22 Jul 2014

HIV ပိုးကို သေစေနိုင်တဲ့ ကွန်ဒုံး စတင် ရောင်းချ သင့်မသင့် သုံးသပ်နေကြ

 
HIV ဗိုင်းရပ်စ်ပိုးကို သေစေနိုင်တဲ့ ကွန်ဒုံးတွေ (Credit: ABC Licensed)

 သြစတြေးလျနိုင်ငံက ​တီထွင်ထားတဲ့ ​ကွန်ဒုံး ​ဟာ ​HIV ​ဗိုင်းရပ်စ်ပိုးကို ​သတ်နိုင်စွမ်းရှိတဲ့အတွက် ​လူအများအသုံးပြုနိုင်အောင် ​ရောင်းချဖို့သင့်မသင့် ​သုံးသပ်နေကြပါတယ်။
အဲဒီ ​ကွန်ဒုံးဟာ ​HIV ​ဗိုင်းရပ်စ် ​ပိုးအပြင်၊ ​လိင်အင်္ဂါ ​တဝိုက်မှာ ​ဖြစ်တတ်တဲ့ ​ရေရုံတွေနဲ့ ​လိင်ဆက်ဆံမှုကနေ ​ဖြစ်ပေါ်တတ်တဲ့ ​တခြား ​ရောဂါပိုး ​တွေကိုလည်း ​၉၉.၉ ​% ​အထိ ​သတ်ပစ်နိုင် ​စွမ်းရှိ ​တယ်လို့ ​ဆို ​ပါတယ်။

ပိုးသတ်ဆေးတွေ ​ပါဝင်တဲ့ ​ကွန်ဒုံးတွေကို ​သြစတြေးလျ ​နိုင်ငံက ​Startpharma ​ကုမ္ပဏီက ​တီထွင် ​တာဖြစ်ပြီး ​အဲဒီ ​ကွန်ဒုံးတွေကို ​VivaGel ​လို့ ​ခေါ်ပါတယ်။

အဲဒီ ​ကွန်ဒုံးတွေကို ​အများပြည်သူတွေဆီ ​ရောင်းချဖို့ ​သင့်မသင့် ​သက်ဆိုင်ရာက ​သုံးသပ်မှုတွေလုပ်နေပြီး ​အကယ်လို့ ​ခွင့်ပြုချက်ပေးမယ်ဆိုရင် ​သီတင်းပတ် ​အနည်းငယ်အတွင်း ​ရောင်းချနိုင်မယ်လို့လည်း ​သိရပါတယ်။

ကမ္ဘာပေါ်က ​လူသန်းပေါင်း ​၃၅ ​သန်းလောက်ဟာ ​AIDS ​ရောဂါဖြစ်လာစေတဲ့ ​HIV ​ဗိုင်းရပ်စ်ပိုး ​ကူးစက်ခံရသူတွေ ​ဖြစ်ကြပြီး ​AIDS ​ရောဂါတိုက်ဖျက်ရေးအတွက် ​မဲလ်ဘုန်းမြို့မှာ ​ကမ္ဘာ့ညီလာခံ ​ကျင်းပနေကြပါတယ်။

AIDS ​ညီလာခံနဲ့ ​ပတ်သက်တဲ့ ​ဆောင်းပါးတွေနဲ့ ​ဓာတ်ပုံတွေကိုလည်း ​ဒီရက်ပိုင်းမှာ ​ကြည့်ရှုလို့ရအောင် ​လုပ်ဆောင်ပေးမှာ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-07-22/1346171
 
 

ကမ္ဘာ့ဖလား ရွှေဖိနပ်ဆုရှင်ကို ရီးယဲလ် ဝယ်ယူ

 
ဆေးစစ်မှု ခံယူဖို့ မက်ဒရစ်မြို့ကို ရောက်လာတဲ့ ရော့ဒရီဂတ်စ်

 ၂၀၁၄ ကမ္ဘာ့ဖလား နောက်ဆုံး အဆင့် ပွဲစဉ်တွေမှာ ဂိုးအများဆုံး သွင်းယူခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် ကိုလံဘီယာ ကစားသမား James Rodriguez ကို ပြင်သစ် မိုနာကို အသင်းဆီကနေ စပိန် ကလပ် ရီယဲလ် မဲဒရစ်က ဝယ်ယူ စာချုပ် ချုပ်လိုက်ပါတယ်။

ကမ္ဘာ့ဖလားမှာ ရွှေဖိနပ်ဆုကို ဆွတ်ခူးခဲ့တဲ့ ရောဒရီဂတ်စ်ကို ရီးယဲလ် မက်ဒရစ်က ပေါင် ၆၃ သန်းနဲ့ ဝယ်ယူခဲ့တာလို့ သိရပါတယ်။

မိုနာကို အသင်းကတော့ ရောဒရီဂတ်စ်ကို ရောင်းချမှုဟာ ဘောလုံးသမိုင်းမှာ အထူးခြားဆုံး အရွှေ့အပြောင်း ဖြစ်တယ်လို့ ပြောပါတယ်။

ရောဒရီဂတ်စ်ဟာ ဒီအပြောင်းအရွှေ့ကြောင့် ဂါးရက်သ်ဘေးလ်၊ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ လူးဝစ်ဆွာရက်စ် တို့နောက်မှာ ကမ္ဘာ့ စတုတ္ထ ဈေးအကြီးဆုံး ဘောလုံးသမား ဖြစ်လာပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)