခဲ့သည်။ ၁၈၉၁ခုနှစ်တွင်မန္တလေးသို.လာရောက်ပြီး
သံဃာတော်များကို လာရောက်ဖူးမြော် သေးသည်။

စီပီဂုဏ၀ဍ္ဎန(C.P. Gune Wardene)

စီပီဂုဏ၀ဍ္ဎန သည် ၁၈၅၄-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် ဖွားမြင်သူဖြစ်သည်။ ထိုအချိန်ကာလက သီဟိုဠ်တွင် ခရစ်ယာန်သာသနာ လွှမ်းမိုးနေချိန်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားရေး နှင့် ဗုဒ္ဓဘာသာဝင်တို့ ဆုံးရှုံးနေသော အခွင့်အရေးများ ပြန်ရရေးအတွက် “ဗုဒ္ဓသာသနာ ကာကွယ်ရေး ကော်မတီ” ကို ၁၈၈၄-ခုနှစ် ဇန်န၀ါရီ(၂၇)ရက်နေ့ တွင် ထူထောင်ခဲ့သည်။ ထိုအသင်းတွင် ဟင်နရီစတီး
အိုးကော့ က စီပီဂုဏ၀ဍ္ဎန ကို အကျိုးတော်ဆောင် အဖြစ် ခန့်အပ်သည်။ စီပီဂုဏ၀ဍ္ဎန သည် ဗုဒ္ဓသာသနာ ပြန်လည်ထွန်းကားရေးအတွက် နှစ်ပေါင်း (၄၀)ခန့်အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့လေသည်။

စီပီဂုဏ၀ဍ္ဎန က “ခရစ်ယာန်ဘာသာဝင်များ အတွက် ကြက်ခြေနီ အထိမ်းအမှတ် ရှိသကဲ့သို့ ကမ္ဘာ့ဗုဒ္ဓ သာသနာဝင် အားလုံး အသုံးပြုနိုင်ရန် အလံတော်ကို ဗုဒ္ဓနှင့် သက်ဆိုင်သည့် ရောင်ခြည်တော် ခြောက်ပါး ပါသော အရောင်တို့ကို အသုံးပြုရန်” အကြံပေး တင်ပြခဲ့သည်။ ၎င်း အကြံပေး တင်ပြသော ဗုဒ္ဓသာသနာ့ အလံကို ၁၈၈၅-ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ တင်ရန် ကော်မတီဝင် အားလုံးက လက်ခံခဲ့ကြသည်။ ၎င်းအလံပုံစံကို သရသ၀ိ သန္ဒရေသ ( Sarasavi Sandaresa ) စာစောင်တွင် အချပ်ပိုထည့်၍ ၁၈၈၅-ခုနှစ်၊ ဧပြီလ(၁၇)ရက် တွင် ဖော်ပြခဲ့သည်။ သို့သော် ထိုစဉ်က အလံပုံစံ တီထွင်သူ၏ အမည်ကို မဖော်ပြခဲ့ချေ။ သို့သော် စီပီဂုဏ၀ဍ္ဎန ကွယ်လွန်ပြီးနောက် နှစ်နှစ်အကြာ ၁၉၂၈-ခုနှစ်၊ မေလ(၁)ရက်နေ့ထုတ် သုဒနမိန စာစောင်နှင့် ကိုလံဘို ဗုဒ္ဓသာသနာ သီအိုဆိုဖီ အသင်း ရာပြည့်စာစောင်တွင် ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ စီပီဂုဏ၀ဍ္ဎန ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် ဟင်နရီစတီးအိုးကော့ ကိုယ်တိုင်ကလည်း သူ၏မှတ်တမ်းဟောင်း စာမျက်နှာ( ၄၆၉ ) ၌ “ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ သူမဟုတ်ကြောင်း” ထုတ်ဖော် ၀န်ခံထားခဲ့သည်။ အလံလွှင့်တင်ရာ (ဗုဒ္ဓနေ့)တွင် အိုးကော့မှာ အိန္ဒိယနိုင်ငံသို့ ရောက်နေခဲ့ပြီး ၁၈၈၆-ခုနှစ်၊ ဇန်န၀ါရီလ(၂၈)ရက်တွင် သီဟိုဠ်သို့ ပြန်လည်ရောက်မှ သာသနာ့ အလံကို ဦးစွာ မြင်ဖူးခြင်း ဖြစ်သည်။ သို့သော် အလံမှာ အနည်းငယ် ရှည်လျားနေသဖြင့် အမျိုးသား အလံများကဲ့သို့ အချိုးအစားကျအောင် ဆောင်ရွက်ရန် အကြံပေးခဲ့သည်သာရှိ၏။

မြန်မာနိုင်ငံ နှင့် သာသနာ့အလံ

သာသနာ့အလံတော်ကို သီဟိုဠ် ဂိုဏ်းချုပ် ဆရာတော် အရှင်သီရိ သုမင်္ဂလာထေရ် သည် ၁၉၅၀ ပြည့်နှစ်တွင် သီဟိုဠ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အဖွဲ့ကြီး၏ ဥက္ကဌ ဒေါက်တာဂျီပီမာလာ
ဆေထေရ် ၏ ဆန္ဒအရ ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အစည်းအဝေးကြီးကို ဖိတ်ခေါ်၍ အစည်းအဝေးပြုလုပ် ခဲ့သည်။ မြန်မာနိုင်ငံတွင် (၁၉၅၆) ခုနှစ် ဆဌသင်္ဂါယနာ တင်သည့်နေ့မှစ၍ အထက်ပါ ကမ္ဘာ့ ဗုဒ္ဓသာသနာ့အလံတော် ကို သာသနာ့အလံတော်ကြီး အဖြစ် အောင်မြင်စွာ
အတည်ပြုလွှင့်ထူနိုင်ခဲ့လေသည်။ ၁၉၈၀ပြည့်နှစ်တွင် ကျင်းပသည့် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးမှလည်း ဗုဒ္ဓသာသနာ့ အလံတော်နှင့် ပတ်သက်၍ အညီအညွတ်ဆုံးဖြတ်ပြီး သံဃနာယက လက်စွဲကျမ်းတွင် ပြဋ္ဌာန်း ခဲ့သည်။

အလံတော် အဓိပ္ပါယ်

သာသနာ့အလံတော်ကြီးသည် ငြိမ်းချမ်းသာယာခြင်း၊ သည်းခံခြင်း၊ စိတ်ထားဖြူစင်ခြင်းတို့၏ အထိမ်းအမှတ် အဖြစ် သရုပ်ဖော်ထားပြီး ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားရှင်အားအထူးကြည်ညိုကြသဖြင့် ဘုရားရှင်၏ ရောင်ခြည်တော် ခြောက်သွယ် ကွန့်မြူးကာ တရားတော်များ ဟောကြားနေတော်မူခဲ့သည်ကို ရည်ညွန်းကြခြင်းဖြစ်၏။ ထို့ကြောင့် ရောင်ခြည်တော် ခြောက်သွယ် အရောင်ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်း
ဖြစ်ပါသည်။

အရွယ်အစား/အရောင်
• အကြီး = အလျား - ၉ပေ x အနံ - ၅ပေ
• အလတ် = အလျား - ၄ပေ ၆လက်မ x အနံ - ၂ပေ ၆လက်မ
• အလတ် = အလျား - ၂ပေ ၃လက်မ x အနံ - ၁ပေ ၃လက်မ
• အသေး = အလျား - ၉လက်မ x အနံ - ၅လက်မ ဟူ၍ လေးမျိုး သတ်မှတ်ထားသည်။

ရောင်ခြည်တော် ခြောက်သွယ် သတ်မှတ်ပြဋ္ဌာန်း ထားသည့်အတိုင်း အလံတော်တိုင်ဘက်မှ စတင်၍ သတ်မှတ်ရသည်ရှိသော်
1. နီလ = အပြာရင့်ရောင်
2. ပီတ = အ၀ါရင့်ရောင်
3. လောဟိတ = အနီရောင်
4. သြဒါတ = အဖြူရောင်
5. မဉ္ဇီဋ္ဌ = ပန်းနုရောင် ထိုအရောင်(၅)မျိုးကို ဒေါင်လိုက်ထားရှိပြီးလျှင်-
6. ပဘဿရ = ပြိုးပြိုးပြက်ပြက် တစ်ခဲနက် ထွက်နေသော အရောင် အဖြစ် အလံတော်၏ အစွန်အဖျား(အထက်)အပေါ်ဘက်မှ နေ၍ အပြာ၊ အ၀ါ၊ အနီ၊ အဖြူ၊ ပန်းနုရောင် တို့ကိုပင် အစဉ်အတိုင်း အောက်ဖက်သို့ ထားရှိချုပ်လုပ်ရမည်။

အသုံးပြုပုံ
မြန်မာနိုင်ငံရှိ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့သည် အလံတော်ကို သံဃနာယက လက်စွဲ၊ အပိုဒ်(၅)၊ အခန်း(၂၉) ၌ သာသနာ့အလံတော် အခန်း အပိုဒ်(၃၅၅)၌ အသုံးပြုရမည့်နေ့ရက်များ သတ်မှတ်ထားသည်မှာ-

(က)အခါကြီး ရက်ကြီးများ
1. ကဆုန်လပြည့် (ဗုဒ္ဓနေ့)
2. နယုန်လပြည့် (မဟာသမယနေ့)
3. ၀ါဆိုလပြည့် (ဓမ္မစကြာနေ့)
4. ၀ါခေါင်လပြည့် (မေတ္တာ အခါတော်နေ့)
5. တော်သလင်းလပြည့် (ဂရုဓမ္မ အခါတော်နေ့)
6. သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)
7. တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့ )
8. တပို့တွဲလပြည့် (သြ၀ါဒ ပါတိမောက် အခါတော်နေ့)

(ခ)ပွဲတော်နှင့် အခမ်းအနားများ
1. ၀ါဆိုပွဲတော် အခမ်းအနား
2. အဘိဓမ္မာအခါတော်နေ့
3. ကထိန်ပွဲတော်
4. ရဟန်းခံရှင်ပြုပွဲ
5. ဆွမ်းကြီးလောင်းလှူပွဲ
6. စာပြန်ပွဲ နှင့် ဘွဲ့နှင်းသဘင်
7. နိကာယစာမေးပွဲ၊ တိပိဋကစာမေးပွဲနှင့် ပူဇော်ပွဲ
8. ခွင့်ပြုချက်ရရှိပြီးသည့် တရားပွဲများ
9. ဘုရားထီးတင်ပွဲ
10. ဗုဒ္ဓပူဇနိယပွဲတော်
11. အသံမစဲ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ
12. သံဃာ့အစည်းအဝေး
13. သံဃ၀ိနိစ္ဆယအဖွဲ့ စစ်ဆေး ဆုံးဖြတ်ရာဌာန
14. ဘာသာရေး၊ သာသနာရေးနှင့် စပ်ဆိုင်သော သင်တန်းများတို့ တွင် အသုံးပြုနိုင်သည်။

(ဂ)လွှင့်ထူ အသုံးပြုနည်း၊ အပိုဒ်(၃၅၈) အထိမ်းအမှတ်အလံအားလုံး၏ အလယ်တွင် ဖြစ်စေရမည်။ လက်ယာအစွန်းမှ အရောင်ငါးမျိုး ရောယှက်ရောင်တွင် အပြာရင့်ရောင်သည် အပေါ်တွင်လက်ျာဘက်ရှိနေစေရမည်။ မော်တော်ယာဉ်တွင် စိုက်ထူပါက ကားကြီးများ၏ အမိုးအရှေ့ပိုင်းတွင် ဖြစ်ရမည်။ ကားငယ်များတွင် လက်ယာဘက် အရှေ့ပိုင်းတွင် ဖြစ်ရမည်။ သံဃာများကို ကြိုဆိုသည့်အခါ သံဃာပါလာသည့်အခါတွင်သာ တပ်ဆင်ရမည်ဟူ၍ ဖော်ပြ ထားသကဲ့သို့၊

(ဃ)ရှောင်ကြဉ်ရမည့်အချက်များ၊ အပိုဒ်(၃၉၅)
1. ရဟန်းသံဃာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မည်သည့်ဘုရားဖူးယာဉ်တွင်မှ မသုံးစွဲရ။
2. လမ်းဘေး၊ လမ်းခွ၊ ယာဉ်ဆိပ်၊ သင်္ဘောဆိပ်များတွင် မသုံးရ။

စူးရှသော စိတ်ကူးဥာဏ် ရှိခဲ့သော စီ ပီ ဂုဏ၀ဍ္ဎန( ခေါ် )ကာရိုလစ် ပူဂျသ ဂုဏ၀ဍ္ဎန (Carollis Pujitha Gune Wardene) အား ဗုဒ္ဓဘာသာဝင်အားလုံးတို့၏ ကိုယ်စား လေးစားသမှု့ ပြုအပ်ပါသည်။
အရှင်စန္ဒောဘာသ(ရွှေဘို)ရေးသားသော `သာသနာ့အလံတော်´ စာအုပ်နှင့် ဒီဝက်ဆိုက် (http://www.buddhistchannel.tv/index.php?id=43%2C4030%2C0%2C0%2C1%2C0) မှ မှီငြမ်းရေးသားပါသည်။

အရှင်သုနန္ဒာလင်္ကာရ

The birth of the Buddhist flag
By D.C. Ranatunga, Sunday Times, April 29, 2007

အေးအတူ ပူအမျှ တို့ဘဝလေးတွေ




 ရန်ကုန်မှာ မိုးတွေရွာသည်။ ပိတောက်ပန်းတွေလည်း ခုမှပွင့်သည်တဲ့။ မိုးရွာပေမယ့် အပူဒဏ်ကမသက်သာသေး။ ဘာပဲဖြစ်ဖြစ် မိုးကလေးတစ်ပြိုက်နှစ်ပြိုက် ရွာချလိုက်သဖြင့် ရန်ကုန်သူ၊ ရန်ကုန်သားတွေကျေနပ်သွားကြ သည်။

မိုးရွာပြီး လေအေးလေးတွေ တိုက်လာ၍ ဝမ်းသာမည်ကြံတုန်း ရှိသေးသည်။ မီးကဖျတ်ခနဲပြတ် သွားပြန်သည်။ ယခု ရန်ကုန်သူ အိမ်ရှင်မတွေက မီးပြတ်တော့ မည်ကိုကြိုတင်ခန့်မှန်းနေတတ် ကြပြီဖြစ်သည်။ ကောင်းကင်ပြင် ကြီးမဲမှောင်လာကာ မိုးကြိုးတွေ ပစ်၊ လျှပ်စီးတွေလက်လာပါက ‘‘ထမင်းအိုးမြန်မြန်တည်ကြဟေ့ ...မီးပြတ်တော့မယ်’’ဟု မိုးလေဝသအခြေအနေကို မခန့်မှန်းတတ်သော်လည်း လျှပ်စစ်ဝိသေသအခြေအနေကို ရာခိုင်နှုန်းပြည့် ခန့်မှန်းတတ်နေပြီဖြစ်သည်။ ဟုတ်လည်းဟုတ်ပါ၏။ မိုးကလေး တစ်ပေါက်၊ နှစ်ပေါက်ကျကာ လေကလေး ခပ်ပြင်းပြင်းတစ် ချက်မွှေ့လိုက်သည်နှင့် မီးကပြတ်သွားတော့သည်။ သြော်... တော်ပါပေ့ ရန်ကုန်အိမ်ရှင်မများ...။

မိုးရွာ၊ လေတိုက်၍ မီးပြတ် သွားသည်ကို လက်ခံနိုင်သော်ငြား မိုးတိတ် လေစဲပြီးနောက် အချိန် အကြာကြီးကြာသည်အထိ မီး မလာခြင်းကိုကား မည်သို့နား လည်ရမှန်းမသိတော့ပါ။ တစ်နွေ လုံးပူထားသည့်အပူက မိုးတစ် ကြိမ်နှစ်ကြိမ်ရွာရုံမျှဖြင့် အေးနိုင် ပါ့မလား။ မိုးရွာပြီးလည်း ချွေးက တစိုစို၊ မီးပြတ်ပြန်တော့ ပန်ကာလည်းဖွင့်လို့မရ၊ အဲကွန်းလည်း ဖွင့်ဖို့မလွယ်။ ရေခဲသေတ္တာထဲကရေကလည်း တဖြည်းဖြည်း ပူလာ။ ထိုသို့နှင့် တစ်ညလုံးကောင်း ကောင်းမအိပ်ရဘဲ မိုးလင်းသွား တော့မှ ကိုရွှေမီးကပြန်လာရှာ တော့သည်။

ယခုရက်ထဲ စာနယ်ဇင်းတွေ မှာ မီတာခတိုးတောင်းပြီးနောက် လျှပ်စစ်မီးတွေ ခဏခဏပျက် ကြောင်းရေးသားကြသည်။ ကာတွန်းဆရာတွေကလည်း ထိထိမိမိသရော်ကြ၏။ စာရေးသူ၏ချစ်ဇနီးကလည်း မီးပြတ်သည် နှင့် ဘယ်အချိန်မီးပြန်လာမှာ လဲ အီးပီစီကိုဖုန်းဆက်ဟူ၍ အမြဲတပ်လှန့်လေ့ရှိ၏။ ပြဿနာ စသည်မှာ ကိုယ့်မြို့နယ်က လျှပ် စစ်ဓာတ်အားပေးရေးဘုတ်အဖွဲ့ ရုံး (အများအခေါ် EPC)၏ဖုန်း နံပါတ်ကိုမသိခြင်းပင်ဖြစ်သည်။ ရန်ကုန်လမ်းညွှန်ကြီးကိုဆွဲလှန်၍ ရှာသော်လည်း မီးပြတ်နေ၍ ထို စာမျက်နှာပေါ်ရှိ စာလုံးသေးသေး လေးတွေကိုမမြင်ရ။ စာရေးသူ၏ အခက်အခဲကို မကြည့်ရက်သူ သားတော်မောင်က ‘‘ဖေဖေက လည်း လိုချင်တာမေး 1876 ရှိ တယ်လေ’’ဟုဆိုကာမှ သြော်... ဟုတ်သားပဲဟု သတိရကာ တစ်ခါမျှဖုန်းမဆက်သွယ်ဖူးသော 1876 ကြီးဆီသို့ အားကိုးတကြီးဆက် သွယ်မိတော့သည်။

‘‘မင်္ဂလာပါရှင် ဝမ်းအိတ်ဆဲ ဗင်းဆစ်မှ ကြိုဆိုပါတယ်ရှင်။ မြန်မာဘာသာဖြင့်ဖြေဆိုလိုပါက နံပါတ် (၁)ကိုနှိပ်ပါ။ call center သို့အကြံပြုလိုပါက နံပါတ်(၁) ကိုနှိပ်ပါ။ ယခုခေါ်ဆိုမှုအတွက် တစ်မိနစ်လျှင် (၃၀)ကျပ် ကျသင့် ပါသည်ရှင်’’စသည်ဖြင့် နိဒါန်း တွေချီနေပြီး ကိုယ်မေးချင်သော အကြောင်းအရာကိစ္စရောက်ခါမှ Call Center မှမအားသေးပါရှင်၊ နောက်တစ်ကြိမ်ဆက်သွယ် ကြည့်ပါရှင်ဆိုပြီး ဖုန်းကျသွား တော့သည်။ ဤသို့ဖြင့် သူတို့ပြော သည့်အတိုင်း နောက်တစ်ကြိမ်၊ နောက်တစ်ကြိမ်ဖြင့် အကြိမ် ပေါင်း(၂၀)ခန့်ကြာပြီး ငွေတစ် ထောင်ဖိုးလောက်ခေါ်တော့မှ Call Center 1879 မှဖုန်းနံပါတ် ရခဲ့ရ၏။ လျှပ်စစ်ရုံးဖုန်းနံပါတ် လိုချင်၍သာ တော်တော့သည်။ ရဲစခန်းဖုန်းနံပါတ်၊ လူနာတင် ကားဖုန်းနံပါတ်တို့ကို အရေး တကြီးလှမ်းမေး၍ ထိုမျှကြာနေ လျှင် ခက်ရချည့်ဟုတွေးမိသည်။

ထိုသို့နှင့် လျှပ်စစ်ရုံးဖုန်း နံပါတ်ရ၍ အားတက်သွားကာ အလျင်အမြန်လှမ်းဆက်ကြည့် တော့ ဖုန်းကမအားသေးပြန်။ အားပြန်တော့လည်း နောက်ထပ် ဖုန်းနံပါတ်တစ်ခုပေးကာ ဓာတ် အားခွဲရုံသို့ဆက်ပါဟူ၍ ဆက်ရ ပြန်၏။

  ဤသို့ တစ်ဌာနတည်းမှ နေရာပေါင်းများစွာသို့ ဖုန်းဆက် သွယ်ပြီးကာမှ လေတိုက်၍ သစ် ပင်လဲကာ ဓာတ်ကြိုးပေါ်ကျ၍ မီးပြတ်ခြင်းဖြစ်ကြောင်း သတင်း ရတော့သည်။ ဘယ်နှနာရီ မီးပြန် လာမှာလဲဆိုတော့ သစ်ပင်ရှင်းပြီး လျှင် ပြန်လာမှာပါဟု ဖြေရှာလေ သည်။

 မနက်ဖြန်မိုးရွာမည်၊ ရွာ ရန်ရာနှုန်း ၅၀ ဖြစ်သည်ဟူသော ခန့်မှန်းချက်မျိုးကဲ့သို့ ‘မိုးရွာလျှင် ရွာမည်၊ မရွာလျှင်မရွာဘူး’ဟု ဆို လိုသောအဓိပ္ပာယ်မျိုးနှင့်ခပ်ဆင် ဆင်တူနေလေ၏။

ဤသို့ မိုးရွာ၊ မီးပြတ်၊ နေပူ ရေရှားဟူသော သဘာဝမကျ တကျဖြစ်စဉ်ကြီးအတွင်း နေထိုင် နေစဉ်တွင် မိတ်ဆွေတစ်ဦးက လူတွေလည်းသေပြီးပြီ။ ရေငတ် တဲ့လူတွေလည်း ငတ်နေပြီ။ မိုး မြန်မြန်ကျဖို့ကောင်းပြီဟုညည်း တွားလာ၏။ စာရေးသူလည်း သတင်းစာဖတ်၊ ဂျာနယ်ဖတ်အား ကိုးဖြင့်‘‘မိုးကျဖို့ဆိုတာ မုတ်သုံ လေဝင်မှ ကျမှာဗျ။ မုတ်သုံလေဝင်ဖို့ဆိုတာ မိုးကြိုမုန်တိုင်းဝင်မှ နောက်ကနေလိုက်ဝင်လာတာ။ တကယ်တော့ မုတ်သုံလေ ဆိုတာ မိုးကြိုမုန်တိုင်းရဲ့သတို့သမီးဗျ’’ဟု တတ်သလောက် မှတ်သလောက်ရှင်းပြလိုက်တော့ မှ ‘‘ဟင်...ဒါဆို မိုးကျဖို့မုန်တိုင်း အရင်အတိုက်ခံရဦးမှာလား’’ဟု ထပ်မံညည်းတွားပြန်တော့၏။

နေ့စဉ်သတင်းစာနှင့် ရုပ်မြင်သံကြားသတင်းများ၌ မိုးလေဝသ သတင်းများကို ပြည်သူလူထုပိုမို စိတ်ဝင်စားလာခြင်းသည် နာဂစ် မုန်တိုင်းတိုက်ခိုက်ပြီးမှဟုဆိုရ မည်ဖြစ်သည်။ ယခုအချိန်အခါ ကဲ့သို့ မိုးဦးကျကာလများသည် မုန်တိုင်းဖြစ်နိုင်ခြေ များသဖြင့် ပင်လယ်ကမ်းရိုးတန်းနှင့် မြစ်ဝ ကျွန်းပေါ်နေ ပြည်သူများအဖို့ မိုးလေဝသသတင်းနေ့စဉ်နှင့်အမျှ ဂရုစိုက်နားထောင်သင့်၏။ သည် ကြားထဲ မိုးလေဝသသတင်းနား ထောင်၍ ကြိုတင်မသိရှိနိုင်သော သဘာဝဘေးအန္တရာယ်တစ်ခုက ပေါ်လာသေး၏။ ထိုင်း-မြန်မာ နယ်စပ် ထိုင်းနိုင်ငံချင်းရိုင်ခရိုင် တွင် မေလ ၅ ရက်ညနေက ရစ်ခ်ျ တာစကေး ၆ ရှိသောအင်အား ပြင်းငလျင်လှုပ်ခတ်ခဲ့ရာ ရန်ကုန်၊ နေပြည်တော်နှင့် ပဲခူးတိုင်း အတွင်းရှိ မြို့နယ်များကပါ မြေ ငလျင်လှုပ်သည်ကို သိရှိခံစားခဲ့ ကြရပါသည်။

ထူးခြားသောတိုက်ဆိုင်မှု လားမသိ။ ငလျင်လှုပ်ပြီး ၂ ရက် အကြာ မေလ ၇ ရက်နေ့တွင် ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ထရာနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးကိုးဦးတို့ကို ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာတရားရုံးက ရာထူးမှဖယ်ရှားလိုက်လေသည်။ ဟူးရား၊ ကြက်ရိုး၊ တမျဉ်း၊ နက္ခတ်၊ နိမိတ်၊ တဘောင်တို့ကို တွက်ချက်တတ်သူပုဏ္ဏားတော် နှင့် ပညာရှင်များကတော့ မည်ကဲ့ သို့မိန့်ဆိုကြမည်မသိ။

ထိုင်းငလျင်၏ အဖျားခတ် မှုကိုခံခဲ့ရသော မြန်မာနိုင်ငံတွင် လည်း မင်းပြောင်းမင်းလွဲလောက် မကြီးကျယ်သည့် ပြည်သူအများ စိတ်ဝင်စားစရာအပြောင်းအလဲ တစ်ခု မေလ ၉ ရက်တွင်ဖြစ်ပေါ် ခဲ့၏။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေးကိုယ်စား လှယ် ကင်တားနားနေရာတွင် တောင်ကိုရီးယားနိုင်ငံသူ ရန်ဟီး လီအား ခန့်အပ်လိုက်ခြင်းဖြစ်သည်။

 သူမသည် ကလေးသူငယ်ဆိုင်ရာအခွင့်အရေးရရှိရေးလုပ်ငန်းများစွာ ပြုလုပ်ခဲ့သူဖြစ်ပြီး ၂၀၀၃  ခုနှစ်တွင် ကုလသမဂ္ဂ ကလေး သူငယ်အခွင့်အရေးကော်မတီ အဖွဲ့ဝင်အဖြစ်ရွေးချယ်ခြင်းခံခဲ့ရသူဖြစ်သည်။ ကင်တားနားတာဝန်ထမ်းဆောင်စဉ်က ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်သည့်ဆောင်ရွက်မှုများတွင် ဘက်လိုက်သည်ဟုစွပ်စွဲချက်များထွက်ပေါ်ခဲ့ပြီးယခုအသစ်ခန့်အပ်ခံရသူ ရန်ဟီးလီမှာ အမျိုးသမီးလည်းဖြစ်၊ အာရှသူတစ်ယောက်လည်းဖြစ်သဖြင့် မြန်မာနိုင်ငံနှင့် သဟဇာတဖြစ်မည်ဟု သုံးသပ်သူများက ဆိုနေကြပါသည်။

ပုံမှန်ရာသီဥတုအရဆိုလျှင် မြန်မာနိုင်ငံတွင် မေလတတိယ ပတ်ဆိုလျှင် မိုးကျမည်ဖြစ်သဖြင့် မကြာမီအတွင်း ပူပြင်းသောအပူ ရှိန်နှင့်သာမက ခရမ်းလွန်ရောင် ခြည်ဘေးအန္တရာယ်မှလည်း ကင်း ဝေးတော့မည်ဖြစ်၏။ လွန်ခဲ့သော ၂ နှစ်ခန့်မေလအတွင်းဖြစ်ပွားခဲ့ သော ကျောက်နီမော်အရေးအခင်း နောက်ဆက်တွဲပဋိပက္ခများလည်း  အပြီးတိုင်အေးချမ်းပါစေ။ယခု နှစ်မေလအတွင်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပြုလုပ်မည့်ငြိမ်းချမ်းရေးဆွေးနွေပွဲများလည်းအောင်မြင်ပါစေ။ အခြေခံ ဥပဒေပြင်ဆင်ရေး ဆန္ဒပြသူ ပြည်သူများ၏ဆန္ဒလည်း အမြန်ဆုံးပြည့်ဝပါစေ။ ကျင်းပဆဲ အာဆီယံ ထိပ်သီးအစည်းအဝေးကြီးလည်းအောင်မြင်ပါစေ။မြန်မာ ပြည်သူများလည်း ဒီမိုကရေစီခရီးလမ်း၌ အေးအတူ ပူအမျှ လျှောက်လှမ်းနိုင်ကြပါစေဟု တစ်ခုသောမေလတွင်ဆန္ဒပြုလိုက်ရပါကြောင်း...။

Author: ဗညားလှိုင်ဦး

7DAY DAILY


နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင် အောင်


အိပ်ရေး မဝတာကြောင့် ငြီးစီစီကြီး ဖြစ်နေတယ် ဆိုတာ ကိုတော့ သိကြပြီး သားပါ။ အခု ဆွီဒင်မှ လေ့လာမှု အသစ် အရ အိပ်ရေး မဝခဲ့ရင် ကယ်လိုရီ လောင် ကျွမ်းနိုင်စွမ်း ၂၀ ရာခိုင်နှုန်းခန့် ကျဆင်း ပြီး ဆာလောင်မှု ဖြစ်စေတဲ့ ဟော်မုန်း Ghrelin ထုတ်လုပ်မှုလည်း မြင့်တက်လာ နိုင်တယ်လို့ သိရပါတယ်။ ညစဉ် အနည်း ဆုံး ခုနစ်နာရီခန့် အိပ်စက်တာကြောင့် လေးရက်အတွင်း ဇီဝရုပ်ဖြစ်ပျက်နှုန်း ပြန် လည် ကောင်းမွန်ပြီး ကိုယ်အလေးချိန် ၂၄ ပေါင်ခန့် ကျဆင်းအောင် ကူညီနိုင် တယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါ တယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင် အောင် အောက်ပါတို့ကို ပြုလုပ်ပေးပါ။

ညနေချိန်တွင် သစ်သီးစားပါ

သစ်သီးမှာပါဝင်တဲ့ သဘာဝ သကြား ဓာတ်ဖြစ်တဲ့Fructose ဟာ ဦးနှောက်မှ စိတ်အေးချမ်းမှု ရှိစေတဲ့ ဓာတုပစ္စည်း ထုတ်လုပ်မှုကို မြင့်တက်စေပြီး မိနစ် ၂၀ အတွင်း အိပ်ငိုက်စေနိုင်တယ်လို့ သုတေ သီတွေက ဆိုပါတယ်။

ဇက်ချိုးပါ

အိပ်ရာမဝင်ခင် ၁၀ မိနစ်အလိုမှာ ဦးခေါင်းလှည့်ပြီး ဇက်ချိုးတာကြောင့် အမျိုးသမီး ၉၀ ရာခိုင်နှုန်းမှာ တင်းမာမှု နဲ့ စိုးရိမ်စိတ်အတွေးတွေ လျော့ကျပြီး အလွယ်တကူအိပ်ပျော်နိုင်တယ်လို့ သိရ ပါတယ်။

ညဝတ္အက်ႌပြပြဝတ္ပါ

အင်္ကျီတင်းတင်းကျပ်ကျပ်တွေ ဝတ် ထားတာကြောင့် ခန္ဓာကိုယ်မှ အပူချိန် တွေ ထွက်မသွားအောင် တားမြစ်နိုင်တဲ့ အတွက် ကိုယ်အပူချိန် မြင့်တက်နေပြီး ဦးနှောက်မှ အိပ်ပျော်မှုကောင်းစေတဲ့ Melatonin ဟော်မုန်းထုတ်လုပ်မှု နှေး ကွေးသွားပါတယ်။ အင်္ကျီပွပွတွေ ဝတ် ထားတာကြောင့် ခန္ဓာကိုယ်အပူချိန် လျော့ သွားနိုင်ပါတယ်။

ခြေသလုံး နှိပ်ပေးပါ

အိပ်ရာဝင်ချိန်မှာ ခြေသလုံြးွကက် သားကို ငါးမိနစ်ခန့် နှိပ်နယ်ပေးတာ ကြောင့် အိပ်ပျော်နိုင်မှု နှစ်ဆပိုမြန်သွား ပါတယ်။ နှိပ်တာကြောင့် ခြေထောက်မှာ ရှိတဲ့ အာရုံကြောတွေ လှုံ့ဆော်မှုရရှိစေပြီး အိပ်တာကို အနှောင့်အယှက်ဖြစ်စေတဲ့ ဖိစီးမှုဟော်မုန်း ထွက်ရှိမှုနည်းသွားပါတယ်။

အိပ်ခန်းတွင်း Lavender ရနံ့ ထည့်ပါ

Lavender ရနံ့ရှူ ရတာကြောင့် ဦး နှောက်မှ စိတ်အေးချမ်းမှုရရှိတဲ့ လှိုင်းတွေ ထုတ်လုပ်မှုပိုများလာပြီး ၁၀ မိနစ်အတွင်း အိပ်ပျော်စေနိုင်တယ်လို့ သုတေသီတွေ က ဆိုပါတယ်။

Good Health


မျိုးစောင့်ဥပဒေကို ကန့်ကွက်မှု ထိရောက်မည်မဟုတ်ဟု ဦးဝီရသူမိန့်


မင်းမင်း| အင်္ဂါနေ့၊ မေလ ၁၃ ရက် ၂၀၁၄ ခုနှစ်
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့က ပြဋ္ဌာန်းစေလိုသော မျိုးစောင့်ဥပဒေများအပေါ် ကန့်ကွက်သူတို့၏ လုပ်ဆောင်ချက် ထိရောက်မည်မဟုတ်ဟု မန္တလေး မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူက မဇ္ဈိမကို မိန့်ကြားလိုက်သည်။

မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းလိုက်ပါက ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်မှုကို ပျက်ပြားနိုင် သည်ဟု အရပ်ဘက် အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်က ယခုလ ၅ ရက်တွင် ကြေညာချက် ထုတ်ပြန်ပြီး ကန့်ကွက်လိုက်မှုအပေါ် ဦးဝီရသူက တုံ့ပြန် ရည်ညွှန်းလိုက်ခြင်း ဖြစ်သည်။

“မျိုးစောင့်ဥပဒေကို နှစ်ယောက်တစ်ပိုင်း ဖွဲ့ထားတဲ့ အဖွဲ့သေးသေးလေးတွေက ၀ိုင်းဝန်းပြီး ကန့်ကွက်တာ ကို ပြည်သူလူထုက အားမလျှော့နဲ့။ အဲဒီအဖွဲ့အစည်းတွေ အားလုံးပေါင်းလိုက်တော့မှ ဦးဇင်းရဲ့ တရားပွဲ တစ်ပွဲစာလောက်တောင် လူဦးရေ မရှိပါဘူး။ အဲ့ဒါကြောင့် ခွေးလေးခုန်လို့ ဖုန်မထပါဘူး” ဟု ဆရာတော် က မိန့်သည်။

သံဃာပေါင်း ၂၅၀၀ ကျော် တက်ရောက်သည့် မေလ ၁၂ ရက် ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်း အဝေးအပြီး မဇ္ဈိမ၏ မေးမြန်းမှုကို အထက်ပါအတိုင်း မိန့်ခဲ့ခြင်းဖြစ်သည်။

မျိုးစောင့်ဥပဒေကို ကန့်ကွက်ကြသည့် အရပ်ဘက်အဖွဲ့အစည်းများ၏ ကြေညာချက်၌ တိုင်းရင်းသားလူမျိုး စုအကြားတွင် ဘာသာရေးမတူညီမှုများ ရှိနေသည့်အတွက် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် လက် ရှိငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်အား အဟန့်အတား ဖြစ်စေနိုင်သည်ဟု ဖော်ပြထားသည်။
သို့သော် ဦးဝီရသူကမူ “ဒီဥပဒေ ပေါ်ပေါက်လာရင် တိုင်းရင်းသူတွေအားလုံးဟာ ဘာသာခြားတွေရဲ့ နှိပ် စက်မှုကို မခံရတော့ဘူး။

အဲ့တော့ လက်ရှိ အမျိုးသမီး အခွင့်အရေးတွေ၊ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ တိုင်းရင်းသားမဟုတ်တဲ့ ဘာသာခြားနဲ့ညားတဲ့ တိုင်းရင်းသူတွေလည်း ဒီအခွင့်အရေးတွေ ပြန်ရလာနိုင် တယ်။ သာသာခြားနဲ့ မညားသေးတဲ့ ညားနိုင်တဲ့ တိုင်းရင်းသူတွေလည်း ညားသွားရင် ဒီလိုဒုက္ခမျိုး မခံရ တော့ဘူး” ဟု ဆိုသည်။

၂၀၁၃ ခုနှစ်၊ ဇွန် ၁၂ ရက် မှော်ဘီ ဆေကိန္ဒာရာမကျောင်းတိုက်တွင် ကျင်းပခဲ့သည့် ဗုဒ္ဓသာသနာတော် ဆိုင်ရာ သြ၀ါဒခံယူပွဲနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မျိုးစောင့် ဥပဒေ မူကြမ်းကို စတင်ဖြန့်ဝေခဲ့ကြခြင်း ဖြစ်သည်။

ထိုဥပဒေကြမ်းအရ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးကို လက်ထပ်မည့်သူသည် တရားဝင် ဗုဒ္ဓဘာသာဖြစ် ရမည်ဖြစ်ပြီး၊ ဘာသာခြားဖြစ်သူက ဗုဒ္ဓဘာသာ အမျိုးသမီးကို လက်ထပ်မည်ဆိုလျှင် ဗုဒ္ဓဘာသာသို့ ၀င် ရောက်ရမည်ဖြစ်ပြီး အသိအမှတ်ပြု လက်မှတ်ရရှိရန် လိုအပ်သည်။ ပြစ်ဒဏ်အနေဖြင့် ယင်းကိုမလိုက်နာ ပါက ထောင်ဒဏ် ၁၀နှစ် ကျခံရမည်ဟု ဥပဒေကြမ်းတွင် ထည့်သွင်း ရေးဆွဲထားသည်။

ယင်းနောက် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့(မဘသ)သည် မျိုးစောင့်ဥပဒေဟု လူသိများ သော လူမှုရေး၊ ဘာသာရေး၊ လူဦးရေဆိုင်ရာ ဥပဒေ လေးခု ပြဋ္ဌာန်းပေးရေး သမ္မတထံ တောင်းဆိုထားသည်။

Mizzima - News in Burmese

သမ္မတကလည်း အဆိုပါဥပဒေတို့ကို ရေးဆွဲရန် ကော်မရှင်တစ်ရပ် ဖွဲ့စည်းလိုက်ပြီး ဇွန်လကုန် အပြီး ဆောင်ရွက်ရန် ညွှန်ကြားထားသည်။


မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ သိစေရန်



၁။ ယခင် (6)P အစီအစဉ် အရ ထုတ်ပေးထားသော သာမန် မြန်မာနိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသူများ
ယခင် နိုင်ငံကူးလက်မှတ် ထုတ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အထောက်အထားမဲ့ ဖြစ်နေသူများ ၊

မှတ်ပုံတင် ၊သန်းခေါင်စာရင်း သာရှိပြီး မြန်မာနိုင်ငံကူးလက်မှတ် တစ်ကြိမ်မှ ထုတ်ယူခဲ့ဘူးခြင်း
မရှိသူများအား မြန်မာနိုင်ငံသား ဟုတ်မဟုတ် စိစစ် အတည်ပြုပြီး သာမန် မြန်မာနိုင်ငံကူးလက်မှတ်
ထုတ်ပေးရေး လုပ်ငန်းစဉ် များ ၊ မလေးရှားနိုင်ငံ၌ တရားဝင်နေထိုင်ပြီး အလုပ် အကိုင် ရရှိရေးအတွက်
လက်ဗွေနှိပ်ခြင်း မှ ပါမစ်ရသည် အထိ လုပ်ငန်းစဉ်များအား မကြာမှီ နှစ်နိုင်ငံအစိုးရ G to G အစီအစဉ် ဖြင့်
စတင်ဆောင်ရွက်မည်ဖြစ်ပါသည်။

၂။ အချိန်မကုန် ၊ အလုပ်မပျက် ၊ သတ်မှတ်ချိန် အတွင်း အထက်ပါ လုပ်ငန်းများအား
သတ်မှတ်ထားသော ဥပဒေ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်း အတိုင်း လွယ်ကူ
လျှင်မြန်စွာ ဆောင်ရွက်နိုင်ရန်အတွက် အဖိုးနည်း ၀န်ဆောင်ခ ဖြင့်
EVERFINE SERVICES (M) SDN BHD. မှ ကုမ္ပဏီ ရုံးခွဲများ အား
ပိတ်ရက်မရှိ ၂၄ နာရီ ဖွင့်လှစ် ၍ သော်လည်ကောင်း ဖုန်း (သို့ မဟုတ်)

Online စနစ် အသုံးပြု၍ လည်းကောင်း မလေးရှားရောက် မြန်မာများ စိတ်ချမ်းမြေ့စွာ
ပါမစ်ရသည် အထိ အောက်ပါ လုပ်ငန်း အဆင့်ဆင့်အား တိကျ မှန်ကန်သော ၀န်ဆောင်မှူကို
အပြည့်အ၀ ဆောင်ရွက် ပေးမည် ဖြစ်ပါသည်-
(က) သတ်မှတ်ထားသော အထောက်အထားများ တင်ပြ၍ မှတ်ပုံတင်ခြင်း။

(ခ) အချိန်မကုန် အလုပ်မပျက်စေရန် အတွက် မြန်မာနိုင်ငံသားဟုတ်မဟုတ် မြန်မာသံရုံး၌
လူတွေ့ စစ်ဆေးလိုသည့်နေ့ ရက် အချိန်အား စီစဉ်ပေးခြင်း။

(ဂ) မြန်မာနိုင်ငံသား ဟုတ်မှန်ပါက သာမန် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ယူခြင်းနှင့် လက်ဗွေ
နှိပ်လိုသည့် နေ့ ရက် အချိန်အား စီစဉ်ပေးခြင်း။

(ဃ) သတ်မှတ်ထားသော လုပ်ထုံး လုပ်နည်း ဥပဒေ နှင့် ကိုက်ညီပြည့်စုံသူများ အား ပါမစ်ရရှိ
သည်အထိ ဆောင်ရွက်ပေးခြင်း။

၃။ မြန်မာနိုင်ငံသား ဟုတ်မှန်ကြောင်း အတည်မပြုခြင်း ၊ လက်ဗွေ နှိပ်ပြီးသော်လည်း ပါမစ်
မရရှိခြင်း တို.မဖြစ်စေရေးအတွက် ကာယကံရှင်မှ အောက်ပါ အချက်အလက်များအား
တိကျမှန်ကန်စွာ ပြည့်စွက်၍ ၀န်ခံကတိပြု ချက်ဖြင့် လက်မှတ်ရေးထိုး တင်ပြရမည် ဖြစ်ပါသည်-

(က) မြန်မာနိုင်ငံသား ဟုတ် မဟုတ် လွယ်ကူ လျင်မြန်စွာ စီစစ်နိုင်ရန် အတွက် မှန်ကန်ပြည့်စုံစွာ
တင်ပြရမည့် အချက်များမှာ -

(၁) ယခင်မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ဖူးသူ ဖြစ်ပါက နိုင်ငံကူးလက်မှတ် စာအုပ်
(Email မိတ္တူ / မူရင်း )။

(၂) မြန်မာနိုင်ငံသား စိစစ်ရေး ကဒ် (သို့ မဟုတ်) မှတ်ပုံတင် (မူရင်း /Email မိတ္ထူ)။

(၃) သန်းခေါင်စာရင်း (မူရင်း /Email မိတ္ထူ)။

(၄) လက်ရှိ မြန်မာပြည် နေရပ်လိပ်စာ ( အိမ်အမှတ် ၊ ရပ် ကွက် (သို့ မဟုတ် ) ကျေးရွာ ၊
မြို့ နယ် ၊ ပြည်နယ် / တိုင်းဒေသကြီး။)

(၅) ဖခင်အမည်နှင့် မွေးသက္ကရာဇ်

(ခ) လက်ဗွေနှိပ်ပြီး အလုပ်ပါမစ် ရရှိရန် အတွက် -

(၁) လျှောက်ထားစဉ် အသက် (၄၅) နှစ် အထက် မကြီးစေရ ။

(၂) မလေးရှားနိုင်ငံ၌ ပြစ်မှု့ ကင်းရှင်း ရမည်။

(၃) သူဌေး ရှိသူဖြစ်ရမည်။ သူဌေး မရှိသူအား ကုမ္ပဏီ မှ ကာယကံရှင်၏ ဆန္ဒအရ သီးခြား
စီစဉ်ပေးမည်။

(၄) ဆေးစစ်ခြင်း အောင်မြင်ရမည်။

၎။ အထက် အပိုက်(၃) ပါ အချက်အလက်များ တင်ပြရာ၌ ကာယကံရှင် မှ တိကျမှန်ကန်စွာ
ဖြည့်စွက်တင်ပြရန်နှင့် မမှန်မကန် တင်ပြ၍ စိစစ်တွေ့ ရှိသူများ ၊ မြန်မာနိုင်ငံသား မဟုတ်သူများအား
ကုမ္ပဏီမှ လုံးဝ ( လုံးဝ) တာဝန်ယူဆောင်ရွက်ပေးမည် မဟုတ်ပါ။

၅။ သို့ ပါ၍ အထက်ပါ အစီအစဉ်များ အချိန်ကန့် သတ်ချက်ရှိသဖြင့် အောက်ပါလိပ်စာအတိုင်း
ဆက်သွယ်၍ အမြန် မှတ်ပုံတင်ခြင်း ၊ စာရင်းပေးသွင်းခြင်း တို့  ပြုလုပ်ကြပါရန် နှိုးဆော်အပ်ပါသည်။
အ သေးစိတ် သိရှိလိုသူများ ၊ အခက်အခဲ ရှိသူများ ကုမ္ပဏီ သို့  ဆက်သွယ်မေးမြန်း၍
ကာယကံရှင် ကိုယ်တိုင် လာရောက် ဆောင်ရွက်ပါရန် မေတ္တာ ရပ်ခံအပ်ပါသည်။

“ မြန်မာနိုင်ငံသား ဟုတ်မှန်သူများအား အချိန်မကုန် ၊ အလုပ်မပျက် ၊ စိတ်ချမ်းမြေ့စွာဖြင့်
အချိန်တိုအတွင်း ပါမစ် ရရှိသည် အထိ အပြည့် အ၀ တာဝန်ယူဆောင်ရွက်ပေးမည် “

  Everfine Services M Sdn Bhd
 

မြန်မာပြည် ကိုအခြေခံ ရိုက်ကူးထားသော Ninja Shadow Of Tear ဇာတ်ကား


   
ကျနော်ရဲ့ သူငယ်ချင်းတွေကို မြန်မာပြည်ကို အခြေခံပြီးတော့ ရိုက်ထားတဲ့
American Ninja ဇာတ်ကားလေးတစ်ကား ကို တင်ပေးချင်ပါတယ် ခင်ဗျာ။ အကြည်လေးပါ။
 
ကျနော်ကိုယ်တိုင်လည်း Video ကြည့်ရင် မကြည်တာတို့ အသံမကောင်းတာတို့ ဖြစ်ရင်
မကြိုက်ပါဘူး။အာကြောင့်ကျနော်တင်ပေးရင်တော့ ကြည်လင်မှု့ရှိရပါစေမယ်။
 
မြန်မာပြည် ဂျပန် ခေတ်ကနေပြီးတော့ စတင်လာတဲ့ ဇာတ်လမ်းလေးပါ။
 
ပျင်းစရာ မလိုလောက်အောင်ကောင်းပါတယ်။ နအဖ လက်ထက် က အကျဉ်သားကို
စစ်ဆေးတဲ့ နေရာမှာ မီးပူကပ်ပြီးတော့ စစ်ဆေးတာလေးတောင်ပါ ပါတယ်။
 
ထိုင်းနယ်စပ် နဲ့ ဂျပန်မှာ ရိုက်ထားတာလေးပါ။ဒီဇာတ်ကားလေးကလည်း ကျနော်သူငယ်ချင်းတွေကို
ကျေနပ်မှု့ပေးနိုင်လိမ့်မယ် ထင်ပါတယ်ခင်ဗျာ။ ဖိုင်ဆိုဒ်ကလည်း ဒေါင်းယူလို့ကောင်းတဲ့ဆိုဒ်လေးပါ

366.4 MB ပဲရှိပါတယ်ခင်ဗျာ ။

DOWNLOAD
MILOSHARE | TUSFILES  


တိုက်ရိုက်ကြည့်ချင်တယ်ဆိုရင် ဒီနေရာမှာ ဝင်ကြည့်ပါခင်ဗျာ..။


ကိုလတ်(ကျွဲဆင်း)


ရန်ကုန် ယာဉ်ကြောပိတ်ဆို့မှု လျော့ကျစေရန် အချက်သုံးချက် အမြန်ဆုံး ပြင်ဆင်သင့်ဟု JICA အကြံပြု


ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေသည့် ရန်ကုန်မြို့တော်တွင် အများပြည်သူများ ခရီးသွားလာရေး လွယ်ကူစေရန် BRT စနစ် အကောင်အထည်ဖော်ရေး၊ ယာဉ်ကြောပိတ်ဆို့မှု စီမံခန့်ခွဲရေးနှင့် ဥပဒေ၊ နည်းဥပဒေ ပြန်လည် ပြုပြင်ခြင်း ဟူသည့် အချက်သုံးချက်ကို အမြန်ဆုံး ပြုပြင်သင့်ကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA ၏ ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး အစီအစဉ်ရေးဆွဲရေး အဖွဲ့ခေါင်းဆောင် Mr.TaKashi Shoyama က အကြံပြုသည်။

မေလ ၁၂ ရက်က ရန်ကုန်မြို့ Asia Plaza တွင် ပြုလုပ်သည့် Yangon Urban Transport Master Plan နှင့် ပတ်သက်သည့် ဟောပြောပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

သီးသန့်လမ်းကြောင်းဖြင့် ဘတ်စ်ကားများ ပြေးဆွဲသည့် BRT (BUS Rapid Transit) Network စနစ်ကို ကျင့်သုံးပါက ခရီးသွားလာရ လွယ်ကူသွားမည် ဖြစ်ကြောင်း၊ လမ်းပေါ်တွင် ယာဉ်များ ရပ်နားထားမှုများကြောင့် လမ်းယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်နေခြင်းကြောင့် ကားပါကင် နေရာအသစ်များ ထားရှိပေးရန် လိုကြောင်း၊ အလားတူ ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး ဥပဒေကို ပြန်လည် ပြင်ဆင်သင့်ကြောင်း JICA က ထုတ်ပြန်သည်။

အဆိုပါအဖွဲ့၏ အကြံပြုချက်မှာ သင့်လျော်ကြောင်း၊ ယာဉ်ကြော ပိတ်ဆို့မှုများမှာ ယာဉ်အစီးရေ များပြားလာခြင်း၊ စည်းကမ်းမဲ့ယာဉ် များပြားလာခြင်းများကြောင့် ဖြစ်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့များ၊ မ.ထ.သ အဖွဲများနှင့် ပူးပေါင်း ဖြေရှင်းလျက် ရှိကြောင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားသည်။

“ပြည်သူတွေ သွားလာရ အဆင်ပြေအောင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေး ဥပဒေကို ရေးဆွဲပြီး တင်ပြထားပါတယ်။ မကြာခင် တိုင်းလွှတ်တော်မှာ အတည်ပြု ဆုံးဖြတ်ပေးနိုင်မှာ” ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့တွင် ဘတ်စ်ကား စီးနင်း အသုံးပြုသူ ၄၉ ဒသမ ၄ ရာခိုင်နှုန်း၊ ကိုယ်ပိုင်ယာဉ် အသုံးပြုသူ ၈ ဒသမ ၁ ရာခိုင်နှုန်း၊ TAXI အငှားယာဉ် အသုံးပြုသူ ၇ ဒသမ ၇ ရာခိုင်နှုန်း၊ မော်တော်ဆိုင်ကယ် အသုံးပြုသူ ၇ ဒသမ ၂ ရာခိုင်နှုန်း၊ စက်ဘီးစီးနင်းသူ ၂၂ ဒသမ ၅ ရာခိုင်နှုန်း ကုန်တင်ယာဉ် အသုံးပြုသူ ၁ ဒသမ ၃ ရာခိုင်နှုန်း၊ ရထားစီးနင်းသူ ၁ ဒသမ ၁ ရာခိုင်နှုန်း၊ ရေကြောင်းခရီး အသုံးပြုသူ ၂ ဒသမ ၅ ရာခိုင်နှုန်းနှင့် အခြားခရီးသွား ၀ ဒသမ ၂ ရာခိုင်နှုန်း ရှိကြောင်း JICA က ထုတ်ပြန်သည်။

The Voice Weekly