22 Nov 2014

သတ်မှတ်ထားသော စည်းကမ်းချက်များ မပါဘဲ အလှူခံသည့်သူများအား တိုင်ကြားလျှင် ဖမ်းဆီးနိုင်

 
 
 မန္တလေး ၊ ၂၃-၁၁-၂၀၁၄

အလှူခံ လုပ်ဆောင်သူ များအား သံဃနာယက အဖွဲ့က သတ်မှတ် ထားသော စည်းကမ်းချက် နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ထောက်ခံစာ မပါလျှင် တိုင်ကြား နိုင်ကြောင်း ကလျာဏမိတ္တ လူမှုကူညီရေး အသင်း ဥက္ကဌ
ဦးခင်မောင်တင့် ထံမှ သိရသည်။


စည်းကမ်းချက်များ ဖြစ်သည့် မြို့နယ်အလိုက် သံဃနာယက အဖွဲ့ ထောက်ခံချက် လက်မှတ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး လက်မှတ်၊ တူညီဝတ် စုံတို့နှင့် အခြားသော စည်းကမ်းချက် များကို သတ်မှတ်ထားပြီ သေချာသည့် အထောက်အထား မရှိလျှင် မည်သူမဆို စစ်ဆေး တိုင်ကြား နိုင်မည် ဖြစ်သည်ဟု သိရသည်။


''စည်းကမ်းချက် တွေကို လိုက်နာခြင်း မရှိဘဲ အလှူခံတဲ့သူ တွေ့ရင် မည်သူမဆို စစ်ဆေးလို့ ရတယ်။ မဟုတ်မှန်ရင် ကိုယ်တိုင်ဖမ်းပြီး သက်ဆိုင်ရာကို အပ်နှံနိုင်တယ်။ တိုင် လို့လည်း ရပါတယ်'' ဟု ၄င်းက ပြောပြသည်။


မန္တလေးမြို့ လူစည်းကားသော နေရာများတွင် လူနှစ်ဦးခန့် ပါဝင်ကာ မည်သည့် အထောက်အထားမှ မပါဝင်ဘဲ အလှူငွေများကို ကောက်ခံလျက် ရှိပြီး အလှူငွေ မထည့်ဘဲ မေးမြန်းမူ လုပ်လျှင် ရန်လိုသည့် အမူအရာ ပြုလုပ်ခြင်းများ ရှိကြောင်း မန္တလေး တက္ကသိုလ် ဝန်းကျင် ဆိုင်ခန်း ဖွင့်လှစ်ထားသူ တစ်ဦးထံမှ သိရသည်။


''ဘာမှန်းလဲ မသိဘူး ဘယ်ကလဲ မသိဘူး အလှူ ခဏခဏ လာခံတယ်။ ဘယ်ကလဲ မေးတော့ အလှူ မခံတော့ဘဲ ထွက်သွားတယ် တစ်ခါ တစ်ခါဆို ရန်လိုတဲ့ အမူရာတောင် ပြသွားတယ်'' ဟု မန္တလေး တက္ကသိုလ် ဝန်းကျင် ဆိုင်ဖွင့်ထားသူ တစ်ဦးက ပြောသည်။


ထိုကဲ့သို့သော ဖြစ်စဉ်များ ထပ်တိုးမဖြစ်ပွား စေရန်အတွက် အထောက်ထား မရှိဘဲ အလှူခံရသည့် အကြောင်းရင်း မရှိသူများကို သက်ဆိုင်ရာ အဖွဲ့များမှ လိုအပ်သလို စစ်ဆေးမူ များကို ပြုလုပ်နေ ကြောင်း၊ ပြည်သူများ အနေဖြင့် လည်း ထိုကဲ့သို့ လုပ်ဆောင်သည့် သူများကို တွေ့ရှိလျှင် ချက်ချင်း တိုင်ကြားမူ ပြုကြရန် လိုအပ်ကြောင်း သိရသည်။


မမ
#Yadanarpondaily
#ရတနာပုံနေ့စဉ်
 

ဒေါ်လာဈေးကစားတဲ့ ဘဏ်တွေကို ဗဟိုဘဏ် သတိပေး


 
မြန်မာပြည်တွင်း မှာ နိုင်ငံခြားငွေ လိုအပ်ချက် ကြောင့် ဒေါ်လာဈေး မြင့်တက် နေခဲ့တာမှာ တချို့ ပြည်တွင်း စီးပွားရေး ကုမ္ပဏီတွေ နဲ့ ဘဏ်တွေကလည်း ငွေဈေး ကစားခဲ့တဲ့ အတွက် ဗဟိုဘဏ် ကနေ သတိ ပေးမှုတွေ ပြုလုပ် ခဲ့ရပါတယ်။


ဗဟိုဘဏ် ရဲ့ ဒေါ်လာပေါက်ဈေး သတ်မှတ်နှုန်းရဲ့ ဝ.၈% အတိုး အလျှော့ လုပ်ပြီးပဲ ဒေါ်လာ အရာင်းအဝယ် လုပ်ရမယ် ဆိုတဲ့ စည်းမျဉ်း ရှိပေမယ့်၊ တချို့ဘဏ်တွေက ဈေးနှုန်းမြင့် လာခဲ့လို့ သတိပေးစာ ထုတ်ခဲ့ရတယ် ဆိုပြီး ဗဟိုဘဏ် တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။


ပြီးခဲ့တဲ့ သီတင်းပတ် ရုံးဖွင့်ရက်တွေမှာ ဗဟိုဘဏ် ပေါက်ဈေးနဲ့ လေးငါးဆယ်ခွာပြီး တစ်ဒေါ်လာကို ၁၀၈၀ ကျပ် ဈေး အထိ အရောင်းအဝယ် လုပ်လာခဲ့တာ ဖြစ်ပါတယ်။


ဒီလို ဒေါ်လာဈေးတက်ပြီး ကျပ်ငွေ တန်ဖိုး ကျဆင်းနေတာကို ကိုင်တွယ်ဖို့ ဗဟိုဘဏ် အနေနဲ့ နိုင်ငံခြား အရံငွေ ဒေါ်လာ သန်း ၈၀ လောက် ပုဂ္ဂလိက ဘဏ်တွေကို ထုတ်ရောင်း ပေးခဲ့တယ် လို့လည်း သိရပါတယ်။


လက်ရှိ စံနစ်အရ နိုင်ငံခြားငွေ ပေါက်ဈေးကို နေ့စဉ် ဖြစ်ပေါ်နေတဲ့ နိုင်ငံခြားငွေ အသွင်းအထုတ် တနည်းအားဖြင့် ပို့ကုန် သွင်းကုန် ပမာဏကပဲ ဆုံးဖြတ်တာ ဖြစ်ပါတယ်။


ပို့ကုန်ပို့ပြီး ရထားတဲ့ နိုင်ငံခြားငွေ အင်အားနဲ့ သွင်းကုန်အတွက် နိုင်ငံခြားငွေ လိုအပ်ချက် ကြားက ကွာဟချက် အပေါ်မှာ မူတည်ပြီး ဒေါ်လာငွေ အတက်အကျ ဖြစ်ပေါ်နေတာပါ။


နိုင်ငံခြား ငွေကြေး ဈေးကွက် ဒီထက် တည်ငြိမ်ဖို့ ဆိုရင် ဒီသွင်းကုန် ထုတ်ကုန် အဝင်အထွက် ကို စောင့်ကြည့်ဖို့ လိုအပ်မှာ ဖြစ်တဲ့ အတွက် ဗဟိုဘဏ်၊ ဘဏ္ဍဍာရေးနဲ့ ကုန်သွယ်ရေး ဆိုင်ရာ ဌာနတွေ အချင်းချင်း ဒီထက်ပိုပြီး ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်တယ် လို့ ငွေကြေးဈေးကွက် ပညာရှင်တွေ က သုံးသပ်ထားပါတယ်။


ဘီဘီစီ (မြန်မာပိုင်း)