18 Jul 2014

ကိုယ်ပိုင် အစွမ်းအစနဲ့ ကိုယ့်ဘ၀ ကိုယ်ဖန်တီးပါ


 
လူတိုင်းမှာ ပင်ကိုယ်စွမ်းရည် (Talent) လို့ခေါ်တဲ့ ကိုယ်ပိုင်အစွမ်းအစ တွေ ရှိကြပါတယ်။ ပင်ကို စွမ်းရည် ဆိုတာ လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ကိန်းအောင်း ပါရှိနေတဲ့ အားသန်ရာ စွမ်းရည်တစ် ရပ်ပါ။ လူတစ်ယောက်ရဲ့ ပါရမီထူး၊ လူတစ်ယောက်မှာ ပါရှိနေတဲ့ အထုံဝါသနာထူး လို့လည်း ပြောလို့ရပါတယ်။ ငယ်စဉ်ကတည်းက ထူးထူးခြားခြား လုပ်ချင်ကိုင်ချင်နေတဲ့ အရာတွေ၊ သူတစ်ပါးထက် သာသာလွန်လွန်လေး လုပ်ဆောင်နိုင်တယ် ဆိုတဲ့အရာတွေ၊ လုပ်နေရရင်လည်း စိတ်အားထက်သန်ပြီး ပျော်ရွှင်နေ တယ်ဆိုတဲ့ အရာတွေဟာကိုယ့်မှာ ရှိနေတဲ့ သဘာဝကပေးထားတဲ့ ပင်ကို စွမ်းရည်ပဲ ဖြစ်ပါတယ်။


ကိုယ့်ရဲ့ "ကိုယ်ပိုင်အစွမ်းအစကို ရှာဖွေသိရှိခြင်း" ဟာ ဘ၀အောင် မြင်တိုးတက်ရေးအတွက် အရေး အကြီးဆုံး လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ ကြီးပွားတိုး တက်အောင်မြင်လိုသူတိုင်းဟာ "ငါ့မှာ ဘာအရည် အချင်း တွေရှိသလဲ၊ ငါ့ရဲ့ပင်ကိုစွမ်းရည် (Talent)တွေကဘာလဲ၊ ဘာအစွမ်းအစ တွေငါ့မှာရှိသလဲ" လို့ ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး ရှာဖွေဆန်းစစ် ရပါလိမ့်မယ်။ စစ်တမ်းကောက် ရပါလိမ့်မယ်။


လူအများစုကတော့ ကိုယ့်ရဲ့ကိုယ်ပိုင် အစွမ်းအစတွေကို မသိကြပါဘူး။ သိအောင်လည်း ရှာဖွေဆန်းစစ် မှုတွေ မပြုလုပ်ကြပါဘူး။ ကိုယ့်ခန္ဓာ ကိုယ်ထဲမှာ ကိန်းအောင်းနေတဲ့ ပင်ကို အရည်အချင်းတွေကို သတိ မပြုမိကြပါဘူး။ တချို့ကြတော့လည်း ကိုယ့်ရဲ့ ပင်ကိုအရည်အချင်းတွေကို သိတော့သိကြ ပါတယ်။ ဒါပေမယ့် ဒီအရည်အချင်းတွေကို ထုတ်မသုံးနိုင် ကြပါဘူး။ ဒါကြောင့် လည်းလောကမှာလူအများစုဟာ အောင်မြင်တိုးတက်မှုတွေ မရရှိကြတာ ပဲဖြစ်ပါတယ်။


တကယ်တော့ ဘ၀အောင်မြင်မှုရဲ့လမ်းစဟာ ကိုယ့်ရဲ့ကိုယ်ပိုင်စွမ်းရည်နဲ့ ကိုယ်တွင်းမှာရှိတဲ့ အရည် အချင်းတွေကို ရှာဖွေဖော်ထုတ်နိုင် ဖို့ဖြစ်ပါတယ်။ ဒါဟာအောင်မြင်လိုသူတိုင်းရဲ့ အဓိကကျတဲ့ ပထမ ဆုံးသော အလုပ်ပါပဲ။ လူ့လောကကို ရောက်ရှိလာကြတဲ့ လူသားတိုင်းမှာ လောက သဘာဝကြီး က ပေးထားတဲ့စွမ်းရည်တွေ ကိုယ်စီရှိနေကြပါတယ်။ ဒါတွေ ကို ဖော်ထုတ် အသုံးချပြီး တိုးပွားအောင် လုပ်နိုင်တဲ့လူတိုင်းဟာ လောကမှာ ထိပ်တန်းအောင်မြင် မှုတွေကို ရရှိတဲ့လူသားတွေ ဖြစ်လာကြပါတယ်။


ရူပဗေဒပညာရှင်ကြီး အဲလ်ဘတ်အိုင်းစတိုင်း၊ စာပေပညာရှင် ရှိတ်စပီးယား ၊ ပန်းချီအနုပညာရှင်ကြီး ပီကာဆို ၊ လီယိုနာဒိုဒါဗင်ချီ၊ တီထွင်ပါရဂူ သောမတ် အက်ဒီဆင်၊ ကမ္ဘာကျော်ဟာသပညာရှင် ချာလီချက်ပလင်၊ ပေါ့ပ်ဘုရင် မိုက်ကယ်ဂျက်ဆင်၊ အဆိုတော်မင်းသမီး မက်ဒေါနား၊ ရုပ်ရှင်မင်းသားကြီး အာနိုး၊ ရုပ်ရှင်သရုပ်ဆောင် ဂျက်ကီချမ်း၊ မိုက်ကယ်ဂျော်ဒန်၊ ဒေးဗစ်ဘက်ခမ်း၊ တိုက်ဂါးဝုဒ်၊ ပီလီ၊ မာရာဒိုးနား၊ မိုဟာမက်အလီ စတဲ့အားကစားသမားတွေ၊ ကမ္ဘာကျော် ကွန်ပျူတာ လုပ်ငန်းသူဌေးကြီး ဘေလ်ဂိတ် စသဖြင့်နယ်ပယ်အသီးသီးမှာ ကျော်ကြား အောင်မြင်သူတွေ ပြောမကုန်အောင် အများကြီး ရှိပါတယ်။ ဒီလိုအားကစားချန်ပီယံတွေ၊ ပန်းချီအနုပညာကျော်တွေ၊ သိပ္ပံပါရဂူတွေ၊ နိုင်ငံရေးခေါင်းဆောင် ကြီးတွေ၊ စာပေပညာရှင်တွေ၊ နိုဘယ် ဆုရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေအားလုံးဟာ သူတို့ရဲ့ ပင်ကို စွမ်းရည်တွေကို သက်ဆိုင်ရာနယ်ပယ်တွေမှာ အသုံးချပြီး ကိုယ့်ဘ၀ကို ထိပ်တန်းရောက်အောင် ဖန်တီးခဲ့ကြသူတွေချည်းဖြစ်ကြပါတယ်။


ပင်ကိုစွမ်းရည် (Talent) ကို အခြေခံပြီးသူတို့လို ထိပ်တန်းအောင် မြင်သူတွေဖြစ်အောင် ကျွန်တော်တို့ အားလုံးဖန်တီး ယူလို့ရပါတယ်။ အရေး ကြီးတာ က ကိုယ့်မှာရှိတဲ့ Talent ကို ကိုယ်တိုင်သိနိုင်ဖို့ပါပဲ။ ကိုယ့်မှာ ဘာအရည် အသွေး၊ အစွမ်းအစတွေ ရှိနေသလဲ။ ကိုယ့်မှာဘာ Talent တွေရှိသလဲ။ ပန်းချီ မှာလား၊ ဂီတအနုပညာ ဘက်မှာလား၊ အဆိုအကလား၊ စီးပွားရေးလား၊ အားကစားဘက်မှာ ထူးချွန်တာ လား၊ ဆရာဝန် ဖြစ်ချင်တာလား၊ စာရေး ဆရာလားစသဖြင့်ပေါ့။ အခုပဲ စဉ်းစားရှာဖွေကြည့် ပါ။


နယ်ပယ်တစ်ခုခုမှာ ထူးထူးချွန်ချွန်ဖြစ်အောင် လုပ်မယ်ကြံရင်ကိုယ့်မှာ ထူးထူး ချွန်ချွန်ဖြစ်အောင် လုပ်ဆောင်နိုင်မယ့် ပင်ကိုစွမ်းရည် Talent ဘာတွေရှိသလဲ ဆိုတာကို ပထမဦးဆုံး လေးလေးနက်နက် ရှာဖွေဖို့တော့ လိုပါတယ်။ ဒါဟာ သိပ်အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ဘ၀တစ်ခုလုံးကို အဲ့ဒီစွမ်းရည်တွေနဲ့အတူ မြှုပ်နှံကြိုးစားရမှာ ဖြစ်လို့ပါပဲ။


ကိုယ့်မှာရှိတဲ့ စိတ်ခွန်အားတွေ အားလုံးကို ကိုယ်ဝါသနာပါတဲ့အရာ၊ ကိုယ်ပါရမီပါတဲ့အရာ၊ ကိုယ်ပျော်မွေ့ ရာမှာ တစိုက်မတ်မတ် စုစည်းပြီး စိုက်ထုတ်ကြိုးစားရင်အထွတ်အထိပ်ရောက်မှာမလွဲပါပဲ။ ကိုယ့်ရဲ့ ပင်ကိုယ် စွမ်းရည်၊ ပါရမီထူးကို ရှာဖွေနိုင်ဖို့အတွက်အထောက်အကူပြုမယ့် အဓိက မေးခွန်းတွေကို ကိုယ့်ကိုယ်ကိုယ်မေးမြန်းပါ။


- ကိုယ်တကယ်စိတ်ဝင်စားတဲ့အရာ၊ စိတ်အားထက်သန်တဲ့အရာ၊ ၀ါသနာ ပါတဲ့အရာ၊
- လုပ်နေရရင် ပျော်နေစေတဲ့အရာ၊ နှစ်ခြိုက်နေတဲ့အရာ၊
- ကိုယ့်မှာ ပါရမီရှိတယ်လို့ ယူဆယုံကြည်ထားတဲ့အရာ၊
- ကိုယ့်မှာနဂိုမူလကတည်းကသူများထက်ပိုပြီးထူးခြားတဲ့ အစွမ်း အစလေးပါလာတယ်လို့ ယူဆယုံကြည် ထားတဲ့အရာ ဘာတွေများရှိသလဲ လို့ ရှာဖွေဆန်းစစ်ပါ။


သေချာရှာဖွေရွေးချယ်ပြီးပြီ ဆိုရင်တော့ အဲ့ဒီအရာ၊ အဲ့ဒီအလုပ်၊ အဲ့ဒီနယ်ပယ် မှာတစ်ဘ၀လုံးကို ပုံအပ်ပြီး တစိုက်မတ်မတ် ကြိုးစားလုပ်ဆောင်ပေတော့။ ကိုယ့်ရဲ့ ကိုယ်စွမ်းကိုယ်စနဲ့ ကိုယ့်မှာရှိတဲ့ ပါရမီထူးကို ကြိုးစားရှာဖွေဖော် ထုတ်နိုင်သူတိုင်းအတွက် လောကမှာ "မဖြစ်နိုင်" ဆိုတဲ့ အရာ လုံးဝမရှိနိုင် ပါဘူး။


လူတိုင်းမှာရှိတဲ့ အစွမ်းအစတွေ၊ အရည်အချင်းတွေဟာ တစ်ယောက် နဲ့တစ်ယောက် တူညီမှာတော့ မဟုတ်ပါဘူး။ တချို့က Talent တွေ နည်းနည်း ပဲရှိပေမယ့် တချို့မှာအများကြီး ရှိနေတတ်ပါတယ်။ သေးငယ်ချင် လည်းသေး ငယ်မယ်၊ ကြီးကျယ်ချင်လည်း ကြီးကျယ်မယ်။ ဒါပေမယ့် နည်းပါးတာ၊ သေး ငယ်တာ အကြောင်းမဟုတ်ပါဘူး။ ကိုယ့် Talent ကိုယ် သိရှိပြီး တိုးပွား လာအောင် ကြိုးစားပျိုးထောင် မယ်ဆိုရင် ကိုယ်စွမ်းကိုယ်စတွေက ထက်မြက် လာမှာဖြစ်ပါတယ်။ ဒီလိုထက်မြက်လာတဲ့ ကိုယ်စွမ်း ကိုယ်စတွေက အောင်မြင် တဲ့ဘ၀ကိုဖန်တီးပေးနိုင်မယ့် ကိုယ်ပိုင် အရည်အသွေးတွေပါပဲ။


လူတစ်ယောက်မှာ ပင်ကိုဗီဇ Talent အနေနဲ့ ဘယ်လောက်ပဲ စွမ်းရည်ရှိတယ်၊ ဘယ်လောက်တော်တယ် ဆိုတဲ့အချက်ရှိရုံနဲ့တင် မပြီးသေးပါဘူး။ နဂိုရှိနေပြီးသား ပင်ကိုစွမ်းရည်ကို သိပေမယ့် ဘာမှမလုပ်ဘဲ ပစ်ထားရင်ဘာမှဖြစ်မလာနိုင်ပါဘူး။ ဒီပင်ကိုစွမ်းရည်ကနေ စွမ်းအား တွေထွက်ပေါ်လာအောင် လေ့ကျင့်ပျိုးထောင် ဖို့တော့ လိုပါတယ်။


ဒီအတွက်ကိုယ်လုပ်ချင်တဲ့အလုပ်၊ ကိုယ်ဝါသနာပါရာ ကိုယ်ရွေး ချယ်ထားတဲ့ နယ်ပယ်နဲ့ ပတ်သက်သမျှ အသိပညာ၊ ဗဟုသုတ (Knowledge) တွေကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာလိုက်စားရမှာပါ။ သဘာဝက ပေးထားပြီးသား ကိုယ်ပိုင်အရည်အသွေး Talent တွေကို တိုးပွားအောင် လုပ်ဖို့ဆိုတာ ပညာ ဆည်းပူး လေ့လာမှုတွေနဲ့ ပေါင်းစပ်ပေးမှသာဖြစ်မှာပါ။ လေ့လာခြင်း၊ သင်ယူခြင်းဆိုတာ အောင်မြင်မှုအတွက် သိပ်ကို အရေးကြီးတဲ့ အခြေခံအချက်ပါပဲ။ မလေ့လာမသင်ယူရင် ဘာအသိပညာမှရှိမှာ မဟုတ်ပါဘူး။ အသိပညာမှမရှိရင် ဘာမှလုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။


လူအများစုဟာ ကိုယ့်ရဲ့ပင် ကိုအစွမ်းအစနဲ့ အရည်အသွေးတွေကို တိုးပွား များပြားလာအောင် ပြုစုပျိုးထောင်ပေးတာမျိုး မလုပ်ကြဘဲ "ဘ၀မှာအောင်မြင်ဖို့ဆိုတာ လုပ်တိုင်းဖြစ်တာမဟုတ်ဘူး၊ လူတိုင်းဟာ သူ့ကံနဲ့သူလာကြတာပါ" လို့ ကံကြမ္မာကိုပုံချပြီး ကြိုးစားအားထုတ်မှု မလုပ်ကြ တာကတော့ စိတ်မကောင်းစရာပါပဲ။ သူတို့က " လူ့ဘ၀ဆိုတာ ဖြစ်ချိန်တန်ရင် သူ့အလိုလိုဖြစ်လာလိမ့်မယ်" လို့ ခံယူထားကြပါတယ်။ ဒီအယူအဆဟာ ကိုယ့်ရဲ့ ပင်ကိုအစွမ်းအစနဲ့ ကိုယ့်ဘ၀ကို ကိုယ်တိုင် အညွှန့်တုံးအောင် လုပ်သူတွေရဲ့ အတွေးအခေါ်ပဲ ဖြစ်တယ်လို့ ပြောပါရစေ။


အောင်မြင်မှုဆိုတာ သူတို့ခံယူထားသလို ကံကြမ်္မာ အကျိုးပေးတစ်ခု တည်းကြောင့် မဟုတ်ပါဘူး။ သူ့အလိုလိုနေရင်း ထိုင်ရင်း ထူးကဲအောင်မြင် သွားတာမျိုးလည်း မဟုတ်ပါဘူး။ အလှဆုံး၊ အကောင်းဆုံး ပန်းဥယျာဉ်ကြီး ကိုလိုချင်ရင်အပင်ပန်း ခံပြီး ရေလောင်း၊ ပေါင်းသင်၊ မြေဆွ၊ စိုက်ပျိုးရပါ တယ်။ မြေတောင်မြှောက်ရ ပါတယ်။ ပြုစုပျိုးထောင်ရပါတယ်။


ဒီလိုပါပဲ၊ လူတစ်ယောက်ရဲ့ ငယ်စဉ်က ပါလာခဲ့တဲ့ အထုံပါရမီ ကလေး၊ ပင်ကိုယ်ဗီဇ စွမ်းရည်လေးကို အသိပညာ ဗဟုသုတတွေနဲ့ ပြုစု ပျိုးထောင်ခြင်း၊ မြေတောင်မြှောက်ပေးခြင်း၊ ပံ့ပိုးပေးခြင်းတို့ကို ပြုလုပ်ပေးရပါတယ်။ ဒါမှသာ ကိုယ့်ရဲ့ပင်ကို စွမ်းရည်လေးက အရောင်တောက် ပြောင်လာမှာဖြစ် ပါတယ်။


ပင်ကိုစွမ်းရည်ကို အသိပညာနဲ့ ပံ့ပိုးအားဖြည့်ပြီးပြီဆိုရင် ကျွမ်းကျင် ပိုင်နိုင်မှု (Skill) တွေ ပိုမိုဖြစ်ထွန်း လာအောင် အထပ်ထပ်လေ့ကျင့် ဖို့လည်းအဓိကကျပါ တယ်။ ဒီကျွမ်းကျင်မှုတွေနဲ့ သက်ဆိုင်ရာ နယ်ပယ် မှာ ထိပ်ဆုံးကိုရောက်အောင် မလျော့သောဇွဲလုံ့လနဲ့ စွဲစွဲမြဲမြဲ အားထုတ်လုပ် ဆောင်ရပါလိမ့်မယ်။ ယနေ့ကမ္ဘာပေါ်က နယ်ပယ်အသီးသီးမှာ ထိပ်တန်း ရောက်အောင်မြင်နေကြ သူတိုင်းဟာ သူတို့ရဲ့ နယ်ပယ်မှာ အားကောင်းမှု (Strength) ထိပ်ဆုံးဖြစ်နေအောင် အပင်ပန်းခံပြီး အစဉ်တစိုက် လေ့ကျင့် အားထုတ်လုပ်ကိုင် သူတွေပါပဲ။


လောကမှာ ကိုယ့်ဘ၀ကိုကိုယ် ထိပ်တန်းရောက်အောင် ဖန်တီးနိုင်ကြတဲ့ ပုဂ်္ဂိုလ်ကြီးတွေဟာ သူတို့ရဲ့ မွေးရာပါ ရှိနေတဲ့ ပင်ကိုယ်ဗီဇစွ မ်းရည် လေးကို အချိန်ပေး အာရုံစိုက်၊ အသိပညာ ဗဟုသုတ တွေဖြည့်ဆည်း၊ ကျွမ်းကျင်မှုတွေဖြစ်အောင် တစိုက်မတ်မတ် လေ့ကျင့်ယူ၊ နှစ်ပေါင်းများစွာ ကိုယ်ရော စိတ်ပါ မြှုပ်နှံပြီး အားထုတ်လုပ်ဆောင်ခဲ့ကြသူတွေပါပဲ။ ဒီလို လုပ်ဆောင်ခဲ့ကြလို့ လူအများအံ့သြ ရလောက်တဲ့ အောင်မြင်မှုတွေ၊ ပီပြင် ပြောင်မြောက်တဲ့ အနုပညာလက်ရာတွေ၊ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ကြတဲ့ တီထွင်မှုတွေ၊ အတွေးအခေါ်တွေ၊ အယူအဆသစ်တွေကို ဖန်တီးထုတ် လုပ်နိုင်တဲ့ ပါရမီရှင်ကြီးတွေ ဖြစ်လာကြတာပေါ့။
 


ဒါကြောင့် လောကမှာအောင်မြင်တဲ့လူသားတစ်ဦးဖြစ်ဖို့ဆိုရင် ကိုယ်စွမ်း ကိုယ်စနဲ့ ကိုယ့်ဘ၀ကို ကိုယ်တိုင်ဖန်တီး တည်ဆောက်ဖို့လိုပါတယ်။ ဘယ်သူမဆို နည်းလမ်းမှန်မှန်ကန်ကန်နဲ့ တစ်ဆင့်ချင်းစီ အားထုတ်လုပ် ဆောင်ရင် ကံကြမ္မာရဲ့ စီမံရာအတိုင်းနေတဲ့ သူမဟုတ်ဘဲ၊ ကံကြမ္မာကို ကိုယ်တိုင် ဖန်တီးထိန်းချုပ်နိုင်တဲ့ သူတွေဖြစ်လာမှာပါ။ ကိုယ့်ရဲ့ဘ၀ အောင်မြင်မှုကို ကိုယ်တိုင်ပဲတည်ဆောက်ရမှာ ဖြစ်ပါတယ်။


"အတ္တာဟိ အတ္တနော နာထော" - မိမိကိုယ်သာ ကိုးကွယ်အားထား ရာဖြစ် တယ်လို့ မြတ်ဗုဒ္ဓက ဟောကြားခဲ့ပြီးသားပါ။ ကိုယ့်ရဲ့ ပင်ကိုအစွမ်း အစတွေနဲ့ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ဘ၀ကိုယ် ဖန်တီး တည်ဆောက်ရမှာ ဖြစ်ပါတယ်။ လွယ်ကူတဲ့ အလုပ်တစ်ခုတော့ မဟုတ်ပေမယ့် လူတိုင်း လုပ်ဆောင်နိုင် ပါတယ်။ ဒါပေမယ့်လူတကာထက်တော့ အပင်ပန်းခံရ မယ်၊ ဇွဲရှိရမယ်၊ စိတ်ဓာတ်ပြင်းပြ ထက်သန်ရ မယ်။


အောင်ြမင်မှုကိုလက်ဆောင်ပေးလို့မရပါဘူး။ အမွေပေးလို့လည်းမရပါဘူး။ ၀ယ်ယူလို့လည်းမရပါဘူး။ ကိုယ်တိုင်ကကိုယ်ပိုင်အစွမ်းအစနဲ့ လုပ်မှရပါတယ်။ ဒါကြောင့်အခုချိန်ကစတင်ပြီးကိုယ့်ရဲ့ ကိုယ်စွမ်း ကိုယ်စတွေ ကို အပြည့်အ၀ ရှာဖွေဖော်ထုတ် အသုံးချကာ ထူးခြားပြောင်မြောက်တဲ့ ဘ၀ကို ဖန်တီး တည်ဆောက်လိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။


Let's Fly Together!

ဖူးကျော်ဇင် (Future Wave) JOB seekers Journal Vol.3,No.5

ပြည်မြန်မာက တစ်ခွေတစ်ရာဆိုတဲ့ ဝေဒနာ



(တစ်)
အဝေးသင် တက္ကသိုလ်တွေ စာသင်နှစ်တစ်နှစ် စ,ဖွင့်ပြီးလို့ မကြာတတ်လှသေးခင်ရက်တွေထဲရောက်ပြီလို့ဆိုရင် ကျွန်တော်တို့ ရပ်ကွက်ကလေးထဲမှာ ကြားရလေ့ရှိတဲ့အသံတစ်သံက မြန်မာ့ပညာရေးနဲ့ပတ်သက်လို့ အတော့်ကို ကြေကွဲဖို့ကောင်းပါတယ်။ သတင်းစာစက္ကူတို့၊ ဗလာ စာအုပ်အဟောင်းတို့၊ ဒန်အိုးဒန်ခွက် အဟောင်း၊ အမြင်း၊ အပိန်၊ အပေါက်တို့ လိုက်ဝယ်တဲ့ဈေးသည်က ကုန်ပစ္စည်းအမည်အသစ်တစ်ခုကို ခါတော်မီထည့်ပြီး အော်လေ့ရှိပါတယ်။ သည်လိုပါ။


‘‘အဝေးသင်ကက်ဆက်ခွေ တွေ တစ်ခွေတစ်ရာနဲ့ ဝယ်တယ်’’ တဲ့။
ကြားရသူတိုင်း ကိုယ့် အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ကိုယ်ပြုံးစိစိပေါ့။ အော်သံဆုံးဆုံးချင်း ကျွန်တော်လည်း ပြုံးမိပါတယ်။ ပြီးတော့ ဝမ်းနည်းသလိုလို၊ ကြေကွဲသလိုလို ခံစားမှုမျိုးနဲ့ပါ။ အဝေးသင်ကျောင်းသား၊ ကျောင်း သူတွေအတွက် သက်ဆိုင်ရာ ဘာသာရပ်အလိုက်၊ နှစ်အလိုက် ပို့ချထားတဲ့အသံလွှင့်သင်ခန်းစာ တိပ်ခွေတွေကို ဘယ်သူကမှလို့ ဆိုရလောက်အောင်ကိုပဲ စာသင်သားအများစုက ဖွင့်နားမထောင်ပါဘူး။

 ဆရာ၊ ဆရာမတွေက သေသေချာချာပြုစုရေးသားပြီး ကြိုးစားပမ်းစားအသံသွင်းထားတဲ့ အခွေတွေကို သီချင်းခွေပြန်ကူး တဲ့သူကကူး၊ချောင်ကြိုချောင်ကြားမှာ ပစ်ထားတဲ့သူက ပစ်ထား၊ တစ်ခွေတစ်ရာနဲ့ ပြန်ရောင်းတဲ့သူကရောင်း။ တစ်ခွေတစ်ရာဆိုတာက နည်းနည်းများ မရင့်သီးလွန်းဘူးလား။ တက္ကသိုလ်ပညာရေးနဲ့ ဆက်စပ်တဲ့ပစ္စည်းကို ငွေ တစ်ရာလို့လုပ်လိုက်တာဟာ အလကားပေးတာထက်တောင်မှ အပေါစားဆန်သွားအောင်လုပ်ပစ်ရာကျလွန်းလှပါတယ်။
သို့သော် ဘာတတ်နိုင်ပါ့ မလဲ။ ရောင်းသူနဲ့ဝယ်သူ သဘော တူလို့လုပ်ကြတဲ့ကိစ္စ။ သူ့ပစ္စည်း သူရောင်းတဲ့ကိစ္စ။ ကိုယ့်မှာတား ပိုင်ခွင့်မရှိ၊ ဆီးပိုင်ခွင့်မရှိ။ ဒါပေမဲ့ ကျွန်တော့်စိတ်ထဲမှာ ခံစားနေရ တာကို ပြောခွင့်လေးတော့ရှိပါ တယ်ဆိုရင်ဖြင့် ကျွန်တော်တစ် ခွန်းတော့ ပြောချင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အပေါစားဖြစ် သွားအောင်လုပ်တာဟာ ဘယ်သူ မှမဟုတ်ကိုယ်ကိုယ်တိုင်ပါပဲ ဆိုတဲ့ စကားပါ။


(နှစ်)
သတင်းစာထဲက အလုပ် ခေါ်ယူတဲ့ကြော်ငြာတွေထဲမှာ အဝေးသင်ဘွဲ့ရများ လျှောက်ထားရန်မလိုပါဆိုတဲ့ ကန့်သတ်ချက် စာသားကို မကြာခဏ တွေ့ဖူးကြလိမ့်မယ်ထင်ပါတယ်။ ကာယကံရှင်တွေတော့ မပြောတတ်ဘူးခင်ဗျ။ ကျွန်တော်ကတော့ဘွဲ့ဝတ်စုံနဲ့ ဓာတ်ပုံကြီးတွေကို အားနာနေမိတာပါ။ ဘာ့ကြေင့် ‘‘အဝေးသင်ဘွဲ့ရများလျှောက်ထားရန်မလိုပါ’’လို့ လုပ်ခဲ့ရလေတာပါလိမ့်။ ရှင်းပါတယ်။ အရည်အချင်းမရှိဘူး၊ တကယ် မတတ်ဘူးလို့ ယူဆလို့ပါပဲ။ ဒါဆိုအဲသည့်အယူအဆကရော မှန်၏ မှား၏မေးလာခဲ့ရင် ကာယကံရှင်တွေက ဘယ်လိုဖြေကြမှာပါလိမ့်။


အဝေးသင်တက္ကသိုလ်တက် တဲ့ ကျောင်းသားတိုင်း စာစဉ်မေး ခွန်းဖြေကြရပါတယ်။ စာစဉ်မေး ခွန်းဖြေသူတိုင်းကိုလည်း အမှတ် ပေးထားပါတယ်။ ဘယ်သူတွေ က ကိုယ်တိုင်ဖြေဆိုခဲ့ကြလို့လဲ။ ပိုက်ဆံပေးရင် ရေးပေးတဲ့လုပ် ငန်းတွေ ရှိခဲ့ကြဖူးတယ်လေ။ နောင်အခါ အဆင်သင့်ဖြေဆိုပြီး သားစာအုပ်တွေထွက်လာတဲ့ အခါ ကျောင်းသား၊ ကျောင်းသူတိုင်းအဲသည့်စာအုပ်ကလေးတွေ ဝယ်ပြီး ကူးရေးကာ စာစဉ်မေးခွန်းတွေကို ဖြေဆိုခဲ့ကြတာပါပဲ။


အဝေးသင်တွေ အနီးကပ် ဆယ်ရက် ကျောင်းလာတက်တဲ့ အခါ ကျောင်းသားအင်အားက အလွန်များပါတယ်။ သင်ကြားပို့ ချမယ့်ဆရာနဲ့ စာသင်ခန်းက မလုံ လောက်ပါဘူး။ တချို့စာသင်ခန်း တွေထဲမှာ ကျောင်းသားလေးရာ လောက်ကို ဖြစ်အောင်ထည့်ပြီး သင်တဲ့အခါ မီးပျက်တဲ့အချိန်နဲ့ များ ကြုံလို့ကတော့ ဆရာရေးတဲ့ စာကိုလည်း ကျောင်းသားက မမြင်ရ၊ ဟိုးအနောက်ပိုင်းခပ်ကျကျဆီက ကျောင်းသားကိုလည်း ဆရာကမမြင်ရ၊ ဆရာပြောသမျှ ပို့ချချက်တွေကိုလည်း ကျောင်းသားတိုင်းက မကြားရနဲ့ ပညာဟာ ဘယ်လိုအရာဆိုတာကိုတောင် ကျွန်တော်မပြောတတ်တော့ပါဘူး။


ရုပ်မြင်သံကြားနဲ့ ရေဒီယို ကနေ အဝေးသင်တက္ကသိုလ်သင် ခန်းစာတွေကို ထုတ်လွှင့်ပေးလေ့ ရှိပါတယ်။ သင်ခန်းစာခေါင်းစဉ် ကို ကြေညာနေရုံရှိသေး ခလုတ် ကို ထောက်ခနဲထပိတ်ပစ်လိုက်တာ အဝေးသင်စာသင်သားအများစု ပါ။


သင်ကြားရေး ထိရောက် အောင်မြင်စေဖို့လို့ဆိုကာ Lear- ning center ကလေးတွေဖွင့်ဖူး ပါတယ်။ သက်ဆိုင်ရာတက္ကသိုလ် က ဆရာ၊ ဆရာမတွေက နီးစပ် ရာမြို့တွေရှိရာဆီကို သွားပြီး ကူညီရတဲ့အစီအစဉ်ပါ။ ဆိုကြပါစို့ ဟင်္သာတတက္ကသိုလ်ဆိုရင် မြန်အောင်တို့၊ ကြံခင်းတို့၊ ကျုံပျော်တို့၊ ငါးသိုင်းချောင်းတို့ဆိုတာမျိုးတွေဆီကိုသွားကြရတာပါ။

သုံးယောက်တစ်စု၊ လေး ယောက်တစ်စု။ အောင်မြင်သလား။ မအောင်မြင်သလားဆိုတာ အားလုံးအသိပါ။
Learning center ဖွင့်ထား တဲ့ အထက်တန်းကျောင်းထဲကို အဝေးသင်ကျောင်းသားတွေက မလာ၊ လာနေ့အခါကျတော့လည်း တစ်ယောက်စ၊ နှစ်ယောက်စ။ Learning center ထဲမှာ အဝေးသင်နဲ့ဆိုင်တဲ့ Channelကို ဖွင့်ကြမယ် Onlineကို သုံးကြမယ်ဆိုတော့ မီးကပျက်။ မီးလာတဲ့ရက်ကျပြန်တော့ Network ကမကောင်း။နောက်တော့ မြို့ခံတွေချက်ကျွေးတဲ့ ထမင်းစားပြီး ကိုယ့်တက္ကသိုလ် ကိုယ်ပြန်နဲ့ကြာတဲ့အခါ အလိုလို ပျက်သွားရပြန်တာပါပဲ။

အဝေးသင်တွေဟာ စာမေး ပွဲမှာ အထူးအသက်ညှာခံရပါ တယ်။ အောင်မှတ်လေးဆယ်လို့ ဆိုသော်လည်းပဲ Moderation က တော်တော့ကိုနှိမ့်ပြီးလုပ်ပေးထား တာမို့ တစ်ပုဒ်ခွဲ၊ နှစ်ပုဒ်နဲ့ကို အလုပ်ဖြစ်ချင် ဖြစ်နေကြရတဲ့ အနေအထားကိုး။ တချို့ကျောင်း သား၊ ကျောင်းသူတွေများဆိုရင် နှစ်ပုဒ်အပိုင်ကျက်ထားပြီး ဘာ မေးမေး အဲသည့်နှစ်ပုဒ်ကိုပဲ ထပ် တလဲလဲပြန်ပြန်ရေးနေတာကို အံ့အားသင့်စရာကြည့်နေခဲ့ရဖူးပါရဲ့။
အကုန်လုံးကို ခြုံလိုက်တဲ့ အခါ စောစောက ကျွန်တော်ပြောခဲ့သလို အဝေးသင်ဘွဲ့ရများလျှောက်ထားရန်မလိုပါတွေ ဖြစ်ကုန်ခဲ့ရတော့တာပါပဲ။

(သုံး)
နိုင်ငံတော်ကပေးတဲ့ဘွဲ့ကို အဲသည့်နိုင်ငံတော်အတွင်းမှာ တောင်မှ အကန့်အသတ်ခံလာရ တယ်ဆိုတာ ကြေကွဲစရာကြီးဖြစ် ပေမယ့် တကယ်မတတ်သူ၊ တ ကယ်မတော်သူကို ဘယ်သူကမှ မရွေးချယ်ချင်ဘူး ဆိုတာဟာ လည်း အပြစ်တော့မဆိုလောက် တဲ့ကိစ္စပါ။ ကျောင်းသားတွေ ဘက်က ပေါ့ပျက်ပျက်လုပ်တာ တွေပါသလို စီမံခန့်ခွဲသူတွေဘက် က လစ်နေ၊ ဟာနေတာတွေက လည်း အများကြီးပါ။

Distance education Distance Learning, d-Learn-ing, D-Learning အမည်အမျိုး မျိုးခေါ်တဲ့ အဝေးသင်ပညာရေး ဟာ ကမ္ဘာမှာလည်းရှိတဲ့စနစ်ပါ။ ဗြိတိန်လို နိုင်ငံမျိုးမှာတောင်မှ London School of Economic, Royall Holloway, Goldsmiths စတဲ့ ကောလိပ်တွေဟာ  ဘွဲ့လွန် အထိတောင်မှ ပေးနေတာကို ပညာရှင်တွေအသိပါ။ ကျွန်တော်တို့ကျခါမှ ဘာဖြစ်လို့ပေါ့ပျက်ပျက်ဖြစ်နေကြရတာတဲ့လဲ။

စာသင်သားတွေ ဘက်က ခုလိုပဲပေါ့ပျက်ပျက်သဘောထား ဆက်ထားနေဦးမယ်ဆိုရင်၊ စီမံ ခန့်ခွဲသူတွေဘက်ကလည်း ဖိဖိစီး စီး ထိထိရောက်ရောက်မကိုင် တွယ်ခဲ့ဘူးဆိုရင် အဝေးသင်ရေ စုန်မျောသွားပါလိမ့်မယ်။ ဂုဏ် သိက္ခာကို မြန်မြန်အဖတ်ဆယ်ကြ ဖို့ စေတနာစကားဆိုပါရစေလား။

မောင်သာချို

http://www.7daydaily.com

ခုံနေရာ မလွတ်တော့သဖြင့် MH-17 နှင့် မလိုက်ပါဖြစ်ခဲ့သည့် မိသားစု


ပျက်ကျသွားသည့် MH-17 ခရီးသည်တင် လေယာဉ်နှင့် လိုက်ပါရန် စီစဉ်ထားသော မိသားစု တစ်စုသည် ခုံနေရာ မရသဖြင့် ကျန်နေရစ်ခဲ့ပြီး ကံကောင်းထောက်မစွာ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။

စကော့တလန်မှ ဘယ်ရီဆင်မ်နှင့် ဇနီးဖြစ်သူ အိုင်ဇီဆင်မ်တို့သည် ကလေးငယ်နှင့်အတူ အဆိုပါ လေယာဉ်ပေါ် လိုက်ပါရန် စီစဉ်ထားသော်လည်း လေဆိပ် တာဝန်ရှိသူများက နေရာ မလောက်တော့ကြောင်း အသိပေးခဲ့သဖြင့် ကွာလာလမ်ပူသို့ သွားရောက်မည့် တော်ဝင်ဒတ်ခ်ျ လေကြောင်းလိုင်း (KLM)၏ လေယာဉ်ကိုသာ ရွေးချယ်ခဲ့ရသည်။
MH-17 သည် ရုရှားနှင့် ယူကရိန်း နယ်နိမိတ်အနီး ဝေဟင်တွင် ပစ်ချခံရသည်ဟု ယူဆရသော အခြေအနေ တစ်ရပ်ကြောင့် ပျက်ကျခဲ့ပြီး လိုက်ပါခဲ့သူ (၂၉၈)ဦးစလုံး သေဆုံးခဲ့သည်။ ၎င်းတို့ မလိုက်ပါဖြစ်သည့် လေယာဉ် ပျက်ကျကြောင်း သတင်းကို ကြားသိရသည့်အခါ ဘယ်ရီက “ဗိုက်ထဲက ပျို့တက်လာသလို ခံစားရတယ်”ဟု ဖွင့်ဟခဲ့သည်။ အိုင်ဇီကလည်း “ပုဂ္ဂိုလ် တစ်ပါးပါးက ကျွန်မတို့ကို စောင့်ကြည့်နေပြီး ဒီလေယာဉ်နဲ့ မလိုက်သွားရဘူးလို့ ဆုံးဖြတ် ညွှန်ကြားပေးခဲ့တာမျိုး ဖြစ်ကောင်း ဖြစ်နိုင်တယ်လေ”ဟု ပြောကြားခဲ့သည်။


သူမက “ကျွန်မတို့က မလေးရှား လေကြောင်းလိုင်းရဲ့ တကယ့် အမာခံ ဖောက်သည်တွေပါ။ ဒီလေကြောင်းလိုင်းရဲ့ လေယာဉ်တွေနဲ့ပဲ ခရီးသွားဖို့ အမြဲတမ်းလိုလို ကျွန်မတို့ ရွေးချယ်လေ့ရှိတယ်”ဟုလည်း ဆိုသည်။ သူမက “ဒါပေမဲ့ သိလား။ ဒီတစ်ခါမှာတော့ မလေးရှား လေကြောင်းလိုင်းရဲ့ လေယာဉ်အစား KLM လေကြောင်းလိုင်းနဲ့ ခရီးသွားဖြစ်လိုက်တာကို ကျွန်မ အရမ်း ပျော်သွားမိတယ်”ဟုလည်း ဖွင့်ဟခဲ့သည်။


လေယာဉ်ပျက်ကျမှုတွင် နယ်သာလန် နိုင်ငံသား (၁၅၀)ကျော် အသက်ဆုံးရှုံးခဲ့ရာ နယ်သာလန် ဝန်ကြီးချုပ် မက်ခ်ရူတေးသည် သတင်းကြားကြားချင်း ဥရောပသမဂ္ဂ ညီလာခံ တက်ရောက်နေရာမှ ချက်ချင်း ပြန်လာခဲ့သည်။ အမ်စတာဒမ်ရှိ ရှီဖိုးလ် လေဆိပ်၏ ပထမထပ် တစ်ထပ်လုံးကိုလည်း ပိတ်ထားလိုက်ပြီး သေဆုံးသူများ၏ မိသားစုများ၊ ဆွေမျိုးသားချင်းများ ရောက်လာချိန်တွင် နေရာချပေးထားရန် ချန်လှပ်ထားခဲ့သည်။
လေယာဉ် မထွက်ခွာမီ ပြေးလမ်းပေါ်တွင် ရှိနေစဉ် ဓာတ်ပုံရိုက်ပြီး Facebookပေါ် တင်ခဲ့သည့် နယ်သာလန် နိုင်ငံသား အမျိုးသား တစ်ဦးသည်လည်း သေဆုံးသွားပြီဟု ယူဆရသည်။ အစောပိုင်းက ၎င်း၏ ဓာတ်ပုံအောက်တွင် မိတ်ဆွေများက ပျော်ရွှင်သော ခရီးဖြစ်စေရန် ဆုမွန်ကောင်း တောင်းပေးခဲ့ကြသော်လည်း လေယာဉ်ပျက်ကျသည့် သတင်းကြားပြီးနောက် ဝမ်းနည်းမှုကို ဖော်ပြသည့် Comment များအဖြစ် ပြောင်းလဲသွားကြောင်း သိရှိရသည်။

_Re: Telegraph

http://www.7daydaily.com

မလေးရှားလေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ အမေရိကန်တုံ့ပြန်မှု

လေယာဉ်အပျက်အစီးများကို ယူကရိန်းခွဲထွက်ရေးသူပုန်များကြည့်ရှုနေကြစဉ်

မလေးရှားလေယာဉ် MH 17 ယူကရိန်းနိုင်ငံတွင် ပစ်ချခံရသည်မှာ အလွန်ထိခိုက်ကြေကွဲစရာဖြစ်ပြီး ၎င်း၏ ပထမဆုံးဦးစားပေးလုပ်ရမည့်အလုပ်မှာ ထိုလေယာဉ်ပေါ်၌ အမေရိကန်နိုင်ငံသားများပါ၊ မပါ သိရှိရန်ဖြစ်သည်ဟု အမေရိကန်သမ္မတအိုဘားမားက ပြောကြားလိုက်သည်။ ကမ္ဘာကြီးတစ်ခု လုံးက ထိုသတင်းကို စောင့်ကြည့်နေသည်ဟုလည်း ၎င်းက ဆိုသည်။


သမ္မတအိုဘားမားသည် ဇူလိုင် ၁၇ ရက်က ဒလဲဝဲယားပြည်နယ် အခြေခံဖွံ့ဖြိုးမှုနှင့်ပတ်သက်ပြီး ဆွေးနွေးရန်ရောက်ရှိနေခိုက်တွင် လေယာဉ်ပျက် သတင်းကြားရသည့်အတွက် ယခုကဲ့သို့ ပြောခြင်းဖြစ်ပါသည်။


‘‘ဘာဖြစ်ခဲ့တယ်၊ ဘာကြောင့်ဖြစ်ရတယ်ဆိုတာသိရဖို့အတွက် လိုအပ်တဲ့အကူအညီတွေကိုပေးသွားမယ်’’ဟု သမ္မတအိုဘားမားက ပြောကြားသည်။


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရအမျိုးသမီး ဂျန်ဇာကီက မလေးရှားလေယာဉ်ပျက်ကျမှုနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိရန် ယူကရိန်းရှိ အမေရိကန်သံရုံးက ယူကရိန်းအစိုးရအာဏာပိုင်များနှင့် အနီးကပ်ဆောင်ရွက်နေသည်ဟု ဆိုသည်။


ဒုတိယသမ္မတဂျိုးဇက်ဗိုက်ဒင်ကလည်း ယူကရိန်းသမ္မတပက်ထရိုပိုရိုရှန်ကိုနှင့် သီးခြားစကားပြောကြားပြီး လေယာဉ်ပျက်ကျသည့်အကြောင်းရင်းကို သိရှိရန် အမေရိကန်ကကူညီပေးမည်ဖြစ်ကြောင်း ကမ်းလှမ်းခဲ့သည်။ လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်ပြီး ယူကရိန်းအစိုးရက ရုရှားနိုင်ငံက အထောက်အပံ့ပေးထားသည့် ခွဲထွက်ရေးသူပုန်တပ်ဖွဲ့များကို စွပ်စွဲထားသည်။ သူပုန်တပ်များကလည်း ယူကရိန်းအစိုးရကို စွပ်စွဲခဲ့သည်။


ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ စစ်သွေးကြွများကို လက်နက်ငွေကြေးထောက်ပံ့မှုအတွက် အမေရိကနှ်င့် အီးယူဥရောပသမဂ္ဂတို့က ဇူလိုင် ၁၆ ရက်က ရုရှားကို စီးပွားရေးအရပိတ်ဆို့အရေးယူမှုများပြုလုပ်ခဲ့ပြီးနောက်တစ်နေ့တွင် ယခုကဲ့သို့ မလေးရှားလေယာဉ်မှာ ယူကရိန်းအရှေ့ပိုင်းတွင် ပစ်ချခံရခြင်းဖြစ်သည်။


အမေရိကန်ထောက်လှမ်းရေးအဖွဲ့ကလည်း လေယာဉ်ပျက်ကျသည့်အကြောင်း အမေရိကန်အစိုးရရုံးစိုက်ရာ ဝါရှင်တန်မြို့တော် လွှတ်တော်သို့ အတည်ပြုပေးခဲ့သည်။


‘‘အပြစ်မဲ့သူတွေ အများကြီးသေရတယ်။ တုန်လှုပ်စရာပါပဲ။ ကျွန်တော်တို့အဖြစ်အပျက်အမှန်တွေကိုသိရအောင် စောင့်နေပါတယ်။ အခုအချိန်မှာတော့ သွားလေသူတွေနဲ့ သူတို့မိသားစုတွေအတွက် ဆုတောင်းပေးရအောင်ပါ’’ဟု အိုဟိုင်းပြည်နယ်လွှတ်တော်အမတ်ဂျွန်ဘိုနာက ပြောကြားခဲ့သည်။

(ကိုးကား-  CNN, ABC, AP)
7day daily


ကိုယ်လုပ်နေတဲ့ အလုပ်ကို ယုံကြည်မှုရှိဖို့ တော့ သိပ်လိုအပ်တယ်


ကိုယ်လုပ်နေတဲ့ အလုပ်ကို ယုံကြည်မှုရှိဖို့ တော့ သိပ်လိုအပ်တယ်။ ပြီးရင် အလုပ်ကို လေးစားရမယ်၊ တန်ဖိုးထားရမယ်။
မိမိယုံကြည်မှုဟာ တခြားသူနဲ့ မတူညီနိုင်ပါဘူး။ ထပ်တူချလို့ လည်း မရနိုင်ဘူး။ ကိုယ့်ရဲ့ ယုံကြည်မှုဟာ ကိုယ့်ဘ၀ရဲ့ အသက်
ကယ်ဆေး ဖြစ်တယ်ဆိုတာ မှတ်ထားပါ။


ဒီလို ခိုင်မှာတဲ့ စိတ်ဓာတ်တွေ ဖွံ့ ဖြိုးမှု လူငယ်တွေမှာ ရှိလာဖို့ အတွက် အုပ်ထိမ်းသူတွေ၊ ရှေ့ ဆောင်လမ်းပြသူတွေက
နုနယ်တဲ့ အရွယ်မှာကတည်းက လေ့ကျင့်ပျိုးထောင်ပေးဖို့ လိုအပ်သလို လူငယ်တွေအနေနဲ့ ကလည်း ပြောင်းလဲပြင်
ဆင်ဖို့ လိုတယ်။ အလိုရှိတိုင်း၊ ဆန္ဒရှိတိုင်း မှတ်သားနာယူမှု ကောင်းဖို့ လည်း လိုတာပေါ့။ 


ဆန္ဒရှိပြီးတဲ့အခါ အကောင်အထည်ဖော်ဖို့ က တွဲပါလာတာပဲ။ ဒီအခါ အချိန်ကို စနစ်တကျခန့် ခွဲပြီး ကျင့်သုံးမယ်ဆို
ရင် မိမိတို့ ရဲ့ ရည်မှန်းချက်တွေဟာ မဖြစ်လာစရာ အကြောင်းမရှိပါ။ သို့ သော် ကိုယ်ဆုပ်ကိုင်ထားသောအရာဟာ မှန်
ကန်တိကျတဲ့ ရွေးချယ်မှု ဖြစ်ရမယ်၊ ခိုင်ခိုင်မာမာရှိရမယ်။ ဒါမှ တိုးတက်မှုဆီကို ပြောင်းလဲနိုင်လိမ့်မယ်။

True Man

ရေစုန် ရေဆန်

 
ရေစုန် ရေဆန်
---------------

စိတ်ဟာ မကောင်းမှုမှာ မွေ့လျော်တယ်လို့ဆိုခဲ့တယ်မဟုတ်လား။ မကောင်းမှုဘက်ကို လိုက်သွား
တာဟာ “ရေစုန်” မှာအလိုက်သင့်မျောပါသွားတာ မဟုတ်လား။ 
 
ဘာမှမပင်ပန်းပါဘူး။ ကောင်းရာကောင်းမှုကို
လုပ်ရဲတာကတော့ စိတ်ရဲ့အလိုဆန္ဒကို ဆန့်ကျင်ပြီးလုပ်ရတာ၊ မွေ့လျော်မှုကို စွန့်ပစ်လိုက်ရတာ၊ ဒါ့ကြောင့်
ရေဆန်ကိုလိုက်ရတာပဲ။ “ရေစုန်အပေါင်းအသင်း” တွေကိုရှောင်ပြီး “ရေဆန်အပေါင်းအသင်း” တွေနဲ့ တွဲဖက်
ဆန်တက်နိုင်အောင် ကြိုးပမ်းသင့်ကြပါတယ်။

_ အောင်သင်း _ မျိုးဆက်သစ်တိုးတက်ရစ်ဖို့
by စာရေးဆရာ အောင်သင်း


စီးပွားရေးလုပ်ငန်းတစ်ခုကိုစတော့မယ်ဆိုရင်


စီးပွားရေးလုပ်ငန်းတစ်ခုကိုစတော့မယ်ဆိုရင် အချက်သုံးချက်ကိုသိထားသင့်တယ်။ အဲဒါက သူများထက်ကောင်းအောင် ကိုယ်က ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေကို လုပ်နိုင်ရမယ်။ နောက်တစ်ခုက ကိုယ့်ရဲ့ဖေါက်သည်တွေအကြောင်းကို သိထားရမယ်။ နောက်တစ်ခုက အောင်မြင်ဖို့အတွက် စိတ်အားထက်သန်မှုတွေပြင်းပြရမယ်။ 

“What do you need to start a business? Three simple things: know your product better than anyone. Know your customer, and have a burning desire to succeed.”
Dave Thomas
Founder and CEO of Wendy's

by လုပ်ငန်းရှင်များရဲ့ စကားလုံးများ

ဖြစ်ပါ့မလားလို့ တွေးနေသ၍တော့ ... ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး

 
 
ဖြစ်ပါ့မလားလို့ တွေးနေသ၍တော့ ...
ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။

အလုပ်လုပ်ရင် ...
အမှားတွေရှိမယ် ...
အခက်အခဲတွေရှိမယ် ...။

မှားမှာကို ကြောက်တာဟာ
တိုးတက်မှုရဲ့သေခြင်းတဲ့ ...။

အမှားဟာ ...
စိတ်ညစ်စရာ မဟုတ်ပါဘူး
သင်ခန်းစာ ယူစရာပါ ...။

အခက်အခဲဟာလည်း ...
စိတ်ပျက်စရာ မဟုတ်ပါဘူး
တိုးတက်စေတဲ့ လမ်းပါ ...။

သေးငယ်တဲ့ အခက်အခဲဟာ
ကြီးမားတဲ့ အခက်အခဲအတွက်
လေ့ကျင့်ခန်းတစ်ခုပါ ...။

အခက်အခဲတွေ ...
အမှားတွေ ကြုံတွေ့မှ ...
မိမိလိုအပ်ချက်တွေ ...
မိမိအားနည်းချက်တွေကို ...
သိရှိပြုပြင်နိုင်မယ် မဟုတ်ပါလား ?

ဖြစ်ပါ့မလားလို့ တွေးနေသ၍တော့ ...
ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။

ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ...
ယုံကြည်ချက်ရှိမှ ...
ဖြစ်ချင်တာတွေ ဖြစ်လာပါလိမ့်မယ် ...။

@}-;-'-- မျိုးဝဏ္ဏ @}-;-'--
By စာပေဥယျာဉ်

လူတစ်ယောက်ရဲ့ ပင်ကိုယ် စရိုက်ကို သိချင်ရင်


" လူတစ်ယောက်ရဲ့ ပင်ကိုယ် စရိုက်ကို သိချင်ရင် သူ့ ရဲ့ အားလပ်ချိန်ကို ဘယ်လို အသုံးပြုသလဲဆိုတာကို ကြည့်ပါ " ဆိုတဲ့ ဆရာကြီး
အောင်သင်းရဲ့ စကားဟာသိပ်မှန်ပါတယ်။ အားလပ်ချိန်မှာ ခဏတာ အပျော်အပါးလေးတွေ လုပ်လိုက်တာကို မပြောလိုပါဘူး။ ရှေရည်
စွဲလုပ်နေရင်တော့ မကောင်းတော့ဘူး။ ဒါလူငယ်တိုင်းတော့ မဟုတ်ပါဘူး။ တစ်ချို့ က စိတ်ကို ခဏလေး အပန်းဖြေပြီး ကိုယ့်ရဲ့ ရည်မှန်း
ချက်ကို ပြန်စတင်ကြတယ်။ တစ်ချို့ ကတော့ ရည်မှန်းချက်ကို မရှိသေးတော့ စိတ်ကူးတက်ရာ လုပ်နေတတ်ကြတယ်။

မကောင်းတာကို လုပ်မိတဲ့ အလေ့အကျင့်၊ အလေ့အထဟာ စွဲမြဲသွားဖို့ သိပ်လွယ်တယ်။ ဘာလို့ လည်းဆိုတော့ မကောင်းတာကို တွေး
မိနေတဲ့ စိတ်က အချိန်အားဖြင့် များနေတာကြောင့်ပဲ။ ဘယ်လောက်သေးငယ်တဲ့ ရေတစ်ပေါက်ဖြစ်နေပါစေ ကျယ်ပြောတဲ့ ရေမျက်နှာ
ပြင်ပေါ်ကို ကျတဲ့အခါ ရေမျက်နှာပြင်တစ်ခုလုံးလှုပ်ခတ်နိုင်သလို၊ မကောင်းတဲ့ စိတ်ဟာလည်း ဘယ်လောက်ပဲ မပြောပလောက်သည်
ဖြစ်ပါစေ လူ့ ဘ၀တစ်ခုလုံးကို ပျက်စီးပွားစေနိုင်ပါတယ်။

True Man

ယောင်္ကျားလေးတွေဟာ....


(ဒီထက်မပိုရင်တောင် မလျော့တဲ့ စွမ်းအားရှင်ယောင်္ကျားသားများပါ)
---------------------------------------------------------------------

ယောင်္ကျားလေးတွေဟာ သူတို့ မျက်ရည်ကျနေရင်တောင် မိန်းမသားတွေရဲ့မျက်ရည်ကိုတော့ နူးညံ့စွာ သုတ်ပေးနိုင်သူတွေ
ဖြစ်ပါတယ်။

ချိုသာနူးညံ့တဲ့ စကားတွေမဆိုတတ်ပေမယ့် ချိုမြိန်တဲ့မျက်လုံးတွေ၊ ချိုမြိန်တဲ့အပြုံးတွေနဲ့  မိန်းမသားတွေအပေါ်ကို ကြင်နာပေး
တတ်တဲ့ လူသားများဖြစ်ပါတယ်။

လက်တစ်ဖက်ထဲရှိရင်လည်း တစ်ဖက်ထဲနဲ့  မိသားတစ်စုလုံးဝန်ကို ထမ်းပေးနိုင်တဲ့ လောကရဲ့ခွန်အားအကြီးဆုံးသောသူများ
ဖြစ်ကြပါတယ်။

ခြေထောက်တစ်ဖက်ထဲရှိရင်လည်း တစ်ဖက်ထဲနဲ့  မိသားတစ်စုလုံးကို မလဲအောင်ထိန်းပေးနိုင်တဲ့ လောကရဲ့အခိုင်ခံ့ဆုံးသော
ထောက်တိုင်ကြီးများဖြစ်ပါတယ်။

သားသမီးတိုင်းကို ပုခုံးပေါ်ထမ်းတင်ပြီး ပထမဆုံးသော အမြင့်ကို ပြသလမ်းညွှန်ခဲ့သောသူများလည်းဖြစ်ပါတယ်။ ဒီပုခုံးတွေ
ဟာ လူသားအားလုံးရဲ့ ပထမဆုံးရောက်ဖူးသော အမြင့်တစ်နေရာလည်း ဖြစ်ပါတယ်။

ယောင်္ကျားလေးတွေဟာ သူတို့ ကမ္ဘာကိုလှပစေခြင်းထက် ဇနီးမိန်းမသားနဲ့ သားသမီးတွေရဲ့ကမ္ဘာလေးတွေကို လှပနေစေရန်
ပုံဖော်ပေးတဲ့ ဥယျာဉ်မှူးများလည်း ဖြစ်ပါတယ်။

ယောင်္ကျားလေးတွေဟာ ပထမအရွယ်မှာ အမေ့ရဲ့အားကိုးမှုကို ခံရတယ်။ ဒုတိယအရွယ်မှာ ချစ်သူမိန်းကလေးတွေရဲ့ အားကိုး
မှုကို ခံရတယ်။ တတိယအရွယ်မှာ သား၊ သမီး၊ မြေး၊ မြစ်တွေရဲ့ အားကိုးမှုကို ခံရတယ်။ တကယ့်စွမ်းအားရှင်များဖြစ်ပါတယ်။

ဘယ်လောက်ဝေးတဲ့ခရီးကို သွားနေရလဲ၊ ဇနီးနဲ့  ရင်သွေးငယ်များအတွက် မမောမပန်း လန်းဆန်းတက်ကြွနေတတ်တဲ့ ထာဝ
ရ ခရီးသွားများဖြစ်ပါတယ်။

ယောင်္ကျားလေးတွေဟာ တစ်ယောက်တည်းနေရတဲ့ အချိန်တွေဟာ နူးညံ့ချင် နူးညံ့နေသော်ညား မိန်းမသားတွေရဲ့ အရှေ့ ကို
ရောက်တဲ့အခါ သူတို့ ဟာ သူရဲကောင်းကြီးအဖြစ် ပြောင်းလဲနိုင်သူများဖြစ်ပါတယ်။

အပြင်လောကမှာ ဘယ်လောက်အောင်မြင်နေတဲ့ လုပ်ငန်းရှင်ကြီးများ ဖြစ်နေလည်း အိမ်ရောက်တဲ့ အခါမှာ မိသားစုအတွက်
အောက်ခြေသိမ်းလုပ်ရတဲ့ အလုပ်သမားများအဖြစ်လည်း ကျေနပ်နေသူများဖြစ်ပါတယ်။

ယောင်္ကျားလေးတွေဟာ မိန်းမသားတွေအတွက် ကျော၊ ရင်၊ ပုခုံး အားလုံး အသုံးဝင်အောင် အမြဲတမ်းဆောင်ရွက်နိုင်သူများ
ဖြစ်ပါတယ်။ အမျိုးသမီးတွေအတွက်တော့ သူတို့ ဟာ ထာဝစဉ်တံတိုင်းကြီးများပါပဲ
 
 

ခင်ပွန်းကောင်းဆိုတာ...


((အိမ်ထောင်ရေး သုခအတွက် တကယ်ကို အထောက်အကူဖြစ်စေတဲ့ အကြံပြုချက်လေးပါ))

ခင်ပွန်းကောင်းဆိုတာ...

ချီကာဂို မြို့ အမေရိကန် နိုင်ငံရှိ the University of Illinois တက္က သိုလ်မှ စိတ်ပညာ ပါရဂူ တစ်ဦး ဖြစ်သူ ဒေါက်တာ Sheela Raja ရဲ့ အကြံ ပြုချက် လေးကို မျှဝေ လိုက်ပါ ရစေ။


ဒေါက်တာ့ ဆီ စိတ်ပိုင်း ဆိုင်ရာ ဖြေသိမ့်မှု အတွက် လာရောက် ဆွေးနွေး တိုင်ပင် ကြတဲ့ အိမ်ထောင်ရှင် အမျိုးသမီး အများစုကို လေ့လာ ကြည့်တဲ့ အခါ၊ ခင်ပွန်း ဖြစ်သူရဲ့ လစ်လှူရှု ခံကြရသူ များဖြစ်ကြ ပါတယ်တဲ့။
အိမ်ထောင် ရှင်မ တွေက အိမ်မှု ကိစ္စ ဗာဟီ ရများ၊ သား သမီး တာဝန်များ၊ ဆွေမျိုး ကိစ္စများ အပြင် ၀င်ငွေနဲ့ ထွက်ငွေ မျှတအောင် စီမံခန့် ခွဲရတာ တွေကြောင့် စိတ်ဖိစီး မှုများပြား ကြရပါ တယ်။


(မောင်တ ထမ်းမယ်တ ရွက်ဆိုသ လို အပြင်အ လုပ်ထွက် လုပ်ရသူ ဇနီး သည်များ မှာတော့ ပိုမိုဝန်ပိ စေပြန်ပါ တယ်) အဲဒီအ ချိန်မှာ ခင်ပွန်း သည်ရဲ့ အမှတ်မ ထင်ပြောလိုက်တဲ့ စကား တစ်ခွန်းဟာ ဇနီး သည်ကို စိတ်ဒဏ်ရာ ဖြစ်သွား နိုင်စေ သလို၊ ခင်ပွန်းရဲ့  စ ကားတစ်ခွန်း ကြောင့် တနေ ကုန်စိတ်ပင် ပန်းတာတွေေ ပြပျောက်ပြီး အစွမ်း ထက်တဲ့ ဗီတာမင်အား ဆေးတဖုံ သောက်လိုက်ရ သလို အားပြည့် လန်းဆန်း လာစေ နိုင်ပါ တယ်။


ဒေါက်တာရဲ့ လေ့လာ စမ်းစစ် ချက်များ အရ၊ ခင်ပွန်း သည်ရဲ့  အရေး တယူ ကျေးဇူး တင်စကားလေး တစ်ခွန်းက ဇနီး ဖြစ်သူကို စိတ် ပိုင်းဆိုင်ရာ တိုး တက်ကောင်း မွန်လာ စေပြီးတော့ ညဘက် နှစ်ခြိုက်စွာ အိပ်ပျော်စေကာ စိတ်ကျ ရောဂါနဲ့ ခေါင်းတခြမ်း ကိုက်ရောဂါ တွေပါ သိသိသာ သာလျော့ပါး သွားစေ တယ်လို့ ဆိုပါ တယ်။ ဒါ့ကြောင့် ခင်ပွန်း ကောင်းဆိုတာ၂-ယောက်ထည်း ရှိနေ ချိန်မှာ မိမိ ဇနီးကို မကြာ ခဏ ဆိုသလို “ မင်း ကတော့ ဒို့မိသားစု အတွက်မရှိ မဖြစ်ဘဲ ကွာ၊ မင်းရှိ လို့ သာပေါ့၊ မင်းလည်း တော်တော် ပင်ပန်း နေပြီ နော် ” စတဲ့ စကားလေး တခွန်းဖြင့် ကျေးဇူး တင်စကား ပြောပေးဖို့ နှုတ်မနှေး ကြပါနဲ့ လို့  ဒေါက် တာက အကြံပြု ထားပါ တယ်။


ဒီလိုဂ ရုစိုက်စ ကားလေး တွေကြောင့် ဇနီးသည်အ တွက်သာ မက၊ ခင်ပွန်း ဖြစ်သူအ တွက်ပါ အိမ်ထောင် ရေးသု ခဖြစ်စေ မှာပါတဲ့။

ခင်ပွန်း ကောင်း ဆိုတာ….

• နံက်အိမ်ယာ ထတဲ့ အခါ “ မင်းနေ ကောင်းလား၊ ကျန်းမာရေး ဂရု စိုက်နော် ” စိုးရိမ် စကား ပြောပေး တတ်သူ။

• နံက်စာ စားတဲ့ အခါ “ ကော်ဖီ ၁-ခွက် ကို ၂-ယောက် တူတူ သောက်ကြ ရအောင်ကွာ ”မျှဝေ ခံစား တတ်သူ။

• နံက်စာ ပြင်ဆင်(သို့ မဟုတ်) စားသောက် ပြီးတဲ့အ ခါ ပန်းကန် ခွက်ယောက် ကူသယ်/ကူသိမ်း ပေးတတ်သူ။

• ထမင်းစား တဲ့အခါ “လက်ရာ ကတော့ ရှယ်လ်ဘဲ…ယောကျာ်း အကြိုက် သိတဲ့ မိန်းမ..ငယ်ငယ်တုန်း ကစား ခဲ့တဲ့ မေမေ့ လက် ရာ အတိုင်းဘဲ” ချီးမွမ်း မြှောက်ပင့် ပြော တတ်သူ။

• အလုပ်သွား ခါနီးတိုင်း အိမ်နောက်ဖေး မှာအလုပ်ရှုပ် နေတတ်တဲ့ ချစ်ဇနီး ကိုမတွေ့ တွေ့ အောင်ရှာပြီး “မေကြီးရေ.. အလုပ် သွားပြီ ကွာ” လို့ အရေး တယူ နှုတ်ဆက် တတ်သူ (လူလစ်ရင် အနမ်းဖြင့် နှုတ်ဆက် တတ်သူ)

• နေ့ လည်ဘက် ထမင်းစား ချိန် (သို့ မဟုတ်) အားလပ် ချိန်မှာ ဖုန်း (သို့ မဟုတ်) ဖုန်းမတ် ဆေ့ခ်ျဖြင့် “မိန်းမရေ.. ဘာတွေ လုပ်နေ တုန်းကွာ ဒီမှာ ညောင်းနေလို့ ဇက်ကြော လေးလာဆွဲ ပေးပါဦး ” အရွှန်း ဖောက်တတ် သူ။

• အလုပ် ဆင်းချိန် အိမ်အပြန် လမ်းမှာ မိသားစု အတွက် စားစရာ လေးဖြစ်ဖြစ် ၀ယ်လာ တတ်သူ။
• ညစာ စားပြီး “ မင်းနာ ပါကွာ…ကိုယ်ပန်း ကန်တွေ ဆေးလိုက် မယ်လေ” 
 
(တကယ်မ ဆေးဖြစ် ပေမယ့် ဆေးတော့ မယ်ဟန် လုပ်ပြ လိုက်ပါ ဦး)

• ကလေးတွေ အိမ်စာ လုပ်ပြီး/မပြီး စာကူ စစ်ပေး တတ်သူ။ အလုပ်မှာ ဘယ်လောက် ပင်ပန်း ပင်ပန်း ကလေးကို ညအိပ်ယာ ၀င်ပုံပြင် ပြောပြ တတ်သူ။

• မိမိအ လုပ်နဲ့ ပတ်သက်ပြီး ဇနီး ဖြစ်သူကို ကောင်း၏/ ဆိုး၏/ ပျော်၏/ စိတ်ညစ်၏…ရင်ဖွင့်ပြောပြ တတ်သူ။

• ဇနီး သည်ကို စိတ်ဝင်စား မှုရှိသူ/နွေးနွေး ထွေးထွေးပွေ့ ဖက် တတ်သူ (လင့်ဝတ္တရား ကျေသူ)

• ဆွေမျိုး များ နဲ့  အပေါင်း သင်းမိတ်ဆွေ တွေရှေ့ မှာ ဇနီး သည်ကို ဖေးဖေး မမ ဂရု စိုက်ပြ တတ်သူ။

• သား သမီးတွေ ရှေ့ မှာ “ မင်းတို့ မေမေက ကျေးဇူးရှိ တယ်နော် မေမေ့ စကား နားထောင် မေမေ့ကို စိတ်ညစ် အောင် မလုပ် ရဘူး” လို့  မကြာခ ဏပြောပေး တတ်သူ။

• ဇနီးသည် အလုပ်ရှုပ် နေတဲ့ အခါ ကလေး တွေကို အဖော်ပြု ပေး တတ်သူ။

• အလုပ် ပိတ်ရက် တွေမှာ အခါအား လျော်စွာ မိသား စုကို သီးသန့် အချိန်ပေးပြီး အပြင်ထွက် လည်ပတ်ပေး တတ်သူ။

အောင်မြင် ပျော်ရွှင်တဲ့ မိသားစု ဘ၀ပိုင် ဆိုင်ကြပါ စေလို့  ဆန္ဒပြု ရင်း။

Credit to >>Promise Pauk

မလေးရှားလေကြောင်း MH17 ပျက်ကျမှု တားမြစ်နယ်မြေတွင်ပျံသန်းခြင်းဟုဆို



 မလေးရှားလေကြောင်း MH17 ပျက်ကျမှု တားမြစ်နယ်မြေတွင်ပျံသန်းခြင်းဟုဆို
**********************************************************************

မလေးရှား (18.7.2014)

...ယူကရိန်း စံတော်ချိန် ၁၄ : ၁၅ ခန့်မှာ ဥရောပ ရဲ့ အကြီးဆုံး Transit လေဆိပ်ဖြစ်တဲ့ Amsterdam မှ ကွာလာလမ်ပူ သို့ ပျံသန်းလာသော မလေးရှား အဲလိုင်း MH 17 သည် ယူကရိန်း - ရှရှား နယ်စပ် အနီး ကီလို မီတာ ၅၀ အကွာ ယူကရိန်း နယ်မြေထဲသို့ ပျက်ကျခဲ့ကြောင်း နိုင်ငံတကာသတင်းများမှ ကြော်ငြာသွားခဲ့သည် ။


ပျက်ကျသည့် ကာလ ကနဦးတွင် မည်သည့်အတွက်ကြောင့် ပျက်ကျသည်ကို အမြန်စုံစမ်းရန် မလေးရှား ဝန်ကြီးချုပ် NAJIB မှ TWEETER တွင် ရေးသားထားခဲ့ပြီး အထူး စုံစမ်းမှုများပြုလုပ်ရန် ညွှန်ကြားထားခဲ့သည် ။


ယခု အချိန်တွင်တော့ ယူကရိန်း ကာကွယ်ရေး အစိုးရ ဘက်မှပြောကြားချက်အရ ရှရှားလုပ် BUK လေယာဉ်ပစ် အမြှောက်ဖြင့် ပစ်ချခံခဲ့ရကြောင်း မလေးရှား လေကြောင်းလိုင်းမှ တရားဝင် ထုတ်ပြန်ခဲ့သည် ။


ပျက်ကျခဲ့သည့် ယခု MH17 သည်လည်း BOEING 777 အမျိုးအစားပင်ဖြစ်ပြီး လေယာဉ်ပေါ်လိုက်ပါစီနင်းသွားသည့် ခရီးသည်များ စာရင်းမှာ

နယ်သာလန် နိုင်ငံသား 154 ဦး
မလေးရှား နိုင်ငံသား 43 (လေယာဉ်ဝန်ထမ်း 15 ဦး နှင့် ခလေးငယ် 2 ဦး)
သြစတေးလျှ နိုင်ငံသား 27 ဦး
အင်ဒိုနီးရှားနိုင်ငံသား 12 ဦး (ခလေးငယ် 1ဦး)
ဗြိတိန်နိုင်ငံသား 9 ဦး
ဂျာမနီနိုင်ငံသား 4 ဦး
ဘယ်လဂျီယံနိုင်ငံသား 4 ဦး
ဖိလစ်ပိုင်နိုင်ငံသား 3 ဦး
ကနေဒါ နိုင်ငံသား 1 ဦး နှင့်
အတည်မပြုရသေးသော သူ 41 ဦးတို့
ဖြစ်ကြောင်း သိရသည် ။ ကနဦး ကြော်ငြာချက်အရ ၂၉၅ ဦးမကပဲ ၂၉၈ ဦးဖြစ်ကြောင်း မလေရှားလေကြောင်းမှ သေဆုံးသူစာရင်းအားထုတ်ပြန်သည် ။


အမေရိကန် နှင့် ဗြိတိန် နိုင်ငံတို့မှ လေကြောင်းလုံခြံရေး အေဂျင်စီများကမူ လွန်ခဲ့သော ဧပရယ် ၂၃ မှ လာမည့် ၂၀၁၅ ဧပရယ် ၂၃ ကြားတစ်နှစ်လုံးအတွင် ယူကရိန်း လေပိုင်နက်သည် လုံခြုံမှုမရှိသော လေပိုင်နက်ဖြစ်ကြောင်း နှင့် ပျံသန်းမှုမပြုရန် တရားဝင် တားမြစ်ထားသော ဧရိယာ ဖြစ်ကြောင်း နှင့် လေယာဉ်လိုင်းများ ၊ လေယာဉ်မောင်းများကို သတိပေးထားပြီးဖြစ်ကြောင်း ယနေ့ STATEMENT တွင် ထပ်မံဖော်ပြထားသည်ကိုတွေ့ရသည် ။


အဆိုပါ ကြော်ငြာချက်အရ Ukraine, Kiev, Lvov, Dnepropetrovsk and Odessa လေပိုင်နက်အတွင်းသို့ ပျံသန်းခြင်းမပြုကြရန် နှင့် ပျံသန်းပါက အထူး အန္တရယ်များမည့်အကြောင်းကိုလည်း တရားဝင် ထုတ်ပြန်ထားကြောင်း နိုင်ငံတကာ လေကြောင်း လုံခြုံရေး အဖွဲ့မှ ယနေ့ ထုတ်ပြန်သည်ကိုတွေ့ရသည် ။


အဆိုပါ ကြော်ငြာချက်များအရ မလေးရှားလေကြောင်း MH17 သည်လေယာဉ်မပျံသန်းရ ဇုန်အတွင်းသို့ ဝင်ရောက် ပျံသန်း ခြင်းဖြစ်ကြောင်း ယနေ့ နောက်ဆုံးသတင်းများက အတည်ပြုသည်ကိုတွေ့ရသည် ။


မည်သည့်အတွက်ကြောင့် ပင်ပျက်ကျသည်ဖြစ်စေ ယခု ပျက်ကျမှုအပြီး မလေးရှားလေကြောင်းလိုင်းအနေဖြင့် ရာစုနှစ်တစ်ခုအတွက် အဆိုးဝါးဆုံး လေယာဉ်ပျက်ကျမှု ၂ ခုကို တစ်နှစ်အတွင်း ရင်ဆိုင်ရခြင်းဖြစ်ပြီး
MH370 နှင့် MH17 2 စီးပေါင်း လူ ၅၀၀ ကျော်သေဆုံးကာ အမျိုးအစားတူ လေယာဉ် ၂ စီး ဖြစ်သည့် BOEING 777 ၂ စင်းဆုံးလည်း ဆုံးရှုံးပြီဖြစ်သည် ။

မလေးရှားရောက်မြန်မာများ

ကမ္ဘောဇဘဏ်က အပ်ငွေအတိုးနှုန်း တိုးမြှင့်ပေးလိုက်ပြီ


ကမ္ဘောဇဘဏ်က ဘဏ်တွင် Deposit အပ်နှံထား သော အပ်ငွေများအပေါ် ပေးသော အတိုးနှုန်းများကို စက်တင်ဘာ ၁ ရက်မှစကာ တိုးမြှင့်ပေး တော့မည်ဖြစ်ကြောင်း သတင်းရ ရှိသည်။



Deposit အပ်ငွေများအပေါ် တွင် အတိုးနှုန်းတိုးမြှင့်ရာတွင် ငွေ စုဘဏ်အပ်ငွေနှင့် စာရင်းသေ အပ်ငွေနှစ်မျိုးစလုံးပေါ်တွင် တိုး မြှင့်လိုက်ခြင်းဖြစ်သည်။


‘‘အဓိက,က ကိုယ့်ဘဏ်နဲ့ အမြဲလုပ်နေတဲ့ Customer တွေ အဆင်ပြေအောင် တိုးပေးတာ။ အခုက ကုန်ဈေးနှုန်းတွေကလည်း တက်သွားတယ်ဆိုတော့ ပင်စင် စားတွေအားလုံး အဆင်ပြေ အောင် အခုလိုတိုးပေးလိုက်တာ ပါ’’ဟု အဆိုပါဘဏ်မှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်ခင်ချောစုက ပြော သည်။


ငွေစုဘဏ်အပ်ငွေအပေါ် လက်ရှိကာလအတိုးနှုန်း ၈ ရာ ခိုင်နှုန်းပေးနေရာမှ ၈ ဒသမ ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေး သွားမည်ဖြစ်သည့်အတွက် ငွေစု ဘဏ်အပ်ငွေအဖြစ် အပ်နှံထား သူများမှာ ယခင်က ကျပ်တစ် သိန်းအပ်နှံပါက တစ်လလျှင် အတိုးနှုန်း ၈,၀၀၀ ကျပ်ရရှိရာမှ ယခုအခါ ၈,၂၅၀ ကျပ်ရရှိတော့ မည်ဖြစ်သည်။


ထို့အတူ စာရင်းသေအပ်ငွေ အဖြစ် အပ်နှံသူများက တစ်လ အပ်ငွေအပေါ် ယခင် ၈ ရာခိုင် နှုန်းပေးနေရာမှ ၉ ရာခိုင်နှုန်းသို့ မြှင့်လိုက်သည့်အတွက် ကျပ်တစ် သိန်းအပ်နှံထားလျှင် အတိုးယခင် ၈,၀၀၀ ကျပ်ရရှိသူမှာ ယခု ၉,၀၀၀ ကျပ်ရရှိမည်ဖြစ်သည်။


စာရင်းသေအပ်ငွေ သုံးလ အပ်နှံသူမှာ ယခင်က ၈ ဒသမ ၅၀ ရာခိုင်နှုန်းမှ ယခု ၉ ဒသမ ၂၅ ရာခိုင်နှုန်း၊ ခြောက်လအပ်နှံ သူမှာ ၉ ရာခိုင်နှုန်းမှ ၉ ဒသမ ၅၀ ရာခိုင်နှုန်း၊ ကိုးလအပ်နှံသူမှာ ၉ ဒသမ ၅၀ ရာခိုင်နှုန်းရရှိနေရာမှ ၉ ဒသမ ၇၅ ရာခိုင်နှုန်းအထိရရှိ မည်ဖြစ်သည်။


စာရင်းသေအပ်ငွေတွင် လပိုင်းအပ်နှံမှုများအပေါ် အတိုးနှုန်းမြှင့်လိုက်သော်လည်း တစ်နှစ် (၁၂ လ)အပ်နှံမှုအပေါ်တွင် ယခင် ၁၀ ရာခိုင်နှုန်းအတိုင်းသာ ပေး သွားမည်ဖြစ်သည်။


‘‘ဒီလို အတိုးနှုန်းတွေ တိုးပေးလိုက်တာ အပ်တဲ့သူတွေအတွက် ကောင်းသွားတာပေါ့။ ဒါကလည်း ဗဟိုဘဏ်က သတ်မှတ်ပေးတဲ့ ဘောင်အတွင်းမှာပဲ ထပ်တိုးလိုက်တာဆိုတော့ ဒီလိုတိုးလိုက်တာဆို တော့ ဗဟိုဘဏ်အနေနဲ့ကတော့ ဘာမှပြောဖို့မရှိပါဘူး’’ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။


ဗဟိုဘဏ်အနေဖြင့် ပြည် တွင်းဘဏ်များသည် အပ်ငွေများ အပေါ် အနည်းဆုံး ၈ ရာခိုင်နှုန်းမှ အများဆုံး ၁၃ ရာခိုင်နှုန်းအထိ ပေးနိုင်သည်ဟု သတ်မှတ်ထား သည်။


‘‘ဒီလိုအပ်ငွေအပေါ်မှာ အတိုးနှုန်းမြှင့်ပေးလိုက်တော့ အပ် တဲ့သူတွေကလည်း အပ်ချင်သွား တယ်။ အပြင်မှာလှည့်နေတဲ့ငွေ တွေဘဏ်ထဲကိုဝင်သွားပြီး ဘဏ်က လိုတဲ့သူတွေကို ပြန်ချေးလို့ရ တော့ ငွေကြေးလည်ပတ်မှုတွေ လည်း ကောင်းသွားတာပေါ့’’ ဟု စီးပွားရေးလုပ်ငန်းရှင်ဒေါက်တာ စိုးထွန်းက ပြောသည်။


‘‘အခုအတိုးနှုန်းတွေ တိုးပေး လိုက်သလို ချေးငွေအပေါ်မှာယူ တဲ့ အတိုးနှုန်းတွေကိုလည်း လျှော့ချသင့်ပါတယ်’’ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ၎င်း၏အမြင်ကို ဆိုသည်။

ယခုကဲ့သို့ အပ်ငွေအပေါ် တွင် ကမ္ဘောဇဘဏ်မှစတင်ကာ အတိုးနှုန်းများကို တိုးမြှင့်ပေးလိုက် ပါက အခြားသောဘဏ်များ၏ အတိုးနှုန်းများမှာလည်း တိုးလာနိုင် ဖွယ်ရှိသည်။

7Day Daily


ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ပြည်တွင်းဒါရိုက်တာများသာ ရိုက်တော့မည်


ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကို မူလက ပြည်ပဒါရိုက်တာများနှင့် ပူးပေါင်းရိုက်ကူးရန် စီစဉ်ထားသော်လည်း အမြင်ကွဲပြားမှုများရှိနေ၍ ပြည်တွင်းဒါရိုက်တာများကသာ တာဝန်ယူရိုက်ကူးတော့မည်ဟု ဇာတ်ကားဖြစ်မြောက်ရေး အဖွဲ့ဝင် ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဇူလိုင် ၁၆ ရက်တွင် မဇ္ဈိမကို ပြောသည်။


“ဇာတ်ညွှန်းထဲက ဗိုလ်ချုပ်ဇာတ်ကောင်က ပြီးပြည့်စုံ(Perfect) နေတယ်လို့ သူတို့ ထင်ကြတယ်”ဟု မင်းထင်ကိုကိုကြီးက ဆိုသည်။


ဇာတ်ညွှန်းရေးသားပြီးစီးသည့် ၂၀၁၃ ခုနှစ် စက်တင်ဘာတွင် နိုင်ငံတကာဒါရိုက်တာနှင့်ထုတ်လုပ်သူများကို ရှာဖွေခဲ့ရာ အမေရိကန် ဟောလိဝုဒ်မှထုတ်လုပ်သူ၊ ကနေဒါမှ ဒါရိုက်တာ၊ ပြင်သစ်မှ အသံနှင့် အမြင်ဆိုင်ရာကျွမ်းကျင်သူများကို ချိတ်ဆက်နိုင်ခဲ့ပြီး ပူးပေါင်းရိုက်ကူးရန် မူလက စီစဉ်ထားခြင်းဖြစ်သည်။


၁၉၁၅ ခုနှစ်၊ ၁၉၄၀ ခုနှစ်၊ ၁၉၄၅ ခုနှစ် မှ ၁၉၄၇ ခုနှစ် ဗိုလ်ချုပ် တက္ကသိုလ်မရောက်ခင်နှင့် တက္ကသိုလ်ရောက်ပြီး နိုင်ငံရေးလောကထဲသို့ ၀င်ရောက်ခဲ့ပုံများအပြင် ဗိုလ်ချုပ်လုပ်ကြံခံရသည့် နောက်ဆုံးကာလများအထိ အပိုင်းသုံးပိုင်းခွဲကာ သမိုင်းအခြေခံထားသည့် ဇာတ်ညွှန်းကို ချစ်ဦးညို၊ ကြည်စိုးထွန်းနှင့် မြမြင့်မိုရ်တို့က ရေးပေးထားခြင်းဖြစ်သည်။


ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဇူလိုင် ၁၂ ရက် ပခုက္ကူတွင် ပြုလုပ်သည့် ဖွဲ့စည်းပုံပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟောပြောပွဲအတွင်း ရုပ်ရှင်ဆိုင်ရာ မေးမြန်းမှုတစ်ခုကို ပြန်လည် ဖြေကြားရာတွင် ပြည်တွင်းဒါရိုက်တာများဖြင့်သာ ရိုက်ကူးတော့မည်ဟု ဆိုထားသည်။


“ကျွန်မတို့ရဲ့ အမြင်ချင်းက မတူဘူး။ကျွန်မတို့ ရုပ်ရှင်အဖွဲ့ ရှင်းပြတာက ဗိုလ်ချုပ်ရုပ်ရှင်ကို သမိုင်းအနေနဲ့ မြင်တယ်။ နိုင်ငံတကာရုပ်ရှင်ပညာရှင်တွေက ရုပ်ရှင်တစ်ခုအနေနဲ့ မြင်တယ်။ နောက်ဆုံးကျတော့ ကျွန်မတို့ ရုပ်ရှင်အဖွဲ့က သတ္တိရှိရှိနဲ့ ကိုယ့်ဘာသာကိုယ် တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင်ရိုက်မယ်ဆို ပြီး ဆုံးဖြတ်လိုက်တယ်”ဟု ၎င်းက ပြောသည်။


ရုပ်ရှင်ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀)ပြည့်တွင် ပြသနိုင်ရန် မူလက စီစဉ်ထားသော်လည်း ယခုမူ ၂၀၁၅ ခုနှစ်အတွင်းရောက်မှသာ ရိုက်ကူးမှု စတင်နိုင်တော့မည်ဟု ဖြစ်မြောက်ရေး အဖွဲ့ဝင်များက ပြောသည်။ ဇာတ်ကားဖြစ်မြောက်ရေးအဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တာဝန်ယူထားခြင်းဖြစ်သည်။


ဇာတ်ကားရိုက်ကူးမှုကို ဖြစ်မြောက်ရေးအဖွဲ့ဝင်များဖြင့် အကောင်းဆုံးဆောင်ရွက်နိုင်မည်ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောသည်။ အဖွဲ့တွင် ဦးသူရ(ဇာဂနာ)၊ လူမင်း၊ အရိုင်း၊ ဇော်သက်ထွေး၊ ၀ိုင်း၊ အိအိခိုင်၊ ကြည်ဖြူသျှင်၊ သူရကျော်၊ ဝေဠု ကျော်၊ ဦးမော်လင်းနှင့် ထွန်းအိန္ဒြာဗို စသည်ဖြင့်ပါဝင်ကြသည်။

Credit: Mizzima Burmese


အမျိုးသားလွှတ်တော်မှာ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း ထုတ်လွှင့်


Photo..The Ladies News Journal
လာမယ့် ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၆၇ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဂုဏ်ပြုတဲ့အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တိုင်းပြုပြည်ပြုလွှတ်တော်နဲ့ ပတ်သက်ပြီး ပြောကြားခဲ့တဲ့ မိန့်ခွန်းကို ဒီနေ့ အမျိုးသားလွှတ်တော် အစည်းအဝေး ခေတ္တရပ်နားချိန်မှာ ထုတ်လွှင့်ခဲ့ပါတယ်။


"ဖဆပလ အဖွဲ့ချုပ်ကို ရန်ကုန်မှာရှိတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်အမတ်တွေက ရန်ကုန်မှာရှိတဲ့ နယ်အသီးသီးကို ပြန်ပြီးအစီရင်ခံတဲ့ အစည်းအဝေးပွဲတွေ လုပ်ပါလို့ပြောလိုက်တဲ့အခါမှာ အဲဒီ တိုင်းပြုပြည်ပြု လွှတ်တော်အမတ်တွေက ကိုယ့်နယ်ဆိုင်ရာလူတွေကို ပြန်ပြီးအစီရင်ခံတဲ့အဓိပ္ပာယ် မပါတော့ပဲနဲ့ နိုင်ငံရေးရှင်းတမ်း တရားပွဲတွေ ရပ်ကွက်တွေမှာ လုပ်လာတယ်"


ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ရက်နေ့ မြို့တော်ခန်းမရှေ့မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်း၊ တပ်မတော်လေတပ်မှာ ပြောကြားတဲ့ မိန့်ခွန်း၊ ၁၉၄၆ ခုနှစ် ဧပြီ ၅ ရက်နေ့မှာ ပြောကြားခဲ့တဲ့ ရွေးကောက်ပွဲမိန့်ခွန်းတွေကို မနက်ဖြန်မှာ ဆက်လက်ထုတ်လွှင့်မှာဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပတ္တိနဲ့ ဈာပနအခမ်းအနားတွေကို ရုပ်မြင်သံကြားနဲ့ ပြသသွားဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။


အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်ရဲ့ ညွှန်ကြားချက်နဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတွေကို ထုတ်လွှင့်တာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ လွှတ်တော်ရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

RFA Burmese

ရန်ကုန်တစ်မြို့လုံးရှိ လျှပ်စစ်ဓာတ်ကြိုးများ အသစ်လဲ


ရန်ကုန်၊ လတ်တလောဖြစ်ပွားနေ သော ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အချို့တွင် လျှပ်စစ်ဓာတ်ကြိုး များပြတ်ကျနေခြင်းကြောင့် နိုင်ငံတော် ဘတ်ဂျက်ဖြင့် ရန်ကုန်တစ်မြို့လုံးရှိ လျှပ်စစ်ဓာတ်ကြိုးများ လဲလှယ်တပ် ဆင်သွားရန်စီစဉ်နေကြောင်း ရန် ကုန်မြို့တော်လျှပ် စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဦးမင်းမင်းက ပြောသည်။


လျှပ်စစ်ဓာတ်ကြိုးများအား ယခု အချိန်တွင် လိုအပ်သည့်မြို့နယ်များ ၌ ဦးစွာတပ်ဆင်သွားမည်ဖြစ်ကာ ဆက်လက်၍ ရန်ကုန်တစ်မြို့လုံးအား လဲလှယ်တပ်ဆင်ပေးသွားမည်ဖြစ် ကြောင်း ၄င်းကဆိုသည်။


လဲလှယ်တပ်ဆင်မည့် လျှပ်စစ် ဓာတ်ကြိုးများမှာ နိုင်ငံတကာ၌ တွင် ကျယ်စွာအသုံးပြုနေသည့် Insulated Wire များဖြစ်ကာ ယခင်ဓာတ်ကြိုး များထက် ပိုမိုစိတ်ချရကြောင်း မြို့ တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ မှ သိရသည်။


လျှပ်စစ်ဓာတ်ကြိုးပြတ်ကျမှုမှာ ယခင်လ၌ ကမာရွတ်မြို့နယ် လှည်းတန်းဈေး၌ ဦးစွာဖြစ်ပွားခဲ့ပြီး အမျိုး သမီးနှစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကာ ယင်းဖြစ်ရပ်ဖြစ်ပြီး မကြာခင်မှာ မြောက်ဥက္ကလာပမြို့နယ် (ဌ) ရပ်ကွက်အနီးရှိ ကန်စွန်းခင်း၌လည်း ဓာတ်ကြိုးပြတ်ကျကာ အမျိုးသားတစ် ဦး သေဆုံးမှုဖြစ်ခဲ့ပြီး ကျန်ရှိမြို့နယ် များနှင့် စုစုပေါင်းသေဆုံးသူ ခုနစ် ဦးထက်မနည်း ရှိခဲ့သည်။


ဓာတ်ကြိုးများ ဤသို့ပြတ်ကျရ ခြင်းမှာ ဟောင်းနွမ်းနေကာ အပူဒဏ် အား မခံနိုင်တော့ခြင်းကြောင့်ဖြစ်ပြီး သေဆုံးခဲ့သူ၌ကျန်ရစ်ခဲ့သည့် မိသားစု ဝင်များအား နစ်နာကြေးမဟုတ်ဘဲ လူမှုရေးကိစ္စများအားလုံးကို တာဝန် ယူပေးသွားမည်ဟု သိရသည်။


လျှပ်စစ်ဓာတ်ကြိုးလဲလှယ်တပ် ဆင်ခြင်းအား ယခုလဆန်းပိုင်း၌ စတင် တပ်ဆင်ခြင်းဖြစ်ကာ ဇူလိုင်လတတိယ ပတ်အား နောက်ဆုံးထား လဲလှယ် တပ်ဆင်မည်ဖြစ်ပြီး လိုအပ်ချက်ရှိနေ သည့် မြို့နယ်များအား ဦးစားပေးတပ် ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။


''ဓာတ်ကြိုးတွေကို အခုမှစပြင် တာတော့ မှားတာပေါ့။ မိုးရာသီတောင် တစ်ဝက်ကျိုးတော့မယ်။ တကယ်ဆို မိုးမကျခင်လောက်ကတည်းက ပြင် ရင် ကောင်းတာပေါ့''ဟု မြောက်ဥက္က လာပတွင်နေထိုင်သူတစ်ဦးက ပြော သည်။
ယခုအချိန်မှပြင်သည့်အတွက် နောက်လူတွေအတွက် စိတ်ချရပြီး သေဆုံးသွားသည့်သူတွေအတွက် ဝမ်း နည်းရကြောင်း လှည်းတန်းမှပြည်သူ တစ်ဦးကပြောသည်။


''ရန်ကုန်မြို့တွင်း လိုက်လံတပ် ဆင်ပေးနေတဲ့ Insulated Wire တွေ က ဗို့အား ၄ဝဝ ခံနိုင်ရည်ရှိပါတယ်။ အခုလို ပြောင်းလဲတပ်ဆင်ပေးတာ ကိုလဲ နိုင်ငံတော်က အကုန်အကျခံပြီး တပ်ဆင်ပေးတာပါ။ ဒီဓာတ်ကြိုးတွေ က အရင်ဓာတ်ကြိုးတွေနဲ့ ဗို့အားချင်း တော့ တူပါတယ်။ ဒါပေမဲ့ ဓာတ်ကြိုး အပြင်ပိုင်းကို ရော်ဘာတွေနဲ့ဖုံးအုပ် ထားလို့ ပြည်သူတွေအတွက် အန္တ ရာယ်ပိုနည်းပါတယ်''ဟု ရန်ကုန်မြို့ တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ မှ ဦးမင်းမင်းကပြောသည်။


ယင်းသို့ လဲလှယ်တပ်ဆင်ရာ တွင် ဓာတ်ကြိုးနှင့်မလွတ်သည့် သစ် ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်း လင်းပေးလျက်ရှိပြီး မြောက်ဥက္ကလာ ပ၊ သင်္ဃန်းကျွန်း၊ ကမာရွတ်၊ မရမ်း ကုန်းနှင့် မင်္ဂလာဒုံမြို့နယ်များအပြင် အခြား လိုအပ်သည့်မြို့နယ်များ၌ လည်း လဲလှယ်တပ်ဆင်ပေးနေလျက် ရှိကြောင်းသိရသည်။

Yangon Media Group