4 Jun 2014

သင့်မှာ ဘယ်လိုအကျင့်စရိုက်ရှိလဲ ?



(အရမ်းမှန်နေလို့ အားလုံးကိုလည်း share ပေးလိုက်တာပါ)

မွေးနေ့အလိုက်တိရစ္ဆာန် အကောင်များနဲ့ တင်စားပြီး အမူအကျင့် ဘယ်လိုရှိတယ် ဆိုတာ တင်ပြပေး လိုက်ပါတယ်။

ဇန်န၀ါရီ
၀၁ - ၀၉ ခွေး
၁၀ - ၂၄ ကြွက်
၂၅ - ၃၁ ခြင်္သေ့

ဖေဖော်ဝါရီ
၀၁ - ၀၅ ကြောင်
၀၆ - ၁၄ ချိုးငှက်
၁၅ - ၂၁ လိပ်
၂၂ - ၂၈ ကျားသစ်နက်

မတ်ခ်ျ
၀၁ - ၁၂ မျောက်
၁၃ - ၁၅ ခြင်္သေ့
၁၆ - ၂၃ ကြွက်
၂၄ - ၃၁ ကြောင်

ဧပြီ
၀၁ - ၀၃ ခွေး
၀၄ - ၁၄ ကျားသစ်နက်
၁၅ - ၂၆ ကြွက်
၂၇ - ၃၀ လိပ်

မေ
၀၁ - ၁၃ မျောက်
၁၄ - ၂၁ ချိုးငှက်
၂၂ - ၃၁ ခြင်္သေ့

ဇွန်
၀၁ - ၀၃ ကြွက်
၀၄ - ၁၄ လိပ်
၁၅ - ၂၀ ခွေး
၂၁ - ၂၄ မျောက်
၂၅ - ၃၀ ကြောင်

ဇူလိုင်
၀၁ - ၀၉ ကြွက်
၁၀ - ၁၅ ခွေး
၁၆ - ၂၆ ချိုးငှက်
၂၇ - ၃၁ ကြောင်

သြဂုတ်
၀၁ - ၁၅ မျောက်
၁၆ - ၂၅ ကြွက်
၂၆ - ၃၁ လိပ်

စက်တင်ဘာ
၀၁ - ၁၄ ချိုးငှက်
၁၅ - ၂၇ ကြောင်
၂၈ - ၃၀ ခွေး

အောက်တိုဘာ
၀၁ - ၁၅ မျောက်
၁၆ - ၂၇ လိပ်
၂၈ - ၃၁ ကျားသစ်နက်

နိုဝင်ဘာ
၀၁ - ၁၆ ခြင်္သေ့
၁၇ - ၃၀ ကြောင်

ဒီဇင်ဘာ
၀၁ - ၁၆ ခွေး
၁၇ - ၂၅ မျောက်
၂၆ - ၃၁ ချိုးငှက်

၁။ အကယ်၍ သင့်မွေးရက်သည် ခွေး ဖြစ်ပါက အလွန် သစ္စာရှိပြီး သဘောကောင်းသူဖြစ်သည်။ သင်၏ သစ္စာရှိမှုကို လုံးဝ သံသယ ဖြစ်စရာ မလိုပေ။ အလုပ်နှင့်ပတ်သက်ပြီး ရိုးသား ဖြောင့်မတ်ကာ အလုပ်ကို
လေးစားသူ ဖြစ်ပြီး ပင်ကို စိတ်ရင်းအားဖြင့်လည်း ရိုးသားသူတစ်ဦး ဖြစ်သည်။ အများတကာနှင့် ဆက်ဆံ ရာတွင် မိမိကိုယ်မိမိ ရိုကျိုး၊ နှိမ့်ချ ဆက်ဆံတတ်သူလည်း ဖြစ်သည်။ ထို့ကြောင့် မိတ်တွေအပေါင်း အသင်းများ အလယ်တွင် အားလုံး၏ ချစ်ခင်မှုကို ရယူနိုင်စွမ်း ရှိပြီး ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်၍ လည်း လိုက်ဖက်သည့် အ၀တ်အစားများကို ရွေးချယ်တတ်သည်။ အသစ်အဆန်းကို မက်မောတတ်သူ ဖြစ်သဖြင့် ခေတ်ပေါ် အ၀တ် အစား မ၀ယ်နိုင်သည့် အခါများတွင် စိတ်ဓါတ်ကျလေ့ ရှိသည်။ ဘ၀ကို သက်သက်သာသာ ကျော်ဖြတ်သူများ ဖြစ်ပြီး အပေါင်းအသင်းများ အလယ်တွင် ထင်ပေါ် ကျော်ကြား သူလည်း ဖြစ်သည်။ သိက္ခာရှိသော အပေါင်း အသင်းများနှင့်သာပေါင်းသင်းလေ့ ရှိသူလည်း ဖြစ်သည်။

၂။ အကယ်၍ သင့်မွေးနေ့သည် ကြွက်ဖြစ်ပါက သင်သည် အပေါင်းအသင်းများ အားနောက်ပြောင် တတ်သူ ဖြစ်သည်။ ပျော်ရွှင်တတ်သော အငွေ့အသက်များသင့်မျက်ဝန်းတွင် တွေ့မြင်နေရသည့်အတွက် လူတိုင်းကို ဆွဲဆောင်နိုင်စွမ်း ရှိသည်။ ထို့ကြောင့် လူအများက သင်နှင့် ပေါင်းသင်းရန် လိုလားကြပြီးလူစုံ သည့် ပွဲလမ်း သဘင်များတွင်လည်း သင်ရှိနေစေရန် လိုလားကြသည်။ သို့သော်သင်သည် စိတ်ဆတ်သူ ဖြစ်သည်။ သင်နှင့် စကားပြောရန် အပေါင်းအသင်းများက စကားလုံးကို ရွေးချယ်ပြောမှသာဖြစ်သည် စကား အမှားမခံ။ တစ်စုံတယောက်က စကားမှား ပြောမိလျှင်လည်း ခွင့်လွှတ်နိုင်စွမ်း မရှိသူ ဖြစ်သည်။

၃။ အကယ်၍ သင့်မွေးနေ့သည် ခြင်္သေ့ ဖြစ်ပါက သင်သည် ခြင်္သေ့၏ သဘောထားနှင့်ဆန့်ကျင်စွာ ငြိမ်းချမ်းရေးကို လိုလား နှစ်သက်သူ ဖြစ်သည်။ ရန်ကိုရှောင်ရှားလေ့ ရှိပြီး တင်းမာမှု အခြေအနေ မျိုးကိုပါ လက်မခံတတ်သူ ဖြစ်သည်။ အိမ်တွင်းမှာထက် အပြင်မှာ ပျော်မွေ့သူ ဖြစ်ပြီး တစ်နေရာတည်းတွင် ကြာရှည် နေရန် မလိုလားသူလည်း ဖြစ်သည်။ မွေးရာပါ ခေါင်းဆောင် ဗီဇရှိသူ ဖြစ်သည်။ လုပ်ငန်းခွင် တွင် အပေါင်း အသင်းများအား အလုပ် တွင်ကျယ်စေရန် နည်းပရိယာယ် ကြွယ်ဝစွာဖြင့် စည်းရုံး သိမ်း သွင်းနိုင် သူလည်း ဖြစ်သည်။ သူတပါး၏ ချစ်ခင် မြတ်နိုးမှုကို လိုလားပြီး တစုံတစ်ယောက်က ကိုယ့်ကို ဂရုစိုက်ပြီဆိုလျှင် ကိုယ်က သူဂရုစိုက်တာထက် အဆပေါင်း များစွာ တုံ့ပြန်မှု ပေးသည်။ စိတ်သဘော ကောင်းလွန်းခြင်းကြောင့် အပေါင်း အသင်းများက မြှောက်ပင့် ခိုင်းစေတတ်သည်ကို အထူးသတိပြုပါ။

၎။ အကယ်၍ သင့်မွေးနေ့သည် ကြောင် ဖြစ်ပါက သင်သည် အလွန်အမင်း ချစ်ခင်ဖွယ်ကောင်းသူ ဖြစ် သည်။ တခါတရံတွင် လိုအပ်သည်ထက် ပိုပြီး ရှက်နေတတ်သည်။ ဖြတ်ထိုးဥာဏ် ရှိသည်။ တစ်ယောက် တည်း ငြိမ်ငြိမ် သက်သက် နေရသည်ကို ပိုပြီးလိုလားသည်။ အရာရာကို စေ့စေ့စပ်စပ် သိလိုစိတ် ပြင်းပြပြီး တစ်စုံတစ်ခုကို လေ့လာပြီ ဆိုလျှင် ရေဆုံးရေဖျား လိုက်တတ်သည်။ ပုံမှန်အနေအထားဖြင့် သင်သည် အေးဆေး တည်ငြိမ်သူဖြစ်သည်။ သို့သော် အခြေအနေအရ လိုအပ်လာပါက မီးတောင်
တစ်ခု ပေါက်ကွဲသလို ပေါက်ကွဲနိုင်စွမ်း ရှိသူ လည်းဖြစ်သည်။ ခေတ်မီ အ၀တ်အစားများကို နှစ်သက် သည်။ ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အား ခေတ်မီသူ တစ်ဦး အဖြစ် သတ်မှတ်ထားကြသည်။ ပတ်ဝန်းကျင်နှင့် ရောထွေးနေတတ်သော်လည်း သူစိမ်းများ နှင့် စကားပြောဆိုရန် ၀န်လေးတတ်သည်။ အပေါင်းအသင်း ပေါင်းရာတွင် လူရွေး ပေါင်းတတ်သူ တစ်ဦးလည်း ဖြစ်သည်။

၅။ အကယ်၍ သင်၏ မွေးရက်သည် လိပ်ဖြစ်ပါက သင်သည် အရာရာကို အကောင်းမြင်တတ်သူ တစ်ဦး ဖြစ်ပြီး စိတ်နှလုံးကောင်း ရှိသူ ဖြစ်သည်။ သင်၏ ကြင်နာမှုများကို သင့်ပတ်ဝန်းကျင်က အမြဲတစေ ဂရုပြုမိကြပြီး ကိုယ်တိုင်က ငြိမ်းချမ်းရေးကို မြတ်နိုးသူဖြစ်သည်။ တစုံတစ်ယောက် မှားနေသည်ကို မြင်ဦးတော့ ပြုပြင်ပေးရန် ၀န်လေးသူ ဖြစ်သည်။ မည်သူနှင့်မျှ ထိပ်တိုက် ရင်ဆိုင်မှု မပြုလို။ ထို့ကြောင့် ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အား ချစ်ခင်ကြသည်။ လူတစ်ဦးတစ်ယောက် အကြောင်းကိုမှ
နောက်ကွယ်မှာ အတင်းမပြောတတ်။ မည်သူ့ ပေါ်မဆို ချစ်ခင်မှုတွေ ပေးအပ်သော်လည်း ကိုယ့်အပေါ်မှာ မည်သူကမျှ တုံ့ပြန်မှုမရှိ။ အရာရာမှာ ရက်ရောသူ တစ်ဦး ဖြစ်သည်။

၆။ အကယ်၍ သင့်မွေးနေ့သည် ချိုးငှက် ဖြစ်ပါက သင်သည် ပျော်ရွှင်စွာ နေထိုင်လေ့ ရှိပြီး ဘ၀မှာ ကံကောင်းသူ တစ်ဦးလည်း ဖြစ်သည်။ ပတ်ဝန်းကျင် အခြေအနေက မည်သို့ပင် ဖြစ်စေကာမူ ပျော်ရွှင်နေလေ့ ရှိပြီး ပတ်ဝန်းကျင်၏ ဂယက်ရိုက်မှုနှင့် ကင်းကွာနေတတ်သည်။ ရောက်လေရာတိုင်းမှာ ကိုယ့်ပျော်ရွှင်မှုတွေကို မျှဝေတတ်သူ ဖြစ်သည်။ အပေါင်းအသင်းများ ကြားတွင် ကိုယ်ကခေါင်းဆောင် ဖြစ်သည်။ မိတ်ဆွေများ အရေး ကြုံတိုင်း နှစ်သိမ့် အားပေးတတ်သူလည်း ဖြစ်သည်။ အပေါ်စီး ဆက်ဆံမှု ကို မလိုလား။ ဤသို့ ဆက်ဆံတတ်သူ များနှင့်ဝေးအောင် နေတတ်သည်။ လုပ်ငန်းခွင်တွင် စံနစ်တကျ လုပ်ကိုင်ဆောင်ရွက်တတ်သည်။ အထူး သတိပြုရန်မှာ သင်သည် ချစ်လွယ်တတ်သူ တစ်ဦး ဖြစ်သည်။

၇။ အကယ်၍ သင်သည် ကျားသစ်နက် တစ်ဦး ဖြစ်ပါက လျှို့ဝှက်တတ်သူ တစ်ဦးဖြစ်သည်။ ပတ်ဝန်းကျင် ဖိအားတွေ မည်မျှပင် များပြားစေကာမူ အလွယ်တကူဖြေရှင်းနိုင်စွမ်း ရှိသည်။ တခါတရံတွင် အပေါင်း အသင်းများနှင့် အတင်းပြောရသည်ကို ၀ါသနာပါသည်။ ဆန္ဒရှိသည့်အတိုင်း ဖြစ်အောင် ကြိုးစား တတ်သော်လည်း သင့် ဆန္ဒမှာ ရံဖန်ရံခါတွင် လက်တွေ့ ဖြစ်နိုင်စွမ်းမရှိ။ ယင်းကဲ့သို့သော အခြေ အနေ တွင် မိတ်ဆွေ အချို့နဲ့ ဆက်ဆံရေးပျက်ပြားတတ်သည်။ အခက်အခဲ ကြုံတွေ့နေရသော မိတ်ဆွေများကို ကူညီတတ်သူဖြစ်သည်။

၈။ အကယ်၍ သင့်မွေးနေ့သည် မျောက် ဖြစ်ပါက စိတ်မရှည်၊ တက်ကြွမှု လွန်ကဲသူ ဖြစ်သည်။အရာရာ ကို အမြန်ဆုံး ပြီးမြောက်လိုသူ ဖြစ်သည်။ ရိုးသားသော နှလုံးသားပိုင်ရှင် ဖြစ်ပြီး အများ၏ အာရုံ စိုက်မှု ကို ခံယူလိုသူ လည်း ဖြစ်သည်။ မိမိ လုံခြုံမှုကို အထူး ဂရုစိုက်တတ်သူ တစ်ဦးဖြစ်ပြီး ကိုယ့်ဂုဏ်သ တင်းနှင့် ပတ်သက်၍ အငြိအစွန်း ရှိလာပြီ ဆိုလျှင် လူတိုင်းကိုလိုက်ပြီး ဖြေရှင်းတတ်သူ ဖြစ်သည်။ ထို့ကြောင့် မည်သည့်အ လုပ်ကိုမဆိုစမလုပ်ခင် ကတည်းက သတိကြီးစွာ ထားတတ်သူများ ဖြစ်သည်။ ဆဌမ အာရုံ၏ နှိုးဆော်မှုကြောင့် အန္တရာယ် ကျရောက်ခြင်းမှ ကင်းဝေးတတ်သည်။ ငွေကြေးကို တန်ဖိုးထားတတ်သူ များလည်း ဖြစ်တတ်သည်။

ပျိုမေတို့သိစေဖို့ မှ ပြန်လည်မျှဝေပါသည်။

ဝင်းကိုကို
၂၀၀၅၊ နိုဝင်ဘာ၊ ဖူးငုံ ဆယ်ကျော်သက် မဂ္ဂဇင်း


အစိုးရက ပြည်သူများထံပေးထားသည့် ဆေးရုံ၊ ကျောင်း၊ လမ်း၊ တံတားများ ဆောက်လုပ်ပေးရေးဆိုင်ရာ ကတိများအနက် ထက်ဝက်ခန့်ကိုသာ အမှန်တကယ်ဆောင်ရွက်ပေးကြောင်း လွှတ်တော်ကော်မတီ အစီရင်ခံစာတွင်ဖော်ပြ


(ဇွန် ၂ ရက်က ပြိုကျခဲ့သော ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်ရှိ ပုတီးကုန်းအထက်တန်းကျောင်း)

အစိုးရအနေဖြင့် ပြည်သူများထံသို့ပေးထားသည့် ဆေးရုံ၊ ကျောင်း၊ လမ်း၊ တံတားများ ဆောက်လုပ်ရေးဆိုင်ရာ ကတိများအနက် ထက်ဝက်ခန့်ကိုသာ အမှန်တကယ်ဆောင်ရွက်ပေးကြောင်း ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဇွန် ၃ ရက်တွင်ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တင်သွင်းသည့် ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။

ပြည်သူများ၏ လိုလားချက်များဖြစ်သော ဆေးရုံ၊ ကျောင်း၊ လမ်း၊ တံတားများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်မှတစ်ဆင့် အစိုးရထံတောင်းခံခဲ့ရာ အစိုးရမှ ဆောင်ရွက်ပေးမည်ဟု ကတိပြုသည့်လုပ်ငန်း စုစုပေါင်း ၂၂၁၇ ခုရှိခဲ့ပြီး အမှန်တကယ်ဆောင်ရွက်ပြီးသည့် လုပ်ငန်းမှာ စုစုပေါင်း ၁၁၅၁ ခုသာရှိနေကြောင်း ဖော်ပြထားခြင်းဖြစ်သည်။

အစီရင်ခံစာတွင် အစိုးရသစ်စတင်တာဝန်ယူပြီး လွှတ်တော်အစည်းအဝေးများ စတင်ကျင်းပပြီးနောက် ပထမပုံမှန်အစည်းအဝေးမှ အဋ္ဌမပုံမှန်အစည်းအဝေးအထိ အစိုးရအဖွဲ့မှ ကြယ်ပွင့်ပြမေးခွန်းများ ပြန်လည်ဖြေကြားရာ၌ ကတိပေါင်း ၆၁၈ ခုရှိခဲ့ကြောင်း၊ ၎င်းတွင် ဆေးရုံ၊ ကျောင်း၊ လျှပ်စစ်မီးရရှိရေး၊ လမ်းတံတားများနှင့် ပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများစွာ ပါဝင်ကြောင်း၊ ၎င်းကတိပေါင်း ၆၁၈ ခုအနက် ၄၁၅ ခုသာ အမှန်တကယ် ပြီးစီးပြီဖြစ်ကြောင်း အစိုးရအဖွဲ့ရုံးမှ ပေးပို့လာသည်ဟု ပါရှိသည်။

လွှတ်တော်သို့တင်သွင်းသည့် အဆိုများအတွက် အစိုးရမှပေးထားသည့် ကတိပေါင်း ၇၇ ခုရှိပြီး အစိုးရအဖွဲ့မှပေးပို့သည့် ပြီးစီးမှုသည် ၆၁ ခုသာရှိကြောင်း သိရသည်။

ထို့အပြင် လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းများအတွက် ကြယ်ပွင့်မပြကတိအဖြစ် စုစုပေါင်း လုပ်ငန်းပေါင်း ၁၅၂၂ ခုကို အစိုးရမှပေးခဲ့သော်လည်း အမှန်တကယ်ပြီးစီးပြီဟု အကြောင်းကြားလာသည့် လုပ်ငန်းအရေအတွက်မှာ ၆၇၅ ခုသာရှိကြောင်း သိရသည်။

ထို့ကြောင့် ပြည်သူများ၏ လိုလားချက်များကို ကတိပေးပြီးသော်လည်း ထက်ဝက်မျှသာ ဆောင်ရွက်ပေးသဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်တွင် ဝေဖန်ခဲ့ကြသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးက ဆွေးနွေးရာတွင် ပြည်သူ့ကိုယ်စားလှယ်များက ပြည်သူ့ကိုယ်စား တင်ပြတောင်းခံခြင်းဖြစ်ကြောင်း၊ အစိုးရမှ ကတိပေးသည့်အတွက် ပြည်သူများထံ လိုအပ်ချက်များကို အစိုးရကလုပ်ပေးလိမ့်မည်ဟု ပြန်လည်ကတိပေးခဲ့ကြောင်း၊ သို့သော် အမှန်တကယ်တွင် မရလာသဖြင့် ပြဿ နာများရှိကြောင်း၊ ထို့ကြောင့် အစိုးရ၏ကတိများတည်ကြရန် ဆွေးနွေးခဲ့သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသိန်းအောင်က ပြည်နယ်များရှိအစိုးရမှ ဆောင်ရွက်ပေးသည့်လုပ်ငန်းများကို နှစ်ချီ အချိန်ယူဆောင်ရွက်နေသည်မှာ မဖြစ်သင့်ကြောင်း ဆွေးနွေးခဲ့သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ၀န်ကြီးဌာနများသည် ကတိဖြစ်သည်၊ မဖြစ်သည်ကို ကွဲကွဲပြားပြား ဆုံးဖြတ်နိုင်ခြင်းမရှိသော အဖြေများနှင့် ဖြေနေသည်ကို ဝေဖန်ပြောကြားခဲ့သည်။

ပညာရေးနှင့် ကျန်းမာရေးကဏ္ဍအတွက် တိုးမြှင့်ရရှိငွေအများစုသည် အသစ်ဆောက်လုပ်မှုများအတွက်သာ ကုန်ကျမှုများနေကြောင်း သိရသည်။ ယိုယွင်းဟောင်းနွမ်းလျက်ရှိသော ကျောင်းဆောင်ဟောင်းများ၊ အမှန်တကယ် ပြုပြင်ဖြည့်တင်းရန် လိုအပ်သောကိစ္စရပ်များတွင် အသုံးမပြုဘဲ မလိုအပ်သော ကျောင်းသစ်ဆောက်လုပ်ခြင်းသည် ဆောက်လုပ်ရေးကန်ထရိုက်နှင့် လာဘ်စားသူအချို့အတွက်သာ အကျိုးဖြစ်ထွန်းစေကြောင်း ဝေဖန်မှုများရှိနေသည်။ ကျန်းမာရေးကဏ္ဍတွင်လည်း ဆေးရုံ၊ ဆေးခန်းများ၌ လူထုအတွက် အမှန်တကယ်လိုအပ်ချက်များ ဖြည့်တင်းခြင်းထက် မဖြစ်မနေဆောက်လုပ်ရန် မလိုအပ်သေးသည့် တောင်ကြီးဆေးတက္ကသိုလ်သစ် ဆောက်လုပ်ခြင်းကဲ့သို့သော အသစ်ဆောက်လုပ်မှုများအတွက်သာ အကုန်အကျခံ လုပ်ဆောင်နေကြောင်း သိရသည်။

Eleven Media Group


ကန့်ဘလူမြို့နယ်တွင် ရေအိုင်အတွင်းမှ သားအဖနှစ်ယောက် သေဆုံးနေသည်ကို တွေ့ရှိရ


အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/06/blog-post_853.html
သတင်း၊ ကိုတိုးကြီး
ကန့်ဘလူ၊ ဇွန် 3
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ ဆည်ကြီးကျေးရွာအနီး၊ တာတိုင်တောတိုက်ရှိ ကန့် ဘလူ - ဆည်ကြီးရွာသွားလမ်းနဘေးရေအိုင်တွင် မေလ ၃၁ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲက သားအဖနှစ် ယောက်သေဆုံးနေသည့် အလောင်းနှစ်လောင်အားတွေ့ရှိခဲ့ရကြောင်း ကန့်ဘလူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိ ရသည်။

ရေအိုင်အတွင်း သားအဖနှစ်ယောက် သေဆုံးနေသည့်အရပ်သို့ ကန့်ဘလူမြို့မရဲစခန်းမှ ဒုရဲအုပ် ဇင်ဗိုလ် ဗိုလ်နှင့်အဖွဲ့က သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ရေအိုင်အတွင်း သေဆုံးနေသူများမှာ ဦးသာချို အသက်(၅၇)နှစ် ဆိုသူနှင့် ထိုသူ၏သား မောင်ဆန်းလင်းထွန်း အသက်(၈)နှစ် ဆိုသူတို့ဖြစ်ကြောင်း သိရ သည်။

အဆိုပါ သားအဖနှစ်ယောက် ရေအိုင်အတွင်းသေဆုံးနေမှုနှင့်ပတ်သက်၍ မှုခင်ဆေးပညာအရ စစ်ဆေး ဆောင်ရွက်နိုင်ရန် ကန့်ဘလူမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၆/ ၂၀၁၄ အရ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ကိုတိုး ချင်းတွင်း

မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် စစ်အင်အားနှိုင်းယှဉ်ချက်


ဘင်္ဂလားဒေ့ရှ်သည် မြန်မာနိုင်ငံထက် လူဦးရေ များသော်လည်း စစ်အင်အားတွင် မြန်မာထက် နိမ့်ပါးသည်ကို တွေ့ရသည်။
ဘင်္ဂလားဒေ့ရှ်သည် လက်နက်ခဲယမ်း အားလုံးကို ပြည်ပမှ ၀ယ်ယူနေရချိန်တွင် မြန်မာ့ တပ်မတော် အနေဖြင့် လက်နယ်ငယ်များ၊ အမြောက်များ၊ အမြောက်ကျည်များ၊ လေ့ကျင့်ရေး တိုက်လေယာဉ်များ၊ တင့်နှင့်သံချပ်ကာကားများ၊ ဒုံးကျည်များ၊ ပဲ့ထိန်းဒုံကျည်များ၊ တာဝေးပစ်ဒုံးကျည်များ၊ ဖရီးဂိတ် စစ်ရေယာဉ်များ၊ ကိုယ်ပျောက် တိုက်ရေယာဉ်များကို ပြည်တွင်းတွင်ပင် ထုတ်လုပ်နိုင်နေပြီ ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်၏ အမြောက်တပ်ရင်း သုံးရင်းနှင့် မြန်မာနိုင်ငံ၏ အမြောက်တပ်မ ၁၂ခုကို နှိုင်းယှဉ်လျှင်ဖြစ်စေ၊ ဘင်္ဂလားဒေ့ရှ်၏ ပထမမျိုးဆက် MIG 29 ရှစ်စီးနှင့် မြန်မာနိုင်ငံ၏ နောက်ဆုံးမျိုးဆက် MIG တိုက်လေယာဉ် အစီး၄၀ကို နှိုင်းယှဉ်လျှင်ဖြစ်စေ မြန်မာဘက်က သာလွန်လျှက်ရှိသည်။
ထို့အပြင် ဘင်္ဂလားဒေ့ရှ်သည် တရုတ်မှ လက်နက်များကိုသာ အဓိက ၀ယ်ယူသုံးစွဲနေပြီး မြန်မာနိုင်ငံသည် တရုတ်အပြင် ရုရှား၊ ယူကရိန်း၊ အစ္စရေး၊ တောင်အာဖရိက စသည့် လက်နက်ကောင်းများ ထုတ်လုပ်သည့် နိုင်ငံများမှ လက်နက်များကို ၀ယ်ယူခြင်း၊ ပြည်တွင်းတွင် ထုတ်လုပ်ခြင်းများ ဆောင်ရွက်လျှက်ရှိသည်။
လွန်ခဲ့သည့် နှစ်လေးဆယ်ကျော်ကပင် မြန်မာနိုင်ငံသည် စစ်လက်နက် ပစ္စည်းစက်ရုံများ ထူထောင်ပြီး မိမိနိုင်ငံအတွက် လိုအပ်သော လက်နက်များကို ဂျာမနီနိုင်ငံနှင့် ထုတ်လုပ်သည့် အတွေ့အကြုံများ ရှိသဖြင့် မြန်မာပြည်သူပြည်သားများ အနေဖြင့် ပြည်ပရန်ပကို စိုးရိမ်ဖွယ်ရာ မရှိကြောင်း တင်ဆက်လိုက်ရပါသည်။
Tomorrow



အသည်းကွဲအိမ်ရှင်မတို့ အားကိုးရာ


ပြတင်းပေါက်မှ ၀င်ရောက်လာသည့် နေရောင်က ၁၀ ပေ ပတ်လည်ခန့်သာ ကျယ်ဝန်းသော အခန်းလေးကို အလင်းရောင် ကောင်းစွာပေးလျက် ရှိသည်။ အခန်းထဲမှာတော့ ဂမ္ဘီရဆန်ဆန် အသုံးအဆောင်ပစ္စည်းများ၊ ကိုးကွယ်ယုံကြည်မှုနှင့် သက်ဆိုင်သည့် ရုပ်တုများ၊ အစဉ်အဆက် အသုံးပြုခဲ့ကြသည့် ဗေဒင်လက္ခဏာကျမ်းများက နေရာယူထားသည်။ ခန်းမ၏ထိပ်တွင် ဆုံလည်ကုလားထိုင်ဖြင့် အမျိုးသမီးတစ်ဦး ထိုင်နေသည်။ သူ၏ရှေ့တွင်တော့ ထိုင်ခုံလွတ် နှစ်ခု၊ သုံးခုခန့်။ ထိုင်ခုံလွတ်များက ရန်ကုန်မြို့အနှံ့မှ လာရောက်ကြမည့် အိမ်မကပ်တော့သည့် အိမ်ဦးနတ်များ အိမ်ပြန်လာရေးအတွက် လာရောက်တိုင်ပင်ကြသည့် အသည်းကွဲနေသည့် အိမ်ရှင်မအမျိုးသမီးများအတွက်ပင် ဖြစ်သည်။ ဗေဒင်လက္ခဏာပညာရှင် ဒေါ်ထက်နွေးစန္ဒီ၏
 ရှေ့တွင်ချထားသော ခုံလွတ်တွင် နေ့စဉ် လူပြတ်သည်မရှိလောက်အောင် စည်ကားလျက်ရှိသည်။

ရန်ကုန်မြို့လယ် ဆူးလေမှ လေးဆယ့်ငါးမိနစ်ခန့် သွားရသည့် ဒဂုံမြောက်ပိုင်း မဟာမြိုင်အိမ်ရာရှိ အဆိုပါ အမျိုးသမီးသီးသန့် ဗေဒင်လက္ခဏာဟောခန်းသို့ အသည်းကွဲအမျိုးသမီးများ ဒါဇင်နှင့်ချီကာ နေ့စဉ်တဖွဲဖွဲလာရောက်လျက်ရှိသည်။ ဗေဒင်ဆရာမက သူတို့အတွက် အဆောင်အယောင်များ ပြုလုပ်ပေးရသည်။

‘‘ကျွန်မ ဟောခန်းစဖွင့်တာ ၂၀၀၇ လောက်က စတာ။ ဒါပေမဲ့ ၂၀၁၀ နောက်ပိုင်းမှာ လာမေးကြတဲ့သူတွေ တော်တော်လေး သိသိသာသာ များလာတယ်။ တစ်နေ့တစ်နေ့ လာမေးတဲ့သူတွေရဲ့ အဓိကက ဒီ (အမျိုးသားတွေ အိမ်ထောင်ရေးဖောက်ပြန်တဲ့) ပြဿနာ ဖြစ်နေတယ်’’ ဟု ဗေဒင်လက္ခဏာပညာရှင် ဒေါ်ထက်နွေးစန္ဒီကပြောသည်။

မိမိလင်ယောက်ျား အိမ်ပြန်လာရေးအတွက် ဓာတ်ရိုက်ဓာတ်ဆင်ယတြာ လာရောက်လုပ်ကြသည့် အမျိုးသမီးများသည် ဒေါ်ထက်နွေးစန္ဒီ၏ ဗေဒင်ခန်းတွင်သာမကဘဲ ရန်ကုန်မြို့ရှိ ဗေဒင်ဟောခန်းတော်တော်များများတွင် ပြည့်နှက်နေလျက်ရှိသည်။

အချက်အလက်ရရှိရန် ခက်ခဲလှသည့် မြန်မာနိုင်ငံတွင် အိမ်ထောင်ရေးအဆင်မပြေမှုများ၊ အိမ်ထောင်ပြိုကွဲမှုများ မည်မျှရှိသည်ကို တိတိကျကျသိရန် ခက်ခဲလှသည်။ သို့သော်လည်း ဗေဒင်ဟောခန်းများဆီသို့ တစ်ရက်တစ်ရက် လာရောက်ကြသည့် အမျိုးသမီးအရေအတွက်ကို ကြည့်လျှင် မြန်မာ့လူ့အဖွဲ့အစည်းအတွက် မသေးလှသည် ပြဿနာဖြစ်ကြောင်း မီးမောင်းထိုးပြလျက်ရှိသည်။ ထိုအချက်ကို မကြာသေးမီက မီဒီယာစာမျက်နှာများပေါ်တွင် ရေပန်းစားခဲ့သော အနုပညာရှင်အချို့၏ အိမ်ထောင်ရေးသတင်းများက သက်သေပြနေသည်။

မိသားစုအသိုက်အ၀န်းဆီမှ စွန့်ခွာပြီး အချစ်သစ်ရှာတွေ့သွားကြသည့် လင်ယောက်ျားများအတွက် ရတက်မအေးဖြစ်နေရသည့် အမျိုးသမီးများ ရန်ကုန်တွင် တစ်နေ့တခြား များပြားလာကြောင်း 7Day မှ သွားရောက်တွေ့ဆုံ မေးမြန်းကြသည့် ဗေဒင်လက္ခဏာပညာရှင်များက ပြောသည်။

‘‘မိန်းမတစ်ယောက် ရောက်လာပြီ။ မျက်နှာအနေအထားက ၀မ်းနည်းနေပြီဆိုရင် တွက်ချက်မနေတော့ဘူး။ တန်းပြောလိုက်တာ အိမ်ထောင်ရေးမကောင်းဘူး မဟုတ်လားဆိုပြီး။ မှန်တယ် အဲဒါက။ အဲဒီလောက်ထိကို ဖြစ်နေတာ’’ ဟု ရန်ကုန် ကန်တော်လေးတွင် ဗေဒင်ဟောခန်းဖွင့်ထားသည့် အကြားအမြင် မနောစွမ်းအားဖြင့် ဟောကြားသည့် ဦးရှင်မင်းက ပြောသည်။

အိမ်ထောင်ရေးအဆင်မပြေမှုများအတွက် လာရောက်မေးမြန်းကြသည့် အမျိုးသမီးများမှာ အသက် (၃၀)မှ (၅၀)အရွယ်မှာ အများဆုံးဖြစ်ကြောင်း ဗေဒင်ဟောကြားသူများက ပြောသည်။ ဖောက်ပြန်သည့် အမျိုးသားများမှာ အသက်(၃၀) မှ (၆၀)အရွယ်မှာ အများဆုံးဖြစ်ကြောင်းလည်း ဗေဒင်ပညာရှင်များက ပြောသည်။

အိမ်ထောင်ဦးစီး၏ ဖောက်ပြန်မှုများ အဆုံးသတ်စေရေးအတွက် အမျိုးသမီးများ လာရောက်တိုင်ပင်မှုသည် ၂၀၁၀ ခန့်မှစတင်ပြီး သိသိသာသာ မြင့်တက်လာကာ ၂၀၁၃ တွင် အမြင့်ဆုံးအခြေအနေဖြစ်လာကြောင်း ဒေါ်ထက်နွေးစန္ဒီကပြောသည်။

အမျိုးသားများ၏ ချစ်သူအသစ်များသည် ကာရာအိုကေ၊ အနှိပ်ခန်း စသည့်နေရာများမှ အမျိုးသမီးငယ်များသာမက ဘွဲ့ရပညာတတ်အသိုင်းအ၀ိုင်းမှ အမျိုးသမီးများလည်း ပါဝင်လာကြကြောင်း သူ့ထံသို့ လာရောက်ဆွေးနွေးသူများ၏ ပြောကြားချက်များကို ကိုးကား၍ ဒေါ်ထက်နွေးစန္ဒီကပြောသည်။

‘‘၁၅ နှစ်လောက် အမှားအယွင်းမရှိဘဲ အိမ်ထောင်ရေး ထိန်းသိမ်းလာကြတဲ့သူတွေလည်းပါတယ်။ ဖောက်ပြန်တဲ့ ယောက်ျားတွေထဲမှာ အသက်(၇၀)ကျော်တွေတောင် ပါလာတယ်’’ ဟု ဒေါ်ထက်နွေးစန္ဒီကပြောသည်။

လင်ယောက်ျားများ၏ အိမ်ထောင်ရေးဖောက်ပြန်မှုများ ကြုံတွေ့နေရသည့် အမျိုးသမီးများသည် ဗေဒင်ပညာရှင်များဆီသို့သာ သွားရောက်ကြသည်မှာ သက်ဝင်ယုံကြည်မှု တစ်ခုတည်းကြောင့်တော့ မဟုတ်ပါ။ လက်ရှိ ပြဋ္ဌာန်းထားသည့် ဥပဒေများကြောင့်လည်း ဖြစ်သည်။ အမျိုးသားများ၏ အိမ်ထောင်ရေးဖောက်ပြန်မှုအတွက် ရာဇ၀တ်မှုအဖြစ် အရေးယူရန် ခက်ခဲလှသောကြောင့် ဖြစ်သည်။

မြန်မာဓလေ့ထုံးတမ်းဥပဒေတွင် လင်ဖြစ်သူ၏ ဖောက်ပြန်မှုကို သာမန်အိမ်ထောင်ရေးပြစ်မှုအဖြစ် သတ်မှတ်ပြီး မယားဖြစ်သူ၏ ဖောက်ပြန်မှုကို ကြီးလေးသော အိမ်ထောင်ရေးပြစ်မှုအဖြစ် သတ်မှတ်သည်။

‘‘မြန်မာဓလေ့ထုံးတမ်းဥပဒေမှာ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ထက် ပိုယူခွင့်ရှိတယ်’’ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ဇေယျက ပြောသည်။ ဇနီးမယားဖြစ်သူတစ်ယောက် အချစ်သစ်ရှာဖွေတွေ့ရှိသွားပါက သူမ၏ချစ်သူသစ်ကို မယားခိုးမှုသတ်မှတ်ကာ ရာဇ၀တ်မှုကြောင်းအရ အရေးယူပေးရန် လင်ယောက်ျားဖြစ်သူက တရားရုံးတော်သို့ လျှောက်ထားရန် အခွင့်အရေးရှိသည်။ သို့သော် အမျိုးသမီးများအတွက်တော့ ထိုအခွင့်အရေးမရနိုင်။ မိမိ၏ လင်ယောက်ျားဖြစ်သူ အချစ်သစ်ရှာဖွေတွေ့ရှိခဲ့ပါက အမျိုးသား၏ချစ်သူသစ်ကို ရာဇ၀တ်မှုကြောင်းအရ တရားစွဲခွင့် အမျိုးသမီးများတွင်မရှိ။ ကွာရှင်းရန်အတွက်သာ တောင်းဆိုနိုင်သည်။

‘‘မယားကြီးရှိလျက်နဲ့ ယောက်ျားက နောက်အိမ်ထောင်ပြုရင် မိန်းမက ဒါဟာ ရက်စက်တဲ့အမှု၊ အိမ်ထောင်ရေးပြစ်မှုနဲ့ ကွာလိုမှုလျှောက်လို့ရတယ်။ မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ အခွင့်အရေးက ကွာလိုမှုလျှောက်တဲ့ အခွင့်အရေးတစ်ခုပဲရှိတယ်။ ရာဇ၀တ်မှုနဲ့ ဆွဲလို့မရဘူး’’ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ဇေယျက ပြောသည်။

ထိုအချက်သည် အိမ်ထောင်ရေးဖောက်ပြန်သည့် အမျိုးသားများနှင့် ချစ်သူအသစ်များအတွက် အားသာသည့်အချက် ဖြစ်လာခဲ့သည်။

ဗေဒင်ဟောခန်းများသို့ လာရောက်ကြသော အိမ်ထောင်ရေးအဆင်မပြေသည့် အမျိုးသမီးများ၏အဆိုအရ ယောက်ျားဖြစ်သူသည် သူ၏ ချစ်သူအသစ်ကို မယားကြီးနေထိုင်သည့် အိမ်ပေါ်အထိခေါ်လာပြီး နေထိုင်သည်အထိရှိလာကြောင်း ဗေဒင်ပညာရှင်များကပြောသည်။ ထို့အတွက် ဇနီးမယားဖြစ်သူဘက်မှ အချစ်သစ်ဇာတ်လမ်းစခဲ့ပါက သူမ၏အဖော်သစ်ကို ထောင်ထဲပို့ပြီး အဆုံးသတ်သွားရန် အမျိုးသားဘက်တွင် အခွင့်အရေးရှိသလို အမျိုးသမီးများက လုပ်ခွင့်မရ။ အိမ်ပေါ်ခေါ်လာသည့် ယောက်ျား၏ ချစ်သူသစ်ကို နောက်ဆုတ်ရန် (သို့မဟုတ်) ထောင်ထဲပို့ရန် အခွင့်အရေးမရ။ အများဆုံးရနိုင်သည့် အခွင့်အရေးမှာ လင်မယားနှစ်ဦးကြား တရားဝင်လမ်းခွဲရန်သာဖြစ်သည်။

‘‘တချို့အမျိုးသမီးတွေ ရောက်လာရင် တရားစွဲမယ်ဆိုပြီး ပြောကြတယ်။ ဒီအခွင့်အရေးမရှိဘူး။ ကျွန်မတို့ လုပ်နိုင်တာက ယတြာတွေနဲ့ သူပြန်လာဖို့ပဲဆိုတာ ရှင်းပြရတယ်’’ ဟု ဥပဒေပညာရပ်နှင့် ဘွဲ့ရခဲ့သူလည်းဖြစ်သည့် ဗေဒင်ပညာရှင် ဒေါ်ထက်နွေးစန္ဒီကပြောသည်။ အနှစ်နှစ်အလလက တည်ဆောက်ထားသည့် မိသားစုကို မပြိုကွဲစေလိုသည့် အမျိုးသမီးများအတွက်တော့ ရုံးတော်တွင် သွားရောက်ဖြေရှင်းလိုခြင်း မရှိကြ။ ဒီအစား အိမ်ထောင်ဦးစီးပြန်လာရေးအတွက် ဗေဒင်ခန်းများဆီသို့သာ သွားလိုကြသည်။ သူတို့အတွက်တော့ ဗေဒင်ယတြာနှင့် ဂမ္ဘီရအဆောင်အယောင်များက တရားဥပဒေထက် ပိုအားကိုးအားထားပြုစရာ ဖြစ်ခဲ့ရသည်။

အိမ်ထောင်ရေးဖောက်ပြန်သည့် အမျိုးသားများ၊ အိမ်မကပ်တော့သည့် အိမ်ဦးနတ်များ ပြန်လာရန်အတွက် အမျိုးသမီးများစွာသည် ရန်ကုန်မြို့ရှိ ဗေဒင်ဟောခန်းများဆီသို့ နေ့စဉ် ခေါက်တုံ့ခေါက်ပြန် သွားလာနေကြရသည်။ သို့သော် ဗေဒင်ယတြာဆိုသည်က တရားဥပဒေလို လူတိုင်းအပေါ် တစ်ပြေးညီ သတ်မှတ်နိုင်သည်တော့မဟုတ်။ အစီအရင်များကြောင့် လင်ယောက်ျားများ မိသားစုဆီပြန်လာသူများလည်း ရှိသလို အဝေးထွက်ခွာသွားသူများအတွက် ပူဆွေးနေရုံမှတစ်ပါး အခြားမရှိသည့် ဇနီးမယားများ၊ ကိုယ့်မျက်စိရှေ့တွင် ကိုယ့်ယောက်ျား အခြားတစ်ဦးနှင့် ချစ်ရည်လူးနေသည်ကို ကြည့်နေရသည့် ဇနီးမယားများလည်း ရှိနေဆဲဖြစ်သည်။

7day daily

မြဝတီရုပ်မြင်သံကြားအား ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် ကြည်လင်ပြတ်သားအောင် ကြည့်ရှုနိုင်ရန်ဆောင်ရွက်ပြီးဟုဆို



မြဝတီရုပ်မြင်သံကြားအား ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်မှ ဖမ်းယူကြည့်ရှုရာတွင် လိုင်းကြည်လင်ပြတ်သားမှုရှိစေရန် ဆောင်ရွက်ပြီးဖြစ်ကြောင်း မြဝတီရုပ်မြင်သံကြား တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒီဂျစ်တယ် ထပ်ဆင့်လွှင့်စက်ရုံသို့ ပြောင်းရွှေ့ထုတ်လွှင့်ပေးခြင်းဖြင့် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း ပြောကြားသည်။ “လက်ရှိမှာ မြို့တွင်းကနေ လွှင့်ပေးနေတဲ့အတွက် ကြည်ကြည်လင်လင် မရှိတာတွေ၊ ဖမ်းယူကြည့်ရှုရာမှာ အစက်အပြောက်ထနေတာတွေ ကွယ်ပျောက်သွားမှာဖြစ်ပါတယ်။ အရင်ထုတ်လွှင့်ပေးတဲ့နေရာက မြို့တွင်းနဲ့အနည်းငယ် ဝေးနေတဲ့အတွက် ထုတ်လွှင့်ပေးနိုင်မှုဧရိယာက မိုင်အားဖြင့် ဝေးသွားပါတယ်။ ဒါကြောင့် အနည်းငယ်မကြည်မလင်ဖြစ်သွားတာပါ” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။ ယခုအခါ မြို့အထပ်မြင့်အဆောက်အဦများ ယခင်ကထက်များပြားလာပြီဖြစ်၍ ယင်းနေရာများတွင်ပါ ကြည်လင်အောင်ဖမ်းယူနိုင်မည်ဖြစ်သည်ဟု သိရသည်။

မြဝတီရုပ်မြင်သံကြား MWD ရုပ်သံလိုင်းအား 10KW  Transmitter ဖြင့် ရန်ကုန်မြို့(ဘောက်ထော်) ရှိ မြဝတီရုပ်မြင်သံကြား ဒီဂျစ်တယ်ထပ်ဆင့်လွှင့် စက်ရုံသို့ ပြောင်းရွှေ့ထုတ်လွှင့်ပေးခြင်းဖြစ်ကြောင်း သိရသည်။ “ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက် မိုင်ငါးဆယ်ပတ်လည်မှာ ကြည်ကြည်လင်လင်ကြည့်နိုင်ပါတယ်” ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။ မြ၀တီရုပ်သံလိုင်းအား မည်သည့် အင်တာနာနှင့်မဆို ဖမ်းယူကြည့်ရှုနိုင်မည်ဖြစ်သည်။ အဆိုပါ ရုပ်မြင်သံကြားအနေဖြင့် လက်ရှိတွင် အခမဲ့ရုပ်သံလိုင်းတစ်လိုင်းနှင့် အခပေးရုပ်သံလိုင်းခြောက်လိုင်း စုစုပေါင်း လိုင်းခုနစ်လိုင်းဖမ်းယူကြည့်ရှုနိုင်ကြောင်း၊ ဒီဂျစ်တယ်တီဗွီအချို့တွင်မူ အခပေးလိုင်းများအား ဝယ်ယူစရာမလိုဘဲ အင်တာနာဖြင့်ပင် ဖမ်းယူကြည့်ရှုနိုင်ကြောင်း သိရသည်။

ထွန်းထွန်း
Internet Journal



၎ တန်းနှင့် ၈ တန်း အစိုးရစစ် ပြန်စစ်မည်

ဓာတ်ပုံ - Phoezaw Dawei

အခု ပညာသင်နှစ်ကစပြီး ၄ တန်းနဲ့ ၈ တန်း စာမေးပွဲကို အစိုးရစစ်ပုံစံ ပြောင်းစစ်တော့မယ်လို့ ပညာရေးစီမံကိန်းနဲ့လေ့ကျင့်ရေးဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးစန်းလွင်က ပြောပါတယ်။

အရင် စာသင်နှစ်တွေမှာ သူငယ်တန်းကနေ န၀မတန်းအထိ စာမေးပွဲတွေကို ကျောင်းစစ်ပုံစံ စစ်ဆေးပြီး ဆယ်တန်း တတန်းတည်းကိုပဲ အစိုးရစစ် စစ်ဆေးနေရာက အခုပညာသင်နှစ်ကစပြီး ၄ တန်းနဲ့ ၈ တန်းကို ပြောင်းစစ်မှာဖြစ်တဲ့အကြောင်း ဦးစန်းလွင်က ပြောပါတယ်။

“၄ တန်းက မြို့နယ်စစ်သဘောပေါ့၊ ၈ တန်းက တိုင်းစစ်သဘောပေါ့။ ငယ်ငယ်တုန်းကလိုလေ။ အရည်အချင်း ပြန်ထိန်းချုပ်တဲ့ သဘောပါ။ မြို့နယ်စစ်ကတော့ မြို့နယ်အဆင့်ကနေ မေးခွန်း ထုတ်မှာပေါ့။ ၈ တန်းက တိုင်းအဆင့် တိုင်းကနေ မေးခွန်းထုတ်မှာပါ။”

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်က ၄ တန်းနဲ့ ၈ တန်း စာမေးပွဲတွေကို အစိုးရစစ်ပုံစံ စစ်ဆေးခဲ့ဖူးပြီး အဲ့ဒီနောက် န၀တ၊ နအဖ လက်ထက်မှာ ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်က ဒေါက်တာသိန်းလွင်က စာမေးပွဲစနစ်ကိုပဲ ပြန်ဦးတည်သွားတဲ့အတွက် ပညာရေးပြုပြင်ပြောင်းလဲတာ မဟုတ်ဘူးလို့ ပြောပါတယ်။

“အဲဒီ စစ်နည်းက ပညာရေးမှာ မပြောင်းလဲဘူးဆိုတဲ့ အဓိပ္ပာယ်ထွက်တယ်။ အခု မြန်မာပြည် ကျောင်းတွေမှာ စစ်တဲ့နည်းက စစ်ဆေးနည်း အဟောင်း၊ အဆုံးသတ်မှာ စစ်ပြီးတော့ အမှတ်နဲ့ ခွဲတဲ့ စနစ်၊ စာကို ဘယ်လောက်မှတ်မိလဲဆိုတာ အလွတ်ကျက်ပြီး အလွတ်ဖြေရတဲ့ စနစ်။ အဲဒီ နည်းစနစ်ကြောင့် ကျနော်တို့ နိုင်ငံရဲ့ ပညာရေးဟာ ကျဆင်းလာတာလေ။ ကျူရှင်တွေ ဖြစ်လာတာလည်း အဲဒီ စာမေးပွဲစနစ်ကြောင့်။ အခုက အဲဒါကို မပြင်ဘဲနဲ့ ၄ တန်းနဲ့ ၈ တန်းမှာ စစ်ဦးမယ်ဆိုတော့ ဒါက စာမေးပွဲစနစ်ကိုပဲ ပြန်ဦးတည်သွားတဲ့အတွက် ဒါက ပညာရေး ပြုပြင်ပြောင်းလဲမှု မဟုတ်ဘူး။ နဂို အဟောင်းအတိုင်း သွားတာပဲ။ ကျနော်တို့ အကြံပေးထားတာ စစ်ဆေးတဲ့ နည်းစနစ်ကို ပြင်လိုက်ဖို့ပေါ့။ စစ်ဆေးတဲ့ နည်းစနစ်က အလွတ်ကျက် အလွတ်ဖြေတဲ့ နည်းမျိုးမဟုတ်ဘဲနဲ့ ကျောင်းသားတွေရဲ့ စာသင်ယူမှုကို အားပေးတဲ့ နည်းစနစ်ကို ပြောင်းလိုက်ဖို့ အစိုးရဘက်က အဲဒါကို မလုပ်ပဲနဲ့ အရင်အတိုင်းပဲ စာကို အလွတ်ကျက်ခိုင်းပြီးတော့ အလွတ်ဖြေတဲ့ စနစ်ကို ပြန်သုံးနေတော့ ဒါဟာ ပညာရေးပြုပြင်ပြောင်းလဲမှု မဟုတ်ဘူး။”

ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပညာရေးပြုပြင်ပြောင်းလဲမယ်ဆိုပြီး တက္ကသိုလ် စာသင်နှစ်တွေ တိုးချဲ့ဖို့ အခြေခံပညာစာသင်နှစ်တွေ တိုးချဲ့ဖို့ လုပ်ဆောင်လာနေပြီး အခု ပထမဆုံးတော့ အစိုးရစစ်စာမေးပွဲတွေ ပြန်လုပ်ဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။

DVB Burmese


iPad မျက်နှာပြင်တွင် ကီးဘုတ်ခလုတ်များ ထူးဆန်းစွာ ပေါ်ထွက်လာစေမယ့် iPad Case


တည်ထောင်ခါစ Company အသေးလေးတစ်ခုဖြစ်တဲ့ Tactus Technology က iPad Mini ရဲ့ မျက်နှာပြင်မှာ ကီးဘုတ်ခလုတ်များ အသုံးပြုလို့ရစေမယ့် Case တစ်ခုကို တီထွင်လိုက်ပါတယ်။ ခလုတ်တွဟော စာရိုက်မယ့်အချိန်ကျမှ ထူးခြားစွာ ထွက်ပေါ်လာမှာဖြစ်ပြီး နည်းပညာဆန်းသစ်ပါတယ်။ Tactus Technology က iPad Mini Case ကို ဇန်နဝါရီလမှာ ပြုလုပ်ခဲ့တဲ့ Consumer Electronics Show မှာ ပြသခဲ့တာဖြစ်ပြီး အခုအခါမှာတော့ ထိုင်ဝမ်အီလက်ထရောနစ် ထုတ်လုပ်သူ Wistron နဲ့ ပူးပေါင်းပြီး အသွင်ပြောင်းးနိုင်တဲ့ iPad Mini Case ကို ရောင်းချတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ ဒေါ်လာ ၈၀ ကနေ ၁၀၀ ကြားမှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။

iPad Case ရဲ့ အလုပ်လုပ်ပုံက ဒီလိုဖြစ်ပါတယ်။ Tactus က iPad မျက်နှာပြင်ပေါ်မှာ Screen Protector လိုမျိုး ပါးလွှာပြီးကြည်လင်တဲ့ အလွှာတစ်ထပ်ကို ဖုံးအုပ်ထားပါတယ်။ အဲဒီအလွှာဟာ ကျုံ့နိုင်ဆန့်နိုင်တဲ့ Semi-Elastic Polymer နဲ့ ပြုလုပ်ထားတာဖြစ်ပြီး အလွှာ အောက်မှာ အထူးပြုလုပ်ထားတဲ့ Micro-Fluid အရည်တွေရှိပါတယ်။ စာရိုက်မယ့်အချိန်မှာ အရည်တွေက ကီးဘုတ်ခလုတ်တွေကို ဖောင်းကြွအောင် ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

Apple, Acer, BlackBerry တို့အတွက် Device များ ထုတ်လုပ်ပေးနေတဲ့ Wistron က ဒီနှစ်ထဲမှာ အဲဒီ Case တွေကို ရောင်းချမှာ ဖြစ်ပါတယ်။ Wistron က Tactus ရဲ့ နည်းပညာကို အသုံးပြုထားတဲ့ Device အများအပြားကို ထုတ်လုပ်နိုင်တဲ့ စွမ်းရည်လည်း ရှိပါတယ်။ ဆိုလိုတာက ဒီလိုစွမ်းဆောင်နိုင်တဲ့ Case ကို သီးခြားထုတ်လုပ်မယ့်အစား စမတ်ဖုန်းများမှာ Built-In ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ Tactus ရဲ့ CEO ဖြစ်သူ Craig Ciessla က Tactus ရဲ့ မျက်နှာပြင် တပ်ဆင်ထားတဲ့ စမတ်ဖုန်းတွေကို နောက်နှစ်မှာ ထုတ်လုပ်ရောင်းချ မယ်လို့ Business Insider ကို ပြောပါတယ်။

Ciesla နဲ့ ပူးတွဲတည်ထောင်သူ Micah Yairi တို့ဟာ အဲဒီစိတ်ကူးကို ရရှိပြီး ၂၀၀၈ ခုနှစ်မှာ Tactus ကို စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ Yairi က ကျန်းမာရေး Device တွအေတွက် Micro-Fluid တွေ ထုတ်လုပ်ပေးနေတဲ့ Company မှာ အလုပ်လုပ်နေပါတယ်။ Ciesla က ခလုတ်တွေပါတဲ့ BlackBerry စမတ်ဖုန်း အသုံးပြုသူဖြစ်ပြီး နောက်ပိုင်းမှာ အသုံးပြုတဲ့ iPhone မှာ စာရိုက်တဲ့အခါမှာ အခက်အခဲတွေတွေ့ခဲ့ရပါတယ်။ အဲဒီအတွက် ထိတွေ့မျက်နှာပြင်ပေါ်မှာ ခလုတ်တွေနဲ့ အသုံးပြုရတဲ့ ကီးဘုတ်ကို တီထွင်ချင်ခဲ့ပါတယ်။ သူတို့ နှစ်ယောက် ဟာ Micro-Fluid နဲ့ အသွင်ပြောင်းနိုင်တဲ့ ကီးဘုတ်ကို ပူးပေါင်း တီထွင်ခဲ့ကြတာဖြစ်ပါတယ်။ ခြောက်နှစ်အကြာမှာတော့ သူတို့ရဲ့ ထုတ်ကုန်ကို ရောင်းချနိုင်ပြီဖြစ်ပါတယ်။

Case ရဲ့ အလုပ်လုပ်ပုံကို အောက်က ဗီဒီယို မှာ လေ့လာနိုင်ပါတယ်။

Ref:Myanmar Digital Life Journal


လုပ်အားခ၊ လမ်းပိတ်ဆို့မှု နဲ့ နေ့စဉ်ဘဝ


ရုံးလှေကားပေါ်သို့ အမောတကော ပြေးတက်သွားသော်လည်း နောက်ကျသွားပြီဖြစ်ကြောင်း လက်ပတ်နာရီကိုကြည့်ရင်း မေဇော်ဦးတစ်ယောက် သိ လိုက်သည်။ အ များကြီးမဟုတ်။ ၂ မိနစ်စွန်းစွန်းသာ။ တစ်လအတွင်းပင် နှစ်ကြိမ်နောက်ကျပြီးဖြစ်ရာ ထိုနေ့နှင့်ပေါင်းလျှင်သုံး ကြိမ်ဖြစ်ချေသည်။ စုစုပေါင်းလုပ်အားခ တစ်ထောင့်လေး ရာ ဖြတ်ခံလိုက်ရပြီ ဖြစ် သည်။ ဒဂုံဆိပ်ကမ်းမြို့နယ်မှ ရန်ကုန်မြို့ထဲသို့ အလုပ်ဆင်းလာရသူတစ်ဦးအဖို့ နံနက် ၅ နာရီဆိုပါက အိပ်ရာက ထနေရပြီ။

”တကယ်ဆို ဒဂုံကနေ မြို့ထဲကို လမ်းမပိတ်ဘူးဆိုရင် တစ်နာရီ စွန်းစွန်း လေးပဲ ကြာတယ်”
သို့သော် ထိုတွက်ချက်မှုမှာ အလုပ် မဖြစ်တော့ကြောင်း မနက်အိပ်ရာထ သည်နှင့် ရုံးချိန်အမီရောက်ရန် လမ်းတွင်ပုံမှန်ကြာချိန်အပြင် လမ်းပိတ်မည့် အချိန်များ၊ ဘတ်စ်ကား မှတ်တိုင်မှာ ကျောက်ချရပ်နေမည့်အချိန်များကို ထည့်တွက်လာရသည်ဟု သူက မဲ့ပြုံးပြုံးရင်း ပြောသည်။ ယခုတော့ မြို့ထဲသို့ ရုံးချိန်မီ ရောက်ရန် နှစ်နာရီကျော်နီးပါးကို ကား ပေါ်တွင် စတေးခဲ့ရသည်။ လမ်းမှာ ကားပိတ်တာက ကိုယ်ထင်တာထက် ပိုကြာတဲ့နေ့ဆိုသေပြီဟု ဆိုသည်။  သူမကဲ့သို့ပင် နံနက်ရုံးချိန်နောက် ကျ၍ လစာဖြတ် ခံရ သည့် ဝန်ထမ်းများစွာ ဒုနဲ့ဒေး ရှိနေခြင်းက ခေတ်ကာလ၏ သင်္ကေတတစ်ခု ဖြစ်လာသည်။

ကြီးထွားနှုန်းမြန်ယာဉ်ကြောပိတ် ပြဿနာ
ရန်ကုန်မြို့လမ်းမများသည် လက်ရှိကားအစီးအရေအတွက်ဆိုလျှင် ပြည့်ကျပ်နေပြီဟု မဆိုနိုင်သေးကြောင်း ဂျပန်နိုင်ငံ JICA အဖွဲ့မှ အကြံပြုချက်အရ သိရသည်။ ထိုအချက် သည် လက်တွေ့နှင့် နှိုင်းယှဉ်ပါက အဘယ်ကြောင့်ကွာခြားနေရပါသနည်း။ ရန်ကုန်မြို့ကြီး၌ လူကျပ်၊ ကားကျပ်ဖြစ်နေသည်မှာ အစိုးရသစ် သက်တမ်း တစ်ခုလုံး နီးပါး ရှိတော့မည် ဖြစ်သည်ဟုလည်း ဆိုကြသည်။ မြို့ကြီးတစ်မြို့ ဖြစ်လာပါက ယာဉ်ကြောပိတ်မည့် ပြဿနာကြီးထွားလာမြဲ ဖြစ်သည်ဟု နိုင်ငံတော်သမ္မတရုံးမှ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်က ပြောသည်။

မြန်မာနိုင်ငံတွင်သာမက ထိုင်းနှင့်စင်ကာပူနိုင်ငံတို့တွင်လည်း မြို့ပြဖွံ့ဖြိုးတိုးတက်ခါစတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်။ ဘန်ကောက်မြို့ တွင် ယခုထက်တိုင် ယာဉ်ကြောပိတ်ဆို့ မှု ပြဿနာ ရှိနေဆဲပင် ဖြစ်သည်။ ထိုင်းနိုင်ငံက ထိုပြဿနာကိုဖြေရှင်း ရန် မိုးပျံလမ်းများ တည်ဆောက်သည်။ 
 
မြို့ပတ်အမြန်လမ်းများ တည်ဆောက်ခဲ့သည်။ မိုးပျံရထား၊ မြေအောက်ရထားလမ်းများ တည်ဆောက်ပြီး အများပြည်သူ ခရီးသွားလာမှုကို အတိုင်းအတာတစ်ခုထိ အဆင်ပြေချောမွေ့စေခဲ့သည်။
စင်ကာပူနိုင်ငံတွင်လည်း မြို့လယ်ကောင်ကိုဖြတ်သော လမ်းမများကို ဦးစားမပေးဘဲ မြို့ပတ်လမ်းများကို ဦးစားပေး ဖောက်လုပ်ခဲ့ကြသည်။ သို့သော် မိုးရွာချိန်နှင့် ရုံးဆင်း၊ ရုံးတက်ချိန်ဆိုလျှင် ကားများတရွေ့ရွေ့သွားနေရဆဲကို စင်ကာပူ၏ နာမည်ကြီး အော့ချာ့(ဒ်)လမ်း (Orchard Road ) တွင် တွေ့နိုင်သည်။ရန်ကုန်တိုင်းဒေသကြီး ယာဉ် ထိမ်းတပ်ဖွဲ့က ယာဉ်ကြောပိတ်ဆို့မှု အဓိကနေရာ ၇၉ နေရာရှိသည်ဟု မေလ၂၄ရက် နေ့တွင် တရားဝင်ထုတ်ပြန်ကြေညာ ခဲ့သည်။

၎င်းတို့အနက် အဓိက ယာဉ်ကြောပိတ်နေရာများမှာ အနော်ရထာလမ်းမကြီး၊ ကမ္ဘာအေးဘုရားလမ်းမှ စက်မှု(၁) လမ်းဆုံ၊ တာမွေ ၅ ခွဆုံ၊ တာမွေ ဗလီထိပ်၊ ရန် ကင်း စင်တာရှေ့၊ သမိုင်းလမ်းဆုံ၊ ဆရာစံလမ်း၊ ချော်တွင်းကုန်း လမ်းဆုံတို့လည်း ပါဝင်လာကြသည်။ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံး က လည်း အောင်မင်္ဂလာအဝေးပြေးအနီး သုဓမ္မာ၊ ဝေဘာဂီနှင့် ရန်ကုန်မြို့၏ အချို့ လမ်းဆုံ၊ လမ်းခွနေရာများပါ ယာဉ်ကြောပိတ်အဓိကနေရာများဟု သတ်မှတ်ကြောင်း သ တင်းထုတ်ပြန်ခဲ့သည်။ ထိုကဲ့သို့ တရားဝင် ထုတ်ပြန်ကြေညာမှု မတိုင်မီကတည်းကပင် ထိုနေရာ များ၌ ယာဉ်ကြောပိတ်ဆို့မှု ဒုက္ခအစုစုကို ဘတ်စ်ကားစီး ခရီးသည်များ အ ငှားကားများနှင့် ကိုယ်ပိုင်ကားများ စီးနင်း လိုက်ပါသူတို့ကတွေ့ကြုံခဲ့ရသည်။ တွေ့ ကြုံနေရဆဲလည်း ဖြစ်သည်။ ”ဒါဟာ ရေရှည်မဖြစ်သင့်တဲ့ကိစ္စပါ။ ဘယ်သူတွေကို အဓိ ကလာထိခိုက်တာလဲဆိုတော့ လူထုကိုပါပဲ”ဟု မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၏ ဒုဥက္ကဋ္ဌလည်း ဖြစ်ပြီး လမ်းပိုင်းနှင့် ယာဉ်ကြောပိတ်ဆို့မှုများ အတွက် ဖြေရှင်းနို င် မည့် လမ်းများကို အစဉ်တစိုက် လေ့လာနေသူ အင်ဂျင်နီယာ ဦးအောင်မြင့်က ပြောဆိုသည်။

မြို့တွင်းသို့ ဦးတည်သည့် မြားများ
ကုန်စုံဆိုင်မှအစ အစိုးရရုံးများအလယ် ဘဏ်များအဆုံး အားလုံးနီးပါးမြို့လယ်တွင် အခြေချထားခြင်းကလည်း မြို့လယ်ကောင်သို့ ကားများ၊ လူများစုပြုံ ဝင်လာသည့် အ ချက်ဖြစ်သည်ဟု ဦးကိုကိုလှိုင်က ဆိုသည်။ မြို့လယ်ကောင်သို့ မော်တော်ယာဉ်လိုင်းများ တစ်နေရာတည်း ဦးတည်နေခြင်းကလည်း ယာဉ်ကြောပိတ်မှု ပြဿနာများထဲမှ အဓိ ကအချက်တစ်ချက်ဖြစ်ကြောင်း အင်ဂျင်နီယာ ဦးအောင်မြင့်က ထောက်ပြသည်။ လမ်းကြောင်းတူယာဉ်လိုင်းများ တစ်လိုင်းထက် ပိုကာရှိနေခြင်းကလည်း ယာဉ်ကြော ပိတ် မှု ပြဿနာများအနက် တစ်ခုဖြစ်ကြောင်း ဗန္ဓုလသယ်ယူပို့ ဆောင်ရေး မန်နေဂျင်းဒါရိုက်တာ ဦးမျိုးမြင့်က ဆိုသည်။

သို့သော် လိုင်းကားများအနေနှင့် လမ်းကြောတစ်ခုတွင် တစ်စီးနှုန်းသာရှိပါကမှတ်တိုင်တွင်ကြာမြင့်စွာရပ်ခြင်း၊ လူစောင့်တင်ပြီးမှသာ ထွက်ခွာခြင်း စ သည့်ပြဿများလည်း ရှိနိုင်သည်ဟု ခရီးသည်များက ဆိုကြသည်။ မှတ်တိုင်တွင် အချိန်ကြာမြင့်စွာ ရပ်တန့်၍ လူတင်ခြင်းဆိုသည်မှာ တစ်ရက်လျှင် ခရီးစဉ်အစ အဆုံး လေးခေါက် ပြေး ဆွဲနေနိုင် သည့် အခြေအနေမှာ ဖြစ်နိုင်သော်လည်း ယခုအခါ ခေါက်ရေနှင့်အတည်အကျပြေးဆွဲရန် မဖြစ်နိုင်တော့ ကြောင်း ၄၈ အထူးယာဉ်မောင်း ဦးဝင်း မောင်က တုံ့ပြန်ပြော ဆို သည်။
”ခေါက်ပြန်များများ ဆွဲနိုင်ရန် မစဉ်းစားနိုင်တော့ဘဲ ပထမဦးဆုံးခေါက်မှာ လမ်းမပိတ်ဖို့သာ ဆုတောင်းနေရတယ်။ ယခင်ကလိုလည်း ဝင်ငွေမကောင်းတော့ ပါ”ဟု ၎င်းက ထပ်မံပြောဆိုသည်။ မြို့တွင်း ပြေးဆွဲပေးနေသည့်ခရီးသည် တင်ယာဉ်လိုင်းပေါင်း ၃ဝဝ ကျော်ရှိပြီး ဘတ်စ်ကားစီးရေမှာလည်း ၅ဝဝဝ ကျော် ရှိသည်။ ရန်ကုန်တိုင်းအတွင်း မှတ်ပုံတင်ထားသည့် လူစီးယာဉ်ပေါင်း နှစ်သိန်းခုနစ်သောင်းကျော် ရှိလာပြီဟု ၂ဝ၁၄ ဧပြီလ စာရင်းဇယားများအရ သိရသည်။
”မြန်မာနိုင်ငံက အများပြည်သူ သယ်ယူပို့ဆောင်ရေးဟာ ချွေးနံ့တွေနဲ့ မွှန်ထူပြည့်နှက်နေတဲ့ ဘတ်စ်ကားပေါ်မှာ တိုးကြိတ်နေရတာပါပဲ။ မသက်သာပါဘူး။ ဒါကိုပဲလူ အများ စုက အားကိုး နေရပါတယ်။ ဆွစ်ဇာလန်နိုင်ငံမှာတော့ အများပြည်သူ သယ်ယူပို့ဆောင်ရေး ဆိုတာ ဆင်းရဲချမ်းသာ၊ တတ်နိုင်၊ မတတ် နိုင် အခြေအနေတွေပေါ်မှာ မူမတည် ဘဲ ဝန်ကြီးချုပ်ကအစ သာမန်လူတန်းစားအထိ (Public Transportation) ပြည်သူ့သယ်ယူ ပို့ဆောင်ရေးကိုသာ အသုံးပြုကြပါတယ်”ဟု Thura Swiss ကုမ္ပဏီ ဒေါက် တာ အောင်သူရက ပြောသည်။

လူတွေ ပြွတ်သိပ်နေတဲ့ ခရီးသည်တင်ဘတ်စ်ကားများ၊ အနော်ရထာလမ်းမပေါ်တွင် ပိတ်မိနေသည်မှာ နာရီဝက်ကျော်ရှိသည်။ သာကေတမှ ဘုရင့်နောင် သို့ နှစ်ဆင့် စီး သွားရမည့် အသက် ၅ဝ အရွယ် အင်ဂျင်နီယာဒေါ်ဆွေဆွေမြင့် တစ်ယောက်သက်ပြင်းရှည်များချလျက် ရှိသည်။ ရုံးရောက်လျှင် နေ့လယ်စာတန်းစားရသည့် အနေအ ထားဖြစ်နေပြီ ကားပေါ်တွင် လူငွေ့များတထောင်းထောင်း ထကာ ပူလောင်နေသည်ဟုလည်း သူမ က ညည်းတွားပြောသည်။တကယ်တမ်း သူမအနေဖြင့် လမ်းပိတ်၍ အချိန်မှန် မရောက်ခြင်းကြောင့် ရုံးလစာ ဖြတ်ခံရပေါင်း မနည်းဟုလည်း သူမက ဆိုသည်။ ထိုအသံများသည် ရန် ကုန်မြို့နေ ပြည်သူများ၏ ရင်တွင်းဖြစ် သံစဉ်များဖြစ်ကာ ဘယ်အချိန်အထိ ထိုကဲ့သို့ ညည်းတွားနေရဦးမည်နည်း။ ၂ဝ၃ဝ ရောက်လျှင် ရန်ကုန်လူဦးရေမှာ ၁ဝ သန်းခန့် ထိ တိုးပွားလာနိုင်ပြီး လူများလာသည်နှင့်အမျှ ကား လည်းများလာမှာ ဖြစ်သည်။

စမ်းသပ်ခံ ပြည်သူ့သယ်ယူ ပို့ဆောင်ရေးစနစ်
စီးပွားရေး တောင့်တင်းသော်လည်း လူတစ်ဦးလျှင် ကားတစ်စီးနှုန်း ဝယ်စီးရန်မှာ ဖြစ်သင့်သည့်အနေအထား မဟုတ်ကြောင်း ကမ္ဘာ့ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲ တိုင်းပြည် များတွင် လည်း ထိုအခြေအနေ မရှိကြောင်း ၎င်းတို့အတွက် မောင်းနှင်ရန် လုံလောက် သည့်လမ်းများရှိရန်လိုကြောင်းကို သမ္မတအကြံပေး ဦးကိုကိုလှိုင်က ပြောသည်။ ရန်ကုန် လူ ဦးရေ၏ လိုင်းကားစီးနှုန်းမှာ ၂ဝ၁၂-၂ဝ၁၃ ခုနှစ်များတွင် ၃၂ သန်းဖြစ်သည်ဟု ယခုနှစ်ထုတ်ပြန်သည့် စီးပွားရေးဆိုင်ရာအညွှန်းကိန်း (Eco- nomic Indicators) ထု တ်ပြန်ချက်အရ သိရသည်။ရန်ကုန်မြို့နေ ချမ်းသာကြွယ်ဝသည့် မိသားစုအချို့၌ အိမ်ရှိလူဦးရေ ထက်ကားပိုင်ဆိုင်မှုမှာ နှစ်ဆရှိသည်ဟု လသာမြို့နယ်သားတစ်ဦးက ဆို သည်။ ထိုအခြေအနေကို ပြည်သူ့သယ်ယူ ပို့ဆောင်ရေး (Public  Transportation) စနစ်ဖြင့်သာ ဖြေရှင်းနိုင်သည်။ တိုးတက်လာသော လူဦးရေနှင့်အပြိုင် အများသုံး လိုင်းကားများကို တိုးမြှင့်ပေးရမည်ဟု နိုင်ငံတော်သမ္မတအကြံပေးက ပြောသည်။
ရန်ကုန်မြို့ပတ်ရထားလမ်းကို အိမ်စောင့်အစိုးရလက်ထက်ကတည်းက ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။ မြို့ တွင်းမှ ဆင်ခြေဖုံးရပ်ကွက်များသို့ သွား လာရေး လွယ် ကူစေရန်ရည်ရွယ်ဆောက် လုပ်ထားသည်။ တစ်နေ့လျှင် ခေါက်ရေ ၂ဝဝ ကျော်ပြေးဆွဲနေသည့် အဆိုပါ မြို့ပတ်ရထားမှာ စီးနင်းသူ တစ်နေ့လျှင် တစ်သိန်းကျော်ရှိသည်ဟု သိရသည်။ ယာဉ်ကြောပိတ်ပြဿနာများကို ဖြေရှင်းနိုင်ရန် ခရီးသွားပြည်သူများ စဥ့် အိုးတန်း-လှိုင်သာယာ ရေယာဉ်လမ်းကို ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က ဖွင့် လှစ်ပြေးဆွဲပေးခဲ့သည်။ ၂ဝ၁၃ ခုနှစ် မေလတွင် FMI နှင့်ပြည်တွင်းရေကြောင်းတို့ ပူးပေါင်းကာ လှိုင်သာယာကားမှတ်တိုင်နှင့် သင်္ဘောဆိပ်အကြား အကြို အပို့ ပြု လုပ်ပေး ခဲ့သည်။

ထိုအစီအစဉ် မှာလည်း သင်္ဘောအစား ဘတ်စ်ကား စီးကြသူများသာများလေရာ ပြန်လည် ပိတ်သိမ်းခဲ့ရသည်။ နိုင်ငံတကာ၏ ယာဉ်ကြောပိတ် ပြဿနာ ဖြေ ရှင်း သည့်နည်း လမ်းမှာ ရေယာဉ်ခရီးစဉ်နှင့် ဖြေရှင်း၍မရ ကြောင်း ပြည်တွင်းရေကြောင်း မြစ်ဝကျွန်းပေါ်ဌာနခွဲမန်နေဂျာ ဦးသန့်ဇင်ဦး က ၎င်းအမြင်ကို ပြောပြသည်။ ”ကားမှတ် တိုင်အ ထိတော့ ဆိပ်ကမ်းလုပ်ပေးတော့မရဘူး”
သင့်ကြောင့် ကားလမ်းမပိတ်ပါစေနှင့်
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ၂ဝ၁၄ ခုနှစ် ဧပြီလအထိ (က) ကိုယ်ပိုင်ယာဉ်မောင်းလိုင်စင် သုံးသောင်းနီးပါးကိုလည်းကောင်း၊ (ဃ)အငှား ယာဉ်မောင်း လိုင်စင် တစ်သိန်းခြောက်သောင်းကိုလည်းကောင်း ထုတ်ပေးခဲ့သည်ဟု သိရသည်။ လမ်းပေါ်တွင် ပူပူနွေးနွေး လိုင်စင်အသစ်များကိုင်ကာ စိတ်ထင်တိုင်း မောင်းနေကြ သူ များ တိုးပွားလာကြောင်း အငှားယာဉ်မောင်းသက်တမ်း နှစ် ၂ဝ ကျော်ရှိသူ ဦးငွေစိုးက သူ့အတွေ့အကြုံ ကို ပြောပြသည်။တစ်သိန်းကျော် အရေအတွက် ရှိလာသည့် ယာဉ်ေ မာင်းများအနေဖြင့်ယာဉ်နှင့် လမ်းအပေါ်တွင် ပိုမိုကျွမ်းကျင် ပိုင်နိုင်မှုရှိရန်လိုအပ်ပြီးလမ်းစည်း ကမ်းနှင့်အညီမောင်းနှင်တတ်ရန်လည်း လိုအပ်လာကြောင်း အထူးသဖြင့် ယာဉ်ကြောပိတ်ချိန်တွင် အနည်းငယ်ချောင်မည့် လမ်းကြောကိုရွေးချယ်သွားလာနိုင်ခြင်းမရှိဘဲ ယာဉ်ကြောကျပ် လမ်းမကြီးများပေါ်တွင်သာ စုပြုံတိုးနေခြင်းက လည်း ပြဿ နာတစ်ခုဖြစ်သည်ဟု သက်တမ်းရင့် ယာဉ်မောင်းများက ထောက်ပြ သည်။

ယာဉ်ကြောပိတ်ဆို့မှုများသည် မီး ပွိုင့်စနစ် များပြားနေခြင်းကြောင့်လည်း ဖြစ်ပြီး နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်သင့်သည်ဖြစ်ကြောင်း သမ္မတ အကြံပေး ဦးကို ကို လှိုင်က ပြောသည်။ အင်ဂျင်နီယာအသင်း ဒုဥက္ကဋ္ဌ ဦးအောင်မြင့်ကမူ ”လူဖြင့် ထိန်းချုပ်ခြင်းထက် နည်းပညာအသုံးပြု၍သာ ဖြေရှင်းသင့်သည်”ဟု သုံးသပ်ပြော ဆို သည်။ ရန်ကုန်မြို့လယ်ကောင် နေရာများတွင် ယာဉ်ရပ်နားရန် နေရာများ တိတိကျကျပေါ်ပေါက်လာရန်လိုပြီ။ စည်းကမ်းမဲ့ ယာဉ်ရပ်နားခြင်းတို့ကလည်း ယာဉ် ကြော ပိတ် ပြဿနာ ကို ဖြစ်ပွားစေသည် ဟု ခရီးသွားများက ထောက်ပြပြောဆို လာကြသည်။

ကျောင်းဖွင့်ရာသီ၌ နာမည်ကြီး ကျောင်းများတွင် ကိုယ်ပိုင်ကျောင်းကြို ယာဉ်ငယ်များ၊ ယာဉ်ကြောပေါ်တွင် ထပ်ဆင့်ရပ်နားခြင်းကလည်း ယာဉ် ကြောပိတ် ဆို့မှုများ ကို ဖြစ်ေ စသည်ဟု နိုင်ငံတကာ ပညာရေး လမ်းကြောင်းအ တွက် အကြံပေးနေသည့်Crown Education မှ ဦးအောင်ကျော်ဆန်းက ပြောသည်။ နိုင်ငံတကာမှာလို အဝါရောင်ေ ကျာင်းကား အကြီးကြီးတွေလုပ်ပြီး ကျောင်းသူကျောင်းသားများများကို တစ်ခါတည်းနဲ့ သယ်ပို့ပေးနိုင်တာမျိုး လုပ်ရမည်။သို့သော် ရန်ကုန်မြို့တွင် ယခု ဇွန် လမှစကာ နံနက် ၈ နာရီမှ ၉ နာရီ ကြား နေ့လယ် ၁၂ နာရီ ၂ နာရီကြား၊ ညနေ ၅ နာရီအချိန်များတွင် နာမည်ကျော် ကျောင်းကြီးများရှေ့၌ ယာဉ်များ ပိတ် နေ သည် ကို ပြန် လည်တွေ့မြင် ရဦး မည် ဖြစ်သည်။

ဆေးမြီးတိုနှင့် ယာဉ်ကြောပိတ်ဆို့မှု
ရွှေဂုံတိုင်၊ လှည်းတန်း၊ ဘုရင့်နောင် ခုံးကျော်တံတား သုံးစင်းကို ၂ဝ၁၃ ခုနှစ်အတွင်း အပြီးသတ် တည်ဆောက် ခဲ့ကြသည်။ ယာဉ်ကြောပိတ် ဆို့မှုကို ဖြေ ရှင်း ရန် ဖြစ် သည်။ မြေနီကုန်း ခုံးကျော်တံတားအသစ် တစ်စင်းကိုလည်း ကျပ်ငွေ ၁၆ ဘီလျံ ကျော်သုံးစွဲပြီး ၂ဝ၁၄ -၂ဝ၁၅ ဘဏ္ဍာ နှစ်၌ တည်ဆောက် သွားဦးမည်ဟု ရန် ကုန် တိုင်းဒေ သကြီး အစိုးရအဖွဲ့အထူးအစည်းအဝေး ဆုံးဖြတ်ချက်အရသိရသည်။

”လမ်းပိတ်တဲ့ ပြဿနာကို ဖားခုံသလိုမျိုး တံတားထိုး ဖြေရှင်းလို့မရဘူး” ဟု အင်ဂျင်နီယာအသင်း ဒုဥက္ကဋ္ဌ ဦးအောင်မြင့်က ဝေဖန်ထောက်ပြထားသည်။ အိမ်နီးချင်း ထိုင်းနှင့် စင်ကာပူနိုင်ငံများတွင် ခုံးကျော်တံတားများ တည်ဆောက်ဖြေရှင်းသော်လည်း တစ်ဆက်တစ်ဆက်တည်း တံတားများဖြစ်၍ အမြန်လမ်းများသဖွယ် သွား လာနိုင်ကြ ခြင်းဖြစ် သည်။ ရန်ကုန်မှ ခုံးကျော်တံ တားများမှာ မီးပွိုင့်တစ်ပွိုင့်စာ ကျော် ဖြတ်သည့်အခြေအနေသာရှိသည်ဟု ယင်းက ပြောသည်။

နိုင်ငံတကာတွင်မူ ခုံးကျော်တံတား သာမက မြေအောက်ရထား၊ မြေအောက် လမ်းများနှင့် နှစ်ထပ်၊ သုံးထပ်ကားလမ်းများ၊ မြို့ပတ်အမြန်လမ်းများ ထားရှိပြီး ယာဉ်ကို အနှောင့်အယှက် မရှိစေရန် ပြုလုပ်ပေးထားခြင်း ဖြစ်သည်။ ၎င်းအစီအစဉ်များမှာ ငွေကြေးအရင်းအနှီးများ စွာ ကုန်ကျမည့်အရာများဖြစ်ကာ မြန်မာ နိုင်ငံအတွက် ခက် ခဲဦးမည်ဟု ပညာရှင်အများစုက တစ်ညီတစ်ညာတည်းပြောဆို ကြသည်။ မြန်မာနိုင်ငံတွင်မူ ခရီးသည်တင် အဝေးပြေးယာဉ်လိုင်းများကို အဝေး ပြေးဝင်းများပြုလုပ်ကာ မြို့ အစွန်တွင် ထားရှိပေးထားသော်လည်း အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် မကောင်း ခြင်းကြောင့် ခရီးသွားမည့်နှုန်းထားထက် မြို့တွင်းမှ အဝေးပြေးဝင်းသို့ သွားမည့် ကုန်ကျစရိတ် ပိုမိုမြင့်မားနေသည်ကို တွေ့ရသည်။ ”နေပြည်တော် ကားခ ၆ဝဝဝ။ မြို့ထဲကနေ အောင်မင်္ဂလာကို ၅ဝဝဝ။ အဲဒီလို ဖြစ်နေတယ်”ဟု သမ္မတ အကြံ ပေး ဦးကိုကိုလှိုင်က ပြောသည်။

လမ်းလျှောက်ဖို့ နေရာပေးပါ
”ရန်ကုန်ရဲ့ နေရာအတော်များများဟာ ကားတွေအတွက် ဖြစ်နေပြီး လမ်းလျှောက်မယ့် လူတွေအတွက် မဟုတ် တော့ဘူးဆိုတာ စိတ်မကောင်းကြီးစွာ တွေ့ရပါတယ်” Yangon Heritage Trust  မှ မြို့ ပြစီမံကိန်းအပိုင်းကို ကိုင်တွယ်ဆောင်ရွက်သူ Megan Quirk အား အယ်ဂျာဇီးယား မီဒီယာက မေးမြန်းရာ ဖြေကြား ခြင်းဖြစ်သည်။ ရန် ကုန်မြို့တွင် တက္ကစီအစီးရေ သုံးသောင်းကျော်ရှိနေပြီ။ အမေရိကန် နယူးယောက်မြို့၏ နှစ်ဆဖြစ်သည်ဟုလည်း ထောက်ပြထားသည်။လူများ လမ်းလျှောက်ရန် စင်္ကြံပ လက်ဖောင်းများမရှိခြင်း၊ စက်ဘီးစီးနင်းရန် ခွင့်မပြုခြင်းတို့ကလည်း ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်မည့် နည်း လမ်းများအား ပိုမိုခက်ခဲစေ သည် ဟု ရေး သား ပါရှိ သည်။

ရန်ကုန်မြို့နေ ပြည်သူများကို လမ်းလျှောက်နိုင်ရန် ပံ့ပိုးပေးပါက ယာဉ်စီးမှုနှုန်း လျော့ကျသွားမည်ဖြစ် သည်။ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာ လည်း အဆင်ပြေသွားနိုင်သည်။ ထို့ ကြောင့် လမ်းလျှောက်သမားများအတွက် ပလက်ဖောင်းကျယ်ကျယ်ဝန်းဝန်း ဖန်တီးပေးသင့်ကြောင်း Yangon Heritage Trust  မှ ပညာရှင် တစ်ဦး ဖြစ် သည့် ဒေါက်တာ သန့်မြင့်ဦးက လူမှု ကွန်ရက် စာမျက်နှာနှင့် ဟောပြောပွဲများ တွင် အကြံဥာဏ်ပေးခဲ့သည်။ သို့သော် ရန်ကုန်မြို့တော် စည်ပင်သာယာရေးက လက်ရှိ လူ သွားပလက်ဖောင်းများကို ယာဉ်သွားလမ်းမများအဖြစ် ပြောင်းလဲ ချဲ့ထွင်နေသည်ကို ရန်ကုန်မြို့တွင်း မြို့နယ်များတွင် တွေ့ရသည်။

ယာဉ်ကြောပိတ်ဆို့မှုကြောင့် ပြည် သူများ နစ်နာဆုံးရှုံးရသည့် လုပ်အား ခများကို စီးပွားရေး ပညာရှင် ကိုသန်း စိုးက တွက်ချက်ပြထားသည်။ တစ်နေ့လျှင် ဘတ်စ်ကားစီးသူ သုံးသိန်းဆိုပါစို့၊ သူတို့၏တစ်နေ့ပျမ်းမျှ လုပ်ခကျပ်ငွေ ခုနစ်ထောင်ဖြင့် တွက်ချက်လျှင် တစ်နာရီလုပ်အားခမှာ ၈၇၅ ကျပ် ဖြစ်သည်။ ယာဉ်ကြောတစ်နာရီ ပိတ်ဆို့လျှင် လူ သုံးသိန်းအတွက် လုပ်အားခ သန်းနှစ်ရာကျော် ဆုံးရှုံးမည်ဟု ယင်းက တွက်ချက်ပြထားသည်။ ထိုကဲ့သို့ ဆုံးရှုံးနစ်နာနေသည်သာမက မိသားစု တွေ့ဆုံချိန်များ နည်းပါး လာခြင်း၊ ကိုယ်ပိုင်အချိန် လျော့နည်း လာခြင်းများလည်း ဖြစ်လာနေပြီဟု ကိုသန်းစိုးက ဆက်လက်ပြောသည်။

ခရီးသွားပြည်သူများ၏ စွမ်းအား၊ လုပ်အားခနှင့် အချိန်များဆုံးရှုံးနေခြင်းကို မည်သည့်အချိန်တွင် ဖြေရှင်းပေးနိုင်မည်နည်း။ ”နည်းမှန်လမ်းမှန်နဲ့ ဖြေရှင်းဖို့ အချိန်ရောက်နေ ပါပြီ။ မဟုတ်ရင်တော့ မကြာခင်တိုးပွားလာဦးမယ့် ကားတွေနဲ့ ရင်လေးစရာအနေအထားပါပဲ”ဟု အင်ဂျင်နီယာအသင်း ဒုဥက္ကဋ္ဌက ဦးအောင်မြင့်က သုံးသပ်ပြသည်။
သုတလင်း၊ မြတ်စုငြိမ်း၊ အိမ်စည်စိုးစံ

Popular Journal


ကျပ်သန်းပေါင်း ၄၅၀၀၀ကျော်ဖိုးခန့်ရှိ ကြေးနီများ လက်ပံတောင်းမှ လစဉ်ထုတ်မည်ဟုဆို


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ပိုင်ခွင့်ရ မြန်မာ ၀မ်ပေါင်မိုင်းနင်းကော့ပါး လီမိတက်မှ စီးပွားဖြစ် ထုတ်လုပ်သည့် ကာလအတွင်း တစ်လလျှင် မြန်မာ ကျပ်သန်းပေါင်း ၄၅၀၀၀ကျော် တန်ဖိုးရှိ ကြေးနီများ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

“စံပယ်တောင်မှာ အပိုင်းသုံးပိုင်းခွဲပြီး ထုတ်လုပ်နေတယ်။ အခု အလယ်ပိုင်းကို ရောက်နေပြီ တစ်နေ့ကို မြေသားရော တန်ချိန် ၇၀၀၀လောက် တူးဖော် ထုတ်လုပ်နေတယ်” ဟု မြန်မာဝမ်ပေါင် မိုင်းနင်းကော့ပါး လီမိတက်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

နိုင်ငံတော် အစိုးရ အနေဖြင့် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းမှ ကြေးနီ ထုတ်လုပ်မှုအား နှစ်၃၀ ခွင့်ပြုထားပြီး ယင်းစီမံကိန်းမှ ကြေးနီတန်ချိန်ပေါင်း ၅၆သန်း ထုတ်လုပ် ရရှိမည်ဟု ခန့်မှန်းထားကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ စီမံကိန်းမှ ထုတ်လုပ်ရရှိမည့် ကြေးနီများ အနေဖြင့် နိုင်ငံတကာ အသိအမှတ်ပြုထားသည့် အရည်အသွေး အထိ အဆင့်မီသည့် အတွက် ကြေးနီ နှစ်တန်ခွဲ တစ်ထုပ်လျှင် မြန်မာကျပ်ငွေ သိန်း ၁၅၀အထိ ရရှိမည်ဖြစ်ပြီး လက်ရှိ အချိန်တွင် စံပယ်တောင်မှ ကြေးနီထုတ်လုပ်လျက်ရှိသည်ဟု သိရသည်။

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းမှ ကျပ်သန်းပေါင်း ၄၅၀၀၀ကျော်ကို လစဉ် ထုတ်လုပ်မည့် စီမံကိန်း အနေဖြင့် တာဝန် ထမ်းဆောင်နေသည့် ဒေသခံ မြန်မာ ၀န်ထမ်းများအား တစ်လလျှင် ထောက်ပံ့ကြေး ကျပ်တစ်သိန်းဖြင့် ၁၈လတိတိ လုပ်ဆောင် ပေးရမည် ဖြစ်ပြီး ၁၈လ ပြည့်ပြီးမှသာ အမေရိကန် ဒေါ်လာ ၁၈၀သို့ တိုးချဲ့ပေးသွားမည်ဟုလည်း မြန်မာ ၀မ်ပေါင် ကုမ္ပဏီမှ သိရသည်။

“လစဉ် သန်းချီရနေတာတောင် မြန်မာဝန်ထမ်းတွေကို တစ်လ တစ်သိန်းပဲ ပေးတာကတော့ အတော် လူမဆန်တဲ့ လုပ်ရပ်ပဲ။ အဲဒါကို နိုင်ငံတော် အစိုးရက သေချာဖြေရှင်းပေးဖို့ လိုတယ်” ဟု ဒေသခံ တစ်ဦးက သုံးသပ်သည်။

မြန်မာဝမ်ပေါင် မိုင်းနင်းကော့ပါး လီမိတက် အနေဖြင့် လက်ရှိအချိန်တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား မြေသားတူးဖော်မှု လုပ်ငန်းများ လုပ်ဆောင်နေပြီး စံပယ်တောင်တွင်လည်း အပိုင်းသုံးပိုင်း ခွဲ၍ ကြေးနီ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
 
Tomorrow Journal

ဆုတောင်းလေးတွေပြောင်းလိုက်ပါ

 

ဘုန်းကြီးတို့ အင်္ဂလိပ်စာ နည်းနည်းလေးအဆင့်မြင့်မြင့် သင်မိတဲ့အချိန်မှာ The dictionary of synonym ဆိုတဲ့ စာအုပ်ကို သင်ရတယ်။ အဲဒီထဲမှာ Abominable ဆိုးသော ၊ Execrable ပို၍
ဆိုးသော ၊ Detestable အလွန်သာ၍ဆိုးသော။ Degree တွေက တစ်ခုထက် တစ်ခုမြင့်သွားတယ်။ အဲဒီ စကားလုံး ၃ လုံးအကြောင်းကို အဲဒီစာအုပ်ထဲမှာ Story လေးတစ်ပုဒ်နဲ့ ရှင်းပြထားတယ်။

ဘီစီ ၅၀၀ လောက်တုန်းက ဒင်နိုနီးရှား ဆိုတဲ့ မင်းတစ်ပါးဟာ
အီတလီနိုင်ငံရဲ့ အနီးအနား မြေထဲပင်လယ်နားက ကျွန်းကလေးတစ်ကျွန်းမှာ အုပ်ချုပ်တယ်။ အဲဒီ ကျွန်းလေးနာမည်က စစ္စလီကျွန်း။ အဲဒီကျွန်းလေးပေါ်မှာ အဲဒီမင်းကြီး အုပ်ချုပ်တယ်။
မင်းကြီးနာမည်က ဒင်နိုနီးရှား။ အဲဒီမင်းက သိပ်ရက်စက်ကြမ်းကြုတ်တယ်။ ခရစ်မပေါ်သေးခင်ဆိုတော့ အဲဒီရောမ ပတ်ပတ်လည်မှာ လူတွေဟာ နတ်အမျိုးမျိုးကို ကိုးကွယ်ပြီးတော့
နတ်ကျောင်းတွေရှိတယ်။ တို့ တောင်ပြုန်းရွာကို သွားလိုက်လို့ 
ရှိရင် တစ်ရွာလုံး နတ်ကျောင်းကြီးပဲ။ နတ်ကွန်းကြီးပဲ။ အဲဒီလိုပေါ့။ အဲဒီတော့ တိုင်းသူပြည်သား လူအများက အဲဒီနတ်ကွန်းတွေထဲ သွားသွားပြီးတော့ ဆုတောင်းကြတယ်။ အခု တိုင်းပြည်က
ဘုရင်က အလွန်ရက်စက်ကြမ်းကြုတ်လို့ အဲဒီ ဘုရင် အသက်မရှည်ပါစေနဲ့ ။ မြန်မြန်သေပါစေဆိုပြီး တိုင်းသူပြည်သားတွေက ၀ိုင်းဆုတောင်းကြတယ်။ အဲဒီ ဘုရင် မကြာခင်သေတာပဲ။

ဟော……….နောက် ဘုရင် တစ်ပါးထပ်တက်လာတယ်။ သူက
အရင် ဘုရင်ထက် ပိုပြီးရက်စက်တယ်။ ပိုဆိုးတယ်။ အဲဒါကြောင့် တိုင်းသူပြည်သား လူအများ အဲဒီ နတ်ကျောင်းတွေ နတ်ကွန်းတွေထဲသွားပြီး ဆုတောင်းကြပြန်တယ်။ အဲဒီ ဘုရင်ဆိုးကြီး မြန်မြန်
သေပါစေ ဆိုပြီးတော့ပေါ့။ အဲဒီအခါ အဲဒီဘုရင်လည်း သေသွားပြန်ရော။ ဆုတောင်းက တယ်ပြည့်တာကိုးကွ။ မင်း ၂ ပါးသေသွားတယ်။

ဒါနဲ့ နောက် တတိယတစ်ကောင် ထပ်တက်လာပြန်တယ်။ အဲဒီ
အကောင်ကျတော့ အဆိုးဆုံးအကောင်ဖြစ်နေတယ်။ အဆိုးဆုံး ဘုရင်ပေါ့ကွာ။ အဲဒီတော့ တိုင်းသူပြည်သားတွေက စဉ်းစားတယ် ၊ တို့ ဘယ်လို ဆုတောင်းရင် ကောင်းမလဲ။ ပထမဆုတောင်းလည်း
ပြည့်တယ် ၊ ဆိုးတဲ့ကောင် သေသွားတယ်။ ဒုတိယ ဆုတောင်းလည်းပြည့်တယ် ၊ ပိုဆိုးတဲ့ကောင် သေသွားတယ်။ အခု တတိယတစ်ကောင်လာတော့ ဘာဖြစ်လဲ။ လူတွေ အသက်ရှုဖို့ တောင် မလွယ်တော့ဘူး။ ဟာ………..ဒီတစ်ခါတော့ တို့ ဆုတောင်းပြောင်းရင်
ကောင်းမယ်။ အဲဒီလိုဆိုပြီးတော့ ဘုရားကျောင်းထဲမှာ အကုန်
စုပြီးတော့ ဆုတောင်းကြတယ်။

အဲဒီမှာ အဖွားအိုကြီးတစ်ယောက်က ဦးဆောင်ပြီးတော့ အသံအကျယ်ကြီးအော်ပြီးတော့ ဆုတောင်းတယ်။
“ အဆိုးဆုံးဘုရင်ကြီး သက်တော်ရာကျော် ရှည်ပါစေ။ ”

အဲဒီအချိန်မှာ ဘုရင်ကြီးက ရုပ်ဖျက်ပြီး အဲဒီ ဘုရားကျောင်းထဲက
ဆုတောင်းတဲ့ သူတွေကြားထဲ ၀င်ထိုင်နေတယ်ဆိုပဲ။ အဲဒီမှာ ဘုရင်ကြီးက တိုင်းပြည်က ငါ့ကို မေတ္တာဘယ်လောက်ထားလဲဆိုတာသိလိုက်ပြီ။ အကုန်လုံးက သက်တော်ရာကျော်ရှည်ပါ
စေချည်း ဆုတောင်းနေကြတယ်။ ထူးတော့ ထူးဆန်းတယ်ဟေ့။ ငါ့လောက် ဆိုးတဲ့ကောင်လည်းမရှိဘူး။ ငါ့လည်း သက်တော်ရာကျော်ရှည်ဖို့ ဆုတောင်းနေကြတယ်။ ဒါကြီးကတော့ ထူးဆန်းနေတာပဲ။

သူလည်း သူ့ ဟာသူတော့ သိသား။ ငါ့ထက်ဆိုးတဲ့ကောင်လည်း မရှိတော့ဘူး။ ငါ့လည်း အသက်ရှည်ဖို့ ဆုတောင်းနေတယ်။ မဖြစ်သေးဘူး။ ငါမေးအုံးမှပဲ ဆိုပြီးတော့ အဖွားအိုကြီးတစ်ယောက်ကို
ကပ်မေးတယ်။

“ အဖွားရေ ကျုပ်မေးခွန်းတစ်ခုလောက် မေးချင်တယ်။ ပထမ
ဆုတောင်း ဘယ်လိုတောင်းခဲ့သလဲ။ ”ဆိုးသော ဘုရင်ကြီးသေဖို့ ။ သေသွားတယ်။
“ နောက်ဘာဆုတောင်းလဲ။ ”ပို၍ဆိုးတဲ့ ဘုရင်တက်လာတယ်။ သေဖို့ ဆုတောင်းတယ်။ သေသွားတယ်။
“ အခု အဆိုးဆုံး ဘုရင်တက်လာတယ်။ ဘာကြောင့် အသက်ရှည်ဖို့ 
ဆုတောင်းနေတာလဲ အဖွားရဲ့ ။ ”

ဟ………အဲဒီ အဆိုးဆုံးအကောင်ကို သေပါစေလို့ ဆုတောင်းရင် နောက် စတုတ္တတက်လာမယ့်ကောင်က သူ့ ထက်ဆိုးမှာကြောက်ရတယ်။ အဲဒါကြောင့် ဒီ အဆိုးဆုံးကောင်လေးနဲ့ ပဲ နေပါရစေတော့။
သူ့ ထက်ဆိုးတဲ့ကောင်တက်လာရင် တိုင်းပြည်မှာ လူကျန်တော့မှာမဟုတ်ဘူး။ အဲဒါကြောင့် ဒီအဆိုးဆုံး မင်း နဲ့ ပဲ နေပါရစေဆိုပြီးတော့ ဆုတောင်းနေတာပါဆိုတော့ အဲဒီအခါ မင်းကြီးက အော်……….
တိုင်းပြည်က လူတွေက ငါ့ကို ဒီလောက်ဆုကောင်းကောင်း တောင်းပေးနေရင် ငါဆိုးလို့ မဖြစ်တော့ဘူး။ အဲဒီအခါကျမှ မင်းကြီးဟာ ကောင်းသွားတော့တယ်တဲ့။

သီတဂူဆရာတော်ကြီး အရှင်ဥာဏိဿရ
[ သီတဂူဆရာတော်ကြီး အရှင်ဥာဏိဿရ ဟောကြားတော်မူသော
“ဆုတောင်းပြောင်းလိုက်ပါ” တရားတော်မှ ကောက်နုတ်ဖော်ပြပါသည်။ ]

Dhamma Dãna Source ► ကိုထူးတင့်နိုင် &
www.facebook.com/youngbuddhistassociation.mm




မန္တလေးမြို့



မန္တလေးမြို့အား မင်းတုန်းမင်းတရားကြီးက (၁၈၅၇) ခုနှစ်၊ ဇန၀ါရီလ(၂၈) ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပါတယ်

မန္တလေးမြို့ဟာ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်ပါတယ်

မန္တလေးမြို့ဟာအကျယ်အ၀န်းစတုရန်းကီလိုမီတာ 8736 km2 (22626 sq mile)ရှိပြီးလူဦးရေ သန်း ကျော်နေထိုင်ပါတယ်

မန္တလေးမြို့တွင် (၁၈၇၀) ပြည့်နှစ်၊ ဇူလိုင်လ(၃၀) ရက်နေ့က ပထမဆုံးခရစ်ယာန်ဘုရားရှိခိုးကျောင်းကို ဖွင့်လှစ်ခဲ့ရာ မင်းတုန်းမင်းကိုယ်စား ကင်းဝန်မင်းကြီး၊ ယောမင်းကြီးနှင့်ကုလားဝန်တို့ တက်ရောက်ကြပါတယ်။

မန္တလေးမြို့တော်အတွင်း စွယ်တော်စင်နှင့်ဗဟိုစင်တို့ကို(၁၈၅၇) ခုနှစ်၊ စက်တင်ဘာလ(၄) ရက်နေ့တွင်စတင်ဆောက် လုပ်ခဲ့ပါတယ်။

  မြန်မာပထမဆုံးပုံနှိပ်တိုက်မှာ မင်းတုန်းမင်းကြီး မန္တလေးမြို့၊ ရွှေနန်းတော်မြောက်ဥယျာဉ်တွင် တည်ခဲ့သော ပုံနှိပ်တိုက်ဖြစ်ပါတယ်။

  မြန်မာ့ပထမဆုံးဒင်္ဂါးသွန်းစက်ရုံကို မင်းတုန်းမင်းလက်ထက် (၁၈၅၆)ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့တွင် မန္တလေးမြို့၌ စတင်ဖွင့်လှစ်ခဲ့ပြီး၊ ထိုနေ့မှပင် မြန်မာပထမဆုံးဒင်္ဂါးများသော ဒေါင်းတံဆိပ်ဒင်္ဂါးပြားများကို သွန်းလုပ်ခဲ့ပါတယ်။

မန္တလေးအမရပူရမြို့မှာခရစ်နှစ် ၁၈၄၉-ခုနှစ်မှာဆောက်လုပ်ခဲ့တဲ့
ကမ္ဘာ့အရှည်ဆုံးသစ်သားတံတား ( ဦးပိန်တံတား ) ရှိပါတယ်

မန္တလေးမြို့တော်အတွင်းကကုသိုလ်တော်ဘုရားလို့ လူသိများတဲ့လောက မာရဇိန် စေတီတော် အတွင်း က ကျောက်စာပေါင်း ၇၂၉ ချပ်ဟာ ကမ္ဘာ့အကြီးဆုံး စာအုပ်အဖြစ်အသိ အမှတ်ပြုခံထားရပါတယ်

မန္တလေးမြို့ မဟာလောက မာရဇိန် စေတီတော်ရဲ့ မဟာရံတံတိုင်း သုံးထပ်အတွင်း တည်ထားခဲ့တဲ့ ပိဋကတ်တော် ကျောက်စာတွေဟာကမ္ဘာမှာ အမှန်ကန်ဆုံးနဲ့အခိုင်မာဆုံး ပိဋကတ်တော် တွေအဖြစ် တည်ရှိနေပြီးကမ္ဘာ့ရှေးဟောင်း အောက်မေ့ဖွယ် အမွေအနှစ်အဖြစ် စာရင်းသွင်း ခံရပါတယ်။

OMO

iDevice users များ iOS 8 beta ကို install မလုပ်သင့်သေးတဲ့ အကြောင်းအရင်းများ



iOS 8 beta version အသစ်ထွက်လာတော့ idevice users တွေအနေနဲ့ အတော်လေး စိတ်လှုပ်ရှားနေ ကြမှာပါ... အခု version အသစ်မှာ features အသစ်တွေ အပါအ၀င် အခြားအပြောင်းအလဲတွေလည်း အတော်များများ ပါဝင်လာတော့ users တွေအနဲ့ စိတ်လှုပ်ရှားလောက်ပါတယ်... ဒီ beta version အသစ်ကို developers တွေသာမက users တွေအားလုံးလည်း install လုပ်နိုင်တယ်လို့ ဆိုပါတယ်... တချို့ဆိုရင် ဆိုကျိုးကောင်းကျိုးတွေကို မစဉ်းစားတော့ပဲ... အချိန်ကာလတခုလောက်ကို မစောင့် ကြည့်တော့ပဲ ချက်ချင်း ဆိုသလို install လုပ်လိုက်ပြီး အဆင်မပြေမှုတွေ ကြုံနေရတဲ့ users တွေလည်း ရှိနေပါတယ်... ဒီ iOS 8 beta ဟာ developers အတွက် ပြဿနာမရှိလှပေမဲ့ users တွေ အတွက်တော့ install မလုပ်သင့်သေးဘူးလို့ အကြံပြုထားပါတယ်... အကြောင်းအရင်း ၇ ချက်ရှိပါတယ်.... အဲဒါတွေကတော့....

1. Compatibility issues with apps

iOS 8 သွင်းထားတဲ့ idevice တွေမှာ Whatsapp တို့လို လူကြိုက်များတဲ့ third-party apps တွေနဲ့ compatible မဖြစ်တဲ့ ပြဿနာပါ... ဒါတွေဟာ developers တွေရဲ့ အားနည်းချက်မဟုတ်ပဲ iOS 8 နဲ့ compatible ဖြစ်အောင် ဒီ apps တွေကို update လုပ်ရမှာပါ...  ဒီအတွက်.. Apple အနေနဲ့ iOS 8 Golden Master ကို စက်တင်ဘာလထဲမှာ release လုပ်တဲ့ အချိန်ကျမှသာ ဒီ issue ကို fix လုပ်နိုင်ပြီး Apple store ထဲကို update ရောက်မှာဖြစ်ပါတယ်...

2. It’s buggy

iOS 8 မှာ third-party apps တွေနဲ့ compatibility မဖြစ်တဲ့ issue တွေအပြင်... device ကို reboot ဖြစ်စေတဲ့ (ဒါမှမဟုတ်) Springboard ကို crash ဖြစ်စေတဲ့ stock apps တွေထဲမှာ bugs တွေ errors တွေလည်း ရှိနေပါတယ်... idevice နဲ့ ဖုန်းပြောနေတဲ့ အချိန်မှာပဲဖြစ်ဖြစ်... အီးမေးလ်ရေးနေတဲ့ အချိန်မှာပဲ ဖြစ်ဖြစ်... ဂိမ်းဆော့နေတဲ့ အချိန်မှာပဲဖြစ်ဖြစ် ဒီလိုမျိုး မိမိတို့ idevice က crash ဒါမှမဟုတ် reboot ဖြစ်ခဲ့မယ်ဆိုရင် users တွေအတွက် အတော်လေး စိတ်အနှောက်အယှက် ဖြစ်စရာပါ...

Apple အနေနဲ့ ဒီ iOS 8 ကို beta နဲ့ တွဲပြီး ခေါ်ရတဲ့ အကြောင်းအရင်း ရျိပါတယ်... ပြီးတော့ ဒီ version ဟာ users တွေအားလုံး သုံးဖို့အတွက် ထွက်လာတဲ့ public release တခုလည်း မဟုတ်သေးပါဘူး... iOS 8 မှာ ဖြစ်တဲ့ crash issues တွေနဲ့ bugs တွေကို စောင့်ကြည့်ပြီး fix လုပ်ဖို့ Apple အနေနဲ့ ဒီ beta version ကို အသုံးပြုတာဖြစ်ပါတယ်... ဒီအတွက် ပုံမှန်အားဖြင်တော့ ၃ လခန့် ကြာပါတယ်.. တချိန် တည်းမှာပဲ သက်ဆိုင်ရာ developers တွေကလည်း ဒီ beta version ကို အသုံးပြုပြီး iOS 8 အတွက် သူတို့ရဲ့ apps တွေကို update လုပ်တာတို့ compatibility ဖြစ်အောင် fix လုပ်တာတို့ စသဖြင့် လုပ်ဆောင်ကြပါတယ်...

iOS 8 တင်ပြီးတော့ errors တွေ bugs တွေ ကြုံခဲ့ရင် ဒီနေရာမှာ report လုပ်နိုင်ပါတယ်... 
3. Downgrading to iOS 8

iDevice ထဲမှာ iOS 8 beta ကို install လုပ်ထားပြီး မလိုချင်တော့လို့ iOS 7.1.1 ကို လွယ်ကူစွာနဲ့ downgrade လုပ်လို့ ရပါတယ်... ဒါပေမဲ့ ဒီလိုပြန်လုပ်တာဟာ အတော်လေးကို အလေးအနက် ထားရမဲ့ issues ပါ.. ဘာဖြစ်လို့လဲဆိုတော့ iOS 7.1.1 ကို downgrade လုပ်ပြီးတဲ့နောက်မှာ မိမိတို့ idevice ကို iOS 8 backup ကနေ restore ပြန်လုပ်လို့ မရနိုင်တော့ပါဘူး... iOS 7 နဲ့ compatible ဖြစ်တဲ့ backup ကိုသာ restore လုပ်နိုင်တော့မှာပါ... ဆိုလိုတာက မိမိတို့ idevice ကို iOS 8 ကို upgrade လုပ်တဲ့ အချိန်နဲ့ iOS 7.1.1 ကို ပြန်ပြီးတော့ downgrade လုပ်လိုက်တဲ့အချိန် ကြားကာလမှာရှိတဲ့ deta တွေ ဆုံးရှုံးသွားလို့ပါ...

တကယ်ဆိုရင် iOS 8 တင်ထားတဲ့ users တွေအနေနဲ့ အရင် version တွေကို ပြန်ပြီးတော့ downgrade လုပ်ဖို့ မဖြစ်နိုင်ဘူးလို့ Apple က သတိပေးထားပါတယ်... 

4. No Jailbreak

နောက်တခုက device ကို jailbreak လုပ်ထားတဲ့ users တွေပါ... အကယ်လို့ iOS 6 beta ကို upgrade လုပ်လိုက်ရင် jailbreak အခွင့်အလမ်း ဆုံးရှုံးမှာ ဖြစ်ပါတယ်... ပြန်ပြီးတော့ jailbreak လုပ်နိုင်တဲ့ အချိန် ကာလဟာ အတော်လေးကြာအုံးမှာပါ... ပြီးတော့ hackers တွေအနေနဲ့လည်း evasi0n တို့လို jailbreak tool တွေကို release လုပ်နိုင်မှာ မဟုတ်သေးပါဘူး... အကြောင်းရင်းကတော့ Apple အနေနဲ့ သူ့ရဲ့နောက်ဆုံး version မှာ jailbreak tool က အသုံးပြုထားတဲ့ vulnerabilities တွေကို fix လုပ်ထားတဲ့ အတွက်ကြောင့်ပါ... ဆိုတော့ iOS 8 public version အတွက် jailbreak tool ကို hackers တွေ release လုပ်တဲ့ အချိန်ထိသာ စောင့်ရတော့မှာပါ... iOS 7 အတွက် ပထမဦးဆုံး evasi0n7 jailbreak tool ကို ပြီးခဲ့တဲ့ နှစ်ကုန်လောက်က release လုပ်ခဲ့တာဖြစ်ပါတယ်... ဒါကိုပြန်ကြည့်မယ်ဆိုရင် iOS 7 ကို users တွေအားလုံးအတွက် public release လုပ်ပြီး ၃ လကျော်လောက်မှာ ထွက်လာတာဖြစ်ပါ တယ်... ဒီအတိုင်းသာ မျှော်လင့်ကြပါစို့... 
5. No help

iOS 8 beta တင်ထားတဲ့ မိမိတို့ idevice မှာ ပြဿနာတခုခုပေါ်လာပြီဆိုရင် ဖြေရှင်းဖို့အတွက် Apple ကနေဖြစ်စေ developers တွေကနေဖြစ်စေ အကူအညီ ယူလို့မရတဲ့ ပြဿနာပါ... ဖြေရှင်းချက်ပေးမဲ့အစား ပြောလာမဲ့ အရာတွေကတော့ iOS 8 နောက်ဆုံး version ကို စောင့်ဖို့နဲ့... bugs တွေကို fix လုပ်ဖို့အ တွက် နောက်ထပ် beta version ကိုစောင့်ဖို့ ဆိုတာပဲ ဖြစ်ပါတယ်... ထူးခြားချက်က ဒီ beta versions ကို developers တွေ ကိုယ်နှိုက်တောင် သူတို့ရဲ့ primary devices တွေမှာ install မလုပ်ကြဘူးလို့ ဆိုပါတယ်... ဒီ iOS 8 beta version ပေါ်မှာ သူတို့ရဲ့ apps တွေကို test လုပ်ဖို့အတွက် ပုံမှန်အားဖြင့် သီးခြား devices တွေ ရှိပါတယ်... တချို့ users တွေကတော့ မိမိသဘောနဲ့ပဲဖြစ်ဖြစ် တစုံတယောက်က ဆွပေးလို့ပဲဖြစ်ဖြစ်.. မြှောက်ပေးလိုက်လို့ပဲဖြစ်ဖြစ် သူတို့ရဲ့ primary devices တွေမှာ install နေကြတာ ကို လေ့လာဖတ်ရှု ရပါတယ်... 

6. Not fully optimized

iOS 8 beta ဟာ လုံးဝကို fully optimize မဖြစ်သေးပါဘူး... Apple အနေနဲ့ beta version ရဲ့ performance ပိုင်းမှာ ပြဿနာဖြစ်နေတဲ့ bugs တွေကို ခြေရာခံပြီး fix လုပ်ဖို့အတွက် debug သတင်း အချက်အလက်တွေကို စုဆောင်းနေတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်... Apple အနေနဲ့ ဒီ beta version ကာလအတွင်းမှာ performance ပိုင်းနဲ့ပတ်သက်ပြီး တိုးတက်ကောင်းမွန်အောင် ဆက်လက်လုပ်ဆောင် ဖို့ မျှော်လင့်ရပါတယ်...  

7. Expectations

iOS 8 အသစ်မှာ ပါဝင်လာတဲ့ notification Center widgets နဲ့ third-party keyboards စတဲ့ စိတ် ၀င်စားစရာ features အလန်းတွေကို ဒီ beta version မှာ အသုံးပြုလို့ မရသေးပဲ users တွေ အားလုံး အတွက် public release လုပ်တဲ့ အချိန်မှသာ အသုံးပြုနိုင်မှာပါ... ဘာဖြစ်လို့လဲဆိုတော့ developers တွေအနေနဲ့ သူတို့ရဲ့ အဆိုပါ features အသစ်တွေကို iOS 8 Golden Master ကို release လုပ်တဲ့ အချိန်ကျမှသာ Apple store ကို submit လုပ်နိုင်မှာ ဖြစ်တဲ့အတွက်ကြောင့်ပါ... လာမဲ့ စက်တင်ဘာလ မှာ release လုပ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်..

နောက်ဆုံးအနေနဲ့... iOS 8 beta လုပ်တဲ့နေရာမှာ Developers တွေအတွက်တော့ ပြဿနာမရှိလှပေမဲ့... သာမန် iDevice users တွေကို အကြံပြုချင်တာက အထက်မှာဖော်ပြခဲ့တဲ့ issues တွေကို ရင်မဆိုင်ချင် ဘူးဆိုရင် လာမဲ့ စက်တင်ဘာလမှာ users တွေ အားလုံးအတွက် public release လုပ်မဲ့ iOS 8 ကို ရင်ခုန်စွာနဲ့ စောင့်မျှော်ပါလို့ အကြံပြုရင်း...။ ____ ref;iphonehacks

GOOD LUCK..........
ကိုမျိုး (lwanmapyay.blogspot.com)


၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အားလုံးပါဖို့ ကယန်းပြည်သစ်ပါတီ တိုက်တွန်း

 
 ကယန်းအမျိုးသားတွေဟာ နှစ် ၅၀ ကြာအောင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ပေမဲ့ အခုချိန်ထိ စစ်အာဏာရှင်စနစ်ဟာ တည်ရှိနေသေးကြောင်း ဒီနေ့ကျင်းပတဲ့ ကယန်းအမျိုးသား တော်လှန်ရေး နှစ် ၅၀ ပြည့် ရွှေရတုအခမ်းအနားမှာ ကယန်းပြည်သစ်ပါတီ ဥက္ကဌ ဦးသန်းစိုးနိုင်က ပြောကြားခဲ့ပါတယ်။

ဒီနေ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်က ဆီးပူးဒေသမှာရှိတဲ့ ကယန်းပြည်သစ် တပ်မတော်ဌာနချုပ်မှာ ကယန်းအမျိုးသားတော်လှန်ရေး နှစ် ၅၀ ပြည့် အခမ်းအနားကျင်းပရာမှာ အခုချိန်ထိ စစ်အာဏာရှင်စနစ်ရှိနေတာဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့်ဖြစ်ကြောင်းနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို အားလုံးပါဝင်ဆောင်ရွက်ကြဖို့ ကယန်းပြည်သစ်ပါတီ ဥက္ကဌ ဦးသန်းစိုးနိုင်က ပြောပါတယ်။

"စစ်အာဏာရှင်စနစ်ဟာ ဒီကနေ့အထိ တည်ရှိနေဆဲဖြစ်ပါတယ်၊ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရှိနေသရွေ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေဦးမှာဖြစ်ပါတယ်၊ ဒါကြောင့် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် အခြေခံဥပဒေကို အကုန်အစင်ပြင်ဆင်ရေး တနည်းအားဖြင့် အသစ်ရေးဆွဲရေးတွင် ပင်လုံစိတ်ဓါတ်ကို အခြေခံတဲ့ ညီလာခံ ကျင်းပနိုင်ရန် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးက လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံက တစည်းတလုံး ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်သွားကြဖို့ တိုက်တွန်းပါတယ်"

ကယန်းပြည်သစ် တပ်မတော်ကို လွန်ခဲ့တဲ့ ၁၉၆၄ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၁၉၉၄ ခုနှစ်မှာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့ပါတယ်။

ဒီနေ့ အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ ရလလဖ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ ညီညွတ်သော ၀ အမျိုးသားပါတီစတဲ့ မဟာမိတ်အဖွဲ့ ၂၀ကျော် က ကိုယ်စားလှယ်တွေ အပါအ၀င် ဒေသခံ တစ်ထောင်ကျော် တက်ရောက်ခဲ့ပါတယ်။

RFA Burmese

ဇာတိမြေသို့ ပြန်စရာမလိုဘဲ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းကို မိမိနေထိုင်ရာမြို့နယ်တွင် ပြုလုပ်နိုင်တော့မည်


ရပ်ဝေးသို့ရောက် ရှိနေသူများအနေဖြင့်
ယင်းတို့၏နိုင်ငံ သားစိစစ်ရေးကတ်နှင့်
အိမ်ထောင် စုလူ ဦးရေစာရင်း တို့ကို မိမိ
ဇာတိသို့ သွားစရာမလိုဘဲ လက်ရှိနေထိုင်
ရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုး


သားမှတ်ပုံတင်ဦးစီးဌာနမှူးရုံး၌ လူ ကိုယ်တိုင်သွားရောက် လျှောက်ထား ၍ရကြောင်း
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည် ထောင်စုဒုတိယဝန်ကြီး ဦးကျော် ကျော်ဝင်းက ပြောသည်။

ဇွန် ၃ ရက် က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ပထမအကြိမ်အမျိုး သားလွှတ်တော်ဒသမပုံမှန်အစည်း အဝေးစတုတ္ထနေ့တွင် ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၆)မှ ဦးခင်မောင် လတ်၏ မေးမြန်းချက်အပေါ်ဝန်ကြီး က ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် တစ်ဦးချင်း သော်လည်းကောင်း၊ မိသားစုချင်း လိုက်သော်လည်းကောင်း နေရာရွှေ့ ပြောင်းသူများရှိရာ အကြောင်းအမျိုးမျိုး ကြောင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်း ပျောက်ဆုံးသွား လျှင် အခက်အခဲများ စွာဖြစ်ပေါ်တတ် ကြောင်း ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၆)မှ ဦးခင်မောင်လတ်က ပြောဆိုခဲ့သည်။

ယခုအခါ ကြားဖြတ်ရွေးကောက် ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲကြီးနဲ့လည်း နီးကပ်လာပြီးဖြစ်သည့်အတွက်လည်း တိုင်းရင်းသား လူမျိုးများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ် ထောင်စုစာရင်းများလက်ဝယ်မရှိမှု များကြောင့် မဲထည့်ရမည့်အခွင့်အရေး များ ဆုံးရှုံးရမည့်အနေအထားများ ဖြစ်လာနိုင်ကြောင်း ဦးခင်မောင်လတ် က ပြောခဲ့သည်။

ယင်းနှင့်ပတ်သက်ပြီး လဝက ဒုတိယ ဝန်ကြီးက မဲဆန္ဒပြင်ပရောက် အခြားမဲဆန္ဒရှင်များသည် မိမိတို့၏ အမြဲတမ်းနေရပ်သို့ သွားရောက်ပြီး မဲပေးလိုခြင်းမရှိပါက မိမိတို့ရောက် ရှိနေသော မဲဆန္ဒနယ်မှရွေးကောက် ခံသောလွှတ်တော်ကိုယ်စား လှယ် လောင်း များကို ဆန္ဒမဲပေးပိုင်ခွင့်ရရှိ စေရန် ဝန်ထမ်းဖြစ်ပါက သက်ဆိုင် ရာနယ်မြေရှိ လုပ်ငန်းတာဝန်ခံ ၏ ထောက်ခံချက် ကိုလည်းကောင်း၊

အလုပ်သမားဖြစ်ပါက သက်ဆိုင်ရာ လုပ်ငန်းရှင်(သို့မဟုတ်) လုပ်ငန်းရှင် ကိုယ်စားလှယ်၏ထောက်ခံချက်ကို လည်းကောင်း၊ သီးခြားဖြစ်ပါကကိုယ် တိုင်ဝန်ခံချက်ကိုလည်းကောင်း ဖော် ပြပြီး ကျေးရွာအုပ်စု၊

အုပ်ချုပ်ရေးမှူး ၏ ထပ်ဆင့်ထောက် ခံချက်ကိုမဲ စာ ရင်း၌ မိမိအမည်ကိုထည့်သွင်းပေး နိုင်ရန် ရွေးကောက်ပွဲမကျင်းပမီ ရက်ပေါင်း ၃ဝထက်နောက် မ ကျစေ ဘဲ သက်ဆိုင်ရာရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုကော်မရှင်သို့ ပုံစံ - ၃(က)ဖြင့် လျှောက်ထားကာ မဲ ပေးနိုင်ကြောင်း ဖြေကြားခဲ့သည်။

ယင်းအပြင် အသက် ၁၀ နှစ် ပြည့် (သို့မဟုတ်) အသက်၁၈ နှစ် ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားအား အိမ်ထောင်စု လူဦး ရေစာရင်းနှင့် မိမိနေထိုင်ရာ မြို့နယ်တွင် လူကိုယ် တိုင်ဆောင် ရွက်ရသောလုပ်ငန်းဖြစ် ၍ မိမိမွေးဖွားခဲ့ရာဇာတိ/မြို့နယ် သို့ ပြန်လည်သွားရောက်လုပ်ကိုင် ရန်မလိုအပ်ဘဲ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် မိမိလက်ရှိနေထိုင်သော မြို့နယ်လူ ဝင်မှုကြီးကြပ်ရေးနှင့် အမျိုး သားမှတ်ပုံတင်ဦးစီးဌာနမှူးရုံး၌ လူ ကိုယ်တိုင် သွားရောက်လျှောက်ထား ၍ရကြောင်း လဝက ဒုတိယဝန်ကြီးက ပြောသည်။

Democracy today Daily Newspaper

ကမ္ဘာပေါ်ရှိ ထူးဆန်းသတ္တ၀ါများ...









































ref;i-am-bored
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)


နိုင်ငံ့ဂုဏ်ဆောင် အလှမယ် မေမြတ်နိုးနှင့် မေးမြန်းချက်


နိုင်ငံတကာအလှမယ်ဆုတခုဖြစ်တဲ့ အာရှပစိဖိတ်အလှမယ်ဆု ၂၀၁၄ ကို မြန်မာအလှမယ် မေမြတ်နိုးက ပထမဆုံးအကြိမ် ဆွတ်ခူးရရှီခဲ့ပါတယ်။ နိုင်ငံပေါင်း လေးဆယ်ကျော်က အလှမယ်တွေနဲ့ ယှဉ်ပြိုင် အနိုင်ရရှိ ခဲ့ပြီး သရဖူကို ရယူနိုင်ခဲ့တာပါ။

အလှမယ်ပြိုင်ပွဲကျင်းပရာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာရှိနေတဲ့ အလှမယ် မေမြတ်နိုးကို ဆက်သွယ်မေးမြန်း တဲ့အခါ ဒီဆုကိုရရှိတဲ့အတွက် မြန်မာနိုင်ငံအတွက် တခုခု လုပ်ပေးလိုက်ရတယ်လို့ ခံစားရပြီး အထူးဝမ်းသာဂုဏ်ယူမိတယ်လို့ ပြောပါတယ်။

အသက် ၁၈ နှစ်သာ ရှိသေးတဲ့ မေမြတ်နိုးဟာ Asia Pacific World 2014 ပြိုင်ပွဲမှာ ပေါ်ပြူလာ အဖြစ်ဆုံးဆုကိုလည်း ဆွတ်ခူးထားပါသေးတယ်။

မေမြတ်နိုးကို ဆက်သွယ် မေးမြန်းထားပါတယ်။

Miss Asia Pacific ရရှိသွားတဲ့အတွက် မေမြတ်နိုးရဲ့ ခံစားချက်လေး ပြောပြပေးပါ။

may myat noe“အရမ်းဂုဏ်ယူဝမ်းသာမိပါတယ်။ ညီမနိုင်ငံအတွက် တခုခုလုပ်ပေးခွင့်ရလို့ အရမ်းဂုဏ်ယူပါတယ်။”

ဆုရရှိအောင် ဘယ်လိုကြိုးစားခဲ့လဲ။

“မြတ်နိုးကို ထောက်ပံ့ကူညီပေးတဲ့ သူတွေ၊ ဆရာတွေ အများကြီးရှိပါတယ်။ သူတို့ရဲ့ အားထုတ်မှုကြောင့်လည်း ပါဝင်သလို မြတ်နိုးရဲ့ ကြိုးစားမှုလည်း ပါဝင်ပါတယ်။”

ဝင်ပြိုင်တုန်းက ဘယ်လိုမျှော်လင့်ချက်နဲ့ ၀င်ပြိုင်ခဲ့လဲ။ ဆုရမယ်လို့ မျှော်မှန်းလား။

“၀င်ပြိုင်တုန်းက ကိုယ့်ကိုယ်ကိုယ် လိုအပ်ချက်တွေ ရှိတယ်လို့ သိပါတယ်။ ဒါပေမယ့် ပြိုင်ပွဲတောက်လျှောက်မှာ မြတ်နိုး ၁၀၀ ရာခိုင်နှုန်း အကောင်းဆုံး လုပ်ပြီး ယှဉ်ပြိုင်ခဲ့လို့ မြတ်နိုးနဲ့ ထိုက်တန်တဲ့ဆု မြတ်နိုးရတယ်လို့ ယုံကြည်ပါတယ်။”

Miss Asia Pacific ဆုရရှိပြီဆိုတော့ ရှေ့ဆက်ပြီး အနာဂတ် ဘာလုပ်ဖို့ စီစဉ်ထားလဲ။

“စီစဉ်ထားတာတွေတော့ ရှိပါတယ်။ ကျန်တဲ့ဟာတွေကတော့ မြန်မာပြည်ရောက်မှပဲ သေသေချာချာ လုပ်ပါတယ်။”

အခု ကိုရီးယားရုပ်ရှင်မှာ ရိုက်ဖို့အတွက် လုပ်ပေးနေတယ်လို့ ကြားပါတယ်။

“ဟုတ်ကဲ့ အခုလေးတင် ရထားပါတယ်။ အဲဒါကို ဓာတ်ပုံ ဖေ့ဘွတ်ရှ်မှာ တင်ပေးပါ့မယ်။”

မေမြတ်နိုးအနေနဲ့ လူမှုကူညီရေး အဖွဲ့တွေမှာလည်း ၀င်ရောက်ဖို့ ရှိပါလား။

“ပရဟိတကို ကျောင်းစာသင်ရင်းနဲ့ လုပ်သွားပါမယ်။”

ဆုရတဲ့အတွက် မြန်မာပြည်သူတွေကို ဘာပြောချင်လဲ။

“မြတ်နိုးကို အားပေးနေတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ အားပေးတဲ့ ပရိသတ်တွေကြောင့် မြတ်နိုးအားရှိပြီး အကောင်းဆုံးလုပ်နိုင်တာလည်း ပါပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောချင်ပါတယ်။ ဆက်လက်ပြီးလည်း အားပေးကြပါလို့။”

ဆုကြေးအနေနဲ့ရော ဘာရလဲ ပြောပြပေးပါ။

“ဆုကြေးအနေနဲ့ အခွင့်အရေးတွေ အများကြီး ရပါတယ်။ သရဖူကလည်း တော်တော်တန်ဖိုးရှိတဲ့ သရဖူ ရထားပါတယ်။”

မြန်မာပြည် ဘယ်တော့ ပြန်လာမှာလဲ။

“ဟုတ်ကဲ့၊ မြတ်နိုး ၅ ရက်နေ့ပြန်လာပါမယ်။”

အမှတ်တရ စကားအနေနဲ့ ဘာများပြောချင်တာ ရှိဦးမလဲ။

“မြန်မာပြည်အတွက်ဂုဏ်ကို ပြန်ရင်ယူလာခဲ့ပါ့မယ်လို့ ပြောချင်ပါတယ်။”

အနုပညာလောကမှာရော ၀င်ရောက် လုပ်ကိုင်ဖို့ရှိလား။

“အနုပညာလောကမှာ ၀င်ရောက်ဖို့ ရှိပါတယ်။ သီချင်းဆိုတဲ့အပိုင်းရော၊ ရုပ်ရှင်ရိုက်တဲ့အပိုင်းရော၊ မော်ဒယ်ပိုင်းရော အကုန်လုံး လုပ်ဖို့ စီစဉ်ထားပါတယ်။”

ညီမ လူမျိုးအနေနဲ့ ပြောပြပေးပါလား။

“ဟုတ်ကဲ့ ဗမာလူမျိုးပါရှင့်။”

DVB Burmese

ရေအောက်မှထူးဆန်းသောအသံ MH 370 ပျက်ကျသံလေလား


ပါ့သ်- ပျောက်ဆုံးနေသောမလေးရှားလေယာဉ် MH 370 ၏ နောက်ဆုံးအချိန်များနှင့် ဆက်စပ်နေဖွယ်ရှိသည်ဟုဆိုသော ရေအောက်မှ အသံတစ်ခု၏မှတ်တမ်းကို သြစတြေးလျသုတေသီများက ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်လိုက်သည်။

အားထုတ်ကြိုးပမ်းရကျိုးနပ်ဖွယ်မရှိသော်လည်း ပါ့သ်မြို့အနီးကာတင်းတက္ကသိုလ်မှ သုတေသီများသည် ရေအောက်အသံနားဆင်သောကိရိယာများမှ မှတ်တမ်းများကိုလေ့လာနေကြသည်။ ပျောက်ဆုံးလေယာဉ် ကူညီရှာဖွေရေးကြိုးပမ်းမှုတွင် ရေအောက်နျူကလီးယားပေါက်ကွဲမှုလက္ခဏာများကိုစောင့်ကြည့်ရန် ကိရိယာများ၏မှတ်တမ်းများကိုလေ့လာခြင်းလည်းပါဝင်သည်။

‘‘လေယာဉ်ပျက်ကျမှုနဲ့ဆက်စပ်နေနိုင်တဲ့ အချက်ပြလက္ခဏာတစ်ခုကို ကိရိယာအများအပြားမှာ ဖမ်းမိခဲ့ပါတယ်’’ဟု ကာတင်းတက္ကသိုလ်အဏ္ဏဝါသိပ္ပံနှင့်နည်းပညာဌာန (CMST) မှ အလက်ဒွန်ကန်ကပြောကြားသည်။

ကြိမ်နှုန်းအလွန်နိမ့်သောအသံမှာ မလေးရှားလေယာဉ်ရေပြင်ပေါ်ပြုတ်ကျချိန်တွင် ထွက်ပေါ်လာသည့်အသံလား (သို့တည်းမဟုတ်) လေယာဉ်နစ်မြုပ်ပြီးထွက်ပေါ်လာသော ပေါက်ကွဲသံလား ဆိုသည်ကို သုတေသီများဆန်းစစ်လေ့လာနေကြသည်မှာ သီတင်းပတ်များစွာရှိပြီဟု မစ္စတာဒွန်ကန်ကပြောသည်။ သို့သော် ယင်းအသံဖြစ်ပေါ်ခြင်းအကြောင်းရင်းမှာ သဘာဝအဖြစ်အပျက်တစ်ခု လည်းဖြစ်နိုင်သည်ဟု သုတေသီများကဆက်ပြောသည်။

ကြိမ်နှုန်းနိမ့် အသံလှိုင်းများမှာ တစ်စက္ကန့်လျှင် ၁ ဒသမ ၅ ကီလိုမီတာနှုန်းနှင့် ရေထုအတွင်းဖြတ်သန်းသွားနိုင်ကြောင်းသိရသည်။ ‘‘လတ်တလောမှာတော့ ဒီအသံဟာလေယာဉ်ရဲ့တည်နေရာ တခြားအချက်အလက်တွေနဲ့တော့ တစ်ထပ်တည်းကျပုံမရပါဘူး’’ဟု ဒွန်ကန်ကပြောကြားသည်။

အကြောင်းမှာ ၎င်းတို့ကြားရသောအသံသည် အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း လက်ရှိလေယာဉ်ကို အာရုံစိုက်ရှာဖွေနေသော နေရာ၏အနောက်မြောက်ဘက် ကီလိုမီတာထောင်ချီဝေးသောဧရိယာမှ လာသည်ဟု ကာတင်းတက္ကသိုလ်မှ သုတေသီများကယုံကြည်နေ၍ဖြစ်သည်။ သို့ဆိုလျှင်ပင် သုတေသီများအနေဖြင့် အသံထွက်ပေါ်ရာရင်းမြစ်ကို တိတိကျကျမပြောနိုင်ပေ။ ၎င်းတို့ဖမ်းမိသော အသံကို လူ၏နားဖြင့်ကြားနိုင်ရန် ဆယ်ဆခန့်မြန်နှုန်းမြှင့်ထားကြောင်း သုတေသီများကပြောသည်။

_Ref: CNN
7 Day Daily

Miss Universe Myanmar 2014 ဆန်ကာတင်ရွေးပွဲ ကျင်းပ

ဆန်ကာတင်ပြိုင်ပွဲဝင်သူများအား တွေ့ရစဉ် (ဓာတ်ပုံ- နစ်ကီ)

Miss Universe Myanmar 2014 ဆန်ကာတင် ၂၀ ရွေးချယ်သည့် အခမ်းအနားကို ဇွန် ၄ ရက်နံနက်က မြန်မာလေညှင်းကုမ္ပဏီ ရုံးခန်း၌ ပြုလုပ်ခဲ့သည်။

တစ်နိုင်ငံလုံးမှ လျှောက်ထားလာသည့် လျှောက်လွှာရှင် လေးရာအနက် လူဦးရေ ၄၀ ကို ရွေးချယ်ကာ ဆန်ကာတင် ၂၀ ရွေးချယ်မည်ဖြစ်သည်။

ပြိုင်ပွဲဝင်များတွင် ယခင်နှစ်ပြိုင်ပွဲများ၌ ပါဝင်ခဲ့သူအချို့ ပြန်လည်ဝင်ရောက် ယှဉ်ပြိုင်မှုများရှိသလို အခြားအလှမယ် ရွေးချယ်ပွဲများတွင် ဆုရရှိထားသည့် မော်ဒယ်များလည်း ပါဝင်သည်။

ယခင်နှစ်ပြိုင်ပွဲကဲ့သို့ပင် ရန်ကုန်နှင့် မန္တလေးမှ ပြိုင်ပွဲဝင်အများစု ပါဝင်ကာ မြစ်ကြီးနား၊ တောင်ကြီးမြို့များမှ ပြိုင်ပွဲဝင်များလည်း ပါဝင်သည်။

Miss Universe Myanmar 2014 ပြိုင်ပွဲကို ဇူလိုင် ၂၆ ရက်တွင် အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်မည်ဖြစ်သည်။





7 Day Daily


တပည့်လေးထံမှ သင်ယူခြင်း



ဆရာမနာမည်က ' ဒေါ်သီတာဆွေ 'တပည့်လေးနာမည်က 'တက်တူ 'ကျောင်းစဖွင့်ဖွင့်ချင်းနေ့မှာတော့ ငါးတန်းရဲ့အတန်းရှေ့မှာ ရပ်ရင်း အတန်းပိုင်ဆရာမလေး ဒေါ်သီတာဆွေဟာ သူ့အတန်းကို မုသားတစ်ခွန်းနဲ့အစချီလိုက်ပါတယ်။

တခြားဆရာမတွေလိုပါပဲ။ဒေါ်သီတာဆွေဟာလည်း သူ့တပည့်လေးတွေကို စေ့စေ့ကြည့်ရင်း သူ
ဟာ တပည့်တိုင်းကို အယုတ်အလတ်အမြတ်မရွေးချစ်ခင်ပါတယ်လို့ ပြောလိုက်တာပါပဲ။ဒါပေမယ့် ဒေါ်
သီတာဆွေအနေနဲ့ တပည့်တိုင်းကို အယုတ်အလတ်အမြတ်မရွေး ချစ်ခင်ဖို့ဆိုတာ မလွယ်လှပါဘူး။
အကြောင်းကတော့ ရှေ့ဆုံးတန်းက ထိုင်ခုံမှာလျော့တိလျော့ရဲနဲ့ ပုံ့ပုံ့လေးထိုင်နေတဲ့ 'တက်တူ '
ဆိုတဲ့ ကျောင်းသားလေးတစ်ယောက်ကြောင့်ပါ။

ဒေါ်သီတာဆွေဟာ အရင်နှစ်ကတည်းကတက်တူကို သတိထားမိခဲ့တယ်။သည်ကလေးက
အခြားကလေးတွေနဲ့ ရင်းရင်းနှီးနှီး ဆော့ကစားလေ့မရှိဘူး။အဝတ်အစားတွေကလည်း ဖိုသီဖတ်သီ။
ရေလည်း ချိုးမှ ချိုးရဲ့လားမသိ။တက်တူကိုကြည့်ရတာ တော်တော့်ကို ကစုတ်ကတ်နဲ့။

ဒီနှစ် သူ့အခန်းထဲကို တက်တူ ရောက်လာတဲ့အခါမှာတော့ ဒေါ်သီတာဆွေ အတော်စိတ်ပျက်နေတယ်။အဆင်ပြေချင်တော့ တက်တူရဲ့ လေ့ကျင့်ခန်းစာအုပ်တွေကို စစ်ရတဲ့အခါမှာ ဒေါ်သီတာဆွေဟာ သူ့ရင်ထဲက အစိုင်အခဲကို ချေဖျက်ခွင့်ရသွားတယ်။မင်နီထူထူကြီးနဲ့ ကြက်ခြေခတ်အကြီးကြီးတွေကိုထင်းထင်းကြီး ခြစ်လို့ရသွားတယ်လေ။တက်တူရဲ့လပတ်စာမေးပွဲအဖြေလွှာ
မှာ ' ရှုံး ' ဆိုတဲ့စာလုံးကြီးကိုရေးချလိုက်တာများ အင်မတန်အားရကျေနပ်တဲ့အမူအရာနဲ့။

ဒေါ်သီတာဆွေ အလုပ်ဝင်နေတဲ့ကျောင်းမှာကကလေးတွေရဲ့ နောက်ကြောင်းမှတ်တမ်းတွေကို ဆရာ
တွေက မဖြစ်မနေ သုံးသပ်ကြရတယ်။အခုနှစ် ကလေးတွေရဲ့ နောက်ကြောင်းကို
ပြန်စစ်တဲ့အခါ ဒေါ်သီတာဆွေဟာ တက်တူရဲ့နောက်ကြောင်းကို နောက်ဆုံးမှ စစ်တယ်။ဒါပေမယ့် နောက်ဆုံးမှစစ်တဲ့တက်တူရဲ့နောက်ကြောင်းကို လှန်လိုက်တာနဲ့ တပြိုင်နက် ဒေါ်သီတာဆွေ ပါးစပ်အဟောင်းသားဖြစ်သွားပါတော့တယ်။

တက်တူရဲ့ ပထမတန်းဆရာမက ဒီလိုရေးထားတယ်။

" မောင်တက်တူသည် ဉာဏ်ထက်မြတ်ပြီးပျော်ပျော်ရွှင်ရွှင် နေတတ်သူဖြစ်သည်။ကျောင်းစာများ
ကို သန့်ရှင်းသပ်ရပ်စွာ ရေးမှတ်ဖြေဆိုတတ်ပြီးယဉ်ကျေးတဲ့သူလည်းဖြစ်သည်။သူကား တစ်တန်းလုံး
နှင့်လည်း သင့်မြတ်သူ ဖြစ်သည် "

ဒုတိယတန်းဆရာမကျပြန်တော့

" တက်တူသည် အလွန်ထူးချွန်သော ကျောင်းသားတစ်ယောက်ဖြစ်သည်။သူ့အတန်းဖော်များကလည်း
သူ့ကို အလွန်ချစ်ခင်ကြသည်။သို့ရာတွင် သူ့မိခင်မှာနာတာရှည်ရောဂါကို
သေလုမျောပါးခံစားနေရသည်ဖြစ်ရာတက်တူမှာ စိတ်ထိခိုက်နေပုံရသည်။တက်တူအဖို့ အိမ်တွင်နေရသော ဘဝသည် ပင်ပန်းဆင်းရဲခြင်း ကြီးနေလောက်ပေသည် "

တတိယတန်း ဆရာမကလည်း

" မိခင်တိမ်းပါးသွားခြင်းက တတ်တူအတွက်ရွှေတောင်ကြီး ပြိုခြင်း ဖြစ်ပါလိမ့်မည်။သူက အရွယ်နှင့်
မမျှအောင် သူ့စိတ်သူထိန်းကာ ကျောင်းစာမှာရော၊ပတ်ဝန်းကျင်နှင့်ပါအဆင်ပြေအောင် အတက်နိုင်ဆုံး
ကြိုးစားအားထုတ်ရှာသည်။သူ့ဖခင်ကမူ သူ့အပေါ်အလေးထားပုံ မရလှချေ။သူ့အတွက် ကျောင်းက
တစ်ခုခု ပံ့ပိုးမပေးနိုင်လျှင် တက်တူ၏အနာဂတ်ထိခိုက်လာမည့် အလားအလာများရှိပေသည် "
စတုတ္ထတန်းဆရာမ ကျပြန်တော့လည်း

" တက်တူကား တစ်ယောက်တည်း ငေးတိငေးငိုင်သာ နေတတ်လေသည်။ကျောင်းစာကိုလည်း စိတ်
ဝင်စားပုံ မရပါ။သူ့မှာ သူငယ်ချင်းလည်း များများစားစားမရှိပါ။တစ်ခါတစ်လေ စာသင်ချိန်၌ပင် အတန်းထဲတွင်အိပ်ပျော်နေတတ်ပေသည် "

ဒါတွေကို ဖတ်ပြီးတဲ့အခါမှာတော့ ဒေါ်သီတာဆွေဟာ တက်တူရဲ့ပြသာနာတွေကို သဘောပေါက်သွား
သလို သူ့ကိုသူလည်း အတော်အရှက်ရသွားတယ်။ပိုဆိုးသွားတာက သီတင်းကျွတ်ကာလမှာ သူ့
တပည့်တွေက လာကန်တော့ကြတဲ့ အချိန်မှာပါ။တပည့်လေးတွေဟာ စက္ကူအရောင်လွင်လွင်လေးတွေ၊
ဖဲကြိုးရောင်လှလှလေးတွေ ထုပ်ပိုးချည်နှောင်ထားတဲ့အထုပ်ကြီး အထုပ်ငယ်တွေနဲ့ သူ့ကို လာကန်တော့ကြတယ်။တက်တူလေးရဲ့ အထုပ်ကျတော့ အဲဒီလိုမဟုတ်ဘူး။ထုပ်ပိုးလာတာကိုက ဖရိုဖရဲနဲ့၊ကုန်စုံဆိုင်မှာဆေးဝယ်ရင် ဆိုင်ကထုပ်ပေးတတ်မြဲ စက္ကူအညိုနဲ့ ထုပ်လာတာ။အဟောင်းကို ပြန်သုံးထားတော့ စက္ကူကလည်းတွန့်လို့ ကျေလို့ရယ်။

ဒေါ်သီတာဆွေဟာ အခြားလက်ဆောင်လှလှလေးတွေကြားက တက်တူရဲ့ အထုပ်ကလေးကို ရင်နင့်
နင့်နဲ့ ဆွဲယူလိုက်ပြီး ချက်ချင်းပဲ ဖွင့်ကြည့်လိုက်ပါတယ်။ဖွင့်လိုက်တဲ့အခါ ဥဿဖရားလက်ကောက်
လေးတစ်ခုနဲ့ ရေမွှေးပုလင်းအဟောင်းလေးတစ်လုံးထွက်လာတာမို့ ကျောင်းသားတစ်ချို့ ရယ်လိုက်ကြ
တယ်။ရယ်ဆို ဥဿဖရားလက်ကောက်လေးမှာကဥဿဖရားအပွင့်လေးတွေ စေ့စေ့ငှငှ မရှိတော့ပဲ
အချို့နေရာတွေမှာ ကွက်တိကွက်ကျား ဖြစ်နေသလိုရေမွှေးပုလင်းထဲမှာလည်း ရေမွှေးက ဖင်ကပ်သာ
သာ လေးပုံတစ်ပုံလောက်ပဲ ကျန်တော့တာကိုး။ဒါပေမယ့် ဒေါ်သီတာဆွေက လက်ကောက်
လေးကလှလိုက်တာလို့ အသံကျယ်ကျယ်ရေရွတ်လိုက်ပြီး လက်မှာချက်ချင်း ကောက်ဝတ်လိုက်တာမို့
ရယ်နေသူတွေလည်း အရှိန်သပ်သွားတယ်။လက်ကောက်လေးကို ဝတ်ပြီးတာနဲ့ တက်တူပေးတဲ့
ရေမွှေးလေးကိုလည်း သူ့လက်ကောက်ဝတ်မှာဆွတ်လိုက်ပြန်ပါတယ်။

အဲဒီနေ့က ကျောင်းဆင်းတော့ တက်တူဟာခါတိုင်းလို အတန်းထဲက ချက်ချင်းမပြန်သေးဘဲ ခဏ
စောင့်နေတယ်။လူရှင်းတော့ ဒေါ်သီတာဆွေ့အနားကိုရောက်လာပြီး " ဆရာမရယ်...ဒီနေ့ ဆရာမဆီက ရတဲ့အနံ့က သားမေမေရဲ့ကိုယ်နံ့အတိုင်းပါပဲဗျာ "လို့ပြောလေရဲ့။

မောင်တက်တူဟာ သည်စကားကိုပြောပြီးတဲ့နောက် ကျောင်းခန်းထဲကနေ ထွက်သွားပါတယ်။ကျန်ရစ်သူ ဒေါ်သီတာဆွေမှာတော့ မျက်ရည်တွေတွေကျလာရတဲ့အပြင် တရှုံ့ရှုံ့တောင် ငိုမိတဲ့အထိပါပဲ။အဲဒီနေ့ကစပြီး ဒေါ်သီတာဆွေဟာ အရေး၊အဖတ်၊အတွက်တွေ သင်ကြားပို့ချနေတာများကို
လုံးလုံးစွန့်လွှတ်လိုက်ပြီး ကလေးငယ်များကို သင်ကြားပို့ချပေးတဲ့အလုပ်ကို စလုပ်ပါတော့တယ်။
ထို့အပြင် မောင်တက်တူကိုလည်း သေသေချာချာ ဂရုတစိုက် သင်ကြားပေးပါတယ်။သင်ရင်းနဲ့
မောင်တက်တူရဲ့ ဦးနှောက်ဟာလည်း သိသိသာသာနိုးကြားလာတာကို ဒေါ်သီတာဆွေ တွေ့လာရတယ်။
ဆရာမက အားပေးလေ ၊တက်တူရဲ့ ဦးနှောက်ကသွက်လတ်ထက်မြတ်လာလေပါပဲ။စာသင်နှစ် ကုန်
ဆုံးချိန်မှာတော့ တက်တူဟာ ဒေါ်သီတာဆွေအတန်းရဲ့ အတော်ဆုံးကလေးတွေထဲက တစ်ယောက်ဖြစ်
လာပါတော့တယ်။

တပည့်တိုင်းကို အယုတ်အလတ်အမြတ်မရွေး ချစ်ခင်ပါတယ်ဆိုတဲ့ ဒေါ်သီတာဆွေ့ မုသား
ဟာ ယခုဆို မုသားမှန်း ပိုလို့တောင်သေချာလို့သွားပါတယ်။သေချာဆို တက်တူလေးက ဒေါ်သီတာဆွေရဲ့
အချစ်ဆုံး တပည့်လေးတစ်ယောက် ဖြစ်လာခဲ့ပြီကိုး။

နောက်တစ်နှစ်အကြာမှာတော့ ဒေါ်သီတာဆွေ၏ အခန်းတံခါးအောက်ခြေမှာ တက်တူရဲ့ စာတို
လေးတစ်စောင် ရောက်နေတယ်။စာတိုလေးထဲမှာတော့ဆရာမဟာ သူ့ဘဝမှာကြုံခဲ့ဖူးသမျှ ဆရာ၊ဆရာမတွေအားလုံးအနက်မှာ အမြတ်ဆုံးဆရာပါပဲ လို့ရေးထားပါတယ်။နောက်ထပ်
ခြောက်နှစ်အကြာမှာလည်းဒေါ်သီတာဆွေဟာ တက်တူဆီက စာလေးတစ်စောင်ရပြန်တယ်။စာထဲမှာ သူဟာ အထက်တန်းကျောင်းပြီးသွားပြီဖြစ်ကြောင်း၊ အတန်းထဲမှာ တတိယရခဲ့ကြောင်းနဲ့ သူ့ဘဝမှာ ကြုံဖူးသမျှ ဆရာ၊ဆရာမများအားလုံးအနက်မှာ ဆရာမဒေါ်သီတာဆွေကသာအမြတ်ဆုံးဆရာ ပါပဲ လို့ရေးထားပါတယ်။နောက်ထပ်လေးနှစ်အကြာမှာ ဒေါ်သီတာဆွေ့ထံ တက်တူရဲ့စာ ရောက်လာပြန်တယ်။စာထဲမှာ ဘွဲ့ရတော့မယ့်အကြောင်းနဲ့ ဆရာ၊ ဆရာမတွေထဲမှာ
ဆရာမဒေါ်သီတာဆွေသာ အမြတ်ဆုံးလို့ ရေးထားပြန်တယ်။

အဲဒီနောက် နောက်ထပ်လေးနှစ်အကြာမှာစာတစ်စောင် ထပ်ရောက်လာပြန်တယ်။သည်တစ်
ကြိမ်မှာတော့ ပထမဘွဲ့ရရှိပြီးကြောင်းနဲ့ ဆက်ကြိုးစားဖို့အကြောင်း ရေးထားတယ်။ဒါ့အပြင် ဆရာမဒေါ်သီ
တာဆွေဟာ သူ့ရဲ့ အမြတ်ဆုံးနဲ့ အချစ်ဆုံးဆရာဖြစ်ကြောင်း မဖြစ်မနေ ထည့်ရေးထားတယ်။
သည်တစ်ကြိမ်တော့ စာရဲ့အောက်ခြေမှာထိုးထားတဲ့ လက်မှတ်က နည်းနည်းရှည်တယ်။
" သက်ထွန်းဆက် " MD တဲ့။ ( MD ဆိုတာဆရာဝန်ဘွဲ့ပါ) ဟုတ်ပါ့။တက်တူဆိုတာ သူ့ငယ်နာ
မည်ပဲဟာ။ကျောင်းနာမည်က သက်ထွန်းဆက် ပဲ။ဇာတ်လမ်းက မဆုံးသေးပါဘူး။

အဲဒီနှစ်နွေဦးမှာ ဒေါ်သီတာဆွေ့ထံ စာတစ်စောင်ထပ်ရောက်လာပြန်တယ်။တက်တူဆီကပါပဲ။
မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်တော့မယ့်အကြောင်းရေးထားတာပါ။သူ့ဖခင်က လွန်ခဲ့တဲ့ နှစ်နှစ်
က ကွယ်လွန်သွားပြီ ဖြစ်ကြောင်း၊ ဆရာမက သူတို့သားရဲ့မိခင်အဖြစ် သူတို့မင်္ဂလာဆောင်ကို ကြွရောက်
ချီးမြှင့်ပေးမယ်ဆိုရင် သိပ်ကောင်းမှာပဲတဲ့။ဒေါ်သီတာဆွေလား........

ဟုတ်ကဲ့....တက်တူခေါ် ဒေါက်တာသက်ထွန်းဆက်ရဲ့ မင်္ဂလာပွဲကို ကြွရောက်ချီးမြှင့်ခဲ့တာ အသေ
အချာပေါ့ ခင်ဗျာ။

ဒေါ်သီတာဆွေက ဘာလုပ်တယ်မှတ်လဲ......ဥဿဖရားပွင့်လေးတွေ လပ်နေလို့ ကွက်တိကွက်
ကျားဖြစ်နေတဲ့ လက်ကောက်လေးကို ဝတ်သွားတယ်ခင်ဗျ။ဒါတင်ဘယ်ကမလဲ၊တက်တူရင်ထဲမှာ တသသ
နဲ့ အမှတ်ရနေဆဲ သူ့မိခင်ဆွတ်နေကျ ရေမွှေးအမျိုးအစားကိုလည်း မမေ့မလျော့ ဆွတ်လို့ သွားလိုက်ပါတယ်။

မင်္ဂလာဆောင်ကို ရောက်တဲ့အခါမှာတော့ဒေါက်တာ သက်ထွန်းဆက်နဲ့ ဆရာမဒေါ်သီတာဆွေ
တို့ဟာ တကယ့်သားအမိလို တစ်ယောက်ကိုတစ်ယောက် တင်းတင်းကြပ်ကြပ် ဖက်ထားမိလိုက်ကြ
တယ်။ဒေါက်တာ သက်ထွန်းဆက်က သူ့ငါးတန်းဆရာမကို ခပ်တိုးတိုးပြောတယ်။

" ကျေးဇူးကြီးလှပါတယ် ဆရာမရယ်......ကျွန်တော့်ကို ဆရာမ ယုံယုံကြည်ကြည် ရှိခဲ့တဲ့အ
တွက် ဆရာမကို ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်....ကျွန်တော့်မှာ အစွမ်းအစရှိတယ်၊ကြိုး
စားရင် ဖြစ်နိုင်တယ်လို့ ခံစားလာရအောင် လုပ်ပေးခဲ့တဲ့အတွက်လည်း အရမ်းကိုကျေးဇူးတင်ပါတယ်
ဆရာမရယ် "

မျက်ရည်တွေဝိုင်းနေတဲ့ ဒေါ်သီတာဆွေလည်း ခပ်တိုးတိုးပြန်ပြောလိုက်ပါတယ်။
" မောင်တက်တူးရယ်...သားမှားနေပြီ.....ဆရာမက သားကို သင်ပေးခဲ့တာ မဟုတ်ပါဘူး
ကွယ်...သားကသာ ဆရာမကို သင်ပေးခဲ့တာပါ...သာကသာ ဆရာမကို ကြိုးစားရင်ဖြစ်နိုင်ပါတယ်လို့
သင်ပေးခဲ့တာပါကွယ်....သားနဲ့မဆုံရခင်တုန်းကဆရာမ စာမသင်တတ်ခဲ့ဘူး သားရဲ့.........."

အတ္တကျော်
( ဘယ်ဆီကိုများ ဒုံးစိုင်းသွားနေ)