16 Jun 2014

မဟာသန္တိသုခကျောင်းကိစ္စ သမ္မတဦးသိန်းစိန် ၀င်ရောက်ဖြေရှင်းမည်မဟုတ်

 
 မဟာသန္တိသုခကျောင်းပိုင်ဆိုင်မှု အငြင်းပွားရာမှ ပီနန်ဆရာတော်ကြီး၏ တပည့်
သံဃာငါးပါးကို အတင်းလူဝတ်လဲစေကာ ထောင်ချသည့်ကိစ္စကို နိုင်ငံတော်သမ္မတ

ဦးသိန်းစိန်အနေဖြင့် တစ်စုံတစ်ရာ ၀င်ရောက်ဖြေရှင်းမည်မဟုတ်ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က မဇ္ဈိမကိုပြောသည်။

“အဲလိုကိစ္စတွေကို ဖြေရှင်းတဲ့နေရာမှာ ဟိုအရင်ကတည်းက လုပ်ထုံးလုပ်နည်းဆိုင်ရာ သံဃာလုပ်ထုံးလုပ်နည်းတွေနဲ့ သံဃာမဟာနာယကအဖွဲ့ရဲ့ နောက်ဆုံး ဆုံးဖြတ်တဲ့ လုပ်ငန်းဖြစ်ပါတယ်။ ဒါကြောင့်မို့ သမ္မတအနေနဲ့ ပါဝင်ပြောဆိုခြင်း ၀င်ရောက်စွက်ဖတ်ခြင်း လုပ်လို့မရပါဘူး”ဟု ဦးရဲထွဋ်က ပြောသည်။

ဇွန်လ ၁၁ရက်က မဟာသန္တိသုခကျောင်းတိုက်ကို ရဲဝန်ထမ်းများက ဝန်းရံချိတ်ပိတ်ကာ သံဃာများနှင့် ဒကာများကို ထိန်းသိမ်းခဲ့သည်။ ဇွန်လ ၁၃ရက်ကလည်း ပီနန်ဆရာတော်ကြီး၏ တပည့်များဖြစ်သည့် လန်ဒန်ဆရာတော် ဦးဥတ္တရအပါအဝင် သံဃာငါးပါးကို အတင်းအကျပ် လူဝတ်လဲစေပြီး သာသနာတော် ညိုးနွမ်းစေမှု ၂၀/၉၀ဖြင့် စွဲဆိုကာ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်။ ယင်းဖြစ်ရပ်များနှင့် ပတ်သက်၍ လူမှုကွန်ယက်များတွင် သမ္မတဦးသိန်းစိန် အနေဖြင့် ဝင်ရောက်ထိန်းသိမ်းခြင်း မရှိခြင်းကြောင့် သမ္မတ၏ ပါဝင် ပတ်သက်မှု ရှိမရှိ ဝေဖန်မှုများနှင့် မေးခွန်းများ ထွက်ပေါ်ခဲ့သည်။

အဆိုပါ ဖြစ်ရပ်များသည် တိုင်းသံဃာနာယကအဖွဲ့၊ သာသနာရေးဝန်ကြီးဌာနနှင့် ဒေသအာဏာပိုင်းများ ပူးပေါင်းကာ သံဃာ့နာယကအဖွဲ့၏ ဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည် ဟုဦးရဲထွဋ်ကပြောသည်။

ယင်းအပြင် လွန်ခဲ့သည့် တစ်လခန့်ကလည်း သမ္မတဦးသိန်းစိန်က မြန်မာငြိမ်းချမ်းရေးစင်တာမှ ဦးညိုအုန်းမြင့်အား ပီနန်ဆရာတော်ဆီ စေလွှတ်ကာ ကျောင်းတိုက်တွင် အေးချမ်းစွာ သတင်းသုံးနိုင်ရန် အမှာစကားပါးသည်ဟူသော သတင်းများ ထွက်ပေါ်သည့်အပေါ် မဟုတ်မှန်ကြောင်း ဦးရဲထွဋ်က
မဇ္ဈိမကို ပြောသည်။

တာမွေမြို့နယ်ရှိ မဟာသန္တိသုခကျောင်းတိုက်ကို ပီနန်ဆရာတော်နှင့် မဟာသံဃာ့နာယကအဖွဲ့တို့ ပိုင်ဆိုင်မှု အငြင်းပွားခဲ့ခြင်းဖြစ်ပြီး ကျောင်းတိုက်ကို
ဇွန်လ ၁၁ ရက် နံနက် ၁၂နာရီခန့်က သံဃာတော် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ သံဃာတော်များနှင့် ရဲတပ်ဖွဲ့ဝင် ၁၀၀၀ခန့်က ၀င်ရောက်စီးနင်းကာ ကျောင်းတိုက်အတွင်းရှိ သံဃာတော် အပါး၂၀ ကို ထိန်းသိမ်းခဲ့ကြခြင်းဖြစ်သည်။

ပုံစာ- ဇွန်လ ၁၁ရက် နံနက် ၄နာရီခန့်က မဟာသန္တိသုခ ကျောင်းတိုက်ဆရာတော်များကို ကမ္ဘာအေးရှိ သံဃာ့တက္ကသိုလ်သို့ ထိန်းသိမ်းသွားပြီး သံဃာ့တက္ကသိုလ်ရှေ့တွင်
လုံခြုံရေးယူထားစဉ်။

 (ဓာတ်ပုံ- ဘိုဘို၊ မဇ္ဈိမ)
Mizzima News


မလေးရှားတွင် အလုပ်သမားချင်း အုပ်စုဖွဲ့ရန်ဖြစ်ရာမှ မြန်မာတစ်ဦးသေဆုံး

 
 
မလေးရှားနိုင်ငံ၊ ပီနန် မြို့နယ် ဘူကစ်မတာဂျမ်ရပ်ကွက် (BM)ရှိ ဆောက်လုပ်ရေးလုပ်ငန်း တစ်ခုတွင် အလုပ်သမားများအုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားရာ မြန်မာနိုင် ငံသားတစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိကြောင်းသတင်းရရှိ သည်။

ဇွန်လ၁၄ရက် နံနက် ၁နာရီ ၀န်းကျင်တွင် ဘူကစ်မတာဂျမ် (BM)ရှိ ဆောက်လုပ်ရေးလုပ်ငန်း တစ်ခုတွင် လုပ်ကိုင်နေသောမြန် မာနိုင်ငံသားများနှင့် ဘင်္ဂလားဒေ့ ရှ်နိုင်ငံသားများနှစ်ဖက်အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားရာ ဓားထိုးဒဏ်ရာ ဖြင့် မြန်မာနိုင်ငံသားတစ်ဦးသေ ဆုံးပြီး တစ်ဦးမှာ ဒဏ်ရာပြင်း ထန်စွာရရှိခဲ့ကြောင်းသတင်းရရှိ သည်။

‘‘သူ့ရဲ့ အပိုင်ရဲစန်းကို ဖုန်း ဆက်မေးကြည့်တော့ မြန်မာတွေ နဲ့ ဘင်္ဂလားတွေရန်ဖြစ်တာလို့ ပြောတယ်။ ဘယ်လိုတွေဖြစ်ကြ တယ်ဆိုတာ သူတို့လည်းမသိ သေးပါဘူး။ ရဲတွေရောက်လာ တော့ ထွက်ပြေးသွားကြတယ် ပြောပါတယ်’’ဟု မလေးရှားနိုင်ငံ ပီနန်နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ကိုဗိုလ်မြကပြောသည်။

မြန်မာနိုင်ငံသားများနှင့်ဘင်္ဂ လားဒေ့ရှ်နိုင်ငံသားများ အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားမှုသတင်းများကို ဇွန်လ၁၄ရက် ညနေထုတ်သတင်း စာများတွင် ဖော်ပြထားကြောင်း မလေးရှားနိုင်ငံဧဒင် ဥယျာဉ်လူမှုကွန်ရက်မှ ကိုမျိုးကပြောသည်။

‘‘ဆေးရုံကိုသွားကြည့်ပါဦး မယ်။ ဒဏ်ရာရတဲ့သူက တော် တော်အခြေအနေ ဆိုးတယ်လို့ ကြားလို့ပါ။ သေဆုံးတဲ့သူရော၊ ဒဏ်ရာရတဲ့သူရော နာမည်တွေ သေချာမသိသေးပါဘူး’’ဟု ကိုမျိုး ကပြောသည်။

သေဆုံးသူအလောင်းအား Seberang Jayaဆေးရုံသို့ ပို့ ဆောင်ထားပြီး ဒဏ်ရာပြင်းထန် စွာရရှိသူကိုလည်း ထိုဆေးရုံတွင် ပို့ဆောင်ထားကြောင်းသတင်းရရှိ သည်။

7Day News daily