21 Sept 2014

အတုအပပြုလုပ်ခြင်းမှ ကာကွယ်ရန် ငါးထောင်ကျပ်တန်ငွေစက္ကူအသစ် အောက်တိုဘာ ၁ ရက်တွင်စတင်ထွက်ရှိမည်

10606304_691801384244826_4841749731803988878_n

အတုအပပြုလုပ်ခြင်းမှ ကာကွယ်ရန် ငါးထောင်ကျပ်တန်ငွေစက္ကူအသစ် အောက်တိုဘာ ၁ ရက်တွင်စတင် ထွက်ရှိမည်။ ယခင်တရားဝင် ကျပ်ငါးထောင်တန်ကို ဆက်လက်အသုံးပြုနိုင်မည်ဖြစ်

====================================================

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ငါးထောင်ကျပ်တန် ငွေစက္ကူ၏ လုံခြုံမှုအဆင့်အတန်းပိုမိုမြင့်မားစေရန်၊ သက် တမ်းပိုမိုရှည်ကြာစေရန်နှင့် အတုအပပြုလုပ်ခြင်းမှကာကွယ်နိုင်ရန် အောက်တိုဘာ ၁ ရက်မှစတင်ပြီး ငါးထောင် ကျပ်တန် ငွေစက္ကူအသစ်ကိုထုတ်ဝေ သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၈ ရက်နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
 
ငါးထောင်ကျပ်တန်ငွေစက္ကူ၏ လုံခြုံမှုအဆင့်အတန်းပိုမိုမြင့်မားစေ၍ အရည်အသွေးပိုမိုကောင်းမွန်ရန်၊ အသုံးပြု နိုင်မှုသက်တမ်းပိုမိုရှည်ကြာစေရန်နှင့် အတုအပပြုလုပ်ခြင်းမှ ကာကွယ်ရန်အတွက် လုံခြုံရေးကြိုးပုံစံသစ်၊ ရေစာသစ်နှင့် ငွေစက္ကူ၏ မျက်နှာပြင်နှစ်ဘက်ကို ဗားနစ် (Varnish)အလွှာဖြင့် ဖုံးအုပ်ကာကွယ်ထားကြောင်း၊ အဆိုပါ လုံခြုံရေးအဆင့်အတန်းမြှင့်တင်ထားသည့် ငါးထောင်ကျပ် တန်ငွေစက္ကူ အသစ်ထွက်ရှိလာသော်လည်း ၂၀၀၉ ခုနှစ်၊ အောက်တိုဘာ ၁ ရက်ကထုတ်ဝေခဲ့သော ယခင်ငါးထောင်ကျပ်တန်ငွေစက္ကူ၏ တရားဝင်လှည့် လည်သုံးစွဲငွေအဖြစ်တည်ရှိနေမှုကို ထိခိုက်စေမည် မဟုတ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

10686716_691801400911491_3883370323253845799_n

ယခင် ငါးထောင်ကျပ်ငွေစက္ကူ၏ မျက်နှာစာတွင်ဒေါင်လိုက် ထည့်သွင်းထားသောအကန့်လိုက်ဆစ် ပိုင်းပြီးမြှုပ် နှံထားသည့် လုံခြုံရေးကြိုးအစား ငွေစက္ကူအသစ်တွင် အရောင်ပြောင်းလဲနိုင်သည့် လုံခြုံ ရေးကြိုး အသစ်ကို ပြောင်းလဲထည့်သွင်းထား ကြောင်း၊ အဆိုပါလုံခြုံရေးကြိုးအသစ်မှာ ယခင်ကြိုးထက်ပိုမို ကြီးမားပြီး ငွေစက္ကူကို ကြည့်သည့်အနေအထား ပေါ်မူတည်ကာ ရွှေဝါရောင်နှင့် အစိမ်းရောင် သို့ပြောင်း လဲမြင်တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ပြင် ငွေစက္ကူသစ်၏မျက်နှာစာဖက်၊ လက်ယာဘက်ပိုင်းတွင်ပုံစံ အသစ်ဖြင့်ပြုလုပ်ထားသည့် ဆင်ဖြူ တော်ပုံ ရေစာပါရှိပြီး အလင်းရောင်တွင်ကြည့်ရှုပါက ရေစာကိုတွေ့မြင် ရမည်ဖြစ်ကြောင်း၊ ငွေစက္ကူအသစ်ကို ဖုံးအုပ်ထား သည့် ဗားနစ်(Varnish) အလွှာသည် ပြင်ပမှရေခိုးရေငွေ့ များ၊ အရည်များနှင့်အရောင်များစွန်းထင်းနိုင်ခြင်းကို အကာအကွယ်ပေးနိုင်ခြင်းကြောင့် အသုံးပြုမှု သက်တမ်း ကိုပိုမိုရှည်ကြာစေမည်ဖြစ်ကြောင်းသိရသည်။ ငွေစက္ကူသစ်၏ အရွယ်အစား၊ ပုံသဏ္ဍန်နှင့်အရောင် သတ်မှတ်ချက်များ ယခင်ထုတ်ဝေခဲ့သည့်ငွေစက္ကူများအ တိုင်းပြောင်းလဲခြင်းမရှိကြောင်းသိရသည်။


-အမ်းဝေ


လူအချို့မှာ ရှိနေတဲ့ သဘာဝ နှိုးစက်


 
လူအချို့ဟာ ဘာနှိုးစက်မှ ပေးစရာမလိုပဲ ဘယ်အချိန် ထမယ် ဆိုတာကို တွက်ချက်ကို တကယ်ကို နှိုးတက်ကြ ပါတယ်။ ဥပမာ အားဖြင့် မနက် ၄ နာရီ ထရမယ်လို့ တေးထားပြီး တကယ်ပဲ လေးနာရီ ဝန်းကျင်မှာ ဘယ်သူမှ မနှိုးပဲ ထနေခြင်း ဖြစ်ပါတယ်။ 


ယင်းကို လူတွေရဲ့ စိတ်ထဲမှာ ရှိတဲ့ natural alarm clock ကြောင့်မို့လဲ ဆို ပါတယ်။ သူ့ပါသူ နိုးလာအောင် ဖန်တီးပေးတဲ့ စိတ် ဖြစ်ပါတယ်။ ယင်း စိတ်ဖြစ်အောင် နှိုးဆွ ပေးသူ ကတော့ stress hormone လို့ခေါ်တဲ့ စိတ်ဖိစီးမှု ဟိုမုန်း တစ်ခုက တွန်းအားပေးခြင်း ဖြစ်ပါတယ်။ ယင်း ဟိုမှုန်း ရှိသူ များဟာ သာမန် လူများထက်လည်း သတိပိုတတ် ပါတယ်။ သို့ပေမယ့် ကျန်းမာရေး အရ ကြည့်ရင် အခြား တစ်ဖက်မှာလည်း Stress hormone ကြောင့် ဆိုးကျိုး အချို့လည်း ရှိနေ ပါသေးတယ်။ 


ဒီတော့ သာမန်နေ့ထက် အစောကြီး ထရမယ့် နေ့မျိုးတွေမှာ ဆိုရင် နှိုးစက် နာရီ အသုံးပြုခြင်းက ကောင်းပြီး သာမန် ထနေကြ အချိန်များ ဖြစ်ရင် မိမိ ကိုယ်ကို နှိုးထ ခြင်းက သာမန် လူများရဲ့ အလေ့အကျင့် ဖြစ်ပါတယ်။

.
Ref: dyknow
အောင်ခမ်း

အောင်မြင်တဲ့ လူငယ် တစ်ယောက်ဖြစ်ဖို့




၁။ စိတ်ဓါတ်ခိုင်မာခြင်း - ဘယ်အချိန်မှာ ဘာလုပ်မယ် ... ဘာဖြစ်ချင်တယ်ဆိုတာကို ကိုယ့်စိတ်ထဲမှာ စွဲနေအောင် နှလုံးသွင်းထားပါ။ ထိုကဲ့သို့ မိမိ၏ စိတ်ကို တိတိကျကျ သေသေချာချာ ခိုင်ခိုင်မာမာ ပြင်ဆင်ထားခြင်းက လုပ်ငန်းဆောင်ရွက်ရာတွင် တည်တည်ငြိမ်ငြိမ်ဖြင့် အာရုံစူးစိုက်မှု အားကောင်းကာင်းဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်မည် ဖြစ်သည့်အပြင် “ငါလုပ်ရင် ဖြစ်ပါ့မလား” ဆိုတဲ့ မယုံမရဲ စိတ်တွေကို ရှောင်ရှားနိုင်ပါလိမ့်မည်။


“ငါလုပ်ရင် ဖြစ်တယ်” ဆိုတဲ့ ခိုင်မာတဲ့ စိတ်ဓါတ်ကို မွေးမြူပါ။


၂။ အချိန်ကို စီမံခန့်ခွဲနိုင်ခြင်း - ငယ်ရွယ်စဉ်ကတည်းက လိုအပ်တဲ့အချိန်ကို ရယူနိုင်ရန်လေ့ကျင့်ထားပါ၊ မလိုလားအပ်သော နေရာများတွင် အကြောင်းမဲ့ အချိန်မဖြုန်းပါနှင့်။


၃။ အလုပ်တွင် အပြည့်အဝအာရုံစိုက်ခြင်း - စတင်လုပ်ဆောင် လိုက်သော ကိစ္စရပ်တစ်ခုကို မည့်သည့် အတွက်ကြောင့်ဖြစ်စေ ကိုယ့်ဖက်က မဖျက်ပါနှင့်၊ မိမိပတ်ဝန်းကျင်က လေးစား ယုံကြည်တန်ဖိုးထား ရသော သူတစ်ယောက်ဖြစ်အောင် မိမိအလုပ်ကို တန်ဖိုးထားလေးစားပါ။


၎။ ပတ်ဝန်းကျင်ကို လေးစားခြင်း - သူငယ်ချင်း၊ အပေါင်းအသင်း၊ မိတ်ဆွေ အားလုံးကို လေးလေးစားစား ဆက်ဆံပါ၊ တစ်ပါးသူ၏ အမြင်၊ သဘောထား၊ ခံစားချက်များကို အလေးထားကာ အတတ်နိုင်ဆုံး နားလည်ပေးပါ။


၅။ ပူးပေါင်းဆောင်ရွက်ခြင်း - အများနှင့်သက်ဆိုင်သော ကိစ္စတစ်ရပ်များကို ဆောင်ရွက်ရာတွင် မိမိဆန္ဒတစ်ခု တည်းကို ဦးစားမပေးပါနှင့်၊ မိမိတစ်ဦးတည်း သဆောဆန္ဒကိုသာ ဇွတ်မလုပ်ပါနှင့်၊ တစ်ပါးသူ၏ အကြံအဉာဏ်များကို အလေးထားဆွေးနွေးကာ ပူးပေါင်းဆောင်ရွက်ပါ။


၆။ နားထောင်တတ်ခြင်း - ထောင်တတ်သောနား ရှိပါ၊ မည်သည့်ကိစ္စတွင်မဆို တစ်ပါးသူ ပြောသည့်အခါ စိတ်ဝင်တစား နားထောင်တတ်ရန် အရေးကြီးပါသည်။ အယူအဆတူသည်ဖြစ်စေ ... မတူသည်ဖြစ်စေ စိတရှည်လကရှည် နားထောင်ပါ။


၇။ ရိုးသားခြင်း - လိမ်ညာဟန်ဆောင်ခြင်းသည် ခဏတာ အထင်ကြီးမှုကို ရကောင်း ရနိုင်သော်လည်း ရေရှည်တွင် ပတ်ဝန်းကျင်၏ ယုံကြည်မှုကို ဆုံးရှုံးနိုင်ပါသည်၊ အမှန်တရားကို ချစ်မြတ်နိုးပါ၊ ရိုးသားမှုကို တန်ဖိုးထားပါ။

 
အောင်ကိုဦး (UMK)
Be the Best !

Credit to Aung Ko U - UMK