7 Jun 2014

+မြန်မာတွေစည်းလုံးဖို့ အချိန်တန်ပြီ+

+မြန်မာတွေစည်းလုံးဖို့ အချိန်တန်ပြီ+

ခုတလောလုပ်သမျှစာပေဟောပြောပွဲတွေမှာစာရေးဆရာတွေမပြောမဖြစ်ပြောပြောနေကြတာကတော့
လက်ပံတောင်းတောင်အရေးကိစ္စစာရေးသူတိုမြန်မာလူမျိုးတွေကလည်းခက်သည်နည်းနည်းလေး
တည်ငြိမ်အေးချမ်းမယ်အောင်မြင်မယ်ရှိသေးတယ်ပြဿနာပေါင်းသောင်းခြောက်ထောင်ကဘယ်ကနေ
ဘယ်လိုအလျိုအလျိုပေါ်လာကြသည်မသိရှင်ပြုခါနီးမောင်ရင်လောင်းကလေးကိုအဖျက်တွေအမျိုးမျိုး
ဝင်ဖျက်သလိုဖြစ်နေတယ်သတိကြီးစွာထားကြရမည်ပဲခက်သည်
 
ကစာရေးသူတို့၏ဒီမိုကရေစီသက်ကလည်း
အင်မတန်နုနယ်သေးသည်ဒီမိုကရေစီနှင့်အသားမကျသေးသ၍မတူတာတွေအတူနေတတ်ဖို့
ဘယ်သူမှန်သလဲဆိုတာထက်ဘယ်ဟာမှန်သလဲဆိုတာကိုအာရုံစိုက်နိုင်ဖို့အတော်ကိုဝေးနေဦးမည်
အထူးသဖြင့်စာရေးသူတို့မြန်မာလူမျိုးတွေမှာနိုင်ငံနှင့်လူမျိုးတွေမှာနိုင်ငံနှင့်လူမျိုးအောင်မြင်တိုးတက်ကြီးပွား
လာဖိုအဓိကလိုအပ်နေတာကစုပေါင်းလုပ်ဆောင်တတ်သည့်အလေ့အထမြန်မာတွေက
တစ်ဦးကောင်းတစ်ယောက်ကောင်းလုပ်လိုစိတ်ပဲအားသန်ပြီး(စာရေးသူအပါအဝင်)
စုပေါင်းလုပ်ဆောင်လိုစိတ်လုပ်ဆောင်ချင်စိတ်အင်မတန်အားနည်းကြသည်
ဒါကိုပြက်ရယ်ပြုပြီးပြောလေ့ရှိသည်ဟာသလေးတစ်ခုတောင်ရှိသေးသည် 
 
ဘာတဲ့'အင်္ဂလိပ်လူမျိုးကတစ်ယောက်တည်းရှိရင်တီထွင်မယ်နှစ်ယောက်ရှိရင်တိုးတတ်အောင်ယှဉ်ပြိုင်မယ် သုံးရောက်ရှိရင်အင်ပါယာချဲ့မယ်' "တရုတ်လူမျိုးကတစ်ယောက်တည်းရှိရင်ဒီနေ့အမြတ်ငွေဘယ်လောက်ရမလဲစဉ်းစားတယ်နှစ်ယောက်ရှိရင်
ဖက်စပ်လုပ်ငန်းလုပ်မယ်သုံးယောက်ရှိရင်ကုမ္ပဏီထောင်မယ်" 'မြန်မာလူမျိုးတစ်ယောက်တည်းရှိရင်အိပ်မယ်နှစ်ယောက်ရှိရင်အတင်းပြောမယ်သုံးယောက်ရှိရင့်
အုပ်စုကွဲမယ်'ဒီဟာသလေးလိုမဖြစ်အောင်စာရေးသူတို့အနေနဲ့ပူးပေါင်းဆောင်ရွက်တတ်ဖို့
တစ်ဦးကိုတစ်ဦးအပြုသဘောရှုမြင်တတ်ဖို့ကြိုးစားဆောင်ရွက်ပြုပြင်ကြရမည်ဒီကနေ့ခေတ်သည်
 
တစ်ဦးကောင်းတစ်ယောက်ကောင်းလုပ်လိုရတဲ့ခေတ်မဟုတ်တော့သလိုခေါင်းဆောင်တွေကိချည်းအားကိုးလို့
ရတဲ့ခေတ်မဟုတ်တော့သလိုခေါင်းဆောင်တွေကိုချည်းအားကိုးလိုရတဲ့ခေတ်မဟုတ်တော့ပါကမ္ဘာ့
managementလောကမှာထင်ရှားတဲ့စကားတခွန်းရှိသည် Every one cannot perfect
so we cannot make perfect men but we can create prefect teams and perfect society!' လူတိုင်းဟာခြောက်ပစ်ကင်းသဲလဲစင် ဘက်ပေါင်းစုံမပြည့်စုံနိုင်ပါဘူးဒါကြောင့်မို့ဘက်ပေါင်းစုံတဲ့သူတွေဖြစ်အောင်
ကျွန်တော်တို့မဖန်တီးနိုင်ဘူးဒါပေမဲ့တစ်ဦးရဲ့အားနည်းချက်ကိုတစ်ဦးရဲ့အားသာချက်နဲ့ဖြည့်ဆည်းလိုက်တဲ့
အတွက်ဘက်ပေါင်းစုံပြီးပြည့်စုံတဲ့အသင်းအဖွဲ့တွေဘက်ပေါင်းစုံတဲ့လူအဖွဲ့အစည်းတွေကိုတော့ကျွန်တော်တို့
ဖန်တီးတည်ဆောက်နိုင်ပါတယ်ဟုတ်ပါတယ်ဒါကြောင့်မို့စာရေးသူတို့အနေနဲ့မိမိတို့ကိုယ်မိမိတို့
တစ်ဦးတစ်ယောကချင်းပြီးပြည့်စုံအောင်အားထုတ်နေမယ့်အစားတစ်ဦးကိုတစ်ဦးအပြုသဘောရူမြင်ပြီးတစ်ဦးရဲ့
အားသာချက်ကိုတစ်ဦးရဲ့အားနည်းချက်မှာဖြည့်စွက်ပြီးဘက်ပေါင်းစုံပြီးပြည့်စုံတဲ့အသင်းအဖွဲ့တွေပြီးပြည့်စုံတဲ့
လူအဖွဲ့အစည်းတွေဖြစ်လာပြီးနိုင်ငံနှင့်လူမျိုးအောင်မြင်တိုးတတ်လာအောင်တစ်ဆင့်ပြီးတစ်ဆင့်ကြိုးစား
တည်ဆောက်ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်ဒါတွေကသဘောတရားအရပြောမယ့်သာပြောနေရတာပါ
တကယ့်တော့စာရေးသူတို့မြန်မာလူမျိုးတွေအနေနဲ့
ဒီလိုတွေဖြစ်လာအောင်တော်တော့်ကိုကြိုးစားပြုပြင်ရပါဦးမယ်....။

လင်းသိုက်ညွန့်(မြန်မာမြေ){မစ္စတာတို့ နှင့် အောင်မြင်မူ}မှကူးယူဖော်ပြချင်းဖြစ်ပါသည်။
 

https://www.facebook.com/min.zaw.140?fref=photo



ပါတီဝင်များ ဥပဒေ မလိုက်နာပါက ပါတီက ကာကွယ်ပေးမည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည် သတိပေး


ရန်ကုန်၊ မဇ္ဈိမ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့( NLD) ပါတီဝင်များ၊ ကိုယ်စားလှယ်များအနေဖြင့် ပါတီကိစ္စရပ်များ၊ နိုင်ငံရေးဆိုင်ရာကိစ္စရပ်များ
ဆောင်ရွက်ရာတွင် ဥပဒေနှင့် အညီဆောင်ရွက်ရန်နှင့် လေးစားလိုက်နာကြရန် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၇ ရက်တွင် ကျင်းပပြုလုပ်သည့်
ပါတီ၏ ပထမအကြိမ် ဗဟိုကော်မတီဝင် အစည်းအဝေးတွင် ပါတီဝင်ကိုယ်စားလှယ်များကို ပြောဆိုလိုက်သည်။

“ ကျွန်မတို့ပါတီဝင်တိုင်းကို အဆင့်မြင့်တဲ့ နိုင်ငံရေးကို လုပ်စေချင်ပါတယ်၊ အဆင့်မြင့်တဲ့ နိုင်ငံရေးဆိုတာက ဥပဒေဘောင်အတွင်းကနေ လုပ်တာကို ဆိုလိုတာပါ"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

NLD အနေဖြင့် အဖွဲ့ဝင်မည်သူမဆို အဖွဲ့ချုပ်မှ ပြဋ္ဌာန်းချက်များနှင့် နိုင်ငံတော်မှ ပြဋ္ဌာန်းထားသည့် ဥပဒေများကို လိုက်နာပါက အမြဲတစေ အကာအကွယ် ပေးသွားဖြစ်ပြီး ဥပဒေဘောင်အတွင်း မရှိသည့် သူများအား ကာကွယ်မှု ပြုပေးမည် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လွတ်လပ်စွာ ပါတီသို့ အဖွဲ့ဝင်နိုင်သော်လည်း ပါတီမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း၊ မူဝါဒများကို လိုက်နာရမည်ဟု ပြောသည်။ NLD၏ မူဝါဒများမှာ ပါတီ၏ ရည်မှန်းချက် ဖြစ်သဖြင့် လိုက်နာရန် လိုအပ်သည်ဟုလည်း ဆိုသည်။

NLD အနေဖြင့် ယခင်ကာလများတွင် လူဟောင်းများအား နေရာပေးထားသော်လည်း ယခုအခါ ပါတီတွင်း တာဝန်ပေးအပ်မှု နေရာများ ရွေးချယ်ရာတွင် နိုင်ငံအပေါ်တွင်
ထားသည့် စေတနာ၊ ဒီမိုကရေစီစံနှုန်းစံထားများအား လေးစားလိုက်နာမှု၊ ပါတီပေါ်ထားရှိသည့် စေတနာတန်ဖိုးထားမှုများ ပေါ်တွင် မူတည်ကာ လူသစ်၊ လူဟောင်း မခွဲခြားဘဲ ရွေးချယ်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ထို့ပြင် မိမိတို့ပါတီ၌ ပါတီဝင်များပြားလွန်းပြီး တစ်နိုင်ငံလုံးကို အခြေခံထားသွားနေသော်လည်း ငွေကြေးပိုင်းဆိုင်ရာတောင့်တင်းမှု မရှိခြင်း၊ အာဏာ မရှိခြင်းတို့ကြောင့် ပါတီဝင်တစ်ဦးချင်းစီမှ အဖွဲ့တစ်ခုလုံး၏ အရည်အချင်းကို အဓိက အားထားသွားရန် လိုအပ်သည်ဟု ဆိုကာ ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့က ပါတီရဲ့
အရည်အချင်းကို အားကိုးပြီးတော့ ကျွန်မတို့ ဖြစ်စေချင်တဲ့ နိုင်ငံရေးပုံစံကို ဖော်ဆောင်နေတာမို့လို့ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာဖို့က အင်မတန် အရေးပါ ပါတယ်"
ဟုပြောသည်။

အစည်းအဝေးသို့ တစ်နိုင်ငံလုံးရှိ ပြည်နယ်နှင့်တိုင်းအသီးသီး ကိုယ်စားလှယ် ၁၁၀ဦးရေ တတ်ရောက်ခဲ့သည်။ အစည်းအဝေးကို ဇွန်လ ၇ ရက်နှင့် ၈ ရက်ကျင်းပမည်ဖြစ်ပြီး ပါတီရုံးအသီးသီးတို့မှ ရင်ဆိုင်နေရသည့် ပြဿနာများ၊ ကိစ္စအရပ်ရပ်တို့အား တံခါးပိတ်ဆွေးနွေးမည်ဖြစ်သည်။

လက်ရှိ မြန်မာ့နိုင်ငံရေးမှာ အသွင်ကူးပြောင်းဆဲကာလ ဖြစ်သဖြင့် စစ်မှန်သည့် ဒီမိုကရေစီအမြစ်တွယ် ရန်လိုအပ်သဖြင့် ပါတီအနေဖြင့် မိမိပါတီတစ်ခုတည်း ကောင်းစားရေးသာ မဟုတ်ဘဲ နိုင်ငံ၏ဒီမိုကရေစီ လမ်းစဉ်တွင် အခြေခံများ ဖြစ်မည့် ပြုပြင်ပြောင်းလဲရေးများကို အုတ်မြစ်ချနိုင်ရန် ဆောင်ရွက်သွားမည်ဟု ပြောသည်။

Mizzima Burmese
နန်းလွင်နှင်းပွင့်၊ ခင်မြတ်မြတ်ဝေ


အဘိုးအတွက် မကွဲနိုင်၊ မအက်နိုင်တဲ့ခွက် တီထွင်ပေးခဲ့တဲ့ ၁၁ နှစ်သမီး

အသက်အရွယ် အိုမင်းလာတဲ့ အလျှောက် လက်တုန်၊ ခြေတုန် ဖြစ်ပြီး အရာဝတ္ထုတွေကို မြဲမြံအောင် မကိုင်နိုင်တော့တဲ့ ရောဂါဝေဒနာ ခံစားနေရတဲ့ ဘိုးအေ ဖြစ်သူအတွက် ရည်ရွယ်ပြီး မကွဲ မအက်နိုင်တဲ့ ခွက်တစ်မျိုးကို ၁၁နှစ်အရွယ် သမီးငယ်လေးက တီထွင်ပေးခဲ့ပါတယ်။


လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး ဘိုးအေ ဖြစ်သူဟာ ခွက်ပေါင်းများစွာကို မြဲမြဲအောင် မကိုင်နိုင်တော့ဘဲ လွတ်ကျ ကွဲကျစေခဲ့ပါတယ်။ ဒါ့ကြောင့် ခွက်တွေကို ပိုပြီး မြဲမြံအောင် ကိုင်နိုင်စေဖို့ သူမ တီထွင်ဖို့ စိတ်ကူးခဲ့ကြောင်း အမေရိကန် ပြည်ထောင်စု၊ ချီကာဂိုမှာ နေထိုင်သူ Lily Born က ပြောပြခဲ့ပါတယ်။

အဆိုပါ Kangaroo ခွက်ကိုတော့ BPA မပါဝင်တဲ့ ပလတ်စတစ်နဲ့ ပြုလုပ်ထားပြီး ခြေချောင်း ၃ ခုပါဝင်ပါတယ်။ ဒါက အဘိုးအတွက် အပူခံပြား၊ မလိုအပ်ဘဲ အဆင်ပြေပြေ ခွက်ကို ကိုင်နိုင်ဖို့အတွက်လို့ သူမက ရှင်းပြပါတယ်။


လွန်ခဲ့တဲ့ ၂နှစ်လောက်ကတည်းက သူမဟာ ဘိုးအေဖြစ်သူအတွက် ခွက်ဒီဇိုင်းကို စိတ်ကူးယဉ် တီထွင်ခဲ့တယ်လို့ သိရပါတယ်။ ခွက်မှာ ပါဝင်ရမယ့် အဓိက အစိတ်အပိုင်းတွေပေါ်မှာ တီထွင် လုပ်ဆောင်ခဲ့ပြီးနောက် သူမရဲ့ ဖခင်ထံမှ အကူအညီများစွာ ရရှိခဲ့ပါတယ်။


ကျွန်မတို့ ကြွေထည် ခွက်ပုံစံ ထုတ်လုပ်ခဲ့ကြပြီး Kickstarter မှာ ရောင်းခဲ့ကြတယ်လို့လည်း သူမက ပြောပါတယ်။ အဲဒီအချိန်က သူမတို့ တစ်မိသားစုလုံး ကြွေထည်ခွက်တွေကို သုံးနေပေမယ့် သူမရဲ့ ၀မ်းကွဲမောင်နှမဖြစ်သူကတော့ လွတ်ကျ ကွဲကျမှာ စိုးတဲ့အတွက် သုံးဖို့ ကြောက်နေတယ်လို့ ပြောပါတယ်။

ဒါ့ကြောင့် မကွဲနိုင်တဲ့ ပုံစံမျိုး ထုတ်လုပ်ဖို့ သူမကြိုးစားခဲ့ပြီး ဒီဇိုင်နာတွေနဲ့ ဈေးကွက်ကျွမ်းကျင်သူတို့ထံကနေ အကူအညီအချို့ ရရှိခဲ့ပြန်ပါတယ်။ ဒါ့ကြောင့် အခုနောက်ဆုံးမှာတော့ ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ Kangaroo ခွက် ရရှိလာခဲ့ခြင်း ဖြစ်ပါတယ်။ ဒီခွက်တွေရဲ့ အဓိက ခြားနားချက်ကတော့ Polypropylene ပါဝင်ခြင်း မရှိဖူးလို့ သူမက ပြောပါတယ်။

ဒီခွက်တွေ ထုတ်လုပ် ရောင်းရနိုင်ဖို့ဆိုတာ အရမ်းဈေးကြီးပါတယ်။ ကျွန်မ ရနိုင်တဲ့ ၁၂၅ နှစ်စာ အသုံးစရိတ်ကို စုဆောင်းနိုင်မှသာ ဒီခွက်တွေ ထုတ်နိုင်မှာလို့ သူမက ပြောပါသေးတယ်။ အဲဒီလို ရင်းနှီးမြုပ်နှံမှုတွေ ရလာဖို့အတွက် မီဒီယာတွေရဲ့ အကူအညီတွေ လိုအပ်ပါတယ်လို့ ဆိုပါတယ်။ သူမရဲ့ စဦးဆုံး ဖန်တီးထုတ်လုပ်ရောင်းချမှု campaign ကနေ  တန်ဖိုး ငွေ ဒေါ်လာ ၁၆၃၁၁ ရရှိလာပြီး ၃၂ ရက် ကျန်သေးတယ်လို့ သိရပါတယ်။

World Myanmar News


သမုဒ္ဒရာ ကြမ်းပြင်ထက်မှ အဖြူရောင် မိန်းမလှလေးများ


ဘင်ဂျမင် ဗွန်ဝေါင်သည် စိတ်ကူးဆန်းသစ်သည့် စွယ်စုံရ ဓာတ်ပုံဆရာ တစ်ဦးအဖြစ် နာမည်ရနေသူ တစ်ဦးဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းအနီးရှိ ပင်လယ်ကြမ်းပြင်အောက် သင်္ဘောပျက်ကြီး တစ်စင်းတွင် ဘင်ဂျမင်နှင့် ၎င်း၏အဖွဲ့ ဖန်တီးခဲ့သော ရေအောက်ဓာတ်ပုံများမှာမူ ဒဏ္ဍာရီဆန်ဆန် ပုံရိပ်မျိုးသဖွယ် လူအများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ ဘင်ဂျမင်တို့ အဖွဲ့သည် သရုပ်ပြမော်ဒယ်လ် မိန်းကလေးများကို ရေနက်ပိုင်း သင်္ဘောပျက်ကြီးတွင် ကိုယ်ဟန်ပြစေပြီး ဆန်းကျယ်လှပသည့် ရှုထောင့်များမှ ဓာတ်ပုံကောင်းများ ရိုက်ယူခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရိုက်ကူးရေး လုပ်ငန်းစဉ်ကို ဘင်ဂျမင်က YouTubeတွင် လွှင့်တင်ခဲ့ရာ လူအများ၏ ချီးကျူးမှုကို ခံယူခွင့် ရခဲ့သည်။ အရောင်ရင့်ရင့် ပင်လယ်ရေအောက် ရှုခင်းကို နောက်ခံထားကာ အဖြူရောင် ဂါဝန်ရှည်နှင့် မော်ဒယ်လ်များ၏ ပုံရိပ်ကို ဘင်ဂျမင်က အမိအရ ကြိုးစား ရိုက်ယူခဲ့ခြင်း ဖြစ်သည်။ ယင်းရိုက်ကွင်းအတွက် ရေငုပ်သမားများ၏ အကူအညီကို ရယူခဲ့ရသလို ဓာတ်ပုံအဖွဲ့သားအားလုံး အလွန်တရာ အားစိုက်ခဲ့ရကြောင်း သိရှိရသည်။ ဘင်ဂျမင်က ၎င်း၏ စိတ်ကူးစိတ်သန်းများ ဆန်းသစ်ခြင်းနှင့် ပတ်သက်၍လည်း ကိုယ်ပိုင်အမြင်ကို ပြောဆိုခဲ့သေးသည်။

“ကျွန်တော် အချိန်တွေ အကြာကြီး လေ့လာခဲ့တဲ့နောက် သေချာပေါက် သိရှိလာတာက အကောင်းဆုံး ရလဒ်တွေ ဆိုတာက အတော်ဆုံးဆိုတဲ့ ပညာရှင်တွေဆီကချည်း ထွက်ပေါ်လာတတ်တာ မဟုတ်ဘူး ဆိုတာပဲလေ။ အထိရောက်ဆုံး ရည်ရွယ်ချက်ကို ဖမ်းဆုပ်မိလိုက်တဲ့ လူတစ်ယောက်ရဲ့ စိတ်အတွေးကသာ တန်ဖိုး အရှိဆုံး ဖြစ်ပါတယ်”ဟု ဘင်ဂျမင်က ဆိုသည်။ ၎င်းက “ကျွန်တော့် ဓာတ်ပုံရိုက်ကွင်းတွေမှာ ပါဝင်တဲ့ သူတွေက တကယ့်ကို နှစ်နှစ်ကာကာ စိတ်အားထက်ထက်သန်သန် ကူညီချင်ကြတာကလည်း ကျွန်တော့်အတွက် အားတစ်ရပ်ပါပဲ”ဟုလည်း ပြောကြားသွားခဲ့သည်။



မယ်စကြာဝဠာမြန်မာ အလှမယ်လောင်းတွေကို ဘာကိုကြည့်ပြီး ရွေးလဲ


Miss Universe Myanmar ဆန်ကာတင် ၂ဝကို ဘာကိုကြည့်ပြီးရွေးလဲ။ မျက်နှာပေါက်နဲ့ ခန္ဓာကိုယ် အချိုးအစားကို အတိအကျ တိုင်းထွာယူတာမဟုတ်ဘဲ ကြည့်လိုက်ရင် ပြေပြစ်မှုရှိတာကို အဓိကဦးစားပေး ရွေးချယ်တာလို့ ဒေါ်စိုးယုဝေက ဆိုပါတယ်။

တစ်နိုင်ငံလုံးအနှံ့က လျှောက်လွှာရှင် ၁၅ဝထဲက ၄ဝကို တွေ့ဆုံမေးမြန်းပြီး ဇွန် ၄ရက်နေ့က မြန်မာလေညင်းကုမ္ပဏီရုံးခန်းမှာ ဆန်ကာတင် ၂ဝကို ရွေးချယ်ခဲ့ပါတယ်။ ဆန်ကာတင် ၂ဝထဲမှာ ပါဝင်တဲ့ ဆွီတီကိုက “ဒီလိုလူတွေအများကြီးထဲက တကယ့်စင်ပေါ်မှာ ပြိုင်ရမယ့် အယောက် ၂ဝထဲ ပါဝင်ရွေးခံရတဲ့အတွက် အရမ်းပျော်ပြီး ဂုဏ်ယူပါတယ်။ အသိပညာအတွက် စာတွေလည်း အများကြီး ဖတ်ထားပါတယ်”လို့ ခါးနံပတ် ၄ အလှမယ်လောင်းက ဆိုပါတယ်။
မိုးစက်ဝိုင်ကို အားကျတဲ့ ယွန်းမှီမှီကျော်က အင်္ဂလိပ်စာကို သေသေချာချာ လေ့လာထားပြီး လေ့ကျင့်နေတယ်လို့ ပြောပါတယ်။
Miss Universe Myanmar Organization ရဲ့ National Director ဒေါ်စိုးယုဝေက သူတို့အဖွဲ့အစည်းအနေနဲ့ ပြိုင်ပွဲဝင်သူတွေအတွက် အသေးစိတ်ကအစ ပြင်ဆင်ထားတာမို့ အလှမယ်လောင်းတွေလည်း အလှဆုံး၊ အကောင်းဆုံးဖြစ်အောင် ကြိုးစားဖို့တာဝန်ရှိတယ်လို့ ရှင်းပြပါတယ်။
ဒီနှစ် Miss Universe Myanmar 2014 ပြိုင်ပွဲကို မနှစ်က ဝင်ပြိုင်ခဲ့သူတွေ ပြန်လည်ပါဝင်လာသလို အခြား အလှမယ်ရွေးပွဲတွေမှာ ဆုတွေရထားတဲ့ မော်ဒယ်တွေလည်း ပါဝင်လာပြီးဒီနှစ်မှာတော့ ရန်ကုန်နဲ့ မန္တလေးတင် မကဘဲ နယ်မြို့တွေ အစုံအလင်ပါတယ်လို့ ဆိုပါတယ်။
(ဆောင်းနှင်းဖြူ၊ Free Wings)


Kamayut Media


Unicef က ရိုဟင်ဂျာဟု သုံးနှုန်းပြောဆိုခြင်းအား ပြန်လည်တောင်းပန်


ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့Unicef က အခမ်းအနားတစ်ခုတွင်
ရိုဟင်ဂျာဟု သုံးနှုန်းပြောဆိုခဲ့ခြင်းအားဇွန် ၅ ရက်တွင် ဌာနေကိုယ်စားလှယ်
 ကိုယ်တိုင် ပြန်လည်တောင်းပန်လိုက်ကြောင်း သိရသည်။


Unicef အဖွဲ့အနေဖြင့် ဇွန်လမှစတင်ကာ ရခိုင်ပြည်နယ်အတွင်းရှိ ကလေးငယ်များတွက် ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင်၊ ပညာရေးနှင့်အခြားသောကဏ္ဍတချို့အတွက် အမေရိကန်ဒေါ်လာ ၁၂ သန်းအား အသုံးပြုသွားမည်ဖြစ်ကြောင်းနှင့် အသုံးပြုမည့်အပိုင်းတို့အား ရှင်းလင်းပွဲတစ်ရပ်ကို ဇွန် ၄ ရက်တွင် အထွေထွေအုပ်ချုပ်ရေးဌာန ရုံးခန်းမဖြစ်သည့် မင်းသူရိယခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ယင်းအခန်းအနားတွင် ရခိုင်ပြည်နယ်တာဝန်ခံ နိုင်ငံခြားအမျိုးသမီးက ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြရာတွင် ရိုဟင်ဂျာဟု ထည့်သွင်းရေးသား ပြောဆိုခဲ့သည့်အတွက် ဒေသခံများက ကန့်ကွက်မှုများနှင့် ပြန်လည်မေးမြန်းမှုများကို ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။ ထို့အပြင် ယင်းကိစ္စနှင့် ပတ်သက်၍ facebook စာမျက်နှာများတွင်လည်း ရေးသားဖော်ပြလာခဲ့ကြကြောင်းလည်း သိရသည်။

ထို့ကြောင့် ပြည်နယ် ECC အဖွဲ့က Unicef အဖွဲ့အားခေါ်ယူကာ ယင်းသို့သုံးနှုန်းခဲ့ခြင်းနှင့် ပတ်သက်၍ ပြောဆိုဆွေးနွေးခဲ့ကြရာ ထိုဆွေးနွေးပွဲတွင် Unicef ဌာနယ် ကိုယ်စားလှယ်ကိုယ်တိုင် ပြန်လည်တောင်းပန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အစည်းဝေးမှာ ရိုဟင်ဂျာဆိုတာကို သုံးနှုန်းခဲ့တာကို သိရတဲ့အတွက် ကျွန်တော်တို့ ECC အဖွဲ့က Unicef အဖွဲ့ကိုခေါ်ယူ တွေ့ဆုံခဲ့တယ်။ နိုင်ငံတော်က တရားဝင်အသုံးအနှုန်းမဟုတ်တာကို သုံးခြင်းဟာ သံတမန်ကျင့်ဝတ်ကို ချိုးတာဖြစ်တယ်။ ခင်ဗျားတို့ ကြိုက်ကြိုက် မကြိုက်ကြိုက် မြန်မာကို မြန်မာလို့ပဲ သုံးရတယ်။ ဒါကြောင့် အစိုးရရဲ့ တရားဝင်အသုံးအနှုန်းကိုသုံးပါ။ နိုင်ငံတော်အစိုးရက မရှိပါဘူးလို့ ပြောထားတဲ့ အသုံးအနှုန်းဖြစ်တဲ့ ရိုဟင်ဂျာလို့ သုံးနှုန်းတာဟာ သံတမန်ကျင့်ဝတ်ကို ချိုးဖောက်တဲ့အပြင် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို စော်ကားရာရောက်တယ်။ ဒီလိုမျိုးသာ ဆက်သုံးနေမယ်ဆိုရင် ၂၆-၂၇ နေ့တွေကလို ပြဿနာမျိုးထပ်ဖြစ်လာနိုင်တယ်။ ရခိုင်ပြည်နယ်ထဲမှာ ဖြစ်ခဲ့တဲ့ပဋိ ပက္ခတွေရဲ့ အဓိကအချက်တွေထဲမှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းလည်း ပါတယ်။ ဒါကြောင့်
ဒီလိုမျိုးသုံးစွဲတာကို မှားကြောင်းတောင်းပန်ဖို့နဲ့ နောင်ဆက်လက်မသုံးစွဲဖို့ တိုက်တွန်းတယ်လို့ ပြောခဲ့တယ်။ ဒီတော့ Unicef ကလည်း ပါဝါပွိုင့်မှာ မှားယွင်းစွာသုံးစွဲမိတာကို တောင်းပန်ပါတယ်။ နောက်လည်း မသုံးတော့ပါဘူးလို့ တောင်းပန်စကားဆိုတယ်”ဟု ECC အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးသန်းထွန်း က ပြောပါသည်။

Unicef အဖွဲ့နှင့်တွေ့ဆုံရာတွင်  INGO, NGO Watch Team မှ အဖွဲ့ဝင်များကိုလည်း ဖိတ်ကြားခဲ့ကြောင်း သိရသည်။ ယင်းအဖွဲ့သည် မေလအတွင်းက ဖွဲ့စည်းထားသော အဖွဲ့တစ်ခုဖြစ်ပြီး မြို့နယ်တိုင်းမှ လူမှုကွန်ရက်များပါဝင်ကြောင်း သိရသည်။

ECC အဖွဲ့နှင့် Unicef အဖွဲ့တို့ တွေ့ဆုံပြောဆိုခြင်းသို့ တက်ရောက်ခဲ့သူ INGO,  NGO Watch Team မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုသူရိန်ထွန်းကလည်း “Unicef ကတော့ အဲဒီလိုမျိုး သုံးနှုန်းမိတာဟာ ကျွန်တော်တို့ သတိမထားမိလိုက်လို့ပါလို့ ပြောတယ်။ အဲဒီတစ်ခုတည်းမှာပဲ မှားပြီးပါသွားတာလို့ ပြောတယ်။ ကံကောင်းလို့ တိုက်ဆိုင်သွားတာလို့ ပြောတယ်။ ကျွန်တော်ကတော့ ပြောတယ်။

ဒီလိုအဖွဲ့အစည်းကြီးတစ်ခုက မစစ်ဆေးစရာအကြောင်း မရှိဘူး။ သိလျက်နဲ့လုပ်တာလို့ မြင်တယ်လို့ပြောတယ်။ အဲဒီအမှားကို ဝန်ခံဖို့လိုတယ်လို့ ပြောလိုက်တယ်။ အဲဒီမှာပဲ တက်ရောက်လာသူတွေရှေ့မှာပဲ ဒီလိုမျိုးသုံးနှုန်းမိတာ မှားပါတယ်လို့ ဝန်ခံတယ်။ နောက်နောင်လည်း ဒီလိုမျိုး မမှားအောင်လုပ်သွားမယ်လို့ Unicef အဖွဲ့ရဲ့မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Bertrand Bainval က ဝန်ခံသွားတယ်”ဟုလည်း ပြောကြားခဲ့သည်။


Eleven Media Group


Facebook Fanpage များတွင် Like လုပ်သူ များပြားလာစေရန် ငွေကြေးဖြင့်လုပ်ဆောင်မှု ပိုမိုများပြားလာကြောင်း သိရ


Facebook Fan Page များတွင် ကြည့်ရှုသူများလာစေရန်နှင့် Like လုပ်သူများလာစေရန်အတွက် ငွေကြေးဖြင့်သော်လည်းကောင်း၊ လက်ဆောင်ပစ္စည်းများဖြင့် သော်လည်ကောင်း လုပ်ဆောင်မှုများ ပိုမိုများပြားလာကြောင်း အိုင်တီကုမ္ပဏီ အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။

"ဒီလိုမျိုးတွေ ပြုလုပ်နေတာတော့ ကြာပါပြီ။ အများဆုံး လုပ်တာကတော့ ကြော်ငြာကုမ္ပဏီတွေပါပဲ။ သူတို့က ကြော်ငြာအားကောင်းမှ သူတို့ရဲ့ထုတ်ကုန်တွေကိုလူသိမှာ။ ဒါကျတော့ အွန်လိုင်းကြော်ငြာပေါ့။ အခုနောက်ပိုင်းမှာဆိုရင် နိုင်ငံခြားကြော်ငြာ ကုမ္ပဏီတွေလည်း အများဆုံး လုပ်လာကြတယ်။ ပြီးတော့ မီဒီယာအသေးစားတွေ ဆိုရင်လည်း လုပ်ကြတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သူတို့တင်ဆက်တဲ့ သတင်းတွေကို လူတွေပိုပြီးတော့ သိလာမယ်။ ဒါကြောင့် တော်တော်များများက နောက်ပိုင်းမှာ လုပ်လာကြတယ်။ ဒါက Facebook မှာ ပိုက်ဆံပေးပြီး လုပ်ခိုင်းတယ် မခိုင်းဘူးဆိုတာက ကြည့်ရင်သိပါတယ်။ တချို့ကျတော့လည်း like လုပ်ရင် လက်ဆောင်တွေပေးမယ်။ ဖုန်းတွေမဲနှိုက်ပေးမယ်ဆိုပြီး ဆွဲဆောင်ကြတယ်။ ဒါကလည်း ပိုက်ဆံပေးရင် ကိုယ်ကြိုက်တဲ့ပုံစံကို လုပ်ခိုင်းလို့ရတယ်။ ပိုက်ဆံများများပေးရင် like လုပ်တဲ့သူများလာမယ်။ ကြည့်တဲ့သူများလာမယ်။ ကြော်ငြာအား ကောင်းတာပေါ့" ဟု Myanmar soft-gate Technology မှ မန်နေဂျင်းဒါရိုက်တာ ကိုရန်နောင်စိုးက ပြောကြားသည်။

Facebook fanpage များတွင် အသုံးပြုသူ များလာစေရန်အတွက် ငွေကြေးဖြင့် လုပ်ဆောင်ရာတွင် super, sunsilk, Pound's, Nivea များအပါအ၀င် နောက်ပိုင်းတွင် နိုင်ငံခြားကြော်ငြာ ကုမ္ပဏီများနှင့် အခြားလုပ်ငန်းရှင်များမှာလည်း ယင်းတို့၏ ထုတ်ကုန်များကို လူသိများစေရန်အတွက် ပြုလုပ်လာကြပြီး စုစုပေါင်းကုမ္ပဏီ ၅၀ ကျော်ရှိပြီး မြန်မာနိုင်ငံရှိ အချို့မီဒီယာများလည်း ပါဝင်ကြောင်း သိရသည်။

"ဒီလိုမျိုးလုပ်တယ်ဆိုတာ ကြော်ငြာထုတ်ကုန်ဆိုရင်လည်း ဘယ်လောက်ကြော်ငြာ ကြော်ငြာ ပစ္စည်းကောင်းမှ လူတွေသုံးကြမှာ။ ဒီလိုမျိုးတွေ ကြော်ငြာတာထက် ကိုယ့်ပစ္စည်းတွေကို ပိုပြီးကောင်းအောင် ထုတ်ရင်တော့ သုံးတဲ့သူများလာမှာပေါ့" ဟု Facebook အသုံးပြုသူ အိုင်တီကျွမ်းကျင်သူ ကိုချမ်းမင်းက ပြောကြားသည်။

ယင်းသို့ငွေကြေးဖြင့် လုပ်ဆောင်ရာတွင် ကြော်ငြာကုမ္ပဏီများအပြင် မြန်မာနိုင်ငံရှိ မီဒီယာအချို့လည်း ပါဝင်လာကြောင်း သိရသည်။

"လွန်ခဲ့တဲ့ ငါးလလောက်က 7Day News Journal Facebook Page ထက် Eleven Media Group Facebook Page က like အရေအတွက် ငါးသောင်းကျော်လောက် ပိုများပါတယ်။ ဒီနောက်ပိုင်းမှာ 7Day က Facebook Promotion လုပ်လာပါတယ်။ အဲဒီမှာ လပိုင်းအတွင်း ကျွန်တော်တို့ထက် ၁၈၀၀၀၀ လောက် ပိုများသွားပါတယ်။ အခု ကျွန်တော်တို့လည်း တစ်လဒေါ်လာ ၃၅၀ Facebook ကိုပေးပြီး Promotion လုပ်နေပါတယ်။ အရင်က ပုံမှန်သတင်း အခြေအနေမှာ တစ်လကို လူ ၃၀၀၀၀ ကျော်လောက် like လုပ်တဲ့ အခြေအနေကနေ အခုလူတစ်သိန်း ကျော်လောက် Like လုပ်လာကြပါတယ်။ BBC Burmese သစ်ထူးလွင်၊ ရိုးရာလေးတို့ Facebook Promotion လုပ်ဆောင်ထားတာ တွေ့ရပါတယ်။ အစိုးရ Lobby Page ဖြစ်တဲ့ နည်းစနစ်ကျကျ အတွေးအခေါ် Facebook Page လည်း Facebook Promotion ကို လုပ်ထားတာ တွေ့ရပြီး သူတို့ Facebook မှာ Like ရတဲ့နှုန်းနဲ့ တွက်ကြည့်မယ်ဆိုရင် ၁ နှစ်မှာ ဒေါ်လာသောင်းချီပေးရမယ်လို့ ခန့်မှန်းပါတယ်" ဟု Eleven Media Group ၏ အွန်လိုင်းအယ်ဒီတာချုပ် ကိုဇော်ရဲနောင်က ပြောကြားသည်။

Eleven Media Group

ဆင်းမ်ကတ် စရောင်းချိန်တွင် မြို့ကြီးများ၌သာ သုံးနိုင်မည်ဟု တယ်လီနောဆို


ရန်ကုန်၊ ဇွန် ၅

ဆက်သွယ်ရေး အော်ပရေတာအဖြစ် လုပ်ငန်း လုပ်ကိုင်ခွင့် ရထားသည့် တယ်လီနောက စက်တင်ဘာလတွင် ဆင်းမ်ကတ်များ စတင်ရောင်းချမည် ဖြစ်ပြီး စတင်ရောင်းချချိန်၌ ရန်ကုန်မြို့တော်၊ မန္တလေးမြို့တော်နှင့် နေပြည်တော် အပါအဝင် မြို့ကြီးများတွင်သာ သုံးစွဲနိုင်ဦးမည် ဖြစ်ကြောင်း တယ်လီနောမြန်မာထံမှ သိရသည်။

“တာဝါတိုင်တွေ ပြီးလို့ ကွန်ရက် တဖြည်းဖြည်း ကျယ်ပြန့်လာတာနဲ့အမျှ သုံးနိုင်တဲ့ နေရာတွေ ပိုများလာမယ်။ အချိန်တော့ နည်းနည်းပေးရမယ်” ဟု တယ်လီနောမြန်မာမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးကွန်ရက် ပိုမိုလွှမ်းခြုံနိုင်ရန် ငါးနှစ်အတွင်း တစ်နိုင်ငံလုံးတွင် တာဝါတိုင်ပေါင်း ၈၀၀၀ တည်ဆောက်မည် ဖြစ်ကြောင်း တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် Mr.Petter Furberg က ပြောကြားသည်။

ဆင်းမ်ကတ်များ စတင်ရောင်းချချိန် စက်တင်ဘာလ မတိုင်မီတွင် တာဝါတိုင်ပေါင်း ၁၀၀၀ ပြီးစီးအောင် တည်ဆောက်မည် ဖြစ်ပြီး ယခုနှစ်ကုန်တွင် တာဝါတိုင် ၂၄၀၀ ခန့် အပြီးတည်ဆောက်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် မိုဘိုင်းလ် ဆက်သွယ်ရေး တာဝါတိုင် ၂၀၀၀၀ ခန့် တည်ဆောက်ရန် လိုအပ်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တာဝါတိုင် ၂၀၀၀ ခန့်သာ တည်ဆောက်ထားသောကြောင့် တစ်နိုင်ငံလုံးတွင် မိုဘိုင်းလ်ဖုန်း ဆက်သွယ်ပြောဆိုနိုင်ရန် ၃ နှစ်မှ ၅ နှစ်အထိ အချိန်ယူရမည် ဖြစ်ကြောင်း သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေး တာဝါတိုင် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အိန္ဒိယအခြေစိုက် Apollo Towers နှင့် စင်ကာပူအခြေစိုက် Irrawaddy Green Technology တို့ကို ရွေးချယ်ထားသည်။

“စရောင်းတဲ့အချိန်မှာ မြို့ကြီးတွေပဲ ရမယ်ဆိုတော့ ကျေးလက်ဒေသတွေမှာ နေတဲ့သူတွေ အတွက်ကတော့ ဘာမှမထူးပါဘူး။ စောင့်လက်စနဲ့ ဆက်စောင့်ရဦးမှာပေါ့။ လူတွေက အရမ်းမျှော်လင့်နေကြတော့ ဆင်းမ်ကတ် စရောင်းတာနဲ့ တစ်နိုင်ငံလုံး ရမယ် ထင်နေကြတာ” ဟု ကွန်ပျူတာပညာရှင် ဦးရဲဝင့်အောင်က ဆိုသည်။

အခြားဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည့် အော်ရီဒူးကုမ္ပဏီကလည်း သြဂုတ်လ ဆင်းမ်ကတ်များ စတင်ရောင်းချချိန် မတိုင်မီ တာဝါတိုင် ၄၀၀ ခန့် အပြီး တည်ဆောက်မည် ဖြစ်ပြီး ယခုနှစ်ကုန်တွင် တာဝါတိုင် ၁၀၀၀ ခန့် ပြီးစီးအောင် တည်ဆောက်မည်ဟု ဆိုထားသည်။

The Voice Weekly


နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်၏ကတော်မှ ဒေါ်အောင်ဆန်းစုကြည်အား မလိုမုန်းတီးမှု ဖြစ်ပေါ်နေမှု မဖုံးနိုင်၊ မဖိနိုင် ပေါ်သွားခဲ့ပြီးနောက် facebook အကောင့်ကို ဖျက်သိမ်း


ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်ရဲ့ကတော် ဒေါ်ခင်စန္ဒာထွန်း(www.facebook.com/khinsandar.tun.73)ရဲ့
စောင့်ထိန်းရမယ့် ကျင့်ဝတ်အသိတရားကိုသွေဖယ်ပြီး...
ရင်တွင်းက မတော်ဆန္ဒတွေကို မဖုံးနိုင်၊ မဖိနိုင်ပေါ်သွားခဲ့တဲ့
လုပ်ရပ်လေးတစ်ခုပါ..။ အရင်ကတည်းကလည်း ဒါမျိုးတွေ
မကြာမကြာ ပြုမူတတ်ပြီး...ကိုယ်တိုင်တောင် Status တွေအနေနဲ့
တင်ထားခဲ့တာတွေ ရှိပါတယ်။



သူ့လို နိုင်ငံတော်သမ္မတပြောရေးဆိုခွင့်ရှိသူ အစိုးရတာဝန်ရှိသူတစ်ဦးရဲ့
ဇနီးမယားအနေနဲ့....လူကြီးတွေရဲ့အမျိုးသားပြန်လည်သင့်မြတ်ရေး
လမ်းကို လျှောက်လှမ်းနေတဲ့ယခုလိုအခါမျိုးမှာ မလုပ်သင့်၊ မလုပ်အပ်တဲ့
အရာတွေပါ ။

ကိုယ့်ခင်ပွန်းလက်အောက်က၀ါဒဖြန့်ချီရေး တပည့်တွေက လုပ်တယ်
ဆိုရင်လည်း ဒါကိုကိုယ့်ဝေါလ်မှာ ပြန်ရှယ်ပြီးတင်ရလောက်အောင်
အသိမဲ့တာမျိုးကတော့ အလွန်စိတ်မကောင်းဖွယ်ပါ..။

ဒု-၀န်ကြီး(သမ္မတပြောရေးဆိုခွင့်ရှိသူ) ဦးရဲထွဋ်အနေနဲ့ ဘာပဲဖြစ်ဖြစ်
ကိုယ့်စိတ်ထဲက ဒေါ်အောင်ဆန်းစုကြည်ကို မနှစ်မြို့၊ မလိုလားပင်စေကာမှု
လူကြီးတွေရဲ့အမြော်အမြင်ရှိရှိ လျှောက်နေကြတဲ့လမ်းမှာ ကိုယ့်ကြောင့်၊
ကိုယ့်မိသားစုဝင်တစ်ဦးကြောင့် မလိုလားအပ်တာတွေ မဖြစ်ရအောင်
သတိထားဆင်ခြင်သင့်ပါကြောင်း။



လေးစားစွာဖြင့် -
Pyae Tharr Kaung


Dep-Provera သုံးလခံ ထိုးဆေး

 
သုံးလခံ ကိုယ်ဝန်တားထိုးဆေးက မျိုးဥအိမ်ကနေ မျိုးဥ မထွက်အောင် ဆောင်ကျဉ်းပေးတယ်။ ဒါ့အပြင် သားအိမ်အဝက ချွဲကို စေးပျစ်စေလို့ ဝင်လာမဲ့ သုက်ပိုးအတွက် ခက်ခဲစေတယ်။ သားအိမ်အတွင်းဆုံးလွှာကိုလဲ ပါးစေသေးတယ်။ မျိုးဥ ထွက်စေပါ၊ ထွက်အုံးတော့ သုက်ပိုးအဝင်ခက်စေမယ်၊ ဝင်လာနိုင်လို့ နှစ်မျိုးတွေ့ပြီးအုံးတော့ အထဲမှာမတွယ်စေနိုင်ဘူး။

ကောင်းချက်တွေ အများကြီးရှိတယ်။
• ထိရောက်မှု သုတေသနတွေအရ ဝ% ကနေ ၂့၆% သာ လိုရာမရောက် ဖြစ်ပါတယ်။
• ၃ လနေမှ တခါထိုးရတယ်။
• တခြား ဟော်မုန်း ၂ မျိုးတွဲတွေလောက် ဆေး (အက်ရှင်) ဖြစ်တာတွေ နဲတယ်။
• Estrogen ဟော်မုန်းမပါလို့ DVT အတွင်းပိုင်းက သွေးပြန်ကြောပိတ်တာ၊ PE အဆုပ်သွား သွေးကြောပိတ်တာ၊ Stroke နှလုံး-သွေးကြောပိတ်တာ အန္တရာယ် မစိုးရိမ်ရဘူး။
• သားအိမ်ကင်ဆာဖြစ်မဲ့ အန္တရာယ်နဲတယ်။
• သွေးအားနဲရောဂါ၊ တင်ပဆုံတွင်းအင်္ဂါရောင်တာ၊ သားအိမ်ပြင်ပ သန္ဓေတည်တာ၊ သားအိမ်အကျိတ်ဖြစ်တာတွေနဲတယ်။
• Endometriosis သားအိမ်ရောဂါရှိနေသူ ခံစားရတာတွေ နဲတယ်။
• အစကထဲက ရာသီဆင်းချိန်မှာ နာတာ၊ မျိုးဥထွက်ချိန်မှာ နာတတ်တာ၊ မျိုးဥအိမ်အလုံးဖြစ်တာလဲ နဲတယ်။
• အတက်ရောဂါရှိနေသူ အတက်ဖြစ်တာ နဲစေသေးတယ်။
• သွေးရောဂါတမျိုးရှိတဲ့ အမျိုးသမီးတွေမှာ Sickle cell crises ဆိုတာ အဖြစ်နဲတယ်။
• နို့တိုက်မိခင်တွေ သုံးနိုင်တယ်။
• မွေးပြီး ၁ လခွဲ ရှိမှထိုးတာ ပိုကောင်းတယ် မဟုတ်ရင် သွေးဆင်းနေတာ များတတ်တယ်။ နို့မတိုက်သူဆိုရင် ၁ ပါတ်အတွင်း ထိုးလို့ရတယ်။

ဒီဆေး မထိုးသင့်သူတွေကတော့ -
• Deep vein thrombosis (DVT) အတွင်းပိုင်းက သွေးပြန်ကြောပိတ်ရောဂါ ရှိနေသူ၊
• PE အဆုပ်သွား သွေးကြောပိတ်ရောဂါ ရှိနေသူ၊
• မိုင်ဂရိန်း ခေါင်းမူး-ခေါင်းကိုက်ရောဂါ ရှိနေသူ၊
• Liver diseases (Acute viral hepatitis, severe Decompensated cirrhosis, Benign or malignant liver tumors) လတ်တလော ဖြစ်နေတဲ့ အသဲရောဂါ ရှိနေသူ၊
• Stroke နှလုံးသွေးကြောပိတ်ရောဂါ ရှိနေသူ၊
• ဆီးချိုဖြစ်တာ အနှစ် ၂ဝ ကြာနေသူ၊
• သွေးတိုးနေရင် သတိထားသုံးပါ၊
• နို့ကင်ဆာ ဖြစ်ထားသူ၊
• ကိုယ်ဝန်ဆောင်နေသူ၊
• လိင်ကတဆင့် ကူးစက်ရောဂါတွေကို အကာကွယ် မပေးနိုင်ပါ။

ရာသီ စဆင်းတဲ့ နေ့ကနေ ၅ ရက်အတွင်း ထိုးရင် ချက်ချင်း ထိရောက်တယ်။ ၅ ရက်နောက်မှ ထိုးရင် ၂ ပါတ်ကြာမှ ထိရောက်တယ်။ ကလေးပြန်ရဘို့ နောက်ကျ စေတယ်။ ဆေးထိုးတာ ရပ်ထားပြီးနောက် ၉ လ၊ ၁ နှစ်ခွဲကျမှ ကလေး ပြန်ရနိုင်ကြတယ်။ ၁ နှစ်ခွဲနေရင်တော့ တခြား တားနည်းတွေလိုဘဲ ကလေး ပြန်ရနိုင်စွမ်းက အတူတူဘဲ။ ထိုင်းနိုင်ငံမှာ လေ့လာမှုတခုအရ ဆေးထိုးရပ်ပြီး ကလေးပြန်ယူတော့ အလေးချိန်နဲတဲ့ကလေး မွေးနှုန်း များတာ တွေ့ရတယ်။ စမ်းသပ်တာကလဲ ဆင်းရဲသူတွေမှာပါ။

ဘေးထွက်ဆိုးကျိုး
• သွေးမဆင်းတာ၊ (၁ နှစ်တာ ထိုးထားတဲ့ အမျိုးသမီးတွေမှာ ၅၅%၊ ၁ နှစ်တာ ထိုးထားတဲ့ အမျိုးသမီးတွေမှာ ၆၈% ရာသီမလာတာ တွေ့ရတယ်။)
• သွေးဆင်းမမှန်တာ၊
• ဗိုက်နာတာ၊
• ဝတာ-ပိန်တာ၊
• အားယုတ်ချင်တာ၊
• စိတ်လှုတ်ရှားတာ၊

ဆိုးကျိုးတွေ ဘယ်လိုရှိသလဲသိဘို့ ဒီဆေးကို ၇ နှစ်ကြာ ထိုးထားတဲ့ အမျိုးသမီးပေါင်း ၄ဝဝဝ လောက်ကို စမ်းသပ်ခဲ့တယ်။
• သူတို့ထဲက ၅% ကျော်ကျော်မှာ ရာသီမမှန် (များသူ + မလာသူ)၊ ဗိုက်နာ၊ ကိုယ်အလေးချိန် ပြောင်းလဲ၊ အားယုတ်၊ ခေါင်းမူး၊ စိုးရိမ်၊
• ၁% ကနေ ၅% အထိတွေမှာ ဆက်ဆံလိုစိတ်နည်း၊ ဗိုက်အောက်ပိုင်းနာ၊ ခါးနာ၊ ရင်သားနာ၊ ခြေထောက်နာ၊ စိတ်ကျ၊ အနီပြင်ထွက်၊ ပျို့၊ အိပ်မပျော်၊ အဖြူဆင်း၊ ခြေထောက်ယောင်၊ ဝက်ခြံပေါက်၊
• ၁% ထက်နည်းသူတွေမှာ အသားဝါ၊ ဆီးလမ်း-မွေးလမ်းရောင်၊ တက်၊ အစားပျက်၊ ဝမ်းမမှန်၊ ဝမ်းသွေးပါ၊ ဆက်ဆံချိန်နာ၊ ရင်ပတ်နာ၊ သွေးအားနည်း၊ အလာဂျီရ၊ အိပ်ချင်၊ ဖျား၊ ချမ်း၊ အသားအရေခြောက်၊ ပန်းနာ၊ ရင်ခုန်မြန်၊ ချွေးပိုထွက်၊ အာခေါင်ခြောက်၊ လေဖြတ်၊ ရေငတ်၊ အသက်ရှူမဝ၊ ရာသီလာစဉ်နာ၊ ကိုယ်ဝန်ရှိသလို ခံစား၊ မထင်မှတ်ဘဲ ကိုယ်ဝန်ဆောင်၊ ကလေးပြန်မရ၊ သွေးပြန်ကြောရောင်၊ ဆက်ဆံလိုစိတ်ပို၊ နို့ထွက်နည်း၊ ရင်သား အရွယ်ပြောင်း၊ ရင်သားထိပ်က သွေးထွက်၊ ရင်သား-ကင်ဆာ၊

“အထူးသတိပေးချက်” ကတော့ Osteoporotic effects ဆိုတဲ့ အရိုးအားနဲတာ ပိုကြာစေတတ်ပါတယ်။ ဒါ့ကြောင့် FDA ကနေ ၂ဝဝ၄ ကစပြီး၊ သတိပေးချက် ထည့်လိုက်တယ်။ FDA က ၂ နှစ်ထက်ပို မသုံးနဲ့လို့ ပြောတယ်။ WH- ကတော့ ဒါ့ကြောင့်တော့ ဒီဆေးမသုံးနဲ့လို့ မပြောသင့်ဘူး ဆိုပါတယ်။ အမေရိကန် ACOG ကလဲ WH- နဲ့ သဘောတူတယ်။ တခြားတားနည်း ပြောင်းသုံးစရာ မရှိရင် ရပ်စရာ မလိုပါဘူးတဲ့။

ယောက်ျားတွေအတွက်လဲ သုံးတယ်။ မုဒိန်းကောင်တွေကို Chemical castration ဆေးနဲ့ သင်းကွပ်ပေးတာပါ။ လိင်စိတ် သိသိသာသာ နဲသွားစေမယ်။

Dr. တင့်ဆွေ

အကောင်းဆုံးကမ္ဘာ့ဖလားဖြစ်လာမည့် ၂၀၁၄ ဘရာဇီးကမ္ဘာ့ဖလား


လာမယ့်ဘရာဇီး ကမ္ဘာ့ဖလားဟာ ပရိသတ်တွေမကြုံဖူးတဲ့ အရသာသစ်တွေ ပေးစွမ်းနိုင် မယ်ဆိုပြီး နာမည်ကြီးလှပါတယ်။ မကြာသေးခင် အချိန်အထိ ဘရာဇီးပြည်တွင်းမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပေမယ့် တကယ်တမ်းမှာ တော့ ပြိုင်ပွဲကျင်းပတဲ့အခါ အားလုံး တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ကိုင်တွယ်သွားမယ်လို့ အစိုးရကလည်း ကတိပြုထားပါတယ်။ အခုလာမယ့် ၂၀၁၄ ကမ္ဘာ့ဖလားဟာ သမိုင်းတစ်လျှောက် အကောင်းဆုံးကမ္ဘာ့ဖလားတစ်ခု ဖြစ်လာနိုင် မယ့် အချက်တွေက ရှိနေပါ တယ်။ ပရိသတ်တွေအတွက် မကြုံဖူးတဲ့ အရသာတွေကို ကမ္ဘာ့ဖလားမှာ ခံစားကြရမယ်ဆိုရင်လည်း မမှား ပါဘူး။

အိမ်ရှင်ဘရာဇီးဖြစ်ခြင်း

တစ်ကမ္ဘာလုံး နှစ်နှစ်ခြိုက် ခြိုက် သောက်သုံးနေကြတဲ့ ကော် ဖီစေ့တွေ ထွက်ရာဒေသကို အ တော်များများကတော့ သွား ရောက် လည်ပတ်ဖူးချင်ကြတဲ့ သူတွေချည်းပါပဲ။ အပြုံးတွေ အ မြဲတမ်းရှိနေတဲ့ လူတွေရဲ့ မျက် နှာနဲ့ ဘရာဇီး ဆန်ဘာဘောလုံး ကစားပုံတွေကို လမ်းတွေမှာတွေ့ ရမှာပါ။ ဘရာဇီး နိုင်ငံသားမဟုတ်ရင်တောင် ကလေးအတော်များ များဟာ ကြီးလာတဲ့အခါ ဘောလုံးကစားရင် ပီလီလို ဖြစ်ချင်ကြတဲ့ သူတွေချည်းပါပဲ။ အလိမ်အ ခေါက်တွေနဲ့ ဘောလုံး လှည့်ပတ် ကစားတဲ့ ဟန်ပန်ဟာ ဘရာဇီး နိုင်ငံသားတွေရဲ့ မူပိုင်ခွင့်လို့ပြော ရင် မလွန်ပါဘူး။

နေမာ

မက်ဆီနဲ့ ရော်နယ်ဒိုတို့ ယှဉ် ပြိုင်မှု ရှိနေပေမယ့်လည်း ဒီကစား သမားဟာ ဘရာဇီးပရိသတ်တွေ အတွက် အဓိက မျှော်လင့်ချက် ဖြစ်သလို ကျန်ပရိသတ်တွေ အ တွက်လည်း သူကစားတာကို ကြည့်ချင်ကြမှာ မလွဲပါဘူး။ အ ထူးသဖြင့် ဘရာဇီးအသင်းနဲ့ နေ မာကစားတာကို ကြည့်ချင်ကြမှာ ပါ။ လက်ရှိ အခြေအနေအရတော့ ဘရာဇီးဟာ ကမ္ဘာ့ဖလားကို စီစဉ် တကျ ရေးဆွဲပြီးယှဉ်ပြိုင်မယ်လို့ ယူဆရပါတယ်။ နည်းပြစကိုလာ ရီဟာ ဟိတ်၊ ဟန်များတဲ့ နည်းပြမဟုတ်လို့လည်း အသင်းအပေါ် ယုံကြည်မှု ပိုပြင်းထန်ကြပါတယ်။

မက်ဆီနှင့် ရော်နယ်ဒို ယှဉ်ပြိုင်မှု

 ပြိုင်ဘက်နှစ်ဦးစလုံးက တော့ ဒီပြိုင်ပွဲမှာ တစ်ယောက်ရဲ့ အခြေအနေ ဘာဖြစ်နေပြီလဲ ဆိုတာကို စိတ်ဝင်တစား ရှိနေ ကြမှာ အသေအချာပါပဲ။ မက်ဆီ ဟာ ပြီးခဲ့တဲ့ရာသီမှာ ဘာစီလိုနာ နဲ့အတူ စိတ်ပျက်ဖွယ်ရာ ရာသီကို ဖြတ်သန်းခဲ့ရလို့ အာဂျင်တီးနားနဲ့ အတူ တောင်အမေရိကမြေမှာ တောက်ပဖို့ ကြိုးစားမှာပါ။ ဒီလို ပဲ ရော်နယ်ဒိုကလည်း ပေါ်တူဂီ အတွက် ဂိုးတွေသွင်းရင်း သူ့ရဲ့ ၀မ်းဗိုက်ကြွက်သား ၆ တုံးရှိတဲ့ ခန္ဓာကိုယ်အလှကို တစ်ကမ္ဘာလုံး ကို ပြဖို့ ကြိုးစားပါလိမ့်မယ်။ သူ တို့ နှစ်ယောက်အတွက်တော့ ကိုယ့်နိုင်ငံအသင်းကို ပြိုင်ဘက် အသင်းထက် အမြင့်ဆုံး အောင် မြင်အောင် လုပ်ပေးတာဟာ သူ တို့ရဲ့ အောင်မြင်မှုပါပဲ။ တစ်နည်း ဆိုရရင်တော့ ဒီပြိုင်ဘက် နှစ် ယောက်ရဲ့ အသင်းတစ်သင်းက အဆင့်မြင့်မြင့် မတက်နိုင်ဘူးဆို ရင် အဲဒီသိက္ခာဟာ ဒီနှစ်ယောက် စလုံးနဲ့ ဆိုင်လာမှာပါ။

ဗူဗူဇီလာနှင့် အင်္ဂလန်တီးဝိုင်း

ကင်းမဲ့ဇုန်

၂၀၁၀ ကမ္ဘာ့ဖလားတုန်းက တောင်အာဖရိကမှာ ပြည်တွင်း ရိုးရာ လေမှုတ်တူရိယာ ဗူဗူဇီလာ တွေကြောင့် ပရိသတ်အများစု စိတ်ပျက်ဖွယ်ရာ အသံတွေကို ကြားခဲ့ရပါတယ်။ အခုတော့ ဖီဖာ ကိုယ်တိုင်က ဘရာဇီး ကမ္ဘာ့ဖလားမှာ ဘယ်လေမှုတ်တူရိယာကိုမှ ယူဆောင်ခွင့် မပြုတော့ပါဘူး။  နောက်ပြီး ကမ္ဘာ့ဖလားတိုင်းမှာ လိုက်ပါလေ့ရှိတဲ့ အင်္ဂလန်တူရိယာတီးဝိုင်းကလည်း ဒီနှစ်ကမ္ဘာ့ ဖလားမှာ ရှိမှာမဟုတ်ပါဘူး။ ဖီဖာက ဒီလိုတီးဝိုင်းတွေကို ၀င်ခွင့်ပိတ်ပင်လိုက်လို့ပဲ ဖြစ်ပါတယ်။ ၁၉၉၈နောက်ပိုင်း ပထမဆုံးအကြိမ် အင်္ဂလန်တီးဝိုင်းမပါတဲ့ ကမ္ဘာ့ ဖလားကို တွေ့ရတော့မှာ ဖြစ်ပြီး၊ ဘောလုံးပွဲ တကယ်ကြည့်ချင်တဲ့ ပရိသတ်တွေအတွက် အေးအေး ချမ်းချမ်းကြည့်ရတော့မှာပါ။

ကိုပါကာဘားနားနှင့်

ကော်စင်ညာ

ဘောလုံးကန်ဖိနပ် မ၀တ် ထားတဲ့ ကောင်လေးတွေ သဲ သောင်ပြင်ပေါ်မှာ ဘောလုံး က စားနေတဲ့ပုံကို ဘရာဇီးက ကိုပါ ကာဘားနားမြို့မှာ တွေ့ရမှာပါ။ ကမ္ဘာ့ဖလားကြည့်ရင်းနဲ့ ပင်လယ် ကမ်းစပ်ဘေးမှာ ဒီလိုရှုခင်းတွေ တွေ့နိုင်သလို ဘီကီနီနဲ့ လမ်း လျှောက်သွားနေတဲ့ ဘရာဇီးပျို ဖြူတွေကိုလည်း ပရိသတ်တွေ တွေ့ရပါလိမ့်မယ်။

ကော်စင်ညာမြို့မှာတော့ ဘရာဇီးက နာမည်ကြီး ကြက်သားကြော်နဲ့ နာမည်ကြီး အာလူးကြော်မုန့်ကို ပရိသတ်တွေ အ၀သုံး ဆောင်နိုင်မှာပါ။
ဒီအချက်တွေကိုကြည်ရင် ဘရာဇီးကမ္ဘာ့ဖလားဟာ အရင် ကမ္ဘာ့ဖလားတွေထက် ပိုပြီးထူးကဲ မယ်ဆိုတာ သိနိုင်ပါတယ်။

http://7daydaily.com/story/12576#.U5MjvShIPYh


စားဖွယ် မုန့်နာမည်များနဲ့ Android OS ဗားရှင်းအမည်များ



Smart Pro Journal မှာပါရှိတဲ့ စားဖွယ် မုန့်နာမည်များနဲ့ Android OS ဗားရှင်းအမည်များ ဆောင်းပါး ကိုပြန်လည်ဖော်ပြပေး လိုက်ပါတယ်။ Google ရဲ့ Android Market ဟာ ၂၀၀၈၊ စက်တင်ဘာလ ကုန်ပိုင်းလောက်မှာ Android 1.0 ကို စတင်ထွက်ရှိလာခြင်းရဲ့ နောက်မှာ OS ရဲ့ နည်းပညာတိုးမြင့် မူတွေဖြစ်ပေါ်လာပြီး အဆင့်ဆင့် ပြောင်းလဲ တိုးတက်ခဲ့တာဖြင့် အခုဆိုရင် Android OS KitKat 4.4 ထိကို ရောက်ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ Android OS တစ်ခုချင်းစီရဲ့ ပြောင်းလဲ တိုးတက်မူတွေဟာဖြင့် UI မျက်နှာပြင် ဒီဇိုင်းတိုးမြင့်မူ၊ ရုပ်ထွက်နဲ့ကီးဘုတ် ရိုက်နှုန်းတွေ ပိုမြန်လာမူ၊ အသံပိုင်းဆိုင်ရာ ရှာဖွေ မူတွေရဲ့ တိုးမြင့်မူ၊ အသုံးပြုသူတွေကို ဒေါင်းလုပ်ဖိုင်၊ အီးမေးလ်နဲ့ အခြား App တွေကို ပိုမိုလွယ်ကူစွာ လက်ခံ ရရှိအောင် ဆောင်ရွက်ပေးနိင်လာတဲ့ ဒေါင်းလုပ်ခ် မန်နေဂျာ နဲ့အခြား ထောက်ပံမူများသည့် လည်း ဆန်းသစ်တိုးပွားလာတာခြင်းဟာ ယနေ့တွေမှာ ကျတော်တို့ တွေ မြင်နေရတဲ့ အတိုင်းပင် ဖြစ်ပါတော့တယ်။

ခေါ်ချင်စရာကောင်းတဲ့ စိတ်ဝင်စားစရာ မုန့်နာမည်လေးတွေနဲ့ Android OS တွေကို တစ်ခုချင်းဖော်ပြ လိုက်ပါတယ်။

Android 1.5 Cupcake

Cupcake ဆိုတဲ့ ပထမဆုံး မုန့်အချို နာမည်ကို သတ်မှတ်ခဲ့တာကတော့ Android 1.5 မှာ ဖြစ်ပါတယ်။Cupcake ဆိုတာ ကိတ်မုန့်တုံးလေးတွေကို ခွက်ပုံစံ စက္ကူနဲ့ ဘေးအောက်ပတ်ထားတဲ့ မုန့်တစ်ခုဖြစ် တယ်လို့ ယေဘုယျအားဖြင့် သတ်မှတ်နိင်ပါမယ်။ ၂၀၀၉ ခုနှစ်၊ ဧပရယ် ၂၇ မှာ စတင်ဖြန်ချိခဲ့ပြီး အချို့ သာ အစိတ်အပိုင်းအသစ်တွေနဲ့ UI တိုးမြင့်မူတွေ ပါဝင်ခဲ့ပါတယ်။

Android 1.6 Donut

Donet ကတော့ အားလုံးပဲ သိကြမှာပါ။ ဂျေးဒိုးနပ်က မှန့်ဝိုင်းကွင်း (ဗမာနည်းအရခေါ် မုန့်လက်ကောက် အသေးစား) ဆိုတော့ ။ သူလည်း ၂၀၀၉၊ စက်တင်ဘာ လလယ်မှာ ဖြန်ချိခဲ့ပြီး အသံနဲ့ စာရိုက် ရှာဖွေခြင်းတွေအပြင် အစိတ်အပိုင်း အသစ်ပေါင်းများစွာ ပါဝင်ခဲ့ပါတယ်။

Android 2.0 Eclair

Eclair က ဂျုံမုန့်ညက်နဲ့ထောပတ်ကို ရောဖုန်ထားတဲ့ ထောင့်မှန်ရှည်ရှည်မျောမျော မုန့်ပွတစ်မျိုးဖြစ်ပါ တယ်။ အပေါ်က ခရင်လ်နဲ့ အချိုစတဲ့ အရာတွေကို တင်ထားတဲ့ မုန့်တစ်မျိုးပေါ့။ ၂၀၀၉၊ အောက်တိုဘာ ၂၆ မှာပဲ Android 2.0 မျိုးဆက်မှာ ထို Eclair မုန့်ကို တွဲဖက်ခေါ် တွင်စေခဲ့ပါတယ်။ သူမှာက ပို့ပြီးသား မတ်ဆေ့တွေကို မှတ်ထားပေးပြီး အလွယ်တကူပြန်ရှာနိင်တဲ့ အစိတ်အပိုင်းအပြင် Google Map 3.1.2 တို့ဖြစ် တိုးတက်လာခဲ့ပါတယ်။

Android 2.2–2.2.3 Froyo

Froyo ကတော့ frozen yoghurt ကို အတိုခေါ်ထားတာဖြစ်ပြီး ဒိန်ချဉ်နဲ့လုပ်ထားတဲ့ ရေခဲမုန့် အချိုပွဲ တစ်ခုပါ။ သူကိုတော့ Android 2.2–2.2.3 Froyo ဆိုတဲ့ နာမည်ဖြင့် ၂၀၁၀ ခုနှစ်၊ မေလ ၂၀ ရက်နေ့မှာ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ အစိတ်အပိုင်းတွေအနေနဲ့ကတော့ USB ချိတ်ဆက်သွယ်တန်းခြင်း၊ ၀ိုင်ဖိုင် ဟော့စပေါ့ အစိတ်အပိုင်းတွေ ပါဝင်ပြီး Adobe Flash လို App စတဲ့ အစိတ်အပိုင်းတွေ ပါဝင်လာခဲ့တာ ကို တွေ့ရပါတယ်။

Android 2.3–2.3.2 Gingerbread

Gingerbread ကတော့ ပျားရည်၊ သကာတို့ကိုသုံးပြီး ချင်းနဲ့ပြုလုပ်ထားတဲ့ မုန့်အချို တစ်မျိုးဖြစ်ပါတယ်။

Android 3.0 Honeycomb

၂၀၁၁၊ ဖေဖော်ဝါရီ၊ ၂၂ တွင် ပျားအသိုက်အမြုံ ၊ ပျားလဘို့စတဲ့ အဓိပ္ပာယ် ရှိတဲ့ နာမည်နဲ့ ထွက်ရှိလာခဲ့ တာကတော့ Android 3.0 Honeycomb ပါ။ ထို OS တွင် ကင်မရာ ဖလတ်ရှ်၊ အနီးအဝေး၊ Focus နဲ့ အချိန်တွေကို ထိန်းညှိနိင်တဲ့ အစိတ်အပိုင်းတွေပါဝင်လာခဲ့ပါပြီ။ Multi-core Processor တွေလည်း ထောက်ပံမူတွပါဝင်လာခဲ့ပါတယ်။

Android 4.0–4.0.2 Ice Cream Sandwich

Ice Cream Sandwich ဆိုတာက ကိတ်မုန့်၊ ဒါမှမဟုတ် ဘီစကွတ် (၂) ချပ်ရဲ့ အလယ်မှာ ရေခဲအချို အစပ်အဟပ်တွေနဲ့ ညပ်ကာစားရတဲ့ မုန့်တစ်မျိုးဖြစ်ပါတယ်။ သူမှာတော့ Photo Editing တွေ ပါဝင် လာပြီး Lock Screen ဆီမှ App တွေကို တိုက်ရိုက် ရရှိအသုံးပြုနိင်မှာ ဖြစ်ပါတယ်။ ကင်မရာပိုင်းမှာ ဆိုရင် မြင်ကွင်းကျယ် Panorama Mood တွေပါ ရရှိလာပြီး ၀ိုင်ဖိုင်တွေကို တိုက်ရိုက် ချိတ်ဆက် နိင်ခြင်း ကဲ့သို့သော စတဲ့ အစိတ်အပိုင်းတွေ ပါဝင်ခဲ့ပါတယ်။ ၂၀၁၁၊ အောက်တိုဘာ ၁၉ မှာ ဖြန့်ချိခဲ့တဲ့ OS ပါ။

Android 4.1~ 4.3 Jelly Bean

Jelly Bean က သကြားနဲ့ အဓိကထားလုပ်ထားတဲ့ အခွံမာ အထဲက ဂျဲလ်လို့ ပျော့တဲ့ သကြားလုံးအမျိုး အစားတစ်ခု ဖြစ်ပါတယ်။ ပုံစံက အသေးစားပဲတောင့် ပုံစံမျိုးဖြစ်ပါတယ်။ ၂၀၁၂ခုနှစ်၊ ဂျွန်လ ၂၇
မှာ ကြောငြာခဲ့ပြီး UI ရဲ့ စွမ်းဆောင်မူတွေ၊ အစိတ်အပိုင်းတွေကို တိုးတက်စေဖို့ အဓိက ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံး စသွင်းအသုံးပြုခဲ့တာကတော့ Nexus 7 မှာ ဖြစ်ပါတယ်။

Android 4.4 KitKat

KitKat ဟာ Nestlé ကတစ်ကမ္ဘာ့လုံးကို ဖြန့်ချိ ပေးနေတဲ့ ဝေဖာ ဘီစကစ်ဖုံးထားတဲ့ ချောကလက်မုန့် ဖြစ်ပါတယ်။ ၂၀၁၃၊ စက်တင်ဘာမှာ စတင် ကြေငြာခဲ့ပြီး Nexus 5 ပေါ်မှာ စ အသုံးပြုခဲ့တာ ဖြစ်ပါ တယ်။

နောက်ပြီး နောက်ထပ်အနေနဲ့ Google က Android OS ဗား ရှင်း 5 အတွက် ထပ်မံ ထုတ်လုပ်မဲ့ OS က Key lime pie ဆိုတဲ့ နာမည်နဲ့ ဖြစ်တယ်လို့ သိရပါတယ်။

Aung Heine (Smart Pro Journal)


ချစ်တာအပြစ်လား


   
အရှင်ဘုရားတပည့်တော်တို့ လူငယ်ချင်းချစ်တာအပြစ်ရှိပါသလား။
- မောင်စိုးနိုင်(ခေတ္တ - စင်္ကာပူ)

ချစ်တာအပြစ်လားလို့မေးလာတဲ့ မေးခွန်းအတွက်ပထမဆုံးပြောချင် တာကတော့ချစ်တာဟာ မေတ္တာ
မဟုတ်သည့်အတွက်အေးချမ်းမှု ရမှာမဟုတ်ဘူးဆိုတာကတော့ သေချာပါတယ်။
အေးချမ်းမှု မရတဲ့အတွက်၊ ပူလောင်မှု တွေပဲရနိုင်တာဖြစ်လို့ အပြစ်လို့ပြောရင်လည်းရနိုင်ပါတယ်။

ချစ်သူနဲ့တွေ့ရတော့မယ်ဆိုရင် မပူလောင်တဲ့အပြင်၊“အရမ်းကြည်နူး ပျော်ရွှင်ရတယ်”လို့ဆိုလာသူတွေကိုတော့“တဏှာရာဂ” ရဲ့အဟုန်ကြောင့် စိတ်လှုပ်ရှားမှု ဖြစ်နေတာသာ
ဖြစ်တဲ့အတွက် အပြစ်ကင်းတယ်လို့မဆိုသာဘူးပေါ့။
 


မြတ်စွာဘုရားကတော့“ပီယတော ဇာယတေ သောကော”
ချစ်ခြင်းမှန်သမျှသောကကို မွေးဖွားတာချည်းပဲလို့
ဟောပါတယ်.

လူကိုပဲချစ်ချစ်၊ ပစ္စည်းဥစ္စာကိုပဲချစ်ချစ်၊အလုပ်ကိုပဲချစ်ချစ်၊နေရာဌာနကိုပဲချစ်ချစ်၊
အချစ်ကြီးလေသောကများလေပဲမဟုတ်လား။

တစ်ခါချစ်ခြင်းကို အကြောင်းပြုပြီးတော့ပဲကိုယ်ကျင့်တရားတွေ ဆုတ်ယုတ်ပျက်ဆီးလာတာ
မပြစ်မှားသင့်တဲ့မိဘဆရာသမားတွေကို ပြစ်မှားစော်ကားလာတာတွေဟာ
တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလိုပိုပြီး အပြစ်ဖြစ်စေပါတော့တယ်။

လူတိုင်းဟာအချစ်နဲ့ကင်းပြီးမနေနိုင်ကြတဲ့ အတွက်“အပြစ်ကင်းသောချစ်ခြင်းတရား” တွေဖြစ်ဖို့ နှစ်ဦးစလုံး
ကိုယ်ကျင့်တရားကို အထိခိုက်မခံပဲဖြူဖြူစင်စင်ချစ်ကြစေချင်ပါတယ်။

ဘဝမှာမိဘနဲ့ ဆရာဆိုတာဘုရားနဲ့တစ်ဂိုဏ်းထလို့ဆိုတဲ့အတွက်မိမိမှာတန်ဖိုးမဖြတ်နိုင်အောင်
အရေးကြီးပါတယ် ။ ချစ်ခြင်းကိုအကြောင်းပြုပြီး မှတော့ပြစ်မှားစော်ကားတာမျိုးမဖြစ်စေချင်ပါဘူး။
အလောင်းတော်ကြီးများတောင်ချစ်ခြင်းနဲ့ မကင်းခဲ့ကြပေမယ့် မေတ္တာအခြေခံတဲ့ ချစ်ခြင်းကိုပဲတည်ဆောက်ခဲ့ကြတဲ့အတွက်၊အေးချမ်းတယ်လို့တနည်းအားဖြင့်တော့ပြောနိုင်ပါတယ်။

ပဋ္ဌာန်း ဥပနိဿာယပစ္စည်းမှာတော့“ရာဂံ ဥပနိဿာယ သီလံ သမာဒိယတိ
ရာဂံ ဥပနိဿာယ ဥပေါသထကမ္မံ ကရောတိ”လို့ဆိုတဲ့အတွက် ချစ်ခြင်းကြောင့်ပဲ
ကိုယ်ကျင့်သီလတွေကောင်းအောင် ဆောက်တည် ဖြစ်နေကြတယ်။ ချစ်ခြင်းကြောင့်ပဲ ဥပုသ်သီတင်းတွေ
ဆောက်တည် ဖြစ်ကြတယ်။“ရာဂံ ဥပနိဿာယ ဝိပဿနံ ဥပ္ပါဒေတိ”
ချစ်ခြင်းကြောင့်ပဲ ဝိဿနာတရားတွေအားထုတ် ဖြစ်တဲ့
အဆင့်ထိဖြစ်လာတယ်ဆိုတော့ လမ်းကြောင်းမှန်၊
စိတ်ထားမှန်ဖို့ပဲအရေးကြီးတယ်လို့ ဆိုရမလိုဖြစ်နေပါတယ်။

ကောင်းတဲ့ အကြောင်းအရာကြောင့်ပဲဖြစ်ဖြစ်၊မကြောင်းတဲ့ အကြောင်းအရာကြောင့်ပဲဖြစ်ဖြစ်၊
လမ်းကြောင်းမှန်ပေါ်ရောက်လာပြီး အပြစ်ကင်းပြီးကောင်းကျိုးချမ်းသာတွေ ရောက်လာရင်တော့
အပြစ်ကင်းတဲ့ချစ်ခြင်းလို့ ဆိုရမလားပဲ။
 

ပြည့်စုံချင်မှ ပြည့်စုံမှာဖြစ်ပေမယ့် တတ်နိုင်သလောက် ကြိုးစားဖြေပေးလိုက်ပါတယ်။

အပြစ်ကင်းတဲ့ချစ်ခြင်းများနဲ့ ချစ်နိုင်ကြပါစေ။

-【အရှင်ဝိလာသဂ္ဂ (ဗောဓိမြိုင်သစ္စာရွှေပြည်ဓမ္မရိပ်သာဆရာတော်)】

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm

၂၀၁၄ ကမ္ဘာ့အလှဆုံး အမျိုးသမီး (၁၀) ဦး

အရာအားလုံးတွင် အခြားအရာများနှင့် ကွဲပြားစေသော ကိုယ်ပိုင်ထူးခြားမှုနှင့် အရည်အသွေးများ ကိုယ်စီရှိကြသည်။ သို့သော် သဘာဝအလှဆိုသည်မှာ ကံ၏ အကျိုးကျေးဇူးသာဖြစ်၏။ ကမ္ဘာပေါ်တွင်ရှိသည့် လှပသောအရာများအနက် လူသားများလည်း ပါဝင်သည်။ အမျိုးသမီးတစ်ဦး၏အလှမှာ မျက်နှာအလှသာမဟုတ်ဘဲ ကိုယ်ခန္ဓာကောက်ကြောင်း အလှလည်း ပါဝင်သည်။ အမေရိကန်နိုင်ငံ ဟောလိဝုဒ်တွင် အချောအလှဆုံး အမျိုးသမီးများအတွက် ဆန္ဒမဲကောက်ခံခဲ့မှုအရ ၂၀၁၄ ခုနှစ် ကမ္ဘာ့အချောအလှဆုံး အမျိုးသမီး ၁၀ ဦးကို ဖော်ပြပေးလိုက်ပါသည်။

(၁၀) နာအိုမီဝပ်စ်

 
နာအိုမီဝပ်စ်၏အလှကြောင့် ၂၀၁၃ ကိုယ်ရေးအတ္ထုပ္ပတ္တိရုပ်ရှင်တွင် မင်းသမီးဒိုင်ယာနာအဖြစ် သရုပ်ဆောင်ရန် ရွေးချယ်ခံခဲ့ရသည်။ ၎င်းသည် ရုပ်ရှင်ကားများစွာတွင်လည်း ဘုရင့်သမီးတော်နေရာမှ ပါဝင်သရုပ်ဆောင်ထားသည်။ မျက်နှာအလှနှင့် ရွှေရောင်ဆံပင်တို့က ၎င်း၏ ကြော့ရှင်းလှပမှုကို များစွာအားဖြည့်ပေးသည်။

(၉) အလီစီယာကီးစ်

 
ဂီတပညာရှင်တစ်ဦးဖြစ်သည့် အလီစီယာကီးစ်မှာ အချိန်တိုတိုအတွင်း ၂၀၁၄ ခုနှစ် ကမ္ဘာ့အလှဆုံးအမျိုးသမီးများ စာရင်းတွင် ရွေးချယ်ခံခဲ့ရသူဖြစ်သည်။ ၎င်းသည် သွယ်သွယ်လျလျနှင့် ဆွဲဆောင်မှုအလွန်ရှိသူဖြစ်ကာ သရုပ်ဆောင်အလုပ်လည်းလုပ်သူ ဖြစ်သည်။

(၈) ဇူအီဒက်စ်ချန်နယ်

 
ဇူအီဒက်စ်ချန်နယ်မှာ ၎င်း၏ ပင်လယ်ရေကဲ့သို့ အပြာရောင်မျက်ဝန်းများကြောင့် ကျော်ကြားပြီး အရပ်မြင့်ကာ ခန္ဓာကိုယ်အချိုးအစားပြေပြစ်ပြီး ထင်ရှားသော ဂီတပညာရှင်တစ်ဦး ဖြစ်သည်။

(၇) အန်ဂျလီနာဂျိုလီ

 
အန်ဂျလီနာဂျိုလီမှာ နာမည်ကြီးပြီး ဆွဲဆောင်မှုရှိသော မင်းသမီးဖြစ်ကာ အလွန်လှပသော အမျိုးသမီးတစ်ဦးဖြစ်သည်။ ၎င်းသည် အက်ရှင်ကားပေါင်းများစွာ ရိုက်ကူးထားပြီး တိုက်ခိုက်ရာတွင်လည်း ကောင်းသူဖြစ်သည်။ ၎င်းသည် စေတနာကောင်းသူတစ်ဦးဖြစ်ကာ ကမ္ဘာတစ်ဝန်း အလှူအတန်းများစွာ ပြုလုပ်ထားသည်။

(၆) အန်းဟက်သဝေး

 
ဟောလိဝုဒ်မင်းသမီး အန်းဟက်သဝေးမှာ တည်ငြိမ်လှပချောမောသော အမျိုးသမီးဖြစ်သည်။ ၎င်း၏ အပေါက်ဆုံးဇာတ်ကားမှာ Dark Night Rises ဇာတ်ကားဖြစ်ပြီး ငယ်ရွယ်စဉ်က ဘုရင့်သမီးတော်အဖြစ် ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့သဖြင့် လူသိများသူဖြစ်သည်။

(၅) အမန်ဒါဆေးဖရီး

 
ဟောလိဝုဒ်၏ ငှားရမ်းခအများဆုံး မင်းသမီးတစ်ဦးဖြစ်သော အမန်ဒါဆေးဖရီးသည် အညိုရောင်ဆံပင်ကောက်ကောက်အရှည်နှင့် ခန္ဓာကိုယ်အချိုးအစား ပြေပြစ်သူဖြစ်သည်။

(၄) ကိတ်မစ်ဒယ်လ်တန်

 
ကိတ်မစ်ဒယ်လ်တန်၏ ဆွဲဆောင်မှုရှိသောအလှနှင့် မဟာဆန်မှုကို မည်သူမျှ ငြင်းနိုင်မည်မဟုတ်ပေ။ ၎င်း၏အရပ်မြင့်ခြင်း၊ ချစ်စရာကောင်းခြင်းနှင့် ဆံပင်ရှည်ရှည်ကြောင့် ကမ္ဘာ့တစ်ဝန်း ပရိသတ်များစွာ ရရှိထားသူဖြစ်သည်။

(၃) ရိုးစ်ဘန်နီ

 
၂၀၁၄ ကမ္ဘာ့အလှဆုံးအမျိုးသမီး ၁၀ ဦး စာရင်းတွင် တတိယနေရာ၌ ရှိနေသည့် ရိုးစ်ဘန်နီမှာ အံ့သြစရာလှပသော ရုပ်ရည်ရှိပြီး ယင်းတတိယနေရာကိုရရန် အသက်ငယ်ရွယ်လွန်းသူ ဖြစ်သည်။ ပြုံးနေစဉ် အလွန်ချစ်စရာကောင်းလောက်အောင် လှပသူဖြစ်သည်။ ၎င်းသည် Star War ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ထားသည်။

(၂) အေမီအဒမ်

 
ဟောလိဝုဒ်၏ ဈေးအကြီးဆုံး မင်းသမီးစာရင်းတွင် ပါဝင်သော အေမီအဒမ်မှာ ဟောလိဝုဒ်တွင်တွေ့ရသော အလုပ်အများဆုံး မင်းသမီးဟုပြောလျှင် လွန်မည်မထင်ပေ။ Man of Steel ဇာတ်ကားတွင် Lois Lane အဖြစ် သရုပ်ဆောင်ချက်မှာ အလွန်ဆွဲဆောင်နိုင်သည့် သရုပ်ဆောင်ချက်ဖြစ်သည်။

(၁) ရိုစီဟန်တင်တန်ဝှိုက်တလေ

 
အလွန်ချစ်စရာကောင်းသော အပြုံးနှင့် ပြီးပြည့်စုံသည့် ခန္ဓာကိုယ်အလှကို ပိုင်ဆိုင်ထားသည့် ဟောလိဝုဒ်ဈေးကြီးသော မင်းသမီးတစ်ဦးဖြစ်သူ ရိုစီဟန်တင်တန်ဝှိုက်တလေသည် ကမ္ဘာ့အလှဆုံးအမျိုးသမီးအဖြစ် ယခု ဆန္ဒမဲကောက်ခံမှုတွင် ရွေးချယ်ခံရသည်။ ၎င်း၏ အပေါက်ဆုံး ရုပ်ရှင်ဇာတ်ကားမှာ Transformer ဇာတ်ကား Dark of the Moon ဖြစ်ပြီး တစ်သက်တာ အလှဆုံးအမျိုးသမီးတစ်ဦးဟု ၎င်းကိုမှတ်ယူမှုမှာ ငြင်းဆန်ရန်ခက်ခဲသည်။

7day


NLD အတွက် အခြေခံဥပဒေပြင်ဖို့ ကြိုးစားတာ မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်လိုတာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အကျိုးအတွက် မဟုတ်ဘဲ ပြည်သူလူထုရဲ့ သြဇာလွှမ်းမိုးစေလိုတဲ့အတွက် ပြင်ဆင်ချင်တာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဒို့ရိုးရာ စားသောက်ဆိုင်မှာ ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောခဲ့တာပါ။

"ပြည်သူလူထုအနေနဲ့ လွတ်လွတ်လပ်လပ် ပိုပြီးတော့ ကြိုက်ရာရွေးချယ်နိုင်အောင်လို့ ကျမတို့က ပြုပြင်ပြောင်းလဲချင်တာ၊ တကယ့်ပြည်သူလူထုရဲ့ သြဇာလွှမ်းမိုးစေချင်လို့၊ ပြည်သူလူထုရဲ့ သြဇာလွှမ်းမိုးသွားလို့ရှိရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂ဝ၁၅ မှာ နိုင်မယ်လို့များ ဒီလိုမြင်ကြသလား၊ တကယ်တော့ ဘယ်သူပဲနိုင်နိုင် အဓိကက ပြည်သူလူထု သြဇာလွှမ်းမိုးဖို့ပဲ၊ ပြည်သူလူထု သြဇာလွှမ်းမိုးဖို့ လုပ်နေတဲ့ကိစ္စကို အဖွဲ့ချုပ်နိုင်ဖို့ လုပ်နေတယ်ဆိုလို့ရှိရင် အဖွဲ့ချုပ်ကို ဘာဖြစ်လို့နိုင်မယ်လို့ တွက်တာလဲဆိုတာ အဲဒါကျမမေးချင်တယ်"

ဒါ့အပြင် စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေးအတွက်လည်း တိုင်းရင်းသားအားလုံးနဲ့ လက်တွဲပြီး နားလည်မှု တည်ဆောက်နိုင်ဖို့ အရေးကြီးကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေးကို ဒီနေ့ ဇွန်လ ၇ ရက်နေ့ကနေ မနက်ဖြန်အထိ ၂ ရက်ကြာ ကျင်းပမှာဖြစ်ပြီး မနက်ဖြန်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပမှာဖြစ်ပါတယ်။

RFA Burmese

မဟာမုနိဘုရားကြီး သမိုင်းအကြောင်း ပုံတော်စုံ မဟာမုနိဘုရားကြီး သမိုင်းအကြောင်း ပုံတော်စုံ


ဒီတစ်ခါတော့ ဘလော့ဂ်မိတ်ဆွေများအတွက် မဟာမုနိသမိုင်းလင်္ကာလေးကို မျှဝေပေးလိုပါတယ်။ မဟာမုနိ ရုပ်ရှင်တော်ကား ကမ္ဘာကလေးစားရသော သမိုင်းဝင် ရုပ်ပွားတော် တစ်ဆူဖြစ်ပါသည်။ မန္တလေးမြို့၏ ကျက် သရေဆောင် အဓိကရ ထင်ရှားသော ဘုရားတစ်ဆူလည်း ဖြစ်သည်။ မန္တလေးသို့ ရောက်သူတိုင်း မဟာမုနိ သို့ မရောက်လျှင် မန္တလေးသို့ ရောက်သည်ဟုပင် မဆိုထိုက်ပေ။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် များသာမက မန္တလေးသို့ ရောက်လာသော ကမ္ဘာ့ခေါင်းဆောင်ကြီးများပင်လျှင် မဟာမုနိ ဘုရားရှင်တော် စံတော်မူရာ ဂန္ဓ ကုဋိကျောင်းတော်သို့ သွားရောက်၍ ဦးခိုက်ပူဇော်ခြင်း လှူဒါန်းခြင်း ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ် ရေးထိုးခြင်းများ ပြုလုပ်ကြသည်။


မြတ်စွာဘုရားသည် သာဝတ္ထိပြည်မှ ရက္ခပူရတိုင်းဓညဝတီပြည်သို့ နောက်ပါ ရဟန္တာ ၅၀၀နှင့်တကွ ဒေသစာရီကြွချီတော်မူသောအခန်း။

မဟာမုနိရုပ်ရှင်တော်သည် မြန်မာနိုင်ငံ၌ ရှေးကျသော ရုပ်ပွားတော်ကြီးဖြစ်သည်။ ဘုရားလက်ထက်တော်၌ ဗုဒ္ဓကိုယ်တော်တိုင်က “ညီတော်မဟာမုနိ” ဟူသော ဘွဲ့ဖြင့် ခေါ်ဆိုခဲ့ကြောင်း သမိုင်းစာတမ်းတွင် တွေ့ရ သည်။ အခြားသမိုင်းစာများတွင် “ရက္ခိုက်ဘုရားကြီး” ဟူ၍ လည်းကောင်း “ရခိုင်ဘုရားကြီး” ဟူ၍ လည်း ကောင်း ရေးကြသည်။ အခေါ်အပြောလည်း ရှိသည်။ အင်္ဂလိပ်ဘာသာဖြင့် “ARAKAN PAGODA” ဟု ရေးသား ဖေါ်ပြကြသည်။ ပြည်သူအများက ထူးမြတ်သော မဟာမုနိ ရုပ်ရှင်တော်ကို “မဟာမြတ်မုနိ” ဘုရား ကြီးဟူ၍လည်း ခေါ်ကြသည်။

မဟာမုနိရုပ်ရှင်တော်ဘုရားကြီးသည် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် ကိန်းအောင်းစံပယ်လျက်ရှိ သည်။ မူလတည်ရာဌာနသည်ကား ရခိုင်ပြည် ဓညဝတီမြို့ဟောင်း၏ မြောက်ဘက်တွင် ဂန္ဓကုဋိကျောင်း တော်ကြီး၌ တည်ရှိခဲ့သည်။

စန္ဒသူရိယမင်းသည် သေလာဂီရိတောင်၌ ဘုရားရှင်သီတင်းသုံးတော်မူသည်ကို ကြားတော်မူ၍ သွားရောက်ဖူးမြော်ရာ လမ်းတွင်အမှောင်ကျ၍ ရောင်ခြည်တော်ဖြင့် ပြတော်မူခန်း။

မြတ်စွာဘုရားသခင်အား ရက္ခပူရဓညဝတီရွှေနန်းတော်သို့ ပင့်ဆောင်၍ အထူးထူးသော ဆွမ်းဘောဇဉ်တို့ဖြင့် ပူဇော်ပြီး တရားနာယူကြခန်း။
ရခိုင်ပြည်ရှင် စန္ဒသူရိယမင်းသည် (၆၅) တင်းသော ရတနာတို့ဖြင့် မြတ်စွာဘုရား၏ ကိုယ်ပွားရုပ်ထုတော်ကို သွန်းလောင်းပြုလုပ်တော်မူခန်း။
မြတ်စွာဘုရားသည် မိမိကိုယ်ပွားတော်အဖြစ် သွန်းလုပ်ပြီးသော ရုပ်ထုတော်ကို မင်းနှင့်တကွ ကြည်ညိုရန် ရင်ငွေ့တော်ဖြင့် ခုနှစ်ခါထည့်တော်မူခန်း။
ပုဂံပြည်ရှင် အလောင်းစည်သူမင်းသည် ဓညဝတီရခိုင်ပြည်သို့ ကြွရောက်၍ သီရိဂုဋ်တောင်ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကို ဖူးမြော်ခန်း။
အမရပူရမြို့ ဗဒုံမင်းတရား၏သားတော်ကြီး အိမ်ရှေ့ဥပရာဇာသည် မဟာမုနိရုပ်ရှင်တော်မြတ်ကို ပင့်ဆောင်ရန် ထွက်တော်မူခန်း။
ပုဂံပြည်ရှင် အလောင်းစည်သူမင်းသည် ဓညဝတီရခိုင်ပြည်သို့ ကြွရောက်၍ သီရိဂုဋ်တောင်ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကို ဖူးမြော်ခန်း။

ဓညဝတီရခိုင်ပြည်ရှိ ကြေးရုပ်ကြီးများနှင့် အမြောက်သေနတ်ကြီးများကို ပင်လယ်ခရီးမော်တင် ကရစ်၊ ရေကြောင်းဖြင့် အမရပူရနေပြည်တော်သို့ သယ်ဆောင်ခန်း။
မဟာမုနိရုပ်ရှင်တော်မြတ် တောင်ကုတ်တောင်ကြားလမ်းမှ တော်တောင်အထပ်ထပ်ကို ခက်ခဲစွာကျော်ဖြတ်၍ ပင့်ဆောင်ခန်း။
မဟာမုနိရုပ်ရှင်တော်မြတ်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း ပန်းတောင်းမြို့မှ အမရပူရရွှေမြို့တော်သို့ ပြည်ကြီးမွန်ဖောင်တော်ဖြင့် ပင့်ဆောင်လာခန်း။
မဟာမုနိရုပ်ရှင်တော်မြတ်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း ပန်းတောင်းမြို့မှ အမရပူရရွှေမြို့တော်သို့ ပြည်ကြီးမွန်ဖောင်တော်ဖြင့် ပင့်ဆောင်လာခန်း။
စစ်ကိုင်းတောင်ခြေ အောင်မြေသို့ရောက်သောအခါ ဘိုးတော်ဗဒုံမင်းတရား ကိုယ်တိုင်ရေသို့ ဆင်း၍ ကြိုယူပင့်ဆောင်ခန်း။
၁၁၄၇-ခု သီတင်းကျွတ်လတွင် ဗဒုံမင်းတရားကြီးသည် မဟာမုနိရုပ်ရှင်တော်မြတ်ကို တက်သေးဆိပ်မှ ဂန္ဓကုဋိတိုက်တော်သို့ ပင့်ဆောင်လာတော်မူသောအခန်း။
ဗဒုံမင်းတရားသည် မဟာမုနိရုပ်ရှင်တော်မြတ်ကို အမရပူရမြို့ မြောက်ဘက် မုခ်လေးမျက်နှာရှိ ဂန္ဓကုဋိတိုက်တော်ဆောက်၍ ရေစက်ချလှူဒါန်းခန်း။
ရတနာပုံမြို့တည် နန်းတည် မင်းတုန်းမင်းတရားနှင့် မြောက်နန်းစံမိဖုရားတို့သည် ဂန္ဓကုဋိတိုက်တော်ယိုယွင်းသည်ကို ပြုပြင်မွမ်းမံ၍ ရေစက်သွန်းချတော်မူခန်း။
၁၂၄၆-ခု ဝါဆိုလဆန်း (၉)ရက်နေ့တွင် သီပေါမင်း လှူဒါန်းသော စလွယ်တော် ဒုယင်တော် သပိတ်တော် ယပ်တော်တို့ကို မဟာမုနိဘုရားသို့ ပင့်ဆောင်လာခန်း။
၁၂၄၆-ခု ဝါဆိုလဆန်း (၁၃)ရက်နေ့တွင် သီပေါမင်းနှင့် စုဖုရားလတ်တို့သည် မကိုဋ်တော်နှင့်စလွယ်တော်တို့ကို တင်လှူ၍ ရေစက်တော်သွန်းချတော်မူခန်း။
၁၂၅၈-ခုနှစ်တွင် ဘိုးတော်ဘုရား၏ ဂန္ဓကုဋိတိုက်တော်ကိုငုံ၍ ကင်းဝန်မင်းကြီးနှင့် အနောက်တိုင်း ပိသုကာများ လက်ရှိတိုက်တော်ကို တည်ဆောက်နေပုံ။
၁၉၄၅-ခုမှ ၁၉၄၈-ခု ဒုတိယကမ္ဘာစစ်အတွင်း မဟာမုနိရုပ်ရှင်တော်မြတ်ကို ဆရာတော် သံဃာတော်များက နေ့ညမပြတ် စောင့်ရှောက်ကြပုံ။
နံနက်အာရုဏ်တက်ချိန်တွင် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ရေတော်ဆရာတော် ဘဒ္ဒန္တပညာဝံသမှ အမွှေးနံ့သာများဖြင့် မျက်နှာသစ်တော်မူနေပုံ။
နံနက်အာရုဏ်တက်ချိန်တွင် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ရေတော်ဆရာတော် ဘဒ္ဒန္တပညာဝံသမှ ရွှေတံပူဖြင့် ပွတ်တိုက်ပူဇော်နေပုံ။
 
နံနက်အာရုဏ်တက်ချိန်တွင် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ရေတော်ဆရာတော် ဘဒ္ဒန္တပညာဝံသမှ ပိုး ဖဲ ကတ္တီပါတို့ဖြင့် အထပ်ထပ်ပူဇော်နေပုံ။

မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး၏ အံ့ချီးဘွယ် (၈)ဖြာ

၁။ မကောင်းသော ကျေးငှက် သတ္တဝါတို့သည် ရုပ်ရှင်တော်မြတ်ကြီး၏ ရွှေပြသာဒ် အပေါ်သို့ လွှားကျော် ခုန် ပျံ နားနေခြင်းငှာ မဝံ့ခြင်း။
၂။ ရုပ်ရှင်တော်မြတ်၏ ရွှေမျက်နှာတော်သည် ထွန်းပေါ်ထွက်စသော လပြည့်ဝန်းကဲ့သို့ အမြဲ ထွန်းလင်း တောက်ပ ရောင်တော်မြတ်ကို စွန့်လွှတ်တော်မူခြင်း။
၃။ မိစ္ဆာယူမှား ဒုဿိလပဂ္ဂိုလ်တို့သည် ရုပ်ရှင်တော်မြတ်အား ရှုကြည့် ဝင်ဖူးသော် သောက်ရှူးပမာရွှေမျက်နှာ တော်သည် ညိုပြာမှောင်လျက် အရောင်တော်မထွက်ဘဲ မှေးမှိန်နေခြင်း။
၎။ ရုပ်ရှင်တော်မြတ်၏ သဏ္ဍာန်တော်ကို ပုံတူဓာတ်ကူး၍ ရေးသား သွန်းလုပ်သော်လည်း ပုံတော်အတူ၊ စံတူ မရနိုင်ခြင်း။
၅။ တရားဆိုင်၊ အမှုပြိုင်၊ အနိုင်အရှုံး၊ ကျင့်သုံးမုသား၊ ကျိန်ဆိုငြားသော်၊ ဒိဌလက်ငင်း၊ ပျက်ယွင်းထိရောက် စေနိုင်သော တန်ခိုးတော် ကြီးမားခြင်း။
၆။ ရဟန်းရှင် ပြည်သူအများတို့သည် သဒ္ဓါတရား၊ တိုးပွားတက်ကြွသောကြောင့် သိန်းသောင်းမကသော ရွှေ ဆိုင်းတို့ဖြင့် ရက်ညောင်းနှစ်များ နေ့တိုင်း ကပ်လှူကြပါသော်လည်း ပြေပြစ်သန့်စင်၊ ပြည့်ဖြိုးလွင်သော ကိုယ် တော်ပကတိ ရှိခြင်း။
၇။ တစ်ဆယ့်နှစ်လ၊ မည်သည့်အခါသမယမဆို၊ ပွဲတော်အသွင် နေ့စဉ် ဘုရားဖူးလာရောက်ကြသည့် ရှင်လူ ပရိသတ်တို့ မစဲ စည်ကားလျှက်ရှိခြင်း။
၈။ တန်ခူး၊ ကဆုန် စသော သင်္ကြန်အတာ၊ ညောင်ရေခါ၌ ဝဲယာရှေ့နောက် အိုးကြီး အိုးငယ်တို့နှင့် ရေ သပ္ပာယ်ကြပါသော်လည်း ရှေ့တော်ဝယ်အပါး၌ ရေမတား၊ မတည်နိုင်သော တန်ခိုးတော်မြတ်ကြီးခြင်း တို့ ဖြစ်ပါတယ်။

မဟာမုနိသမိုင်းလင်္ကာ

သုံးဆယ့်နှစ်ပါး ထင်ရှားအရာ လက္ခဏာကြီး နေမီးသဖွယ် ရှစ်ဆယ်လက္ခဏာ ရောင်ခြောက်ဖြာနှင့် မဟာမုနိ မည်ရှိထင်ပေါ် ရုပ်တော်ကို နတ်ကျော်သိကြား သွန်းငြားသောခါ ပြီးရုံသာလျှင် မြတ်စွာဘုရား တပည့် သားနှင့် တန့်နားတုံလျှင်း သီတင်းသုံးရန်ဗိမာန်ကျောင်းကြီး ဆောက်ပြီးကပ်လှူ တောင်းဆုယူ၏။ ပြည်သူရတနာ များစွာမှူးမတ် ခြံရံပတ်လျက် မိုးနတ်သိကြားနတ်သားဝိသုကြုံ ဆောင်ဘုံမကွာ ရတနာရွှေငွေတစ် ကုဋေ ကို ရွှေပန်းတောင်းမှာ ထည့်ပြီးခါလျှင်ရတနာဆင်ဖြူ တင်တော်မူ၍ ထီးဖြူမိုးမှ ဓညဝတီ သိင်္ဂီရွှေရောင် တပြောင်ပြောင်မှ ရှေ့တောင်ရပ်ခွင် ဆောင်ယူကျင်၍ မြသွင်မှိုင်းအိ တန်ခိုးရှိသည် သီရိဂုတ်တောင် ဗွေထိပ်ခေါင် ကို ညီအောင်ပြင်ဆင် မဏ္ဍပ်ခွင်နှင့် သဘင်ထူးပြား အခြားခြားလျှင် နတ်များတန်ဆာ ဆင်ယင်ကာတည် သုဓမ္မာဇရပ် ပြာသာဒ်ဝင်းဝင်း မတူလျှင်းပဲ ထူးကဲသာယာ များစွာပဉ္ဇင်း သဘင်ခြိမ့်ခြိမ့် တသိမ့်သိမ့် လျှင် ပျော်ရွှင် မှုတ်တီး နားမငြီးသည်။ ပွဲကြီးသဘင်ထူးဆန်းတည်း။

မိုးနတ်ဗြဟ္မာ များစွာစည်းဝေး ချီးကြွေးညံညံ ကောင်းကြီးသံဖြင့် မိုးယံဘဝဂ် ဝှန်တက်ကြော်ငြာ ဇမ္ဗူချာထက် တစ်ရာထီးဆောင်း မင်းပေါင်းခြံရံ ညီလာခံလျက် စံစံပပ သူရိယစန္ဒာ ဗြဟ္မာသိကြား နတ်များညီညွတ် မှုတ်ခတ်ကျူးလွင် ပဉ္ဇင်းပြီးစီး မဏ္ဍာပ်ကြီးတွင် ရှင်တော်ကိုယ်စား ရုပ်ပွားဆင်းတု သွန်းပြုသောခါ နှစ်ကောဇာဟု တစ်ရာ့နှစ်ဆယ် စွန်းဝယ်သုံးခု ရတုဂိမ္မ နွေလကဆုန် ပူဟုန်ပြင်းစွာ ဝိသာခါနှင့် မကွာယှဉ်မှတ် ရက်မြတ် ဗုဒ္ဓ ညဦးကလျှင် စ၍သွန်းရာ ထိုအခါတွင် တေဇာတန်ခိုး တက်တိုးဝှန်ဝေ ဖြစ်စေခြင်းငှာ အဓိဌာဖြင့် မဟာပုရိသ လောကကြေးမုံ သုံးလူ့မျက်ဖျော် ရွှေကိုယ်တော်ငွေ့ လက်တော်ပွေ့လျက် ထည့်၍ကြည့်ရှု သဗ္ဗညုတ ကြပ်မသွန်းလုပ် ရုပ်တုတော်ကြီး ထိန်ညီးလျှံပြေး ကြာသာပတေးတွင် ပြီးအောင်မြင်၏ သုံးခွင်ဘုံလူ နတ်လူဗြဟ္မာ သတ္တဝါတို့ ရှုတာတည့်တည့် မျက်စိ၌တွင် ရှင်တော်ဘုရား နှစ်ပါးရည်တူ နှစ်ဆူမပျက် တစ်ပြိုင်နက်လျှင် ပွင့်သည်ထင်၏ ပြည်ရှင်မင်းများ နတ်အများနှင့် သိကြားဗြဟ္မာ ဝမ်းမြောက်ကာလျှင် များစွာပူဇော် ရွှင်ပျော်စိတ်နူး သာဓု သာဓု ခေါ်ပြုအသံ ပဲ့တင်လျှံရှင့် မိုးယံဘဝဂ် ကျော်ဝှန်တက်သည်။ အုတ်ကျက်နတ်လူသောင်းသောင်းတည်း။

[မန္တလေးမဟာမုနိရုပ်ရှင်တော်မြတ် ဘုရားကြီးသမိုင်း ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ) မှကူးယူမျှဝေခြင်း ဖြစ်ပါသည်] အန်တီတင့်ထံမှ ထပ်ဆင့် ကူးယူဖော်ပြထားသည်...။