27 May 2014

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ နှင့် ၅၉ (စ) တို့ကို မပြင်ဆင်ရန် နေပြည်တော်၌ ဆန္ဒပြ

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/05/blog-post_28.html
 
နေပြည်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၃၆ နှင့် ၅၉ (စ) မပြင်ဆင်ရန် ဆန္ဒပြနေကြသူအချို့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့စည်းတို့ ပူးပေါင်း၍ နေပြည်တော်၌ ပြုလုပ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှု စတင်သည့် မေ ၂၇ ရက်တွင် ပြည်သူလူထုအချို့က ကန့်ကွက်ဆန္ဒ ဖော်ထုတ်ခဲ့ကြောင်း သိရသည်။

ဆန္ဒဖော်ထုတ်သူ ပြည်သူအချို့မှာ ‘တပ်မတော်ပြိုကွဲမည့်အကြံ လက်မခံ’၊ ‘တိုင်းပြည်အန္တရာယ် ကျရောက်စေမည့် အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ခြင်းအား ရှောင်ရှားကြ’၊ ‘ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ခြင်းအား ကန့်ကွက်ပါသည်’ စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ မတ်တက်ရပ် ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။

“ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို ကန့်ကွက်ရတာက ပြည်သူ့ဆန္ဒအရ ကန့်ကွက်ရတာ ဖြစ်တယ်။ တစ်ဦးတစ်ယောက်အတွက် မဟုတ်ဘဲနဲ့ အများအကျိုးအတွက် ကန့်ကွက်ရတာ ဖြစ်တယ်။ နံနက် ၉ နာရီလောက်က စပြတယ်။ အခုလက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရနဲ့ ပြည်သူတွေနဲ့ အဆင်ပြေနေတဲ့အတွက် ဘာမှ အခက်အခဲ မရှိတဲ့အတွက် ဖြစ်တယ်။ ဘယ်ကိစ္စပဲဖြစ်ဖြစ် သူတို့ဆောင်ရွက်ပေးနေတဲ့ အနေအထားနဲ့ ပြည်သူလူထုနဲ့ အဆင်ပြေတဲ့ ကိစ္စပေါ့။ အခုလက်ရှိ ဘယ်ကိစ္စပဲဖြစ်ဖြစ် အခုထုတ်ထားတဲ့ ဥပဒေနဲ့အညီ သူတွေဆောင်ရွက်ပေးနေတဲ့အတွက် ကျွန်တော်တို့တတွေ မပြင်စေချင်တာ ဖြစ်ပါတယ်။ ခွင့်ပြုချက်တော့ ယူထားမရှိပါဘူး” ဟု နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ကြာပန်းအ၀ိုင်းအနီး ဆန္ဒထုတ်ဖော်နေသူ ကိုမြင့်သိန်းက ပြောကြားသည်။

ထိုသို့ ဆန္ဒထုတ်ဖော်နေခြင်းမှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက စေခိုင်းခြင်းကြောင့် ဖြစ်သည်ဟု ဆန္ဒဖော်ထုတ်သူအချို့က ဆိုသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လက်မှတ်ရေးထိုးသော ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲပြုလုပ်သည့် ဥတ္တရသီရိမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး အနီး၌လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ကန့်ကွက်သည့်ဆိုင်းဘုတ်များ ချိတ်ဆွဲမှုများ ရှိခဲ့သည်။

ပုဒ်မ ၄၃၆ နှင့် ၅၉ (စ) တို့ကို မပြင်ဆင်ရေးအတွက် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အောင်ဇမ္ဗူရပ်ကွက်အတွင်း ဆန္ဒထုတ်ဖော်နေသူ အချို့အား မေ ၂၇ ရက်က တွေ့ရစဉ်

အဆိုပါ ဆိုင်းဘုတ်များတွင် ‘ပုဒ်မ ၄၃၆ ပြင်ဆင်ခြင်းသည် ယနေ့ထိုင်းနိုင်ငံလို ဖြစ်သွားနိုင်သည်’၊ ‘ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ကြိုးစားခြင်းသည် နိုင်ငံရေးအကျပ်အတည်း ဖြစ်သွားနိုင်သည်’၊ တစ်ဦးတစ်ယောက်အတွက် ဖွဲ့စည်းပုံပြင်ဆင်ရေးအကြံ ဒို့လက်မခံ’၊ ‘ပြည်ပအားကိုးသူများ အလိုမရှိ’ စသည့်ဆိုင်းဘုတ်များ နေရာအချို့တွင် ချိတ်ဆွဲမှုများ ရှိခဲ့သည်။

ယင်းနှင့်ပတ်သက်၍ မည်သူက မည်သည့်အချိန်တွင် လာရောက်ချိတ်ဆွဲသွားသည်ကို မသိရှိကြောင်းနှင့် မိမိတို့ ချိတ်ဆွဲထားခြင်း မဟုတ်ကြောင်း အဆိုပါအနီးတွင် နေထိုင်သူများက ဆိုသည်။

ယင်းတို့နှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ဒက္ခိဏသီရိမြို့နယ် ဟောပြောပွဲတွင် “ကျွန်မ ဇမ္ဗူသီရိမြို့နယ်မှာ ဟောပြောတုန်းက ကြားခဲ့ရတယ်။ အုပ်ချုပ်ရေးထဲက အရာရှိတွေက ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဆန့်ကျင်တယ်ဆိုပြီး ပိုစတာတွေနဲ့ ဆိုင်းဘုတ်တွေနဲ့ ဆန္ဒပြတယ်လို့။ အဲဒီဟာက ဥပဒေနဲ့ မကိုက်ညီဘူးနော်။ ဥပဒေနဲ့ မကိုက်ညီရင် တကယ်ဖြစ်ခဲ့တယ်ဆိုရင် သက်သေအထောက်အထားတွေနဲ့ ခိုင်လုံရင် ဥပဒေလမ်းကြောင်းအရ အရေးယူဖို့ ဆောင်ရွက်မယ်” ဟု ပြောကြားသည်။

Eleven Media Group


ပုဒ်မ ၄၃၆ ပြင်ဆင်ရေး နိုင်ငံအနှံ့ သိန်းနှင့်ချီသောလူထု စတင်လက်မှတ်ရေးထိုး

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် မေ ၂၇ ရက်က နေပြည်တော် ဥတ္တရသီရိမြို့နယ် NLD ရုံးတွင် ပြည်သူများ လက်မှတ်ရေးထိုးနေကြစဉ် (ဓာတ်ပုံ-စိုးမင်းထိုက်)

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂)၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းမှ ပုဒ်မ ၄၃၆ အား ပြင်ဆင်ရေးလှုပ်ရှားမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ဦးဆောင်ကာ ပြည်သူများ လက်မှတ်ရေးထိုးဆန္ဒထုတ်ဖော်မှုကို မေ ၂၇ ရက်ကစတင်ပြီး တစ်နိုင်ငံလုံး၌ပြုလုပ်ခဲ့ရာ သိန်းနှင့်ချီသောလူထုမှ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှုကို တစ်နိုင်ငံလုံးရှိ NLD တိုင်း၊ ခရိုင်၊ မြို့နယ်နှင့် ရပ်/ကျေးရုံးများ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ မြို့နယ်ဆက်ဆံရေးရုံးများတွင် ပြုလုပ်လျက်ရှိပြီး လက်မှတ်ရေးထိုး လှုပ်ရှားမှုကို မေ ၂၇ ရက်မှ ဇူလိုင် ၁၉ ရက်အထိ ရက်ပေါင်း ၅၄ ရက်ကြာ ပြုလုပ်သွားမည်ဖြစ်သည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မှတ်ရေးထိုးမှု အခြေအနေနှင့်ပတ်သက်ပြီး NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဥာဏ်ဝင်းက “အရေအတွက်ကို အတိအကျပြောလို့မရပေမယ့် ခန့်မှန်းခြေသိန်းနဲ့ချီပါတယ်။ လုပ်ငန်းစဉ်တစ်ခုလုံးမှာ လက်မှတ်ရေးထိုးမယ့်သူ ၁၆ သန်းလောက် ကျွန်တော်တို့ အဲဒီလောက်ထိကြိုးစားပြီးတော့ ဆောင်ရွက်မယ်လို့ ခန့်မှန်းပါတယ်။ ဒီနေ့ဆိုရင်လည်း ရွှေဂုံတိုင်ကရုံးမှာပဲရှိတယ်။ ရုပ်ရှင်အနုပညာသမားတွေရော ရဟန်းသံဃာတွေရော ပေါင်းစုံပါပဲ လက်မှတ်ထိုးဖို့ ရောက်လာကြတာ။ ညနေအထိမပြတ်ပါဘူး။ လာကြပါတယ်” ဟု မေ ၂၇ ရက် ညနေပိုင်းတွင် ပြောကြားသည်။

ကျွန်တော်တို့ ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်တဲ့နေရာမှာ အဟန့်အတားဖြစ်နေတဲ့ ပုဒ်မ ၄၃၆ ကို ကျွန်တော်တို့အားလုံး တညီတညွတ်တည်း အဝေးဆုံးရောက်အောင် တွန်းကြပါစို့။ ကျွန်တော်တို့အားလုံးရဲ့ သဘောထားလိုချင်တယ်။ တပ်မတော်သားရော

မြန်မာနိုင်ငံအား ဒီမိုကရေစီနိုင်ငံအဖြစ်တည်ဆောက်ရာတွင် အဟန့်အတားဖြစ်နေသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြုပြင်ပြောင်းလဲရန်၊ တိုင်းရင်းသား တန်းတူညီမျှရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေးနှင့် ဒီမိုကရေစီ စံချိန်စံညွှန်းနှင့်မကိုက်ညီသော ပုဒ်မများကို ပြင်ဆင်နိုင်ရေးအတွက် ပထမခြေလှမ်းအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ အား ပြင်ဆင်ရေးလှုပ်ရှားမှုကို ပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန် NLD နှင့် ၈၈ မျိုး ဆက်အဖွဲ့တို့မှ တိုက်တွန်းခဲ့သည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မှတ်ရေးထိုးမှု ပြုလုပ်ခဲ့သည့် ဆရာတော်ဦးဈာနေယျက “နိုင်ငံကောင်းအောင်လုပ်ပြီဆိုတော့ ဒီဥပဒေကို ပြောင်းလဲရမယ်။ ဒီဥပဒေပြောင်းမှ ကျန်တဲ့ပြောင်းလဲရာတွေမှာ လိုက်လျောညီထွေစွာ ပြောင်းလဲနိုင်ဖို့ အားလုံးသုံးသပ် ဆုံးဖြတ်စဉ်းစားနိုင်မှာ။ မဟုတ်ရင် ဘာမှပြင်လို့မရအောင်လုပ်ထားတဲ့ ပုဒ်မကြီးတစ်ခုဖြစ်နေတာကို လက်ရှိအစိုးရလည်း ခံစားမိမှာပါ” ဟု မိန့်ကြားသည်။

NLD ရုံးချုပ်သို့လာရောက်၍ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မှတ်ရေးထိုးသူ မရမ်းကုန်းမြို့နယ်မှ အသက် ၇၉နှစ်အရွယ် ဒေါ်ညွန့်စိန်က “အဖွားစိတ်ထဲမှာတော့ အားလုံးအတွက် ကောင်းမယ်ထင်လို့ လာလက်မှတ်ထိုးတာပါ။ ဒီပုဒ်မရှိနေသရွေ့ အကုန်လုံးပြည်သူလူထုအတွက် အကျိုးမရှိတဲ့ပုဒ်မမျိုး။ ဒီလိုလက်မှတ်ထိုးခြင်းဟာ ပြည်သူလူထုအတွက် အကျိုးရှိမယ်လို့ ယုံကြည်တဲ့အတွက်လာတာပါ” ဟုဆိုသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးဆန္ဒပေးနေသူများကို ရန်ကုန်မြို့ရှိ NLD ရုံးချုပ်၌ မေ ၂၇ ရက်က တွေ့ရစဉ်

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှု လက်မှတ်ရေးထိုးပွဲနှင့်ပတ်သက်၍ မန္တလေးတိုင်း NLD အထွေထွေအတွင်းရေးမှူး ဦးတင်ကိုကိုက “မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ကျွန်တော်တို့ တိုင်း၊ ခရိုင်ရုံးများ၊ မြို့နယ်ရုံးများနဲ့ ရပ် /ကျေးရုံးများအားလုံးမှာ သတ်မှတ်ထားတဲ့နေရာအားလုံးမှာ ဒီလက်မှတ်ရေးထိုး ဆန္ဒဖော်ထုတ်ပွဲစတင်ပြီးတော့ ဖွင့်ပွဲအခမ်းအနားကျင်းပပါတယ်။ အဲဒီကနေစတင်ပြီးတော့ လက်မှတ်ရေးထိုးစုဆောင်းမှုတွေ ပြုလုပ်နေပါတယ်။ လာရောက်လက်မှတ်ရေးထိုးသူအရေအတွက် တော်တော်လေး အားကောင်းပါတယ်” ဟုဆိုသည်။

မေ ၂၇ ရက် နံနက်က ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရုံးချုပ်၌ ပြုလုပ်ခဲ့သော ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မှတ်ရေးထိုး လှုပ်ရှားမှုဖွင့်ပွဲအခမ်းအနားသို့ အနုပညာရှင်များစွာလာရောက်ခဲ့ပြီး လက်မှတ်ရေးထိုးမှု ပြုလုပ်ခဲ့ကြသည်။

သရုပ်ဆောင်အရိုင်းကလည်း “ပြင်ဆင်ဖို့လိုအပ်တဲ့အတွက် အခြေခံဥပဒေပုဒ်မ ၄၃၆ကို အားလုံးဝိုင်းဝန်းပြီးတော့ ပြင်ဆင်ဖို့အတွက် ၀ိုင်းဝန်းကြိုးပမ်းတဲ့နေရာမှာ ကိုယ်တို့အနုပညာရှင်တွေအနေနဲ့ တစ်တပ်တစ်အား ကိုယ်တတ်နိုင်တဲ့ထောင့်လေးက လာရောက်ပြီးတော့ တိုင်းပြည်အတွက် အလုပ်လုပ်တယ်လို့ပဲ ကိုယ်ကယူဆပါတယ်” ဟု ပြောကြားသည်။

“ကျွန်တော်တို့ ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်တဲ့နေရာမှာ အဟန့်အတားဖြစ်နေတဲ့ ပုဒ်မ ၄၃၆ ကို ကျွန်တော်တို့အားလုံး တညီတညွတ်တည်း အဝေးဆုံးရောက်အောင် တွန်းကြပါစို့။ ကျွန်တော်တို့အားလုံးရဲ့ သဘောထားလိုချင်တယ်။ တပ်မတော်သားရော ဘာရောပေါ့” ဟု NLD ၏ ပြောရေးဆိုခွင့်ရသူလည်းဖြစ်သည့် ဦးဥာဏ်ဝင်းက တိုက်တွန်းပြောကြားသည်။

Eleven Media Group


အရက်သောက်ခြင်းက စိတ်ဓာတ်ပိုမိုကျဆင်းစေ



အရက်သောက်ရင် စိတ်သောက ဝေဒနာများ ပျောက်ကင်းသွားတယ်လို့ ယူဆချက်များက မှားယွင်းတယ်လို့ အမေရိကန်မှ ဆေးသိပ္ပံပညာရှင်များက သက်သေပြလိုက်ပြီ ဖြစ်ပါတယ်။

ယင်းတွေ့ရှိချက်က အရက်နှင့် ဆက်စပ် ယမကာ သောက်သုံးခြင်းက စိတ်ဓာတ်ကျဆင်းမှုကို မပြေလျော့စေ တဲ့အပြင် စိတ်ကျရောဂါဖြစ်ဖို့ အကြီး မားဆုံး တွန်းအားတစ်ခု ဖြစ်လာနိုင်ကြောင်း သိရပါတယ်။ Depression ဖြေဖျောက်ဖို့ဆိုပြီး လူအများစု အရက်ကို ထွက်ပေါက် တစ်ခု အဖြစ် သတ်မှတ်ပြီး သောက် သုံးပါတယ်။ ယခုတော့ အရက်ဟာ အခြားကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကိုပါ ထိခိုက်စေတယ်လို့ သက်သေပြသ ထားလိုက်ခြင်း ဖြစ် ပါတယ်။

ဒါကြောင့် အခြားသော မှန်ကန်တဲ့ စိတ်ထွက်ပေါက်ရှာရန် နည်းလမ်းများကို အသုံးပြုဖို့ တိုက်တွန်း ထားကြောင်း သိရပါတယ်။
--
Ref: medic-facts
International news for myanmar


ကမ္ဘာ့ညှို့ဓာတ်အပြင်းဆုံး အမျိုးသမီး ကန်ဒိုက်စ်



Maxim မဂ္ဂဇင်းက ယခုနှစ်အတွက် ကမ္ဘာပေါ်တွင် ညှို့ဓာတ်အပြင်းဆုံး အမျိုးသမီးအဖြစ် တောင်အာဖရိက စူပါမော်ဒယ်လ် ကန်ဒိုက်စ် ဆွမ်နီပိုဝယ်လ်ကို ရွေးချယ်လိုက်ကြောင်း သိရှိရသည်။ Victoria’s Secret၏ လက်ရွေးစင် အလှမယ်ဖြစ်သော ကန်ဒိုက်စ်ကို Maxim၏ စာဖတ်ပရိသတ်များက နာမည်ကျော် အတော် များများအား ကျော်လွန်ကာ ဆွဲဆောင်မှု အပြည့်ဝ အပြင်းပြဆုံးအဖြစ် မဲပေးခဲ့ကြသည်။



မဂ္ဂဇင်း၏ Twitter စာမျက်နှာ၌ “အားလုံး စောင့်မျှော်နေတဲ့အချိန် ကျရောက်လာပါပြီ။ (၂၀၁၄)ခုနှစ်အတွက် Maximရဲ့ ဆွဲဆောင်မှု အရှိဆုံး အမျိုးသမီး(၁၀၀)စာရင်းမှာ နံပါတ်(၁)အဖြစ် ရွေးချယ်လိုက်တာကတော့ ကန်ဒိုက်စ်ပါပဲ”ဟု ရေးသားဖော်ပြခဲ့သည်။ အသက်(၂၅)နှစ်ရှိ ကန်ဒိုက်စ် ကိုယ်တိုင်ကလည်း ယခုစာရင်း တွင် ထိပ်ဆုံးနေရာ ရခဲ့သည့်အတွက် ပျော်ရွှင်ကြောင်းဆိုသည်။ Maximက ရွေးတဲ့စာရင်းမှာ နံပါတ်(၁) ဖြစ် ခွင့်ရတာဟာ ဧရာမ ဂုဏ်ပြုမှုကြီး တစ်ရပ်ပါပဲ။ အရမ်းလှတဲ့၊ အရမ်းထက်မြက်တဲ့ အမျိုးသမီးတွေထဲမှာမှ ခုလို ရွေးချယ်ခံရတဲ့အတွက် တကယ့်ကို ခမ်းနားပျော်ရွှင်တဲ့ ခံစားမှုမျိုး ဖြစ်ပေါ်လာမိပါတယ်”ဟု ကန်ဒိုက်စ် က Twitterပေါ်တွင် တုံ့ပြန်ခဲ့သည်။



Maxim၏ ဖန်တီးမှုဒါရိုက်တာ ပေါလ်မာတီနက်ဇ်က “ကန်ဒိုက်စ်ဟာ Maximက မီးမောင်းထိုးပြချင်တဲ့ ကိုယ်ရည်ကိုယ်သွေး အားလုံးနဲ့ ကိုက်ညီပြည့်စုံနေသူပါ။ လှတယ်၊ ကျက်သရေရှိတယ်၊ ဖက်ရှင်နဲ့ ပတ် သက်ရင် ပင်ကိုအသိဉာဏ်ကို ပြည့်စုံလွန်းတယ်။ ခုဆိုရင် သူဟာ ကမ္ဘာ့ထိပ်တန်းအဆင့် စူပါမော်ဒယ်လ် တစ်ယောက်အဖြစ် ရပ်တည်လာနိုင်ခဲ့ပါပြီ။ သူ့ထက် ပိုပြည့်စုံတဲ့ မိန်းကလေး တစ်ယောက်ကို စိတ်ကူး ပုံဖော်ကြည့်ဖို့ ခက်ခဲလွန်းပါတယ်”ဟု ချီးကျူးခဲ့သည်။



Maxim၏ စာရင်းတွင် ယမန်နှစ်က အဆင့်(၁၃) ချိတ်ခဲ့သည့် စကားလက် ဂျိုဟန်ဆန်မှာ ဒုတိယနေရာ သို့ ရောက်လာပြီး ကေတီပယ်ရီနှင့် ရုရှားစူပါမော်ဒယ်လ် အီရီနာရှိတ်ခ်တို့က အဆင့်(၃)နှင့်(၄) အသီးသီး ချိတ်ခဲ့သည်။ Maxim၏ အဆင့်သတ်မှတ်ချက် နံပါတ်(၅) နေရာတွင် အော်စကာဆုရှင် တက်သစ်စ မင်းသမီး ဂျနီဖာလောရင့်စ်က ယမန်နှစ်ကအတိုင်း အဆင့်မပြောင်းလဲဘဲ ရပ်တည်နေကြောင်း သိရှိရသည်။

Planet Myanmar Network


ရင်ခုန်မိတာ သေမလို့

 
 
 “စူဠနိဒ္ဒေသအဋ္ဌကထာ” နဲ့ “အပါဒါနအဋ္ဌကထာ”တို့မှာ
“ကိလေသာမီး” ကြောင့် အသက်ပါ ဆုံးသွားရတဲ့“သီဟိုဠ်က ဝတ္တု” တစ်ခုကို ထုတ်ပြထားတယ်။
“မဟာဝိဟာရကျောင်းတိုက်”က ရဟန်းငယ်တစ်ပါးဟာ ရုပ်ကလည်းချော၊ အသံကလည်းကောင်း၊
တရားဟောတာကလည်းကောင်းတော့ သီဟိုဠ်မှာ တအားနာမည်ကြီးနေတာပေါ့။

တစ်ခါတော့ ဘုရင်မင်းမြတ်ဟာ မိဖုရားကြီးနဲ့
သမီးတော်ကိုပါ ခေါ်ပြီး ဒီကိုယ်တော်လေးရဲ့ တရားပွဲကိုလာကြတယ်။ မင်းနဲ့ မိဘုရားဆိုတော့
သူတို့ဟာ ရှေ့ဆုံးက နေရာရတာပေါ့။ ဘုရင့်သမီးတော်ဟာ တရားနာရင်းနဲ့ ကိုယ်တော်လေးကို
မသိမသာစိုက်စိုက်ကြည့်တယ်။ ကိုယ်တော်လေးကလည်း သူနဲ့အနီးဆုံးမှာ
တရားနာနေတဲ့မင်းသမီးလေးကို အမှတ်မဲ့ခိုးကြည့်မိလိုက်တယ်။
အကြည့်ချင်းဆုံတော့ ရင်ခုန်တာပေါ့ကွာ။

အဲဒီမှာတင် ကိုယ်တော်လေးဟာ သတိလွတ်သွားပြီး
တရားကို ဆက်မဟောဘဲ မင်းသမီးလေးကို စိုက်ကြည့်မိတဲ့အထိဖြစ်သွားတယ်။
မင်းကြီးဟာ ငယ်ရာက ကြီးလာတာဆိုတော့ သမီးတော်နဲ့ ကိုယ်တော်လေးအဖြစ်ကို ရိပ်မိတယ်။
ကိုယ်ချင်းလည်းစာဟန်တူပါရဲ့။ သူတို့နှစ်ဦး လွတ်လွတ်လပ်လပ်ဆွေးနွေး
တိုင်ပင်ကြပါစေ။ တင်းတိမ် (ကန့်လန့်ကာ)ကာ ပေးလိုက်ကြလို့ အမိန့်ပေးလိုက်တယ်။

ကိုယ်တော်လေး လူဝတ်လဲမယ်ဆိုရင်လည်း
သဘောတူမယ့် သဘောထင်ပါတယ်။ တင်းတိမ်လည်းကာပြီးရော ကိုယ်တော်လေးနဲ့ မင်းသမီးလေးဟာ
တစ်ယောက် လည်ပင်း တစ်ယောက်ဖက်ပြီး ငြိမ်သွားကြသတဲ့။ အတန်ကြာလို့ တင်းတိမ်ဖွင့်ကြည့်လိုက်တော့ နှစ်ဦးလုံး “ရာဂမီး” လောင်ပြီး၊ ပွေ့ဖက်ရင်း သေဆုံးနေတာကို
တွေ့ကြရတယ်။

မင်းလည်း လူငယ်တစ်ယောက်ပဲ။
မင်းနှစ်သက်တဲ့ မိန်းကလေးကို မြင်ရရင် ရင်မခုန်ဘူးလား။ခုန်တာပေါ့ဘုရား။
ကိုယ်ချစ်တဲ့မိန်းကလေးကို သေချာမြင်လိုက်ရတဲ့နေ့ဆိုရင်ထမင်းတောင် မစားချင်တော့ဘူးဘုရား။
အဲဒါ ဘာသဘောလဲ မသိဘူး။

အေး...အဲဒါရှင်းပြချင်လို့ မေးတာ။
ကိုယ်ချစ်တဲ့သူကို မြင်ရရင် ရင်ခုန်သွားတာကိုပဲ “စာရေးဆရာတွေ၊ ဒါရိုက်တာတွေ”က “အချစ်”လို့
တင်စားပြီး အချစ်ဝတ္တုတွေ ရေးကြတယ်။ အချစ်ဇာတ်ကားတွေ ရိုက်ကြတယ်။
ကြားလိုက်ဖူးပါသေးတယ်။ ရုပ်ရှင်ကား တစ်ကားနာမည်။ ဘာတဲ့ “ရင်ခုန်မိတာ အချစ်လား” တဲ့။
မင်းကြားဖူးတယ်မဟုတ်လား။

“ကြားဖူးတယ်ဘုရား။”

တကယ်တော့ ရင်ခုန်တယ်ဆိုတာ
“လောဘမီးက နှလုံးကိုသွားလောင်တာ”။ ဒါကြောင့် နှလုံးဟာ ပုံမှန်မဟုတ်ဘဲ ရုတ်တရက်
တအားမြန်သွားတာပဲ။ စောစောက ကိုယ်တော်လေးနဲ့ မင်းသမီးလေးဟာ ရင်ခုန်ရင်းကနေသေသွားတာပဲ။
ဒါကြောင့် “ရင်ခုန်မိတာ အချစ်လား”လို့ မပြောနဲ့။“ရင်ခုန်မိတာ သေမလို့”လို့ပြောကြ။
မသေချင်ရင် ရင်မခုန်ကြနဲ့ပေါ့ကွာ။

【(မေတ္တာရှင်-ရွှေပြည်သာ)၏ “လူငယ်များအတွက်
ဂမ္ဘီရဝိပဿနာ အတွဲ-၈”မှ -】

Dhamma Dãna Source ► zahan mon &
www.facebook.com/youngbuddhistassociation.mm


စိုးရိမ်ခြင်းကင်းအောင် ဘယ်လိုလုပ်မလဲ


 
“ဒေါသ”ကို ပယ်သတ်လိုက်ခြင်းဖြင့် ဘယ်တော့မှ မစိုးရိမ်ရတော့ပါ။
“ကောဓံ ၀ဓိတွာ န ကဒါစိ သောစတိ။”

စိုးရိမ်တယ်ဆိုတာ အမျက်ဒါသရှိနေလို့ပါ။ အချို့လူတွေကတော့ ဒေါသဆိုတာ မျက်နှာတွေ
ခက်ထန်လာပြီး ၀ုန်းဝုန်း ဒိုင်းဒိုင်းပေါက်ကွဲတာလို့ သိထားကြပါတယ်။
တကယ်တော့ “စိုးရိမ်ကြောက်လန့်”တာဟာလည်း
 
ဒေါသကြောင့်ဖြစ်တာပါပဲ။ ဒေါသရဲ့လက္ခဏာပေါ့။ ဒေါသရှိနေလို့ပေါက်ကွဲတယ်။ဒေါသရှိနေလို့
 ကြောက်တယ်။ စိုးရိမ်တယ်။ ဒေါသမရှိရင် ပေါက်လည်း မပေါက်ကွဲတော့ဘူး။
ကြောက်လည်းမကြောက်တော့ဘူး။ စိုးလည်း မစိုးရိမ်တော့ပါဘူး။
 
ဒေါသအားကြီးတဲ့သူတွေကျတော့ ကြောက်စိတ်တွေ ၊စိုးရိမ်စိတ်တွေ ပိုများတယ်။ ဒေါသနည်းအောင်ကျင့်နေတဲ့သူတွေ ကျတော့ ကြောက်စိတ်တွေ စိုးရိမ်စိတ်တွေ နည်းလာတယ်။
ဒေါသကို အမြစ်ပြတ် ပယ်သတ်ပြီးတဲ့ သကဒါဂါမ်ပုဂ္ဂိုလ်၊ ရဟန္တာပုဂ္ဂိုလ်တွေမှာတော့ ကြောက်စိတ်တို့ စိုးရိမ်စိတ်တို့ လုံးဝ မရှိတော့ပါဘူး။

“ကိုယ်နဲ့ နှုတ်”မှာ ဖြစ်ပေါ်နေတဲ့ ဒေါသတွေ ပြေပျောက်ဖို့အတွက် “သီလ”စောင့်ထိန်းရပါမယ်။
“စိတ်”ထဲမှာ ဖြစ်ပေါ်နေတဲ့ ဒေါသကို ဖြေဖျောက်ဖို့အတွက် “သမထ”လုပ်ငန်းလို့ခေါ်တဲ့ ၊
စိတ်ကို တည်ငြိမ်အောင် လုပ်ခြင်း၊ မေတ္တာပွားများဖြင်းတို့ကို ပြုလုပ်ရပါမယ်။

ဘ၀အဆက်ဆက်က ကိန်းအောင်းနေတဲ့ ဒေါသကို ပေညာလို့ခေါ်တဲ့
“၀ိပဿနာ”ကို များများ အားထုတ်ရပါမယ်။ထိုကဲ့သို့ “သီလ၊ သမာဓိ၊ ပညာ” တိုးတက်အောင်လုပ်ခြင်းဖြင့် 
ဒေါသစိတ်တွေ ပါးသထက်ပါးပြီး စိုးရိမ်စိတ်တွေလည်းလျော့ပါးသွားပါလိမ့်မယ်။ 
ဒေါသကို အမြစ်ပြတ်ပယ်သတ်နိုင်ရင်တော့ စိုးရိမ်စိတ်တွေ လုံးဝကင်းရှင်းပြီး အဆုံး စွန်သော “အေးချမ်းမှုချမ်းသာ”ကို ခံစားသိရှိရပါလိမ့်မယ်။

-【ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ】

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm


မဟာဒါန ကြီးကျယ်သောအလှူ၊ မြင့်မြတ်သောအလှူ”


 

လောကကြီးမှာ လူသန်းပေါင်း ၆၀၀၀ ကျော်ရှိတဲ့ လူတွေအထဲမှာ အဒိန္နာဒါန သူများမပေးတဲ့ပစ္စည်းကို
မယူတဲ့သူက များတယ်လို့ ထင်ကောင်းထင်ကြမယ်။ အရပ်ထဲမှာ သူခိုးကနည်းတယ်။
လူကောင်းတွေကများတယ်လို့ ဒီလိုပြောကြတယ်နော်။ ဟိုအိမ်တက်ခိုး၊ ဒီအိမ်တက်ခိုးတဲ့ သူခိုးကတော့နည်းတယ်။သို့သော် ဒိပြင်နည်းနဲ့ ခိုးနေကြတာက တော်တော်များတယ်။

ဥပမာ ငရုပ်သီးမှုန့်ထဲကို ဒိပြင်ဟာတွေ ရောထည့်ပြီးရောင်းတယ်။နာမည်တပ်လိုက်တာက ငရုပ်သီးမှုန့်။
ဒိပြင်ဟာတွေထည့်ရောင်းတာဆိုရင် ဒါ ခိုးရာမရောက်ဘူးလား။ အနံ့လေးတွင် နနွင်းမှုန့်ထည့်ပြီး ဒိပြင်ဟာတွေရောရောင်းရင်ကော။ဆီထဲမှာလဲ ဆီသန့်နဲ့ ဆီမသန့်ရောရောင်းရင်တာလည်း
အဒိန္နာဒါန ထဲပါတယ်နော်။သတိထားကြရမှာနော်။

တံဆိပ်ကပ်ထားတာက တစ်မျိုး၊ရောင်းနေတဲ့ ပစ္စည်းက တစ်မျိုးဆိုရင် ဒါလဲ ခိုးခြင်း ၂၅ ပါးထဲပါတာပဲ။
ကောင်းတဲ့ပစ္စည်းနဲ့ မကောင်းတဲ့ပစ္စည်းရောတယ်။အဲဒါကျတော့ လူတွေက “သူခိုး” လို့ မထင်ကြဘူး။
ဘယ်သူမလည်း သူခိုးလို့ မသတ်မှတ်ကြဘူးလေ။ တကယ်ကတော့ “ခိုးခြင်း ၂၅ ပါး”က လွတ်တဲ့ပုဂ္ဂိုလ်က
အင်မတန်နည်းသွားပြန်ရော။ အဲ ခုနက သူခိုးဆိုတဲ့ ပုဂ္ဂိုလ်ကတော့ ရှားကောင်းရှားမယ်။
“မဟုတ်တဲ့နည်းနဲ့ သူများရဲ့ပစ္စည်းကို ရအောင်ယူတယ်”ဆိုတဲ့ အရာအားလုံးဟာ “အဒိန္နဒါနာ” ပဲ။
ဒါကြောင့်မို့ အဒိန္နဒါနရဲ့ အဓိပ္ပါယ်ကိုက “အဒိန္န+အာဒါန” အဒိန္န=သူတစ်ပါးက ကြည်ကြည်ဖြူဖြူပေးတာမဟုတ်တဲ့ သူတစ်ပါးပိုင်ပစ္စည်းကို ၊အာဒါန= ရယူမှုတဲ့။
ကြည်ကြည်ဖြူဖြူပေးတဲ့ ပစ္စည်းမဟုတ်တာကို ၊ရယူတာမှန်သမျှ “အဒိန္နာဒါန”လို့ မှတ်ရမယ်။

စင်စင်ကြယ်ကြယ် အသက်မွေးတယ်၊ရိုးသားတယ်၊ ဖြောင့်မတ်တယ်၊ အမှန်တိုင်းလုပ်တယ်ဆိုတဲ့
အဒိန္နာဒါန ကရှောင်လိုက်ပြီဆိုရင် ကျန်တဲ့တစ်ဖက်သား အန္တရာယ်တွေကင်းသွားတာပေါ့။
မိမိတည်းဟူသော အကြောင်းကြောင့် ဒုက္ခရောက်တာ မရှိတော့ဘူး။

ဥပမာမယ် ဆီထဲကိုမသန့်တာတွေရောထဲ့လို့၊မတော်တာတွေစားမိလို့ ဒုက္ခရောက်တာ မရှိတော့ဘူး။

ဆေးတုတွေရောင်းတာ သောက်မိလို့ ဒုက္ခမရောက်တာတွေ မရှိတော့ဘူး။ကနေ့ခေတ်မှာဆိုရင် အင်မတန်မှ ဒီအတုတွေ အန္တရာယ်က များလာတယ်ပေါ့။ ပစ္စည်းမျိုးစုံကို အတုတွေလုပ်ပြီးရောင်းလာကြတော့ အန္တရာယ်တွေ ဖြစ်လာတ်ာပေါ့။တကယ်လို့ အဲဒါတွေ မလုပ်ဘူးဆိုလို့ရှိရင် သန်းပေါင်း ၆၀၀၀ကျော်သောလူတွေအတွက် ငါအန္တရာယ်ကင်းအောင် လုပ်ပေးတယ်ဆိုတဲ့ မဟာဒါနကြီး။တကယ့်ကို မြင့်မြတ်တဲ့ အလှူဒါနကြီးတစ်ခုကို
ငါပေးနေတယ်လို့ စိတ်ထဲမှာဒီလိုအောက်မေ့ပြီးတော့
“အဒိန္နာဒါနအမှု” ကို ရှောင်ကြဉ်ရမယ်ပေါ့။

-【ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ၏
“မဟာဒါန” စာမျက်နှာနှာ ၂၅ -၂၈ မှ - 】
--------*------------*----------*----------*--------
“အဒိန္နာဒါနာ ၂၅ ပါး”
•••••••••••••••••••••••••
(၁။) နာနာဘဏ္ဍ ပဉ္စက ၅ ပါး
------------------------------
၁။ အာဒိယေယျ - တရားဆင်၍ခိုးခြင်း။
၂။ ဟရေယျ - မိမိယူဆောင်သွားသော သူတစ်ပါးဥစ္စာ ပစ္စည်းကို ခိုးခြင်း။
၃။အဝဟရေယျ - မိမိထံ အပ်နှံထားသော ဥစ္စာကိုခိုးယူခြင်း။
၎။ ဣရိယာပထဝိကောပေယျ - ဥစ္စာယူဆောင်သူ၏ဣရိယာပုတ်ကိုဖျက်၍ ခိုးခြင်း။
၅။ ဌာနာစာဝေယျ - နေရာမှ ရွှေ့စေ၍ ခိုးခြင်း။

(၂)။ ဧကဘဏ္ဍ ပဉ္စက ၅ ပါး
------------------------------
ထိုငါးပါးသည် ရှေ့၌ ဖော်ပြခဲ့ပြီးသော နာနာဘဏ္ဍပဉ္စက ငါးပါးနှင့် အတူတူပင်ဖြစ်သည်။
သို့သော် ဤငါးပါး၌ “သက်ရှိငါးပါး”ကိုသာ ဆို၏။

(၃)။ သာဟတ္တိက ပဉ္စက ၅ ပါး
------------------------------
၁။ သာဟတ္တိက - ကိုယ်တိုင်ခိုးခြင်း။
၂။ အာဏတ္တိက-တပါးသူကို စေခိုင်း၍ ခိုးခြင်း။
၃။ နိဿဂ္ဂိယ - ကင်းချထားရာ အရပ်တွင်းရှိ ဥစ္စာကို အပြင်သို့ ပြစ်လွှင့်၍ လိုးခြင်း။
၎။ အတ္ထသာဓက - မခိုးမီကပင် ကံထိုက်သော အကျိုးကို ဖြစ်စေ၍ နောက်မှယူမည်ဟူ၍ ခိုးခြင်း။
၅။ ဓုရနိက္ခေပ - သူအပ်ထားသော ဥစ္စာကို ပြန်မပေးသဖြင့် ခိုးခြင်း။

(၄)။ ပုဗ္ဗပယောဂ ပဉ္စက ၅ ပါး
------------------------------
၁။ ပုဗ္ဗပယောဂ - မခိုးမီ ရှေ့အဖို့၌ ဖြစ်သော ပယောဂဖြင့် ခိုးခြင်း။
၂။ သဟပယောဂ - ခိုးခြင်းနှင့်တကွဖြစ်သော တူသောခိုးခြင်း။
၃။ သံဝိဓာဝဟာရ - လူများစွာ တုင်ပင်၍ ခိုးခြင်း
၎။ သင်္ကေတကမ္မ - အမှတ်ပြု၍ ခိုးခြင်း။
၅။ နိမိတ္တကမ - မျက်စိမှိတ်ခြင်း ၊ လည်ညိမ့်ခြင်း စသော နိမိတ်ပြု၍ ခိုးခြင်း။

(၅) ။ ထေယျာဝဟာရ ပဉ္စက ၅ ပါး
------------------------------
၁။ ထေယျာဝဟာရ - တင်း စဉ်းလဲ၊ အသပြာ စဉ်းလဲ၊ အလေး စဉ်းလဲ၍ ခိုးခြင်း။
၂။ ပသယှာဝဟာရ - အနိုင် အထက် လုယက် တိုက်ခိုက်၍ခိုးခြင်း။
၃။ ပရိကပ္ပါဝဟာရ - ဥစ္စကို၎င်း၊ အရပ်ကို၎င်း ကြံဆ၍ ခိုးခြင်း။
၎။ ပဋိစ္ဆန္နာဝဟာရ - မြေမှုန့်၊ မြက် သစ်ရွက် စသည်တို့ ဖြင့် ဖုံးလွှမ်း၍ ခိုးခြင်း။
၅။ ကုသာဝဟာရ - ကမ္ဗည်းစာရင်း လိမ်လည်ပြောင်းလဲ၍ ခိုးခြင်း

(အထွေထွေ ဗဟုသုတကျမ်းစာအုပ်မှ -ကူးယူဖော်ပြပါသည်။လွဲမှားတာရှိပါကပြင်ဆင်ဖြည့်စွက်ရေးပါရန်။)

(စာရိုက်ပူဇော်သူ - မြတ်ဗုဒ္ဓ၏သာဝက)

Dhamma Dãna Source ► မြတ်ဗုဒ္ဓ၏သာဝက &
www.facebook.com/youngbuddhistassociation.mm


မြန်မာအမျိုးသမီးတို့၏ ဂုဏ်ရည်



ရှေးပဝေသဏီကာလကပင် ပင်ကိုယ်စိတ်ထား၊ပင်ကိုယ်စရိုက်လက္ခဏာကပင် မျိုးနွယ်ကို စောင့်သိသည်။
ထူးခြားရည်မွန် ကောင်းမြတ်သော စရိုက်လက္ခဏာများဖြင့်ကုံလုံပြည့်ဝသည်။ အမျိုး၏ ဇာတိ ပ၀တ္တိသိက္ခာပြည့်စုံသည်။မိမိမွေးရာ ဇာတိနေရပ်ကို ခုန်မင်တွယ်တာသည်။
လူမျိုးအချင်းချင်း ချစ်ခင်သည်။

ကိုယ့်ဘာသာ ကိုယ့်သာသနာအပေါ် ရိုသေသည်။အပွေးမြင်အပင်သိတတ်သော ပင်ကိုယ်စိတ်ဖြင့်
ပြောဆိုနေထိုင်ကျင့်ကြံအားထုတ်မှုက ရည်မွန်သည်။စိတ်ရှည်သည်းခံတတ်သည်။ ဆင်းရဲအတူ ချမ်းသာမခွဲဘဲကျင့်ကြံနေထိုင်တတ်သည်။ ပင်ကိုယ်ရပ်တည်မှု၊
အပြောအဆို၊ အနေအထိုင်၊ စရိုက်လက္ခဏာတို့က
အိမ်ထောင်ဦးစီးအပေါ် ရိုကျိုးသော အသိဖြင့် အမြဲဆက်ဆံသည်။

လင်ယူသားမွေးကိစ္စကို သုံးနှစ်သုံးမိုး အချိန်ကာလပေးပြီးမှ'လင်ကိုဘုရား၊ သားကိုသခင်' ဟု မှတ်ခဲ့ကြသည်။ယနေ့ခေတ်သစ် လူငယ်ထုတွင် မမြင်ချင်အဆုံး ဖောက်ပြန်မှုများစွာဖြင့်
လူမှုရေးနယ်ပယ်တွင် တွင်ကျယ်နေကြသည်။ယိုသူမရှက် မြင်သူရှက်စရာ လင်ယူသားမွေးကိစ္စ၊
လင်ခန်းမယားခန်း ကိစ္စရပ်များကို ထမင်းစား ရေသောက်ပမာ
တခဏချင်း ဆုံးဖြတ်၍ တဒင်္ဂချင်း လိုက်လျောလိုက်ကြသည်။

'လူ့အခွင့်အရေး' ဟူ၍ ခေါင်းစဉ်ကြီးတစ်ခုကို ထိပ်မှာ စည်းနှောင်ပြီးအမျိုးသားနှင့် အမျိုးသမီး လက်မထက်ဘဲ တစ်အိမ်တည်းတစ်ခန်းတည်း တစ်အိပ်ရာထဲမှာ နေလိုက်ကြသည်။
အမျိုးသားနှင့် အမျိုးသမီး နှစ်ဦး ပွင့်လင်းလွတ်လပ်စွာအချိန်မရှိ အခါမရှိ ဖုန်းကလေး ကောက်ဆက်ပြီး တွေ့လိုက်ကြသည်။သမီးရည်းစားဘ၀များတွင် နေ့ရက်အလိုက် အတွဲများကို
တစ်လှည့်စီ တွဲပြနေကြသည်။ တစ်ချိန်သော တို့မိတို့ဖများလက်ထက်က သူ့ကျွန်ဘ၀တွင် နယ်ချဲ့တော်လှန်ရေး သမိုင်း၌အမျိုးသား၊ အမျိုးသမီးများ တန်းတူရည်တူ လက်ချင်းဆက်၍
နယ်ချဲ့တော်လှန်ရေးတွင် ပါဝင် ဆင်နွှဲခဲ့ကြသည်ကိုသူတို့လေးတွေ သိမှ သိပါလေစ။ နိုင်ငံ့တာဝန် စီးပွားကုန်သွယ်ရေး၊အများအကျိုးစီးပွား မျက်နှာစာများတွင် တန်းတူရည်တူ
လက်တွဲ၍ မြန်မာ့စီးပွားရေး စပါးကျီတည်ဆောက်ခဲ့ကြသည်ကို
သူတို့လေးတွေ သိမှသိပါလေစ။
 

မြန်မာအမျိုးသမီးလောကတွင် ထင်ရှားကျော်ကြားသောမြန်မာ,မြန်မာချင်း စံပြုနည်းယူထိုက်သော
အသိပညာရှင် အမျိုးသမီးပါမောက္ခ၊ နိုင်ငံ့ဝန်ထမ်းအကြီးအကဲ၊ စာရေးဆရာ၊ သတင်းစာဆရာ၊ အင်ဂျင်နီယာ၊စာရင်းအင်း ပညာရှင်၊ ရှေ့နေ၊ ရဲမေ၊ ဥပဒေပညာရှင်၊ဂီတပညာရှင်၊ သဘင်ပညာရှင်များ ပေါ်ထွန်းခဲ့သည်ကိုသူတို့လေးတွေ သိမှ သိပါလေစ။ တစ်လင်တစ်မယားစနစ်ကို
လက်ခံကျင့်သုံးပြီး အိမ်ထောင်ဦးစီးကို မြင့်မြတ်ရာနေရာ၌ထားကာ စားဦးစားဖျားများကိုပင် နေ့စဉ်ကျွေးမွေးခဲ့ကြသောမြန်မာတိုင်းရင်းသား မိသားစုအသွင်အပြင်
ထွန်းကားခဲ့သည်ကို သူတို့လေးတွေ သိမှ သိပါလေစ။

ယနေ့ ဒီမိုကရေစီလမ်းကြောင်း၌ ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ် ထူထောင်ရေး ကာလ၀ယ် မြန်မာအမျိုးသား၊အမျိုးသမီးတို့၊ အေးချမ်းစွာ လွတ်လွတ်လပ်လပ်
သွားလာနေထိုင်မှုသည် တစ်ချိန်က တို့မိတို့ဖများကကိုယ်ကျိုးစွန့် အနစ်နာခံခဲ့သောကြောင့် ဆိုသည်ကို
သိစေချင်လှသည်။ ဗိုလ်မင်းရောင်၏ တော်လှန်ရေးတပ်၌အမျိုးသမီးသူရဲကောင်း 'ပင်းခင်ခင်' ကျဆုံးရတာကို သိစေချင်လှသည်။


၁၉၁၉-၁၉၄၈ ခုနှစ် ကာလများတွင် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းမှာYMBA.GCBA တို့ဗမာအစည်းအရုံး၊ ဖဆပလ၊ ကုမ္မာရီအသင်း၊အာရှလူငယ်အစည်းအရုံး၊ လွတ်လပ်ရေးအမျိုးသမီးအစည်းအရုံးတွင်
အမျိုးသမီး သခင်မ၊ ရဲမေများ ပူးပေါင်းပါဝင်ခဲ့ကြသည်ကိုသိစေချင်သည်။

မျိုးနွယ်စောင့်သော မြန်မာအမျိုးသမီးထုတစ်ရပ်လုံး၏ ထူးခြားသောဂုဏ်ကျက်သရေကို ပြန်လည်အောက်မေ့ပြီးယခုခေတ် အမျိုးအများစုက ပူပေါင်းပါဝင်နိုင်ကြပါရန်လှုံ့ဆော်တိုက်တွန်းရပါသည်။ ။

ဇင်မာသင်း
အတွဲ(၁)၊ အမှတ်(၁) ဇူလိုင်လ၊ ၂၀၁၃သာကီသွေးဂျာနယ်-မှ။


https://www.facebook.com/photo.php?fbid=629065237177018&set=a.50106099997744


ပျာ်ရွှင်ခြင်းကို ဖမ်းဆုပ်ပါ

      

_________________

တချို့ကပြောတယ်။ ယောက်ျားနဲ့မိန်းမဆိုတာ မတူတဲ့ဂြိုလ်တွေက ဆင်းသက်လာတာကြောင့် တစ်ယောက်ကိုတစ်ယောက် နားလည်ဖို့ခက်သတဲ့။

 
ပျော်ရွှင်ခြင်းဆိုတာ ဘုရားသခင်ပေးသမျှကို ခံစားတတ်ခြင်းပဲလို့ ကျွန်တော်ဆိုချင်ပါတယ်။

ဥပမာ-- (၁) တစ်ဘက်လူရဲ့ ဘဝအခြေအနေကို လေးစားပါ

ကျွန်တော်သိတဲ့ ကောင်မလေးတစ်ယောက်က ရုပ်ချောတဲ့အပြင် အရည်အချင်းလည်းရှိတယ်။ ဒါပေမယ့် သူ့ကို ကြိုက်မယ့်သူ မရှိဘူးဖြစ်နေတယ်။ နောက်တော့ သူ့ကို ကျွန်တော်ကောင်လေးတစ်ယောက်နဲ့ မိတ်ဆက်ပေးလိုက်တယ်။ အဲဒီမှာသူတို့ချစ်သွားတယ် ဆိုပါတော့။ သူတို့ဟာ အရမ်းလိုက်ဖက်တဲ့အတွဲလို့ လူတွေပြောကြတယ်။ ဒါပေမယ့် သိပ်မကြာပါဘူး.. သူတို့ လမ်းခွဲလိုက်ကြတယ်။

 
နောက်မှ ကျွန်တော်အကြောင်းစုံသိရတာက မိန်းကလေးက ကောင်လေးကို ကျောင်းဆက်တက်စေချင်တယ်။ ဒါမှ ယှဉ်ပြိုင်မှုတွေကို အောင်နိုင်မယ်လို့ဆိုတယ်။ ကောင်လေးကိုအတင်းအဓမ္မ စာကျက်ဝိုင်းတွေ တက်စေတယ်။ ဒါမှ "နှစ်ယောက်အတူ ရှင်သန်ကြီးပြင်းနိုင်မယ်"လို့ဆိုတယ်။ ဒါပေမယ့် ကောင်လေးက စာမဖတ်ချင်ဘူး။ တနင်္ဂနွေနေ့ရောက်တိုင်း ကောင်မလေးက ကောင်လေးကို ဘုရားကျောင်းတွေ အတင်းတက်ခိုင်းတယ်။ "ဘာသာတစ်ခုထဲကို နှစ်ယောက်အတူ ယုံကြည်ကိုးကွယ်မှ ချစ်ခြင်းတွေ ကြာရှည်တည်မြဲစေမယ်" လို့ ကောင်မလေးကဆိုတယ်။

စစချင်းမှာ ကောင်မလေးရဲ့ တောင်းဆိုသမျှကို ကောင်လေးလိုက်လျောခဲ့တယ်။ ဒါပေမယ့် ရက်ကြာလာတာနဲ့အမျှ ဒါတွေကို ညှင်းပန်းနှိပ်စက်မှုတစ်မျိုးလို့ သူမြင်လာတယ်။

"ကျွန်တော့်ကို သူအရမ်းဖိအားပေးတယ်။ ဒါတောင် မင်္ဂလာမဆောင်ရသေးပါဘူးဗျာ.. မင်္ဂလာဆောင်ပြီး အတူနေရင် ဒီထက်ပိုဆိုးမယ်" လို့ ကောင်လေးက ပြောပါတယ်။

"ကျွန်မတို့ရဲ့အနာဂတ်အတွက် ကျွန်မပြင်ဆင်တာပဲ.. ကျွန်မ မှားလို့လား" လို့ ကောင်မလေးက စိတ်ပျက်လက်ပျက်ပြောတယ်။

တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ပဲချစ်ချစ် လူတိုင်းမှာ ကိုယ်ပိုင်အမြင်၊ လွတ်လပ်မှုတွေရှိတယ်။ ကျွန်တော်တို့ "ကောင်းတယ်" လို့ ထင်တဲ့အရာက တခြားလူရဲ့အမြင်မှာ ကောင်းချင်မှကောင်းလိမ့်မယ်။ ကိုယ့်အထင်၊ ကိုယ့်အမြင်၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ တခြားလူအပေါ် အတင်းအဓမ္မ ဝတ်မပေးပါနဲ့။

ဥပမာ--(၂) တစ်ဘက်လူရဲ့ဂုဏ်သိက္ခာကို လေးစားရမယ်

ကျွန်တော်တို့ဟာ အရင်းနှီးဆုံးသူတွေနဲ့ ပြောဆိုဆက်ဆံလေ မယဉ်ကျေးလေ အမြဲဖြစ်တတ်တယ်။ ဒီလို တစ်ဘက်သားကို မလေးစားတတ်မှုတွေက နောက်ဆုံးမှာ ရင်းနှီးမှုတွေကို လဲပြိုစေတဲ့ ကောက်ရိုးတစ်မျှင်ဖြစ်တယ်။

အင်တာဗျူးတစ်ခုမှာ မင်းသမီးတစ်ဦးက သူ့ချစ်သူဟောင်းအကြောင်း ပြောပြတယ်။ သူတို့လမ်းခွဲရတဲ့အကြောင်းကို ပြန်သုံးသပ်ပြတယ်။ "ကိုယ့်ကိုယ်တိုင်ကို ပိုအလေးထား" မိတဲ့အတွက် သူတို့လမ်းခွဲခဲ့ရတယ်လို့ ဆိုတယ်။ အရင်က သူ့အတွက် သူ့ချစ်သူ ပေးဆပ်သမျှ၊ အကောင်းလုပ်ပေးသမျှကို လုပ်သင့်လုပ်ထိုက်တယ်လို့ပဲ သူထင်ခဲ့တယ်။ တကယ်လို့ ချစ်သူက အမှားလေးတစ်ခုခု၊ ဒါမှမဟုတ် သူ့ကို ဥပေက္ခာပြုမိတာနဲ့ သူစိတ်တိုဒေါသထွက်ပြီး ချစ်သူကို ရန်ရှာခဲ့တယ်။ ဒီလိုနဲ့နောက်ဆုံးမှာ ချစ်သူက သူ့ကိုလမ်းခွဲဖို့ စကားစခဲ့တယ်လို့ဆိုတယ်။ "နင်ငါ့ကို ချစ်သူလို မဆက်ဆံဘဲ လက်အောက်ငယ်သားလို ဆက်ဆံနေတယ်" ဆိုတဲ့ချစ်သူရဲ့ စကားတစ်ခွန်းက သူ့အမှားကို သူသိစေခဲ့တယ်လို့ မင်းသမီးကပြောပါတယ်။

သေချာစဉ်းစားကြည့်ပါ.... သင် နောက်ဆုံးအကြိမ် ဘယ်သူ့အပေါ် သည်းခံစိတ်ပျောက်ခဲ့သလဲ၊ စိတ်တိုဒေါသထွက်ခဲ့သလဲ၊ များသောအားဖြင့် အဖြေက ကိုယ့်မိသားစု၊ ကိုယ့်ချစ်သူ အပေါ်မှာပဲဖြစ်တယ်။ တကယ်တော့ သူတို့ဟာ ကိုယ်နဲ့ပိုရင်းနှီး ပိုလေးစားရမယ့်လူတွေဖြစ်တယ်။ တစ်ဘက်လူကို လေးစားရမယ့် အမှုအကျင့်တွေ မဲ့လာတာနဲ့အမျှ ကျွန်တော်တို့ကြားက အချစ်တွေလည်း လျော့လျော့လာမှာဖြစ်တယ်။ ဒါဟာလုံးဝ မဖြစ်ထိုက်တဲ့အရာတွေပါ။

ဥပမာ-- (၃) ဝေဖန်ခြင်းကို ချီးမွမ်းခြင်းဖြင့် အစားထိုးပါ

ကျွန်တော်တို့က တခြားလူကို စကားမာတွေနဲ့ ပြောဆိုဆက်ဆံနိုင်ပေမယ့် တခြားလူဆီကနေတော့ နူးညံ့တဲ့တုန့်ပြန့်မှုကို လိုချင်ကြတယ်။ နူးညံ့သိမ်မွေ့တဲ့စကား၊ တည့်မတ်အကောင်းမြင်တဲ့စကားတွေက သံထည်လိုမာကျောတဲ့ နှလုံးသားကိုတောင် အရည်ပျော်စေနိုင်ပါတယ်။

မိန်းမကြီးတစ်ဦးဟာ သူ့ယောက်ျား အမှိုက်သွန်ပျင်းတဲ့အကြောင်းကိုပဲ ပြောဆိုညည်းတွားနေခဲ့တယ်။ ဒီလိုကိစ္စအသေးအမွှားက သူ့ကိုအမြဲ စိတ်တိုဒေါသထွက်စေပြီး လင်ယောက်ျားကို အိမ်ထောင့်တာဝန် မမျှဝေသူ၊ သူ့ပင်ပန်းတာကို နားမလည်သူဆိုပြီး ဆဲဆိုနေခဲ့တယ်။ အဲဒီလို ဆဲဆိုဒေါသဖြစ်တဲ့အပြင် လင်ယောက်ျားကိုလည်း စကားမခေါ်မပြောပဲနေတယ်။ သူဘယ်လိုစိတ်တိုတို၊ ဘာနည်းနဲ့ပဲ သုံးခဲ့သုံးခဲ့ ယောက်ျားဖြစ်သူ အမှိုက်သွန်ဖို့အရေးကို မလှုံ့ဆော်နိုင်ခဲ့ဘူး။

ဒီလိုနဲ့တစ်နေ့မှာ သားရဲ့မူကြိုဆရာမက "ရှင့်ယောက်ျားကို ကလေးတစ်ယောက်လို သဘောထားပါ။ ၅နှစ်အရွယ် ကလေးတစ်ယောက်ကို စကားပြောတဲ့ လေသံနဲ့ပြောကြည့်ပါ" လို့ သူ့ကို အကြံပေးခဲ့တယ်။

ဆရာမရဲ့ အကြံကို မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ သူစမ်းသပ်ခဲ့တယ်။ အမှိုက်ကားလာတဲ့အချိန် ဧည့်ခန်းမှာ ခြေချိတ်ပြီး အခန့်သား တီဗီထိုင်ကြည့်နေတဲ့ ယောက်ျားကို လေသံလျော့ပြီး သူပြောလိုက်တယ်။

"ယောက်ျားရေ... ငါ့ကို အမှိုက်သွန်ပေးနိုင်မလား၊ သွန်ပေးနိုင်ရင် ငါ့ကိုနင် အများကြီး ကူညီလိုက်တာပဲ"

အမှိုက်သွန်ပြီးပြန်လာတဲ့ ယောက်ျားကို (၅)နှစ်အရွယ်ကလေးတစ်ယောက်ကို ချီးမွမ်းလိုက်သလို သူချီးကျူးလိုက်သေးတယ်။

"အရမ်းကျေးဇူးတင်တယ်။ ငါ့အပေါ် နင်အရမ်းသိတတ်တာပဲ"

အဲဒီနောက်မှာတော့ မိန်းမဖြစ်သူဟာ စိတ်တိုဒေါသထွက်၊ မျက်နှာစူပုပ်တဲ့ အပြုအမူတွေ မလုပ်ခဲ့သလို ယောက်ျားဖြစ်သူကလည်း သူ့အသိနဲ့သူ အမှိုက်တွေ ကူသွန်ပေးခဲ့တယ်။ "ကဲ့ရဲ့ဝေဖန်"တာကို "ချီးမွမ်း" တာနဲ့ အစားထိုးတာဟာ အရာရာကို အကောင်းဖက်ပြောင်းလဲစေပါတယ်

လူတွေအချင်းချင်း ပြောဆိုဆက်ဆံရာမှာ ကိုယ့်ထင်မြင်ချက်၊ ကိုယ့်အယူတွေကို ရှေ့တန်းတင်ပြီး ပြောဆိုဆက်ဆံတတ်ကြတယ်။ ဒီလိုအခြေအနေမျိုးမှာ ငြင်းခုန်ရန်ဖြစ်ဆိုတဲ့ဘက်ကို အများဆုံး ဦးတည်နေပါတယ်။ လောကကြီးမှာ ကျွန်တော်တို့ အချင်းချင်းလာဆုံကြတယ်။ ချစ်ကြိုက်ကြတယ်။ အပြစ်မြင်တာကို ခွင့်လွှတ်တာနဲ့ အစားထိုးမယ်၊ တစ်ဘက်လူရဲ့ ကောင်းကွက်တွေကို တန်ဖိုးထားမယ်။ ဒါမှ ပျော်ရွှင်ခြင်းသော့ကို သင်မြဲမြဲဆုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။

မူရင်းရေးသားသူ-- Huang Tong (黃桐)老天給的幸福 要懂得享受
နိုင်းနိုင်းစနေ (Friday, August 13, 2010)
.
 


သော တ ပန် နှင့် စူ ဠ သော တ ပန်

      
 

သောတပန် = သောတပန္န

သောတ = ရေအယဉ် ။ အာပန္န = ရောက်သည် ။
ေေ
ေေေေေေ သောတပန္န (ဝါ) သောတပန် ပုဂ္ဂိုလ် ဆိုသည်မှာ - ဥပမာပြုရသော် အရပ်ရပ်မှ စီးဆင်းလာသော ရေအယဉ်တို့သည်
သမုဒ္ဒရာသို့ ရောက်သောအခါ နောက်သို့ ပြန်မဆုတ်ဘဲ သမုဒ္ဒရာသို့သာ ပြေးဝင်ဘိသကဲ့သို့ သောတပန်ဖြစ်သော
ပုဂ္ဂိုလ်သည် ငရဲ ၊ တိရိ စ္ဆာန် ၊ ပြိတ္တာ ၊ အသူရကာယ် ၊ အပါယ်လေးဘုံသို့ ပြန်မဆင်းတော့ဘဲ နိဗ္ဗာန်သို့သာ ပြေးဝင်မည့်
ပုဂ္ဂိုလ်ဟု ဆိုလိုသည် ။ (ဝါ) အပါယ်လေးပါး တံခါး ပိတ်နေသော ပုဂ္ဂိုလ် လည်း မည်ဧ။် ။

သစ္စာလေးပါး တရားတော်ဧ။် သဘော အဓိပ္ပာယ်ကို ( သင် ၊ မေး ၊ နာကြား ၊ ဆောင်ထား ၊ ဆင်ခြင်မှု တို့ဖြစ်သော )သုတမယဥာဏ် ၊ စိန္တာမယဥာဏ် တို့ဖြင့် သိသော အသိ မဟုတ်ဘဲ အားထုတ်ပွားများထား၍ ထိုးထွင်းသိမြင်သောပဋိဝေဓဥာဏ် ဖြင့် အမှန်တကယ် သိမြင်နိုင်သောသူကို သောတပန် ပုဂ္ဂိုလ် ဟူ၍ ခေါ်ဆိုရဧ။် ။

သောတပန် အစစ်သာလျှင် အပါယ်လေးပါး တံခါး ပိတ်သည် မဟုတ်သေး ၊ တရားအားထုတ် ပွားများနေစဉ်
စူဠ သောတပန် အရည်အချင်းနှင့် ပြည့်စုံနေသူလည်း သေလွန်စုတေ သွားပါက အပါယ်လေးပါး တံခါး ပိတ်နိုင်သည်သာတည်း။
( ဝိသုဒ္ဓိ မဂ် ) ။ ( စူဠ သောတပန် = သောတပန်ငယ် ၊ သောတပန်လောင်း )

စူဠ သောတပန် အရည်အချင်း ပြည့်စုံမှု ဆိုသည်မှာ ၊ ရုပ်ဧ။် သဘောတရား ၊ ရုပ်ဖြစ်ကြောင်း တရား ၊ နာမ်ဧ။် သဘောတရား ၊
နာမ်ဖြစ်ကြောင်း တရား ၊ ရုပ်နာမ် အကျိုးတရားကို ဖြစ်ပေါ်စေသော အကြောင်းတရား ( ပဋိစ္စ သမုပ္ပာဒ် ) ကို အနတ္တ ဓမ္မ သဘာဝသို့
ဆိုက်အောင် ဥာဏ်မျက်စိဖြင့် ဆင်ခြင် ပွားများ နေသောအချိန်သည် ထိုပုဂ္ဂိုလ် အတွက် ' စူဠ သောတပန် ' ဖြစ်၍နေသည် မည်ဧ။် ။

ရုပ်နာမ် သဘောတရား ဆိုသည်မှာ ဖြစ်ပျက် ပြောင်းလဲ ဖောက်ပြန် နေခြင်းကြောင့် ဆင်းရဲခြင်း အမှန် ဖြစ်ပေါ်နေခြင်း ( ဒုက္ခ သစ္စာ) ကို
သိမှုပင် ဖြစ်သည် ။ ရုပ်နာမ် ဖြစ်ကြောင်းတရား ဆိုသည်မှာ စွဲလန်းတပ်မက်မှု ( သမုဒယ သစ္စာ = တဏှာ ) ကြောင့် ရုပ်နာမ်တို့ ဖြစ်ပေါ်နေခြင်းကို
သိမှုပင် ဖြစ်သည် ။ ထိုအသိဥာဏ် ဖြစ်ပေါ်နေစဉ် အချိန်တွင် ထိုပုဂ္ဂိုလ်သည် စူဠ သောတပန် ဖြစ်၍နေလေသည် ။ ယင်းကဲ့သို့သောအချိန်၌
ကွယ်လွန် စုတေသွားပါက အပါယ်လေးပါးမှ ကင်းလွတ်ခွင့် ရရှိနိုင်ပြီး ကောင်းမြတ်သော နောက်ဘဝကို ရောက်လျှင်ရောက်ချင်း သောတပန်
အစစ် ဖြစ်ခါ အရိယာဘဝ ရရှိပိုင်ဆိုင်နိုင်မည် ဖြစ်ပေသည် ။ ( ကင်္ခာ ဝိတရဏ ဝိသုဒ္ဓိ နိဒ္ဒေသ ) ။

ထို့ကြောင့် မိမိသည် ယခုအခါ သောတပန် မဖြစ်သေးသည့်တိုင်အောင် စုတေခါနီးတွင် ဝိပဿနာ ဘာဝနာ ပွားများ အားထုတ်နေခြင်းဖြင့်
အပါယ်ဘေးမှ ကင်းဝေးပြီး နောက်ဘဝ၌ သောတပန် အစစ် ဖြစ်နိုင်ရန် ယခုကပင်လျှင် ကြိုတင်ကြိုးစား၍ ဝိပဿနာ ဘာဝနာကို
အားထုတ်ပွားများနိုင်ရန် အစီအစဉ် ပြုလုပ်ပြီး အချိန်ယူဆောင်ရွက်သင့်လှပေသည် ။

ဝိပဿနာ လုပ်ငန်းမှာ မလိုက်စားဘူး သေး၍သာ ခက်သည် ၊ အရသာမရှိ ၊ ပျင်းရိဖို့ ကောင်းဧ။် ၊ ဟူ၍ ထင်မှားနေခြင်း ဖြစ်သည် ။
အနတ္တ ဓမ္မ သဘာဝကို နိုင်နင်းအောင် အသင်အပြ ကောင်းသော ဆရာမြတ်တို့နှင့် တွေ့ရှိပါက ထူးလှသည့် ဓမ္မအရသာကို လွယ်ကူစွာ
ကိုယ်တိုင်ခံစားနိုင်ပြီး စိတ်ကြည်နူးဖွယ် ၊ ချမ်းမြေ့သာယာဖွယ် ဘဝကို ပိုင်ဆိုင်နိုင်ပေမည် ။

ရွှေဥမင် ဆရာတော် ဘုရားကြီးက မိန့်မှာတော်မူခဲ့သည်မှာ --
လယ် လုပ် မ ခက် ၊ လယ် တည် ခက် ဧ။် ။
အ ကျင့် မ ခက် ၊ အ သိ ခက် ဧ။် ။ ဟူ၍ဖြစ်သည် ။

ဝိပဿနာ ဘာဝနာဧ။် အားထုတ်ပုံ အားထုတ်နည်းကို သိပြီဆိုလျှင် ကျင့်ကြံ ပွားများရန် မခက်တော့ပြီ ။ နည်းသိရန်အတွက်ကိုမူ
အနတ္တ ဓမ္မ သဘာဝကို သဘောပေါက်နားလည်အောင် ရှင်းလင်းသင်ပြပေးနိုင်သော ဆရာစစ် ဆရာမှန် တွေ့ရန် အလွန်အရေးကြီးပေသည် ။
ဆရာကောင်း ဆရာမြတ် ဟုတ်သည်၊ မဟုတ်သည်ကို ခွဲခြားသိနိုင်ရန်အတွက် မိမိ၌ ဝိပဿနာနှင့်ဆိုင်ရာ ဗဟုသုတ ဦးစွာ ရှိထားရမည် ။
သို့အတွက် အချိန်ကို သီးသန့် ရယူပြီး ဆရာတော်ကြီးများ ၊ လူပညာရှိကြီးများ ရေးသားထားသော စာပေတို့ကို ရှာဖွေ ဖတ်ရှုရမည် ဖြစ်ပေသည် ။

ပထဗျာ ဧကရဇ္ဇေန ၊ သဂ္ဂဿ ဂမနေန ဝါ ။
သဗ္ဗလောကာ ဓိပစ္စေန ၊ သောတပတ္တိ ဖလံ ဝရံ ။ ( ဓမ္မ ပဒ ပါဠိတော် )

အနက် ။ ။ မြေအပြင်၌ ဧကရာဇ်မင်း ဖြစ်ရသည်ထက်လည်းကောင်း ၊
နတ်ပြည်သို့ လားရောက် စံပျော်ရသည်ထက်လည်းကောင်း
ခပ်သိမ်းသော လောကကို အစိုးရသည်ထက် လည်းကောင်း ၊

သောတပတ္တိဖိုလ်သည် မြတ်ဧ။် ။ ။

https://www.facebook.com/royalheromedia/photos/a.452811328083074.110728.45279


မလေးရှားလေကြောင်း (MAS)မှခရီးဆောင်အိတ်၂အိတ်သာသယ်ခွင့်ပြုတော့မည်

 


မလေးရှား (၂၇.၅.၂၀၁၈)
မလေးရှားလေကြောင်းလိုင်း (MAS) မှ မနက်ဖြန် ၂၈.၅.၂၀၁၄ မှစတင်ကာ ခရီးဆောင်အိတ် သယ်ယူခွင့် စည်းမျဉ်များကို ပြောင်းလဲသတ်မှတ်ကြောင်း ယနေ့မလေးရှားနိုင်ငံတစ်ဝှမ်းရှိ သတင်းဌာနများမှ တဆင့် ကြော်ငြာသွားခဲ့သည် ။
အဆိုပါစည်ကမ်းသစ်အရ မည်သည့် CLASS တွင်စီးမည့်ခရီးသည်မဆို ယခင် ခရီးဆောင်အိတ် မည်မျှ သယ်သယ် (ရရှိသော သတ်မှတ်ကီလိုအတွင်း အိတ်မည်မျှများစေ) ရခဲ့သော်လည်း ၂၈.၅.၂၀၁၄ မှ စတင်ကာ ခရီးဆောင်အိတ် ၂ လုံးသာ သယ်ယူခွင့် ရတောမည်ဖြစ်ကြောင်းသိရသည် ။

ခရီးသည် များအနေဖြင့်
ECONOMY CLASS အတွက် ၃၀ ကီလို
BUSINES CLASS အတွက် ၄၀ ကီလို
FIRST CLASS အတွက် ၅၀ ကီလို
အတိုင်း ယခင်လို ကီလို အပြည့်သယ်ခွင့်ရှိသည်
သို့သော် ယခင် ကဲ့သို့ အိတ် ၃-၄ အိတ် ခွဲသယ်ခွင့်မရတော့ပဲ ကီလို ၃၀ ကို အများဆုံး ၂ အိတ်သာ ခွဲပြီး သယ်ဆောင်နိုင်တော့မည်ဖြစ်သည် ။

မလေးရှား မှ ရန်ကုန်သို့ ပြန်မည့် ခရီးသည်များအားလုံးသည်လည်း ၂ အိတ်သာ သယ်ဆောင်ခွင့်ရကြတော့မည်ဖြစ်သည် ။

ထပ်မံပြီး သတ်မှတ်ကီလိုထက် ပိုလာမည့် ခရီးသည်များအတွက် ၅ ကီလို ပိုလျှင် ယခင် ၆၀ ရင်းဂစ်မှ ယခု ၇၀ ရင်းဂစ်သို့ ၁၀ ရင်းဂစ် ပိုမိုပေးဆောင်ရမည်ဖြစ်သည် ။ ထို ဈေးသည် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံအားလုံး တူတူပင်ဖြစ်သည် ။

အသက် ၂ နှစ်အောက်ခလေး လက်မှတ်အတွက်မူ ၁၀ ကီလို သယ်ယူခွင့်ရရှိမည်ဖြစ်ကြောင်းသိရသည် ။
ဆက်လက်ပြီး HAND-CARRY အနေဖြင့် ယခင်အတိုင်း ၇ ကီင်္လိုကို လက်ပ်တော့ပ် ၊ ပိုက်ဆံအိတ်သေး ၊ လက်ဆွဲ(သို့) ဘေးလွယ် (သို့) ကျော်ပိုးအိတ် စသဖြင့် အဆင်ပြေသလို သယ်ယူနိုင်သေကြောင်းသိရပါသည် ။

ထို့ကြောင့် မလေးရှားရောက် မြန်မာများ အားလုံး နှင့် မြန်မာပြည်မှ မလေးရှားသို့ လာရောက်မည့် မြန်မာများ အားလုံး ၊ အလုပ်အကိုင် အေဂျင်စီများအားလုံး နှင့် ခရီးသွားလုပ်ငန်းများအားလုံး ယနေ့ သိရမည်မှာ မလေးရှား အဲလိုင်း (MAS) စီးမည်ဆိုပါက
၁. ခရီးသည်တစ်ဦးလျှင် LUGGAGE(ခရီးဆောင်အိတ်) ၂ လုံးသာခွင့်ပြုခြင်း
၂. ကီလိုပို ၅ ကီလိုလျှင် ယခင် ၆၀ မှ ယခု ၇၀ ရင်းဂစ်သို့ တိုးခြင်း
တို့ကို သတိထား စီးနင်းကြရမည်ဖြစ်ကြောင်း.. ရွှေလူငယ် ခရီးသွားကုမ္မဏီ အနေဖြင့် သတင်းထုတ်ပြန်ကြော်ငြာပေးပါသည် ။

မည်သည့် နိုင်ငံခရီးစဉ်အတွက်မဆို ရွှေလူငယ်တွင်လက်မှတ် မှာယူနိုင်ပြီ ..
ရွှေလူငယ် ခရီးသွားဝန်ဆောင်မှုကုမ္မဏီ (မလေးရှား)
----------------------------------------------------------
အခန်း-၂ ၊ မြန်မာမီနီရှော့ပင်းစင်တာ
မောရှမ်းစားသောက်ဆိုင် အပေါ်ထပ် (သို့)
ရွှေတောင်နံပတ်ဝမ်း စားသောက်ဆိုင် အောက်ထပ်
ဂျလန်းလီပို့ပူဒူး ၊ ကွာလာလမ်ပူ ။
Hot Line - 0124468842 , 0164468842
Line/Fax - 0320222265 -10am-6pm Only

https://www.facebook.com/photo.php?fbid=310481835777289&set


စစ်ဗိုလ်ချုပ်တွေ ဆက်ပြီး ကြွယ်ဝချမ်းသာလာကြဦးမယ်



စည်သူအောင်မြင့်

ခုတစ်ပတ်အတွင်း ပြည်တွင်း စီးပွားရေး အသိုင်းအ၀ိုင်းမှာရော၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အင်န်ဂျီအို အသိုင်းအ၀ိုင်းတွေ အကြားမှာပါ ဂယက်ရိုက်သွားတဲ့ သတင်းတစ်ခုကတော့ ရန်ကုန်၊ ဗဟန်းရွှေတောင်ကြားထဲက ဗိုလ်ချုပ်ဟောင်း တစ်ယောက် ပိုင်တဲ့ခြံနဲ့ အဆောက်အအုံတွေကို ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့UNICEF က ရုံးခန်းအဖြစ် အသုံးပြုဖို့ တစ်လ ဒေါ်လာ ၈၇,၀၀၀၊ တစ်နှစ်ဒေါ်လာ တစ်သန်းကျော်နဲ့ ငှားရမ်းအသုံးပြုနေတယ်ဆိုတဲ့ သတင်းပါ။ ဧရာဝတီသတင်းဌာနက စပြီးဖော်ထုတ်လိုက်တဲ့ အဲဒီသတင်းနဲ့ ဆက်စပ်ပြီး ပြည်သူတွေ စိတ်ဝင်စားကြတာက ရန်ကုန်မှာ အိမ်ခြံမြေ ဈေးနှုန်းတွေ ဒီ လောက်တောင်တက်နေပြီလား၊ ဒါမှမဟုတ် UNICEF က ငှားထားတဲ့နှုန်းကပဲ သဘာဝမကျစွာ များနေသလား၊ ဗိုလ်ချုပ်ဟောင်းတွေ ဒီလောက်တန်ဖိုးရှိတဲ့ အိမ်တွေ၊ ခြံတွေ ဘယ်လောက်များ ပိုင်နေကြသလဲ၊ ဘယ်လိုနည်းနဲ့ ရလာကြသလဲ၊ မြန်မာပြည်မှာ အိမ်ခြံမြေဈေးနှုန်းတွေ ကျရောကျဦးမှာလားစတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ ဒီကနေ့ အဲဒီအကြောင်းတွေ ဆွေးနွေးတင်ပြသွားပါ့မယ်။

အခု UNICEF က ငှားရမ်းထားတဲ့ခြံဟာ အမေရိကန်အစိုးရက နာမည်ပျက် စာရင်းသွင်းမထားတဲ့ အမျိုးသမီးတစ်ယောက်ပိုင်တယ်လို့ UNICEF ဘက်က ထုတ်ဖော်ပြောဆိုပေမယ့် ရန်ကုန်က ၀ါရင့်အကျိုးဆောင်တွေ အားလုံးကတော့ အဲဒီခြံဟာ အရင် နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ နအဖခေတ် လယ်ယာဆည်မြောင်းဝန်ကြီး ဗိုလ်မှူးချုပ်ဟောင်း ညွန့်တင် ပိုင်ဆိုင်တယ်လို့ သိထားကြတာပါ။ သူတို့ရဲ့ပြောပြချက်အရ ဗိုလ်ချုပ်ညွန့်တင်ဟာ ဒီခြံတစ်ခုတည်း ပိုင်ဆိုင်ထားတာ မဟုတ်ဘူး၊ အခြားတန်ဖိုးကြီး အိမ်ခြံမြေတွေ ပိုင်ဆိုင်ထားသေးတယ်လို့ ဆိုပါတယ်။ တကယ်ဆိုတော့ ဗိုလ်ချုပ်ညွန့်တင်ဟာ ၂၀၀၃ ခုနှစ်ကတည်းက ရာထူးကနေ အရာကျသွားခဲ့ရသူပါ။ ဒီဘက်ခေတ်အထိ တန်ခိုးထွားခဲ့၊ တန်ခိုးထွားဆဲ စစ်ဗိုလ်ချုပ်တောင် မဟုတ်သေးပါဘူး။ အဲလိုဆို အခြားစစ်ဗိုလ်ချုပ်တွေ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေကရော ပိုင်ဆိုင်မှု ဘယ်လောက်ရှိနေမလဲ မေးစရာ ရှိပါတယ်။ အလွန်များတယ်လို့ပဲ တစ်ခွန်းတည်း ဖြေရမှာပါ။

အဲဒီဗိုလ်ချုပ်တွေဟာ ရောင်းရင် ကျပ်ငွေ သိန်းပေါင်းသောင်းချီတန်တဲ့ အိမ်ခြံ မြေတွေ၊ ငှားရင် ခုလိုပဲ တစ်နှစ် ဒေါ်လာ သန်းဂဏန်းလောက်ရနိုင်တဲ့ အိမ်ခြံမြေတွေ၊ စက်မှုဇုန်က မြေကွက်တွေတင်မက တိုက်ခန်းအမျိုးမျိုး၊ တိုင်းနဲ့ ပြည်နယ်အနှံ့က မြေကွက်ပေါင်း မြောက်မြားစွာလည်း ပိုင်ဆိုင်ကြပါတယ်။ ဥပမာအားဖြင့် ရန်ကုန်မြို့မှာ အလွန်တန်ဖိုးကြီးတဲ့ သုဝဏ္ဏ ဗိုလ်ချုပ်ရွာ၊ ရွှေတောင်ကြား ရွှေဝတ်မှုံအိမ်ရာ၊ ကမ္ဘာအေးဗီလာစတဲ့ နေရာတွေကတော့ ထင်ရှားပါတယ်။ ဗိုလ်ချုပ်တွေ တရားဝင်ရထားတဲ့ အိမ်ရာတွေပါ။

၁၉၈၈ စစ်တပ်က အာဏာသိမ်းစဉ်တုန်းကတော့ စစ်ဗိုလ်ချုပ်တွေရဲ့ ပိုင်ဆိုင်မှုဟာ ဘာမှသိပ်ရှိတာ မဟုတ်ပါဘူး။ အကြမ်းဖျင်းအားဖြင့် စစ်ဗိုလ်ချုပ်တွေဟာ အဲဒီအိမ်ခြံမြေတွေကို နည်းလမ်းသုံးသွယ်နဲ့ ပိုင်ဆိုင်လာတယ်လို့ ပြောနိုင်ပါတယ်။ ပထမ တစ်နည်းကတော့ အိမ်ခြံမြေ၊ တိုက်ခန်းတွေကို ကိုယ့်ဘာသာကိုယ် မတရားနည်းနဲ့ အရယူတာပါ။ မြို့သစ်ဖော်တယ်၊ ယူတယ်၊ စက်မှုဇုန်ဖော်တယ်၊ ဝေစုယူတယ်၊ ကွန်ဒိုဆောက်တယ်၊ ဝေစုယူတယ်၊ ဈေးဆောက်တယ်၊ ဝေစုယူတယ်၊ ၀န်ကြီးဌာနပိုင်တွေကို ဈေးပေါပေါနဲ့ ကိုယ့်ဘာသာကိုယ်ဝယ်ယူတယ် စတဲ့နည်းနဲ့ မြေကွက်တွေ၊ တိုက်ခန်းတွေ၊ ဆိုင်ခန်းတွေ အများကြီးရကြပါတယ်။ မြေကွက်ရပြီးတော့လည်း လွယ်ပါတယ်။ ကိုယ်နဲ့လုပ်စားကိုင်စားနေတဲ့ စီးပွားရေးသမားတစ်ယောက်ယောက်ကို အိမ်ဆောက်ခိုင်းလိုက်ရုံပါပဲ။ အဲလိုနည်းနဲ့ ပိုင်ဆိုင်မှု ပေါင်းများစွာ ရလာကြတာ ဖြစ်ပါတယ်။

နောက်တစ်နည်းကတော့ ရှေးဘုရင် ခေတ်ကလို မောင်လှယ်နှမလှယ်နည်းနဲ့ မြေကွက်တွေ၊ အဆောက်အအုံတွေရကြတာပါ။ တစ်နေရာမှာ စစ်တိုင်းမှူးလုပ်တဲ့ သူဟာ မြို့သစ်ဖော်ရင် သူ့ဘာသာသူ ယူရုံမက အခြားတိုင်းမှူးတွေကိုလည်း ဝေစုလှမ်းပေးပါတယ်။ စစ်ရုံးချုပ်က ဗိုလ်ချုပ်တွေကိုလည်း ပေးပါတယ်။ နောက်ဆုံး နိုင်ငံခြားရောက်နေတဲ့ စစ်သံမှူးလုပ်သူတွေကိုတောင် ခွဲဝေပေးပါတယ်။ ဒီလိုပဲ အခြားတိုင်းမှူးတွေ၊ ၀န်ကြီးဌာန တာဝန်ရှိသူတွေကလည်း သူ့ကို ပြန်ပေးကြလို့ စစ်ဗိုလ်ချုပ် တစ်ဦးချင်းစီဟာ မြန်မာနိုင်ငံအနှံ့အပြားက မြို့တွေမှာ မြေကွက်ပိုင်၊ အိမ်ခြံပိုင်တွေ ဖြစ်နေကြတာပါ။ တချို့စစ်ဗိုလ်ချုပ်တွေဆို သူတို့ပိုင်ဆိုင်မှုအားလုံးကိုတောင် မမှတ်မိဘူးလို့ ဆိုပါတယ်။

နောက်ဆုံးတစ်နည်းကတော့ အဂတိလိုက်စားမှုလုပ်လို့ ရလာတဲ့၊ လာဘ်စားလို့ရလာတဲ့ တရားမ၀င်ငွေတွေနဲ့ ၀ယ်ယူရင်းနှီးမြှုပ်နှံထားတာပါ။ ကိုယ်ပိုင်ငွေရော၊ အာဏာကိုပါ ပေါင်းလိုက်တဲ့အခါ စစ်ဗိုလ်ချုပ်တွေဟာ ရန်ကုန် ရွှေတောင်ကြားလို တကယ့်မြေဈေးခေါင်ခိုက်နေတဲ့ နေရာမျိုးက မြေကွက်တွေကို ပိုင်ဆိုင်နိုင်တဲ့သူတွေ ဖြစ်သွားခဲ့ကြပါတယ်။ ဒါကြောင့်လည်း ဒီနေ့မြေကွက်ကိစ္စ၊ အိမ်ခြံမြေကိစ္စ ပြောရင် “အဘပိုင်” ဆိုတာ လက်ညှိုထိုးမလွတ်တာပါ။ လက်ရှိ မြန်မာနိုင်ငံရဲ့ အကြီးဆုံး မြေပိုင်ရှင်ကြီးတွေဆိုတာ စစ်ဗိုလ်ချုပ်ဟောင်းတွေပါ။ တကယ့် တန်ဖိုးကြီး မြေကွက်တွေအများစု သူတို့မိသားစု ဆွေမျိုးသားချင်းတွေ လက်ထဲမှာပါ။

မြန်မာနိုင်ငံမှာ ဈေးကွက်စီးပွားရေး တကယ်လုပ်တော့မယ်၊ ရင်းနှီးမြှုပ်နှံမှုကို တကယ် ခွင့်ပြုတော့မယ်၊ တံခါးကိုတကယ် ဖွင့်တော့မယ်ဆိုတဲ့အခါ အိမ်ခြံမြေဈေးတွေက တရိပ်ရိပ်တက်၊ ပြဿနာကြီး တစ်ခုလို ဖြစ်နေတယ်ဆိုတာ အစိုးရအဖွဲ့ရော၊ နိုင်ငံတကာကလည်း သိကြပါတယ်။ ဒီအတွက် မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့၊ ရင်းနှီးမြှုပ်နှံမှုတွေ လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ ၀င်ရောက်လာနိုင်ဖို့ မြေဈေးတွေ ကျဆင်းအောင် လုပ်ရမယ်ဆိုပြီး အကြံတွေပေးကြပါတယ်။ လုပ်ဖို့ကလည်း လွယ်ပါတယ်၊ နိုင်ငံတကာ ကုမ္ပဏီတစ်ခုကိုခေါ် ရန်ကုန်အနီးနားပတ်ဝန်းကျင်မှာ စီးပွားရေးလုပ်ငန်းတွေ အသုံးပြုနိုင်တဲ့ မြေကွက်သစ်တွေ အမြောက်အမြားဖော် ထုတ်ရုံပါပဲ။ ထွက်လာတဲ့မြေကွက်ကို အစိုးရနဲ့ အဲဒီရင်းနှီးမြှုပ်နှံမှုလုပ်တဲ့ ကုမ္ပဏီ ခွဲဝေယူရုံပါပဲ။

ဒါပေမဲ့ သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့ဟာ မြေဈေးတွေ ကျဆင်းစေမယ့် အဲလို စီမံကိန်းမျိုးတွေကို လက်ဖျားနဲ့တောင် သွားမတို့ရဲပါဘူး။ အကြောင်းရင်းကတော့ ဒီမြေဈေးတွေ ခေါင်ခိုက်နေတဲ့အပေါ်မှာ စစ်ဗိုလ်ချုပ်တွေနဲ့ ဆွေမျိုးသားချင်းအားလုံးနီးပါးရဲ့ ကိုယ်ကျိုးစီးပွားနဲ့ တိုက်ရိုက်ဆက်စပ်နေလို့ပါပဲ။ ဒါကြောင့် သိပ်မကြာခင် မြင်နိုင်တဲ့ အနာဂတ်ကာလအထိ မြန်မာနိုင်ငံမှာ အိမ်ခြံမြေဈေးနှုန်းတွေ ကျဆင်းဖို့ မရှိသေးပါကြောင်း၊ စစ်ဗိုလ်ချုပ်အသိုင်းအ၀ိုင်း မိသားစုဝင်တွေဟာလည်း ဗိုလ်ချုပ်ညွန့်တင် မိသားစုဝင်တွေလို မြန်မာနိုင်ငံရဲ့ စီးပွားရေးအပြောင်းအလဲ ဖော်ဆောင်နေမှုကနေ အကျိုးအမြတ် အလွန့်အလွန် ရရှိ ခံစားနေကြရဦးမယ်၊ ပိုပိုပြီးကြွယ်ဝချမ်းသာ လာကြဦးမယ် ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
Mizzima Burmese


Personal hygiene for women အမျိုးသမီးများ တကိုယ်ရေသန့်ရှင်းရေး



၁။ မိန်းမကိုယ်သန့်စင်တဲ့ဆေးရည် PH Care တို့ အမွှေးကျွတ်ဆေး Fem တို့ မိန်းမကိုယ်ထဲဝင်ရင် အန္တရာယ်ဖြစ်နိုင်ပါသလား။
၂။ Latt acid ဆိုတဲ့ဆပ်ပြာနဲ့ဆေးပြီးရင်ဖြစ်လာတာများပါတယ် ဆရာ။ ဒီဆပ်ပြာမသုံးသင့်ဘူးထင်တယ်နော်။
၃။ အမျိုးသမီးတွေ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ပက်သက်ပြီး တင်ပါဦးဆရာ။ ကျေးလတ်နေ မြန်မာအမျိုးသမီးတွေ အဒီဘက်မှာ အားနည်းသလားလို့။

တကိုယ်ရေ သန့်ရှင်းရေး လိုတာထက်မပိုသင့်ပါ။ အဆန်းတွေ မသုံးသင့်ပါ။ ဗဂျိုင်းနားမှာ အကျိုးရှိစေတဲ့ ပိုးတွေ ရှိနေတာ ကောင်းတယ်။ သန့်ရှင်းအောင် ဆေးတွေနဲ့လုပ်ရင် အကောင်းတွေရော သေစေပြီး မှိုပိုးဝင်လာစေတတ်တယ်။ ရိုးရိုးဆပ်ပြာနဲ့ ရေသန့်ဆိုရင် လုံလောက်ပါတယ်။ မွှေးတိုင်း မကောင်းပါ။ ဈေးကြီးတိုင်း မကောင်းပါ။ အတွင်းခံ (ကော်တွန်) သာသုံပါ။ ဖုံးကွယ်ထားအပ်တဲ့ အတွင်းနေရာတွေ ပူနွေး စိုထိုင်းနေတာ ကြာရင် မကောင်းပါ။ ရေဆေးပြီး ရေကိုခြောက်သွေ့စေပါ။ လေသလပ်တာ ဖြစ်နိုင်သလောက် လုပ်ပေးပါ။”

အမျိုးသမီးတွေ အဖြူဆင်းရင်
ရာသီလာနေချိန်ဆိုတာ ပိုးဝင်ဘို့ အခြေအနေကောင်းတခုဖြစ်တယ်။ အဖြူဆင်းလို့ ဆေးသောက်၊ ဆေးထည့်နေရရင် ရာသီလာနေချိန်မှာလဲ ဆက်လုပ်ရမယ်။ အိမ်ထောင်သည်တွေဆိုရင် နှစ်ယောက်လုံးကို ဆေးတပြိုင်တည်းကုသရမယ်။ အမျိုးသမီး-မိန်းကလေးတွေမှာ အဖြူဆင်းပြီး၊ ယားတာက ခဏခဏဖြစ်လေ့ရှိတယ်။ မှို (ဖန်းဂတ်စ်) ပိုးဝင်လို့ဖြစ်တယ်။ လိင်ဆက်ဆံမှုနဲ့မဆိုင်ဘဲဖြစ်တတ်တယ်။ (ထရွိုင်ကိုမိုးနပ်စ်) အမျိုးအစားကတော့ လိင်ကတဆင့်ကူးစက်တယ်။ အမျိုးသမီးအင်္ဂါနေရာကို သန့်ရှင်းရေး လုပ်ရင် ဆပ်ပြာက (အယ်လ်ကာလီ) ဓါတ်ပါတာမျိုး မသင့်ပါ။ ရေမွှေးမသုံးပါနဲ့။ ပိုးသေဆေးပါတဲ့ ဆေးကြောအရည် မသုံးပါနဲ့။ ဝါဂွမ်းနဲ့လုပ်တဲ့ အတွင်းခံသာဝတ်ဆင်ပါ။ ရာသီလာစဉ်သုံးပစ္စည်း သန့်ပါစေ။ နေရာကို ခြောက်သွေ့နေပါစေ။ မိုးရာသီမှာ အထူးဆင်ခြင်ပါ။ ခပ်စိုထိုင်းထိုင်းနဲ့ ပူနွေးနွေးအခြေအနေကို ဖန်းဂတ်တွေက ကြိုက်တယ်။

ကူးစက်ရောဂါ မဟုတ်တာတွေ
အသုံးအဆောင်ပစ္စည်း၊ ဆေးဝါးတွေနဲ့ ကိုယ်နဲ့ မတည့်-မသင့်လို့ဖြစ်နိုင်တယ်။ မွေးလမ်း သန့်ရှင်းအောင် သုံးတဲ့ ဗဂျိုင်းနားကို ဖြန်းဆေး-ပန်းဆေးနဲ့ သုတ်ပိုးသေဆး တွေကြောင့် ဖြစ်တတ်တယ်။ တချို့ အမွှေးအကြိုင် ဆပ်ပြာတွေ မတည့်ဘူး။ တချို့ အဝတ်လျှော်သုံး Fabric softeners တွေနဲ့ မတည့်ဘူး။ ကိုယ်ဝန် မရအောင်ထည့်တဲ့ IUCD ထည့်သူ ၅% မှာ ပိုးဝင်တတ်တယ်။

ဆရာဝန်မလိုတဲ့ အထောက်အကူနည်းတွေ
(ရောဂတ်) ဒိန်ချဉ် စားပေးသင့်တယ်။ (အင်တီ-ဟစ်တမင်း) လိမ်းဆေး၊ ထုံဆေးလိမ်းရင် နာတာ၊ ယားတာ သက်သာစေမယ်။ Vinegar douches ဆိုတဲ့ (ဗဂျိုင်းနား) သန့်အောင် ဗနီဂါနဲ့ ဆေးကြောနည်း မသင့်ပါ။ မ-အင်္ဂါနေရာ သန့်ရှင်းရေးကို လိုတာထက် မပိုစေနဲ့။ (ဗဂျိုင်းနား) ဟာ သူ့အလိုလို သန့်အောင်ကြိုးစားနိုင်တယ်။ မှိုတွေက စိုထိုင်းပြီး ပူနွေးတာကိုကြိုက်တယ်။ အတွင်းခံ (ကော်တွန်) သာသုံးပါ။ အတွင်းနေရာတွေကို လေသလပ်ချိန် လုပ်ယူပါ။ လိင်ဆက်ဆံတာမှာ အထူးသတိထားပါ။ ပဋိဇီဝဆေးကို လိုမှသာသုံးပါ။

မွေးလမ်းကြောင်းရောင်တာ
သန့်ရှင်းရေး နည်းလို့လည်း ဖြစ်တတ်တယ်။ ပိုးက အဝတ်စိုလိုမျိုးမှာ ၁ နာရီလောက် ရှင်နေနိုင်လို့ အဝတ်စိုကို အတူသုံးမိရင် ကူးနိုင်တယ်။ ဖိုဆိုရင် ယင်ဖိုတောင် မသန်းဘူးတဲ့ အမျိုးသမီးများမှာတောင်မှ ဗက်တီးရီးယား အရေအတွက် အပြောင်းအလဲကြောင့် ဖြစ်ရတတ်တယ်။ (ဗဂျိုင်းနား) သန့်ချင်လို့ ပိုးသန့်ဆေးပါတဲ့ ဆေးရည်သုံးရင် ဖြစ်တာမျိုး ပြောတာပါ။ အဲလိုဆေးရည်ကို ဆရာဝန်မညွှန်ဘဲ မသုံးပါနဲ့။

မွေးလမ်းကြောင်းယားတာ
အပျိုစင်တွေအတွက် အားနာရတယ်။ သူတို့လဲဖြစ်ကြတယ်။ အဖြစ်မနည်းပါ။ တချို့မှာ တခါတလေသာ ဖြစ်ပြီး တချို့ တာရှည်ဖြစ်တယ်။ တာရှည်နဲ့ ခဏခဏ ဖြစ်ဖန်များရင် နောင်မှာ ကင်ဆာအထိ ဖြစ်မလာဘူးလို့ မပြောနိုင်ပါ။ မစိုးရိမ်ပါနဲ့၊ ရှားလွန်းပါတယ်။

အောက်ခံရောဂါ တခုခုရှိနေလို့ဖြစ်တာ များတယ်။ ရောဂါရယ်လို့ မဟုတ်ဘဲ အစိုဓါတ်ကနေလဲ ဖြစ်စေနိုင်တယ်။ အစိုဓါတ်ဆိုတာ ဆီးစိုနေတာ၊ ဝမ်းသွားတာ နဲနဲပေကျန်တာ၊ ချွေးထွက်များတာ။ အစားအသောက်ထဲမှာ ကိုယ်နဲ့ အဆင်မပြေတာ ဥပမာ ကေဖင်း၊ ခရမ်းချဉ်သီးနဲ့ မြေပဲ ပါနေတာတွေကနေ ဖြစ်စေနိုင်တယ်။

ဗဂျိုင်းနား အနံ့ဆိုးနေတာဖြစ်နေရင် ဘာလုပ်ရမလဲ -
• အနံ့ဆိုးက တော်တော်နဲ့ မပျောက်သေးရင် စိတ်ဖိစီးမှု ရှိလာတတ်တယ်။ လူတောသူတော တိုးဘို့ရာမှာ အခက်အခဲ ရှိလာနိုင်တယ်။
• တကိုယ်ရေသန့်ရှင်းမှု နည်းလို့လားဆိုပြီး သန့်ရှင်းရေကို ပိုလုပ်ပါလိမ့်မယ်။ သန့်ရှင်းရေးလုပ်ရာမှာ သတိထားစရာတွေ ရှိတယ်။ ဆေးဆိုင်တွေက ဆေးကြောရည်တိုင်းက နေရာတိုင်းအတွက် မသုံးသင့်ပါ။ ပိုးရှိသမျှကို သေစေတာ မကောင်းပါ။ ကိုယ်ထဲ၊ ကိုယ်ပေါ်မှာ ပိုးဆိုတာတွေ အမြဲရှိနေတယ်။ သူ့ရောမှာ သူ့အမျိုးအစားရှိနေတာက ကောင်းတယ်။ ရှိသင့်တာတွေကု ရှင်းလိုက်ရင် မျှခြေပျက်မယ်။ ဗဂျိုင်းနားကို ပိုးသေဆေးနဲ့ ဆေးတာမျိုးကြောင့် မှို (ဖန်းဂတ်စ်) ပိုး ဝင်လာနိုင်တယ်။
• (ဗဂျိုင်းနား-ဖလိုရာ) ဆိုတာ သူ့ဖါသူရှိနေသင့်တဲ့ ပိုးတွေကိုခေါ်တယ်။ မိုက်ခရိုဖီးလစ် ဗက်တီးရီးယားတွေ အများကြီး ရှိတယ်။ (လက်တိုဗက်ဆီးလိုင်) ဆိုတာတွေက အဓိကကျတယ်။ အကာကွယ်ပေးနေတဲ့ ပိုးမျိုးသာဖြစ်တယ်။ အက်စစ်ဓါတ်ကို ထိန်းပေးတယ်။ ဒါကြောင့် ဗဂျိုင်းနားကို လိုတာထက်ပိုပြီး ဆေးကြောရင် ဒီအက်စစ်ဓါတ်အခြေအနေ ပြောင်းသွားပြီး ပိုးသစ်တွေ ဝင်လာစေနိုင်တယ်။ အသစ်ဝင်တဲ့ပိုးတွေကို ရောဂါရစေတဲ့ပိုးတွေလို့ခေါ်တယ်။
• အလွန်အကျွံဆေးကြောခြင်း၊ ဆေးဖြန်းပြီးဆေးကြောခြင်း၊ အဝတ်အစား တင်းကြပ်နေအောင် ဝတ်ဆင်ခြင်း၊ ဓါတုဆေးတွေ ဥပမာ အမွှေးအကြိုင်ပါတဲ့ဆေးကြောရည်၊ ပိုးသေဆေးဆပ်ပြာတွေသုံးရာကနေ ဗဂျိုင်းနားရောင်တာနဲ့ မှိုပိုးဝင်တာတွေဖြစ်စေနိုင်တယ်။
• ကိုယ်ဝန်တားနည်း၊ ဗဂျိုင်းနားထဲ ပစ္စည်းထည့်ထားတာ၊ အသွင်းအထုတ် လုပ်တာ၊ အတူနေတာမှာ စအိုလမ်းနည်းကို ဗဂျိုင်းနားလမ်းနည်းနဲ့တွဲပြီး ဆက်ဆံတာ၊
• အိမ်ထောင်သည်တွေဟာ အတူနေပြီးတဲ့နောက် ဆီးသွားတဲ့ အလေ့အကျင့် လုပ်သင့်တယ်။ ဗဂျိုင်းနာထဲကို အသစ်ဝင်လာတဲ့ ပိုးတွေက ဆီးလမ်းကို ရောက်လာမှာကို တားရာ ရောက်တယ်။ ဒါကြောင့် မင်္ဂလာဆောင်ကာစ သတို့သမီး အတော်များများမှာ ဟန်းနီးမွန်း ဆီးအောင်တာ ဖြစ်ကြရတယ်။
• မိန်းကလေးတိုင်း ကိုယ်နံ့ မတူတတ်တာထဲမှာ ဒီနေရာက အနံ့လဲပါတယ်။ သဘာဝပါ။ ရာသီဆင်းချိန်မှာလဲ အနံ့မတူ ဖြစ်လာနိုင်တယ်။ ဆင်းတဲ့ရာသီသွေးက ဟောင်းနေတာဆိုရင် တမျိုးဖြစ်နိုင်တယ်။ မေ့လျှော့ပြီး ရာသီလာတုံးသုံးတဲ့ Tampon ကို မထုတ်ဘဲထားမိရင်လဲ ဖြစ်တတ်တယ်။

မိန်းမကိုယ် ယားခြင်း ဖြစ်ရင် -
• Moisturisers (Emollients) ဆေးကို ခရင်၊ လိမ်းဆေးအနေနဲ့ လာတယ်။ ဘာလို့ ယားတာ ဖြစ်ဖြစ်နေနေ သက်သာစေမယ်။ ဆေးများသွားလို့လဲ ကိစ္စမရှိဘူး။
• ယားလို့ ကုပ်ရင် ပိုဆိုးစေတယ်။ အတတ်နိုင်ဆုံး မကုပ်မိအောင် ထိန်းပါ။ (ကော်တွန်) လက်အိတ်သုံးပါ။ လက်သည်း အတိုဖြတ်ပါ။ လက်သည်းနီဆိုးတာ သတိထားပါ။
• (ကော်တွန်) ၁ဝဝ% ခပ်ချောင်ချောင်ကိုသာ ဝတ်ဆင်ပါ။ အကြပ်တွေ မဝတ်ပါနဲ့။
• အတွင်းခံကို နေ့တိုင်းလဲလှယ်ပါ။ စိုထိုင်းတာများရင် တနေ့တခါမက လဲပါ။
• နေလို့ရတဲ့ နေရာ-အချိန်တွေမှာ အတွင်းခံ မဝတ်ဘဲနေပါ။ လေသလပ်ခံပါ။
• ရေနဲ့ နေ့တိုင်း မိန်းမကိုယ်ကို အသာအယာ ဆေးကြောပါ။ Feminine hygiene sprays and douches ကရိယာတွေ၊ အသုံးအဆောင်တွေ မသုံးဘဲသာ ဆေးပါ။
• ရေကို အပေါ်ကနေလောင်းချနည်းက စည်ပိုင်းထဲ စိမ်ချိုးတာထက် ကောင်းတယ်။
• ရေမခြောက်သေးခင် အတွင်းခံ မဝတ်ပါနဲ့။
• ဆံပင် ခေါင်းလျှော်တာကို သီးသန့်လုပ်ပါ။ တချို့ ခေါင်းလျှော်ရည်က ကိုယ်နဲ့မသင့်တာဖြစ်နိုင်တယ်။
• ဆပ်ပြာ၊ ရေမွှေး၊ ချွေးနံ့ပျောက်ဆေးတွေက ကိုယ်နဲ့ သင့်-မသင့် သတိထားပါ။ လိုမယ်ထင်ရင် ပြောင်းသုံးပါ။ မသုံးဘဲ နေလို့ရရင် မသုံးပါနဲ့။
• (ကွန်ဒွမ်) မှာ သုက်ပိုးသတ်ဆေးလဲ တွဲထားတာဆိုရင် ကိုယ်နဲ့ သင့်-မသင့် ကြည့်ပါ။
• ဆီးစပ်မွှေး မရိတ်ပါနဲ့။
• စိတ်ဖိအား များနေရင် လျှော့ချပါ။
• သန့်ရှင်းရေးလုပ်တာမှာ (ထိုင်နေတဲ့ အနေအထားမှာ) လက်ကို ရှေ့ကနေ နောက်ဖက်ဆီသာ တလမ်းသွား လှုပ်ရှားပါ။
• ကိုယ်အလေးချိန် များနေရင် လျှော့ချပါ။

ဒေါက်တာတင်ဆွေ


အိမ်မွေးတိရစ္ဆာန်ချစ်သူတိုင်း သတိထားသင့်သော ခွေးရူးရောဂါ



တိရစ္ဆာန်များမှ လူကို ကူးစက်တတ်သည့် ရောဂါများ (Zoonoses) အများအပြားရှိသည့်အနက် အိမ်မွေးတိရစ္ဆာန်များသည် လူနှင့် အနေနီးစပ်ဆုံး ဖြစ်သောကြောင့် အိမ်မွေးတိရစ္ဆာန်များ( အထူးသဖြင့် ခွေးနှင့် ကြောင်) မှ ရောဂါ ကူးစက်ရန် အခွင့်အလမ်း ပိုများသည်ကို တွေ့ရှိရပေသည်။

ခွေးနှင့် ကြောင်များကို နမ်းရှုပ်ခြင်း၊ လူနှင့်အတူ အိပ်စေခြင်းဖြင့် လူ၏ နှာခေါင်းနှင့် ပါးစပ်ထဲသို့ အမွေးများ ဝင်ရောက်စေနိုင်သည်။ ခွေး၊ ကြောင်များထံမှ ရောဂါပိုးများ၊ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်များ ကူးစက်စေနိုင်သည်။ ခွေးထံမှ Streptococcus ခေါ် ဘက်တီးရီးယား ကူးစက်ခြင်း ခံရသဖြင့် ကလေးများတွင် လည်ပင်းနာခြင်း၊ အာသီးရောင်ခြင်း၊ ဖြစ်တတ်ပေသည်။ ထိုရောဂါ ဖြစ်၍ ဆေးကုသမှု ခံယူနေစဉ် ကလေးကို ခွေး၊ ကြောင်များနှင့် ခွဲထားရန် လိုအပ်ပါသည်။
လေပြွန်ရောင်ရောဂါ(Allergic bronchitis) ဖြစ်လျှင် ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်း၊ မောပန်းခြင်း၊ အားနည်းခြင်းတို့ ဖြစ်တတ်သည်။

ဤရောဂါများကို ကာကွယ်တားဆီးရန်-

- ခွေး၊ ကြောင်များကို နမ်းရှုခြင်းအား တားမြစ်ပါ။
- တိရစ္ဆာန်တို့နှင့်အတူ အိပ်ခြင်းမှ ရှောင်ကြဉ်ပါ။
- တိရစ္ဆာန်များကို ကိုင်တွယ်ပြီးတိုင်း လက်ကို သေချာစွာ ဆေးကြောပါ။
- အိမ်မွေးတိရစ္ဆာန်များကို သန့်ရှင်း သပ်ရပ်အောင် Grooming ပြုလုပ်သည့်အခါ သင့်နှာခေါင်းနှင့် ပါးစပ်ကို အဝတ်စည်းထားပါ။
- အိမ်ထဲရှိ ခွေး၊ ကြောင်အမွေးများကို စနစ်တကျ ရှင်းလင်း ဖယ်ရှားပါ။
- သန့်ရှင်းရေးကို အထူးဂရုပြု ဆောင်ရွက်ပါ။

အိမ်မွေးတိရစ္ဆာန်များကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရန် အလွန်အရေးကြီးပါသည်။ အစာခွက်၊ ရေခွက် သီးသန့် ထားပေးရန် လိုသည်။ အချို့သောသူများသည် ကလေးငယ်ကို ခွေးနှင့် ဆော့ကစားစေခြင်း မျိုး ပြုလုပ်တတ်ကြသည်။ မသိ နားမလည်သေးသည့် ကလေးငယ်က ခွေးကို ဆုပ်ကိုင်ထားခြင်း၊ ဆွဲထားခြင်းကြောင့် ခွေးက ပြန်ကိုက်မိ၊ ကုတ်ခြစ်မိသောအခါ မိဘများ မျက်ကလဲဆန်ပျာ ဖြစ်ရတော့ သည်။ ခွေး၊ ကြောင်များက ကုတ်ခြင်း၊ ကိုက်ခြင်းခံရလျှင် တိရစ္ဆာန်ဆေးကု ဆရာဝန်နှင့် သော်လည်းကောင်း၊ ဆရာဝန်နှင့် သော်လည်းကောင်း သေချာ စွာ တိုင်ပင် ဆွေးနွေးသင့်ပါသည်။

အကိုက်ခံရသော အနာ၊ အကုတ်ခံရသော အနာများမှ တစ်ဆင့် ဘက်တီးရီးယားများနှင့် မေးခိုင်ပိုးတို့ ဝင်ရောက်နိုင်သဖြင့် ဆရာဝန်ထံ ချက်ချင်းသွားပြပါ။ ဆရာဝန်သည် အနာကျက်အောင် ပဋိဇီဝဆေးများ တိုက်ကျွေးခြင်း၊ ပဋိဇီဝဆေးများ ထိုးပေးခြင်း၊ မေးခိုင်ကာကွယ်ဆေး ထိုးပေးခြင်းများကို လိုအပ်သလို ကုသပေးပါလိမ့်မည်။

ထိုဘက်တီးရီးယားများထက် ခွေးရူးရောဂါ ဗိုင်းရပ်စ်ပိုး မဝင်ရောက်ရန် အလွန် အရးကြီးပေသည်။ ခွေးရူးရောဂါသည် ဗိုင်းရပ်စ်ကြောင့် ဖြစ်သော ဦးနှောက်ရောင်ရောဂါဖြစ်ပြီး ရောဂါကူးစက်ခံရသော သွေးနွေးသတ္တဝါအားလုံးကို သေဆုံးစေနိုင်သည်။ အထူးသဖြင့် အိမ်မွေးတိရစ္ဆာန် ခွေးနှင့် ကြောင် များမှတစ်ဆင့် လူကို ကူးစက်ပြီး အသက်ဆုံးရှုံးနိုင်စေသော ရောဂါဖြစ်သည်။
ခွေးတွင် ပုံစံ နှစ်မျိုး တွေ့ရသည်။ ခွေးရူးရောဂါကို အစပိုင်းတွင် မည်သူမျှ သတိမထားမိတတ်ပေ။ ပထမဆုံး ခွေး၏အမူအရာ ပြောင်းလဲလာမည်၊ သုန်မှုန်လာမည်၊ စိတ်တိုလာမည်၊ အမှောင် သို့မဟုတ် ချောင်ထဲ၌ ပုန်းအောင်းနေတတ်သည်။ အရေပြား ယားယံလာတတ်သည်။

အမူအရာ ပြောင်းလဲရာတွင် ဆူညံဖျတ်လတ်စွာ နေတတ်သော ခွေးဖြစ်ပါက တိတ်ဆိတ် ငြိမ်သက်ထိုင်းမှိုင်းသွားမည်။ မူလက ငြိမ်သက်အေးဆေးသော ခွေး ဖြစ်ပါက ရန်လိုလာမည်။ ရန်လို တိုက်ခိုက်တတ်သောပုံစံ (Furious Form)တွင် ခွေးသည် အစာ လုံးဝ မစားနိုင်၊ လျှာ မလှုပ် ရှားနိုင်သောကြောင့် ရေလည်း မသောက်နိုင်ပေ။ သို့သော် ခွေးသည် အစာ မဟုတ်သည့် ကောက်ရိုး၊ ကျောက်ခဲ၊ သစ်သား၊ မီးသွေး၊ ကော်ဇော၊ အင်္ဂတေ စသည်တို့ကို ကိုက်လိမ့်မည်။ ကြိုးချည်မထားသော ခွေး ဖြစ်ပါက တစ်ဟုန်ထိုး ထွက်ပြေးပြီး လမ်းတစ်လျှောက်ရှိ ခွေး၊ ကြောင်၊ လူတို့ကို ကိုက်မည်။ မျက်လုံး ကြောင်နေပြီး မျက်စိသူငယ်အိမ် ကျယ်နေမည်။ ရောဂါ ပြင်းထန်လာပြီး အကြောဆွဲ၍ တက်ရာမှ သေဆုံးခြင်းသို့ ရောက်ရသည်။

ကြောင်များမှာမူ Furious Form သည် ထင်ရှားသည်။ ရန်လို တိုက်ခိုက်မှု ပိုပြင်းထန်သည်။ ကြောင်တွင် ခွေးရူး ရောဂါဖြစ်လာပါက တခြားတိရစ္ဆာန်များနှင့် လူများကို တိုက်ခိုက်တတ်သည်။ လက်သည်း၊ ခြေသည်းများနှင့် လည်း ကုတ်ခြစ်တတ်သည်။ ရောဂါလက္ခဏာ မသိလိုက်ရဘဲ အချိန်တိုတိုအတွင်း သေဆုံးသွားသည်ကို တွေ့ရသည်။
ခွေးရူးရောဂါဖြစ်နေသော ခွေး၊ ကြောင်တို့၏ သွားရည်ထဲတွင် ဗိုင်းရပ်စ်များ ပါရှိသသည်။ ထို ခွေး၊ ကြောင်တို့က လူကို ကိုက်မိလျှင် အကိုက်ခံရသော အနာထဲသို့ သွားရည်ထဲမှ ဗိုင်းရပ်စ်များ ဝင်ခြင်းဖြင့် သော်လည်းကောင်း၊ ကုတ်ခြစ်ခံရသော အနာ နေရာကို သွားရည်များ ထိတွေ့ခြင်းဖြင့် သော်လည်းကောင်း ရောဂါ ကူးစက်စေသည်။

ခန္ဓာကိုယ်ထဲသို့ ရောက်သွားသော ဗိုင်းရပ်စ်သည် နဗ်ကြောများမှတစ်ဆင့် ဦးနှောက်တစ်သျှူးများနှင့် တံတွေးဂလင်းများဆီသို့ ဝင်ရောက်သွားသည်။ နောက်ဆုံးတွင် ဗိုင်းရပ်စ်သည် ခန္ဓာကိုယ်ရှိ တစ်သျှူးတိုင်းသို့ ရောက်သွားသည်။ ကိုက်သော ခွေးသည် ခွေးရူးဖြစ်သည်ဟု သံသယရှိပါက သို့မဟုတ် ခွေးရူးရောဂါ ကာကွယ်ဆေး မထိုးထားပါက အကိုက်ခံရသော လူကို ၇၂ နာရီအတွင်း(သုံးရက်အတွင်း) ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးပေးရန် လိုအပ်သည်။ ခွေးရူးရောဂါ ဖြစ်ပွားလျှင် ကုရာနတ္ထိ ဆေးမရှိသောကြောင့် ဤရောဂါကို ကာကွယ်တားဆီးရန်-

- သင့်ခွေးကို ခွေးရူးကာကွယ်ဆေး မှန်မှန်ထိုးပါ။
- ခွေးကိုက်ခံရလျှင် ဆရာဝန်နှင့် ချက်ချင်း ပြသစစ်ဆေးပါ။
- ခွေးရူးရောဂါ ဖြစ်သည်ဟု သံသယရှိသော ခွေး၊ ကြောင်တို့ကို အကာအကွယ်မဲ့သော လက်များဖြင့် လုံးဝ မထိမကိုင်ပါနှင့်။
- ဆရာဝန် ညွှန်ကြားချက်အတိုင်း တိကျစွာ လိုက်နာပါ။

မှတ်ချက်။ ဒေါက်တာခင်စန်းမော် ရေးသားသည့် တိရစ္ဆာန်များမှ လူကို ကူးစက်တတ်သည့် ရောဂါများ စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။

MOI Webportal Myanmar

ခေတ်တစ်ခေတ် နောက်ကျ ကျန်ရစ်ခဲ့သော မျိုးဆက်သစ်များ


Written by  အယ်ဒီတာတစ်ဦး
Print Email

ပူအိုက်သော နေ့လယ်ခင်းအချိန်တွင် ဖြစ်သည်။ ကျွန်မသည် အိုးလုပ်ငန်း လုပ်ကိုင်သည့် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသရှိ ရွာလေးတစ်ရွာသို့ ဖြတ်သန်းသွားချိန်တွင် တမာပင် အရိပ်အောက်၌ ဖိနပ်မပါသော ကလေးအုပ်စုတစ်စု ကစားနေကြသည်။ ကလေးတွေ ကစားနေသည့် အလယ်တွင် ကျွဲကြီးတစ်ကောင် မတ်တတ်ရပ်နေသည်။ ထိုကလေးတွေက အသက်သုံးလေးနှစ်ခန့် အရွယ်ထက် မပိုပေ။ သူတို့က ကျွန်မကို ဝိုင်းလိုက်ပြီး ပြုံးပြနေကြသည်။

ထိုစဉ် ကလေးနှစ်ယောက်က ကျွန်မလက်ကို ဆွဲပြီး လမ်းကျဉ်းလေး တစ်ခုဆီသို့ ခေါ်သွားသည်။ လမ်းဆုံးတွင် သွပ်မိုးနှင့် ဘေးပတ်လည် ဟင်းလင်းဖွင့်ထားသော စာသင်ကျောင်း တစ်ကျောင်းကို တွေ့လိုက်ရသည်။ ကျောင်းပေါ်တွင် ဆရာမလေး တစ်ယောက်ကို အရွယ်အမျိုးမျိုးနှင့် ကလေးအယောက် ၆၀ လောက်က ဝိုင်းနေပြီး စာသင်နေကြခြင်း ဖြစ်သည်။ ထိုကျောင်းလေးသည် ဉာဏ်တော်အမြင့် ၆ မီတာခန့် ရှိမည့် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ တည်ထားသော တောင်ကုန်းလေး အောက်ခြေတွင် ရှိသည်။ စာသင်ကျောင်း၏ နံရံတစ်ဖက်သည် ဘုရားတည်ထားသည့် တောင်ကုန်းလေး ဖြစ်နေသည်။ ကျောင်းသား၊ ကျောင်းသူလေးများသည် ဗုဒ္ဓ၏ ခြေတော်ရင်းတွင် ခိုလှုံရင်း စာသင်ကြားနေကြသည့်အသွင် ပေါက်နေသည်။

ကျွန်မက အခြေအနေ အရပ်ရပ်ကို လေ့လာ သုံးသပ်နေစဉ် ဆရာမလေးက ကျွန်မကို မြင်သွားသည်။ သူက အင်္ဂလိပ်လို မပြော။ သို့သော် ကျွန်မကို လက်ဟန်ခြေဟန်ဖြင့် အတန်းရှေ့လာရန် ခေါ်လိုက်သည်။ ထို့နောက် လက်ကိုဆွဲကာ ပြုံးပြလိုက်ပြီး “မင်္ဂလာပါ” ဟု နှုတ်ဆက်လိုက်သည်။ ကျွန်မက ကလေးတွေကို မျက်နှာချင်းဆိုင်လိုက်ချိန်တွင် သူတို့က ရှက်ကြောက်နေသော်လည်း ကျွန်မအနီးသို့ တိုးလာကြသည်။

အတန်းကို နှုတ်ဆက်လိုက်သည့် အခါတွင် အနည်းငယ် ရဲရင့်ပုံရသည့် ကျောင်းသားလေးများက ကျွန်မ နားမလည်သည့် စကားဖြင့် ကျွန်မကို အော်ပြောလိုက်ကြသည်။ မကြာမီ တစ်တန်းလုံးကလည်း ကျွန်မကို ဝိုင်းအော်ကြသည်။ နောက်မှ သူတို့က အင်္ဂလိပ်လို “ဖိနပ်” “ဖိနပ်” ဟု အော်နေမှန်း သိလိုက်ရသည်။ သူတို့က ကျွန်မကို ဖိနပ်ချွတ်ရန် အော်ပြောနေကြခြင်း ဖြစ်သည်။ ဗုဒ္ဓကို ရိုသေရန် လက်ဟန်ဖြင့် ပြကြသည်။ ကျွန်မက ကြိုးသိုင်းဖိနပ်ကို ချွတ်လိုက်ပြီး နေလောင်နေသော ခြေဖဝါးများကို ပြလိုက်ချိန်၌ အတန်းထဲတွင် ရယ်သံတွေ ပေါ်ထွက်လာသည်။

မြန်မာတောကျောင်းလေးတွေအကြောင်း ကျွန်မ မေ့နိုင်တော့မည် မထင်။ ကျောင်းဝင်းများထဲက ထွက်ပေါ်လာသည့် အသံလေးများကိုလည်း ကြားယောင်နေမိသည်။ ကျောင်းဝင်းအတွင်းသို့ ဝင်လာကြသည့် အဖြူအစိမ်း ကျောင်းဝတ်စုံ ဝတ်ထားသော ကျောင်းသားလေးများကိုလည်း မြင်ယောင်နေမိသည်။ ကျွန်မသည် မူလတန်းကျောင်းပေါင်း များစွာကို ရောက်ခဲ့သည်။ ကျွန်မကို ဖော်ရွေသော ဆရာမလေးတွေက အမြဲကြိုဆို ဖိတ်ခေါ်ကြသည်။ ကျွန်မလာတိုင်းလည်း သူတို့၏ ပြည့်ကျပ်နေသော အတန်းထဲမှ ထွက်လာပြီး စိတ်လက်ပေါ့ပါးစွာဖြင့် ကြိုဆိုကြသည်သာ ဖြစ်သည်။ သူတို့က ကျောင်းသားတွေနှင့် ကျွန်မကို မိတ်ဆက်ပေးမည်။ ပြီးတော့ သူတို့ မတောက်တခေါက် အင်္ဂလိပ် စကားလေးများဖြင့် ကျွန်မကို ပြောဆိုပြီး လေ့ကျင့်ကြသည်။

ကျွန်မ ရောက်ခဲ့သည့် မူလတန်းကျောင်းလေးတိုင်းသည် တောအရပ်ဒေသများတွင် ရှိသော ကျောင်းများ ဖြစ်ကြသည်။ အဆောင်အယောင် ပစ္စည်းများလည်း အတော်ရှားပါးကြသည်။ ကျောင်းအများစုသည် ခန်းမကြီး တစ်ခုသာ ဖြစ်ပြီး ဘေးဘက်တွေကလည်း ဟင်းလင်းဖွင့်ထားသည်က များသည်။ နံရံရှိလျှင်လည်း သစ်သားနံရံများသာ ဖြစ်ပြီး ပြတင်းပေါက်များမှာလည်း မှန်တံခါး မရှိသော ပြတင်းပေါက်များ ဖြစ်သည်။ စာသင်ခုံများမှာလည်း ပျဉ်ပြားတစ်ချပ်ကို အကြမ်းထည် ရိုက်ထားသည့် ခုံများသာ ဖြစ်ကြသည်။ သူတို့သည် အခန်းကြီးတစ်ခန်းတွင် ထိုင်နေသလို ဖြစ်သော်လည်း ကျောက်သင်ပုန်းကြီးများကို အတန်းရှေ့တွင် ချိတ်ဆွဲထားခြင်းက အတန်း ခွဲခြားထားသလို ဖြစ်စေသည်။ ကျောက်သင်ပုန်းကြီးများပေါ်တွင် မြန်မာစာများ၊ အင်္ဂလိပ်ဂဏန်းများ ရေးသားထားသည်ကို တွေ့မြင်ရသည်။

ဆရာမလေး အများစုသည် အသက်အရွယ် ငယ်ကြသည်။ သင်ကြားရ အလွန်ခက်ခဲသော အနေအထားများကို ရင်ဆိုင်ပြီး သင်ကြားပေးနေကြသူများ ဖြစ်သည်။ ကျွန်မကို ရွာငယ်လေး တစ်ရွာရှိ ကျောင်းတစ်ကျောင်းသို့ ခေါ်ဆောင်လာသော မိတ်ဆွေက ဆရာမလေးများသည် ဝေးလံခေါင်ဖျားသော ဒေသများသို့ သွားရောက် တာဝန် ထမ်းဆောင်ကြရသည်မှာ စိန်ခေါ်မှု တစ်ခုသာ ဖြစ်ကြောင်း ပြောပြသည်။ “သူတို့ တောကို ရောက်လာ၊ နောက်ဆုံးတော့ တောကလူတွေနဲ့ပဲ တွေ့ပြီး ညားကုန်ကြတော့တာပဲ” ဟု သူကဆိုသည်။ သူက ဆက်ပြီး “ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရဘူး။ အားလုံးဟာ သာသနာပြု ခေတ်ကလို ဖြစ်နေတော့တာပဲ” ဟု သူကဆိုသည်။

မြန်မာနိုင်ငံတွင် ဝေးလံခေါင်ဖျားကျသည့် ဒေသများသို့ တစ်ချိန်က သာသနာပြုအဖွဲ့တွေ ရောက်လာပြီး ကျောင်းတွေ ဖွင့်ကာ စာသင်ပေးခဲ့ကြဖူးသည်။ ၁၉၆၅ ခုနှစ်တွင်မှ ကက်သလစ်ကျောင်းများကို အစိုးရတပ်က ပြည်သူပိုင်သိမ်းပြီး ဥရောပ ဘုန်းတော်ကြီးများနှင့် သီလရှင်များကို ထိုအရပ်ဒေသများမှ နှင်ထုတ်လိုက်ကြသည်။

ကျွန်မသူငယ်ချင်း ပြောပြချက်အရ ထိုစဉ်က စစ်အစိုးရသည် မြန်မာနိုင်ငံရှိ ကျောင်းအားလုံးကို ပြည်သူပိုင် သိမ်းလိုက်သည်။ နိုင်ငံခြားမှ သာသနာပြုရန် ရောက်ရှိနေကြပြီး ကျောင်းများဖွင့်ကာ စာသင်ပေးနေကြသည့် ပြင်သစ်၊ ဂျာမန်၊ ဗြိတိန်၊ အီတလီ၊ အမေရိကန်တို့ကို တိုင်းပြည်အတွင်းမှ ထွက်သွားရန် နှင်ထုတ်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ထိုစဉ်က သာသနာပြုအဖွဲ့က ကျောင်းများထောင်ကာ စာသင်ပေးနေသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ရှိနေပြီ ဖြစ်သည်။ သာသနာပြု အဖွဲ့များသည် လူမျိုးစုများအတွင်း ချဉ်းကပ်ပြီး ကျောင်းများဖွင့်ကာ ခရစ်ယာန် ဘာသာသို့ သွတ်သွင်းမှုများကို ပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။

ဘုန်းတော်ကြီး တစ်ပါးက “ပြည်သူပိုင်တဲ့ကွာ၊ တော်တော်လေးကို မဆီလျော်တဲ့ စကားလုံးပဲ။ ဘယ်သူမှလည်း လျော်ကြေးမရဘူး။ အားလုံးကို အစိုးရက သိမ်းလိုက်တော့တာ” ဟု ပြောပြဖူးသည်။

ကျောင်းများကို ရုတ်တရက် ပြည်သူပိုင် သိမ်းလိုက်ပြီးနောက် နှစ်ပေါင်း သုံးဆယ်ခန့် ကြာချိန်တွင် မြန်မာ့ပညာရေးသည် ဝမ်းနည်း စိတ်ပျက်စရာ ကောင်းလောက်အောင် နိမ့်ကျသွားခဲ့သည်။ ထိုပျက်စီးနေသော စနစ်နှင့်ပင် ယနေ့တိုင် ဆက်ပြီး သင်ကြားနေကြဆဲ ဖြစ်သည်။ မြန်မာနိုင်ငံသည် သမိုင်းနှင့်ချီပြီး စာတတ်မြောက်မှုနှုန်း မြင့်မားခဲ့သည့် တိုင်းပြည်တစ်ပြည် ဖြစ်ခဲ့သည်။ သို့သော် ၁၉၆၂ ခုနှစ်က စတင်ပြီး ပညာရေးတွင် နိုင်ငံရေးက ဝင်ရောက်ပြီး ချုပ်ကိုင်လိုက်သောကြောင့် ကျဆင်းသွားခဲ့ရခြင်း ဖြစ်သည်။

လက်ရှိ အနေအထားတွင် မြန်မာနိုင်ငံ၌ တက္ကသိုလ်၊ ကောလိပ်ကျောင်းပေါင်း ၃၀ ကျော် ရှိသည်ဟု ဆိုသည်။ ၁၉၆၂ ခုနှစ်လောက်ကတည်းက ထိုတက္ကသိုလ်၊ ကောလိပ်များကို အစိုးရသည် ဖွင့်လိုက် ပိတ်လိုက် အကြိမ်ပေါင်းများစွာ လုပ်ခဲ့ရသည်။ ၁၉၉၆ ခုနှစ် ဒီဇင်ဘာလတွင်လည်း ကျောင်းသားများ ဆန္ဒပြသောကြောင့် ကျောင်းတွေ ထပ်ပိတ်ရပြန်သည်။ နောက်၂ နှစ်လောက်ကြာမှ ကျောင်းတွေ ပြန်ဖွင့်မည်ဟု ပြောသော်လည်း ၁၉၉၉ ခုနှစ်မှ ကျောင်းတွေ ပြန်ဖွင့်ဖြစ်သည်။ အစိုးရ ကျောင်းပိတ်ရာတွင် မူလတန်းနှင့် အထက်တန်းများပါ မကျန်ခဲ့ပေ။ ၁၉၉၇ ခုနှစ် မတ်လတွင် နွေရာသီ ပိတ်ရက်နှင့်ရောပြီး နောက်ထပ် ငါးလခန့် ကြာသည်အထိ မဖွင့်နိုင်လောက်အောင် ဖြစ်ခဲ့ရသည်။

စာတတ်မြောက်မှုနှုန်းသည် နိုင်ငံရေး လှုပ်ရှားမှုအသွင်ဖြင့် ဖော်ဆောင်ခဲ့သောကြောင့် အောင်မြင်သင့်သလောက် အောင်မြင်ခဲ့သည်ဟု ဆိုရမည်။ သို့သော် အစိုးရသည် ကြွေးမြီပြဿနာကို ဖြေရှင်းရန်အတွက် ကုလသမဂ္ဂ၏ ကမ္ဘာ့ဖွံ့ဖြိုးမှု နောက်အကျဆုံး တိုင်းပြည်တစ်ပြည် အဖြစ် ၁၉၈၇ ခုနှစ်တွင် ခံယူလိုက်သည်။ စာတတ်မြောက်သူ ဦးရေသည် ချက်ချင်း ၁၈ ဒသမ ၇ ရာခိုင်နှုန်း လျော့ကျသွားပြီး ၇၈ ဒသမ ၆ ရာခိုင်နှုန်း ဖြစ်သွားသည်။

မြန်မာနိုင်ငံ ပညာရေးစနစ်သည် စတုတ္ထတန်း အဆင့်အထိ မသင်မနေရ ပညာရေးစနစ် ဖြစ်သည်။ သို့သော် ကုလသမဂ္ဂ၏ လေ့လာသုံးသပ်ချက်အရ ကျောင်းနေအရွယ် ကလေးများ၏ ၄၀ ရာခိုင်နှုန်း နီးပါးသည် ကျောင်းမတက်နိုင်ကြသေးပေ။ မြန်မာကလေး သုံးပုံတစ်ပုံခန့်သာ မူလတန်းပညာကို သင်ယူတတ်မြောက်ကြသဖြင့် ကမ္ဘာ့အဆင့်နှင့် ယှဉ်လျှင် အလွန်နိမ့်ကျသည်ဟု ဆိုရမည်။ မိဘအများစုသည် မိမိတို့ သားသမီးများကို ကျောင်းပို့ရန်အတွက် စရိတ်မတတ်နိုင်ကြပေ။ စရိတ်ဆိုသည်မှာ ကျောင်းဝတ်စုံ၊ စာအုပ်၊ ခဲတံဖိုးများသာမက စာသင်ခုံဖိုး၊ ကုလားထိုင်ဖိုးများ အပြင် ဆရာတို့အတွက် လစာကိုပင် ထောက်ပံ့ ပေးနေကြရသည့် အနေအထားတွင် ရှိနေသေးသည်။ ၁၉၈၀ ပြည့်နှစ်တွင် အစိုးရက ပညာရေး အသုံးစရိတ်ကို လျှော့ချလိုက်ပြန်သည်။ သို့သော် စစ်ရေးအတွက် အသုံးစရိတ်များကား မြင့်တက်သွားသည်။

ရလဒ်မှာ နိုင်ငံတော်က ဆရာတွေကို လစာလည်း တိုးမပေးနိုင်သည့် အပြင် ကျောင်းအဆောက်အအုံများ ကောင်းအောင်လည်း မလုပ်နိုင်၊ ဆရာတွေလည်း တိုးမခန့်နိုင်၊ ကျောင်းအုပ်တွေလည်း တိုးမခန့်နိုင်နှင့် ပညာရေးဘဝ နိမ့်ကျခဲ့ရသည်။ ကျွန်မနှင့် သိသော မြို့ကြီးတစ်မြို့မှ အသက် ၄၃ နှစ်အရွယ် မူလတန်း ကျောင်းအုပ်ဆရာမကြီး တစ်ဦးက လုပ်သက်နှစ်ပေါင်း နှစ်ဆယ် ကျော်လာပြီ ဖြစ်သော်လည်း လစာ မလုံလောက်သဖြင့် သူ့ခင်ပွန်းဖြစ်သူက အလုပ်ထွက်ခိုင်းနေကြောင်း ပြောပြသည်။ ခင်ပွန်းဖြစ်သူက ကျူရှင်သင်သောကြောင့် သူမ၏ လစာထက် ဆယ်ဆ ပိုပြီး ဝင်ငွေကောင်းသည်။

သူတို့ ဇနီးမောင်နှံသည် လစာဝင်ငွေ နည်းပါးသောကြောင့် တဲသာသာ အိမ်လေးတွင် သားတစ်ယောက်နှင့်အတူ နေထိုင်ကြရရှာသည်။ တစ်ညတွင် သူတို့ဇနီးမောင်နှံက အိမ်သို့ ထမင်းစား ဖိတ်ခေါ်သည်။ သူတို့ အိမ်ကလေးက ဝါးတဲလေးသာ ဖြစ်ပြီး မီးလုံး တစ်လုံးသာ တစ်အိမ်လုံးတွင် ထွန်းနိုင်သည်။ ကျွန်မကို ခင်ပွန်းဖြစ်သူ စာရေးသည့် စားပွဲခုံအကြမ်း၊ ဝါးတန်းထိုင်ခုံတို့တွင် ထိုင်ခိုင်းပြီး ထမင်းပြင်ကျွေးသည်။ ထိုစားပွဲခုံ အစုတ်သည် သူတို့အိမ်တွင် ရှိသည့် တစ်လုံးတည်းသော ခုံလည်းဖြစ်သည်။ သူက ကျွန်မနှင့် တစ်တန်းတည်း ခုံတန်းအစွန်တွင် ထိုင်လိုက်သည်။ မီးသီးရောင် မှိန်ပျပျအောက်တွင် ကျွန်မတို့ ထမင်းစားနေသည်ကို ဆရာမက ထိုင်ကြည့်နေသည်။ ယခု ကျွန်မကို ပြင်ကျွေးလိုက်သည့် ညစာသည် သူတို့ တစ်လစာလောက် ပြောင်သွားမည် ထင်သည်။ အိမ်တွင် အိမ်ရှင်မ ဖြစ်သူသည် ခင်ပွန်းသည်နှင့် ဧည့်သည်တို့ နောက်မှ စားကြရသည့် ဓလေ့ရှိမှန်း သိသော်လည်း ကျွန်မက သူ့ကို ကျွန်မတို့နှင့် အတူတူလာစားရန် ဖိတ်ခေါ်လိုက်သည်။ သို့သော် သူက ငြင်းလိုက်သည်။

“ကျွန်မတို့က ရှင့်ကို အိမ်ခေါ်ပြီး ဂုဏ်ပြုတာပါ။ ရှင်ပဲစားပါ” ဟု သူမက ပြောသည်။ ကျွန်မက ကျောင်းအုပ်ဆရာမကြီးကို အတော်လေးစားသွားမိသည်။ ပြီးတော့ ယဉ်ကျေးစွာဖြင့် ထမင်းဖိတ်ကျွေးနေသောကြောင့်လည်း ကျေးဇူးတင်နေမိသည်။

သူမ ခင်ပွန်း ကျူရှင်ဆရာကို ကျွန်မက ကွန်ပျူတာ သုံးသလားဟု မေးသည်။ သူကတော့ မြင်တောင် မမြင်ဖူးကြောင်း ပြောသည်။ သို့သော် သူတို့ကျောင်းသားတွေ တစ်နေ့တော့ ကွန်ပျူတာ သုံးကြလိမ့်မည်ဟု သူက ပြောသည်။ သူက အင်တာနက်တွေ၊ အီးမေးလ်တွေလည်း မသိ။ သူသည် ဤမြို့တွင် ပညာတတ် လူလတ်ပိုင်းအရွယ် ကျောင်းဆရာတစ်ဦး ဖြစ်သော်လည်း သူ့တွင် ကွန်ပျူတာ၊ အီးမေးလ်၊ အင်တာနက်များ အသုံးပြုရန် ဘယ်တော့မှ အခွင့်အရေး ရမည်လည်း မထင်ပေ။ အစစအရာရာ အစိုးရကသာ ထိန်းချုပ်နေသည့် တိုင်းပြည်တွင် ဖုန်းခေါ်ခြင်းအစ ဖက်စ်ပို့သည့်အဆုံး အစိုးရကသာ တင်းကျပ်စွာ ထိန်းချုပ်နေသဖြင့် အနာဂတ်တွင် သူတို့ အီးမေးလ်ကိုပင် လွတ်လပ်စွာ အသုံးပြုရန် အခွင့်အလမ်း နည်းလှသည်။ (၁၉၈၀ ဝန်းကျင်က ဖြစ်ပါသည်။)

“ကျွန်တော်ကတော့ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ဖို့ ဆိုတာ ဒီတစ်နည်းပဲ ရှိတယ်လို့တော့ မထင်ပါဘူး။ ခင်ဗျားပြောတဲ့ အီးမေးလ်ဆိုတာ အရမ်းအံ့သြဖို့ ကောင်းပါတယ်။ ဒါပေမဲ့ ခင်ဗျားပြောတဲ့ အီးမေးလ် ဆိုတာကြီးထက် မနက်ဖြန် ကျွန်တော့်အတန်းကို လာပြီး ကျွန်တော့် ကျောင်းသားတွေနဲ့ တိုက်ရိုက်လာပြီး စကားပြောကြည့်တာ ပိုကောင်းမယ် ထင်ပါတယ်” ဟု သူက ပြောလိုက်သည်။

Ref: Whispers at the Pagoda; Portraits of Modern Burma, Julie Sell
the voice


အရေးပေါ် (၇)ရက်အတွင်း ၀ိတ်ချနည်း



''အကျီင်္လှလှလေး ၀တ်ဖို့ Emergency ၇ရက်အတွင်း ၀ိတ်ချနည်း''
သူငယ်ချင်း မင်္ဂလာဆောင်သွားစရာ ရှိလို့၊ ညစာစားပွဲ သွားရမှာမို့ အရေးပေါ် ၁ပတ်အတွင်း ၀ိတ်ချချင်ရင် အလုပ်ဖြစ်တဲ့ နည်းလေး တစ်ခုကို မျှဝေပေးချင်ပါတယ်။ ဂေါ်ဖီထုပ်ဟင်းချို ချက်နည်းလေးပါ။ ဒီနည်းက ရေရှည် ၀ိတ်ချချင်သူအတွက်တော့ အလုပ်မဖြစ်ပေမယ့် ၁ပတ်အတွင်း အကျီင်္လှလှလေး ၀တ်ဖို့အတွက်တော့ သင့်လျော်တဲ့နည်းပါ။

ကျန်းမာရေးနဲ့လည်း ညီညွှတ်တဲ့ အသီးအရွက်များဖြစ်တဲ့ ဂေါ်ဖီ၊ မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ မှို စသည့်တို့ဖြင့် ပြုတ်ထားသော ဟင်းချိုကို ထမင်းနဲ့ ဟင်း နေရာမှာ အစားထိုး စားသုံးရမှာဖြစ်ပါတယ်။ ဟင်းချိုချည်းပဲ နေ့တိုင်းစားလို့ ဘယ်လို ဗိုက်ပြည့်မှာလဲလို့ ပြောစရာရှိပါတယ်။ ဂေါ်ဖီထုပ်ဟင်းချိုအပြင် သူ့နေ့အလိုက် သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အမဲသား၊ အာလူး စသည်ဖြင့် တနေ့နဲ့ တနေ့ သူရဲ့ plan အတိုင်း အလှည့်ကျ စားသွားရင် ၁ပတ်အတွင်း အကျီင်္လှလှလေးတွေ ၀တ်နိုင်ပါလိမ့်မယ်။

ပထမနေ့ -

ဂေါ်ဖီထုပ်ပြုတ်ဟင်းချို နှင့် ငပျောသီးမှ လွှဲ၍ မိမိကြိုက်နှစ်သက်သော သစ်သီးများကို စားနိုင်သည်။ အရည်အတွက် မချိုသော လဘက်ရည်၊ cranberry juice နှင့် ရေကို သောက်သုံးနိုင်ပါသည်။

ဒုတိယရက် -

ဂေါ်ဖီထုပ်ပြုတ်ဟင်းချို နှင့် မိမိကြိုက်နှစ်သက်ရာ ဟင်းသီးဟင်းရွက်များကို စားသုံးနိုင်သည်။ ပဲနှင့် ပြောင်းဖူးကိုတော့ မစားသုံးပါနှင့်။ ညစာအတွက် ဆုကြေးအနေနဲ့ အာလူးကင်ကို ထောပတ်နဲ့ တွဲဖက် သုံးဆောင်နိုင်ပါတယ်။ ဒါပေမယ့် ဒုတိယနေ့အတွက် သစ်သီးများ မစားပါနှင့်။

တတိယရက် -

ပထမရက် နဲ့ ဒုတိယရက်ကို ပေါင်းပြီ ဂေါ်ဖီထုပ်ဟင်းချို၊ သစ်သီး၊ ဟင်းသီးဟင်းရွက် အားလုံးကို သုံးဆောင်လို့ရပါတယ်။ ဒါပေမယ့် အာလူးကင်တော့ မပါပါဘူး။

စတုတ္တရက် -

ဂေါ်ဖီထုပ်ဟင်းချို နှင့် ငပျောသီး (စားနိုင်သလောက် အများဆုံး ၈လုံး) လောက်စားနိုင်ပြီ အဆီမပါသော နွားနို့(အများဆုံး ၂ခွက်) သောက်နိုင်ပါတယ်။

ပဉ္စမရက် -

အမဲသား ၂၂အောင်စ၊ ခရမ်းချဉ် (အများဆုံး ၆လုံး) ကို စားသုံးနိုင်ပါတယ်။ အမဲသား မစားသူများအတွက် အရေခွံမပါသော ကြက်သား(သို့)ငါးကို ပြုတ်၍ဖြစ်စေ၊ ကင်၍ဖြစ်စေ စားသုံးနိုင်သည်။ ခန္ဒာကိုယ်ထဲမှ uric acid ကို ဖယ်ရှားရန် တစ်နေ့လုံး ရေကို ၆ခွက်မှ ၈ခွက်ထိ သောက်ပေးပါ။ သို့ပေမယ့် ဂေါ်ဖီထုပ်ဟင်းချိုကို အနည်းဆုံး ၁ကြိမ်တော့ စားဖို့ မမေ့ပါနှင့်။

ဆဌ္ဖမနေ့ -

တနေကုန် အမဲသားနှင့် ကြိုက်နှစ်သက်ရာ အရွက်တွေကို သုံးဆောင်နိုင်ပါသည်။ အမဲသားကို ၂၊ ၃တုံးထိပင် သုံးဆောင်နိုင်ပါသေးသည်။ သို့သော် အာလူးကင်တော့ မစားပါနှင့်။ ဂေါ်ဖီထုပ်ဟင်းချိုကတော့ အနည်းဆုံး ၁ကြိမ်သောက် စားပေးပါ။

သတ္တမနေ့ -

ထမင်းအညှိ၊ မချိုတဲ့ သစ်သီး နှင့် ဟင်းသီးဟင်းရွက် စားလို့ရပါတယ်။ ဂေါ်ဖီထုပ်ဟင်းချိုကိုတော့ အနည်းဆုံး ၁ကြိမ်တော့ သောက်ပေးပါအုန်း။

မှတ်ချက် ။ ။ ဒီဝိတ်ချနည်းက ရက်တို ရရက်အတွက်သာ ဖြစ်ပါသည်။ ၇ရက်ပြည့်သွားလျှင် ၂ပတ်ပုံမှန် စားနေကျအတိုင်း ပြန်စားပြီမှ ဒီဝိတ်ချနည်းအတိုင်း ပြန်စားရမှာပါ။ ရေရှည်စားဖို့ သင့်လျော်တဲ့နည်းမဟုတ်ပါ။

ဂေါ်ဖီထုပ် ဟင်းချိုချက်နည်း

ပါဝင်ပစ္စည်းများ

• ဂေါ်ဖီထုပ် - ၁စိတ် ( တကိုက်စာ အရွယ်ပိုင်းပေးပါ)
• မုန်လာဥနီ - ၂ဥ (ပါးပါးလှီးပါ)
• ငရုတ်ပွစိမ်း - ၂ခု (အစေ့ထုတ် အတုံးသေးများ တုံးပေးပါ)
• မှို - ၁၀ကျပ်သား (ထပ်ခြမ်းခြမ်းပေးပါ)
• ခရမ်းချဉ်သီး - ၂လုံး ( ၈စိမ်စိပ်ပေးပါ)
• ကြက်သွန်မြိတ် - ၁စည်း ( ပါးပါးလှီးပါ)
• ဟင်းခတ်အမှုန့် - စားပွဲတင်ဇွန်း ၁ဇွန်း
• ငရုတ်ကောင်းမှုန့် - အနည်းငယ်
• တုံယမ်းအခဲ - ၁ခဲ (optional)
• ဆား (လုံးဝ မထည့်ရပါ)

ချက်ပြုတ်နည်း

၁။ အိုးတစ်ခုထဲ ရေ(ရခွက်) ထည့်ပေးပြီ ဆူအောင်တည်ထားပေးပါ။
၂။ ဆူလာလျှင် ပါဝင်ပစ္စည်းများဖြစ်သော (ဂေါ်ဖီထုပ်၊ ငရုတ်ပွစိမ်း၊ မုန်လာဥနီ)တို့ကို ထည့်ပေးပါ။
၃။ ပြီမှ အနူလွယ်သော (မှို၊ ခရမ်းချဉ်သီး) တို့ကို ထည့်ပေးပြီ အရသာအတွက် ဟင်းခတ်မှုန့် နှင့် တုံယမ်းအခဲတို့ကို ထည့်ပေးပါ။
၎။ ဟင်းရွက်များ နူပြီဆိုလျှင် ကြက်သွန်မြိတ်၊ ငရုတ်ကောင်းမှုန့်တို့ကို ဖြူးပေးပါ။

မှတ်ချက် ။ ။ ဂေါ်ဖီထုပ်ဟင်းချိုကို များများစားပေးလျှင် ပိုဝိတ်ကျသည်။

ဘာသာပြန် : Wutyee Food House
Reference: Cabbage Soup Diet
by Wutyee Food House


နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာသည့်ယာဉ် လမ်ကြောင်းပေါ်၌ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မခံကြောင်း လူအချို့ ဆန္ဒဖေါ်ထုတ်


ပုံ-ဥတ္တရသီရိမြို့နယ်၌ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုးနေစဉ်

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မှတ်ရေးထိုးပွဲပြုလုပ်ရာ နေပြည်တော် ရွှေကြာပင်ရပ်ကွက်အတွင်းရှိ NLD မြို့နယ်ရုံး၏ ခေါင်းရင်ဘက်အခြမ်း နေအိမ် ၆ ခန့်အကွာတွင် လူ ၁၀ ဦးကျော်ခန့်က ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို ကန့်ကွက်ကြောင်းရေးသားထားသော စာရွက်များကိုင်ဆောင်၍ ဒေါ်အောင်ဆန်းစုကြည်၏ယာဉ်တန်း ဖြတ်သန်းရာ ပြန်ကပြေးအ၀ိုင်းထိပ်၌ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

ထို့နောက် လက်မှတ်ရေးထိုးပွဲသို့ တတ်ရောက်လာသူများအား ပုဒ်မ ၄၃၆ ပြင်ဆင်လိုရခြင်းအကြောင်းတရားများအား ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောကြားခဲ့သည်။ ယင်းအပြင် အဆိုပါကန့်ကွက်နှောင့်ယှက်မှုကို အထောက်အထားနှင့်တကွ တင်ပြပေးရန်၊ ဥပဒေဘောင်အတွင်းမှ လုပ်ကိုင်ခြင်းကို ဥပဒေမဲ့ကန့်ကွက်မှုပြုသည့်အတွက် သက်ဆိုင်ရာသို့ အသိပေးတိုင်ကြားမှုပြုလုပ်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိ၊ ပုပ္ဗသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်တို့တွင် ယနေ့နံနက်မှစ၍ NLD နှင့် ၈၈ ငြိမ်း/ပွင့်တို့ ပူပေါင်း၍ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။


News Watch(စောင့်ကြည့်သတင်းဂျာနယ်)


ကျူရှင်တွေ မှောင်ခိုကြပြီလော


(က)

အခြေခံပညာကျောင်းများ ဖွင့်တော့မည်ဖြစ်၍ ကျောင်းသားမိဘများကျောင်းအပ်နှံရေး ကိစ္စများဖြင့် အလုပ်ရှုပ်နေကြသည်။ စာအုပ်၊ ခဲတံ၊ ဘောပင်မှအစအဖြူအစိမ်းဝတ်စုံ၊ ကျောပိုးအိတ်၊ထီး၊ ဖိနပ်စသည်ဖြင့်ကျောင်း သားတစ်ယောက်၏ ဝေယျာဝစ္စကုန်ကျစရိတ်ကလည်း မနည်းလှပါ။ ကျောင်းသားသုံး၊ လေး ယောက်ရှိသောမိသားစု၏ အိမ်ထောင်ဦးစီးအတွက်တော့ နှစ်စဉ်ဇွန်လသည် ခေါင်းဆင်နင်းသောလသာဖြစ်တော့သည်။

ရန်ကုန်မြို့မှ ကျောင်းသား မိဘတွေအတွက်က ပိုဆိုးသည်။ နယ်က ကလေးတွေလို ကျောင်း ကို စက်ဘီးဖြင့် တက်၍မရ၊ စက် ဘီးဖြင့် သွားနိုင်သည့် ခရီးဖြစ် သည့်တိုင် မော်တော်ကားနှင့် ဆိုင်ကယ်တွေ ရှုပ်ထွေးနေ၍ ကလေးတွေကို စိတ်မချ။ ထို့ ကြောင့် ကလေးများကျောင်း သွား၊  ကျောင်းပြန်အတွက် ဖယ် ရီကားကို လပေးငှားစီးရတော့ သည်။ ခရီးအကွာအဝေးပေါ်မူ တည်၍ ကားငှားခက တစ်လ လျှင် နှစ်သောင်းကျပ်မှ သုံး၊ လေးသောင်းအထိ ရှိနေသည်။ နေ့စဉ်ကျောင်းမုန့်ဖိုး၊ စာရေးကိရိ ယာဖိုး၊ ကျူရှင်လခ၊ ဖယ်ရီလခ၊ သာရေနာရေးအလှူငွေ အားလုံး ကို ပေါင်းလိုက်လျှင် ကျောင်း သားတစ်ယောက်၏ နှစ်စဉ်ပညာ ရေးစရိတ်သည် အတန်းအနိမ့် အမြင့်၊ ကျောင်းအကြီးအသေး ပေါ်မူတည်၍ ကျပ်သိန်း ၁၀ ဂဏန်းဝန်းကျင်တွင်ရှိနေကြ သည်။ နွေရာသီကျောင်းပိတ်ရက် များအတွင်း အင်္ဂလိပ်စာသင် တန်း၊ ကွန်ပျူတာသင်တန်းအစရှိ သည့် ပညာရေးကို အထောက်အ ပံ့ဖြစ်စေမည့် သင်တန်းကြေးများ မပါသေးပါ။

(ခ)

မကြာမီက ကလေးများကို ကျောင်းအပ်နှံပြီး ပြန်လာသော ကျောင်းသားမိဘတစ်ဦး၏ စ ကားကို ကြားလိုက်ရသဖြင့် ကနဦးတွင် ၀မ်းသာပီတိဂွမ်းဆီထိခဲ့ရပါသည်။ ‘‘အတန်းပိုင်ဆရာမ ကပြောလိုက်တယ်။ ကျူရှင်တွေ မရှိတော့ဘူး’’တဲ့ဟူ၏။

သြော် . . .နိုင်ငံတော်အစိုးရ က ဆရာ၊ ဆရာမတွေကို ဧပြီလ ကတင် လစာတွေ ထပ်တိုးပေး၊ တယ်လီဖုန်းတွေပေးနဲ့ အဆင်ပြေ ကြတော့ ကျူရှင်တွေမပြကြ တော့ဘူးထင်ပါရဲ့။ ကျောင်းမှာ ပဲ အင်တိုက်အားတိုက်သင်ကြ တော့မှာပဲဟု ပီတိစိတ်ကလေး  မွေးလိုက်မိပါသည်။

သို့သော်လည်း ထိုစိတ်က လေးကို ရင်ထဲတွင် သိပ်ကြာရှည် မခံစားလိုက်ရပါ။ ဆရာမပြော လိုက်သော စကားကို ဆက်ပြော ပြတော့မှ ဒီလိုအဖြစ်မျိုးတွေရှိပါ လားဟု ဆင်ခြင်လိုက်ရလေတော့ ၏။

 ‘‘ဆရာမတို့ကျောင်းက ကျောင်းသားမိဘတွေက ကျူရှင် သင်တယ်တို့ ကျူရှင်ထားရက်နဲ့ ၀မ်းတူတန်းမ၀င်ဘူးတို့နဲ့ သိပ်အ တိုင်အတောထူကြတယ်။ မနှစ်ကလည်း နေပြည်တော်အထိ တိုင် လို့ အင်တာနက်မှာလည်းပါလို့ ဆရာမတစ်ယောက် မနည်းဖြေ ရှင်းလိုက်ရသေးတယ်။ ဒီနှစ်တော့ကျူရှင်မသင်တော့ဘူး။ ၀ိုင်းပဲသင်တော့မယ်။ ကျူရှင်က ပိုက်

ဆံရတာလည်း နည်းတယ်။ လူများ တော့ အတိုင်အတောလည်း များတယ်။ ၀ိုင်းက လူနည်းနည်းနဲ့ ပိုက်ဆံလည်း ပိုရတယ်။ ငါးယောက် နှစ်ဝိုင်းလောက်သင် ရင် ကိုယ်လည်း မပင်ပန်းတော့ဘူး ပေါ့’’

 ကျူရှင်ထားချင်သော ကျောင်းသားမိဘတစ်ဦးက ပြန် လည်ပြောပြသော ဆရာမတစ်ဦး ၏ စကားပင်ဖြစ်ပါတော့သည်။ အတိုင်မခံရအောင် ကျူရှင်မသင် တော့ဘူးတဲ့၊ ၀ိုင်းပဲသင်မယ်တဲ့။ ဟုတ်လည်း ဟုတ်သည်လေ။ နိုင်ငံတော်အစိုးရက ပညာရေး ၀န်ထမ်းဆရာ၊ ဆရာမများကို ကျူရှင်မသင်ရ အရေးယူမည်ဟု အတိအကျဥပဒေထုတ်ပြန်မထား ဘဲ အတိုင်ခံရလျှင်သာ အရေးယူ မည်ဟုဆိုသည် မဟုတ်လား။

ယခုတော့ ထိုဆရာမပြော လိုက်သည့် စကားအသွားအလာ မှာ ကျောင်းသားမိဘများ၏ ပိုက် ဆံအိတ်ကို လှမ်းပုတ်လိုက်သလို ဖြစ်နေလေသည်။ ပိုက်ဆံတတ် နိုင်လျှင် ၀ိုင်းထား၊ ပိုက်ဆံမရှိ လျှင်တော့ ကျူရှင်ထားဖို့ မကြိုး စားကြနဲ့တော့ဆိုသည့် သဘော ပင်ဖြစ်သည်။

သင်္ကြန်အပြီး နှစ်ဆန်းနှစ် ရက်နေ့အခြေခံပညာကျောင်း များ အောင်စာရင်းထွက်စဉ်က ကျောင်းသား မိဘတစ်ဦးပြော သော စကားမှာလည်း စိတ်ဝင် စားဖွယ်ရာ ကောင်းပါသည်။ ‘‘မနှစ်က နွေရာသီကျောင်းပိတ် ရက်မှာ တက်ရမယ့်အတန်းသစ် က အတန်းပိုင်ဆရာမဆီမှာ ကျူ ရှင်မထားလိုက်တာ ၀မ်းတူတန်း တောင် မ၀င်တော့ဘူး။ ကျူရှင် ကြိုထားလို့က အေခန်းက ကျိန်း သေပဲ’’ဟုဆိုပါသည်။ ရန်ကုန် ဆင်ခြေဖုံးရှိ ကျောင်းသားတစ်ဦး တက်သော ကျောင်းတစ်ကျောင်း ၏ အတန်းတွင် အေတူးဟူသော အခန်းရှိသည်ကို အမှတ်ရလိုက်မိ ပါသည်။ ဆရာမထံတွင် တစ်နှစ် လုံးကျူရှင်တက်သော်လည်း စာ မေးပွဲကောင်းကောင်းမဖြေဆိုနိုင် သော ကလေးများအား အေခန်း၌ လည်း ဆက်ထား၍ မဖြစ်။ ဘီခန်းသို့ပို့ရန်မှာလည်း ကျောင်းသားမိဘ၏ မျက်နှာရှိနေသဖြင့် အေ တူးဟု  ထွင်လိုက်ရပုံပေါ်ပါသည်။ ကျောင်းသား ဦးရေများသော ကျောင်းကြီးများတွင် အေမှ စကာအယ်လ်၊ အမ်၊ အင်န်အထိအခန်း များရှိသည်ကိုသာ ကြားဖူးပါ သည်။ ဤကဲ့သို့ အေတူးဟူသော အခန်းမျိုးရှိသည်မှာကား အံ့ဖွယ် သူရဲရှိလေစွ။

(ဂ)

အစိုးရသစ်တက်ပြီးနောက် နိုင်ငံတော်အစိုးရမှ ပညာရေး ၀န် ထမ်းများအပါအ၀င် နိုင်ငံ့ဝန်ထမ်းများအား ထောက်ပံ့ကြေးပေး ခြင်း၊ လစာတိုးပေးခြင်းတို့ဖြင့် အ ထိုက်အလျောက်လုံလောက်မှုရှိ အောင် ပံ့ပိုးပေးခဲ့သည်ကို တွေ့ မြင်ရပါသည်။ ပညာရေးဘတ် ဂျက်ကိုလည်း နှစ်စဉ်တိုးမြှင့်ပေး နေပြီး အလယ်တန်းနှင့် အထက် တန်းကျောင်းအုပ်များ၊ ပညာရေး မှူးများကိုလည်း ရာထူးများ တိုး ပေးခြင်း၊ ၀န်ထမ်းအသစ်များ ခန့် အပ်ပေးခြင်းစသော ဖွဲ့စည်းပုံ မြှင့်တင်ပေးမှုများကိုလည်း ပြု လုပ်ခဲ့ပါသည်။ ထို့အပြင် ကျောင်းအဆောက်အအုံသစ်များ ဆောက်လုပ်ပေးခြင်း၊ မူလတန်းနေကျောင်းသားများအား သင်ရိုးစာအုပ်နှင့် စာရေးကိရိယာများ အခမဲ့ပေးဝေခြင်း၊ ထောက်ပံ့ကြေးပေးခြင်းစသည့် ပံ့ပိုးမှုများကိုလည်း အင်တိုက်အားတိုက် ပြုလုပ်လာပါသည်။

  ထို့အတူ ကုလသမဂ္ဂ အောက်ခံယူနီဆက်နှင့် ပြည် တွင်းရှိ အင်န်ဂျီအို၊ အိုင်အင်န်ဂျီအို အဖွဲ့အစည်းများကလည်း အခြေခံပညာကျောင်းနေ ကလေးများအတွက် စာအုပ်၊ ခဲတံ၊ ကျောပိုးအိတ်စသော ကျောင်းသုံးပစ္စည်းများ၊ သောက်သုံးရေ၊ အစားအစာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကိုနှစ်စဉ် ကူ ညီထောက်ပံ့ပေးနေပါသည်။

ယခုရက်ပိုင်းအတွင်း၌ပင် မြန်မာနိုင်ငံ၏ အခြေခံပညာ တိုးမြှင့်ရေးလုပ်ငန်းများအတွက် ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း ၁၀၀ စီမံကိန်းစတင်မည်ဖြစ် ကြောင်း ကြေညာခဲ့ပြီး ကျောင်း သား၊ ကျောင်းသူ ၈ ဒသမ ၂ သန်းတက်ရောက်ပညာသင်ကြားနေ သည့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ  စာသင်ကျောင်းများသို့ ကျောင်း ရန်ပုံငွေထောက်ပံ့ခြင်းအစီအစဉ်နှင့် ဆင်းရဲနွမ်းပါးသော ကျောင်းသားတစ်သိန်းခန့်အား ပညာသင်ထောက်ပံ့ခြင်းအစီအစဉ်များကို တိုးချဲ့ဆောင်ရွက်တော့မည်ဖြစ်၏။

ဤကဲ့သို့ နိုင်ငံတော်အစိုးရ နှင့် နိုင်ငံတကာမှ မြန်မာနိုင်ငံ၏ ပညာရေးစနစ်အတွက် အရှိန် အဟုန်မြှင့်တင်ပေးနေချိန်တွင် အချို့သော ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းတို့၏ အပြုအမူ မှာ များစွာ အရှက်ရဖွယ်ကောင်း နေပါသည်။ ဆရာ၊ ဆရာမဆို သည်မှာလည်း ငယ်စဉ်က ကျောင်းသားဘ၀ကို ဖြတ်ကျော်  လာခဲ့သူများဖြစ်ပါ၏။ ကျူရှင်တို့၊  ၀ိုင်းတို့၌ စာသင်ကြားသည့် စိတ် ထားမျိုးကျောင်းတွင် ရောမထား နိုင်ကြဘူးလား။ မိမိ၏ တပည့် များအပေါ် မိမိ၏ သားသမီးကဲ့ သို့ ညှာတာသည့်စိတ်မျိုးရော မ မွေးမြူနိုင်ကြဘူးလားဟု ဆရာ၊ ဆရာမတို့ကို မေးလိုပါသည်။ ဗုဒ္ဓ ဘာသာတွင် ဆရာဆိုသည်မှာ အနန္တဂိုဏ်းဝင်ကျေးဇူးရှင်ဖြစ်ပါ သည်။ တပည့်တို့၏ အကျိုးကျေး ဇူးတို့ကို ကျင့်ဆောင်တတ်သော ကြောင့် ဆရာဟု ခေါ်ဆိုရ ကြောင်းလည်း အဓိပ္ပာယ်ဖွင့်ဆို ထားပါသည်။ ကျူရှင်သင်၍ ရသော ၀င်ငွေကို မက်မောကာ တပည့်များအပေါ် ပြန်၍ ကျေးဇူး တင်နေရသည့် အနန္တဂိုဏ်းဝင် များမဖြစ်သင့်ပါ။

ပွင့်လင်းမြင်သာလာသော ခေတ်ကြီးတွင် ပုံနှိပ်မီဒီယာမှအစ အွန်လိုင်းမီဒီယာအထိ အမြင်မ တော်ဆင်တော်နဲ့  ခလောက် ဆိုသည်များကို ဖွင့်ချနေကြသလိုပြည်သူများကလည်း မိမိတို့၏ မကျေနပ်ချက်၊ ခံစားချက်များကို အရေးဆိုနေကြချိန်တွင် အတိုင်ခံ ရမည်စိုးကာ ကျူရှင်များမှောင်ခို သွားကြမည်ဆိုပါက မြန်မာ့ပညာ ရေးမြှင့်တင်မှုမှာ ပြုပြင်သူများရှိ နေသည့်ကြားက လိမ်ညာသူ များလည်း ရှိနေသဖြင့် ပညာရေး မဟုတ်တော့ဘဲ ‘‘ပြင်ညာရေး’’သာ ဖြစ်နေလိမ့်မည်ထင်ပါ ကြောင်း။။

ဗညားလှိုင်ဦး
7day daily


လျှပ်စစ်မီးရရှိမှုနှင့် အင်တာနက် ဆက်သွယ်ရေးစနစ်များ မတည်ငြိမ်ခြင်းက အနာဂတ်အိုင်စီတီဖွံ့ဖြိုးမှုကို ခြိမ်းခြောက်နေ


မြန်မာနိုင်ငံ၏ လျှပ်စစ်မီးရရှိမှုနှင့် အင်တာနက်ဆက်သွယ်ရေးစနစ် တည်ငြိမ်မှုအနေအထားများက  ပြည်တွင်းအိုင်စီတီလုပ်ငန်းနယ်ပယ်အနာဂတ်ကို ခြိမ်းခြောက်မှုများဖြစ်လာနေပြီဖြစ်ကြောင်း ကွန်ပျူတာပညာရှင်နှင့် လုပ်ငန်းရှင်အချို့က တညီတညွတ်တည်းပြောကြားကြသည်။

ပြည်တွင်း၌ လျှပ်စစ်မီးရရှိမှုအချိန်မူမမှန်ခြင်း၊ အင်တာနက်မြန်နှုန်းများ အရည်အသွေးညံ့ဖျင်းဆဲဖြစ်နေခြင်း အစရှိသည့် အကြောင်းအရာများသည် မြန်မာနိုင်ငံ၏ အိုင်စီတီကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုနှေးကွေးနေခြင်းဖြစ်သည်ဟု အထက်ပါပုဂ္ဂိုလ်တချို့ကဆိုကြသည်။

“အင်တာနက်လိုင်းမကောင်းလို့ ထပ်ဆိုးစရာမရှိတော့ပါဘူး။ အဆိုးဆုံးအခြေအနေ ရောက်ပြီးသားဖြစ်နေလို့ပါ။ ပိုက်ဆံယူပြီး ကောင်းအောင်လုပ်ပေးပါ။ အချိန်တိုတိုနဲ့ ကဏ္ဍအစုံတိုးတက်အောင် လုပ်နိုင်တာ အိုင်တီပါ” ဟု Myanmar Web Solution မှ အမှုဆောင်အရာရှိချုပ် ဦးဝေလင်းထွန်းက ပြောသည်။

ယခုလက်ရှိအချိန်အထိ အရည်အသွေးပြည့်မှုမရှိသေးသည့် မြန်မာနိုင်ငံ၏ အင်တာနက်ဆက်သွယ်မှုမြန်နှုန်းများကြောင့် လုပ်ငန်းများလုပ်ကိုင်ရာတွင် နှောင့်နှေး ကြန့်ကြာမှုများနှင့် နေ့စဉ်ကြုံတွေ့နေရသည်ဟု စုံစမ်းသိရသည်။

ထို့အပြင် အများပြည်သူသို့ မည်သည့်အချိန်တွင်မဆို  ကြိုတင်အကြောင်းကြားထားခြင်းမရှိသည့် လျှပ်စစ်မီးပြတ်တောက်မှုများသည်လည်း ပြည်တွင်းအိုင်စီတီလုပ်ငန်းဖွံ့ဖြိုးမှုကို ခြိမ်းခြောက်မှုများဖြစ်လာသည်ဟု ကွန်ပျူတာလုပ်ငန်းရှင်နှင့် ပညာရှင်တချို့ကပြောသည်။

“ကျွန်တော်တို့လို အိုင်စီတီနယ်ပယ်မှာ လုပ်ကိုင်နေရတဲ့ Developer အများစုက သင်ခန်းစာတွေ၊ သိလိုတာတွေကို အင်တာနက်ကနေပဲရှာဖွေကြရတယ်။ လျှပ်စစ်မီးကတော့ဆရာပါပဲ။ လျှပ်စစ်မီးမရရင် အင်တာနက်မရနိုင်သလို အင်တာနက်မရှိရင်လည်း Developer တစ်ယောက်က သူ့ရဲ့တိုးတက်ဖွံ့ဖြိုးမှု၊ အိုင်စီတီနယ်ပယ်ရဲ့ တိုးတက်မှုအတွက် အလုပ်မလုပ်နိုင်ပါဘူး” ဟု Sundew Myanmar အိုင်စီတီကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ကိုထွန်းလင်းကပြောသည်။

ပြည်တွင်းအိုင်စီတီ အခန်းကဏ္ဍဖွံ့ဖြိုးရန်အတွက် လျှပ်စစ်မီးရရှိမှုနှင့် အင်တာနက်မြန်နှုန်းများသည် တည်ငြိမ်မှုရှိရန်လိုအပ်ပြီး အခြေခံကျသောအဆိုပါအချက်များကို အစိုးရဘက်မှထောက်ပံ့မှုမပေးနိုင်ပါက မြန်မာနိုင်ငံ၏ သတင်းအချက်အလက်၊ ဆက်သွယ်ရေးနှင့် နည်းပညာအခန်းကဏ္ဍတိုးတက်ရန် အခွင့်အလမ်းများ နှောင့်နှေးနေဦးမည်ဟု ပြည်ပနိုင်ငံရောက် မြန်မာ Developer တချို့ကသုံးသပ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကမူ  ပြည်တွင်းအင်တာနက်မြန်နှုန်းများ နှေးကွေးနေခြင်းသည် သုံးစွဲသူများပြားလာသော်လည်း လိုအပ်ချက်များကို ထောက်ပံ့ပေးနိုင်မှု အားနည်းနေခြင်းကြောင့် ယခုကဲ့သို့ ဆက်သွယ်ရေးကဏ္ဍတွင် အားနည်းချက်များဖြစ်ပေါ်နေရခြင်းဟု ပြောကြားသည်။

မြန်မာအစိုးရ၏ အိုင်စီတီအခန်းကဏ္ဍကို ပံ့ပိုးပေးမှုသည် အဖက်ဖက်မှ အားနည်းနေခြင်းဖြစ်ပြီး ဝန်ကြီးဌာနများ၏ အိုင်စီတီကို အသုံးချနိုင်မှုသည်လည်း လျင်လျင်မြန်မြန် တိုးတက်လာသည့် အနေအထားတွင်မရှိသေးကြောင်း အထက်ပါ ကွန်ပျူတာပညာရှင်အချို့က ဝေဖန်ပြောကြားသည်။

“အစိုးရရဲ့အိုင်စီတီကိုပံ့ပိုးပေးမှုက လူကြားကောင်းအောင်လို့ ပြောတဲ့အနေအထားပဲ ရှိပါသေးတယ်။ ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်မှု လမ်းကြောင်းတွေက အထက်ကမှစပြီး မတည်ဆောက်ပေးနိုင်ရင် ဘာမှမစသေးဘူးလို့ဘဲ မှတ်ယူရမှာပဲ” ဟု မန္တလေးတိုင်းကွန်ပျူတာ လုပ်ငန်းရှင်အသင်း၏ ဥက္ကဋ္ဌ ဦးရဲမြတ်သူက ပြောသည်။

“အိန္ဒိယရဲ့ နေရာတော်တော်များများမှာ လျှပ်စစ်မီးမရကြပါဘူး။ ဒါပေမဲ့ သူတို့ဆီမှာ အိုင်တီပညာရှင်တွေ အများကြီးပါပဲ။ ဒါပေမဲ့ ဒီနှစ်ခုကလည်း ဆက်စပ်နေပါတယ်” ဟု ဦးဝေလင်းထွန်းက ဆိုသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းသုံးစွဲသူများ တိုးတက်လာခြင်းကြောင့် အင်တာနက် အသုံးပြုနှုန်းမြင့်တက်လာခြင်းနှင့်အတူ နောက်ဆုံးပေါ် နည်းပညာထုတ်ကုန်များ၏ ဈေးကွက် ဝယ်လိုအားများ မြင့်လာခြင်း အစရှိသည့် အခြေခံကျသော အချက်များကြောင့် ပြည်တွင်းအိုင်စီတီ အချိုးအကွေ့ဖြစ်ပေါ်လာသော်လည်း ထိုအပြောင်းအလဲတွင် အစိုးရက လိုက်ပါလာခြင်းမရှိဟု အထက်ပါ ကွန်ပျူတာပညာရှင်နှင့် လုပ်ငန်းရှင်များက သုံးသပ်ပြောဆိုကြသည်။


ယုဇနကိုကို
Internet Journal



ထိုင်းအရေး ဦးသိန်းသိန်းစိန်ထံ စာပို့မယ်


ထိုင်းအာဏာသိမ်း စစ်တပ်က၊ ထိုင်း သတင်းသမား အချို့ ကို ဖမ်းဆီး ထိန်းသိမ်း ထားတာ နဲ့ ပတ်သက်ပြီး၊ မြန်မာ ဂျာနယ်လစ် ကွန်ယက်အဖွဲ့ အပါအဝင် မြန်မာ မီဒီယာ သမားတွေ နဲ့ အာဆီယံ လူငယ်ဖိုရမ်ထဲ ပါဝင်ကြသူ တွေ စုပေါင်းပြီး၊ သဘောထား ထုတ်ပြန်သွားဖို့ ရှိသလို၊ လက်ရှိ အာဆီယံ ဥက္ကဌ တာဝန်ယူထား တဲ့ မြန်မာနိုင်ငံ ရဲ့ အစိုးရ အကြီးအကဲ သမ္မတ ဦးသိန်းစိန်ထံ ကိုလည်း စာပေးပို့မယ် လို့ မြန်မာဂျာနယ်လစ် ကွန်ယက်ရဲ့ အတွင်းရေးမှူး ကိုအောင်သူရ က ဘီဘီစီကို ပြောပါ တယ်။

မြန်မာ သမ္မတ ကတော့ ထိုင်းစစ်တပ် အာဏာသိမ်းမှု နဲ့ ပတ်သက်ပြီး၊ အခုအချိန် ထိ နှုတ်ဆိတ်နေ တာဟာ၊ ပြည်တွင်း ရေး ဝင်ရောက် မစွက်ဖက်ရ ဆိုတဲ့ အာဆီယံမူ ကြောင့်လား လို့ ယူဆစရာ ဖြစ်ပေမယ့်၊ ထိုင်းစစ်တပ် အာဏာ သိမ်းသိမ်းချင်း မှာပဲ အင်ဒိုနီးရှား နဲ့ ဖိလစ်ပိုင် တို့လို ဒေသတွင်း နိုင်ငံတွေ က စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ ပါတယ်။

Myanmar Journalist Network

ထိုင်းနိုင်ငံ နဲ့ မြန်မာနိုင်ငံဟာ စီးပွားရေးအရ အတော် ပတ်ပတ်သက်သက် ရှိနေကြ သလို၊ ဓာတ်ငွေ့ လို လောင်စာ အရင်းအမြစ်မျိုး ကို မြန်မာနိုင်ငံ ဆီကနေ ထိုင်းတို့ အားထား ရယူ နေရတာမျိုး ရှိပြန်တော့၊ အာဆီယံ ဥက္ကဌလည်း ဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ တိုက်တွန်း ပြောဆိုမှုဟာ၊ အာဏာသိမ်း ထိုင်းစစ်တပ် ရဲ့ လုပ်ဆောင်မှု တချို့ကို အပြုသဘော နဲ့ ဝေဖန် အကြံပြု နိုင်လောက်တယ် ဆိုတဲ့ ပြောဆို နေမှုတွေလည်း ရှိနေပါတယ်။

မြန်မာပြည်တွင်း စာစောင်တွေ မှာ ထိုင်းစစ်တပ် အာဏာသိမ်းမှု ကို မျက်နှာဖုံးသတင်း တင်ပြီး ဖော်ပြ ခဲ့ကြတာတွေ ရှိပေမယ့်၊ အဖြစ်အပျက် တစ်ခုလုံး ကို ခြုံငုံသုံးသပ် ရေးသားမှုမျိုး တော့ နည်းပါးကြောင်း ထရူးနယူးစ် ဂျာနယ် ရဲ့ အမှုဆောင် အရာရှိချူပ် ဖြစ်တဲ့ ကိုသောင်းထိုက် က ပြောပါတယ်။

ဒါကလည်း အခြေခံ ဥပဒေပြင်ဆင်ရေး လို၊ အားကောင်းတဲ့ ပြည်တွင်းအရေး အကြောင်း အရာတွေ ပေါ်ပေါက် နေချိန် မို့ ဖြစ်နိုင်ပေမယ့်၊ ထိုင်းစစ်တပ် အာဏာသိမ်းတဲ့ အကြောင်းကလည်း မြန်မာပြည်ရေး နဲ့ နှိုင်းယှဉ်ကာ၊ ဆင်ခြင် အတု ယူဖွယ်ရာတွေ ရှိတဲ့အတွက် သတိထား လေ့လာသင့်တဲ့ အကြောင်းအရာ ဖြစ်တယ်လို့လည်း ကိုသောင်းထိုက် က မှတ်ချက်ချပါတယ်။

အခု လောလောဆယ် မှာတော့ မြန်မာ နဲ့ ထိုင်းနယ်ခြားက တရားဝင် နယ်စပ်ဂိတ်တွေ ဆက်လက် ဖွင့်ထားပေမယ့်၊ တရားဝင်လို့ အသိအမှတ် ပြုမထားသော်လည်း နယ်စပ်ကုန်သွယ်ရေး မှာ အဓိကကျတဲ့ ကုန်စည် စီးဆင်းရာ ကုတို့ ဆိပ်ကမ်းတွေ ကို ထိုင်းဘက်က ပိတ်ထားတယ်လို့ ထိုင်းမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် က သတင်းပေးပို့ထားပါတယ်။

bbc burmese


၂၀၁၅ ရွေးကောက်ပွဲသည် လွတ်လပ်တရားမျှတမှုမရှိနိုင်ဟု အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်နေချိန် ရွေးကောက်ပွဲကော်မရှင်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သတိပေးစာပေးပို့


မေ ၁၈ ရက်က မန္တလေးမြို့တွင် ဒေါ်အောင်ဆန်းစုကြည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဟောပြောစဉ်

၂၀၁၅ ရွေးကောက်ပွဲသည် လွတ်လပ်တရားမျှတမှုမရှိနိုင်ဟု အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောမှုနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မေ ၂၂ ရက်စွဲဖြင့် သတိပေးစာတစ်စောင် ပေးပို့ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ မန္တလေးမြို့၌ ၂၀၁၄ ခုနှစ် မေ ၁၈ ရက်က ပူးပေါင်းလုပ်ဆောင်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုထားသည်ကို ကျော်လွန်နေကြောင်း သတိပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါသတိပေးအကြောင်းကြားစာနှင့်ပတ်သက်၍ မှတ်ချက်တစ်စုံတစ်ရာပြောကြားပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းနှင့် အခြားတာဝန်ရှိသူများထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှုမရရှိခဲ့ဘဲ ဆက်သွယ်မှုရရှိခဲ့သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အချို့မှာလည်း အဆိုပါကိစ္စရပ်အားမသိရှိကြောင်း ပြန်လည်ဖြေကြားသည်။

လက်ရှိတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီမှုမရှိခြင်း၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ဖော်ဆောင်ရာတွင် လိုအပ်မှုရှိနေခြင်း၊ အရေးကြီးသောပုဒ်မများကို ပြင်ဆင်နိုင်ရန် ခက်ခဲလွန်းခြင်း စသည့်အချက်များကြောင့် ၂၀၁၅ ရွေးကောက်ပွဲသည် လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲမဖြစ်နိုင်ဟု ပြည်သူများက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုများရှိနေပြီး နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ ပြည်သူများက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ဆန္ဒဖော်ထုတ်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထု နားလည်သဘောပေါက်အောင် ရှင်းလင်းဆွေးနွေးပွဲများ ပြုလုပ်မှုသည် ရည်ရွယ်ချက်ကောင်းဖြစ်ကြောင်း၊ သို့ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်ထောင်စုလွှတ်တော်က ဥပဒေနှင့်အညီ ပြင်ဆင်ခြင်းမပြုနိုင်သေးမီ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လွှတ်တော်တွင်းပါဝင်နေသော တပ်မတော်သား ကိုယ်စားလှယ်များကို "......ကျွန်ုပ်တို့တွေဟာ အာဏာမက်မောလို့၊ အထူးအခွင့်အရေး မက်မောလို့၊ နေရာမက်မောလို့ လုပ်နေတာမဟုတ်ဘူးဆိုတာကို သက်သေထူလိုက်ပါလို့ ကျွန်မကတိုက်တွန်းချင်ပါတယ်။ တိုက်တွန်းတယ်ဆိုတဲ့စကားဟာ တစ်နည်းအားဖြင့်ပြောရရင် စိန်ခေါ်မှုလို့လဲပြောလို့ရပါတယ်။ ကျွန်မစိန်ခေါ်ပါတယ်...." စသည်ဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ပြောဆိုမှုများသည် အခြေခံဥပဒေက ခွင့်ပြုထားသည့်ဘောင်ကို ကျော်လွန်ရာရောက်ကြောင်း သတိပေးစာတွင် ဖော်ပြထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၁၀(ဌ)အရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေးပါတီများကို မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်းတို့ပြုရန် တာဝန်ရှိကြောင်း၊ နိုင်ငံရေးပါတီသို့မဟုတ် ပါတီဝင်တစ်ဦးက မိမိဝန်ခံထားသည့်အတိုင်း ပါတီဥပဒေ ပုဒ်မ ၆ ကိုစောင့်ထိန်းလိုက်နာရန် ပျက်ကွက်ခြင်း၊ ပုဒ်မ ၂၄ (က)အရ တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို လိုက်နာရန် ပျက်ကွက်ခြင်းတို့ကိုတွေ့ရှိရပါက ကော်မရှင်က လိုအပ်သည်များကို လိုက်နာဆောင်ရွက်ရန် ညွှန်ကြားနိုင်ကြောင်း ပြဋ္ဌာန်းထားသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရှင်းလင်းဆွေးနွေးပွဲများ ပြုလုပ်ရာတွင် ပါတီအနေဖြင့်ဖြစ်စေ ပါတီဝင်တစ်ဦးချင်းအနေဖြင့်ဖြစ်စေ မိမိတို့ ၀န်ခံလက်မှတ်ရေးထိုးထားသည့် သို့မဟုတ် ကတိသစ္စာပြုထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရန် တာဝန်နှင့် တည်ဆဲဥပဒေများနှင့်အညီ ဆွေးနွေးဟောပြောမှုများဖြစ်စေရန် တာဝန်တို့ကို သတိပြုဆောင်ရွက်ကြရန် အသိပေးကြောင်းကိုလည်း ဖော်ပြထားသည်။

အဆိုပါသတိပေးအကြောင်းကြားစာ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ၂၀၁၁ ခုနှစ်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ နိုင်ငံရေးပါတီတည်ထောင်လိုကြောင်း လျှောက်ထားသူ ၂၁ ဦးအနက် တစ်ဦးအပါအ၀င်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃(က) အရ ပုံစံ(က)ဖြင့် ကိုယ်တိုင်လက်မှတ်ရေးထိုး လျှောက်ထားသည့် လျှောက်လွှာတွင် ဥပဒေပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များကို စောင့်ထိန်းလိုက်နာမည်ဖြစ်ကြောင်း ၀န်ခံလက်မှတ်ရေးထိုးထားသည့်အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည်နှင့်အညီ လွှတ်တော်ဥက္ကဋ္ဌ၏ ရှေ့မှောက်၌ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား (၄) ပါအတိုင်း ကတိသစ္စာပြုထားသူလည်းဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ထို့အပြင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း ၁၂၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းအခန်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ကို ပြင်ဆင်လိုပါက လိုက်နာဆောင်ရွက်ရမည့် ပြဋ္ဌာန်းချက်များကို ပုဒ်မ ၄၃၃ မှ ၄၃၆ အထိ ပြဋ္ဌာန်းထားကြောင်း၊ ပုဒ်မ ၄၃၄ တွင် "ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းရမည်" ဟု အတိအလင်း ပြဋ္ဌာန်းထားကြောင်း၊ ယခုအခါလွှတ်တော်တွင်းမှ ဥပဒေနှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် ဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း ကော်မရှင်၏ သတိပေးအကြောင်းကြားစာ၌ ပါဝင်သည်။

"နောက်ပိုင်းလှုပ်ရှားမှုတွေ သိသာလာတယ်။ သူတို့ပေးတဲ့စာမှာ ဒေါ်အောင်ဆန်းစုကြည်ပြောတာကို ကိုးကားထားတယ်။ အဲဒီတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ကျွန်တော်တို့က လွတ်လပ်စွာပြောဆိုခွင့်ရှိတယ်။ သူရေးထားတဲ့စာကိုက မကွဲပြားဘူး။ မကွဲပြားဘူးဆိုတာ ဥပဒေနဲ့ ငြိစွန်းတယ်လို့ ဖော်ပြထားတယ်။ ဘယ်အချက်က ငြိစွန်းနေတယ်ဆိုတာ ကျွန်တော်တို့ သေချာမတွေ့ရဘူး။ သေချာတာတစ်ခုကတော့ ဘက်ပေါင်းစုံကနေ ထိန်းချုပ်ဖို့ ကြိုးစားလာတာ တွေ့ရတယ်။ ၂၀၁၅ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာမဟုတ်ဘူးဆိုတဲ့ ပြောဆိုချက်တွေလည်း ကြားနေရတယ်။ မလုပ်နိုင်ဘူးထင်တယ်။ တရားမျှတမှုမရှိဘူးဆိုတာတော့ ကျွန်တော်တို့ ကြိုပြောလို့ရနေပြီ" ဟု မြန်မာနိုင်ငံ လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲစောင့်ကြည့်ရေးကွန်ရက်မှ ဦးမျိုးရန်နောင်သိမ်းက သုံးသပ်ပြောကြားသည်။

ယခုကဲ့သို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပေးပို့သည့်စာသည် လမ်းကြောင်းလွဲချော်နေပြီး မှားယွင်းသည့်အဓိပ္ပာယ်တစ်ခုဖြစ်စေကာ အမျိုးသားပြန်လည်သင့်မြတ်ရေး တည်ဆောက်နေသည့်ကာလ၊ ဒီမိုကရေစီကျင့်စဉ်များ ကျင့်ကြံနေသည့်ကာလတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီလုပ်ငန်းစဉ်များကို ကျင့်သုံးနေသူများအား စိတ်အနှောင့်အယှက်ဖြစ်စေကြောင်း ၈၈ မျိုး ဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီက ပြောကြားသည်။

"ကျွန်တော်တို့က ခွင့်ပြုချက်ယူပြီးလုပ်တဲ့ကိစ္စတွေကြီးပဲ။ နောက်ပြီးတော့ ဒါက ဒီမိုကရေစီကျင့်စဉ်တစ်ခုကို ကျွန်တော်တို့ ကျင့်သုံးနေတာ ဒီမိုကရေစီဘောင်ထဲကသွားနေတယ်။ နောက်တစ်ခုက သူတို့မျက်ခြည် ပြတ်နေတာတစ်ခုကို ပြောချင်တယ်။ အဲဒါဘာလဲဆိုတော့ ကျွန်တော်တို့ရဲ့ ပူးတွဲကြေညာချက်နှစ်စောင်လုံးမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို မျက်ခြည်မပြတ်စေဘဲ တရားဥပဒေစိုးမိုးမှုကို မျက်ခြည်မပြတ်စေဘဲဆိုတာကို ကျွန်တော်တို့ပါပြီးသားဖြစ်တယ်။ အဲဒါကို ရွေးကောက်ပွဲကော်မရှင်အနေနဲ့ လစ်လျူရှုထားတယ်လို့မြင်တယ်။ နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အာဏာကိုမမက်ဘူး ဆိုတာနဲ့ပတ်သက်ပြီးတော့ သူပြောခွင့်ရှိတာပေါ့။ အာဏာကို မမက်ဘဲနဲ့ တိုင်းပြည်အကျိုးကိုကြည့်ဖို့ကိစ္စက သူစိန်ခေါ်ခွင့်ရှိတာပေါ့။ ဘယ်သူက အာဏာမမက်ဘူးလဲ။ ဘယ်သူက အာဏာမက်လဲ စိန်ခေါ်ခွင့်ရှိတာပေါ့။ အဲဒါကိုလည်း လိုသလို အဓိပ္ပာယ်ကောက်ထားတယ်လို့ မြင်တယ်" ဟု ဦးဂျင်မီက ပြောကြားသည်။

Eleven Media Group