10 Jul 2014

အိပ်ရေးပျက်ပေါင်းများလျှင် လူကိုလျင်မြန်စွာ အိုမင်းရင့်ရော်စေနိုင်

နယူးယောက်သတင်းစား၏ အဆိုအရ အကောင်းဆုံးအလှပြင်နည်းသည် အိပ်ရေးဝအောင် ကောင်းစွာအိပ်စက်ခြင်းဟာ တစ်ခုအပါအ၀င်ဖြစ်တယ်လို့ သိရပါတယ်။

အကြောင်းကတော့ ညဖက်မှာ လုံလောက်စွာ မအိပ်စက်ရသူများဟာ အခြားသူများထက် ရုပ်ရည်အရွယ်အားဖြင့် များစွာအိုမင်းရင့်ရော်ပုံကို ဖြစ်စေတယ်လို့ ဆိုပါတယ်။
 
ရေရှည်အိပ်ရေးပျက်ဆက်နေသူတွေဟာ မျက်ခွံမို့ဖောင်းခြင်း၊ ပါးရေနားရည်တွန့်ခြင်း၊ နဖူးရေပိုမိုတွန့်ခြင်း စတာတွေကို ဖြစ်ပေါ်စေတဲ့အပြင် အခြားသူများထက် ပိုမိုဝမ်းနည်းကြေကွဲတတ်ကြပြီး စိတ်ဓါတ်ကျလွယ်ကြပါတယ်။

စိတ်ဓါတ်ကျလွယ်ခြင်းမှ ရုပ်ရည်ကျခြင်းပါ ဆက်စပ်လာပြီး အိုမင်းရင့်ရော်ခြင်းကို လျှင်မြန်စွာ ဖြစ်ပေါ်စေနိုင်သည့်အတွက် အိပ်ရေးကို ၀အောင် အိပ်စက်သင့်ကြောင်း လေ့လာသူများက တိုက်တွန်းထားကြပါတယ်။
 
စောနွဲ့နေဆိုင် (ပူတာအို) ဘာသာပြန်သည်။
Ref: How Lack Of Sleep Hurts Your Health

ကျန်းမာရေးသတင်းများ

အလှမယ် မေမြတ်နိုး၏ သရဖူ ကိုရီးယား ပြန်သိမ်းမည်မဟုတ်

ရန်ကုန်၊ ဇူလိုင်-၂

Miss Asia Pacific World အလှမယ် မေမြတ်နိုး၏ သရဖူကို ကိုရီးယားအဖွဲ့အစည်းမှ ပြန်မ သိမ်းရန် မြန်မာနိုင်ငံ ဆိုင်ရာ ဒါရိုက် တာကိုယ်တိုင် တောင်းပန်ထားခြင်း ကြောင့် သရဖူ ပြန်သိမ်းဖြစ်တော့
မည် မဟုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ မလှနုထွန်းက စံတော်ချိန်သို့ ပြောဆိုခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မြန်မာ အလှမယ်မေမြတ်နိုး၏ သရဖူကို ကိုရီးယားအဖွဲ့အစည်းမှ ပြန်လည် သိမ်းယူတော့မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့သော်လည်း ၎င်း၏တောင်းပန် မှုကြောင့် ပြန်လည်သိမ်း ယူတော့မည် မဟုတ်ကြောင်း မလှနုထွန်းက ပြောသည်။

မြန်မာအလှမယ်သည် သရဖူပိုင်ဆိုင်ထားပြီးသော်လည်း စာနယ်ဇင်းများနှင့် လုပ်ကိုင်ဆက်ဆံရာ တွင် မောက်မာခြင်း၊ မဂ္ဂဇင်းမျက်နှာဖုံးဓာတ်ပုံ ရိုက်ရက်များကို ငွေကြေးမရပါက ဖျက်သိမ်းခြင်း စသည့်များအပြင် သရဖူပိုင်ဆိုင်ထားသည့်အလှမယ်တစ်ယောက်အနေဖြင့် Professional မပီသခြင်းများကြောင့် သရဖူ၏ဂုဏ်သိက္ခာနှင့် အလှမယ်အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကျ ဆင်းခြင်း တို့ကြောင့် ယခုကဲ့သို့ သရဖူပေးအပ်သည့် ကိုရီးယားအဖွဲ့အစည်းက ပြန်လည် ရုပ်သိမ်းရန် ကြေညာ လိုက်ခြင်း ဖြစ်ကြောင်း မလှနုထွန်းမှ တစ်ဆင့်သိရသည်။

" အစ်မကပြန်မသိမ်းဖို့ တောင်းပန်ထားပါတယ်။ ဒါ့ကြောင့်လည်း ကိုရီးယား အဖွဲ့အစည်းက ပြန်မသိမ်းဖြစ်တော့ပါ ဘူး။ လောလောဆယ်တော့ အစ်မတို့ ကြားမှာဘာညှိနှိုင်းဆောင်ရွက်မှုမှ မရှိပါဘူး။ စပွန်ဆာတွေဘက်ကို သူပျက်ကွက်မှုတွေများလို့ အစ်မလိုက်တောင်းပန်နေ ရတယ်။ အခု တစ်ရက်၊ နှစ်ရက်အတွင်း သူ အစ်မဆီ ပြန်လာပြီး ညှိညှိနှိုင်းနှိုင်း မဆောင်ရွက်ရင်တော့ အစ်မသူနဲ့လက်တွဲဖြုတ်လိုက်ရုံပါပဲ"ဟု မလှနုထွန်းက ပြောသည်။

လက်ရှိအချိန်တွင် အလှမယ် မေမြတ်နိုးနှင့် ဆက်စပ်လုပ်ကိုင်နေသည့် ဖက်ရှင်ဒီဇိုင်နာ၊ မိတ်ကပ်ဖန်တီးရှင်၊ ဂျာနယ်မဂ္ဂဇင်းများတွင် ပျက်ကွက် မှုရှိပါက၎င်းထံတိုက်ရိုက်ဆက်သွယ်ပြောဆို ပေးရန် တောင်းဆိုကြောင်း မလှနုထွန်းကပြောသည်။

" ညီမအနေနဲ့တော့ ကိုယ့်ရဲ့ဆရာလည်းဖြစ်တယ်၊ ကျေးဇူးရှင်လည်းဖြစ်တဲ့ အတွက် ဘာမှဝေဖန်ပြောဆိုချင်တာမျိုး မရှိပါဘူး။ သရဖူကိုပြန်သိမ်းဖို့ ဆိုတာလည်း လုံးဝဖြစ်လာနိုင်မှာ မဟုတ်သလို ဘာအကြောင်းကြောင့်နဲ့မှလည်း ပြန်သိမ်း ဖြစ်မှာမဟုတ်ပါဘူး။ အဲဒါကြောင့် လောလောဆယ်မှာ ဘယ်ကောလာဟလသတင်းတွေကိုမှ ပြန်ဖြေရှင်းတာမျိုး မလုပ်ချင်သေးပါဘူး။ မကြာခင်မီဒီယာတွေက တစ်ဆင့်အများပြည်သူရှေ့ကို အမှန်အတိုင်း ဖွင့်ချပြောဆိုပေးသွားပါ့မယ်" ဟု Miss Asia Pacific World အလှမယ် မေမြတ်နိုးက စံတော်ချိန်သို့ ပြောဆိုခဲ့သည်။

အလှမယ်မေမြတ်နိုးနှင့် ၎င်း၏အကြားတွင် မည်သည့် စာချုပ်သဘော တူညီချက်မှ ချုပ်ဆိုထားခြင်းမရှိဘဲ ဇွန် ၁၅ ရက်က ချုပ်ဆိုရန် စီစဉ်ခဲ့ သော်လည်း ပျက်ကွက်ခဲ့ခြင်း ရှိကြောင်း သိရသည်။

အလှမယ်မေမြတ်နိုးသည် သရဖူရရှိသည့်အတွက် ဆုကြေးငွေ၏ ၃၀ရာခိုင်နှုန်းကိုလည်း မြန်မာနိုင်ငံ ဆိုင်ရာ အဖွဲ့အစည်း ဒါရိုက်တာသို့ ပေးအပ်ရမည် ဖြစ်သော်လည်း ၎င်းင်းအနေဖြင့် လက်ခံရ ရှိခြင်းမရှိသေးကြောင်း မလှနုထွန်းက ဖြည့်စွက် ပြောကြားသည်။

Miss Asia Pacific World ၂၀၁၄ အလှမယ် မေမြတ်နိုးသည် ကိုရီးယား နိုင်ငံဆိုးလ်မြို့တွင် မေ ၃၁ ရက်က ကျင်းပခဲ့သည့် ပြိုင်ပွဲသို့ ပထမဆုံး အကြိမ် သွားရောက် ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုံးအကြိမ်သရဖူရရှိခဲ့သည့် အလှမယ်တစ်ဦးဖြစ် ကြောင်း သိရသည်။

 မေစနိုး
 စံတော်ချိန် နေ့စဉ်သတင်းစာ

“ဆွေမျိုးအစစ်”

“ကုသိုလ်ဆွေမျိုး နေ့စဉ်တိုး အကျိုးများလှသည်။
ကုသိုလ်ဆွေမျိုး နေ့စဉ်တိုး အားကိုးထိုက်လှသည်”
ဆိုတဲ့ အတိုင်း ခုလိုယောဂီတို့ နေ့စဉ်နေ့တိုင်း(၉)ပါး
သီလတွေဆောက်တည် ၊
တရားတော်တွေ ရှုမှတ်ပွားများနေတော့
သံသရာခရီးအတွက် အားကိုးထိုက်တဲ့ အကျိုးများပြီး
ကိုယ်နောက်ပါမည့် ကုသိုလ်ဆွေမျိုး
အစစ်အမှန်တွေ နေ့တိုင်းတိုးနေတာပေါ့။

ဒီကုသိုလ်တွေကမှ အားကိုးထိုက်တာ။
ဘ၀တလျှောက်လုံး မိမိကိုယ် ကယ်တင်သွားမှာ။

လောကီ ဆွေမျိုးတွေက တစ်ဘ၀တောင် မကယ်နိုင်ဘူး။
ကယ်ဖို့ နေနေသာသာ၊ မိဘအမွေကိစ္စ၊
သားသမီးတွေကိစ္စ၊ စီးပွားရေးကိစ္စတွေနှင့်
တစ်ယောက်နှင့် တစ်ယောက် မတည့်ကြဘူး။

ဒါကြောင့် လောကီဆွေမျိုးတွေကို သိပ်သံယောဇဉ်
အစွဲအလန်းမထားကြနှင့်။
ကိုယ်နောက်ပါမည့် ကိုယ့်ကိုကယ်တင်မည့်
လောကုတ္တရာ ကုသိုလ်ဆွေမျိုးတွေကိုဘဲ
ကြိုးစားအားထုတ်ကြ။

-【 မောင်းထောင်မြေဇင်းတောရ ဆရာတော်ဘုရားကြီး】
 
https://www.facebook.com/youngbuddhistassociation.mm/photos/a.322278357782183.93

မလေးရှားရောက် မြန်မာနိုင်ငံသားများကို သံရုံးသတိပေး

Thursday, July 10, 2014
မလေးရှားနိုင်ငံတွင် အစွန်းရောက် အဖွဲ့အချို့က မြန်မာနိုင်ငံသားများကို အကြမ်းဖက်မှုများရှိကြောင်း သတင်းရသဖြင့် အကြမ်းဖက် တိုက်ခိုက်မှုများကို
ကာကွယ်စောင့်ရှောင်ပေးရန်နှင့် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုအတွက် တရားခံများကို အမြန်ဆုံး ဖော်ထုတ်အရေးယူရန် မေတ္တာရပ်ခံထားသည်ဟု မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက ဇူလိုင်လ ၁၀ရက်က ထုတ်ပြန်လိုက်သည်။ 
ယင်းအပြင် မြန်မာနိုင်ငံသားများ အနေဖြင့်လည်း မလေးရှားနိုင်ငံက ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာ၍ မိမိလုံခြုံရေးကို ဂရုစိုက်၍ သတိထား သွား/လာကြရန် နှိုးဆော်ထားသည်။
Mizzima - News in Burmese

ကန့်ဘလူမြို့နယ်မှာ လုယက်/လူသတ်မှုဖြစ်

၇.၇.၂၀၁၄ နေ့  ၁၅း၀၀ အချိန်ခန့်တွင် ကန့်ဘလူမြို့နယ် ကာဘိုး-ဇီးကုန်းသွား  ကားလမ်းပေါ်ရှိ စကာချောင်း(တ၀က်ချောင်း) တံတား အနောက်ဘက်ပေ (၁၀၀)ခန့်အကွာတွင် အမည်မသိ အသက်(၃၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး ဒါဏ်ရာများနှင့် လဲနေကြောင်း ကာဘိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းမှ သတင်းပို့၍ တာဝန်မှူး ဒုရဲအုပ်ကီးနိမ်ကီးနှင့်အဖွဲ့ သွားရောက်စစ်ဆေးပြီး ဆေးရုံသို့ပို့အပ်စဉ် ဇီကုန်းဆေးရုံ အရောက် ၁၅း၃၀အချိန်တွင် သေဆုံးသွားခဲ့ပါသည်။

အဆိုပါအမည်မသိ အမျိုးသားတစ်ဦး ဒါဏ်ရာရသေဆုံးမှု အတွက် ကာဘိုးကျေးရွာအုပ်ချုပ်ရေးမှူးမှ တရားလို တိုင်တန်းခဲ့ရာ ဇီးကုန်းနယ်မြေရဲစခန်း (ပ)၁၁၂/၁၄ ပြစ်မှုပုဒ်မ ၃၀၂ဖြင့် အဖှုဖွင့် အရေးယူခဲ့ပါသည်။

ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးအုံးလှိုင် ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှထွန်းတို့၏ အနီးကပ်ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်မှုကြောင့် သေဆုံးသူမှာ ဇော်နိုင်ထွန်း (၂၅)နှစ်ခန့် (ဘ) ဦးလှထွန်း ဆိုင်ကယ်ကယ်ရီမောင်း၊ အောင်ချမ်းသာရပ်၊ ရေဦးမြို့နယ်ဖြစ်ပြီး ၄င်းအား ဆိုင်ကယ်ကယ်ရီငှားပြီး ရိုက်နှက်ကာ ဆိုင်ကယ်လုယူသွားသူမှာ ဖိုးထိုက် (၂၅)နှစ်၊ (ဘ)ဦးဖိုးသီး၊ ကျဘမ်း၊ ကာဘိုးကျေးရွာ၊ ကန့်ဘလူမြို့နယ်နှင့် ဖိုးချွန်း(ခ)ဖြိုးကိုကို (၂၃)နှစ် (ဘ)ဦးစိန်မောင်သန်း ၊ ကျဘမ်း၊ ကာဘိုးကျေးရွာ၊ ကန့်ဘလူမြို့နယ်တို့ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ ပါသည်။

တရားခံ ဖိုးချွန်း(ခ)ဖြိုးကိုကိုအား ပြစ်မှုကျွန်းလွန်ပြီးနောက် (၁၁)နာရီအကြာတွင် ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ကျန်တရားခံ ဖိုးထိုက်အား ဖမ်းဆီးရမိရေး ပိတ်ဆို့စုံစမ်း ထောက်လှမ်းရှာဖွေလျှက်ရှိပါကြောင်းနှင့် လုယက်ခံရသော ဆိုင်ကယ်မှာလည်း သိမ်းဆည်းရရှိပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။

 ကိုသူလေး

BY THIT HTOO LWIN

Google က အွန်လိုင်း လိင်ညစ်ညမ်း ကြော်ငြာခွင့် ပိတ်ပင်

Google ရဲ့ AdWords လူမှု ကွန်ရက်ပေါ်က လိင်ကိစ္စ ညစ်ညမ်းကြော်ငြာ သူတွေဆီ ပြီးခဲ့ တဲ့လက ပေးပို့ထားတဲ့ မေးလ်တစ်ခုမှာ လိင်ပိုင်း ဆိုင်ရာ ဓါတ်ပုံတွေပါတဲ့ ကြော်ငြာတွေ လက်ခံတော့မှာ မဟုတ်ကြောင်း ပြောလိုက် ပါတယ်။ ညစ်ညမ်းတဲ့ခွေ၊ ပုံတွေ၊ ကိုယ့်စားမှု အတွက် လိင်ပိုင်းဆိုင်ရာ အာသာဖြေခြင်း၊ လိင်အင်္ဂါ၊ စအို၊ နှင့် နုတ်ပါးစပ် အသုံးပြုပြီး လိင် အာသာဖြေခြင်း အစရှိတဲ့ လိင်ပိုင်းဆိုင်ရာ မှန်သမျှကို ခွင့်ပြုတော့မှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

Google ရဲ့ AdWords ကြော်ငြာတွေဟာ သူတို့ရဲ့ အင်တာနက် ၀က်ဘ်ကနေ တဆင့် သန်းနဲ့ချီတဲ့ ဆိုက်တွေကနေ ကြည့်ရှုနိုင်တာ ဖြစ်တယ်။ ဒီစည်းမျဉ်းတွေဟာ ယခုအပတ်ကစပြီး အကြုံးဝင်သွား မှာဖြစ်ပါတယ်။ Morality In Media ကနေ ပထမဦးဆုံး မီးမောင်းထိုးပြခံရတဲ့ မေးလ်ဟာ Google (GOOGL, Tech30) ၎င်းရဲ့ အပြာဇာတ်လမ်းဆိုင်ရာ မူဝါဒ အသစ်ပြုပြင်ပြီး လအနည်းငယ် အကြာပြီး လာခဲ့တာဖြစ်ပါတယ်။

လိင်ညစ်ညမ်းမှုနဲ့ ပတ်သက်တဲ့ကြော်ငြာတွေကို နောက်ထပ် လုံးဝလက်မခံဖို့ ဆုံးဖြတ်ချက်ပြုလုပ် ခဲ့တယ်လို့ မတ်လတွင်တင်ထားတဲ့ ဘလော့တစ်ခုမှာ Google ကနေ ပြောကြားခဲ့တယ်။

Google က လိင်ညစ်ညမ်းမှုနဲ့ ပတ်သက်ပြီး ခွင့်ပြုမှုပေးနေသေးတယ်လို့ AdWords မူဝါဒအရ သိရပါတယ်။ ဒါပေမဲ့ ကြော်ငြာမှာ လိင်ပိုင်းဆိုင်ရာ အသိရစေတဲ့ အကြောင်းအရာတွေ ထည့်လို ရတော့မှာ မဟုတ်ပါဘူး။

လိင်ကိစ္စနှင့် ပတ်သက်တဲ့ ပုံတွေ ပိတ်ပင်ထားတဲ့ နောက်အကြောင်းရင်းက AdWords ကြော်ငြာ ကမ္ပဏီ တွေကို ပြည့်တန်ဆာလုပ်ငန်းဝန်ဆောင်မှုပေးခြင်း၊ လိင်စိတ်ဖြစ်စေတဲ့ မေ့ဆေးဖြန့်ဝေခြင်း၊ အရင်း တနှီးဖြစ်အောင် ကူညီဝန်ဆောင်မှုပေးခြင်း ကနေ ပိတ်ပင်လိုက်ပါတယ်။ ဒါပေမဲ့ လူငယ်တွေအတွက် dating sites ကြော်ငြာခြင်းကိုတော့ Google က ခွင့်ပြုထားဆဲဖြစ်ပါတယ်။
 
Trend Myanmar

ဘဝကို ရှေ့ဆက်သွားနိုင်ဖို့ဆိုရင် စွန့်လွှတ်ရမယ့်အရာ (၁၀)ခု

ဘဝကို ရှေ့ဆက်သွားနိုင်ဖို့ဆိုရင် စွန့်လွှတ်ရမယ့်အရာ (၁၀)ခု

၁။ အခြားသူများ၏ အမြင်များဖြင့် သင့်ဘဝကို ထိန်းချုပ်ခွင့်ပြုခင်း

အရေးကြီးတာက တခြားသူတွေ ဘယ်လိုထင်တယ်ဆိုတာ မဟုတ်ပါဘူး။ သင့်ကိုယ်သင် ဘယ်လိုထင်တယ်ဆိုတာကသာ အရေးကြီးပါတယ်။
သင်ဟာ သင့်ကိုယ်တိုင်အတွက်၊ သင့်ဘ၀အတွက် အကောင်းဆုံးအရာကို လုပ်ရပါမယ်။

၂။ အတိတ်ကအမှားများကို ရှက်ရွံ့နေခြင်း

သင့်ရဲ့ အတိတ်ဆိုတာ သင့်ရဲ့အနာဂတ်နဲ့ ညီမျှခြင်းမဟုတ်ပါဘူး။
အရေးပါတာကတော့ သင် အခု လုပ်နေတဲ့အရာပဲဖြစ်ပါတယ်။

၃။ ကိုယ် ဘာလိုချင်တယ်ဆိုတာကို တိတိကျကျ မဆုံးဖြတ်နိုင်ခြင်း

သင်ဘယ်ကိုသွားချင်တယ်ဆိုတာ မဆုံးဖြတ်နိုင်မချင်း သင် ဘယ်ကိုမှ ရောက်မှာမဟုတ်ပါဘူး။သင် ဘာကိုလိုချင်တယ်ဆိုတာကို သိအောင်
ဆုံးဖြတ်ပါ။ အဲဒီအရာနောက်ကို စိတ်ရောကိုယ်ပါ လိုက်ပါ။

၎။ သင့်အတွက် အရေးပါသော ရည်မှန်းချက်များကို အချိန်ဆွဲနေခြင်း

ဘဝမှာ အဓိက ရွေးချယ်စရာ နှစ်ခုရှိပါတယ်။ (၁) အဖြစ်အပျက်တွေကို သူ့အရှိအတိုင်းပဲ လိုက်ခံလိုက်တာ (၂) သင်ဟာ အဲဒီအဖြစ်အပျက်တွေကို ပြောင်းလဲနိုင်တယ်လို့ ယုံကြည်တာ။သစ်ပင်တစ်ပင်ကို စိုက်ခဲ့ဖို့
 အကောင်းဆုံးအချိန်ကတော့ လွန်ခဲ့တဲ့အနှစ် (၂၀)လောက်ကပေါ့။ဒုတိယအကောင်းဆုံးအချိန်ကတော့ အခုအချိန်ပါ။

၅။ ဘာမှမလုပ်ဖို့ ရွေးချယ်လိုက်ခြင်းသင် ဘယ်အချိန်မှာသေမယ်၊ ဘယ်လိုသေမယ်ဆိုတာကို ရွေးချယ်လို့မရပါဘူး။သင် ရွေးချယ်လို့ရတာ
ကတော့ အခု ဘယ်လိုရှင်သန်မလဲဆိုတာပဲ ဖြစ်ပါတယ်။
နေ့ရက်တိုင်းဟာ သင် ရွေးချယ်နိုင်တဲ့ အခွင့်အရေးပါပဲ။

၆။ သင့်လိုအပ်ချက် အမြဲမှန်ခြင်း အောင်မြင်မှုကို ရည်မှန်းပါ။ ဒါပေမယ့်
သင့်ရဲ့ ရှုံးနိမ့်ပိုင်ခွင့်ကိုလည်း လက်မလွှတ်ပါနဲ့။ ဘာဖြစ်လို့လည်းဆိုတော့ သင့်ရဲ့ ရှုံးနိမ့်ပိုင်ခွင့်ကို လက်လွှတ်လိုက်ရင် သင်ဟာ အကြောင်းအရာသစ်
တွေ သင်ယူနိုင်ခွင့်ကိုပါ ဆုံးရှုံးသွားလို့ပါပဲ။

၇။ ဖြေရှင်းလို့ရသောအခက်အခဲများအား ရှောင်ပြေးနေတာကို ရပ်လိုက်ပါ။
အခက်အခဲတွေကို ရင်ဆိုင်လိုက်ပါ။ ဖြေရှင်းပါ။ ဆက်သွယ်ပြောဆိုပါ။ တန်ဖိုးထားပါ။ ခွင့်လွှတ်ပါ။ သင့်ဘဝအတွက် ထိုက်တန်တဲ့သူတွေကို ချစ်ခင်ပါ။

၈။ ဆုံးဖြတ်ချက်များအစား ဆင်ခြေများကို ပြုလုပ်ခြင်း ရေရှည် ရှုံးနိမ့်မှု အများစုဟာ ဆင်ခြေတွေရဲ့ ရလာဒ်ပဲဖြစ်ပါတယ်။

၉။ သင့်ဘ၀၏ ကောင်းသောအချက်များကို သတိမပြုခြင်း သင်ရှာတာကိုပဲ သင်တွေ့တာပါ။ သင့်ရဲ့ဘဝမှာ ရှိနေတဲ့အရာတွေကို တန်ဖိုးမထားတတ်ဘူး
ဆိုရင် သင်ဟာ ပျော်ရွှင်ဖို့အတွက် ခက်ခဲနေပါလိမ့်မယ်။

၁၀။ လက်ရှိအချိန်ကို တန်ဖိုးမထားခြင်း ဘဝရဲ့ အကြီးမားဆုံးအစိတ်အပိုင်း
တွေဟာ အရာသေးသေးလေးတွေနဲ့ အစပြုတယ်ဆိုတာကို သတိမထားမိဘဲ ကျနော်တို့ဟာ ကြီးကြီးမားမားတစ်ခုခုကို လုပ်ဖို့ပဲ ကြိုးစားနေတတ်ကြပါ
တယ်။

credit to Myawady News
 
Credit to Myawady News

မန္တလေးမြို့မှာ ညမထွက်ရအမိန့် ချိုးဖောက်သူ စည်းကမ်းမဲ့ပြည်သူ ၄၀၀ ကျော်ကို ဖမ်းဆီး

မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန် ထားတဲ့ မြို့နယ် ၇ ခုမှာ ဇူလိုင်လ ၈ ရက်နေ့ညအထိ လိုက်နာမှုပျက်ကွက်သူ လေးရာကျော်ကို ဖမ်းဆီး ထားပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးက ပြောပါတယ်။
အဲဒီ ဖမ်းဆီးထားသူတွေကို ထောင်ဒဏ် ၇ ရက်ကနေ ၁၅ ရက်အထိ ပြစ်ဒဏ်ချမှတ်အရေး ယူနေတယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ဒုတိယရဲမှူးကြီး ဇော်မင်းဦးက အခုလို ပြောပါ တယ်။

"ထွေအုပ်ကနေပြီးတော့ ပုဒ်မ ၁၄၄ ထုတ်တာကို မလိုက်နာတဲ့အတွက် ပုဒ်မ ၁၄၈ အရ ထွေအုပ်က တရားလိုလုပ်ပြီး တရားစွဲတင်တာခင်ဗျ၊ တရားသူကြီး စီရင်ပြီးတော့ ပြစ်ဒဏ်ချတာတွေကတော့ ထောင် ၇ ရက် ချတာရှိတယ်၊ ၁၅ ရက် ချတာရှိတယ်၊ ရုံးပြန်ချိန်းတာတွေလည်းရှိတယ်"

ည ၉နာရီကနေ မနက် ၅ နာရီထိ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ကို ပုသိမ်ကြီး၊ အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ ချမ်းမြသာစည်၊  မဟာအောင်မြေ၊ ပြည်ကြီးတံခွန်နဲ့ အမရပူရမြို့နယ်တွေမှာ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ ၁၆ ဦးကို ဖမ်းဆီးအရေးယူထား ပြီဖြစ်ပြီး ပဋိပက္ခမှာပါဝင်တယ်လို့ ယူဆရသူတွေကို ဆက်လက် ခေါ်ယူစစ်ဆေးနေတယ်လို့လည်း ဒုတိယ ရဲမှူးကြီး ဇော်မင်းဦးက ပြောပါတယ်။
 
Rfa