12 Jul 2014

ပုဂ္ဂလိက၀န်ထမ်းများလည်း တစ်ပတ်လျှင်တစ်ရက် နားရက်ရတော့မည်

 
ကုမ္ပဏီဝန်ထမ်း အမျိုးသမီးငယ်များကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
 နိုင်ငံ့ဝန်ထမ်းများနည်း တူအလုပ်ပိတ်ရက်ခံစားခွင့် တူ ညီစွာမရသော ပုဂ္ဂလိက လုပ်ငန်း များမှ အလုပ်သမားများအား တစ်ပတ်လျှင် တစ်ရက် မဖြစ်မ နေနားရက်အဖြစ် သတ်မှတ်ပေး ရမည်ဖြစ်ပြီး အဆိုပါနားရက်အ တွက် လုပ်ခလစာအပြည့်အ၀ရရှိ နိုင်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
ယခုလ ၉ ရက်တွင်ပြုလုပ် သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့ သည့် ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအရ ပုဂ္ဂလိက လုပ်ငန်းများမှ အလုပ် သမားများမှာ အထက်ပါခံစားခွင့် များရရှိမည်ဖြစ်ကြောင်း ပြည် ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီအတွင်းရေး မှူး ဦးစောလှထွန်းကပြောသည်။


‘‘ဒီဥပဒေမှာ ထူးခြားချက်က ဘာရှိလဲဆိုတော့ ပြင်ပပုဂ္ဂလိက လုပ်ငန်းက အလုပ်သမားတွေ တော်တော်များများက ပိတ်ရက် ခံစားခွင့်မညီမျှဘူး။ အခုဒီဥပဒေ ပြဋ္ဌာန်းပြီးပြီချင်း ဒီဥပဒေအရတစ် ပတ်ကို တစ်ရက်ပိတ်ရက်ရမယ်။ အဲဒီအတွက် လစာဖြတ်လို့မရ ဘူး။ အပြည့်ပေးရမယ်’’ဟု ဦး စောလှထွန်းကပြောသည်။


နိုင်ငံ့ ၀န်ထမ်းဖြစ်သော အစိုးရ၀န်ထမ်းများ အနေဖြင့်မူ တစ်ပတ်လျှင် ပိတ်ရက်နှစ်ရက်ခံ စားခွင့်ရရှိသည့်အပြင် အစိုးရရုံး ပိတ်ရက်တိုင်းတွင် ပိတ်ရက်ရရှိ နေသော်လည်း ပုဂ္ဂလိကလုပ်ငန်း  များမှ ၀န်ထမ်းများမှာမူ ထိုအခွင့် အရေးများရရှိခြင်းမရှိသဖြင့် အ ဆိုပါအချက်ကို ထည့်သွင်းထား ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘ကျွန်တော်တို့ စက်ရုံက ပိတ်ရက်ဆိုတာ မရှိသလောက်ဘဲ။ တစ်လမှာ တစ်ရက်ပဲပိတ်ရက် ပေးထားတယ်။ အဲဒီပိတ်ရက်က လည်း မသွားရင် လစာအဖြတ်ခံ ရတယ်။ အဲဒါကြောင့် ဆင်းနေ  ရတာပဲ။ နေမကောင်းလို့ တောင် မနားရဲဘူး’’ဟု လှိုင်သာယာစက် မှုဇုန်အတွင်းရှိ စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်သူ ကိုအေးစိုးက ပြောသည်။


ယခု နှစ်ဆန်းပိုင်းတွင် ပြဋ္ဌာန်းခဲ့သော နိုင်ငံဝန်ထမ်းနည်း ဥပဒေနှင့် ကိုက်ညီစေရန် အထက်ပါဥပဒေကို ပြင်ဆင်ရခြင်းဖြစ်ပြီး အချို့သော ခွင့်ရက်များနှင့် ပိတ်ရက်များကို ပြင်ဆင်မှုပြုခဲ့ ကြောင်း ဦးစောလှထွန်းကပင် ပြောသည်။

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေအ ရအစိုးရ၀န်ထမ်းအမျိုးသမီးများ အနေဖြင့် ယခင်က မီးဖွားခွင့် သုံးလသာရရှိရာမှ ယခုနှစ်မတ်လ ၂၆ ရက်မှစတင်ကာ မီးဖွားခွင့် ခြောက်လ တရားဝင်ခံစားခွင့်ရရှိနေပြီဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူ လုံရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး က ယခုလအတွင်းပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေး ၌ ပြောကြားခဲ့သည်။

http://www.7daydaily.com

တရားထိုင်ခြင်းနဲ့ အိပ်မပျော်ဝေဒနာ


တရားထိုင်ခြင်းနဲ့ အိပ်မပျော်ဝေဒနာ
-----------------------------------------

အိပ်ယာထဲမှာ အိပ်မပျော်နိုင်လို့ အတင်းအိပ်ပျော်အောင်ကြိုးစားရင်း
တလူးလူးတလိမ့်လိမ့်နဲ့ ပိုပြီးအိပ်မပျော်ဖြစ်တက်ပါတယ်။
စိတ်ကိုအနားပေးပြီး ခန္ဓာကိုယ်ကိုအကြောလျော့ကာ အနားယူပါ။
ပြီးမှ နှာသီးဝမှာတိုးဝင်နေတဲ့ လေနဲ့ တိုးထွက်နေတဲ့လေ
(ဝင်လေထွက်လေ) ကိုအာရုံပြုပေးရင်မကြာခင် အိပ်ပျော်သွားပါလိမ့်မယ်။

တရားမှတ်ခြင်းဟာ ယောဂကျင့်ခြင်း၊ အသက်ရှုလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ဝတ်ပြုဆုတောင်းခြင်းတွေလိုပ
စိတ်ကိုငြိမ်သက်စေပြီး အိပ်ပျော်လွယ်ပါတယ်။

#KoMyintKhine

တရားထိုင်ခြင်းနဲ့ နှလုံးရောဂါ


တရားထိုင်ခြင်းနဲ့ နှလုံးရောဂါ
-------------------------------------

တရားထိုင်ခြင်းနဲ့ နှလုံးရဲ့ဆက်စပ်ပုံကို အကြိမ်ပေါင်းများစွာ
သုတေသနပြုစမ်းသပ်ပြုပြီးပါပြီ။

နှလုံးရောဂါသည်အများစုဟာ ထိတ်လန့် စရာကြုံရင် ရောဂါကဖေါက်လာတက်ပါတယ်။
သူတို့ စိတ်ထဲမှာ နှလုံးရောဂါရှိတယ်ဆိုတဲ့အသိနဲ့ 
ထိတ်လန့်စရာကြုံလို့ မရဘူးဆိုတဲ့အသိ ဒွန်တွဲနေတာကြောင့်ပါ။


ထိတ်လန့် ချောက်ခြားစရာကြုံလာရင်တုန့် ပြန်နိုင်တဲ့တည်ငြိမ်မှုရအောင်
တရားထိုင်ပေးသင့်တယ်လို့ စိတ်ပညာရှင်များစွာက အကြံပြုထားကြပါတယ်။


အမေရိကန် ဂျာနယ်တခုရဲ့လေ့လာဖေါ်ပြချက်အရ
တနေ့ ကို ၁၅ မိနစ်ခန့် ၂ ကြိမ်တရားထိုင်ပေးတဲ့ သွေးတိုးရောဂါရှင်တွေဟာ
၎ လအကြာမှာ သွေးပေါင်ချိန်သိသိသာသာ ကျဆင်းသွားတယ်လို့ ဖေါ်ပြထားပါတယ်။
တရားထိုင်ခြင်းကြောင့် ခန္ဓာကိုယ်တွင်းရှိသွေးလည်ပတ်မှုစနစ်ကိုပါ
အားကောင်းစေတဲ့အတွက် နှလုံးရှိသွေးသန့် စင်အားကောင်းကာ
နှလုံးရောဂါကို ပျောက်ကင်းစေတယ်လို့ ဖော်ပြထားပါတယ်။

#KoMyintKhine