23 May 2014

အခြေခံဥပဒေကို လူထု တောင်းဆိုသည့်အတိုင်း ပြင်ဆင်၍ မရနိုင်ဟုဆို

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/05/blog-post_2040.html
 
 

နေပြည်တော်၊ မေ ၂၃

တပ်မတော်အစိုးရက ဦးဆောင် ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လူထုတောင်းဆိုသည့် အတိုင်း ပြင်ဆင်ပေးရန် မဖြစ်နိုင်ဘဲ ပြင်ဆင်သင့် ပြင်ဆင်ထိုက်သည့် ပြဋ္ဌာန်းချက်များကိုသာ လွှတ်တော်က ပြင်ဆင်သွားမည် ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီဝင် ဦးတီခွန်မြတ်က ပြောကြားသည်။

“တပ်က ရေးဆွဲခဲ့တဲ့ ဒီဥပဒေက သူ့ဘက် ပါနေတယ်။ ခုပြည်သူက ပြင်စေချင်တဲ့ အတိုင်းလည်း လုပ်လို့မရဘူး။ အဲဒါကြောင့် ဥပဒေကို ဥပဒေအတိုင်းပဲ လုပ်ရမယ်” ဟု ဦးတီခွန်မြတ်က ဆိုသည်။

ပြည်သူလူထု တောင်းဆိုသည့်အတိုင်း ပြင်ဆင်မည် မဟုတ်သည့်အပြင် တပ်မတော်၏ လိုလားချက်များကို လိုက်လျောပြီး ပြင်ဆင်သင့်သည့် အချက်များကို မပြင်ဘဲ နေမည် မဟုတ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အခန်းတွင် တပ်မတော်၏ အခန်းကဏ္ဍ လျော့ချပေးရေး၊ သမ္မတ ရွေးချယ် တင်မြောက်ခြင်းဆိုင်ရာ အခန်းပါ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ပေးရန်တို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) နှင့် အရပ်ဘက် အဖွဲ့အစည်းများက ဝိုင်းဝန်း တောင်းဆိုလျက် ရှိကြသည်။

ထို့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သော စစ်ဖက်ဆိုင်ရာ အဖွဲ့အစည်းမှ ပြင်ဆင်လိုခြင်း၊ မူလအတိုင်း ထားလိုခြင်းဆိုင်ရာ ကိစ္စများကိုလည်း ဘက်လိုက်၍ ပြင်ဆင်ရန် တင်ပြသွားမည် မဟုတ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

လတ်တလောတွင် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ နိုင်ငံအဝန်း လူထုဆန္ဒခံယူပွဲ၊ ဟောပြောပွဲများ ပြုလုပ်ခြင်းများ လုပ်သကဲ့သို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီဝင်တို့ကလည်း ပြင်ဆင်မှု မပြုလုပ်ရေးအတွက် ဆန္ဒပြနေခြင်းသည် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အထောက်အကူပြုမည် မဟုတ်ကြောင်း ၎င်းကဆိုသည်။
“အပြင်မှာ လုပ်နေတာတွေက ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ ပြင်ရမှာက လွှတ်တော်ထဲက” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

ယင်းကဲ့သို့ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်ပြင်ပ စုရုံး လှုံ့ဆော်နေမှုများသည် တပ်မတော်နှင့် အစိုးရအဖွဲ့ကိုသာ ဖိအားတစ်ခုအဖြစ် ဖန်တီးနိုင်ကြောင်း ရခိုင်ပြည်နယ် ကျောက်ဖြူ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြောကြားသည်။

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ တပ်မတော်နှင့် ပြည်သူများအားလုံး တူညီသော ဆန္ဒရှိသော်လည်း ဒီမိုကရေစီကျင့်စဉ်နှင့် ကိုက်ညီစွာ ပြင်ဆင်နိုင်ရန် လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုကော်မတီဝင် ဦးဝင်းမြင့်က ပြောကြားသည်။

“အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်ရေး ကော်မတီ ဆိုတာ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးထားတာလေ၊ အဲဒီတော့ ပြည်သူ့အသံ လွှတ်တော်အသံ ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ကိုယ်စားလှယ်တွေက ပြည်သူ့ဆန္ဒကို ဆောင်ရွက်ပေးရမှာပေါ့” ဟု ၎င်းကဆိုသည်။

အခြေခံဥပဒေ ပြင်ဆင်ရေးတွင် အခန်း ၁၂၊ ပုဒ်မ ၄၃၆ ကိုပါ ထည့်သွင်း ပြင်ဆင်ရန် ကော်မတီက ဆုံးဖြတ်ထားကြောင်း ကော်မတီအဖွဲ့ဝင် အချို့က ပြောဆိုထားသည်။

အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ယခုလ ဒုတိယပတ်အတွင်း ရန်ကုန်နှင့် မန္တလေးမြို့များတွင် လူထုဆန္ဒ ကောက်ယူရေး လုပ်ငန်းစဉ်များနှင့် ဟောပြောပွဲများ ပြုလုပ်ခဲ့ကြီး မြို့ကြီး ၁၇ မြို့တွင် ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

The Voice Weekly

ဆရာတော်ဦးဝီရသူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တိုက်ခိုက်ခံရ



Location:
မန္တလေး


 ဆရာတော်ဦးဝီရသူ၏ Wirathu အမည်ဖြင့် အသုံးပြု လျက်ရှိသည့် ဖေ့စ်ဘွတ်ခ်စာမျက် နှာမှာ ယခုလ ၂၃ရက်က ဟတ် ကာအချို့၏ တိုက်ခိုက်မှုကြုံခဲ့ရ၍ အကောင့်အသစ်ပြုလုပ်လိုက်ရ ကြောင်း သတင်းရရှိသည်။

မူလအကောင့်ဟောင်းကို ယခုလ ၂၂ရက်၌ ဟက်ခံလိုက် ရသည့်အတွက် ၎င်းကိုယ်တိုင်နေ့ စဉ်ပုံမှန်ရေးတင်နေကျဖြစ်သည့် တစ်နေ့တာလုပ်ဆောင်ချက်များ နှင့်အခြားသော ရေးသားနေကျအ ကြောင်းအရာများအား‘Wira Thu (၀ီရသူ) အမည်ဖြင့်အကောင့်သစ် ပြုလုပ်ကာ ပြန်လည်သုံးစွဲနေ ကြောင်း ဆရာတော်ဦးဝီရသူက မိန့်ကြားသည်။

‘‘အရင်အကောင့်ဟောင်းက သူငယ်ချင်း ငါးထောင်ပြည့်သွား လို့ဆိုပြီး Like ပေ့ခ်ျလုပ်ထားတာ။ အဲဒီပေ့ခ်ျကပါ အခုဟက်ခံလိုက် ရတော့ သုံးမရတော့ဘူး။ အ ကောင့်သစ်မှာ လူများလာမှပဲ Like ပေ့ခ်ျထပ်လုပ်တော့မယ်’’ဟု ဆရာတော်ကမိန့်ကြားသည်။

ဆရာတော်အနေဖြင့် ဖေ့စ် ဘွတ်ခ် လုံးဝအသုံးမပြုတော့ ကြောင်း အစိုးရသတင်းစာများ တွင် ထည့်သွင်းထားသည်ဟူ သော ကြော်ငြာဖြတ်ပိုင်းတစ်ခု လည်းဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့လျက် ရှိပြီး ယင်းကြေညာချက်မှာလုပ် ကြံဖန်တီးထားခြင်းသာ ဖြစ် ကြောင်း၊ ဆရာတော်အနေဖြင့် အစိုးရသတင်းစာတွင် ကြေညာခြင်းများလုံးဝမပြုလုပ်ခဲ့ကြောင်းမိန့်ကြားသည်။ ဆရာတော်ဦးဝီရသူက ၎င်းကိုယ်တိုင် သုံးသည့် ဖေ့စ်ဘွတ်ခ်အကောင့်မှာ မျိုးချစ်စိတ်များ၊ ဇာတိမာန်များ ပေါ်ပေါက်လာအောင် လေ့ကျင့်ပေးသည့် လေ့ကျင့်ရေးကွင်းကြီးဖြစ်သောကြောင့် ယင်းကွင်းကြီးအား မည်သည့်အချိန်တွင်မှ အပျက်ခံမည်မဟုတ်ကြောင်း၊ ၎င်းကိုယ်တိုင်အသက်နှင့်ခန္ဓာ ရှိနေသည့်အချိန်တစ်လျှောက်လုံး ဖေ့စ်ဘွတ်ခ်၌ စာများတင်သည့် အလေ့အထ မည်သို့မျှရပ်တန့်သွားမည်မဟုတ်ကြောင်း  ထည့်သွင်းမိန့်ကြားသည်။

7day daily


ကိုယ့်ချစ်သူနဲ့ အငြင်းပွားတဲ့အခါ ရှောင်ကြဉ်သင့်တဲ့အချက်များ




မေသော် on 2014-05-24 12:45  
ကိုယ့်ချစ်သူ၊ ဒါမှမဟုတ် ကိုယ့်အမျိုးသား/အမျိုးသမီး နဲ့ ပြဿနာတက်တဲ့အချိန်မျိုးတွေ၊ ရန်ဖြစ်ရတာ၊ အငြင်းပွားရတာမျိုးတွေ အတွဲတိုင်း၊ လင်မယားတိုင်း ကြုံဖူးကြမှာပါ။ ဒီလို ကြုံတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် နိုင်လိုမင်းထက် ပြောဆိုနေတာမျိုးထက်စာရင် ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာကိုသာ စဉ်းစားသင့်ပါတယ်။ အဲ့ဒီလို အငြင်းပွားကြတဲ့ အချိန်မျိုးတွေမှာ ရှောင်ကြဉ်သင့်တဲ့ အချက်တွေကတော့

၁။နိုင်ချင်ဇောနဲ့ စွတ်မပြောမိပါစေနဲ့။

နှစ်ယောက်စလုံး တစ်ယောက်နဲ့တစ်ယောက် အနိုင်လိုချင်နေလို့ ပြဿနာကို မရှင်းပဲ မပြောသင့်တာတွေပြော၊ ဘောင်တွေကျော်ပြီး ပြောမိသွားရင် မကောင်းပါဘူး။ သူအနိုင်လိုချင်နေမှန်းသိရင်တောင် ကိုယ့်ဘက်က အလျှော့ပေးပြီး ဖြစ်တဲ့ ပြဿနာအကြောင်းအရင်းကိုသာ ပြောပြပေးပါ။

၂။တစ်ယောက်က လျှော့လိုက်ရင် တစ်ယောက်အနိုင်ရသွားမယ်ဆိုတဲ့ အတွေးမျိုး မတွေးပါနဲ့။

သူပြောတဲ့ အရာတိုင်းကို ငါပြန်ခံမပက်လိုက်ရင် နောက်ဆုံး ငါပဲ ရှုံးသွားမယ်ဆိုတဲ့ အတွေးမျိုး ဖယ်ထုတ်ထားပါ။ သူ့မှာ ဒီလိုအတွေးရှိနေရင်တောင် ကိုယ်ကတော့ နှစ်ဦးသားပြန်အဆင်ပြေဖို့နဲ့၊ ငြင်းခုန်နေရတဲ့ အကြောင်းအရာကို အေးအေးချမ်းချမ်း ဖြေရှင်းပြီးစီးချင်တဲ့ပုံနဲ့ပဲ နေပါ။

၃။တစ်ယောက်က ပြောတာကို နောက်တစ်ယောက်က နားထောင်ပေးပါ။

ခုနောက်ပိုင်း အတွဲတော်တော်များများဟာ တစ်ယောက်ပြောစကားကို တစ်ယောက်က စိတ်ရှည်လက်ရှည် နားထောင်ပေးနိုင်စွမ်းရည်တွေ လျော့ကျလာပါတယ်တဲ့။ ဒါဟာ ကောင်းတဲ့အချက်တော့ မဟုတ်ပါဘူး။ ပြဿနာဖြစ်ပြီဆိုရင် တစ်ယောက်ပြောစကားဆုံးတဲ့အထိ တစ်ယောက်က နားထောင်ပေးဖို့ လိုအပ်ပါတယ်။ ဖြတ်မပြောပါနဲ့။ ပြောနေရင်းလက်စကိုလည်း လိုက်ထောက်ပြီး မမေးပါနဲ့။ မပြောမိပါစေနဲ့။

၎။ပြောဆိုနေတုန်း တတ်နိုင်သလောက် ဒေါသကို ထိန်းပါ။

တစ်ချို့လူတွေက တစ်ခုခုဆို ဘာမှမပြောရသေးဘူး။ ဒေါသက ထွက်ပြီးနေပါပြီ။ ဒီလိုလူမျိုးနဲ့ အခြေအတင်တွေဖြစ်ရင် စိတ်ပျက်စရာ ကောင်းလွန်းတာမို့ ဘယ်သူကမှလည်း အဲ့ဒီလို လူမျိုးနဲ့ ပွင့်ပွင့်လင်းလင်းပြောရဲဆိုရဲမှာတောင် မဟုတ်တော့ပါဘူး။

၅။နှစ်ဦးသားအချင်းများတဲ့အခါ အသံတွေကျယ်လာပြီး စကားတွေကြမ်းလာတာမျိုး ထိန်းပါ။

ရန်ဖြစ်တယ်ဆိုတာ ကောင်းတဲ့အရာမဟုတ်ပါဘူး။ တစ်ခါတစ်လေ ဆဲဆိုတာမျိုးတွေပါ အတွဲတွေကြားဖြစ်လာတတ်ပါတယ်။ နှစ်ဦးသားကြည်နူးနေချိန်မှာ ပြောမယ်လို့ ထင်မထားတဲ့အရာတွေ ရန်ဖြစ်လို့ကတော့ ထွက်လာပါပြီ။ ဒါတွေဟာ ကြာရင် နာကျင်စရာတွေ ဖြစ်လာနိုင်ပါတယ်။

Ref:yourtango.com
Trend Myanmar


တိုက်ခန်း အရောင်း အငှား ဈေးမြင့်


ရန်ကုန်မြို့လယ်ရှိ တိုက်ခန်းများကို တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
ရန်ကုန်မြို့လယ်နှင့်နီး ကပ်သည့် မြို့နယ်များ၏ တိုက် ခန်းဈေးနှုန်းများမှာ မေလဆန်းက စတင်ပြီး ဈေးမြင့်လာကြောင်း အိမ်ခြံမြေဈေးကွက်မှ စုံစမ်းသိရှိရသည်။

တန်ဖိုးနည်းနှင့်တန်ဖိုးသင့် အိမ်ရာစီမံကိန်းများ အကောင် အထည်ဖော်နေသည့်မြို့နယ်များ အပါအဝင် မြို့တွင်းပိုင်းနှင့်နီးကပ် သည့်တိုက်ခန်းများ၏ အရောင်း ရောအငှားဈေးနှုန်းများပါမြင့်လာ သည်ဟု အိမ်ခြံမြေအကျိုးဆောင် များကပြောသည်။

‘‘သင်္ဃန်းကျွန်းနားကတိုက် ခန်းတွေ ဒီနှစ်ထဲမှာဆိုဈေးတော် တော်တက်သွားတယ်။ အရင်မြို့ တွင်းပိုင်းမှာ ငှားနေသူတွေက ဈေးကြီးလို့ ဒီလိုမြို့နယ်တွေကိုလာပြီးနေတာ။ အခုဒီမြို့နယ်တွေ ကပါ ဈေးလိုက်တက်နေတာ’’ ဟု ရွှေ့ပြောင်း အိမ်ခြံမြေ အကျိုး ဆောင်လုပ်ငန်းရှင်ကပြောသည်။

‘‘တိုက်ခန်းငှားခက အရင် ကိုးသောင်း၊ အခုတစ်သိန်းနှစ် သောင်းတိုးတောင်းနေလို့ မနေ နိုင်တော့ဘူး’’ဟုသင်္ဃန်းကျွန်းမြို့ နယ်တွင်နေထိုင်သူ ပန်းချီဆရာ ဆွေဝင်းနိုင်ကပြောပြသည်။

အထူးသဖြင့် ရန်ကုန်မြို့ တွင်းပိုင်းအပါအဝင် စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင်၊ ကမာရွတ် မြို့နယ်များနှင့် နီးစပ်သည့် လှိုင်၊ မရမ်းကုန်း၊  အင်းစိန်မြို့နယ် တို့၏  တိုက်ခန်း  အငှားဈေးနှုန်းများမှာ ဆက်တိုက်မြင့်တက်နေကြောင်း အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင်က ပြောကြားသည်။

အဓိကအားဖြင့် အချက် အချာနေရာများနှင့်နီးစပ်သည့် လမ်းမကြီးတန်းများတွင် စီးပွား ရေးအရဈေးဆိုင်ခန်းများဖွင့်လှစ် သူများသည်လည်း ငှားရမ်းခနှုန်း များမြင့်မားလာသဖြင့် ရေရှည် တွင်ရပ်တည်ရန်ခက်ခဲလာပြီဖြစ် သည်။

‘‘ကိုယ်က မပေးနိုင်လည်း သူများက ကိုယ်မပေးနိုင်တဲ့ဈေး ပေးငှားတော့ ပြောင်းပေးရမှာ ပေါ့’’ဟု စမ်းချောင်းမြို့နယ်မှ ဗီဒီ ယိုအခွေအငှားဆိုင်ပိုင်ရှင် မမျိုး ကပြောပြသည်။

အိမ်ငှားရမ်းခများမှာ ရန်ကုန်တွင် တစ်နှစ်လျှင် ကျပ်ငါးသောင်းမှတစ်သိန်းကြား မြို့ နယ်ပေါ်မူတည်၍ မြင့်တက်လာ သည်ဟု အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းများမှသိရသည်။

မိုးညို
7day daily


အိမ်ရှင်မများ နားပူနားဆာ လုပ်ခြင်းက ခင်ပွန်းသည်များ ကို သေလောက် အောင် ဒုက္ခဖြစ်စေနိုင်


                      အိမ်ရှင်မများ  နားပူနားဆာ လုပ်ခြင်းကြောင့် ခင်ပွန်းသည်များ မှာ အသက် အန္တရာယ် ကြုံသည် အထိ ဒုက္ခတွေ့နိုင်ကြောင်း ဒိန်းမတ် နိုင်ငံမှ လေ့လာမှု တစ်ရပ် အရ သိရသည်။

                  ဇနီးသည်များ ၏ နားပူနားဆာ လုပ်ခြင်း၊ တောင်းဆိုမှု များလွန်းခြင်း နှင့် စိုးရိမ်ပူပန်ခြင်း ဒဏ်များ ကို ခံစား ရပါများသော အမျိုးသားများ သည် စိတ်ဖိစီးမှု နည်းသော လူငယ် အမျိုးသားများ ထက် သေဆုံး နိုင်ခြေ နှစ်ဆ ပိုများကြောင်း သိရသည်။

                  အသက် ၃၆ နှစ် မှ ၅၂ နှစ် ကြားရှိ ဒိန်းမတ် နိုင်ငံသား အမျိုးသား အမျိုးသမီး ၁၀၀၀၀ ခန့်ကို အိမ်ထောင် သည်ဘ၀ ဆက်ဆံရေး အနေအထား များကို မေးခွန်း ထုတ်ခဲ့ပြီး မည်သူ က တောင်းဆိုမှု အများဆံုး ပြဿနာ အစပျိုးမှု အများဆုံး ဖြစ်ကြောင်းကို လေ့လာ ခဲ့ကြသည်။

                  စစ်တမ်း ကောက်ချက် အရ သေဆုံးသူ ၁၀၀၀၀၀ လျှင် ၃၁၅ ဦးခန့် မှာ ခင်ပွန်း သို့မဟုတ် ဇနီး သည် ၏ ပူပန် သောကများ ကို မျှဝေ ခံစားရ သည့် စိတ်ဖိစီးမှုကြောင့် ဖြစ်နိုင်ကြောင်း သိရသည်။ စစ်တမ်းကို ကိုပင်ဟေဂင်မြို့ တက္ကသိုလ်မှ ဒေါက်တာရစ်ကီလန်း နှင့် အဖွဲ့က ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။““လက်တွဲဖော်ရဲ့ စိုးရိမ် သောကတွေ တောင်းဆိုမှုတွေ နဲ့ အထိအတွေ့ များတဲ့ အမျိုးသားတွေ ဟာ စိတ်ဖိစီး မှုကြောင့် သေဆုံးနိုင် ခြေ အများဆုံး လူတွေ ဖြစ်တယ် ဆို တာ တွေ့ရပါတယ်””ဟု ဒေါက်တာ ရစ်ကီလန်းက ပြောသည်။

Source: BANG Showbiz
ဆုမြတ်
Messenger


ကမ္ဘာ့ အသက်ကြီးဆုံး ကြောင်



အေသင်အောင်

                         အင်္ဂလန် နိုင်ငံမှာရှိတဲ့ ကြောင်တစ်ကောင်ဟာ အသက် (၂၅) နှစ်ရှိသွားပြီ ဖြစ်တာမို့ ကမ္ဘာ့ အသက်ကြီးဆုံး ကြောင်အဖြစ် သတ်မှတ်ခံ ရဖွယ်ရှိနေပါတယ်။ ဒီကြောင်ကို လူသက်တမ်းနဲ့ တွက်ကြည့်ရင် (၁၁၈) နှစ်ရှိနေမှာ ဖြစ်ပါတယ်။   ဒီကြောင်ကို မေရီနဲ့ မက် သားအမိက မွေးဖွားထားခြင်း ဖြစ်ပါတယ်။ မက်ဟာ သူ့ရဲ့အစ်မအိမ် က ကြောင်ကိုခေါ်ယူပြီး အိမ်မှာ မွေးထားတာ ဖြစ်ပါတယ်။     အိမ်ကို စရောက်စဉ်က အသက်ရှစ်နှစ် ရှိနေပြီ ဖြစ်ပါ တယ်။ ဒီကြောင်ကို စမိုကီလို့ အမည်ပေးထားပြီး အရောင်က မီးခိုးရောင်ရှိပါတယ်။

                           မက်က  ကျွန်မရဲ့ ကြောင်ဟာ အခုချိန် မှာ အိပ်စက်ခြင်းနဲ့ အချိန်ကုန်လေ့ရှိပါတယ်။  မျက်စိ မမြင်တော့တဲ့အပြင် နားလည်းမကြားရ တော့ပါဘူး။ ပြီးခဲ့တဲ့ နှစ်နှစ်လောက်က တည်းက အပြင်ကို သွားဖို့ ခက်ခဲစွာကြိုးစား နေရတာပါ။   အခုချိန်မှာ အိမ်အပြင်ကို လုံးဝ  မထွက်တော့ ပါဘူးလို့ ပြောသွားခဲ့ပါတယ်။ ဒီကြောင်ဟာ ဘုန်းမောက်မြို့မှာ ရှိတဲ့ အသက် (၂၄)နှစ် အရွယ်ကြောင်ရဲ့ ကမ္ဘာ့  အသက်ကြီးဆုံး ဂုဏ်ပုဒ်ကို လွှဲပြောင်းရယူသွားမှာ ဖြစ်ပါ တယ်။ သမိုင်းမှာ အသက်ကြီးဆုံးကြောင် အဖြစ် မှတ်တမ်းတင်ထားတာက အမေရိကန် ပြည်ထောင်စု၊  တက်ဆက်စ် ပြည်နယ်မှာရှိတဲ့ ကြောင်ဖြစ် ပြီး အဲဒီကြောင်ရဲ့ အသက် က (၃၈)နှစ် အထိရှိခဲ့တယ်လို့ သိရပါတယ်။

Messenger


အရိုးကျန်းမာရေး အတွက် ရင်းနှီးမြှုပ်နှံခြင်း


       
               အရိုးသိပ်သည်းဆ ဖြစ်နိုင်သမျှများများရှိနေအောင် ငယ်ရွယ်စဉ် စောစီးစွာကတည်းက ရင်းနှီး မြှုပ်နှံမှုပြု ထားခြင်းဖြင့်  အသက်ကြီးလာသည့် အခါ အကျိုးရလဒ် ကောင်းခံစားနိုင်ကြမည်။            သန်မာသော အရိုး၊ကျန်းမာသော အရိုးဖြစ်အောင် ဂရုစိုက်တည်ဆောက်ထာ ခြင်းသည် အငြိမ်းစား ယူချိန် အတွက် ဘဏ်မှာ  ကြိုတင်ငွေ စု ထားခြင်းနှင့်ဆင်တူသည်။  လုပ်နိုင် ကိုင်နိုင်စဉ်ကတည်း က  ကြိုတင်ငွေစုဆောင်း ထားပါက  အငြိမ်းစား ယူသည့်အခါ   စိတ် အေးချမ်းသာ နေခွင့် ရမည်။    အလားတူပင်  ငယ်ရွယ်သန်စွမ်းစဉ်က တည်းက  အရိုးများ သန်မာအောင် ဂရုစိုက်ခဲ့ပါက ဂရုမစိုက်ခဲ့သူများနှင့် ယှဉ် လျှင် ကြီးလာသည့်အခါ အရိုးများ ခိုင်မာကာ အရိုးဆိုင်ရာ ကျန်းမာရေးပြဿနာ ကြုံရနည်းသွားမည်။

                 လူငယ်တွေဟာ အရိုး ကျန်းမာရေး ဂရုမစိုက်ကြဘူး။ အရိုးဆိုတာ ကျန်းမာအောင် ဂရုစိုက်ရတဲ့ အရာလို့  သိပ်မခံယူကြဘူး။ တစ်ကယ်ဆိုရင် အရိုး ကျန်းမာရေး ဂရု စိုက်ဖို့ အကောင်းဆုံးအချိန်ဟာ ငယ်တုန်း ရွယ်တုန်း  အချိန်ပဲဆိုတာ သိသင့်ကြတယ်။ အသက်ကြီးလာလေ အရိုး ကျန်းမာရေးက ညံ့ဖျင်းလာလေပဲ။   အသက်ကြီးမှ အရိုး သန်မာအောင် လုပ်ဖို့က ခက်သွားပြီ   ဟု အရိုး အထူးကု  ဆရာဝန် တစ်ဦး    ဖြစ်သော ဒေါက်တာ  လီဆာအန် ဖရေဆာ က ပြော သည်။ 
 
ကယ်လ်ဆီယမ် ဖော့စဖိတ်ဓာတ် နှင့် တစ်သျှူးများကို ကော်ကဲ့သို့ တွဲစပ်ပေးသောကောလိပ်ဂျင်ဓာတ်များဖြင့် အရိုး ကို အဓိက ဖွဲ့စည်းထားသည်။ ငယ်ရွယ်စဉ်မှာ အရိုးများသည် အသစ်အသစ်များ ဖြစ်ထွန်း သည်။ ရှိပြီးသား အရိုးများကိုလည်း ပိုသန်  စွမ်းအောင် ဆဲလ် အသစ်များ က ထပ်လောင်း အားဖြည့်ပေးသည်။  ထိုနည်းဖြင့် လူကို အသက် (၃၀) ၀န်း ကျင်ထိ လိုအပ်သော ခန္ဓာကိုယ်ပုံသဏ္ဍာန် ပေါ်ပေါက်လာအောင် အရိုးများ အသစ်ဖြစ် ခြင်း၊ ရှိပြီးသားနေရာမှာ ထပ်လောင်းအား ဖြည့်ခြင်းများ လုပ်ပေးသည်။   
 
 အသက်(၃၀) ရှေ့ပိုင်း တောက်လျှောက် အရိုး သိပ်သည်းဆသည်  ထပ်လောင်းဖြည့် ပေးသည့် အပိုင်းက ယုတ်လျော့ ပျက်စီးခြင်း အပိုင်းထက် ပိုများသည်။  အရိုးဆဲလ်များ အသစ်ဖြစ်ထွန်းနှုန်းက ပျက်စီးနှုန်းထက်များနေ သည်။ သို့ဖြစ်ရာ ငယ်ရွယ်စဉ်အချိန်တွင် အရိုးနှင့် ပတ်သက်လျှင်  အမြတ် ထွက်ကြသည်ဟု   ဆိုနိုင်သည်။     အသက်(၃၀) ကျော်ပိုင်းရောက်ပြီး အရိုး အသစ်ဖြစ်ထွန်းမှု အမြင့်ဆုံး ကာလကို ကျော်သွားပြီး နောက်တွင်ကား     အရှုံးပေါ်သည့်ဘက်က များလာတော့သည်။  အရိုး ဆဲလ်များ အသစ်ဖြစ်ထွန်း နှုန်း သည် ပျက်စီးယိုယွင်းနှုန်းကို လိုက်မမီဘဲဖြစ်သွားသည်။    ထိုသို့ဖြစ်၍  စိတ်ဓာတ်ကျရန်တော့   မရှိ။ အသစ်ဖြစ်ထွန်း နှုန်း ရပ်သွားခြင်းမဟုတ်။ နှေး သွားခြင်းသာဖြစ်ရာ အရိုးထိခိုက်လျှင် ငယ်ငယ်ကလောက်  မြန်မြန်ပြန်မကောင်းခြင်းမျိုးကို ဆိုလိုသည်။

                အရိုး ကျန်းမာရေးကို ငယ်စဉ်မှာ   ဂရုမစိုက်ခဲ့သူများသည်     ကြီးလာသည့်အခါ  အရိုး သိပ်သည်းဆနည်းကာ အရိုးပွလာပြီး ကျိုးလွယ်သည့် အန္တရာယ် ကြီးမားလာသည်။ အရိုးသိပ်သည်းဆနည်းပါးခြင်းကြောင့် အရိုးပွရောဂါ ဖြစ်ပွားနိုင်သလို အခြားသော အကြောင်းချက်များကလည်း အရိုးပွခြင်း အပေါ် လွှမ်းမိုးမှု ရှိသည်။    အသက်အရွယ်၊ ကျား၊ မ  ကွဲပြားမှု၊ မိသားစု အရိုးဆိုင်ရာမျိုးရိုးဆက်ခံမှု၊ အသောက်အစား ဓလေ့၊ အရိုးကျိုးဖူးသည့် နောက် ကြောင်းရာဇ၀င်များကလည်း လူတစ် ယောက် အသက်ကြီးလာချိန်တွင်     အရိုးပွရောဂါ ဖြစ်ပွားနိုင်ခြေ အနည်း အများကို  လွှမ်းမိုးမှုရှိသည်။ 
 
အရိုးပွခြင်း လက္ခဏာအဖြစ်     ခပ်ဖြည်းဖြည်း  ပြုတ်ကျသည့်တိုင်  လက်ကောက် ၀တ်များ  အက်သွားခြင်း၊ တင်ပါး ဆုံရိုး၊ ခါးရိုးများ အက်သွားခြင်း မျိုးကြုံရ တတ် သည်။   အရိုးသိပ်သည်းဆ မြင့်မားမှသာ  တော်ရုံ လောက်နှင့်  အရိုးကျိုးခြင်းအန္တရာယ် ကို  ကာကွယ် နိုင်မည်။ အရိုးသိပ်သည်းဆ မြင့်မားအောင်မည် သို့ ဆောင်ရွက်ရမည်၊    မည်သည့် အချက်များ  လိုက်နာရမည်ကို    မိမိပြနေကျ ကျွမ်းကျင်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ သက်ဆိုင်ရာ ကျွမ်းကျင် ဆရာဝန်က  လူတစ် ဦးချင်းအလိုက် လိုက်ဖက်မည့် လမ်းညွှန်ချက်များပေးနိုင်သည်။

Ref: Banking on bone health (rdasia.com)

ကိုထိုက်  
Messenger


ဗြိတိန်ရဲ့ ကလေး အမွေးနိုင်ဆုံး မိခင်

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/05/blog-post_4089.html


                  အသက် (၃၉)နှစ်ရှိပြီ ဖြစ်တဲ့ ရက်ဖို့ဒ် ဟာ လက်ရှိအချိန်မှာ သားကိုးဦး၊  သမီးခုနစ်ဦး ပိုင်ဆိုင်ထားပါတယ်။  ဒါပေမဲ့ ရက်ဖို့ဒ်ဟာ နောက်ထပ် ရင်သွေးတစ်ဦး ထပ်မွေးဖွားဖို့ ကိုယ်ဝန်ဆောင်ထားရတာမို့ ကလေးပေါင်း (၁၇)ဦးကို ပိုင်ဆိုင်ထားရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ရက်ဖို့ဒ်ကို ဗြိတိန် ရဲ့ ကလေး အမွေးနိုင်ဆုံး မိခင်အဖြစ် သတ်မှတ်ခံရခြင်း ဖြစ်ပါတယ်။
 
 ရက်ဖို့ဒ်ရဲ့ သမီးဖြစ်သူ ဆိုဖီယာ ကလည်း ကိုယ်ဝန်ဆောင် ထားရပါတယ်။ ရက်ဖို့ဒ်ဟာ နိုဝင်ဘာလမှာ   မွေးဖွားဖို့  မှန်းထားပြီး သမီးဖြစ်သူ ဆိုဖီယာက သီတင်းကိုး ပတ်စောပြီး မွေးဖွား လိမ့်မယ်လို့  ခန့်မှန်းထားပါတယ်။  ရက်ဖို့ဒ်ဟာ (၁၇)ဦး မြောက် ကလေး ကို ပိုင်ဆိုင်ရမှာ ဖြစ်ပေမယ့် သမီးဖြစ်သူနဲ့ လပိုင်းလောက်သာခြားပြီး မွေးဖွားရမှာဖြစ် လို့    မပျော်မရွှင် ဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆို တော့ ရက်ဖို့ဒ်ဟာ သူ့ရဲ့မြေးကို အပြည့်အ၀ ပြုစုစောင့်ရှောက်ခွင့်မရမှာကို စိုးရိမ်နေခြင်း ဖြစ်ပါတယ်။

                ရက်ဖို့ဒ် ဟာ   ကလေးတစ်ယောက် မွေးပြီးတိုင်း နောက်ထပ် ကလေးမယူတော့ဘူး လို့ အကြိမ်ကြိမ်ပြောခဲ့ပေမယ့် အခုဆိုရင် (၁၇)ဦးမြောက် ကလေးကိုတောင် ပိုင်ဆိုင် ရတော့မှာ ဖြစ်ပါတယ်။  ရက်ဖို့ဒ်ရဲ့ ကလေး တွေဟာ အသက် (၂၅)နှစ်၊  (၂၀)နှစ်၊  (၁၈) နှစ်၊  (၁၇)နှစ်၊  (၁၅)နှစ်၊  (၁၃)နှစ်၊ (၁၂)နှစ်၊ (၁၁)နှစ်၊ (၁၀)နှစ်၊ (၉)နှစ်၊ (၈)နှစ်၊ (၇) နှစ်၊ (၅)နှစ်၊ (၄)နှစ်၊ (၂)နှစ်နဲ့ (၁)နှစ်  အရွယ် အသီးသီးရှိနေကြပြီဖြစ်ပါတယ်။ ရက်ဖို့ဒ် ဟာ လန်ကတ် ရှိုင်းယားဒေသရှိ အိပ်ခန်းကိုး ခန်းပါ ကလေးပြုစုထိန်းသိမ်းရေး ကျောင်း ဟောင်းမှာ နေထိုင်ပြီး  တစ်နေ့ အတွက် ချက်ပြုတ်ရတဲ့ အစားအစာက ပေါင်မုန့် အကြီး သုံးလုံး၊ ကွေကာအုပ် နှစ်ဗူး၊ နွားနို့ (၁၈) ပန့်၊ ၀က်သား (၁၆)ခွက်၊ အာလူး (၁၅) ပေါင်၊   ဂေါ်ဖီ ထုပ်သုံးထုပ်နဲ့ မုန်လာဥ (၃၀) ချောင်းတို့ ဖြစ်ကြပါ တယ်။  ရက်ဖို့ဒ်ဟာ မိသားစုတွေ စုဝေးပြီး ပျော်ပါးစွာနေထိုင်ရတာကို သဘောကျမိကြောင်း ဆိုခဲ့ပါတယ်။

အေသင်အောင်
Messenger

ဆေးမြီးတိုအစိုးရ၊ အမြန်လမ်းနှင့် စီးပွားရေးဈေးကွက် (ဖြတ်သန်းခဲ့ရသည့် သတင်းထောက်ဘ၀ အတွေ့အကြုံ) – အောင်ထွန်းလင်း



သေသူရဲ့ ယောက္ခမဖြစ်တဲ့ ဒေါ်သန်းသန်းဌေးကတော့ အငိုမျက်လုံး မချိမျက်နှာဖြစ်နေပုံကို တို့အစိုးရမင်းများ သတင်းစာမှာ အကျယ် တ၀င့် ဖော်ပြထားလေရဲ့။ ဒါတင်ချည်းလား မဟုတ်ရဲ့။ အထူးခရီးသွား အာမခံ လျော်ကြေး ရှိတဲ့ကားကိုပဲ စီးနင်းရင်ဖြင့် ပိုပြီးလုံခြုံရဲ့ဆိုပြီး ရေးသားလို့ရေးရဲ့။ ကောင်းကြသေးရဲ့လားလို့ပဲ အော်ဩအော်ပြီးတော့ မေးလိုက်ချင်ပါရဲ့။ အောင်မလေး၊ ဒါတင်လား မဟုတ်ဘူး။ ဘဏ္ဍာရေးဒုဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက အခုလိုမျိုး အာမခံလျော်ကြေးပေးရတာ အစိုးရအနေနဲ့ အရှုံးပေါ်တယ်ဆိုပြီး မီဒီယာတွေကိုပြော …



အမြန်လမ်းပေါ်ခရီးသွားရင်း ကား မှောက်တာကြောင့် လူ ၁၄ ဦး သေဆုံးခဲ့ တာကို တွေ့ရတော့ အောင်မလေး ဟဲ့လို့ ညည်းမိပါရဲ့။ ဘယ်လိုကြောင့်များ ဒီ လောက်တောင် ဖြစ်ရတာလဲ။ ဖြစ်တဲ့နေ့ ကလည်း မြန်မာလူမျိုး ဗုဒ္ဓ ဘာသာဝင် တွေ အလေးအနက်ထားတဲ့ ကဆုန်လပြည့် နေ့ဆိုတော့ သြော် ဩဖြစ်မှ ဖြစ်ရလေ ခြင်းဆိုပြီး စိတ်မကောင်းလည်း ဖြစ်မိပါရဲ့။ ဒီလောက်တောင် သေရလောက်အောင် ကားကိုများ ဘယ်လိုမောင်းကြ သလဲ ဆိုပြီး တွေးနေတုန်း သတင်းတကာ့ သတင်းအပျံ့ဆုံးလို့ ပြောရမယ့် လူမှုကွန်ရက်ဖေ့စ်ဘုတ် ကြီးမှာ ဩဓာတ် ပုံတွေ တက်လာပါလေရဲ့။ ဩဓာတ်ပုံတွေကို မြင်တော့မှ ပိုလို့တောင် စိတ်မကောင်းဖြစ်ခဲ့ရရဲ့။ ရခဲလှတဲ့ လူ့ဘ၀မှာ ပြန်ထွက်သွားရတာတောင် အဖြစ်ဆိုး ရချည်ရဲ့။…

တိုက်ဆိုင်လိုက်တာများကလည်း အမြန်လမ်းကြီးပေါ် လူတွေက ခဏခဏ သေနေလို့ အကျွတ်ဆိုလား၊ အလွတ်ဆိုလား ပွဲတွေလည်း လုပ်ကြတာတွေ့ရရဲ့။ ဘာတဲ့ဩသတင်းတွေကလည်း ထွက်လာ ပါရဲ့။ အကျွတ်အလွတ်ပွဲမှာ ရာဇမတ် ကာထားတဲ့နေရာမှာ လူကြီးတွေကော၊ ကလေးငယ်တွေရဲ့ ခြေရာတွေပါ ပေါ်လာ တယ်ဆိုပြီး သတင်းတွေလည်း ဖတ်ရပါရဲ့။ အကျွတ်အလွတ်ပွဲလည်း အပြီး ရက်ပိုင်း ကလေးတင် နောက်ထပ် လူ ၁၄ ဦး မရှုမလှ ကွယ်လွန် ကြရပြန်တော့ ဘာတွေများ ဖြစ်နေတာလဲလို့ဆိုပြီး တွေးမိပြန်ရဲ့။

စိတ်ထဲမှာလည်း တော်တော်လေး တိုနေမိရဲ့။ တို့အစိုးရမင်းများ ဘာလုပ်နေ ကြသလဲဆိုပြီး တစ်ကိုယ်တည်း ကြိတ်မနိုင် ခဲမရ ဖြစ်ရပါရဲ့။ မိုင်ပေါင်း ၃၆၀ ကျော်ရှည် တဲ့ ဒီအမြန်လမ်း လူပေါင်း ၃၆၀ ကျော် အသက်ကို ဆွဲနုတ်ယူ သွားလေရခြင်းက ဘယ်သူ့မှာများ အပြစ်ရှိသလဲရဲ့ဆိုပြီး တွေးမိ ပါရဲ့။ တွေးမိနေတုန်း တန်းလန်း တို့များရဲ့ ဒုတိယသမ်္မတမင်းကြီး ဦးဉာဏ်ထွန်းနဲ့ အဖွဲ့ လူ ၁၄ ဦး သေဆုံးခဲ့ရတဲ့ ရာဇာမင်းကား မှောက်ရာကို သွားရောက်ပါရဲ့။ ချီးကျူး လောက်ပါပေရဲ့။ တို့ပြည်သူများ အရေး ဒုသမ်္မတမင်း ကိုယ်တိုင် လာရောက်ရတဲ့ အကျိုး တယ်လီဖုန်းလိုင်းကြီးတောင် ချက်ချင်းငေါက်ခနဲ ပေါ်လာပါရဲ့။ ဘာတဲ့ ဟောလိုင်း နံပါတ် ၁၈၈၀ ဆိုလား၊ တခြား အရေးပေါ် ဆက်သွယ်ရမယ့်ဖုန်းတွေ ဟောခနဲ ဟောခနဲ ထုတ်ပြန်ပါရဲ့။ အမြန် လမ်းကြီး အန္တရာယ် ကင်းရှင်းဖို့နဲ့ တစ်ခုခု ဖြစ်ခဲ့ရင် ကူညီရအောင်ဆိုလား ချက်ချင်း ဆိုသလို ထုတ်ပြန်ပါရဲ့။ တို့များ ပြည်သူ အပေါ် အလေးဂရုပြု၊ ချက်ချင်းဆိုသလို အရေးတယူ ဆောင်ရွက်ပါရဲ့။ ဒါပေသိ အမြန်လမ်းမကြီးက အောက်ခြေမညီဘဲ လိမ်နေတာတွေ၊ ညပိုင်းမောင်းနှင်ရင် Night Light မရှိတာတွေကို တို့များရဲ့ ဆောက်လုပ် ရေးဌာနကြီးနဲ့ မဆိုင်ဘူးထင်ပြီး ပြောတယ် ထင်ပါရဲ့။

ဟောဩမတ်လ ၁၅ ရက်နေ့ ရောက် ပြန်တဲ့အခါ အပြစ်ရှိသူ ရာဇာမင်းကား ရန်ကုန်-မန္တလေး ပြေးဆွဲခွင့် ပိတ်စေလို့ အမိန့်တော် ပြန်ပါလေရဲ့။ ဒါတင်ချည်းလား မဟုတ်ဘူးရဲ့။ မတ်လ ၁၄ ရက်နေ့မှာလည်း သေဆုံး ရသူ ၁၄ ဦးအတွက် အာမခံ လျော်ကြေးအဖြစ် အာမခံလုပ်ငန်းနဲ့ ရာဇမင်း က စုပေါင်းပြီး တစ်ဦးကို ကျပ်သိန်း ၆၀ ပေးတဲ့ အခမ်းအနားကြီးကို နေပြည်တော် ဘဏ္ဍာရေး ၀န်ကြီးဌာနရုံးခန်းမှာ တခမ်း တနားနဲ့ လုပ်ပြန်ပါရဲ့။ အစိုးပိုင် မီဒီယာမှာ လည်း အထူးခရီးသွား အာမခံလျော်ကြေး ငွေပေးအပ်ဆိုပြီး စာလုံးမည်းကြီးနဲ့ ဖော်ပြ လို့ သေဆုံးသူရဲ့ မိသားစုပုံတွေကို တခမ်း အနား ဖော်ပြလေရဲ့။

လျော်ကြေးပေးခဲ့ရတဲ့ မြန်မာ့အာမခံ လုပ်ငန်းနဲ့ အာမခံကုမ္ပဏီတွေက လူတွေ ရဲ့ ခန့်ခန့်ထည်ထည် အပြုံးတွေ နဲ့ ၀င့်ကြွား နေသလောက် သေသူရဲ့ ယောက္ခမဖြစ်တဲ့ ဒေါ်သန်းသန်းဌေးကတော့ အငိုမျက်လုံး မချိမျက်နှာ ဖြစ်နေပုံကိုတို့ အစိုးရမင်းများ သတင်းစာမှာ အကျယ်တ၀င့် ဖော်ပြထား လေရဲ့။ ဒါတင်ချည်းလားမဟုတ်ရဲ့။ အထူးခရီးသွား အာမခံလျော်ကြေးရှိတဲ့ ကားကိုပဲ စီးနင်းရင်ဖြင့် ပိုပြီးလုံခြုံရဲ့ဆိုပြီး ရေးသား လို့ရေးရဲ့။ ကောင်း ကြသေးရဲ့လားလို့ပဲ အော်ဩအော်ပြီးတော့ မေးလိုက်ချင်ပါရဲ့။ အောင်မလေးဍ ဒါတင်လား မဟုတ်ဘူးရဲ့။ ဘဏ္ဍာရေး ဒုဝန်ကြီး ဒေါက်တာမောင်မောင် သိမ်းက အခုလိုမျိုး အာမခံလျော်ကြေးပေးရ တာ အစိုးရအနေနဲ့ အရှုံးပေါ်တယ်ဆိုပြီး မီဒီယာတွေကို ပြောလိုက်သေးရဲ့။ သြော် ဩ အသက်တစ်ချောင်း အတွက်ပေးလိုက်ရ တဲ့ သူတို့လျော်ရတာဟာ တကယ်တော့ သိန်း ၃၀တည်းရယ်ပါ အရပ်ကတို့ရဲ့။ လူ အသက်တစ်ချောင်းနဲ့ သိန်း ၃၀ ဘယ်ဟာ ပိုတန်ဖိုးရှိတယ်ဆိုတာ မသိလို့များ ပြော လိုက်လေသလားဆိုပြီး ငေါက်ငမ်းမိလိုက် ချင်ရဲ့။

ဟောဩမတ် ၁၅ ရက်မှာပဲ လူ ၁၄ ဦး သေဆုံးခြင်းဟာ လမ်းကြောင့် မဟုတ်၊ ရာသီဥတုနဲ့ ယာဉ်မောင်းရဲ့ အားနည်းချက်လို့ အစိုးရမင်းများက မီဒီယာတွေကို ပြောပြန်လေရဲ့။ အများပြည်သူများက ဒါဟာအမြန် လမ်းကြောင့်လို့ ပြောနေတာတွေ မဟုတ်ပါ ဘူးရဲ့လို့ ငြင်းချက်ထုတ်သူက ဆောက်လုပ် ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးစိုးတင့်ပါရဲ့။ အင်းပေါ့လေဩမှုခင်းတစ်ခု ဖြစ်ရင်ဖြင့် တရားခံဆိုတာရှိရမယ်ဆိုတော့ တရားခံကို လက်ညှိုးထိုးပြလိုက်ခြင်း ဖြစ်မယ်ထင်ပါရဲ့။ နောက်ပြီးတော့ လူ ၁၄ ဦး သေအောင် မောင်းတဲ့ ရာဇာမင်း ကား မောင်းဆရာက ယာဉ်မောင်းလိုင်စင်ပိတ်ခံထားရသူဖြစ်ပြီး မကြာခင် ရာသက်ပန်အထိ ယာဉ်မောင်းခွင့် ပိတ်ဖို့ လုပ်နေတယ် ဆိုပြီးတော့လည်း သတင်းထုတ်လိုက်သေးရဲ့။ အေးပေါ့လေ ဩအပြစ်ရှိရင် ခံရမှာကတော့ ဖြစ် သင့်တဲ့ လုပ်ရပ်တစ်ခုမို့ အားပေးပါရဲ့။ နောက်ပြီး တော့ အမြန်လမ်းကြီးကို ရှစ်လမ်းသွား အထိ တိုးချဲ့ သွား မယ်ဆိုပြီး သတင်းထုတ် လိုက်ပြန်သေးရဲ့။

အရေးရယ် အကြောင်းရယ် ဖြစ်လာပြီ ဆိုရင် ဘယ်ကိစ္စကိုမဆို ဆေးမြီးတိုနဲ့ ကုတတ်တဲ့ အစိုးရမင်းရယ်လို့ပဲ ပြောလိုက် ချင်တော့ပါရဲ့။ ဘာလို့လဲဆိုရင်ဖြင့် အစိုးရ ဘတ်ဂျက်လိုရင် ငွေတွေ ရိုက်ထုတ်တာ၊ ပြည်သူ့ဆီက မရရတဲ့နည်းနဲ့ အခွန်ကောက်တာ၊ ဈေးနှုန်းတက်တာတွေက မကြာခဏ ဆိုသလို ဖြစ်နေတာ မဟုတ်ပါလား အရပ် ကတို့ရဲ့။ ဒါတင်လား မဟုတ်သေးရဲ့။ အစိုးရ ဌာနတွေ သွားရင် အလုပ်ကလေး အဆင် ပြေဖို့ ပေးလား ပေးရရဲ့၊ ကမ်းလားကမ်း ရရဲ့။ ဟိုစကားတစ်ခုရှိသေးတယ် ပရိသတ် ရဲ့။ အထုပ်မပါ အလုပ်မလာ၊ အထုပ်သေး အလုပ်နှေး၊ အထုပ်ကြီး အလုပ်ပြီးဆိုပြီး အစိုးရဌာနမင်းများရဲ့ကျင့်စဉ်တွေကို လှောင် ပြောင် သရော်ထားတာ လည်း ရှိသေးရဲ့။

ဟောဩနောက်ဆုံး ဘာဖြစ်လာတယ် ထင်သလဲ အရပ်ကတို့ရဲ့။ လူ့အသက် ၁၄ ချောင်းကို အမြန်လမ်း ကြီး ပေါ် ရင်းလိုက် တာ အာမခံလုပ်ငန်းကြီးတွေ အတွက် အကွက်စိုက်လာပြန်လေရဲ့။ အထူးခရီးသွား အာမခံ လက်မှတ်ဝယ်ထားလို့ ဒီလူတွေ လျော်ကြေးရတာဆိုပြီး အစိုးရသတင်းစာ တွေကပါ လော်ဘီလုပ်ကြတော့ မြန်မာ့ အာမခံလုပ်ငန်းက အကွက်စိုက်တဲ့အပြင် ပုဂ်္ဂလိကအာမခံလုပ်ငန်းတွေကပါ အပြိုင် အဆိုင်ဖြစ်လာ ပါလေရဲ့။ တချို့အာမခံလုပ် ငန်းဆိုရင် တစ်ယူနစ် မဟုတ်ဘူး၊ နှစ်ယူနစ် ထိ ၀ယ်နိုင်တယ်ဆိုပြီး ကြော်ငြာ လာတော့ လူ့အသက်ကိုရင်းပြီး လောင်းကစားလုပ် ငန်းကြီး တွင်ကျယ်မှာတော့ စိုးရိမ်မိပါရဲ့။ ဒါတင်လား မဟုတ်သေးဘူးနော် ပရိသတ် ရဲ့၊ ကြော်ငြာလိုက်ကြတာများ ဘယ်အပိုင်း လောက်ထိရင် ဘယ်လောက်ရမယ်၊ ဘယ် အစိတ်အပိုင်းကို ထိရင် ဘယ်လောက်ရ မယ်ဆိုပြီး ရာခိုင်နှုန်းတွေအလိုက် ပြော ကြ၊ ဆိုကြ၊ ကြော်ငြာ ကြဆိုတော့ တို့တွေ အသက်ဝိညာဉ်နဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်း တွေက ဒီလောက်ပဲ တန်ဖိုးရှိသလားလို့ တောင် တွေးမိပါရဲ့။

တစ်လက်စတည်း အငေါ်တူးလိုက် ချင်တာ အစိုးရမင်းရဲ့ အမြန်လမ်းကြီးပေါ် ကားစီးရတော့မှပဲ တို့တွေလည်း တန်ဖိုး ဖြတ်ခံရချည်ရဲ့ဆိုပြီး အော့နှလုံးနာမိပါရဲ့။ အာမခံလုပ်ငန်းက သူ့ဟာသူ သူ့အလုပ် သူလုပ်ပေမယ့် လည်း အခုလိုဖြစ်တော့မှ တန်ဖိုးဖြတ်ခံရလေရဲ့ဆိုပြီး တို့အစိုးရမင်း ကိုချည်း တစ်ခုလောက်တော့ ပြောလိုက် ချင်ပါရဲ့။

တို့ပြည်သူများ အသက်ကို ဘယ်သူ ကမှ တန်ဖိုးဖြတ်တာမခံရချင်သလို ပြဿနာ တစ်ခုဖြစ်တိုင်း ဆေးမြီးတိုနဲ့ ချည်း ကုကု နေတာတွေကြောင့် တန်ဖိုးရှိတဲ့အသက် တွေကို စတေးနေရတဲ့ အမြန်လမ်းပေါ်က အဖြစ်အပျက် တွေကို ရပ်တန့်ဖို့ကောင်းပြီ လို့ ပြောချင်ရဲ့။ ကားသမားမှားရင် ကား သမားကို တရားစွဲဖို့ ဥပဒေရှိပြီသားမို့ သူ့ ကို အပြစ်ဖို့ခြင်းထက် ကိုယ့်ဘက်က ဒါ တွေ မဖြစ်အောင် အဘက်ဘက်က ပြင် ဆင်လိုက်ရင်ဖြင့် မပြန်လမ်းလို့ နာမည် ထွက်တဲ့ အမြန်လမ်းကြီးလည်း ပြည်သူ့ အကျိုးပြုလမ်းမကြီးအဖြစ် နာမည်ကောင်း ပြန်ရလာပါလိမ့် မယ်လို့ပဲ ပြောလိုက်ချင် ပါတော့တယ် အစိုးရမင်းရဲ့။

myanmarthandawsint


ပိုလီယိုရောဂါ ခေါင်းပြန်ထောင်လာ


ေ ခေါင်းငုံ့ တိမ်မြုပ်နေသော ပိုလီယို ပြန်ထလာပြီ။ ပိုလီယို သည် ကမ္ဘာ့ ပြည်သူများ ကျန်းမာရေးကို တစ်ဖန် ပြန်ခြိမ်းခြောက် လာနေပြီ။

ကမ္ဘာတစ်ဝန်း ပြီးခဲ့သည့် နှစ်ပိုင်းများ အတွင်း ပိုလီယိုပိုး ပြန်လည် ပျံ့ပွား လာမှုသည် ကမ္ဘာ့ ပြည်သူများ ကျန်းမာရေး ကိုပါ ခြိမ်းခြောက် လာသည့် အရေးပေါ် အခြေအနေ ရောက်နေပြီ ဟု ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး WHO က သတိပေးချက် ထုတ်ပြန် လိုက်သည်။

အာရှ၊ အာဖရိက၊ အရှေ့ အလယ်ပိုင်း ဒေသ တို့တွင် ပြီးခဲ့သည့် နှစ်ပိုင်းများ အတွင်း ပိုလီယို တစ်ပြိုင်တည်း အသစ် ပျံ့ပွား မှုများ ရှိခဲ့ရာ ““သာမန်ထက် စိုးရိမ်စရာ ကိစ္စ””ဖြစ်ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်း က တက်ညီ လက်ညီ ကိုင်တွယ် ရမည့် ကမ္ဘာ့ ကျန်းမာရေး ပြဿနာကြီး ဟု WHO က တိုက်တွန်း ဆော်သြ လိုက်သည်။ ပိုလီယို ခေါင်းပြန်ထောင်နေသော နိုင်ငံများမှ အခြား နိုင်ငံများသို့ ဆက်လက် ပျံ့ပွားခြင်း မရှိစေရန် ပိုလီယို ရှိနေသော နိုင်ငံများမှ ပြည်ပ ထွက်ခွာ သူအားလုံး ပိုလီယို ကင်းစင် ကြောင်း ထောက်ခံချက် လက်မှတ် ရယူကြရမည် ဟု WHO က အကြံပြုချက် ထုတ်ပြန် ထားသည်။ ပါကစ္စတန်၊ ကင်မရွန်း နှင့် ဆီးရီးယား တို့သည် ၂၀၁၄ ခုနှစ် တွင် နိုင်ငံ ပြင်ပသို့ ပိုလီယိုပိုး ပျံ့ပွားအောင် လုပ်နိုင်ခြေ အရှိဆုံး နိုင်ငံများ စာရင်း ထဲတွင် ပါနေသည်။

၂၀၁၃ ခုနှစ် တစ်နှစ် အတွင်း ကမ္ဘာတစ်ဝန်း ပိုလီယို အသစ်ဖြစ်ပွားမှု ပေါင်း (၄၁၇) ဦးထိ ရှိခဲ့သည်။ ၂၀၁၄ ဧပြီ (၃၀)ရက်နေ့ အထိ လည်း အသစ် ဖြစ်ပွားသူ (၆၈)ဦးကို မှတ်တမ်း တင်ထား နိုင်ပြီဖြစ်သည်။ ပြီးခဲ့ သည့်နှစ် ကာလတူ တွင် အသစ် ဖြစ်ပွားသူ(၂၄)ဦးသာ ရှိခဲ့ရာ များစွာတက် လာသည် ကို တွေ့နိုင်သည်။

ပိုလီယို သည် အသက်ငါးနှစ် အောက် ကလေးများ ကို အဓိက ကူးစက် သည်။ ရေနှင့် အစားအစာ မှ တစ်ဆင့် ပိုလီယိုပိုး အဓိက ပြန့်ပွားပြီး လူ၏ ခန္ဓာကိုယ် ထဲရောက် သောအခါ အူအတွင်း အခြေ တည်ကာ ပိုးများ ပေါက်ဖွားသည်။ ထို့နောက် အာရုံကြောစနစ်များ အတွင်း ၀င်ရောက် ပြီး ခန္ဓာကိုယ်ကို ထိန်းချုပ် နေသော အာရုံကြောများ ကို အလုပ် ရပ်ဆိုင်းအောင် လုပ်သည်။ ပိုလီယို ပိုး ကူးစက်ခံ ရသူ ၂၀၀ တွင် တစ်ယောက် သည် ခန္ဓာကိုယ် အကြော များသေသွား တတ်သည်။ အလွန် ပြင်းထန်ပါက နာရီပိုင်း အတွင်း သေဆုံးသည် အထိ ဖြစ်ပွား စေသည်။

ကြီးသထက် ကြီးလာသော အန္တရာယ်

““ပိုလီယို ခေါင်းပြန်ထောင် လာနှုန်းဟာ ကမ္ဘာ့ ပြည်သူများ ကျန်းမာရေး အရေးပေါ် အခြေအနေ ကြေညာ ဖို့လိုတဲ့ အချက်တွေ အားလုံးနဲ့ ကိုက်ညီနေ တာကြောင့် WHO က ကြေညာ ခဲ့တာ ဖြစ်ပါတယ်””ဟု WHO ဒုတိယ အမှုဆောင် အရာရှိချုပ် ဘရုစ်အေးဝါ့ဒ် က ပြောသည်။

ပိုလီယို ခေါင်းပြန် ထောင်လာသော နိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်သော ပိုလီယို အရေးပေါ် အစည်းအဝေး ကို ပြီးခဲ့သည့် အပတ်က ဂျနီဗာမြို့တွင် WHO ဦးဆောင်ပြီး ပြုလုပ်ခဲ့သည်။

““ပိုလီယို ခေါင်းပြန်ထောင် လာတာဟာ သာမန်ထက် ပိုကဲတဲ့ အခြေအနေ မျိုးဖြစ်လာခြင်း ကြောင့် ပိုလီယို မရှိသေးသော နိုင်ငံများ အတွက်ပါ စိုးရိမ်ဖွယ် ဖြစ်လာ သဖြင့် နိုင်ငံတကာ အသိုင်းအ၀ိုင်း လက်တွဲ ညီညီ ဆောင် ရွက်ကြရန် အထူး လိုအပ်သည်””ဟု WHO ၏ နိုင်ငံတကာ ကျန်းမာရေး စည်းမျဉ်း စည်းကမ်းများ ဆိုင်ရာ အရေးပေါ် ကော်မတီ ကလည်း ကြေညာချက် ထုတ်ပြန် ထားသည်။

““ကမ္ဘာ့ အသိုင်းအ၀ိုင်းက လက်တွဲ ညီညီ တိုက်ဖျက်ဖို့ ပျက်ကွက် ခဲ့မည်ဆိုပါက ကာကွယ်ဆေး ရှိပါလျက်နှင့် ပင် မထိန်းချုပ် နိုင်တော့သော အခြေအနေမျိုး ရောက်သွား နိုင်သည်””ဟု ထပ်လောင်း သတိပေး ထားသည်။

အာဖဂန်နစ္စတန်၊ ဂီနီယာ၊ အီသီယိုးပီးယား၊ အီရတ်၊ အစ္စရေး၊ ဆိုမာလီယာ၊ နိုင်ဂျီးရီးယား တို့သည်လည်း ၂၀၁၄ ခုနှစ်တွင် အခြား နိုင်ငံများ သို့ပါ ပိုလီယို ပျံ့ပွား အောင် လုပ်ဆောင် လာနိုင်သည့် နိုင်ငံများ ဖြစ်သည်ဟု WHO က စာရင်းသွင်း ထားသည်။ ကမ္ဘာ့ ပြည်သူများ အတွက် ကျန်းမာရေး အရေးပေါ် သတိပေးချက် ထုတ်ပြန်ခြင်း သည် WHO သမိုင်း၌ ၂၀၀၉ ခုနှစ် ဆားစ် ရောဂါ ကာလက တစ်ကြိမ်နှင့် ယခု ပိုလီယို ခေါင်းပြန်ထောင် လာသည့် တစ်ကြိမ်သာ ရှိသေးသည်။

ပါကစ္စတန်၊ အာဖဂန်နစ္စတန် နှင့် နိုင်ဂျီးရီးယား တို့တွင် ပိုလီယို သည် လူသားများ ကျန်းမာရေး ကိုပါ ခြိမ်းခြောက် သည့် ရောဂါဆိုးကြီး အဖြစ် ဆက်ကျန် ရှိနေသည်။ အထူးသဖြင့် ပါကစ္စတန် တွင် ပိုလီယို ကာကွယ်ဆေး တိုက်ကျွေး သူများကို တာလီဘန်များ က ပစ်ခတ် သတ်ဖြတ် မှုများကြောင့် ပိုလီယို တိုက်ဖျက်ရေး လုပ်ငန်းများ နှောင့်နှေး ကာ ပိုလီယို ပျံ့ပွားမှုများ ဆက်ကြီးထွား နေသည်။

ပြီးခဲ့သည့် (၁၄)နှစ် တိုင်တိုင် ပိုလီယို ကင်းစင်ခဲ့ သော ဆီးရီးယား နိုင်ငံသည် လည်း ပါကစ္စတန် မှလာ သော ပိုလီယို ပိုးကြောင့် ပိုလီယို နိုင်ငံ အဖြစ် ပြန်လည် သတ်မှတ် ခံနေရသည်။ ဆီးရီးယား တွင် သုံးနှစ်ကျော် ကြာလာသည့် တိုင် မပြီးသေးသော ပြည်တွင်းစစ် ကြောင့် လည်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပျက်စီး ကာ ပိုလီယို ခေါင်းပြန်ထောင် လာခြင်းဖြစ်သည်။ ဆီးရီးယားမှ စစ်ပြေး ဒုက္ခသည်များ သည် ဂျော်ဒန်၊ လက်ဘနွန် နှင့် တူရကီ နိုင်ငံများသို့ ကူးပြောင်း ၀င်ရောက် လျက်ရှိရာ ထိုသူများ ကို ပိုလီယို ရှိမရှိ စစ်ဆေးရန် လည်း မဖြစ်နိုင်လောက် အောင်ခဲယဉ်း နေသဖြင့် အိမ်နီးချင်း များဖြစ်သော ထိုသုံးနိုင်ငံ သို့ပါ ပိုလီယို ပိုး ပြန့်လာမည် ကို စိုးရိမ် ရလျက်ရှိသည်။

ပိုလီယို သည် ၁၉၈၈ ခုနှစ်တွင် ကမ္ဘာ့ နိုင်ငံပေါင်း (၁၂၅) နိုင်ငံ တွင် အသက်ကို ရန်ရှာ နိုင်သော ရောဂါဆိုး ကြီး အဖြစ် ရှိခဲ့ရာမှ ယခုအခါ အာဖဂန်နစ္စတန်၊ ပါကစ္စတန် နှင့် နိုင်ဂျီးရီးယား တို့တွင်သာ ကျန်ရှိ တော့သည်။ သို့သော် ပြီးခဲ့သော နှစ်ပိုင်းများ အတွင်း ပိုလီယို ကင်းစင်သော နိုင်ငံများ တွင်ပါ ပိုလီယို ခေါင်းပြန်ထောင် လာခဲ့သည်။

၂၀၁၈ ခုနှစ် နောက်ဆုံး ထားပြီး ပိုလီယို ကို ကမ္ဘာပေါ်မှ လုံးဝ နိဂုံးချုပ် သွားအောင် တိုက်ထုတ်ရန် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက ရည်မှန်းချက် ချထားသည်။

Ref: World facing polio health emergency (BBC, AFP, Euronews)
The Messenger


ရန်ကုန်လေဆိပ်အား ခရီးသည် (၆) သန်းအထိ ၀င်ရောက်နိုင်ရန် (၁၈) လ အတွင်း အပြီးသတ် အဆင့်မြှင့်တင်မည်


ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ခရီးသည် ခြောက်သန်းထိ ၀င်ရောက်နိုင်ရန် (၁၈) လ အတွင်း အပြီးသတ် အဆင့်မြှင့်တင် သွားမည် ဖြစ်သည်။ လက်ရှိ ရန်ကုန် လေဆိပ်သည် ခရီးသည် သုံးသန်း ၀န်းကျင်သာ အများဆုံး လက်ခံနိုင် သဖြင့် ခရီးသည် ပိုမို ၀င်ရောက် လာစေရန် ၂၀၁၅ ခုနှစ်အတွင်း အပြီးသတ် အဆင့်မြှင့်တင်သွားမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ လေဆိပ် တည်ဆောက်ရေးပိုင်းကိုတော့ ကုမ္ပဏီက ဆောင်ရွက်သွားမှာပါ ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်း က ပြောသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အဆင့်မြှင့်တင်ခြင်းအား ဆောင်ရွက်ရန် အေးရှားဝေါလ် ကုမ္ပဏီ၏ လက်အောက်ခံ Pionner Aerodr- ome Services ကုမ္ပဏီ ကို ရွေးချယ်ထားကြောင်း လေကြောင်း ပို့ ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ယင်းကဲ့သို့ အဆင့်မြှင့်တင်ရာတွင် လက်ရှိ အသုံးပြုနေသည့် ပြည်တွင်းခရီးသည် ဆိုက်ရောက် ထွက်ခွာဆောင်အား ဖြိုဖျက်၍ ပြန်လည် အသစ် တည်ဆောက်သွားမည် ဖြစ်ပြီး၊ ပြည်ပခရီးသည် ဆိုက်ရောက် ထွက်ခွာဆောင်ကိုမူ ဖြိုဖျက်ခြင်း မပြုဘဲ ထပ်မံ တိုးချဲ့ သွားမည်ဖြစ်ကြောင်း သိရသည်။

အခုလည်း ရန်ကုန်လေဆိပ်က ခရီးသည် ၀င်ထွက်တာ အများဆုံး လုပ်နေတဲ့ လေဆိပ်တစ်ခုဖြစ်တဲ့ အတွက် နိုင်ငံတကာ အဆင့်မီ ဖြစ်ဖို့တော့ လိုအပ်တယ်”” ဟု MAI လေကြောင်းလိုင်းမှ မန်နေဂျာ ဒေါ်အေးမရသာ ကပြောသည်။

ထို့ပြင် ခရီးသည် (၁၀) သန်းခန့် အထိ ၀င်ရောက်နိုင်မည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်ရန် ကုမ္ပဏီ တစ်ခုကို လည်း မကြာမီ ရွေးချယ်မည် ဖြစ်ပြီး၊ ယင်းလေဆိပ်အား ၂၀၁၈ ခုနှစ်တွင် အပြီးသတ် တည်ဆောက်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

လက်ရှိ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် အရှေ့တောင် အာရှ နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အနည်းငယ် လိုအပ်ချက် ရှိနေပြီး၊ အဆင့်မြှင့်တင်မှုများ ပြုလုပ်ပြီးပါက နိုင်ငံတကာ အဆင့်မီ လေဆိပ်တစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။


The Messenger's Local News Detail
www.messengernewsjournal.com
messenger news journal


အမြန်လမ်းမှာ ကံစမ်းပါ မောင်မှန် (သရော်စာ)


အမြန်လမ်းလား၊ မပြန်လမ်းလားမသိ၊ ကာတွန်းတွေက ကလိလှပြီ။

တမလွန်ကို အမြန်ရောက်တဲ့ လမ်း လား၊ အိမ်ကို ပြန်မရောက်တဲ့ လမ်းလား၊ ဘယ်သူများ ပြောပြနိုင်မှာပါလိမ့်နော်။
လက်တွေ့ဖြစ်ရပ်ကတော့ နှစ်ခုလုံးပါပဲလို့ အဖြေပေးနေပါပြီ ခင်ဗျာ။

(၁၂-၅-၁၄) က အမြန်လမ်း ၁၉၇ မိုင်မှာ ရာဇာမင်းကားဟာ တံတားပေါ်ကနေ အောက်ကို ထိုးကျခဲ့ပြန်ပါပြီ။ ခရီးသည် ၁၄ ဦး သေဆုံးပြီး ၃၀ ဦး ဒဏ်ရာ ရရှိသွားပါတယ်။ စိတ်မချမ်းမြေ့စရာ သတင်းပါ။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အမြန်လမ်း ရဲ တပ်ဖွဲ့မှူး ရဲမှူးကြီး နေ၀င်းက အခင်းဖြစ်ပွားနေတဲ့အချိန်မှာ အမြန်လမ်းမှာ မိုးတွေ အရမ်းရွာနေတယ်။ အမြန်လမ်းမှာ မိုးအရမ်းရွာနေရင် ကားကို ရပ်ထားသင့်ပါတယ်။

ဒါပေမဲ့ အဲဒီကားက ရပ်မထားဘဲ မိုးရွာ နေတဲ့အချိန်လည်း မောင်းလို့လမ်းချော်ပြီး အရှိန်မထိန်းနိုင်ဘဲ အောက် ကို ထိုးကျသွားတယ်လို့ အကြမ်း ဖျင်း ယူဆထားပါတယ်။ ယာဉ်မောင်းဖြစ်သူကို နေပြည်တော် ကုတင် ၁,၀၀၀ ဆေးရုံမှာ ရဲတွေနဲ့ စောင့် ကြည့်ထားပါတယ်။ ဒီဖြစ်စဉ်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ အဆိုးရွားဆုံးဖြစ်စဉ်လို့ ပြောလို့ရ ပါတယ်” လို့ ပြောပါတယ်။
ဒရိုင်ဘာကတော့ ဒီတစ်ခါ ပြေးမလွတ်တော့ဘူးပေါ့။

(ဧပြီလကုန်တုန်းက အမြန်လမ်းပေါ်က ကားမီး လောင်ပြီး လူ ၁၂ သေ ဆုံးခဲ့ရရှာတဲ့ဖြစ်စဉ်မှာ ယာဉ်မောင်းက ထွက်ပြေးသွားသတဲ့။ ခုထိ မိမမိလည်း မသိရပါဘူး) မိုးတွေ အရမ်းရွာနေတုန်း ကားကိုရပ်မထားဘဲမောင်းလို့ လမ်းချော်ပြီး ဒီလို ဖြစ်ရတယ်လို့ အကြမ်းဖျင်း ယူဆထားတယ်တဲ့။ လမ်းတွေက မြေလမ်း၊ ရွှံ့လမ်းတော့ မဟုတ်ဘူးပေါ့နော်။

ကွန်ကရစ် လမ်း ဆိုတာ ချော်မယ်ဆိုလည်း ချော်နိုင်လောက် တာပေါ့။ အမြန်လမ်းဆိုင်ရာ ကျွမ်းကျင် သူတွေ၊ အင် ဂျင်နီယာတွေ ပညာရှင်တွေကတော့ ပြောနေရေးနေကြသားပဲ။ အမြန်လမ်းရဲ့ ချို့ယွင်းချက်တွေကို ဖော် ထုတ်ပြီးတော့လေ။ ဒီရေးသားချက်တွေထဲမှာ ကွန်ကရစ်လမ်း ဖြစ်နေတာလည်း အားနည်းချက် တစ်ခုပဲ လို့ မောင်မှန် ဖတ်မှတ်ဖူးတယ်။ ဝေဖန်ထောက်ပြချက်တွေနဲ့ ပတ်သက်ပြီး အမြန်လမ်း တာဝန်ရှိသူတွေ က သူတို့ကို တိုက်ခိုက်ခဲ့တယ်။

အစိုးရကို တိုက်ခိုက်တယ်လို့ အမြဲယူဆပြီး အမြန်လမ်းပြဿနာ ပေါ်တိုင်း ယာဉ်မောင်းနဲ့ မော်တော်ယာဉ်ကိုပဲ တည့်တည့်တစ်မျိုး၊ သွယ်ဝိုက်လို့တစ်ဖုံ အပြစ်ပုံချလေ့ရှိတယ်။

ခုလည်း ကြည့်လေ။ မိုးတွေ အရမ်းရွာနေတုန်း ရပ်မထားဘဲ မောင်းလို့လို့ အကြမ်းဖျင်း ယူဆပါသတဲ့။ အမြန်လမ်းမှာ မိုးတအားရွာရင် ယာဉ်ကိုရပ်ထားရမည်ဆိုတဲ့ စည်းကမ်းများ ရှိလေသလား။ ဒါ မောင်မှန် တကယ်မသိလို့ မေးတာပါ။ ရွဲ့တာစောင်းတာ သရော်တာရိတာ လုံးဝ မဟုတ်ရပါဘူး။ ဒါမှမဟုတ် ကိုယ့် အသိနဲ့ကိုယ် (လမ်းချော်နိုင်လို့) ရပ်ထားသင့်တယ်လို့ ပြောတာလား။ သိပ်တော့ မရှင်းပါဘူး။

အမြန်လမ်း လမ်းစည်းကမ်းထဲမှာ ပါပြီးသားဆိုရင်တော့ သိပ်ပြဿနာ မရှိပါဘူး။ ကားသမားတိုင်း သိပြီးဖြစ်မှာပါ။ အဲဒီလို မဟုတ်ဘဲ ကိုယ့်အသိနဲ့ကိုယ် မိုးသည်းတုန်း ရပ်ထားသင့်တယ်ဆိုရင်ဖြင့် “ကြိုဆိုပါ၏တို့ နှုတ်ခွန်းဆက် သပါ၏” တို့ဆိုတဲ့ ဆိုင်းဘုတ်တွေလို မိုးသည်လျှင် ကားရပ်ထားပါဆိုတဲ့ သတိပေးဆိုင်းဘုတ်တွေ အမြန် လမ်းတစ်လျှောက် မြန်မြန်များများ စိုက်ထူထားသင့်လှပါတယ်။

မြန်မြန်လို့ သုံးနှုန်းရတာက အခု မိုးဦးကျ နေပါပြီ။ နောက်ကို တောက်လျှောက် မိုးရွာ မိုးသည်းတော့မှာပါ။ “ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမို ထိရောက်သည်” ဆိုတဲ့ဆောင်ပုဒ်လို မောင်မှန်တို့တွေ ကြိုတင်ကာကွယ်ကြရ အောင်ပါ။

သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေကနေလည်း ပညာပေးမှုတွေ ပြုလုပ်သင့်ပါသေးတယ်။ “မူးရင် မမောင်းနဲ့၊ မောင်းရင်း မမူးနဲ့” ဆိုသလို “သည်းရင်မမောင်းနဲ့၊ မောင်း ရင်းမသည်းနဲ့” ဆိုတဲ့ ဆောင်ပုဒ်မျိုး ကိုလည်း ရေးသား လှုံ့ဆော်ထားသင့်ပါတယ်။

တိုက်ဆိုင်တယ်ပဲ ပြောရမလား မသိဘူး။ မနှစ်တုန်း ၂၀၁၃ ကလည်း ခုလို မေလထဲမှာပဲ ခရီးသည်တင် ကားတစ်စီး တံတားပေါ်က အောက်ကိုထိုးကျပြီး ခရီး သည် ၁၁ ယောက် အသက်ဆုံးရှုံးသွားခဲ့ရဖူးတယ်။ ခုလို တိုက်ဆိုင်လာတော့ စာဖတ်ပရိသတ်များလည်း ပြန်သတိရသွားကြမယ် ထင်ပါတယ်။

အဲဒီတုန်းကတော့ မိုးရွာမနေခဲ့ပါဘူး။ ယာဉ်မောင်း အိပ်ငိုက်သွားလို့ ထင်ပါရဲ့။ အဲဒီတုန်းက အကြောင်းပြ ချက်ပါ။ အဲဒီဖြစ်စဉ်ကြီးအပြီး ပြည်သူ့ဝန်ဆောင်မှု သတင်းစာကြီးတွေထဲမှာ အမြန်လမ်းနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ ခပ်စိပ်စိပ် ပါလာတယ်။ အနှစ်သာရကတော့ အမြန်လမ်းမကြီးမှာ ဘာချို့ယွင်းချက်မှ မရှိ ကြောင်းနဲ့ ယာဉ်မောင်းတွေ ပေါ့ဆလို့ ဖြစ်ကြောင်း တွေပါပဲ။

(ပုဂ္ဂလိကဂျာနယ်တွေ၊ သတင်း စာတွေနဲ့ တော့ လုံးဝ ပြောင်းပြန်ပါ)
အဲ ..ဒါပေမဲ့ ဆောင်းပါးတစ်ပုဒ်မှာ ထူးခြားတာလေးတစ်ခု ပါလာတယ်။ သိပံ္ပနည်း မကျ ဂမ်္ဘီရ ဇာတ်လေး တစ်ခုပါ။ ဘောင်းဘီဝတ် ဦးထုပ်ဆောင်းထားတဲ့ လူတစ်ယောက် ကားရှေ့မှာဖြတ်တာတွေ့ရင် ကွေ့ မရှောင် နဲ့ တိုက်သာချလိုက်။

အဲဒါ လူမဟုတ်ဘူး တဲ့။ ရှောင်လိုက်ရင်တော့ ကားမှောက်ပြီ သာမှတ် ဆို တဲ့သဘော ရေးထားတယ်။ ဘုရားရေ အမယ်လေး အကြောင်းရှိလို့များ အမြန်လမ်းပေါ် ခြေလျင်သွား ဖြစ်ခဲ့ကြရင် ဘောင်းဘီမ၀တ်နဲ့၊ ဦးထုပ်မဆောင်းနဲ့၊ ကိုယ်လမ်းဖြတ်ကူးတဲ့အခိုက် မတော်တဆများ ကား လာတာနဲ့ကြုံနေရင် အထက်က ဆောင်းပါးဖတ်မိထားပြီး ယုံတဲ့ကားသမားက ကိုယ့်ကို ရှောင်မှာ မဟုတ် ဘူး။ တိုက်ချပစ်လိုက်မှာ။ ရေးရင်းတောင် ကြက်သီး ထမိပါတယ်။

ဒီလို အတွေးအယူမျိုးကို နိုင်ငံပိုင် သတင်းစာတွေထဲမှာ မဖော်ပြသင့်ပါဘူး။ (ဒီလိုဆိုလိုက်လို့ ပုဂ္ဂလိက သတင်းစာတွေမှာ ဖော်ပြသင့်ပါ တယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး ဖြစ်သွားပါဦးမယ်။ ပိုလေး နက်သင့်တယ်လို့ ပြောတာပါ)
ပုဂ္ဂလိက သတင်းစာကြီး တစ်စောင်ကတော့ အမြန်လမ်းပေါ်က မကျွတ်လွတ်တဲ့ ၀ိညာဉ်တွေအတွက် အကျွတ်အလွတ် အမျှအတန်းဝေ အစာကျွေးတဲ့ ပွဲတော်ကြီးအကြောင်းကို သုံးရက်လောက် ဆက်တိုက် ဖော်ပြခဲ့ပါတယ်။ အဲဒီပွဲရဲ့ အဓိက ဒါနရှင်ကလည်း ပြောပါတယ်။

သူ ဒီလမ်းမကြီးပေါ်က ဖြတ်သွားတဲ့ အခါတိုင်း ဘောင်းဘီရှည် ၀တ်ထားတဲ့လူတွေ “အဲ လူတွေတော့ မဟုတ်ဘူးခင်ဗျ။ ဘာညာကွိကွ တွေ့ တယ် တဲ့။ (ဂျပန်စစ်သားတွေလို့ ထင်ကြောင်းလည်း ပြောတယ်) ဒါကြောင့်မို့ ဒီပွဲကို လုပ်ရတာတဲ့။

အဲဒီရှုထောင့်ကနေ ကြည့်မယ်ဆိုရင်ဖြင့် အမြန်လမ်းမကြီးဟာ ခြေတောင် ချဝံ့စရာရှိမှာ မဟုတ်ပါဘူး။ တကယ်တော့ ဒီလမ်းမကြီးဟာ ဂျပန်ဖက်စစ်တွေရဲ့ သေမင်းတမန် ရထားလမ်းလို မြန်မာ စစ်အာဏာ ရှင်တွေရဲ့ သေမင်းတမန်လမ်းကြီး ဖြစ်နေလို့ပါပဲ။ ဖက်စစ်ရထားလမ်းတွေမှာ ချွေး တပ်သားတွေ ပိုးစိုး ပက်စက်သေခဲ့သလို ဒီကားလမ်းမှာလည်း ရဲဘက်တွေ မရှုမလှ သေခဲ့ကြလို့ပါပဲ။

မောင်မှန် မိတ်ဆွေ နိုင်၊ကျဉ်းဟောင်းတွေပြောပြတဲ့ ထောင်စကား တစ်ခု ကြားဖူးတယ်။ သေချင်ရင် စိန်မစား နဲ့။ အမြန်လမ်းသာ ရဲဘက်လိုက်သွားတဲ့ အခုတော့လည်း ရဲဘက်တင်မက ခရီးသွားတွေပါ သေချင်ရင် စိန်စားဖို့ မလိုတဲ့ သ ဘော ဖြစ်နေပါပြီ။

အခုလည်း တစ်ခု ထူးခြားတာက အကျွတ်အလွတ် ပွဲလည်းပြီးရော အမြန်လမ်းရဲ့ အဆိုးရွားဆုံးဖြစ်ရပ်ကြီး တိုက်ဆိုင် ထွက်ပေါ်လာတာပါပဲ။ သက်ဆိုင်ရာ တာဝန် ရှိသူများ အမြန်လမ်းရဲ့ (သိပ်္ပံနည်းကျ) အား နည်းချက်တွေကို ရှာဖွေဖော်ထုတ် ပြုပြင်သင့်ပါပြီ။ ငြင်းခုန်နေရမယ့်အချိန် မဟုတ်ပါ ဘူး။

ခရီးသည်တွေကို အသက်အာမခံ ဆောင်ရွက် စီစဉ်ပေးနေတာကိုက ကျောချမ်းစရာကြီးပါ။
ဒီတိုင်းသာဆို အာမခံလုပ်ငန်းတွေတောင် အရှုံးပေါ်သွားနိုင်တယ်။ မောင်မှန်တော့ဖြင့် အမြန်လမ်းမှာ ကံမစမ်းချင်ပါဘူး။ စာဖတ် ပရိသတ်ကြီးရော။

Mizzima - News in Burmese


ထူးဆန်းစွာ ခန္ဓာကိုယ်ကနေ အလိုလျောက် မီးတောက်လောင်မှုနှင့်အိန္ဒိယနိုင်ငံက ကလေးငယ်


အိန္ဒိယနိုင်ငံက ကလေးငယ်တစ်ယောက်ဟာ ထူးဆန်းစွာ ခန္ဓာကိုယ်ကနေ အလိုလျောက် မီးတောက်လောင်မှု ကြောင့် ဆရာဝန်တွေ အံ့အားသင့်ခဲ့ရပါတယ်..။ ဆရာဝန်အချို့ကတော့ ဒါဟာ ပုံမှန်မဟုတ်တဲ့အဖြစ်အပျက် ဖြစ်တဲ့ spontaneous combustion ကြောင့် ဖြစ်နိုင်တယ်လို့ ဆိုကြသလို တစ်ချို့ကတော့ ဒါဟာ ကလေးရဲ့ အိမ်မှာ အသုံးပြုတဲ့ ပစ္စည်းတွေကြောင့် ဖြစ်တယ်လို့ မှတ်ချက်ပြုကြပါတယ်..။


Rahul Karnan ဆိုတဲ့ကလေးကို Rajeshwari (၂၃) နှစ်နဲ့ Perumal (၂၆) ဆိုတဲ့ မိဘနှစ်ဦးက မွေးဖွားခဲ့တာပါ..။ ကံဆိုးစွာပဲ..၊ မွေးပြီး တစ်ပတ်အကြာမှာ သူတို့ရဲ့ ပျော်ရွှင်မှုတွေ ပျောက်ဆုံးခဲ့ရပါတယ်..၊ အမေဖြစ်သူဟာ အ၀တ်လျှော်နေတဲ့အချိန်မှာ Rahul ရဲ့ အော်ငို အော်ဟစ်သံကို ကြားလိုက်ရပါတယ်..။ သူမဟာ အပြေးအလွှား ကလေးဆီကို အပြေးသွားပြီး ကလေးထားတဲ့ အခန်းကိုမရောက်ခင်မှာပဲ အိမ်နီးချင်း တစ်ယောက်က လှမ်းအော်ပြောတဲ့အသံကို ကြားလိုက်ရပါတယ်..။

“မင်း ကလေး မီးလောင်နေတယ်…”

ကလေးရဲ့ရင်ဘတ်နဲ့ ညာဘက်ဒူးဟာ မီးလောင်ခံခဲ့ရပြီး အဖေဖြစ်သူက မီးကို ငြိမ်းသတ်နိုင်ခဲ့ပါတယ်..။ မီးငြိမ်းသတ် အပြီးမှာ မိဘနှစ်ပါးဟာ ကလေးကို ဆေးရုံကို ခေါ်သွားခဲ့ပါတယ်..။ ဒါပေမယ့် ဒီဖြစ်ရပ်ကို ဆရာဝန်တွေကိုယ်တိုင် အဖြေရှာလို့ မရခဲ့ပါဘူး..။ လိုအပ်တဲ့ကုသမှုတွေ အပြီးမှာတော့ ကလေးကို အိမ်ပြန် ခေါ်လာခဲ့ကြပါတယ်..။

လူတိုင်းဟာ ကလေးကို ဒီလို ထူးဆန်းတဲ့အဖြစ်အပျက်မျိုး ထပ်မကြုံဖို့ ဆုတောင်းပေးခဲ့ပါတယ်.. ဒါပေမယ့် ဆုတောင်းမပြည့်ခဲ့ပါဘူး..။ ဒီလိုမျိုး အလိုအလျောက်မီးထလောင်မှုတွေ အကြိမ်ကြိမ်ဖြစ်ခဲ့ပြီး သုံးကြိမ်အထိ ဖြစ်ခဲ့ပါတယ်..။ ဒီလိုဖြစ်ရပ်မျိုးဟာ ပတ်ဝန်းကျင်အတွက် အရမ်းထိတ်လန့်ဖို့ကောင်းခဲ့ပြီး တစ်ရွာလုံးကို မီးကူးစက်မှာ စိုးတာကြောင့် သူတို့ မိသားစုကို ရွာက ထွက်သွားဖို့ တောင်းဆိုခဲ့ကြပါတယ်..။

မိဘနှစ်ပါးဟာ ကလေးကို ကျန်းမာရေး စစ်ဆေးမှုတွေ ထပ်မံပြုလုပ်ဖို့ Chennai မြို့ကို ခေါ်လာခဲ့ပါတယ်.. ဒါပေမယ့် ယခင်အတိုင်းပဲ ဆရာဝန်တွေဟာ အဖြေရှာမရခဲ့ပါဘူး..။ တစ်ချို့ကတော့ ဒီလို မီးတောက်တာ ဟာ နတ်ဘုရားတွေရဲ့ သင်္ကေတလို့ ဆိုကြပြီး တစ်ချို့ကတော့ သူတို့အိမ်ကို phosphorous ပါဝင်တဲ့ပစ္စည်းတွေ ကို အသုံးပြုပြီး ဆောက်ခဲ့လို့ ကလေးကို ဒီလိုမီးလောင်စေတာလို့ဆိုကြပါတယ်..။

သင်တို့ရော ဘယ်လိုထင်ကြပါလဲ ? ကျွန်တော်တို့ ဗုဒ္ဓဘာသာ အယူအဆအရဆိုရင်တော့… ယခင်ဘ၀တွေက ဒီကလေးရဲ့ ၀ဠ်ကြွေးတွေလို့ပဲ ဆိုရပါမယ်..။ ကလေးအတွက် ဒီဝဠ်ကြွေး ဆိုးကြီး အောက်ကနေ အမြန်ဆုံး လွတ်မြောက်ပါစေလို့ ဆုတောင်းနေမိပါတယ်..။

အောင်ထွန်းဦး
World-Myanmar News


အကယ်ဒမီဆု ၇ ဆု ရရှိခဲ့တဲ့ ကြောင်နှင့် ကြွက် ကာတွန်းဇာတ်ကား


ယနေ့တိုင် မဟောင်းနိုင်သေးတဲ့ လူကြီး ကလေးအားလုံး ကြိုက်နှစ်သက်ကြတဲ့ ကားတွန်းကားလေး တစ်ခုဖြစ်တဲ့ ကြောင်နှင့် ကြွက် ဇာတ်ကားကို ဖန်တီးခဲ့သူနှစ်ဦး ကတော့ အမေရိကန်နိုင်ငံမှ William Hanna နှင့် Joseph Barbera နှစ်ယောက်ပင် ဖြစ်ပါတယ်။


ထိုကာတွန်းကာလေးကို ၁၉၄၀ ခုနှစ်က စတင် ဖန်တီးခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုကာထွန်းကားလေးမှာ ကြောင်နဲ့ ကြွက်ဟာ အဓိက ဇာတ်ကောင်းများ ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံမှ ချီးမြှင့်သော အကယ်ဒမီဆု ၇ ဆုကို ထိုဇာတ်ကားလေး ကြောင့် ရရှိခဲ့တယ်လို့ ၎င်းတို့နှစ်ယောက်က ဆိုပါတယ်။ ထိုဇာတ်ကားလေဟာ ကမ္ဘာတစ်ဝန်း လူကြိုက်များတဲ့ ကာတွန်းဇာတ်ကားလေး တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

ထိုဇာတ်ကားလေးကို နိုင်ငံအတော်များများမှာ မိတ်ဆက်အနေနဲ့ ပထမပြသခဲ့ပြီး ၁၉၉၂ ခုနှစ်မှ စတင်ကာ တစ်ကမ္ဘာလုံးသို့ ဖြန့်ချီပေးနိုင်ခဲ့ပြီး အောင်မြင်မူများစွာကို ရရှိခဲ့ကြောင်း သိရပါတယ်။

ကျော်လင်းနိုင် (ရိုးရာလေး)


ထွေရာလေးပါး ဟာသများ


ငါဘယ်သူပါလိမ့်

လင်မယားနှစ်ယောက် အိပ်ခန်းထဲတွင်အိပ်မောကျနေကြသည်။ ရုတ်တရက်
လူခေါ်ခေါင်းလောင်းအဆက်မပြတ်မြည်လာသည်။မိန်းမဖြစ်သူကအိပ်မှုန်စုံ
မွှားဖြင့်အိပ်ရာမှထသည်။ပါးစပ်မှလည်းအလန့်တကြားဖြင့် ပြောသည်။
“ယောကျာ်းပြန်လာပြီ၊ ပြတင်းပေါက်ကနေမြန်မြန်ခုန်ဆင်းစမ်းပါရှင်”
ယောကျာ်းဖြစ်သူကအိပ်မှုန်စုံမွှားဖြင့်အိပ်ရာမှထပြီးပြတင်းပေါက်မှခုန်ဆင်း
သည်။ အောက်သို့ကျရာလမ်းတလျှောက်တွင်စဉ်းစားလာသည်။
“ငါဘယ်သူပါလိမ့်”

ကြောက်လိုက်တာ

ည၁၀နာရီခန့်တွင်အမျိုးသမီးတစ်ယောက်ပန်းခြံကိုဖြတ်ကာ လမ်းလျှောက်လာသည်။ ရုတ်တရက်အမိန့်ပေးသံကြားရသည်။
“ရပ်လိုက်စမ်း” အမျိုးသမီးတုံ့ခနဲရပ်သွားသည်။
“မှောက်လိုက်စမ်း” အမျိုးသမီးမြေပေါမှောက်လိုက်သည်။
“တွားသွားစမ်း” အမျိုးသမီးတွားသွားသည်၊ ထိုတွင် မိမိ၏နားနားတွင်ကပ်
ကာစိုးရိမ်စွာ မေးသံကိုကြားရသည်။
“ဒီမှာခင်ဗျာ၊ ခင်ဗျားနေမကောင်းဘူးလားဟင်၊ ကျွန်တော်ဘာကူပေးရမလဲ၊
ကျွန်တော် ကျွန်တော့်ခွေးနဲ့ကစားနေတာ၊ ခင်ဗျားတွားသွားနေတာတွေ့လို့
တစ်ခုခုများဖြစ်သလားလို့မေးတာပါ”

သူတောင်စိတ်မရှည်
———————-

အမျိုးသမီး။ ကျမကို ဟောဒီစပယ်ယာက မှတ်တိုင်မှာ ကန်ချလိုက်လို့ပါ..!!!

တရားသူကြီး။ ” မောင်မင်း ဘာလို့ဒီလို လုပ်တာလဲ…”

စပယ်ယာ။ ..”တရားသူကြီး စဉ်းစားကြည့်ပါ…
ဘတ်စ်ကားပေါ်မှာ သူ့ကို ကားခတောင်းပါတယ်…
သူ လက်ပွေ့အိတ်ကိုဖွင့်ပါတယ်…
လက်ကိုင်အိတ်ကိုထုတ်ပါတယ်..
လက်ပွေ့အိတ်ကို ပြန်ပိတ်ပါတယ်..
.လက်ကိုင်အိတ်ကို ဖွင့်ပါတယ်…ပတ္တာအိတ်လေး ထုတ်ပါတယ်….ပီးတော့…လက်ပွေ့အိတ်ကိုပြန်ဖွင့်ပါတယ်.
.လက်ကိုင်အိတ်တ်ကို ပြန်ထည့်ပါတယ်..
လက်ပွေ့အိတ်ကိုပြန်ပိတ်ပါတယ်..
ပတ္တာအိတ်…ကို..ကို…….ကို…..”

တရားသူကြီး။ “မင်းမို့ မှတ်တိုင်ရောက်အောင်သီးခံနေတာ ငါသာဆိုဟောသလို ကန်ပစ်ပီ… .. အွန့် ဟာ…!!! @#$ ”

………….ဖုန်းးးးးးးးး !!!…….

“အောင် မ ..ငီးးးးးးး တော့..!!! ”

သိက္ခာမချပါနဲ့
။။။။။။။။။။။။။။။။။။

“ဒီမှာ အမျိုးသမီး၊ ပိုက်ဆံပါရင် ပေးခဲ့စမ်းပါ”

“ဟွန်း… လူတွေများ တော်တော် ခက်တာပဲ၊ ခြေလက်အကောင်းကြီးတွေနဲ့ အလုပ်လုပ်မစားချင်ကြ၁ာူး….။ ရေသာခိုပြီး တောင်းစားချင်နေကြတယ်။”

“၁ာာဗျ၊ ခင်ဗျားက လူကို သူတောင်းစားများ မှတ်နေသလား ၊ လူဆိုးဗျ လူဆိုး…… ၊ နားလည်ရဲ့လား……….။
ဟင်းးးးးးးးးးး………………… တောက်…. ”

မှိုမကြိုက်လို့
။။။။။။။။။။။။။။။။။။။။။။။။။။။။
အမျိုးသမီးတစ်ယောက်သည် ၄ ကြိမ်မြောက်မင်္ဂလာဆောင်မည်ဟုကြေငြာလေသည်။
“အရမ်း ၀မ်းသာပါတယ် စကားမစပ် စိတ်မဆိုးဘူးဆိုရင် သိချင်တာလေးမေးလို.ရမလားဟင်”
“ရပါတယ် သူငယ်ချင်းရဲ.”
“မင်းရဲ.ပထမယောင်္ကျားကဘယ်လိုဆုံးတာလဲ”
“မှိုဟင်းစားပီးအဆိတ်သင်.သွားတာလေ”
“စိတ်မကောင်းလိုက်တာ စိတ်မဆိုးဘူးဆိုရင်ဒုတိယတစ်ယောက်ကရော”
“သူလဲ မှိုဟင်းစားပီးအဆိတ်သင်.သွားတာပဲလေ”
“အိုး…ကံဆိုးလိုက်တာနာ် နောက်ဆုံးတစ်ယောက်ကိုမေးတောင်မေးရဲတော.ဘူး”
“သူကတော. လည်ပင်းကြိုးပြီးသေတာ”
“ဟင်…..လည်ပင်းကြိုးတာ”
“ဟုတ်တယ် သူက မှိုမကြိုက်ဘူးပြောလို. ”

မိသားစု အရှုပ်
။။။။။။။။။။။။။။။။။။။။။။။။။
လူငယ်တစ်ယောက်သည်သူ.ဖခင်အား သူမင်္ဂလာဆောင်ချင်ပြီဖြစ်ကြောင်းပြောလေသည်။ဖခင်လည်းဝမ်းသာအားရဘယ်သူနဲ.လဲဟုမေးသည်။
လူငယ်ကနီနီ
လို.ခေါ်သောဘေးအိမ်ကကောင်မလေးဟုပြောရာ ဖခင်မှာမျက်နှာညှိးငယ်စွာဖြင်.

“ခုလိုပြောရတာဖေဖေစိတ်မကောင်းပါဘူး ဒါပေမဲ.မပြောလို.လဲမရဘူးသား အဲ.ဒါကတော. သားလက်ထပ်မဲ.
ကောင်မလေးက တကယ်တော. သားရဲ.ညီမပဲ … မင်းအမေကိုတော.မပြောပါနဲ.ကွာ”

လူငယ်လည်းစိတ်ပျက်သွားလေသည်။သို.သော် အားမလျှော. ပဲ နောက်ထပ် သူကြိုက်သောကောင်မလေး
များကိုပြောပြရာ ဖခင်ကအထက်ကကဲ.သို.သာဖြေသည်။ထို.ကြောင်.မိခင်အားတိုင်ပင်တော.မည်ဟုဆုံးဖြတ်ကာ

“မေမေ သားလက်ထပ်ချင်ပြီ ဒါပေမဲ. သားကြိုက်တဲ.ကောင်မလေးအားလုံးကို ဖေဖေက အားလုံးသားညီမတွေဘဲလို.ပြောတယ် ပြီးတော. မေမေ ကိုလည်းပြန်မပြောပါနဲ.တဲ.”

ထိုအခါ မိခင်ကပြုံးကာပြောသည်
“မပူပါနဲ.သားရယ် သားကြိုက်တဲ.ကောင်မလေးသားယူလို.ရပါတယ်၊
ဘာလို.လဲဆိုတော. သားကသူ.သားမဟုတ်လို.ပဲ ။”

ဒီလိုဖြစ်မယ်
————-

ဆရာ။ ။ လျှပ်စစ်မီးကိုသာ မတီထွင်ခဲ့ဖူးဆိုရင် ဘာဖြစ်နိုင်မလဲ။

ကျောင်းသား။ ။ တယ်လီဗီးရှင်းကို ဖယောင်းတိုင်းမီးနဲ့
ကြည့်ဖို့ဖြစ်လာမှာပါဆရာ။

ဒီအချိန်ဆို
———–

လူနာ။ ။ ဒေါက်တာ၊ တစ်ခါတရံ ကျွန်တော့ဘေးပတ်ဝန်းကျင်မှာ ရှိနေတာတွေကို ဘာမှ မမြင်ရဘူး ဖြစ်နေတယ်။

ဆရာဝန်။ ။ ဘယ်အချိန်မှာ ဖြစ်တက်တာလဲ။

လူနာ။ ။ မီးပျက်တဲ့ အချိန်တိုင်းဆရာ။

ဂေါ်မစွံ
——-

Sam ။ ။ ငါတို့ ကောလိပ်မှာ လက်မထပ်ချင်တဲ့ ကောင်မလေးတွေများတယ်ကွ။

David ။ ။ မင်းဘယ်လိုသိလဲ။

Sam ။ ။ သူတို့ထဲက အများကြီးကို ငါလိုက်ပြောဖူးတယ်ကွ။

မှန်လိုက်လေ
————-

ဆရာ။ ။ အသိဉာဏ်ရှိတဲ့ လူတွေဟာ အရူးတစ်ယောက်ရဲ့ မေးခွန်းတိုင်း ကိုတော့ အမြဲတမ်း

မဖြေနိုင်ပါဘူး။

ကျောင်းသား။ ။ ကျွန်တော် စာမေးပွဲကျတာ အဲဒါကြောင့်ပေါ့ဆရာ။
-အလျှင်မလိုပါနဲ့-

လူကြီးတစ်ဦး မရောက်ဖူးသေးသော လမ်းကွေ့ထဲ ချိုးဝင်လိုက်စဉ်
ကလေးငယ် တစ်ဦးနှင့် မျက်နှာချင်းဆိုင် ဆုံသည်။

ကလေးက ရိုသေစွာမေးသည်။
“ဦးလေး…. ၁ာယ်နှစ်နာရီရှိပြီလဲ ခင်ဗျာ..”

လူကြီးက နာရီကို ကြည့်ရင်း ဖြေသည်။
“၃နာရီထိုးဖို့ ၁၅မိနစ်လိုသေးတယ်”

“နောက် ၁၅ မိနစ်ကြာလျှင် ကျွန်တော့ ဖင်ကို နမ်းနိုင်ပါပြီ ခင်ဗျာ”
ကလေးက ပြောရင်း ထွင်ပြေးသွားသည်…..

လူကြီးက မိမဆုံးမ ဖမဆုံးမ ကလေးကို ဆုံးမရန် အတင်းပြေးလိုက်သည်။

လမ်းထဲတွင် လူကြီးတစ်ဦးနှင့် ထပ်ဆုံသည်….
“ဟေ့လူ…. ခင်ဗျား အရွယ်ကြီးနဲ့ ၁ာာလို့ နေပူကျဲတဲထဲ လိုက်ပြေးနေတာလဲ..”

လူကြီးက အမောဖြေရင်းပြောပြသည်…

“ကလေးတစ်ယောက်ဗျာ……. ၃နာရီထိုးရင် သူ့ဖင်ကို နမ်းနိုင်ပါပြီလို့ ပြောသွားလို့…”

“အာ…….. ခင်ဗျား တကယ်ကို အလျှင်လိုတာကိုး…
၃နာရီထိုးဖို့ ၁၀မိနစ်တောင် လိုသေးတယ်လေ…..”

အောင်ထွန်းဦး

world myanmar news


အရွယ်တင်နုပျို ၀ိတ်ကျလိုလျှင် အစားကို ဆင်ခြင်


       တစ်နေ့မှာ မသေနဒီကောသလမင်းဟာ ဗိုက်တင်းအောင်စားပြီး ဘုရားထံတရားနာရန်သွားခဲ့တယ်။ သူစားတဲ့ထမင်း ပမာဏကလည်း ခုခေတ်ကမ္ဘာ့အစားပြိုင်ပွဲမှာ ပြိုင်ပွဲဝင်စားမယ့် ပမာဏထက် များစွာသာလွန်ပါတယ်။ အမြဲတမ်း ထမင်းကို ဆွဲပုံးအပြည့်၊ ဟင်း၊ အချိုပွဲအပြည့်ဖြင့် စားသုံးလေ့ရှိတယ်။ အဲလိုစားသောက်ပြီး ဘုရားထံတရားသွားနာတဲ့အခါ ခန္ဓာကိုယ် ပင်ပန်းလေးလံပြီး တရားအစမှာပဲ ခေါင်းတဆတ်ဆတ်နဲ့ ငိုက်တော့တာပါပဲ။ ဒီတော့ ဘုရားရှင်က မေးတယ် "ဒကာမင်းကြီး၊ အနားမယူပဲနဲ့များ လာခဲ့လေသလား? မဟုတ်ပါဘူးဘုရား တပည့်တော်ဒီလိုပဲ အစားစားပြီးတိုင်း ခုလို ငိုက်ချင်စိတ်လွမ်းမိုးနေ တယ်ဘုရား။

       "မင်းကြီး ပျင်းရိငိုက်မျဉ်းပြီး အစားကို အလွန်အကျွံစား၍ ၀က်လိုပဲ တလူလူအိပ်လေ့ရှိသူဟာ (မမြဲခြင်းစတဲ့ သဘောတရား ကို မဆင်ခြင်နိုင်တဲ့အတွက်) အဖန်ဖန် အမိဝမ်း၌ ပဋိသန္ဓေနေရတယ်"
       "မှန်ပါဘုရား။"
       နောက်တော့ ဘုရားရှင်က ဥတ္တရမင်းသားလေးကို ကောသလမင်းကြီး ထမင်းစားခါနီးတိုင်း စာလေးတစ်ခု ရွတ်ဆိုဖို့ သင်ပေးလိုက်ပါတယ်။

       "သတိရှိပြီး အစားအစာကို စားသင့်တဲ့အတိုင်းအရှည်အားလျှော်စွာ စားသုံးလေ့ရှိသူဟာ ငိုက်မျည်းခြင်းစတဲ့ ဆင်းရဲတွေ တဖြည်းဖြည်းပါးလာလိမ့်မယ်။ အရွယ်တင်မယ်။ အသက်ရှည်မယ်"
       ဥတ္တရမင်းသားလည်း ဘုရားပြောတဲ့အတိုင်း ထမင်းစားခါနီး အထက်ပါစာလေးကို ရွတ်ဆို သတိပေးတဲ့အခါ ကောသလ မင်းကြီးလည်း အစားကို နည်းနည်းချင်း လျှော့စားလာပါတယ်။ တစ်ပတ်ပြည့်တော့ စောစောက ပျင်းရိငိုက်မျည်းတဲ့ ခံစားမူတွေ မရှိတော့ဘူး။ ကိုယ်လည်း တက်ကြွလာတယ်။ နောက်တော့ ခန္ဓာကိုယ်ဟာ ၀ိတ်ကျပြီး ကြည့်ကောင်းရှုကောင်းဖြစ်လာပါတော့ တယ်။ ဒီတော့မှ ကောသလမင်းကြီးလည်း စိတ်ချမ်းသာမှုကို ခံစားရပါတော့တယ်။

      ဘုရားရှင်က ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေဖို့အတွက် အစားကို ဆင်ခြင်ဖို့ နည်းပေးတော်မူပါတယ်။ အစားအသောက်ရဲ့ အတိုင်းအရှည်ကို သိရမယ်။ စားကောင်းကောင်းနဲ့ ဗိုက်တင်းအောင်စားရင် မအီမသာဖြစ်တယ်။ အဆီပွားတယ်။ ကိုယ်ခန္ဓာလေးလံလာပြီး ငိုက်မျည်းခြင်းတွေ ၀င်လာတယ်။ ဒါကြောင့် အစာစားတဲ့အခါ ဗိုက်ထဲရေတစ်ခွက်စာချန်ပြီးစားပါ။ ပြည့်အောင်မစားပါနဲ့တဲ့။ စားတဲ့အခါမှာလည်း ချို၊ ချဉ်၊ ဖန်၊ ခါး၊ စပ်၊ ငန် အရသာစုံမျှအောင် စားပါ။ ခေတ်ကာလနည်းကတော့ နည်းနည်းနဲ့ ခဏခဏစားပေးတာ ကျန်မာရေးအတွက် ကောင်းတယ်လို့ပြော ပါတယ်။ နောက်ပြီး မစားသင့်တဲ့အစာများကတော့ မတည့်စာ၊ အားနာစာ၊ နှမြောစာများ ဖြစ်ပါတယ်။

       ဒါကြောင့် စာရှုသူများ အရွယ်တင်နုပျိုဝိတ်ကျလိုတယ်ဆိုရင်တော့ ဘုရားဟောတဲ့ သတိဆေးနဲ့ အစားကို ဆင်ခြင်စားဖို့ လိုပါတယ်။


ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ



လောဘနှင့်ဆန္ဒ ကွာခြားပုံ




လိုချင်မှုကို လောဘဟုခေါ်သလို ဆန္ဒလို့လဲခေါ်ပါတယ်။
အခေါ်အဝေါ်ခြင်း တူပေမယ့်
သဘောသွား ကတော့ကွာခြား တယ်လို့ဆိုရမှာပါ။
လောဘရဲ့လိုချင်မှုသည် အစေးရှိပေမယ့်၊ ဆန္ဒရဲ့လိုချင်မှုကတော့ အစေးမရှိဘူးလို့ ဆိုလိုခြင်းဖြစ်ပါတယ်။

" တွယ်တာကပ်ငြိ တက်မက်မှုပါတဲ့ လိုချင်မှုဟာ လောဘဖြစ်ပြီး၊ တွယ်တာကပ်ငြိမှု တက်မက်မှုမပါတာကိုတော့ဆန္ဒ လို့ခေါ်ရမှာပါ။ "

ကာမဂုဏ်အာရုံကိုတွေကိုလိုချင်တာ၊ရချင်တာ၊ခံစားချင်တာကို လောဘလို့ခေါ်ပြီး၊ ကုသိုလ်ပြုချင်တာ၊သီလဆောက်တည်ချင်တာ၊ဘာဝနာပွားချင်တာ၊ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကိုရချင်တာ စာပေတတ်ချင်တာ၊ဆင်းရဲသူများကိုပေးကမ်းလိုပြီး ပစ္စည်းဥစ္စာကို လိုချင်မှုမျိုးကျတော့ ဆန္ဒလို့ခေါ်ပါတယ်။ လွယ်လွယ်လေးမှတ်ချင်ရင်တော့ ကောင်းသောအရာမှာလိုချင်မှုသည် ဆန္ဒ၊ကာမဂုဏ်စတဲ့မကောင်းတဲ့လိုချင်မှုမျိုးကို တော့ လောဘလို့ခေါ်ပါတယ်။

ဤလောဘကို ချစ်ခင်ခြင်းပေမ ဟုလည်းကောင်း၊ တက်မက်ငတ်မွတ်ခြင်းတဏှာ ဟုလည်းကောင်း၊ မေထုန်မှုများတွင် လိုချင်မှုရာဂဟုလည်းကောင်း၊ တွယ်တာကပ်ငြိ ခြင်းသမုဒယဟုလည်းကောင်း အမျိုးမျိုးနာမည်တပ်၊ ခေါင်းစဉ်တပ်ပြီးပြောဆိုသုံးနှုန်း ကြပါတယ်။

" ပေမဟူသော အမည်ကို သားသမီး၊ညီအစ်ကို၊သမီး၊ခင်ပွန်း စသော အိမ်သူ အိမ်သားချင်း ဆွေမျိုးသားချင်း ချစ်ခင်မှုနှင့် ဆွေလိုမျိုးလို ချစ်ခင်မှုကို ပေမဟုခေါ်ပါတယ်။ "

ပေမ-လို့ခေါ်တဲ့ စကားမှာ ချစ်ခင်ခြင်းလို့အဓိပ္ပါယ်ရပါတယ်။ဤချစ်ခင်ခြင်းမျိုးကိုပင် သံယောဇဉ်လို့တစ်မျိုးခေါ်ဆိုပြီး၊သံယောဇဉ်ဆိုတဲ့စကားမှာ ကြိုးဟု အဓိပ္ပာယ်ရပါတယ်။ကြိုးဖြင့်ချည်နှောင်ထားသကဲ့သို့ တစ်ယောက်နှင့်တစ်ယောက်ကို မခွဲနိုင် မခွာရက်အောင်ချည်နှောင်ခြင်းလို့ဆိုလိုပါတယ်။

အဆင်း၊အသံ၊အနံ့၊အရသာ၊အတွေ့ ဤငါးပါးကိုလူတို့ လိုလားအပ်သောကြောင့် 'ကာမဂုဏ်ငါးပါး' ဟုခေါ်ပြီး ထိုကာမဂုဏ်ကိုသာမာန်လိုချင်မှုမျိုးမဟုတ်ပဲ ကတ်ကတ် သတ်သတ်လိုချင်မှုမျိုး၊မရမကလိုချင်မှုမျိုးဖြစ်သဖြင့် 'တဏှာ' ဟုသုံးစွဲကြပြန်တယ်။
ထိုကာမဂုဏ်ငါးပါးတို့မှာ မေထုန်မှုကို အလွန်လိုလားခြင်းကိုကျတော့ ရာဂဟုသုံးစွဲပါတယ်။ ရာဂဟူသော စကား၌ ငြိကပ်ခြင်း၊စွဲလမ်းခြင်း ဟု အဓိပ္ပာယ်ပြန်ဆိုရပါတယ်။ ထို့ကြောင့် ကာမဂုဏ်စတဲ့မကောင်းတဲ့အရာတွေကို လိုချင်မှု၊ တက်မက်မှုကို လောဘလို့ခေါ်တာပါ။ ကာမဂုဏ်တွေကိုခံစားချင်တာ၊ ခံစားတာ၊ ခံစားပြီးရင်းခံစားတာဟာလောဘလို့သတ်မှတ် ရမှာပါ။

" လောဘဆိုတဲ့အရာသည် သတိတရားဖြင့်မထိန်းနိုင်ရင်တော့ နွားငယ်ကလေး၏ ဦးချိုသည် ကြီးလေ ရှည်လေဖြစ်သကဲ့သို့ မွေးကတည်းက ပါလာတဲ့ ထိုတဏှာ လောဘသည်လည်း အရွယ်ကြီးလေ လောဘကြီးလေပင်ဖြစ်ပါတယ်။ "

ထိုကဲ့သို့လောဘကို မတားဆီးနိုင်သူ ဇရာအိုကြီးတို့အတွက်

" ယောင်ကြီးလျှင်ငိုက်၊ လူကြီးလျှင်မိုက်"

ဟု မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးကဆိုထားပါတယ်။

လောဘသည် ကုသိုလ်အထောက်အပံ့မရဘဲ သူချည်းသက်သက်ဖြစ်နေမည်ဆိုပါက သေးငယ်သောလောဘပင်ဖြစ်လင့်ကစား အပါယ်လေးပါးရောက်နိုင်ပါတယ်။

ဥပမာ သေးငယ်တဲ့ကျောက်မှုန့်လေးပင်ဖြစ်လင့်ကစား ရေသို့ကျပါကနစ်မြုပ်သကဲ့သို့ ဖြစ်ပါတယ်။ ကုသိုလ်ကောင်းမှု အကူအညီပါလျှင်တော့ အပါယ်သို့မကျနိုင်ဘူးလို့ ပြောရမှာပါ။ ဆိုလိုတာက ကျောက်မှုန့်သေးသေးလေးသည်သူချည်းသက်သက်ဆို ရေတွင်နစ်မြုပ်နိုင်သော်လည်းလှေအကူအညီရလျှင် ရေတွင်မနစ်ဘဲ လှေ၏ အလိုအကျ လှေပေါ်တွင်ပါရသကဲ့သို့အတိုင်းဖြစ်သလိုမျိုးပါ။ ထို့ကြောင့်ဇတ်ဝတ္ထုတို့၌ တဏှာပေမ မကင်းသူချင်း ရင်းနှီးစွာ အကျိုးပေးလျက်ပါရမီဖြည့်ဖက်များဖြစ်ကြလေသည်။

ဥပမာ မြတ်စွာဘုရားလောင်းတော် သုမေဓာဘဝမှာ ယသော်ဓရာလောင်း သုမိတ္တာ မည်တဲ့အမျိုးကောင်းသမီးက ဘုရားရှင်နှင့်မကွဲမကွာဖြစ်ရလိုကြောင်း ဆုတောင်းခဲ့ ပါတယ်။ ထိုဝတ္ထုမှာ သူတော်ကောင်းနှင့်ဘဝဆက်တိုင်းပေါင်းသင်းလိုမှုသည် လောဘဟုမဆိုနိုင်ပဲ တမင်တကာဆုတောင်းရသော ကုသိုလ်ဆန္ဒကောင်းပင် ဖြစ်ပါတယ်။ ထို့ကြောင့် သမီး၊ ခင်ပွန်းစသူတို့အနေနဲ့ စိတ်တူကိုယ်တူ သဘောတူဖြစ် ကြတဲ့အခါမှာ တစ်ယောက်နှင့်တစ်ယောက်မခွဲခွာလိုကြ၊ သံသရာဝယ်ပါရမီဖြည့်ကျင့်ပြီး ကောင်းတဲ့ဘုံဘဝမှ နိဗ္ဗာန်လိုချင်မှုသည် ဆန္ဒသာဖြစ်ပေသည်။

ဆန္ဒရဲ့သဘောကား အထက်တွင်ဖော်ပြထားတဲ့အတိုင်း အာရုံတစ်ခုခုကို ပြုလိုခြင်း၊ (ရယူလိုခြင်း)သဘောပင်ဖြစ်ပါတယ်.ပြုလိုခြင်း၊ရယူလိုခြင်းဆိုရာမှာလည်း လောဘကဲ့သို့စွဲလမ်းတတ်ခြင်း၊ ကပ်ငြိတက်ချင်းမဟုတ်ဘဲ ပြုလိုရုံမျှ ရလိုမျှသာဖြစ် ပါတယ်။ ဤဆန္ဒသဘောသည် သတ္တဝါတို့၌ အလွန်ထင်ရှားပါတယ်။ ကလေးငယ် တစ်ယောက်ဟာ ဖခင်လက်မှ မိခင်လက်သို့ လိုက်ချင်၍ လက်လှမ်း၏။ ဤလိုက်ချင်မှု သည် ဆန္ဒတည်း။ ဟိုသွားချင်၊သည်လာချင်၊တစ်စုံတစ်ယောက်ကို တွေချင်မြင်ချင်၊ ကြားချင်၊နာချင်၊နမ်းချင်၊စားချင်၊ကိုင်ချင်၊ထိချင်၊တတ်သိနားလည်ချင်မှုအစုစုသည် ဆန္ဒသဘောသာဖြစ်ပါတယ်။

နိဗ္ဗာန်လိုချင်၊ အဂ္ဂသာဝက၊ မဟာသာဝကဖြစ်ချင်၊ ဘုရားဖြစ်ချင်၊ ရှင်ဘုရင်ဖြစ်ချင်၊ သူဌေးဖြစ်ချင်၊ နတ်ဖြစ်ချင်၊ ဗြဟ္မာဖြစ်ချင်၊ ရသေ့ ရဟန်းပြုချင်၊ လှူဒါန်းချင်၊ ဥပုသ်စောင့်၍နေချင်၊ ကုသိုလ်ရချင်စသည်တို့သည်လည်း ဆန္ဒသဘောပင်ဖြစ်ပါသည်။ တော်ရုံတန်ရုံလိုချင်မှုမျိုး၌ ဆန္ဒအားသေးပြီး၊ မဖြစ်မနေ ရချင်၊ ဖြစ်ချင်မှုမျိုး၌ ဆန္ဒအားကြီး၏။ ဤဆန္ဒကိုအရင်းခံပြီး ဝီရိယသန်သန်ဖြင့် ပါရမီတော်တွေကိုဖြည့်ကျင့် တော်မူခဲ့သောကြောင့် နောက်ဆုံးမှာ ဆန္ဒတော်အတိုင်း ဘုရားဖြစ်တော်မူရသည်။

ဒါကြောင့်ဆန္ဒဆိုတာ လူတိုင်းတွင်ရှိအပ်ပါတယ်။ထိပ်တန်းရောက်ရန် အခြေခံ ဆန္ဒမျှ မရှိသေးလျှင် ထက်သန်သော ဝီရိယကို မည်သူမျှ ပြုကြမည်မဟုတ်။ သို့ဖြစ်၍ အကျိုးကျေးဇူး တစ်ခုခုရလိုသော ဆန္ဒကို ပထမဖြစ်ရမည်။ ဤဆန္ဒမျိုးကို အာသာဟုခေါ်သည်။ (အာသာ=လိုလားတောင်းတခြင်း) ထို့နောက် အာသာဆန္ဒရှိနေရုံနှင့် (ဆုတောင်းနေရုံမျှဖြင့်) မရနိုင်ကြောင်းကိုနားလည်ကာ စိတ်ပါလက်ပါ ဝီရိယစိုက်ရမည်။ (ဥပမာ)ရန်ကုန်မှ မန္တလေးသို့သွားလိုခြင်းသည်ဆန္ဒ ဖြစ်သည်။ ထိုဆန္ဒဖြစ်နေရုံမျှဖြင့် မန္တလေးသို့မရောက်နိုင်၊ မန္တလေးသို့သွားနိုင်အောင် ကားခ၊ မီးရထားခ၊ လေယာဉ်ခ စရိတ်ကို လုံလောက်အောင်ရှာရမည်။ထိုသို့ရှာခြင်းကား ဝီရိယ သဘောတည်း၊ ထို့အတူပင် နိဗ္ဗှာန်ရလိုလျှင် ဘုရားအဖြစ်၊သာဝကအဖြစ် အမျိုးမျိုးနှင့်တန်အောင် ပါရမီကောင်းမှုများကိုကြိုးစားအားထုတ်ရမည်။

ယခုခေတ် အထက်တန်း ထိပ်တန်းရောက်နေသူများသည် ဘုန်းနှင့်သမ္ဘာ ထက်ကြပ်ပါပြီး စိတ်သွားတိုင်းကိုယ်ပါလျက် လိုရာပြီးနိုင်သော မိုးပေါ်ကျ ရွှေကိုယ်တော်များမဟုတ်ပဲ အာသာဆန္ဒအလိုက် ဝီရိယ စိုက်ထားသူများသာ ဖြစ်ပါတယ်။ ထို့ကြောင့် အလွန်ရခဲသော လူဘဝကိုရနေလျက် တိုးတက်လိုသော အာသာဆန္ဒကင်းလျက် အဖျင်း အ.အ၊အပျင်းအနတွေဖြစ်နေပါလျှင် တိရိစ္ဆာန်ဘဝနှင့် မခြားရတော့ကား မိမိကိုယ်တိုင် ယခုဘဝလည်းအထက်တန်းရောက်အောင် နောင်သံသရာလည်း မဂ်လမ်း ပေါက်အောင် ထက်သန်သော အာသာဆန္ဒကို ကိုယ်စီကိုယ်ငှလက်ကိုင်ထားသင့်ပါတယ်။ (ဆန္ဒဝတော ကိံ နာမ
နသိဇ္ဈတိ=ဆန္ဒရှိသူမှာ မပြီးနိုင်သော အရာမရှိ၊ အာသာ ဖလဝတီ သုခါ=တောင်တမှုသည် ကြိုးစား၍အကျိုးရလျှင် ချမ်းသာကိုဖြစ်စေနိုင်၏။)

နိဂုံးချုပ်အနေနဲ့ လူအများသုံးစွဲနေကြတဲ့ စကားတွေမှာ လိုချင်တယ်၊ ရချင်တယ်၊ ခံစားချင်တယ်၊ စတဲ့ “ချင်” ဆိုတဲ့စကားပါတိုင်းလောဘဟုမသတ်မှတ်သင့်ပါ။ "ချင်"ပါတိုင်းလောဘဟုသတ်မှတ်လျှင် လောဘနှင့် ဆန္ဒကို ကွဲကွဲပြားပြားနားမလည်၍ သာဖြစ်ပါတယ်။ ကာမဂုဏ်နဲ့ဆိုင်တဲ့ အာရုံတွေကို လိုချင်တာ၊ ခံစားချင်တာ၊ တက်မက်စွဲလန်း ငန်းငန်းတက်တက်လိုချင်မှုသည်လောဘဖြစ်ပြီး၊ဆန္ဒ၏သဘောမှာ တက်မက်စွဲလန်းခြင်းကင်းပြီး ရချင်လိုမှု ဖြစ်ချင်လိုမှုစိတ်သက်သက်သာ ဖြစ်ပါတယ်။
 
 လောဘ၏ သဘောသည် မကောင်းမှုဘက်သို့ညွတ်ပြီး၊ ဆန္ဒ၏သဘောမှာ အကောင်းဘက်သို့ယိမ်းပါတယ်။ လောဘ၏ လိုချင်မှုသည် ဆင်းရဲပူလောင် စေပြီး၊ ဆန္ဒ၏လိုချင်မှုသည် ချမ်းသာအေးငြိမ်းစေ၏။ ထို့ကြောင့်ကောင်းသည့်အရာများတွင် လိုချင်မှု၊ ဖြစ်ချင်မှု၊ လွတ်မြောက်ချင်မှု၊ ကယ်တင်ပေးချင်မှုသည် ဆန္ဒဖြစ်ပြီး၊ မကောင်းတဲ့အရာများကို တက်မက်ခြင်း၊ ငြိတွယ်ခြင်း ငန်းငန်းတတ်လိုချင်မှုများသည်လောဘသာဖြစ်ကြောင်း၊ လောဘကိုပယ်ပြီး၊ ဆန္ဒကိုတည်ဆောက်ကာ အားထုတ်ခြင်းဆိုတဲ့ ဝီရိယကို ဖြည့်လိုက်ပါက ပစ္စုပ္ပာန် သံသရာ နှစ်ဖြာကောင်းကျိုးများရစေမည်ဖြစ်ကြောင်း အသိပေးရေးသားလိုက်ရသည်။

ကိုးကား၊ ။ အရှင်ဇနကာဘိဝံသ ၏ (ကိုယ်ကျင့်အဘိဓမ္မာ၊သဂြိုဟ်ဘာသာဋီကာ) မှီငြမ်းရေးသားသည်။
အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ (နာလန္ဒာ တက္ကသိုလ်၊အိန္ဒိယနိုင်ငံ)


buddhismworld မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
worldofwisdom


သီလရှင်ကို အမျိုးသားတွေ ရှိခိုးသင့်ပါသလား ??


``သီလရှင်´´ စတင်ဖြစ်ပေါ်လာပုံ သမိုင်း အကျဉ်းကို အရင်သိထားဖို့လိုပါတယ်။ မြတ်စွာဘုရား လက်ထက်တော်အခါကာလမှာ မိထွေးတော် ဂေါတမီကို အကြောင်းပြုပြီး ``အမျိုးသမီးသာသနာ´´ စတင်ပေါ် ထွန်း ခဲ့ပါတယ်။

စာလိုပေလို့တော့ ``ဘိက္ခူနီ သာသနာ´´ လို့ခေါ်တာပေါ့။
အဲဒီသာသနာဟာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်ပြီး နှစ်ပေါင်းငါးရာလောက်မှာပဲ အပြီးတိုင် ပျောက်ကွယ် ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးတွေ မြတ်စွာဘုရားရဲ့ ဝိနည်းသိက္ခာပုဒ်တွေကို ထိန်းသိမ်းနိုင်သူ မိမိကိုယ်ကို ကာကွယ် စောင့်ရှောက်နိုင်စွမ်း ရှိသူတွေ မပေါ်ထွန်းတော့လို့ပါပဲ။
မြန်မာနိုင်ငံတွင် သာသနာနှစ် ``၉၀၀-၁၄၀၀´´ အတွင်းမှာ အမျိုးသမီးတွေ သာသနာတွင်း ဝင်ရောက်လာခြင်းမှစ၍ ``သီလရှင် သာသနာ´´ စတင် ပေါ်ထွန်းခဲ့ပါတယ်။ ကုန်းဘောင်ခေတ်
အရောက်မှာတော့ သာသနာပိုင် ရှမ်းကလေးကျွန်း ဆရာတော်ရဲ့ ညီမအရင်းဖြစ်ပြီး အလွန်နာမည်ကြီးတဲ့ သီလရှင် ``မယ်ကင်း´´(ဘွဲ့အမည်ကတော့ ``မယ်ခေမာ´´)ရဲ့ ကြိုးစားအားထုတ်မှုကြောင့် မြန်မာနိုင်ငံ သီလရှင် သာသနာဟာ ထွန်းတောက်လာခဲ့ ပါတော့တယ်။ ဒါဟာ ``သီလရှင် သာသနာသမိုင်း´´ အကျဉ်းချုပ်ပါ။

အမျိုးသမီးတွေဟာ သီလရှင် ဝတ်ပြီဆိုတာနဲ့ ရဟန်းတော် တစ်ပါးပါးထံမှာ ရှစ်ပါး သို့မဟုတ် ကိုးပါးသီလကို ခံယူ ဆောက်တည်ကြရပါတယ်။ သီလရှင် အချင်းချင်းထံမှာ သီလရှင်ဝတ်လို့ မရပါဘူး။ သီလရှင်ဖြစ်ပြီ ဆိုတာနဲ့ လိင်ဆယ်ပါး ဒဏ်ဆယ်ပါး သေခိယ(၇၅)ပါးစတဲ့ ကျင့်ဝတ်တရားတွေကို စောင့်ထိန်းကြဖို့ ဆရာတော်က မိန့်ကြားရပါတယ်။

ဒါဆိုရင် ``သီလရှင်ကို အမျိုးသားတွေ ရှိခိုးသင့် မသင့်´´ ဆိုတာ ရိပ်မိလောက်ပြီ ထင်ပါတယ်။ ဗုဒ္ဓသာသနာတော်မှာ ရှိခိုး ပူဇော်ခြင်း ဆိုတာဟာ သီလနဲ့ သာသနာတော်ကိုသာ ရှိခိုးပူဇော်တာဖြစ်ပြီး ပုဂ္ဂိုလ်ကို အဓိကထားတာ မဟုတ်ပါဘူး။ ပုဂ္ဂိုလ်ကို ကြည့်မယ်ဆိုရင်တော့ သူလည်း ခန္ဓာငါးပါး ကိုယ်လဲခန္ဓာငါးပါး ထူးခြားမှုမရှိပါဘူး။ များသောအားဖြင့် ငါးပါးသီလသာ စောင့်ထိန်းကြတဲ့ အမျိုးသားတွေဟာ သီလရှင်တွေကို သူတို့ပြုစုနေတဲ့ သာသနာတော်နဲ့ သူတို့စောင့်ထိန်းထားတဲ့ သီလသိက္ခာတွေ ကျင့်ဝတ်တရားတွေကို ပူဇော်တယ်လို့ သဘောထားပြီး ရှိခိုးပူဇော်မယ်ဆိုရင် ကုသိုလ်တွေ ပွားနိုင်ပါတယ်။ ထို့အပြင် မိန်းမတွေဟာ ယောက်ျားတွေထက် ယုတ်ညံ့တယ်ဆိုတာလည်း မဖြစ်နိုင်တဲ့အတွက် ကိုယ့်ထက် အသက် သိက္ခာကြီးမားတဲ့ အမျိုးသမီးတွေ သီလရှင်တွေကို ကန့်တော့ခြင်းဟာ ဘုန်းနိမ့်တယ်ဆိုတာ မမှန်ကန်ပါဘူး။ တစ်ချို့အမျိုးသမီးတွေတောင် မရှိခိုးကြပါဘူး။ သီလရှင် ရှိခိုးရင် ဘုန်းနိမ့်သလို လိုဘာလို့လိုနဲ့ မရှိခိုးကြဘူး တစ်ကယ်တော့ သီလရှင်မှာ လဲ သိက္ခာပုတ်တွေအများကြီးရှိပါတယ် လူတွေမှာက ငါးပါးသီလပဲ စောင့်ကြတယ်။

ငါးပါးသီလတောင် လူတိုင်းမမြဲကြပါဘူး။ဆရာတော်ပြောသလိုပေါ့ ပုဂ္ဂိုလ်ကို အဓိကထားတာမဟုတ်ပါဘူး သီလကို အဓိကထားတာပါ ဒါကြောင့် အမှန်တကယ် သီလရှင်ကို ရှိခိုးသင့်ပါတယ်။ ကိုယ်ရဲ့ အမေ အမတွေတောင် ရှစ်ခိုးသေးတာပဲ သိက္ခာပုတ်စောင့်ထိန်းပြီး ဘုရား သာသနာတွင်းမှာနေတဲ့ သီလရှင်ဆိုတော့ ပိုပြီးတော့တောင် ရှိခိုးရမှာပါ ။ သီလရှင်တွေကို ရှိခိုးရင် ဘုန်းနိမ့်သလိုလို ကံနိမ့်သလိုလိုနဲ့ မရှိခိုးပဲ လူနဲ့ တန်းတူ ဆက်ဆံ တာတွေ တွေ့ရမြင်ရတာ တကယ် စိတ်မချမ်း သာစရာတွေပါ ။ အားလုံး တရားအမှန်ကို သိကြပါစေလို့ ရှင်းပြရင်း နိဂုံးချုပ်လိုက်ရပါတယ်……။

မေတ္တာဖြင့်
ရွှေဘုန်း(စေတနာပန်းခင်းဆရာတော်)
စာအုပ်မြို့တော် မှ ပြန်လည်မျှဝေသည်

ပုဂံယဉ်ကျေးမှုနယ်မြေအနီး တုရင်တောင်တွင် ရေနံတူးမည်


 ပုဂံယဉ်ကျေးမှုနယ်မြေအနီး တုရင်တောင် အဖျားတွင် ရေနံ တူးဖော်ရန် ဆောင်ရွက်မှုများ ပြုလုပ် သည့်အတွက် ရှေးဟောင်းတုရင်တောင် စွယ်တော်စေတီ အခြားအမွေအနှစ် ပျက်စီးဆုံးရှုံးမှုများ ရှိလာနိုင်သည်ဟု ဒေသခံများက စိုးရိမ်လျက်ရှိကြောင်း ပုဂံချစ်သူအဖွဲ့နာယက ဦးမင်းနိုင်က မဇ္ဈိမကိုပြောသည်။

ရေနံတူးဖော်ရန်ပြင်ဆင်သောနေရာသည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေနှင့် ၁၀ မိုင်ကျော်အကွာ သဲပြင်တော ကျေးရွာတွင်ဖြစ်သည်။ အဆိုပါစီမံကိန်းသည် ယဉ်ကျေးမှုနယ်မြေအနီးရှိ တုရင်တောင်ဖျားတွင်
ရှိနေခြင်းကြောင့် ဒေသခံများနှင့် ယဉ်ကျေးမှုနယ်မြေအတွင်း နေထိုင်နေသူများက စိုးရိမ်နေကြခြင်းဖြစ် သည်ဟု ဆိုသည်။

“ဒီဟာကိုတူးလို့ နောက်ဆက်တွဲပျက်စီးမှုတွေ ဖြစ်လာနိုင်တယ်ဆိုရင်တော့ ရေနံတူးတာကို ချက်ချင်း ရပ်ပေးဖို့ ရှေးဟောင်းကို ထုတ်ပြန်အသိပေးမယ်” ဟု ဦးမင်းနိုင်အောင်က ပြောသည်။

ရေနံတူးဖော်ခြင်းလုပ်ငန်းကို မလေးရှား ရေနံကုမ္ပဏီ Petronast က ရေနံတူးဖော်ရန်အတွက် သဲပြင်တောကျေးရွာ တုရင်တောင်ဖျားရှိ လယ်မြေ ၁၅ဧက ကို တစ်ဧက ၁၅ သိန်းနှုန်းဖြင့် ၀ယ်ယူပြီး မြေပေါ်ရှိ သီးနှံများအတွက် သီးနှံလျော်ကြေး သုံးနှစ်စာနှင့် ထန်းတစ်ပင် ကျပ် ၉၀,၀၀၀ ပေးလျော်ကာ ရေနံတူးဖော်ရေးအတွက် အကောင်အထည်ဖော်နေခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ယင်းရေနံတူးဖော်မှုကို ရှေးဟောင်းယဉ်ကျေးမှုသုတေသနနှင့် စာကြည့်တိုက်များဦးစီးဌာနအနေဖြင့် မည်သို့ဆောင်ရွက်သည်ကို မသိရှိဘဲ မည်သည့်အကြောင်းကြားမှုမှ မရရှိဘူးဟု နေပြည်တော်ရှိ အဆိုပါရုံးသို့ မေလ ၂၁ ရက် နေ့လယ်ပိုင်းတွင် မဇ္ဈိမက တယ်လီဖုန်းနှင့် ဆက်သွယ်မေးမြန်း ရာတွင် ပြန်လည်ဖြေကြားခဲ့သည်။

ရေနံတူးဖော်မှုနှင့်ပတ်သက်ပြီး ပုဂံ ရှေးဟောင်းသုတေသနဌာနမှ ညွှန်ကြားရေးမှူးအဖြစ် ၂၀၀၀ ပြည့်နှစ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး လက်ရှိ ပုဂံမြိုသစ်တွင် နေထိုင်သူ ဦးအောင်ကြိုင်က “ ဦးနေ၀င်း ခေတ်တုန်းက တုရင်တောင်ပေါ်မှာကို တူးခဲ့ဖူးတယ်၊ အဲဒီတုန်းကလည်း တွေ့တဲ့ရေနံတွေက အရည်မဟုတ်ဘဲ အခဲလိုလိုတွေ ဖြစ်နေလို့ လက်လျှော့ခဲ့ဖူးတယ်။ အခုဟာက တုရင်တောင်ဖျားဆိုတော့ လက်ရှိတော့ ဘာမှမဖြစ်ပေမယ့် နောက်ဘယ်လိုဖြစ်လာနိုင်မလဲဆိုတာကို မသိနိုင်ဘူးလေ” ဟု ဆိုသည်။

ပုဂံရှေးဟောင်းနယ်မြေအနီးတွင် ရေနံတူးဖော်ရန် ဆောင်ရွက်နေသည့်ကိစ္စနှင့် ပတ်သက်ပြီး ပုဂံရှေးဟောင်းယဉ်ကျေးမှု သုတေသနဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဦးက ၎င်းကိစ္စနှင့်ပတ်သက်ပြီး မသိရှိဘဲ ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းကို သာမေးရန် ပြောဆိုသော်လည်း ညွှန်ကြားရေးမှူးကို ဆက်သွယ်၍ မရခဲ့ပေ။

လက်ရှိရေနံတူးရန်ပြင်ဆင်နေသည့် သဲပြင်သောင်ကျေးရွာသည် ညောင်ဦးမြို့ နယ်အတွင်းတွင် တည်ရှိနေခြင်းကြောင့် ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ငြိမ်းကို တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်မေးမြန်းရာ ညောင်ဦးသို့ လာရောက်မေးမြန်းမှသာလျှင် ဖြေဆိုနိုင် မည်ဟု ပြန်လည်ဖြေ ကြားသည်။

Mizzima - News in Burmese

မေလအတွင်း ဖုန်းဆင်းမ်ကတ် လေးသိန်း ချပေးမည်


 မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းအသုံးပြုသူသည် ၈ ဒသမ ၄၅ သန်းအထိ ရောက်ရှိနေပြီး မေလအတွင်း တန်ဖိုးနည်း မိုဘိုင်းဆင်းမ်ကတ် လေးသိန်း ထပ်မံချထားပေးမည်ဟု မြန်မာ့ဆက်သွယ်ရေးက မေ ၂၁ ရက်တွင် ထုတ်ပြန်ကြေငြာခဲ့ရာ အသုံးပြု သူ ၈ ဒသမ ၈၅ သန်းအထိ ရောက်ရှိလာနိုင်မည်ဖြစ်သည်။
ယင်းသို့ မေလအတွက် ထပ်မံချထားပေးလိုက်သောကြောင့် မြန်မာနိုင်ငံရှိ အိမ်ထောင်စုပေါင်း ၈ ဒသမ ၇ သန်းအထိရှိရာ အိမ်ထောင်စုတစ်စုလျှင် မိုဘိုင်းဖုန်းတစ်လုံး အသုံးပြုနိုင်သည့်အနေအထားသို့ ရောက်ရှိလာနိုင်မည် ဖြစ်သည်။

ကိန်းဂဏန်းအားဖြင့် ယင်းသို့ ရှိနေသော်လည်း အိမ်တိုင်းဖုန်းတစ်လုံးကိုင်နိုင်သည့် အခြေအနေကို အမှန်တကယ်ရောက်ရှိခြင်း မရှိသေးဟု Mr.Htet Computer ဆိုင်၏ ဒါရိုက်တာ ကိုထက်လင်းစိုးက ပြောသည်။

ကိုထက်လင်းစိုးက“အရေအတွက်အရ အိမ်တစ်အိမ်မှာ ဖုန်းတစ်လုံးအသုံးပြုနိုင်ရမှာဖြစ်ပေမယ့် အမှန်တကယ် အိမ်တိုင်းဖုန်း အသုံးမပြုနိုင်သေးပါဘူး။ မြန်မာ့ဆက်သွယ်ရေးအနေနဲ့လည်း မဲနှိုက်ရောင်းချ ပေးတဲ့စနစ်နဲ့ ရောင်းချပေးတာမျိုး မဟုတ်ပဲ လိုအပ်သူတွေ အမှန်တကယ်ဝယ်ယူ အသုံးပြုနိုင်တဲ့ အနေအထားမျိုး ပြုလုပ်ပေးသင့်တယ်။ သူတို့အနေနဲ့လည်း ပြည်ပအော်ပရေတာတာ မရောင်းချခင်တည်းက ဆင်းမ်ကတ် အရေအတွက်ကို အများအပြားတောင်ချထားပေးသင့်တယ်”ဟု သုံးသပ်ပြောကြားသည်။
ယင်းအပြင်ပြင်ပဈေးကွက်တွင် မိုဘိုင်းဆင်းမ်ကတ်ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် လူတစ်ဦးလျှင် ဖုန်းတစ်လုံးကိုင်နိုင်ရန် ခက်ခဲနေဆဲဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
ကိုထက်လင်းစိုးက “ပြင်ပဈေးကွက်မှာ မိုဘိုင်းဆင်းကတ်ဈေးက လေးသောင်းကနေ တစ်သိန်းကျော်အထိ ဈေးတွေဖြစ်ပေါ်နေခြင်းကလည်း လူတိုင်းဖုန်းဝယ်မသုံးနိုင်တဲ့ အခြေအနေကို ဖြစ်ပေါ်စေပါတယ်”ဟု ပြော သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် လစဉ်တယ်လီဖုန်းများချထားပေးရာတွင် ဖုန်းလိုင်းကျပ်တည်းသည့် နေရာဒေသအပေါ်မူတည်၍ တိုင်းနှင့်ပြည်နယ်အလိုက် တယ်လီဖုန်းများချထားပေးနေရကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အင်ဂျင်နီယာများက မဇ္ဈိမကို ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာမှူး ဦးငွေစိုးက“တန်ဖိုးနည်းဖုန်းတွေ ချထားပေးတဲ့အခါမှာ တယ်လီဖုန်း Traffic ( တယ်လီဖုန်း လိုင်းကျပ်ခြင်း) ကို ကြည့်ပြီး ချထားပေးနေရတယ်။ နောက်ပြီး MEC ဖုန်းဆင်းမ်ကတ်တွေနဲ့ MPT ကတ်နဲ့ကို မျှဝေချထားပေးရတာတွေရှိတယ်”ဟု ပြောသည်။
မေလအတွင်း တန်ဖိုးနည်းဖုန်းချထားပေးရာတွင် ရန်ကုန်တိုင်းဒေသအတွင်းရှိ ဆင်းမ်ကတ်ခွဲတမ်းတွင် GSM ပါဝင်ခြင်း မရှိဘဲ MEC CDMA ဖုန်းဆင်းကတ် ၂၅၀,၀၀၀ နှင့် ပင်စင်စားများအတွက် WCDMA ဆင်း ကတ် ၁၅,၀၀၀ အထိသာချထားပေးမည်ဟု ထုတ်ပြန်ထားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းလိုင်းအင်အားတိုးချဲ့ခြင်း စီမံကိန်းအနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် မိုဘိုင်းလိုင်းအင်အား ငါးသန်းနှင့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင်လည်း မိုဘိုင်းအင်အား ငါးသန်းတိုးချဲ့ရန် စီစဉ်ထားသည်။ ပြည်ပအော်ပရေတာများဖြစ်သော တယ်လီနော နှင့် အူရီးဒူးတို့ကလည်း လာမည့်လအနည်းငယ်အတွင်း မိုဘိုင်းဆင်းမ်ကတ်များ စတင်ချထားပေးနိုင်တော့မည် ဖြစ်သည်။

Mizzima - News in Burmese

Facebook က Relationship status နှင့် ပတ်သက်သော် feature မိတ်ဆက်


လူသုံးအများဆုံး လူမှုကွန်ရက် ၀က်ဘ်ဆိုဒ်တစ်ခုဖြစ်သည့် Facebook က feature သစ်များ အဆက် မပြတ် ထုတ်လုပ်နေရာ မေလ ၂၀ ရက်က သုံးစွဲသူများ၏ Relationship status အား မေးမြန်းနိုင်မည့် feature သစ်တစ်မျိုးကို မိတ်ဆက်ခဲ့သည်။Facebookက လွန်ခဲ့သောအချိန်များတွင် အသုံးပြုသူများအချင်းချင်း အလုပ်ကိုင်နေရာ၊ တက်ရောက်ခဲ့ သည့် ကျောင်းအစရှိသည်တို့ကို မေးမြန်းနိုင်သည့် “Ask” ဟူသည့် feature အား ထုတ်လုပ်ခဲ့ပြီး မေလ ၂၀ ရက်တွင် Relationship status နှင့် ပတ်သက်ပြီး ထပ်မံမိတ်ဆက်ခြင်း ဖြစ်သည်။
 
အဆိုပါ feature သစ်မှာ အသုံးပြုသူတစ်ဦးက မိမိ၏ Relationship status အား ဖော်ပြမထားသေးပါက အခြားအသုံးပြုသူတစ်ဦးမှ မိမိအားချိန်းတွေ့ကာ မိမိတွင် Relationship ရှိ၊ မရှိကို မေးမြန်းနိုင်ခြင်းဖြစ် သည်။ ယင်း “Ask” button မှာ အသုံးပြုသူ၏ Relationship ဖော်ပြမည့်နေရာတွင် ပေါ်လွင်နေမည်ဖြစ် သော်လည်း ကာယကံရှင်ကိုယ်တိုင်ကမူ မြင်တွေ့နိုင်ခြင်းရှိမည် မဟုတ်ချေ။

အသုံးပြုသူတစ်ဦးမှ မိမိစိတ်ဝင်စားနေသူတစ်ဦးတွင် Relationship မရှိသေးလျှင် Ask နှိပ်ကာ ၎င်း၏ Relationship အကြောင်း မေးမြန်းနိုင်မည်ဖြစ်ပြီး စိတ်ဝင်စားပါက မိမိနှင့် အပြင်တွင်ချိန်းတွေ့နိုင်မည့် အခွင့်အရေးကို ရရှိမည်ဖြစ်သည်။ ထိုသို့ ပြုလုပ်ရန် မိမိမေးမြန်းမည့်သူမှာ မိမိနှင့် Friend ဖြစ်နေရမည် ဖြစ်သည်။ မိမိ၏ Relationship status နှင့် ပတ်သက်ပြီး အမေးမြန်းခံရသူမှာ notification ပေါ်လာမည် ဖြစ်ပြီး မိမိတွင် ချစ်ကြိုက်ထားသည့်သူ ရှိ၊ မရှိ၊ လက်ထပ်ထားသည့်သူ ရှိ၊ မရှိကို အဖြေပေးရမည် ဖြစ် သည်။ အဆိုပါ အဖြေအား မေးမြန်းသည့်သူကသာ မြင်တွေ့သွားနိုင်မည်ဖြစ်ပြီး မိမိ၏ timeline တွင် ပေါ်နေမည်မဟုတ်ကြောင်း Facebook က ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် Facebook ၏ အဆိုပါ Relationship status feature သစ်နှင့် ပတ်သက်၍ အသုံးပြု သူများဘက်မှ ဝေဖန်သံများထွက်ပေါ်နေပြီး ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်အား အတင်းအ ကျပ် ဖော်ပြစေခြင်းဖြစ်ကြောင်း Facebook မှ အွန်လိုင်းချိန်းဆိုမှုဘက်သို့ ဦးတည်နေကြောင်း ပြစ်တင် ပြောဆိုမှုများရှိ နေသည်။

Mizzima - News in Burmese

နိုင်ငံခြားကုမ္ပဏီများအတိုင်း အင်တာနက်မြန်နှုန်း ကောင်းအောင်ပေးမည်ဟု ဆက်သွယ်ရေးဆို


နိုင်ငံခြားဆက်သွယ်ရေးကုမ္ပဏီများဖုန်းစတင်ရောင်းသည့် အချိန်တွင်MPT ၏ မိုဘိုင်း အင်တာနက် မြန်နှုန်း မှာလည်း ကုမ္ပဏီများကဲ့သို့ ရှိအောင်ဆောင် ရွက် မြန် မာ့ ဆက် သွယ်ရေးလုပ်ငန်းမှ သိရသည်။ ”ကုမ္ပဏီ ဖုန်းရောင်းဖို့ Launch လုပ်တဲ့အချိန်မှာ ကျွန်တော်တို့ဘက်က လည်း အဆင်သင့်ဖြစ်နေ မှာပါ။ သူတို့ထက်မသာရင်တောင် သူတို့နီးပါးရှိအောင် လုပ် ဆောင် မှာ ပါ”ဟု မြန်မာ့ဆက် သွယ်ရေး လုပ်ငန်းမိုဘိုင်းဌာနမှ အရာရှိတစ်ဦးက ပြောသည်။
  လက်ရှိတွင် မိုဘိုင်းဖုန်းများ ထုတ်လုပ်ရောင်းချခွင့်လိုင်စင်ရရှိထားသည့် Telenor နှင့် Ooredoo
ကုမ္ပဏီများသည် ၎င်းတို့ ရောင်းချမည့် မိုဘိုင်းဖုန်း၏အင်တာနက်မြန်နှုန်းကို လက်ရှိ ဆက်သွယ်ရေး မှ ရောင်း သည့် မြန်နှုန်း ထက်ပိုမိုမြန် ဆန်မည် ဟု ပြောဆိုထားပြီး Telenor ကုမ္ပဏီသည် မိုဘိုင်း အင်တာနက်မြန်နှုန်းကို 1M အထိ ထားရှိမည် ဟု ယင်းကုမ္ပဏီမှ သိရသည်။ ”မြန်နှုန်းကောင်းဖို့အတွက်တော့ အကောင်အထည်ဖော် ဆောင် ရွက်နေပါပြီ။ မြန်နှုန်းဘယ်လောက်အထိ တိုးမြှင့်မလဲဆိုတာကတော့ လတ်တလောအနေအထားအရ မပြောနိုင်သေးပါဘူး”ဟု ၎င်းက ဆက်ပြော သည်။ လက်ရှိဝန်ဆောင်မှုပေးထားသည့် မိုဘိုင်းအင်တာနက် မြန်နှုန်းများGSM ဖုန်းများကို တစ်ဦးချင်းသုံးစွဲမှု အဖြစ် 200kbps , CDMA 800 MHz နှင့် WCDMA 3G စနစ်ဖုန်းများကို 512 kbps ပေးထားကြောင်း ၎င်းကဆက်ပြောသည်။ လက်ရှိ ဆက်သွယ်ရေးမှ ရောင်းချထားသည့် မိုဘိုင်းအင် တာနက်မြန်နှုန်းနှင့် ပတ်သက်၍ ကျောက် တံတားမြို့နယ်မှ သုံးစွဲသူကိုမင်းမင်းက ” CDMA 800 အင်တာနက်မြန်နှုန်းကတော့ သုံးရတာ အဆင်ပြေပေမယ့် မကြာခဏတော့လိုင်းကျတာ မျိုးရှိပါတယ်။ ဂျီအင်တာနက်ကတော့ စိတ်ပျက်စရာကောင်းလောက် အောင်ဖြစ်ရတယ်။ တစ်ခါတစ်ခါဆိုရင်လွင့်ပစ်ချင် စိတ်တောင်ပေါက်မိတယ်”ဟုပြောသည်။
  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် မိုဘိုင်းဖုန်းများတွင် အင်တာနက် ထည့်သွင်းအသုံးပြုခွင့်ကို ၂ဝ၁၁ ခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ ကျပ်ငါးသိန်းတန် CDMA 800 MHz ဖုန်းများမှ စတင်ခဲ့ပြီး အင်တာနက်သုံးစွဲခ တစ်မိနစ်လေးကျပ်နှုန်း ကောက်ခံခဲ့သည်။ ထို့နောက် GSM ဖုန်းနှင့်WCDMA ဖုန်းများကို သုံးစွဲ ခွင့်ထပ်မံပေးခဲ့ပြီး GSM ဖုန်း၏ အင်တာ နက်သုံးစွဲခကို တစ်မိနစ်နှစ်ကျပ်၊ WCDMA ဖုန်းကို တစ်မိနစ်လေးကျပ် ကောက်ခံနေကြောင်း သိရသည်။
  အောင်ဇော် Popular Myanmar News Journal

နားရွက်ဆွဲခံလိုက်ရသည့် အမေရိကန် သမ္မတ အိုဘားမား

 
နားရွက်ဆွဲခံလိုက်ရသည့် အမေရိကန် သမ္မတ အိုဘားမား ကိုယ်ရံတော်များက မှည့်တစ်ပေါက် မစွန်းအောင် အစွမ်းကုန် ကာကွယ်ထားသည့် အမေရိကန် သမ္မတကြီးကို အမည်မသိ ကလေးငယ် တစ်ဦးက နားရွက်ဆွဲသွားသည့် အခြေအနေသည် ရွှင်မြူးရယ်မောစရာ သတင်းတစ်ပုဒ်လည်း ဖြစ်လာ သည်။

အမေရိကန် သမ္မတဆိုသော ဂုဏ်ပုဒ်သည် ကမ္ဘာပေါ်တွင် ဩဇာအကြီးဆုံး၊ အရေးအရာ အထားခံရဆုံး၊ လုံခြုံရေးအတွက် အလေးထားခံရဆုံး ပုဂ္ဂိုလ်အဖြစ် ရည်ညွှန်းခြင်းလည်း ဖြစ်သည်။ သို့သော်လည်း အဆိုပါ ပုဂ္ဂိုလ်ကြီး ဘာရတ်အိုဘားမားခမျာ ကလေးငယ် တစ်ဦး၏ နားရွက်ဆွဲမှုကို အလစ်အငိုက် ခံလိုက်ရပြီး ရှောင်တိမ်းနိုင်ခဲ့ခြင်း မရှိခဲ့ချေ။ ကိုယ်ရံတော်များက မှည့်တစ်ပေါက် မစွန်းအောင် အစွမ်းကုန်
ကာကွယ်ထားသည့် အမေရိကန် သမ္မတကြီးကို အမည်မသိ ကလေးငယ် တစ်ဦးက နားရွက်ဆွဲသွားသည့် အခြေအနေသည် ရွှင်မြူးရယ်မောစရာ သတင်းတစ်ပုဒ်လည်း ဖြစ်လာသည်။

အင်္ဂါနေ့က အိမ်ဖြူတော်တွင် ပြုလုပ်သော ကလေးများ၏ အနုပညာ ကျွမ်းကျင်မှု သရုပ်ပြပွဲ အစီအစဉ် တစ်ခုတွင် အိုဘားမားနှင့် ဇနီးဖြစ်သူ မစ်ချယ်လ် အိုဘားမားတို့ တက်ရောက်ခဲ့ကြသည်။ ထိုအချိန်တွင် အိုဘားမားကို စကားပြောချင်စိတ် များနေသည့် ကလေးတစ်ဦးက ၎င်းကို အာရုံစိုက်မိစေရန် သမ္မတကို နားရွက်ဆွဲထားခဲ့ခြင်း ဖြစ်သည်။ မည်သူမည်ဝါမှန်း တိတိကျကျ မသိရသည့် အဆိုပါ ကလေးငယ်သည် အိုဘားမားကို တစ်စုံတစ်ရာ တိုးတိုးကပ်ကပ် ပြောလိုစိတ် ပြင်းပြနေပြီး သမ္မတ၏ ဘယ်ဖက်နားကို လက်ဖြင့် ဆွဲထားခဲ့သည်။

အိုဘားမားကလည်း ခန္ဓာကိုယ်ကို ကိုင်းထားကာ ကလေးငယ် ပြောဆိုနေသည်ကို စက္ကန့်အနည်းငယ်ကြာမျှ စိတ်ဝင်တစား နားထောင်နေခဲ့သည်။ ယင်းစွမ်းရည်ပြပွဲ အစီအစဉ်ကို မစ်ချယ်လ်က ဦးစီးဦးရွက်ပြု ကျင်းပခြင်းဖြစ်ပြီး အိုဘားမားက ကလေးများထံ လာရောက်တွေ့ဆုံခဲ့ရာ၌ ယခုလို ရယ်မောစရာ အခြေအနေမျိုးအဖြစ် နားရွက်ဆွဲခံလိုက်ရရှာခြင်း ဖြစ်သည်။အိုဘားမားတို့ ဇနီးမောင်နှံသည် အိမ်ထောင်ရေး ပြဿနာအချို့ ရှိနေပြီး သမ္မတသက်တမ်း ကုန်ဆုံးချိန်၌ မစ်ချယ်လ်က ကွာရှင်းမည်ဟု သတင်းအချို့ ထွက်ပေါ်နေပြီး အိမ်ဖြူတော်ကမူ ယင်းကို မှတ်ချက်ပေးရန် ငြင်းဆိုထားသည်။ ၎င်းတို့၏ အိမ်ထောင်သက်သည် (၂၁)နှစ်မျှ ကြာမြင့်ခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ထိုနေ့က စွမ်းရည်ပြပွဲတွင် သမ္မတ ဇနီးမောင်နှံမှာ ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် ရှိနေခဲ့ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network.


ယူနီဆက်က ရန်ကုန်ရုံးခန်းနေရာအတွက် တစ်လ ကျပ်သိန်းရှစ်ရာခန့် သုံးစွဲနေ

Photo: ယူနီဆက်က ရန်ကုန်ရုံးခန်းနေရာအတွက် တစ်လ ကျပ်သိန်းရှစ်ရာခန့် သုံးစွဲနေ
Friday, May 23, 2014

ရန်ကုန်မြို့တွင် ရုံးခန်းဖွင့် လှစ်ထားသည့် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ ယူနီ ဆက်၏ ရုံးခန်းခြံနေရာငှားရမ်းခ နှုန်းမှာ ရန်ကုန်အိမ်ခြံမြေလောက တွင် ငှားရမ်းခနှုန်း အမြင့်ဆုံး ဖြစ် နေကြောင်း အိမ်ခြံမြေလုပ်ငန်း ရှင်များက ပြောကြားသည်။

မေလ ၂၁ ရက်က UNICEF ၏ အရှေ့အာရှပစိဖိတ်ဒေသရုံး ချုပ်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြားရပ်ကွက်တွင် ငှား ရမ်းပြီး ရုံးခန်းဖွင့်လှစ်နေသည့် UNICEF ရုံးခန်းငှားခမှာ တစ်လ လျှင် အမေရိကန်ဒေါ်လာ ၈၇,၀၀၀ (ကျပ်သိန်း ၈၀၀ ခန့်) ရှိကြောင်း ထုတ်ပြန်လိုက်ပြီးနောက် ရန်ကုန် တွင် အမြင့်ဆုံးငှားရမ်းခနှုန်းထား ဖြစ်နိုင်ကြောင်း အိမ်ခြံမြေလုပ် ငန်းရှင်များက တအံ့တသြပြော ဆိုလိုက်ခြင်းဖြစ်သည်။

‘‘ကျွန်တော်အိမ်ခြံမြေလုပ် သက် ၁၅ နှစ်အတွင်းမှာ ဒီလိုအ ငှားဈေးနှုန်းမျိုးတစ်ခါမှာ မကြား ဖူးဘူး။ ဈေးက အရမ်းများတယ်။ ရန်ကုန်မှာ အများဆုံးလို့ထင် တယ်’’ ဟု စိုင်းခွန်နောင်အိမ်ခြံ မြေအကျိုးဆောင်ကုမ္ပဏီမှ မန် နေဂျင်းဒါရိုက်တာ ဦးစိုင်းခွန် နောင်ကပြောသည်။

စတုရန်းပေ ၃၃၀၀၀ ကျယ် ၀န်းသည့် ယူနီဆက်၏ ရုံးခန်း သည် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် အမှတ် ၂၃/အေ တွင် ဖွင့်လှစ် ထားပြီး တစ်လလျှင် ငှားရမ်းခ ဒေါ်လာ ၈၇,၀၀၀ နှုန်းဖြင့် ခုနစ်နှစ်စာချုပ် ချုပ်ဆိုထားကြောင်း ယူနီဆက်၏ သတင်းထုတ်ပြန် ချက်တွင် ဖော်ပြပါရှိသည်။

တစ်လလျှင် သိန်း ၈၀၀ ခန့် ဖြင့် ငှားရမ်း၍ ရုံးခန်းဖွင့်လှစ်နေသည့် အဆိုပါ ရုံးခန်း၏ ဈေးနှုန်းမှာ လွန်စွာ များပြားနေ ပြီး ရွှေတောင်ကြားရပ်ကွက်တွင် ယေဘုယျအားဖြင့် တစ်လလျှင် ငှားရမ်းခသိန်း ၆၀ မှ သိန်း ၃၀၀ ကျော်အထိသာ အငှားလောက တွင် အလုပ်ဖြစ်ကြောင်း ဗဟန်း မြို့နယ် အခြေစိုက် အိမ်ခြံမြေလုပ်ငန်းရှင် ဦးဝင်းမြင့်စိုးက ရှင်းပြသည်။

အစိုးရက ပြီးခဲ့သော ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁ ရက် က စတင်သတ်မှတ်လိုက်သည့် အိမ်ခြံမြေစံနှုန်းထားဖြင့် သတ် မှတ်ပါက ယင်းဗဟန်းမြို့နယ် တွင် အရောင်းအ၀ယ်ပြုလုပ်ပါက တစ်ပေပတ်လည်လျှင် ကျပ် နှစ် သိန်းခုနစ်သောင်းမှ သုံးသိန်းနှစ် သောင်းအထိရှိပြီး အငှားဈေး နှုန်းတွင်မူ တစ်ပေပတ်လည်လျှင် ခြောက်သောင်းမှ တစ်သိန်းဝန်း ကျင်အထိသာ သတ်မှတ်ထား သည်။

လက်ရှိရန်ကုန်တွင် ငှားရမ်း ခအမြင့်ဆုံးနှုန်းထားဖြစ်နေသည့် ယူနီဆက် ရုံးခန်းအနေဖြင့် ပြီးခဲ့ သည့်နှစ်က ရန်ကုန်မြို့ကုန်သည် ကြီးများဟိုတယ်(ယခု ဆူးလေ ရှန်ဂရီလာ ဟိုတယ်) တွင် တစ်လလျှင် အမေရိကန် ဒေါ်လာ ၄၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့ပြီး ပြီးခဲ့သည့် သုံးနှစ်ကထက် ဈေး နှုန်း နှစ်ဆကျော်မြင့်တက်လာ ခြင်းကြောင့် ရန်ကုန်တွင် ထပ်မံ ရှာဖွေငှားရမ်းပြောင်းရွှေ့နေထိုင် ခဲ့ခြင်းဖြစ်ကြောင်း ယူနီဆက်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

7Day Daily
ရန်ကုန်မြို့တွင် ရုံးခန်းဖွင့် လှစ်ထားသည့် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ ယူနီ ဆက်၏ ရုံးခန်းခြံနေရာငှားရမ်းခ နှုန်းမှာ ရန်ကုန်အိမ်ခြံမြေလောက တွင် ငှားရမ်းခနှုန်း အမြင့်ဆုံး ဖြစ် နေကြောင်း အိမ်ခြံမြေလုပ်ငန်း ရှင်များက ပြောကြားသည်။

မေလ ၂၁ ရက်က UNICEF ၏ အရှေ့အာရှပစိဖိတ်ဒေသရုံး ချုပ်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြားရပ်ကွက်တွင် ငှား ရမ်းပြီး ရုံးခန်းဖွင့်လှစ်နေသည့် UNICEF ရုံးခန်းငှားခမှာ တစ်လ လျှင် အမေရိကန်ဒေါ်လာ ၈၇,၀၀၀ (ကျပ်သိန်း ၈၀၀ ခန့်) ရှိကြောင်း ထုတ်ပြန်လိုက်ပြီးနောက် ရန်ကုန် တွင် အမြင့်ဆုံးငှားရမ်းခနှုန်းထား ဖြစ်နိုင်ကြောင်း အိမ်ခြံမြေလုပ် ငန်းရှင်များက တအံ့တသြပြော ဆိုလိုက်ခြင်းဖြစ်သည်။

‘‘ကျွန်တော်အိမ်ခြံမြေလုပ် သက် ၁၅ နှစ်အတွင်းမှာ ဒီလိုအ ငှားဈေးနှုန်းမျိုးတစ်ခါမှာ မကြား ဖူးဘူး။ ဈေးက အရမ်းများတယ်။ ရန်ကုန်မှာ အများဆုံးလို့ထင် တယ်’’ ဟု စိုင်းခွန်နောင်အိမ်ခြံ မြေအကျိုးဆောင်ကုမ္ပဏီမှ မန် နေဂျင်းဒါရိုက်တာ ဦးစိုင်းခွန် နောင်ကပြောသည်။

စတုရန်းပေ ၃၃၀၀၀ ကျယ် ၀န်းသည့် ယူနီဆက်၏ ရုံးခန်း သည် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် အမှတ် ၂၃/အေ တွင် ဖွင့်လှစ် ထားပြီး တစ်လလျှင် ငှားရမ်းခ ဒေါ်လာ ၈၇,၀၀၀ နှုန်းဖြင့် ခုနစ်နှစ်စာချုပ် ချုပ်ဆိုထားကြောင်း ယူနီဆက်၏ သတင်းထုတ်ပြန် ချက်တွင် ဖော်ပြပါရှိသည်။

တစ်လလျှင် သိန်း ၈၀၀ ခန့် ဖြင့် ငှားရမ်း၍ ရုံးခန်းဖွင့်လှစ်နေသည့် အဆိုပါ ရုံးခန်း၏ ဈေးနှုန်းမှာ လွန်စွာ များပြားနေ ပြီး ရွှေတောင်ကြားရပ်ကွက်တွင် ယေဘုယျအားဖြင့် တစ်လလျှင် ငှားရမ်းခသိန်း ၆၀ မှ သိန်း ၃၀၀ ကျော်အထိသာ အငှားလောက တွင် အလုပ်ဖြစ်ကြောင်း ဗဟန်း မြို့နယ် အခြေစိုက် အိမ်ခြံမြေလုပ်ငန်းရှင် ဦးဝင်းမြင့်စိုးက ရှင်းပြသည်။

အစိုးရက ပြီးခဲ့သော ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁ ရက် က စတင်သတ်မှတ်လိုက်သည့် အိမ်ခြံမြေစံနှုန်းထားဖြင့် သတ် မှတ်ပါက ယင်းဗဟန်းမြို့နယ် တွင် အရောင်းအ၀ယ်ပြုလုပ်ပါက တစ်ပေပတ်လည်လျှင် ကျပ် နှစ် သိန်းခုနစ်သောင်းမှ သုံးသိန်းနှစ် သောင်းအထိရှိပြီး အငှားဈေး နှုန်းတွင်မူ တစ်ပေပတ်လည်လျှင် ခြောက်သောင်းမှ တစ်သိန်းဝန်း ကျင်အထိသာ သတ်မှတ်ထား သည်။

လက်ရှိရန်ကုန်တွင် ငှားရမ်း ခအမြင့်ဆုံးနှုန်းထားဖြစ်နေသည့် ယူနီဆက် ရုံးခန်းအနေဖြင့် ပြီးခဲ့ သည့်နှစ်က ရန်ကုန်မြို့ကုန်သည် ကြီးများဟိုတယ်(ယခု ဆူးလေ ရှန်ဂရီလာ ဟိုတယ်) တွင် တစ်လလျှင် အမေရိကန် ဒေါ်လာ ၄၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့ပြီး ပြီးခဲ့သည့် သုံးနှစ်ကထက် ဈေး နှုန်း နှစ်ဆကျော်မြင့်တက်လာ ခြင်းကြောင့် ရန်ကုန်တွင် ထပ်မံ ရှာဖွေငှားရမ်းပြောင်းရွှေ့နေထိုင် ခဲ့ခြင်းဖြစ်ကြောင်း ယူနီဆက်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

7Day Daily



ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အနုပညာရှင်များ လက်မှတ်ထိုးတောင်းဆို




ရန်ကုန်၊ မေ ၂၃။

၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အနုပညာရှင်များစုပေါင်းကာ ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင် ယနေ့ည ၇နာရီအချိန်က
လက်မှတ်ရေးထိုး၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“ပြည်သူတွေက ပေါက်ဖွားလာတဲ့အနုပညာသမားတွေ အနေနဲ့ပြည်သူငိုရင် ကျွန်တော်တို့ငိုမယ်၊ ပြည်သူပျော်ရင်ကျွန်တော်တို့ပျော်တယ်၊ ဒီ၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူကမကြိုက်တဲ့အတွက် ကျွန်တော်တို့လည်းပြည်သူ့ဆန္ဒနောက်ကိုလိုက်ရပါမယ် ပြည်သူကိုတစ်ကယ်ချစ်တယ်ဆိုရင်
ဒီဥပဒေကိုပြင်သင့်နေပါပြီ” ဟု ဟာသရုပ်ဆောင် ဦးဗေလုဝကပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် လက်မှတ်ရေးထိုးပွဲနှင့်ပတ်သက်ပြီး “ဒီလက်မှတ်ထိုးပွဲက ဖိတ်ကြားထားတာ မဟုတ်ပါဘူး ကျွန်တော်တို့တရားဝင်
ကြေငြာထားတာပါ၊ အနုပညာရှင်မှ မဟုတ်ဘူးဘယ်သူမဆို လာရောက်လက်မှတ်ထိုးနိုင်ပါတယ်၊ ကျွန်တော်တို့ထမင်းထုတ်ဝေပြီး ခေါ်တာမဟုတ်ဘူး ရင်ထဲက
ပြင်ချင်ပါတယ်လို့ ဆန္ဒရှိတဲ့သူ အကုန်လာရောက်လက်မှတ်ထိုးနိုင်ပါတယ်”ဟု ဒါရိုက်တာ ဝိုင်းကပြောသည်။

ရွှေသံစဉ်တေးဂီတအဖွဲ့မှဦးဝင်းမော်က“ ၂ဝဝ၈ထဲက ပြဌာန်းထားတာ ၆နှစ်ရှိပြီဆိုတော့ ဒီဥပဒေတွေထဲမှာခေတ်မမှီတာတွေ ပြင်ဆင်သင့်တာတွေ အများကြီးရှိတာပေါ့၊
နိုင်ငံတိုင်းမှာလည်း ပြင်ကြတာပါပဲ၊ ပုဒ်မ၄၃၆ကတော့ အဓိကပေါ့၊ ဒီအချက်ကိုပြင်မှ ကျန်တဲ့အချက်တွေပြင်လို့ရမှာလေ၊ အဲ့ဒါကြောင့် အနုပညာရှင်တွေကလည်း
ကိုယ့်ရဲ့ပရိပ်သတ်တွေအတွက် ဦးဆောင်လုပ်ပြသင့်တယ်လို့ထင်ပါတယ်” ပြောသည်။

အဆိုပါ လက်မှတ်ထိုး ဆန္ဒထုတ်ဖော်ပွဲတွင် ရုပ်ရှင်၊ ဂီတ စသည့် အနုပညာနယ်ပယ်များမှ အနုပညာရှင် ၄ဝ ကျော်က ပါဝင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

ချမ်းမင်းဟန်


The Myanma Age


အမျိုးသား သွေးဆုံးခြင်း ၊ အမျိုးသမီး သွေးဆုံးခြင်း


အမျိုးသမီးသွေးဆုံးတာကို လူတွေသိမြင် တာ လွယ်ကူတယ်။ အသက် ၁ဝ နှစ် ကျော် ရာသီစလာချိန်ကစလို့ အသက်(၄၅-၅ဝ)နှစ် အထိ မီးယပ်သွေး လစဉ်လာတဲ့ကာလဟာ အမျိုးသမီး ကိုယ်ဝန်ရနိုင်တဲ့ ကာလဖြစ်တယ်။ အမျိုးသမီးများ ရာသီ ဆုံးတာ တစ်ယောက်နဲ့တစ်ယောက် မတူညီဘူး။ မိခင် မျိုးရိုးနဲ့ဆိုင်တယ်။ မိခင်၊ အဘွားလုပ်သူက အသက် ၅ဝ ရောက်မှသွေးဆုံးရင် မိမိလည်း ၅ဝမှာ သွေးဆုံးနိုင် တယ်။ မီးယပ်ပြီးဆုံးချိန် စိတ်ခံစားချက်ချင်း မတူညီကြ ဘူး။ တချို့က မစွမ်းဆောင်နိုင်တော့ဘူး စသဖြင့် စိတ် ကျရောဂါရကာ အဘွားအိုပုံစံနေထိုင်လာတယ်။ တချို့ က အသိပညာတိုးပွားလို့ တတ်စွမ်းတဲ့ပညာနဲ့ လူ့ဘဝ စတင်ပြီလို့ခံယူကာ အများကောင်းကျိုး၊ မိသားစုကောင်း ကျိုး ပိုမိုဆောင်ရွက်နိုင်တာ တွေ့ရတယ်။

မဟော်မုန်း
မဟော်မုန်းအီစထရိုဂျင်ထုတ်လုပ်မှုနှေး ကွေးလာလို့ ခန္ဓာကိုယ်အားအင်ယုတ်လျော့ကာ သွေးဆုံး မီးယပ်လက္ခဏာများ ပေါ်လာတယ်။
ချက်ချင်းပူ လိုက်၊ အေးလိုက်ဖြစ်ပြီး အိပ်မပျော် ခေါင်းကိုက်ကာ စိတ်တို၊ ဒေါသထွက်တာများရင် သွေးဆုံးလက္ခဏာများ ပေါ်လာတယ်ဆိုတယ်။ အရေပြားကျုံ့နိုင်၊ ဆန့်နိုင်မှု ပျောက်ကာ သတိမေ့တတ်တယ်။ အလိုမကျတာတွေ များတယ်။

ဓာတ်စာ
သွေးဆုံးမီးယပ်ဓာတ်စာတွေက ဆန်လုံးညို၊ ဂေါ်ဖီထုပ်၊ မုန်လာဥနီ၊ ပဲတောင့်၊ ပဲသီး၊ မုန်လာဥဝါ၊ ရှောက်၊ သံပုရာ၊ ပြောင်းမှုန့်၊ မြင်းစားဂျုံမှုန့်၊ အာလူး၊ စမုန်နက်၊ ပဲပိစပ်တို့ပါတဲ့အစားအစာ စားသင့်တယ်။ ပဲပိစပ်မှာ ဂျင်နီစတိန်း (Genistein) ဓာတ်ပါဝင်တာ၊ အီစထရိုဂျင်ဓာတ် အများကြီးပါဝင်တယ်။ ယင်းဓာတ် ဟာ အီစထရိုဂျင်လိုပဲ အသက်အရွယ်ကြီး လို့ဖြစ်တဲ့ အရိုးပွရောဂါနဲ့ အခြားရောဂါမဖြစ်အောင် ကာကွယ် ပေးတယ်။ အခြားပဲသီး၊ ပဲတောင့်၊ ပဲစေ့တွေလည်းပါတယ်။ နေ့စဉ်နာရီဝက်လေ့ကျင့်ခန်း၊ အပြေးလမ်းလျှောက်၊ စက်ဘီးစီး လုပ်သင့်ပါတယ်။

အမျိုးသမီးမီးယပ်ဆုံးချိန်
အမျိုးသမီးတွေ ကာမဆန္ဒ ကျဆင်းယုတ်လျော့သွားတယ်။ ကျဆင်းရတာက အီ စထရိုဂျင်၊ တက်စထရိုစတုန်းဟော်မုန်းများ လျော့ကျ သွားလို့ဖြစ်တယ်။ သည်ဖြစ်စဉ်ပံ့ပိုးနေတဲ့အကြောင်း တွေထဲမှာ စိတ်ဖိစီးမှု၊ ပင်ပန်းနွမ်းနယ်မှု၊ ကိုယ့်ပုံရိပ် ကိုယ်ဖော်ရမှာညံ့ဖျင်းမှုနဲ့ အသက်အရွယ်ကြီးရင့်တဲ့ ခင်ပွန်းသည်ဖြစ်နေမှုတို့လို့ ဆိုထားတယ်။ ဟော်မုန်း ဓာတ်ကြောင့် ကာမဆန္ဒလျော့နည်းကာမဖြစ်ဖို့ 'မ' ဆန္ဒ အားဆေး (Fenicnineesire)ေ ဆးညွှန်းနိုင်တယ်။ ဟော် မုန်း (Endocrne) ထုတ်လုပ်မှုကို လှုံ့ဆော်ပေးသလို ခွန်အားစွမ်းပကားနဲ့ သဘာဝဆန္ဒဖြစ်လာအောင် လှုံ့ ဆော်ပေးတယ်။ ဆိတ်ချေးပင် (Homy Goat Seed) အပင်ဟာ အင်ဒရိုဂျင်နဲ့တူတဲ့ဓာတ်ပါလို့ ကျားရော၊ မပါ သုံးနိုင်တယ်။ ကာမလှုံ့ဆော်မှု အားပေးတယ်။

ကျားဘဝ
အမျိုးသားသွေးဆုံးချိန်ဟာ အသက်၄၅-၅၅နှစ် အတွင်းဖြစ်တတ်တယ်။ ပျမ်းမျှ၅၁နှစ်သတ်မှတ် တယ်။ အမျိုးသားတစ်ယောက် ၁၂-၁၄နှစ်အရွယ် သုက် စတင်တဲ့အရွယ်ကစပြီး အိမ်ထောင်ကျပြီးချိန်မှစ၍ လိင် ကိစ္စအသုံးချများရင် ယောက်ျားသွေးဆုံးချိန်စောပြီး ခံစားရတယ်။ အမျိုးသားဟော်မုန်းထွက်နှုန်းဟာ တစ် နှစ်မှာ ၁-၁ဝရာခိုင်နှုန်းလျော့နည်းပြီး တချို့ အသက် ၆ဝ-၇ဝအထိ စွမ်းရည်မကျတတ်ဘဲ (သို့)ဟော်မုန်းလျော့ နည်းချိန်များရင် အမျိုးသားသွေးဆုံးချိန်ဖြစ်နိုင်ခြေများ တယ်။ အမျိုးသားသွေးဆုံးချိန်ဟာ တဖြည်းဖြည်းချင်း သာခံစားရလို့ ချက်ချင်းသတိမထားမိဘူး။ အိုမင်းခြင်း နဲ့ဆက်နွှယ်နေတဲ့ အမျိုးသားသွေးဆုံးဝေဒနာဟာ အ မျိုးသားစွမ်းအားကို 'ဖွဲတစ်ဆုပ်နိုင်ရင်ဖြစ်တယ်'ဆို စကားရှိတာနဲ့အညီ သေဆုံးချိန်အထိ သုက်ရည်ထွက် နိုင်ပြီး အသက်ကြီးလာတာ နဲ့အမျှ အကြိမ်နည်းလာ ခြင်း၊ Sperm စပန်းသုက် ကောင်အရေအတွက် နည်း လာခြင်းဖြစ်လာတယ်။

ဆီးကျိတ်
အသက်၆ဝ ကျော်ရင် ဆီးကျိတ်ရာခိုင် နှုန်း ၆ဝ ကြီးတယ်။ အ သက်၇ဝမှ ရာခိုင်နှုန်း ၇ဝ ခန့် အသက် ၈ဝ-၉ဝမှာ ဆီးကျိတ်၈ဝ-၉၅ရာခိုင် နှုန်း ဆီးကျိတ်ကြီးလာကြ တယ်။ ဆီးကျိတ်ကြီးလို့ ကာမဆက်ဆံလိုစိတ် များ တတ်တယ်။ ယင်းရောဂါ ဖြစ်ပြီး ကင်ဆာမဖြစ်ခင် ခွဲစိတ်ထားဖို့ လိုတယ်။ ရောဂါကြောင့် ကာမဆက် ဆံချင်တာကို အမျိုးသမီး နဲ့ မိသားစုဝင်များက သ ဘောမပေါက်၊ မကုဘဲ ထားရင် အသက်ကြီးမှ မု ဒိမ်းမှုကျူးလွန်တဲ့အထိ ဘေးထွက်ဆိုးကျိုးခံစား ရရှိစေတယ်။

သွးဆုံးလက္ခဏာများ
သွေးဆုံးလက္ခဏာများ မှာ ရူပရုပ်သွင်ပြောင်းခြင်း၊ စိတ်ပိုင်းဆိုင်ရာပြောင်း ခြင်းဖြစ်တယ်။ ရုပ်အသွင် ပြောင်းခြင်းမှာ သွားလာ လုပ်ကိုင်မှု နှေးကွေးခြင်း၊ ခေါင်းမူး ခေါင်းကိုက်ခြင်း၊ ကိုယ်လက်မအီမသာဖြစ် ခြင်း၊ လိင်ပိုင်းဆိုင်ရာဆန္ဒ လျော့နည်းခြင်း၊ လိင်ကိစ္စ ပြီးဆုံးအောင် မဆောင်ရွက်နိုင်ခြင်း၊ ပန်းသေ ပန်းညှိုး ရောဂါဖြစ်ခြင်း၊ အားမရှိသကဲ့သို့ခံစားရခြင်း၊ မောပန်း လွယ်ခြင်းတို့ ဖြစ်စေတယ်။ စိတ်ပိုင်းဆိုင်ရာပြောင်းလဲ ခြင်းမှာ စိတ်ကယောက်ကယက်ဖြစ်ခြင်း၊ မေ့လွယ်ခြင်း၊ စိတ်ဆိုးလွယ်၊ ဒေါသဖြစ်လွယ်ခြင်း၊ အိုမင်းလာသည့် အတွက် အိမ်ထောင်ဖက်မှ စိတ်ဝင်စားမှု လျော့နည်း လာမည်ကိုစိုးရိမ်ပြီး အိမ်ထောင်ဖက်အား စိတ်မချခြင်း၊အခြားယောက်ျားနှင့် ပေါင်းသင်းပြောဆိုမှု၌ မကျေနပ် ခြင်း၊ မိမိကိုယ်မိမိစွမ်းဆောင်ရည်မရှိတော့ဟုထင်ပြီး စိတ်ဓာတ်ကျခြင်း၊ အလွန်အမင်းဒေါသထွက်ကာ စိတ် လိုက်မာန်ပါပြုလုပ်တတ်ခြင်းတို့ဖြစ်ရာ မိသားစုအသိုင်း အဝိုင်းက နားလည်စွာဖြင့် ဝိုင်းဝန်းကူညီဖေးမစောင့် ရှောက်ဖို့လိုပါတယ်။ စိတ်ပိုင်းဆိုင်ရာဆိုးရွား (အိပ်မ ပျော်)ရင် ဆရာဝန်နှင့်ပြသကုသမှုခံသင့် တယ်။ ကုသမှု မခံရင် နောက်ဆုံးပန်းသေပန်းညှိုးခြင်း၊ စိတ်ဓာတ်ကျ ခြင်း၊ စိတ္တဇရောဂါရ အိပ်မပျော်ခြင်းဖြစ်တယ်။

ဓာတ်စာ
အမျိုးသားအားအင်ကုန်ခန်းမှု(သို့)ကျား သွေးဆုံးမှုကို ဆတ်ချိုနု၊ ဂျင်ဆင်းမြစ်၊ ရဲယိုမြစ်၊တရုတ်ဆယ်နဂါး(အစေးဖြူထွက်)နဲ့ သွေးလှည့်ပတ်မှု ကောင်းအောင် ဝှေးစေ့ရဲ့
လုပ်ငန်းလှုံ့ဆော်ပေးအောင် ဟော်မုန်းစနစ်လှုံ့ဆော်ပေးအောင် သုံးတတ်ကြတယ်။ အင်ဒရိုဂျင်နဲ့တူတဲ့ဓာတ်ပါလို့ စားသင့်တယ်။ ယောက်ျား အင်္ဂါထူထောင်ဖို့မဖြစ်တဲ့သူများအတွက် နှလုံးသွေးလွှတ် ကြောများ ကျန်းမာရေး၊ သွေးလှည့်ပတ်မှုကောင်းဖို့ နေ့ စဉ်တစ်နာရီခန့် လေ့ကျင့်ခန်း(အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး)လုပ်သင့်တယ်။ စိတ်ဖိစီးမှုလျှော့ချပြီး အိပ် ရေးဝဝ အိပ်သင့်တယ်။

ဓာတ်စာ
ကမာ၊ ရွှေဖရုံစေ့၊ နေကြာစေ့၊ မြေပဲဆန်၊ သီ ဟိုဠ်စေ့၊ ပဲသီး၊ ပဲတောင့်၊ ဆန်လုံးညိုနဲ့ ဂျုံပင်ပေါက် စားပေးနိုင်တယ်။ ဗစ်ရာဂလာ (Viagra) ကာမဆေး သုံးသင့် သုံးရမယ်။ အစားအစာနဲ့ ပြင်ယူသင့်တယ်။
သုံးသပ်ခြင်း။အမျိုးသမီးဖြစ်စေ၊အမျိုးသားဖြစ်စေ သွေးဆုံးရောဂါဖြစ်မှန်းမသိဖြစ်တတ်တဲ့ရောဂါဖြစ်ရင်
 သွေးသားကြောင့် စိတ်ဖောက်ပြန်မှုက အိမ်ထောင် ရေး မသင့်မတင့်ဖြစ်စေကာ အမျိုးသမီးသွေးဆုံးချိန် နားလည်ပေးသလို အမျိုးသားသွေးဆုံးချိန်ရောဂါဖြစ် နေကြောင်း နားလည်ခွင့်လွှတ်ပေးသင့်တယ်။
ဆးဝါးကုသခြင်း၊ တစ်ဦးနဲ့တစ်ဦး နွေးထွေး စွာဆက်ဆံခြင်းဖြင့် ကုသသလို မိသားစုဆရာဝန်နှင့် တိုင်ပင်ကာ ကျန်းမာရေးအသိပညာနှင့် ပူးပေါင်းစောင့် ရှောက်ခြင်းအပြင် ဘာသာရေးလိုက်စားခြင်းနဲ့ စိတ် ငြိမ်စွာထားသင့်တယ်။

ဒေါက်တာ လွင်သန့် (ဆေး - ၂)